← Chapters

အခန်း (၉၀)

Vol. 6 Ch. 90

အခန်း (၉၀)

Vol. 6 Ch. 90

‎

‎ကျိူးလီဇီက ခြေဖျားထောက်ကာ လက်ကိုဆန့်တန်းလို့ သူ့ပါးပြင်မှ အညစ်အကြေးများကို သုတ်ပေးရင်း "ဘာတွေ တွေးနေတာလဲ အစ်ကိုယန်း မင်းက အချောဆုံးပဲ" ဟု ပြောလိုက်တယ်။

‎

‎

‎အဖြေကိုကြားတော့ ကျင်းရွှီယန်းက ကျေနပ်စွာဖြင့် ခေါင်းကိုညိတ်လိုက်တယ်။ သူက အနားကို တိုးကပ်သွားပြီး အသံနိမ့်နိမ့် နဲ့မေးလိုက်တယ် "ဒါဆို မင်းက ဘာလို့ ကိုယ့်အစား

‎လူအိုချင် ကို ကြည့်နေတာလဲ"

‎

‎

‎သူ့စကားကြားတော့ ကျိူးလီဇီက မေးလိုက်တယ် "အစ်ကိုယန်း အစ်ကိုချင်က အရမ်းအစွမ်းထက်တယ်လို့ မထင်ဘူးလား"

‎

‎

‎ကျင်းရွှီယန်းက မျက်ခုံးကိုပင့်ကာ "မင်းက ဘာကိုဆိုလိုတာလဲ" လို့ ထပ်မံမေးလိုက်တယ်။

‎

‎

‎သူမက မေးစေ့ကိုပွတ်သပ်ရင်း သူမရဲ့သံသယများအကြောင်းကို သူအားပြောပြလိုက်သည်။

‎

‎

‎"ပုံမှန်အားဖြင့်ဆိုရင် လူတွေက သူတို့ရဲ့ စွမ်းရည် နိုးထလာနိုင်တဲ့အခါမှာ သူတို့ရဲ့ စွမ်းအင်အရင်းအမြစ်က သေးငယ်ပြီး အကန့်အသတ် ရှိတယ်။ အများစုကတော့ အသေးစား တိုက်ခိုက်မှုတွေကိုပဲ ပြုလုပ်နိုင်ပြီး ခဏတာပဲ့ ကြာရှည်ခံတယ်"

‎

‎

‎"ဒါပေမယ့် အကိုချင်ကတော့ ဒီလို ကြီးမားတဲ့ တိုက်ခိုက်မှုကြီးကိုတောင် တကယ်လုပ်နိုင်တယ်၊ အဲတာကလည်း ဆယ်မိနစ်နီးပါးကို ကြာတယ်။ အဲဒီတိုက်ခိုက်မှုကို အသုံးပြုပြီးတဲ့နောက်မှာတောင် သူမှာ စွမ်းအင်ကုန်သွားတဲ့ပုံမပေါ်သေးဘူး။ သူ့ရဲ့ စွမ်းအင်အရင်းမြစ်က ဘယ်လောက်တောင်ကြီးလိုက်မလဲ ဒါမှမဟုတ်လည်း သူအဆင့်က သုညမှာ တကယ်ပဲ ရှိနေတာလားလို့ တွေးမိတယ်"

‎

‎

‎ကျင်းရွှီယန်းလည်း သူမစကားကိုကြားတော့ အတွေးနက်သွားတယ်။

‎ချင်လူဇီရဲ့ လေ-အမျိုးအစား စွမ်းရည်က အဆင့်နှစ် လေ-အမျိုးအစား ကြည်လင်သောအမြုတေ ကို စားပြီးရခဲ့တာ။ ဒါကြောင့် သူ့ရဲ့ခန္ဓာကိုယ်ပေါ် မှာ ဘယ်လိုဆိုးကျိုးတွေ ရှိနေမလဲဆိုကို သူလည်း အမှန် မသိဘူး။

‎

‎

‎အခုအချိန်မှာတော့ သူကအဆင်ပြေနေသလိုပဲ၊ သူ့ခန္ဓာကိုယ်ထဲက စွမ်းရည်နှစ်ခုက တစ်ခုနဲ့တစ်ခု မတိုက်ခိုက်ခဲ့ဘူး။ ဒါပေမယ့် အနာဂတ်မှာ ဘာမှဖြစ်မလာဘူးလို့တော့ အာမခံချက်မရှိဘူး။

‎

‎

သူတိတ်ဆိတ်သွားတာကိုမြင်တော့ ‎ကျိူးလီဇီက "အစ်ကိုယန်း မင်းတစ်ခုခုသိထားလား" လို့မေးလာတယ်။

‎

‎

‎"ဒီအကြောင်းကို နောက်မှပြောပြမယ်" လို့ ‎ကျင်းရွှီယန်းက ပြန်ဖြေတယ်။

‎

‎

‎သူကဒီလိုပြောလာတော့ ကျိူးလီဇီကလည်း သူမရဲ့သိချင်စိတ်ကို ထိန်းထားပြီး နောက်ထပ်မေးခွန်းတွေမမေးတော့ပါဘူ။

‎

‎

‎သူတို့နှစ်ဦးသည် သတ္တုနံရံမှ ခုန်ချကာ ပေါ့ပါးစွာပဲ့ ဆင်းသက်ခဲ့ကြသည်။ အားလုံးဆင်းလာပြီးတဲ့နောက်မှ ဝိန့်မို က သတ္တုနံရံကို ဓားမြှောင်များစွာနှင့် ဓားသွားများအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။

‎

‎

သူတို့အဖွဲ့ရှိလူတိုင်းသည် နောက်ဆုံးတော့ သူတို့ရဲ့ကျိုးနေသောလက်နက်များကို ‎ဤလက်နက်များနှင့် အစားထိုးနိုင်ခဲ့တယ်။ သူနှင့်သူ့အစ်ကိုမှာ စွမ်းအင်အနည်းငယ်ကျန်နေသေးတာကြောင့် ဖုန်းယွင် အပါအဝင် ‎ပိုင်ရီကျီး နှင့် သူ့အဖွဲ့အတွက်လဲ နောက်ထပ်ဓားငါးချောင်းကို ပြုလုပ်ပေးခဲ့သည်။

‎

‎

ချမ်းသာတဲ့ ဒုတိယမျိုးဆက်ရဲ့ မာနထောင်လွှားမှုကို မကြိုက်ပေမယ့် ‎သူတို့ကကလေးတွေပါပဲ။ လူကြီးတွေအနေနဲ့ သူတို့ကို အနှောင့်အယှက်မပေးပါဘူး။

‎

‎စစ်မြေပြင်ကို သန့်ရှင်းရေးလုပ်ပြီးနောက်မှ စစ်သားများသည် နောက်ဆုံးတော့ စစ်တူဘာနီကို သတိပြုမိသွားတယ်။ ရှန်းကျင်းဇီက သူမကိုမြင်သောအခါ မျက်မှောင်ကြုတ်ကာ မေးလိုက်တယ် "မင်းကဘာလို့ဒီမှာရှိနေသေးတာလဲ"

‎

‎

‎သူရဲ့ အေးစက်သောလေသံကြောင့် စစ်သားများသည် သူက ဤအမျိုးသမီးကို မကြိုက်ကြောင်း သိလိုက်တယ်။ စူးစမ်းလိုစိတ်ဖြင့် သူတို့ကရောက်လာကြပြီး "ကျင်းဇီ မင်းသူ့ကိုသိလား"လို့ ကျန်းယွမ်က‌ မေးလာတယ်။

‎

‎

‎"မသိဘူး၊ သူက အဆောင်ထဲမှာ ပုန်းနေတဲ့လူတွေထဲက တစ်ယောက်ပဲ့"

‎

‎

‎ဒါကိုကြားတော့ ကျန်းယွမ်ကလည်း စက်ရုံရဲ့အိပ်ဆောင်အဝင်ဝမှာ တွေ့ဖူးတဲ့ အမျိုးသမီးတွေကို ပြန်သတိရလိုက်တယ်။ သူမက ကြောက်နေတယ်ထင်ပြီး "မိန်းကလေး၊ ငါတို့က ဒီနေရာကနေ ထွက်သွားတော့မယ်။ ငါတို့က မင်းကို ဒီစက်ရုံကနေ ခေါ်ထုတ်ပေးပြီး လုံခြုံတဲ့ နေရာကိုရှာ ပေးလို့ရတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎သူ့စကားကိုကြားတော့ စစ်တူဘာနီကလည်း မေးလိုက်တယ် "အစ်ကိုစစ်သား၊ ရှင် ကျွန်မကိုခေါ်သွားပေးလို့ရမလား၊ ရှင့်ကိုအနှောက်အယှက်မပေးဘူးလို့ ကတိပေးပါတယ်။ ကျွန်မက တစ်ယောက်တည်းသွားရမှာကြောက်တယ်"

‎

‎

‎သူမရဲ့စကားဆုံးတာနဲ့ ချင်လူဇီကလည်း ပြောလာတယ် "မင်းက ငါတို့ကို ဒီမှာစောင့်နေတာလား။ မင်းသူငယ်ချင်းတွေက ဘယ်မှာလဲ"

‎

‎

‎စစ်တူဘာနီက သူမရဲ့ အကြည့်တွေကို အောက်ချထားရင်း "သူတို့က ထွက်သွားပြီ။ ခြေသလုံးတွေနာလို့ မပြေးနိုင်တော့ဘူး၊ သူတို့က ကျွန်မကို မစောင့်ချင်ဘူး" ဟု တိုးတိုးလေး ပြန်ပြောသည်။

‎

‎

‎ကျိူးလီဇီက သူမ လိမ်ညာနေတာကို မြင်ပြီး ပြောလိုက်တယ် "မင်းမပြေးနိုင်ရင် လမ်းလျှောက်သွားလိုက်။ မလျှောက်နိုင် တော့ရင်လည်း တွားသွားလိုက်‌ပေါ့ ။ ငါတို့ထဲက တစ်ယောက်ယောက်က မင်းကို သယ်သွားပေးဖို့ကိုတော့ မမျှော်လင့်ထားနဲ့"

‎

‎

‎ဒါကိုကြားတော့ စစ်တူဘာနီက သူမလက်ကို အမြန်ဝှေ့ယမ်းပြီး ပြောလာတယ်"မဟုတ်ဘူး၊ ငါမလုပ်ဘူး"

‎

‎

‎"ကုန်းပိုင် ငါတို့ ဒီစက်ရုံက မထွက်သွားမချင်း သူမက မင်းရဲ့တာဝန်ပဲ" ကျင်းရွှီယန်း ရုတ်တရက် ပြောလိုက်သည်။

‎

‎

‎သူ့စကားကိုကြားတော့ စစ်တူဘာနီရဲ့ မျက်လုံးများက တောက်ပလာသည်။ သူမရဲ့ဘေးကင်းရေးအတွက် သူကစိတ်ပူနေတယ်လို့ တွေးပြီး "ကျေးဇူးတင်ပါတယ်၊ အစ်ကို၊ မင်းနာမည်ကို မေးလို့ရမလား" လို့ ပြောလိုက်တယ်။

‎

‎

‎

‎အနည်းဆုံးတော့ သူ့နာမည်ကို ပြောပြလိမ့်မယ်လို့ သူမကထင်ခဲ့တယ်။ မထင်မှတ်ပဲ သူ့ဘေးနားက ကောင်မလေးရဲ့လက်ကို လှမ်းဆွဲပြီး တစ်ချက်မှ မကြည့်ဘဲ သူကထွက်သွားခဲ့တယ်။

‎

‎

‎ရှန်းချင်းဇီက ရယ်မောပြီး "ဖားပြုတ်တစ်ကောင်က ငန်းသားကို စားချင်နေတာ။ အရှက်မရှိ"

‎

‎

‎သူသည် ဒီလိုမိန်းမများကို အလွန်မုန်းတီးသောကြောင့် အသံကို မလျှော့ဘဲ ရွံရှာမှုကို ပြောင်ပြောင်တင်းတင်း ထုတ်ပြခဲ့တယ်။

‎

‎

‎သူ့မိသားစုရဲ့ အခြေအနေကို သိတဲ့သူတွေက သူ့အကြောင်းပြချက်ကို နားလည်ကြပေမယ့် သူစိမ်းကို ဘာကြောင့် အာဃာတထားရလဲဆိုတာကို နားမလည်သူတွေက မလည်ကြဘူး။

‎

‎

‎"မှောင်ခါနီးပြီ။ ငါတို့က အခုပဲ့ထွက်သွားသင့်တယ်" လို့ ကျန်းယွမ်က သူတို့ကို သတိပေးလိုက်တယ်။

‎

‎

‎စစ်သားများက သူတို့ကပ္ပတိန်ရဲ့အနောက်သို့ အမြန်လိုက်ကြကာ စစ်တူဘာနီကိုဖြတ်သွားစဉ်တွင်တော့ ထူးဆန်းသောအကြည့်များပေးသွားကြသည်။

‎

‎

‎ဒါကိုမြင်တော့ ကျင်းရွှီယန်း နဲ့ ဘယ်လိုရင်းနှီးအောင်လုပ်ရမလဲဆိုတာကို စဉ်းစားရင်းနဲ့ လက်သီးတွေ ဆုပ်ထားလိုက်တယ်။

‎

‎

‎ကုန်းပိုင်က သူ့ဆီလျှောက်လာပြီး "မိန်းကလေး၊ သွားရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎သူရဲ့ကြမ်းတမ်းသောအသံကြောင့် စစ်တူဘာနီ လန့်ဖျပ်သွားပြီး အတွေးများက လက်တွေ့သို့ပြန်ရောက်‎လာကာ သူ့နောက်သို့ အမြန်လိုက်သွားခဲ့သည်။ သူမကို ကာကွယ်ရန် အမိန့်ပေးခဲ့သော်လည်း ကုန်းပိုင်က သူ့ခြေလှမ်းများကို လုံးဝမနှေးကွေးသောကြောင့် သူမက သူ့ကို အမှီလိုက်နိုင်ရန်အတွက် ပြေးခဲ့ရသည်။

‎

‎

‎စက်ရုံက ထွက်လာချိန်မှာတော့ ကောင်းကင်က မှောင်စပြုနေပြီ။

‎

‎

‎ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို ရှင်းလင်းပြီးပြီဖြစ်တာကြောင့် သူတို့သည် ထိုနေရာတွင် ညအိပ်စခန်းချကာ မနက်ဖြန်တွင် နောက်ထပ်စက်ရုံသို့ ဆက်လက်ရွှေ့ပြောင်းရန် စီစဉ်ခဲ့သည်။ ရိက္ခာတွေ မယူနိုင်ရင်တောင် သူတို့ရဲ့ စွမ်းရည်တွေကို လေ့ကျင့်ပြီး သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကို လေ့ကျင့်နိုင်ပါသေးတယ်။

‎

‎

‎တစ်ချိန်တည်းမှာပင် သူတို့သည် စက်ရုံများရှိ အသက်ရှင်ကျန်ရစ်သူများကိုလည်း ကူညီပေးနိုင်တယ်။ ဖုတ်ကောင်များသာ လှည့်လည်သွားလာခြင်းမရှိပါက စက်ရုံအတွင်းမှသူတွေလည်း ထွက်ခွာလာကာ ပိုမိုလုံခြုံသောနေရာကို ရှာဖွေနိုင်မည်ဖြစ်သည်။

‎

‎

သူတို့ပြန်လာတာကိုမြင်တော့‎ လီစီခိုင်က လမ်းလျှောက်လာပြီး "ဗိုလ်ကြီး၊ မင်းနောက်ဆုံးတော့ ပြန်လာပြီ" လို့ပြောလိုက်တယ်။

‎

‎

‎"ဒီကလေး ဘယ်လိုနေလဲ" လို့ ကျင်းရွှီယန်းက မေးလိုက်တယ်။

‎

‎

‎"ဖုန်းယွင်က နိုးလာပြီး အာကာသနေရာလွတ် စွမ်းရည်ကို ရရှိခဲ့တယ်"

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ငါ သူ့ကို သွားစစ်ကြည့်လိုက်မယ်။ ညစာပြင်ဆင်ဖို့အတွက် လူအိုချင် ကို သွားကူညီလိုက်"

‎

‎

‎"နားလည်ပါပြီ"

‎

‎

‎ဖုန်းယွင်ကို မစစ်ဆေးမီတွင် ကျင်းရွှီယန်းက ပိုင်ရီကျီး နှင့် သူ့အဖွဲ့ထံ လျှောက်သွားခဲ့သည်။ သူတို့ ထိတ်လန့်နေသေးတာကို မြင်တော့ "မင်းရဲ့သူငယ်ချင်းအတွက် စိတ်မကောင်းပါဘူး" လို့ ပြောလိုက်တယ်။

‎

‎

‎ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူကဆက်ပြောလိုက်တယ် “ဒီနေ့မှာတော့ ဝမ်းနည်းနိုင်ပေမယ့် မနက်ဖြန်ကြရင်တော့ မတ်တပ်ရပ်ပြီး ရှေ့ကို ဆက်သွားရမယ်။ ပိုအန္တရာယ်များတဲ့ အခြေအနေတွေကိုလဲ အနာဂတ်မှာ မင်းရင်ဆိုင်ရလိမ့်မယ်။ အဲဒီအခါကြရင်တော့ မင်းအနေနဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ ချစ်ခင်ရသူတွေကိုတောင် ဆုံးရှုံးသွားနိုင်ပါတယ်။

‎

‎

‎သူ့စကားကိုကြားတော့ ဟန်ဂျီယင်းက သူ့ကို စိုက်ကြည့်ပြီး "ခင်ဗျားကဘာသိလို့လဲ" ပြောလာတယ်။

‎

‎

‎

‎

‎

All Chapters