← Chapters

အခန်း (၄၅၁၆-၄၅၂၀)

Vol. 229 Ch. 4516-4520

အခန်း (၄၅၁၆-၄၅၂၀)

Vol. 229 Ch. 4516-4520

Chapter 4516

နွေဦးဆောင်ဦးနှစ်သစ်၏ တတိယမြောက်လ ပထမနေ့....

ဤသည်မှာ မမေ့နိုင်သောနေ့တစ်နေ့ပင်။ရှင်းယန်မြို့အတွင်းရှိ လမ်းများပေါ်တွင် လူများဖြင့်စည်ကားနေကာ မိုးပြာနဂါးလမ်းထံသို့ဦးတည်၍ သွားနေကြသည်။

ထိုလမ်းတလျှောက်တွင် ချီဘုရင်ကျိုးထုံ၏လက်အောက်ငယ်သားများ ချီအိမ်ရှေစံမင်းသားဟောင်းကျိုးယွမ်မြောင်နှင့် ကျိုးမိသားစု၏မျိုးဆက်တချို့ကို ဖမ်းဆီးထားသည့် အချုပ်လှည်းများကို မောင်းနှင်လာသည်။ထိုအကျဥ်းသားများ၏အရေအတွက်သည် နှစ်ဆယ့်ခုနစ်ယောက် ရှိပေ၏။

အချုပ်လှည်းများ၏နံဘေးတွင် အနက်ရောင်သံချပ်ကာဝတ်စစ်သားများ စောင့်ကြပ်နေကာ သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။လမ်း၏ဝဲယာနှစ်ဖက်စလုံးကိုလည်း ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများက တင်းတင်းကြပ်ကြပ် ကာကွယ်စောင့်ကြပ်ထားသည်။

ချီအင်ပါယာတော်ဝင်မိသားစုမှ အသက်ရှင်ကျန်ရစ်သူများအားလုံး ရှင်းယန်မြို့သို့ ပို့ဆောင်ခြင်း ခံရလေပြီ။

မရေမတွက်နိုင်သော မျက်လုံးအကြည့်များသည် ထိုအကျဉ်းသားများထံသို့ ကျရောက်နေပေ၏။အတိတ်တွင် သူတို့သည် ရှင်းယန်မြို့အတွင်း၌ အလွန်သြဇာအာဏာကြီးမားသောအာဏာရှင်များပင်။ယနေ့တွင် သူတို့သည် ဤကဲ့သို့ပုံစံမျိုးဖြင့် အဆုံးသတ်သွားရသဖြင့် လူအများ သက်ပြင်းရှိုက်နေကြသည်။

ချီအိမ်ရှေ့စံမင်းသား၏ဆံပင်များ ဖရိုဖရဲဖြစ်နေကာ သူသည် အကျဥ်းသားဝတ်စုံကို ဝတ်ဆင်ထားသည်။သို့ရာတွင် သူ၏ခေါင်းကို မော့ထားဆဲဖြစ်ကာ သူ့ထံ၌ မောက်မာထောင်လွှားသော အမူအယာတစ်ရပ်ရှိနေသည်။

ဤကဲ့သို့အပြုအမူကြောင့် လူအများသည် ပို၍ဒေါသထွက်သွားပေ၏။

"ဒါက တကယ့်ကို မိုးကောင်းကင်တာအိုက တရားမမျှတမှုအတွက် တုံ့ပြန်တာပဲ...ကျိုးမိသားစုက ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ...သူတို့တွေ အခု ဝဋ်ပြန်လည်နေပြီ"

"လူတွေအများကြီးရဲ့ချမ်းသာကြွယ်ဝမှုတွေကို ထန်အင်ပါယာက လုယက်ခဲ့တယ်..ဒါပေမဲ့ချီအင်ပါယာရဲ့လူတွေက ငါတို့အတွက် စကားတစ်ခွန်းတောင် ဝင်မပြောခဲ့ဘူး...အဲ့ဒီအစား သူတို့က ထန်အင်ပါယာနဲ့ပူးပေါင်းပြီးတော့ ငါတို့ကို အနိုင်ကျင့်ခဲ့တယ်...ခုလိုဖြစ်လာအောင် သူတို့ကိုယ်တိုင် လုပ်ခဲ့တာပဲ"

"ဒါ့ပြင် ကျိုးမိသားစုရဲ့ခွေးမသားလေးတွေက သူတို့ရဲ့အဆင့်အတန်းကို အသုံးချပြီးတော့ မြို့ထဲမှာ ဆိုးရွားတဲ့ကိစ္စတွေကို နေ့တိုင်းလုပ်တယ်...သူတို့ကြောင့် မိန်းကလေးတွေအများကြီး ပျက်စီးခဲ့ရတယ်"

လူအမြောက်အများသည် ကျိုးမိသားစုဝင်များနှင့် ချီတော်ဝင်မိသားစုဝင်များကို ဆဲဆိုလိုက်ကြသည်။သူတို့သည် ကျိုးမိသားစုနှင့်ချီအင်ပါယာအပေါ် အလွန်အမင်း အထင်အမြင်သေးနေကြ၏။

သာမန်အားဖြင့် ရှင်းယန်မြို့အတွင်း၌ ဤလူများ၏တော်ဝင်အဆင့်အတန်းကြောင့် လူအများသည် ရူးသွပ်မိုက်မဲသော ကိစ္စရပ်များကို လုပ်ဆောင်ဝံ့ခြင်းမရှိချေ။သူတို့၏အဆင့်အတန်းကြောင့် မြို့အတွင်းရှိလူများသည် ယခင်က စောဒကတက်ဝံ့ခြင်း မရှိခဲ့သော်လည်း ယနေ့တွင်မူ ကွဲပြားခြားနားသွားလေပြီ။

ဝှစ်....

ကြက်ဥပုတ်တစ်လုံး ရုတ်တရက် ပျံ့လွင့်လာကာ အိမ်ရှေစံမင်းသား၏မျက်နှာကို ထိမှန်သွားသည်။

အိမ်ရှေ့စံမင်းသား၏နဖူးပေါ်တွင် အညစ်အကြေးများနှင့် ပေကျံသွားကာ သူ့ထံသို့ ယင်ကောင်အမြောက်အများ ပျံသန်းလာသည်။

"ရိုင်းလိုက်တဲ့ကောင်တွေ...မင်းတို့က သေချင်နေတာလား"

ချီအိမ်ရှေ့စံမင်းသားက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

သူသည် ငယ်ရွယ်စဥ်အချိန်ကတည်းက ခမ်းနားထည်ဝါသောဘဝဖြင့် နေထိုင်ခဲ့ရကာ သာလွန်ထူးကဲသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။သူသည် ယခင်က ဤကဲ့သို့ပုံစံမျိုးဖြင့် တစ်ကြိမ်တစ်ခါမျှ ဆက်ဆံခံခဲ့ရခြင်း မရှိချေ။

"မင်းက ဘာတွေ ဟန်ဆောင်နေတာလဲ....အခုအချိန်မှာ မင်းကိုယ်မင်း အိမ်ရှေ့စံမင်းသားလို့ ထင်နေသေးတာလား"

"ချီအင်ပါယာတောင်မှ ပျက်စီးသွားခဲ့ပြီ...အကျဉ်းသားတစ်ယောက်က ဘယ်လိုသတ္တိမျိုးနဲ့ ဒီလောက်ထိ မောက်မာဝံ့တာလဲ"

ပတ်ဝန်းကျင်ရှိနေသည့် စောင့်ကြည့်နေသူများအားလုံး ဒေါသထွက်သွားသည်။

လူအများ၏စိတ်နှလုံးသားအတွင်းများအတွင်း၌ အချိန်အတော်ကြာ ချိုးနှိပ်ထားခဲ့သောဒေါသများ ဤအချိန်အခိုက်အတန့်၌ ပွင့်အံ့ထွက်လာလေပြီ။လူအများသည် ဟင်းသီးဟင်းရွက်ပုပ်များ ဝါးတုတ်များ ကြက်ဥပုပ်များဖြင့် ချီအိမ်ရှေ့ဆက်မင်းသား၏မျက်နှာကို ပစ်ခတ်လိုက်ကြ၏။

"မင်းတို့အားလုံးက သေလမ်းရှာနေကြတာပဲ...ငါ အပြင်ကိုထွက်နိုင်တာနဲ့ ငါက မင်းတို့အားလုံးကို သေဒဏ်ပေးမယ်...အဟွတ်...အဟွတ်...အဟွတ်..."

ချီအိမ်ရှေစံမင်းသားသည် ဆဲဆိုရန်ဟန်ပြင်လိုက်စဉ်မှာပင် ဟင်းရွက်တစ်ရွက်သည် အဝေးမှပျံ့လွင့်လာကာ သူ၏ပါးစပ်အတွင်းသို့ ဝင်သွားသည်။ထို့ကြောင့် သူသည် မွန်းကြပ်သွားကာ အသက်မရှုနိုင်လုနီးပါး ဖြစ်သွားပေ၏။

"အစောင့်တွေကို အကြောင်းကြားလိုက်စမ်း...ဒီနေရာကနေ မြန်မြန်ဖြတ်သွားကြစို့"

အိမ်ရှေ့စံမင်းသားကို စောင့်ကြပ်ရာ၌ တာဝန်ယူထားသော ပုန်းကွယ်နဂါးစစ်တပ်မှအရာရှိသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ မျက်မှောင်ကြုတ်လိုက်သည်။သူသည် သူ၏လက်ကို အလျှင်အမြန်ဝှေ့ယမ်းကာ အမိန့်ပေးသည်။

စောင့်ကြပ်ရေးအဖွဲ့သည် ချက်ချင်းဆိုသလိုပင် ရှေ့သို့ ဖြတ်သန်းသွားသည်။ဤအကျဉ်းသားများအား စောင့်ကြိုနေသည်မှာ လူအများ၏ဒေါသများ ဖြစ်နေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

ကံကောင်းထောက်မစွာဖြင့် ထိုလူများသည် ပုန်းကွယ်နဂါးစစ်တပ်၏ ထိန်းချုပ်ကန့်သတ်မှုကြောင့် ငြိမ်သက်သွားသည်။ဤနေရာတွင်ရှိနေသော မြို့သူမြို့သားများသည် ဒေါသထွက်နေသည့်တိုင် သူတို့၏ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားကာ တရားလွန်ပြုလုပ်ခြင်းမရှိချေ။

ရှင်းယန်မြို့အတွင်း၌ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင် အမြောက်အများရှိနေသည်။မြို့အတွင်း၌ စားသောက်ဆိုင်ကိုးဆိုင်နှင့် လက်ဖက်ရည်ဆိုင်ဆယ့်ရှစ်ဆိုင်ရှိသဖြင့် စျေးနေရာသည် အလွန်အမင်းစည်ကားပေ၏။

မိုးပြာနဂါးလမ်း၏တစ်နေရာတွင် ငါးထပ်မြင့်မားသော စားသောက်ဆိုင်တစ်ဆိုင်ရှိသည်။ တစ်စုံတစ်ယောက်သည် ဤဆိုင်၏ထိပ်ဆုံးထပ်မှ ကြည့်ပါက လမ်းပေါ်တွင်ရှိနေသော အရာရာတိုင်းကို အကြည့်တချက်ဖြင့် မြင်တွေ့နိုင်သည်။

Chapter 4517

ဤအချိန်အခိုက်အတန့်၌ စားသောက်ဆိုင်၏ပဉ္စမထပ်တွင် ကျင့်ကြံသူဆယ်ယောက်ကျော် ထိုင်နေသည်။

သူတို့သည် ကွဲပြားခြားနားသောဝတ်စုံများကို ဝတ်ဆင်ထားပေ၏။တချို့သည် ကျောင်းတော်သားဝတ်စုံများကို ဝတ်ဆင်ထားသည့် ကျောင်းတော်သားများဖြစ်ကာ တချို့ သည် အဖာအစပ်များပါသည့် လူဆင်းရဲဝတ်စုံများကို ဝတ်ဆင်ထားပြီး တချို့ကမူ လူချမ်းသာကုန်သည်ဝတ်စုံများကို ဝတ်ဆင်ထားသည်။

ထိုကျင့်ကြံသူများကို ကြည့်ရသည်မှာ သာမန်ဆန်သော်လည်း သူတို့ အမှတ်မထင်ပြုလုပ်လိုက်သော လှုပ်ရှားမှုတိုင်းတွင် ကြီးမားကျယ်ပြန့်သော ဖိအားအရှိန်အဝါတစ်ရပ် ပေါ်လွင်နေကာ သူတို့၏ခွန်အားကို ပြသနေပေ၏။

ဤလူများအားလုံးသည် ဖုံးကွယ်ထားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။

စတုတ္ထထပ်တွင်ရှိနေသော ဧည့်သည်များအားလုံး ထိုင်နေကြကာ သူတို့၏မိတ်ဆွေအပေါင်းအသင်းများနှ င့်စကားပြောဆိုနေသော အသံများကို ကြားနေရသည်။သို့ရာတွင် ပဉ္စမထပ်တွင်မူ အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။

ပဉ္စမာထပ်တွင် မမြင်နိုင်သောလေဟာနယ်ချိတ်စည်းတံဆိပ်ဖြင့် ကာကွယ်ထားသည့် အတားအဆီးအလွှာတစ်ခုရှိနေကာ ဤနေရာကို ပြင်ပလောကနှင့် လုံးလုံးလျားလျားပိုင်းခြားထားသည်။ပဉ္စမထပ်နှင့် နီးကပ်သောနေရာတွင်ရှိနေသည့် လူများပင်လျှင် ထိုနေရာရှိ မူမမှန်မှုများကို အာရုံခံမိမည်မဟုတ်ချေ။

ပဉ္စမထပ်တစ်ထပ်လုံးတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရှိနေသည်။

"ချီအိမ်ရှေ့စံမင်းသားက အရှက်ရမှုကို ခံစားနေရတယ်"

"အနိုင်နဲ့အရှုံးက ဘာမှပြောဖို့မလိုဘူး...ဘယ်လိုပဲဖြစ်ဖြစ် ချီအင်ပါယာရဲ့အခြေခံအုတ်မြစ်က အစကတည်းက အားကောင်းသန်မာမှုမရှိဘူး...သူတို့က ကျိုးမိသားစုဘိုးဘေးရဲ့ ထောက်ပံ့ပေးမှုအပေါ်မှာ မှီခိုနေရတယ်...ဒါပေမဲ့ လုယွီက ကျိုးမိသားစုဘိုးဘေးကိုတောင် သတ်နိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး....ဒါက တကယ့်ကို မယုံကြည်နိုင်စရာပဲ..သူက အသက်ဘယ်လောက်ရှိသေးလို့လဲ"

လူတစ်စုသည် သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြ၏။

ကျောင်းတော်သားသည် သူ၏လက်အတွင်းရှိ ခေါက်ယပ်တောင်ကို တစ်ချိန်လုံး ဝှေ့ယမ်းနေသည်။ဤအချိန်အခိုက်အတန့်တွင် သူ၏ခေါက်ယပ်တောင်ကိုပိတ်ပြီး အေးစက်တင်းမာစွာ မေးမြန်းလိုက်သည်။

"ကျိုးမိသားစုဘိုးဘေးက တခြားတာအိုသခင်တွေနဲ့ နှိုင်းယှဉ်ရင် အားနည်းတယ်...ဒါကြောင့် လုယွီ သတ်နိုင်တယ်ဆိုတာက မထူးဆန်းပါဘူး...ငါ သိချင်တဲ့ ကိစ္စတစ်ခု ရှိနေတယ်...ကျိုးမိသားစုဘိုးဘေးကို ကျောထောက်နောက်ခံပြုထားတာက မြေအောက်လောကနယ်မြေ မဟုတ်လား....ဒါပေမဲ့ အဆုံးသတ်ကျတော့ မြေအောက်လောကနယ်မြေရဲ့လူတွေက မတိုက်ခိုက်ဘဲနဲ့ ဘာလို့ နောက်ဆုတ်သွားကြတာလဲ"

ကုန်သည်ဝတ်စုံဝတ်ထားသောလူက ပြောဆိုသည်။

"ဘယ်သူက သိနိုင်မှာလဲ...မြေအောက်လောကစစ်တပ်ထဲမှာ ဘုရင်တစ်ပါးပါလာတယ်လို့ ကြားထားတယ်...သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က အရမ်းမြင့်မားပြီးတော့ ကျိုးမိသားစုဘိုးဘေးထက် အများကြီးပိုအစွမ်းထက်တယ်...သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကို ပြိုင်ဘက်ကင်းလို့တောင် ပြောနိုင်တယ်...ဒါပေမဲ့ အဲ့ဒီလိုကိစ္စမျိုးရှိနေတာတောင် လုယွီက အသက်ရှင်သန်နိုင်ခဲ့တယ်...ဒါက သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလိုပဲ"

ဘန်း....

ထိုအချိန်မှာပင် လူအိုကြီးတယောက်က ရုတ်တရက် သူ၏တူဖြင့် စားပွဲခုံကို ရိုက်ချိုးလိုက်သည်။

"ငါတို့ကို ဒီနေရာဆီ ခေါ်လိုက်တဲ့အကြောင်းအရင်းက တိုင်ပင်ဆွေးနွေးဖို့ မဟုတ်လား...ဒီနေရာမှာ ညည်းတွားနေရင်လည်း ဘာအသုံးဝင်မှမလို့လဲ...လုယွီက အရမ်းသန်မာအားကောင်းတယ်ဆိုပေမယ့် ပုန်းကွယ်နဂါးစစ်တပ်က ငါတို့ရဲ့ဂိုဏ်းတွေကို ဖျက်ဆီးပြီးတော့ ငါတို့ရဲ့ လူတွေကို သတ်သွားခဲ့တယ်.....ဒါက သွေးကြွေးရန်ငြိုးတစ်ခုပဲ....ငါတို့က လုယွီကို ကြောက်နေရမှာလား... ငါတို့က သူ့ကို လက်စားပြန်ချေရမှာ မဟုတ်လား"

လူအိုကြီးက အသံနက်ကြီးဖြင့် အော်ဟစ်လေသည်။

ယခင်က စိတ်လှုပ်စားစွာဖြင့် တိုင်ပင်ဆွေးနွေးနေကြသော လူများအားလုံးသည် ဤအချိန်အခိုက်အတန့်တွင် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

သူတို့အနက်မှအများစု၏ မျက်နှာများပေါ်တွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူတို့သည် ဂိုဏ်းအင်အားစုများမှ အသက်ရှင်ကျန်ရစ်သူများပင်။သူတို့၏ဂိုဏ်းများသည်ပုန်းကွယ်နဂါးစစ်တပ်ကြောင့် ပျက်စီးသွားခဲ့လေပြီ။

ကျန်းရီသည် ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့၏တပ်မှူး ဖြစ်လာပြီးနောက် အဖွဲ့အစည်းတစ်ခုလုံးကို ပုံစံပြောင်းလဲခဲ့ကာ ဂိုဏ်းအင်အားစုများကို ဖိနှိပ်ခဲ့သဖြင့် ဤကဲ့သို့အခြေအနေမျိုးသို့ ရောက်ရှိလာခြင်းဖြစ်သည်။

သတင်းအချက်အလက်များကို လျှို့ဝှက်၍ စုဆောင်းနေသူတစ်ယောက်သည် လျှို့ဝှက်မြှားတစ်စင်းပင်။

ပြောင်ပြောင်တင်းတင်းတိုက်ခိုက်သူသည် လှံရှည်တစ်လက်နှင့်တူညီပေ၏။

လှံရှည်ကိုရှောင်တိမ်းရန် လွယ်ကူသော်လည်း လျှို့ဝှက်မြှားကို ခုခံကာကွယ်နိုင်ရန် ခက်ခဲသည်။

ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့၏လက်အောက်၌ အဖွဲ့ခွဲနှစ်ခု ပိုင်းခြားထားသည်။သူတို့ တာဝန်ယူလုပ်ဆောင်ရသည့် ကိစ္စများသည် ကွဲပြားခြားနားသော်လည်း ထိုအဖွဲ့နှစ်ဖွဲ့လုံးသည် ကောင်းကင်ကွန်ရက်သူလျှိုအဖွဲ့၏ထိန်းချုပ်မှုအောက်၌ ရှိနေပေ၏။

အတိတ်တွင် ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့သည် သတင်းအချက်အလက်အမြောက်အများကို စုဆောင်းခဲ့သည်။ထို့နောက် သူတို့သည် အထက်သို့သတင်းပေးပိုပြီး ရန်သူများအားဖမ်းဆီးရန် ပုန်းကွယ်နဂါးစစ်တပ်ကို လှုပ်ရှားစေသည်။

သို့ရာတွင် ယခုအချိန်၌ ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့သည် ပုန်းကွယ်နဂါးစစ်တပ်နှင့် လုံးလုံးတရားလျား ခြားနားသွားလေပြီ။

အဖွဲ့ခွဲတစ်ခုသည် လုံလောက်သောသက်သေများရှာရသည့် သူလျှိုတာဝန်ကိုယူပြီး တခြားတစ်ဖွဲ့သည် အတည်ပြုထားသောကိစ္စများအား အကောင်အထည်ဖော်ရသည်။သူတို့၏စွမ်းဆောင်ရည်များသည် ကြောက်မက်ဖွယ်ကောင်းအောင် မြင့်မားလာပေ၏။

ကျန်းရီသည် အလွန်မြင့်မားသော ပါရမီအရည်အချင်းကို ပြသနိုင်ခဲ့သည်။သူသည် ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ကို သိသိသာသာပြောင်းလဲစေပြီးနောက် လုယွီအားတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ဂိုဏ်းအင်အားစုများကို ချက်ချင်းစာရင်းရှင်းခဲ့သည်။

သူတို့သည် လုယွီကို တိုက်ခိုက်ရာ၌ ပါဝင်ပတ်သက်ခဲ့သော သက်သေရှိသည့် ဂိုဏ်းများသို့မဟုတ် အတိတ်တွင် ချီအင်ပါယာအပေါ် သစ္စာစောင်သိခဲ့သော ဂိုဏ်းများဖြစ်သည်။သူတို့အားလုံးသည် ကျန်းရီ၏စာရင်းအတွင်း၌ ရှိနေပေ၏။

လျှို့ဝှက်မြှားသူလျှိုများကို နေရာဒေသအသီးသီးသို့ ဖြန့်ကျက်ပြီးနောက်ဂိုဏ်းအမြောက်အများ၏ သတင်းအချက်အလက်များသည် နောက်ဆုံး၌ ကျန်းရီ၏စားပွဲပေါ်တွင် ပေါင်းစည်းသွားသည်။

အလွန်လျှင်မြန်စွာဖြင့် ထိုဂိုဏ်းများအားလုံး တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ဖျက်ဆီးခံရတော့သည်။အတိတ်တွင် မောက်မာထောင်လွှားခဲ့သောဂိုဏ်းများမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည်လည်း သတ်ဖြတ်ခြင်းခံရလေ၏။

Chapter 4518

ကောင်းကင်ကွန်ယက်မှနေ၍ နေ့စဉ်နေ့တိုင်း ဝရမ်းအမြောက်အမြားကို ထုတ်ပြန်ကြော်ညာကာ ဝရမ်းထုတ်ခံထားရသော ဂိုဏ်းအင်အားစုများမှ ကျင့်ကြံသူတစ်ယောက်စီတိုင်းအတွက် အလွန်ကြီးမားသောဆုလာဘ်များကို ရရှိပေမည်။

ဤဆုလာဘ်များသည် လူများအားလုံး၏စိတ်နှလုံးသားများကို နှိုးဆွပေးနိုင်ခဲ့သည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းရှိ လူအများစုသည် ဗိုလ်ကျမင်းမူနေသော ထိုဂိုဏ်းအင်အားစုများကို စိတ်မကျေမနပ်ဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ဆိုရိုးစကားအရပြောဆိုရလျှင် ကျားတစ်ကောင် အင်အားနည်းသွားချိန်၌ ခွေးတစ်ကောင်၏အနိုင်ကျင့်ခြင်းကို ခံရပေမည်။ အတိတ်တွင် ဂိုဏ်းအင်အားစုများ၏ဖိနှိပ်ထားခြင်းကိုခံရသော လူအများသည် တန်ပြန်တိုက်ခိုက်မှုများကို ပြုလုပ်လာကြကာ ထိုဂိုဏ်းများမှကျင့်ကြံသူများကို နေရာအနှံ့အပြား၌ ရှာဖွေကြတော့သည်။

အချိန်တိုအတွင်းမှာပင် မရေမတွက်နိုင်သောဂိုဏ်းများ ပျက်စီးသွားခဲ့ကာ ထိုဂိုဏ်းများမှကျင့်ကြံသူများသည်လည်း အသက်ရှင်သန်နိုင်ရန်အတွက် အဝေးသို့ထွက်ပြေးသွားကြသည်။ တချို့ကျင့်ကြံသူများသည် တခြားကြယ်နယ်မြေများထံသို့ပင် ထွက်ပြေးသွားပေ၏။သို့ရာတွင် သူတို့သည် လွတ်မြောက်နိုင်ခြင်းမရှိဘဲ ဖမ်းဆီးခံရဆဲပင်။ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့၏မျက်လုံးများသည် ကောင်းကင်ဘုံနယ်မြေ၏ ထောင့်တနေရာတိုင်း၌ရှိနေကာ ဤကျင့်ကြံသူများ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ စုံစမ်းထောက်လှမ်းနိုင်သည်။

ထွက်ပြေးသွားသော ကျင့်ကြံသူများအနက်မှတချို့သည် စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေသဖြင့် အချိန်မရွေး ဖမ်းဆီးခံရနိုင်သည့် ဖိအားအရှိန်အဝါကို တောင့်မခံနိုင်လေရာ သူတို့ကိုယ်သူတို့ သေကြောင်းကြံစည်ရန် ရွေးချယ်လိုက်ကြ၏။

သို့ရာတွင် ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့၏ ရှာဖွေဖော်ထုတ်ခြင်းကို ခံရခြင်းကြောင့်ဖြစ်စေသို့မဟုတ် သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ လူများ၏ သစ္စာဖေါက်မှုများကြောင့်ဖြစ်စေ ဖမ်းဆီးအကျဉ်းချခံရသော ကျင့်ကြံသူအမြောက်အများလည်း ရှိနေသည်။

အချိန်တိုအတွင်းမှာပင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးရှိ ဂိုဏ်းအင်အားစုလောကသည် သန့်ရှင်းစင်ကြယ်သွားပေ၏။

အတိတ်တွင် တခြားကြယ်​နယ်မြေများမှ ဂိုဏ်းအင်အားစုများသည် လက်ဝဲစစ်တပ်နယ်မြေမှထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းကို လှောင်ပြောင်သရော်ခဲ့ကြသည်။ထိုဂိုဏ်းအင်အားစုများမှနေ၍ သူတို့သည် တော်ဝင်နန်းတွင်းကို ပြောင်ပြောင်တင်းတင်းအညံခံခဲ့ကာ တော်ဝင်နန်းတွင်း၏ခွေးများ ဖြစ်လိုသည်ဟု ပြောဆိုခဲ့ကြ၏။သို့ရာတွင် ယခုအချိန်၌ ယခင်က လှောင်ပြောင်သရော်ခဲ့သော လူများသည် သူတို့၏ပါးစပ်များကိုပိတ်ကာ နာခံရိုကျိုးစွာဖြင့် သူတို့ပေးဆောင်ရမည့် အခွန်အခများကို ပေးဆောင်ကြတော့သည်။

ရှင်းယန်အုပ်ချုပ်ရေးရုံးတော်၏ရှေ့၌ အခွန်အခများ ပေးဆောင်ရန်အတွက် နေ့စဉ်နေ့တိုင်း လူတန်းရှည်ကြီးရှိနေသည်။

"လုယွီထက်စာရင် တော်ဝင်နန်းတွင်းကို အပြစ်ပြုတာက ပိုကောင်းလိမ့်မယ်"

ဤတိုက်ပွဲအပြီးတွင် ဂိုဏ်းအင်အားစုလောက၌ ဤကဲ့သို့ ဆိုရိုးစကားတစ်ခု ရှိလာခဲ့သည်။

ဂိုဏ်းအမြောက်အများသည် ထိတ်လန့်ကြောက်ရွံ့နေသဖြင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ ညတွင်းချင်း ဆုတ်ခွာသွားကြသည်။ထိုဂိုဏ်းများ၏နေရာများကို လုယွီ၏အင်အားစုများမှ လွှဲပြောင်းယူလိုက်၏။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးကို လုံးလုံးလျားလျား သိမ်းပိုက်ပြီးနောက် လုယွီ၏အင်အားစု ဆက်လက်၍ကျယ်ပြန့်လာသည်။လုယွီ၏လက်အောက်၌ ကြယ်နယ်မြေ နှစ်ရာ့ခုနစ်ဆယ်နှင့် ကုန်းမြေများ စီရင်စုများ မရေမတွက်နိုင်အောင်ရှိနေသည်။

အပေါ်ယံ၌ ဤအရာရှိများသည် တာယွီတော်ဝင်နန်းတွင်းမှ ခန့်အပ်ထားခြင်းဖြစ်သော်လည်း လက်တွေ့ဖြစ်ရပ်မှန်မှာ သူတို့သည် လုယွီအပေါ်၌သာ သစ္စာစောင့်သိကြသည်။ဒေသခံအာဏာပိုင်များမှ ကောက်ခံရရှိသော အခွန်အခများအနက်မှအများစုသည် ရှင်းယန်အုပ်ချုပ်ရေးရုံးတော်သို့ စီးဝင်လာပေ၏။

အတိတ်တွင် သူတို့၏နယ်မြေများကို ယခုအချိန်၌ ဒေသခံအာဏာပိုင်များမှ သိမ်းပိုက်ထားသဖြင့် ဂိုဏ်းအင်အားစုများမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် အိမ်ခြေရာမဲ့သော ခွေးလေခွေးလွင့်များဘဝသို့ ရောက်ရှိသွားသည်။

ယခုအချိန်၌ စားသောက်ဆိုင်၏ပဉ္စမထပ်တွင် ထိုဂိုဏ်းအင်အားစုများမှ ကျင့်ကြံသူတစ်စု စုဝေးနေခြင်းပင်။

"တကယ်တော့ ငါလည်း လက်စားချေချင်တယ်...ညရောက်တဲ့အချိန်မှာ ငါ အိပ်ဖို့ မျက်လုံးမှိတ်လိုက်တဲ့အချိန်တိုင်း ငါ့ရဲ့ဂိုဏ်းချုပ် ငါ့ရဲ့စီနီယာအစ်ကိုအစ်မတွေနဲ့ ဂျူနီယာလေးတွေရဲ့ ပုံရိပ်တွေက ငါ့ရဲ့ခေါင်းထဲမှာ ပေါ်လာတယ်...ငါ့ရဲ့ဘဝမှာ သူတို့ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး"

ကျင့်ကြံသူတစ်ယောက်က သက်ပြင်းရှိုက်ပြီး ပြောဆိုသည်။

"ဒါပေမဲ့ ငါတို့က ဘာကိုအသုံးပြုပြီးတော့ သူတို့ကို ဆန့်ကျင်တိုက်ခိုက်နိုင်မှာလဲ...ပုန်းကွယ်နဂါးစစ်တပ်ရဲ့ တပ်မှူးတွေကိုပဲ ကြည့်အုံး...သူတို့တွေထဲက တစ်ဝက်လောက်မှာ နယ်မြေသခင်အဆင့် ခွန်အားတွေရှိနေတယ်...လုယွီရဲ့ကျင့်ကြံဆင့်နယ်ပယ်က ပိုပြီးတောင် နက်နဲသိမ်မွေ့သေးတယ်....ငါတို့က လုယွီရဲ့အနားကို မချဥ်းကပ်နိုင်သေးခင်မှာပဲ ငါတို့အားလုံး သေသွားမှာကို ငါ စိုးရိမ်မိတယ်"

ပတ်ဝန်းကျင်တွင်ရှိနေသော လူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

သူတို့အား ဤနယ်မြေအတွင်းတွင် အစွမ်းထက်သောကျင့်ကြံသူများဟု ယူဆနိုင်သည်။

သို့ရာတွင် သူတို့၏စွမ်းအားများသည် လုယွီ၏ရှေ့၌ အရေးမပါလှချေ။

အတိတ်တွင် ကြီးကျယ်ခမ်းနားခဲ့ကာ ဖရိုဖရဲခေတ်ကာလ၏အစပိုင်း၌ တည်ထောင်ဝံ့ခဲ့သော ချီအင်ပါယာပင်လျှင် လုယွီ၏လက်အတွင်း၌ ပျက်စီးသွားခဲသည်။ကျိုးမိသားစု၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည်လည်း လုယွီကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိချေ။

အကယ်၍ သူတို့သည် မဆင်မခြင်လှုပ်ရှားလိုက်ပါက အဆုံးသတ်၌ ဆိုးရွားသောရလဒ်များ ထွက်ပေါ်လာပေမည်။

"မင်းတို့အားလုံးက ဘာတွေကို ကြောက်နေကြတာလဲ....ငါ မင်းတို့အားလုံးကို ဒီနေရာမှာ စုဝေးခိုင်းတာက ငါ့မှာ အကြံအစည်တွေ ရှိနေလိုပဲ"

ပြတင်းပေါက်ကိုမှီ၍ထိုင်နေသော လူလတ်ပိုင်းကြီးတစ်ယောက်က အပြုံးနှင့်ပြောဆိုသည်။

သူသည် ဤစားသောက်ဆိုင်၏တာဝန်ခံပင်။အမှန်အားဖြင့် ဤသည်မှာ သူ၏သရုပ်မှန်ကို ဖုံးကွယ်ထားရုံသက်သက် ဖြစ်ပေ၏။

ဤလူလတ်ပိုင်းကြီးသည် အတိတ်တွင် ဂိုဏ်းတစ်ဂိုဏ်း၏ဂိုဏ်းချုပ် ဖြစ်ခဲ့သည်။ကံအကြောင်းမလှစွာဖြင့် သူ၏ဂိုဏ်းသည် ဖျက်ဆီးခြင်းခံလိုက်ရကာ သူသည်လည်း အသက်ရှင်သန်ရန်အတွက် ထွက်ပြေးနေရသည်။အဆုံးသတ်၌ သူသည် ရှင်းယန်မြို့၌နေထိုင်ရန် ရွေးချယ်ခဲ့ပေ၏။

Chapter 4519

"တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်...ဒါဆိုရင် မင်းက မသေသေးဘူးပေါ့...ဒါပေမဲ့ အုပ်ချုပ်ရေးရုံးတော်ရဲ့သတိပေးစာတွေမှာ မင်း သေသွားပြီလို့ ပြောထားတယ်...မင်းက လှည့်ကွက်တစ်ခုကိုအသုံးပြုပြီးတော့ သူတို့ရဲ့လက်ထဲကနေ လွတ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်းက ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ကိုတောင် အရူးလုပ်နိုင်ခဲ့တယ်"

လူလတ်ပိုင်းကြီး၏သရုပ်မှန်ကို မှတ်မိသော ကျင့်ကြံသူတစ်ယောက်က အံ့အားတသင့်ပြောဆိုသည်။

"ဟီး ဟီး...."

လူလတ်ပိုင်းကြီးကပြုံးလိုက်ကာ သူ၏မျက်လုံးအတွင်း၌ ဆိုးညစ်သောအလင်းတန်းများ ဖြတ်ပြေးသွားသည်။

"ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့က ဘာမှမဟုတ်ဘူး...သူတို့မှာ အရည်အချင်းတချို့ရှိပေမယ့် အောက်ခြေမှာရှိတဲ့လူတွေက အမှားတွေကို လုပ်နေကြတယ်...သူတို့ကို လှည့်စားဖို့ဆိုတာက အရမ်းလွယ်တဲ့ကိစ္စတစ်ခုပဲ"

ယခင်က မေးခွန်းထုတ်လိုက်သော လူအိုကြီးက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"မင်းက ငါတို့အားလုံးကို ဒီနေရာဆီ ဖိတ်ခေါ်ခဲ့မှတော့...မင်းမှာ အစီအစဉ်တစ်ခုရှိနေတယ်လို့ ဆိုလိုတာ မဟုတ်လား"

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်က အပြုံးနှင့်ပြောဆိုသည်။

"သေချာတာပေါ့...အခုအချိန်မှာ မင်းတို့အားလုံးက ပုန်းအောင်းနေကြရတယ်...တကယ်လို့ ထူးခြားတဲ့သတင်းတစ်ခုကို ရထားတာကြောင့်သာမဟုတ်ရင် ငါက မင်းတို့အားလုံးကို ဒီနေရာဆီလာဖို့ အကြောင်းကြားမှာ မဟုတ်ဘူး"

"ငါတို့ကို စိတ်တထင့်ထင့်ဖြစ်အောင် မလုပ်စမ်းနဲ့...မြန်မြန်ပြောစမ်း..."

ကျင့်ကြံသူများက စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်ကြ၏။

သူတို့သည် လက်စား​ချေရန်အတွက် စိတ်စောနေကြကာ ယခုလက်ရှိအချိန်၌ လုယွီကို တန်ကြေးပြန်ပေးဆပ်ရအောင် ပြုလုပ်လိုကြသည်။

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်က အပြုံးနှင့်ပြောဆိုသည်။

"ပုန်းကွယ်နဂါးစစ်တပ်ရဲ့ လေ့ကျင့်ရေးစစ်စခန်းသုံးခုက ပါရမီရှင်တွေကို ခေါ်နေတယ်...ဒါက နောင်အနာဂတ်မှာ ပုန်းကွယ်နဂါးစစ်တပ်ကို ချဲ့ထွင်ဖို့အတွက်ပဲ....မင်းတို့အားလုံးက ဒီကိစ္စကို သိပြီးပြီမဟုတ်လား"

လူအိုကြီး ကအေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"ငါတို့ အဲ့ဒီကိစ္စကို သိထားပြီးပြီ...မင်းက အဲ့ဒီလေ့ကျင့်ရေးစစ်စခန်းသုံးခုမှာ လူတွေကို ထည့်ထားချင်တာလား...ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး ...အဲဒီစစ်စခန်းသုံးခုက အသက်နှစ်ဆယ်အောက်မှာရှိတဲ့ လူငယ်ပါရမီရှင်တွေကိုပဲ ခေါ်ယူတယ်...တကယ်လို့ မင်းက အဲ့ဒီစစ်စခန်းထဲကို ဝင်ချင်တယ်ဆိုရင် စစ်ရေးနဲ့အုပ်ချုပ်ရေးစာမေးပွဲကို ဖြတ်ကျော်ရမယ်.. အဲ့ဒီအရည်အချင်းစစ်စာမေးပွဲက အရမ်းခက်တယ် ....တကယ်လို့ ငါတို့ရဲ့ဂိုဏ်းတွေထဲက တပည့်တွေကို ရောနှောဝင်စေချင်တယ်ဆိုရင်တောင် သူတို့က စစ်ရေးနဲ့အုပ်ချုပ်ရေးစာမေးပွဲကို ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး...ဒါက အရမ်းခက်ခဲတယ်"

တခြားလူများသည်လည်း သက်ပြင်းရှိုက်လိုက်ကြသည်။

သူတို့ကို မဆိုထားနှင့် ဝရမ်းစာရင်းတွေမရှိသော ဂိုဏ်းအင်အားစုတချို့များပင်လျှင် သူတို့၏လူငယ်တပည့်များအား လေ့ကျင့်ရေးစစ်စခန်းသုံးခုအတွင်းသို့ ဝင်ရောက်စေလိုသည်။

ထိုလူငယ်များသည် လေ့ကျင့်ရေးစစ်စခန်းအတွင်းမှ ထွက်လာကာ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်သည်နှင့် ပုန်းကွယ်နဂါးစစ်တပ်၏စစ်ရေးအရာရှိတစ်ယောက် ဖြစ်သွားပေမည်။

ထို့ပြင် လေ့ကျင့်ရေးစစ်စခန်းအတွင်း၌ သင်ကြားရေးနည်းပြကဲ့သို့သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများရှိသည်။ထိုနေရာတွင် ကျင့်ကြံနည်းစနစ်များနှင့်ရှေးဟောင်းမှတ်တမ်းများကိုလည်း သိမ်းဆည်းထားပေ၏။

ဤလေ့ကျင့်ရေးစစ်စခန်းသုံးခုသည် နောင်အနာဂတ်တွင် ပုန်းကွယ်နဂါးစစ်တပ်၏ အစ​ပြုရာအရပ် ဖြစ်လာမည်ဖြစ်ကြောင်း လူများအားလုံး အတပ်ပြောနိုင်သည်။

နောင်တစ်ချိန်တွင် ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်လုံး၏ အနာဂတ်စစ်ရေးအရာရှိများသည် ထိုလေ့ကျင့်ရေးစစ်စခန်းသုံးခုမှ ထွက်ပေါ်လာနိုင်သည်။

"မဟုတ်ဘူး....ငါ ဆိုလိုချင်တာက အဲ့ဒီသဘော မဟုတ်ဘူး"

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်က ပြောဆိုသည်။

"ငါက လျှို့ဝှက်သတင်းစကားတစ်ခုကို ရထားတယ်...ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ရဲ့ တပ်မှူးအသစ်က ကျန်းရီပဲ....သူက တစ္ဆေတောင်ကြားကျောင်းတော်ကို ဖွင့်ပြီးတော့ စစ်နည်းဗျူဟာရှင်တွေ သံတမန်တွေသတင်းပေးတွေနဲ့ တခြားပါရမီရှင်တွေကို သင်ကြားပေးနေတယ်...နောင်အနာဂတ်မှာ ကောင်းကင်ကွန်ယက်ရဲ့အရာရှိအများစုက တစ္ဆေတောင်ကြားကျောင်းတော်ကနေ ထွက်ပေါ်လာလိမ့်မယ်...တစ္ဆေတောင်ကြားကျောင်းတော်ကို တည်ထောင်ထားတာ သိပ်မကြာသေးဘူး...ဒါက ငါတို့ ရောနှောဝင်ဖို့အတွက် အခွင့်ကောင်းတစ်ခုပဲ"

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ တိုင်ပင်ဆွေးနွေးနေမှုများအားလုံး ရပ်တန့်သွားသည်။လူများအားလုံးသည် ကြက်သေသေသွားကာ သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ​ပြည့်နှက်နေပေ၏။

အစောပိုင်းက တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်သည် ​မည်ကဲ့သို့နည်းလမ်းမျိုးကို ရှာဖွေတွေ့ရှိထားသည်အား သူတို့အားလုံး မှန်းဆနေကြသည်။သူသည် ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့အတွင်းသို့ ရောနှောဝင်ရန် ကြံစည်ထားမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။

"ဒါက အကြံကောင်းတစ်ခုပဲ...ကောင်းကင်ကွန်ယက်က ငါတို့ရဲ့ခြေရာလက်ရာတွေကို ရှာနေခဲ့တယ်....ငါတို့က သူတို့ထဲမှာ ရောနှောပြီးရှိနေမယ်လို့ သူတို့ တွေးမိမှာမဟုတ်ဘူး...ဒါက လျှို့ဝှက်တဲ့ လှုပ်ရှားမှုတစ်ခုပဲ...တကယ်လို့ ငါတို့တွေ ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်မယ်ဆိုရင် နောင်အနာဂတ်မှာ အခြေအနေကို ပြောင်းလဲနိုင်လိမ့်မယ်...ငါတို့က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ ထိန်းချုပ်ခွင့်ကိုတောင် ပြန်ပြီးရနိုင်လောက်တယ်"

တစ်စုံတစ်ယောက်ကထောက်ခံသည့်စကားကိုပြောဆိုသည်။

သို့ရာတွင် ကျင့်ကြံသူတချို့ထံတွင် သံသယများရှိနေဆဲပင်။

"တစ္ဆေတောင်ကြားကျောင်းတော်...ငါ ဘာလို့ အဲ့ဒါကို အရင်က မကြားဖူးတာလဲ...မင်း ဒီသတင်းကို ဘယ်နေရာကနေ ရလာတာလဲ"

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်က လျှို့ဝှက်ဆန်းကြယ်သောအပြုံးနှင့် ပြောဆိုသည်။

"တကယ်တော့ မင်းတို့တွေ အဲ့ဒီကိစ္စကို သိနိုင်မှာမဟုတ်ဘူး...ငါ့ရဲ့ဂိုဏ်းက သူလျှိုတစ်ယောက်က တစ္ဆေတောင်ကြားကျောင်းတော်ကို ဝေ့ယန်မြစ်ရဲ့လက်ယာဘက်ဘေးမှာ တည်ဆောက်ထားတာကို ရှာတွေ့ခဲ့တယ်...ဒါကိုတည်ဆောက်ထားတာ မကြာသေးဘူး...ဒါကြောင့် အခုအချိန်ထိ တပည့်တွေအများကြီးကို မခေါ်ယူရသေးဘူး"

"အဲ့ဒီထက်ပိုပြီး အရေးကြီးတာက တစ္ဆေတောင်ကြားကျောင်းတော်က အသက်အရွယ် ဒါမှမဟုတ် နောက်ခံအင်အားတွေကို ဂရုမစိုက်ဘူး...သူတို့ရဲ့စမ်းသပ်ချက်တွေကို ချောချောမွေ့မွေ့ဖြတ်ကျော်နိုင်တာနဲ့ ဝင်လို့ရပြီ...ဒါက ငါတို့အတွက် အခွင့်အရေးတစ်ခုပဲ"

Chapter 4520

ရုတ်ချည်းဆိုသလိုပင် စားသောက်ဆိုင်၏ ပဉ္စမထပ် တစ်ထပ်လုံးထံမှနေ၍ အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ကျင့်ကြံသူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုသည်။

"တကယ်လို့ အဲ့ဒီကိစ္စမျိုး ရှိနေရင် ကြိုးစားကြည့်ဖို့အတွက် ငါ့ရဲ့တပည့်ကို လွှတ်ချင်တယ်...တစ္ဆေတောင်ကြားကျောင်းတော်ကို တစ်ယောက်ယောက်က အောင်အောင်မြင်မြင် ဝင်ရောက်သွားနိုင်မယ်ဆိုရင် ငါတို့က လုယွီရဲ့လက်ထဲမှာ အပ်တစ်ချောင်းကို စိုက်ပျိုးထားတယ်လို့ ယူဆနိုင်တယ်"

ဤနေရာ၌ရှိနေသူများသည် ပုန်းကွယ်နဂါးစစ်တပ်၏ ဝရမ်းစာရင်း၌ အချိန်အတော်ကြာ ပါရှိနေသူများပင်။

သူတို့သည် သူတို့ကိုယ်တိုင် တစ္ဆေတောင်ကြားကျောင်းတော်သို့ ဝင်ရောက်မည်မဟုတ်ချေ။သို့ရာတွက် သူတို့၏ဂိုဏ်းများ ပျက်စီးသွားသည့်တိုင် သူတို့ထံ၌ နောက်လိုက်တပည့်များ ရှိနေဆဲပင်။

"ဒါပေမဲ့ မင်းပြောတဲ့အတိုင်းဆိုရင် တစ္ဆေတောင်​ကြားကျောင်းတော်ကို ဝင်နိုင်ဖို့အတွက် လိုအပ်ချက်တွေက နိမ့်ပါးမှာမဟုတ်ဘူး...မင်းတို့က အဲ့ဒီနေရာဆီ တယောက်ယောက်ကိုလွှတ်ဖို့ သေချာသွားပြီလား"

လူအိုကြီးက မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

ဤသည်မှာ သူတို့၏တပည့်များအပေါ် အထင်အမြင်သေးခြင်းကြောင့် မဟုတ်ချေ။သူတို့သည် အစစ်အမှန်အခြေအနေကို နားလည်သဘောပေါက်ထားခြင်းကြောင့်ပင်။

မည်သို့ပင်ဆိုစေကာမူ တစ္ဆေတောင်ကြားကျောင်းတော်သည် လုယွီ၏နံဘေး၌ သူလျှိုတစ်ယောက်ထားရန်အတွက် မည်မျှထိအရေးကြီးသည်ကို သူတို့အားလုံး နားလည်သဘောပေါက်သည်။

သို့ရာတွင်...

စစ်နည်းဗျူဟာ သံတမန်ရေးရာ စစ်ရေးသတင်းပေး...

ထိုအရာများအနက်မှ မည်သည့်တစ်ခုမဆို အရေးပါသော ပညာရပ်တစ်ခုပင်။ထို့ကြောင့် တစ္ဆေတောင်ကြားကျောင်းတော်သို့ ဝင်ရောက်နိုင်ရန် လိုအပ်ချက်များသည် အလွန်မြင့်မားမည်မှာ သေချာပေါက်ပင်။

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်က တည်ငြိမ်စွာပြောဆိုသည်။

"ဘာမှ မစိုးရိမ်နဲ့ ..ငါက တစ္ဆေတောင်ကြားကျောင်းတော်ရဲ့ ဆရာတစ်ယောက်နဲ့ ဆက်သွယ်ပြီးသွားပြီ...ငါတို့က အဲ့ဒီနေရာဆီ တစ်ယောက်ယောက်ကို ပို့လိုက်တာနဲ့ သူက အဲ့ဒီလူတွေကို တစ္ဆေတောင်ကြားကျောင်းတော်ကို ဝင်နိုင်အောင် ကူညီပေးလိမ့်မယ်"

ကျင့်ကြံသူတစ်ယောက်၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

"ဒါဆိုရင် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြဿနာတစ်ခုခုရှိနေနိုင်တယ် မဟုတ်လား"

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်က ပြောဆိုသည်။

"အတိတ်မှာတုန်းက အဲ့ဒီဆရာကို ငါတို့ရဲ့ဂိုဏ်းကနေ အကူအညီပေးထားခဲ့ဖူးတယ် ..ဒါကြောင့်သူက နှလုံးသားနတ်ဆိုးကျမ်းသစ္စာကို ကျိန်ဆိုထားခဲ့တယ်....သူက လိမ်ပြောမှာမဟုတ်ဘူး..."

နှလုံးသားနတ်ဆိုးကျမ်းသစ္စာဟူသော စကားကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးသည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြ၏။

ဤသည်မှာ ကောင်းကင်ဘုံနယ်မြေအတွင်း၌ အပြင်းထန်ဆုံးကျမ်းသစ္စာပင်။ဤကျမ်းသစ္စာကို ချိုးဖောက်သော မည်သူတစ်ဦးတစ်ယောက်မဆို ကောင်းကင်ဘုံတာအိုဥပဒေသများ၏ အပြင်းထန်ဆုံးအပြစ်ဒဏ်ကို ခံယူရပေမည်။

ယေဘုယျကျကျပြောဆိုရလျှင် ကျင့်ကြံသူများသည် နှလုံးသားနတ်ဆိုးကျမ်းသစ္စာကို လွယ်လင့်တကူ ပြုလုပ်လေ့မရှိချေ။

"တကယ်လို့ ငါ့ရဲ့ဂိုဏ်းက တပည့်တွေအားလုံး အသတ်ခံရတာကြောင့်သာ မဟုတ်ရင် ငါ မင်းတို့ကို ဒီသတင်းတွေ ပြောပြမှာမဟုတ်ဘူး... လူတစ်ယောက် ပိုများလာရင် အောင်မြင်ဖို့ရာခိုင်နှုန်း ပိုပြီးများတယ်လို့ ဆိုလိုတာပဲ...ကျေးဇူးပြုပြီးတော့ မင်းတို့ရဲ့အထူးချွန်ဆုံးတပည့်တွေကို ရွေးချယ်ပေးကြပါ...ငါတို့အတူတူ လက်စားချေကြရအောင်"

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်က ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

လူများအားလုံးသည် သူ၏စကားသံအတွင်းမှနေ၍ အလွန်ကြီးမားသော နာကြည်းမုန်းတီးမှုကို ခံစားမိလေ၏။

ဂိုဏ်းတစ်ဂိုဏ်းလုံး ဖျက်ဆီးခံရပြီးနောက် သူတစ်ယောက်တည်းသာလျှင် ကြွင်းကျန်ခဲ့သည်။ထို့ကြောင့် ယခုလက်ရှိအချိန်၌ သူ၏စိတ်နှလုံးသားတစ်ခုလုံးကို လက်စားချေလိုခြင်းဖြင့် လွှမ်းခြုံနေကာ သူသည် တခြားမည်သည့်အရာကိုမျှ တွေးတောနိုင်ခြင်းမရှိချေ။

"လက်စားချေမယ်..."

ကျင့်ကြံသူများအားလုံးသည် သူတို့၏ဝိုင်အရက်ခွက်များကိုမြှောက်ကာ သောက်လိုက်ကြတော့သည်။

သူတို့အားလုံး အလွန်အမင်းစိတ်လှုပ်ရှားနေကြကာ သူတို့သည် လက်စားချေခြင်း၏အောင်မြင်မှုကို မြင်တွေ့နေရသည့်အလားပင်။

"တစ္ဆေတောင်ကြားကျောင်းတော်ကို ဝင်တာက ငါတို့လုပ်ရမယ့် ပထမဆုံးခြေတစ်လှမ်းပဲ ရှိသေးတယ်...နောက်ထပ် ငါတို့ ဆက်လုပ်ရမှာက...."

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်က ဆက်လက်၍ပြောဆိုသည်။

သို့ရာတွင် သူသည် ထိုစကားကိုပြောဆိုရင်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် မူးဝေမှုကို ခံစားမိလေ၏။

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်သည် သူ၏မျက်လုံးကို အဖွင့်အပိတ်လုပ်ကာ သူ့၏စိတ်ကို လန်းဆန်းသွားစေရန် အကောင်းဆုံးကြိုးစားလိုက်သည်။သို့ရာတွင် သူ မူးဝေနေဆဲဖြစ်ကြောင်းရှာဖွေတွေ့ရှိသွားသည်။

"ငါ ဘာလို့...."

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်သည် စကားပြောဆိုနိုင်ခြင်း မရှိတော့ချေ။သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် စပ်ဖျဥ်းဖျဥ်းဖြစ်လာသည်ကို ခံစားရကာ သူ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဤရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေကြောင့် တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

ပတ်ဝန်းကျင်ကိုကြည့်ပါက အစောပိုင်းက စိတ်အားတက်ကြွစွာ စကားပြောဆိုနေခဲ့သော ကျင့်ကြံသူများသည် ယခုအချိန်၌ မြေပြင်ပေါ်၌လဲလျောင်းကာ သတိလစ်မေ့မြောနေကြသည်။

ဤသည်မှာ မူမမှန်သော ကိစ္စတစ်ရပ်ပင်။

ဤနေရာသို့ရောက်ရှိလာသော မည်သည့်တစ်ယောက်မဆို ကျင့်ကြံဆင့်နယ်ပယ် နက်နဲသိမ်မွေ့သူများဖြစ်သည်။သူတို့သည် ဝိုင်အရက်ကို ခွက်ပေါင်းထောင်နှင့်ချီ၍သောက်လျှင်ပင် မူးယစ်ရီဝေသွားမည် မဟုတ်​ချေ။

ယခုလက်ရှိအချိန်တွင် သူတို့သည် ဝိုင်အရက်အနည်းငယ်သောက်ရုံမျှဖြင့် ဤမျှထိအဆင့်ထိ မူးယစ်သွားခဲ့သလော....

"ဒီဝိုင်အရက်ထဲမှာ အဆိပ်ရှိနေတယ်..."

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်သည် သူ၏မျက်လုံးကိုဖွင့်ရန် အကောင်းဆုံးကြိုးစားလိုက်သည်။သို့ရာတွင် ကံအကြောင်းမလှစွာဖြင့် သူ့ထံသို့ဦးတည်၍ လျှောက်လှမ်းလာသော ဝိုးတဝါးပုံရိပ်တစ်ခုကိုသာ သူ မြင်တွေ့မိလေ၏။

"မင်းက ဘယ်သူလဲ...."

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်သည် သူ၏စိတ်အတွင်းရှိ အားနည်းနေမှုများကို ခုခံကာကွယ်နိုင်ရန် အကောင်းဆုံးကြိုးစားပြီးနောက် သူ၏မျက်လုံးကိုဖွင့်ကာ မေးမြန်းလိုက်သည်။

All Chapters