← Chapters

ကျုပ် အလုပ်ထွက်ပြီ

Vol. 49 Ch. 727

ကျုပ် အလုပ်ထွက်ပြီ

Vol. 49 Ch. 727

လျိုသုန်းရှန်းက မည်သူလေလဲ။

သူသည် ရက်ပေါင်းများစွာကြာအောင် လူမှုကွန်ယက်၏ ရှာဖွေမှုအများဆုံးစာရင်းတွင် ထိပ်ဆုံးမှ နေရာယူထားပြီး "ပညာရေးပိုင်းဆိုင်ရာလိမ်လည်သူ"နှင့် "ကျွမ်းကျင်မှုမရှိသော ပါမောက္ခ"ဟူသော ဘွဲ့ထူးဂုဏ်ထူးများဖြင့် ဝိုင်းသမုတ်ခံခဲ့ရသည်။ ကျောင်းက တစ်ပတ်ကြာ အလုပ်နားရန် ကြေညာထားသော်လည်း လူထုက မကျေနပ်နိုင်ဘဲ သူ့ကို အပြင်းအထန်ဝေဖန်တိုက်ခိုက်နေကြဆဲပင်။

ပြင်းထန်လှသော လူထုဖိအားကြောင့် ကျောင်းဘက်ကလည်း ပြစ်ဒဏ်ကို တိုးမြှင့်လိုက်ပြီး တစ်ပတ်ကြာအလုပ်နားရာမှ လစာမဲ့အလုပ်နားခြင်းနှင့် နှစ်ဝက်တိတိစောင်ကြည့်မည်ဟု သတ်မှတ်လိုက်လေသည်။

သို့မှသာ အငြင်းပွားမှုများ ငြိမ်သက်သွားသော်ငြား ကျန်းမုန့်လောင်၏ဝေးပေါ်ပို့စ်က လျိုသုန်းရှန်းကို မုန်တိုင်းဗဟိုချက်သို့ တစ်ဖန်ဆွဲသွင်းလိုက်ပြန်သည်။

"ဘာ.. ဥက္ကဋ္ဌကျန်း.. ကျွန်တော် နားမလည်နိုင်ဘူး။ ပညာရေးလူလိမ်တစ်ယောက်ကို ခင်ဗျားတို့ကောလိပ်ရဲ့ ဌာနမှူးအဖြစ် ဘာလို့ အလုပ်ခန့်ရတာလဲ။ ခင်ဗျား ရူးသွားပြီလား"

"ဥက္ကဋ္ဌကျန်း.. ခင်ဗျားပြန်ပေးဆွဲခံလိုက်ရတာဆိုရင် မျက်လုံးမှိတ်ပြ"

"ဘာတွေဖြစ်ကုန်တာလဲ။ ဥက္ကဋ္ဌကျန်းက မူမမှန်တာတစ်ခုကိုများ ရှာတွေ့လိုက်လို့လား"

သိပ္ပံသုတေသနလောကတွင် အတောက်ပဆုံးကြယ်ပွင့်ဖြစ်သော ကျန်းမုန့်လောင်၏ သုတေသနစွမ်းရည်မှာ မည်သူမှ သံသယဝင်စရာမလိုပေ။ သူ့သုတေသနအောင်မြင်မှုများမှာ ကမ္ဘာထိပ်တန်းအဆင့်ထက် အနည်းဆုံးသုံးနှစ်မှ ငါးနှစ်အထိ ရှေ့ပြေးနေပေသည်။

အကယ်၍ အခြားလူများ၏သုတေသနရလဒ်က ကျန်းမုန့်လောင်၏ရလဒ်နှင့် ကွဲလွဲမှုရှိနေပါက လူတိုင်းက ကျန်းမုန်လောင်ကို သံသယမဝင်ဘဲ မိမိတို့သုတေသနတွင်သာ အမှားရှိမည်ဟု ထင်ကြပေလိမ့်မည်။

နက္ခတ္တနယ်ပယ်တွင် ကျန်းမုန့်လောင်၏အောင်မြင်မှုများကို လူတော်တော်များများက ရှင်းရှင်းလင်းလင်းမသိကြသေးသော်လည်း ထိုနယ်ပယ်အတွင်းရှိ လူများကမူ လွန်ခဲ့သည့်ရက်အနည်းငယ်က ကြေညာရန် အသင့်ပြင်ထားသော နက္ခတ္တဗေဒစီမံကိန်းတချို့ ရုတ်တရက်ဖျက်သိမ်းခံလိုက်ရကြောင်း သိထားကြသည်။

ဤအဖြစ်ကြောင့် ထိုစီမံကိန်းများအတွက် အင်တိုက်အားတိုက်ပြင်ဆင်နေကြသည့် နက္ခတ္တဗေဒပညာရှင်များမှာ အားလုံးပြင်ဆင်ပြီးမှ ပွဲဖျက်ခံလိုက်ရသဖြင့် အကြောင်သားဖြစ်ကုန်သည်။

အဆက်အသွယ်များမှတစ်ဆင့် စုံစမ်းကြည့်လိုက်သောအခါ ထိုစီမံကိန်းများကို ကျန်းမုန့်လောင်က ကြိုတင်ပြင်ဆင်ပြီးစီးသွားရုံသာမက အချောသတ်ထားပြီးဖြစ်ကြောင်း သိလိုက်ရသည်။

ထိုခံစားချက်ကား မည်သို့ရှိမည်နည်း။

ဤအဖြစ်မှာ "နတ်တစ်ပိုင်းမိစ္ဆာတစ်ပိုင်း"ထဲကအတိုင်း ရှီရှမင်းသမီးက ကြင်ယာတော်ရွေးပွဲလုပ်ချိန်တွင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိသဖြင့် လက်ဆောင်ပဏ္ဏာများ သယ်ဆောင်လာသည့် လူပျိုတစ်စုမှာ ရွှီကျူးက မင်းသမီးနှင့် ငြိစွန်းပြီး သမီးရည်းစားဘဝသို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသလိုပင်။ ဤသည်မှာ အရှုံးကြီးရှုံးသွားသည့် ခံစားချက်မျိုးပင်။

သို့သော် ဤအချက်ကပင် ကျန်းမုန့်လောင်၏ ပညာရပ်ဆိုင်ရာအောင်မြင်မှုများမှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သက်သေပြနေပေသည်။ သို့မဟုတ်ပါက သုံးနှစ်မျ ငါးနှစ်ခန့်အထိ ကြာမြင့်မည်ဟု ခန့်မှန်းထားသော စီမံကိန်းများကို တစ်လမပြည့်ခင်အတွင်း မည်သို့ပြီးမြောက်နိုင်မည်နည်း။

သို့သော် ကျန်းမုန့်လောင်က ဤစီမံကိန်းများကို နှစ်ရက်သုံးရက်အတွင်း အပြီးသတ်ခဲ့ခြင်းဖြစ်ကြောင်း သူတို့ သိလိုက်ရပါက စိတ်အစဉ် ပြိုလဲသွားရပေလိမ့်မည်။

ထို့ကြောင့် နက္ခတ္တဗေဒနယ်ပယ်တွင် ကျန်းမုန့်လောင်က အခြားပညာရှင်များထက် သိသိသာသာအသာစီးရနေသည်မှာ အမှန်ပင်။

လျိုသုန်းရှန်း၏စီမံကိန်းကို နက္ခတ္တဗေဒလောကတစ်ခုလုံးက ကဲ့ရဲ့ရှုံ့ချနေကြသော်ငြား ကျန်းမုန့်လောင်ကမူ သူနှင့်အတူ အလုပ်လုပ်ရန် ဖိတ်ခေါ်နေသည့်အပြင် မက်လောက်ချင်စရာကောင်းသော ကမ်းလှမ်းချက်များကိုပင် ပေးနေသေးသည်။

တစ်နှစ်လျှင် သုတေသနရန်ပုံငွေတစ်ဘီလီယံပင်။ ထိုပမာဏမှာ ကမ္ဘာတစ်ဝှမ်းရှိ သုတေသနအဖွဲ့၉၉ရာခိုင်နှုန်းကို အလဲထိုးနိုင်သောပမာဏပင်။

ဤအဖြစ်ကြောင့် ပါမောက္ခလျို၏ရှာဖွေတွေ့ရှိမှုက အမှန်လားဟု သူတို့ကိုယ်သူတို့ ပြန်တွေးမိစေသည်။

သို့သော် ဂြိုလ်သားမျိုးနွယ်စုထံမှ သတင်းစကားဆိုသည်မှာ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုဆန်နေချေသည်။

ရုတ်ခြည်းပင် လူတိုင်းက ပါမောက္ခလျို၏စာတမ်းကို ပြန်ဖတ်ကြလေတော့သည်။

ပါမောက္ခလျိုကိုယ်တိုင်ကမူ လစာမဲ့အလုပ်နားခံထားရသဖြင့် စိတ်ဓာတ်ကျနေစဉ် ထိုသတင်းကို ကြားလိုက်ရသောအခါ ပို၍ပင် အံ့အားသင့်သွားရသည်။

သူ့အသက်အရွယ်မှာ ဘဝကို ပျော်ပါးလိုစိတ် မရှိတော့သော်ငြား သူ့သားက အကုန်အကျများသည့် အရွယ်ကို ရောက်နေပြီဖြစ်၏။ သူ့အနေနှင့် ဝင်ငွေမရှိတော့ပါက ဘဏ္ဍာရေးဖိအားများက ပိုကြီးလာမည်ဖြစ်၏။ သူ့ဇနီးကလည်း သူ့ကို စကားမပြောသည်မှာ ရက်အတော်ကြာလေပြီ။

ဝေးပေါ်မှာ လူထုနဲ့ ကျောင်းအုပ်ကြီးကို တောင်းပန်စာတင်လိုက်ရင် ပြီးပြီမလား.. ဘာလို့ခေါင်းမာနေရတာလဲ...

"ပါမောက္ခ ပါမောက္ခ"

ဓာတ်ခွဲခန်းထဲတွင် ရန်ပုံငွေကိစ္စကို စဉ်းစားနေခိုက် သူ၏သုတေသနလက်ထောက်က သူ့ကို လှမ်းခေါ်နေကြောင်း ကြားလိုက်ရသည်။

"ဘာကိစ္စလဲ ဝမ်မြောင်"

လျိုသုန်းရှန်း၏အသံကား အလွန်စိတ်ဓာတ်ကျနေချေသည်။ လစာမဲ့အလုပ်နားခံထားရသည်ဖြစ်ရာ သူနှင့်အတူ နှစ်ပေါင်းများစွာကြာအောင် အလုပ်လုပ်ခဲ့သည့် သူ့သုတေသနအဖွဲ့လည်း လူစုခွဲရတော့မည်ဖြစ်၏။ ဤပြဿနာအတွက် သူ အလွန်ပူပန်နေရသည်။

"ပါမောက္ခ.. ဝေးပေါ်ကိုကြည့်လိုက်ဦး။ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က တော်ဝင်ပညာရှင်ကျန်းက ပါမောက္ခကို နက္ခတ္တဗေဒဌာနရဲ့ ဌာနမှူးအဖြစ် အလုပ်လာလုပ်ဖို့ ဖိတ်ခေါ်နေတယ်"

"ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က တော်ဝင်ပညာရှင်ကျန်းက ကျန်းမုန့်လောင်လား"

လျိုသုန်းရှန်းလည်း တအံ့တဩရေရွတ်လိုက်မိသည်။ တစ်နိုင်ငံလုံးရှိ ဆရာဆရာမတိုင်း လေးစားအားကျနေရသည့် ထိုတက္ကသိုလ်ကို သူလည်း ကောင်းကောင်းသိသည်။ ဤတက္ကသိုလ်တွင် တော်ဝင်ပညာရှင်သုံးယောက်သာရှိ၏။ ကျန်းမျိုးရိုး တော်ဝင်ပညာရှင်မှာမူ တစ်ယောက်တည်းသာ ရှိသည်။

သို့သော် နက္ခတ္တဗေဒဌာနဆိုသည်မှာ အဘယ်နည်း။ ကျန်းနန်တက္ကသိုလ်တွင် ဤဌာနမျိုးရှိသည်ဟု မကြားဖူးပေ။

လျိုသုန်းရှန်းလည်း ချက်ချင်းဆိုသလို ဝေးပေါ်ဖွင့်ကြည့်လိုက်သည်။

"နက္ခတ္တဗေဒဌာနဆိုသည်မှာ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က အသစ်ဖွင့်လှစ်ထားတဲ့ ကောလိပ်ဖြစ်ပြီး ဘွဲ့ကြို၊ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့သင်တန်းတွေကို သင်ကြားပေးမှာတဲ့.. မနေ့ကမှ တရားဝင်တည်ထောင်ထားတာလား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ပါမောက္ခ.. သူက ကောင်းမွန်တဲ့ကမ်းလှမ်းချက်တွေကိုတောင် ပေးထားသေးတယ်။ သူ တကယ်ပြောနေတာလား"

လူတိုင်း သင်္ကာမကင်းဖြစ်နေဆဲပင်။ တစ်နှစ်လျှင် သုတေသနရန်ပုံငွေတစ်ဘီလီယံဆိုသည်မှာ သူတို့ စိတ်ပင်မကူးဖူးသည့် ပမာဏပင်။

စုတ်ပဲ့လှသော ဤကောလိပ်လေးတွင် သူတို့၏နှစ်စဉ်သုတေသနရန်ပုံငွေက ယွမ်သောင်းဂဏန်းမျှသာ ရှိသည်။ ထို့ပြင် အရာရာတိုင်းကို ခြစ်ကုတ်သုံးစွဲနေရရုံသာမက လျိုသုန်းရှန်းတစ်ယောက် အိတ်ကပ်ထဲက စိုက်ထုတ်နေရသည့် အကြိမ်ပေါင်းလည်း မနည်းတော့ပေ။

ကျန်းနန်သိပွံနဲ့နည်းပညာတက္ကသိုလ်တွင် အဆင့်အမြင့်ဆုံးစက်ကိရိယာများရှိသည်။ အထူးသဖြင့် အလွန်ဈေးကြီးလှသော ကမ္ဘာ့အကြီးဆုံးရေဒီယိုတယ်လီစကုပ်ကြီး တပ်ဆင်ပြီးစီးသည်မှာ သုံးလခန့်ရှိပြီဖြစ်သော်ငြား မသုံးဖြစ်သဖြင့် ဖုန်တက်နေသည်ဟုလည်း ကြားဖူးသည်။

"ရှင်တို့ထဲက ဘယ်သူက ပါမောက္ခလျိုသုန်းရှန်းလဲ"

ထိုအချိန်မှာပင် အမျိုးသမီးတစ်ယောက်က ရုတ်တရက်ရောက်ချလာသည်။

"ကျွန်တော်ပါ။ ခင်ဗျားက ဘယ်သူလဲမသိဘူး"

"မင်္ဂလာပါ ပါမောက္ခလျို.. ကျွန်မက မစ္စတာကျန်းမုန့်လောင်ရဲ့ ကိုယ်ရေးလက်ထောက်ဟုန်းပါ"

"မိန်းကလေးဟုန်း မင်္ဂလာပါ"

လျိုသုန်းရှန်းလည်း အလွန်စိတ်လှုပ်ရှားသွားရသည်။ သူက ယခုမှ သတင်းတွေ့ပြီးခါစရှိသေးသော်လည်း ကျန်းမုန့်လောင်ကတော့ သူ့ကိုလာရှာရန် လူလွှတ်လိုက်ပြီတဲ့လား။

"တောင်းပန်ပါတယ်။ ကျွန်မတို့မစ္စတာကျန်းက ဌာနကပြင်ဆင်ရေးကိစ္စတွေနဲ့ အလုပ်များနေလို့ ကိုယ်တိုင်မလာနိုင်တာနဲ့ ကျွန်မကိုပဲ လွှတ်လိုက်တာပဲ"

"တော်ဝင်ပညာရှင်ကျန်းက အရမ်းအလုပ်များတာလေ။ ကျုပ် နားလည်ပါတယ်"

"ဒါဆို ပါမောက္ခလျိုအနေနဲ့ မစ္စတာကျန်းရဲ့ဖိတ်ခေါ်မှုကို ဘယ်လိုသဘောရလဲရှင့်"

"တော်ဝင်ပညာရှင်ကျန်းပြောထားတဲ့ အချက်တွေက တကယ်ပဲလား။ ပါမောက္ခရာထူးခံစားခွင့်၊ တစ်နှစ်ကို သုတေသနရန်ပုံငွေတစ်ဘီလီယံနဲ့ အိမ်ပါပေးမယ်ဆိုတာက တကယ်လား"

ပါမောက္ခလျို၏စိတ်ထဲတွင် စိုးရိမ်စိတ်အနည်းငယ်ရှိနေဆဲသာ။ ထိုအချက်များက သူထင်ထားသည်နှင့် ကွဲလွဲနေသောကြောင့်ပင်။

ယခုလိုအိပ်မက်မျိုးမက်ရန် ဘယ်လိုအနေအထားမျိုးနှင့် အိပ်ရလေမလဲ။

"မစ္စတာကျန်းက ဘယ်တော့မှမနောက်တတ်ပါဘူး"

ဟုန်းရီက ပြုံးလျက် ပြောလိုက်လေသည်။

"ပြီးတော့ မစ္စတာကျန်းက ပြောလိုက်သေးတယ်။ ရှင့်အောင်မြင်မှုကို နားမလည်တဲ့ သာမန်လူတွေက အသိဉာဏ်နိမ့်ပါးလွန်းလို့တဲ့။ သူက အရည်အချင်းရှိတဲ့လူတွေကို အမြဲတန်ဖိုးထားပါတယ်"

ထိုစကားများမှာ ဤကာလအတွင်း လျိုသုန်းရှန်း၏ရင်ထဲရှိ မကျေနပ်ချက်များကို ဆေးကြောပေးလိုက်သလိုပင်။ ကမ္ဘာပေါ်တွင် သူ့ကို နားလည်ပေးနိုင်သောလူ တကယ်ရှိနေချေသည်။

"ဒါပေမဲ့ ဒါတွေက အခြေခံသတ်မှတ်ချက်တွေပဲရှိပါသေးတယ်"

ဟုန်းရီက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။

"ကျောင်းကပေးတဲ့လစာအပြင် မစ္စတာကျန်းကိုယ်တိုင်ကလည်း နှစ်စဉ်လစာယွမ်ဆယ်သန်းကို သီးသန့်ပေးဦးမှာပါ။ သုတေသနရန်ပုံငွေအတွက် တစ်ဘီလီယံဆိုတာက အခြေခံသတ်မှတ်ချက်ပါ။ အမြင့်ဆုံးသတ်မှတ်ချက်ဆိုပြီး မရှိပါဘူး။ ဘယ်လိုဝန်ထမ်းတွေနဲ့ ဘယ်လိုကိရိယာတွေကိုပဲ လိုချင်လိုချင် စာရင်းပေးလိုက်ရုံပါပဲ"

"ကျွန်မတို့ဘက်က တောင်းဆိုချင်တာ တစ်ခုတည်းပါ။ အဲဒါကတော့ ရှင်မပြီးပြတ်သေးတဲ့ စီမံကိန်းတွေကို အဆုံးသတ်ပေးဖို့ပါပဲ"

"ကျုပ် တစ်ခုလောက်တောင်းဆိုလို့ရမလား"

လျိုသုန်းရှန်း အံတင်းတင်းကြိတ်လိုက်လေသည်။ သူ့စီမံကိန်းများကို အပြီးသတ်ရန်မှာ သူ့အိပ်မက်လည်းဖြစ်၏။

"ပြောပါ"

"ကျွန်တော့်သုတေသနအဖွဲ့ထဲက သုတေသီတွေကိုပါ ခေါ်လာခဲ့လို့ရမလား"

လျိုသုန်းရှန်းက မေးလိုက်လေသည်။

"သူတို့က ဒီစီမံကိန်းအကြောင်း နက်နက်နဲနဲနားလည်ပြီးသားပါ။ သူတို့ရဲ့အရည်အချင်းက အားနည်းကောင်းနည်းနိုင်ပေမဲ့ သုတေသနအပေါ်ထားတဲ့ စိတ်ဓာတ်ကတော့ အရမ်းပြတ်သားတယ်။ ဒီလိုဆိုရင် အဖွဲ့အသစ်တစ်ခု ဖွဲ့နေစရာမလိုတော့ဘူးပေါ့"

"ရတာပေါ့"

ဟုန်းရီက ပြန်ဖြေလိုက်သည်။

"မစ္စတာကျန်းကလည်း ရှင့်မှာ တပည့်တွေ ဒါမှမဟုတ် အဖွဲ့သားတွေရှိရင် တစ်ခါတည်းခေါ်လာခဲ့ဖို့ အထူးတလည်မှာလိုက်ပါသေးတယ်။ သူတို့လည်း ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ ဝန်ထမ်းခံစားခွင့်နဲ့ ထောက်ပံ့ကြေးတွေအပြင် တစ်ယောက်ကို နှစ်စဉ်လစာယွမ်တစ်သန်း ထပ်ရဦးမှာပါ"

"ဒါဆို ပါမောက္ခလျို.. ဘယ်လိုဆုံးဖြတ်ထားလဲ"

"ကျုပ် လက်ခံပါ့မယ်"

ဤမျှကောင်းမွန်သော အခြေအနေမျိုးကိုသာ ငြင်းပယ်လျှင် တုံးအရာကျပေလိမ့်မည်။

"ကောင်းပါပြီ။ ရှင့်ကိုယ်ရှင် ပြင်ထားလိုက်ပါ။ ကျွန်မ ရှင်နဲ့ရှင့်ဇနီးကို လာကြိုဖို့ လူလွှတ်လိုက်ပါ့မယ်။ အိမ်မှာလိုအပ်မဲ့ အသုံးအဆောင်တွေကိုလည်း ကျွန်မတို့ ပြင်ဆင်ပေးမှာမို့ ရှင်နဲ့ရှင့်ဇနီးက အသင့်တက်နေရုံပါပဲ"

"ကောင်းတယ်။ ကောင်းတယ်"

ဟုန်းရီထွက်သွားပြီးနောက် လျိုသုန်းရှန်းနှင့် သူ့သုတေသီများမှာ အိပ်မက်မက်နေသည့်အလား ခံစားနေရသည်။

"သေစမ်း။ ဒီလိုအစုတ်အပြတ်ကောလိပ်လေးကများ။ ငါ အခုချက်ချင်း ကျောင်းအုပ်ကြီးကိုသွားရှာမယ်။ ငါ အလုပ်ထွက်ပြီ"

All Chapters