အခန်း (၉၀)
Vol. 6 Ch. 90
ကျိူးလီဇီက ခြေဖျားထောက်ကာ လက်ကိုဆန့်တန်းလို့ သူ့ပါးပြင်မှ အညစ်အကြေးများကို သုတ်ပေးရင်း "ဘာတွေ တွေးနေတာလဲ အစ်ကိုယန်း မင်းက အချောဆုံးပဲ" ဟု ပြောလိုက်တယ်။
အဖြေကိုကြားတော့ ကျင်းရွှီယန်းက ကျေနပ်စွာဖြင့် ခေါင်းကိုညိတ်လိုက်တယ်။ သူက အနားကို တိုးကပ်သွားပြီး အသံနိမ့်နိမ့် နဲ့မေးလိုက်တယ် "ဒါဆို မင်းက ဘာလို့ ကိုယ့်အစား
လူအိုချင် ကို ကြည့်နေတာလဲ"
သူ့စကားကြားတော့ ကျိူးလီဇီက မေးလိုက်တယ် "အစ်ကိုယန်း အစ်ကိုချင်က အရမ်းအစွမ်းထက်တယ်လို့ မထင်ဘူးလား"
ကျင်းရွှီယန်းက မျက်ခုံးကိုပင့်ကာ "မင်းက ဘာကိုဆိုလိုတာလဲ" လို့ ထပ်မံမေးလိုက်တယ်။
သူမက မေးစေ့ကိုပွတ်သပ်ရင်း သူမရဲ့သံသယများအကြောင်းကို သူအားပြောပြလိုက်သည်။
"ပုံမှန်အားဖြင့်ဆိုရင် လူတွေက သူတို့ရဲ့ စွမ်းရည် နိုးထလာနိုင်တဲ့အခါမှာ သူတို့ရဲ့ စွမ်းအင်အရင်းအမြစ်က သေးငယ်ပြီး အကန့်အသတ် ရှိတယ်။ အများစုကတော့ အသေးစား တိုက်ခိုက်မှုတွေကိုပဲ ပြုလုပ်နိုင်ပြီး ခဏတာပဲ့ ကြာရှည်ခံတယ်"
"ဒါပေမယ့် အကိုချင်ကတော့ ဒီလို ကြီးမားတဲ့ တိုက်ခိုက်မှုကြီးကိုတောင် တကယ်လုပ်နိုင်တယ်၊ အဲတာကလည်း ဆယ်မိနစ်နီးပါးကို ကြာတယ်။ အဲဒီတိုက်ခိုက်မှုကို အသုံးပြုပြီးတဲ့နောက်မှာတောင် သူမှာ စွမ်းအင်ကုန်သွားတဲ့ပုံမပေါ်သေးဘူး။ သူ့ရဲ့ စွမ်းအင်အရင်းမြစ်က ဘယ်လောက်တောင်ကြီးလိုက်မလဲ ဒါမှမဟုတ်လည်း သူအဆင့်က သုညမှာ တကယ်ပဲ ရှိနေတာလားလို့ တွေးမိတယ်"
ကျင်းရွှီယန်းလည်း သူမစကားကိုကြားတော့ အတွေးနက်သွားတယ်။
ချင်လူဇီရဲ့ လေ-အမျိုးအစား စွမ်းရည်က အဆင့်နှစ် လေ-အမျိုးအစား ကြည်လင်သောအမြုတေ ကို စားပြီးရခဲ့တာ။ ဒါကြောင့် သူ့ရဲ့ခန္ဓာကိုယ်ပေါ် မှာ ဘယ်လိုဆိုးကျိုးတွေ ရှိနေမလဲဆိုကို သူလည်း အမှန် မသိဘူး။
အခုအချိန်မှာတော့ သူကအဆင်ပြေနေသလိုပဲ၊ သူ့ခန္ဓာကိုယ်ထဲက စွမ်းရည်နှစ်ခုက တစ်ခုနဲ့တစ်ခု မတိုက်ခိုက်ခဲ့ဘူး။ ဒါပေမယ့် အနာဂတ်မှာ ဘာမှဖြစ်မလာဘူးလို့တော့ အာမခံချက်မရှိဘူး။
သူတိတ်ဆိတ်သွားတာကိုမြင်တော့ ကျိူးလီဇီက "အစ်ကိုယန်း မင်းတစ်ခုခုသိထားလား" လို့မေးလာတယ်။
"ဒီအကြောင်းကို နောက်မှပြောပြမယ်" လို့ ကျင်းရွှီယန်းက ပြန်ဖြေတယ်။
သူကဒီလိုပြောလာတော့ ကျိူးလီဇီကလည်း သူမရဲ့သိချင်စိတ်ကို ထိန်းထားပြီး နောက်ထပ်မေးခွန်းတွေမမေးတော့ပါဘူ။
သူတို့နှစ်ဦးသည် သတ္တုနံရံမှ ခုန်ချကာ ပေါ့ပါးစွာပဲ့ ဆင်းသက်ခဲ့ကြသည်။ အားလုံးဆင်းလာပြီးတဲ့နောက်မှ ဝိန့်မို က သတ္တုနံရံကို ဓားမြှောင်များစွာနှင့် ဓားသွားများအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။
သူတို့အဖွဲ့ရှိလူတိုင်းသည် နောက်ဆုံးတော့ သူတို့ရဲ့ကျိုးနေသောလက်နက်များကို ဤလက်နက်များနှင့် အစားထိုးနိုင်ခဲ့တယ်။ သူနှင့်သူ့အစ်ကိုမှာ စွမ်းအင်အနည်းငယ်ကျန်နေသေးတာကြောင့် ဖုန်းယွင် အပါအဝင် ပိုင်ရီကျီး နှင့် သူ့အဖွဲ့အတွက်လဲ နောက်ထပ်ဓားငါးချောင်းကို ပြုလုပ်ပေးခဲ့သည်။
ချမ်းသာတဲ့ ဒုတိယမျိုးဆက်ရဲ့ မာနထောင်လွှားမှုကို မကြိုက်ပေမယ့် သူတို့ကကလေးတွေပါပဲ။ လူကြီးတွေအနေနဲ့ သူတို့ကို အနှောင့်အယှက်မပေးပါဘူး။
စစ်မြေပြင်ကို သန့်ရှင်းရေးလုပ်ပြီးနောက်မှ စစ်သားများသည် နောက်ဆုံးတော့ စစ်တူဘာနီကို သတိပြုမိသွားတယ်။ ရှန်းကျင်းဇီက သူမကိုမြင်သောအခါ မျက်မှောင်ကြုတ်ကာ မေးလိုက်တယ် "မင်းကဘာလို့ဒီမှာရှိနေသေးတာလဲ"
သူရဲ့ အေးစက်သောလေသံကြောင့် စစ်သားများသည် သူက ဤအမျိုးသမီးကို မကြိုက်ကြောင်း သိလိုက်တယ်။ စူးစမ်းလိုစိတ်ဖြင့် သူတို့ကရောက်လာကြပြီး "ကျင်းဇီ မင်းသူ့ကိုသိလား"လို့ ကျန်းယွမ်က မေးလာတယ်။
"မသိဘူး၊ သူက အဆောင်ထဲမှာ ပုန်းနေတဲ့လူတွေထဲက တစ်ယောက်ပဲ့"
ဒါကိုကြားတော့ ကျန်းယွမ်ကလည်း စက်ရုံရဲ့အိပ်ဆောင်အဝင်ဝမှာ တွေ့ဖူးတဲ့ အမျိုးသမီးတွေကို ပြန်သတိရလိုက်တယ်။ သူမက ကြောက်နေတယ်ထင်ပြီး "မိန်းကလေး၊ ငါတို့က ဒီနေရာကနေ ထွက်သွားတော့မယ်။ ငါတို့က မင်းကို ဒီစက်ရုံကနေ ခေါ်ထုတ်ပေးပြီး လုံခြုံတဲ့ နေရာကိုရှာ ပေးလို့ရတယ်" လို့ ပြောလိုက်တယ်။
သူ့စကားကိုကြားတော့ စစ်တူဘာနီကလည်း မေးလိုက်တယ် "အစ်ကိုစစ်သား၊ ရှင် ကျွန်မကိုခေါ်သွားပေးလို့ရမလား၊ ရှင့်ကိုအနှောက်အယှက်မပေးဘူးလို့ ကတိပေးပါတယ်။ ကျွန်မက တစ်ယောက်တည်းသွားရမှာကြောက်တယ်"
သူမရဲ့စကားဆုံးတာနဲ့ ချင်လူဇီကလည်း ပြောလာတယ် "မင်းက ငါတို့ကို ဒီမှာစောင့်နေတာလား။ မင်းသူငယ်ချင်းတွေက ဘယ်မှာလဲ"
စစ်တူဘာနီက သူမရဲ့ အကြည့်တွေကို အောက်ချထားရင်း "သူတို့က ထွက်သွားပြီ။ ခြေသလုံးတွေနာလို့ မပြေးနိုင်တော့ဘူး၊ သူတို့က ကျွန်မကို မစောင့်ချင်ဘူး" ဟု တိုးတိုးလေး ပြန်ပြောသည်။
ကျိူးလီဇီက သူမ လိမ်ညာနေတာကို မြင်ပြီး ပြောလိုက်တယ် "မင်းမပြေးနိုင်ရင် လမ်းလျှောက်သွားလိုက်။ မလျှောက်နိုင် တော့ရင်လည်း တွားသွားလိုက်ပေါ့ ။ ငါတို့ထဲက တစ်ယောက်ယောက်က မင်းကို သယ်သွားပေးဖို့ကိုတော့ မမျှော်လင့်ထားနဲ့"
ဒါကိုကြားတော့ စစ်တူဘာနီက သူမလက်ကို အမြန်ဝှေ့ယမ်းပြီး ပြောလာတယ်"မဟုတ်ဘူး၊ ငါမလုပ်ဘူး"
"ကုန်းပိုင် ငါတို့ ဒီစက်ရုံက မထွက်သွားမချင်း သူမက မင်းရဲ့တာဝန်ပဲ" ကျင်းရွှီယန်း ရုတ်တရက် ပြောလိုက်သည်။
သူ့စကားကိုကြားတော့ စစ်တူဘာနီရဲ့ မျက်လုံးများက တောက်ပလာသည်။ သူမရဲ့ဘေးကင်းရေးအတွက် သူကစိတ်ပူနေတယ်လို့ တွေးပြီး "ကျေးဇူးတင်ပါတယ်၊ အစ်ကို၊ မင်းနာမည်ကို မေးလို့ရမလား" လို့ ပြောလိုက်တယ်။
အနည်းဆုံးတော့ သူ့နာမည်ကို ပြောပြလိမ့်မယ်လို့ သူမကထင်ခဲ့တယ်။ မထင်မှတ်ပဲ သူ့ဘေးနားက ကောင်မလေးရဲ့လက်ကို လှမ်းဆွဲပြီး တစ်ချက်မှ မကြည့်ဘဲ သူကထွက်သွားခဲ့တယ်။
ရှန်းချင်းဇီက ရယ်မောပြီး "ဖားပြုတ်တစ်ကောင်က ငန်းသားကို စားချင်နေတာ။ အရှက်မရှိ"
သူသည် ဒီလိုမိန်းမများကို အလွန်မုန်းတီးသောကြောင့် အသံကို မလျှော့ဘဲ ရွံရှာမှုကို ပြောင်ပြောင်တင်းတင်း ထုတ်ပြခဲ့တယ်။
သူ့မိသားစုရဲ့ အခြေအနေကို သိတဲ့သူတွေက သူ့အကြောင်းပြချက်ကို နားလည်ကြပေမယ့် သူစိမ်းကို ဘာကြောင့် အာဃာတထားရလဲဆိုတာကို နားမလည်သူတွေက မလည်ကြဘူး။
"မှောင်ခါနီးပြီ။ ငါတို့က အခုပဲ့ထွက်သွားသင့်တယ်" လို့ ကျန်းယွမ်က သူတို့ကို သတိပေးလိုက်တယ်။
စစ်သားများက သူတို့ကပ္ပတိန်ရဲ့အနောက်သို့ အမြန်လိုက်ကြကာ စစ်တူဘာနီကိုဖြတ်သွားစဉ်တွင်တော့ ထူးဆန်းသောအကြည့်များပေးသွားကြသည်။
ဒါကိုမြင်တော့ ကျင်းရွှီယန်း နဲ့ ဘယ်လိုရင်းနှီးအောင်လုပ်ရမလဲဆိုတာကို စဉ်းစားရင်းနဲ့ လက်သီးတွေ ဆုပ်ထားလိုက်တယ်။
ကုန်းပိုင်က သူ့ဆီလျှောက်လာပြီး "မိန်းကလေး၊ သွားရအောင်" လို့ပြောလိုက်တယ်။
သူရဲ့ကြမ်းတမ်းသောအသံကြောင့် စစ်တူဘာနီ လန့်ဖျပ်သွားပြီး အတွေးများက လက်တွေ့သို့ပြန်ရောက်လာကာ သူ့နောက်သို့ အမြန်လိုက်သွားခဲ့သည်။ သူမကို ကာကွယ်ရန် အမိန့်ပေးခဲ့သော်လည်း ကုန်းပိုင်က သူ့ခြေလှမ်းများကို လုံးဝမနှေးကွေးသောကြောင့် သူမက သူ့ကို အမှီလိုက်နိုင်ရန်အတွက် ပြေးခဲ့ရသည်။
စက်ရုံက ထွက်လာချိန်မှာတော့ ကောင်းကင်က မှောင်စပြုနေပြီ။
ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို ရှင်းလင်းပြီးပြီဖြစ်တာကြောင့် သူတို့သည် ထိုနေရာတွင် ညအိပ်စခန်းချကာ မနက်ဖြန်တွင် နောက်ထပ်စက်ရုံသို့ ဆက်လက်ရွှေ့ပြောင်းရန် စီစဉ်ခဲ့သည်။ ရိက္ခာတွေ မယူနိုင်ရင်တောင် သူတို့ရဲ့ စွမ်းရည်တွေကို လေ့ကျင့်ပြီး သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကို လေ့ကျင့်နိုင်ပါသေးတယ်။
တစ်ချိန်တည်းမှာပင် သူတို့သည် စက်ရုံများရှိ အသက်ရှင်ကျန်ရစ်သူများကိုလည်း ကူညီပေးနိုင်တယ်။ ဖုတ်ကောင်များသာ လှည့်လည်သွားလာခြင်းမရှိပါက စက်ရုံအတွင်းမှသူတွေလည်း ထွက်ခွာလာကာ ပိုမိုလုံခြုံသောနေရာကို ရှာဖွေနိုင်မည်ဖြစ်သည်။
သူတို့ပြန်လာတာကိုမြင်တော့ လီစီခိုင်က လမ်းလျှောက်လာပြီး "ဗိုလ်ကြီး၊ မင်းနောက်ဆုံးတော့ ပြန်လာပြီ" လို့ပြောလိုက်တယ်။
"ဒီကလေး ဘယ်လိုနေလဲ" လို့ ကျင်းရွှီယန်းက မေးလိုက်တယ်။
"ဖုန်းယွင်က နိုးလာပြီး အာကာသနေရာလွတ် စွမ်းရည်ကို ရရှိခဲ့တယ်"
ဒါကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ငါ သူ့ကို သွားစစ်ကြည့်လိုက်မယ်။ ညစာပြင်ဆင်ဖို့အတွက် လူအိုချင် ကို သွားကူညီလိုက်"
"နားလည်ပါပြီ"
ဖုန်းယွင်ကို မစစ်ဆေးမီတွင် ကျင်းရွှီယန်းက ပိုင်ရီကျီး နှင့် သူ့အဖွဲ့ထံ လျှောက်သွားခဲ့သည်။ သူတို့ ထိတ်လန့်နေသေးတာကို မြင်တော့ "မင်းရဲ့သူငယ်ချင်းအတွက် စိတ်မကောင်းပါဘူး" လို့ ပြောလိုက်တယ်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူကဆက်ပြောလိုက်တယ် “ဒီနေ့မှာတော့ ဝမ်းနည်းနိုင်ပေမယ့် မနက်ဖြန်ကြရင်တော့ မတ်တပ်ရပ်ပြီး ရှေ့ကို ဆက်သွားရမယ်။ ပိုအန္တရာယ်များတဲ့ အခြေအနေတွေကိုလဲ အနာဂတ်မှာ မင်းရင်ဆိုင်ရလိမ့်မယ်။ အဲဒီအခါကြရင်တော့ မင်းအနေနဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ ချစ်ခင်ရသူတွေကိုတောင် ဆုံးရှုံးသွားနိုင်ပါတယ်။
သူ့စကားကိုကြားတော့ ဟန်ဂျီယင်းက သူ့ကို စိုက်ကြည့်ပြီး "ခင်ဗျားကဘာသိလို့လဲ" ပြောလာတယ်။