အခန်း (၄၄၈၁-၄၄၈၅)
Vol. 227 Ch. 4481-4485
Chapter 4481
လုယွီက သူ၏လက်ကိုမြှောက်ပြီးပြင်းထန်သောလက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
ရွှေရောင်အလင်းတန်းတစ်တန်း တောက်ပသွားပြီးနောက် ပေတသောင်းကျော်ခန့်ရှည်လျားသော အလင်းတန်းကြီးတစ်တန်းသည် ပတ်ဝန်းကျင်နေရာတဝိုက်ကို ဖြတ်သန်းသွားပေ၏။ဤအလင်းတန်းအောက်တွင်ရှိနေသော မည်သူမဆို သူတို့၏ခန္ဓာကိုယ်များ ဆိုးဆိုးရွားရွားတုန်ရီသွားကာ သူတို့၏မျက်လုံးများကိုပင် မဖွင့်နိုင်ကြတော့ချေ။
လုယွီသည် ထိုက်ယွမ်လက်ဝါးကို အသုံးပြုလိုက်ရာ ကျိုးမိသားစုဘိုးဘေး၏တိုက်ခိုက်မှုနှင့် လေထုအတွင်း၌ ဖီလာဆန့်ကျင်ရိုက်ခတ်မိသည်။
ဘုန်း...
သူတို့နှစ်ယောက်လုံးသည် အလွန်အမင်းအစွမ်းထက်သော ထိပ်သီးကျင့်ကြံသူများပင်။ ယခုလက်ရှိအချိန်၌ သူတို့၏အားအကောင်းဆုံး တိုက်ခိုက်မှုများကို ထုတ်ဖော်အသုံးပြုထားပြီး ထိုအရာများအချင်းချင်း ဖီလာဆန့်ကျင်ထိတွေ့မိနေသည်။ထို့ကြောင့် မိုးနှင့်မြေအကြားတွင် ပြင်းထန်သောပေါက်ကွဲသံကြီးများကို ကြားနိုင်ပေ၏။
တိုက်ခိုက်မှုခြင်း ထိပ်တိုက်ရင်ဆိုင်မိချိန်တွင် နှစ်ဖက်စလုံး လက်ရည်တူဖြစ်နေသည်။
သူတို့နှစ်ယောက်သည် အစွမ်းထက်သောနည်းစနစ်များဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသဖြင့် ကြောက်မက်ဖွယ်ကောင်းသော နောက်ချန်အားလှိုင်းများ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
မူလက သူတို့နှစ်ယောက်သည် ချိတ်ပိတ်ထားသော အတားအဆီးတစ်ခုအတွင်း၌ ရှိနေပေ၏။
သို့ရာတွင် သူတို့၏နှစ်ယောက်၏တိုက်ခိုက်မှုများ ဖလှယ်ပြီးနောက် ထက်ရှသောစွမ်းအားကြောင့် မိုးနှင့်မြေကို တုန်ခါသွားစေခဲ့သည်။ထိုစွမ်းအားများအနက်မှ တစ်ပိုင်းတစပျံ့နှံ့သွားခြင်းကြောင့် ပတ်ဝန်းကျင်ရှိလေဟာနယ် ဆုတ်ပြဲသွားလေ၏။
ပြင်ပမှနေ၍ ဖျော့တော့တော့နေရောင်ခြည်များ ကျရောက်လာခြင်းနှင့်အတူ လူများအားလုံးသည် ဤတိုက်ပွဲ၏ယခုလက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်းမြင်တွေ့မိသည်။
အတားအဆီးအတွင်းရှိ မြေပြင်ပေါ်၌ အလောင်းအမြောက်အများရှိနေကာ သွေးများက မြစ်ပြင်တမျှစီးဆင်းနေသည်။
ဤသည်မှာ တော်ဝင်နန်းတော်တစ်ခုနှင့် မတူညီတော့ဘဲ အသူရာကြေးချွတ်သန့်စင်ဘုံတစ်ခုအလားပင်။တစ်စုံတစ်ယောက်သည် သာမန်မျက်စိအမြင်ဖြင့်ပင် ကိုယ်လက်အင်္ဂါအပြည့်အစုံမရှိတော့သော အလောင်းများကို မြင်တွေ့နိုင်သည်။တချို့အလောင်းများသည်အသက်ရှင်သန်စဉ်က မည်ကဲ့သို့ပုံစံမျိုး ရှိခဲ့သည်ကို ခွဲခြားနိုင်ရန်ပင် မဖြစ်နိုင်တော့ချေ။
"ဖြစ်နိုင်တာတော့ ဒါတွေအားလုံးကို လုယွီတစ်ယောက်တည်း လုပ်ခဲ့တာလား"
"ချီအင်ပါယာက ခရားထဲကိုဝင်တဲ့ လိပ်တစ်ကောင်လိုမျိုး လုယွီကို ထောင်ချောက်ထဲ ဝင်လာစေခဲ့တယ်...ဒါပေမဲ့ သူတို့က လုယွီကို လျှော့တွက်ခဲ့မိတာကြောင့် အခုလိုအခြေအနေနဲ့ အဆုံးသတ်သွားခဲ့တာပဲ"
လူများအားလုံး ထိတ်လန့်တုန်လှုပ်နေသည်။
အထူးသဖြင့် တစ်စုံတစ်ယောက်သည် ကျိုးကျင်းထန်၏နဂါးဝတ်ရုံကို မြင်တွေ့ချိန်တွင် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
"ကျိုးကျင်းထန် သေသွားပြီ"
"ချီအင်ပါယာကို တည်ထောင်တာ ဘယ်လောက်ကြာသေးလို့လဲ...ပထမဆုံးမျိုးဆက်ရဲ့ဧကရာဇ်က အသတ်ခံလိုက်ရပြီ...ဒီလိုအခြေအနေမျိုးက တကယ့်ကို မကြုံစဖူးကိစ္စတစ်ရပ်ပဲ"
"ငါက ချီအင်ပါယာရဲ့ကံကြမ္မာစွမ်းအားတွေကို မခံစားမိတာ အံ့အားသင့်စရာ မရှိတော့ဘူး"
ရုတ်ချည်းဆိုသလိုပင် ဝေ့ယန်မြို့တစ်မြို့လုံးမှနေ၍ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။
ချီအင်ပါယာအတွင်းရှိ အရာရှိများအနက်အများစု၏မျက်နှာများထက်တွင် ထိတ်လန့်ကြောက်ရွံ့သော အမူအယာများ ထင်ဟပ်လာသည်။အရာရှိတချို့သည် နာကျင်မှုကြောင့် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ နန်းတော်အတွင်း၌ သူတို့ကိုယ်သူတို့ သေကြောင်းကြံစည်ကြသော မိန်းမစိုးများနှင့်နန်းတွင်းအစေခံတချို့ပင် ရှိနေသည်။
သို့ရာတွင် လူအများစု၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ထင်ဟပ်နေသည်။
လူများအားလုံးသည် ချီအင်ပါယာ၏အခြေအနေ မကောင်းတော့သည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့မိသည်။သူတို့အနက်မှာအများစုသည် ချီအင်ပါယာ၌နေရန် ရွေးချယ်ခဲ့သောအကြောင်းအရင်းမှာ ကျိုးမိသားစုဘိုးဘေး၏ တည်ရှိမှုကြောင့်ပင်။
ကျိုးမိသားစုဘိုးဘေးသည် တာအိုသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။ဤသည်မှာ နယ်မြေတစ်ခုကို အုပ်ချုပ်နိုင်သော ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်ဖြစ်သည်။သူသည် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ထိပ်သီးအစွမ်းတည်ရှိမှုကြီးများအနက်မှတစ်ယောက် ဖြစ်ပေ၏။
ကျိုးမိသားစုဘိုးဘေး တည်ရှိနေခြင်းကြောင့် ချီအင်ပါယာသည် ယခုလက်ရှိအချိန်ထိ ရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။ထိုသို့မဟုတ်ပါက ကျိုးကျင်းထန်တစ်ယောက်တည်းဖြင့် သူ့အတွက်အလုပ်လုပ်ကိုင်ပေးရန် လူအမြောက်အများကို စုစည်းနိုင်မည်မဟုတ်ချေ။
"အခုက ငါတို့အတွက် လွတ်လမ်းတစ်လမ်းကို စဉ်းစားဖို့ အချိန်ကျပြီ"
"ပုန်းကွယ်နဂါးစစ်တပ်က မြို့ထဲကို ဝင်လာတော့မယ်...ကြည့်ရတာတော့ နှစ်ဖက်စလုံးက ကြိုတင်ပြင်ဆင်ထားတဲ့ပုံပဲ"
တချို့လူများသည် အစီအစဉ်များကို ကြိုတင်ပြုလုပ်ထားရန်အတွက် သူတို့၏လက်အောက်ငယ်သားများကို ညွှန်ကြားလိုက်ကြသည်။
"အား...အဖေ..."
ချီအိမ်ရှေ့စံမင်းသားသည် ပျက်စီးနေသော နဂါးဝတ်ရုံကို မြင်တွေ့ချိန်တွင် သတိလစ်မေ့မြောသွားလုနီးပါးပင်။
သူသည် မူလက မင်းသားတစ်ပါးသားဖြစ်သော်လည်း လောကကြီး၏အပြောင်းအလဲအောက်တွင် အင်ပါယာတစ်ခု၏အိမ်ရှေ့စံမင်းသား ဖြစ်လာခဲ့သည်။
ချီအိမ်ရှေစံမင်းသားသည် အရာရာတိုင်းအတွက် သူ၏ဖခင်ကို မှီခိုနေရပေ၏။
ယခုအချိန်၌ ကျိုးကျင်းထန် သေဆုံးသွားသဖြင့် ချီအိမ်ရှေစံမင်းသားသည် သူ့အပေါ်သို့ ဘေးကပ်ဆိုးကြီး ကျရောက်လာတော့မည်ကို ခံစားမိသည်။
"ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေအားလုံး အတူပူးပေါင်းပြီးတော့ လုယွီကို တိုက်ခိုက်ကြစမ်း...ငါက သူသေတာကို မြင်ချင်တယ်"
ချီအိမ်ရှေစံမင်းသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့ရာတွင် ချီအိမ်ရှေ့စံမင်းသား၏ရှေ့၌ ဒူးထောက်နေသော အရာရှိများသည် ဆောင်းရာသီအတွင်းရှိ ပုစဉ်းကောင်များအလား တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်စကားတစ်ခွန်းကိုမျှ မပြောဆိုချေ။
ဤသည်မှာ သူတို့စကားမပြောဆိုလိုခြင်းကြောင့်မဟုတ်ဘဲ လုယွီ၏ခွန်အားကြောင့်ပင်။
ကျိုးကျင်းထန်သည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို စုဝေးခဲ့လေ၏။အလွန်များပြားသော ကျင့်ကြံသူများ အတူတကွပူးပေါင်း၍ လုယွီကို တိုက်ခိုက်ခဲ့သည့်တိုင် ဤကဲ့သို့ ဆိုးရွားသောအခြေအနေဖြင့် အဆုံးသတ်ခဲ့သည်။
အကယ်၍ သူတို့သည် လုယွီကို တိုက်ခိုက်ပါက ထိုလူများနှင့် တူညီသောရလဒ်မျိုး ထွက်ပေါ်လာမည်ကို သူတို့အားလုံး စိုးရိပ်ထိတ်လန့်မိသည်။အဆုံးသတ်၌ သူတို့သည် လုယွီ၏ အညှာအတာကင်းမဲ့စွာ သတ်ဖြတ်ခြင်းကို ခံရပေမည်။
Chapter 4482
ချီအိမ်ရှေ့စံမင်းသားသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့ဖြစ်သွားသကဲ့သို့ ခံစားရသည်။
"ဒါက ငါ့အဖေရဲ့ သစ္စာရှိလက်အောက်ငယ်သားတွေလား...ဟား ဟား ဟား....ချီအင်ပါယာအပေါ် မင်းတို့ရဲ့သစ္စာစောင့်သိမှုကို ပြသတဲ့နည်းလမ်းက ဒီလိုတဲ့လား"
အိမ်ရှေ့စွမင်းသားထံတွင် မခံမရပ်နိုင်မှုများ ဒေါသများဖြင့် ပြည့်နှက်နေကာ သူသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
ထိုအချိန်မှာပင် အရာရှိအိုကြီးတစ်ယောက်က မတ်တတ်ထရပ်ပြီး ပြောဆိုသည်။
"အရှင့်သား...အခုချိန်မှာ အခြေအနေက မတည်ငြိမ်သေးဘူး....အရှင့်သားက နေရာတစ်နေရာရှာပြီး ပုန်းအောင်းနေဖို့ ငါ အကြံပြုချင်တယ်...ကျိုးမိသားစုဘိုးဘေးက သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေတဲ့အချိန်မှာ လုယွီက ဘာပြဿနာမှ ရှာနိုင်အုံးမှာ မဟုတ်ဘူး"
ချီအိမ်ရှေ့စံမင်းသားက ဒေါသတကြီး အော်ဟစ်လေသည်။
"မင်း ဘာပြောလိုက်တာလဲ....ရန်သူက တိုက်ခိုက်နေပြီ...ဘယ်လိုလုပ်ပြီးတော့ ငါ့လိုအိမ်ရှေ့စံမင်းသားတစ်ယောက်က သူတို့ကို ရှောင်တိမ်းနေနိုင်မှာလဲ"
ချီအိမ်ရှေ့စံမင်းသားက ဖြောင့်မတ်မှန်ကန်မှု ရဲဝံ့မှုတို့ ပြည့်နှက်နေသောလေသံဖြင့် ပြောဆိုသည်။
ထိုအချိန်မှာပင်...
ခန်းမ၏ပြင်ပမှနေ၍ စစ်သားတစ်ယောက် တဟုန်ထိုးပြေးဝင်လာကာ ထိတ်လန့်တကြားအမူအယာဖြင့် သတင်းပို့သည်။
"အရှင့်သား မကောင်းတော့ဘူး...ဒါက မကောင်းတော့ဘူး...."
ချီအိမ်ရှေ့စံမင်းသားက စိုးရိမ်ပူပန်တကြီးမေးမြန်းသည်။
"ဘာလို့ ပျာယာခတ်နေတာလဲ....သေချာပြောစမ်း....."
ထိုစစ်သားက ကြောက်ရွံ့နေသောလေသံဖြင့် တုံ့ပြန်လေ၏။
"ပုန်းကွယ်နဂါးစစ်တပ်က မြို့ထဲကို ရောက်လာပြီ"
ဘာ....
လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ဗိုလ်ချုပ်အိုကြီးတစ်ယောက်က ဒေါသတကြီး အော်ငေါက်လေသည်။
"မြို့တံခါးတွေကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားတယ်....ဒါ့ပြင် အဲ့ဒီနေရာမှာ ခုခံကာကွယ်ရေးဝင်္ကပါတွေလည်း ရှိနေတယ် ...ဘယ်လိုလုပ်ပြီးတော့ သူတို့ရဲ့တိုက်ခိုက်မှုက ဒီလောက်ထိ မြန်နေတာလဲ"
ပုန်းကွယ်နဂါးစစ်တပ်မှ မြို့အားတိုက်ခိုက်နေသည့်သတင်းကို သူတို့ ကြားခဲ့ရသည်မှာ လွန်ခဲ့သောနှစ်နာရီခန့်အချိန်က ဖြစ်သည်။
ဤသည်မှာ အလွန်တိုတောင်းသော အချိန်ကာလဖြစ်သော်လည်း မည်သည်ကြောင့် မြို့တံခါးများ ပွင့်သွားရသနည်း။
"မြို့တံခါးတွေမှာ စောင့်ကြပ်နေတဲ့ အစောင့်တွေအားလုံးက ပုန်းကွယ်နဂါးစစ်တပ်ဆီမှာ အရှုံးပေးလိုက်ကြပြီ....ပုန်းကွယ်နဂါးစစ်တပ်က ဘာသွေးထွက်သံယိုမှမရှိဘဲ မြို့ထဲကို ဝင်လာနိုင်ခဲ့တယ်"
သတင်းပို့စစ်သားက ထိတ်လန့်တကြား ပြောဆိုသည်။
ဘန်း...
ချီအိမ်ရှေ့စံမင်းသားသည် သူရှေ့ရှိ စားပွဲတစ်လုံးကို ကန်လိုက်၏။
"ငါကိုယ်တိုင် အဲ့ဒီခွေးမသားတွေအားလုံးကို သတ်ပစ်မယ်"
ချီအိမ်ရှေ့စံမင်းသား၏မျက်လုံးများ သွေးနီရောင်သန်းနေကာ အော်ဟစ်၍ အမိန့်ပေးလိုက်သည်။
"လာကြစမ်း....မြို့စောင့်စစ်သားတွေရဲ့အိမ်တွေကိုသွားပြီးတော့ သူတို့ရဲ့မိသားစုဝင်တွေအားလုံးကို အမြစ်ပြတ်သုတ်သင်လိုက်ကြစမ်း"
အမတ်ကြီးတယောက်သည် ရှေ့သို့ အလျှင်အမြန်တိုးလာပြီး သူ့အား ဖြောင့်ဖျရန်ကြိုးစားသည်။
"အရှင့်သား...ဒါက မသင့်တော်ပါဘူး"
"ဘာမသင့်တော်စရာ ရှိလို့လဲ...သူတို့က ချီအင်ပါယာကို သစ္စာဖောက်ပြီးပြီ...တကယ်လို့ ငါတို့က သူတို့ရဲ့မိသားစုဝင်တွေအားလုံးကို သတ်လိုက်ရင်တောင် ဘာဖြစ်လာမှာမလို့လဲ...မင်းလည်း အဲ့ဒီလူတွေနဲ့ အတူတူပဲလား"
ချီအိမ်ရှေ့စံမင်းသားသည် ယခင်ကတည်းက အလွန်ဒေါသထွက်နေသောကြောင့် သူ၏မျက်လုံးများ သွေးနီရောင်သန်းနေကာ တင်းမာခက်ထန်သောလေသံဖြင့် မေးခွန်းထုတ်လိုက်သည်။
ထိုအမတ်ကြီးသည် ထိတ်လန့်တုန်လှုပ်သွားကာ အလျှင်အမြန်ငြင်းဆန်လေ၏။
"မဟုတ်ဘူး...အဲ့ဒီလို မဟုတ်ပါဘူး...ငါက အဲ့ဒီလိုမျိုးဆိုလိုတာ မဟုတ်ဘူး"
"ဒါဆိုရင် အခုချက်ချင်း လုပ်ကြစမ်း...တခြားလူတွေကတော့ အုပ်ချုပ်ရေးအရာရှိတွေပဲဖြစ်ဖြစ် စစ်ရေးအရာရှိတွေပဲဖြစ်ဖြစ် ရှေ့တန်းကိုသွားပြီးတော့ ပုန်းကွယ်နဂါးစစ်တပ်ကို ဟန့်တားရမယ်"
ချီအိမ်ရှေစံမင်းသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ချီအိမ်ရှေ့စံမင်းသား၏ ဒေါသတကြီးအော်ဟစ်သံအောက်တွင် ချီအင်ပါယာ၏ အုပ်ချုပ်ရေးနှင့် စစ်ရေးအရာရှိများအားလုံးသည် ရှေ့တန်းသို့သွားလိုက်ကြ၏။
သူတို့အားလုံးသည် အချင်းချင်းကြည့်လိုက်ကြကာ တစ်ယောက်ပြောဆိုလိုသော အဓိပ္ပါယ်ကို ကျန်တစ်ယောက်က နားလည်သဘောပေါက်သည်။
ခုခံကာကွယ်ရမည်လော....
မင်း ဖင်ကြီးကိုပဲ ခုခံကာကွယ်လိုက်...
မြို့ကိုစောင့်ကြပ်သော အစောင့်တပ်သည် မည်သည်ကြောင့် တိုက်ခိုက်ခြင်းမပြုဘဲ အရှုံးပေးအညံ့ခံလိုက်သည်ကို သူတို့အားလုံး ကောင်းစွာသိရှိထားသည်။
မြို့အတွင်းတွင်ရှိနေသော စစ်သားများအနက်မှအများစုသည် အတိတ်တွင် ယန်ကျွမ်းစီ၏လက်အောက်ငယ်သားများပင်။ယန်ကျွမ်းစီ၏သမီးဖြစ်သူသည် ထန်ကျောင်းတော်သားများ၏ အဓမ္မပြုကျင့်ခြင်းကိုခံရပြီး သူမကိုယ်သူမ သတ်သေခဲ့သော်လည်း ချီအင်ပါယာသည် သူမကို လျစ်လျှူရှုခဲ့လေ၏။ထို့ကြောင့် ထိုစစ်သားများ၏စိတ်နှလုံးသားများအတွင်း၌ အေးစက်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
အထူးသဖြင့် ချီအင်ပါယာသည် တခြားအတွေးများရှိနေသော အရာရှိတချို့ကို စာရင်းရှင်းရန်သွားသည်ဟူသော ကောလဟာလများ ထွက်ပေါ်လာသောအချိန်ပင်။
ဤကဲ့သို့နေရာမျိုးတွင် ဆက်လက်၍နေထိုင်သည်ထက် ဘေးလွတ်ရာသို့ထွက်ခွာသွားသည်က ပို၍ကောင်းမွန်ပေမည်။
သို့ရာတွင် သူတို့သည် ဤကိစ္စကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုဝံ့ခြင်း မရှိချေ။တစ်ဖက်တွင် သူတို့သည် လူတချို့ကိုစေလွှတ်ပြီး ရှေ့တန်းကို ပိတ်ဆို့ဟန့်တားစေကာ တခြားတစ်ဖက်တွင် ဤနေရာမှ ထွက်ခွာသွားရန်အတွက် သူတို့၏မိသားစုများကို ပစ္စည်းများ ပြင်ဆင်ထုတ်ပိုးထားရန် ပြောဆိုခဲ့ကြသည်။
ဝေ့ယန်မြို့တစ်မြို့လုံး၌ရှိနေသော လူများအားလုံး၏မျက်လုံးအကြည့်များသည် မိုးကောင်းကင်ယံအတွင်းရှိ တိုက်ပွဲထံတွင် စူးစိုက်၍ကျရောက်နေပေ၏။
လုယွီသည် ကျိုးမိသားစုဘိုးဘေးနှင့် တိုက်ခိုက်နေလေပြီ။
ဤတိုက်ပွဲသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို တုန်ခါသွားစေရန် လုံလောက်သည်။
"ကျိုးမိသားစုဘိုးဘေးက မြင့်မြတ်တဲ့ တာအိုသခင်တစ်ယောက်ဖြစ်ပြီးတော့ လုယွီက တက်သစ်စလူငယ်တစ်ယောက်ပဲ...သူတို့နှစ်ယောက်ကြားမှာ နောက်ဆုံးအနိုင်ရတဲ့လူက ဘယ်သူဖြစ်မလဲဆိုတာ ငါ သိချင်မိတယ်"
"ကောလာဟလတွေအရတော့ ကောင်းကင်ချိုးဖျက်ခံတပ်နဲ့ အနက်ရောင်မိုခံတပ်တို့မှာ လုယွီ ထုတ်ဖော်ပြသခဲ့တဲ့ ခွန်အားကိုကြည့်ရင် သူက တာအိုသခင်တစ်ယောက်နဲ့ မခြားနားတော့ဘူး...သူတို့နှစ်ယောက်ကြားမှာ ဘယ်သူကသန်မာအားကောင်းပြီးတော့ ဘယ်သူကအားနည်းတယ်ဆိုတာ ပြောဖို့ခက်တယ်"
မရေမတွက်နိုင်သော မျက်လုံးအကြည့်များသည် မိုးကောင်းကင်ယံအတွင်းသို့ စူးစိုက်၍ကျရောက်နေကာ လူများ ပို၍ပို၍စုဝေးလာသည်။ဤတိုက်ပွဲသည် ကောင်းကင်ဘုံနယ်မြေ၏အနာဂတ်ကို ဆုံးဖြတ်ရန် လုံလောက်ပေ၏။
Chapter 4483
ဘုန်း...ဘုန်း...ဘုန်း...
လုယွီနှင့်ကျိုးမိသားစုဘိုးဘေးတို့သည် ဆက်လက်၍တိုက်ခိုက်နေကြ၏။သူတို့နှစ်ယောက်၏တိုက်ခိုက်မှုများ ထိတွေ့မိသည့်အချိန်တိုင်း မိုးကောင်းကင်ယံကြီး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
လူအများသည် သူတို့၏နတ်ဘုရားစိတ်အာရုံများဖြင့် လုယွီတို့နှစ်ယောက်၏တိုက်ခိုက်မှုကို ဆက်လက်၍ကြည့်ရှုနိုင်ခြင်း မရှိတော့ချေ။ကျင့်ကြံဆင့်အားနည်းသော လူတချို့သည် ထိုတိုက်ပွဲကို အချိန်တခဏကြာခန့် ကြည့်ပြီးနောက် မူးဝေမှုကို ခံစားမိသည်။
သူတို့နှစ်ယောက်လုံးသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြ၏။သူတို့ထိတွေ့မိသည်နှင့် အားအကောင်းဆုံးနည်းစနစ်များကို ထုတ်ဖော်အသုံးပြုကြသည်။
ကျိုးမိသားစုဘိုးဘေး၏ခန္ဓာကိုယ်ကို အကန့်အသတ်မရှိသော မဟာတာအိုဥပဒေသများမှ ဝိုင်းရံထားသည်။
သူသည် သူ၏လက်ကိုမြှောက်ကာ ဖမ်းဆုပ်သည့် လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်၏။ထိုနောက် သူ၏လက်ဝါးအတွင်း၌ နက်နဲသိမ်မွှေ့သော တာအိုဥပဒေသတစ်ရပ် ထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် ကျိုးမိသားစုဘိုးဘေး၏ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်အလင်းတန်းများ ရစ်သိုင်းလွှမ်းခြုံနေသည်။သူသည် ရှေးဟောင်းခေတ်ကာလအတွင်းရှိ အလွန်အမင်းမြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသော ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် တူညီနေပေ၏။
သူ့၏မှော်မန္တန် ကျရောက်သွားသည်နှင့် ထိုအရာအတွင်းတွင် အလွန်ကြီးမားသော အားလှိုင်းတစ်ရပ် ပုန်းအောင်းနေပုံရသည်။ထိုအားလှိုင်းသည် သူ့အား မေးခွန်းပြန်ထုတ်ဝံ့သော သက်ရှိများအားလုံးကို ခြေမွှဖျက်ဆီးတော့မည့်အလားပင်။
လုယွီထံတွင်လည်း သာလွန်ထူးကဲသောစွမ်းအားများ ရှိနေသည်။
သူသည် သိုင်းပညာအင်မော်တယ်တစ်ယောက်၏ခွန်အားကို ထုတ်ဖော်အသုံးပြုထားကာ သူ၏သွေးချီများသည် အခိုးအငွေ့များအဖြစ် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်နေသည်။သူ အသုံးပြုသည့် လက်ဝါးရိုက်ချက်နှင့်လက်သီးထိုးချက်တိုင်းသည် တောင်ကြီးတစ်လုံး ကျရောက်လာသည့် အလားပင်။သူ့၏ခွန်အားသည် အကန့်အသတ်ရှိပုံမရချေ။
သူ၏ရင်ဘတ်မှနေ၍ တုန်ခါမူလှိုင်းများ ပွင့်အံ့ထွက်လာသည်။ဤသည်မှာ သူ၏ခန္ဓာကိုယ်အတွင်း၌ သွေးချီများလှည့်ပတ်ခြင်းမှ ထွက်ပေါ်လာသောအသံပင်။
ဟွင်းသွမ်း ထောင်ကျဲ ချောင်းချီ ထောင်ဝူဟူသော မဟာနတ်ဆိုးဘိုးဘေးလေးယောက်၏စိတ်ဝိညာဥ်များသည် လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ပေါင်းစပ်နေကာ သူ့အား အကန့်အသတ်မရှိသည့် ခွန်အားပမာဏကို ထောက်ပံ့ပေးနေသည်။
အတိတ်တွင် သူသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမြိုပြီးနောက် သူ၏ကျင့်ကြံဆင့်စွမ်းအားများ အဆများစွာ ခုန်ပျံကျော်လွှား၍ မြင့်တက်လာသည်။ယခုအချိန်၌ သူသည် မဟာနတ်ဆိုးဘိုးဘေးလေးယောက်၏ စိတ်ဝိညာဥ်များကို ဝါးမြိုထားကာ သူ၏ရုပ်ခန္ဓာကိုယ်သည် သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေသဖြင့် ပို၍ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းနေသည်။
သူ လက်သီးတစ်ချက် ထိုးနှင်လိုက်သည့်အချိန်တိုင်း လက်သီးအားလှိုင်းနှင့်အတူ အရပ်မျက်နှာအဘက်ဘက်၌ သဘာဝလွန်ပုံရိပ်များ ထွက်ပေါ်လာသည်။
လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်သည် လေထုအတွင်းသို့ မြင့်တက်သွားပေ၏။လုယွီ၏လက်သီးအားလှိုင်းနှင့်အတူ အသူရာနဂါး မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းခြင်း ကျားဖြူများ ဒေါသတကြီး ဟိန်းဟောက်နေခြင်းစသည့် ထူးဆန်းသောသဘာဝလွန်ပုံရိပ်များ ထွက်ပေါ်နေသည်။
မိုးကောင်းကင်ယံကြီး တဖန်ပြန်၍ မှေးမှိန်သွားသည်။ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော လက်သီးချက်၏ လွှမ်းမိုးမှုကြောင့်ပင်။ဤအချိန်အခိုက်အတန့်တွင် နေမင်းကြီး၏အလင်းရောင်သည် လုံးလုံးလျားလျား ပိတ်ဖုံးခြင်း ခံလိုက်ရပေ၏။
"သူက အရမ်းသန်မာအားကောင်းတယ်...ဒါက လူငယ်မျိုးဆက်သစ်တစ်ယောက်မှာ ရှိသင့်တဲ့ခွန်အားမျိုး မဟုတ်ဘူး"
"ထန်အင်ပါယာရဲ့လီထန်ရှုကိုတောင် လုယွီက အလွယ်တကူ အနိုင်ယူနိုင်ခဲ့တယ်လို့ ငါ ကြားခဲ့တယ်....အခုကြည့်ရသလောက်တော့ လီထန်ရှုက ရေတွင်းအောက်ခြေက ဖားသူငယ်တစ်ကောင် ဖြစ်ခဲ့တဲ့ပုံပဲ...အစစ်အမှန်ပါရမီဆိုတာ ဒီလိုမျိုး ဖြစ်နေရမယ်ဆိုတာကို သူ သိခဲ့ပုံမရဘူး"
"သူက တာအိုသခင်တစ်ယောက်ကိုတောင် တိုက်ခိုက်နိုင်တယ်...ထန်အင်ပါယာက ဘေးကနေ ထိုင်ကြည့်နေခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး...လုယွီကို တိုက်ခိုက်တဲ့အတွက် ပေးဆပ်ရမယ့်တန်ကြေးက အရမ်းကြီးမားတယ်"
တိုက်ပွဲကိုစောင့်ကြည့်နေသော လူများအားလုံး ထိတ်လန့်တုန်လှုပ်နေသည်။
သူတို့အနက်မှတချို့သည် ယခင်က ကျိုးမိသားစုဘိုးဘေး အနိုင်ရမည်ဟု တွေးထင်ခဲ့ကြသည်။မည်သို့ပင်ဆိုစေကာမူ တာအိုသခင်တစ်ယောက်သည် သူ၏ကြီးမားသောစွမ်းအားဖြင့် လုယွီကို အနိုင်ရနိုင်မည်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။
သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်သည် သူတို့တွေးထင်ထားသည်နှင့် လုံးလုံးလျားလျားဆန့်ကျင်နေပေ၏။
လုယွီ၏ခွန်အားသည် ပြိုင်ဘက်ကင်းဖြစ်ကာ သူ၏လက်သီးချက်စွမ်းအားသည် အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်ပေ၏။သူ၏လက်သီးထိုးနှက်ချက်များသက်သက်ဖြင့် ကျိုးမိသားစုဘိုးဘေးကို လက်ရည်တူယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
"ကောင်လေး...မင်းရဲ့တိုးတက်မှုက တကယ့်ကို မနိမ့်ပါးဘူး...ကြည့်ရတာတော့ မင်းက ရှေးဟောင်းအမွေအနှစ်နယ်မြေကနေ အကျိုးကျေးဇူးတွေ အများကြီးရထားတဲ့ပုံပဲ...မင်းက ရှေးဟောင်းအင်ပါယာတစ်ခုရဲ့အမွေအနှစ်ကို ရခဲ့တာလား"
ကျိုးမိသားစုဘိုးဘေးက ဒေါသတကြီးအော်ဟစ်လိုက်သည်။
ရှေးဟောင်းအင်ပါယာ၏အမွေအနှစ်သည် ကျိုးမိသားစု၏အရေးအကြီးဆုံး လျှို့ဝှက်ချက်ပင်။
ဤအကြောင်းအရင်းကြောင့် ကျိုးမိသားစုဘိုးဘေးသည် သူ၏မိသားစုမှ ထူးချွန်သောလူများကို ရှေးဟောင်းအမွေအနှစ်နယ်မြေထံသို့ စေလွှတ်ခဲ့ခြင်းပင်။
သို့ရာတွင် ဤအမွေအနှစ်များသည် အဆုံးသတ်၌ လုယွီ၏လက်အတွင်းသို့ ရောက်ရှိသွားမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။သူတို့သည် လုယွီအတွက် အချည်းနှီး လက်ဆောင်သွားပေးသည့်အလားပင်။
"မိုးနဲ့မြေကြားမှာရှိတဲ့ ဘယ်ရတနာကိုမဆို အရည်အချင်းရှိတဲ့လူက ပိုင်ဆိုင်နိုင်တယ်...မင်းရွေးချယ်ခဲ့တဲ့လူတွေမှာ ဒီလိုလုပ်ဖို့ အရည်အချင်းမရှိခဲ့တာကိုပဲ အပြစ်တင်တော့"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။ထို့နောက် သူသည် လက်သီးတစ်ချက်ထိုးနှက်ပြီး ကျိုးမိသားစုဘိုးဘေး၏မှော်နည်းစနစ်ကို အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားစေသည်။
ကျိုးမိသားစုဘိုးဘေးသည် အေးစက်တင်းမာစွာ ရယ်မောလိုက်၏။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့လူလဲ....တကယ်လို့ ငါက မင်းကိုသတ်လိုက်ရင် မင်းရဲ့ပစ္စည်းတွေအားလုံး ငါ့ရဲ့အပိုင် ဖြစ်လာလိမ့်မယ်"
ကျိုးမိသားစုဘိုးဘေး၏လက်အတွင်းတွင် အားကောင်းသောယင်ချီလှိုင်းများ ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ကျိုးမိသားစုဘိုးဘေး၏ခန္ဓာကိုယ်တစ်ခုလုံးသည် ယင်ချီအလွှာများအကြား၌ ဝေဝါးသွားကာ သူ၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို မြင်တွေ့နိုင်ရန် မဖြစ်နိုင်တော့ချေ။
Chapter 4484
မိုးနှင့်မြေအကြားတွင် ထူထပ်သိပ်သည်းသော မြူခိုးများ လွှမ်းခြုံနေသည်။
တိမ်မည်းများသည် မြို့ပေါ်သို့ နိမ့်ဆင်းလာကာ မိုးကောင်းကင်ယံကြီးတခွင်လုံး ပြိုလဲသွားသည့်အလား လူအများအား မွန်းကြပ်သည့်ခံစားချက်ကို ပေးစွမ်းနိုင်သည်။
ကျိုးမိသားစုဘိုးဘေးသည် အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော အစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်ပင်။သူ၏စွမ်းအားသည် နက်နဲသိမ်မွေ့ရုံသာမက စီးပွားရေးလမ်းကြောင်းတွင်လည်း ကောင်းမွန်စွာစီမံအုပ်ချုပ်နိုင်သည်။ တိုတောင်းသောနှစ်ကာလအတွင်း၌ သူသည် ချမ်းသာကြွယ်ဝမှုအမြောက်အများကို စုဆောင်းနိုင်ခဲ့ပေ၏။
အကယ်၍ အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကြောင့်သာ မဟုတ်ခဲ့ပါက ယခုအချိန်၌ မည်သူတစ်ဦးတစ်ယောက်ကမျှ ကျိုးမိသားစုထက် ပို၍ချမ်းသာကြွယ်ဝနိုင်မည် မဟုတ်ချေ။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သေဆုံးသွားခြင်းနှင့်အတူ တာယွီတော်ဝင်နန်းတွင်းသည် အတွင်းရေးနှင့်အပြင်ရေးပြဿနာများကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။နောက်ဆုံး၌ ကျိုးမိသားစုဘိုးဘေးသည် သူ၏ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် အခွင့်ကောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေ၏။
ဤအချိန်အခိုက်အတန့်တွင် ကျိုးမိသားစုဘိုးဘေး၏အရှိန်အဝါသည် အသူရာချောက်နက်ကြီးအတွင်းရှိ ရှေးဟောင်းနတ်ဆိုးသားရဲကြီးတစ်ကောင်အလားပင်။ထိုနတ်ဆိုးသားရဲကြီးသည် ရုတ်တရက် ခေါင်းပြူထွက်ကာ အရပ်မျက်နှာအဘက်ဘက်သို့ ကြည့်လိုက်သည့်အလား လူအများ၏ကျောရိုးများကို ချမ်းစိမ့်သွားစေသည်။
သူ့၏လက်အတွင်း၌ တလိမ့်လိမ့်စီးဆင်းနေသော ယင်ချီစွမ်းအားများဖြင့် သိပ်သည်းထားသည့် ကြီးမားသော သုံးခွမှိန်းတစ်လက်ကို ကိုင်ဆောင်ထားသည်။
ထိုသုံးခွမှိန်းမှနေ၍ မကြုံစဖူး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်ကို ထုတ်ဖော်ထားကာ ဤအရာသည် မိုးကောင်းကင်ယံကို အပေါက်ကြီးတစ်ပေါက်ဖြစ်အောင် ထွင်းဖောက်တော့မည့်အလားပင်။
ကျိုးမိသားစုဘိုးဘေးသည် သူ၏လက်အတွင်းရှိ သုံးခွမှိန်းကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းလိုက်သည်။ထိုသုံးခွမှိန်းနှင့်အတူ စူးရှသောလေအေးတစ်ရပ်သည် ရှေ့သို့ တန်းတန်းမတ်မတ်တိုးဝင်သွားပေ၏။
ဘန်း....
ထိုတိုက်ခိုက်မှုနှင့်ရင်ဆိုင်ရချိန်တွင် လုယွီက သူ၏လက်သီးကိုသာ အသုံးပြုလိုက်သည်။
သိုင်းပညာအင်မော်တယ်တစ်ယောက်ဖြစ်သော သူ၏ရုပ်ခန္ဓာကိုယ်သည် မှော်ရတနာအများစုထက် သာလွန်ပေ၏။
သူ၏လက်သီးစိတ်ဆန္ဒသည် အလွန်ကြီးမားကာ သူ၏သွေးချီများသည် နဂါးများအလားပင်။
ပြင်းထန်သောလေပြင်းနှင့်အတူ လုယွီ၏အနက်ရောင်ဆံပင်များ လူးလွန့်နေသည်။သူ ထိုးနှက်လိုက်သည့် လက်သီးတစ်ချက်စီတိုင်း ပြင်းထန်သောအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာကာ ကျိုးမိသားစု၏စွမ်းအားများကို ဖိနှိပ်လိုက်သည်။
ဘုန်း...ဘုန်း...ဘုန်း...
အလွန်အမင်းတိုတောင်းသော အချိန်ကာလအတွင်းတွင် သူတို့နှစ်ယောက်သည် ထောင်နှင့်ချီသောတိုက်ကွက်များကို ဖလှယ်ပြီးလေပြီ။
တခြားလူများသည် တိုက်ပွဲကိုကြည့်ပြီး အကြမ်းဖျင်းခန့်မှန်းမှုကိုသာ ပြုလုပ်နိုင်ကြသည်။ဤကဲ့သို့ မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်တွင်ရှိနေသည့် ထိပ်သီးအစွမ်းထက် တည်ရှိမှုကြီးများ တိုက်ခိုက်ချိန်တွင် သူတို့သည် ပုံရိပ်ယောင်တချို့ကိုသာ တွေ့မြင်နိုင်ပေ၏။ထိုလူများသည် သူတို့ အသုံးပြုသည့် နည်းစနစ်များကိုမူ သိရှိနိုင်မည် မဟုတ်ချေ။
ဤသည်မှာ လူအများစု၏နားလည်သဘောပေါက်နိုင်မှုထက် များစွာပို၍ကျော်လွန်နေသည်။သူတို့၏တိုက်ခိုက်မှုတစ်ခုစီတိုင်း မြေပြင်ကြီးတုန်ခါသွားကာ တောင်များနှင့်မြစ်များကို ပြိုလဲစေနိုင်သော စွမ်းအားမျိုးရှိသည်။
နောက်ဆုံး၌ လုယွီ၏မဖျက်ဆီးနိုင်သောရွှေခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာအမြောက်အများရှိနေကာ သွေးများယိုစီးကျနေသည်။
ကျိုးမိသားစုဘိုးဘေးသည်လည်း ဒဏ်ရာအပြင်းအထန်ရရှိထားကာ သူ၏ပါးစပ်ထောင့်မှနေ၍ သွေးများယိုစီးကျနေသည်။သူ၏လက်တစ်ဖက်သည် အားအင်ချည့်နဲ့စွာဖြင့် တွဲလောင်းကျနေကာ ကျိုးပဲ့သွားပုံရသည်။
"လုယွီက တာအိုသခင်တစ်ယောက်ရဲ့လက်ကိုတောင် ချိုးနိုင်တယ်...ဒါက ဘယ်လိုတောင်အစွမ်းထက်တဲ့ ခွန်အားမျိုးလဲ"
"ကောင်းကင်ဘုံနယ်မြေထဲက အခြေအနေတွေပြောင်းလဲတော့မယ်...ဒီနေ့ အနိုင်ရတဲ့လူနဲ့ရှုံးနိမ့်တဲ့သူက ဘယ်သူပဲဖြစ်ဖြစ် လုယွီက ကောင်းကင်ဘုံနယ်မြေရဲ့ ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်ဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်"
လူအမြောက်အများ၏စိတ်နှလုံးသားများအတွင်း၌ စိတ်ခံစားချက်များ လွှမ်းမိုးနေသည်။သူတို့၏အမြင်အာရုံများ ဝေဝါးနေသည့်တိုင် သူတို့သည် အတင်းအကြပ်တောင့်ခံပြီး တိုက်ပွဲကို ဆက်လက်၍ကြည့်နေကြဆဲပင်။
ယနေ့မှစ၍ လုယွီသည် လူငယ်မျိုးဆက်သစ်တစ်ယောက် မဟုတ်တော့ချေ။မျိုးဆက်ဟောင်းမှလူအိုကြီးတချို့ပင်လျှင် လုယွီကို မြင်တွေ့ချိန်၌ စီနီယာဟု ခေါ်ဆိုသုံးနှုန်းရပေမည်။
ကျင့်ကြံခြင်းလမ်းကြောင်းတွင် အစွမ်းထက်သောလူသည် ရိုသေလေးစားခံရရန် ထိုက်တန်ပေ၏။
ထို့ပြင် လုယွီထုတ်ဖော်ပြသခဲ့သော ခွန်အားသည် လူအများ၏တွေးထင်ထားမှုထက် များစွာပို၍ကျော်လွန်နေသည်။
"ဟား ဟား ဟား...ငါက နောက်ဆုံးတော့ ဘာတွေဖြစ်နေတာလဲဆိုတာ သိသွားပြီ...အခုကြည့်ကြည့်တော့မှ မင်းရဲ့ရုပ်ခန္ဓာကိုယ်က အရမ်းသန်မာအားကောင်းပေမယ့် မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က မမြင့်မားသေးဘူး...မင်းက အများဆုံးအနေနဲ့ နယ်မြေသခင်အဆင့်မှာပဲ ရှိနေအုံးမယ်...ဒါတောင်မှ မင်းက ဒီလူအိုကြီးကို စိန်ခေါ်ဝံ့တာလား"
ကျိုးမိသားစုဘိုးဘေးသည် လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့သွားသည့်အလား ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူသည် နတ်ဘုရားလေးကိုဆင့်ခေါ်ကာ သိုင်းပညာအင်မောတယ်တစ်ယောက်၏ခွန်အားကို အသုံးပြု၍ ကောင်းကင်ဘုံဖွင့်လှစ်ခြင်းမြှားကို အသုံးပြုကာ ရှေ့သို့ပျံ့လွင့်သွားစေသည်။
ထိုမြှားသည် လေထုအတွင်း၌ ပျံသန်းသွားလေ၏။ထိုမြှားနှင့်အတူ ကျားတစ်ကောင်နှင့်နဂါးတစ်ကောင်၏ဟိန်းဟောက်သံများ ရောယှက်နေသည်။
ကျိုးမိသားစုဘိုးဘေးသည် ရှောင်တိမ်းခြင်းမပြုချေ။သူသည် သူ၏လက်ကိုမြှောက်ပြီး ထိုအရာကို ဖိနှိပ်လိုက်၏။မြှားထံမှ ပြင်းထန်သောစွမ်းအားသည် တစ်လိမ့်လိမ့်ထနေသော ပင်လယ်သမုဒ္ဒရာကြီးတစ်စင်းအလား အဆက်မပြတ်စီးဆင်းနေသည်။
"ဖိနှိပ်စမ်း...."
ကျိုးမိသားစုဘိုးဘေးက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ကောင်းကင်ဘုံဖွင့်လှစ်ခြင်းမြှားသည် သူ၏ကြီးမားသော မှော်စွမ်းအားလက်ကြီးအတွင်း၌ ပေါက်ကွဲသွားသည်။ဤတိုက်ခိုက်မှုနှစ်ခုသည် တစ်ခုနှင့်တစ်ခု ထိတွေ့မိပြီးနောက် ပျက်ပြယ်သွားကာ လေဟာနယ်အတွင်း၌ မည်သည့်အရာမျှမရှိခဲ့သည့်အလား ပြောင်းလဲသွားသည်။
သို့ရာတွင် ကျိုးမိသားစုဘိုးဘေးသည် ရပ်တန့်ခြင်းမရှိချေ။သူသည် သူ၏ခါးမှ ကြာပွတ်ရှည်တစ်ချောင်းကိုဖြုတ်ကာ လုယွီထံဦးတည်ပြီး ဝှေ့ယမ်းလိုက်သည်။
Chapter 4485
ဝှစ်...
ကြာပွတ်ရှည်သည် လေထုကိုဖြတ်သန်းကာ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။
လုယွီသည် ထိုတိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားရန်အတွက် သူ့၏ရုပ်ခန္ဓာကိုယ်ကို အသုံးပြုလိုက်၏။သို့ရာတွင် မမျှော်လင့်ဘဲ ထိုကြာပွတ်ရှည်သည် သူ၏ရုပ်ခန္ဓာကိုယ်ကိုကျော်ဖြတ်၍ သူ၏စိတ်ဝိညာဥ်ကို ရိုက်ခတ်သွားသည်။
ဘုန်း.....
ထိုကြာပွတ်ရိုက်ချက်တစ်ချက်နှင့်အတူ လုယွီ၏စိတ်ဝိညာဉ် တုန်ခါသွားကာ နောက်သို့လွင့်ထွက်သွားသည်။သူ၏နှုတ်ခမ်းထောင့်မှနေ၍ သွေးစီးကြောင်းတစ်ကြောင်း ယိုစီးကျလာပေ၏။
လုယွီ၏ခန္ဓာကိုယ်အတွင်း၌ အပြာရောင်အလင်းလှိုင်းများ စုဝေးနေသည်။သူ၏စိတ်ဝိညာဉ်သည် ဒဏ်ရာအပြင်းအထန်ရရှိသွားသဖြင့် ပြန်လည်ကုသရန်အတွက် သူ အချိန်အတော်ကြာယူရပေမည်။
ထိပ်သီးအစွန်းထက် တည်ရှိမှုကြီးများအကြားရှိ တိုက်ပွဲသည် အစဥ်အမြဲပြောင်းလဲနေပေ၏။
လွန်ခဲ့သောအချိန်တခဏက လုယွီသည် ကျိုးမိသားစုဘိုးဘေးကို ဖိနှိပ်ထားနိုင်ခဲ့သည်။သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ ကျိုးမိသားစုဘိုးဘေးသည် လုယွီ၏ဟာကွက်ကို ရှာဖွေတွေ့ရှိသွားသည်။
ကျင့်ကြံဆင့်ကွာဟချက်ကြောင့် လုယွီသည် ရန်သူအားရင်ဆိုင်ရန်အတွက် ရုပ်ခန္ဓာကိုယ်ခွန်အားကိုသာ အသုံးပြုနေသည်မှာ သိသာထင်ရှားလှ၏။အကယ်၍ ဗုဒ္ဓဘုရားလောင်းများကဲ့သို့ နယ်မြေသခင်အဆင့် ကျင့်ကြံသူများဆိုလျှင်ပင် သူ၏စိတ်ဝိညာဥ်မှစွမ်းအားကို အသုံးပြု၍ သတ်ဖြတ်နိုင်စွမ်းရှိသည်။
သိုရာတွင် ကျိုးမိသားစုဘိုးဘေးကမူ ကွဲပြားခြားနားသည်။
သူသည် တာအိုသခင်တစ်ယောက်ပင်။သူသည် ခြေလမ်းတစ်ဝှက်တာအိုသခင်သာ ဖြစ်သော်လည်း မဟာတာအို၏နောက်ဆုံးတံခါးဝအသင်းသို့ ခြေတစ်လှမ်းချနိုင်ပြီး ဖြစ်သည်။
ဤကွာဟချက်သည် ဖြည့်တင်းရန်အတွက် မဖြစ်နိုင်သော သဘာဝအတားအဆီးတစ်ခုအလားပင်။
ဝေါင်း...
လုယွီက နတ်ဘုရားနဂါးဟိန်းသံကို အသုံးပြုလိုက်သည်။ဤနည်းစနစ်သည် တစ်ဖက်ရန်သူကို ခြိမ်းခြောက်နိုင်ရုံသာမက သူ့စိတ်ဝိညာဥ်၏စွမ်းအားကို ဖြည့်တင်းပေးနိုင်ကာ သူ၏စိတ်အတွင်းမှ ထိတ်လန့်ကြောက်ရွံမှုများအားလုံးကို ပျက်ပြယ်သွားစေနိုင်သည်။
ဒေါသတကြီးဟိန်းဟောက်သံတစ်သံနှင့်အတူ လုယွီသည် သေမျိုးလောကအတွင်းသို့ ဆင်းသက်လာသော ရှေးဟောင်းအစစ်အမှန်နဂါးတစ်ကောင်နှင့် တူညီနေသည်။
ဝေ့ယန်မြို့အတွင်း၌ မရေမတွက်နိုင်သောသက်ရှိများ ငိုကြွေးမြည်တမ်းနေသည်။ကျင့်ကြံသူများအနက်မှအများစုသည် ဖိအားအရှိန်အဝါကို တောင့်မခံနိုင်တော့သဖြင့် မြေပြင်ပေါ်သို့လဲကျသွားကာ မတ်တတ်ထရပ်ရန်ပင် ခွန်အားမကျန်ရှိတော့ချေ။
ကျိုးမိသားစုဘိုးဘေးသည် တဖန်ထပ်၍ တိုက်ခိုက်လိုက်၏။သူသည် လုယွီ၏ဟာကွက်ကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။ထိုကြောင့် သူ၏တိုက်ခိုက်မှုတိုင်း လုယွီ၏စိတ်ဝိညာဥ်ကို ပစ်မှတ်ထားနေသည်။
လုယွီ၏စိတ်ဝိညာဥ်သည် တာအိုသခင်အဆင့်၌ ရှိနေသော်လည်း သူသည် ယခုအချိန်၌ ရွှေအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်တွင်သာ ရှိနေသဖြင့် စွမ်းအားကုန်ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိချေ။
ဝှစ်....ဝှစ်...ဝှစ်...
ယင်ချီများဖြင့်သိပ်သည်းထားသော ကြာပွတ်ရှည်ကို ဝှေ့ယမ်းလိုက်ခြင်းကြောင့် လေထုအတွင်း၌ ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။
လုယွီ၏စိတ်ဝိညာဉ်သည် ကြာပွတ်ရှည်ဖြင့် အဆက်မပြတ်ရိုက်နှက်ခြင်းကို ခံရသဖြင့် ဒဏ်ရာအမြောက်အများ ရရှိသွားသည်။ပြင်ပလူများ၏အမြင်၌ လုယွီသည် အဆက်မပြတ် သွေးအန်နေကာ ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
"ဘယ်လိုပဲဖြစ်ဖြစ် လုယွီက အသက်ငယ်သေးတယ်....သူက ကျိုးမိသားစုဘိုးဘေးလို မွန်းစတားအိုကြီးတယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာ အတွေ့အကြုံအရမ်းနုတယ်"
လူအများသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းရှိုက်လိုက်ကြ၏။
အကယ်၍ လုယွီကို ကျင့်ကြံရန်အတွက် အချိန်အတိုင်းအတာတစ်ခု ထပ်မံ၍ပေးလိုက်ပါက ထွက်ပေါ်လာမည့်ရလဒ်သည် သေချာတော့မည်မဟုတ်ချေ။
ယခုအချိန်၌ လုယွီသည် အစပထမတွင် တိုက်ခိုက်ခြင်းအရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်သော်လည်း အချိန်ကြာလာသည့်နှင့်အမျှ သူ ရှုံးနိမ့်တော့မည့်အရိပ်အယောင်များ ပေါ်လွင်လာသည်။
"ဒီနေ့ မင်း သေရမှာ သေချာတယ်"
ကျိုးမိသားစုဘိုးဘေးက လေထုအတွင်းသို့ ခုန်တက်လိုက်သည်။ထို့နောက် သူသည် သူ၏လက်အတွင်းရှိ ကြာပွတ်ရှည်ကို အဆက်မပြတ်ဝှေ့ယမ်းကာ ထိုကြာပွတ်ရိုက်ချက်တစ်ချက်စီတွင် ပြင်းထန်သောစွမ်းအားများ ရောယှက်နေသည်။
သူသည် အလွန်အမင်းအတွေ့အကြုံကြွယ်ဝသူဖြစ်သဖြင့် လုယွီကဲ့သို့ ယင်ကောင်ငယ်လေးတစ်ကောင်မှ ရင်ဆိုင်နိုင်ရန်အတွက် အလွန်အလှမ်းကွာဟပေမည်။
သူ၏ကြာပွတ်ရိုက်ချက်တစ်ချက်စီတိုင်း လုယွီ၏စိတ်ဝိညာဥ်ကို ပစ်မှတ်ထားကာ ဒဏ်ရာအပြင်းအထန် ရရှိသွားစေသည်။
လုယွီ၏မျက်နှာအမူအယာသည် သာမန်အတိုင်း တည်ငြိမ်နေဆဲပင်။သူ့၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်တို့တွင် ဒဏ်ရာများရရှိထားသော်လည်း ဤအရာများသည် သူ့အား ကြောက်ရွံ့သွားစေခြင်း မရှိသည့်အလားပင်။
သူသည် တိုက်ခိုက်ခြင်းမပြုချေ။ထိုအစား ပတ်ဝန်းကျင်၌ လှည့်ပတ်၍လှုပ်ရှားကာ သူ့ထံတိုးဝင်လာသော ကြာပွတ်ကို ရှောင်တိမ်းနေသည်။
"အခု မင်း ထွက်ပြေးဖို့အတွက် အခွင့်အရေးမရှိတော့ဘူး"
ကျိုးမိသားစုဘိုးဘေးသည် သူ၏လက်ကိုမြှောက်ကာ လေဟာနယ်တစ်နေရာထံသို့ လက်ညှိုးညွှန်လိုက်၏။
လုယွီ၏နံဘေးပတ်လည်ရှိ လေဟာနယ် ချက်ချင်းတောင့်တင်းသွားသည်။ထိုနေရာရှိ လေဟာနယ်သည် ချိတ်ပိတ်ခံလိုက်ရကာ လုယွီ၏နံဘေးပတ်လည်ရှိ စိတ်ဝိညာဥ်စွမ်းအားများပင်လျှင် ပျောက်ကွယ်သွားခဲ့သည်။
ကျင့်ကြံသူတစ်ယောက်သည် နယ်မြေသခင်အဆင့်သို့ ရောက်ရှိချိန်တွင် လေဟာနယ်နယ်မြေတစ်ခုကို သူ၏ကိုယ်ပိုင်အဖြစ် အသုံးပြုရန်အတွက် ချိတ်ပိတ်နိုင်သည်။
ကျိုးမိသားစုဘိုးဘေးကဲ့သို့ မြင့်မြတ်သော တာအိုသခင်တစ်ယောက်အတွက် ဤကိစ္စသည် ဆိုဖွယ်ရာပင်မရှိချေ။သူ၏လက်ချောင်းများဖြင့် သာမန်ကာလျှံကာ ညွှန်ပြလိုက်ရုံဖြင့် နယ်မြေတစ်ခုကို ချိတ်ပိတ်နိုင်စွမ်းရှိပေ၏။
ဤလေဟာနယ်အတွင်း၌ လုယွီသည် မည်သည့်နေရာကိုမျှ ထွက်ပြေးတိမ်းရှောင်နိုင်မည်မဟုတ်ချေ။သူသည် ယင်ချီကြာပွတ်ရှည်ကို ထိပ်တိုက်ရင်ဆိုင်ရုံသာ တတ်နိုင်ပေမည်။
Thank For Reading.