အခန်း (၈၉)
Vol. 6 Ch. 89
ရေခဲအပ်များက အချင်းတစ်စင်တီမီတာနှင့် ဆယ့်ငါးစင်တီမီတာရှည်သည်။ နေရောင်အောက်က လေထုအလယ်တွင် အလင်းတွေရောင်ပြန်ဟပ်ကာ သူတို့ကတောက်ပနေတယ်။
" ဝှစ် ခရက် "
ရေခဲအပ်များက ဖုတ်ကောင်ရဲ့နဖူးကိုထိလိုက်သည့်အခိုက်တွင် ကျယ်လောင်တဲ့ အက်ကွဲသံနှင့်အတူ ဦးခေါင်းခွံကိုဖြတ်သွားကြသည်။ ဖုတ်ကောင်ရဲ့နဖူးပေါ်ရှိ အပေါက်ငယ်မှလွဲ၍ သူမရဲ့တိုက်ခိုက်မှုကို အခြားသဲလွန်စမတွေ့ရပေ။
သူမ မအောင်မြင်ဘူးလို့ ကျိူးလီဇီ ထင်လိုက်သောအခါတွင် ဖုတ်ကောင်ငါးကောင်က ရုတ်တရက်ကြီး ရပ်တန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတာကို တွေ့လိုက်ရသည်။ သူတို့သေသလားဆိုတာကို သူမ မစစ်ဆေးနိုင်ခင်မှာပဲ့ သူတို့နောက်က ဖုတ်ကောင်တွေရဲ့ နင်းချေခြင်းကို ခံလိုက်ရပါပြီ။
သူမက ဖုတ်ကောင်များကို လဲကျအောင် လုပ်နိုင်သောကြောင့် သူတို့ကို နင်းမိပြီး သေဆုံးစေတာကလည်း ကောင်းပါတယ်။ ကျိူးလီဇီ က နောက်မဆုတ်တော့ဘဲ သူမရဲ့ ရေခဲအပ်များဖြင့် ဖုတ်ကောင်များကို ဆက်သတ်လိုက်တော့သည်။
သူမဘေးမှာ ရပ်နေတဲ့ ကျင်းရွှီယန်းရဲ့ မျက်လုံးတွေကတော့ အံ့သြမှုတွေနဲ့ တောက်ပနေခဲ့တယ်။ သူရဲ့ အာ့ဇီက ထက်မြက်ပြီး အကြံဥာဏ်များပြည့်နှက်နေမှန်း သူသိသော်လည်း သူမသည် အခြားလူရဲ့တိုက်ခိုက်မှုမှ လှည့်ကွက်များစွာကို သင်ယူနိုင်တာကိုတော့ သူ မသိခဲ့ဘူး။
သူမရဲ့ အမျိုးသားနစ်ဦးအနေနဲ့ဆိုရင် သူဟာရှုထောင့်တစ်ခုမှ ချို့တဲ့မနေသင့်ဘူး။ သူ့ရဲ့အစွမ်းသတ္တိကိုပြသရန်အတွက် ကျင်းရွှီယန်းက ရုတ်တရက် သူ့လက်ကို လွှဲလိုက်ပြီး အချင်းတစ်မီတာရှိသော မီးလုံးတစ်လုံးကို ဖုတ်ကောင်များဆီသို့ စေလွှတ်လိုက်သည်။
"ဘုန်းး"
မီးလုံးသည် ဖုတ်ကောင်များကို ထိမိသည့်အခိုက်တွင်ပဲ ပေါက်ကွဲပြီး လောင်ကျွမ်းသွားစေခဲ့တယ်။ ကျယ်လောင်သောပေါက်ကွဲသံကြောင့် ဖုတ်ကောင်များသည် အသံထွက်လာတဲ့ နေရာမှာ ပိုများလာပြီး ဧရိယာကိုရှင်းလင်းရန် ပိုမိုလွယ်ကူစေတယ်။
လက်တစ်ဖက်ကို အရှေ့မှာ မြှောက်ထားရင်း ကျင်းရွှီယန်း က ကျိုးလီဇီ ကို ကြည့်ပြီး ပြောလိုက်တယ် "အာ့ဇီ ကိုယ်မြန်မြန်ပြီးအောင် လုပ်လိုက်မယ် ပြီးရင် ကိုယ့်ခန္ဓာကို ကို မင်းစစ်ဆေးပေးနိုင်အောင်လေ"
ချင်လူဇီကတော့ ထိုစကားကိုကြားသောအခါတွင် သူ့သူငယ်ချင်းရဲ့ အရှက်မဲ့မှုကြောင့် သူကသက်ပြင်းချလိုက်ပြီး ဖုတ်ကောင်များဆီသို့ လေဆင်နှာမောင်းတစ်ခု ပစ်ချလိုက်သည်။
" ဝှစ် ဘုန်းး"
လေဆင်နှာမောင်းတိုက်ခတ်မှုနှင့်အတူ မီးကလည်း ပိုမိုပြင်းထန်လာတယ်။
ကျင်းရွှီယန်းက မီးကိုထိန်းချုပ်နေစဉ်တွင် ချင်လူဇီက သူရဲ့လေဆင်နှာမောင်းထဲသို့ စွမ်းအင်ပိုမိုပေးပို့ပြီး စွမ်းအားကို တိုးမြှင့်ခဲ့တယ်။ နောက်တော့ မီးလေဆင်နှာမောင်းက လမ်းကြောင်းများစွာသို့ ပျံသန်းသွားကာ နောက်ကျောနှင့် ဘေးနှစ်ဖက်တို့ရှိ ဖုတ်ကောင်များထံကို မီးပျံ့နှံ့သွားစေခဲ့သည်။
သူ့စိတ်မြေပုံထဲက အနီစက်တွေရဲ့ တည်နေရာတွေအတိုင်း သူက အဲဒီနေရာတွေဆီ မီးလေဆင်နှာမောင်းကို လွှတ်လိုက်ပြီး ဖုတ်ကောင်တွေကို ပြာဖြစ်အောင် မီးရှို့လိုက်တယ်။
သူရဲ့ပံ့ပိုးမှုဖြင့် ကျင်းရွှီယန်းရဲ့ အနက်ရောင်မီးတောက်များသည် နောက်ဆုံးတော့ ဖုတ်ကောင်အုပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။
စစ်သားများနှင့် ကျိူးလီဇီတို့သည် သူတို့နှစ်ဦးရဲ့ တိတ်တဆိတ် နားလည်မှုနှင့် လွှမ်းမိုးချုပ်ကိုင်မှုအာဏာကို ပြသနေတာကိုကြည့်ရင်း တုန်လှုပ်သွားကြသည်။
သူရဲ့ကပ္ပတိန်ကိုကူညီလိုသောကြောင့် ကုန်းပိုင်က အနက်ရောင်မီးတောက်များကိုကူညီရန်အတွက် သူရဲ့လေဆင်နှာမောင်းကိုစေလွှတ်ခဲ့သည်။ ဒါပေမယ့် သူ့လေဆင်နှာမောင်းက အနက်ရောင်မီးတောက်တွေကို ဝင်တိုက်မိချိန်မှာတော့ ကျင်းရွှီယန်းရဲ့ အနက်ရောင်မီးတောက်က ဝါးမျိုသွားခဲ့တယ်။
သူရဲ့ လေဆင်နှာမောင်းကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားသောအခါမှ ကုန်းပိုင်သည် သူရဲ့လေအမျိုးအစားက ချင်လူဇီ နှင့် မတူကြောင်း နောက်ဆုံးမှ သဘောပေါက်သွားသည်။
စစ်သားတွေရဲ့အနောက် မီတာနှစ်ဆယ်အကွာမှာ ရပ်နေတဲ့ စစ်တူဘာနီဟာ သတ္တုနံရံရဲ့ တစ်ဖက်ခြမ်းမှာ ဘာတွေဖြစ်နေလဲ မသိပေမယ့် အနီးနားက အပူချိန်တွေက တက်လာတာကို သူမ ခံစားရတယ်။
ယခုအချိန်တွင်တော့ သူမသည် စစ်သားများကြားတွင် ရပ်နေသော အမျိုးသမီးကို အလွန်မနာလို ဖြစ်နေတယ်။ သူမလည်း သူတို့ထဲက တစ်ယောက်ဖြစ်ချင်ပြီး မတူကွဲပြားစွာ ဆက်ဆံခံရချင်တယ်။
သူမက လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး 'ငါသာ သူ့အနား ကပ်နိုင်ရင် သူ့စွမ်းအင်ကို သိနိုင်တယ်' လို့ တွေးလိုက်တယ်။
တစ်စုံတစ်ယောက်က သူမရဲ့အနောက်ကို စိုက်ကြည့်နေသလိုခံစားလိုက်ရတာကြောင့် ကျိူးလီဇီက ခေါင်းကို လှည့်ကာကြည့်လိုက်တယ်။ သူမကိုစိုက်ကြည့်နေသော စစ်တူဘာနီရဲ့ အကြည့်နှင့် ဆုံလိုက်သည့်အခိုက်တွင် သူမရဲ့မျက်လုံးထဲက မနာလိုစိတ်နှင့် လူသတ်ချင်စိတ်ကို ရှက်ရွံ့မှု မျက်နှာဖုံးမတင်လိုက်မီတွင် သူမမြင်လိုက်ရသည်။
ဒိီမိန်းမက အနိုင်ကျင့်ခံလိုက်ရသလိုမျိုး ခေါင်းငုံ့ထားတာကို မြင်တော့ လှောင်ရယ်လိုက်တယ်။ ကမ္ဘာပျက်ပြီးတဲ့နောက် ခြောက်ရက်မြောက်နေ့သာဖြစ်သော်လည်း လူတွေက လူ့သဘာဝရဲ့ အမှောင်ဘက်ခြမ်းကို ပြသနေပြီဖြစ်သည်။
မျက်နှာနှစ်ခုရှိတဲ့လူတွေကို သူမ မကြိုက်ပေမယ့် ကမ္ဘာပျက်ကပ်မှာ ရှင်သန်ဖို့အတွက် ကိုယ်တိုင် တိုက်ပွဲမဝင်နိုင်လောက်တဲ့ မသန်မာတဲ့ အမျိုးသမီးတွေဟာ တခြားသူတွေဆီက စာနာမှုရဖို့အတွက် ဖြစ်နိုင်သမျှနည်းမျိူးစုကို အသုံးပြုရကြောင်းကိုတော့ သူမနားလည်ပါတယ်။
ဒါပေမယ့် အဲဒါက သူ့မကို ပစ်မှတ်ထားဖို့ ခွင့်ပြုမယ်လို့ မဆိုလိုပါဘူး။ ဒီမိန်းမက သူမအပေါ်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ထားပြီးသားမို့ သူမကို ဖယ်ရှားဖို့ နည်းလမ်းရှာရလိမ့်မယ်။ သူမသည် ယခင်ဘဝက မိုဘင်းရှမ် ကဲ့သို့သော လျှို့ဝှက်အန္တရာယ်ကိုနောက်ကွယ်တွင် မထားချင်ပါ။
မိုဘင်းရှမ် အကြောင်းကိုတွေးမိရင်း သူမသေသွားပြီလား ဒါမှမဟုတ် ဖုတ်ကောင်ဖြစ်သွားပြီလားလို့လည်း တွေးလိုက်မိသည်။
သူမရဲ့စိတ်တွေက ခဏတာ ပျံ့လွင့်သွားချိန်မှာပဲ့
ကျင်းရွှီယန်း နှင့် ချင်လူဇီတို့ဟာ ဖုတ်ကောင်အားလုံးကို ပြာအဖြစ်သို့ ပြောင်းလဲပြီးသွားခဲ့ပါပြီ။
သူမ အာရုံပြန်ဝင်လာသောအခါမှ ချင်လူဇီကို တစ်ချက်ကြည့်လိုက်ပြီး တွေးလိုက်တယ်'သူ့မှာ ခွန်အားတွေ ဘယ်လောက်ရှိနိုင်မလဲ' သူက အဆင့်သုညစွမ်းရည် အသုံးပြုသူ မဟုတ်ဘူးလား'
"ရှောင်ချီ အမြုတေတွေသွား ကောက်ယူလိုက်"
ကျင်းရွှီယန်းက အနက်ရောင်မီးတောက်ကို ငြိမ်းသတ်ပြီးနောက် ပြောလိုက်သည်။
သူက လက်သီးကို ဆုပ်ထားရင်း သူ့လက်ဖဝါးပေါ်က မီးတောက်လေးကို သူ့ကိုယ်ထဲကို ပြန်စုပ်ယူလိုက်တယ်။
ဤတစ်ကြိမ်တွင်တော့ ဖုတ်ကောင်အရေအတွက်ကများသောကြောင့် သူရဲ့မီးစွမ်းရည်က အဆင့်တက်ရန်အတွက် အတားအဆီးက ပြေလျော့သွားကြောင်းကို သူခံစားနိုင်သည်။ ဤစက်ရုံခရိုင်ရှိ ဖုတ်ကောင်အားလုံးကို ရှင်းလင်းပြီးနောက်တွင် အောင်မြင်မှုတစ်ခုကို သူကြိုးစားရယူနိုင်လိမ့်မည်ဖြစ်သည်။
စိတ်ကောင်းဝင်နေသောကြောင့် နှုတ်ခမ်းထောင့်လေးတွေက ကြွလာတယ်။ ဒါပေမယ့် ခေါင်းကို လှည့်ကြည့်လိုက်တော့ သူ့ အာ့ဇီက တခြားလူကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ သူမရဲ့အကြည့်နောက်ကိုလိုက်ကာ ကြည့်လိုက်တော့မှ သူမက ချင်လူဇီကိုကြည့်နေမှန်း သိလိုက်သည်။
တခဏချင်းမှာပဲ သူ့ရဲ့စိတ်ကောင်းဝင်မှုတွေက ကွဲအက်သွားပြီး သံပုရာသီးထက် ပိုချဉ်တယ်လို့ ခံစားရတယ်။ သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ပြီးတော့ သူမအကြည့်တွေကို ပိတ်ဆို့ကာ "အာ့ဇီ ကိုယ်ကရော မချောလို့လား" လို့ စိတ်မကောင်းတဲ့ အသံနှင့်မေးလိုက်တယ်။
သူ့မေးခွန်းကို သူမကြားလိုက်တော့ ကျိူးလီဇီရဲ့ခေါင်းထက်မှာ မေးခွန်းအမှတ်အသားကြီးတစ်ခု ပေါ်လာသည်။ သူ့ရှေ့ကယောက်ျားကို စိတ်ရောဂါသည် တစ်ယောက်အားကြည့်သလို ကြည့်နေမိသည်။
ခဏတာအတွင်းမှာပဲ သူဟာ ဖုတ်ကောင်တွေကို သတ်ရင်း ချောမောနေသေးတယ်။ ဒါပေမယ့် နောက်တစ်ခဏမှာတော့ သူဟာ စွန့်ပစ်ခံထားရတဲ့ ဇနီးတစ်ယောက်လို ဖြစ်နေခဲ့တယ်။ သူမက သူ့ရဲ့ စိတ်ခံစားချက်အတက်အကျတွေကို တကယ်ပဲ လိုက်မမီနိုင်ခဲ့ဘူး။
သူမရဲ့စိတ်ထဲတွင် ညည်းညူနေသော်လည်း သူမရဲ့အမူအရာက တည်ငြိမ်နေပြီး ကျင်းရွှီယန်းမှလွဲ၍ သူမတွေးနေသည့်အရာကို မည်သူမျှ မမြင်နိုင်ပေ။
အေးဆေးတည်ငြိမ်မှုဖြင့် မျက်နှာဖုံးမအုပ်မီတွင် သူမရဲ့မျက်လုံးများထဲက အံ့သြမှုနှင့် ရှုပ်ထွေးမှုများကို သူသတိပြုမိလိုက်သည်။ သူ့ရဲ့အာ့ဇီက အရမ်းချစ်စရာကောင်းတယ်လို့တွေးပြီး ပြုံးလိုက်တယ်။
သူ့ဆီက စိုက်ကြည့်ခံလိုက်ရတဲ့ ကျိူးလီဇီဟာ ဝံပုလွေရဲ့ ပစ်မှတ်ထားတာကို ခံလိုက်ရသလို သူမတုန်လှုပ်သွားတယ်။ ဒီလူကြီးကိုသာ သူမ မချော့ရင် သူက အရှက်မဲ့စွာနဲ့ ဆက်ပြီး သရုပ်ဆောင်နေမဲ့ပုံရတယ်။