အခန်း (၄၄၈၆-၄၄၉၀)
Vol. 228 Ch. 4486-4490
Chapter 4486
"မင်းရဲ့နောက်ဆုံးစကားတွေ ငါ့ကိုပြောစမ်း...မင်းက မကြာခင် သေရတော့မယ်"
ကျိုးမိသားစုဘိုးဘေးသည် သူ၏ခေါင်းကိုမော့ကာ နောက်ဆုံးသတိပေးသည့်အနေဖြင့် လုယွီကိုတစ်ချက်ကြည့်လေသည်။
သူ၏မျက်လုံးအတွင်း၌ လုယွီသည် သေလူတစ်ယောက် ဖြစ်သွားလေပြီ။
သို့ရာတွင် သူ တွေးထင်ထားသကဲ့သို့ လုယွီ၏အသနားခံတောင်းပန်သောမြင်ကွင်း ဖြစ်မလာချေ။လုယွီသည် တည်ငြိမ်သော ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားဆဲပင်။
သူ၏ခန္ဓာကိုယ်ပေါ်သို့ ဖိအားအရှိန်အဝါအမြောက်အများ သက်ရောက်နေသည့်တိုင် သူ၏မျက်နှာအမူအယာသည် အနည်းငယ်မျှ ပြောင်းလဲသွားခြင်းမရှိချေ။
လုယွီသည် အတိတ်ဘဝတွင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်ပင်။သူသည် တခြားထိပ်သီးကျင့်ကြံသူများအားလုံးကို အနိုင်ယူခဲ့ကာ အတွေ့အကြုံများစွာ ရရှိခဲ့သည်။
ယခုလက်ရှိ ကျိုးမိသားစုဘိုးဘေးသည် ခြေလှမ်းတဝက်တာအိုသခင်တစ်ယောက်ဖြစ်သော်လည်း လုယွီ၏မျက်လုံးအတွင်း၌ ပုရွက်ဆိတ်တကောင်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။ထို့ကြောင့် သူ ထိတ်လန်ကြောက်ရွံ့နေရန် အကြောင်းမရှိပေ။
"ငါက ငါ့ရဲ့တာအိုကို အောင်မြင်ပြီးမြောက်စေဖို့အတွက် မင်းရဲ့အကူအညီကို လိုချင်တာပဲ"
လုယွီ၏မျက်နှာအမူအယာ အေးစက်တင်းမာနေသည်။ထိုသို့ပြောဆိုပြီးနောက် သူသည် သူ၏လက်ကိုမြှောက်ကာ ကျိုးမိသားစုဘိုးဘေးထံသို့ ဦးတည်ပြီး ရိုက်နှက်လိုက်သည်။
သူသည် ဟန့်တား၍မရနိုင်သော ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ယောက်အလားပင်။
လုယွီ၏မျက်လုံးအတွင်းရှိ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ပို၍အားကောင်းလာသည်။ဤသည်မှာ သူ၏ယခုဘဝတွင် တွေ့ဆုံခဲ့ရသမျှ ရန်သူများအနက် အားအကောင်းဆုံးပင်။သူ့အတွက် ဤကဲ့သို့တိုက်ခိုက်နိုင်သည့် အခွင့်အရေးတစ်ခုရနိုင်ရန်မှာ အလွန်ရှားပါးသည်။
"ငါက မင်းကို ဘယ်လိုလုပ်ပြီး ကူညီမိမှာလဲ"
ကျိုးမိသားစုဘိုးဘေး၏ စိတ်နှလုံးသားအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
လုယွီသည် မည်သည့်အရာအား ပြောဆိုနေသည်ကို သူ မသိရှိချေ။သို့ရာတွင် လုယွီ၏တည်ငြိမ်နေသောမျက်နှာအမူအယာကိုမြင်တွေ့ချိန်၌ သူသည် စိတ်မအေးမှုကို ခံစားမိလေ၏။
"ငါ မင်းကို သတ်မယ်"
ကျိုးမိသားစုဘိုးဘေးသည် သူ၏ကြာပွတ်ကို ထက်ရှသောဓားတစ်လက်အသွင်သို့ ပြောင်းလဲလိုက်သည်။
ထိုဓားရှည်သည် သုံးပေခန့်ရှည်လျားကာ ထူထပ်သိပ်သည်းသော ယင်ချီများဖြင့် ပြည့်နှက်နေသည်။ထိုဓားသည် လုယွီ၏စိတ်ဝိညာဉ်ထံသို့ ဦးတည်၍ တန်းတန်းမတ်မတ်တိုးဝင်လာပေ၏။
လုယွီ၏ရုပ်ခန္ဓာကိုယ်သည် သာလွန်ထူးကဲကြောင်း ကျိုးမိသားစုဘိုးဘေးက ကောင်းစွာသိရှိထားသည်။ထို့ကြောင့် သူသည် လုယွီ၏စိတ်ဝိညာဥ်ကို တိုက်ခိုက်နိုင်သည့် နည်းလမ်းများကိုသာ ရွေးချယ်ခဲ့သည်။
ယင်ချီဓားရှည်သည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်ဝင်ရောက်သွားသည့် အချိန်တိုင်း သူ၏စိတ်ဝိညာဥ်ကို ဒဏ်ရာတချို့ရရှိသွားစေသည်။
ဤသည်မှာ သူ၏ရိုးတွင်းခြင်ဆီအတွင်းမှလာသော နာကျင်မှုမျိုးဖြစ်သော်လည်း လုယွီသည် မျက်တောင်တစ်ချက်မခတ်ချေ။
ယခင်က လုယွီသည် ပတ်ဝန်းကျင်၌ ဝေ့ဝိုက်၍ရှောင်တိမ်းနေခဲ့သော်လည်း ယခုအချိန်၌ သူ၏နည်းဗျူဟာ ပြောင်းလဲသွားလေပြီ။သူသည် နဂါးတစ်ကောင်အလား ကျိုးမိသားစုဘိုးဘေး၏ရှေ့၌ ခေါက်တုံခေါက်ပြန်လူးလွန့်နေကာ သူ၏ခန္ဓာကိုယ်ကို ထောင်ပေါင်းများစွာသော ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲထားသည်။
လုယွီသည် အမှန်တကယ်ကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်ခြင်းပင်။
လူအမြောက်အများသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူတို့၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။လုယွီ၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒသည် စီးဆင်းနေကာ သူ့အား ဟန့်တား၍မရနိုင်သည်ကို သူတို့အားလုံး ခံစားမိလေ၏။
"မင်းက သေချင်နေမှတော့...ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ကျိုးမိသားစုဘိုးဘေးက ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်ရာ ပတ်ဝန်းကျင်ရှိ မိုးနှင့်မြေကို ပြင်းပြင်းထန်ထန်တုန်ခါသွားစေသည်။
ပတ်ဝန်းကျင်၌မျောလွင့်နေသော အကန့်အသတ်မရှိသည့် ယင်ချီများသည် အမိန့်တစ်ခုကို လက်ခံရရှိသည့်အလား ကျိုးမိသားစုဘိုးဘေး၏လက်အတွင်းရှိ ဓားရှည်ထံသို့ အရူးအမူးတိုးဝင်သွားကြသည်။
ဤသည်မှာ တာအိုသခင်တစ်ယောက်၏နည်းစနစ်ပင်။သူသည် မိုးနှင့်မြေအကြားရှိ ဥပဒေသများကို အမိန့်ပေးကာ သူ့ကိုယ်တိုင်အသုံးပြုရန်အတွက် ခိုင်းစေနိုင်စွမ်းရှိသည်။
ဓားရှည်သည် ထပ်မံ၍ကြီးမားကျယ်ပြန့်လာကာ ဧရာမဓားကြီးတစ်လက်အသွင်သို့ ပြောင်းလဲသွားပြီး လုယွီထံဦးတည်၍ ပြင်းထန်ထန်ထန်ခုတ်ပိုင်းလိုက်သည်။
"အရှေ့အရပ်မှ ခရမ်းရောင်ချီ...."
လုယွီ၏မျက်လုံးအတွင်း၌ ခရမ်းရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
သူ၏ခန္ဓာကိုယ်ကို ခရမ်းရောင်အလင်းတန်းများဝိုင်းရံနေပေ၏။သူသည် သူ၏လက်ကိုမြှောက်ကာ သင်္ကေတအက္ခရာများကို ရေးဆွဲလိုက်သည်။ဤအရာများကိုကြည့်ရသည်မှာ မဟာတာအို၏သင်္ကေတအက္ခရာများ ကိန်းအောင်းနေပုံရကာ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍မရနိုင်ချေ။
ဤသည်မှာ ထိုက်ဟွာကျမ်းစာတွင် ပါရှိသောနည်းစနစ်တစ်ခုပင်။ထိုက်ဟွာကျမ်းစာသည် လုယွီကို အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ပြီးနောက် ကျမ်းစာအတွင်း၌ပါရှိသော နည်းစနစ်များကို လုယွီမှ ထွင်းဖောက်မြင်နိုင်ခဲ့ပြီးဖြစ်သည်။
ပြောရမည်ဆိုလျှင် ဤသည်မှာ လူများအပေါ် ကံကြမ္မာလှည့်ကွက်များ အသုံးပြုနေသည်နှင့် တူညီသည်။ထိုက်ဟွာကျမ်းစာမှနေ၍ ကောင်းကင်ဘုံ၏ကံကြမ္မာသားတော်ဟု သတ်မှတ်ထားသော လုကျိုးရှောင်သည် ဤနည်းစနစ်များကို အခြေခံအဆင့်ထိသာ သင်ယူနိုင်ခဲ့ပေ၏။တခြားတစ်ဖက်တွင် လုယွီသည် ထိုက်ဟွာကျမ်းစာကို မရရှိခဲ့သော်လည်း ထိုနည်းစနစ်များအတွင်းရှိအနှစ်သာရကို လေ့လာဆင်ခြင်နိုင်ခဲ့သည်။
ခရမ်းရောင်ချီများသည် လေထုအတွင်းသို့ မြင့်တက်သွားကာ ယင်ချီဓားကြီးနှင့် ဖီလာဆန့်ကျင်ထိတွေ့မိပြီးနောက် အရည်ပျော်စပြုလာသည်။
မည်သို့ပင်ဆိုစေကာမူ လုယွီသည် ရွှယ်အင်မော်တယ်အဆင့်တွင်သာ ရှိနေပေ၏။သူ့ထံတွင် လုံလောက်သော ကျင့်ကြံဆင့်နယ်ပယ်မရှိသောကြောင့် နယ်မြေသခင်နယ်ပယ် တတိယအဆင့်တွင်ရှိနေသော ကျင့်ကြံသူများကိုသာ ယှဉ်ပြိုင်နိုင်သည်။မည်သို့ပင်ဆိုစေကာမူ သူ့ထက်ပို၍ အစွမ်းထက်သော ရန်သူများနှင့်တိုက်ခိုက်ရပါက သူ အရေးနိမ့်သွားနိုင်ချေရှိသည်။
"တခုခုတော့ မှားနေပြီ...မဟုတ်သေးဘူး..."
ကျိုးမိသားစုဘိုးဘေးသည် သူ၏လက်အတွင်းမှဓားဖြင့် လုယွီကို အကြိမ်ပေါင်းများစွာ ထိုးစိုက်ပြီးနောက် တစ်စုံတစ်ခုလွဲချော်နေသည်ကို ခံစားမိသည်။
အကယ်၍ သူ၏ဓားသည် လုယွီ၏စိတ်ဝိညာဥ်အတွင်းသို့ အမှန်တကယ်ထိုးစိုက်မိပါက သူသည် လုယွီ၏စိတ်ဝိညာဥ်ကို သတ်ဖြတ်နိုင်သည်မှာ အချိန်အတော်ကြာမြင့်ပြီးဖြစ်ပေမည်။
သို့ရာတွင် သူ၏ဓားချက်များကို ခံယူပြီးသည့်တိုင် လုယွီသည် ယခုအချိန်ထိ သေဆုံးသွားခြင်းမရှိချေ။လုယွီသည် အသက်ရှင်ရက်ရှိနေကာ သူ့အား တန်ပြန်တိုက်ခိုက်မှုများကိုပင် ပြုလုပ်နေခဲ့သည်။
Chapter 4487
"ငါ မင်းကို မသတ်နိုင်ဘူးလို့...ငါ မယုံဘူး"
ကျိုးမိသားစုဘိုးဘေး၏မျက်လုံးတစ်စုံသည် လင်းလက်တောက်ပနေပေ၏။သူသည် သူ၏လက်အတွင်းရှိ ယင်ချီဓားကြီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ လုယွီထံဦးတည်၍ ထိုးစိုက်လိုက်သည်။
သို့ရာတွင် ဤဓားသည် လုယွီ၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားခြင်းမရှိဘဲ ထိုအစား ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဒေါင်....
ထိုဓားသည် ပြန်ကန်ထွက်လာကာ သံမဏိနံရံတစ်ခုဖြင့် ထိတွေ့မိသည်အလား ကျယ်လောင်သောအသံတစ်သံကို ကြားရပေ၏။
"ဘာတွေ ဖြစ်နေတာလဲ...."
ကျိုးမိသားစုဘိုးဘေးက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
သူသည် လုယွီ၏အကြီးမားဆုံးလျှို့ဝှက်ချက်ကို ထွင်းဖောက်တွေ့မြင်ပြီးဖြစ်သည်။ထို့ကြောင့် သူသည် လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်အားနည်းချက်အပေါ် အခွင့်ကောင်းယူ၍ တိုက်ခိုက်ခဲ့သည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ၏နည်းစနစ်သည် အကျိုးသက်ရောက်မှု ဆုံးရှုံးသွားပေ၏။
လုယွီ၏ စိတ်ဝိညာဥ်နှင့်ခန္ဓာကိုယ်တို့ကို ကြည့်ရသည်မှာ တသားတည်း ပေါင်းစပ်သွားပုံရသည်။ ထိုကြောင့် သူ၏ရုပ်ခန္ဓာကိုယ်မှတဆင့် သူ၏စိတ်ဝိညာဉ်ကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်တော့ချေ။
"စိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ် တသားတည်းပေါင်းစည်းခြင်းလား....ဒါက ရှေးဟောင်းခေတ်ကာလရဲ့ကျင့်ကြံသူတွေပဲ လုပ်ဆောင်နိုင်တဲ့ တစ်စုံတစ်ခု မဟုတ်လား..မင်းက ဒီနည်းစနစ်ကို ဘယ်လိုလုပ်ပြီးတော့ လေ့လာဆင်ခြင်နိုင်ခဲ့တာလဲ"
ကျိုးမိသားစုဘိုးဘေးသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပေ၏။
ကျင့်ကြံသူတစ်ယောက်၏ ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်သည် သီးခြားရပ်တည်နေသောအရာများပင်။တစ်စုံတစ်ယောက်၏ ရုပ်ခန္ဓာကိုယ်သည် အသွေးအသားခန္ဓာကိုယ်ဖြစ်ပြီး စိတ်ဝိညာဉ်သည် အရာရာတိုင်း၏အရင်းအမြစ်ဖြစ်သည်။
ဒဏ္ဍာရီများအရ အစွမ်းထက်သော ကျင့်ကြံသူတချို့သည် သူတို့၏စိတ်ဝိညာဉ်နှင့်ရုပ်ခန္ဓာကိုယ်ကို တသားတည်းဖြစ်အောင် ပေါင်းစည်းနိုင်စွမ်းရှိသည်။ထိုအရာနှစ်ခုကိုပေါင်းစပ်နိုင်ခြင်းကြောင့် ရရှိနိုင်သောစွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။ကောင်းကင်ဘုံကိုးခုမှ မြေအောက်လောကအထိ မည်သည့်နေရာတွင်မဆို ထိုကျင့်ကြံသူများ မလုပ်ဆိုင်နိုင်သောအရာဟူ၍ ရှိတော့မည်မဟုတ်ချေ။
သို့ရာတွင် ဤသည်မှာ ဒဏ္ဍာရီတစ်ခုအဖြစ်သာ တည်ရှိနေသည်။
အစောပိုင်းက လုယွီ၏စိတ်ဝိညာဉ်သည် သူ၏ကြာပွတ်ရိုက်ချက်များကြောင့် ဒဏ်ရာများစွာ ရရှိသွားပုံရသည်။သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နှစ်ဖက်စလုံးသည် နေရာပြောင်းလဲသွားကာ လုယွီသည် အထက်စီးသို့ တဖန်ပြန်၍ ရောက်ရှိသွားလေပြီ။
"မင်းက ရေတွင်းအောက်ခြေက ဖားသူငယ်တစ်ကောင်ပဲ...မင်း စဉ်းစားဖူးမှာတောင် မဟုတ်တဲ့ အကြောင်းအရာတွေ အများကြီးရှိသေးတယ်"
လုယွီသည် အချိန်ဖြုန်းလိုခြင်းမရှိသဖြင့် လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။
ဤလက်သီးချက်သည် အလွန်အစွမ်းထက်ပြီး တောင်များနှင့်မြစ်များကို ပြိုလဲစေနိုင်စွမ်းရှိကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို တုန်ခါသွားစေသည်။
ပြင်းထန်သောလက်သီးကြောင့် ကျိုးမိသားစုဘိုးဘေး၏ဓားရှည် ကြေမွှပျက်စီးသွားသည်။ ထို့နောက် ထိုလက်သီးချက်သည် ကျိုးမိသားစုဘိုးဘေး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပေ၏။
ဘုန်း....
ကျိုးမိသားစုဘိုးဘေးသည် ထိုလက်သီးချက်ကြောင့် လွင့်ထွက်သွားကာ နန်းဆောင်အမြောက်အများကို ဝင်တိုက်မိသွားသည်။နောက်ဆုံး၌ သူသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားကာ ကျင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားကာ လူများအားလုံး၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
လုယွီသည် ရုတ်တရက် သူ၏ကြီးမားသောစွမ်းအားကို အသုံးပြုကာ တာအိုသခင်တစ်ယောက်ကို လွင့်ထွက်သွားစေသည်။သူသည် အံ့အားသင့်ဖွယ်ကောင်းသော ကိစ္စတစ်ခုကို ဖန်တီးလိုခြင်းဖြစ်သလော။
"ဘိုးဘေး အဆင်ပြေပါ့မလား...."
ကျိုးမိသားစုဝင်တယောက်က စိုးရိမ်ပူပန်စွာဖြင့် ပြောဆိုသည်။
ဖုန်မှုန့်များပျက်ပြယ်သွားပြီးနောက် ကျိုးမိသားစုဘိုးဘေးသည် အကောင်းပကတိရှိနေဆဲပင်။သူသည် စူးရှသောမျက်လုံးတစ်စုံဖြင့် လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်နေပေ၏။
"ငါ'မင်းကို လျှော့တွက်ခဲ့မိတယ်"
ကျိုးမိသားစုဘိုးဘေးသည် လေထုအတွင်း၌ မတ်တတ်ရပ်ကာ အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ဒါပေမဲ့ ဒီနေ့ မင်း ဒီနေရာမှာ သေရမယ်...ငါက မင်းကို နောက်ဆုံးစကားပြောဖို့ အချိန်ပေးခဲ့တယ်...ကံဆိုးချင်တော့ မင်းက ဒါကို တန်ဖိုးထားရကောင်းမှန်း မသိဘူး"
လုယွီက ပြောဆိုသည်။
"မင်းက ငါ့ကိုသတ်နိုင်မယ်လို့ မင်း ထင်နေတာလား"
ကျိုးမိသားစုဘိုးဘေးက လှောင်ပြောင်သရော်လိုက်သည်။သူ၏အဝတ်အစားများသည် အေးစက်စက်လေပြင်းများနှင့်အတူ ရှေ့နောက်လူးလွန့်နေပေ၏။
ကျိုးမိသားစုဘိုးဘေး၏နောက်မှနေ၍ အေးစက်စက်လေပြင်းများ တိုက်ခိုက်လာသဖြင့် ပတ်ဝန်းကျင်တွင်ရှိနေသောလူများကို သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားစေသည်။
လုယွီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။သူသည် ကျိုးမိသားစုဘိုးဘေး၏နောက်ရှိ လေဟာနယ်ကိုကြည့်ကာ မေးမြန်းလိုက်၏။
"မင်းက အကူအညီခေါ်ထားတာလား"
သူ၏အသံ ပျက်ပြယ်သွားသောအချိန်မှာပင် ကျိုးမိသားစုဘိုးဘေး၏နောက်ရှိ လေဟာနယ်ရုတ်တရက် ပြင်းပြင်းထန်ထန်ပုံပျက်သွားသည်။
ဝေ့ယန်မြို့၏အထက်ရှိ မိုးကောင်းကင်ယံအတွင်းတွင် ကြီးမားသော လေဟာနယ်အက်ကွဲကြောင်းကြီးတခု ထွက်ပေါ်လာသည်။
"ငါ့ရဲ့ကျောထောက်နောက်ခံက ထန်အင်ပါယာလို့ မင်း ထင်နေတာလား...မင်း မှားသွားပြီ...ထန်အင်ပါယာက ဘာမှမဟုတ်ဘူး...ငါ့ရဲ့ကျောထောက်နောက်ခံက ထန်အင်ပါတာထက် အများကြီးပိုပြီး သန်မာအားကောင်းတယ်"
ကျိုးမိသားစုဘိုးဘေး၏ရယ်မောသံနှင့်အတူ ကျယ်လောင်သောအသံကြီးတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။အရိုးကွဲလုမတတ်အေးစိမ့်သော ယင်ချီများသည် ပတ်ဝန်းကျင်နေရာတဝိုက်ကို ရစ်သိုင်းလွှမ်းခြုံသွားပေ၏။
မြင်းဟီသံများကိုကြားရပြီးနောက် လေဟာနယ်အက်ကွဲကြောင်း၏ အမှောင်ထုအတွင်းမှနေ၍ ထောင်နှင့်ချီသောယင်ချီမြင်းများ တဟုန်ထိုးပြေးထွက်လာသည်။ထိုမြင်းများကို စီးနင်းထားသည်မှာ အနက်ရောင်သံချပ်ကာဝတ်စစ်သားများပင်။ထိုစစ်သားများကို ကြည့်ပါက သူတို့၏အပြာရင့်ရင့် မျက်လုံးပေါက်ကြီးကိုသာ မြင်တွေ့နိုင်သည်။ဤသည်မှာသူတို့၏မျက်လုံးအိမ်များအတွင်းတွင် အပြာရောင်မီးတောက်နှစ်ခု လောင်ကျွမ်းနေသည့်အလားပင်။
အနက်ရောင်သံချပ်ကာဝတ် မြင်းစီးစစ်တပ်၏နောက်တွင် အဖြူရောင်အရိုးမြင်းလေးကောင်ဆွဲသော ကြေးနီရထားလုံးတစ်စီးရှိနေသည်။
ထိုရထားလုံးပေါ်တွင် အရိုးစုအမှတ်အသားပါသည့်အလံကို လွှင့်ထူထားကာ လေတဟူးဟူးတိုက်ခိုက်နေမှုနှင့်အတူ ယင်ချီမြင်းများထံမှနေ၍ အလွန်ကျယ်လောင်သော မြင်းဟီသံများ ထွက်ပေါ်လာသည်။
ထောင်နှင့်ချီသောစစ်သားများ၏နောက်တွင် အလွန်ကြီးမားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် လေဟာနယ်အတွင်း၌ မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေကာ လုယွီကို စူးစိုက်၍ကြည့်နေသည်။
ကျိုးမိသားစုဘိုးဘေးသည် မြင်းစစ်တပ်ကြီး၏အလယ်ဗဟို၌ ရှိနေပေ၏။သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထင်ဟပ်နေသည်။
"မြေအောက်လောက တစ်ဆယ့်ရှစ်နယ်မြေကအကန့်အသတ်မရှိဘူး...ဒီနေရာမှာ ထောင်သောင်းချီတဲ့ ယင်စိတ်ဝိညာဉ်တွေ ရှိနေတယ်...ငါ့ရဲ့နောက်မှာရှိနေတာက မြေအောက်လောကပဲ...မင်းက ဘာကိုအသုံးပြုပြီးတော့ ငါ့ကို တိုက်ခိုက်နိုင်မှာလဲ"
Chapter 4488
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေကာ လေတခုခုတိုက်ခတ်နေသောအသံများကိုသာကြားနေရသည်။
လူများအားလုံးသည် သူတို့၏အသက်ရှူနှုန်းများကို ထိန်းသိမ်းကာ မိုးကောင်းကင်ယံထံသို့စူးစိုက်၍ကြည့်နေကြသည်။
ဤသည်မှာ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။မိုးကောင်းကင်ယံကြီး ဆုတ်ပြဲသွားကာ ကြီးမားသော လေဟာနယ်အက်ကွဲကြောင်းကြီးတစ်ခုက လူများအားလုံး၏ရှေ့၌ ထွက်ပေါ်လာသည်။
အပြင်လူများက ချီအင်ပါယာသည် ထန်အင်ပါယာ၏ထောက်ပံ့ကူညီမှုကို ရရှိထားသော ရုပ်သေးတစ်ရုပ်ဟုသာ တွေးထင်ထားကြပြီး အလေးအနက်မထားကြချေ။
ချီအင်ပါယာမှ အရာရှိအမြောက်အများ၏အတွေးများသည်လည်း ထိုလူများနှင့် ထပ်တူထပ်မျှပင်။လူတချို့၏စိတ်နှလုံးသားအနက်ရှိုင်းသောနေရာတွင် ဤအသစ်ထွက်ပေါ်လာသော အင်ပါယာကို အနည်းငယ်မျှ သဘောကျနှစ်ခြိုက်ခြင်းမရှိချေ။
ချီအင်ပါယာ၏နောက်၌ရှိနေသည်မှာ မြေအောက်လောကဖြစ်နေမည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ တွေးထင်မထားကြချေ။
ကြီးမားကျယ်ပြန့်သော မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေ....
ရှေးဟောင်းခေတ်ကာလအတွင်းရှိ မြေအောက်လောကသည် အချိန်များကြာလာသည်နှင့်အမျှ ဆင့်ကဲပြောင်းလဲလာကာ နယ်မြေဆယ့်ရှစ်ခုအဖြစ် ပိုင်းခြားသွားခဲ့သည်။
ထိုနယ်မြေများ၏အရွယ်အစားသည် အလွန်ကြီးမားကာ ကောင်းကင်ဘုံနယ်မြေထက်ပင် ပို၍ကျော်လွန်သည်။
ရှေးဟောင်းခေတ်ကာလအချိန်အတွင်းမှစတင်၍ မြေအောက်လောကတွင် မရေမတွက်နိုင်သော ယင်စိတ်ဝိညာဉ်များဖြင့် ပြည့်နှက်နေသည်။ဤသည်ကို တားမြစ်နယ်မြေတစ်ခုဟုပင် ယူဆနိုင်ပေ၏။
လူအများသည် သေဆုံးသွားပြီးနောက် သူတို့၏စိတ်ဝိညာဥ်များသည် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းသို့ ဝင်ရောက်ခြင်းမရှိပါက မြေအောက်လောကသို့ ရောက်ရှိသွားကာ လေလွင့်စိတ်ဝိညာဥ်များနှင့်ယင်စိတ်ဝိညာဉ်များ ဖြစ်လာကြသည်။မြေအောက်လောက၌ ယင်ချီစွမ်းအားများ တစ်နှစ်ပတ်လုံး စုဝေးနေသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ ယင်စိတ်ဝိဉာဉ်များအဖြစ် ဖွဲ့စည်းသွားသည်။
ဤနေရာကို အင်အားစုအမျိုးမျိုး စုဝေးနေသော ဖရိုဖရဲနေရာတစ်ခုဟု ဆိုနိုင်သည်။ယန်လောကတွင်ရှိနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများသည် သေဆုံးသွားပြီးနောက် ထိုနေရာသို့ ရောက်ရှိသွားပေ၏။
လုယွီသည် အတိတ်ဘဝတွင် ရန်သူများ၏လိုက်လံဖမ်းဆီးခြင်းကို ခံရသောကြောင့် သူ့ထံ၌ ရွေးချယ်စရာမရှိတော့ဘဲ ပုန်းအောင်းရန်အတွက် မြေအောက်လောကအတွင်းသို့ ပြေးဝင်ခဲ့ရသည်။သူသည် ဤသည်မှာ ဒဏ္ဍာရီတခု၏မွေးဖွားရာနေရာဖြစ်နေမည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။လုယွီသည် မြေအောက်လောက၏ နယ်မြေကြီးဆယ့်ရှစ်ခုကိုပေါင်းစည်းကာ တာအိုသခင်တစ်ယောက်ဖြစ်လာခဲ့သည်။သူသည် မြေအောက်လောကအတွင်းရှိ အရာရာတိုင်းကို အမိန့်ပေးနိုင်ပေ၏။
မြေအောက်လောကနယ်မြေ၏ အင်အားအကောင်းဆုံးအချိန်တွင် တာယွီကောင်းကင်ဘုံအင်ပါယာကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
တစ်ဖက်တွင် ယန်ကမ္ဘာလောက၏ကောင်းကင်ဘုံအင်ပါယာဖြစ်ပြီး တခြားတစ်ဖက်တွင် ယင်ကမ္ဘာလောက၏ မြေအောက်အင်ပါယာပင်။
ဤသည်မှာ မကြုံစဖူး ဖြစ်ရပ်တစ်ခုပင်။မြေအောက်လောက၏နာမည်ဂုဏ်သတင်းသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေကာ လူအများသည် ထိုအကြောင်းကို ပြောဆိုသည့်အချိန်တိုင်း သူတို့၏မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။
သို့ရာတွင် မြေအောက်လောကတာအိုသခင် သေဆုံးသွားပြီးနောက် မြေအောက်လောက၏အင်အားစုများအားလုံးသည် သူတို့ကိုယ်သူတို့ အလျှင်အမြန်ဖုံးကွယ်လိုက်ကြကာ ယခင်ကဲ့သို့ မောင်မာထောင်လွှားခြင်း မရှိတော့ချေ။
တာယွီကောင်းကင်ဘုံအင်ပါယာသည် အတွင်းရေးနှင့်အပြင်ရေး ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။ထီးနန်းသည် ရှန်လင်းလုံ၏လုယူခြင်းကိုခံရကာ နေရာအနှံ့အပြား၌ ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေခဲ့သည်။မြေအောက်လောကသည်လည်း အတွင်းရေးပဋိပက္ခအမြောက်အများနှင့် ကြုံတွေ့ခဲ့ရလေ၏။
လုယွီသည် ကောင်းကင်ကွန်ယက်မှ သူလျှိုများကို မြေအောက်လောကအတွင်းသို့ ဝင်ရောက်ရန် အမိန့်ပေးပြီးဖြစ်သည်။
သို့ရာတွင် မြေအောက်လောကအတွင်းသို့ ဝင်ရောက်စုံစမ်းရန်မှာ လွယ်ကူသော တာဝန်တစ်ရပ်မဟုတ်ချေ။ယခုလက်ရှိအချိန်ထိတိုင် ကောင်းကင်ကွန်ယက်မှနေ၍ မြေအောက်လောကနှင့်ပတ်သက်သော မည်သည့်သတင်းကိုမျှ မရရှိချေ။
ကျိုးမိသားစုဘိုးဘေး၏နောက်တွင် မြေအောက်လောကရှိနေမည်ဟု လုယွီ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိပေ။
လေထုအတွင်း၌ လူးလွန့်နေသော အရိုးစုအလံကို တဖန်ပြန်၍ မြင်တွေ့မိချိန်တွင် လုယွီသည် ရင်းနှီးကျွမ်းဝင်သော အရိပ်အယောင်တစ်ရပ်ကို ခံစားမိသည်။
"ငါက မင်းကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီးပြီ....ဒါပေမဲ့ မင်းက တန်ဖိုးမထားခဲ့ဘူး..မင်း သေသွားတာနဲ့ ငါက မင်းရဲ့ခန္ဓာကိုယ်ကို ရုပ်သေးတစ်ရုပ်အဖြစ် ပြောင်းလဲပြီးတော့ မင်းကို တခြားနည်းလမ်းနဲ့ အသက်ရှင်သန်ခွင့်ပြုမယ်"
ကျိုးမိသားစုဘိုးဘေးက အေးစက်စက်အော်ငေါက်လိုက်သည်။
သူသည် ယခုလက်ရှိအချိန်၌ သူ့၏ဝှက်ဖဲများအားလုံးကို အသုံးပြုပြီးဖြစ်ကာ လူများအားလုံးကိုခြိမ်းခြောက်ရန် လုံလောက်သည်။ထိုကြောင့် ကျိုးမိသားစုဘိုးဘေးသည် အကြောက်အလန့်ကင်းမဲ့နေပေ၏။
ပတ်ဝန်းကျင်တွင်ရှိနေသော လူများအားလုံး ကြက်သေသေနေသည်။ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများဖြစ်စေ ချီအင်ပါယာဘက်မှလူများဖြစ်စေ သူတို့အားလုံး နေရာမှာပင် အမြစ်တွယ်နေသကဲ့သို့ မတ်တတ်ရပ်နေကြ၏။
"ဒါက မြေအောက်လောကရဲ့လူတွေလား...ငါက ဒီအင်အားစုကို အတိတ်မှာတုန်းက တစ်ခါမှမမြင်ဖူးဘူး"
"မြေအောက်လောကတာအိုသခင် သေဆုံးသွားကတည်းက မြေအောက်လောကတစ်ခုလုံး ဖရိုဖရဲဖြစ်သွားခဲ့တယ်....ဖြစ်နိုင်တာတော့ သူတို့က အုပ်ချုပ်သူအရှင်တစ်ယောက်ကို ရွေးချယ်ပြီးတာကြောင့် ပြန်ပြီးထွက်ပေါ်လာတာများလား...."
လူများအားလုံး သူတို့၏ဦးရေပြားများ ထုံကျင်လာသည်ကို ခံစားမိလေ၏။မြေအောက်လောကနယ်မြေ၏စစ်တပ်တွင် ထောင်နှင့်ချီသောစစ်သားများပါဝင်ကာ သူတို့အား ရန်စစော်ကားသော မည်သည့်ရန်သူကိုမဆို ခြေမွှဖျက်ဆီးနိုင်ပုံရသည်။
မြေအောက်လောကမှလူများ ထွက်ပေါ်လာချိန်တွေ ပတ်ဝန်းကျင်နေရာတဝိုက်တွင် ရှိနေသော လူများအနက်မှအများစုသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
အထူးသဖြင့် ယခင်က ပုန်းကွယ်နဂါးစစ်တပ်ထံသို့ အရှုံးပေးအညံခံခဲ့သော ချီအင်ပါယာမှစစ်သားများပင်။
ချီအင်ပါယာ၏အခြေခံအုတ်မြစ်သည် ပြိုလဲတော့မည်ဟု သူတို့ အစဉ်အမြဲခံစားနေရသည်။သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်ထံတွင် အရှုံးပေးအညံခံခဲ့ကာ အမှောင်ကိုစွန့်ပယ်ပြီး အလင်းရောင်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းပင်။
သို့ရာတွင် ယခုကြည့်ရသလောက် သူတို့သည် ချီအင်ပါယာနှင့်ကျိုးမိသားစုအကြောင်း သိရှိခဲ့သည်မှာ အလွန်နည်းပါးပုံရသည်။
Chapter 4489
ချီစစ်သားအမြောက်အများသည် ထိတ်လန့်ကြောက်ရွံနေကာ ချီအင်ပါယာသည် တဖန်ပြန်၍မြင့်တက်လာပြီး သူတို့အား အပြစ်ပေးမည်ကို စိုးရွံ့နေကြသည်။
ရုတ်ချည်းဆိုသလိုပင် ဝေ့ယန်မြို့တစ်မြို့လုံးအတွင်းရှိ အခြေအနေများ ပြောင်းလဲသွားလေပြီ။
"မြေအောက်လောကက ပြန်ပြီးထွက်ပေါ်လာခဲ့ပြီ....ကောင်းကင်ဘုံနယ်မြေတခွင်လုံး ဖရိုဖရဲဖြစ်တော့မယ်"
"ငါတို့က ချီအင်ပါယာကို လျှော့တွက်ခဲ့မိတယ်...သူတို့က အခုအချိန်ထိ တောင့်ခံထားနိုင်ခဲ့တယ်...သူတို့ရဲ့ဝှက်ဖဲက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေဖို့ လုံလောက်တယ်"
လူအများသည် ကျိုးမိသားစု၏ဝှက်ဖဲကြောင့် အလွန်ထိတ်လန့်တုန်လှုပ်နေကြ၏။သူသည် သူ့ကိုယ်သူ နက်ရှိုင်းစွာဖုံးကွယ်ထားသဖြင့် လူများအားလုံးသည် သူအား အလွန်အမင်း လျော့တွက်ခဲ့မိသည်။
ဘုန်း...
မရေမတွက်နိုင်သောစစ်သားများသည် လေဟာနယ်အက်ကွဲကြောင်းအတွင်းမှ တဟုန်ထိုးထွက်လာပြီးနောက် သူတို့၏အရှိန်အဝါများသည် အလွန်လွှမ်းးမိုးချုပ်ကိုင်နိုင်ပေ၏။
စစ်တပ်၏အလယ်ဗဟိုတွင် အဖြူရောင်အရိုးမြင်းလေးကောင်းဆွဲသည့် ရှေးကျပြီးကြီးကျယ်ခမ်းနားသော ရထားလုံးတစ်စီး ရှိနေသည်။ထိုမြင်းများသည် လေထုအတွင်း၌မတ်တတ်ရပ်ကာ အဆက်မပြတ်ဟိန်းဟောက်နေသည်။ဤဟိန်းဟောက်သံများနှင့် ပတ်ဝန်းကျင်ရှိ စစ်သားများ၏အရှိန်အဝါများ ပေါင်းစပ်လိုက်ချိန်၌ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
မြေအောက်လောက၏မသေနိုင်သောစစ်တပ်....
လူများအားလုံး၏ခန္ဓာကိုယ်များ တုန်ရီနေသည်။ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်လာမည်ကို ရှောင်လွှဲ၍ ရတော့မည်မဟုတ်ချေ။
ရထားလုံးသည် ရပ်တန့်သွားပြီးနောက် အရပ်မြင့်ပြီး တုတ်ခိုင်သန်မာသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။သူ၏နံဘေးပတ်ဝန်းကျင်တွင် ယင်ချီများ ရစ်သိုင်းလွှမ်းခြုံနေသဖြင့် လူအများအား ထိတ်လန့်တုန်လှုပ်သွားစေသည်။
ရထားလုံးအတွင်းမှ ထွက်လာသောလူသည် သုံးမီတာကျော်ခန့်အရပ်မြင့်ပြီး လူဘီလူးကြီးတစ်ကောင်အလားပင်။သူ၏ခန္ဓာကိုယ်သည် အလွန်ကြီးမားကာ သူ၏နံဘေးပတ်လည်တွင် ထူထပ်သိပ်သည်းသောယင်ချီများ ရစ်သိုင်းလွှမ်းခြုံနေပေ၏။တစ်စုံတစ်ယောက်သည် ထိုလူကိုကြည့်ပါက သာအေးစက်စက်အရှိန်အဝါများထုတ်လွှတ်ထားသည့် နဂါးနက်တိုက်ပွဲဝင်သံချပ်ကာအား ဝတ်ဆင်ထားသည်ကိုသာ ဝိုးတဝါးတွေ့မြင်နိုင်ပေမည်။
မြေအောက်လောကနယ်မြေအတွင်းတွင် ယင်ချီများ အလွန်ထူထပ်သိပ်သည်းပြီး ပြိုင်ဘက်ကင်းထိပ်သီးအစွမ်းထက်ကျင့်ကြံသူ မည်မျှထိများများ ပုန်းအောင်းနေသည်ကို မည်သူမျှ မသိနိုင်ချေ။
လူဘီလူးကြီးသည် စစ်နတ်ဘုရားတစ်ပါးအလား လေထုအတွင်း၌ မတ်တတ်ရပ်လိုက်၏။
"ပဉ္စမဘုရင်ကို အရိုအသေပြုပါတယ်"
ကျိုးမိသားစုဘိုးဘေးသည် ရိုသေလေးစားသောအမူအယာဖြင့် ဦးညွှတ်အရိုအသေပြုကာ ဆီးကြိုနှုတ်ဆက်လိုက်သည်။
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။ကျိုးမိသားစုဘိုးဘေးသည် အစွမ်းထက်သော တာအိုသခင်တစ်ယောက်ဖြစ်သည့်တိုင် သူသည် ယခုရောက်ရှိလာသောလူအား အလွန်ရိုသေလေးစားစွာ ဆက်ဆံနေသည်။ထိုကြောင့် ဤလူ မည်မျှထိ အစွမ်းထက်သည်ကို သူတို့အားလုံး တွေးတောကြည့်နိုင်စွမ်းပင် မရှိတော့ချေ။
"အခုထိ အမွှေးအတောင်မစုံသေးတဲ့ ကောင်လေးတစ်ယောက်က မင်းကို ဒီလောက်ထိ ထိတ်ထိတ်ပြာပြာဖြစ်အောင် လုပ်နိုင်တာလား...ကျိုးကျင်း ကြည့်ရတာတော့ ငါ မင်းကို မှီခိုအားထားလို့ မရတဲ့ပုံပဲ"
ပဉ္စမဘုရင်၏အသံသည် တိုးညှင်းပြီးခပ်အုပ်အုပ်ဖြစ်သော်လည်း မိုးနှင့်မြေကို တုန်ခါသွားစေသည်။
ကျိုးမိသားစုဘိုးဘေးက ပြောဆိုသည်။
"ပဉ္စမဘုရင် ဒီကောင်လေးက နည်းနည်းထူးဆန်းတယ်...မင်း သူ့ကို လျှော့မတွက်သင့်ဘူး"
"ငါ ဒီနေရာမှာရှိနေရင် မင်း ဘာကိုမှ စိုးရိမ်ပူပန်ဖို့မလိုဘူး"
ပဉ္စမဘုရင်က မောက်မာထောင်လွှားစွာ ပြောဆိုသည်။သူ ထိုစကားများကို ပြောဆိုနေသည့်အချိန်တွင် သူထံ၌ လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါများဖြင့် ပြည့်နှက်နေပေ၏။
ပဉ္စမဘုရင်၏အကြည့်က လုယွီထံသို့ ကျရောက်လာသည်။သူ၏မျက်လုံးအတွင်း၌ အနက်ရောင်မီးတောက်နှစ်ခု လောင်ကျွမ်းနေပုံရသည်။
"မင်းရဲ့အရည်အချင်းက မဆိုးဘူး...မင်းက ကျိုးကျင်းကို ဒီလိုအဆင့်မျိုးထိရောက်အောင် တွန်းပို့နိုင်တယ်...မင်းရဲ့အသက်အရွယ်နဲ့ဆိုရင် မင်း ဒီလိုမောက်မာထောင်လွှားတာက ဖြစ်သင့်တဲ့ကိစ္စပဲ....ငါ့မှာ ရထားလုံးဆွဲဖို့ ရထားမောင်းသမားတစ်ယောက် လိုနေတယ်...မင်းက အရည်အချင်းပြည့်မီတယ်...မင်း ငါ့ရဲ့ ရထားလုံးမောင်းသမား လုပ်စမ်း"
ပဉ္စမဘုရင်က ပြောဆိုသည်။
သူတို့ရှေ့ရှိ မြေအောက်လောကမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူသည် အလွန်သန်မာအားကောင်းသည်ဟု ခံစားမိသဖြင့် လူများအားလုံး ထိတ်လန့်တုန်လှုပ်နေသည်။
လုယွီ၏ခွန်အားဖြင့် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူသည် အစွမ်းထက်တည်ရှိမှုကြီးများအကြားတွင် ရပ်တည်နိုင်ပေမည်။
သို့ရာတွင် မြေအောက်လောကမှထိပ်သီးအစွမ်းထက်ကျင့်ကြံသူ၏စကားအရ လုယွီသည် အရေးပါသူတစ်ယောက် မဟုတ်တော့ချေ။သူ့အား ရထားလုံးမောင်သမားတစ်ယောက်အဖြစ် လုပ်ဆောင်ရန်ပင် ပြောဆိုနေခဲ့သည်။
"သောက်ချေးပဲ...ဘယ်လိုလုပ်ပြီးတော့ မြေအောင်လောကက ပါဝင်ပတ်သက်လာတာလဲ"
"ဒါက ငါတို့ရဲ့အရှင်ကို စော်ကားတာပဲ...သူက မြေအောက်လောကရဲ့ထိပ်သီးကျင့်ကြံသူဖြစ်နေရင်တောင် ဘာလုပ်ရမှာလဲ...ငါတို့က သူ့ကိုသတ်မယ်"
ပုန်းကွယ်နဂါးစစ်တပ်မှ တပ်မှူးများသည် ဒေါသတကြီးအော်ဟစ်လိုက်ကြ၏။ပဉ္စမဘုရင်စကားလုံးများသည် သူတို့အား အလွန်အမင်းဒေါသထွက်သွားစေသည်။
ခွေးနက်ကြီးသည် လူငယ်တစ်ယောက်အသွင်သို့ပြောင်းလဲကာ အေးစက်စက်အပြုံးဖြင့် ပြောဆိုသည်။
"ဘာလို့ အလျင်လိုနေကြတာလဲ...တစ်ယောက်ယောက် ဒုက္ခရောက်တော့မှာကို ငါ စိုးရိမ်မိတယ်"
သူသည် လုယွီ၏နောက်သို့ အောက်ဘုံမှနေ၍ လိုက်ပါလာခဲ့ကာ ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် သူသည် လုယွီ၏နောက်ခံနှင့်ပတ်သက်ပြီး ကောင်းစွာသိရှိထားပေ၏။
သူ့ရှေ့ရှိ မြေအောက်လောကစစ်တပ်၏ ကြီးကျယ်ခမ်းနားသော အင်အားအစုအဖွဲ့သည် အရေးမပါလှချေ.အဆုံးသတ်၌ သူတို့သည် လုယွီ၏ရှေ့၌ နာခံရို့ကျိုးစွာ နေထိုင်ရပေမည်။
အကယ်၍ ထိုလူများသည် လုယွီ၏အစစ်အမှန်အဆင့်အတန်းကို သိရှိသွားပါက မည်သူသည် ယခုကဲ့သို့ တွေးထင်မည်နည်း...
"ဒီနေရာမှာ မတ်တတ်ရပ်ပြီးတော့ စောင့်ကြည့်မနေကြနဲ့...ဆက်ပြီးတော့ တိုက်ခိုက်ကြစမ်း...ငါက ဒီနေ့ညမတိုင်ခင် ဝေ့ယန်မြို့ထဲမှာရှိတဲ့ စားသောက်ဆိုင်တွေကို အလည်အပတ်သွားချင်တယ်"
ခွေးနက်ကြီးသည် သူ၏နှုတ်ခမ်းကိုလျှာဖြင့်သပ်ကာ ပျော်ရွှင်ဖွယ်ရာများ ပြုလုပ်ရန်အတွက် နေရာတစ်ခုကို စတင်၍ရှာဖွေလိုက်တော့သည်။
Chapter 4490
လေဟာနယ်အတွင်း၌ လုယွီသည် သူတစ်ယောက်တည်းဖြင့် မြေအောက်လောကစစ်တပ်ကို မျက်နှာချင်းဆိုင်နေသည်။
ပဉ္စမဘုရင်၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် လူအများအား ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသော အမြင်အာရုံသက်ရောက်မှုကို ပေးစွမ်းနိုင်သည်။လူအများသည် သူ့အား တစ်ချက်ကြည့်မိရုံဖြင့် တုန်လှုပ်ခြောက်ခြားဖွယ်ဖိအားအရှိန်အဝါကို ခံစားမိသည်။
ပဉ္စမဘုရင် ပြောဆိုသောစကားကြောင့် လုယွီသည် ဒေါသထွက်သွားခြင်းမရှိချေ။သူသည်ပဉ္စမဘုရင်ကို စူးစိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
"မင်းက ဘာလို့ ကျိုးမိသားစုကိုထောက်ပံ့ဖို့ ရွေးချယ်ခဲ့တာလဲ...မင်းတို့အတွက် လူရှေ့သူရှေ့ကို ထွက်လာတာက အဆင်ပြေလို့လား"
အရပ်မျက်နှာအဘက်ဘက်သို့ သက်ရောက်နေသော ဖိအားအရှိန်အဝါ ပို၍ပြင်းထန်စပြုလာသည်။
ပဉ္စမဘုရင်၏ခန္ဓာကိုယ်တစ်ခုလုံးကို ထူထပ်သိပ်သည်းသောယင်ချီများ လွှမ်းခြုံထားသည်။အနက်ရောင်အခိုးအငွေ့များသည် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရစ်သိုင်းလွှမ်းခြုံနေကာ သူ၏မျက်လုံးအတွင်းရှိ အနက်ရောင်မီးတောက်များ ပို၍အားကောင်းလာသည်။
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။ လုယွီကဲ့သို့ လူတစ်ယောက်သာလျှင် မြေအောက်လောက၏ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများရှေ့၌ ဤကဲ့သို့စကားမျိုးကို ပြောဝံ့ပေမည်။
သူ့၏လေသံသည် မေးမြန်းနေပုံမရချေ။ထိုအစား ဘိုးဘေးတစ်ယောက်သည် သူ၏မိသားစုအတွင်းမှ အသုံးမကျသော ဂျူနီယာများကို သင်ပြပေးနေသောလေသံမျိုး ဖြစ်နေသည်။
ပဉ္စမဘုရင်သည် မျက်မှောင်ကြုတ်ကာ အလွန်အမင်းဒေါသထွက်နေသော အခြေအနေသို့ ကျရောက်သွားပေ၏။
နံဘေးတစ်ဖက်တွင်ရှိနေသော ကျိုးမိသားစုဘိုးဘေးက ပြောဆိုသည်။
"လုယွီ...ဒါက မင်း အသက်ရှင်သန်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ....အရှင့်ဆီမှာအရှုံးပေးအညံ့ခံတာက မင်းအတွက် အရှက်ရစေမယ့် ကိစ္စတစ်ခု မဟုတ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် ကျိုးမိသားစုဘိုးဘေးသည် လုယွီ၏နောက်သို့ကြည့်ပြီး လှောင်ပြောင်သရော်လိုက်သည်။
"မင်း ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး..အခုအချိန်မှာ ငါ့ထက်ပိုပြီး သန်မာအားကောင်းတဲ့ မြေအောက်လောကရဲ့ဘုရင်တစ်ပါး ရောက်လာပြီ...ဘယ်လိုပဲဖြစ်ဖြစ် မင်း အသက်ရှင်သန်နိုင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး...မင်းရဲ့အခြေခံအုတ်မြစ်ကလည်း အရမ်းအားနည်းတယ်...ဘယ်အင်အားစုမဆို မင်းကို အလေးအနက်ထားပြီး ချေမှုန်းဖို့ ပြင်ဆင်တာနဲ့ မင်းကအသတ်ခံရမှာပဲ"
ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများအားလုံး၏စိတ်နှလုံးသားများ အေးစက်သွားကာ သူတို့ထံတွင် ဒေါသများဖြင့် ပြည့်နှက်သွားတော့သည်။
လုယွီသည် မည်သည့်အရာမျှ မရှိခဲ့သည့်ဘဝမှ စတင်ခဲ့ခြင်းဖြစ်ပြီး ပုန်းကွယ်နဂါးစစ်တပ်ကို တည်ထောင်ခဲ့သည်။
ပုန်းကွယ်နဂါးစစ်တပ်ကို ကောင်းကင်ဘုံနယ်မြေအတွင်း၌ အင်အားစုကြီးတစ်စုဟု ယူဆနိုင်သည်။သို့ရာတွင် စစ်တပ်အတွင်း၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ အလွန်အမင်းရှားပါသည်။သူတို့သည် တခြားလူများကို တိုက်ခိုက်နိုင်ရန်အတွက် လုယွီအပေါ်တွင် မှီခိုနေရလေ၏။
ဥပမာအနေဖြင့် လုယွီ ပျောက်ကွယ်သွားခဲ့သောအချိန်ပင်။သူ ပျောက်ကွယ်သွားသည်နှင့် ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်လုံးကို အုပ်ချုပ်နိုင်သည့်ခေါင်းဆောင် မရှိတော့ချေ။သူတို့သည် တိုတောင်းသောအချိန်ကာလအတွင်းတွင် တောင့်ခံနိုင်ခဲ့သော်လည်း အချိန်ကြာမြင့်လာသည်နှင့်အမျှ ခံနိုင်ရည်မရှိခဲ့ချေ။
"ငါ့ရဲ့နောက်မှာရှိနေတဲ့ အင်အားစုက လုံလောက်အောင် မသန်မာသေးဘူးဆိုပေမယ့် သူတို့က ဖြောင့်မတ်မှန်ကန်ပြီးတော့ စည်းစနစ်ကျတယ် ...မင်းကတော့ ရုပ်သေးတစ်ရုပ်ကိုပဲ ထိန်းချုပ်ထားနိုင်ခဲ့တယ်"
လုယွီက ပဉ္စမဘုရင်ကိုကြည့်ပြီး မေးမြန်းသည်။
"ဒီနေရာကို မင်းတစ်ယောက်တည်း ရောက်လာတာလား..မြေအောင်လောကမှာ နယ်မြေဆယ့်ရှစ်ခုရှိပြီးတော့ နယ်မြေတစ်ခုမှာ ဘုရင်တစ်ပါးရှိတယ်....မင်းရဲ့နံပါတ်လေးနယ်မြေတစ်ခုတည်းကပဲ ကျိုးမိသားစုကို ကူညီထောက်ပံ့နေတာလား"
"မင်းက တော်တော်လေးသိထားတာပဲ...ငါ မင်းကို ပြောပြလို့လဲ ဘာမှမဖြစ်ဘူး...ကောင်းကင်ဘုံနယ်မြေက ဖရိုဖရဲဖြစ်နေပြီ....မြေအောက်လောကက လောကကြီးကိုထိန်းချုပ်တော့မယ်...အခုအချိန်မှာ အင်ပါယာအသစ်တွေ ထွက်ပေါ်လာပြီးတော့ မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေမှာလည်း အရှင်သခင်အသစ်တစ်ပါး ရှိနေပြီ...တာယွီအင်ပါယာ ထန်အင်ပါယာ ဆိုတာတွေက ငါတို့ရဲ့ခြေနင်းကျောက်တုံးတွေပဲ"
ပဉ္စမဘုရင်၏အသံ၌ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။သူသည် ဖြစ်ပွားလာတော့မည့်အဖြစ်မှန်များကို ပြောဆိုနေသည့်အလားပင်။
ပတ်ဝန်းကျင်တွင်ရှိနေသောလူများသည် ဤစကားများကိုကြားချိန်၌ သက်ပြင်းရှိုက်လိုက်ကြ၏။
မြေအောက်လောကတာအိုသခင် သက်ရှိထင်ရှားရှိနေစဉ်တွင် သူ၏လက်အောက်၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ယခုအချိန်၌ မြေအောက်လောကသည် တဖန်ပြန်၍ထွက်ပေါ်လာလေရာ သူတို့၏အင်အားကို လျှော့တွက်၍မရချေ။
ထို့ပြင် တာယွီကောင်းကင်ပုံအင်ပါယာသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏လက်ထက်တွင်ကဲ့သို့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများ ပေါများခြင်းမရှိတော့ချေ။
"မြေအောက်လောကရဲ့ အရှင်သခင်အသစ်လား...."
လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။
အတိတ်ဘဝ၌ သူ သေဆုံးပြီးနောက် သူတည်ဆောက်ခဲ့သော အရာရာတိုင်းကို တစ်စုံတစ်ယောက်မှ ခိုးယူသွားခဲ့သလော....
"အဲ့ဒီလူက ဘယ်သူလဲဆိုတာ ငါ သိချင်တယ်"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"မင်းလို သေတော့မယ့်လူတစ်ယောက်က ဘာလို့ပေါက်ကရစကားတွေ ဒီလောက်ထိ အများကြီးပြောနေတာလဲ....မင်း သေသွားပြီးတဲ့နောက်မှာ မင်း သူ့ကို မေးလို့ရတယ်"
ကျိုးမိသားစုဘိုးဘေးက ရှေ့သို့ခြေတစ်လှမ်းတက်ပြီး ပြောဆိုလိုက်၏။
ပဉ္စမဘုရင်က သူ၏ခေါင်းကိုခါယမ်းကာ ကျိုးမိသားစုဘိုးဘေးကို ဟန့်တားကာ လုယွီကို စူးစိုက်ကြည့်ပြီး ပြောဆိုသည်။
"ခုလိုငယ်ရွယ်တဲ့အသက်အရွယ်မှာ ဒီလိုခွန်အားမျိုးရနေဖို့ဆိုတာ မင်းအတွက် လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး...ငါက ပါရမီရှင်တွေကို ချစ်မြတ်နိုးတယ်....တကယ်လို့ မင်းက ငါ့ရဲ့ရထားလုံးမောင်းသမားဖြစ်ဖို့ ဆန္ဒရှိမယ်ဆိုရင် မင်းရဲ့မောက်မာထောင်လွှားမှုကို ချိုးနှိမ်လိုက်ပါ...နောင်တစ်ချိန်ကျရင် မင်းက ငါ့ရဲ့မွေးစားသားတစ်ယောက် ဖြစ်လာနိုင်တယ်"
"ဘာမှ ထပ်ပြီးပြောနေဖို့ မလိုတော့ဘူး"
လုယွီက ခြေတစ်လှမ်းရှေ့တက်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"မင်းတို့နှစ်ယောက်...မင်းတို့ရဲ့နောက်ဆုံးစကားတွေကိုပြောဖို့ အဆင်သင့်ဖြစ်ပြီလား"