← Chapters

အခန်း (၄၅၁၁-၄၅၁၅)

Vol. 229 Ch. 4511-4515

အခန်း (၄၅၁၁-၄၅၁၅)

Vol. 229 Ch. 4511-4515

Chapter 4511

အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးထံတွင် လှပချောမောသောမျက်နှာ ပြေပြစ်သောခန္ဓာကိုယ်ရှိကာ သူမ၏ပုံပန်းသွင်ပြင်သည် တမူထူးခြားနေပေ၏။

သို့ရာတွင် သူမ၏မိုးမခပုံမျက်ခုံးကို အနည်းငယ်ကြုတ်ထားကာ ကြည့်ရသည်မှာ သူမထံ၌ စိုးရိမ်ပူပန်မှုတချို့ ရှိနေသည့်အလားပင်။သူမ၏အဖြူရောင်ဝတ်စုံသည် နှင်းများထက်ပင် ပို၍ဖြူဆွတ်နေကာ သူမ၏အနက်ရောင်ဆံပင်ရှည်များသည် ရေတံခွန်တစ်ခုအလား ဖြာကျနေပေ၏။သူမကိုကြည့်ရသည်မှာ နူးညံ့သိမ်မွေ့သောခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

ဖေးထျန်ကွမ်းသည် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးကို စူးစိုက်ကြည့်ပြီး သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"သူက ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ရဲ့လူ မဟုတ်ဘူး"

ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ကို ထိန်းချုပ်ရသော လုယွီ၏လက်အောက်ငယ်သားများအနက်မှ တစ်ယောက်ဖြစ်သဖြင့် ဖေးထျန်ကွမ်းသည် အဖွဲ့အတွင်းရှိ အဖွဲ့ဝင်တစ်ယောက်စီတိုင်းကို ကောင်းစွာသိရှိထားသည်။

"ဒီအစေခံက အရှင်လုကို အရိုအသေပြုပါတယ်"

လုယွီသည် သူမအားကြည့်နေသည်ကို မြင်တွေ့ချိန်၌ အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ရှေ့သို့အလျှင်အမြန်ပြေးလာကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

နံဘေးတစ်ဖက်တွင်ရှိနေသော နျူနျူက အလျင်စလိုပြောဆိုသည်။

"အစ်ကိုကြီး...အစ်မစုက လူကောင်းတစ်ယောက်ပါ"

ထိုနောက် နျူနျူသည် သူမ၏လက်ကိုဆန့်တန်းကာ လုယွီ၏ဝတ်စုံစကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။

ဖေးထျန်ကွမ်းက ရုတ်တရက် သူ၏နဖူးကိုရိုက်ပုတ်ပြီး ပြောဆိုသည်။

"ဒီငယ်သားက မှတ်မိပါပြီ...သူက ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ကနေ နျူနျူကို စောင့်ရှောက်ဖို့အတွက် အထူးသီးသန့်ခေါ်ထားတဲ့ ကလေးထိန်းတစ်ယောက်ပဲ"

မကြာသေးမီအချိန်က လုယွီသည် ချီအင်ပါယာကို တိုက်ဖက်သိမ်းပိုက်ခဲ့သဖြင့် နျုနျုကို စောင့်ရှောက်ရန်အတွက် လူမရှိခဲ့ချေ။

ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်လုံးအတွင်း၌ လူအများစုသည် ယောက်ျားသားများဖြစ်ကာ ချင်ယုနှင့်တခြားအမျိုးသမီးများသည်လည်း စစ်သည်သူရဲကောင်းများပင်။သူမတို့အား ကလေးတယောက်ကို ဂရုစိုက်ရန် တောင်းဆိုပါက အဆင်မပြေနိုင်သည်မှာ သိသာထင်ရှားလှ၏။

လုယွီထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် နျူနျူကို စောင့်ရှောက်ရန်အတွက် ကလေးထိန်းတစ်ယောက်ကို မြို့အတွင်း၌ရှာဖွေရန် ဖေးထျန်ကွမ်းအား တောင်းဆိုခဲ့သည်။

လုယွီက အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးကို အချိန်အတော်ကြာစူးစိုက်ကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။

"မင်းရဲ့အလုပ်ကြိုးစားခဲ့မှုအတွက် ကျေးဇူးတင်ပါတယ်...မင်းရဲ့လစာကို ငါ အရင်က ကတိပေးထားတာထက် နှစ်ဆပေးမယ်...ကျေးဇူးပြုပြီးတော့ မင်းက နျူနျူကို သေချာစောင့်ရှောက်ပေးပါ"

"မဟုတ်ဘူး...မဟုတ်ဘူး...မဟုတ်ပါဘူး...အရှင်က ရယ်စရာပြောနေပြန်ပြီ...သခင်မလေးနျူနျူက အရမ်းလိမ္မာတယ်...ဒါကြောင့် ဒီအစေခံက နည်းနည်းလေးတောင် မပင်ပန်းပါဘူး"

အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံသောအမူအယာတစ်ရပ် ထင်ဟပ်လာကာ အဆက်မပြတ် ဦးညွှတ်အရိုအသေပြုလိုက်၏။

"အစ်ကိုကြီး ငါတို့ ပြန်တော့မယ်...နောက်ကျရင် ငါ့ဆီကိုလာပြီးတော့ မုန့်တွေစားဖို့ မမေ့ပါနဲ့"

နျူနျူသည် လုယွီကိုနှုတ်ဆက်ကာ အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏အင်္ကျီစကိုဆုပ်ကိုင်ပြီး သူမနှင့်အတူ ထွက်ခွာသွားတော့သည်။

နျူနျူသည် ငယ်ရွယ်သော်လည်း ဥာဏ်ကောင်းသူတစ်ယောက်ပင်။လုယွီသည် အစ်မစုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလိုသည်ကို သူမ သိရှိသွားသဖြင့် အဝေးသို့ အလျှင်အမြန်ခေါ်ဆောင်သွားခြင်းဖြစ်သည်။

အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏ နောက်ကျောပြင်ကိုကြည့်ပြီး ဖေးထျန်ကွမ်းက မျက်မှောက်ကြုတ်လိုက်သည်။

"အရှင် ဒါက ငါ့ရဲ့အပြစ်ပါ ...ငါက သခင်မလေးနျုနျူရဲ့အနားမှာ နတ်ဆိုးတကောင်ကို ထားခဲ့မိတယ်"

ဖေးထျန်ကွမ်း၏စွမ်းအားသည်လည်း နိမ့်ပါးခြင်းမရှိချေ။

သူသည် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏သရုပ်မှန်ကို အကြည့်တစ်ချက်ဖြင့် မြင်တွေ့နိုင်သည်။သူမသည် လူသားတစ်ယောက်မဟုတ်ဘဲ နတ်ဆိုးတစ်ကောင်ပင်။

ဖေးထျန်ကွမ်းသည် ကူကယ်ရာမဲ့စွာဖြင့်သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သူ၏လက်အောက်ငယ်သားများကို ဆဲဆိုလိုက်သည်။သူတို့သည် ကိစ္စများကိုပြုလုပ်ရာတွင်အစဉ်အမြဲ စေ့စပ်သေချာသော်လည်း ကလေးထိန်းတစ်ယောက်ကို ရှာဖွေရာ၌ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့ပေ၏။

နျူနျူသည် လုယွီ၏ချစ်မြတ်နိုးမှုကို ခံရသူဖြစ်ကြောင်း လူတိုင်း သိရှိပြီးဖြစ်သည်။သူမကို လုယွီ၏မိသားစုတွင် မင်းသမီးလေးတစ်ပါးဟုပင် ယူဆနိုင်သည်။

သူမအတွက်ဖြင့် လုယွီသည် ချီတော်ဝင်နန်းတော်အတွင်းသို့ တစ်ယောက်တည်းဝင်ရောက်ခဲ့ကာ ချီဧကရာဇ်ခင်းကျင်းထားခဲ့သောထောင်ချောက်အတွင်းသို့ သူ့၏ကိုယ်ပိုင်သဘောဆန္ဒဖြင့် ဝင်ရောက်ခဲ့သည်။

ယခုအချိန်တွင် ထိုမင်းသမီးငယ်လေး၏နံဘေးသို့ နတ်ဆိုးတကောင် ရောက်ရှိနေပေ၏။

အကယ်၍ လုယွီသည် ဤကိစ္စကို ဆက်လက်၍စုံစမ်းပါက ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့၏တပ်မှူးးဖြစ်သော သူ့အနေဖြင့် တာဝန်ယူရမည်မှာ မလွဲမသွေပင်။

လုယွီသည် ထွက်ခွာသွားသော မိန်းကလေးနှစ်ယောက်ကိုကြည့်ပြီး သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဘာမှလုပ်ဖို့ မလိုဘူး...နျုနျူပျော်နေသရွေ့ အဆင်ပြေတယ်...သူက ကျင့်ကြံဆင့်အားနည်းတဲ့ နတ်ဆိုးတစ်ကောင်ပဲ...သူ့ရဲ့မျက်လုံးထဲမှာ ဘာသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမှ မရှိဘူး"

ဖေးထျန်ကွမ်းသည်လည်း ဤကိစ္စကို တွေ့မြင်မိသဖြင့် ငြင်းဆန်ခြင်းမပြုတော့ချေ။

နျူနျူထံ၌ရှိနေသော အကာအကွယ်မှော်ရတနာများအရ နတ်ဆိုးငယ်လေးတစ်ကောင် မဆိုထားနှင့် အကယ်၍သူကိုယ်တိုင် တိုက်ခိုက်လျှင်ပင် သူမ၏အကာအကွယ်များကို အချိန်တိုအတွင်း၌ ချိုးဖျက်နိုင်မည်မဟုတ်ချေ။

ထိုအချိန်မှာပင် ခန်းမ၏ပြင်ပမှနေ၍ စစ်သားတစ်ယောက် ပျံသန်းလာသည်။

"အရှင်...ကျန်းရီလို့ခေါ်တဲ့ လူတစ်ယောက်က အရှင့်ကို တွေ့ခွင့်တောင်းနေပါတယ်"

ထိုစစ်သားက သတင်းပို့သည်။

ဖေးထျန်ကွမ်းသည် အနည်းငယ်အံ့အားသင့်သွားပြီးနောက် အပြုံးနှင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"အရှင်က တကယ့်ကို ထူးချွန်တဲ့သူပဲ...သူ ရောက်လာပြီ"

"သူ့ကို ခေါ်လာခဲ့ပါ"

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

မကြာမီမှာပင် စစ်သားများက ကျန်းရီကို ခေါ်ဆောင်လာသည်။

ဤအချိန်အခိုက်အတန့်တွင် ကျန်းရီ၏မျက်လုံးများနီမြန်းနေကာ သူ၏ဆံပင်များ ရိုဖရဲဖြစ်နေပြီး သူ့၏မျက်လုံးအောက်၌ အနက်ရောင်အကွင်းကြီးများ ရှိနေသည်။သူ့ကိုကြည့်ရသည်မှာ အလွန်ပင်ပန်းနွမ်းနယ်နေပုံပင်။

ကျန်းရီသည် လုယွီကိုမြင်တွေ့ချိန်၌ သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ ရှေ့သို့ပြေးလာကာ နီမြန်းနေသောမျက်လုံးတစ်စုံဖြင့် မေးမြန်းသည်။

"အဲ့ဒီအစီအစဉ်ကို မင်းကိုယ်တိုင် တကယ်ကြီး ရေးဆွဲခဲ့တာလား"

Chapter 4512

"အတင့်ရဲလှချည်လား...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ အရှင်ရဲ့ရှေ့မှာ ရိုင်းပြဝံ့တာလဲ"

စစ်သားများသည် ကျန်းရီ၏လုပ်ရပ်ကို မြင်တွေ့ချိန်၌ သူ့ကိုဟန့်တားရန်အတွက် ရှေ့သို့ပြေးဝင်လာကြသည်။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ ထိုစစ်သားများအား ထွက်သွားရန် အချက်ပြလိုက်၏။လုယွီ ဖေးထျန်ကွမ်းနှင့်ကျန်းရီတို့သာလျှင် ခန်းမအတွင်း၌ ကျန်ခဲ့သည်။

လုယွီက ကျန်းရီကိုစူးစိုက်ကြည့်ပြီး အပြုံးနှင့်ပြောဆိုသည်။

"ဒါကို ငါကိုယ်တိုင်ရေးတာ ဟုတ်မဟုတ် မင်းက မေးချင်တာလား"

ဤအချိန်အခိုက်အတန့်တွင် ကျန်းရီကိုကြည့်ရသည်မှာ တွေဝေမိန်းမောနေပုံရသည်။သူက ပျာပျာသလဲပြောဆိုလေ၏။

"မင်းရဲ့ နောက်ထပ်ဆက်လုပ်မယ့် အစီအစဉ်က ဘာလဲ...ဒီအစီအစဉ်ရဲ့တခြားတစ်ဝက်က ဘယ်နေရာမှာလဲ"

လုယွီသည် ကျန်းရီအား ထန်အင်ပါယာကို ချေမှုန်းမည့်အစီအစဉ်အား ပေးအပ်ခဲ့သဖြင့် သူသည် ထိုအရာကို တစ်ညလုံးဖတ်ခဲ့သည်။

ဤအရာအတွင်း၌ စာလုံးအမြောက်အများ ရေးသားထားခြင်းမရှိသော်လည်း ကျစ်လစ်ပြည့်စုံသော မဟာအစီအစဉ်တစ်ခုဟု ပြောနိုင်သည်။

သို့ရာတွင် လုယွီမှနေ၍ ကျန်းရီကိုပေးအပ်ခဲ့သောအစီအစဉ်သည် တစ်ဝက်သာရှိပေ၏။

ထန်အင်ပါယာကိုချေမှုန်းမည့် မဟာအစီအစဉ်ကြီးသည် အစပိုင်းသာရှိပြီး အလယ်သို့အရောက်တွင် ရုတ်တရက် ရပ်တန့်သွားပေ၏။

ကျန်းရီသည် အချိန်အတော်ကြာသည်အထိ ပြင်းပြင်းထန်ထန် စဉ်းစားတွေးတောခဲ့သည်။သူသည် ရက်အနည်းငယ်ကြာသည်အထိ မစားမသောက် စဉ်းစားတွေးတောခဲ့သော်လည်း ဤအစီအစဉ်ကြီး မည်ကဲ့သို့ဆက်သွားမည်ကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။

ဤသည်မှာ သူ၏ရှေ့၌ ရွှေတောင်ကြီးတလုံးရှိနေသော်လည်း သဘာဝအတားအဆီးများမှ ကာကွယ်ဟန့်တားထားသောကြောင့် သူသည် အဝေးတစ်နေရာမှသာ မြင်တွေ့နိုင်ပြီး အနီးသို့ မချဉ်းကပ်နိုင်သည့်အလားပင်။

နောက်ဆုံး၌ ကျန်းရီသည် ဤညှင်းပန်းနှိပ်စက်မှုကို တောင့်မခံနိုင်တော့သဖြင့် လုယွီကို လာရောက်မေးမြန်းရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဤအချိန်အခိုက်အတန့်တွင် ကျန်းရီ၏ဆံပင်များ ခြောက်ကပ်နေကာ သူ၏အဝတ်အစားများ ဖရိုဖရဲဖြစ်နေသည်။

သူ့ထံ၌ အတိတ်ရှိ 'ဆရာကျန်း'၏ လွတ်လပ်ပေါ့ပါးသော ပုံပန်းသွင်ပြင်မျိုး မရှိတော့ချေ။

"ကျန်းရီ...မင်းက ထန်အင်ပါယာကို မသွားတော့ဘူးလား"

ဖေးထျန်ကွမ်းက အပြုံးနှင့်မေးမြန်းသည်။

ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့မှရရှိသော သတင်းများသည် အလွန်အမင်းတိကျပေ၏။

ကျန်းရီသည် အရာရာတိုင်းကို ကြိုတင်ပြင်ဆင်ပြီးဖြစ်ကာ ထန်တော်ဝင်မြို့တော်၌ အိမ်တော်တစ်လုံးကိုပင် ဝယ်ယူထားကြောင်း ဖေးထျန်းကွမ်းက သိရှိထားပြီးဖြစ်သည်။

သူသည် ဝေ့ယန်မြို့ကိုအောင်နိုင်သည့် တိုက်ပွဲအတွင်း၌ သူ၏နာမည်ဂုဏ်သတင်း ထင်ပေါ်ကျော်ကြားလာရန်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ထိုအချိန်ကျမှသာ ထန်အင်ပါယာသည် သူ တော်ဝင်မြို့တော်သို့မရောက်မီ သင့်လျှော်သောရာထူးကို သူ့အား ပေးအပ်ပေမည်။

"ငါ မသွားတော့ဘူး...အခု အဲ့ဒီနေရာကိုသွားရင်လည်း ဘာမှ အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ဘူး"

ကျန်းရီ၏မျက်လုံးများ ဝေဝါးနေကာ သူ၏မျက်လုံးအတွင်း၌ နောင်တအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

အကယ်၍ မျှော်လင့်မထားသော ကိစ္စရပ်များဖြစ်ပွားလာခြင်းကြောင့်သာ မဟုတ်ပါက ဤလောကကြီးအတွင်းတွင် နာမည်ကျော်ကြားလာမည့်တစ်ယောက်သည် လုယွီမဟုတ်ဘဲ ကျန်းရီသာ ဖြစ်ပေမည်။

ယခုအချိန်၌ ကျန်းရီ၏နာမည်ဂုဏ်သတင်း ပေါ်လွင်ထင်ရှားလာခြင်း မရှိသဖြင့် အကယ်၍ သူသည် ထန်အင်ပါယာသို့သွားလျှင်ပင် အလွန်အဆင့်မြင့်သောရာထူးကို ရရှိနိုင်မည်မဟုတ်ချေ။

ကျန်းရီ၏မျှော်လင့်ချက်များသည် အလွန်အမင်းမြင့်မားပေ၏။သူသည် အမြင့်သို့တက်လှမ်းလိုသူဖြစ်သဖြင့် သူ လုပ်ဆောင်နိုင်သောအရာဟူသမျှကို ဆောင်ရွက်ခဲ့သည်။

သို့ရာတွင် သူ၏အစီအစဉ်များအားလုံးသည် အောင်မြင်ခဲ့သော်လည်း နောက်ဆုံး၌ အချည်းနှီးဖြစ်သွားခဲ့သည်။

လုယွီ၏ရုတ်တရက်လှုပ်ရှားမှုသည် ကျန်းရီ၏အစီအစဉ်များအားလုံးကို ရှုပ်ယှက်ခတ်သွားစေသည်။ရလဒ်အနေဖြင့် ကျန်းရီသည် ရှင်းယန်မြို့၌ ဆက်လက်၍နေထိုင်ခဲ့ရပေ၏။

"ဆရာကျန်း...မင်းက ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

လုယွီက အပြုံးနှင့်မေးမြန်းသည်။

လုယွီ၏အပြုံးကိုမြင်တွေ့ချိန်တွင် ကျန်းရီ၏မျက်လုံးများ တောက်ပသွားသည်။

"မင်းက ငါ့ကို တမင်သက်သက် ဒီအစီအစဉ်ကို မြင်ခွင့်ပြုခဲ့တာပဲ...မင်းက ဒီအစီအစဉ်ကိုအသုံးပြုပြီးတော့ ငါ့ကို စိတ်ဝင်စားအောင်လုပ်ပြီး မင်းအတွက် အလုပ်လုပ်စေချင်တယ်...ဒါက ပွင့်လင်းတဲ့ အစီအစဉ်တစ်ခုပဲ...မင်းရဲ့အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုး အကွက်​ချကြံစည်နိုင်တာကို ငါ နားမလည်နိုင်ဘူး"

ကျန်းရီက ပြောဆိုသည်။

ကျန်းရီသည် ဥာဏ်ကောင်းသူတစ်ယောက်ပင်။ အကြည့်တချက်ဖြင့်ပင် လုယွီသည် သူ့အား ထန်အင်ပါယာကိုချေမှုန်းမည့် အစီအစဉ်အား မည်သည်ကြောင့် ပေးခဲ့သည်ဟူသော အစစ်အမှန်အကြောင်းပြချက်ကို သူ သိရှိသွားသည်။

လုယွီက ပြောဆိုသည်။

"ဆရာကျန်း...မင်း ထွက်သွားဖို့ရွေးချယ်မယ်ဆိုရင်လည်း ငါက မင်းကို တားဆီးမှာမဟုတ်ဘူး"

"ထွက်သွားရမှာလား...တကယ်လို့ ငါ အခုအချိန်မှာထွက်သွားမယ်ဆိုရင်ငါကျန်းရည်ရဲ့ကျန်နေတဲ့ဘဝတစ်လျှောက်လုံးနောင်တရနေလိမ့်မယ်။

ကျန်းရီက ရယ်မောပြီးပြောဆိုသည်။

"တကယ်လို့ မင်းက ငါ့ကို ရွှေ ငွေနဲ့မှော်ရတနာတွေပေးရင်တောင် ငါက စိတ်ဝင်စားမှာ မဟုတ်ဘူး....ဒါပေမဲ့ မင်းက ငါ့ကို ဒီနေရာမှာ ထိန်းသိမ်းထားဖို့အတွက် လှည့်ကွက်တစ်ခုကို အသုံးပြုခဲ့တယ်....ဒါကို ငါ နားလည်သဘောပေါက်တယ်"

ထိုသို့ပြောဆိုပြီးနောက် ကျန်းရီသည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်၏။

"အရှင်လု....ကျေးဇူးပြုပြီးတော့ ငါ့ကို သင်ပြပေးပါအုံး"

လုယွီက ခပ်ဖျော့​ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ဆရာကျန်း...မင်း ငါ့ကို နားလည်မှုလွဲနေပြီ....တကယ်တော့ အဲ့ဒီအစီအစဉ်တစ်ခုလုံးကို ငါ့ရဲ့အကြံပေးတွေက ရေးခဲ့တာပဲ...ငါကပထမဆုံးမူကြမ်းကိုပဲ ရေးဆွဲခဲ့တယ်...အဲ့ဒါက အသေးစိတ်ကျတဲ့ အစီအစဉ်တစ်ခုမဟုတ်ဘူး"

ထန်အင်ပါယာသည် ကြီးမားသောအင်အားစုကြီးတစ်ခုပင်။ဤသည်မှာ ရှေးဟောင်းအလယ်ခေတ်ကတည်းက တည်ရှိခဲ့သော အင်ပါယာတစ်ခု ဖြစ်ပေ၏။ထန်အင်ပါယာသည် အချိန်၏ရှည်လျားသောမြစ်ကြီးတလျှောက် ကြီးမားသောအရိပ်အယောင်များကို ချန်ထားနိုင်ခဲ့သည်။

ထို့ကြောင့် ထန်အင်ပါယာကိုချေမှုန်းရန်မှာ အစီအစဉ်တစ်ခုနှစ်ခုဖြင့် ဖြေရှင်းနိုင်ရန် အလွန်အလှမ်းကွာဟသည်။ဤအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် ကိစ္စအမြောက်အများကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

Chapter 4513

ယခင်က လုယွီထံတွင် ပဏာမအကြံအစည်တစ်ခု ရှိထားပြီးဖြစ်သည်။

ဤသည်ကြောင့် သူသည် ထိုအစီအစဉ်ကို ရေးဆွဲခဲ့ခြင်းပင်။နောက်ထပ်ဆက်လုပ်ရမည့်ကိစ္စများကိုမူ လုယွီသည် သူ၏နည်းဗျူဟာရှင်များထံမှ အမြင်များကို တောင်းခံခဲ့သည်။

သို့ရာတွင် လုယွီသည် တိုက်ဆိုင်မှုတစ်ခုကြောင့် ဆရာကျန်းနှင့် ဆုံတွေ့ရမည်ဟု မျှော်လင့်မထားမိချေ။

ထိုအချိန်မှစတင်၍ လုယွီ၏စိတ်အတွင်း၌ လျှပ်ပြက်သွားသည့်အလား အတွေးတစ်ခု ထင်ဟပ်လာသည်။

ထို့နောက်မှနေ၍ နောက်ဆက်တွဲကိစ္စများ ဖြစ်ပွားလာခြင်းပင်။ကျန်းရီသည် မပြည့်စုံသောအစီအစဉ်တစ်ခုကြောင့် လှောင်ပိတ်မိနေခဲ့သည်။သူသည် စားသောက်ရန်ပင် သတိမရတော့ဘဲ ထိုအစီအစဉ်အတွင်း၌ လုံးလုံးလျားလျား နစ်မြုပ်နေပေ၏။နောက်ဆုံး၌ သူသည် လုယွီကို လာရောက်ရှာဖွေရန် ရွေးချယ်ခဲ့ရတော့သည်။

"ကျန်းရီ....မင်းက ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပါ...မင်းရဲ့ဉာဏ်ရည်ဥာဏ်သွေးနဲ့ အရူးလုပ်ခံမှာ မဟုတ်ဘူး...တကယ်လို့ အရာရာတိုင်းကို အစီအစဥ်အရ လုပ်မယ်ဆိုရင် ဘယ်လိုလုပ်ပြီးတော့ သုံးရက်အတွင်းမှာ မြို့တံခါးကိုချိုးဖျက်ပြီး လောကကြီးတခွင်လုံးမှာ နာမည်ကျော်ကြားလာအောင်လုပ်မယ့် မင်းရဲ့အစီအစဉ်က ကျရှုံးသွားမှာလဲ"

ဖေးထျန်ကွမ်းက အပြုံးနှင့်ပြောဆိုသည်။

ကျန်းရီသည် မျက်မှောက်အနည်းငယ်ကြုတ်လိုက်သော်လည်း သူသည် အလျှင်အမြန်စဉ်းစားတွေးတောလိုက်၏။

ထန်အင်ပါယာကိုချေမှုန်းမည့် အစီအစဉ်သည် အလွန်ကြီးမားပေ၏။အကယ်၍ သူတို့သည် အစီအစဉ်အတိုင်း စတင်ဆောင်ရွက်မည်ဆိုလျှင်ပင် အပြောင်းအလဲများစွာ ရှိလာနိုင်သည်။

ဤမသေချာသော အပြောင်းအလဲများကို အတူတကွစုဝေးလိုက်ပါက အနာဂတ်၌ အခြေအနေများ မည်ကဲ့သို့ဖြစ်လာမည်ကို ပြောဆိုနိုင်ရန် လွန်စွာခက်ခဲပေမည်။ ထိုအချိန်ကျပါက သူတို့သည် အခြေအနေအရ ပြုမူဆောင်ရွက်ရပေမည်။

အစီအစဥ်တစ်ခုသည် ပြီးပြည့်စုံရန်အတွက် မလိုအပ်ချေ။ထိုအရာတွင် ပန်းတိုင်တစ်ခုရှိနေရန်သာ လိုအပ်သည်။

"ငါက ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် ဆရာကျန်းကို ဒုက္ခပေးရတော့မယ်"

လုယွီက ပြောဆိုသည်။

"ဒီလိုအရေးကြီးတဲ့ အစီအစဉ်တစ်ခုကို ငါ့ကို တကယ်ကြီး ဆောင်ရွက်ခွင့်ပြုမှာလား"

ကျန်းရီ၏မျက်လုံးအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။သူသည် လုယွီအပေါ် သူ၏သစ္စာစောင့်သိမှုကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ခြင်း မရှိချေ။ သို့ရာတွင် လုယွီသည် ဤကဲ့သို့ အရေးပါသောတာဝန်တစ်ခုကို ဆောင်ရွက်ပေးရန်အထိ သူ့အားယုံကြည်မည်ဟု သူ မျှော်လင့်မထားမိပေ။

လုယွီက ပြောဆိုလိုက်၏။

"ချီအင်ပါယာရဲ့ဝေ့ယန်မြို့လို မြို့ငယ်လေးတစ်ခုက မင်း နာမည်ကျော်ကြားလာဖို့အတွက် မလုံလောက်ဘူး....တကယ်လို့ မင်းက ထန်အင်ပါယာကို ဖျက်ဆီးတဲ့အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ တစ်ယောက်ဖြစ်နေရင် မင်းရဲ့နာမည်က လောကကြီးတခွင်လုံးမှာ ပျံ့နှံ့သွားတာလောက် ရိုးရှင်းမှာမဟုတ်ဘူး...ဒါက သမိုင်းစဉ်တလျှောက်မှာ မင်းရဲ့နာမည်ကို ထင်ပေါ်ကျော်ကြားသွားစေဖို့ လုံလောက်တယ်....ကျိုးဟုန်မိသားစုရဲ့ နာမည်ဂုဏ်သတင်းကလည်း မြင့်တက်လာလိမ့်မယ်...ငါက ထန်အင်ပါယာ ပျောက်ကွယ်သွားတာကို မြင်တွေ့ချင်တယ်...မင်း ဒီတာဝန်ကို ငြင်းဆန်လို့မရဘူး"

လုယွီ၏အသံသည် အလွန်အမင်း တည်ငြိမ်နေပေ၏။

သို့ရာတွင် ကျန်းရီ၏စိတ်အတွင်း၌ တဝီဝီအသံများကိုသာ ကြားနေရကာ သူ အလွန်အမင်း အံ့အားသင့်တုန်လှုပ်နေသည်။

ကျန်းရီက အနီးကပ်ကြည့်လိုက်ရာလုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ပျံသန်းနေသော အဝါရောင်နဂါးချီများကို မြင်တွေ့မိသည်။ဤသည်မှာ ကြီးမားကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါဖြစ်ကာ လေထုအတွင်း၌ ပျံ့လွင့်နေသည်။သူ့အား မြင်တွေ့သည့် မည်သူမဆို ဒူးထောက်အရိုအသေပြုလိုစိတ်များ ပေါက်ဖွားလာမည်ဖြစ်ကာ မိုးကောင်းကင်ပင်လျှင် အရှုံးပေးအညံ့ခံတော့မည့်အလားပင်။

"ကောင်းကင်ဘုံသားတော်ရဲ့ကံကြမ္မာ ...ဒါက အရမ်းအားကောင်းတာပဲ"

ကျန်းရီ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာ၌ လှိုင်းထန်သွားသည်။သူ၏ထိတ်လန့်တုန်လှုပ်မှုသည် စကားလုံးများဖြင့် ဖော်ပြရန်ထက်ပင် ကျော်လွန်နေလေပြီ။

လုယွီသည် ဤကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုးကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ပြသထားသည် မဟုတ်ချေ။ထိုအစား သူသည် သူ၏လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ်နေခြင်းဖြစ်သည်။

ဥပမာအနေဖြင့် သူသည် အဖြူရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားကာ လူအများအကြား၌ ရောနှော၍နေလျှင်ပင် ဤသည်မှာ သာလွန်ထူးကဲသော လူတစ်ယောက်ဖြစ်ကြောင်း အကြည့်တချက်ဖြင့် ပြောဆိုနိုင်ပေမည်။

လုယွီ ပြောဆိုသည့်စကားများမှာ အမှန်ပင်။ကျန်းရီအတွက် ယခုအချိန်၌ လိုအပ်နေသည်မှာ နာမည်ဂုဏ်သတင်းသာဖြစ်ပေ၏။

အကယ်၍ ကျိုးဟုန်မိသားစုသည် သူတို့၏နာမည်ဂုဏ်သတင်းကို ဤခေတ်ကာလအချိန်အတောအတွင်း၌ ပျံ့နှံ့စေလိုပါက အလွန်ကြီးမားသော ကိစ္စတစ်ခု သို့မဟုတ် နှစ်ခုကို ပြုလုပ်ရပေမည်။

လုယွီ ပြောဆိုသောစကားများသည် ကျန်းရီလိုအပ်သောအရာနှင့် တထပ်တည်းကျပေ၏။

"အရှင်လုရဲ့တန်ဖိုးထားမှုအတွက် ကျေးဇူးတင်ပါတယ်....အရှင်လုက ငါ့ကို ဘယ်လိုရာထူးနေရာမျိုး ခန့်အပ်မလဲဆိုတာ ငါ သိလို့ရမလား"

ကျန်းရီက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မေးမြန်းသည်။

လုယွီက ကျန်းရီကို စူးစိုက်ကြည့်ပြီး တုံ့ပြန်အဖြေပေးသည်။

"ဒီနေ့ကနေစပြီးတော့ ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့က မင်းရဲ့လက်အောက်ကို ရောက်သွားပြီ....မင်းက ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ရဲ့တပ်မှူးပဲ"

ထိုစကားများကိုကြားချိန်၌ ကျန်းရီသည် မိုးကြိုးဖြင့် ပစ်ခတ်ခံရသည့်အလား နေရာမှာပင် ကြက်သေသေသွားတော့သည်။

လုယွီသည် သူ့ကို အဆင့်မြင့်မားသော်လည်း အရေးပါခြင်းမရှိသော ရာထူးနေရာ၌ ခန့်အပ် မည်ဟု သူ မူလက တွေးထင်ခဲ့သည်။ဤကဲ့သို့ အလွန်ကြီးမားသော ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့၏တပ်မှူးအဖြစ် သူ့အား ခန့်အပ်မည်ဟု သူ တစ်ကြိမ်တစ်ခါ​မျှ မျှော်လင့်ထားမိခြင်းမရှိချေ။

အရာရှိရာထူးအဆင့်အတန်းများသည် မြင့်မားသော်လည်း တော်ဝင်နန်းတွင်း၏အရာရှိများဖြစ်သဖြင့် လုယွီ၏အစစ်အမှန်လက်အောက်ငယ်သားဟု ယူဆ၍မရချေ။

လုယွီ၏တိုက်ရိုက်အမိန့်အောက်တယ် အဖွဲ့နှစ်ဖွဲ့ရှိကြောင်း လူတိုင်း သိရှိထားပြီးဖြစ်သည်။အဖွဲ့တစ်ဖွဲ့သည် ပုန်းကွယ်နဂါးစစ်တပ်ဖြစ်ပြီး တခြားအဖွဲ့သည် ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ပင်။

လုယွီသည် ဤကဲ့သို့ အစစ်အမှန်လက်အောက်ခံအဖွဲ့အစည်းတစ်ခုကို သူ့အားပေးအပ်ရန် ဆန္ဒရှိမည်ဟု သူ မျှော်လင့်မထားမိချေ။

Chapter 4514

ကျန်းရီက လုယွီကို အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးနောက် အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"အရှင်လု...မင်း တကယ်ပြောနေတာလား....တကယ်လို့ ငါက ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ရဲ့ တပ်မှူးဖြစ်လာမယ်ဆိုရင် မင်းရဲ့သတင်းပေးအဖွဲ့တစ်ခုလုံး ငါ့ရဲ့လက်ထဲကို ရောက်လာတာနဲ့ အတူတူပဲ မဟုတ်လား"

အတိတ်တွင် သူသည်လည်း ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့သည်။

ထို့ကြောင့် ဤအဖွဲ့အစည်း မည်မျှထိကြောက်မက်ဖွယ်ကောင်းသည်ကို သူ ကောင်းစွာသိရှိထားပေ၏။

ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့သည် စည်းကမ်းအလွန်အမင်း တင်းကြပ်ပြီး သတင်းများကို ပေါက်ကြားသွားစေခြင်းမရှိချေ။

ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့တွင် လမ်းများပေါ်ရှိစျေးသည်များ မြို့များအတွင်း၌ လှည့်သွားလာနေသောစစ်သားများ ဂိုဏ်းအင်အားစုများ၏အကြီးအကဲများ တော်ဝင်နန်းတွင်း၏အရာရှိများစသဖြင့် လူတန်းစားမျိုးစုံပါဝင်သည်။

နေ့စဉ်နေ့တိုင်း ထိုလူများထံမှ ရရှိသောသတင်းအချက်အလက်များသည် ပင်လယ်သမုဒ္ဒရာကြီးတစ်စင်းကဲ့သို့ ကျယ်ပြန့်ကာ အဆင့်တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်သန်း၍ သတင်းထိန်းချုပ်သူ၏လက်အတွင်း၌ စုဝေးသွားသည်။

ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ကို ထိန်းချုပ်ထားနိုင်သော မည်သူမဆို ကောင်းကင်ဘုံနယ်မြေအတွင်းရှိ အရာရာတိုင်းကို သိရှိနိုင်သည့်ပိုင်းခြားသိမြင်နိုင်သော မျက်လုံးတစ်စုံအား ပိုင်ဆိုင်ထားသည်နှင့် ညီမျှသည်။

ကျန်းရီသည် မူလက ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့၏ အဆင့်နိမ့်ဆုံးသူလျှိုတစ်ယောက်ပင်။သူသည် ထိုအဖွဲ့အစည်း၏အဖျားအနားကိုသာ မြင်တွေ့ခဲ့ရသည့်တိုင် သူ့အား ထိတ်လန့်ကြောက်ရွံ့သွားစေရန် လုံလောက်သည်။

လုယွီသည် ကျန်းရီကို ဆွဲဆောင်နိုင်ရန်အတွက် ဤကဲ့သို့ အရေးပါသောရာထူးနေရာကို ပေးအပ်ခဲ့သည်။ထိုကြောင့် သူသည် ငြင်းဆန်ခြင်း မပြုနိုင်တော့ချေ။

'ဒါက ဧကရာဇ်တစ်ပါးရဲ့အပြုအမူပဲ...သူရဲ့လုပ်ရပ်တိုင်းက ဖြောင့်မတ်မှန်ကန်ပြီးတော့ သမာသမတ်ကျတယ်...ဒါပေမယ့် ဘယ်သူကမှ မငြင်းဆန်နိုင်ဘူး'

ဤတစ်ကြိမ်၌ ကျန်းရီသည် လုယွီ၏အတင့်ရဲမှုနှင့်ပတ်သက်ပြီး ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။

အကယ်၍ လုယွီ၏နေရာတွင် သူ ဖြစ်နေပါက ဤကဲ့သို့ အရေးပါသောအင်အားစုတစ်စုကို အပြင်လူတစ်ယောက်အား မည်သည့်နည်းနှင့်မျှ လက်လွှဲပေးနိုင်မည်မဟုတ်ချေ။

"ဘာမှ မစိုးရိမ်နဲ့....ဒါက မင်းကို ရာထူးသက်သက် ပေးထားတာမဟုတ်ဘူး...မင်းရဲ့အရည်အချင်းကို ငါ ယုံကြည်တယ်"

လုယွီက ပြောဆိုသည်။

"မင်း ဘယ်လို သဘောရလဲ...ငါ့ရဲ့ ရိုးသားမှုကို ငါ အစွမ်းကုန်ပြသပြီးပြီ...ငါနဲ့ပူးပေါင်းဖို့ ဆန္ဒရှိမရှိဆိုတာကတော့ ဆရာကျန်းပေါ်မှာပဲ မူတည်တယ်"

မိုးကောင်းကင်ယံမှနေ၍ နှင်းများ ထပ်မံ၍ကျဆင်းလာသည်။

တဟူးဟူးတိုက်ခတ်နေသော လေအေးများအောက်တွင် အဝေးရှိမြို့အတွင်းမှနေ၍ မီးပန်းဖောက်သံများနှင့်ရယ်မောသံများကို ကြားနေရသည်။

"ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာမှတော့ တကယ်လို့ ငါ ဆက်ပြီးတော့ ငြင်းဆန်နေမယ်ဆိုရင်....အခုလက်ရှိအခြေအနေကို ငါက သတိမပြုမိသလို ဖြစ်သွားလိမ့်မယ်"

ကျန်းရီက သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"ငါ ကျန်းရီက အရှင်လုကို အရိုအသေပြုပါတယ်"

ကျန်းရီသည်နောက်ဆုံး၌ အညံခံလိုက်လေပြီ။

ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ လုယွီသည်လည်း သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။

ရှေးဟောင်းကျိုးဟုန်မိသားစုသည် မည်မျှထိအစွမ်းထက်သည်ကို သိရှိသူမှာ သူတစ်ယောက်တည်းသာ ရှိပေ၏။

ကျန်းရီတယောက်တည်းဖြင့် ပုန်းကွယ်နဂါးစစ်တပ်၏ တပ်ရင်းအမြောက်အများကိုတိုက်ခိုက်ရန် လုံလောက်သည်။

ဝေ့ယန်မြို့အတွင်း၌ ဆရာကျန်း အသုံးပြုသွားသော စစ်နည်းဗျူဟာအရ အစပထမတွင် လူအများ၏စိတ်နှလုံးသားကို လှုပ်ရှားစေပြီး ဒုတိယအချက်အနေဖြင့် အရာရှိများကို စိတ်မတည်မငြိမ်ဖြစ်စေကာ မြို့တံခါးကိုဖွင့်ရန် စီစဥ်ထားခြင်းဖြစ်သည်။

ကျန်းရီသည် စစ်နည်းဗျူဟာနှင့် အကွက်ချကြံစည်ရာ၌ အရည်အချင်းရှိသူတစ်ယောက်ပင်။ဤကဲ့သို့ အရည်အချင်းရှိသူတစ်ယောက်သည် အလွန်အမင်းရှားပါးသဖြင့် မည်သည့်ကိစ္စမျိုး ရှိနေပါစေ လုယွီသည် သူ့အား သိမ်းသွင်းရပေမည်။

ဖေးထျန်ကွမ်းသည် ယခုအချိန်၌ လုယွီ၏လက်အောက်မှ စစ်နည်းဗျူဟာမှူးပင်။ နေ့စဉ်နေ့တိုင်း သူ ကိုင်တွယ်ဖြေရှင်းရသည့် အုပ်ချုပ်ရေးအရေးကိစ္စများ အလွန်အမင်းများပြားသည်။သူသည် ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ကို ထပ်မံ၍စီမံအုပ်ချုပ်ရပါက သူ ကိုင်တွယ်ဖြေရှင်းနိုင်ရန် အနည်းငယ်ခက်ခဲသွားပေမည်။

အကယ်၍ ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့သည် ကျန်းရီ၏လက်အတွင်းသို့ ရောက်ရှိသွားပါက ဖေးထျန်ကွမ်းသည် တခြားကိစ္စများကို ပို၍အာရုံစူးစိုက်နိုင်ပေမည်။

"ဒါက ထန်အင်ပါယာကိုချေမှုန်းမယ့် ငါ့ရဲ့အစီအစဉ်ထဲကတစ်ခုလို့ ယူဆနိုင်တယ်...မင်းက မင်းရဲ့ကိုယ်ပိုင်နားလည်သဘောပေါက်မှုအရ ဖြစ်ပေါ်လာတဲ့ကိစ္စတွေအားလုံးကို ရင်ဆိုင်ဖြေရှင်းရလိမ့်မယ်"

လုယွီက သူ၏လက်ညှိုးကိုဆန့်တန်းပြီး ကျန်းရီ၏နဖူးထံသို့ ညွှန်လိုက်သည်။

ကြီးမားကျယ်ပြန့်သော မှတ်ဉာဏ်များသည် ချက်ချင်းဆိုသလိုပင် ကျန်းရီ၏စိတ်အတွင်းသို့ စီးဝင်သွားပေ၏။

ကျန်းရီသည် အနည်းငယ်အံ့အားသင့်သွားပြီးနောက် နေရာမှာပင် ကြက်သေသေသွားတော့သည်။

လုယွီသည် အစီအစဉ်၏တစ်ပိုင်းတစ်စကိုသာ ထုတ်ဖော်ပြသခဲ့သော်လည်း ဤသည်မှာ ကျန်းရီ၏မျှော်လင့်ချက်ထက် များစွာပို၍ကျော်လွန်နေပြီး သူ့အား ထိတ်လန့်တုန်လှုပ်သွားစေသည်။

အရှင်တို့မင်းကမင်းရဲ့အစီအစဉ်ကိုငါ့ကို ပြောပြခဲ့တဲ့ ငါက မင်းရဲ့အစီအစဉ်ကိုယူပြီးတော့ထံအင်ပါယာစီကိုသွားမှာမင်းမစိုးရိမ်ဘူးလား။

ကျန်းရီက အနည်းငယ်ဝေခွဲရခက်နေသော အမူအယာဖြင့် မေးမြန်းသည်။

လုယွီက ခပ်ဖျော့​ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။

"ငါ မစိုးရိမ်ဘူး"

လုယွီ၏ ယုံကြည်ချက်အခိုင်အမာရှိသောတုံ့ပြန်မှုကို ကြည့်ပြီး ကျန်းရီက အလျှင်အမြန် အသိဝင်သွားတော့သည်။

လုယွီသည် အစီအစဥ်တစ်ခုလုံးကို သူ့အား ထုတ်ဖော်ပြောဆိုဝံ့သဖြင့် တခြားအစီအစဉ်များလည်း ရှိနေပေမည်။

ဤအချိန်အခိုက်အတန့်၌ ကျန်းရီသည် ထပ်မံ၍စကားပြောဆိုခြင်းမရှိတော့ဘဲ လုယွီထံ၌ လုံးလုံးလျားလျား အညံခံလိုက်လေပြီ။

"အရှင်လု...မင်းက ငါ့ကိုယုံကြည်မှတော့ ငါက မင်းအတွက် ဘယ်ကိစ္စမျိုးမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်"

ကျန်းရီက ပြောဆိုသည်။

Chapter 4515

ကျန်းရီသည် ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့၏ တပ်မှူးဖြစ်သွားသည်ဟူသော သတင်းသည် လုယွီ၏လက်အောက်ရှိ အသိုင်းအဝိုင်းငယ်လေးအတွင်း၌သာ ပျံ့နှံ့သွားသည်။

ပုန်းကွယ်နဂါးစစ်တပ်နှင့် ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ တို့ နှစ်ခုလုံးသည် လုယွီ၏အမိန့်အောက်၌ ရှိနေသော်လည်း တစ်ဖက်နှင့်တစ်ဖက် ရင်းနှီးကျွမ်းဝင်ခြင်းမရှိချေ။တပ်မှူးတချို့သည် ကျန်းရီကို သဘောကျနှစ်ခြိုက်ခြင်းမရှိသော်လည်း သူသည် လုယွီကိုယ်တိုင် ခန့်အပ်ထားသူဖြစ်နေသည်။ထို့ကြောင့် သူတို့သည် မည်သည့်စောဒကတက်မှုမျိုးကိုမျှ ပြုလုပ်ဝံ့ခြင်း မရှိချေ။

ချီအင်ပါယာပျက်စီးသွားပြီးနောက် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံး အလွန်အမင်းငြိမ်းချမ်းသွားသည်။

လုယွီအတွက် အားလပ်ချိန်ရသည်မှာ အလွန်အမင်းရှားပါးပေ၏။ယခုလက်ရှိအချိန်၌ သူသည် နေ့စဉ်နေ့တိုင်း သူ၏မိဘနှစ်ပါးနှင့်နျူနျူတို့ကို အဖော်ပြုကာ အနားယူနေသည်။

လုယွီသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာစဉ်ကတည်းက သူ၏မိသားစုကို အဖော်ပြုပေးသည်မှာ အလွန်ရှားပါးသည်။ဤရက်အနည်းငယ်အတွင်းနှင့် သူသည် ပျော်ရွှင်မှုကို ခံစားရလေ၏။

ချီတော်ဝင်နန်းတော်၏ အနောက်ဘက်တောင်၌...

ကျယ်ပြန့်သောလေ့ကျင့်ရေးကွင်းပြင်ပေါ်တွင် လုမိသားစုဝင်လူငယ်များ လေ့ကျင့်နေကြသည်။

ဟိုင်း....

ဟိုက်ယား...

ထိုလူငယ်များ၏အော်ဟစ်သံများလည်း လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးအနှံ့ ပျံ့နှံ့နေပေ၏။

လုမိသားစုဝင်လူငယ်များသည် သူတို့၏ခန္ဓာကိုယ်များကို ထိန်းညှိနိုင်သော ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံကြသည်။

ပြင်ပတွင် အဖြူရောင်နှင်းများ လွမ်းခြုံနေကာ လေအေးများ တိုက်ခတ်နေသည်။သို့ရာတွင် ဤလူငယ်များအားလုံးတွင် စွမ်းအားများဖြင့်ပြည့်ဝပြီး တက်ကြွဖျတ်လတ်နေသည်။

သူတို့၏ခန္ဓာကိုယ်များမှနေ၍ ပူနွေးသောအခိုးအငွေများ ထွက်ပေါ်နေပေ၏။ထိုအခိုးအငွေ့များသည် လေထုအတွင်းသို့ မြင့်တက်သွားပြီးနောက် ပတ်ဝန်းကျင်ရှိ အေးစက်မှုများကို ပျက်ပြယ်သွားစေသည်။

ဤသည်မှာ လုမိသားစုအတွက် လုယွီမှရွေးချယ်ပေးခဲ့သော ကျင့်ကြံနည်းစနစ်များပင်။ သူသည် လုမိသားစုဝင်လူငယ်များကို သူကိုယ်တိုင်သင်ကြားပေးခဲ့သည့်အပြင် သူတို့အား ကျင့်ကြံခြင်းအရင်းအမြစ် အမြောက်အများကို ပေးအပ်ခဲ့သည်။

ဤသည်မှာ အပြင်လူများကို မနာလိုအားကျဖြစ်စေနိုင်သည့် ကိစ္စတစ်ခုပင်။အကယ်၍ ဤကဲ့သို့ များပြားသော ကျင့်ကြံခြင်းအရင်းအမြစ်များသည် ပြင်ပလောကသို့ ရောက်ရှိသွားပါက ကျင့်ကြံသူအမြောက်အများ၏ လုယက်မှုကြောင့် သွေးမုန်တိုင်းများ ဖြစ်ပေါ်လာပေမည်။ဤကျင့်ကြံခြင်းအရင်းအမြစ်များအနက်မှ မည်သည့်တစ်ခုမဆို အလွန်အဖိုးတန်ရှားပါးသောအရာပင်။

"သခင်လေး..."

လုမိသားစုဝင်လူငယ်များသည် လုယွီ လျှောက်လှမ်းလာသည်ကို မြင်တွေ့ချိန်၌ သူ့အား အလျင်စလို နှုတ်ဆက်လိုက်ကြသည်။

သူတို့၏မျက်လုံးများအတွင်း၌ ရူးသွပ်စွဲလန်းသောအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။သူတို့အတွက် လုယွီသည် ဒဏ္ဍာရီတစ်ခုအလားပင်။သူသည် သူတို့ကို ထင်ပေါ်ကျော်​ကြားလာအောင် ပြုလုပ်ပေးနိုင်သည့် ကျေးဇူးရှင်တစ်ယောက်ပင်။

ဤကဲ့သို့ အလွန်များပြားသော ကျင့်ကြံခြင်းအရင်းအမြစ်များအပြင် သူတို့သည် အောက်ဘုံ၏ဥပဒေသများဖြင့် ချည်နှောင်ထားခြင်း မခံရတော့သောကြောင့် သူတို့၏စွမ်းအားများသည် ယခင်ထက် အဆများစွာမြင်တတ်လာခဲ့သည်။

"မဆိုးဘူး...မင်းတို့တွေအားလုံး ကောင်းကောင်းလုပ်နိုင်ကြတယ်"

လုယွီက သူ၏ခေါင်းကိုညိတ်ပြီး ချီးမွမ်းစကားပြောဆိုသည်။

သူ့ရှေ့ရှိ လုမိသားစုဝင်လူငယ်များသည် အမှန်တကယ်ကို ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကြောင်း သူ ပြောဆိုနိုင်သည်။

ဤလူငယ်များသည် အတိတ်တွင် အောက်ဘုံ၌ ချမ်းသာကြွယ်ဝသောမိသားစုတစ်စု၏ သခင်လေးများ ဖြစ်ခဲ့သည်။သို့ရာတွင် အောက်ဘုံအတွင်းရှိ လုမိသားစုဝင်များကို ချီအင်ပါယာမှဖမ်းဆီးသည့်ကိစ္စကို ကြုံတွေ့ရပြီးနောက် သူတို့သည် ခွန်အား၏အရေးပါပုံကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားသည်။ကောင်းကင်ဘုံနယ်မြေ၌ သူတို့သည် အရေးမပါသောလူများပင်။

အထူးသဖြင့် လုယွီသည် အလွန်များပြားသော ကျင့်ကြံခြင်းအရင်းအမြစ်များကို သူတို့၏ရှေ့သို့ချပေးချိန်၌ သူတို့အားလုံး ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့သည်။

ဤအချိန်အခိုက်အတန့်၌ အကယ်၍ သူတို့သည် ထိုအရင်းအမြစ်များကို အသုံးပြု၍ သူတို့၏စွမ်းအားကို တိုးတက်အောင်မပြုလုပ်ဘဲ ဤအခွင့်အရေးကို လက်လွှတ်လိုက်ရပါက သူတို့နောင်တရရန် အလွန်နောက်ကျသွားပေမည်။

"ငါရဲလုမိသားစုထဲက လူငယ်အများစုက အပြင်ကိုထွက်ပြီး အတွေ့အကြုံရှာချင်နေတယ်လို့ ငါ ကြားထားတယ်"

လုယွီက လူငယ်များအားလုံးကို ဝေ့ဝိုက်ကြည့်ပြီး ပြောဆိုသည်။

"တကယ်လို့ မင်းတို့ အပြင်ကိုထွက်ချင်တယ်ဆိုရင် ငါ မင်းတို့ကို တားမှာမဟုတ်ဘူး....ကောင်းကင်ဘုံနယ်မြေက ကြီးမားကျယ်ပြန့်တယ်...ဒါက အောက်ဘုံမှာရှိတဲ့ ပင်လယ်ကြီးလေးစင်းထက်တောင် ပိုပြီးတော့ ကျယ်ပြန့်တယ်...နတ်ဆိုးသားရဲမျိုးနွယ် နတ်ဘုရားမျိုးနွယ် နတ်ဆိုးမျိုးနွယ် လူသားမျိုးနွယ်စတဲ့ မျိုးနွယ်တွေအမျိုးမျိုးရှိပြီးတော့ ကြယ်နယ်မြေတိုင်းမှာ နတ်ဆိုးသားရဲတွေနဲ့ ပြည့်နေတယ်...တချို့ကြယ်နယ်မြေတွေကို ထူးဆန်းတဲ့ပိုးမွှားတွေက သိမ်းပိုက်ထားတယ်...အဲဒီကိစ္စတွေက မင်းတို့အောက်ဘုံမှာ ဘယ်တုန်းကမှ ကြုံတွေ့ခဲ့ဖူးမယ့် အရာတွေ မဟုတ်ဘူး"

လုယွီ၏ရှင်းပြချက်ကိုကြားချိန်တွင် လူငယ်များအားလုံး၏မျက်လုံးများအတွင်း၌ ပြင်းပြသောစိတ်ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။

ကောင်းကင်ဘုံနယ်မြေသည် အလွန်ကြီးမားကျယ်ပြန့်ပေ၏။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုတည်းသက်သက်ဖြင့် ကြယ်နယ်မြေနှစ်ရာစာ​ပမာဏမျှ ကျယ်ပြန့်သည်။

ဤသည်မှာ ကြယ်မြစ်တစ်ခုလုံးတွင် ကြယ်နယ်မြေနှစ်ရာသာရှိသည်ဟု ဆိုလိုခြင်းမဟုတ်ချေ။အမှန်အားဖြင့် တချို့ကြယ်နယ်မြေများသည် အလွန်သေးငယ်ပေ၏။ထိုကြယ်နယ်မြေများကို ထူးဆန်းသောသားရဲများမှ သိမ်းပိုက်ထားသဖြင့် အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိများသည် ထိုနေရာများ၌ အခြေချနေထိုင်နိုင်ခြင်းမရှိချေ။အကယ်၍ ထိုကြယ်နယ်မြေများအားလုံးကို ထည့်သွင်းတွက်ချက်ပါက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တွင် အရွယ်အစားအမျိုးမျိုးရှိသော ကြယ်နယ်မြေသုံးထောင်ကျော်ရှိကာ အလွန်အမင်းကြီးမားကျယ်ပြန့်သည်။

ကြယ်နယ်မြေအမြောက်အများရှိနေသဖြင့် လူအများစူးစမ်းရှာဖွေရန်အတွက် နေရာအမြောက်အများလည်း ရှိနေသည်။

လုမိသားစုဝင်လူငယ်များသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပေ၏။

"မင်းတို့ အပြင်ကို ထွက်တဲ့အချိန်ကျရင် မင်းတို့က လုမိသားစုရဲ့မျက်နှာကို ကိုယ်စားပြုနေတယ်...ဒါကြောင့် မင်းတို့ ဆက်ပြီးတော့ သေသေချာချာကျင့်ကြံရမယ်...မင်းတို့ကိုယ်တိုင်အတွက် ဒါမှမဟုတ်ရင် မင်းတို့ရဲ့မိသားစုအတွက် မင်းတို့ရဲ့စွမ်းအားကို မြှင့်တင်နိုင်အောင် အကောင်းဆုံးကြိုးစားရမယ်"

လုယွီ၏အားပေးမှုအောက်တွင် လုမိသားစုဝင်လူငယ်များထံ၌ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားသည်။

တစ်ချိန်တည်းမှာပင် လုယွီသည် ရှင်းယန်မြို့အတွင်း၌ လေ့ကျင့်ရေးစစ်စခန်းသုံးခုကို တည်ဆောက်ခဲ့ကာ စစ်ရေးအတွက် သီးသန့်နေရာအမြောက်အများကိုလည်း ခင်းကျင်းခဲ့သည်။

နွေဦးဆောင်ဦးနှစ်သစ်အချိန်ကာလ၏ ဒုတိယမြောက်လ တတိယ​နေ့တွင် ပုန်းကွယ်နဂါးစစ်တပ်သည် လက်ယာစစ်တပ်နယ်မြေ၏အုပ်ချုပ်ရေးရုံးတော်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ယုဝမ်မိသားစုကို အမြစ်ပြတ်သုတ်သင်ခဲ့သည်။ဤသည်မှာ ချီအင်ပါယာ၏နောက်ဆုံးခုခံကာကွယ်မှုကို ဖျက်ဆီးခဲ့ခြင်းပင်။

ဤလအတွင်းမှာပင် ပုန်းကွယ်နဂါးစစ်တပ်သည် တပ်ရင်းလေးဆယ်အထိ ထပ်မံ၍ချဲ့ထွင်နိုင်ခဲ့သည်။လုယွီ၏ ငွေကြေးအရင်းအမြစ်များဖြင့် ကူညီထောက်ပံ့ပေးမှုများအရ စုစုပေါင်းတပ်ရင်းငါးဆယ့်ရှစ်ခုထိ ဖြစ်လာခဲ့ကာ ကြယ်မြစ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ သူ၏အင်အားစုကို တာယွီအင်ပါယာအတွင်း၌ နံပါတ်တစ်အင်အားစုဟုပင် ယူဆနိုင်ပေ၏။

All Chapters