အခန်း (၄၅၀၁-၄၅၀၅)
Vol. 228 Ch. 4501-4505
Chapter 4501
ဘုန်း....
နောက်ထပ် ကောင်းကင်ပုံကပ်ဘေးမိုးကြိုးလှိုင်းတလှိုင်း ကျရောက်လာက လန်ဝူရှင်း၏အသားများကို ကွဲထွက်သွားစေသည်။
"ဒါက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးရဲ့အဋ္ဌမဆင့်ကို ရောက်သွားပြီ"
"နဝမအဆင့်က အမြင့်ဆုံးပဲ...ဖြစ်နိုင်တာတော့ သူက အားအကောင်းဆုံး နဝမအဆင့်ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ချိုးဖျက်ချင်တာလား"
ပတ်ဝန်းကျင်တွေရှိနေသော လူများသည် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြ၏။
ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် ထပ်မံ၍ ထိုင်ကြည့်မနေနိုင်တော့ချေ။သူတို့သည် နတ်ဘုရားစိတ်အာရုံများကို အသုံးပြုကာ ထိုနေရာရှိမြင်ကွင်းကို စောင့်ကြည့်လိုက်ကြသည်။
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးဖြင့် ကျင့်ကြံဆင့်ချိုးဖျက်သောမြင်ကွင်းသည် အလွန်အမင်းရှားပါးပေ၏။တချို့ကျင့်ကြံသူများသည် ကျင့်ကြံဆင့်ချိုးဖျက်ချိန်၌ စောင့်ကြည့်ရန်အတွက် တခြားလူများကို ဖိတ်ခေါ်ခြင်းများကိုပင် ပြုလုပ်ကြသည်။ဤသို့ပြုလုပ်ခြင်းမှာပထမအချက်အနေဖြင့် သူတို့၏ကိုယ်ပိုင်နာမည်ဂုဏ်သတင်းကို မြှင့်တင်ရန်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် သူတို့၏နံဘေးတွင် ကာကွယ်စောင့်ရှောက်ပေးသော အစောင့်အရှောက်များ ရှိနေရန်ပင်။
ဤသည်မှာ အဖိုးတန်ရှားပါးသော အတွေ့အကြုံတစ်ရပ်ပင်။အကယ်၍ သူတို့သည် ဤတိုက်ပွဲကို အကြိမ်ရေအနည်းငယ်ခန့် စောင့်ကြည့်ရပါက သူတို့၏ကောင်းကင်ဘုံကပ်ဘေးနှင့် ရင်ဆိုင်ရသောအချိန်တွင် အကျိုးကျေးဇူးများ ရရှိသွားနိုင်သည်။
လန်ဝူရှင်းသည် အဋ္ဌမအဆင့်ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ချိုးဖျက်ခဲ့သည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။
သာမန်ကျင့်ကြံသူများသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ရင်ဆိုင်ရာတွင် တတိယအဆင့်ထိသာ တိုက်ခိုက်ကြသည်။အများဆုံးအနေဖြင့် သူတို့သည် ပဉ္စမအဆင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကိုသာ ရင်ဆိုင်ကြပေ၏။
အဋ္ဌမအဆင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်နိုင်သော မည်သည့်ကျင့်ကြံသူမဆို သာလွန်ထူးကဲသောပါရမီရှင်ပင်။သူတို့သည် ကောင်းကင်ဘုံ၏မနာလိုမှုကို ဆွဲဆောင်နိုင်သော တည်ရှိမှုကြီးများဖြစ်ကာ သူတို့၏အနာဂတ်သည် အကန့်အသတ်မရှိချေ။
ဤနေရာပတ်ဝန်းကျင်၌ လူများ ပို၍ပို၍စုဝေးလာသည်။
ဤအချိန်အခိုက်အတန့်၌ လန်ဝူရှင်းသည် ကျင့်ကြံဆင့်ချိုးဖျက်သောအခြေအနေသို့ လုံးလုံးလျားလျား ဝင်ရောက်သွားလေပြီ။သူ့၏ခန္ဓာကိုယ်သည် စုတ်ပြတ်သတ်နေကာ သွေးများဖြင့်ဖုံးလွှမ်းနေသည့်တိုင် သူသည် ဉာဏ်အလင်းပွင့်သောအခြေအနေ၌ နစ်မြုပ်နေကာ ပြင်ပလောကရှိကိစ္စများသည် သူ့အပေါ်သို့ အနည်းငယ်မျှ သက်ရောက်ခြင်းမရှိချေ။
မိုးကောင်းကင်ယံကြီးသည် မင်ကဲ့သို့မည်းမှောင်နေကာ တိမ်မည်းများ နိမ့်ဆင်းလာသည်။
နဝမအဆင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် အချိန်အတော်ကြာသည်အထိ ကျရောက်လာခြင်းမရှိဘဲ စွမ်းအားများကို စုစည်းနေကာ လန်ဝူရှင်းကိုအသေသတ်နိုင်မည့် အခွင့်ကောင်းကို စောင့်ဆိုင်းနေသည့်အလားပင်။
"အား.. "
လန်ဝူရှင်းသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် ကျရောက်လာခြင်းမရှိသောကြောင့် သူသည်မိုးကောင်းကင်ယံသို့ မော့ကြည့်နေကာ စိန်ခေါ်လိုသည့်အလားပင်။
ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ယံအတွင်း၌ မိုးခြိမ်းသံများ ပို၍ကျယ်လောင်လာကာ မိုးကြိုးပစ်သံများသည် ပတ်ဝန်းကျင်၌ပဲ့တင်ထပ်နေပြီး လူအများ၏နားစည်များကို နာကျင်သွားစေသည်။
ဤသည်မှာ ပုရွက်ဆိတ်တကောင်သည် သူ၏ကိုယ်ပိုင်အဆင့်အတန်းကို မသိရှိဘဲ ကောင်းကင်ဘုံ၏ မြင့်မြတ်သောအခွင့်အာဏာကို စိန်ခေါ်လိုသည့်အလားပင်။
မိုးကောင်းကင်တာအိုသည် ဒေါသထွက်သွားပေ၏။မိုးကောင်းကင်ယံအတွင်း၌ ခရမ်းနီရောင်လျှပ်စီးတန်းများ ထွက်ပေါ်လာကာ လေထုအတွင်း၌ လျှပ်စီးမိုးကြိုးသားရဲ့အမြောက်အများ မျောလွင့်လာပြီး အဆက်မပြတ်ဟိန်းဟောက်နေသည်။ထိုအရာများသည် လျှပ်စီးမိုးကြိုးများမှဖြစ်တည်လာသော သက်ရှိများပင်။
လျှပ်စီးမိုးကြိုးချီလင်များ၏မျက်လုံးများသည် လင်းလက်တောက်ပနေပြီ ကျယ်လောင်စွာဟိန်းဟောက်ကာ မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်။
မိုးကောင်းကင်တာအို၏ ကြီးမားကျယ်ပြန်ပြီး မြင့်မြတ်သော ကပ်ဘေးမိုးကြိုးများသည် လောကကြီးအတွင်း၌ ဖျက်ဆီးနိုင်မှုစွမ်းအား အမြင့်မားဆုံးတည်ရှိမှုပင်။ဤသည်မှာ အလွန်အမင်းအစွမ်းထက်ပြီး အရာရာတိုင်းကို ဖျက်ဆီးနိုင်ပေ၏။
ပတ်ဝန်းကျင်နေရာတဝိုက်၌ လူအမြောက်အများ မတ်တတ်ရပ်နေသည်။သူတို့သည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ နောက်ဆုတ်လိုက်ကြကာ မိုးကြိုးလှိုင်းများ၏သက်ရောက်ခြင်းကို ခံရမည်အား သူတို့အားလုံး စိုးရိမ်ထိတ်လန့်နေသည်။
"နဝမအဆင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး...ဒါက ဒဏ္ဍာရီတွေထဲမှာ ရှိတဲ့အရာပဲ"
"ရှေးဟောင်းခေတ်ကာလမှာတောင် ဒီနဝမအဆင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးရဲ့အောက်မှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ သေဆုံးသွားခဲ့တယ်...ဒါက လောကကြီးထဲမှာရှိတဲ့ အရာရာတိုင်းကို ဖျက်ဆီးနိုင်တဲ့ ကမ္ဘာဖျက်မိုးကြိုးပဲ. ကြည့်ရတာတော့ လန်ဝူရှင်းက ဒုက္ခတွေ့တော့မယ့်ပုံပဲ"
ပတ်ဝန်းကျင်ရှိလူများအားလုံး လှောင်ပြောင်သရော်လိုက်ကြသည်။
လန်ဝူရှင်းသည် ဤလူများ၏ သရော်တော်တော်မှတ်ချက်စကားများကို မကြားသကဲ့သို့ ပြုမူနေသည်။သူ၏စိတ်ကို မိုးကောင်းကင်ယံအတွင်းရှိ လျှပ်စီးမိုးကြိုးများထံတွင်သာ အပြည့်အဝစူးစိုက်ထားပေ၏။
"လာခဲ့စမ်း... ဘယ်သူက ပိုပြီးသန်မာအားကောင်းလဲဆိုတာ ငါ ကြည့်ချင်တယ်"
လန်ဝူရှင်းသည် ရူးသွပ်သွားသော နတ်ဆိုးတစ်ကောင်အလားပင်။သူ၏လက်အတွင်းရှိ ဆေဘာဓားရှည်သည် မှော်စွမ်းအားများဖြင့်တောက်ပနေကာ ဓားချီတစ်လှိုင်းက မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။
သို့ရာတွင် ရုတ်တရက် လူတစ်ယောက်က လန်ဝူရှင်း၏ရှေ့၌ ပိတ်ဆို့ဟန်တားလိုက်သည်။
"ဒီကောင်းကင်ဘုံကပ်ဘေးမိုးကြိုးက နည်းနည်းလွန်သွားပြီ"
လုယွီက မိုးကောင်းကင်ယံထံသို့ စူးစိုက်ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။
လုယွီသညိ နံဘေးတစ်ဖက်မှနေ၍ စောင့်ကြည့်နေခဲ့ရာ ဤကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများတွင် တာအိုသခင်အဆင့် ကပ်ဘေးမိုးကြိုး၏အရှိန်အဝါများရှိနေသည်ကို အာရုံခံမိသည်။
မိုးကောင်းကင်တာအိုသည် ဒေါသထွက်နေသဖြင့် လန်ဝူရှင်းထက် ပို၍သန်မာအားကောင်းသော လျှပ်စီးမိုးကြိုးကို အသုံးပြုကာ သူ့အား ဖျက်ဆီးလိုပေ၏။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အနီရောင်မိုးကြိုးလှိုင်းတစ်လှိုင်း ကျရောက်လာသည်။
ထိုလျှပ်စီးမိုးကြိုးလှိုင်းမှ ကျယ်လောင်သော မြည်ဟီးသံကြီး ထွက်ပေါ်လာကာ ပတ်ဝန်းကျင်နေရာတဝိုက်၌ လေပြင်းများ တလိမ့်လိမ့်ထနေသည်။လေပြင်းများ ဖြတ်သန်းတိုက်ခတ်သွားသဖြင့် လူနှစ်ယောက်၏ဆံပင်များကို လေနှင့်အတူ လူးလွန့်နေစေသည်။
လုယွီက ရုတ်တရက် သူ၏လက်ကိုဆန့်တန်းပြီး မိုးကောင်းကင်ယံအတွင်းရှိ လျှပ်စီးမိုးကြိုးကို ဖမ်းဆုပ်လိုက်သည်။
"မိုးကောင်းကင်တာအိုရဲ့ အဓိကတာဝန်က တရားမျှတဖို့ပဲ...ပါရမီရှင်တွေကို သတ်ဖို့မဟုတ်ဘူး"
လူများအားလုံး၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် လုယွီက လက်သီးဆုပ်လိုက်၏။
လုယွီ၏လက်အတွင်းတွင် အနီရောင်ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် ချက်ချင်းခြေမွှဖျက်ဆီးခံလိုက်ရကာ လျှပ်စီးမိုးကြိုးချည်လင်များပင် သတ်ဖြတ်ခံရပြီး အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူသည် လက်တစ်ဖက်ဖြင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဖျက်ဆီးခဲ့သလော....
လုယွီ၏မျက်နှာအမူအယာသည် တည်ငြိမ်နေကာ သူ၏လက်ဝါးမှ အပေါ်ယံအရေပြားပင်လျှင် နာကျင်သွားခဲ့ခြင်းမရှိချေ။
Chapter 4502
ဝုန်း...ဝုန်း....
တိမ်မည်းများသည် ဆက်လက်၍စုဝေးနေကာ မိုးကောင်းကင်ယံသည် ဒေါသတကြီးဆင်းသက်လာတော့မည့်အလားပင်။
လုယွီသည် သာမန်ကာလျှံကာ လှုပ်ရှားမှုတစ်ခုဖြင့် ကောင်းကင်ဘုံကပ်ပေးမိုးကြိုးကို ခြေမွှဖျက်ဆီးလိုက်သဖြင့် ဤသည်မှာ မိုးကောင်းကင်တာအို၏အချုပ်အနှောင်များကို ထိတွေ့လိုက်ခြင်းပင်။
လုယွီက သူ၏ခေါင်းကိုမော့ကာ မိုးကောင်းကင်ယံထံသို့ကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။
"ဒီလောက်ဆိုရင် လုံလောက်ပြီ.. ငါ ဒီနေရာမှာရှိနေရင် မင်း သူကိုထိခိုက်နာကျင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"
ပတ်ဝန်းကျင်ရှိလူများအားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
မိုးကောင်းကင်တာအိုနှင့် ညှိနှိုင်းဝံ့သော တစ်စုံတစ်ယောက် အမှန်တကယ် ရှိနေသလော....
ဤသည်မှာ စျေးတစ်စျေးဖြစ်သည်ဟု လုယွီမှ တွေးထင်နေသလော....
သို့ရာတွင် ပို၍ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ကိစ္စများ ဖြစ်ပွားလာခဲ့သည်။
လုယွီသည် စကားတစ်ခွန်းကိုသာ ပြောဆိုခဲ့သော်လည်း မိုးကောင်းကင်ယံသည် တုံ့ပြန်လိုက်သည့်အလား လူများအားလုံး၏ ခေါင်းထက်မှတိမ်မည်းများ လွင့်ပြယ်သွားခဲ့သည်။
တိမ်မည်းများပျက်ပြယ်သွားသည်နှင့် လူများအားလုံး၏စိတ်နှလုံးသားကို ဖိစီးထားသော ကျောက်တုံးကြီး ပျောက်ကွယ်သွားသည့်အလားပင်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ....."
လူအများသည် သူတို့၏အောက်မေးရိုးများပြုတ်ကျလုမတတ် ထိတ်လန့်တုန်လှုပ်နေကာ သူတို့၏မျက်နှာများပေါ်တွင် တုန်လှုပ်ချောက်ချားသော အမူအယာများဖြင့် ပြည့်နှက်နေသည်။
မိုးကောင်းကင်တာအိုသည် အလျှော့ပေးသွားခဲ့သလော....
ကျင့်ကြံသူများအားလုံး၏စိတ်နှလုံးသားအတွင်းတွင် မိုးကောင်းကင်တာအိုသည် လူများအားလုံး၏အထက်တွင်ရှိသော ဥပဒေသတစ်ရပ်ပင်။
ဆိုရိုးစကားအရပြောဆိုရလျှင် မည်သူတစ်ဦးတစ်ယောက်ကိုမဆို မိုးကောင်းကင်ယံမှ စောင့်ကြည့်နေသည်။တစ်စုံတစ်ယောက်သည် သတ်မှတ်ထားသော ကျင့်ကြံဆင့်နယ်ပယ်သို့ရောက်ရှိကာ တာအိုသခင်တစ်ယောက် ဖြစ်လာမှသာ မြင့်မြတ်သောမိုးကောင်းကင်တာအိုကို ခုခံတွန်းလှန်နိုင်နေပေမည်။
ကျင့်ကြံသူအများစုအတွက် မိုးကောင်းကင်တာအိုကို ထိပ်တိုက်ရင်ဆိုင်ရာမှာ မဖြစ်နိုင်သောကိစ္စတစ်ရပ်ပင်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ လုယွီသည် စကားတစ်ခွန်းတည်းဖြင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများကို နောက်ပြန်ဆုတ်သွားစေသည်အား သူတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ရလေပြီ။
လူများအားလုံး ကြက်သေသေသွားပေ၏။
လုယွီသည် ကျိုးမိသားစုဘိုးဘေးကို သတ်ဖြတ်ခဲ့ကာ...
မြေအောက်လောကစစ်တပ်ကို ပြန်လည်ဆုတ်ခွာသွားစေသည့်အပြင်...
နဝမအဆင့်ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ကြေမွှပျက်စီးသွားစေသည်။
ဤကိစ္စတစ်ခုစီတိုင်းသည် ဒဏ္ဍာရီတစ်ခုအလားပင်။
"လန်ဝူရှင်း နယ်မြေသခင်တစ်ယောက်ဖြစ်လာတာက အရမ်းမြန်တာပဲ"
"စားသောက်ဆိုင်ထဲမှာရှိတဲ့ လူတွေရဲ့စကားအရတော့ လုယွီက သူ့ရဲ့ကျင့်ကြံဆင့်စွမ်းအားတွေကို လန်ဝူရှင်းဆီ လက်ဆင့်ကမ်းပြီးတော့....သူ့ကို တစ်ချက်တည်းနဲ့ နယ်မြေသခင်အဆင့်ကို ချိုးဖျက်စေခဲ့တာပဲ"
"လုယွီရဲ့ဘေးမှာနေရတာ အရမ်းကောင်းတဲ့ကိစ္စပဲ....ငါတို့တွေ အခု ပုန်းကွယ်နဂါးစစ်တပ်ထဲကို ဝင်ချင်တယ်ဆိုရင် အရမ်းနောက်ကျသွားပြီလားဆိုတာ ငါ သိချင်မိတယ်"
လူများအားလုံး အလွန်အမင်းစိတ်လှုပ်ရှားနေသည်။သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်သို့ဝင်ရောက်ရန် အဆက်အသွယ်များကို စတင်၍စီစဉ်လိုက်ကြ၏။
"အရှင့်ကို ကျေးဇူးတင်ပါတယ်"
လန်ဝူရှင်းသည် စုတ်ပြတ်သတ်နေဆဲပင်။သူသည် လုယွီ၏ရှေ့၌ ဒူးတစ်ဖက်ထောက်ပြီး ကျေးဇူးတင်စကားပြောဆိုသည်။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒါက မင်းနဲ့ထိုက်တန်တယ်...မင်း သွားပြီးအနားယူတော့"
ရုတ်တရက် လုယွီသည် ဝေ့ယန်မြို့၏ထောင့်တစ်နေရာကို သတိပြုမိသွားသည်။သူသည် ခြေတစ်လှမ်းရှေ့တက်ကာ ထိုနေရာသို့ ပျံသန်းသွားလိုက်၏။
....
ဝေ့ယန်မြို့...
မြို့၏အရှေ့ဘက်ခြမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်အတွင်း၌...
ဆရာကျန်းနှင့် ကောင်းကင်ကွန်ယက်မှသူလျှိုသည် ပြတင်းပေါက်တစ်ခု၏နံဘေး၌ ထိုင်နေကာ ပြင်ပသို့ကြည့်ရင်း လက်ဖက်ရည်သောက်နေကြသည်။
"ဆရာကျန်း....ဒီတစ်ကြိမ်တော့ မင်း အရမ်းတော်တယ်...ဒီကိစ္စအတွက်နဲ့ နှစ်တွေအများကြီးကြာအောင် တံခါးပိတ်ကျင့်ကြံနေတဲ့ မွန်စတားအိုကြီးတွေက ပုန်းကွယ်နဂါးစစ်တပ်ထဲကို ဝင်လာနိုင်တယ်"
ကောင်းကင်ကွန်ယက်မှသူလျှိုက ချီးမွမ်းစကားပြောဆိုသည်။
ပြတင်းပေါက်မှနေ၍ ပြင်ပသို့ကြည့်ပါက ပျက်စီးသွားသောအိမ်များမှ အပျက်အစီးများကို ရှင်းလင်းရင်း အလုပ်ရှုပ်နေသည့် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများကို မြင်တွေ့နိုင်သည်။
ဆရာကျန်းက နှာတစ်ချက်မှုတ်ပြီး သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဒီနေ့အတွက်က လုံလောက်ပြီ...ငါက ပြန်ပြီးအနားယူတော့မယ်"
ကောင်းကင်ကွန်ယက်မှသူလျှိုကလည်း အလျင်စလို မတ်တတ်ထရပ်လိုက်သည်။
"ဘာမှ မစိုးရိမ်ပါနဲ့...ဝေ့ယန်မြို့က ပျက်စီးသွားပြီ...မင်းက အများဆုံးအကျိုးဆောင်ခဲ့တဲ့လူပဲ...အရှင်က မင်းကို မကြာခင်ဖိတ်ခေါ်မယ်လို့ ငါ ယုံကြည်တယ်"
ဆရာကျန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"အများဆုံး အကျိုးဆောင်ခဲ့တဲ့လူလား....အရှင်လုက မြို့တံခါးကို ချိုးဖျက်ခဲ့တဲ့လူဆိုတာ လောကကြီးတစ်ခုလုံး သိတယ်...ငါ့ရဲ့နာမည်ကို ဘယ်သူက သိမှာလဲ....ဒီတိုက်ပွဲမှာ အရှင်လုရဲ့နာမည်ဂုဏ်သတင်းက မြင့်တက်သွားပြီ...ဒီဆရာကျန်းကတော့ ခြေနင်းကျောက်တုံးတစ်တုံးပဲ"
ဆရာကျန်းသည် မတ်တတ်ထရပ်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သော်လည်း လက်တစ်ဖက်က သူ၏ပခုံးကို ဖိထားလေ၏။
"အရှင့်ကို အရိုအသေပြုပါတယ်"
ကောင်းကင်ကွန်ယက်မှသူလျှိုသည် လုယွီကိုမြင်တွေ့ချိန်၌ အလျင်စလိုအရိုအသေပြုလိုက်သော်လည်း လုယွီက ဟန့်တားလိုက်သည်။
"ဒါက အရှင်လုလား"
ဆရာကျန်းက လုယွီကိုကြည့်ပြီး သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုသည်။
"အရှင်လုက အောင်မြင်မှုတွေ အများကြီးရယူနိုင်ခဲ့တဲ့အတွက် ဒီငယ်သားက ဂုဏ်ပြုပါတယ်....ဒီငယ်သားက အရမ်းပင်ပန်းနေတာကြောင့် တခြားဘာကိစ္စမှမရှိဘူးဆိုရင် အရင်ဆုံး ထွက်သွားပါတော့မယ်"
သူ၏အသံသည် ပြတ်ပြတ်သားသားဖြစ်နေကာ ဖြောင့်တမ်းစွာ မတ်တတ်ရပ်နေပြီး လုယွီ၏အဆင့်အတန်းကို အနည်းငယ်မျှ ဂရုမစိုက်သည့်အလားပင်။
ဆရာကျန်းသည် ခြေလှမ်းအနည်းငယ်သာ လျှောက်လှမ်းပြီးသောအချိန်မှာပင် သူ၏နောက်မှနေ၍ လုယွီ၏အသံ ထွက်ပေါ်လာသည်။
"မင်းက ဘာလို့ တော်ဝင်မြို့တော်ရဲ့ကျန်းမိသားစုကနေ ထွက်ခွာလာခဲ့လဲဆိုတာ ငါ အရင်က အရမ်းသိချင်မိတယ်..ဒါပေမဲ့ မင်းကို မြင်လိုက်ရတဲ့အချိန်မှာ ငါ သိသွားပြီ"
"ဒီလောကကြီးက ထောင်ချောက်တစ်ခုလိုပဲ ....ကျန်းမိသားစုက စာပေသူတော်စင်မိသားစုတစ်စုဖြစ်တာကြောင့် လူငယ်မျိုးဆက်သစ်တွေအားလုံး ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံကြတယ်...ကျန်းမိသားစုရဲ့ တပည့်တစ်ယောက်အနေနဲ့ မိသားစုထဲမှာ တိုးတက်မှုတစ်ခုရအောင်လုပ်ဖို့ဆိုတာ အရမ်းခက်ခဲမှာပဲ....မင်းက ကျိုးဟုန်မိသားစုရဲ့မျိုးဆက်အတိုင်း အာဏာရှင်တစ်ယောက် ဖြစ်ချင်တာမဟုတ်လား"
ထိုစကားများကိုကြားချိန်၌ ဆရာကျန်းသည် သူ့၏ခန္ဓာကိုယ်ကို လျှပ်စီးမိုးကြိုးဖြင့်ရိုက်ခတ်ခံရသည့်အလား ခံစားရကာ နေရာမှာပင် တောင့်တင်းသွားလေ၏။
"ကျန်းရီ...တကယ်လို့ မင်း ဒီနေ့ ဒီနေရာကနေ ထွက်သွားမယ်ဆိုရင်...နောင်တစ်ချိန်မှာ မင်း ငါ့ကို လာတွေ့ဖို့ မလိုတော့ဘူး"
လုယွီက လက်ဖက်ရည်ကို တစ်ငုံငုံ၍သောက်ပြီးတည်ငြိမ်စွာပြောဆိုသည်။
Chapter 4503
ဆရာကျန်း၏ခန္ဓာကိုယ် တုန်ရီနေကာ တဖြည်းဖြည်း နောက်သို့ပြန်လှည့်ကြည့်ပြီး သူ့၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
"မင်း ဘယ်လိုလုပ်ပြီး သိသွားတာလဲ"
အစမှအဆုံးတိုင် ဆရာကျန်းသည် ရိုင်းပြပြီးမောက်မာထောင်လွှားသော အမူအယာကို ထိန်းသိမ်းထားခဲ့သည်။သူသည် တခြားလူများအားလုံးကို အထင်အမြင်သေးကာ လောကကြီးတခွင်လုံးကို သူ၏လက်အတွင်း၌ ဆုပ်ကိုင်ထားနိုင်သည့်အလားပင်။
သို့ရာတွင် ဤအချိန်၌ သူ အတွက်မှားခဲ့သည်မှာ သိသာထင်ရှားလှ၏။
လုယွီသည် ဆရာကျန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အနည်းငယ်မျှသာ စုံစမ်းစစ်ဆေးရန်လိုအပ်ခဲ့သည်။
ကျန်းရီသည် တော်ဝင်မြို့တော်အတွင်းရှိ ကျန်းမိသားစုမှ တပည့်တစ်ယောက်ပင်။သူ့ထံတွင် သာလွန်ထူးကဲသော ပါရမီအရည်အချင်း ရှိနေပေ၏။သူသည် အလွန်ငယ်ရွယ်စဉ်အချိန်ကပင် အလွန်အမင်းမြင့်မားသော ပါရမီအရည်အချင်းကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။
တော်ဝင်မြို့တော်အတွင်းရှိ ထိပ်သီးမိသားစုရှစ်စုမှတစ်စုဖြစ်သော ကျန်းမိသားစု၏တပည့်တစ်ယောက်ဖြစ်သဖြင့် ကျန်းရီသည် ပြင်းပြင်းထန်ထန်ကြိုးစားရန်မလိုအပ်ဘဲ ကျင့်ကြံခြင်းအရင်းအမြစ်အမြောက်အမြားကို ရရှိခဲ့သည်။ဤသည်မှာ သာမန်ကျင့်ကြံသူများ အိမ်မက်မက်နေရသော တစုံတစ်ခုပင်။
သို့ရာတွင် လူများအားလုံး အံ့အားသင့်သွားရသည်မှာ ကျန်းရီသည် လွန်ခဲ့သောနှစ်အနည်းငယ်အကြာက ကျန်းမိသားစုမှနေ၍ ရုတ်တရက်ထွက်ခွာကာ လောကကြီးအတွင်း၌ လှည့်လည်သွားလာနေခြင်းပင်။
သူသည် ချမ်းသာခြင်းနှင့်အခွင့်အာဏာကို ဘေးဖယ်ထားကာ လေလွင့်ကျင့်ကြံသူတစ်ယောက်အလား လောကကြီးအတွင်း၌ လှည့်လည်သွားလာနေခဲ့သည်။ကျန်းရီ ရူးသွပ်သွားပြီဟု လူအများမှ တွေးထင်ကြပေ၏။
သို့ရာတွင် ကျန်းရီတစ်ယောက်တည်းကသာ သူ၏စိတ်နှလုံးသားအတွင်း၌ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်တစ်ခုရှိနေကြောင်း သိရှိထားသည်။
လောကကြီးအတွင်း၌ မရေမတွက်နိုင်သောလူများ ရှိနေသည့်တိုင် သူသည် သူ ဆန္ဒရှိသော မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည့် လူတစ်ယောက် ဖြစ်ရပေမည်။
ရှေးဟောင်းခေတ်ကာလအတော်အတွင်း၌ ကျိုးဟုန်မိသားစုသည် လူသားမျိုးနွယ်၏အစွမ်းထက်သောအင်အားစုတစ်စုပင်။
ကျိုးဟုန်မိသားစုတွင် လူအမြောက်အများမရှိသော်လည်း သူတို့အနက်မှမည်သည့်တစ်ယောက်မဆို လောကကြီးအတွင်း၌ မုန်တိုင်းထန်စေခဲ့သည်။လူသားမျိုးနွယ်တွင် လူသားဧကရာဇ်ကိုးယောက်ရှိခဲ့ကာ သူတို့အနက်မှမည်သူတစ်ဦးတစ်ယောက်မဆို ကျိုးဟုန်မိသားစုကျောင်းတော်များမှ ထွက်ပေါ်လာခဲ့သူများဖြစ်ပေ၏။
လောကကြီးအတွင်း၌ သန်မာသူသည် အားနည်းသူကို အနိုင်ယူနိုင်ကာ အသန်မာဆုံးလူသည် ရိုသေလေးစားခံရဆုံးပင်။
ထိုကြောင့် ကျိုးဟုန်မိသားစု၏မျိုးဆက်တွင် သူတို့၏ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်ခဲ့သော မိသားစုဝင်များ ရှိလာခဲ့သည်။
ရှေးဟောင်းခေတ်အချိန်ကာလ၏ အပြောင်းအလဲများကို ရင်ဆိုင်ကြုံတွေ့ပြီးနောက် ကျိုးဟုန်မိသားစုသည် သူတို့၏အမွေအနှစ်များကို စောင့်ထိန်းထားနိုင်ရန် လွန်စွာခက်ခဲနေသည်။
ယခုလတ်တလောတွင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ကွန်ဖြူးကျောင်းတော်များ တာအိုဂိုဏ်းများ ဗုဒ္ဓဂိုဏ်းများ စစ်တပ်များနှင့် စည်းမျဉ်းဥပဒေဂိုဏ်းများသည် အားအကောင်းဆုံးပင်။ကျင့်ကြံနည်းစနစ်များ၏အမွေအနှစ်အများစုသည် ထိုအင်အားစုငါးစုမှ လက်ဆင့်ကမ်းဆင်းသက်ကာ တဖြည်းဖြည်းဆင့်ကဲပေါက်ဖွားလာခြင်းပင်။
ကျိုးဟုန်မိသားစုကမူ မိသားစုဝင်အရေအတွက်အလွန်နည်းပါးသည်။သူတို့ထံ၌ မိသားစုဝင်များတစ်ရာမကျော်သဖြင့် သူတို့၏အမွေအနှစ်သည် အလွန်အမင်းလျှို့ဝှက်ပေ၏။
"ငါက ကျင့်ကြံနည်းစနစ်တွေကို တစ်ခါမှထုတ်ဖော်အသုံးမပြုခဲ့ဘူး....မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ"
ကျန်းရီ၏စိတ်နှလုံးသား တုန်ခါနေကာ လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်နေသည့်အလားပင်။
လုယွီက အပြုံးနှင့်ပြောဆိုသည်။
"မင်း ကျင့်ကြံတဲ့ တစ္ဆေတောင်ကြားရဲ့ လျှပ်စီးမိုးကြိုးဥပဒေသက သာမန်လူတွေ ပြောနိုင်တဲ့ကိစ္စတစ်ခု မဟုတ်ဘူး.. ဒါပေမဲ့ ငါ့ရဲ့ရှေ့မှာ ဖုံးကွယ်ထားလို့မရဘူး...လန်ဝူရှင်းက တာအိုသခင်အဆင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဘာလို့ ဆွဲဆောင်နိုင်ခဲ့လဲဆိုတာ မင်းနဲ့အများကြီး သက်ဆိုင်နေတယ်...တစ္ဆေတောင်ကြားရဲ့ကျင့်ကြံနည်းစနစ်က ကောင်းကင်ဘုံကို ဖီဆန်နေတယ်....ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ထွက်ပေါ်လာတဲ့အချိန်မှာ လန်ဝူရှင်းကို သတ်ရုံတင်မကဘူး...နောက်ပိုင်းကျရင် မင်းကိုသတ်ဖို့ပါ ရည်ရွယ်ထားတယ်...မင်းကိုကြည့်ရတာ ဒီနေရာမှာ စိတ်အေးလက်အေး ထိုင်နေပုံရပေမယ့် တကယ်တမ်းတော့ မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ မိုးကြိုးပျက်ပြယ်ခြင်း မှော်ရတနာကို အမြဲတမ်း ဆောင်ထားတယ်....ဟုတ်တယ်မလား..."
လုယွီသည် စကားတစ်ခွန်းတည်းဖြင့် ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းပင်။
ဖူး....
ကျန်းရီ၏နံဘေးတွင် ထိုင်နေကာ လက်ဖက်ရည်သောက်နေသည့် သူလျှို၏ပါးစပ်မှ လက်ဖက်ရည်များ ပန်းထွက်သွားသည်။သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်၏။
"သူ....သူကလည်း သူ့ရဲ့ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဆင်းသက်စေချင်တာလား"
အကယ်၍ တစ်စုံတစ်ယောက်သည်ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဆင်းသက်စေလိုပါက အနည်းဆုံးအနေဖြင့် ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်ရပေမည်။
ကောင်းကင်ကွန်ယက်မှသူလျှိုသည် စီမံခန့်ခွဲရေးရုံးတော်၏ ဆရာဟောင်းတယောက်သည် ရွှယ်အင်မော်တယ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်နေမည်ဟု တွေးထင်ထားမိခြင်းမရှိချေ။
ကျန်းရီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး မတ်တတ်ထရပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်၏။
"အရှင်ကအသိပညာဗဟုသုတ ကြွယ်ဝပါပေတယ်....ငါက အရှင့်ကို လေးစားမိပါတယ်"
ကျိုးဟုန်မိသားစု၏အမွေအနှစ်သည် ထိပ်သီးလျှို့ဝှက်ချက်တစ်ခုဟု ပြောနိုင်သည်။
ပြင်ပလူများသည် သူ၏နာမည်ဂုဏ်သတင်းကို သိရှိနိုင်သော်လည်း သူ့၏အမွေအနှစ်မှ လျှို့ဝှက်ချက်များကို သိရှိနိုင်မည်မဟုတ်ချေ။
လုယွီသည် လူသားဧကရာဇ်၏မှတ်ဥာဏ်အပိုင်းတစ်ခုကို ရရှိခဲ့သည့်အပြင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအတွင်းမှ အသိပညာဗဟုသုတများကိုလည်း ပိုင်ဆိုင်ထားသည်။ထို့ကြောင့် သူသည် ကျန်းရီ၏မူရင်းဇစ်မြစ်ကို သိရှိခြင်းပင်။
လုယွီသည် မူလက ကျန်းရီသည် ရိုးရှင်းသော စစ်နည်းဗျူဟာရှင်တစ်ယောက်ဟုသာ တွေးထင်ပြီး သူ၏အကျိုးဆောင်မှုပေါ်မူတည်၍ ဆုလာဘ်ချီးမြှင့်ပါက လုံလောက်ပြီဟု တွေးထင်ခဲ့သည်။သို့ရာတွင် ကျန်းရီကိုမြင်တွေ့ချိန်၌ လုယွီ၏စိတ် ပြောင်းလဲသွားခဲ့သည်။
ကျိုးဟုန်မိသားစုသည် အရေအတွက်အနည်းငယ်သာရှိသော်လည်း ရှေးဟောင်းခေတ်ကာလကတည်းက တည်ရှိခဲ့ကာ လူအများသည် ထိုနာမည်ကိုကြားသည့်အချိန်တိုင်း စိတ်လှုပ်ရှားသွားကြသည်။
ရှေးဟောင်းခေတ်ကာလအချိန်တွင် လူသားမျိုးနွယ်သည် ပြန့်ကျဲနေသော သဲမှုန်များနှင့်တူညီကာ နေရာဒေသအသီးသီး၌ အင်အားစုအမြောက်အများ ရှိနေသည်။သတ္တမမြောက်လူသားဧကရာဇ် 'ယန်'သည် ထိုက်တောင်ကြီး၏ အသိအမှတ်ပြုမှုကို ခံရသော်လည်း သူသည် လူသားမျိုးနွယ်၏ပိုင်နက်နယ်မြေမှ သုံးဆယ်ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်ခဲ့သည်။ထို့ကြောင့် သူ၏တော်ဝင်အမိန့်တော်သည် လူသားမျိုးနွယ်၏နယ်မြေများအားလုံးကို ပျံ့နှံ့အောင် ဖြန့်ကျက်နိုင်ခဲ့ခြင်းမရှိချေ။
Chapter 4504
ရှေးဟောင်းခေတ်ကာလအတောအတွင်းတွင် ရှေးဟောင်းနတ်ဆိုးများသည် အလွန်ရက်စက်ကြမ်းကြုတ်ကာ ထူးဆန်းသောသားရဲများသည်လည်း လူသားများ၏နယ်မြေအတွင်း၌ ထွက်ပေါ်လာသည်။ထိုအကြောင်းအရင်းကြောင့် လူသားများသည် မကြာခဏသေဆုံးကြလေ၏။
ယန်လူသားဧကရာဇ် စူးစမ်းလေ့လာခြင်းကို သဘောကျနှစ်ခြိုက်သူဖြစ်သဖြင့် နေရာအနှံ့အပြားသို့ လှည့်လည်သွားလာပြီး စူးစမ်းလေ့လာခဲ့သည်။သို့ရာတွင် သူသည် လူသားစစ်တပ်၏နောက်ခံကျောရိုးကို ခိုင်မာအောင် ပြုလုပ်လိုသည့် သူ၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ခြင်း မရှိချေ။ဖရိုဖရဲတိုက်ပွဲများအတွင်း၌ မရေမတွက်နိုင်သောအင်အားစုများ ပါဝင်ဆင်နွှဲခဲ့ကာ လူအမြောက်အများ သေဆုံးသွားခဲ့သည်။
ဤသည်မှာ အမှန်တကယ်ကို ဖရိုဖရဲဖြစ်နေသောလောကကြီးပင်။လူသားမျိုးနွယ်သည် အချင်းချင်းတိုက်ခိုက်နေကြကာ လူသားများ၏အသက်များသည် မြက်ပင်များအလားပင်။
ထိုအချိန်တုန်းက ကျိုးဟုန်မိသားစု၏ဘိုးဘေးသည် တောင်တန်းများအကြားမှ ထွက်ပေါ်လာကာ သူ၏ခွန်အားကိုပြသ၍ အင်အားစုလေးစုကိုပူးပေါင်းရန် ဖြောင့်ဖျနိုင်ခဲ့သည်။သူသည် ဖရိုဖရဲတိုက်ပွဲအတွင်း၌ တိုက်ခိုက်နေသောအင်အားစုများအားလုံးကို ရပ်တန့်စေခဲ့ပြီး ယန်လူသားဧကရာဇ်အပေါ် သစ္စာစောင့်သိစေခဲ့သည်။
ဤအကြောင်းအရင်းကြောင့် ကျိုးဟုန်မိသားစုသည် နာမည်ကျော်ကြားလာပေ၏။
"ဒီတစ်ကြိမ် မြို့ကို ချိုးဖောက်တဲ့နေရာမှာ မင်းက အကျိုးဆောင်ခဲ့တယ်...ငါက အကျိုးဆောင်ခဲ့တဲ့ ဘယ်သူ့ကိုမဆို အမြဲတမ်း ဆုချီးမြှင့်တယ်...မင်း ငြင်းဆန်လို့မရဘူး"
လုယွီက ပြောဆိုသည်။
ကျန်းရီသည် ဥာဏ်ကောင်းသော လူတစ်ယောက်ပင်။လုယွီသည် ကျန်းရီနှင့်တွေ့ဆုံသောအချိန်တွင် သူ၏အရည်အချင်းကို နှစ်ခြိုက်သဘောကျပြီး သိမ်းသွင်းလိုခဲ့သည်။
ကျန်းရီသည် သူ၏နှုတ်ရေးစွမ်းရည်ကို အသုံးပြု၍ မြို့အတွင်းရှိ စစ်သားများကို ထိတ်လန့်ကြောက်ရွံ့နေစေသဖြင့် အဆုံးသတ်၌ ချီစစ်သားများအားလုံး လွယ်လင့်တကူအရှုံးပေးခဲ့ခြင်းဖြစ်သည်။ဤသည်မှာ စစ်နည်းဗျူဟာ၏ အမြင့်မားဆုံးအဆင့်ဖြစ်ပြီး တိုက်ခိုက်ခြင်းမရှိဘဲ ရန်သူကိုအရှုံးပေးအောင် ပြုလုပ်ခြင်းပင်။
တော်ဝင်စီမံခန့်ခွဲရေးရုံးတော်၏ကျောင်းတော်သားများ ဒေါသထွက်နေကာ ချီအင်ပါယာ၏အရာရှိများသည် နောက်ကျောမလုံမှုကိုခံစားနေရသည်။သူ ပြုလုပ်ခဲ့သော အဆင့်တိုင်းသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပေ၏။ထို့ထက်ပို၍ အံ့အားသင့်ဖွယ်ကောင်းသော ကိစ္စမှာ ကျန်းရီသည် တစ်ကိုယ်တော်အပြုအမူကို အစဉ်အမြဲထိန်းသိမ်းထားပြီး ဤတိုက်ပွဲအတွင်း၌ တိုက်ရိုက်ပါဝင်ဆင်နွှဲမှုမပြုခြင်းပင်။
သူသည် စကားလုံးအနည်းငယ်ဖြင့် လူအများ၏စိတ်နှလုံးသားများကို ခြယ်လှယ်ကာ နောက်ကွယ်မှနေ၍ အကွက်ချကြံစည်ခဲ့သည်။ဤသည်မှာ လုယွီ ရှာဖွေနေခဲ့သော ပါရမီရှင်တစ်ယောက်ပင်။
အကယ်၍ ဤကိစ္စကြောင့်သာ မဟုတ်ပါက လုယွီကိုယ်တိုင် သူ့အား လာရောက်ရှာဖွေမည်မဟုတ်ပေ။
ကျန်းရီသည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် သူက အပြုံးနှင့်ပြောဆိုသည်။
"အရှင်ရဲ့ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်"
လုယွီသည် ကျန်းရီကို အချိန်အတော်ကြာစူးစိုက်ကြည့်ပြီးနောက် ရုတ်တရက် ပြောဆိုလိုက်၏။
"မင်းက ဒီတိုက်ပွဲကို အသုံးချပြီးတော့ မင်းရဲ့နာမည်ကို ထင်ပေါ်ကျော်ကြားအောင်လုပ်ပြီး တန်ကြေးကြီးကြီးနဲ့ရောင်းချဖို့ စောင့်ဆိုင်းနေတာ မဟုတ်လား"
သူ ဤစကားကို ပြောဆိုလိုက်သော အချိန်အခိုက်အတန့်၌ ကျန်းရီ၏မျက်နှာပေါ်ရှိအပြုံး တောင့်တင်းသွားသည်။
သူသည် လုယွီကို မယုံကြည်နိုင်စွာကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ကျိုးဟုန်မိသားစုသည် သူတို့၏အရှင်သခင်ကို ရွေးချယ်ပြီးလေပြီ။
လုယွီသည် တော်ဝင်နန်းတွင်း၏အရာရှိကြီးတစ်ယောက်ဖြစ်ကာ သူ၏လက်အောင်၌ စစ်သားအမြောက်အများရှိသည်။သို့ရာတွင် အချိန်အတော်ကြာ လက်ဆင့်ကမ်းဆင်းသက်လာသော အင်အားစုတချို့နှင့် နှိုင်းယှဥ်ပါက လုယွီ ယှဉ်ပြိုင်နိုင်ရန် အလွန်အလှမ်းကွာဟပေမည်။
လုယွီက ကျန်းရီ၏ပစ်မှတ်သည် သူ မဟုတ်ဘဲ ထန်အင်ပါယာဖြစ်ကြောင်း သိရှိထားပြီးဖြစ်သည်။
ကောင်းကင်ဘုံနယ်မြေတစ်ခွင်လုံးသည် ပုန်းကွယ်နဂါးစစ်တပ်မှနေ၍ ဝေ့ယန်မြို့အားတိုက်ခိုက်သည်ကို အာရုံစူးစိုက်နေကြသည်။ ဤသည်မှာ ကျန်းရီသည် သူ၏နာမည်ကို ထင်ပေါ်ကျော်ကြားအောင် ပြုလုပ်ရန်အတွက် အကောင်းဆုံးအချိန်ပင်။
ကျန်းရီသည် ဝေ့ယန်မြို့၏မြို့တံခါးကိုဖွင့်ပြီး နာမည်ကျော်ကြားလိုခဲ့သည်။သူသည် သူ၏ နာမည် ထင်ပေါ်ကျော်ကြားအောင် ပြုလုပ်လိုခြင်းပင်။
ကံအကြောင်းမလှစွာဖြင့် သူ၏အစီအစဉ်များအားလုံးသည် လုယွီကြောင့် ရှုပ်ထွေးသွားပေ၏။
"အရှင်...ကျေးဇူးပြုပြီးတော့ ပြန်ပြီးစစ်ဆေးပါအုံး"
ကျန်းရီ၏နဖူးပေါ်၌ ဇောချွေးများဖြင့် ပြည့်နှက်နေသည်။သူ၏အတွေးများကို လုယွီမှ ထွင်းဖောက်မြင်နိုင်သည်ဟူသော ခံစားချက်မျိုးကို သူ ရရှိနေပေ၏။
သူ၏စိတ်နှလုံးသားအတွင်း၌ နက်ရှိုင်းစွာဖုံးကွယ်ထားသော လျှို့ဝှက်ချက်တစ်ခုကို လုယွီက စကားလုံးတစ်လုံးတည်းဖြင့် ထုတ်ဖော်ပြောဆိုနိုင်ခဲ့သည်။
လုယွီက ကျန်းရီကိုစူးစိုက်ကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။
"ငါက မင်း ငါ့အပေါ်ကို သစ္စာစောင့်သိဖို့ ဖိအားပေးမှာမဟုတ်ဘူး...ဒါပေမဲ့ ငါ့မှာ မင်းလိုပါရမီရှင်မျိုး လိုအပ်နေတယ်ဆိုတာကတော့ အမှန်ပဲ"
"ငါ့မှာ မင်းကိုပေးဖို့ ပစ္စည်းတခုရှိနေတယ်...မင်းရဲ့နေရာကို ပြန်ရောက်သွားတဲ့အချိန်ကျရင် တစ်ချက်ကြည့်လိုက်အုံး...ဒါပေမဲ့ အခုချိန်ကနေစပြီးတော့ မင်း အဲ့ဒီပစ္စည်းကို သေချာထိန်းသိမ်းထားရမယ်"
လုယွီသည် သူ၏သိုလှောင်အိတ်အတွင်းမှ စာလိပ်တစ်လိပ်ကိုထုတ်ယူပြီး ကျန်းရီထံသို့ လက်ကမ်းပေးလိုက်သည်။
ထိုစာလိပ်ကို ကြိုးတစ်ချောင်းဖြင့်ချီထားကာ အတွင်း၌ ရေးသားထားသည့်အရာများကို တွေ့မြင်နိုင်မည် မဟုတ်ချေ။
ကျန်းရီ၏မျက်လုံးများ တောက်ပသွားသည်။အချိန်တိုအတွင်းမှာပင် သူ၏စိတ်အတွင်းမှနေ၍ တွေးတောမှုများစွာ ပြုလုပ်ခဲ့ရသည်။
"အရှင်ရဲ့မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ပါတယ်...ကျေးဇူးပြုပြီးတော့ ဒီကိစ္စကို စဉ်းစားဖို့အတွက် ငါ့ကို အချိန်တစ်ချို့ပေးပါအုံး"
ကျန်းရီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။
လုယွီက ခေါင်းညိတ်ပြလိုက်၏။နောက်ထပ်အချိန်အခိုက်အတန့်၌ ကျန်းရီ၏ ထိတ်လန့်တုန်လှုပ်နေသောအကြည့်အောက်၌ လုယွီ ပျောက်ကွယ်သွားခဲ့သည်။
"ဒီအရှင်လုက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်တယ်"
ကျန်းရီ၏စိတ်နှလုံးသားအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကာ သူသည် စိတ်တည်ငြိမ်နိုင်ခြင်း မရှိတော့ချေ။သူသည် ချက်ချင်းဆိုသလိုပင် မတ်တတ်ထရပ်ကာ သူ၏လျှို့ဝှက်ခန်းအတွင်းသို့ ပြန်သွားလေ၏။
ဖယောင်းတိုင်မီးကို ထွန်းညှိပြီးနောက် မှိန်ပျပျအလင်းရောင်အောက်တွင် ကျန်းရီက သူ၏လက်အတွင်းရှိစာလိပ်ကို ဖြန့်လိုက်သည်။
ထိုစာလိပ်အတွင်း၌ စာလုံးများဖြင့်ပြည့်နှက်နေကာ ထိပ်ဆုံး၌ ရှင်းလင်းသောခေါင်းစဉ်တစ်ခု ရှိနေသည်။
'ထန်အင်ပါယာကို ဖျက်ဆီးမည့်အစီအစဉ်'
Chapter 4505
ချီအင်ပါယာ ပျက်စီးသွားသည့်သတင်းသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးအနှံ့ ပျံ့နှံ့သွားပေ၏။
မရေမတွက်နိုင်သောလူများ၏ ချီးမွမ်းမှုအောက်တွင် လုယွီ၏နာမည်ဂုဏ်သတင်း ကျော်ကြားလာသည်။တချို့နေရာများတွင် လုယွီသည် ခေါင်းသုံးလုံးနှင့်လက်ခြောက်ဖက်ပါသော နတ်ဆိုးတစ်ကောင်ဖြစ်သည်ဟု သရုပ်ဖော်ထားကြ၏။သူသည် သူ၏ပါးစပ်ကိုကျယ်လောင်စွာဖွင့်ဟကာ တစ်ချက်တည်းဖြင့် ကျိုးမိသားစုဘိုးဘေးကို ဝါးမြိုလိုက်သည်ဟု ဆိုကြသည်။
သို့ရာတွင် မှတ်တမ်းတင်သလင်းကျောက်မှ ပုံရိပ်များ ပျံ့နှံသွားသောအချိန်တွင် လူများအားလုံးသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့မိလေ၏။
လုယွီသည် သူ၏ကိုယ်ပိုင်ခွန်အားဖြင့် ဝေ့ယန်မြို့၏အကာအကွယ်ဝင်္ကပါကို ချိုးဖျက်ခဲ့သည်။သူသည် လက်တစ်ဖက်တည်းကိုအသုံးပြု၍ နယ်မြေသခင်တစ်ယောက်ကို သတ်ဖြတ်ခဲ့ကာ နတ်ဘုရားတစ်ပါးကိုပင် အနိုင်ယူခဲ့လေ၏။
သလင်းကျောက်မှတ်တမ်းမှ ပုံရိပ်များသည် ချီအင်ပါယာ၏နန်းတော်တွင် အလောင်းများဖြင့်ပြည့်နှက်သွားကာ ကြည်လင်သောမိုးကောင်းကင်ယံ၌ သွေးများစွန်းထင်းသွားသော မြင်ကွင်းအရောက်တွင် ရပ်တန့်သွားသည်။
"ဒါက လူငယ်တစ်ယောက် လုပ်နိုင်တဲ့ကိစ္စမျိုး ဟုတ်သေးလို့လား..."
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ခွန်အားလဲ....ထန်အင်ပါယာက သူ့ကိုတိုက်ခိုက်ဖို့အတွက် ထိပ်သီးကျင့်ကြံသူတွေအများကြီး စေလွှတ်ခဲ့ပေမယ့် သူတစ်ယောက်တည်းနဲ့ သူတို့အားလုံးကို ပြန်ပြီးသတ်လိုက်တယ်"
"လုယွီရဲ့နာမည်ဂုဏ်သတင်းက အမှားမရှိဘူး...အဲ့ဒီလူက တကယ့်ကို အရမ်းထူးချွန်တယ်"
လူများအားလုံး အံ့အားသင့်သွားကြသည်။လုယွီ၏နာမည်သည် ကောင်းကင်ဘုံနယ်မြေ တခွင်လုံးအနှံ့ ပျံ့နှံ့နေလေပြီ။
သို့ရာတွင် မှတ်တမ်းတင်သလင်းကျောက်အတွင်း၌ ဤကိစ္စအထိသာ မှတ်တမ်းတင်ထားသည်။
ထိုအရာအတွင်း၌ လုယွီနှင့် ကျိုးမိသားစုဘိုးဘေးအကြားရှိတိုက်ပွဲ ပါဝင်ခြင်းမရှိချေ။
ဤအဆင့်တိုက်ပွဲတစ်ခုကို အဝေးတစ်နေရာမှသာ စူးစမ်းလေ့လာနိုင်ပေမည်။အကယ်၍ ဤတိုက်ပွဲကို မှတ်တမ်းတင်သလင်းကျောက်ဖြင့် အတင်းအကြပ်မှတ်တမ်းတင်ပါက ထိုသလင်းကျောက် ပေါက်ကွဲသွားပေမည်။
"သူ့မှာ ကျိုးမိသားစုဘိုးဘေးကို သတ်ဖြတ်နိုင်တဲ့စွမ်းအားမျိုး ရှိနေတယ်ဆိုတာ မဖြစ်နိုင်ဘူး"
"လုယွီမှာ မသaoမျိုးအဆင့် မှော်လက်နက်တစ်ခု ရှိနေတယ်မဟုတ်လား....ဖြစ်နိုင်တာတော့ အဲ့ဒီမသေမျိုးအဆင့် မှော်လက်နက်ရဲ့စွမ်းအားနဲ့ သူက ကျိုးမိသားစုဘိုးဘေးကို သတ်လိုက်တာများလား"
တချို့လူများသည် လုယွီ၏ခွန်အားနှင့်ပတ်သက်ပြီး သံသယဝင်နေကြ၏။သူတို့သည် လုယွီနှင့် ကျိုးမိသားစုဘိုးဘေးအကြားရှိ တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရခြင်းမရှိသဖြင့် ယုံကြည်နိုင်ခြင်းမရှိချေ။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထင်မြင်ချက်များနှင့်ခန့်မှန်းချက်အမျိုးမျိုး ပျံ့နှံ့နေသည်။
သို့ရာတွင် ကိစ္စတစ်ခုကမူ တိကျသေချာပေ၏။ယခုအချိန်ကစပြီး လုယွီသည် ကောင်းကင်ဘုံနယ်မြေ၏ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများအနက်မှတစ်ယောက် ဖြစ်သွားလေပြီ။
....
တာယွီတော်ဝင်နန်းတွင်း၌...
မရေမတွက်နိုင်သောလူများသည် သူတို့၏နေအိမ်များကို မီးအိမ်များ အလံတံခွန်များဖြင့် အလှဆင်ကာ အောင်ပွဲခံရန်ပြင်ဆင်နေကြသည်။
ချီဘုရင်၏ပုန်ကန်မှု အဆုံးသတ်သွားပြီးဖြစ်သောကြောင့် တာယွီတော်ဝင်နန်းတွင်းသည် စစ်ပွဲ၏အရှေ့ဘက်မျက်နှာစာကို ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်သည်။နောက်ဆုံး၌ သူတို့သည် ထန်အင်ပါယာနှင့်တိုက်ခိုက်ရာ၌ အပြည့်အဝအာရုံစူးစိုက်နိုင်လေပြီ။
လုမိသားစုသည် တော်ဝင်နန်းတွင်း၌ အလွန် ကြီးကျယ်ခမ်းနားသော တံလျှပ်ပင်လယ်မျှော်စင်ကို ပိုင်ဆိုင်ထားသည်။သူတို့သည် ထိုနေရာ၌ ဧည့်သည်အမြောက်အများကို ဖိတ်ခေါ်ကာ စားသောက်ပွဲကြီးတခုကို ကျင်းပခဲ့သည်။
လုယွီ၏အဖိုးဖြစ်သော လုဝူသိသည် ဤစားသောက်ပွဲ၏အဓိကလူ ဖြစ်လာပေ၏။
"အတိတ်မှာတုန်းက ရှေးဟောင်းချန်အန်းအပျက်အစီးနယ်မြေမှာ လုယွီရဲ့ကူညီမှုကြောင့် ငါတို့အားလုံး လွတ်မြောက်လာခဲ့တယ်...အဲ့ဒီအချိန်ကတည်းက ငါက သူ့ကို ကျေးဇူးတင်နေခဲ့တာ....ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ လုယွီက ကောင်းကင်ဘုံရဲ့စိတ်ဆန္ဒကို သယ်ဆောင်ထားတာကြောင့် သူက အလွယ်တကူသေဆုံးသွားမှာမဟုတ်ဘူး...ဒီလူအိုကြီးက လုယွီကို အကဲဖြတ်မှားခဲ့တယ်...မိသားစုထဲမှာရှိတဲ့ ပါရမီရှင်တွေက တကယ်တော့ သူနဲ့အဆင့်တူမှာ ရှိမနေဘူး"
လုချင်းချန်က လုဝူသိနှင့် ဝိုင်အရက်ခွက်ချင်းတိုက်ကာ ပြောဆိုသည်။အသက်အရွယ်နှင့်ဝါစဥ်အရ သူသည် လုဝူသိထက် များစွာပို၍မြင့်မားသော်လည်း ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံနေသည်။
လုမိသားစု၏တတိယအရှင်သည် လုဝူသိ၏အရိုးနှင့်မရီးဒါန်းများကို ဆေးကြောသန့်စင်ပေးရန်အတွက် တစ်စုံတစ်ယောက်ကို သီးသန့်စေလွှတ်ခဲ့သည်။ထို့ကြောင့် လုဝူသိသည် အသစ်တဖန်မွေးဖွားလာသကဲ့သို့ ဖြစ်သွားကာ ပို၍နက်နဲသိမ်မွေ့သော ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းနိုင်လေပြီ။
လုမိသားစုသည် လုယွီအပေါ်၌ ကောင်းမွန်သောသဘောထားကို ပြသနေကြောင်း လူများအားလုံး မြင်တွေ့နိုင်သည်။
လုယွီသည် လုမိသားစုအတွင်းသို့ ဝင်ရောက်လာမည့်အခြေအနေကို သူတို့ မျှော်လင့်ထားခြင်းမရှိသော်လည်း သူ၏ခန္ဓာကိုယ်အတွင်း၌ လုမိသားစု၏သွေးများ စီးဆင်းနေဆဲပင်။
ယခုအချိန်၌ လုယွီသည် အလွန်ကြီးမားသောအောင်မြင်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့သဖြင့် လုမိသားစုသည် သူတို့၏သဘောထားကို ပြသသည်မှာ သဘာဝကျသောကိစ္စပင်။
အလယ်ပိုင်းကုန်းမြေလုမိသားစုမှ လုဝူသိကို တော်ဝင်မြို့တော်အတွင်းရှိ ဖီးနစ်ဥယျာဉ်အတွင်း၌ လွတ်လွတ်လပ်လပ်နေထိုင်နိုင်အောင် စီစဉ်ထားခဲ့သည်။ဤသည်မှာ တော်ဝင်မြို့တော်၏ ထိပ်သီးခြံဝန်းများအနက်မှတစ်ခုဖြစ်ပြီး မြေဧကသုံးထောင်ကျော်ကျယ်ဝန်းသည်။ဤခြံဝန်းအတွင်းတွင် တောင်တုများ ရေကန်များပါရှိသည့်အပြင် စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသော စိတ်ဝိညာဉ်ရေအိုင်များ ပါရှိသည်။ထိုနေရာရှိ ရှုမျှော်ခင်းများသည် အလွန်သာယာလှပပေ၏။
ဤသည်မှာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်မှနေ၍ တတိယအရှင်လုချန်ဆောင်ကို ပေးအပ်ထားခဲ့သော ဆုလာဘ်တခုပင်။ထို့ပြင် သူ့သည် 'မိုးနှင့်မြေကိုဖိနှိပ်နိုင်သော သူရဲကောင်း'ဟူသောဘွဲ့ထူးကိုလည်း ရရှိထားသည်။
နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် လုချန်ဆောင်သည် အိမ်တော်ဟောင်း၌သာ နေထိုင်ခဲ့သည်။သူသည် ဖီးနစ်ဥယျာဥ်သို့ တစ်ကြိမ်တခါမျှ သွားရောက်နေထိုင်ခဲ့ခြင်း မရှိပေ။အတိတ်တွင် ထိုနေရာ၌ သန့်ရှင်းရေးလုပ်သော အစေခံများသာ နေထိုင်ခဲ့သည်။
ဤသည်မှာ သွားလေသူဧကရာဇ်မှနေ၍ လုချန်ဆောင်ကို ချီးမြှင့်မြှောက်စားခဲ့သည့် ဂုဏ်ကျက်သရေကို ကိုယ်စားပြုနေခြင်းပင်။
ယခုအချိန်၌ ဤကဲ့သို့အရေးပါသော အိမ်တော်တစ်ခုကို လုမိသားစုသည် အလယ်ပိုင်းကုန်းမြေမှလုမိသားစုဝင်များအား နေထိုင်ခွင့်ပြုခဲ့သည်။
ဤသည်မှတဆင့် လုယွီ၏လုမိသားစုသည် ယခုအချိန်၌ မည်မျှထိအရေးပါသည်ကို သက်သေပြနေပေ၏။
Thank For Reading.