← Chapters

အခန်း (၄၄၆၆-၄၄၇၀)

Vol. 227 Ch. 4466-4470

အခန်း (၄၄၆၆-၄၄၇၀)

Vol. 227 Ch. 4466-4470

Chapter 4466

တိုက်ပွဲစတင်သည်နှင့် နယ်မြေသခင်ရှစ်ယောက် သေဆုံးသွားခဲ့သည်။

လုယွီသည် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ကိုအသုံးပြု၍ လူတိုင်းကိုခြိမ်းခြောက်နိုင်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။လူအများသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူတို့၏မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်တော့ချေ။

ဘုန်း...

ချီစစ်သားများအနက်မှတစ်ယောက်သည် ထိတ်လန့်တုန်လှုပ်သွားကာ သူ၏လက်အတွင်းမှ မှော်လက်နက်ကို မတော်တဆလွတ်ချလိုက်မိသည်။

သို့ရာတွင် မည်သူကမျှ သူ့ကို အပြစ်မတင်ကြချေ။လူများအားလုံးသည် ဤကဲ့သို့ကိစ္စတစ်ခု ဖြစ်ပွားလာမည်ဟု မျှော်လင့်မထားမိသဖြင့် စိတ်ရှုပ်ထွေးနေကြသည်။

"နိုင်ပြီ...အရှင်လု နိုင်ပြီ...."

မလှမ်းမကမ်းအကွာတွင်ရှိနေသော ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများအားလုံး အော်ဟစ်လိုက်ကြသည်။

မရေမတွက်နိုင်သော စစ်သင်္ဘောများသည် ပုန်းကွယ်နဂါးစစ်တပ်၏စစ်စခန်းမှ ရွက်လွှင့်လာပေ၏။သူတို့ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေကာ စစ်ဗုံသံများကိုလည်း ကြားရနိုင်သည်။

ဤမြင်ကွင်းကိုကြည့်ပြီး ချီစစ်တပ်မှစစ်သားများ၏စိတ်ဓာတ်များ အဆုံးစွန်ဆုံးအဆင့်ထိ ​ကျဆင်းသွားသည်။ချီစစ်သားအများစုသည် ဤတိုက်ပွဲကိုတိုက်ခိုက်ရန်အတွက် သတ္တိမရှိကြတော့ချေ။

"မင်းတို့ ဆက်ပြီးတိုက်ခိုက်ချင်သေးလား"

ချီစစ်တပ်၏စစ်ဗိုလ်ချုပ်များသည် အချင်းချင်းကြည့်ကာ တစ်ယောက်၏မျက်လုံးအတွင်းမှ ခါးသည်းမှုကို တခြားတစ်ယောက်က တွေ့မြင်မိသည်။

နောက်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို လုယွီက ဂရုမစိုက်ချေ။

အစောပိုင်းက အဆောင်လက်ဖွဲ့တွင် နျူနျူရှိနေသောနေရာကို မှတ်တမ်းတင်ထားသည်။ဤသည်မှာ ချီအင်ပါယာ၏တော်ဝင်နန်းတွင်းအတွင်း၌ ရှိနေပေ၏။

ကျိုးကျင်းထန်သည် ထီးနန်းဆက်ခံပြီးနောက် အရွယ်အစားကြီးမားသော နန်းတော်ကြီးတစ်ခုကို တည်ဆောက်ခဲ့သည်။ယခုချိန်ထိတိုင် နန်းတော်အတွင်းမှ နန်းဆောင်တချို့ကို အပြည့်အဝတည်ဆောက်၍ မပြီးသေးချေ။

လုယွီ၏အကြည့်ကို အာရုံခံမိသည့်အလား ချီအင်ပါယာ၏တော်ဝင်နန်းတော် နက်ရှိုင်းသောနေရာမှ အစွမ်းထက်သောအလင်းတန်းတစ်တန်း ပျံ့လွင့်လာသည်။

ဤအလင်းတန်းသည် ခရမ်းရောင်သို့ပြောင်းလဲသွားကာ မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။

ဤသည်မှာ ကျိုးမိသားစုဘိုးဘေး၏ချီအလင်းတန်းပင်။လုယွီ ဝေ့ယန်မြို့အတွင်းသို့ ဝင်ရောက်သည်နှင့် ကျိုးမိသားစုဘိုးဘေးမှ သူ့အား ချိတ်ပိတ်ထားပြီးဖြစ်သည်။

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူနှစ်ယောက်၏အကြည့်များ လေဟာနယ်အတွင်း၌ ဆုံတွေ့သွားသည်။မိုးနှင့်မြေ အရောင်ပြောင်းလဲသွားကာ မိုးကောင်းကင်ယံအတွင်း၌ တိမ်မည်းများ လွှမ်းခြုံသွားသည်။ထိုတိမ်မည်းများသည် ဝေ့ယန်မြို့ပေါ်သို့ နိမ့်ဆင်းလာပေ၏။

လုယွီသည် ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ ဆက်လက်၍လျှောက်လှမ်းလိုက်သည်။

သေရမည်ကိုကြောက်ရွံခြင်းမရှိသော ကျိုးမိသားစုမှကျင့်ကြံသူတချို့ ရှိနေဆဲပင်။သူတို့သည် လုယွီကို တိုက်ခိုက်ခဲ့ကြသော်လည်း သူတို့အားလုံး သွေးမြူခိုးများအဖြစ်သို့ ချွင်းချက်မရှိ ပြောင်းလဲသွားခဲ့သည်။

လုယွီ၏နံဘေးပတ်လည်ရှိ လေထုအတွင်း၌ သွေးမြစ်ကြီးတစ်ခု မျောလွင့်နေသည့်အလားပင်။

"လုယွီ...မင်း ဒီနေ့ တော်ဝင်နန်းတွင်းထဲကို ခြေချဖို့ စိတ်မကူးနဲ့"

တစ်စုံတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်ကာ လုယွီ၏ရှေ့၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဆယ်ယောက်ကျော် ထွက်ပေါ်လာသည်။

သူတို့အားလုံးသည် ကျိုးကျင်းထန် ဖိတ်ခေါ်ထားသော ဧည့်အကြီးအကဲများပင်။ရှေးဟောင်းအမွေအနှစ်နယ်မြေ၌ သူတို့၏ဓမ္မပုံရိပ်ယောင်များသည် လုယွီ၏လက်အောက်၌ ရှုံးနိမ့်ခဲ့ကြသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုအကြီးအကဲများသည် သူတို့၏အစစ်အမှန်ဝှက်ဖဲများကို အသုံးပြုလိုက်ကြသည်။သူတို့၏စွမ်းအားများသည် အလွန်မြင့်မားသောအဆင့်သို့ ရောက်ရှိနေကာ သူတို့၏အရှိန်အဝါသည် အလွန်ကြီးမားပေ၏။

ဧည့်အကြီးအကဲများသည် လုယွီကိုမြင်တွေ့သည်နှင့် သူတို့၏အားအကောင်းဆုံးနည်းစနစ်များကို ထုတ်ဖော်အသုံးပြုလိုက်ကြသည်။သူတို့သည် အတိတ်တွင် သူတို့၏ဓမ္မပုံရိပ်ယောင်များ ရှုံးနိမ့်ခဲ့ရသည့်အရှက်ရမှုကို ဆေးကြောရန်အတွက် လုယွီကို တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သတ်ဖြတ်လိုသည်။

လုယွီ၏မျက်နှာ အေးစက်တင်းမာနေသည်။သူသည် သူ၏လက်သီးကို လက်ဝါးအသွင်ပြောင်းလဲကာ တောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။

ထိုရွှေရောင်အလင်းတန်းသည် သူ၏လက်ဝါးအတွင်း၌ စုဝေးသွားပေ၏။ထိုအရာသည် လှိုင်းတွန့်များထနေကာ နဂါးတစ်ကောင်၏ဟိန်းသံကို ကြားရနိုင်သည်။ထို့နောက် မြင့်မားသောတောင်ကြီးတစ်လုံးနှင့်တူညီသည့် သူ၏လက်ဝါးကို အောက်သို့ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။

ပတ်ဝန်းကျင်ရှိလေဟာနယ် အက်ကွဲစပြုလာကာ မရေမတွက်နိုင်သော လေဟာနယ်အက်ကွဲကြောင်းများအဖြစ် ဖွဲ့စည်းသွားသည်။ဧည့်အကြီးအကဲဆယ်ယောက်ကျော်သည် သူတို့ရွတ်ဆိုလိုက်သော မှော်မန္တန်များ လုယွီကို ထိတွေ့ခြင်းမရှိနိုင်သေးမီမှာပင် သူတို့အားလုံး သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားသည်။

လုယွီသည် အနည်းငယ်မျှရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းလိုက်၏။

သူ့အား ပိတ်ဆို့ဟန့်တားရန်အတွက် ရှေ့သို့တိုးဝင်တိုက်ခိုက်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် သူ့အား အချိန်တခဏမျှပင် ဟန့်တားနိုင်ခြင်းမရှိချေ။

"ဒါက တော်ဝင်နန်းတွင်းရဲ့ ဧည့်အကြီးအကဲတွေပဲ...သူတို့က လုယွီရဲ့လက်အောက်မှာ ပုရွက်ဆိတ်တွေလို ခြေမွှဖျက်ဆီးခံလိုက်ရတယ်"

"သူ့ရဲ့ထင်ပေါ်ကျော်ကြားမှုက အမှားအယွင်းမရှိဘူး....အစကတော့ ပြင်ပလောကမှာရှိတဲ့ ကောလဟာလတွေက အရမ်းရယ်ဖို့ကောင်းတယ်လို့ ငါ တွေးထင်ခဲ့တယ်...အခုအချိန်မှာ ငါကိုယ်တိုင် မြင်တွေ့ရမှ သူက တကယ့်ကို အစွမ်းထက်တာပါလား"

မရေမတွက်နိုင်သောလူများသည် ဤကိစ္စကို တိုင်ပင်ဆွေးနွေးနေကြကာ တစ်ချိန်တည်းမှာပင် သူတို့၏နတ်ဘုရားစိတ်အာရုံများကိုအသုံးပြု၍ တိုက်ပွဲကိုစောင့်ကြည့်လိုက်ကြ၏။

ဆရာကျန်းသည် ဤရုန်းရင်းဆန်ခတ်မှုများကိုကြားချိန်၌ ချက်ချင်း ပြင်ပသို့ပြေးထွက်လာသည်။

လုယွီကို မြင်တွေ့ချိန်၌ သူသည် အံ့အားသင့်တုန်လှုပ်သွားကာ သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။

သူ၏နံဘေးတွင်ရှိနေသော ကောင်းကင်ကွန်ယက်မှသူလျှိုသည် ထိတ်လန့်တုန်လှုပ်သွားကာ အလျှင်အမြန်မေးမြန်းလိုက်၏။

"မင်း ဘာဖြစ်တာလဲ"

"ငါက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အကွက်ချကြံစည်ခဲ့တယ်...ဒီတိုက်ပွဲကြောင့် ငါ့ရဲ့နာမည်ကို ကောင်းကင်ဘုံနယ်မြေတစ်ခွင်လုံးသိအောင် လုပ်နိုင်မှာ သေချာတယ်"

ဆရာကျန်း၏မျက်လုံးများ နီမြန်းသွားသည်။

"ဒါပေမယ့် ငါ တစ်ခါမှမတွေးခဲ့မိတာကတော့ ....သူက ဒီနေရာကို ကြိုပြီးရောက်လာမှာကိုပဲ"

Chapter 4467

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ဆရာကျန်း၏ မကျေနပ်သောစိတ်နေသဘောထားကို ဂရုစိုက်နေရန် အချိန်မရှိတော့ချေ။

သူ၏စိတ်နှလုံးသားတစ်ခုလုံးကို သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကသာ လွှမ်းခြုံနေသည်။

လုယွီသည် ယခင်က အနက်ရောင်အသူရာခန်းမအတွင်း၌ တစ်ယောက်တည်းလျှောက်သွားနေသော မိန်းကလေးကိုသာ တွေးတောနေမိသည်။

ဤဘဝတွင် လုယွီသည် သူ၏မိသားစုဝင်များအားလုံးကို မည်သည့်ထိခိုက်နာကျင့်မှုမျှ ခံစားခွင့်ပြုမည်မဟုတ်ဟု ကျိန်ဆိုခဲ့သည်။

"တကယ်လို့ မင်းက တော်ဝင်နန်းတော်ထဲကို ဝင်ချင်တယ်ဆိုရင် ငါ့ကိုအရင်ဆုံးဖြတ်ကျော်ရမယ်"

လမ်း၏အဆုံးသတ်တွင် နတ်ဘုရားတစ်ပါးထွက်ပေါ်လာကာ လေဟာနယ်အတွင်း၌ မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။

သူ၏ခေါင်းပေါ်တွင် ဆံပင်တစ်ချောင်းမျှမရှိဘဲ ထူထပ်သိပ်သည်းသော မှော်သင်္ကေတအက္ခရာများကို ရေးထွင်းထားသည်။သူ၏နဖူးမှစ၍ အရောင်အသွေးစုံလင်သော သင်္ကေတအက္ခရာများ ရေးဆွဲထားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့နေပေ၏။သူ၏ရွှေရောင်မျက်လုံးတစ်စုံကိုသာ မြင်တွေ့နိုင်ပြီး ထိုအရာမှနေ၍ အလွန်ကြီးမားသော ဖိအားအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

သူ့၏နောက်ရှိ အလင်းဘီးကြီးတွင် လူအိုကြီးများ မိန်းမများ ကလေးများ သန်မာထွားကျိုင်းသောယောက်ျားသားများ၏ ပုံရိပ်ယောင်များ ရှိနေသည်။သူ့အား ယုံကြည်ကိုးကွယ်သူများ၏ကံကြမ္မာစွမ်းအားများသည် သူ၏ခေါင်းနောက်၌ စုဝေးနေကာ အမွှေးနံ့သာစွမ်းအားများက ပတ်ဝန်းကျင်နေရာတဝိုက်၌ မျောလွင့်နေသည်။

သူသည် ဝေ့ယန်မြစ်နတ်ဘုရားပင်။

ဝေ့ယန်မြစ်ရေသည် ဝေ့ယန်မြို့တလျှောက် ဖြတ်သန်းစီးဆင်းနေသည်။

ဤမြစ်ရေတွင် ယခင်က စိတ်ဝိညာဥ်တစ်ကောင်ရှိနေကာ သက်ရှိများအားလုံး သူ့ကို ဝတ်ပြုကိုးကွယ်ကြသည်။အချိန်ကြာလာသည်နှင့်အမျှ ထိုစိတ်ဝိညာဥ်သည် အစွမ်းထက်သောနတ်ဘုရားတစ်ပါး ဖြစ်လာပေ၏။

ဝေ့ယန်မြစ်နတ်ဘုရားသည် ချီဘုရင်နှင့်ပူးပေါင်းထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ချီအင်ပါယာကိုတည်ထောင်ပြီးနောက် ဝေ့ယန်မြစ်နတ်ဘုရားကို ချီအင်ပါယာ၏အစောင့်အရှောက်ဘွဲ့ထူးအား ခန့်အပ်ခဲ့ကာ သူ၏ခွန်အားသည်လည်း အဆင့်သစ်တစ်ခုထိ မြင့်တက်လာခဲ့သည်။

ချီအင်ပါယာ၏မြို့တိုင်းနီးပါးတွင် ဝေ့ယန်မြစ်နတ်ဘုရားအတွက် ဘုရားကျောင်းတစ်ခုစီကို တည်ဆောက်ထားကြသည်။

ဤဘုရားကျောင်းများသည် ထူထပ်သိပ်သည်းသော သစ်တောတစ်ခုနှင့်တူညီကာ ကံကြမ္မာစွမ်းအားများ အကန့်အသတ်မရှိချေ။မရေမတွက်နိုင်သော အမွှေးနံ့သာစွမ်းအားများသည် နေ့စဉ်နေ့တိုင်း ဝေ့ယန်မြစ်နတ်ဘုရား၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပေ၏။

သူ ပြောဆိုလိုက်သောစကားလုံးတိုင်း အစွမ်းထက်ပြီး မြင့်မြတ်ကာ ကြီးကျယ်ခမ်းနားသည်။ဤသည်မှာ မိုးကောင်းကင်တာအို၏အသံနှင့်တူညီပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အား ဆန့်ကျင်လိုသောအ​တွေးများ တွေးတောဝံ့မည်မဟုတ်ချေ။

လုယွီသည် ဝေ့ယန်မြစ်ဘုရား၏နတ်ဘုရားစွမ်းအားကို လျစ်လျူရှုကာ ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းလိုက်သည်။သူ၏လက်မှနေ၍ အစွမ်းထက်သော လက်သီးအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာကာ ကျယ်လောင်သောအသံကြီး မြည်ဟီးသွားသည်။

ထိုလက်သီးအားလှိုင်းသည် ကောင်းကင်နှင့်မြေပြင်ကို ပြိုလဲသွားစေလုမတတ် အလွန်ပြင်းထန်သည်။

ဝေ့ယန်မြစ်နတ်ဘုရား၏မျက်နှာပေါ်တွင် သတိကြီးစွာထားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။သူသည် နတ်ဘုရားမှော်မန္တန်များကို ကျယ်လောင်စွာရေရွတ်ကာ သူ၏လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်၏။ထို့နောက် သူသည် မီတာထောင်သောင်းချီအကွာ၌ရှိနေသော ဝေယံမြစ်ကို ဤနေရာသို့ ဆွဲခေါ်လိုက်သည်။

ဝေ့ယန်မြစ်၏မျက်နှာပြင်ပေါ်တွင် လှိုင်းလုံးများဖြင့် ပြည့်နှက်နေသည်။မိုင်ထောင်ပေါင်းများစွာရှည်လျားသော မြစ်ကြီးသည် လေထုအတွင်း၌ မျောလွင့်နေပေ၏။

ဤသည်မှာ အလွန်အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။ဝေ့ယန်မြစ်နတ်ဘုရားကဲ့သို့ အဆင့်မြင့်နတ်ဘုရားတစ်ပါးကသာ ဤစွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်ပေမည်။

ဘုန်း....

လုယွီ၏လက်သီးချက်သည် ဝေ့ယန်မြစ်၏မျက်နှာပြင်ကို ရိုက်ခတ်မိသွားသည်။

ဝေ့ယန်မြစ်နတ်ဘုရားသည် မိုင်ထောင်နှင့်ချီရှည်လျားသော ဝေ့ယန်မြစ်ရေကို အသုံးပြု၍ လုယွီ၏လက်သီးစွမ်းအားကို ပျက်ပြယ်သွားစေသည်။ရေမျက်နှာပြင်ပေါ်၌ ရေစုပ်ဝဲတစ်ခုဖွဲ့စည်းသွားကာ မရေမတွက်နိုင်သော ရေလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

"မင်း ဒီနေ့ နန်းတော်ထဲကို ဝင်လို့မရဘူး...နောက်ကို ပြန်ဆုတ်စမ်း"

ဝေ့ယန်မြစ်နတ်ဘုရား၏ ကျယ်လောင်သောအသံက လေထုအတွင်း၌ ပဲ့တင်ထပ်သွားသည်။

လုယွီသည် မည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုဘဲ နောက်ထပ်လက်သီးတစ်ချက် ထိုးနှက်လိုက်၏။

ဤလက်သီးချက်မှစွမ်းအားသည် အလွန်ပူပြင်းကာ နံဘေးပတ်လည်၌ တဟုန်းဟုန်းတောက်လောင်နေသောမီးတောက်များ လောင်ကျွမ်းနေသည့်အလားပင်။မိုးကောင်းကင်ယံအတွင်း၌ မျောလွင့်နေသော ဝေယံမြစ်ရေများသည် ပူပြင်းသောအရှိန်အဝါကြောင့် အမြောက်အများအငွေ့ပြန်သွားခဲ့သည်။

ထိုနောက် လုယွီက ဝေ့ယန်မြစ်ပေါ်သို့ ခြေချလိုက်၏။

"ဝေ့ယန်မြစ်က ငါ့ရဲ့ပိုင်နက်နယ်မြေပဲ...မင်း ဝင်လာပြီးမှတော့ ပြန်ထွက်သွားဖို့ မစဉ်းစားနဲ့"

ဝေ့ယန်မြစ်နတ်ဘုရား၏လက်နှစ်ဖက်လုံးကို ရွှေရောင်အလင်းတန်းတတန်းမှ လွမ်းခြုံထားပုံရသည်။သူသည် ပတ်ဝန်းကျင်ရှိရေများကိုထိန်းချုပ်ကာ လုယွီ၏နံဘေးပတ်လည်ကို အပြည့်အဝရစ်သိုင်းလွှမ်းခြုံလိုက်သည်။

ပေတစ်ထောင်ကျော်ခန့် ရှည်လျားသော မြစ်ရေများသည် တစ်လွှာပြီးတစ်လွှာထပ်ကာ လုယွီကို ချိတ်ပိတ်လိုက်၏။

ဤအရာတွင် အလွန်အမင်းမြင့်မားသောစွမ်းအားတစ်ရပ်ပါဝင်နေသဖြင့် အတွင်း၌ချိတ်ပိတ်ခံထားရသူ လွတ်မြောက်သွားရန်မှာ မဖြစ်နိုင်​ချေ။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ ကြီးမားကျယ်ပြန့်သော နဂါးဟိန်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

သိုင်းပညာအင်မော်တယ်တစ်ယောက်၏စွမ်းအား ပွင့်အံ့ထွက်လာလေပြီ။

လုယွီက သူ၏လက်ကိုမြှောက်ပြီးခါယမ်းကာ သူ့ရှေ့ရှိမြစ်ရေများကို တွန်းထုတ်လိုက်သည်။ ထို့နောက် သူသည် မြစ်ရေများဖြင့် ချိတ်ပိတ်ခံထားရမှုအတွင်းမှနေ၍ သူ၏လက်ကို ဆန့်တန်းကာ ဝေ့ယန်မြစ်နတ်ဘုရား၏ခေါင်းကို ဖမ်းဆုပ်လိုက်၏။

ထို့နောက် သူ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဝေ့ယန်မြစ်နတ်ဘုရား၏ခေါင်း ချက်ချင်းပေါက်ကွဲသွားသည်။သွေးများ နေရာအနှံ့အပြားသို့ ဖြာကျသွားကာ ဝေ့ယန်မြစ်နတ်ဘုရား၏ခန္ဓာကိုယ်ကြီးသည် အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

လေထုအတွင်း၌ မျောလွင့်နေသည့် မိုင်ထောင်ပေါင်းများစွာရှည်လျားသော မြစ်ကြီးသည်လည်း မိုးရေစက်များအလား အောက်သို့ဖြာကျလာသည်။

လုယွီကိုကြည့်ရသည်မှာ သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးအလားပင်။သူသည် ဝေ့ယန်မြစ်နတ်ဘုရား၏အလောင်းကိုနင်းကာ ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းလိုက်သည်။

Chapter 4468

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

မိုးကောင်းကင်ယံကြီး အလွန်အမင်းမှောင်မည်းနေကာ ဝေ့ယန်မြို့၏အထက်ရှိ မိုးကောင်းကင်ယံအတွင်း၌ သွေးလတစ်ခုရှိနေသည်။

ဝေ့ယန်မြစ်ရေများသည် ဒီရေလှိုင်းတလှိုင်းအလား စီးဆင်းနေကာ ဝေ့ယန်မြစ်နတ်ဘုရားကို ဝတ်ပြုကိုးကွယ်သော ဘုရားကျောင်းများ ပြိုလဲသွားသည်။

ဤသည်မှာ နတ်ဘုရားတပါး ကြွေလွင့်သွားသဖြင့် ကောင်းကင်နှင့်မြေပြင်အကြားမှ သဘာဝလွန်ပုံရိပ် ထွက်ပေါ်လာခြင်းပင်။

"နတ်ဘုရားတောင်မှ အသတ်ခံလိုက်ရပြီ"

ချီစစ်တပ်မှစစ်သားများအားလုံး မြေပြင်ပေါ်တွင် အမြစ်တွယ်နေသည့်အလား ကြက်သေသေနေကြသည်။သူတို့၏လက်များအတွင်း၌ မှော်လက်နက်များကို ကိုင်ဆောင်ထားဆဲဖြစ်သော်လည်း ရှေ့သို့ခြေတစ်လှမ်းမတိုးဝံ့ကြချေ။

လုယွီသည် မရေမတွက်နိုင်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို ဆက်တိုက်သတ်ဖြတ်ခဲ့လေ၏။လေထုအတွင်း၌ သွေးညှီနံ့များဖြင့် ပြည့်နှက်နေသည်။ယခုလက်ရှိနေရာတွင်ရှိနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအနက် မည်သူတစ်ဦးတစ်ယောက်​မျှ သူ့၏ပြိုင်ဘက် မဖြစ်နိုင်ချေ။

"လုယွီနဲ့ကျိုးမိသားစုဘိုးဘေးမှာ ဘယ်သူက ပိုပြီးသန်မာအားကောင်းနိုင်လဲ"

ဤမေးခွန်းသည် တိုက်ပွဲကို စောင့်ကြည့်နေသူများ၏စိတ်များအတွင်း၌ ထင်ဟပ်လာသည်။

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ဆက်တိုက်သေဆုံးသွားခြင်းကြောင့် လူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများသည် တိုက်ပွဲကွင်းပြင်ထံသို့ ကျရောက်လာပေ၏။ပြင်ပလောက၌ရှိနေသောလူများပင်လျှင် ဤနေရာရှိတိုက်ပွဲကို အာရုံစူးစိုက်နေကြသည်။

ဖရိုဖရဲလောကကြီး ဖြစ်ပွားစပြုလာလေပြီ။ လုယွီသည် တစ်ဖက်ရန်သူ၏မြို့တော်ကို လက်ဦးမှုယူ၍ တိုက်ခိုက်ခဲ့သည်။

လုယွီ၏အရှိန်နှုန်းသည် အလွန်လျှင်မြန်ပေ၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် တော်ဝင်နန်းတော်၏အထက်ရှိ လေထုအတွင်းသို့ ရောက်ရှိသွားသည်။

ဤနန်းတော်သည် အလွန်မြင့်မားကာ ရွှေရောင်တိုင်လုံးများမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်။ဗာမီလီယန်မီးငှက်ပုံ တိုင်လုံးကြီးတစ်လုံးသည် တိမ်စိုင်များကိုထိလုမတတ် အလွန်မြင့်မားကာ ချီအင်ပါယာ၏တော်ဝင်နန်းတော်သည် အလွန်ကြီးကျယ်ခမ်းနားပေ၏။

တော်ဝင်နန်းတွင်းမှနေ၍ လူငါးယောက် ပျံသန်းထွက်လာသည်။သူတို့အားလုံးသည် နယ်မြေသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြစ်ကာ သူတို့၏ခန္ဓာကိုယ်များမှနေ၍ ကြီးမားကျယ်ပြန်ပြီး မြင့်မြတ်သောအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

သူတို့သည် ချီအင်ပါယာ၏တော်ဝင်နန်းတော်ကိုစောင့်ကြပ်သော ဧည့်အကြီးအကဲများပင်။သူတို့အား ချီဧကရာဇ်ကျိုးကျင်းထန်မှ ငွေကြေးအမြောက်အမြားပေး၍ ဖိတ်ခေါ်ခဲ့ကာ သူတို့သည် ချီအင်ပါယာ၏ ကြီးမားသောကံကြမ္မာစွမ်းအားမှ ကောင်းချီးပေးမှုကို လက်ခံရရှိသည်။

"ကောင်စုတ်လေးတစ်ယောက်က ဘယ်လိုသတ္တိမျိုးနဲ့ ချီအင်ပါယာရဲ့တော်ဝင်နန်းတော်ကို ကျူးကျော်ဝံ့တာလဲ...မင်းက သေလမ်းရှာနေတာလား"

ဧည့်အကြီးအကဲတချို့က ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူတို့သည် မှော်လက်နက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ ထိုအရာများအတွင်းသို့ သူတို့၏မှော်စွမ်းအားများကို ထည့်သွင်းလိုက်သည်။ထိုမှော်လက်နက်များမှနေ၍ တောက်ပသောအလင်းတန်းများ ပွင့်အံ့ထွက်လာကာ စွမ်းအားလှိုင်းများသည် လုယွီထံဦးတည်၍ တိုးဝင်သွားပေ၏။

ဤမှော်လက်နက်များအားလုံးသည် မသေမျိုးတစ်ဝက်အဆင့် မှော်လက်နက်များပင်။

မှော်လက်နက်များသည် သာမန်ဆန်သော်လည်း မသေမျိုးတစ်ဝက်အဆင့် မှော်လက်နက်များမှာမူ အလွန်ရှာပါးသည်။

ဆေးလုံးများဖြစ်စေ မှော်လက်နက်များဖြစ်စေ မသေမျိုးအဆင့်ဟူသော စာလုံးမှနေ၍ ထိုအရာများ၏အထွတ်အမြတ်တည်ရှိမှုကို ညွှန်ပြနေသည်။ဆိုလိုရင်းမှာ ထိုအရာများအားလုံးသည် တခြားမှော်လက်နက်များ၏အထက်တွင်ရှိပြီး အရာအားလုံးကို ခြေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။

လုယွီ၏အတိတ်ဘဝတွင် သူ အသုံးပြုခဲ့သော ဆေဘာဓားသုံးလက်ဖြစ်သည် ခေါင်းဖြတ်ဓား ယန်ကြွယ်ဓားနှင့်ယို့ကျွင်းဓားတို့သည်လည်း မသေမျိုးအဆင့်မှော်လက်နက်များပင်။

မသေမျိုးတစ်ဝက်အဆင့်မှော်လက်နက်များသည် မသေမျိုးအဆင့်မှော်လက်နက်များလောက် အစွမ်းထက်ခြင်းမရှိသော်လည်း အလွန်အမင်းပြင်းထန်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

မသေမျိုးတစ်ဝက်အဆင့် မှော်လက်နက်များနှင့် ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရသည့်တိုင် လုယွီကိုကြည့်ရသည်မှာ အလွန်တည်ငြိမ်အေးချမ်းနေပုံရသည်။

လုယွီသည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။သူ့၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ သွေးချီစွမ်းအားများသည် အလွန်ထူထပ်သိပ်သည်းကာ မိုးကောင်းကင်ယံမှဆင်းသက်လာပြီး လေဟာနယ်ကို ထွင်းဖောက်သွားသည့် ရက်စက်ကြမ်းကြုတ်သော နဂါးတစ်ကောင်အလားပင်။

လုယွီထံမှနေ၍ လက်သီးစွမ်းအားလှိုင်းတစ်လှိုင်း ပွင့်အံ့ထွက်လာသည်။ရုတ်ချည်းဆိုသလိုပင် ထိုအရာသည် လေဟာနယ်အတွင်း၌ အစွမ်းထက်သော လက်သီးစွမ်းအားလှိုင်းများအဖြစ် ခွဲဖြာသွားကာ ရှေ့သို့ပြင်းပြင်းထန်ထန် ပျံ့လွင့်သွားလေ၏။

ထိုလက်သီးအားလှိုင်း ကျရောက်လာချိန်တွင် မသေမျိုးတစ်ဝက်အဆင့် မှော်လက်နက်များကို ထိတွေ့မိသည်နှင့် ထိုအရာများအားလုံး အက်ကွဲသွားပြီး မှော်လက်နက်များ၏မျက်နှာပြင်များ ချိုင့်ဝင်သွားကာ အနှစ်သာရစွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။မသေမျိုးတစ်ဝက်အဆင့်မှော်လက်နက်များ၏စွမ်းအားသည် အဆုံးစွန်ဆုံးအဆင့်ထိ အားနည်းသွားလေပြီ။

မသေမျိုးတစ်ဝက်အဆင့် မှော်လက်နက်တချို့သည် လုယွီ၏လက်သီးချက်ကြောင့် လွင့်ထွက်သွားပေ၏။

တချိန်တည်းမှာပင် လုယွီသည် သူ၏လက်ချောင်းငါးချောင်းကိုဆန့်တန်းကာ ဧည့်အကြီးအကဲများထံသို့ဦးတည်ပြီး အားလှိုင်းတစ်ရပ်ကို ထုတ်ဖော်အသုံးပြုလိုက်သည်။

ဤအားလှိုင်းသည် နဂါးတကောင်၏ဟိန်းသံအလားပင်။ထိုအရာမှနေ၍ ဟိန်းဟောက်သံများဆက်တိုက်ထွက်ပေါ်လာကာ ဧည့်အကြီးအကဲများပေါ်သို့ ကျရောက်သွားသည်။ဧည့်အကြီးအကဲများအနက်မှလေးယောက်သည် နေရာမှာပင်သေဆုံးသွားကာ လေထုအတွင်း၌ သွေးများဖြင့် နီမြန်းသွားတော့သည်။

ကြွင်းကျန်သော ဧည့်အကြီးအကဲ၏လက်အတွင်းရှိ မှော်လက်နက် လွင့်ထွက်သွားခြင်းမရှိချေ။ထိုအစား သူသည် ထိုမှော်လက်နက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေ၏။

ထိုဧည့်အကြီးအကဲ၏လက်အတွင်းတွင် ရောင်စုံအလင်းတန်းများ ဖြာထွက်နေသော ထီးတစ်လက်ရှိနေသည်။ထိုအရာမှ အလင်းတန်းများသည် အလွန်ကြည်လင်ကာ ဖီးနစ်များ မိုးပြာနဂါးများ ကျားဖြူများ ချီလင်များနှင့် တခြားနတ်ဘုရားသားရဲများ ပျံသန်းနေသည် ပုံရိပ်ယောင်များ ရစ်သိုင်းလွှမ်းခြုံနေပေ၏။

ထိုဧည့်အကြီးအကဲ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

သူသည် အစောပိုင်းက တောင်များပြိုလဲလုမတတ် ပြင်းထန်သောအရှိန်အဝါတစ်ရပ် သူ့ထံဦးတည်၍ တိုးဝင်လာသည်ကို ခံစားမိလေ၏။

ဤအရှိန်အဝါသည် အမှန်တကယ်ကို အလွန်အစွမ်းထက်သဖြင့် အချိန်တခဏကြာသည်အထိ သူ၏အသက်သည် သူ့အပိုင်မဟုတ်တော့သည့်အလား ခံစားမိသည်။

လုယွီ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပို၍ပီပြင်ထင်ရှားလာသည်ကိုကြည့်ပြီး ဧည့်အကြီးအကဲက ရုတ်တရက်အော်ဟစ်လိုက်သည်။အလွန်ကြီးမားသောဟမှော်စွမ်းအားလှိုင်းများသည် ထီးထံ၌ စုဝေးသွားကာ ထိုအရာအား ပို၍တောက်ပသွားစေသည်။

Chapter 4469

"ငါ့ရဲ့လမ်းကိုပိတ်ရဲတဲ့ ဘယ်သူမဆို သေရမယ်"

လုယွီ၏အသံသည် အေးစက်တင်းမာနေကာ သူသည် ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းလိုက်၏။

သူ၏အရှိန်နှုန်းသည် အလွန်အမင်းလျှင်မြန်ကာ မြစ်အတွင်း၌ကူးခတ်နေသော နဂါးတစ်ကောင်အလားပင်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် ဧည့်အကြီးအကဲ၏ရှေ့သို့ ရောက်ရှိသွားပြီး သူ့၏လက်ဝါးဖြင့် ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။

ပေထောင်သောင်းကျော်ရှည်လျားသော ရွှေရောင်အလင်းတန်းကြီးတစ်တန်းက သူ၏လက်ဝါးအတွင်း၌ သိပ်သည်းသွားသည်။ ကြီးမားကျယ်ပြန့်ပြီး ထူးခြားသော သဘာဝလွန်ပုံရိပ်ယောင်များသည် ပတ်ဝန်းကျင်နေရာတဝိုက်၌ ထွက်ပေါ်နေပေ၏။သူ၏လက်ဝါးအတွင်းမှ ရွှေရောင်အလင်းတန်းသည်အလွန်တောက်ပကာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများ ထွက်ပေါ်နေသည်။

ပြင်းထန်သောလက်ဝါးရိုက်ချက်စွမ်းအားနှင့် မသေမျိုးတစ်ဝက်အဆင့်မှော်လက်နက်တို့သည် လေထုအတွင်း၌ ပြင်းပြင်းထန်ထန်ဖီလာဆန့်ကျင်ရိုက်ခတ်မိသည်။ရလဒ်အနေဖြင့် ကျယ်လောင်သောတုန်ခါသံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပေ၏။

ဤမသေမျိုးတဝက်အဆင့် မှော်လက်နက်သည်အလွန်သာလွန်ထူးကဲပေ၏။ဤအရာသည် မသေမျိုးအဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းအကွာသာ လိုအပ်တော့သည်။ထိုအရာသည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ မာကျောသဖြင့် လုယွီ၏လက်သီးစွမ်းအားကို တောင့်ခံနိုင်စွမ်းရှိခဲ့သည်။

သို့ရာတွင် ထိုမှော်လက်နက်သည် တောင့်ခံနိုင်စွမ်းရှိသည့်တိုင် ထီးကိုကိုင်ဆောင်ထားသောအကြီးအကဲသည် လက်သီးအားလှိုင်း၏သက်ရောက်မှုကို ခံလိုက်ရပေ၏။

ထီးကိုကိုင်ထားသော ဧည့်အကြီးအကဲ၏လက်မောင်း ရုတ်တရက်ကျိုးပဲ့သွားသည်။ထို့နောက် သူ့၏လက်မှနေ၍ အနီရောင်ရင့်ရင့်သွေးများ ယိုစီးကျလာသည်။

ဤမှော်လက်နက်၏စွမ်းအားဖြင့် လုယွီကို အနည်းငယ်မျှ ဟန့်တား၍မရနိုင်​ချေ။

"ဒီလိုအရာတစ်ခုကို မင်းရဲ့လက်ထဲမှာထားတာက....နတ်ဘုရားတစ်ပါးရဲ့လက်ဆောင်ကို ဖြုန်းတီးနေတာနဲ့ အတူတူပဲ"

လုယွီက လေထုအတွင်းသို့ခုန်တက်ကာ လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် မိုးနှင့်မြေအကြားကို ရွှေရောင်လက်ဝါးစွမ်းအားလှိုင်းများမှ လုံးလုံးလျားလျား သိမ်းပိုက်သွားသည်။အစွမ်းထက်သော လက်ဝါးစွမ်းအားလှိုင်းများသည် ဧည့်အကြီးအကဲ၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားပေ၏။

ဧည့်အကြီးအကဲ၏ရင်ဘတ် ​ချိုင့်ဝင်သွားကာ နောက်သို့လွင့်ထွက်သွားပြီး သူ၏ပါးစပ်မှ သွေးများအဆက်မပြတ် အန်ထွက်လာသည်။

ထိုလက်ဝါးရိုက်ချက်ဖြင့် ရိုက်နှက်ခြင်းကိုခံရပြီးနောက် သူသည် သေဆုံးသွားခြင်းမရှိလျှင်ပင် အပြင်းအထန်ဒဏ်ရာရရှိသွားကာ ထပ်မံ၍ မတ်တတ်ထရပ်နိုင်တော့မည် မဟုတ်ချေ။

လုယွီက သူ၏လက်ကိုဆန့်တန်းပြီး ထီးကို ဖမ်းဆုပ်လိုက်သည်။ဤမှော်လက်နက်သည် သူ၏လက်အတွင်းသို့ ကျရောက်လာချိန်၌ တုန်ခါနေဆဲပင်။

ဝှစ်...

လုယွီသည် သူ၏လက်ဖြင့် လက်စည်းတံဆိပ်များကို သာမန်ကာလျှံကာဖွဲ့စည်းကာ ထီးအတွင်းရှိ စိတ်ဝိညာဉ်အမှတ်အသားကို ပယ်ဖျက်လိုက်သည်။

ထိုထီးသည် ချက်ချင်းဆိုသလိုပင် ပိုင်ရှင်မဲ့သောပစ္စည်းတစ်ခုဖြစ်သွားကာ လုယွီ၏သိမ်းဆည်းခြင်းကို ခံလိုက်ရလေ၏။

"မသေချင်တဲ့ကောင်တွေအားလုံး ထွက်သွားကြစမ်း"

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး အော်ဟစ်လိုက်သည်။

လုယွီ၏အော်သံကိုကြားချိန်တွင် ချီတော်ဝင်နန်းတော်အတွင်းရှိ မရေမတွက်နိုင်သော အစောင့်များ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။

အကယ်၍ သာမန်လူတစ်ယောက်သည် နန်းတော်အတွင်းသို့ ကျူးကျော်ဝင်ရောက်ဝင်ရောက်လာပါက သူတို့သည် သူ့အား ဟန့်တားပြီးဖြစ်ပေမည်။

သို့ရာတွင် လုယွီသည် သူတို့ဆုံတွေ့ခဲ့ရသည့် လူများအနက် ရက်စက်ကြမ်းတမ်းဆုံးလူပင်။ သူ၏လက်အတွင်း၌ မြင့်မြတ်ပြီးအစွမ်းထက်သော ဧည့်အကြီးအကဲများအပြင် ဝေ့ယန်မြစ်နတ်ဘုရားပင်လျှင် သေဆုံးသွားခဲ့ရသည်။

သူတို့အနက်မှအများစုသည် လုယွီကို ဟန့်တားရန်နေနေသာသာ အလွန်အမင်းထိတ်လန့်ကြောက်ရွံနေကြသည်။

ဤအချိန်အခိုက်အတန့်၌ လုယွီ၏အကြည့်သည် မိုင်ထောင်နှင့်ချီသော နယ်မြေတစ်ခုလုံးကို ထွင်းဖောက်မြင်နိုင်ပုံရသည်။မည်သူမည်ဝါဖြစ်နေပါစေ သူ၏မျက်လုံးအကြည့်အောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

နန်းတော်၏နက်ရှိုင်းသောနေရာတွင် ထူထပ်သိပ်သည်းသော ယင်ချီများဖြင့် ပြည့်နှက်နေသည့် နေရာတစ်နေရာရှိသည်။အနက်ရောင်မြူခိုးများသည် ထိုနေရာတဝိုက်လုံးကို ရစ်သိုင်းလွှမ်းခြုံထားသဖြင့် အတွင်း၌ မည်သည့်အရာများရှိသည်ကို မြင်တွေ့ရန်မှာ မဖြစ်နိုင်​ချေ။

ပိုင်းခြားသိမြင်နိုင်သော အမြင်အာရုံရှိသည့် မည်သူမဆို ဤသည်မှာ ထောင်ချောက်တစ်ခုဖြစ်ကြောင်း အတပ်ပြောနိုင်သည်။

ဤသည်မှာ ဖွင့်ထားသော ထောင်ချောက်တစ်ခုဖြစ်ပြီး လုယွီကို ဖိအားပေး၍ ဝင်ရောက်လာစေခြင်းပင်။

"လုယွီ... မင်းက သူတို့ကို မကယ်ချင်တော့ဘူးလား"

အနက်ရောင်မြူခိုးများအကြားမှနေ၍ အေးစက်စက်ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။

လုယွီသည် အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။ထို့နောက် သူ၏ခြေထောက်ကိုမြှောက်ကာ အနက်ရောင်မြူခိုးများအတွင်းသို့ လျှောက်လှမ်းလိုက်သည်။သူသည် ထိုအနက်ရောင်မြူခိုးများကြောင့် နောက်ဆုတ်သွားခြင်းမရှိချေ။

လုယွီသည် နန်းတော်အတွင်းသို့ ခြေချလိုက်သည်နှင့် နန်းတော်၏ကြီးမားကျယ်ပြန့်သောနေရာတစ်နေရာသည် မူလတည်နေရာမှနေ၍ ရုတ်တရက် ပျောက်ကွယ်သွားပေ၏။

လူအများ၏မျက်ခုံးများ မြင့်တက်သွားသည်။ချီအင်ပါယာသည် ဤကိစ္စအတွက် ပြင်ဆင်ထားသည်မှာ သိသာထင်ရှားသည်။သူတို့သည် သူတို့၏ကိုယ်ပိုင်နန်းတော်အတွင်း၌ ဤကဲ့သို့ကြီးမားသောထောင်ချောက်တစ်ခုကို အမှန်တကယ် ခင်းကျင်းထားခဲ့သည်။

"ဒါက မဟာဝင်္ကပါပညာရှင်တစ်ယောက် ဖန်တီးထားတဲ့ ကမ္ဘာငယ်လေးပဲဖြစ်မယ်"

"လုယွီက ပြိုင်ဘက်ကင်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ပဲ...ဒါပေမဲ့ သူက ဒီထောင်ချောက်ထဲကို ဝင်သွားခဲ့တယ်...သူ အသက်ရှင်သန်နိုင်ပါ့မလားဆိုတာ ငါ သိချင်မိတယ်"

"အဆုံးသတ်မှာ ဘယ်သူက အသက်ရှင်သန်နိုင်မှာလဲဆိုတာ ကြိုမသိနိုင်ဘူးလေ"

မရေမတွက်နိုင်သောလူများသည် လည်တဆန့်ဆန့်ဖြစ်နေကာ နောက်ဆုံးရလဒ်ကို တွေ့မြင်လိုကြသည်။

ဤအချိန်အခိုက်အတန့်၌ လုယွီသည် အနက်ရောင်မြူခိုးများအတွင်းသို့ ရောက်ရှိသွားလေပြီ။ရုတ်ချည်းဆိုသလိုပင် သူ၏နံဘေးရှိ လေဟာနယ် ကပြောင်းကပြန်ဖြစ်သွားကာ သူ့အား တခြားအတားအဆီးတစ်နေရာထံသို့ ပို့ဆောင်ခြင်းခံလိုက်ရသည်အား သူ ခံစားမိသည်။

ဤနေရာတွင် အေးစက်စက်လေများ တိုက်ခတ်နေကာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။ပတ်ဝန်းကျင်ရှိ နေရာအနှံ့အပြား၌ အဆောက်အအုံများ ရှိနေသော်လည်း ထိုအရာများထံတွင် မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုး ရှိမနေချေ။ထိုအစား ထိုအရာများအားလုံးသည် မှောင်မိုက်ပြီးစိုစွတ်နေကာ ငရဲနယ်မြေအတွင်း၌ ရှိနေသည့်အလားပင်။

Chapter 4470

လုယွီသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် လေထုအတွင်းရှိ အေးစက်စက်ယင်ချီများကို ခံစားမိသည်။

ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်ချီစွမ်းအားများသည်လည်း ထိုယင်ချီများ၏သက်ရောက်ခြင်းကိုခံထားရပုံဖြင့် အရိုးကွဲလုမတတ် အေးစိမ့်ကာ ချောက်ချားဖွယ်အရှိန်အဝါတစ်ရပ် ရှိနေသည်။

အကယ်၍ သူ ကျင့်ကြံထားသော ကျင့်ကြံနည်းစနစ်များကြောင့်သာ မဟုတ်ပါက ဤနေရာတွင် စိတ်ဝိညာဥ်စွမ်းအားများကို စုပ်ယူနိုင်မည် မဟုတ်ချေ။သာမန်ကျင့်ကြံသူများသည် ဤကဲ့သို့ ပတ်ဝန်းကျင်အခြေအနေအောက်၌ ရှေ့သို့တစ်လက်မခန့် ရွေ့လျားနိုင်ရန်ပင် အလွန်အမင်းခက်ခဲပေမည်။

"ဟား ဟား ဟား...ဒါက လုယွီ မဟုတ်လား...သူက အပြင်မှာ ဟောင်ဖွာဟောင်ဖွာလုပ်နေပေမယ့် တကယ်တော့ ငတုံးတကောင်ပဲ...ဒါက ထောင်ချောက်တစ်ခုဆိုတာ သိသာနေတာတောင် သူက အထဲကို ဝင်လာရဲတယ်"

အမှောင်ထုအတွင်းမှနေ၍ ကျယ်လောင်သော ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ နန်းဆောင်များ၏အမိုးများပေါ်၌ လူအမြောက်အများ မတ်တတ်ရပ်နေသည်။

သူတို့၏မျက်လုံးအကြည့်များသည် လုယွီထံသို့ စူးစိုက်၍ကျရောက်နေကာ သူတို့ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒနှင့်လှောင်ပြောင်သရော်လိုမှုတို့ဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ မုဆိုးတစ်ယောက်သည် ထောင်ချောက်အတွင်းသို့ ဝင်လာသည့်သားကောင်တစ်ကောင်ကို ကြည့်နေသည့်အလားပင်။

"သူ့မှာ အရည်အချင်းတချို့တော့ ရှိနေတယ်...ဒါကြောင့် လမ်းတလျှောက်လုံးသတ်ဖြတ်ပြီး ဒီနေရာထိ ရောက်လာခဲ့တာပဲ...ငါအစကတော့ အချိန်အကြာကြီး စောင့်နေရမယ်လို့ ထင်ထားခဲ့တာ...ဒါပေမဲ့ သူက ခွန်အားရှိပြီးတော့ ဥာဏ်ရည်နိမ့်တဲ့ကောင်တစ်ကောင် ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

တခြားလူတစ်ယောက်က သရော်တော်တော်ပြောဆိုသည်။

လုယွီသည် သူ၏နံဘေးပတ်ဝန်းကျင်ရှိ လှောင်ပြောင်းသရော်နေသံများကို လျစ်လျူရှုကာ နန်းတော်၏အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်၍ ပျံသန်းလိုက်သည်။

ကြီးကြပ်ခမ်းနားသောနန်းဆောင်ကြီးတစ်ခု၏ရှေ့တွင် အလွန်အမင်းကြီးမားကျယ်ပြန့်သော မြေကွက်လပ်ကြီးတစ်ခု ရှိနေသည်။

ရာနှင့်ချီသော ရွှေရောင်သံချပ်ကာဝတ်အစောင့်များသည် သူတို့၏လက်များအတွင်း၌ မှော်လက်နက်များကို ဆုပ်ကိုင်ထားကာ နဂါးဝတ်ရုံဝတ်ဆင်ထားသည့် လူလတ်ပိုင်းကြီးတစ်ယောက်ကို ခြံရံထားသည်။ထိုလူလတ်ပိုင်းကြီး၏မျက်နှာပေါ်တွင် သရော်တော်တော်အရိပ်အယောင်တစ်ရပ် ထင်ဟပ်နေပေ၏။

ဤသည်မှာ ချီဘုရင်ကျိုးထုံဖြစ်ပြီး ယခုလက်ရှိတွင် ချီအင်ပါယာ၏ဧကရာဇ် ကျိုးကျင်းထန်ပင်။

ကျိုးကျင်းထန်သည် လုယွီကိုမြင်တွေ့ချိန်၌ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ငါ အစကတော့ မင်းမလာဘူးလို့ ငါ ထင်ခဲ့တာ...ဒါပေမဲ့ ဒါကို ထောင်ချောက်တစ်ခုဆိုတာတောင် မင်း မသိဘဲနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး....မင်းက ဒီနေရာကို ကျူးကျော်ဝင်လာရဲတာလား...လုယွီ မင်းက အရမ်းတုံးအတာပဲ...အဆုံးသတ်ကျတော့ မင်းက ဘာတစ်ခုကိုမှ အောင်မြင်အောင်စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး"

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"မင်းက ဒီစစ်သားအစုတ်အပြတ်တွေနဲ့ အသုံးမကျတဲ့စစ်ဗိုလ်ချုပ်တွေကို သုံးပြီးတော့ ငါ့ကို သတ်ချင်တာလား"

ပတ်ဝန်းကျင်ရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ သိသိသာသာ ပို၍ပြင်းထန်သွားသည်။

"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ကို အထင်သေးဝံ့တာလဲ...နောက်ပိုင်းကျရင် မင်း ငါရှေ့မှာဒူးထောက်ပြီး အသနားခံတောင်းပန်ရအောင် ငါ လုပ်ပြမယ်"

"ဒါက ငါတို့ရဲ့နယ်မြေ...ဒါကြောင့် မင်း ဒီနေရာမှာ သေဆုံးသွားဖို့အတွက်ကို လိမ်လိမ်မာမာနဲ့ စောင့်နေလိုက်စမ်း"

ပတ်ဝန်းကျင်ရှိ အမှောင်ထုအတွင်းမှနေ၍ အေးစက်စက်အသံများ ထွက်ပေါ်လာသည်။

ဤလူများထံတွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မဆို လောကကြီးအတွင်း၌ နာမည်ကျော်ကြားလိုသဖြင့် လုယွီကို သတ်ဖြတ်လိုကြသည်။သူတို့၏မျက်လုံးအတွင်း၌ လုယွီသည် အားကောင်းသော ရန်သူတစ်ယောက် မဟုတ်ချေ။ထိုအစား သူ့ကိုသတ်ဖြတ်ခံရရန် စောင့်ဆိုင်းနေသော သားကောင်တစ်ယောက်ဟုသာ ယူဆကြသည်။

ကျိုးကျင်းထန်က စိတ်ကျေနပ်သောအပြုံးဖြင့် ပြောဆိုသည်။

"ဘယ်လိုလဲ....ဒါက ကျင့်ကြံခြင်းလောကမှာရှိတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကို စုဝေးထားတာပဲ....မင်းက အရမ်းမောက်မာနေတာကြောင့် သူတို့က မင်းကိုသတ်ဖြတ်ပြီး သူတို့ရဲ့နာမည်ဂုဏ်သတင်းကို တည်ထောင်လိုကြတယ်...ငါတို့ ဒီနေ့ ဒီနေရာမှာ စုဝေးနေတာက မင်းကို စတေးခံတစ်ယောက်အဖြစ် အသုံးပြုဖို့ပဲ"

ကျင့်ကြံခြင်းလောကအတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ....

လုယွီ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။သူ၏မျက်လုံးအတွင်းတွင် ခရမ်းရောင်အလင်းတန်းများ ပြည့်နှက်သွားကာ သူသည် အရာရာတိုင်းကို ထွင်းဖောက်မြင်နိုင်ပေ၏။သူသည် နံဘေးပတ်ဝန်းကျင်တွင် ရှိနေသောလူများ၏အကျင့်စရိုက်များကိုပင် တွေ့မြင်နိုင်ခဲ့သည်။

သူ့ရှေ့ရှိ လူများအားလုံးသည် ပြင်ပကျင့်ကြံခြင်းလောကမှ လူများဖြစ်ကာ သူတို့၏နာမည်ဂုဏ်သတင်းကို တည်ဆောက်ရန် သူ့အား သတ်ဖြတ်လိုကြသည်။

လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ လုယွီ၏နည်းလမ်းများသည် အလွန်ရုန့်ရင်းကြမ်းတမ်းပေ၏။သူသည် ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းကို အုပ်ချုပ်ရေးအဖွဲ့၏ထိန်းချုပ်မှုအောက်သို့ ထည့်သွင်းနိုင်ခဲ့သည်။ဤသည်ကြောင့် ပြင်ပဂိုဏ်းအင်အားစုမှလူများ သူ့အပေါ် အာရုံစူးစိုက်ခြင်းကို ခံခဲ့ရသည်။

သူတို့သည် လုယွီ၏လက်အောက်၌ အညံ့ခံရန် ဆန္ဒမရှိသဖြင့် ချီအင်ပါယာနှင့်အတူ ပူးပေါင်းကာ သူ့အားသတ်ဖြတ်ရန် ကြံစည်ခဲ့ကြခြင်းဖြစ်သည်။

လုယွီ၏စိတ်နှလုံးသားသည် တည်ငြိမ်အေးချမ်းနေပေ၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် ထိုလူများ၏အစီအစဉ်များကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။

"မင်းတို့လောက်နဲ့ ငါ့ကိုသတ်မယ်ဆိုတဲ့စကားကို ပြောဝံ့တာလား"

လုယွီ၏ခန္ဓာကိုယ်မှနေ၍ လေလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။သူ၏အနက်ရောင်ဆံပင်များသည် ရေတံခွန်တစ်ခုအလား သူ၏နောက်၌ မျောလွင့်နေသည်။

"မဟုတ်ဘူး....လုယွီ ဘယ်လိုပဲဖြစ်ဖြစ် မင်း လူငယ်ပါရမီရှင်တစ်ယောက်လို့ ယူဆလို့ရတယ်။မင်းကိုသတ်ဖို့အတွက်ငါတို့ကအများကြီးပြင်ဆင်ထားတယ်။

ပတ်ဝန်းကျင်ရှိ နန်းဆောင်များမှနေ၍ လူများပို၍ပို၍ထွက်လာကာ လုယွီ၏နံဘေးပတ်လည်၌ ဝိုင်းရံလိုက်ကြသည်။

သူတို့အနက်မှအများစုသည် ဂိုဏ်းတစ်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ကာ တချို့သည် နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်ကြံနေသော မွန်းစတားအိုကြီးများ ဖြစ်ပေ၏။

All Chapters