ကျွန်တော် သိပ္ပံပညာကို ယုံကြည်ခဲ့ဖူးတယ်
Vol. 49 Ch. 729
လူသူကင်းမဲ့သော တောင်ခြေတစ်ခုတွင် ဘတ်စ်ကားလေးက ဖြည်းညင်းစွာ ရပ်တန့်သွားသည်။ ထိုပတ်ဝန်းကျင်၏ လေထုမှာ ရုတ်ခြည်းပင် ထူးခြားဆန်းကြယ်သွားသလို ခံစားလိုက်ရသည်။
"ရောက်ပြီ"
ကျန်းမုန့်လောင်က ဆို၏။
"အဆင်သင့်ပြင်ထားကြ။ ငါတို့ အခု ကျောင်းကိုသွားတော့မယ်"
"ကျောင်းလား။ ကျောင်းက ဘယ်မှာလဲ"
ကျောင်းသားများက ပြတင်းပေါက်မှ ခေါင်းပြူ၍ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်ကြသော်လည်း သစ်ပင်များကိုသာ မြင်ရသည်။ အနီးရှိ တောင်ကုန်းပေါ်၌ ခပ်မှိန်မှိန်အဆောက်အဦးတချို့ ရှိသော်လည်း ကျောင်းနှင့်လုံးဝမတူပေ။
သို့သော် ကျန်းမုန့်လောင်ကတော့ ဘာမှမရှင်းပြဘဲ ပြုံးရုံသာပြုံးနေသည်။ ရုတ်ခြည်းပင် သူသည် စာချွန်လွှာ၂၁ခုကို ဖန်တီးပြီး ကျောင်းသားများကို ဝေပေးလိုက်သည်။
သားရေစာချွန်လွှာပေါ်တွင် ရွှေရောင်စာလုံးများဖြင့် "ထူးရှယ်နတ်ဘုရားကျောင်းတော်"ဟု ရေးထိုးထားသည်။ ဤနာမည်မှာ ကျောင်းနာမည်နှင့် တူသော်လည်း အလွန်ဟိတ်ဟန်ကြီးလွန်းသည်ဟု ထင်ရသည်။
"ကျန်းဟုန်ကျဲ 'ရူပဗေဒဌာန'ကို တက်ရောက်ခွင့်ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်..."
အငယ်ဆုံးကောင်လေးက သူ့စာချွန်လွှာကို ဖြန့်ဖတ်လိုက်သည်။
"အကယ်၍ ဤဝင်ခွင့်စာလွှာကို လက်ခံလိုပါက ဤစာချွန်လွှာပေါ်တွင် လက်မှတ်ရေးထိုးပါ"
အသက်ဆယ့်လေးနှစ်သာ ရှိသေးသည့် ကျန်းဟုန်ကျဲက ပြီးခဲ့သည့်နှစ်က နိုင်ငံတော်အဆင့်ရူပဗေဒပြိုင်ပွဲတွင် စီနီယာများအားလုံးကို အနိုင်ယူပြီး ပထမဆုရရှိခဲ့သူပင်။ ထို့ကြောင့် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ပါရမီရှင်အတန်းသို့ အထူးဝင်ခွင့်ဖြင့် တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်၏။ သူသည် ယခုလက်ရှိတွင် စွမ်းအင်မြင့်ရူပဗေဒကို အာရုံစိုက်နေပြီး နောက်နောင်တွင် ရူပဗေဒသုတေသနနယ်ပယ်၌ အသက်မွေးရန် ရည်မှန်းထားသည်။
"ယင်းဟွမ်းဟောင် 'ဓာတုဗေဒဌာန'ကို တက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်... ကျွန်မရဲ့စာက ဓာတုဗေဒဌာနက"
အငယ်ဆုံးမိန်းကလေးက ဆိုလေသည်။
"ကျွန်တော်ကတော့ စက်မှုဌာန"
"ကျွန်မက ဇီဝဗေဒဌာန"
"ကျွန်တော်ကတော့ ဆေးသုတေသနဌာနမှာ ဝင်ခွင့်ရတယ်"
ကျောင်းသားနှစ်ဆယ့်တစ်ယောက်လုံးက မတူညီသော ဌာနခြောက်ခုမှ ဝင်ခွင့်စာလွှာများကို အသီးသီးရရှိခဲ့ကြပြီး သူတို့အားလုံးမှာ သိလိုစိတ်ကြောင့် ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကျန်းမုန့်လောင်ကို ကြည့်နေကြသည်။
"တော်ဝင်ပညာရှင်ကျန်း...ဒီဌာနတွေက ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ ဌာနခွဲတွေလား"
တစ်စုံတစ်ယောက်က မေးလိုက်သည်။
ကျန်းမုန့်လောင်က တော်ဝင်ပညာရှင်တစ်ဦးဖြစ်သည့်အပြင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်ကြောင်း လူတိုင်းသိထားကြသည်။ သူ့စည်းစိမ်အဆင့်အတန်းနှင့်ဆိုလျှင် ဤကဲ့သို့ဝေးလံခေါင်သီသောနေရာ၊ တောင်ကုန်းများအောက် သို့မဟုတ် တောင်တန်းထဲတွင် လျှို့ဝှက်ကျောင်းတော်အချို့ တည်ထောင်ထားခြင်းမှာလည်း မဖြစ်နိုင်တာတော့မဟုတ်ပေ။
သို့သော် သူတို့၏အတွေးအမြင်များကား ကျဉ်းမြောင်းလွန်းလှသည်။
"အဲဒီလိုလည်း ပြောလို့ရပါတယ်"
ကျန်းမုန့်လောင်က ရယ်လိုက်သည်။
"ဒါပေမဲ့ ဒီကျောင်းကို ငါကိုယ်တိုင် တည်ထောင်ထားတာမို့ ဘယ်ပညာရေးဌာနရဲ့ ထိန်းချုပ်မှုအောက်မှာမှ မရှိဘူး။ တရားဝင်အသိအမှတ်ပြုမထားတဲ့ ကိုယ်ပိုင်တက္ကသိုလ်တစ်ခုလို့ သတ်မှတ်လို့ရတယ်"
"ဟားဟားဟား"
ကျောင်းသားများလည်း မအောင့်နိုင်တော့ဘဲ အော်ရယ်လိုက်ကြသည်။ ကိုယ့်ကျောင်းကို တရားမဝင်ကျောင်းတစ်ခုဟု ခေါ်သည့်လူကို သူတို့ တစ်ခါမှမမြင်ဖူးကြပေ။
သို့သော် ကျန်းမုန့်လောင်ကဲ့သို့သော လူတစ်ယောက် တည်ထောင်ထားသည်ဖြစ်ရာ ဤကျောင်းသည် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များကိုပင် စိန်ခေါ်နိုင်စွမ်းရှိလိမ့်မည် မဟုတ်လော။ သူတစ်ယောက်တည်းကပင် ကျောင်းတစ်ကျောင်းလုံး၏ သင်ကြားရေးနှင့် သိပ္ပံသုတေသနစွမ်းအားကို ကိုယ်စားပြုထားပေသည်။
"ဝင်ခွင့်စာလွှာတွေ ဝေပြီးပြီ။ တက်ချင်တယ်ဆိုရင် လက်မှတ်ထိုးလိုက်။ မတက်ချင်ဘူးဆိုရင်လည်း လူလွှတ်ပြီး ပြန်ပို့ပေးမယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒါက မင်းတို့ရဲ့လက်ရှိကျောင်းသားအဆင့်အတန်းကို မထိခိုက်စေပါဘူး။ ဒါပေမဲ့ အခုကစပြီး မင်းတို့ရဲ့ အချိန်အတော်များများကိုတော့ ငါ့ရဲ့ထူးရှယ်နတ်ဘုရားကျောင်းမှာပဲ ကုန်ဆုံးရလိမ့်မယ်"
"ဟားဟားဟား... ပညာသင်ရမယ်ဆိုရင် ဘာကြောက်စရာရှိလဲ"
အငယ်ဆုံးကျန်းဟုန်ကျဲက ချက်ချင်းလက်မှတ်ထိုးလိုက်သည်။
ထိုအခိုက်ဝယ် စာချွန်လွှာက ရုတ်တရက်ဆိုသလို အလင်းရောင်များ ထွက်ပေါ်လာပြီး လေထဲတွင် ပျံတက်ကာ မီးတောက်လောင်သွားသည်။ ထိုမီးတောက်ထဲမှ အလင်းတန်းတစ်ခုက ကျန်းဟုန်ကျဲ၏ နဖူးတည့်တည့်သို့ တိုးဝင်သွားပြီး လူအားလုံး၏မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားတော့သည်။
"ဒါက အခန်းအပူချိန်မှာတင် မီးလောင်နိုင်တယ်ဆိုတော့ ဖော့စ်ဖောရပ်ဒြပ်ပစ္စည်းပဲ ဖြစ်ရမယ်။ လေထဲမှာ ပျံနိုင်တာကတော့ စုန်းတောက်တာနဲ့ ဆင်တူတယ်..."
ရူပဗေဒပြိုင်ပွဲဝင်ကျောင်းသားပီပီ ကျန်းဟုန်ကျဲက သဘာဝကျကျတွက်ချက်နေမိသည်။
"နေဦး... ဒါ... ဒါက သိပ္ပံနည်းမကျဘူး"
ကျန်းဟုန်ကျဲ၏အမြင်တွင် အရာအားလုံးကို သိပ္ပံပညာဖြင့် ရှင်းပြနိုင်သည်ဟု ယူဆထားသော်လည်း ယခုမူ သူ့စိတ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော တံခါးတစ်ချပ် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"ဟုန်ကျဲ မင်းဘာတွေ့လို့လဲ"
"မင်းတို့ဘာသာ စမ်းကြည့်လိုက်။ သိလိမ့်မယ်"
ကျန်းဟုန်ကျဲက အငေးသားဖြင့် ပြောလိုက်လေသည်။ ဖြူစင်ရိုးသားသူများမှာ ဤအရာများကို လွယ်လင့်တကူ လက်ခံနိုင်ကြသော်လည်း သိပ္ပံပညာနှင့် ပညာရေးက ခေါင်းထဲတွင် ပြည့်နေသူများအတွက်တော့ သိပ္ပံနည်းကျ ရှင်းမပြနိုင်သောအရာနှင့် ထိပ်တိုက်တွေ့သောအခါ ဤကဲ့သို့တုံ့ပြန်တတ်ကြသည်။
ကျန်ကျောင်းသားများလည်း လက်မလျှော့ကြဘဲ ကျန်းဟုန်ကျဲကဲ့သို့ပင် လက်မှတ်ထိုးလိုက်ကြသည်။ ခဏအကြာတွင် သူတို့၏အမူအရာများမှာ ကျန်းဟုန်ကျဲထက်ပင် ပိုအံ့သြမှင်တက်သွားကြသည်။
"ငါ... ဘုရားရေ ငါ စိတ်ချောက်ချားနေတာလား"
"ငါ သိပ္ပံပညာကို ယုံကြည်ခဲ့ဖူးတယ်။ ပြီးတော့ စီမံခန့်ခွဲမှုပညာကို ယုံကြည်ခဲ့တယ်။ အခုတော့ လောကုတ္တရာပညာကိုပဲ ယုံကြည်တော့မယ်"
"မင်းတို့တွေ မြင်လား။ အဲဒီတံခါးကြီးကိုလေ"
"အကုန်မြင်ကြတာလား"
"တော်ဝင်ပညာရှင်ကျန်း ဒါ... ဒါက ဘာကြီးလဲ"
"ပထမဆုံးအနေနဲ့ မင်းတို့ ဘာပဲမြင်မြင် သိပ္ပံပညာကိုတော့ ယုံကြည်ရမယ်"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။
"မင်းတို့ရဲ့ လက်ရှိဗဟုသုတတွေက ဒီဖြစ်ရပ်ကို ရှင်းပြဖို့ မလုံလောက်သေးရုံပဲ။ ငါ့ကိုယုံ... မကြာခင်မှာ ဒီထက်ပိုပြီး အံ့သြစရာကောင်းတဲ့ အရာတွေကို မြင်ရလိမ့်မယ်"
ကျန်းမုန့်လောင်က ထူးရှယ်နတ်ဘုရားကျောင်းတော်နှင့် ဆက်သွယ်လိုက်သောအခါ ထိုတံခါးကြီးက သူတို့၏ရှေ့တည့်တည့်တွင် ရုတ်တရက်ပေါ်လာတော့သည်။
"အားလုံး ဝင်ခဲ့ကြ"
ကျန်းမုန့်လောင်က အရှေ့မှ ဦးဆောင်၍ ဝင်သွားသည်။
"သွားကြစို့"
ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုဟူ၍ အစအနမျှပင်မရှိဘဲ စူးစမ်းလိုစိတ်နှင့် စိတ်လှုပ်ရှားမှုများသာ ပြည့်နှက်နေသည်။
"သေစမ်း"
"ဘုရားရေ"
"အမလေး"
သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် လူတိုင်း အံ့သြမှင်တက်သွားကြသည်။ ဤတံခါး၏နောက်ကွယ်တွင် ကမ္ဘာသစ်တစ်ခု အမှန်တကယ်ရှိနေသည် မဟုတ်ပါလော။
"မင်းတို့ကို မိတ်ဆက်ပေးပါရစေ"
ကျန်းမုန့်လောင်က ဆိုသည်။
"ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ အခုလက်ရှိ ဌာနပေါင်းတစ်ဒါဇင်ကျော်၊ ဝန်ထမ်းရှစ်ဆယ်ကျော်နဲ့ ကျောင်းသားပေါင်း၁၃၀၀ကျော် ရှိတယ်။ နျဲ့ရှောင်ချန်း.. သူတို့တွေကို စာရင်းသွင်းဖို့ ခေါ်သွားလိုက်"
"ဟီးဟီးဟီး... ကျောင်းအုပ်ကြီး ရှင် ဒီကိုမလာတာ တော်တော်ကြာပြီနော်"
အေးစိမ့်သော လေပြည်တစ်ခုနှင့်အတူ အနက်ရောင်ကိုင်းတပ်မျက်မှန်ကို တပ်ဆင်ထားပြီး ဂျေကေဝတ်စုံနှင့် ခြေအိတ်အရှည်ကို ဝတ်ဆင်ထားသော နျဲ့ရှောင်ချန်းက ခြေတံရှည်များဖြင့် လျှောက်လာလေသည်။
"ကျစ် ကျစ် ကျစ်... ကျောင်းသားသစ်လေးတွေက ကြည့်ကောင်းလိုက်တာ။ ကြည့်ရတာ လူချောလေး နင်ချိုက်ချန်းထက်တောင် ပိုပြီး အရသာရှိမယ်ထင်တယ်"
နျဲ့ရှောင်ချန်းက လူအုပ်ထဲရှိ ကောင်လေးများကို ဝေ့ဝဲကြည့်ရှုရင်း စိတ်ထဲတွင် တစ်ခုခုကြံစည်နေပုံရသည်။
"နျဲ့ရှောင်ချန်း ငါ သတိပေးထားမယ်နော်။ မင်း ကျောင်းမှာ ကျောင်းသားလေးတွေ ရေချိုးခန်းဝင်နေတာ ဒါမှမဟုတ် အိမ်သာထဲမှာရှိနေတုန်း ထပ်ပြီးချောင်းကြည့်မယ်ဆိုရင် မင်းရဲ့ရာထူးကို တခြားလူကို ပေးလိုက်တော့မယ်"
ကျန်းမုန့်လောင်က ခြိမ်းခြောက်လိုက်သည်။
"မလုပ်ပါနဲ့ ကျောင်းအုပ်ကြီး"
နျဲ့ရှောင်ချန်းက ကလူကျီစယ်လိုဟန်ဖြင့် ပြန်ပြောသည်။
"အဆိုးဆုံးရှိလှ နောက်တစ်ခါ သူတို့မသိအောင် ချောင်းကြည့်ပါ့မယ်။ သူတို့မသိသရွေ့တော့ ဘာမှမဖြစ်ခဲ့သလိုပဲလေ"
ကျန်းမုန့်လောင်နှင့် နျဲ့ရှောင်ချန်းတို့၏ စကားပြောဆိုမှုကိုကြည့်ကာ လူတိုင်း အံ့သြနေကြသည်။
နျဲ့ရှောင်ချန်း... ဒါက "တရုတ်သရဲပုံပြင်'ထဲက ဇာတ်ကောင်မဟုတ်လား။ ဒီဆရာမက နာမည်တူနေရုံသက်သက်လား... ဒါပေမဲ့ ဒီဆရာမကိုကြည့်ရတာ နည်းနည်း ပုံမှန်မဟုတ်သလိုပဲ....
"မိတ်ဆက်ပေးရဦးမယ်။ ဒါက နျဲ့ရှောင်ချန်းတဲ့။ ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ ကျောင်းသားလက်ခံရေးဌာနမှူးပဲ"
"မင်္ဂလာပါ ဆရာမနျဲ့"
"တော်ဝင်ပညာရှင်ကျန်း... ဆရာမနျဲ့ရဲ့နာမည်က တိုက်ဆိုင်တာလား"
ကျောင်းသားတစ်ယောက်က မေးလိုက်သည်။
"သူက မင်းတို့သိထားတဲ့ နျဲ့ရှောင်ချန်းအစစ်ပဲ"
ကျန်းမုန့်လောင်က ပြန်ဖြေသည်။
"မင်းတို့ အပြိုင်စကြဝဠာနဲ့ ထူးကဲတဲ့ လောကုတ္တရာသီအိုရီတွေအကြောင်း သိလား။ ဒီနျဲ့ရှောင်ချန်းက တရုတ်သရဲပုံပြင်ရဲ့ အပြိုင်ကမ္ဘာက လာတာ"
"ဒါဆို သူက တစ္ဆေတစ်ကောင်လား"
"အဲဒီလိုမျိုးပါပဲ"
"အား"
မိန်းကလေးများမှာ ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။
"ဟီးဟီးဟီး.. နောက်ပိုင်းကျရင် မင်းတို့တွေကို ငါ သေချာဂရုစိုက်ပေးပါ့မယ်"
နျဲ့ရှောင်ချန်းက နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ဆွဲဆောင်မှုရှိရှိ ပြောလိုက်သည်။
"နျဲ့ရှောင်ချန်း"
ကျန်းမုန့်လောင်က အော်ငေါက်လိုက်သည်။
"စိတ်မပူကြနဲ့။ ကျောင်းက ဆရာဆရာမတွေက မင်းတို့ကို အန္တရာယ်မပြုပါဘူး။ သူတို့ဆီကနေ အတတ်ပညာမျိုးစုံကို သင်ယူနိုင်တယ်"
ကျန်းမုန့်လောင်က နျဲ့ရှောင်ချန်းကို တစ်ချက်ကြည့်လိုက်၏။
"နေဦး.. မင်းတို့တွေ သူ့ဆီက အတတ်ပညာတွေကိုတော့ မသင်တာပိုကောင်းမယ်။ မင်းတို့ရဲ့အာဟာရဓာတ်တွေ မလောက်ငှဘဲ ဖြစ်သွားမှာစိုးလို့"
"နျဲ့ရှောင်ချန်း... ရူပဗေဒ ဓာတုဗေဒ ဇီဝဗေဒ ဆေးပညာ သင်္ချာနဲ့ စက်မှုဌာနက ဌာနမှူးတွေကို ငါ့ဆီခေါ်လာခဲ့"
"ဟုတ်ကဲ့"
နျဲ့ရှောင်ချန်းက လူတိုင်း၏မျက်စိရှေ့မှာပင် အလင်းစက်ကွင်းတစ်ခုအတွင်းသို့ ပျောက်ကွယ်သွားသည်။
မိနစ်အနည်းငယ်အကြာတွင် အလင်းစက်ကွင်းခြောက်ခုပေါ်လာပြီး လူခြောက်ယောက်က တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။
"မိတ်ဆက်ပေးပါရစေ။ ရူပဗေဒဌာနရဲ့ ဌာနမှူး'နယူးတန်'၊ ဓာတုဗေဒဌာနရဲ့ ဌာနမှူး 'ဂျစ်'၊ ဇီဝဗေဒဌာနရဲ့ ဌာနမှူး'ပါမောက္ခ ဘန်နာ'၊ ဆေးပညာဌာနရဲ့ ဌာနမှူး'ဟွားထောင်'၊ သင်္ချာဌာနရဲ့ ဌာနမှူး 'ဟွားလော့ကန်'နဲ့ စက်မှုနဲ့အလိုအလျောက်ထိန်းချုပ်ရေးဌာနရဲ့ ဌာနမှူး 'တိုနီ'တဲ့"
"နယူးတန်လား။ သူ့ရဲ့ခေါင်းတလားပျဉ်ချပ်တွေတောင် ဆွေးမြေ့ကုန်ပြီမဟုတ်ဘူးလား"
"ဂျစ်တဲ့လား? အဲဒါ ယော့ဒယ်မဟုတ်ဘူးလား။ ဂိမ်းထဲက ဇာတ်ကောင်တွေကလည်း ဆရာလုပ်လို့ရတာလား"
"ဆရာတိုနီ? သံမဏိလူသားလား"
"ဟားဟားဟား... ဒါတွေအားလုံးက မင်းတို့အတွက် မယုံနိုင်စရာကောင်းနေလိမ့်မယ်။ ဒါပေမဲ့ မင်းတို့ အပြိုင်အာကာသသီအိုရီကို နားလည်ထားသင့်တယ်။ ပြီးတော့ သိပ္ပံပညာကိုလည်း ဆက်ယုံကြည်ရဦးမယ်"
ကျန်းမုန့်လောင်က ရယ်လိုက်သည်။
"ကျောင်းအုပ်ကြီး"
လူတစ်ယောက်က ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးပြလိုက်လေရာ လူတစ်ယောက်က ဓားပျံကို စီးနင်း၍ ကောင်းကင်ထက်တွင် ပျံသန်းနေပြီး သူ့အနောက်တွင်လည်း လူတစ်ဒါဇင်ခန့် လိုက်ပါလာကြောင်း တွေ့လိုက်ရသည်။
"ဆရာကြီးလီရှောင်ယောင် ကျွန်တော်တို့ကို စောင့်ပါဦး"
"ဆရာ... ဓားထိန်းချုပ်မှုပညာက သင်ရတာ အရမ်းခက်တာပဲ"
"ဟွန်း... မင်းတို့သာ သုံးမိနစ်အတွင်း မီတာတစ်သောင်းအကွာအဝေးကို မပျံနိုင်ရင် ဘယ်သူ့ကိုမှ 'ဓားပျံစီးနင်းခွင့်လိုင်စင်' ထုတ်ပေးမှာ မဟုတ်ဘူး"
...
"ကျောင်းအုပ်ကြီး... လူတွေက ကောင်းကင်ပေါ်မှာတောင် ပျံနေကြတယ်လေ။ အဲဒါကို သိပ္ပံပညာကိုယုံကြည်ဖို့ ကျွန်တော်တို့ကို ပြောနေသေးတာလား"