← Chapters

အခန်း (၄၄၇၁-၄၄၇၅)

Vol. 227 Ch. 4471-4475

အခန်း (၄၄၇၁-၄၄၇၅)

Vol. 227 Ch. 4471-4475

Chapter 4471

မရေမတွက်နိုင်သော အစွမ်းထက်အရှိန်အဝါများသည် အရပ်မျက်နှာအဘက်ဘက်မှ ဆင်းသက်လာသဖြင့် ဤအချိန်အခိုက်အတန့်၌ လေဟာနယ်ကိုကြည့်ရသည်မှာ ပြိုလဲသွားတော့မည့်ပုံပင်။

တစ်ရာ...နှစ်ရာ...သုံးရာ...

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ ကြယ်နယ်မြေပေါင်းသုံးရာရှိကာ ကြယ်နယ်မြေတစ်ခုစီတွင် အစွမ်းထက်သော ထိပ်သီးကျင့်ကြံသူအမြောက်အများ ရှိနေသည်။ထိုကျင့်ကြံသူများအနက်မှတချို့သည် အစဉ်အမြဲ တံခါးပိတ်ကျင့်ကြံနေသဖြင့် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်အမင်းအစွမ်းထက်သော အဆင့်တစ်ခုသို့ ရောက်ရှိနေသည်။

ဤလူများအားလုံး အတူတကွစုဝေးမိသောအချိန်တွင် ထွက်ပေါ်လာသော ဖိအားအရှိန်အဝါကြောင့် မိုးကောင်းကင်ယံကြီး အက်ကွဲသွားတော့လုမတတ်ပင်။

သူတို့အကြားတွင် နယ်မြေသခင်အဆင့် ထိပ်သီးကျင့်ကြံသူ ရှားပါခြင်းမရှိချေ။သူတို့သည် အတိတ်တွင် သူတို့၏အစစ်အမှန်ခွန်အားကို ဖုံးကွယ်ထားကြသော်လည်း ယခုအချိန်တွင် ပြီးပြည့်စုံသော အခွင့်ကောင်းကိုရှာဖွေရန် သူတို့၏ခွန်အားကုန် ထုတ်ဖော်အသုံးပြုထားပေ၏။

"ဒီနေ့ မင်း သေရမယ်ဆိုတာ သံသယဖြစ်ဖို့မလိုဘူး"

တစ်စုံတစ်ယောက်က သရော်တော်တော်ပြောဆိုသည်။

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ သူ၏နံဘေးပတ်ဝန်းကျင်တွင် လူငါးရာခြောက်ရာခန့် ရှိနေသည်။

ဤသည်မှာ သူရှေ့၌ ထွက်ပေါ်လာသည့် လူအရေအတွက်သက်သက်ပင်။အမှောင်ထုအတွင်း၌ပုန်းအောင်းနေကာ သူတို့၏သွေးချီများကို ဖုံးကွယ်ထားပြီး သူ့အား အလစ်အငိုက်ဖမ်း၍တိုက်ခိုက်ရန် ပြင်ဆင်နေသော လူတချို့လည်းရှိနေသည်။

သူ၏နံဘေးပတ်ဝန်းကျင်တွင် အစွမ်းထက်သောရန်သူအမြောက်အများမှ ဝိုင်းရံထားပေ၏။

ထို့ပြင် ပတ်ဝန်းကျင်တွင် ထူထပ်သိပ်သည်းသောယင်ချီများ မျောလွင့်နေသည်။

ဤကဲ့သို့ပတ်ဝန်းကျင်တစ်ခုသည် အလွန်အန္တရာယ်များကာ အလွန်အားကောင်းသောထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်လျှင် ဤနေရာ၌ သူတို့၏အသက်များ ဆုံးရှုံးသွားနိုင်​ချေရှိသည်။

"လန်ဝူရှင်း ဘယ်မှာလဲ"

လုယွီက အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။

ကျိုးကျင်းထန်က သရော်တော်တော်ပြုံးကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"သူ့ကို ဒီနေရာဆီ ခေါ်လာခဲ့စမ်း"

အလွန်ကြီးမားသော လှောင်အိမ်တစ်ခုတင်ထားသည့် ရထားလုံးတစ်စင်း အဝေးတစ်နေရာမှနေ၍ မောင်းနှင်လာသည်။ထိုသံလှောင်အိမ်ကို အလွန်မာကျောသော နယ်ခြားနတ်ဘုရားသံမဏိဖြင့် သွန်းလုပ်ထားကာ ဖျက်ဆီး၍မရဘဲ ချွင်းချက်မရှိ ခိုင်ခံမာကြောသည်။ထို့ပြင် ထူထပ်သိပ်သည်းသော မှော်သင်္ကေတအက္ခရာများကို သံတိုင်တစ်တိုင်စီပေါ်တွင် ရေးထွင်ထားပေ၏။

သံလှောင်အိမ်အတွင်း၌ရှိနေသော လန်ဝူရှင်းသည် နျူနျူကိုပွေ့ဖက်ကာ ကျယ်လောင်စွာ အော်ဟစ်၍ ဆဲဆိုလိုက်သည်။

"ကျိုးကျင်းထန်.. မင်းက ကလေးတစ်ယောက်အပေါ်ကိုတောင် အညှာအတာကင်းမဲ့တဲ့လူပဲ... တကယ်လို့ မင်းမှာ အရည်အချင်းရှိရင် ငါနဲ့တစ်ယောက်ချင်း ထိပ်တိုက်ရင်ဆိုင်စမ်း...လူတွေအများကြီးနဲ့ ငါ့ကို ထောင်ချောက်ဆင်ပြီး ဖမ်းခဲ့တာက ဘယ်လို အရည်အချင်းမျိုးလဲ"

လန်ဝူရှင်း၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။သူသည် ဒဏ်ရာအပြင်းအထန်ရရှိထားသည်မှာ သိသာထင်ရှားလှ၏။

သူ၏လက်မောင်းကြားတွင်ရှိနေသော နျူနျုသည် ကိုယ်အလေးချိန် ကျဆင်းသွားလေပြီ။ မူလက ကြွေရုပ်တစ်ရုပ်ကဲ့သို့လှပသော ကလေးမလေးသည် ယခုအချိန်၌ အလွန်အမင်းအားနည်းနေလေပြီ။

နျူနျူ၏မျက်နှာသည် အညိုအမည်းကွက်များရှိနေကာ ဖုန်မှုန့်များဖြင့် ပေကျံနေသည်။သူမ၏ဆံပင်သည်လည်း ဖရိုဖရဲဖြစ်နေကာ သူမ၏အဝတ်အစားများ စုတ်ပြတ်နေလေ၏။ဤသည်မှာ သနားစဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

လုယွီသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာသောကြောင့် ဤကလေးမလေးနှင့် အဖော်ပြုပေးခဲ့သည်မှာ လွန်စွာရှားပါးသည်။

လုယွီ၏စိတ်နှလုံးသားအတွင်း၌ နျူနျူကို သူ၏ညီမငယ်လေးတစ်ယောက်အဖြစ် သတ်မှတ်ထားသည်။သူမသည် သူ၏မိသားစုဝင်ပင်။

"မင်းက သေချင်နေတာလား"

လုယွီက ကျိုးကျင်းထန်ကို စူးစိုက်၍ကြည့်လိုက်သည်။သူ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ဖုံးကွယ်ထား၍မရတော့ချေ။

ဤကဲ့သို့အကြည်မျိုးဖြင့် စူးစိုက်ကြည့်ခြင်းခံရချိန်တွင် ကျိုးကျင်းထန်၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။

သို့ရာတွင် သူသည် အလျှင်အမြန်စိတ်တည်ငြိမ်သွားကာ အေးစက်စက်အပြုံးနှင့် ပြောဆိုလိုက်၏။

"လုယွီ...ဒီနေရာက အပြင်လောကနဲ့တူတယ်လို့ မင်း မထင်နဲ့..မင်းက ဒီနေရာကို ရောက်လာမှတော့ အရာအားလုံးကို မင်း ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး....မင်းက သေရမယ့်ကံ ပါပြီးသားပဲ"

"အစ်ကိုကြီး...."

နျူနျူသည် လုယွီကိုမြင်တွေ့ချိန်၌ သူမ၏မျက်လုံးအတွင်းမှ မျက်ရည်များယိုစီးကျလာကာ တိုးညှင်းသောအသံဖြင့် အော်ခေါ်လိုက်သည်။

သူမသည် အလွန်အားနည်းနေသည့်တိုင် လုယွီကို ချက်ချင်းမှတ်မိလေ၏။

လန်ဝူရှင်းသည် လုယွီကိုမြင်တွေ့ချိန်၌ အလျင်စလိုအော်ဟစ်လိုက်သည်။

"အရှင် ဒါက ထောင်ချောက်တစ်ခုပဲ...အရှင်က ဒီနေရာကို တစ်ယောက်တည်း မလာသင့်ဘူး"

လုယွီ တစ်ယောက်တည်း ရောက်ရှိလာသည်ကို မြင်တွေ့ချိန်၌ လန်ဝူရှင်းသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ထိတ်လန့်တုန်လှုပ်မှုကို ခံစားရသည်။

လုယွီ၏မျက်နှာအမူအယာ တည်ငြိမ်နေဆဲပင်။သူက လန်ဝူရှင်းကိုကြည့်ပြီး ပြောဆိုလိုက်၏။

"ကလေးမလေးကို ကာကွယ်ထားပါ...ခဏနေကျရင် ငါ မင်းကို ကယ်တင်မယ်"

"မောက်မာလိုက်တာ"

ကျိုးကျင်းထန်၏နောက်တွင်ရှိနေသော တစ်စုံတစ်ယောက်သည် နောက်ဆုံး၌ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သဖြင့် လုယွီကို ရှောင်တခင်တိုက်ခိုက်လိုက်၏။

ဤသည်မှာ အချက်ပေးမှုတစ်ခုပင်။

ထိုလူ၏တိုက်ခိုက်မှု စတင်သည်နှင့် ပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများအားလုံးသည် သူတို့၏ကိုယ်ပိုင်မှော်နည်းစနစ်များကို ထုတ်ဖော်အသုံးပြုကာ အရပ်မျက်နှာအဘက်ဘက်မှနေ၍ လုယွီကို တိုက်ခိုက်လိုက်ကြသည်။

ဝုန်း....

မိုးကောင်းကင်ယံအတွင်း၌ မရေမတွက်နိုင်သော တောက်ပသည့် မှော်အလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။

နတ်ဆိုးနဂါးများ လှည့်ပတ်ပျံသန်းနေကာ ကျားများသည် သားကောင်ကိုခုန်အုပ်နေသည့် ထူးဆန်းသောသဘာဝလွန်ပုံရိပ်များ လေထုအတွင်း၌ ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်များသည် လုယွီကို ရစ်သိုင်းလွှမ်းခြုံသွားကာ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူ၏ပုံရိပ် လုံးလုံးလျားလျားနစ်မြုပ်သွားပေ၏။

Chapter 4472

"သေစမ်း..."

လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေသည်။သူသည် ပင်လယ်သမုဒ္ဒရာတမျှ ကြီးမားကျယ်ပြန့်သော တိုက်ခိုက်မှုများဖြင့်ရင်ဆိုင်ရချိန်တွင် ကျယ်လောင်စွာအော်ဟစ်လိုက်၏။

ထိုအသံသည် တိမ်တိုက်များအကြား၌ ပဲ့တင်ထပ်သွားကာ ထောင်သောင်းချီသောစစ်သားများ တပြိုင်နက်တည်း အော်ဟစ်လိုက်သည့်အလား လူအများ၏စိတ်ကို တုန်ခါသွားစေသည်။

ပတ်ဝန်းကျင်ရှိ လေဟာနယ်တဝိုက်လုံးကို ဤကျယ်လောင်သောအော်သံက လွှမ်းခြုံသွားသည်။လူအမြောက်အများသည် သူတို့၏ခေါင်းများအတွင်း၌ တဝီဝီအသံများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရကာ ဤသည်မှာ သူတို့၏နားများအတွင်း၌ အသူရာနဂါးတစ်ကောင် ဟိန်းဟောက်လိုက်သည့်အလားပင်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဘန်း...ဘန်း...ဘန်း...

ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ရှေ့ဆုံးတွင်ရှိနေသော ကျင့်ကြံသူဆယ်ယောက်ကျော်သည် လက်သီးစွမ်းအားကြောင့် လွင့်ထွက်သွားကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် သူတို့ ထုတ်လွှတ်ထားသော မှော်နည်းစနစ်များသည်လည်း လုယွီ၏ခြေမွှဖျက်ဆီးခြင်းကို ခံရကာ မည်သည့်အရာမျှ မရှိခဲ့သည့်အလားပင်။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"ဒါက မင်းတို့ရဲ့စွမ်းအားလား..."

သူတို့အားလုံး အသိပြန်ဝင်မလာသေးမီမှာပင် လူတချို့သေဆုံးသွားပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

ဤသည်မှာ လက်သီးတစ်ချက် ထိုးနှက်လိုက်ရုံသက်သက်ပင်။

လုယွီ မည်ကဲ့သို့ပြုလုပ်ခဲ့သည်ကို သူတို့ မြင်တွေ့ခဲ့ရခြင်းပင် မရှိချေ။ဤသည်မှာ လက်သီးတစ်ချက် ထိုးနှက်လိုက်ရုံသက်သက်ဖြစ်သော်လည်း ထိုအရာအတွင်း၌ အလွန်ကြီးမားသော အားလှိုင်းတစ်ရပ်ကိန်းအောင်းနေသည့်အလားပင်။ထိုစွမ်းအားသည် ရုတ်တရက် ပွင့်အံ့ထွက်လာပြီးနောက် လောကကြီးအတွင်းရှိ အရာရာတိုင်းကို ဖျက်ဆီးတော့မည့်ပုံရသည်။

လူဆယ်ယောက်ကျော် သေဆုံးသွားသည့်အနက် တချို့လူများသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းတွင် နာမည်ကျော်ကြားသောလူများဖြစ်သည်။

ထိုလူများထံတွင် ကြီးမားသောနာမည်ဂုဏ်သတင်းရှိရုံသာမက သူတို့အနက်မှတစ်ယောက်ခြင်းစီသည် ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသော အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ပေ၏။

သို့ရာတွင် ဤကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် လုယွီထံမှ လက်သီးတစ်ချက်ကိုပင် ခုခံနိုင်ခဲ့ခြင်းမရှိချေ။

ဤသည်မှာ မည်ကဲ့သို့ တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသည့် စွမ်းအားမျိုးဖြစ်သနည်း။

"သူ့ကို အနီးကပ် မတိုက်ကြနဲ့...သူနဲ့ငါတို့ကြားမှာရှိတဲ့ အကွာအဝေးကို ခြားလိုက်ကြစမ်း"

တစ်စုံတစ်ယောက်သည် အော်ဟစ်လိုက်ကာရှေ့ဆုံးမှဦးဆောင်၍ နောက်သို့ပြန်ဆုတ်လိုက်သည်။တချိန်တည်းမှာပင် သူ၏လက်ဖြင့် လက်စည်းသင်္ကေတတစ်ခုကို ဖွဲ့စည်းကာ မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။

ပတ်ဝန်းကျင်ရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည်လည်း သူ့၏နောက်မှနေ၍ အစွမ်းထက်သောမှော်မန္တန်များကို ထုတ်ဖော်အသုံးပြုလိုက်ကြသည်။သူတို့၏တိုက်ခိုက်မှုများသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်သည်။

ရာနှင့်ချီသော မှော်မန္တန်အလင်းတန်းများသည် လုယွီထံဦးတည်၍ ပျံ့လွင့်သွားကာ မိုးကောင်းကင်ယံအတွင်း၌ ကြယ်ပျံများနှင့်တူညီသော အလင်းတန်းများဖြင့် ပြည့်နှက်သွားတော့သည်။

ထိုအလင်းတန်းများအကြား၌ အတောက်ပဆုံးတစ်ခုမှာ နှိုင်းယှဉ်ပြစရာမရှိသည်အထိ ပြင်းထန်သောဓားကြီးတစ်လက်ပင်။

ဤမှော်စွမ်းအားပုံရိပ်ယောင်ဓားကြီးသည် ကျန်းတစ်သောင်းကျော်ရှည်လျားကာ အလွန်လွှမ်းမိုးချုပ်နိုင်သော အရှိန်အဝါတစ်ရပ် ပါဝင်ပြီး ကောင်းကင်နှင့်နေရောင်ကို ပိတ်ဖုံးလုမတတ်ကြီးမားသည်။

ဤဓားချက်သည် အလွန်အစွမ်းထက်ကာ ဓားဂိုဏ်းတစ်ဂိုဏ်း၏အဆင့်မြင့်အကြီးအကဲမှ ထုတ်လွှတ်လိုက်ခြင်းပင်။ထိုဓားချက် ဆင်းသက်လာချိန်တွင် အကန့်အသတ်မဲ့ကျယ်ဝန်းသော မြေပြင်ပေါ်တွင် ရက်စက်ကြမ်းကြုတ်ပြီး ကြီးမားသောဓားချီလှိုင်းကြီးက လွှမ်းခြုံသွားပုံရသည်။

အရပ်မျက်နှာအဘက်ဘက်သည် ဤဓားချီ၏ဖိနှိပ်ခြင်းကိုခံထားရကာ မိုးနှင့်မြေ၏အလင်းရောင်များ မှေးမှိန်သွားပြီး ဤဓားချီ၏အလင်းတန်းကို ယှဉ်ပြိုင်နိုင်စွမ်းမရှိချေ။

"လူအိုကြီးဝမ်ကျန်း တိုက်ခိုက်မှတော့...အဲ့ဒီကောင်လေး သေရမှာသေချာတယ်"

"ဒီကောင်စုတ်လေးက လူတွေအားလုံး ဒေါသထွက်လာအောင် ရန်စစော်စော်ကားခဲ့တယ်...ဒါကြောင့် သူက စတေးခံတစ်ယောက်အနေနဲ့ အသတ်ခံရသင့်တယ်"

မရေမတွက်နိုင်သောလူများသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြ၏။ဤဓားချက်ကိုထုတ်လွှတ်လိုက်သော လူအိုကြီးသည် အင်္သချေဂိုဏ်း၏အဆင့်မြင့်အကြီးအကဲဖြစ်ကာ သူသည် အရှေ့အောင်နိုင်ခြင်းကြယ်​မြစ်အတွင်း၌ အလွန်နာမည်ကျော်ကြားသည်။

ဤကဲ့သို့ ကြီးကျယ်ခမ်းနားသောဓားချီဖြင့် ရင်ဆိုင်ရသည့်တိုင် လုယွီ၏မျက်နှာအမူအယာသည် အပြောင်းအလဲမရှိ တည်ငြိမ်နေဆဲပင်။

သူသည် ခြေတစ်လှမ်းရှေ့တိုးကာ သူ၏လက်အတွင်းမှနေ၍ ပေတစ်သောင်းခန့်ရှည်လျားသော မှော်စွမ်းအားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာကာ လက်သီးတစ်ချက်ထိုးနှက်လိုက်၏။

ခရက်...

အက်ကွဲသံတစ်သံက လူများအားလုံး၏နားနံဘေး၌ မြည်ဟီးသွားသည်။

ထိုဧရာမဓားချီသည် လုယွီကို ထိခိုက်နာကျင်စေခြင်း မရှိရုံသာမက သူ၏လက်သီးကြောင့် တစတစကြေမွှပျက်စီးသွားသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။

လုယွီသည် နောက်ထပ်လက်သီးတချက်ကို အားကုန်ထိုးနှက်ကာ ဧရာမဓားချီကြီးကို လုံးလုံးလျားလျား ကြေမွှပျက်စီးသွားစေသည်။

"မကောင်းတော့ဘူး...သူ ရှေ့ကိုတိုးလာပြီ"

"သူ့ကို ဟန့်တားကြစမ်း"

လုယွီ ရှေ့သို့လျှောက်လှမ်းလာသည်ကို မြင်တွေ့ချိန်၌ သူတို့အားလုံး ထိတ်လန့်ကြောက်ရွံ့သွားကာ သူတို့၏မျက်နှာများ ဖြူရော်သွားပေ၏။

လုယွီကို သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးဟု ဆိုနိုင်သည်။သူသည် တိုက်ခိုက်မှုတစ်ခုဖလှယ်ရုံဖြင့် လူဆယ်ယောက်ကျော်ကို သတ်ဖြတ်ခဲ့သည်။ထို့ကြောင့် လက်ရှိနေရာတွင်ရှိနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်နေသည်။

အသင်္ချေဓားဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲ၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားကာ သူသည် နောက်သို့ချာခနဲလှည့်ပြီး ထွက်ပြေးရန်ဟန်ပြင်လိုက်သည်။

သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ အလွန်နောက်ကျသွားလေပြီ။

လုယွီသည် ခြေတစ်လှမ်းရှေ့တက်ကာ လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။ထိုလက်သီးချက်မှအားလှိုင်းသည် အစောပိုင်းက ဓားချက်ကို ထုတ်ဖော်အသုံးပြုခဲ့သော အဆင့်မြင့်အကြီးအကဲပေါ်သို့ ကျရောက်သွားပြီး သူ နေရာမှာပင် သေဆုံးသွားတော့သည်။

လုယွီ၏အနက်ရောင်ဆံပင်များနှင့်အဝတ်အစားများပေါ်သို့ သွေးများ ဖြာကျသွားသည်။သူ၏အစိမ်းရောင်ဝတ်စုံပေါ်၌ သွေးများစွန်းထင်းသွားပေ၏။

"တခြား ဘယ်သူရှိသေးလဲ"

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။သူ၏ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါသည် နတ်ဆိုးနတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလားပင်။

Chapter 4473

ပတ်ဝန်းကျင်တွင်ရှိနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။

သူတို့သည် လုယွီသတ်ဖြတ်လိုက်သော အသင်္ချေဓားဂိုဏ်း၏အဆင့်မြင့်အကြီးအကဲ မည်မျှထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို သိရှိထားသည်။

ဤကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို သူတို့အကြား၌ အစွမ်းထက်ဆုံးလူများအနက်မှတစ်ယောက်ဟုပင် ယူဆနိုင်သည်။

သို့ရာတွင် ဤကဲ့သို့ လူတစ်ယောက်သည် လုယွီနှင့် တိုက်ခိုက်မှုတစ်ခု ဖလှယ်ရုံသက်သက်ဖြင့် သတ်ဖြတ်ခံလိုက်ရသည်။

"မင်းတို့အားလုံး သူ့ကိုသွားပြီး သတ်ကြစမ်း"

"အဲ့ဒီကောင်လေးက ထူးဆန်းတယ်..သူ့ကို တစ်ယောက်ခြင်းတိုက်ခိုက်ဖို့ အခွင့်အရေးမပေးနဲ့...မင်းတို့ ခွန်အားကုန်အသုံးပြုပြီးတော့ သူ့ကို အမြစ်ပြတ်သုတ်သင်ကြစမ်း"

ပတ်ဝန်းကျင်တွင်ရှိနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံးထံမှနေ၍ စူးရှကျယ်လောင်သောအော်သံများ ထွက်ပေါ်လာသည်။

ဘုန်း...ဘုန်း...ဘုန်း...

ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော မှော်မန္တန်များ ပေါက်ကွဲသည့်အသံများက ပတ်ဝန်းကျင်နေရာတဝိုက်၌ မြည်ဟီးသွားသည်။မှော်စွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားကာ လေဟာနယ်ကို ပုံပျက်သွားစေသည်။

အင်္သချေဓားဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲ၏သေဆုံးခြင်းသည် သူတို့၏စိတ်များအတွင်း၌ ကွက်ကွက်ကွင်းကွင်းရှိနေဆဲပင်။လူများအားလုံးသည် ထိတ်လန့်ကြောက်ရွံ့မှုကိုခံစားနေရကာ လုယွီ၏အသက်ကို တက်နိုင်သမျှအမြန်ဆုံး အဆုံးသတ်လိုသည်။

လုယွီသည် နေရာမှာပင် တောင်ကြီးတလုံးအလား မလှုပ်မယှက်မတ်တတ်ရပ်နေသည်။သူ၏ခန္ဓာကိုယ်ကို တောက်ပသောရွှေရောင်အလင်းတန်းတစ်တန်းမှ ရစ်သိုင်းလွှမ်းခြုံထားကာ သူ၏နံဘေးပတ်လည်၌ ရွှေရောင်နဂါးတစ်ကောင် ရစ်ခွေနေသည်။

ဘန်း....

မရေမတွက်နိုင်သော မှော်မန္တန်များသည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော်လည်း သူ၏အနီးသို့ ချဉ်းကပ်နိုင်ခြင်းမရှိချေ။

သိုင်းပညာအင်မော်တယ်တစ်ယောက်၏ရုပ်ခန္ဓာကိုယ်ကို ဖျက်ဆီး၍မရနိုင်ချေ။

လုယွီ၏ခန္ဓာကိုယ်မှနေ၍ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားလှိုင်းများ အဆက်မပြတ် ဖြာထွက်နေကာ ထူးဆန်းသောပုံရိပ်ယောင်များအသွင်ပြောင်းလဲပြီး ပတ်ဝန်းကျင်ရှိ မှော်မန္တန်များ၏တိုက်ခိုက်မှုများကို ပိတ်ဆို့ဟန့်တားလိုက်သည်။

ထို့နောက်မှနေ၍ လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ထိုမှော်မန္တန်များအားလုံးသည် ကြေမွပျက်စီးသွားကာ မည်သည့်အရာမျှမရှိခဲ့သည့်အလား ပျက်ပြယ်သွားပေ၏။

"ဒါက မင်းတို့ရဲ့စွမ်းအားကုန်လား...."

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ သူ၏မျက်လုံးတစ်စုံသည် မီးတောက်တစ်ခုအလား စူးရှတောက်ပနေသည်။

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံး ဒေါသထွက်သွားကြသည်။

သူတို့သည် သူတို့၏သက်ဆိုင်ရာနယ်မြေအတွင်းတွင် ထိပ်သီးတည်ရှိမှုကြီးများပင်။

သူတို့ထံ၌ သူတို့၏မာန်မာနရှိသည်။သူတို့သည် လုယွီကို ဝိုင်းရံ၍ တိုက်ခိုက်ခဲ့ကြသော်လည်း သူ့အား တစ်စုံတစ်ခုကို​မျှ ထိခိုက်နာကျင်စေခြင်းမရှိချေ။ဤသည်မှာ သူတို့အတွက် ကြီးမားသောအရှက်ရစေမှုကြီးပင်။

"သူက ရှေးဟောင်းအမွေအနှစ်နယ်မြေကနေ အကျိုးကျေးဇူးတွေ ရလာတာပဲဖြစ်မယ်...အဲ့ဒီလိုမဟုတ်ရင် သူ့လိုလူငယ်တစ်ယောက်မှာ ဘယ်လိုလုပ်ပြီးတော့ ဒီလိုကြီးမားတဲ့စွမ်းအားမျိုး ရှိနေနိုင်မှာလဲ"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

တခြားလူများအားလုံးသည် အသိပြန်ဝင်လာကြ၏။

ဤသည်မှာ အမှန်တရားပင်။လုယွီထုတ်ဖော်အသုံးပြုလိုက်သောခွန်အားသည် သူ၏အသက်အရွယ်၌ ပိုင်ဆိုင်နိုင်သောတစ်စုံတစ်ခု မဟုတ်ချေ။

နှစ်ပေါင်းများစွာ​ကြာအောင် ကျင့်ကြံခဲ့သော တည်ရှိမှုအမြောက်အများသည် လုယွီ၏လက်အတွင်း၌ ပုရွက်ဆိတ်များအလား သေဆုံးသွားကာ တိုက်ခိုက်မှုတစ်ခုကိုပင် ခုခံနိုင်ခြင်းမရှိချေ။

ဤကဲ့သို့လုပ်ဆောင်ချက်မျိုးသည် ရိုးရှင်းစွာပြောရပါက ယုံကြည်လက်ခံနိုင်ဖွယ်မရှိချေ။

တချို့လူများသည် အပျက်အစီးနယ်မြေအတွင်း၌ လုယွီ လှောင်ပိတ်မိနေသည့်ကိစ္စကို ပြန်လည်၍အမှတ်ရသွားသည်။သူတို့သည် ရိုးရှင်းစွာတွေးတောကြည့်ရုံဖြင့် လုယွီသည် အမွေအနှစ်နယ်မြေအတွင်းမှနေ၍ အလွန်ကြီးမားသော ကံကြမ္မာကောင်းကြီးတစ်ခုကိုရရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းမိသည်။

ဤရှေးဟောင်းအမွေအနှစ်သည် မည်မျှထိ အစွမ်းထက်သနည်း....

ပတ်ဝန်းကျင်တွင်ရှိနေသော လူများအားလုံး၏မျက်လုံးများ နီမြန်းသွားကာ သူတို့၏အသက်ရှူနှုန်းများ လေးလံလာသည်။သူတို့၏မျက်လုံးအတွင်း၌ အကန့်အသတ်မရှိသော လောဘအရိပ်အယောင်များ ထင်ဟပ်စပြုလာသည်။

"ရှေးဟောင်းအမွေအနှစ်တစ်ခုကို ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို မျှဝေပေးသင့်တယ်....တကယ်လို့ မင်းက ဒီအရာကို မင်းအတွက်ပဲ သိမ်းထားမယ်ဆိုရင် နတ်ဘုရားရဲ့လက်ဆောင်ကို ဖြုန်းတီးတာပဲ...ဒီနေ့ ငါတို့က မိုးကောင်းကင်ရဲ့ကိုယ်စား တရားမျှတမှုကို ယူတဲ့အနေနဲ့ မင်းကို သတ်မယ်"

ဤကဲ့သို့ အလွန်ကြီးမားသော ကံကြမ္မာကောင်းကြီးတစ်ခုသည် လူများအားလုံး၏စိတ်အာရုံများကို နှိုးဆော်နိုင်ပေ၏။

မရေမတွက်နိုင်သောလူများသည် လုယွီကို ထပ်မံ၍တိုက်ခိုက်လိုက်ကြကာ တစ်ချိန်တည်းမှာပင် သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ကြသည်။

လုယွီက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။သူ့၏ခန္ဓာကိုယ်အတွင်း၌ ယင်ချီစွမ်းအားများ လှည့်ပတ်နေပေ၏။ထိုလူများ၏တိုက်ခိုက်မှုများသည် သူ့အား ထိခိုက်နာကျင်မှုမရှိစေရုံသာမက သူ၏​သွေးချီစွမ်းအားများကို ပို၍ပြင်းထန်သွားစေသည်။

ဤထောင်ချောက်ကို ခင်းကျင်းခဲ့သောလူသည် ယင်ချီများ ထူထပ်သိပ်သည်းသော ပတ်ဝန်းကျင်ကြောင့် လုယွီ၏လှုပ်ရှားမှုများကို တားမြစ်ကန့်သတ်နိုင်မည်ဟု တွေးထင်ခဲ့ပုံရသည်။

သို့ရာတွင် လုယွီသည် မြေအောက်လောကနတ်ဘုရားဖြစ်နေမည်ဟု ထိုလူ သိရှိနိုင်မည်မဟုတ်ချေ။သူသည် အတိတ်တွင် ယင်ချီများကို တစ်နှစ်ပတ်လုံးစုပ်ယူကာ မြေအောက်လောက၌ ကျင့်ကြံခဲ့ခြင်းဖြစ်ပေ၏။

ဤကဲ့သို့ ပတ်ဝန်းကျင်တစ်ခုတွင် လုယွီသည် အတောင်ပံတပ်ပေးထားသော ကျားတစ်ကောင်နှင့် တူညီသည်။သူ၏လှုပ်ရှားမှုများသည် ပို၍တက်ကြွဖျက်လတ်နေကာ စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူသည့်အရှိန်နှုန်းသည်လည်း ပို၍မြင့်မားနေသည်။

ဘုန်း...

လုယွီသည် လက်သီးတစ်ချက်ထိုးနှက်လိုက်ရာ စွမ်းအားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်။သူ့၏လက်သီးချက်သည် မိုးခြိမ်းသံတစ်သံမြည်ဟီးသွားသည့်အလား ကျယ်လောင်သောပေါက်ကွဲသံကြီးကို ဖြစ်ပွားသွားစေသည်။

ထိပ်သီးကျင့်ကြံသူအမြောက်အများ၏ပါးစပ်မှ သွေးများထွက်လာကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။သူတို့အနက်မှတချို့သည် လက်သီးစွမ်းအား၏သက်ရောက်မှုကို ခံရခြင်းကြောင့် သူတို့၏ခန္ဓာကိုယ်များ ချက်ချင်းပေါက်ကွဲသွားပေ၏။သွေးမြူများသည် လေထုအတွင်းသို့ ပျံ့လွင့်သွားကာ သူတို့သည် အသံပင်ထွက်နိုင်ခဲ့ခြင်းမရှိချေ။

Chapter 4474

ဖူး...ဖူး...ဖူး...

မသဲမကွဲအသံများ ဆက်တိုက်မြည်ဟီးလာသည်။လူအမြောက်အများသည် ချက်ချင်းသေဆုံးသွားကြသဖြင့် မြေပြင်ပေါ်၌ သွေးများအိုင်ထွန်းနေသည်။

လေထုအတွင်း၌ ထူထပ်သိပ်သည်းသော သွေးညှိနံ့များဖြင့် ပြည့်နှက်သွားပေ၏။ဤတော်ဝင်နန်းတော်အတွင်းတွင် ကြေကွဲဝမ်းနည်းဖွယ် သီချင်းတစ်ပုဒ်ကို သီဆိုနေသည့်အလား ငိုကြွေးမြည်တမ်းသံများကို ကြားနေရသည်။

အတိတ်တွင် ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများ ဖြစ်ခဲ့ကာ သူတို့၏သက်ဆိုင်ရာနယ်မြေများ၌ အရှင်သခင်များအဖြစ် နာမည်ကျော်ကြားသူများ လုယွီ၏လက်အတွင်း၌ ကြွေလွင့်သွားခဲ့သည်။

လုယွီသည် သူ၏လက်ကိုမြှောက်ကာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် အသားပြားဖြစ်သည်အထိ ရိုက်နှက်ခြင်းခံလိုက်ရသည်။ရုတ်ချည်းဆိုသလိုပင် တခြားလူတစ်ယောက်က နံဘေးတစ်ဖက်မှနေ၍ ဝင်ရောက်တိုက်ခိုက်သည်။

လုယွီ မူလကဝတ်ဆင်ထားသော အဝတ်အစားများ စုတ်ပြဲသွားကာ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းရှိ တောင့်တင်းသန်မာသောကြွက်သားများ ပေါ်လွင်လာသည်။

ဒေါင်...

ဓားရှည်တစ်လက်သည် လုယွီ၏ခန္ဓာကိုယ်ကို ထိုးစိုက်မိသွားသော်လည်း သံမဏိပြားကြီးတစ်ခုအတွင်းသို့ စိုက်ဝင်သွားသည့်အလား သတ္တုအချင်းချင်း ရိုက်ခတ်မိသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

လုယွီသည် နောက်သို့ချာခနဲလှည့်ပြီး တိုက်ခိုက်သူ၏လည်ပင်းကို ဖမ်းဆုပ်ကာ လိမ်ချိုးလိုက်သည်။

"မင်းတို့အားလုံးက အချိန်မှန်ရောက်လာကြတာပဲ....ငါက မင်းတို့ကိုရှာဖို့အတွက် ငါ့ရဲ့လူတွေကို လွှတ်ဖို့မလိုတော့ဘူး"

လုယွီ၏မျက်လုံးအကြည့်သည် ပတ်ဝန်းကျင်ရှိလူများထံသို့ ဝေ့ဝိုက်၍ကျရောက်သွားပေ၏။

ယခင်ကတည်းက ဖေးထျန်ကွမ်းသည် အရှေ့အောင်နိုင်ခြင်းကြယ်​မြစ်အတွင်းရှိ ပြင်ပဂိုဏ်းအင်အားစုများ လျှို့ဝှက်၍ပုန်ကန်ထကြွရန် ကြံရွယ်နေသည်ဟု သူ့အား သတင်းပိုပြီးဖြစ်သည်။

လုယွီသည် သဲလွန်စများရှာဖွေကာ ထိုဂိုဏ်းအင်အားစုများအားလုံးကို တစ်ချက်တည်းဖြင့် ဖမ်းဆီးနိုင်မည့် အခွင့်အရေးတစ်ခုကို ရှာဖွေရန် ကောင်းကင်ကွန်ယက်မှသူလျှိုများကို အမိန့်ပေးပြီးဖြစ်သည်။

သို့ရာတွင် ထိုလူများသည် သူ့ထံသို့ သူတို့ကိုယ်သူတို့ လာရောက်ပို့ဆောင်မည်ဟု သူ မျှော်လင့်မထားမိချေ။

"သောက်ချေးပဲ....ခွေးမသားအိုကြီးတွေ လူတစ်ယောက်ကို လူအင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတာက မင်းတို့ကိုယ်မင်းတို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား"

"တကယ်လို့ မင်းတို့မှာအရည်အချင်းရှိရင် ငါ့ကို အပြင်ထုတ်ပေးစမ်း..ငါက မင်းတို့အားလုံးကို တိုက်ခိုက်မယ်...မင်းတို့အားလုံးက ဒီအသက်အရွယ်ထိ မတိုးတက်သေးတာ ခွေးတွေလိုများ ရှင်သန်နေကြတာလား...ထွီ ငါက ခွေးနဲ့နှိုင်းမိတာတောင် ခွေးသိက္ခာကျတယ်"

လန်ဝူရှင်းသည် လှောင်အိမ်အတွင်း၌ လှောင်ပိတ်ခံထားရသော်လည်း သူ၏စိတ်ဓာတ်များ တက်ကြွနေကာ အနည်းငယ်မျှ ပင်ပန်းနွမ်းနယ်ပုံမရချေ။

သူ၏လက်မောင်းကြား၌ ရှိနေသော နျုနျူသည် အိမ်မောကျနေပေ၏။လန်ဝူရှင်းသည် သူ၏မှော်စွမ်းအားများကို အသုံးပြု၍ နျူနျူကို အိပ်ပျော်နေစေသည်။သူသည် ရှေ့ရှိသွေးထွက်သံယိုမြင်ကွင်းများကို နျူနျူအား မြင်တွေ့စေလိုခြင်းမရှိချေ။

လုယွီ ပြင်ပ၌တိုက်ခိုက်နေစဉ်တွင် လှောင်အိမ်အတွင်း၌ရှိနေသော လန်ဝူရှင်းသည် သူ၏ပါးစပ်ဖြင့် အဆက်မပြတ်တိုက်ခိုက်နေပေ၏။

"ဟိုဆံဖြူလူအိုကြီး...ငါ မင်းကို ပြောနေတာလေ...မင်းက အသက်ကြီးနေပြီဆိုတာ သိသာပေမယ့် အရမ်းယုတ်ညံ့တယ်...မင်းက နောက်ကွယ်ကနေ အလစ်အငိုက်ဖမ်းပြီး တိုက်ခိုက်ဖို့ ကြိုးစားနေတယ်"

"မင်းရဲ့ငပဲက ကျိုးနေတာ မဟုတ်လား...ဒါကြောင့် မင်းရဲ့ရန်သူတွေကို နောက်ကွယ်ကနေပဲ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ရဲတယ်...ဒါက ရှက်စရာကောင်းတယ်လို့ မင်း မထင်ဘူးလား"

လန်ဝူရှင်းသည် ခိုးကြောင်ခိုဝှက်တိုက်ခိုက်ရန် ပြင်ဆင်ထားသော လူအိုကြီးတစ်ယောက်ကို မြင်တွေ့ချိန်၌ လှောင်ပြောင်သရော်လိုက်သည်။

ထိုလူအိုကြီးသည်လည်း ဂိုဏ်းတစ်ဂိုဏ်း၏အဆင့်မြင့်အကြီးအကဲတစ်ယောက်ဖြစ်ကာ လူအများ၏ရိုသေလေးစားခြင်းကိုခံရသူပင်။သူသည် အမြဲတစေ အဆင့်အတန်းမြင့်မားသောဘဝနှင့် နေထိုင်ခဲ့လေရာ မည်သည်ကြောင့် ဤကဲ့သို့ လှောင်ပြောင်သရော်မှုကို သည်းခံနိုင်မည်နည်း။

"မောက်မာလိုက်တဲ့ ကောင်စုတ်လေး....မင်းက ဘာပေါက်ကရစကားတွေကို ပြောနေတာလဲ"

လူအိုကြီး၏မျက်နှာ နီမြန်းနေကာ ဒေါသတကြီးအော်ငေါက်လေသည်။

လန်ဝူရှင်းက ကျယ်လောင်စွာ ပြောဆိုသည်။

"ခွေးမသားအိုကြီး...ဒီအဖိုးက မင်းကို ပြောနေတာပဲ....တကယ်လို့ မင်း သတ္တိရှိရင် ငါနဲ့ အကွက်သုံးရာလောက် လာပြီးတိုက်ခိုက်စမ်း"

"မင်း....မင်း...မင်း..."

လူအိုကြီးသည် အသက်ရှုပင် မမှန်တော့ချေ။သူ အလွန်ဒေါသထွက်နေသဖြင့် ရုတ်တရက် သူ၏ပါးစပ်မှနေ၍ သွေးတစ်လုတ်အန်ထွက်လာသည်။

သူသည် လုယွီ၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိထားခဲ့သည်။သူ ရှေ့သို့မတိုးဝံ့သဖြင့် လုယွီကိုတိုက်ခိုက်ရန် တခြားနည်းလမ်းတစ်ခုကို ရှာဖွေခဲ့ခြင်းဖြစ်သည်။

မမျှော်လင့်ဘဲ ဤကဲ့သို့နည်းလမ်းသည် လန်ဝူရှင်းပြောဆိုသည့်အတိုင်းဖြစ်နေကာ သူသည် ခိုးကြောင်ခိုးဝှက်သာ တိုက်ခိုက်ဝံ့သော သူရဲဘောကြောင်သည့် ကြွက်တစ်ကောင် ဖြစ်နေသည်။

လူအိုကြီးသည် သက်တောင့်သက်သာရှိသောဘဝဖြင့် နေထိုင်ခဲ့ကာ ရိုသေလေးစားခံရသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသူပင်။မည်သည်‌ကြောင့် သူသည် ဤကဲ့သို့ လှောင်ပြောင်သရော်မှုမျိုးကို သည်းခံနိုင်မည်နည်း။

တခြားလူများသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ထိတ်လန့်တုန်လှုပ်နေကြ၏။

သူတို့သည် တိုက်ခိုက်မှုခြင်း မဖလှယ်ရသေးမီမှာပင် ဒေါသကြောင့် သူ၏အသိစိတ်လွတ်ကင်းသွားလေပြီ။

"မင်းတို့က အမှားတစ်ခုခုကို ကျူးလွန်ထားတာကြောင့် ကြောက်နေကြတာမဟုတ်လား....နောက်ကွယ်ကနေ ခိုးကြောင်ခိုးဝှက်ပဲတိုက်ခိုက်ရဲတဲ့ ကြွက်စုတ်တွေ...တကယ်လို့ ဒီနေ့ ငါ ဒီနေရာကနေ ထွက်သွားနိုင်ရင် ငါ ပထမဆုံးလုပ်မယ့်ကိစ္စက မင်းတို့လို ယုတ်ညံ့တဲ့ကြွက်စုတ်တွေကို ရှင်းထုတ်ဖို့ပဲ"

လန်ဝူရှင်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

သူသည် အစကတည်းက နတ်ဆိုးဂိုဏ်းချုပ်တစ်ယောက်ဖြစ်သဖြင့် သူ လုပ်ဆောင်ခဲ့သမျှ ကိစ္စများတွင် စည်းမျဥ်းစည်းကမ်းများကို လိုက်နာခဲ့ခြင်းမရှိချေ။

လက်ရှိနေရာတွင်ရှိနေသော ပြင်ပဂိုဏ်းအင်အားစုများမှ ကျင့်ကြံသူများ၏မျက်နှာများ သုန်မှုန်သွားသည်။အစပထမကတည်းက သူတို့သည် လုယွီကို နောက်ကွယ်မှနေ၍ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ရန် အမှန်တကယ်ကို ကြံရွယ်ခဲ့သည်။

Chapter 4475

သူတို့၏နည်းလမ်းကို လန်ဝူရှင်းမှ ထုတ်ဖော်ပြောဆိုခဲ့သဖြင့် သူတို့အား ယုတ်ညံသူများ ဖြစ်သွားစေသည်။

"ချိတ်ပိတ်စမ်း..."

ကျိုးကျင်းထန်သည် ထပ်မံ၍ သည်းမခံနိုင်တော့သဖြင့် အချုပ်လှည်းကိုချိတ်ပိတ်ရန် အမိန့်ပေးလိုက်၏။

"သောက်ချေးပဲ....ခွေးမသားအိုကြီး...မင်း စောင့်နေစမ်း...ငါ အပြင်ကို ထွက်နိုင်တဲ့အချိန်ကျရင်...."

လန်ဝူရှင်း၏စကား အဆုံးမသတ်သေးမီမှာပင် နံဘေးရှိအစောင့်တစ်ယောက်သည် အဆောင်လက်ဖွဲ့တစ်ခုကို အချုပ်လှည်း၏ထိပ်၌ ကပ်လိုက်သည်။ထို့ကြောင့် အချုပ်လှည်းအတွင်း၌ လန်ဝူရှင်း မည်မျှထိ အော်ဟစ်နေပါစေ ပြင်ပသို့ မည်သည့်အသံမျှ ထွက်ပေါ်လာခြင်းမရှိတော့ချေ။

ဤသည်မှာ သေးငယ်သောကြားဖြတ်နှောက်ယှက်မှုတစ်ခုသာဖြစ်ပြီး တိုက်ပွဲအခြေအနေအပေါ် များစွာသက်ရောက်သွားခြင်းမရှိချေ။

လုယွီသည် သူတစ်ယောက်တည်းဖြင့် ရာနှင့်ချီသောလူများကို ရင်ဆိုင်တိုက်ခိုက်နေခဲ့သည်။သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် တောင်များနှင့်မြစ်များကို ဝါးမြိုတော့လုမတတ် အလွန်ကြီးမားပေ၏။

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများ သေဆုံးသွားကာ သွေးများ နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။တော်ဝင်နန်းဆောင်များ၏ ကြီးမားသောကျောက်တုံးအုတ်ကြီးများပေါ်တွင် အသွေးအသားများနှင့်အရိုးများ စုပုံနေသည်။

လေထုအတွင်း၌ သွေးညှီနံ့များဖြင့် ပြည့်နှက်နေပေ၏။လူအမြောက်အများ အဆက်မပြတ် သေဆုံးသွားသော်လည်း လုယွီထံသို့ တဟုန်ထိုးပြေးဝင်တိုက်ခိုက်နေသောလူများ ရှိနေဆဲပင်။

ဤသည်မှာ သူတို့အား ချီဘုရင် ပေးအပ်မည့် အကျိုးအမြတ်များကြောင့်သာမက လုယွီပိုင်ဆိုင်သည့် ရှေးဟောင်းအမွေအနှစ်နယ်မြေ၏ လျှို့ဝှက်ဆန်းကြယ်မှုကြောင့်လည်းဖြစ်သည်။ဤသည်မှာ သူတို့အား အလွန်အမင်းဆွဲဆောင်နိုင်ပေ၏။

သူတို့အားလုံးသည် ဤရှေးဟောင်းအမွေအနှစ်ကိုရယူကာ ကောင်းကင်ဘုံနယ်မြေ၏အထွတ်အထိပ်တည်ရှိမှုကြီးအဖြစ်သို့ တက်လှမ်းလိုကြသည်။

အဝေးတစ်နေရာမှကြည့်ပါက ဤနေရာတွင် ထူထပ်သိပ်သည်းသော မြူခိုးများ ရှိနေသည်ကို မြင်တွေ့ရပေမည်။

လူဆယ်ယောက်ကျော်သည် ရှေ့သို့တရကြမ်း ပြေးဝင်လာကာ သူတို့၏အရှိန်အဝါများသည် အလွန်မြင့်မားပြီး သူတို့ထံမှနေ၍ အလွန်ကြီးမားသောဖိအားတစ်ရပ် ထွက်ပေါ်နေသည်။

ဤှလူများအားလုံးသည် နယ်မြေသခင်များပင်။သူတို့အနက်မှတချို့သည် နယ်မြေသခင်နယ်ပယ် စတုတ္ထအဆင့်၌ရှိနေကာ လေဟာနယ်ဥပဒေသ၏တစ်စိတ်တစ်ပိုင်းကို ဖမ်းဆုပ်ထားနိုင်သည်။သူတို့၏ကျင့်ကြံခြင်းအခြေခံအုတ်မြစ်များသည် အလွန်နက်ရှိုင်းသဖြင့် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းတွင် သူတို့အားယှဥ်ပြိုင်နိုင်သူဟူ၍ မရှိခဲ့ဖူးချေ။

ထိုနယ်မြေသခင်ဆယ်ယောက်သည် ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းလာကာ မိုးနှင့်မြေကို ဖျက်ဆီးတော့လုမတတ် ပြင်းထန်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။သူသည် ချက်ချင်းဆိုသလိုပင် ထိုနယ်မြေသခင်များနှင့် တိုက်ခိုက်မှုခြင်းဖလှယ်လိုက်ရာ မိုးကောင်းကင်ယံကိုပင် အရောင်ပြောင်းလဲသွားစေသည်။ဤသည်မှာ မိုးကောင်းကင်ယံအတွင်း၌ သွေးများစွန်းထင်းနေသည့်အလားပင်။

တချို့လူများသည် နောက်ကွယ်မှနေ၍ ခိုးကြောင်ခိုးဝှက် ဝင်ရောက်တိုက်ခိုက်ကြလေ၏။သို့ရာတွင် လုယွီနှင့်ထိုနယ်မြေသခင်များအကြားရှိ တိုက်ပွဲမှနောက်ချန်အားလှိုင်းများကြောင့် သူတို့၏ခန္ဓာကိုယ်များ ပျက်စီးကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဝှစ်...

လုယွီသည် ခြေတစ်လှမ်းရှေ့တက်ကာ သူ၏လက်ဝါးကို ဓားသွားတစ်ခုအသွင်အသုံးပြု၍ သူ့ရှေ့ရှိ နယ်မြေသခင်တစ်ယောက်ကို ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်သည်။

ထိုနယ်မြေသခင်သည် လုယွီ၏လက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်ရသောအချိန်တွင် နှိုင်းယှဥ်ပြစရာမရှိသည်အထိ အားနည်းနေပေ၏။လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ထိုလူ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာ တစစီကြေမွှပျက်စီးသွားကာ သူသည်လည်း လွတ်မြောက်နိုင်ခြင်းမရှိဘဲ သေဆုံးသွားခဲ့သည်။

နယ်မြေသခင်တစ်ယောက် သေဆုံးသွားမှုကြောင့် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

"ဖိနှိပ်စမ်း..."

ကြွင်းကျန်သော နယ်မြေသခင်ကိုးယောက်အနက်မှ တစ်ယောက်က အော်ဟစ်လိုက်သည်။သူသည် ဘုံကိုးဆင့်စေတီတစ်ဆူကို ဆင့်ခေါ်ကာ လုယွီအား အတွင်း၌ ပိတ်လှောင်ထားရန် ကြိုးပမ်းလိုက်၏။

ထိုစေတီမှနေ၍ ရွှေရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။ထိုအရာ၏နံဘေးပတ်လည်၌ မရေမတွက်နိုင်သော မှော်သင်္ကေတအက္ခရာများ မျောလွင့်နေကာ အထွတ်အမြတ်လေဟာနယ်ဥပဒေသလည်း ရောယှက်နေသည်။

နယ်မြေသခင်တစ်ယောက်သည် မှော်မန္တန်များကို အဆက်မပြတ်ရွတ်ဆိုကာ စေတီပေါ်သို့ ကျရောက်သွားစေသည်။ရုတ်ချည်းဆိုသလိုပင် စေတီတစ်ဆူလုံး တုန်ခါသွားကာ လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်သည် လုယွီကို စေတီအတွင်း၌ ချိတ်ပိတ်လိုက်၏။

"ဟား ဟား ဟား... သူက ငါ့ရဲ့မှော်ရတနာထဲကို ရောက်သွားပြီ....သူ လွတ်မြောက်ဖို့ နည်းလမ်းမရှိနိုင်ဘူး"

ထိုနယ်မြေသခင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောရင်း ပြောဆိုသည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် စေတီသည် ချက်ချင်းတွန့်လိမ်ကာ ပုံပျက်သွားသည်။ထို့နောက် လက်သီးပုံရိပ်ယောင်ကြီးတစ်ခုသည် စေတီ၏နံရံမှ ဖောင်းကြွလာပေ၏။

ဤသည်မှာ လုယွီထံမှ လက်သီးတစ်ချက်ပင်။

ခရက်...ခရက်...ခရက်....

စေတီသည် တုန်ခါနေကာ ထိုအရာ၏မျက်နှာပြင်ပေါ်၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ဤသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် စေတီကြီးပေါက်ကွဲသွားကာ လုယွီ၏ပုံရိပ်သည် လူများအားလုံး၏ရှေ့၌ တဖန်ပြန်၍ ထွက်ပေါ်လာသည်။

သူသည် ပြိုင်ဘက်ကင်းအရှိန်အဝါတစ်ရပ်နှင့် ထွက်ပေါ်လာပြီးနောက် သူ၏လက်ကိုမြှောက်ကာ သူ့ရှေ့ရှိ နယ်မြေသခင်ကို ရိုက်နှက်လိုက်သည်။

ထိုနယ်မြေသခင်၏ခေါင်း ချက်ချင်းကြေမွှပျက်စီးသွားကာ သူ၏စိတ်ဝိညာဥ်ပင်လျှင် ထွက်ပြေးရန်အတွက် အခွင့်အရေးမရှိခဲ့ချေ။သူ၏စိတ်ဝိညာဥ်သည် လုယွီ၏ဖမ်းဆုပ်ပြီး သေသည်အထိ ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရလေ၏။

သွေးများ မြေပြင်ပေါ်သို့ ဖြာကျသွားကာ လူအများစု၏စိတ်ဓာတ်များ ပြိုလဲနေလေပြီ။

နယ်မြေသခင်နယ်ပယ် စတုတ္ထအဆင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် လုယွီ၏တိုက်ခိုက်မှုကို ကာကွယ်ဟန့်တားနိုင်ခြင်းမရှိချေ။တခြားမည်သူသည် သူ၏ပြိုင်ဘက် ဖြစ်နိုင်မည်နည်း။

All Chapters