← Chapters

အခန်း (၄၄၉၁-၄၄၉၅)

Vol. 228 Ch. 4491-4495

အခန်း (၄၄၉၁-၄၄၉၅)

Vol. 228 Ch. 4491-4495

Chapter 4491

"မင်းက သေလမ်းရှာနေမှတော့ငါ့ကို အပြစ်မတင်နဲ့"

ပဉ္စမဘုရင်၏မျက်နှာအမူအယာ ရုတ်တရက် အေးခဲတောင့်တင်းသွားကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

သူသည် ပါရမီရှင်များကို ချစ်မြတ်နိုးသူဖြစ်သော်လည်း လုယွီသည် လက်ရှိအခြေအနေကို နားမလည်သဖြင့် သူ တိုက်ခိုက်သည့်အတွက် အပြစ်မတင်သင့်ချေ။

ပဉ္စမဘုရင်သည် သူ၏လက်ချောင်းကို သာမန်ကာလျှံကာထိတွေ့လိုက်ရာ လေဟာနယ်သည် လုံးလုံးလျားလျားသိပ်သည်းသွားပြီး ပတ်ဝန်းကျင်နေရာတဝိုက်ကို ချိတ်ပိတ်လိုက်၏။

ဤလှုပ်ရှားမှုတစ်ခုတည်းဖြင့် သူ၏အရည်အချင်းကို ပြသပြီးဖြစ်သည်။

ပဉ္စမဘုရင်သည်လည်း ခြေလှမ်းတစ်ဝက်တာအိုသခင်တစ်ယောက်ဖြစ်သော်လည်း သူ ထုတ်ဖော်ပြသလိုက်သောစွမ်းအားသည် ကျိုးမိသားစုဘိုးဘေးထက် များစွာပို၍သာလွန်သည်။

သူတို့နှစ်ယောက်သည် တူညီသောကျင့်ကြံဆင့်နယ်ပယ်၌ ရှိနေသော်လည်း သူတို့၏စွမ်းအားကွာဟချက်သည် မိုးနှင့်မြေတမျှပင်။

ပြင်ပမှကြည့်နေသော လူများအားလုံး အလွန်အမင်းစိုးရိမ်ပူပန်နေကြသည်။သူတို့သည် တိုက်ပွဲကွင်းပြင်၌ မည်သည့်အရာများဖြစ်ပျက်နေသည်ကို ရှင်းရှင်းလင်းလင်းမမြင်တွေ့နိုင်ချေ။

ဘန်း....

လုယွီ၏မျက်နှာအမူအယာသည် သာမန်အတိုင်း တည်ငြိမ်နေဆဲပင်။သူ၏မျက်နှာပေါ်တွင် မည်သည့် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်မျှ ရှိမနေချေ။

သူသည် သူ၏လက်ကိုမြှောက်ကာ လက်သီးတစ်ချက်ထိုးနှက်လိုက်၏။မိုးခြိမ်းသံတမျှကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာကာ ထိုလက်သီးချက်မှစွမ်းအားသည် အလွန်ကြီးမားပေ၏။ဤသည်မှာသူ၏လက်သီးချက်ကြောင့် စကြာဝဠာကြီးတစ်ခုလုံး ကြေမွှပျက်စီးသွားတော့မည့်အလားပင်။

"ကောင်းလိုက်တဲ့ တိုက်ကွက်...."

ပဉ္စမဘုရင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောကာ သူ၏လက်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ စုဝေးသွားသည်။ထို့နောက် သူသည် လက်သီးတစ်ချက်ထိုးနှက်လိုက်ခြင်းနှင့်အတူ လေထုအတွင်းသို့ ယင်ချီစွမ်းအားလှိုင်းများကို မြင့်တက်သွားစေသည်။

နှစ်ဖက်စလုံးသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသဖြင့် လေဟာနယ်တခွင်လုံး တုန်ခါသွားကာ အလွန်ကျယ်လောင်သော တုန်ခါသံများ ထွက်ပေါ်လာသည်။

တိုက်ပွဲစတင်သည်နှင့် ပဉ္စမဘုရင်သည် သူ၏စွမ်းအားကို ပြင်းပြင်းထန်ထန် ထုတ်ဖော်အသုံးပြုထားသည်။

သူ အသုံးပြုလိုက်သည့် လက်သီးချက်တိုင်း လေဟာနယ်ကို ဆုတ်ဖြဲသွားပေ၏။သူသည်လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရန်ခက်ခဲသောနည်းစနစ်များကို တစ်ခုပြီးတစ်ခုထုတ်ဖော်အသုံးပြုကာ ထိုအရာများကို သတိထား၍ရှောင်တိမ်းရန်မှာ မလွယ်ကူချေ။

"မြေအောက်လောကရဲ့မြေကမ္ဘာအကြွင်းမဲ့နည်းစနစ်...မင်းက ဒီအဆင့်ထိပဲ သင်ယူထားနိုင်တာလား"

လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။

ဤစကားတစ်ခွန်းသည် ဆရာတစ်ယောက်မှနေ၍ သူ၏တပည့်အား သူ၏မျှော်လင့်ချက်များဆုံးရှုံးအောင် ပြုလုပ်သည့်အတွက် ဆူပူကြိမ်းမောင်းသည့်အလားပင်။

ပဉ္စမဘုရင်၏မျက်နှာပေါ်တွင် ဒေါသများဖြင့်ပြည့်နှက်သွားသည်။ကျယ်လောင်သောအော်သံတစ်သံနှင့်အတူ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရှိနေသည့် အကန့်အသတ်မရှိသော ယင်ချီများသည် အလင်းဘီးများအသွင်သို့ပြောင်းလဲပြီး အရပ်မျက်နှာအဘက်ဘက်မှနေ၍ လုယွီကို ဖိနှိပ်လိုက်၏။

သူ အသုံးပြုနေသည်မှာ နဂါးကိုးကောင်အာဏာရှင် ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ပြီး သူ၏လှုပ်ရှားမှုတစ်ခုစီတိုင်းသည် အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်ပေ၏။

ပဉ္စမဘုရင်၏လက်အတွင်းရှိ ယင်ချီစွမ်းအားများမှနေ၍ နဂါးနက်တစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။ဤနဂါးနက်သည် အလွန်အမင်စအစွမ်းထက်ပြီး သူ၏တိုက်ခိုက်မှုကို မှန်းဆနိုင်ရန် အလွန်ခက်ခဲသည်။

သို့ရာတွင် လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူ၏လက်သီးချက်တစ်ချက်စီတိုင်း တစ်ဖက်လူ၏ဟာကွက်နေရာသို့ ကျရောက်သွားသဖြင့် ပဉ္စမဘုရင်အား အလွန်အမင်းဒေါသထွက်မှုကို ခံစားရစေသည်။

"ဒါက မင်းရဲ့အစွမ်းကုန်လား...မင်းမှာ ဒီလောက်ပဲ အစွမ်းအစရှိတာလား...မင်းက ငါ့ရှေ့မှာ လာပြီးအော်ဟစ်နေဖို့ ထိုက်တန်တယ်လို့ မင်း ထင်နေတာလား"

လုယွီက ပဉ္စမဘုရင်ကိုကြည့်ပြီး သုံးကြိမ်ဆက်တိုက်မေးခွန်းထုတ်လိုက်သည်။

သူ၏လက်အတွင်းရှိ လက်သီးစိတ်ဆန္ဒသည်အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်ကာ ပဉ္စမဘုရင်ကိုဖိနှိပ်ထားပေ၏။

သူသည် တစ်စုံတစ်ယောက်၏ခေါင်းထက်သို့ဖိနှိပ်ထားသော ပေတသောင်းကျော်မြင့်မားသည့် နတ်ဘုရားရုပ်ထုကြီးတစ်ခုအလားပင်။သူ၏နတ်ဘုရားစွမ်းအားများသည် အလွန်ကြီးမားပြီး အကန့်အသတ်မဲ့ကာ လူအများထံတွင် သူ့အား ခုခံတိုက်ခိုက်မည့် အတွေးမျိုးရှိလာရန်မှာ မဖြစ်နိုင်​ချေ။

ပဉ္စမဘုရင်အသုံးပြုနေသော နည်းစနစ်များအားလုံးကို လုယွီမှ ဖန်တီးခဲ့ခြင်းပင်။

အကယ်၍ ဤနည်းစနစ်များကိုအသုံးပြု၍ တခြားလူများကို တိုက်ခိုက်ပါက အလွန်အစွမ်းထက်သည်ဟု ဆိုနိုင်သည်။သို့ရာတွင် လုယွီ၏ရှေ့သို့ ရောက်ရှိလာချိန်၌ ဤစနစ်များတွင် အားနည်းချက်များဖြင့် ပြည့်နှက်နေပေ၏။

"ငါ မင်းကို သတ်မယ်"

ပဉ္စမဘုရင်၏ခန္ဓာကိုယ်သည် အနက်ရောင်မြူခိုးများအကြား၌ ပုန်းကွယ်နေပြီး သူ့၏မျက်လုံးအတွင်း၌ အနက်ရောင်မီးတောက်များ လူးလွန့်နေသည်။

သူသည် ခွန်အားကုန်စတင်၍ အသုံးပြုလိုက်ရာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ငရဲဥပဒေသ တစ်ရပ် ထွက်ပေါ်လာသည်။

မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေတွင် ပဉ္စမဘုရင်သည် နံပါတ်လေးနယ်မြေကို ထိန်းချုပ်ရသည်။ဤနယ်မြေတွင် ငရဲကြီးများနှင့်ငရဲငယ်များ ဆယ့်ခြောက်ခုရှိနေပေ၏။သူသည် သန်းရာနှင့်ရှိသော ယင်စိတ်ဝိညာဥ်များ၏အသက်များကို ထိန်းချုပ်ရကာ သူ၏စွမ်းအားနှင့်အခွင့်အာဏာမှာ အလွန်ကြီးမားသည်။

ပဉ္စမဘုရင်၏နံဘေးပတ်လည်ရှိ အနက်ရောင်မြူခိုးများ တဖြည်းဖြည်းပျက်ပြယ်သွားပြီးနောက် သူ၏မူလပုံပန်းသွင်ပြင် ပေါ်လွင်လာသည်။

သူသည် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ထားကာ သူ့ထံ၌ ရှည်လျားသောမုတ်ဆိတ်မွေးများနှင့် ပါးသိုင်းမွှေးများရှိသည်။သူသည် နဂါးနက်တိုက်ပွဲဝင်သံချပ်ကာကို ဝတ်ဆင်ထားကာ သူ၏လက်ယာဘက်လက်၌ ဆုတောင်းပုတီးတစ်ကုံးကို ကိုင်ထားပြီး သူ၏လက်ဝဲဘက်လက်ဖြင့် လက်စည်းသင်္ကေတတစ်ခုကို ဖွဲ့စည်းထားသည်။သူ့၏နောက်၌ အနက်ရောင်အလင်းဘီးကြီးတစ်ခု ထွက်ပေါ်လာကာ ထိုအရာတွင် တောင်များနှင့်မြစ်များကို ဝါးမြိုနိုင်သည့်စွမ်းအား ရှိပုံရသည်။

"နဂါးနက်... ငါ့အတွက် တိုက်ခိုက်စမ်း"

ပဉ္စမဘုရင်သည် တိုက်ခိုက်မှုစတင်သည်နှင့် အစွမ်းထက်ဆုံးလှုပ်ရှားမှုကို ထုတ်ဖော်အသုံးပြုလိုက်သည်။

အရပ်မျက်နှာအဘက်ဘက်တွင် လေပြင်းများ တဟူးဟူးတိုက်ခိုက်နေကာ ရက်စက်ကြမ်းကြုတ်သော စွမ်းအားလှိုင်းတစ်ရပ်က လုယွီကို ဆုတ်ဖြဲတော့မည့်အလားပင်။

"ပဉ္စမဘုရင်...ဒီကောင်စုတ်လေးကိုသတ်ဖို့အတွက် ငါ့ကို ကူညီပေးခွင့်ပြုပါ"

ကျိုးမိသားစုဘိုးဘေးကလည်း လုယွီကို တိုက်ခိုက်လိုက်သည်။

ဤအချိန်အခိုက်အတန့်၌ သူတို့သည် သူတို့၏နာမည်ဂုဏ်သတင်းကို ဂရုမစိုက်တော့ချေ။သူတို့သည် လုယွီကို သတ်ဖြတ်နိုင်ရန်အတွက် အတူတကွပူးပေါင်းပြီး တိုက်ခိုက်လိုက်ကြ၏။

Chapter 4492

ဤသည်မှာ သတ်ဖြတ်ခြင်းကစားပွဲတစ်ခုအလားပင်။

ခြေလှမ်းတစ်ဝက်တာအိုသခင်နှစ်ယောက် အတူပူးပေါင်း၍ တိုက်ခိုက်နေသဖြင့် ပတ်ဝန်းကျင်ရှိလေဟာနယ် ပုံပျက်စပြုလာသည်။

"မင်းတို့တွေ အတူပူးပေါင်းပြီးတော့ တိုက်ခိုက်ကြစမ်း...."

လုယွီ၏မျက်နှာအမူအယာ အေးစက်တင်းမာနေသည်။ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးချီစွမ်းအားများ ပွင့်အံ့ထွက်လာကာ လေထုအတွင်းသို့ မြင့်တက်သွားသည်။

ထို့နောက် လုယွီသည် သူ၏အင်္ကျီလက်ကြားမှ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို ထုတ်ယူလိုက်သည်။ထိုစည်းတံဆိပ်အတွင်း၌ ပါရှိသော ကြီးမားသည့် ကံကြမ္မာစွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ်မှနေ၍ ပွင့်အံ့ထွက်လာပေ၏။

လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ လေထုအတွင်း၌ နဂါးတစ်ကောင်နှင့်ကျားတစ်ကောင်၏ပုံရိပ်ယောင်များ ထွက်ပေါ်လာပြီး လှည့်ပတ်ပျံသန်းနေသည်။ထိုရွှေရောင်အလင်းတန်းများသည် အလွန်ကြည်လင်ပြီးတောက်ပကာ ရှေးဟောင်းဧကရာဇ်တစ်ပါး ဆင်းသက်လာသည့်အလားပင်။

"ဧကရာဇ်ကံကြမ္မာ...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ကျိုးမိသားစုဘိုးဘေးသည် လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ ကံကြမ္မာစွမ်းအားများကို မြင်တွေ့ချိန်တွင် မယုံကြည်နိုင်မှုကြောင့် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူသည် ကံကြမ္မာစွမ်းအားများအကြောင်းကို အလွန်ကောင်းစွာသိရှိထားပေ၏။ကျိုးကျင်းထန်ထံ၌ပင် ဤမျှထိများပြားသည့် ကံကြမ္မာစွမ်းအားပမာဏမျိုး မရှိခဲ့ချေ။

ဘန်း....

သူတို့သုံးယောက်သည် တိုက်ပွဲအတွင်း၌ ရောယှက်၍ တိုက်ခိုက်လိုက်ရာ ကျိုးမိသားစုဘိုးဘေး၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။

လုယွီ၏ခွန်အားသည် အဆများစွာမြင့်တက်သွားကာ ယခင်နှင့် လုံးလုံးလျားလျားကွဲပြားခြားနားသောအဆင့်သို့ ရောက်ရှိသွားကြောင်း သူ ရှာဖွေတွေ့ရှိမိလေ၏။

ဤကဲ့သို့ လောကကြီးကို ပျက်စီးစေနိုင်သောအရှိန်အဝါတစ်ရပ်သည် သူ၏ခေါင်းထက်သို့ ကျရောက်လာသဖြင့် လောကကြီး၏အဆုံးသတ်သို့ ရောက်ရှိသွားသည့်အလား သူ၏တာအိုနှလုံးသားကို မတည်မငြိမ်ဖြစ်သွားစေသည်။

"မဖြစ်နိုင်ဘူး...ဒါက မဖြစ်နိုင်ဘူး...မင်းက အသက်ဘယ်လောက် ရှိသေးလို့လဲ...မင်းက ဘာလို့ ဒီလောက်ထိ သန်မာအားကောင်းနေတာလဲ"

မည်သို့ပင်ဆိုစေကာမူ ကျိုးမိသားစုဘိုးဘေးသည် ခြေလှမ်းတစ်ဝက်တာအိုသခင်တစ်ယောက်ပင်။အတွေးတစ်ချက်နှင့်အတူ သူ၏စိတ်အတွင်းရှိ မလိုလားအပ်သော အတွေးများအားလုံးကို အလျှင်အမြန်ဖယ်ရှားလိုက်သည်။

သူသည် သူ၏စိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းကာ ရှေးဟောင်းကြေးနီခေါင်းလောင်းတခုကိုထုတ်ယူပြီး အားကုန်ထုနှက်လိုက်သည်။

ရှေးဟောင်းကြေးနီခေါင်းလောင်းသည် တုန်ခါသွားကာ ကျယ်လောင်သောမြည်ဟီးသံကြီးက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

ဤသည်မှာ စကြာဝဠာကြီးတစ်ခုလုံးကိုပြင်းထန်သောမုန်တိုင်းတစ်ခု ဖြတ်သန်းတိုက်ခတ်သွားကာ ရှေ့တွင်ရှိနေသော သက်ရှိများအားလုံးကို ဖျက်ဆီးလိုက်သည့်အလားပင်။

ဤသည်မှာ ဧကရာဇ်အဆင့် မှော်လက်နက်တစ်ခုပင်။ရှေးဟောင်းကြေးနီခေါင်းလောင်း၏အသံသည် အလွန်အမင်းကျယ်လောင်ကာ အရာရာတိုင်းကို ဖျက်ဆီးနိုင်မည့်ပုံရသည်။

"သေခြင်းရှင်ခြင်း သံလိုက်အိမ်မြောင်"

လုယွီသည်လည်း သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်၏။ရုတ်ချည်းဆိုသလိုပင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်မှနေ၍ သေဆုံးခြင်းအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။

မသေမျိုးအဆင့် မှော်လက်နက်တစ်ခုသည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးပင်။ထိုအရာသည် အဆင့်အရ ရှေးဟောင်းကြေးနီခေါင်းလောင်းကို ဖျက်ဆီးနိုင်စွမ်းရှိသည်။လေထုအတွင်း၌ မှော်လက်နက်နှစ်ခု ဖီလာဆန့်ကျင် ရိုက်ခတ်မိကာ အချိန်တိုအတွင်းမှာပင် ပတ်ဝန်းကျင်နေရာတဝိုက်၌ မီးတောက်များဖြင့် ပြည့်နှက်သွားတော့သည်။တစ်စုံတစ်ယောက်သည် မိုးကောင်းကင်ယံသို့ မော့ကြည့်ပါက အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော လေဟာနယ်အက်ကွဲကြောင်းများကို မြင်တွေ့နိုင်ပေမည်။

ရှေးဟောင်းကြေးနီခေါင်းလောင်းသည် ကြေမွှပျက်စီးသွားပေ၏။သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည်လည်း မှေးမှိန်သွားကာ လုယွီက ပြန်လည်သိမ်းဆည်းလိုက်သည်။

"သူ့မှာ မသေမျိုးအဆင့် မှော်လက်နက်တစ်ခု ရှိနေတာပါလား"

ဤအချိန်အခိုက်အတန့်တွင် ကျိုးမိသားစုဘိုးဘေး၏နှလုံးသွေးများ ယိုစီးကျလုမတတ်ပင်။သူသည် ထိုရှေးဟောင်းကြေးနီခေါင်းလောင်းကို သန့်စင်နိုင်ရန်အတွက် အင်အားများစွာစိုက်ထုတ်ခဲ့ရသည်။ဤအရာကို အသုံးပြုလိုက်သော အချိန်အခိုက်အတန့်တွင် ပျက်စီးသွားမည်ဟု သူ တကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။

တခြားတစ်ဖက်တွင် ပဉ္စမဘုရင်သည်လည်း အလဟဿမနေချေ။

သူသည် မြေကမ္ဘာအကြွင်းမဲ့နည်းစနစ်ကိုထုတ်ဖော်အသုံးပြုလိုက်၏။သူ၏လှုပ်ရှားမှုတစ်ခုစီတိုင်းသည် မိုးနှင့်မြေကိုဖျက်ဆီးနိုင်စွမ်းရှိကာ သက်ရှိများအားလုံးကို ဝါးမြိုနိုင်သည့် စွမ်းအားမျိုး ပါရှိသည်။

သို့ရာတွင် ကံအကြောင်းမလှစွာဖြင့် သူ ရင်ဆိုင်ရသူမှာ လုယွီ ဖြစ်နေသည်။

ဤလောကကြီးတွင် မြေကမ္ဘာအကြွင်းမဲ့နည်းစနစ်ကို လုယွီထက် ပို၍နားလည်သဘောပေါက်သူဟူ၍ ရှိမည်မဟုတ်ချေ။

မြေအောက်လောကအတွင်းတွင်ရှိနေသောနည်းစနစ်အများစုကို လုယွီမှဖန်တီးခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ပဉ္စမဘုရင်၏တိုက်ခိုက်မှုများအကြားရှိ ဟာကွက်များကို လုယွီက ထွင်းဖောက်တွေ့မြင်ပြီးဖြစ်သည်။

နောက်ဆုံး၌ လုယွီသည် အခွင့်ကောင်းတစ်ခုကိုရှာဖွေပြီး ကျိုးမိသားစုဘိုးဘေးကို တိုက်ခိုက်ကာ လွင့်ထွက်သွားစေသည်။တစ်ချိန်တည်းမှာပင် သူသည် ပဉ္စမဘုရင်ထံသို့ဦးတည်၍ လက်သီးတစ်ချက်ထိုးနှက်လိုက်၏။

ပဉ္စမဘုရင်၏သံချပ်ကာ ပျက်စီးသွားကာ သူသည် မိုးကောင်းကင်ယံသို့ လက်ညှိုးညွှန်ပြီးအော်ဟစ်လိုက်သည်။

"နတ်ဘုရားရဲ့လက်ဆောင်...."

ပဉ္စမဘုရင်၏ခေါင်းထက်၌ မြေအောက်လောကနတ်ဘုရား၏ ကြီးမားသောဓမ္မပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။

ဤသည်မှာ အလွန်ကြီးကျယ်ခမ်းနားသော ဓမ္မပုံရိပ်ယောင်ကြီးတစ်ခုပင်။

"ဒါက အရမ်းကောင်းတယ်...မြေအောက်လောကနတ်ဘုရားရဲ့အကူအညီနဲ့ဆိုရင် အဲ့ဒီကောင်လေးကို ဒီနေ့သတ်နိုင်မှာ သေချာတယ်"

ကျိုးမိသားစုဘိုးဘေးသည် အလွန်ပျော်ရွှင်သွားပေ၏။သူသည် သူ၏နှုတ်ခမ်းထောင့်မှ သွေးစများကိုသုတ်ကာ ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင်...

မြေအောက်လောကနတ်ဘုရား ဓမ္မပုံရိပ်ယောင်ကြီးသည် ရုတ်တရက် လုယွီ၏နောက်သို့ ပျံသန်းလာသည်။ထို့နောက် အလွန်များပြားသော အမွေးနံ့သာစွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပေ၏။

လုယွီက အေးစက်စက်အော်ငေါက်ပြီးနောက် သူ၏ခန္ဓာကိုယ် ရုတ်တရက် ပြန့်ကားသွားသည်။ထို့နောက် သူ၏ခေါင်းထက်တွင် ဧရာမနတ်ဆိုးနတ်ဘုရားကြီး ထွက်ပေါ်လာပေ၏။ နတ်ဆိုးနတ်ဘုရား၏မျက်နှာအမူအယာသည် လောကကြီးအတွင်းရှိ သက်ရှိများအားလုံးကို အထင်အမြင်သေးစွာဖြင့် ငုံကြည့်နေသည့်အလားပင်။

လုယွီ၏နောက်၌ ကြီးမားသော အလင်းဘီးကြီးတစ်ခု လှည့်ပတ်နေကာ တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်။ထိုအလင်းဘီးကြီး တစ်ကြိမ်လှည့်ပတ်လိုက်သည့်အချိန်တိုင်း သန်းရာနှင့်ချီသောစိတ်ဝိညာဉ်များမှ ကျမ်းစာမန္တန်ရွတ်ဆိုကာ ဆုတောင်းနေသည့်အသံများ ထွက်ပေါ်လာသည်။

နတ်ဆိုးနတ်ဘုရားသည် မီတာသောင်းကျော်မြင့်မားပြီး သူ၏လက်ဝဲဘက်မျက်လုံးအတွင်းတွင် ခရမ်းရောင်မီးတောက်တစ်ခု လူးလွန်နေကာ လက်ယာဘက်မျက်လုံးအတွင်းတွင် အနက်ရောင်ကျင်းနက်ကြီးတစ်ခု ရှိနေသည်။ဤသည်မှာ မြေအောက်လောကနတ်ဘုရား၏ပုံရိပ်ယောင်ဖြစ်ပြီး စွမ်းအားအလွန်ကြီးမားသည်။

"မင်းက ငါ့ကို မွေးစားသားတစ်ယောက်အဖြစ် ခေါ်ချင်တယ်လို့ မင်း ခုဏက ပြောခဲ့တာလား"

လုယွီက ပဉ္စမဘုရင်ကို စူးစိုက်ကြည့်ပြီး ပြောဆိုသည်။

"ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...မင်း အဲ့ဒီစကားကို ငါ့ရှေ့မှာ ထပ်ပြီးပြန်ပြောစမ်း"

Chapter 4993

မြေအောက်လောကနတ်ဘုရားသည် လေဟာနယ်အတွင်း၌ မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေကာ စကြာဝဠာအတွင်းရှိလောကများအားလုံး သူ၏ခြေဖဝါးအောက်၌ ရှိနေသည့်အလားပင်။

ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောအရှိန်အဝါသည် မိုးနှင့်မြေကို လှုပ်ခတ်နိုင်စွမ်းရှိပေ၏။မီတာသုံးသောင်းကျော်ခန့် ကြီးမားသောဓမ္မပုံရိပ်ယောင်ကြီးသည် လူအများအား အလွန်ကြီးမားသော အမြင်အာရုံသက်ရောက်မှုကို ပေးစွမ်းနိုင်သည်။ခြေလှမ်းတစ်ဝက်တာအိုသခင်များဖြစ်သည့်တိုင် ပဉ္စမဘုရင်နှင့်ကျိုးမိသားစုဘိုးဘေးတို့သည် နေရာမှာပင် တောင့်တင်းနေကာ မလှုပ်ရှားဝံ့ချေ။

မြေအောက်လောကနတ်ဘုရားရဲ့ဓမ္မပုံရိပ်ယောင်က ဘာလို့ မင်းရဲ့ခန္ဓာကိုယ်ပေါ်ကို ပျံသန်းသွားတာလဲ"

ပဉ္စမဘုရင်၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။သူ၏ခန္ဓာကိုယ်အတွင်းရှိ ယင်ချီစွမ်းအားများ ပြင်းပြင်းထန်ထန်တုန်ခါစပြုလာကာ အချိန်မရွေး ပျက်ပြယ်သွားတော့မည်အလားပင်။

မကြုံစဖူး ထိတ်လန့်ကြောက်ရွံ့သော ခံစားချက်မျိုးက သူ၏စိတ်နှလုံးသားအတွင်းသို့ တိုးဝင်လာသည်။ဤကဲ့သို့ခံစားချက်မျိုးကို ယခင်က သူ တစ်ကြိမ်တစ်ခါမျှ ခံစားခဲ့ဖူးခြင်းမရှိချေ။

မြေအောက်လောကနတ်ဘုရားသည် မြေအောက်လောကတစ်ခုလုံး၏အုပ်ချုပ်သူအရှင်ပင်။သူသည် ဘုရင်တပါးဖြစ်သည့်တိုင် မြေအောက်လောကနတ်ဘုရား၏ရှေ့တွင်သူ၏ခေါင်းကို အောက်သို့ငုံကာ နာခံရိုကျိုးစွာဖြင့် ဦးညွှတ်အရိုအသေပြုရပေမည်။

အကန့်အသတ်မဲ့ကျယ်ဝန်းသော မြေအောက်လောကအတွင်း၌ သန်းရာနှင့်ချီသောသက်ရှိများရှိသည်။မြေအောက်လောကနတ်ဘုရားသည် ထိုနေရာတွင် တစ်ပါးတည်းသောနတ်ဘုရားဖြစ်ပြီး မြေအောက်လောကမှသက်ရှိများအားလုံး၏ကံကြမ္မာစွမ်းအားများ သူ့ထံ၌ စုဝေးနေသည်။

"ငါ မင်းကို အခွင့်အရေးတစ်ခုပေးပြီးပြီ...အခုအချိန်မှာ မင်းက ဘာလို့ စကားမပြောတော့တာလဲ"

လုယွီက ပဉ္စမဘုရင်၏မျက်နှာကို ပါးတစ်ချက်ဖြတ်ရိုက်လိုက်သည်။

ပဉ္စမဘုရင်သည် သူ၏ဦးနှောက်​များ ပေါက်ထွက်သွားသည့်အလား မူးဝေမှုကို ခံစားလိုက်ရကာ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ နဂါးနက်မှ ဒေါသတကြီးဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ သူ၏ခွန်အားကို မြှင့်တင်လေသည်။သူသည် သူ၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံ့မှုများကိုဖယ်ရှားကာ တုံ့ပြန်တိုက်ခိုက်လိုသည်။

သို့ရာတွင် လုယွီ၏ခွန်အားသည် သူ့ထက် များစွာပို၍သာလွန်နေသည်။မြေအောက်လောကနတ်ဘုရား၏ကြီးမားသောလက်ဝါးကြီး ကျဆင်းလာကာ ရိုက်ချက်တစ်ချက်ကို ထပ်မံထုတ်လွှတ်လိုက်ခြင်းနှင့်အတူ သူ၏မှော်မန္တန်များအားလုံးကို ဖိနှိပ်လိုက်၏။

လုယွီ၏ခွန်အားသည် မိုးနှင့်မြေကို ဖျက်ဆီးတော့မည့်အလားပင်။အမှန်အားဖြင့် အရင်းအမြစ်အရာတွင် သူသည် ပဉ္စမဘုရင်အသုံးပြုသော နည်းစနစ်များအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည်။

ပဉ္စမဘုရင်၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။ထို့ပြင် သူ၏ခန္ဓာကိုယ်အတွင်းရှိ ယင်ချီများကို လှည့်ပတ်နိုင်ခြင်းမရှိတော့ကြောင်း သူ ရှာဖွေတွေ့ရှိမိလေ၏။ထိုယင်ချီများအားလုံးသည် ပြတ်တောက်သွားသောအခြေအနေသို့ ရောက်ရှိသွားလေပြီ။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားအရှိန်အဝါတစ်ရပ်က သူ၏မျက်နှာကို လာရောက်ရိုက်ခတ်သည်။ဤသည်မှာ မြေပြင်ပြိုလဲပြီး တောင်များပျက်စီးသွားစေလုမတတ်အလွန်ပြင်းထန်ကာ ဟန့်တား၍မရနိုင်​ချေ။

ခရက်....ခရက်...ခရက်...

ပဉ္စမဘုရင်၏ခန္ဓာကိုယ်မှနေ၍ အက်ကွဲသံများထွက်ပေါ်လာသည်။

ထိုက်တောင်ကြီးကဲ့သို့လေးလံသော ဖိအားအရှိန်အဝါတစ်ရပ်သည် ပဉ္စမဘုရင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပေ၏။ ပဉ္စမဘုရင်သည် လုယွီ၏ရှေ့၌ တစ်ဖက်ထောက်ရန် ဖိအားပေးခြင်းခံရကာ အရှက်တကွဲအခြေအနေမျိုးသို့ ကျရောက်သွားသည်။

ကျိုးမိသားစုဘိုးဘေးသည်လည်း ထိတ်လန့်တုန်လှုပ်နေသည်။

ဤသည်မှာ မြေအောက်လောကမှ သူ ဖိတ်ခေါ်လာခဲ့သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူပင်။ ပဉ္စမဘုရင် မည်မျှထိ သန်မာအားကောင်းသည်ကို သူ ကောင်းစွာသိရှိထားသည်။

သို့ရာတွင် သူ့ရှေ့ရှိမြင်ကွင်းသည် သူ့စိတ်ကူးယဥ်တွေးတောထားသည်နှင့် လုံးလုံးလျားလျားကွဲပြားခြားနားနေသည်။ပဉ္စမဘုရင်ကဲ့သို့ အလွန်သန်မာအားကောင်းသူတစ်ယောက်ပင်လျှင် လုယွီ၏လက်အောက်၌ ရှုံးနိမ့်သွားပေ၏။

ကျိုးမိသားစုဘိုးဘေးသည် ဤကိစ္စကို လက်ခံနိုင်ခြင်းမရှိချေ။သူသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ လုယွီကိုတိုက်ခိုက်ရန်အတွက် မှော်မန္တန်တစ်ပုဒ်ကို ရေရွတ်လိုက်သည်။သို့ရာတွင် သူ၏တိုက်ခိုက်မှုကို လုယွီက လွယ်လင့်တကူဖိနှိပ်လိုက်၏။

မီတာသုံးသောင်းကျော်မြင့်မားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် လေဟာနယ်အတွင်း၌ မားမားမတ်မတ်တည်ရှိနေသည်။လုယွီ၏အလွန်ပြင်းထန်သောသွေးချီစွမ်းအားများသည်လည်း လေထုအတွင်းသို့ မြင့်တက်နေပေ၏။

အား...

ပဉ္စမဘုရင်က အဆက်မပြတ် အော်ဟစ်ကြုံးဝါးလိုက်သည်။သူ၏ဧရာမခန္ဓာကိုယ်ကြီး တဖန်ပြန်၍ဖောင်းကြွလာကာ လုယွီ၏ထိန်းချုပ်ထားမှုအောက်မှ လွတ်မြောက်နိုင်ရန် ကြိုးစားနေသည်။

သို့ရာတွင် လုယွီသည် သူ၏လက်ကို အောက်သို့ဖိနှိပ်လိုက်ခြင်းနှင့်အတူ ပဉ္စမဘုရင်သည် ဖိအားအရှိန်အဝါအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိတော့ချေ။သူသည် လုယွီ၏ရှေ့၌ ဒူးထောက်နေရုံသာ တက်နိုင်တော့သည်။ သူ၏ပါးစပ် အက်ရှရှအော်သံများ ထွက်ပေါ်နေသည်မှလွဲ၍ သူသည် မတ်တတ်ထရပ်နိုင်စွမ်းပင် မရှိတော့ပေ။

လုယွီသည် သူတစ်ယောက်တည်းဖြင့် ခြေလှမ်းတစ်ဝက်တာအိုသခင်နှစ်ယောက်ကို ဖိနှိပ်ထားနိုင်ခဲ့သည်။အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက ကောင်းကင်ဘုံနယ်မြေတခွင်လုံး တုန်ခါသွားစေရန် လုံလောက်သည်။

ပဉ္စမဘုရင်၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ်ရှိနေသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်ကြီးမားသော ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

"ငါက မြေအောက်လောကနတ်ဘုရား ခန့်အပ်ထားတဲ့ ဘုရင်တစ်ပါးပဲ...မြေအောက်လောကနတ်ဘုရားက ဘာလို့ မင်းကို ရွေးချယ်ခဲ့တာလဲ"

ပဉ္စမဘုရင်၏စိတ်နှလုံးသားအတွင်းတွင် အတွေးများဖြင့် ပြည့်နှက်နေသည်။တစ်ခါတရံ၌ သူ ဒေါသထွက်နေကာ တစ်ခါတရံ၌ သူ ထိတ်လန့်ကြောက်ရွံ့နေသည်။သူ၏မျက်လုံးအတွင်း၌ ဝေခွဲရခက်သော အရိပ်အယောင်များထင်ဟပ်နေကာ သူသည် ယခင်ကဲ့သို့ မောက်မောင်ထောင်လွှားနိုင်ခြင်း မရှိတော့ချေ။

တခြားတစ်ဖက်တွင် ကျိုးမိသားစုဘိုးဘေးသည် သွေးအန်လုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။လုယွီကို ရင်ဆိုင်နိုင်ရန်အလို့ငှာသူ၏ဝှက်ဖဲများအားလုံးကို ထုတ်ဖော်အသုံးပြုခဲ့သည်။သို့ရာတွင် ကိစ္စများသည် သူ၏ဆန္ဒနှင့် ဆန့်ကျင်ဘက်နိုင်နေပြီး လုယွီသည် သူ့အား ဖိနှိပ်ထားနိုင်ဆဲပင်။

"လုသိုက်...ငါ ဘယ်သူလဲဆိုတာ မင်း သေချာကြည့်စမ်း"

လုယွီ၏အော်သံသည် အလွန်ကျယ်လောင်ပေ၏။ပဉ္စမဘုရင်နှင့်ကျိုးမိသားစုဘိုးဘေးတို့၏ခန္ဓာကိုယ်များ တုန်ရီသွားကာ သူတို့နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရရှိထားကြသည်။

ပဉ္စမဘုရင်သည် ထိုစကားကိုကြားချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို တွေးသောမိသွားသည်။သူသည် သူ၏ခေါင်းကို ချက်ချင်းမော့ကာ လုယွီထံသို့ ကြည့်လိုက်၏။

Chapter 4494

လုယွီ၏ပုံရိပ်သည် မြေအောက်လောကနတ်ဘုရား၏ အလွန်ကြီးမားသောပုံရိပ်ယောင်ကြီးအောက်၌ ပုန်းအောင်းနေကာ သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း ဝေဝါးနေစေသည်။

သို့ရာတွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ခေါင်းထက်၌ နတ်ဘုရားစည်းတံဆိပ်တစ်ခု မျောလွင့်နေသည်။ထိုအရာမှနေ၍ အကန့်အသတ်မရှိသော နတ်ဘုရားအလင်းရောင်များ ဖြာထွက်နေကာ အလွန်အမင်းတောက်ပသည်။

ဤနတ်ဘုရားစည်းတံဆိပ်ကို ကြည့်ရသည်မှာ မိုးကောင်းကင်ယံအတွင်း၌ မျောလွင့်နေသော အရိုးစုတစ်ခုနှင့် တူညီနေသည်။ယင်ချီစွမ်းအား များသည် အရပ်မျက်နှာအဘက်ဘက်သို့ မျောလွင့်နေကာ ထိုအရာအတွင်းမှနေ၍ တိုညှင်းသောငိုကြွေးမြည်တမ်းတမ်းများ ထွက်ပေါ်နေပေ၏။

ဤသည်မှာ နတ်ဘုရားတစ်ပါး၏အထိမ်းအမှတ်သင်္ကေတပင်။နတ်ဘုရားတိုင်းတွင် တမူထူးခြားသော အမှတ်အသားတစ်ခုစီရှိသည်။

ပဉ္စမဘုရင်သည် နေရာမှာပင် တောင့်တင်းနေပေ၏။သူ၏မျက်လုံးများ ပြူးကျယ်နေကာ မယုံကြည်နိုင်စွာဖြင့် နတ်ဘုရားစည်းတံဆိပ်ကို စူးစိုက်၍ကြည့်နေသည်။

"အရှင်ဧကရာဇ်.. အရှင် အသက်ရှင်နေတုန်းပဲလား..."

ပဉ္စမဘုရင်၏အသံ တုန်ရီနေသည်။

ပဉ္စမဘုရင်၏စကားကိုကြားချိန်တွင် ကျိုးမိသားစုဘိုးဘေးသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

အရှင်ဧကရာဇ်ဟု ခေါ်လိုက်သလော...

မြေအောက်လောကနယ်မြေ၏အရှင်သည် မည်သူ ဖြစ်သနည်း...

သေဆုံးသွားသော မြေအောက်လောကတာအိုသခင်မှလွဲ၍ မြေအောက်လောက၏ဧကရာဇ်ဟု ခေါ်ဆိုခံရနိုင်သော ဂုဏ်ပုဒ်မျိုးသည် တခြားမည်သူတစ်ဦးတစ်ယောက်ထံတွင်​မျှ မရှိနိုင်ချေ။

"မင်းက ရွှမ်းမင်လား...မင်း သေသွားပြီမဟုတ်လား""

ကျိုးမိသားစုဘိုးဘေးသည် အံ့အားတသင့်အော်ဟစ်လိုက်ကာ သူ၏နှလုံးခုန်နှုန်းများ အလွန်အမင်းလျှင်မြန်နေသည်။

ဤသည်မှာ သူ မျှော်လင့်မထားမိသော ကိစ္စတစ်ရပ်ပင်။

သူ ရိုသေလေးစားစွာ ဖိတ်ခေါ်ခဲ့သော မြေအောက်လောက၏ဘုရင်သည် လုယွီ၏ရှေ့၌ ဒူးထောက်ကာ လုယွီကို အရှင်ဧကရာဇ်ဟု ခေါ်ဆိုသုံးနှုန်းနေခဲ့သလော....

မြေအောက်လောကနတ်ဘုရား ဓမ္မပုံရိပ်ယောင်ကြီးသည် လေထုအတွင်း၌ မျောလွင့်နေကာ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်သွားပြီး သူနှင့်အတူ ပေါင်းစပ်သွားပေ၏။

ဤသည်မှာ ဖြစ်နိုင်​ချေတစ်ခုတည်းသာ ရှိတော့သည်။သူ့ရှေ့တွင်ရှိနေသော လုယွီသည် အတိတ်တွင် ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို တုန်ခါစေခဲ့သော မြေအောက်လောကတာအိုသခင် ဖြစ်ပေမည်။

ကောလာဟာလများအရ မြေအောက်လောကတာအိုသခင်ရွှမ်းမင်နှင့် ကောင်းကင်ဘုံဧကရာဇ် ကျိုးထျန်းယင်တို့ အတူတကွ ကြွေလွင့်သွားခဲ့သည်။သူတို့နှစ်ယောက် သေဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သို့ရာတွင် မြေအောက်လောကတာအိုသခင်သည် အမှန်တကယ် အသက်ရှင်သန်နေသလော...

လုယွီသည် မည်သည်ကြောင့် ဤကဲ့သို့ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အလွန်ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားကာ သူနှင့်သက်တူရွယ်တူများထက် များစွာပို၍သာလွန်နေသည်ကို ကျိုးမိသားစုဘိုးဘေးသည် နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေပြီ။

အရာရာတိုင်းသည် အဓိပ္ပါယ်ရှိစေ၏။

အကယ်၍ လုယွီသည် အမှန်တကယ်ကို မြေအောက်လောကတာအိုသခင်ဖြစ်နေပါက သူသည် အတိတ်တွင် ကောင်းကင်ဘုံနယ်မြေ၏ နံပါတ်တစ်ထိပ်သီးပါရမီရှင်ပင်။ယခုအချိန်၌ သူ တဖန်ပြန်၍ မြင့်တက်လာသည်မှာ အဓိပ္ပါယ်ရှိသည်။

ကျိုးမိသားစုဘိုးဘေးက သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည့်အလား ခံစားမိသည်။

ရုတ်တရက် သူသည် လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို အာရုံခံမိပေ၏။

"မကောင်းတော့ဘူး...."

ကျိုးမိသားစုဘိုးဘေးသည် နောက်သို့ချာခနဲလှည့်ပြီး ထွက်ပြေးခဲ့တော့သည်။

ကျိုးမိသားစုဘိုးဘေးသည် သူ မသိသင့်သော ကိစ္စတစ်ခုကို သိခဲ့ရပြီဖြစ်ကြောင်း နားလည်သဘောပေါက်သည်။

သို့ရာတွင် လုယွီသည် မည်သည်ကြောင့် သူ့အား အလွတ်ပေးမည်နည်း။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ခြေတစ်လှမ်းရှေ့တက်ကာ ကျိုးမိသားစုဘိုးဘေးထံ ဦးတည်ပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဤလက်သီးချက်၏စွမ်းအားသည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ လွှမ်းမိုးချုပ်ကိုင်နိုင်ပေ၏။ ထိုအရာသည် လေထုကိုဖြတ်သန်းသွားကာ လမ်းကြောင်းတလျှောက်တွင်ရှိသော အရာရာတိုင်းကို ဖျက်ဆီးလိုက်သည်။

ကျိုးမိသားစုဘိုးဘေးသည် နောက်သို့ပြန်လှည့်ကြည့်ပြီးနောက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူ၏လက်ဝါးအတွင်းမှနေ၍ အကန့်အသတ်မရှိသော မှော်စွမ်းအားများ ပွင့်အံ့ထွက်လာကာ လုယွီ၏ပြင်းထန်သောတိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားရန် ကြိုးစားလိုက်သည်။

ဘန်း...

လုယွီ၏လက်သီးချက်တွင် လေဟာနယ်ကိုပင် ဖျက်ဆီးနိုင်သော အားလှိုင်းတစ်ရပ် ပါဝင်နေသည်။ဤလက်သီးချက်သည် အလွန်ပြင်းထန်ပြီးခန့်မှန်းရခက်ကာ တောင်များနှင့်မြစ်များကို တုန်ခါစေနိုင်သော အားလှိုင်းတစ်ရပ်ပါဝင်သည်။

အား....

ကျုံးမိသားစုဘိုးဘေးထံမှ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကြိုးပြတ်သွားသော စွန်တစ်ခုအလား လွင့်ထွက်သွားကာ သူ၏အရိုးများ ကျိုးပဲ့သွားသည်။သူ၏နံရိုးများ အတွင်းသို့​ဝင်သွားကာ သူ၏ပါးစပ်မှ သွေး​အမြောက်အများ အန်ထွက်လာပေ၏။

"အရာအားလုံးက နားလည်မှုလွဲတာပါ...မင်းက မြေအောက်လောကတာအိုသခင်ဆိုတာ ငါ မသိခဲ့ဘူး...ငါ မင်းဆီမှာ အညံ့ခံဖို့ ဆန္ဒရှိပါတယ်"

ကျိုးမိသားစုဘိုးဘေးက ခွင့်လွှတ်မှုရရှိရန်အတွက် အသနားခံတောင်းပန်လေသည်။

အတိတ်တွင် မြေအောက်လောကတာအိုသခင် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ အလွန်ကောင်းစွာသိရှိထားသည်။

စစ်ဗိုလ်ချုပ်တစ်ယောက်၏အောင်မြင်မှုသည် ထောင်သောင်းချီသော အရိုးများပေါ်မှ နင်းလျှောက်လာခဲ့ရခြင်းပင်။အတိတ်တွင် လုယွီ၏လက်အတွင်း၌ မရေမတွက်နိုင်သော ပြိုင်ဘက်ကင်းထိပ်သီးကျင့်ကြံသူများ ကြွေလွင့်ခဲ့ရသည်။သူဟူသော ကျိုးမိသားစုဘိုးဘေးသည် အောင်မြင်မှုတချို့ ရရှိထားသူဖြစ်သည့်တိုင် ကောင်းကင်ဘုံနယ်မြေအတွင်း၌အစွမ်းထက်ဆုံး တာအိုသခင်၏ရှေ့တွင် အသေးအမွှားသာဖြစ်သည်။

"ဒါက အရမ်းနောက်ကျသွားပြီ"

လုယွီ၏စကားများသည် ကျိုးမိသားစုဘိုးဘေး၏ကံကြမ္မာကို ထုတ်ပြန်ကြော်ညာလိုက်သည့်အလားပင်။

သူ လက်သီးတစ်ချက် ထပ်မံ၍ထိုးနှက်လိုက်ခြင်းနှင့်အတူ ကျယ်လောင်သော တုန်ခါသများမြည်ဟီးလာကာ နဂါးတကောင်နှင့်ကျားတစ်ကောင်တို့၏ဟိန်းဟောက်သံများလည်း ရောယှက်နေသည်။သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် လေထုအတွင်းသို့မြင့်တက်နေကာ တောင်များနှင့်မြစ်များကို ဝါးမြိုတော့မည့်အလားပင်။

အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ကျိုးမိသားစုဘိုးဘေးပေါ်သို့ ကျရောက်လာသည်။ သူ့၏ခန္ဓာကိုယ်သည် လုယွီ၏လက်သီးချက်ကြောင့် ချက်ချင်းကြေမွှပျက်စီးသွားပေ၏။

ချင်အင်ပါယာ၏ကံကြမ္မာစွမ်းအားများမှ မြှင့်တင်ပေးမှုအောက်တွင် လုယွီ၏ခွန်အားသည် သိုင်းပညာအင်မော်တယ်နယ်ပယ် မဟာပြီးပြည့်စုံခြင်းအဆင့်ထိ မြင့်တက်လာခဲ့သည်။ ဤသည်မှာ အစောပိုင်းတာအိုသခင်နယ်ပယ်တစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်သဖြင့် ခြေလှမ်းတစ်ဝက်တာအိုသခင်တစ်ယောက်ကို သတ်ဖြတ်ရန်မှာ အလွန်လွယ်ကူသည်။

ခြေလှမ်းတစ်ဝက်တာအိုသခင်နှင့် အစစ်အမှန်တာအိုသခင်အကြားတွင် အဆင့်တစ်ဆင့်သာ ခြားနားသော်လည်း ကွာဟချက်မှာ မိုးနှင့်မြေတမျှပင်။

Chapter 4495

"မုန်းဖို့ကောင်းလိုက်တာ...ငါ မင်းကို အရမ်းမုန်းတယ်"

ကျိုးမိသားစုဘိုးဘေးထံတွင် နောင်တများ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။သူသည် လုယွီကို ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့မိသည့်အတွက် နောင်တရနေမိသည်။

သူသည် ယခင်က အလွန်အမင်းယုံကြည်ချက်ခိုင်မာခဲ့ပေ၏။မြေအောက်လောကနယ်မြေ၏ဘုရင်တစ်ပါးသည် လုယွီကို လွယ်လင့်တကူ ခြေမွှဖျက်ဆီးနိုင်မည်ဟု သူ တွေးထင်ခဲ့သည်။

သို့ရာတွင် ကျိုးမိသားစုဘိုးဘေးသည် ဤတစ်ကြိမ်၌ သူသည် သံမဏိပြားကြီးကို ဆောင့်ကန်ခဲ့မိမည်ဟု တွေးထင်ထားမိခြင်းမရှိချေ။သူသည် အမှန်တကယ်ကိုပင် မြေအောက်လောကနယ်မြေ၏တာအိုသခင်နှင့် ပက်ပင်းရင်ဆိုင်မိလေ၏။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ အစဥ်အမြဲတံခါးပိတ်ကျင့်ကြံကာ အလွန်အမင်းရိုသေလေးစားခြင်းခံရသော မွန်းစတားအိုကြီးများပင်လျှင် မြေအောက်လောကတာအိုသခင်ကို ကြည်ညိုလေးစားကြသည်။

သူသည် မောက်မာထောင်လွှားပြီး အကြောက်အလန့်ကင်းမဲ့ခဲ့သည်မှာ အလွန်ရယ်ရွှင်ဖွယ်ကောင်းပေ၏။သူသည် လုယွီ၏ရှေ့၌ မဆင်မခြင် အော်ဟစ်ခဲ့သည်။

ဘန်း....

လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားကာ ကျိုးမိသားစုဘိုးဘေး၏စိတ်ဝိညာဥ်ကို ခြေမွှဖျက်ဆီးလိုက်သည်။

ကျိုးမိသားစုဘိုးဘေးသည် မည်သည့်ဘက်မှရပ်တည်သည်ဖြစ်စေ လုယွီ၏မိသားစုကို ထိတွေ့ဝံ့သူဖြစ်သဖြင့် သူ၏ပြောင်းပြန်ကြေးခွံကို ထိတွေ့မိပြီးဖြစ်သည်။

ဤသည်မှာ မည်သူတစ်ဦးတစ်ယောက်ကို​မျှ သူ ထိတွေ့ခွင့်မပြုသော တားမြစ်ချက်ပင်။

အကယ်၍ နတ်ဘုရားများနှင့်ဗုဒ္ဓများ ဆင်းသက်လာလျှင်ပင် သူသည် သူတို့အားလုံးကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ပစ်ပေမည်။

"အရှင်ဧကရာဇ် ကျေးဇူးပြုပြီးတော့ ဒေါသကိုထိန်းပါဦး....ဒီငယ်သားက မဆင်မခြင်လုပ်ခဲ့မိတယ်...အရှင်ရဲ့သရုပ်မှန်ကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့မိဘူး"

ပဉ္စမဘုရင်သည် ထိတ်လန့်ကြောက်ရွံစွာဖြင့်မြေပြင်ပေါ်၌ ဝတ်တွားနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

အစောပိုင်းက သူ့ရှေ့တွင်ရှိနေသော ကျိုးမိသားစုဘိုးဘေးသည် အချိန်တခဏအတွင်းတွင် လောကကြီးအတွင်းမှ ပျောက်ကွယ်သွားလေပြီ။အထူးသဖြင့် သူသည် လုယွီ၏သရုပ်မှန်ကို သိရှိပြီးနောက် အသက်ရှင်သန်ခွင့် မရှိတော့ချေ။ထို့ကြောင့် ပဉ္စမဘုရင်၏စိတ်နှလုံးသားအတွင်းရှိ ထိတ်လန့်ကြောက်ရွံ့မှုများ ပို၍ပြင်းထန်လာသည်။

လုယွီက ပဉ္စမဘုရင်ကို စူးစိုက်၍ကြည့်လိုက်သည်။သူ၏မျက်နှာပေါ်တွင် မည်သည့်အမူအယာမျှမရှိဘဲ တည်ငြိမ်နေပေ၏။

အချိန်အတော်ကြာပြီးနောက် လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။

"လုသိုက်....အတိတ်မှာတုန်းက မင်းက နေလမြင့်မြတ်နယ်မြေရဲ့ လိုက်လံဖမ်းဆီးတာကို ခံခဲ့ရပြီးတော့ မင်းရဲ့အသက်က ဆံချည်မျှင်တစ်ချောင်းစာပဲ ကျန်တော့တယ်...ငါက မင်းကိုကယ်တင်ပြီးတော့ အသက်ရှင်စေခဲ့တဲ့လူ မဟုတ်လား...."

"အမှန်ပါပဲ...ဒါတွေအားလုံးက အရှင်ဧကရာဇ် ငါ့ကိုပေးသနားတဲ့ဆေးလုံးကို ကျေးဇူးတင်ရမယ်...မဟုတ်ရင် ငါက အရိုးစုကြီးဖြစ်သွားတာ အချိန်အ​တော်ကြာနေလောက်ပြီ"

ပဉ္စမဘုရင်၏မျက်နှာပေါ်တွင် ရှက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"မင်း နယ်မြေသခင်နယ်ပယ်ကို ချိုးဖျက်တဲ့အချိန်တုန်းက မင်းရဲ့အခြေခံအုတ်မြစ် အားနည်းနေခဲ့တယ်....ငါကမင်းရဲ့ ကျင့်ကြံဆင့်မြှင့်တင်မှုကို ဝင်ရောက်စွက်ဖက်ပြီးတော့ မင်း ကျင့်ကြံဆင့်ချိုးဖျက်နိုင်အောင် ကူညီပေးခဲ့တဲ့လူ မဟုတ်လား...."

လုယွီက ပြောဆိုသည်။

"ဒါက အမှန်ပဲ....တကယ်လို့ အရှင်ရဲ့ဝင်ရောက်စွက်ဖက်မှုကြောင့်သာမဟုတ်ရင် ငါက တန်ပြန်ဒဏ်ခံစားရပြီးတော့ အခုလက်ရှိ ကျင့်ကြံဆင့်နယ်ပယ်ထိရောက်အောင် စွမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူး"

ပဉ္စမဘုရင်က သူ၏ခေါင်းကို အောက်သို့ငုံလိုက်သည်။

"အတိတ်မှာတုန်းက မင်းရဲ့လုမိသားစုက ငရဲနယ်မြေငယ်လေးတစ်ခုကို နှိမ်နင်းတဲ့နေရာမှာရှုံးနိမ့်ခဲ့တယ်...မင်းတို့ရဲ့ လှောင်အိမ်ထဲကနေ သန်းနဲ့ချီတဲ့ သရဲတစ္ဆေတွေ လွတ်မြောက်သွားပြီးတော့ မင်းတို့လုမိသားစုကို ဖျက်ဆီးချင်ခဲ့တယ်.. ငါက ရှေ့ထွက်ပြီးတော့ အဲ့ဒီသရဲတစ္ဆေတွေကိုမောင်းထုတ်ပြီး မင်းတို့လုမိသားစုက လူတွေရဲ့အသက်ကို ကယ်တင်ခဲ့တဲ့လူ မဟုတ်လား..."

လုယွီက မေးမြန်းသည်။

ပဉ္စမဘုရင်၏မျက်နှာအမူအယာသည် ပြိုလဲလုဆဲဆဲဖြစ်နေကာ သူ၏ခေါင်းဖြင့် မြေပြင်ကိုပြင်းပြင်းထန်ထန်တိုက်လိုက်၏။ဘန်းခနဲမြည်သံကြီးတစ်သံထွက်ပေါ်လာပြီးနောက် သူက ပြောဆိုသည်။

"အရှင်ဧကရာဇ်က ငါ့အတွက် ဒီကိစ္စတွေကို လုပ်ပေးခဲ့ပြီးတော့ လုမိသားစုကို မျက်နှာသာပေးခဲ့တယ်....ငါ လုသိုက်က အရှင့်ကို ဘယ်တုန်းကမှ ကျေးဇူးပြန်မဆပ်နိုင်ခဲ့ဘူး...ငါက သေဖို့ထိုက်တန်ပါတယ်...ကျေးဇူးပြုပြီးတော့ ငါ့ကို အပြစ်ပေးပါ"

လုယွီက အေးစက်တင်းမာသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"မင်း သိထားသမျှ အရာအားလုံး ငါ့ကို ပြောပြစမ်း"

ပဉ္စမဘုရင်သည် တုံ့ဆိုင်းနေဝံ့ခြင်းမရှိသဖြင့် မြေအောက်လောကနယ်မြေတွင် ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းနှင့်ပတ်သက်ပြီး အလျင်စလိုပြောပြလေ၏။

မြေအောက်လောကတာအိုသခင် သေဆုံးသွားပြီးနောက် ရှန်လင်းလုံသည် လုယွီ၏နာမည်ကိုအသုံးပြုပြီး မြေအောက်လောကကို အုပ်ချုပ်ခဲ့သည်။

သို့ရာတွင် တာယွီတော်ဝင်နန်းတွင်းသည် လူသားဧကရာဇ်ဓားကို အသိအမှတ်ပြုသော်လည်း မြေအောက်လောကသည် ရှန်လင်းလုံ၏အဆင့်အတန်းကို အသိအမှတ်မပြုချေ။

မြေအောက်လောကနယ်မြေအတွင်း၌ လျှို့ဝှက်အင်အားစုများ လှုပ်ရှားနေကာ လူအမြောက်အများ မငြိမ်မသက်ဖြစ်နေကြသည်။

ရှန်လင်းလုံသည် သူမ၏စွမ်းအားနှင့်အခွင့်အာဏာကိုပြသရန်အလို့ငှာ အားနည်းသော တည်ကြက်တစ်ကောင်ကိုရွေးချယ်ခဲ့သည်။သူမ ပထမဆုံးရွေးချယ်ခဲ့သူမှာ ယဲ့ရွှယ်လန်ပင်။

ယဲ့ရွှယ်လန်သည် မြေအောက်လောကတာအိုသခင်၏နံဘေး၌ အစဉ်အမြဲနေထိုင်ခဲ့သူဖြစ်ပြီး 'မဟာအကြံပေး'နှင့် 'တော်ဝင်အမျိုးသမီး'ဟူသော ဘွဲ့ထူးများကို ရရှိထားသည်။သူမ တည်ရှိနေခြင်းကြောင့် အင်အားစုအမြောက်အများသည် ဟန်ချက်ညီသောဆက်သွယ်မှုကို ထိန်းသိမ်းထားနိုင်ပေ၏။

သို့ရာတွင် ယဲ့ရွှယ်လန်သည် အားနည်းသူတစ်ယောက်ပင်။

အတိတ်တွင် မြေအောက်လောကတာအိုသခင်၏ ကာကွယ်ပေးမှုရှိနေသဖြင့် သူမအား မည်သူတစ်ဦးတစ်ယောက်ကမျှ ရန်စစော်ကားဝံ့ခြင်းမရှိချေ။သို့ရာတွင် မဟာတိုက်ပွဲကြီးအဆုံးသတ်သွားချိန်၌ ယဲ့ရွှယ်လန်သည် သူမ၏အကာအကွယ်ကို ဆုံးရှုံးသွားခဲ့ကာ ရှန်လင်းလုံ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

အနက်ရောင်အသူရာခန်းမသည် ရှန်လင်းလုံကြောင့် လွင့်ထွက်သွားကာ အောက်ဘုံအတွင်းသို့ ကျရောက်သွားပေ၏။

လုယွီသည် ဤစကားများကိုကြားချိန်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ နာကျင်လာမှုကို ခံစားမိသည်။

သူသည် အတိတ်တွင် အောက်ဘုံအတွင်း၌ အနက်ရောင်အသူရာခန်းမကို ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုအဖြစ် မြင်တွေ့ခဲ့ရသည်။

ယဲ့ရွှယ်လန်၏အလောင်းသည် ထိုအပျက်အစီးနယ်မြေအတွင်း၌ လဲလျောင်းနေဆဲဖြစ်ကာ သူမ၏ပုံပန်းသွင်ပြင်သည် ယခင်အတိုင်းထပ်တူထပ်မျှပင်။

All Chapters