← Chapters

အခန်း (၄၅၀၆-၄၅၁၀)

Vol. 229 Ch. 4506-4510

အခန်း (၄၅၀၆-၄၅၁၀)

Vol. 229 Ch. 4506-4510

Chapter 4506

ကျန်းမိသားစုနှင့်ဝေ့မိသားစုတို့သည်လည်း လုမိသားနှင့်တူညီစွာ စတင်၍ဆောင်ရွက်ခဲ့ကြသည်။

သူတို့သည် ဖီးနစ်ဥယျာဉ်ထံသို့ လက်ဆောင်အမြောက်အများကို ပေးပို့ကြ၏။ထိုကြောင့် ဤအချိန်အခိုက်အတန့်တွင် ဖီးနစ်ဥယျာဥ်သည် မြို့တစ်မြို့အလား အလွန်စည်ကားသိုက်မြိုက်နေသည်။

သူတို့သည် ရှီးလျန်မြို့ထံသို့လည်း ဂုဏ်ပြုလက်ဆောင်အမြောက်အများကို ပေးပို့ကြသည်။

ဤအချိန်အခိုက်အတန့်တွင် တော်ဝင်မြို့တော်အတွင်းရှိ လူများအားလုံး ထိတ်လန့်တုန်လှုပ်နေသည်။

မရေမတွက်နိုင်သောလူများသည် သူတို့ရှေ့ရှိမြင်ကွင်းကို စူးစိုက်ကြည့်ကာ သူတို့၏မျက်လုံးများကိုပင် မယုံကြည်နိုင်ကြတော့ချေ။

တော်ဝင်မြို့တော်၏ ထိပ်သီးမိသားစုရှစ်စုအနက်မှ မည်သည့်တစ်စုမဆို နက်ရှိုင်းသောအခြေခံအုတ်မြစ်နှင့် ပြိုင်ဘက်ကင်းအင်အားကို ပိုင်ဆိုင်ထားသည်။

လူအမြောက်အမြားသည် ထိပ်သီးမိသားစုကြီးများထံမှ မျက်နှာသာရရန် အစဉ်အမြဲကြိုးစားနေကြသည်။သို့ရာတွင် ထိပ်သီးမိသားစုမှကြီးများသည် လူတစ်ယောက်တည်းအပေါ် အလွန်ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံနေသည်အား သူတို့ တစ်ကြိမ်တစ်ခါ​မျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။

"သူတို့က မှန်ကန်တဲ့ အလောင်းအစားကို လုပ်နိုင်ခဲ့တယ်...လုယွီ သေဆုံးသွားတယ်လို့ ကြားတဲ့အချိန်မှာ သူတို့က သူ့အတွက် ရပ်တည်ခဲ့ကြတယ်...ဒါက အချိန်မီကူညီပေးခဲ့တဲ့ မိတ်ဆွေဆက်ဆံရေးပဲ...နောင်အနာဂတ်မှာ သူတို့တွေက ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကို ရလာမှာ သေချာတယ်"

"လုယွီရဲ့အသက်က ဒီလောက်ထိပြင်းမယ်လို့ ဘယ်သူက ထင်မိမှာလဲ...သူက ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ လှောင်ပိတ်မိနေတာတောင် မသေခဲ့ဘူး"

"အခု သူ့ကိုပေးတဲ့ ဂုဏ်ပြုလက်ဆောင်တွေက အဖျားအနားပဲရှိသေးတယ်...လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာတုန်းက တော်ဝင်နန်းတွင်းကနေ အမိန့်တော်တစ်ခုပေးပို့ပြီးတော့ အရှင်လုကို နန်းတွင်းထဲဝင်ဖို့ ဆင့်ခေါ်ခဲ့တယ်...ငါတို့က သူ့ကို လူငယ်မျိုးဆက်သစ်တစ်ယောက်လို အမြင်နဲ့ ထပ်ပြီးကြည့်လို့မရတော့ဘူး"

"ကျွတ်...ကျွတ်...ကျွတ်...အတိတ်မှာတုန်းက သူ့ကို ပြစ်တင်ရှုတ်ချခဲ့တဲ့ မိသားစုတချို့ကတော့ ထိတ်လန့်ကြောက်ရွံ့နေမှာကို ငါ စိုးရိမ်မိတယ်"

လူအများသည် အတိတ်တွင် ကျိုးထုံကိုထောက်ပံ့ခဲ့ကာ လုယွီကိုတိုက်ခိုက်ခဲ့သော အင်အားစုများနှင့်ပတ်သက်ပြီး ခန့်မှန်းပြောဆိုနေကြသည်။ဤအချိန်အခိုက်အတန့်တွင် ထိုအင်အားစုများအားလုံးသည် ဆောင်းရာသီအတွင်းရှိ ပုစဥ်းရင်ကွဲကောင်များအလား တိတ်ဆိတ်ငြိမ်သက်နေပေ၏။သူတို့အားလုံးသည် လုယွီထံသို့ လက်ဆောင်ပဏ္ဍာများ အလျှင်အမြန်ပေးပို့ကြကာ သူတို့၏မိသားစုများ ပျက်စီးသွားမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။

မြင့်မြတ်နယ်မြေဆယ်ခုမှလည်း ဝေ့ယန်မြို့သို့ လူများစေလွှတ်၍ လုယွီကို ဂုဏ်ပြုစကား ပြောဆိုခဲ့သည်။

မီဖေး ချိုင်မိသားစုနှင့် တခြားအင်အားစုများသည်လည်း လုယွီနှင့်နီးကပ်နိုင်ရန် အချင်းချင်းတိုက်ခိုက်နေကြ၏။

လုယွီ၏ကြီးကျယ်ခမ်းနားသော နေ့ရက်များနှင့်နှိုင်းယှဉ်ပါက တချို့အင်အားစုများသည် တိတ်ဆိတ်ငြိမ်သက်နေပေ၏။

ရှမိသားစု တိတ်ဆိတ်ငြိမ်သက်နေသည်။

ဗုဒ္ဓဂိုဏ်း တိတ်ဆိတ်ငြိမ်သက်နေသည်။

ရှောင်မိသားစု တိတ်ဆိတ်ငြိမ်သက်နေသည်။

ထိုအင်အားစုများသည် ချီအင်ပါယာ ပျက်စီးသွားသည့်သတင်းကို ကြားပြီးနောက် စကားတစ်ခွန်းမျှ ပြောဆိုဝံ့ခြင်း မရှိတော့ချေ။

သူတို့သည် အတိတ်တွင် လုယွီနှင့် ရန်သူဖြစ်ခဲ့သည့် အဓိကအင်အားစုများပင်။လုယွီ၏မြင့်တက်လာမှုသည် သူတို့၏မျှော်လင့်ချက်များထက် များစွာပို၍ကျော်လွန်နေပေ၏။

တော်ဝင်နန်းတော်...

ချင်းခွမ်နန်းဆောင်၌...

ဤအချိန်သည် မနက်ခင်းညီလာခံကျင်းပချိန် မဟုတ်သော်လည်း အိမ်ရှေ့စံမင်းသားကျိုးယွမ်ယန်နှင့် သူ၏သစ္စာရှိလူယုံများဖြစ်သော အမတ်ကြီးများစုဝေး၍ အစည်းအဝေးတစ်ခုကို ကျင်းပနေသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး သုသာန်တစပြင်ပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။

အချိန်အတော်ကြာပြီးနောက် အိမ်ရှေ့စံမင်းသားက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"လုယွီကို အဆင့်မြင့်ရာထူးတစ်ခုပေးပြီးတော့ ချီဘုရင်နဲ့ တိုက်ခိုက်စေရင် သူတို့နှစ်ယောက်လုံး ပျက်စီးသွားမယ်လို့ မင်းတို့ အကြံပေးခဲ့ကြတာမဟုတ်လား...အခု မင်းတို့ပြောကြစမ်း...မင်းတို့က ဘာလို့ စကားတစ်ခွန်းမှ မပြောတော့တာလဲ"

အမတ်ကြီးများသည် သူတို့၏ခေါင်းများကို အောက်သို့ငုံထားကာ စကားပြောဆိုဝံ့ခြင်းမရှိချေ။

ဘန်း...

အိမ်ရှေစံမင်းသားက စားပွဲခုံကို တစ်ချက်ထုပြီး ဒေါသတကြီးအော်ငေါက်လိုက်သည်။

"ငါ မင်းတို့ကို တစ်ချိန်လုံး မေးခွန်းထုတ်နေခဲ့တယ်...မင်းတို့က ငါ့ကို အကြံဉာဏ်တွေ ပေးနေတယ်လို့ ထင်ရပေမယ့် ကိစ္စကြီးတစ်ခု အမှန်တကယ် ဖြစ်လာတဲ့အချိန်မှာ ဘာလို့ မင်းတို့အားလုံး ပါးစပ်ပိတ်နေတာလဲ"

"လုယွီက လူငယ်တစ်ယောက်ဖြစ်ပေမယ့် သူက တော်ဝင်စာမေးပွဲရဲ့ထိပ်သီးကျောင်းတော်သားတစ်ယောက်ပဲ...ဖုကျစ်ရွှယ်တောင်မှ အသက်သုံးဆယ်အရွယ်ကြမှ တော်ဝင်နန်းတွင်းရဲ့အဆင့်မြင့်အရာရှိရာထူးကို တက်လှမ်းနိုင်ခဲ့တာ...လုယွီက အခုမှ အသက်နှစ်ဆယ်ပဲရှိသေးတယ်"

"သူက ရန်သူအင်ပါယာကို ဖျက်ဆီးပြီးတော့ ပုန်ကန်သူတွေကို သတ်ဖြတ်ခဲ့တယ်...ဒီလိုကြီးမားတဲ့ အောင်မြင်မှုတစ်ခု ရထားတဲ့လူကို ငါက ဘယ်လိုနည်းနဲ့ ထိန်းချုပ်ရမှာလဲ... တကယ်လို့ သူက နောက်ထပ် ကြီးမားတဲ့အကျိုးဆောင်မှုကြီးတစ်ခုကို ထပ်ပြီးလုပ်မယ်ဆိုရင် သူ့အတွက်ကြောင့်နဲ့ ငါက ဧကရာဇ်တစ်ပါး ဖြစ်လာတော့မှာ မဟုတ်ဘူး"

အိမ်ရှေ့စံမင်းသား၏ ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံသည် ချင်းခွမ်နန်းဆောင်အတွင်း၌ ပဲ့တင်ထပ်နေပေ၏။

အမတ်ကြီးတစ်ယောက်က ရှေ့သို့ထွက်လာကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"အရှင့်သား တကယ်တော့ နည်းလမ်းတစ်ခုရှိပါတယ်"

"ပြောစမ်း..."

အိမ်ရှေစံမင်းသားက တုံ့ပြန်သည်။

"ငါတို့ရဲ့အရင်နည်းလမ်းက တကယ်တော့ ပြဿနာကို ပိုပြီးကြီးထွားသွားစေတာ မဟုတ်ဘူး....ကျားတကောင်ကို မွေးမြူပြီးတော့ ဝံပုလွေတစ်ကောင်ကို ဝါးမြိုစေတာပဲ...ဒါက ဓားငှားပြီး လူသတ်တာနဲ့ အတူတူပဲ...ဒီလှည့်ကွက်က အသုံးပြုနေကျဖြစ်ပေမယ့် ငါတို့ရဲ့တစ်ခုတည်းသောအမှားက လုယွီရဲ့ခွန်အားကို လျှော့တွက်ခဲ့မိတာပဲ"

ထိုအမတ်ကြီးက ပြောဆိုသည်။

အိမ်ရှေ့စံမင်းသား၏မျက်ခုံး မြင့်တက်သွားသည်။

"ဆက်ပြောစမ်း..."

ထိုအမတ်ကြီးက အပြုံးနှင့်ပြောဆိုလိုက်၏။

"အခုအချိန်မှာ တော်ဝင်မြို့တော်မှာရှိတဲ့ လူတိုင်းနီးပါးက လုယွီက ဘယ်သူမှ မယှဉ်ပြိုင်နိုင်တဲ့ အောင်မြင်မှုတွေကို ရယူနိုင်တဲ့ ပြိုင်ဘက်ကင်းနတ်ဘုရားစစ်ဗိုလ်ချုပ်တစ်ယောက်လို့ ထင်နေကြတယ်...ငါတို့က ဒီဆန္ဒကိုဖြည့်ဆည်းပေးပြီးတော့ လုယွီရဲ့လက်ထဲကို ဓားတစ်ချောင်း ထပ်ပြီးငှားလိုက်တာ ပိုမကောင်းဘူးလား"

"မင်း ဆိုလိုတာက..."

အိမ်ရှေ့စံမင်းသား၏မျက်လုံးများ တောက်ပသွားသည်။

ထိုအမတ်ကြီးက ဆက်လက်၍ပြောဆိုသည်။

"ထန်အင်ပါယာက ကျားလှောင်အိမ်ခံတပ်ကို ပိတ်ဆို့ထားတာ အချိန်အတော်ကြာနေပြီ...ငါတို့က အမိန့်တော်တစ်ခုကို ထုတ်ပြန်ပြီးတော့ လုယွီကို ထန်စစ်တပ်နဲ့ တိုက်ခိုက်ခွင့်ပြုလိုက်မယ်....ဒီနည်းလမ်းနဲ့ ငါတို့က ကျားလှောင်အိမ်ခံတပ်ရဲ့ ပိတ်လှောင်ခံထားရမှုကို ချိုးဖျက်နိုင်ပြီးတော့ လုယွီရဲ့အင်အားကို အားနည်းအောင် လုပ်နိုင်မယ်....ဒါက ခဲတလုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်တာပဲ"

Chapter 4507

အိမ်ရှေ့စံမင်းသားက မျက်မှောက်ကြုတ်လိုက်သည်။

"တကယ်လို့ လုယွီက ထန်စစ်တပ်ကို ထပ်ပြီးအနိုင်ရသွားမယ်ဆိုရင် ငါတို့ ဘာလုပ်ကြမလဲ"

အမတ်ကြီးက အပြုံးနှင့်ပြောဆိုသည်။

"ထန်စစ်တပ်က ချီစစ်တပ်နဲ့ မတူဘူး...ချီစစ်တပ်မှာ လုံလောက်တဲ့အရင်းအမြစ်တွေ မရှိတဲ့အပြင် စစ်သားအများစုက တောပုန်းဓားပြတွေပဲ...သူတို့က တစ်ယောက်နဲ့တစ်ယောက် သစ္စာမရှိကြတာကြောင့် သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားက ထန်စစ်တပ်ကိုလိုက်မီဖို့ အရမ်းအလှမ်းကွာဟတယ်"

"ဒါ့ပြင် ထန်စစ်တပ်ကို အမိန့်ပေးတဲ့နေရာမှာ ဦးဆောင်နေတာက ထန်အင်ပါယာရဲ့လူငယ်ပါရမီရှင်ဖြစ်တဲ့ ကျင်းယန်အမတ်ကြီး လီမီပဲ...သူကလည်း လူငယ်ပါရမီရှင်တစ်ယောက် ဖြစ်ပြီးတော့ ကျင့်ကြံခြင်းနယ်ပယ် ဒါမှမဟုတ် ဥာဏ်ရည်ဥာဏ်သွေးအရ ကြည့်မယ်ဆိုရင် လုယွီထက် မနိမ့်ကျဘူး"

"လုယွီက သန်မာအားကောင်းပေမယ့် သူ့ရဲ့အဓိကစစ်အင်အားက ပုန်းကွယ်နဂါးစစ်တပ်ဖြစ်နေတယ်...ငါက လုယွီကို ရင်ဆိုင်ဖို့အတွက် နည်းဗျူဟာတွေ အများကြီးပြင်ဆင်ထားပြီးပြီ....ငါက အဲဒီ့မှတ်တမ်းတွေအားလုံး အရှင့်သားကို ဆက်သပါ့မယ်"

ထိုအမတ်ကြီးက မှတ်တမ်းစာလိပ်တစ်ခုကို အိမ်ရှေ့စံမင်းသားထံသို့ ပေးအပ်လိုက်သည်။

အိမ်ရှေ့စံမင်းသားသည် ထိုစာလိပ်ကိုဖြန့်ကြည့်ပြီးနောက် သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။

"ကောင်းပြီလေ... ငါက မင်းပြောတဲ့အတိုင်း လုပ်မယ်...အမတ်ကြီးဟွမ်ကို ကျေးဇူးတင်ပါတယ်"

အိမ်ရှေစံမင်းသားက အပြုံးနှင့်ပြောဆိုလိုက်၏။

"ဒီငယ်သားက အရှင်သားရဲ့ချီးမွမ်းမှုနဲ့ မထိုက်တန်ပါဘူး"

အမတ်ကြီးဟွမ်က အလျှင်အမြန် ဒူးထောက်လိုက်သည်။

.....

လော့ရွှေကြယ်​မြစ်၏နယ်စပ်၌....

မိုင်တစ်ထောင်ခန့်ရှည်လျားသော စစ်စခန်းကြီးတည်ရှိနေကာ ကြက်သွေးရောင်နဂါးအလံက လေထုအတွင်း၌ လူးလွန့်နေသည်။

အိမ်ရှေစံမင်းသား၏ ပြင်းထန်သောတုံ့ပြန်မှုနှင့် နှိုင်းယှဉ်ပါက ရှန်လင်းလုံကိုကြည့်ရသည်မှာ အလွန်အမင်းတည်ငြိမ်နေပုံရသည်။

လူသားဧကရာဇ်ဓားကို ဆုံးရှုံးလိုက်ရခြင်းနှင့်အတူ ရှန်လင်းလုံ၏အခွင့်အာဏာ အလွန်အမင်းလျော့နည်းသွားခဲ့သည်။

အပေါ်ယံ၌ သူမသည် တာယွီအင်ပါယာ၏ဧကရီအဖြစ် ဆက်လက်၍ရပ်တည်နိုင်သော်လည်း အင်ပါယာ၏ကံကြမ္မာစွမ်းအားများသည် အိမ်ရှေစံမင်းသားနှင့် ပို၍နီးကပ်သွားလေပြီ။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ချီအင်ပါယာကို ​ချေမှုန်းခဲ့သောသတင်းသည် သူမပေါ်သို့ သက်ရောက်စေခြင်းမရှိချေ။ထိုအစားမြေအောက်လောကနယ်မြေ ပြန်လည်ထွက်ပေါ်လာသောသတင်းသည် သူမကို အပ်များနှင့်ဆူးများအပေါ်သို့ ထိုင်နေရသည့်အလား ခံစားရစေသည်။

"ဘာမှမစိုးရိမ်နဲ့...မြေအောက်လောကနယ်မြေက ဘယ်လိုဆူပူသောင်းကြမ်းမှုမျိုးကိုမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး...ငရဲဘုရင်က တခြားဘုရင်တွေအားလုံးကို ထိန်းချုပ်ထားတယ်...သူက ကောင်းကင်ဘုံနယ်မြေကို တရားလွန်ကျူးကျော်မလာဖို့ အရင်ကတည်းက ငါနဲ့သဘောတူထားပြီးပြီ"

ရှကွေ့ကျုံးက ပြောဆိုသည်။

ရှန်လင်းလုံသည် မျက်မှောင်ကြုတ်လိုက်၏။

"နင်က ဘာလုပ်ဖို့ ကြံစည်နေတာလဲ"

ရှကွေ့ကျုံးက သူ၏မျက်လုံးကို စုံမှိတ်လိုက်သည်။သူ၏နဖူးပြင်ပေါ်တွင် တောက်ပသော ဗုဒ္ဓအမှတ်အသားတစ်ခု ရှိနေသည်။

"ငါက တော်ဝင်မြို့တော်ကိုသွားပြီးတော့ ကိစ္စတချို့ကို ဆောင်ရွက်ရမယ်...မင်းက လူသားဧကရာဇ်ဓားကို ဆုံးရှုံးသွားတာကြောင့် ထီးနန်းရဲ့အခွင့်အာဏာကို လက်လွှတ်လိုက်ရပြီ...ဒါပေမယ့် ဖရိုဖရဲကိစ္စတွေ ဖြစ်နေတာကြောင့် အခုအချိန်က မင်း တာအိုသခင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ အချိန်ကျပြီ"

ရှကွေ့ကျုံးသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ခြေတစ်လှမ်းရှေ့တက်ကာ လေဟာနယ်အတွင်းသို့တိုးဝင်ပြီး ပျောက်ကွယ်သွားတော့သည်။

ရှကွေ့ကျုံး ထွက်ခွာသွားပြီးနောက် ခန်းမကြီးသည် မူလကဲ့သို့ ခြောက်ကပ်သောအခြေအနေသို့ ချက်ချင်းပြန်လည်ရောက်ရှိသွားပေ၏။

ရှန်လင်းလုံသည် သူမ၏ခေါင်းကို မော့လိုက်ပြီးနောက် သူမ၏လှပသောမျက်နှာလေးပေါ်တွင် အေးစက်စက်အပြုံးတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။

သူမ၏မျက်လုံးအတွင်း၌ ခရမ်းရောင်အလင်းတန်းများ တောက်ပနေကာ သူမ၏နဖူးပေါ်၌ ကြာပန်းသုံးပွင့်နှင့်ဆေးမီးဖိုတစ်လုံး၏အမှတ်အသား ထွက်ပေါ်လာပေ၏။

အကယ်၍ လုယွီသာ ဤနေရာတွင်ရှိနေပါက ဤသည်မှာ ထိုက်ဟွာကျမ်းစာ၏အမှတ်အသားဖြစ်ကြောင်း ချက်ချင်းသတိပြုမိသွားပေမည်။

လုကျိုးရှောင် သေဆုံးသွားပြီးနောက် ထိုက်ဟွာကျမ်းစာသည် အရှင်သခင်အသစ်ကို ရွေးချယ်ခဲ့လေ၏။

....

ဝေ့ယန်မြို့၌..

နဂါးဟိန်းသံတစ်သံသည် တိမ်တိုက်များကိုဖြတ်သန်း၍ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ဝေ့ယန်မြို့အတွင်း၌ရှိနေသော ကျင့်ကြံသူများအားလုံး၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။ထို့နောက်မှနေ၍ သူတို့၏မျက်နှာများပေါ်တွင် အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ကံကြမ္မာစွမ်းအားတွေ ပြန်ရောက်လာပြီ"

"ဘယ်လောက်တောင် အားကောင်းတဲ့ ကံကြမ္မာစွမ်းအားလဲ .. ဒါက တာယွီအင်ပါယာရဲ့ကံကြမ္မာစွမ်းအား ဟုတ်ပုံမရဘူး...ဒါပေမယ့် ဒီအရာက အတိတ်မှာတုန်းက တာယွီအင်ပါယာရဲ့ကံကြမ္မာစွမ်းအားထက် ပိုပြီးအားကောင်းနေတယ်"

"ငါရဲ့ကျင့်ကြံဆင့်နယ်ပယ်က အတားအဆီးနေရာကို ရောက်တော့မယ်လို့ ငါ ခံစားနေရတယ်"

ဝေ့ယန်မြို့အတွင်းမှနေ၍ ဝမ်းသာပျော်ရွှင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

ချီအင်ပါယာသည် ပျက်စီးသွားပြီးနောက် ဝေ့ယန်မြို့၌ အုပ်ချုပ်သူအရှင် ကင်းမဲ့သွားလေပြီ။လုယွီသည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ ချင်အင်ပါယာ၏နဂါးသွေးကြောကို ဤနေရာ၌ တည်ဆောက်လိုက်သည်။

ဝေ့ယန်မြို့သည် ချင်အင်ပါယာ၏ပိုင်နက်နယ်မြေပင်။

နှစ်ပေါင်းသောင်းနှင့်ချီ၍ တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ချင်အင်ပါယာ၏နဂါးသွေးကြောသည် နောက်ဆုံး၌ နယ်မြေတစ်ခုပေါ်တွင် ဟိန်းဟောက်ခွင့်ရရှိသွားလေပြီ။

"ဒီနေရာမှာ စခန်းချဖို့အတွက် ပုန်းကွယ်နဂါးစစ်တပ်ရဲ့တပ်ရင်းတစ်ခုကို ချန်ခဲ့မယ်...တခြားတပ်ရင်းတွေကတော့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ နေရာဒေသအသီးသီးကိုသွားပြီးတော့ရဲ့ ချီအင်ပါယာရဲ့အကြွင်းအကျန်အင်အားစုတွေကို ဖျက်ဆီးရမယ်"

လုယွီက လေဟာနယ်အတွင်းသို့ ပျံသန်းသွားကာ အောက်တွင်ရှိနေသောလူများကို ငုံကြည့်လိုက်သည်။

"ဒီနေရာရဲ့ တောင်ဘက်ခြမ်းမှာ တောင်တန်းတွေရှိပြီးတော့ မြောက်ဘက်ခြမ်းမှာ ရေပြင်ကြီးရှိတယ်...တောင်တန်းတွေ မြစ်ချောင်းတွေနဲ့ နေရောင်ခြည်ကောင်းကောင်းရတဲ့ နေရာတစ်နေရာဖြစ်တာကြောင့် ဒီနေ့ကနေစပြီးတော့ ဒီမြို့ကို ရှင်းယန်မြို့လို့ ခေါ်မယ်"

လုယွီ၏အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။

မြေကြီးအတွင်းမှနေ၍ နဂါးဟိန်းသံတစ်သံ ထပ်မံ၍ထွက်ပေါ်လာသည်။

လုယွီက စိတ်ပိုင်းဖြတ်ပြီးထားပြီးဖြစ်သည်။ အတိတ်တွင် ပျက်စီးသွားခဲ့သော ချင်အင်ပါယာကို ပြန်လည်တည်ထောင်ရန် ရှင်းယန်မြို့ကို အခြေခံစမှတ်အဖြစ် အသုံးပြုပေမည်။

ချင်အင်ပါယာ၏ကံကြမ္မာစွမ်းအားများသည် ထွန်းလင်းနေသော နေတစ်စင်းအလား အလျှင်အမြန်စုဝေးလာပေ၏။

Chapter 4508

နွေဦးဆောင်းဦးနှစ်၏ ဒုတိယမြောက်နှစ် ပထမလ၏ပထမဆုံးရက်တွင်....

ရှင်းယန်မြို့ကို အဖြူရောင်နှင်းများ လွှမ်းခြုံနေကာ နေအိမ်များတွင် မီးအိမ်များ အရောင်အသွေးစုံလင်သော အလံတံခွန်များဖြင့် အလှဆင်ထားပြီး အလွန်အမင်းသက်ဝင်လှုပ်ရှားပေ၏။

ရှင်းယန်မြို့သည် ယခုအချိန်၌ ယခင်နှင့်ကွဲပြားခြားနားသော အသွင်အပြင်၌ ရှိနေလေပြီ။ပင်မလမ်းကြီးကို ရှေ့နောက်သွယ်တန်းထားကာ လမ်းသွယ်လေးများ အမြောက်အများရှိနေသည်။ယခင်က မြို့အတွင်း၌ ပျက်စီးသွားခဲ့သော အဆောက်အအုံများကိုလည်း ပြင်ဆင်ပြီးဖြစ်သည်။ထိုကြောင့် ဤနေရာသည် အလွန်စည်ကားသိုက်မြိုက်သော မြို့တစ်မြို့ဖြစ်လာပေ၏။

ချင်အင်ပါယာ၏နဂါးသွေးကြောသည် ဤမြို့၌ရှိနေကာ တောက်ပသောအလင်းတန်းတစ်တန်းကို ထုတ်လွှတ်ထားသည်။မြို့အတွင်း၌ အစွမ်းထက်သော စိတ်ဝိညာဥ်စွမ်းအားများစုဝေးနေကာ အလွန်ထူထပ်သိပ်သည်းသည်။

အကန့်မသတ်မရှိသော စိတ်ဝိညာဥ်စွမ်းအားများသည် ရှင်းယန်မြို့၏အထက်ရှိ လေထုအတွင်း၌ စုဝေးနေကာ ထူထပ်သိပ်သည်းသော စိတ်ဝိညာဉ်မြူခိုးများအဖြစ် ဖွဲ့စည်းသွားသည်။ ဤသည်မှာ အလွန်အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

"ဒါက တကယ့်ကို မယုံကြည်နိုင်စရာပဲ...မြင့်မြတ်နယ်မြေအများစုတောင်မှ ဒီနေရာနဲ့ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး"

"ဒီနေရာမှာကျင့်ကြံတာက အရင်ထက် သုံးဆလောက် ပိုပြီးအကျိုးရှိတယ်"

"ငါတို့တွေ ဂိုဏ်းမှာကျန်ခဲ့တဲ့ စီနီယာတွေနဲ့ဂျူနေရာတွေကို မြန်မြန်အကြောင်းကြားကြစို့... တောင်တန်းတွေထဲကိုသွားပြီးတော့ တံခါးပိတ်ကျင့်ကြံဖို့ မလိုတော့ဘူး...ရှင်းယန်မြို့ကို မြန်မြန်လာဖို့ သူတို့ကို ပြောရမယ်"

ဤနေရာ၌ စိတ်ဝိညာဉ်စွမ်းအားများမှတဆင့် ဖြစ်ပေါ်လာသော ထူးဆန်းသည့် သဘာဝလွန်ပုံရိပ်များဖြင့် ပြည့်နှက်နေသဖြင့် လူများအားလုံး အံ့အားသင့်နေသည်။

ဤသတင်းသည် တောမီးတစ်ခုအလား အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တခွင်လုံးအနှံ့ ပျံ့နှံ့သွားပေ၏။

နွေဦးပွဲတော်၏ပထမဆုံးလ ပထမ​ဆုံးနေ့ဖြစ်သော်လည်း ကျင့်ကြံသူများသည် သူတို့၏အိမ်များအတွင်း၌ ပလ္လင်ခွေထိုင်ကာ စိတ်ဝိညာဥ်ချီစွမ်းအားများကိုစုပ်ယူပြီး ကျင့်ကြံနေကြသည်။

ကျင့်ကြံသူအမြောက်အများ တပြိုင်နက်တည်းကျင့်ကြံနေသဖြင့် မိုးကောင်းကင်ယံအတွင်းရှိ စိတ်ဝိညာဉ်ချီမြူခိုးများသည် ရံဖန်ရံခါ၌ လှုပ်ခတ်နေပြီး လေမုန်တိုင်းကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။ဤသည်မှာ တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

"ဒီစိတ်ဝိညာဉ်စွမ်းအားတွေကြောင့် ငါ့ကို တစ်ချိန်လုံးဒုက္ခပေးနေတဲ့ အတားအဆီးကို ဒီတစ်ကြိမ်တော့ ငါ ချိုးဖျက်နိုင်ခဲ့တယ်"

တစ်စုံတစ်ယောက်သည် ကျင့်ကြံဆင့်နယ်ပယ်သစ်တစ်ခုသို့ ချိုးဖျက်ဝင်ရောက်နေခဲ့သဖြင့် စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်သည်။သူ့၏မျက်လုံးအတွင်း၌ မျက်ရည်များ စိုစွတ်နေပေ၏။

ရှင်းယန်မြို့အတွင်း၌ ပါရမီအရည်အချင်း အလွန်ကောင်းမွန်သော လူများပင်လျှင် ထွက်ပေါ်လာခဲ့သည်။

ဤမြို့ကိုတည်ဆောက်ခဲ့စဉ်အချိန်မှစတင်၍ စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နက်နေသည်။အကယ်၍ ကံကြမ္မာစွမ်းအားများသာအနည်းငယ်ပို၍မြင့်မားလာပါက မည်သည့်အဆင့်သို့ ရောက်ရှိသွားမည်နည်း။

လူအမြောက်အများသည် ရှင်းယန်မြို့သို့ ပြောင်းရွှေ့လာကြ၏။ရက်အနည်းငယ်အချိန်အတွင်းမှာပင် ရှင်းယန်မြို့၏လူဦးရေသည် တစ်သန်းထိ ရောက်ရှိလာလေပြီ။

လူဦးရေထူထပ်လာသည်နှင့်အမျှ ကံကြမ္မာစွမ်းအားများလည်း မြင့်မားလာသည်။

ရှေးဟောင်းမူလဘူတသက်ရှိကြောင့် ပြတ်တောက်သွားခဲ့သော ချင်အင်ပါယာ၏နဂါးသွေးကြောသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပေ၏။

ရှင်းယန်မြို့၌ လူ​များ ပို၍ပို၍စုဝေးလာသည်နှင့်အတူ နဂါးသွေးကြောသည်လည်း ပို၍သန်မာအားကောင်းကာ ကျစ်လစ်ခိုင်မာလာသည်။

နောက်အနာဂတ်တွင် ရှင်းယန်မြို့သည် မြို့ကြီးတစ်မြို့ဖြစ်လာမည်မှာ သေချာပေါက်ပင်။

.....

ချီတော်ဝင်နန်းတော်ဟောင်း...

ချီတော်ဝင်နန်းတော်၏ စောင့်ကြည့်မျှော်စင်ပေါ်မှ မတ်တတ်ရပ်၍ကြည့်ပါက တစ်စုံတစ်ယောက်သည် ရှင်းယန်မြို့တမြို့လုံးကို မြင်တွေ့နိုင်ပေမည်။

မြို့၏လမ်းများပေါ်၌ လူများဖြင့်ပြည့်နက်နေကာ အလွန်အမင်း စည်ကားသည်။

လမ်းများနှင့်လမ်းကြားများအတွင်းတွင် လုယွီ၏ဒဏ္ဍာရီများသည် နေရာအနှံ့အပြား၌ ပျံ့နှံ့နေပေ၏။လုယွီသည် မြို့တံခါးကိုချိုးဖျက်ကာ ကျိုးမိသားစုဘိုးဘေးကိုသတ်ဖြတ်ပြီး ချီအင်ပါယာကို ဖျက်ဆီးနိုင်ခဲ့သည်။မှတ်တမ်းတင်သလင်းကျောက်မှ ပုံရိပ်များကို ကြည့်ပြီးနောက် သူ၏ဒဏ္ဍာရီများ ပို၍ပင်ဆန်းကြယ်လာသည်။

ဤတစ်ကြိမ်တွင် လုယွီ၏နာမည်သည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးအနှံ့ ပျံ့နှံ့သွားပြီဟု ယူဆနိုင်သည်။တော်ဝင်နန်းတွင်းသာမက တခြားကြယ်နယ်မြေများမှ ဂိုဏ်းအင်အားစုများအပြင် လျှို့ဝှက်ဂိုဏ်းများပင်လျှင် လုယွီ၏နာမည်ကို သိရှိထားသည်။

တစ်စုံတစ်ယောက်သည် ချီတော်ဝင်နန်းတော်ဟောင်း၏ရှေ့သို့ လျှောက်လှမ်းသွားပါက သူတို့သည် နေရာတစ်နေရာသို့ဦးတည်၍ ရိုသေလေးစားသောအကြည့်ဖြင့် ကြည့်ကြပေမည်။

ကြီးမားကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသော ချီတော်ဝင်နန်းတော်အတွင်းရှိ မြေဧကထောင်နှင့်ချီ၍ ကျယ်ဝန်းသောနေရာတွင် ယခုအချိန်၌ လုမိသားစု၏အိမ်တော်ရှိနေသည်။လုယွီသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၏လုမိသားစုဝင်များကို ပုန်းကွယ်နဂါးစစ်တပ်၏အဓိကအင်အားစု သူ၏လက်အောက်ငယ်သားများနှင့်အတူ ရှင်းယန်မြို့သို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သည်။

လုယွီသည် ကြိမ်ဖန်များစွာ စဉ်းစားတွေးတောပြီးနောက် ဤဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။

ရှင်းယန်မြို့သည် လက်ဝဲစစ်တပ်နယ်မြေ၏ အဓိကကျသော နေရာတစ်နေရာဖြစ်ကာ ဤမြို့ကို စစ်တပ်မြို့တမြို့၏ လိုအပ်ချက်များနှင့်အညီ တည်ဆောက်ထားခြင်းဖြစ်သည်။

ဤသည်မှာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ကာကွယ်စောင့်ကြပ်နိုင်သည့် စစ်နည်းဗျူဟာကျသော နေရာပင်။အကယ်၍ ရန်သူများသည် လက်ဝဲစစ်တပ်နယ်မြေသို့ ထွင်းဖောက်ဝင်ရောက်လာပါက ရှင်းယန်မြို့သည် စစ်တပ်ခံတပ်မြို့ကြီးတစ်မြို့ ဖြစ်လာပေမည်။

ရှင်းယန်မြို့သည် နယ်စပ်ဒေသနှင့် အလွန်အမင်းနီးကပ်သောကြောင့် အရေးကြီးသောအခိုက်အတန့်၌ လှုပ်ရှားနိုင်ရန် လုယွီသည် တပ်ရင်းသုံးခုကို အဆင်သင့်ပြင်ဆင်ထားသည်။

ဤကဲ့သို့နေရာတစ်နေရာသည် တပ်မှူးတစ်ယောက်၏စစ်စခန်းဖြစ်ရန် အလွန်သင့်တော်သည်။အကယ်၍ တစ်စုံတစ်ယောက်သည်အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ထွင်းဖောက်ဝင်ရောက်လိုပါက လုယွီ၏အခွင့်အာဏာမရှိဘဲ ရှင်းယန်မြို့ကို ဖြတ်သန်းသွားနိုင်မည်မဟုတ်ချေ။

ထို့ပြင် ရှင်းယန်မြို့သည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ အရင်းအမြစ်အရဖြစ်စေ မြေနေရာအနေအထားနှင့်တခြားအခန်းကဏ္ဍများအရဖြစ်စေ အကောင်းဆုံးနေရာများအနက်မှတစ်ခုဖြစ်သည်။ထို့ကြောင့် ဤနေရာသည် လုယွီ၏ဦးစားပေးရွေးချယ်မှုတစ်ခု ဖြစ်လာပေ၏။

Chapter 4509

လုယွီသည် တော်ဝင်နန်းတော်အတွင်းရှိ စင်မြင့်တစ်ခုပေါ်၌ မတ်တတ်ရပ်ကာ ကျင့်ကြံနေသည်။

သူသည် ပလ္လင်ခွေထိုင်ရန် သို့မဟုတ် ကိုယ်နေဟန်ထားတစ်ခုကို အစဉ်အမြဲထိန်းသိမ်းထားရန် မလိုအပ်​ချေ။အတွေးတစ်ချက်ဖြင့် တလိမ့်လိမ့်ထနေသော စိတ်ဝိညာဥ်စွမ်းအားများသည် ဒီရေအလား သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအတွင်းသို့ စီးဝင်လာကာ သူ၏ကျင့်ကြံဆင့်စွမ်းအားများကို အဆက်မပြတ် မြင့်တက်စေသည်။

ရှေးဟောင်းခေတ်၏ ရွှယ်အင်မော်တယ်များထံတွင် လူသားများအားလုံး၏အခြေခံရင်းမြစ်ဖြစ်သော မူလဘူတစိတ်ဝိညာဉ်ရှိသည်။

မူလဘူတစိတ်ဝိညာဉ်သည် အဆင့်တစ်ခုထိရောက်အောင် သန်မာအားကောင်းလာပါက လူတစ်ယောက်၏ခန္ဓာကိုယ်မှထွက်ကာ တခြားလူများကို သတ်နိုင်စွမ်းရှိသည်။ထိုအရာသည်လေထုအတွင်းသို့ ပျံသန်းကာ တောင်များကို ဆောင့်နင်းပြီး ကျောက်တုံးများကို ကြေမွှပျက်စီးစေကာ မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်သည်။

ကျင့်ကြံခြင်းလမ်းကြောင်း၏ နောင်အနာဂတ်မျိုးဆက်များတွင် နယ်မြေသခင်အဆင့်ထိရောက်မှသာ တစ်စုံတစ်ယောက်သည် အတုအယောင်မူလဘူတစိတ်ဝိညာဉ်ကို ကျင့်ကြံနိုင်စွမ်းရှိသည်။ထိုစိတ်ဝိညာဉ်သည် သန်မာအားကောင်းသော်လည်း ရှေးဟောင်းအင်မော်တယ်များကဲ့သို့ လျှို့ဝှက်ဆန်းကြယ်မှုများ ကင်းမဲ့နေသည်။ထိုအရာသည် အစွမ်းထက်သော မူလဘူတစိတ်ဝိညာဥ်နည်းစနစ်များကို ထုတ်ဖော်အသုံးပြုနိုင်မည်မဟုတ်ဘဲ အပေါ်ယံအပရိကစွမ်းရည်များကိုသာ အသုံးပြုနိုင်ပေမည်။

လုယွီအတွက်ကမူ ဤသည်မှာ ပြဿနာတစ်ရပ် မဟုတ်ချေ။

ရှေးဟောင်းကျင့်ကြံခြင်းလမ်းကြောင်းတွင် နယ်မြေသခင်နယ်ပယ်ဟူ၍ မရှိချေ။

ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိပြီးနောက် သူ၏မူလဘူတစိတ်ဝိညာဥ်သည်သာလွန်ထူးကဲသောအဆင့်ထိ ကြီးထွားနေလေပြီ။သူ၏စိတ်ဝိညာဉ်သည် နတ်ဘုရားတစ်ပါးနှင့် အဆင့်ခြင်းတူညီနေပေ၏။အကယ်၍ သူ၏ရုပ်ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရရှိသွားလျှင်ပင် မူလဘူတစိတ်ဝိညာဉ်သည် ပျက်စီးသွားမည်မဟုတ်ဘဲ တဖြည်းဖြည်း ရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိသွားပေမည်။

ထို့ကြောင့် လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း နယ်မြေသခင်နယ်ပယ် စတုတ္ထအဆင့်ကျင့်ကြံသူများနှင့်ပခုံးချင်းယှဉ်နိုင်ခြင်း ဖြစ်သည်။ဤသည်မှာ သူ အလွန်အမင်းအစွမ်းထက်နေသော အကြောင်းအရင်းများအနက်မှတစ်ချက်ပင်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် မူလဘူတစိတ်ဝိညာဥ်ကို ကျင့်ကြံနေပေ၏။

စိတ်ဝိညာဥ်စွမ်းအားများကို စုဝေးစေခြင်း မဟာတာအိုကို လေ့လာဆင်ခြင်ခြင်း ဆေးလုံးများကို သန့်စင်ခြင်း စသည့်အရာများအားလုံးသည် ကျင့်ကြံနည်းစနစ်များပင်။

လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်ရာ ဝေ့ယန်မြို့၏ ထောင့်တစ်နေရာတိုင်းကို မြင်တွေ့မိသည်။တချို့လူများသည် ငြင်းခုံနေကာ တချို့သည် ဆော့ကစားနေကြပြီး တချို့သည် ဝမ်းနည်းကာ တချို့ကမူ ပျော်ရွှင်နေကြသည်။ဤကဲ့သို့ အရာများအားလုံးကို လောကကြီးအတွင်း၌ တွေ့မြင်နိုင်သည်။မူလဘူတစိတ်ဝိညာဉ်မှ မြင်ရသည်မှာ ပို၍များလေလေ မဟာတာအိုလမ်းကြောင်းကို လေ့လာဆင်ချင်ခြင်ရာ၌ ပို၍နားလည်သဘောပေါက်လေလေပင်။သူသည် တစ်ဝက်ခန့်အင်အားစိုက်ထုတ်၍ ကျင့်ကြံရုံဖြင့် အကျိုးကျေးဇူးနှစ်ဆ ရရှိပေမည်။

ရှေးဟောင်းခေတ်အချိန်ကာလအတွင်းတွင် ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းရာ၌ အင်မော်တယ်အများစုသည် အခွင့်ကောင်းများရှာဖွေ၍ သူတို့၏ကိုယ်ပွားများကို အောက်ဘုံများသို့ စေလွှတ်ကာ လူဝင်စားစေသည်။ဤသည်မှာ အိုခြင်း နာခြင်း သေခြင်း ဖျားနာခြင်းစသည့် သေမျိုးလောက၏အတွေ့အကြုံများကိုယူကာ သူတို့၏ကျင့်ကြံဆင့် ပို၍မြင့်မားလာစေရန် ဖြစ်သည်။

ဤအချိန်အခိုက်အတန့်တွင် ဖေးထျန်ကွမ်းသည် လုယွီ၏နံဘေး၌ မတ်တတ်ရပ်နေပေ၏။လုယွီထံသို့ တိုးဝင်လာသော ပတ်ဝန်းကျင်ရှိစိတ်ဝိညာဉ်စွမ်းအားများကို မြင်တွေ့ချိန်တွင် သူက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။

"ဒီအချိန် နှစ်လသုံးလအတွင်းမှာ ရှင်းယန်မြို့က ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းတစ်ခုကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီ"

ဖေးထျန်ကွမ်းက တီးတိုးရေရွတ်လိုက်သည်။

"အရှင်က တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ ...နဂါးကိုးကောင် အကာအကွယ်ဝင်္ကပါကြီးက မြေအောက်မှာရှိတဲ့ ကံကြမ္မာစွမ်းအားတွေကို ထိန်းသိမ်းထားတယ်...တစ်ချိန်တည်းမှာပဲ ဒီဝင်္ကပါကြီးက အရပ်မျက်နှာအဘက်ဘက်မှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို ရှင်းယန်မြို့ထဲမှာ စုဝေးနေစေတယ်...နောက်နှစ်အနည်းငယ်အတွင်းမှာ ရှင်းယန်မြို့က တော်ဝင်မြို့တော်လိုမျိုး ကြီးကျယ်ခမ်းနားတဲ့ မြို့တစ်မြို့ဖြစ်လာမယ်ဆိုတာ ငါ ယုံကြည်တယ်"

သူသည် ရှင်းယန်မြို့ကို တည်ဆောက်ရာ၌ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သူပင်။

ရှင်းယန်မြို့၏နေရာအမြောက်အများသည် စစ်တပ်နှစ်ခုအကြားရှိစစ်ပွဲကြောင့် ပျက်စီးသွားခဲ့သည်။ပုန်းကွယ်နဂါးစစ်တပ်သည် ထိုနေရာများကို အဖိုးအခမယူဘဲ ပြုပြင်ကာ မြို့သူမြို့သားများအတွက် လျော်ကြေးပေးခဲ့သည်။

ဤလုပ်ရပ်ကြောင့် လူအမြောက်အများ၏စိတ်နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပေ၏။မြို့အတွင်းရှိလူအများစုသည် ပုန်းကွယ်နဂါးစစ်တပ်၏ဝင်ရောက်လာမှုကို စိတ်မကျေမနပ် မဖြစ်ကြတော့ချေ။

ထို့ပြင် လုယွီသည် ပုန်းကွယ်နဂါးစစ်တပ်အား ရှင်းယန်မြို့၏မြို့ရိုးများကို ဖြိုချရန် အမိန့်ပေးထားခဲ့သည်။

"အရှင်...မြို့ရိုးတွေကို ဖြိုချပြီးပြီ....တကယ်လို့ အင်အားကောင်းတဲ့ရန်သူတွေ ကျူးကျော်လာမယ်ဆိုရင် ငါတို့ ဘာလုပ်သင့်လဲ"

ဖေးထျန်ကွမ်းက မေးမြန်းသ‌ည်။

"ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေအတွက် မြို့ရိုးရှိနေတာက နည်းနည်းပဲအသုံးဝင်တယ်...ဒီမြိုရိုးတွေကို ထိန်းသိမ်းထားတာထက် ဖြိုချပြီးတော့ ရှင်းယန်မြို့ကို ပိုပြီးဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်"

လုယွီ၏အသံတွင် ယုံကြည်ချက်ခိုင်မာမှုများဖြင့် ပြည့်နက်နေသည်။

သူသည် အဝေးတစ်နေရာသို့ကြည့်လိုက်ရာ အပေါ်ပိုင်းဗလာကျင်းထားသော စစ်သားများကို မြင်တွေ့မိသည်။ထိုစစ်သားများသည် သူတို့၏လက်များဖြင့် လေးလံသောကျောက်တုံးများကိုသယ်ဆောင်ကာ လေထုအတွင်း၌ ပျံသန်းနေကြသည်။မြို့ကိုပြန်လည်တည်ဆောက်ရာ၌ ပါဝင်နေသော လူများအနက်မှအများစုသည် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများပင်။သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များသည် အစွမ်းထက်သဖြင့် ဆောင်းရာသီဖြစ်သည့်တိုင် အအေးဒဏ်သည် သူတို့အား အနည်းမျှ သက်ရောက်စေခြင်းမရှိချေ။

မြင့်မားသောမြို့ရိုးများ ပျောက်ကွယ်သွားကာ ကြက်ခြေခတ်ပုံလမ်းကြောင်း အမြောက်အများက အစာထိုးနေရာဝင်ယူသွားသည်။ အဆောက်အအုံများ တစ်လုံးပြီးတစ်လုံး တည်ဆောက်၍ ပြီးစီးသွားကာ ရှင်းယန်မြို့တစ်မြို့လုံးသည် တိုးတက်နေသောအခြေအနေ၌ ကျရောက်နေပေ၏။

"နဂါးကိုးကောင် အကာအကွယ်ဝင်္ကပါမှာ ဝင်္ကင်္ကပါဗဟိုချက်တချို့ ကင်းမဲ့နေတယ်...ငါက မင်းကို ဝင်္ကပါမှာနေရာချရမယ့်ပုံစံတွေ ပေးမယ်...မင်းက ရွှေလူရုပ်ထုဆယ့်နှစ်ရုပ်ကို သွန်းလုပ်ပြီးတော့ မြေအောက်က သတ်ဖြတ်ခြင်းဝင်္ကပါကို ဖိနှိပ်ဖို့အတွက် သူတို့ကို နေရာချရမယ်"

လုယွီက ပြောဆိုသည်။

Chapter 4510

"ရွှေလူရုပ်ထုဆယ့်နှစ်ရုပ်လား..ဒီငယ်သားက နားလည်သဘောပေါက်ပါပြီ"

ဖေးထျန်ကွမ်းသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သော်လည်း သူသည် တိုက်ရိုက်မေးခွန်းထုတ်ခြင်းမရှိချေ။သူသည် လုယွီ၏နောက်သို့ လိုက်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထိုကြောင့် လုယွီသည် ယုံကြည်ချက်အခိုင်အမာမရှိသော မည်သည့်ကိစ္စကိုမဆို လုပ်ဆောင်ခြင်းမရှိကြောင်း သူ ကောင်းစွာသိရှိထားပေ၏။ထို့ပြင် ရွှေလူရုပ်ထုဆယ့်နှစ်ရုပ်ကို လုပ်ဆောင်ရန်မှာ ခက်ခဲသောကိစ္စတစ်ရပ် မဟုတ်ချေ။

လုယွီထံ၌ သူ၏ကိုယ်ပိုင်အစီအစဉ်များ ရှိသည်။

ချင်အင်ပါယာ၏တော်ဝင်နန်းတော်သည် လေဟာနယ်အတွင်း၌ မျောလွင့်နေဆဲဖြစ်ကာ လုယွီသည် တစ်စုံတစ်ခုကို အာရုံခံမိလေ၏။

ကြီးကျယ်ခမ်းနားသောနန်းတော်ကြီးသည် ထန်အင်ပါယာဟောင်းမှ ချန်အန်းမြို့ရှေးဟောင်းနယ်မြေ၏မြေအောက်တွင် နစ်မြုပ်နေကာ ပြန်လည်ထွက်ပေါ်လာခြင်းမရှိတော့ချေ။

လုယွီသည် ထိုကြီးကျယ်ခမ်းနားသောနန်းတော်ကြီးကို အချိန်အတော်ကြာ ပစ်ပယ်ထားရန် ကြံရွယ်မထားချေ။သူသည် ချင်တော်ဝင်နန်းတော်ကို ရှင်းယန်မြို့သို့ ပြောင်းရွှေ့လို့ပေ၏။

သို့ရာတွင် ချင်တော်ဝင်နန်းတော်၌ သတ်ဖြတ်လိုခြင်းအရှိန်အဝါများ အလွန်ပြင်းထန်သည်။လုယွီသည် ထိုနေရာ၌ ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးကို ဆင့်ခေါ်ခဲ့သည့်တိုင် ထိုအရှိန်အဝါများ လုံးလုံးလျားလျား ပျက်ပြယ်သွားမည်မဟုတ်ချေ။

ထိုရွှေလူရုပ်ဆယ့်နှစ်ရုပ်သည် ချင်တော်ဝင်နန်းတော်၏ သတ်ဖြတ်လိုခြင်းအရှိန်အဝါများကို ဖိနှိပ်ရာ၌အသုံးပြုရန်ပင်။

လုယွီသည် အတွေးများအတွင်း၌ နစ်မြောနေစဉ်မှာပင် အဝေးတစ်နေရာမှနေ၍ ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။

ထိုရယ်မောသံ၏ပိုင်ရှင်သည် နျုနျူပင်။နျူနျူသည် သူမ၏လက်ဖြင့် နှင်းဘောလုံးတစ်လုံးကိုကိုင်ထားကာ နှင်းများအကြား၌ ပြေးလွှားဆော့ကစားပြီး ရယ်မောနေသည်။

"သခင်မလေး ဖြည်းဖြည်းသွားပါ"

သူမ၏နောက်တွင် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးတစ်ယောက် ပြေးလိုက်နေကာ သူမ၏မျက်လုံးအတွင်း၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

နျုနျူသည် အနီရောင်အပေါ်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူမ၏ခေါင်း၌ ကျားရုပ်ခေါင်းဆောင်းတစ်ခုကို ဆောင်းထားပြီး ကြွေရုပ်တစ်ရုပ်အလား ချစ်စဖွယ်ကောင်းနေသည်။

သူမ ရယ်မောလိုက်သည့်အချိန်တွင် သူမ၏မျက်နှာငယ်လေးသည် နီမြန်းသွားပေ၏။

"အစ်မစု...နင် ငါ့ကိုပစ်တာ လွဲသွားပြီ...ဟီး ဟီး..."

ယခုကြည့်ကြည့်တော့မှ မိန်းကလေးနှစ်ယောက်သည် နှင်းများအကြား၌ နှင်းဘောလုံးစစ်ပွဲကို ဆော့ကစားနေကြခြင်းပင်။

နျူနျူသည် အကျဉ်းထောင်အတွင်း၌ များစွာခံစားခဲ့ရသည်။လုယွီသည် သူမကိုကယ်တင်ပြီးနောက် ညင်သာသောဆေးများကိုအသုံးပြု၍ သူမ၏မရီဒါန်းများကို ချောမွေ့သွားစေကာ သူမ၏ဝေဒနာများကို တဖြည်းဖြည်း ပြန်လည် ကောင်းမွန်သွားစေသည်။

ရက်အနည်းငယ်အတွင်းတွင် နျူနျူ၏အသက်စွမ်းအားများ ပြန်လည်၍ကောင်းမွန်သွားကာ သူမ၏မျက်နှာငယ်လေးသည် လုံးဝိုင်းပြီး နူးညံ့ချောမွတ်လာပေ၏။

အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ရှေ့သို့လျှောက်လှမ်းလာကာ နျူနျူကို ချီမလိုက်သည်။ထိုနောက် သူမက နျူနျူ၏ခန္ဓာကိုယ်ပေါ်မှ နှင်းများကို ခါပေးလေသည်။

"သခင်မလေး မြေပြင်က ချော်နေတယ်...နင် အရမ်းပြေးလို့ မရဘူး"

"အစ်မစု...ငါ သိပါတယ်...ငါက လိမ်မာတဲ့ ကလေးတစ်ယောက်ပါ"

နျူနျူသည် လုယွီကိုမြင်တွေ့ချိန်၌ သူမ၏မျက်လုံးများ တောက်ပသွားသည်။သူမသည် ထိုနေရာသို့ အပြေးသွားလိုသော်လည်း လုယွီ၏အလုပ်ကိစ္စများ နှောင့်နှေးမည်ကို စိုးရိမ်သဖြင့် အဝေးတွင်သာ လိမ်လိမ်မာမာဖြင့် ဆော့ကစားနေခဲ့သည်။

လုယွီသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ မပြုံးဘဲမနေနိုင်တော့ချေ။သူသည် နျုနျူကို လက်ယပ်ခေါ်လိုက်ရာ ကလေးမလေးသည် ခုန်ပေါက်၍ရောက်ရှိလာပေ၏။

"အစ်ကိုကြီး..."

နျူနျူသည် လုယွီ၏နံဘေးသို့အပြေးလာကာ သူ၏ပေါင်ကို ပွေ့ဖက်လိုက်သည်။

လုယွီက နျူနျူကိုချီပြီး အပြုံးနှင့်ပြောဆိုသည်။

"ဒီကလေးမလေးကတော့ ဘာလို့ ဒီနေ့ အပြင်မှာ ပြေးလွှားနေတာလဲ"

နျုနျူသည် သူမ၏လည်ပင်းတွင်ဆွဲထားသော သက်ရည်သော့ခလောက်အတွင်းမှနေ၍ အငွေ့တထောင်းထောင်းထနေဆဲဖြစ်သော ဆန်မုန့်တစ်ခုကို ဂရုတစိုက်ထုတ်ယူကာ လုယွီကို ပေးလေသည်။

"အစ်ကိုကြီး...ဒါက ခုဏကမှ မီးဖိုချောင်ထဲမှာလုပ်ထားတဲ့ ဆန်မုန့်ပဲ...ဒါကို မြည်းကြည့်ပါအုံး"

လုယွီသည် ဆန်မုန့်တစ်ပိုင်းကိုဖဲ့ပြီး သူ၏ပါးစပ်အတွင်းသို့ထည့်ကာ အရသာခံလိုက်သည်။ ထို့နောက် သူက အပြုံးနှင့်ပြောဆိုလိုက်၏။

"အရမ်းကောင်းတယ်...နျူနျူက ငါ့အတွက်စဉ်းစားပေးတာကို ကျေးဇူးတင်ပါတယ်"

"ဟီး ဟီး...အစ်ကို့ကြီး မီးဖိုချောင်ထဲမှာလည်း သရေစာတွေ အများကြီး ပြင်ဆင်ထားတယ်...နောက်ကျရင် အဲ့ဒီနေရာနေရာကိုလာဖို့ မမေ့နဲ့နော်"

နျူနျူက သူမ၏ကျစ်ဆံမြှီးနှစ်ဖက်ကို ခါယမ်းပြီးပြောဆိုနေကာ သူမကို ကြည့်ရသည်မှာ အလွန်ချစ်စဖွယ်ကောင်းနေသည်။

ဖေးထျန်ကွမ်းသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ကူကယ်ရာမဲ့ဖြစ်သွားကာ စိတ်ခံစားချက်ဖြင့် သက်ပြင်းရှိုက်လိုက်သည်။

လုယွီသည် ဤကလေးမလေးအပေါ် အလွန်အမင်း ချစ်မြတ်နိုးပေ၏။

နျုနျူ၏ခန္ဓာကိုယ်ပေါ်တွင် အဆင့်မြင့်မော်ရတနာအမြောက်အများကို ဝတ်ဆင်ထားသည်။ အထူးသဖြင့် သူမ၏လည်ပင်း၌ဆွဲထားသော သက်ရှည်သော့ခလောက်ပင်။ဤသည်မှာ လေဟာနယ်မှော်ရတနာတစ်ခု ဖြစ်ရုံသာမက ပစ္စည်းများကိုသိမ်းဆည်းနိုင်သည်။ထို့ပြင် ထိုမှော်ရတနာအတွင်း၌ လုယွီသည် စိတ်ဝိညာဥ်အပိုင်းအစတစ်ခုကိုပင် ချိတ်ပိတ်ထားပေ၏။

ဤသည်မှာ တစ်ခါသုံးမှော်ရတနာမျိုးမဟုတ်ဘဲ အကြိမ်ကြိမ်အသုံးပြုနိုင်သော စိတ်ဝိညာဥ်မှော်ရတနာတစ်ခုပင်။

အကယ်၍ ဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓဘုရားလောင်းတယောက်မှ နျူနျူကိုတိုက်ခိုက်လျှင်ပင် ဤအကာအကွယ်မှော်ရတနာကြောင့် သူမ သေဆုံးသွားမည်မဟုတ်ချေ။

ဤကဲ့သို့ မှော်ရတနာတစ်ခုကို အဖိုးမဖြတ်နိုင်သောရတနာတစ်ပါးဟု သတ်မှတ်နိုင်သည်။လုယွီသည် ဤမှော်ရတနာကို နျုနျူအား ဝတ်ဆင်စေသည်မှတဆင့် သူ့အတွက် သူမသည် မည်မျှထိအရေးကြီးကြောင်း ပြသနေသည်။

"သူက ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ရဲ့လူလား..."

လုယွီက ရုတ်တရက် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

All Chapters