← Chapters

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉) - ကြီးမားသော အကျိုးအမြတ် (အပိုင်း ၄)

~ရှောင်ယန် နန်းတော်လို ကြောက်မက်ဖွယ် တားမြစ်ချက်တွေ ပါသော နန်းတော်မျိုး နောက်ထပ် မတွေ့ရတော့ပေ။

(၂) နာရီခန့် ကုန်လွန်သွားသည်။

နင်ချီနှင့် အဖွဲ့ အပေါ်သို့ မော့ကြည့်လိုက်သောအခါ ဖူချန်နှင့် အပေါင်းအပါများသည် ကောင်းကင် တက်လမ်း၏ (၇၀၀) ထစ်မြောက် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။

သူတို့ ခြေချလိုက်သည်နှင့် တက်လမ်းပေါ်တွင် "ကျောက်ရုပ် စစ်သည်တော်များ" ပေါ်လာကြ၏။ တစ်ကောင်ချင်းစီသည် ချပ်ဝတ်များ ဝတ်ဆင်ထားပြီး၊ စစ်တပ် အခင်းအကျင်း ဖွဲ့စည်းကာ သူတို့ကို တိုက်ခိုက်နေကြ၏။

သာမန် တိုက်ခိုက်မှု တစ်ချက်ကပင် ဟင်းလင်းပြင်ကို ထိုးဖောက်သွားနိုင်လောက်အောင် ပြင်းထန်လှသည်။

"ကဲ... ငါတို့လည်း ကောင်းကင် တက်လမ်းကို တက်ဖို့ အချိန်တန်ပြီ"

...

မကြာမီ... နင်ချီသည် ဂိုဏ်းနှစ်ခုမှ လူများကို ဦးဆောင်ပြီး ကောင်းကင် တက်လမ်းပေါ်သို့ ခြေချလိုက်သည်။

သူတို့ ပေါ်လာသည်နှင့် တပြိုင်နက်... တက်လမ်းပေါ်ရှိ အခြား လူများ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်နိုင်သည်။

ရှေ့က လူတွေရဲ့ အတွေ့အကြုံတွေ ရယ်... ဂိုဏ်းနှစ်ခု၏ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်မှုတွေ ရယ်ကြောင့်... နင်ချီနှင့် အဖွဲ့သည် ကောင်းကင် တက်လမ်းကို မြန်ဆန်စွာ တက်လှမ်းနိုင်ခဲ့ကြ၏။

အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင်... သူတို့သည် ဝိညာဉ် လှေကားထစ်၏ ပထမ အဆင့် (၁၀၀) ကို ကျော်ဖြတ်ပြီး ဖြစ်သည်။

ပထမ အဆင့် (၁၀၀) အတွင်းမှာပင် တချို့လူများ သေဆုံးနေကြပြီ ဖြစ်ပြီး၊ ဒုတိယ နယ်မြေ တွင် သေဆုံးမှုနှုန်း ပိုမို မြင့်မားနေသည်။

သွေးများသည် ကျောက်စိမ်း လှေကားထစ်များကို နီရဲစေပြီး၊ ရွှေရောင် အရိပ်များသည် သွေးကွက်များကို နင်းဖြတ်ကာ လမ်းပိတ်ဆို့ တိုက်ခိုက်နေကြ၏။

သို့သော် ညီညွတ်သော အခင်းအကျင်းဖြင့် တိုက်ခိုက်ခြင်းကြောင့် သူတို့သည် တတိယ နယ်မြေ သို့ ရောက်ရှိရန် (၇) မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။

...

အပေါ်ဘက်တွင်... ရင်ကျုံး ဦးဆောင်သော (၃) ယောက်သည် ရှေ့မှ ကျောက်ရုပ် စစ်သည်များကို ဖျက်ဆီးနေရင်း၊ နင်ချီနှင့် နျူမန် တို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။

အထူးသဖြင့် ဂိုဏ်းနှစ်ခု ပေါင်းစည်းထားသော အင်အားနှင့် လူအရေအတွက် များပြားမှုကို မြင်လိုက်ရသောအခါ ပို၍ ဖိအားများသွားကြ၏။

ဖူချန်၏ ခန္ဓာကိုယ်မှ သွေးစွမ်းအင်များ တဖျပ်ဖျပ် လက်လာပြီး၊ ရုတ်တရက် ပုံရိပ်ယောင် တစ်ခုအဖြစ် ပြောင်းလဲကာ အပေါ်သို့ တဟုန်ထိုး တက်သွားသည်။

နောက်ကျ မကျန်ရစ်ချင်သဖြင့် ရင်ကျုံးနှင့် ဝူတောက် တို့လည်း အစွမ်းကုန် ထုတ်သုံးပြီး အမြန် လိုက်ပါသွားကြ၏။

အံ့သြစရာ ကောင်းသည်မှာ... ဖူချန်တွင် ထူးဆန်းသော ပစ္စည်းတစ်ခု ပါလာပုံ ရသည်။ ကျောက်စိမ်း လှေကားထစ်ပေါ်မှ ကျောက်ရုပ် စစ်သည်များသည် သူ့ကို မမြင်နိုင်ကြဘဲ လွှတ်ပေးထားကြသည် မဟုတ်ပါလော။ သူသည် အတားအဆီး မရှိ ရှေ့ဆက် ပြေးလွှားသွားသည်။

"ဘာဖြစ်တာလဲ"

ဝူတောက် မျက်လုံးကို မှေးစင်းလိုက်သည်။ "ကြည့်ရတာ ဖူချန်ဆီမှာ 'လျှို့ဝှက် ရတနာ' တစ်ခု ပါလာပုံရတယ်။ အခုထိ သူ မထုတ်သုံးဘဲ ဝှက်ထားတာပဲ"

"ဟား... သူ ငါတို့နဲ့ မပေါင်းချင်တာ ဒါကြောင့်ကိုး"

"ညီအစ်ကို ရင်... စိတ်မဆိုးပါနဲ့။ ငါ့မှာလည်း ဖြေရှင်းနည်း ရှိပါတယ်"

ဝူတောက်သည် သူ့ပစ္စည်းများထဲမှ ပြီးပြည့်စုံသော အခင်းအကျင်း တစ်ခုကို ထုတ်ယူလိုက်ပြီး ပေါ့ပေါ့ပါးပါး ပစ်လွှတ်လိုက်ရာ၊ မှော်စွမ်းအင် အကာအကွယ် တစ်ခုသည် သူတို့နှစ်ဦးကို လွှမ်းခြုံသွားသည်။ ချက်ချင်းပင် ကျောက်ရုပ် စစ်သည်များက သူတို့ကို အာရုံမခံနိုင်တော့ချေ။

ရင်ကျုံး အလွန် ဝမ်းသာသွားသည်။

သူတို့နှစ်ဦး ထပ်မံ လိုက်ဖမ်းကြပြန်သည်။

အောက်ဘက်တွင် နင်ချီနှင့် အဖွဲ့သည် ဖူချန်တို့၏ ပုံမှန် မဟုတ်သော အခြေအနေကို သတိထားမိလိုက်ကြ၏။

နျူမန် လန့်သွားသည်။ "မကောင်းတော့ဘူး... ဟိုကောင်တွေဆီမှာ 'ရတနာဆန်း' တွေ ပါလာကြတယ်။ သူတို့ ငါတို့ကို ကျော်တက်သွားနိုင်တယ်"

လူတိုင်း အရှိန်မြှင့်ပြီး လိုက်ရန် ပြင်လိုက်ကြ၏။

နင်ချီ တစ်ယောက်တည်းသာ တည်ငြိမ်နေပြီး၊ တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ရုတ်တရက် ရပ်တန့်လိုက်သည်။

"ညီလေး နင်... ဘာဖြစ်လို့လဲ"

နင်ချီသည် ရှောင်ယန် နန်းတော်မှ ရရှိထားသော သော့ကို ထုတ်ယူလိုက်သည်။ ရွှေရောင် သော့သည် တောက်ပသော အလင်းရောင်များ ထုတ်လွှတ်ပြီး သူ့ကို လွှမ်းခြုံသွားရာ၊ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

ရုတ်တရက်... ရွှေရောင် တိမ်တိုက် တစ်ခု သူ့ခြေဖဝါးအောက်တွင် ဖြစ်ပေါ်လာပြီး သူ့ကို အပေါ်သို့ ပင့်တင်ပေးလိုက်သည်။

နျူမန်နှင့် အခြားသူများ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

ဒီ ရှောင်ယန် နန်းတော်က သော့က ကောင်းကင် တက်လမ်း တက်တာနဲ့ သက်ဆိုင်နေတာများလား။

နင်ချီသည် သော့ကို ကိုင်လျက် အဖွဲ့သားများကို ညွှန်ပြလိုက်ရာ၊ သူတို့လည်း ခန္ဓာကိုယ်များ ပေါ့ပါးသွားပြီး ကျောက်စိမ်း လှေကားထစ်၏ ဖိအားများ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

သူတို့ အောက်မှာ ရွှေရောင် တိမ်တိုက် မပေါ်လာပေမယ့်၊ အခုအချိန်မှာ ဒါကို ဘယ်သူမှ ဂရုမစိုက်ကြတော့ပေ။

နင်ချီ ရှေ့က သွားသည်နှင့် သူတို့ ချက်ချင်း လိုက်ပါသွားကြ၏။ ရွှေရောင် အလင်းတန်းများ လွှမ်းခြုံထားသဖြင့် ကောင်းကင် တက်လမ်းပေါ်တွင် မည်သည့် အတားအဆီးမျှ မရှိတော့ပေ။

ထို့ကြောင့် မျက်တောင်တစ်ခတ် အတွင်းမှာပင်... ရွှေရောင် ရတနာ ခန်းမ ရှေ့ရှိ ကောင်းကင် တက်လမ်းသည် သူတို့ကို တားဆီးနိုင်စွမ်း မရှိတော့ချေ။

ကောင်းကင် တက်လမ်းပေါ်ရှိ အခြား ကျင့်ကြံသူ အားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် လှေကားထစ်ပေါ်မှ ပြုတ်ကျမတတ် ဖြစ်သွားကြရသည်။

ပထမဆုံး အကြိမ် တက်တဲ့သူတွေက... ဘာလို့ ကိုယ့်အိမ် နောက်ဖေးပေါက်က ဝင်သလိုမျိုး အေးဆေး ဖြစ်နေရတာလဲ။

လူတိုင်း ခြေဆောင့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြ၏။

အချို့က နင်ချီတို့ အဖွဲ့နောက်ကို ကပ်လိုက်ပြီး သူတို့လည်း အတားအဆီး မရှိ ဖြတ်သန်းလို့ ရမလား ဆိုပြီး စမ်းကြည့်ကြ၏။

သို့သော် ရက်စက်သော တိုက်ခိုက်မှုများ ကျရောက်လာပြီး မဆိုင်းမတွ အသတ်ခံလိုက်ရသည်။

ချက်ချင်းပင်... တူညီသော အတွေး ရှိနေသူများ အားလုံး ကြိုးစားချင်စိတ် ပျောက်ဆုံးသွားကြတော့သည်။

သူတို့ လုပ်နိုင်သည်မှာ နင်ချီတို့ အဖွဲ့၏ ကျောပြင်များကိုသာ ငေးကြည့်ပြီး မနာလို ဖြစ်နေရုံသာ ရှိတော့သည်။

နင်ချီတို့ ပျောက်ကွယ်သွားသည် အထိ ကြည့်နေပြီးမှ... ကောင်းကင် တက်လမ်းပေါ်ရှိ တားမြစ်ချက်များ ပျောက်ကွယ်သွားသလို ဖြစ်နေသည်ကို သတိထားမိလိုက်ကြ၏။

ဘာမှားသွားလဲ မသိပေမယ့် ဒါက ကောင်းသော လက္ခဏာပဲ။ သူများတွေ ဦးသွားမှာ စိုး၍ လူတိုင်း အလုအယက် တက်သွားကြတော့သည်။

အနောက်မှာ ဘာဖြစ်နေလဲ ဆိုတာကိုတော့ နင်ချီတို့ အဖွဲ့ မှာ ယာယီ မသိနိုင်ကြတော့ပေ။

သူတို့သည် ရွှေရောင် ကောင်းကင်ဘုံ အုတ်ဂူ၏ အမြင့်ဆုံး နေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ရွှေရောင် ရတနာ ခန်းမသည် အလွန်တရာ ကြီးမား ကျယ်ဝန်းလှသည်။ ရတနာ ခန်းမပေါ် ခြေချလိုက်သည်နှင့် ကမ္ဘာ့အဆုံးသတ်သို့ ရောက်ရှိသွားသကဲ့သို့ မိမိတို့ကိုယ်ကို သေးငယ်သွားသည်ဟု ခံစားလိုက်ရသည်။ တကယ့်ကို ထူးဆန်းသော ခံစားမှုပင်။

သို့သော်... ဒါက "'တစ်သားတည်း ဖြစ်တည်ခြင်း'နယ်ပယ်" အထွတ်အထိပ် ဘိုးဘေးကြီး ဖန်တီးထားတဲ့ နေရာ ဆိုတော့ အံ့သြစရာ မရှိပါဘူး။

ရတနာ ခန်းမ အတွင်းတွင်...

ရုတ်တရက်... တုန်လှုပ်ဖွယ်ရာ အားလှိုင်း တစ်ခု စုစည်းလာပြီး၊ နင်ချီတို့ အဖွဲ့ အလွယ်တကူပင်.. ဝင်ရောက်သွားကြ၏။

ဝင်ဝင်ချင်းမှာပင်... ဖူချန်သည် ရွှေရောင် ရုပ်တုကြီး တစ်ခု၏ လက်ထဲမှ "ကျောက်စိမ်းလိပ် ကျင့်စဉ်" တစ်ခုကို လုယူလိုက်သည်ကို တွေ့လိုက်ရသည်။

ထို ကျင့်စဉ်သည် ရွှေရောင် အလင်းများ တောက်ပနေပြီး သာမန် မဟုတ်သော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေသည်။

ခဏတာ သုံးသပ်ကြည့်လိုက်တော့... ရွှေရောင် ရတနာ ခန်းမထဲမှာ ပြသထားသော ကျင့်စဉ် ဆိုတာ "သဟဇာတဖြစ်ခြင်း နယ်ပယ်.. နက်ရှိုင်းသော စွမ်းရည်" ပဲ ဖြစ်ရမည် ဆိုပြီး ကောက်ချက်ချလိုက်ကြ၏။

..ဖြစ်နိုင်တာက... ရွှေရောင် ကောင်းကင်ဘုံ အုတ်ဂူ ပိုင်ရှင်၊ 'တစ်သားတည်း ဖြစ်တည်ခြင်း'နယ်ပယ် အထွတ်အထိပ် ဘိုးဘေးကြီး ကိုယ်တိုင် ကျင့်ကြံခဲ့တဲ့ ကျင့်စဉ် ဖြစ်လောက်တယ်..

ဖူချန် အောင်မြင်သွားသည်ကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်သံ နှစ်သံ ထွက်ပေါ်လာသည်။

"ဖူချန်... ကျင့်စဉ်ကို ပြန်ထားခဲ့စမ်း"

"ကျင့်စဉ်ကို ထားခဲ့... မဟုတ်ရင် တောင်ပိုင်း အစစ်အမှန် နယ်မြေမှာ မင်း နေစရာ နေရာ မရှိစေရဘူး"

ဝူတောက်နှင့် ရင်ကျုံး တို့၏ အသံများ ပဲ့တင်ထပ်သွားသည်။

ဖူချန် သူ့ကံကြမ္မာကို ကျိန်ဆဲချင်စိတ် ပေါက်သွားသည်။

ချီးပဲ..ရတနာ ခန်းမထဲမှာ ပစ္စည်းတွေ အများကြီး ရှိပါလျက်နဲ့... ဘာလို့ သူ ယူလိုက်တဲ့ ကျင့်စဉ်ကိုမှ လာပြီး စိတ်ဝင်စားနေကြတာလဲ။

သို့သော်၊ သူ နားလည်ပါသည်။ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေမှာ အသန်မာဆုံး ဆိုတာ "ပေါင်းစည်းခြင်း နယ်ပယ်သာ ရှိသေးသည်။

အဲဒီ မဟာ စွမ်းအားရှင်ကြီးတွေက ပေါင်းစည်းခြင်း နယ်ပယ်မှာ ပိတ်မိနေတာ နှစ်ပေါင်း မရေမတွက်နိုင်တော့ဘူး။ ရှေ့ဆက်ရမည့် လမ်းကို မမြင်ရဘဲ၊ "'တစ်သားတည်း ဖြစ်တည်ခြင်း'နယ်ပယ်" အား တက်လှမ်းနိုင်မည့် နေ့ရက်ကို တောင့်တနေကြသည်ပင်။

နယ်မြေနှစ်ခုလုံး အတွက်... အဆင့်မြင့် ဂိုဏ်း တစ်ခုခုက ထိပ်တန်း မဟာ စွမ်းအားရှင်ကြီး တစ်ပါးပါးသာ "'တစ်သားတည်း ဖြစ်တည်ခြင်း'နယ်ပယ်" ကို တက်လှမ်းနိုင်ခဲ့မည် ဆိုလျှင်... သူတို့က မြောက်ပိုင်းနှင့် တောင်ပိုင်းကို ချက်ချင်း လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး၊ နယ်မြေနှစ်ခုလုံးကို ပေါင်းစည်းကာ "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ၏ တန်ခိုးအား ပြန်လည် အသက်သွင်းနိုင်မှာ ဖြစ်သည်။

အခန်း (၅၆၀) - ကြီးမားသော အကျိုးအမြတ် (အပိုင်း ၅)

~အလွန် အရေးပါသော "သဟဇာတဖြစ်ခြင်း နယ်ပယ် နက်ရှိုင်းသော စွမ်းရည်" ကို လုယူနိုင်ခဲ့ခြင်းသည် ဖူချန်အတွက် ကြီးမားသော အောင်မြင်မှု တစ်ခုပင် ဖြစ်သည်။

သို့သော် ဖူချန်သည် ကျေနပ်မနေသေးပေ။ သူ၏ မျက်လုံးများသည် ရတနာ ခန်းမအတွင်းရှိ အခြား ရုပ်တုများ ကိုင်ဆောင်ထားသော ပစ္စည်းများဆီသို့ မြန်ဆန်စွာ ရောက်ရှိသွားသည်။

ဆေးလုံးများသည် ရောင်စုံ တိမ်တိုက် အငွေ့အသက်များ ဝန်းရံလျက် ရှိပြီး၊ ရောင်စုံ ရတနာ အလင်းတန်းများ ဖြာထွက်နေသည်။ ကြည့်လိုက်ရုံမျှဖြင့် ဤဆေးလုံးများသည် "ပေါင်းစည်းခြင်း နယ်ပယ်" မဟာ စွမ်းအားရှင်ကြီးများသာ အသုံးပြုနိုင်မည့် "ဝိညာဉ် ဆေးလုံး" နှင့် "အံ့ဖွယ် ဆေးဝါး" များ ဖြစ်ကြောင်း သိသာနေသည်။

ထို့အပြင် ထိပ်တန်းအဆင့် "ဝိညာဉ် ရတနာ ဓား" တစ်လက်ကိုလည်း တွေ့ရသည်။ ထိုဓားသည် ရေနှင့် မီး စွမ်းအင်များကို ထုတ်လွှတ်နေပြီး၊ ဆန့်ကျင်ဘက် စွမ်းအား နှစ်ခုသည် သဟဇာတ ဖြစ်စွာ လည်ပတ်နေကာ အရောင်နှစ်မျိုး ယှက်နွယ်နေသည်မှာ အလွန် ထူးဆန်းလှပေသည်။

ရေနှင့် မီးသည် သဘာဝအရ အတူ ယှဉ်တွဲနေလေ့ မရှိပေ။ သို့သော် ဤဓားပေါ်တွင်မူ ငြိမ်းချမ်းစွာ အတူ ရှိနေကြသည်မှာ တကယ့်ကို အံ့ဖွယ်ရာပင်။

အခြား ရုပ်တု တစ်ခု၏ လက်ထဲတွင်မူ ကြီးမားသော "စည်းမျဉ်း မူလအစ ကျောက်စိမ်း" တစ်တုံးကို တွေ့ရသည်။ ၎င်းသည် လုံးဝန်း ချောမွေ့နေပြီး အရောင် တစ်မျိုးတည်းသာ ပါဝင်နေသည်။

အရောင် တစ်မျိုးတည်း ပါဝင်သော စည်းမျဉ်း ကျောက်စိမ်းသည် "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" တွင် အလွန် ရှားပါးလှသည်။

အတွင်းထဲတွင် မည်သည့် စည်းမျဉ်း ပါဝင်သည်ကို ဖူချန် အတိအကျ မသိရသော်လည်း၊ ဤနေရာတွင် ပြသထားသော မည်သည့်အရာမဆို သာမန် မဟုတ်ကြောင်း သူ နားလည်သည်။

ကျောက်စိမ်းတုံးသည် ခြင်းတောင်း တစ်လုံးစာမျှ ကြီးမားပြီး၊ ၎င်းကို ရရှိပါက လူအများအပြား၏ ကျင့်ကြံမှုကို ထောက်ပံ့ပေးနိုင်ရုံသာမက၊ စည်းမျဉ်းများကို ချက်ချင်း နားလည် သဘောပေါက်စေပြီး "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" သို့ တက်လှမ်းနိုင်စေလိမ့်မည်။

အခြား ပစ္စည်းများစွာ ရှိသေးသော်လည်း ဖူချန် ကြည့်ရှုရန် အချိန်မရတော့ချေ။

အကြောင်းကတော့၊ ရင်ကျုံး၏ ခန္ဓာကိုယ်မှ ကြယ်တာရာ ပုံရိပ်ယောင်များ လင်းလက်လာပြီး သူ့ထံသို့ တိုက်ခိုက်မှု တစ်ခု ဦးတည်လာသောကြောင့် ဖြစ်သည်။

ဝူတောက်ကလည်း အခင်းအကျင်း တစ်ခုကို ထုတ်လွှတ်ပြီး ဖူချန်ထံသို့ တိုက်ရိုက် ပစ်လွှတ်လိုက်သည်။

ဖူချန် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ အကယ်၍ စောစောက အချိန်ဖြုန်း မနေခဲ့လျှင်၊ ပြီးတော့ သူ့လျှို့ဝှက် ရတနာ၏ အချိန်ကလည်း နောက်ဆုံး ကောင်းကင် တက်လမ်း အတွက်လောက်ပဲ ခံတော့တာ မဟုတ်လျှင်... သူသည် "သဟဇာတဖြစ်ခြင်း နယ်ပယ် နက်ရှိုင်းသော စွမ်းရည်" တစ်ခုတည်းနှင့် ကျေနပ်နေရမှာ မဟုတ်ပေ။

ဖူချန်၏ ပုံရိပ်သည် တုန်ခါသွားပြီး အခြား ရုပ်တု တစ်ခုရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။

သူသည် ..ရေနှင့် မီး စွမ်းအား ပါဝင်သော "တာအို ဓား"ဆီသို့ လက်လှမ်းလိုက်ပြီး နောက်ထပ် ရတနာ တစ်ခုကို ယူရန် ကြိုးစားလိုက်သည်။

"ဟေ့ကောင်... မင်း လုပ်ရဲတယ်ပေါ့"

ရင်ကျုံးနှင့် ဝူတောက် ပြိုင်တူ ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။

ဖူချန်က သူတို့၏ တိုက်ခိုက်မှုများကို ဘယ်လို ရှောင်တိမ်းသွားလဲ ဆိုတာ သူတို့ နားမလည်ပေ။ သို့သော် ဖူချန်က နောက်ထပ် ဝိညာဉ် ရတနာ တစ်ခုကို ထပ်ယူရန် ကြိုးစားနေသည်ကို မြင်သောအခါ သူတို့ ဘယ်လို လုပ်ပြီး ခွင့်ပြုနိုင်ပါတော့မည်နည်း။

ကံကောင်းထောက်မစွာ... ထိပ်တန်းအဆင့် ဝိညာဉ် ရတနာ ဓားသည် ကိုယ်ပိုင် အသိစိတ် ရှိနေပုံ ရသည်။ ဖူချန်၏ လက် မရောက်မီမှာပင် ဓားက သူ့ကို ပြန်လည် ခုတ်ပိုင်းလိုက်သည်။

ဖူချန် လန့်သွားပြီး ချက်ချင်း နေရာရွှေ့ပြောင်း ရှောင်တိမ်းလိုက်ရသည်။

"ချန်... မြန်မြန် ထွက်ပြေးတော့။ နင်ချီ ရောက်လာပြီ"

သူ့စိတ်ထဲတွင် အဖော်ပြုလာသော အဘိုးအို ဝေဝူယာ၏ အသံ ပဲ့တင်ထပ်သွားရာ ဖူချန်၏ နှလုံးခုန်သံ မြန်ဆန်သွားသည်။

ဖူချန် မျက်လုံးများ နီရဲလျက် တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ဝေဝူယာ ထပ်မံ တိုက်တွန်းလိုက်သည်။

"သဟဇာတဖြစ်ခြင်း နယ်ပယ် နက်ရှိုင်းသော စွမ်းရည် တစ်ခုတည်းနဲ့တင် လုံလောက်နေပါပြီ။ မမေ့နဲ့နော်... လျှို့ဝှက်နယ်မြေရဲ့ တားမြစ်ချက်တွေက မကြာခင် ပျယ်တော့မှာ။ အခု မထွက်ပြေးရင်... ဒီကျင့်စဉ်ကို လိုချင်နေကြတဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေက မဟာ စွမ်းအားရှင်ကြီးတွေက မင်းကို အသေ လိုက်ရှာကြလိမ့်မယ်။ မြေကြီး သုံးပေ အနက်ထိ တူးပြီးတော့ကို ရှာကြမှာ"

ထိုအခါ၊ ဖူချန် .. အံကြိတ်လိုက်ပြီး နင်ချီကို တစ်ချက် လှမ်းကြည့်လိုက်သည်။

နောက်ဆုံးတွင်... သူ၏ ပုံရိပ်သည် ရွှေရောင် ရတနာ ခန်းမ အတွင်း၌ မီးခိုးငွေ့များ အဖြစ် ပျော်ဝင် ပျောက်ကွယ်သွားတော့သည်။

ရင်ကျုံးနှင့် ဝူတောက် တို့၏ တိုက်ခိုက်မှုများသည် ဖူချန်၏ ပုံရိပ်ယောင် အပေါ်သို့ ကျရောက်သွားပြီး ဖြိုခွင်းလိုက်နိုင်သော်လည်း၊ လူအစစ် လွတ်မြောက်သွားသဖြင့် သူတို့နှစ်ဦး ဒေါသ အကြီးအကျယ် ထွက်သွားကြ၏။

"တောက်... ဖူချန်ဆီမှာ ဘာပစ္စည်း ရှိနေလို့ ဒီလို ထွက်ပြေးနိုင်ရတာလဲ"

သူတို့နှစ်ဦး အလွန်အမင်း ဒေါသထွက်နေကြ၏။ ဖူချန်က အရေးကြီးဆုံး ကျင့်စဉ်ကို ခိုးယူသွားခဲ့ပြီ။

ဝူတောက် အတွက်က သိပ်မဆိုးလှပေ။ သူ့ဂိုဏ်းက အားမကြီးသလို၊ "ပေါင်းစည်းခြင်း နယ်ပယ်" မဟာ စွမ်းအားရှင်ကြီးတွေလည်း မရှိပေ။

ရင်ကျုံး ကတော့ အခွင့်အရေးကြီး တစ်ခု လက်လွှတ်လိုက်ရသလို ခံစားနေရသည်။ "ကောင်းကင် ကြယ်တာရာ အဆင့်မြင့် ဂိုဏ်း" ၏ ပထမ အစစ်အမှန် အမွေခံ တစ်ဦး အနေဖြင့်... ဒီကျင့်စဉ်က ဂိုဏ်းအတွက် ဘယ်လောက် အရေးပါတယ် ဆိုတာ သူ သိသည်။

အကယ်၍ သူသာ ရယူနိုင်ခဲ့လျှင်... ကောင်းကင် ကြယ်တာရာ ဂိုဏ်းသည် မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများတွင် အကြီးမားဆုံး ဂိုဏ်းအဖြစ် သေချာပေါက် တက်လှမ်းနိုင်မည် ဖြစ်သည်။

မှန်ပါသည်။ ဝူတောက်လည်း နောင်တ အနည်းငယ်တော့ ရမိသည်။

..သူသာ ရခဲ့ရင်... ကိုယ်တိုင် မသိမ်းထားနိုင်ရင်တောင်မှ မဟာ စွမ်းအားရှင်ကြီး တစ်ပါးပါးဆီကနေ ကြီးမားတဲ့ မျက်နှာသာ ပေးမှုကို ပြန်ရနိုင်တယ်လေ။ မဟာ စွမ်းအားရှင်ကြီး တစ်ပါးရဲ့ တိုက်ရိုက် တပည့်တောင် ဖြစ်လာနိုင်သေးတယ်။..

သဘာဝကျစွာပင်... သူတို့နှစ်ဦးသည် နင်ချီနှင့် အဖွဲ့ ရောက်ရှိလာသည်ကို သတိထားမိလိုက်ကြ၏။

ဖူချန် လွတ်မြောက်သွားပြီး ဘယ်ရောက်သွားမှန်း မသိရတော့သဖြင့်၊ သူတို့၏ အာရုံသည် ရေနှင့် မီး စွမ်းအင် ပါဝင်သော တာအို ဓား ဆီသို့ အလိုအလျောက် ရောက်ရှိသွားသည်။

သူတို့၏ အမြင်အာရုံ အရ... ဤဓားသည် ရေနှင့် မီး ဂုဏ်သတ္တိများ ပေါင်းစပ်ထားရုံ သက်သက် မဟုတ်ဘဲ၊ ပြီးပြည့်စုံသော "ရေ မီး စည်းမျဉ်းများ"ပါဝင်နေကြောင်း သိရှိလိုက်ကြ၏။

ယင်း၏ တန်ဖိုးသည် "သဟဇာတဖြစ်ခြင်း နယ်ပယ် နက်ရှိုင်းသော စွမ်းရည်" ပြီးလျှင် ဒုတိယ အလိုက်ဆုံးပင်။

စဉ်းစားကြည့်ပါ... "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" ကျွမ်းကျင်သူတွေတောင် စည်းမျဉ်း တစ်ခုတည်းကိုပဲ နားလည် သဘောပေါက်ကြ၏။

ဒီ တာအို ဓား မှာကျတော့ "နှစ်ဝ ဖြစ်တည်မှု" ဟန်ချက်ညီမျှမှု ရှိနေသည်။ "ပေါင်းစည်းခြင်း နယ်ပယ်" မဟာ စွမ်းအားရှင်ကြီးတွေတောင် ဒီလို ဝိညာဉ် ရတနာမျိုး ဖန်တီးနိုင်မှာ မဟုတ်ချေ။

ထို့ကြောင့် သူတို့နှစ်ဦး တာအို ဓား ဆီသို့ တပြိုင်နက်တည်း လက်လှမ်းလိုက်ကြ၏။

သို့သော်... တာအို ဓား သည် စောစောက ဖူချန်ကို လုပ်ခဲ့သလိုပင် သူတို့၏ တိုက်ခိုက်မှုများကို ပေါ့ပါးစွာ ဖယ်ရှားလိုက်သည်။

သူတို့၏ တိုက်ခိုက်မှုများသည် ဓားအတွက် အားနည်းလွန်းနေသည်။

စည်းမျဉ်း စွမ်းအား နှစ်မျိုး ပါဝင်နေသဖြင့် ၎င်းသည် "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" ကျွမ်းကျင်သူများ၏ အတိုင်းအတာကို ကျော်လွန်နေပြီ ဖြစ်သည်။ သို့သော် အဆုံးသတ်တွင် "ရေ မီး တာအို ဓား" သည် ဝိညာဉ် ရတနာ တစ်ခုသာ ဖြစ်ပြီး၊ လူတစ်ယောက် ထိန်းချုပ်ထားခြင်း မရှိပေ။

အကြိမ်ကြိမ် ကြိုးစားသော်လည်း သူတို့ ဘာမှ မလုပ်နိုင်ကြချေ။

နျူမန်လည်း ဖူချန် ထွက်ပြေးသွားသည့် အတွက် နှလုံးနာနေမိသည်။

သို့သော် နင်ချီ ကတော့... ဖူချန် ကျင့်စဉ် ယူသွားတာကို မြင်ပေမယ့် ရင်ကျုံးတို့၊ ဝူတောက်တို့လောက် ဂရုမစိုက်ပေ။

ထိုအစား... သူသည် ရေ မီး စည်းမျဉ်းများ ပါဝင်သော တာအို ဓား ကိုသာ စိတ်ဝင်စားနေမိသည်။

အကယ်၍ သူသာ ဒီဓားကို ရလိုက်လျှင်... အစစ်အမှန်သိုင်း ကမ္ဘာ ထဲမှာ "ဓား စည်းမျဉ်း မူလအစ" ကို တည်ဆောက်နိုင်ရုံသာမက၊ "ရေ မီး စည်းမျဉ်း မူလအစ" ကိုပါ တည်ဆောက်နိုင်လိမ့်မည်။

စည်းမျဉ်း မူလအစ (၃) ခုကို တပြိုင်နက်တည်း ပေါင်းစပ်လိုက်နိုင်လျှင်... သူ့ရဲ့ စွမ်းအားက သေချာပေါက် တစ်ရှိန်ထိုး မြင့်တက်သွားပြီး၊ "စည်းမျဉ်း နယ်ပယ်" မှာ ခိုင်မာစွာ ရပ်တည်နိုင်ပေလိမ့်မည်။

အကြိမ်ကြိမ် တိုက်ခိုက်သော်လည်း ရေ မီး တာအို ဓား ကို မရယူနိုင်သည်ကို တွေ့ရပြီးနောက်၊ ရွှေရောင် ရတနာ ခန်းမထဲသို့ လူများ ပိုမို ရောက်ရှိလာကြ၏။

ရင်ကျုံးနှင့် ဝူတောက် တို့၏ ဂိုဏ်းသားများလည်း ရောက်ရှိလာကြ၏။

ရင်ကျုံးသည် အခြား တစ်သီးပုဂ္ဂလ ကျင့်ကြံသူများကို တိုက်ရိုက် ဖိနှိပ်လိုက်ပြီး၊ ဂိုဏ်းမှ အစစ်အမှန် အမွေခံများကို တံခါးပေါက် ပိတ်ဆို့ထားရန် အမိန့်ပေးလိုက်သည်။

ယနေ့... ရွှေရောင် ရတနာ ခန်းမထဲမှာ ကျန်ရှိနေသော ပစ္စည်းတွေကို ခွန်အားကြီးသူတွေသာ ခွဲဝေယူကြရမည်။

အခန်း (၅၆၁) - ကွင်းရှင်းလင်းရေး

~"တစ်သီးပုဂ္ဂလ ကျင့်ကြံသူတွေ အထဲ မဝင်ရဘူး။ မဟုတ်ရင် ငါ ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

ရင်ကျုံး ၏ အသံသည် ရွှေရောင် ရတနာ ခန်းမအတွင်း ပဲ့တင်ထပ်သွားလေ၏။ အသံ မကျယ်လောင်သော်လည်း နတ်ဘုရား အမိန့်တော် တစ်ခုအလား မည်သူမျှ မလွန်ဆန်ရဲအောင် အရှိန်အဝါ ကြီးမားလှပေသည်။

ဝူတောက် သည် သူ၏ ဘေးတွင် ရပ်လျက် ကျဉ်းမြောင်းသော မျက်လုံးများဖြင့် လူအုပ်ကြီးကို အကဲခတ် ကြည့်ရှုနေသည်။ သူ၏ အမူအရာက ရင်ကျုံးနှင့် သဘောထားချင်း တိုက်ဆိုင်ကြောင်း ဖော်ပြနေ၏။

လက်ရှိတွင် ရွှေရောင် ရတနာ ခန်းမထဲသို့ လူအများအပြား ကျူးကျော် ဝင်ရောက်နေကြ၏။ အစီအစဉ် ဆက်မဆွဲမီ လူတချို့ကို အရင်ဆုံး ရှင်းထုတ်ပစ်ရန် လိုအပ်ပေသည်။ ထို့ကြောင့် ဂိုဏ်းအဖွဲ့အစည်းနှင့် အဆက်အစပ် မရှိသော တစ်သီးပုဂ္ဂလ ကျင့်ကြံသူများသည် ဂိုဏ်းသားများ၏ ပထမဆုံး ပစ်မှတ် ဖြစ်လာကြလေတော့သည်။

သူတို့နှစ်ဦး၏ အမိန့်အောက်တွင် ဂိုဏ်းနှစ်ခုမှ တပည့်များသည် မှော်လက်နက်များကို ထုတ်ဖော်ပြီး တစ်သီးပုဂ္ဂလ ကျင့်ကြံသူများထံသို့ အုပ်စုလိုက် တိုးကပ်သွားကြလေ၏။

ဒီအထိ ရောက်အောင် လာနိုင်သော တစ်သီးပုဂ္ဂလ ကျင့်ကြံသူ မများလှသော်လည်း တစ်ဒါဇင်ကျော်လောက်တော့ ရှိနေသေးသည်။ သူတို့ တစ်ယောက်ချင်းစီသည်လည်း အစွမ်းကုန် ကြိုးစားပြီးမှ ရောက်လာကြသူများ ဖြစ်ပေသည်။ ရတနာတောင်ကြီးပေါ် ရောက်မှ ဘယ်လိုလုပ် နောက်ဆုတ်ပေးနိုင်ပါတော့မည်နည်း။

ဂိုဏ်းနှစ်ခုမှ တပည့်များ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူတို့လည်း မှော်လက်နက်များကို ချက်ချင်း ထုတ်ဖော်လိုက်ကြ၏။ သူတို့၏ မျက်နှာပေါ်တွင် ဒေါသအမျက်များ ပြည့်နှက်နေပြီး၊ အများစု၏ ခန္ဓာကိုယ်ပေါ်တွင် နီစွေးစွေး သွေးစက်များ စွန်းထင်းနေဆဲပင် ဖြစ်၏။

တစ်ယောက်က ပြောလိုက်သည်။

"ပါရမီရှင် ရင်... ခင်ဗျားက ကိုယ့်ဂိုဏ်းက ဂျူနီယာတွေကို အရမ်း ဂရုစိုက်တယ်လို့ ကြားဖူးပါတယ်။ ပြင်ပလူတွေအပေါ်ကျတော့ ဒီလောက် ရက်စက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

နောက်တစ်ယောက်က ထောက်ခံလိုက်သည်။

"မင်း နားမလည်ပါဘူးကွာ... သူက အနာဂတ်မှာ ကောင်းကင် ကြယ်တာရာ အဆင့်မြင့် ဂိုဏ်း ကို ပိုပြီး ထိန်းချုပ်နိုင်အောင် ဟန်ဆောင် ကောင်းပြနေတာ ဖြစ်မှာပေါ့"

သွေးခွဲစကား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ရင်ကျုံး၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားလေ၏။

"ဆူညံလိုက်တာ"

ရင်ကျုံး အေးစက်စွာ အော်ဟစ်လိုက်ပြီး စကားပြောလိုက်သော နှစ်ယောက်ထံသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

မြူခိုးများ ရစ်သိုင်းနေသော ဓမ္မ လက်ဝါးကြီး တစ်ဖက်သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ထိုနှစ်ယောက်ကို ချက်ချင်း ဖမ်းဆုပ်လိုက်လေ၏။ ထိုနှစ်ယောက်သည် အာရုံငါးပါးလုံး ပိတ်ဆို့ခံလိုက်ရသလို ခံစားလိုက်ရပြီး မူလဝိညာဉ် အနေနှင့်တောင် ထွက်ပြေးလို့ မရတော့ချေ။

သူတို့ အော်ဟစ်ရုံသာ တတ်နိုင်တော့သည်။

"စောင့်ကြည့်နေလိုက်... ရင်ကျုံးနဲ့ ဝူတောက်က ငါတို့ တစ်သီးပုဂ္ဂလ သမားတွေကို ရှင်းပြီးတာနဲ့... မင်းတို့ ဂိုဏ်းငယ်လေးတွေ အလှည့် ရောက်လာလိမ့်မယ်"

စကားမဆုံးမီမှာပင် သူတို့၏ အသက်ရှူသံ ရပ်တန့်သွားလေ၏။

ရင်ကျုံး လက်ကို ပေါ့ပေါ့ပါးပါး ခါလိုက်ရာ သူ၏ ကြယ်တာရာ ဖျက်ဆီးရေး လက်ဝါး အောက်တွင် ထိုနှစ်ယောက်၏ ခန္ဓာကိုယ်များသည် ပြာမှုန့်အဖြစ် ပြောင်းလဲကာ လွင့်ပါး ပျောက်ကွယ်သွားသည်။

အခြား တစ်သီးပုဂ္ဂလ ကျင့်ကြံသူများ တုန်လှုပ်သွားကြ၏။ ပါရမီရှင် အဆင့်တွင် ရှိနေသော ဤ ရင်ကျုံး ဆိုသူသည် သဘောထား ကွဲလွဲရုံမျှဖြင့် အလွန် ရက်စက်စွာ ပြုမူတတ်ပေ၏။

ပိုပြီး ကြောက်စရာ ကောင်းသည်မှာ ရင်ကျုံးက မူလဝိညာဉ် နယ်ပယ် အဆင့်တူ ကျင့်ကြံသူ နှစ်ယောက်ကို လက်ဝါး တစ်ချက်တည်းဖြင့် အမှုန့်ချေပစ်လိုက်ခြင်းပင် ဖြစ်သည်။ ထိပ်တန်း ဂိုဏ်းကြီးတွေက ပါရမီရှင်တွေ အကုန်လုံး ဒီလောက်တောင် ကြောက်စရာ ကောင်းနေကြသလော။

ရန်သူကို တစ်ချက်တည်း နှိမ်နင်းပြီးနောက် ရင်ကျုံးသည် အသေးအဖွဲ ကိစ္စလေး တစ်ခုကို လုပ်ဆောင်လိုက်သကဲ့သို့ ပုံစံဖြင့် ကျန်ရှိနေသော တစ်သီးပုဂ္ဂလ ကျင့်ကြံသူများကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"နောက်တစ်ခေါက် ထပ်ပြောမယ်... တစ်သီးပုဂ္ဂလ သမားတွေ အကုန်လုံး အခုချက်ချင်း ထွက်သွားကြ"

ရင်ကျုံး ဘေးတွင် ရပ်နေသော ဝူတောက်က သက်ပြင်းချလိုက်သလိုမျိုး ဖျောင်းဖျလိုက်သည်။

"ဒီနေရာက မင်းတို့ ကျူးကျော်ဝင်ရောက်သင့်တဲ့ နေရာ မဟုတ်ဘူး။ လူဆိုတာ ကိုယ့်အတိုင်းအတာ ကိုယ် သိရတယ်။ ဒီ ရွှေရောင် ကောင်းကင်ဘုံ အုတ်ဂူ ထဲ ဝင်ခွင့်ရတာကိုပဲ ကံကောင်းတယ်လို့ မှတ်ယူကြပါ။ ဘာလို့ ရွှေရောင် ရတနာ ခန်းမ ထဲထိ လာချင်နေရတာလဲ။ အောက်ဘက် နန်းတော်တွေမှာ ရတနာတွေ အများကြီး ကျန်နေသေးတယ်။ သွားကြပါတော့"

ဝူတောက်၏ အသံသည် တည်ငြိမ်နေပြီး မည်သည့် ခံစားချက်မျှ ပါဝင်ခြင်း မရှိပေ။

သူ့စကားက အကြောင်းပြချက် ခိုင်လုံသလို ထင်ရသော်လည်း အထက်စီးဆန်ပြီး မောက်မာသော သဘောထားများ ပါဝင်နေသည်။ အချို့က မကျေနပ်ကြသော်လည်း ရင်ကျုံးကို မရင်ဆိုင်ရဲသဖြင့် ဝူတောက်ဘက်သို့ ဒေါသလှည့်လိုက်ကြ၏။

"ဝူတောက်... မင်းလည်း မမေ့နဲ့ဦး။ မင်းကလည်း ဂိုဏ်းငယ်လေး တစ်ခုက လာတာပဲ။ မင်းပြောတဲ့ ယုတ္တိ အရ ဆိုရင် မင်းလည်း ထွက်သွားသင့်တယ်"

"ညီအစ်ကို ဝူ က မင်းတို့နဲ့ ယှဉ်လို့ ရတဲ့သူလားဟ"

ရင်ကျုံးက မျှော်လင့်မထားဘဲ ဝူတောက်ဘက်ကနေ ဝင်ပြောပေးလိုက်သည်။

သူတို့ ဆက်ဆံရေး ဘယ်တုန်းက ဒီလောက် ရင်းနှီးသွားလဲ မသိရပေ။

ဝူတောက်၏ ကျဉ်းမြောင်းသော မျက်လုံးများသည် သူ့ကို ရင်ဆိုင်ပြောဆိုသူ အပေါ်သို့ စူးစိုက် ကျရောက်သွား၏။

လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ အမည်းရောင် စွမ်းအင် တစ်မျှင်သည် မြှားတစ်စင်းအလား ပစ်ခတ် ထွက်ပေါ်သွားပြီး လျှပ်စီးပမာ လျင်မြန်သော အရှိန်ဖြင့် ထိုလူ၏ ဦးခေါင်းခွံကို ဖောက်ထွင်းသွားကာ အရုပ်ကြိုးပြတ်.. လဲကျ သေဆုံးသွားစေသည်။

ဤ စွမ်းအားပြသမှုသည် လူအုပ်ကြီးကို ထပ်မံ တုန်လှုပ်သွားစေသည်။ တစ်သီးပုဂ္ဂလ ကျင့်ကြံသူများသည် ဆက်လက် ပြောဆိုရဲခြင်း မရှိတော့ဘဲ ရွှေရောင် ရတနာ ခန်းမထဲမှ ကြောက်လန့်တကြား ထွက်ပြေးသွားကြတော့၏။

အကြွင်းမဲ့ အင်အား ရှေ့တွင် အကြောင်းပြချက် ပေးနေ၍ အလကားပင်။ ကိုယ့်အသက်ကို ကိုယ်မပိုင်တော့ချေ။

သူတို့ ထွက်ခွာသွားသည်နှင့် ရင်ကျုံးနှင့် ဝူတောက်၏ တပည့်များသည် ရွှေရောင် ရတနာ ခန်းမ၏ ဝင်ပေါက်ကို ပိတ်ဆို့ စောင့်ကြပ်လိုက်ကြ၏။

စောစောက တစ်သီးပုဂ္ဂလ ကျင့်ကြံသူ ပြောခဲ့သလိုပင် ရင်ကျုံးနှင့် ဝူတောက်၏ အကြည့်များသည် အခြား ဂိုဏ်းများမှ အစစ်အမှန် အမွေခံများ အပေါ်သို့ ကျရောက်လာသည်။

ချက်ချင်းပင် ရွှေရောင် ရတနာ ခန်းမ အတွင်းရှိ အခြား ဂိုဏ်းသားများသည် သေဘေး နီးကပ်လာသော နိမိတ်ဆိုးကို ခံစားလိုက်ကြရ၏။

"ထိပ်တန်း အဆင့်မြင့် ဂိုဏ်း မဟုတ်တဲ့သူတွေ၊ ပါရမီရှင် စာရင်း မဝင်တဲ့သူတွေ... ငါ ထပ်ပြောစရာ မလိုတော့ဘူး ထင်တယ်။ ရွှေရောင် ရတနာ ခန်းမထဲက ရတနာတွေကို မင်းတို့ ရနိုင်မယ်လို့ တကယ် ထင်နေကြတာလား"

"ကံကောင်းလို့ ရသွားရင်တောင်မှ... မင်းတို့ လက်ထဲမှာ မြဲပါ့မလား"

ရင်ကျုံးသည် ကျန်ရှိနေသော အခြား ဂိုဏ်းသားများကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။ နွားမိစ္ဆာ ဂိုဏ်း နှင့် နင်ချီ တို့ကိုတော့ ပါးနပ်စွာ ရှောင်ကွင်းပြီး ကြည့်လိုက်လေ၏။

သူ ဆိုလိုချင်တာက နှစ်ချက် ရှိသည်။

ပထမ အချက် သူ မောင်းထုတ်ချင်သည် အထဲမှာ နင်ချီတို့ မပါပေ။

ဒုတိယ အချက် သူက လူဆိုး ဇာတ်ကောင် နေရာကနေ ကပြချင်နေခြင်း ဖြစ်သည်။ ရွှေရောင် ရတနာ ခန်းမထဲမှာ လူနည်းလေ ကောင်းလေပဲ မဟုတ်လော။ ပြိုင်ဘက်တွေ ရှင်းထုတ်လိုက်တာ သူတို့အတွက် အကျိုးရှိသည်ပေါ့။

နင်ချီသည် သူတို့၏ အဆင့်အတန်းနှင့် ထိပ်တန်း ဂိုဏ်း အရှိန်အဝါကို အသုံးပြုပြီး အခြားသူများကို ဖိနှိပ်နေသည်ကို ကြည့်ရင်း၊ သူတို့အကြောင်း ပိုမို ရှင်းလင်းစွာ နားလည်လာသည်။

စောစောက တစ်သီးပုဂ္ဂလ သမားတွေကို မောင်းထုတ်တုန်းကလည်း ကြက်သတ်ပြီး မျောက်ကို ခြိမ်းခြောက်သော နည်းဗျူဟာကို သုံးခဲ့ခြင်းပင်။ သေချာပေါက် နောက်ကျလျှင် ဒီနည်းဗျူဟာကိုပဲ သုံးပြီး.. အကန့်အသတ်မဲ့ ဓားဂိုဏ်း ကို ပစ်မှတ်ထားလာတော့မည် ဖြစ်သည်။

သို့သော် နင်ချီက သူတို့ ဒီလို လုပ်နေတာကို ဝမ်းသာအားရ ကြည့်နေလိုက်၏။ ဒါမှ သူတို့ မှားယွင်းတဲ့ လူကို ရန်စမိပြီ ဆိုတာ သိလာကြပေလိမ့်မည်။

သူတို့က လူဆိုး လုပ်ချင်နေမှတော့ အဆုံးထိ လုပ်ပါစေလေ။

လူတိုင်းရဲ့ အမုန်းကို သူတို့ပဲ ခံယူကြပါစေ။ နောက်ကျ သူတို့ သေသွားလျှင်တောင် ဘယ်သူမှ ဝင်ပြောပေးမည့် သူ ရှိမှာ မဟုတ်ပေ။

အခြား ဂိုဏ်းသားများသည် စောစောက တစ်သီးပုဂ္ဂလ သမားတွေလို စိတ်လိုက်မာန်ပါ မလုပ်ကြဘဲ တိတ်ဆိတ် ငြိမ်သက်နေကြ၏။

တစ်သီးပုဂ္ဂလ သမားတွေက လွတ်လပ်မှုနှင့် ယဉ်ပါးနေပြီး ဗဟုသုတ နည်းပါးကြသည်။

ဂိုဏ်းလောကရဲ့ ရက်စက် ကြမ်းကြုတ်မှုကို အမှန်တကယ် မမြင်နိုင်ကြချေ။

ထိပ်တန်း ဂိုဏ်းကြီးတွေမှာ ပေါင်းစည်းခြင်း နယ်ပယ် မဟာ စွမ်းအားရှင်ကြီးတွေ စောင့်ကြပ်နေကြ၏။ ထိုဂိုဏ်းကြီး အနည်းငယ်ကြားက အင်အား ဟန်ချက်ညီမှုသာ မရှိလျှင် အစွမ်းထက်သည့် ပုဂ္ဂိုလ် တစ်ယောက်က သူတို့ ဂိုဏ်းတွေ အားလုံးကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်နိုင်ပေသည်။

All Chapters