← Chapters

အခန်း (၄၅၂၁-၄၅၂၅)

Vol. 229 Ch. 4521-4525

အခန်း (၄၅၂၁-၄၅၂၅)

Vol. 229 Ch. 4521-4525

Chapter 4521

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်သည် သူ့ရှေ့သို့ရောက်လာသောလူကို ဝိုးတဝါးပုံရိပ်တစ်ခုအဖြစ်သာ မြင်နိုင်သည်။

"တကယ်လို့ ငါကိုယ်တိုင် ဒီနေရာကိုလာပြီးတော့ တစ်ချက်မကြည့်ဘူးဆိုရင် တစ္ဆေတောင်ကြားကျောင်းတော်ထဲမှာ ကယ်ပေါက်တွေရှိနေတယ်ဆိုတာကို ငါ သိနိုင်မှာမဟုတ်ဘူ...ကံကောင်းချင်တော့ ငါက ဒီအခြေအနေကို စောစောစီးစီးသိနိုင်ခဲ့တယ်....မင်း ဆက်သွယ်ခဲ့တဲ့ဆရာကတော့ ဒီနေ့ကနေ ဆက်ပြီးတော့ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

ဤစကားလုံးများသည်အလွန်ပြင်းထန်ပေ၏။တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်သည် သူ၏ခေါင်းအတွင်းသို့ သွေးစီးကြောင်းတစ်ကြောင်း စီးဝင်လာသည်ကို ခံစားမိသည်။

သူ၏အစီအစဉ် ပေါ်လွင်သွားလေပြီ။

တစ်ဖက်လူသည် သူတို့အကြား၌ ရောနှောနေကာ အစမှအဆုံးတိုင် သူတို့၏စကားပြောဆိုနေမှုများကို နားထောင်နေခဲ့သည်။

ဤသည်မှာ မည်မျှထိ ရယ်ရွှင်ဖွယ်ကောင်းသောကိစ္စ ဖြစ်သနည်း...

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်သည် သူတို့၏လူများကို တစ်ဖက်ရန်သူ၏အတွင်းပိုင်းသို့ ပို့ဆောင်နိုင်ရန် အာရုံစူးစိုက်နိုင်ခဲ့သည်။သို့ရာတွင်ရန်သူသည် သူ့ထက်ပို၍ ခြေတစ်လှမ်းဦးနေကာ သူတို့၏စကားပြောဆိုနေမှုများအားလုံးကို နားထောင်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

"မင်းက ဘယ်သူလဲ...."

တစ္ဆေနတ်ဆိုးဂိုဏ်းချုပ်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

သူသည် အလွန်အစွမ်းထက်သူတစ်ယောက်ဖြစ်သော်လည်း ဝိုင်အရက်အတွင်းရှိအဆိပ်သည် အလွန်ပြင်းထန်သဖြင့် ဤအချိန်အခိုက်အတန့်တွင် သူ မတ်တတ်ထရပ်နိုင်ခြင်း မရှိတော့ချေ။

မကြာမီမှာပင် သူ သိလိုသောအဖြေကို သူ ကြားလိုက်ရပေ၏။

"ငါက ကျန်းရီ..."

......

နွေဦးဆောင်းဦးနှစ် တတိယမြောက်လ၏ ငါးရက်နေ့...

အပြာရောင်မိုးကောင်းကင်ကြီး ကြည်လင်နေကာ နေမင်းကြီး တောက်ပနေသည်။လုယွီနှင့် သူ၏လက်အောက်ငယ်သားများသည် ထာဝရဂုဏ်ရှိန်နန်းတော်၌ အရေးကြီးသောကိစ္စများကို တိုင်ပင်ဆွေးနွေးနေကြသည်။

အုပ်ချုပ်ရေးနှင့်စစ်ရေးအရာရှိများသည် အစီအစဉ်တကျ မတ်တတ်ရပ်နေကာ သူတို့သည် နန်းတွင်းညီလာခံတစ်ခုကို တက်ရောက်နေသည့်အလားပင်။

ဤသည်မှာ ယခင်က ချီအင်ပါယာ၌ ညီလာခံကျင်းပခဲ့သောနေရာပင်။ကံအကြောင်းမလှစွာဖြင့် ချီဘုရင်ကျိုးကျင်းထန်သည် ညီလာခံကို ကြိမ်ဖန်များစွာ ကျင်းပရခြင်း မပြုသေးမီမှာပင် ချီအင်ပါယာ ပျက်စီးသွားခဲ့သည်။

လုယွီသည် နဂါးပုလ္လင်ပေါ်၌ ထိုင်ခြင်းမပြုချေ။ သူသည် စင်မြင့်ပေါ်၌ ကြီးကျယ်ခမ်းနားစွာ နေခြင်းလည်း မပြုဘဲ သဲခုံစားပွဲတစ်လုံး၏ရှေ့၌ သူ၏လက်အောက်ငယ်သားများနှင့်အတူ မတ်တတ်ရပ်နေပေ၏။

သဲခုံစားပွဲပေါ်၌ ကြယ်ရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။ကောင်းကင်ဘုံနယ်မြေတစ်ခွင်လုံး၏မြေပုံကို ဤအရာပေါ်တွင် တွေ့မြင်နိုင်သည်။

ဤသည်မှာ ကောင်းကင်ဘုံနယ်မြေ၏ အင်္သချေလောကပုံရိပ်ရောင်ကားချပ်ဖြစ်ကာ လုယွီမှ အထူးသီးသန့်ငွေကြေးထောက်ပံခဲ့ခြင်းဖြစ်သည်။ဤအရာကို ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့မှနေ၍ ဖန်တီးခဲ့ခြင်းဖြစ်ကာ နေရာဒေသအသီးသီး၏ ကြယ်မြေပုံများအားလုံးကိုစုပေါင်း၍ ပြီးပြည့်စုံအောင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပေ၏။ဤမြေပုံသည် တာယွီအင်ပါယာ၏ကြယ်မြေပုံထက် များစွာပို၍ပြီးပြည့်စုံသည်။ဤအရာတွင် ကြယ်နယ်မြေများ စီရင်စုနယ်မြေများနှင့် နိုင်ငံများအားလုံး ပါဝင်သည်။ရွာတစ်ရွာ၏မြင်ကွင်းကိုပင်လျှင် မြေပုံပေါ်၌ အသေးစိတ်ကျကျဖော်ပြထားသည်။

ဤကဲ့သို့ မြေပုံတစ်ခုကို ရေးဆွဲရန်အတွက် ငွေကြေးအမြောက်အများ လိုအပ်သည်။ သို့ရာတွင် စစ်ပွဲတပွဲ ဖြစ်ပွားလာသည်နှင့် အသေးစိတ်ကျသော မြေပုံတစ်ခုရှိနေပါက စစ်တပ်သည် ပို၍လျှင်မြန်စွာ လှုပ်ရှားနိုင်ပေမည်။

လုယွီသည် ဤမြေပုံကိုကြည့်ပြီးနောက် သူ၏စိတ်အခြေအနေ ကောင်းမွန်သွားသည်။

ကောင်းကင်ဘုံနယ်မြေ၏ အသင်္ချေလောကပုံရိပ်ယောင်ကားချပ်ကို ရေးဆွဲခြင်းနှင့်အတူ လုယွီ၏ တောင်တန်းနှင့်ပင်လယ်ကျမ်းစာသည်လည်း လျှင်မြန်စွာတိုးတက်လာခဲ့သည်။

တောင်တန်းနှင့်ပင်လယ်ကျမ်းစာ၏ အနက်အဓိပ္ပာယ်အတိုင်း အရွယ်အစားနှင့်ပုံသဏ္ဍန်မျိုးစုံရှိသော တောင်တန်းများနှင့်ပင်လယ်များအပြင် နေရာဒေသအသီးသီးကိုလည်း ကျမ်းစာအတွင်း၌ အသေးစိတ်ကျကျ မှတ်တမ်းတင်ထားသည်။

တောင်တန်းနှင့်ပင်လယ်ကျမ်းစာနှင့် အတူယှဉ်တွဲ၍ လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည်လည်း မြင့်တက်လာပေ၏။

ဤသည်မှာ သူ၏စိတ်ဝိညာဉ်စွမ်းအားများကို စုဆောင်းနိုင်ခြင်းမှတဆင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းပင်။အချိန်မှန်သို့ရောက်ရှိလာချိန်တွင် သူ၏ကျင့်ကြံဆင့်နယ်ပယ်သည့် တစ်ချက်တည်းဖြင့် မိုးထိလုမတတ် မြင့်မားသွားပေမည်။

"အရှင့်ကို သတင်းပို့ပါတယ်....ရှင်းယန်မြို့ရဲ့ လေးဘက်လေးတန်လုံးက မြို့ရိုးတွေကို ဖြိုချပြီးပါပြီ...အဲ့ဒီနေရာမှာ ကျောက်တုံးတွေအများကြီး ပိုနေတာကြောင့် တစ္ဆေတောင်ကြားကျောင်းတော် တည်ဆောက်ဖို့အတွက် ဝေ့ယန်မြစ်ရဲ့ အရှေ့ဘက်ကမ်းခြေဆီကို ပို့ဆောင်ခဲ့တယ်...မြို့ထဲမှာ အစတုန်းက ဈေးကိုးစျေးရှိခဲ့ပြီးတော့ ဆိုင်တွေနဲ့ ပြည့်နှက်နေတယ်...ဒါကြောင့် ဒီငယ်သားက နေရာသစ်တချို့ကို ရှာဖွေပြီးတော့ စျေးနေရာတွေ ပိုပြီးတည်ဆောက်ဖို့ စီစဉ်ထားတယ်...ဒီနည်းလမ်းနဲ့ ကုန်သည်တွေကို ပိုပြီးဆွဲဆောင်နိုင်လိမ့်မယ်"

ကျန်းယွမ်ချန်သည် လူအုပ်အကြားမှနေ၍ ရှေ့သို့လျှောက်လှမ်းလာကာ စတင်၍သတင်းပို့သည်။

သူ့အား လုယွီကိုယ်တိုင် ရာထူးတိုးမြင့်ပေးထားခြင်းဖြစ်သည်။ယခုအချိန်၌ သူသည် အရှေ့အောင်နိုင်ခြင်းကြယ်မြေ၏အုပ်ချုပ်ရေးသံတမန်ရာထူးကို ရရှိထားကာ လူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့်အစားအသောက်လုပ်ငန်းများကို အုပ်ချုပ်ရသည်။

"ငါ ခွင့်ပြုတယ်"

လုယွီက ​ခွင့်ပြုချက်ပေးလိုက်သည်။

ကျန်းရီက ရှေသို့လျှောက်လှမ်းလာပြီး ပြောဆိုသည်။

"တစ္ဆေတောင်ကြားကျောင်းတော်ကို တည်ဆောက်တာက ပြီးစီးသွားပြီ...ဒါပေမဲ့ကုန်ကျစရိတ်က အရမ်းမြင့်မားတာကြောင့်ငါတို့မျှော်လင့်ထားတာထက် အများကြီးကျော်လွန်နေတယ်"

လုယွီက ပြောဆိုလိုက်သည်။

"တစ္ဆေတောင်ကြားကျောင်းတော်ကို တော်ဝင်ကျောင်းတော်နဲ့ အဆင့်တူဖြစ်အောင် တည်ဆောက်ရမယ်...ငါက ငွေအပ်နှံဌာနဆီကိုစာတစ်စောင်ပို့ပြီးပြီ...ကျောင်းတော်မှာရှိတဲ့ အရာရာတိုင်းကို အမြင့်မားဆုံးစံနှုန်းနဲ့ စီစဉ်ရမယ်..ငွေကြေးက ပြဿနာတစ်ခု မဟုတ်ဘူး....လေ့ကျင့်ရေးစခန်းသုံးခုကိုလည်း သေသေချာချာ တည်ဆောက်ပြီးတော့ ပါရမီရှင်တွေ ခေါ်ယူတဲ့နေရာမှာ လိုအပ်ချက်တွေကို တင်းကြပ်ထားရမယ်...ပါရမီနိမ့်ပါးတဲ့လူတွေ အများကြီးရှိနေတာထက် လူမရှိတာက ပိုပြီးကောင်းတယ်"

"နားလည်ပါပြီ"

အရာရှိများအားလုံးက တုံ့ပြန်လိုက်ကြသည်။

ထိုအချိန်မှာပင် ပြင်ပမှနေ၍ အရေးပေါ်သတင်းပို့စာလွှာတစ်ခု ရောက်ရှိလာသည်။

ဤအချိန်အခိုက်အတန့်တွင် ကျန်းရီသည် သူ၏လက်ကိုဆန့်တန်းကာ ကောင်းကင်ကွန်ယက်မှ ပေးပို့သောသတင်းပို့စာလွှာကို ဆုပ်ကိုင်လိုက်သည်။

ထိုသတင်းပို့စာလွှာကို တစ်ချက်ကြည့်ပြီးနောက် ကျန်းရီက မျက်မှောင်ကြုတ်လိုက်၏။

"ထန်စစ်တပ်မှာ ရုန့်ရင်းကြမ်းတမ်းတဲ့လူတစ်ယောက် ထွက်ပေါ်လာခဲ့တယ်....တာယွီတော်ဝင်နန်းတွင်းရဲ့စစ်သားတွေ ရှုံးနိမ့်သွားပြီးတော့ အမတ်ကြီးချူ အသတ်ခံလိုက်ရတယ်...ကျား‌လှောင်အိမ်ခံတပ်က ရန်သူတွေရဲ့လက်ထဲကို ကျရောက်သွားခဲ့ပြီ"

Chapter 4522

ဤအချိန်အခိုက်အတန့်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကျန်းရီ၏လက်အတွင်းရှိ သတင်းပို့စာလွှာကိုကြည့်ပြီး သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။

ဤသတင်းသည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသဖြင့် သူတို့အနက်မှလူအများစုအား အသိစိတ်လွတ်ကင်းသွားစေသည်။

ကျားလှောင်အိမ်ခံတပ်သည် တာယွီတော်ဝင်နန်းတွင်း၏ နံပါတ်တစ်ခံတပ်ကြီးပင်။ထိုအရာသည် အရွယ်အစားအရဖြစ်စေ ခုခံရေးအင်အားအရဖြစ်စေ တာယွီတော်ဝင်နန်းတွင်း၏အကောင်းဆုံးဖြစ်ကာ 'ကောင်းကင်ဘုံအင်ပါယာအတားအဆီး'ဟူသော ဘွဲ့ထူးကိုပင် ရရှိထားသည်။

တော်ဝင်မြို့တော်၏မြောက်ဘက်ခြမ်းတွင် လော့ရွှေ ရှန်းယင်နှင့်ပင်းဝမ်ကြယ်မြစ်များရှိကာ အနောက်ဘက်ခြမ်းတွင် ကျောက်တုံးနက်ကြယ်မြစ် ကောင်းကင်ပြစ်ဒဏ်ကြယ်မြစ် တို့နှင့် ထိစပ်နေသည်။ထိုကြယ်မြစ်ငါးခုနှင့်တော်ဝင်မြို့တော်အကြားတွင် အကန့်အသတ်မရှိသော လေဟာနယ်အက်ကွဲကြောင်းများရှိပေ၏။ထိုနေရာတွင် တခြားကမ္ဘာလောကသို့ ရောက်ရှိသွားနိုင်သည့် လေဟာနယ်ကျင်းနက်ကြီးများ အမြောက်အများရှိနေသဖြင့် အလွန်အမင်းအန္တရာယ်များသော နေရာတစ်နေရာဟု ယူဆနိုင်သည်။

ထိုရှည်လျားသော လေဟာနယ်အက်ကွဲကြောင်းများအကြားတွင် တာယွီတော်ဝင်နန်းတွင်းသည် မြင့်မားပြီးခိုင်မာတောင့်တင်းသော နံရံများကိုတည်ဆောက်ကာ ဤနေရာကို အခိုင်အမာကာကွယ်စောင့်ကြပ်ခဲ့သည်။ဤသည်မှာ ပြင်ပလောကများမှ ဝင်ရောက်လာမည့် အန္တရာယ်များကို ပိုင်းခြားနိုင်ရန်အတွက်ပင်။

ထိုနေရာတွင် ခံတပ်အမြောက်အများကို တည်ဆောက်ထားကာ အစောင့်အကြပ်စစ်သားများဖြင့် ပြည့်နှက်နေသည်။ထိုခံတပ်များအကြားတွင် ကျားလှောင်အိမ်ခံတပ်သည် အကြီးမားဆုံးဖြစ်ပြီး ခုခံကာကွယ်ရေးစစ်သားများ အများဆုံးဖြစ်ကာ အားအကောင်းဆုံးခုခံရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။

ထန်စစ်တပ်သည် ကြယ်နယ်မြေအမြောက်အများကို သိမ်းပိုက်ခဲ့ကာ ခရီးနှင်လာခဲ့ပြီး လပေါင်းများစွာ​ကြာအောင် ကျားလှောင်အိမ်ခံတပ်ကို ပိတ်ဆို့ထားခဲ့သည်။

ထိုအချိန်အတောအတွင်းတွင် တာယွီတော်ဝင်နန်းတွင်း၏စစ်ကူများသည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ ထန်စစ်တပ်ကို ဝိုင်းရံခဲ့သည်။သူတို့သည် ထန်စစ်တပ်ကို အ​မြစ်ပြတ်ဖျက်ဆီးနိုင်ရန် ရည်ရွယ်ခဲ့ပေ၏။

သို့ရာတွင် ဤအချိန်အခိုက်အတန့်မှာပင် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျားလှောင်အိမ်ခံတပ်သည် အမှန်တကယ်ကို ကျိုးပျက်သွားခဲ့သလော....

တာယွီတော်ဝင်နန်းတွင်းဘက်မှ လူများအတွက်ဖြစ်စေ လုယွီ၏ လက်အောက်ငယ်သားများအတွက်ဖြစ်စေ ဤသည်မှာ သူတို့အားလုံး လက်သင့်မခံနိုင်သောအချက်ပင်။

"အမတ်ကြီးချူရဲ့ကျင့်ကြံဆင့်နယ်ပယ်က အရမ်းမြင့်မားပြီးတော့ သူက ဝူရွှမ်ဘွဲ့ထူးကို ချီးမြင့်ခံထားရတယ်...သူကိုယ်တိုင် စီမံအုပ်ချုပ်နေတာကြောင့် ကျားလှောင်အိမ်ခံတပ်က အရမ်းခိုင်မာတောင့်တင်းတယ်...ထန်အင်ပါယာရဲ့ လီမီက လူငယ်တစ်ယောက်ပဲ...ဘယ်လိုလုပ်ပြီးတော့ သူ့မှာ ဒီလိုအရည်အချင်းမျိုး...."

တပ်မှူးတစ်ယောက်သည် မေးခွန်းထုတ်ရန် ဟန်ပြင်လိုက်သော်လည်း သူ၏စကားတစ်ဝက်တစ်ပျက်သို့အရောက်၌ ရပ်တန့်သွားသည်။

လူငယ်ပါရမီရှင်တစ်ယောက်ကို သာမန်အသိအမြင်များနှင့် တိုင်းတာ၍မရတော့ချေ။

လုယွီသည်လည်း လူငယ်တစ်ယောက်ဖြစ်သည့်တိုင် တာအိုသခင်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။ဤသည်မှာ သူ ယခင်က တစ်ကြိမ်တစ်ခါ​မျှ စဉ်းစားဝံ့ခြင်းမရှိသော ကျင့်ကြံဆင့်စွမ်းအားပင်။

လီမီထံတွင်လည်း တူညီသောအရည်အချင်းမျိုး ရှိနေသည်မှာ ဖြစ်နိုင်ပေ၏။

"ဒါက လီမီကြောင့် မဟုတ်ဘူး...ထန်စစ်တပ်ရဲ့ ထူးချွန်တဲ့စစ်ဗိုလ်ချုပ် ကောင်းရှင်းကျစ်ကြောင့်ပဲ"

ကျန်းရီက အလေးအနက်ထားသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ကျားလှောင်အိမ်ခံတပ်က အရမ်းခိုင်မာတောင့်တင်းပြီးတော့ ချိုးဖျက်ဖို့ မလွယ်ဘူး...ဒါပေမဲ့ ကောင်းရှင်းကျစ်က သူ့ရဲ့လူတွေကို ခေါ်ဆောင်ပြီးတော့ လေဟာနယ်အက်ကွဲကြောင်းကနေ ဖြတ်သန်းသွားခဲ့တယ်...သူက ကျားလှောင်အိမ်ခံတပ်ကို နောက်ကနေပြီး ခြုံခိုတိုက်ခိုက်ခဲ့တာပဲ...အဲ့ဒီအချက်ကြောင့် ကျားလှောင်အိမ်ခံတပ် ကျရှုံးသွားခဲ့ရတယ်"

ပတ်ဝန်းကျင်မှနေ၍ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာကာ လူအများစု၏မျက်နှာများထက်တွင် ထိတ်လန့်တုန်လှုပ်သော အမူအယာများ ထင်ဟပ်လာသည်။

ကျားလောင်အိမ်ခံတပ်၏ နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်အက်ကွဲကြောင်းများသည် သဘာဝအတားအဆီးတစ်ခုပင်။

အကယ်၍ တစ်စုံတစ်ယောက်သည် ဤအရာကို ဖြတ်ကျော်လိုပါက လေဟာနယ်မုန်တိုင်းကို ရင်ဆိုင်ရပေမည်။အဆုံးသတ်၌ သူတို့သည် ထိုအရာအတွင်း၌ သေဆုံးသွားကာ သူတို့၏ စိတ်ဝိညာဉ်များပင်လျှင် လွတ်မြောက်နိုင်မည်မဟုတ်ချေ။ ကံကောင်းသူတချို့သည် တခြားကမ္ဘာလောကအတွင်းသို့ ရောက်ရှိသွားနိုင်ကာ သူတို့၏ဘဝသက်တမ်းတလျှောက် ပြန်လာနိုင်တော့မည် မဟုတ်ချေ။

ဤသည်မှာ ရှေးဟောင်းခေတ်ကာလအချိန်ကတည်းက တည်ရှိခဲ့သော လူသားများအတွက် တားမြစ်နယ်မြေပင်။အတိတ်တွင် အလယ်ခေတ်၏စစ်ပွဲများ အတောအတွင်း၌ လေဟာနယ်အက်ကွဲကြောင်းကို ဖြတ်ကျော်သွားရန် ကြံရွယ်ခဲ့သော ကျင့်ကြံသူအမြောက်အများ ရှိခဲ့သည်။သို့ရာတွင် အဆုံးသတ်၌ သူတို့သည် ပြန်ထွက်လာနိုင်ခြင်း မရှိတော့ချေ။နှစ်တစ်ထောင်ခန့်ကြာမြင့်ပြီးနောက် တချို့လူများသည် ထိုလေဟာနယ်အက်ကွဲကြောင်းများမှ ကျရောက်လာသော ရှေးဟောင်းပစ္စည်းတချို့ကိုရှာဖွေတွေ့ရှိခဲ့သည်။နောက်ဆုံး၌ ထိုကျင့်ကြံသူများ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုလိုက်ကြ၏။

လေဟာနယ်အက်ကွဲကြောင်းကို ဖြတ်သန်းရန်အလို့ငှာ တစ်စုံတစ်ယောက်ထံတွင် နည်းလမ်းတစ်ခုရှိရန် လိုအပ်ရုံသာမက လုံလောက်သောသတ္တိလည်း ရှိနေရပေမည်။

"ဒါက စွန့်စားတဲ့ လှုပ်ရှားမှုတစ်ခုပဲ...တကယ်လို့ ငါတို့တွေ ကျားလှောင်အိမ်ခံတပ်ကို စောင့်ကြပ်နေတယ်ဆိုရင်တောင် တစ်ဖက်လူတွေက ဒီလိုနည်းလမ်းမျိုးကို အသုံးပြုပြီး လှုပ်ရှားလာမယ်လို့ တွေးထင်မိမှာမဟုတ်ဘူး...ကျားလှောင်အိမ်ခံတပ်က အရမ်းကြီးမားကျယ်ပြန့်ပြီးတော့ နေရာအနှံ့အပြားမှာ ခုခံကာကွယ်မှုတွေ ရှိနေတယ်...ဒါကြောင့် ခံတပ်ရဲ့ပင်မအင်အားစုတွေကို ရှေ့တန်းမှာပဲ စုရုံးထားမိလိမ့်မယ်...ဒါကြောင့် နောက်တန်းမှာ ခုခံကာကွယ်မှုလွတ်ကင်းသွားပြီးတော့ ထန်စစ်တပ်က အခွင့်ကောင်းတစ်ခုကို ရှာတွေ့သွားခဲ့တာပဲ...ကောင်းရှစ်ကျီးရဲ့ လှုပ်ရှားမှုပုံစံက သူတို့ရဲ့တပ်မှူးလီမီနဲ့ နည်းနည်းတော့တူနေတယ်"

ပတ်ဝန်းကျင်ရှိ စစ်ဗိုလ်ချုပ်အားလုံးသည် ဤတိုက်ပွဲကို ဆင်ခြင်သုံးသပ်ပြီး စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းရှိုက်လိုက်ကြ၏။

Chapter 4523

အကယ်၍ သူတို့ကိုယ်တိုင် ကျားလှောင်အိမ်ခံတပ်ကို စောင့်ကြပ်ရမည်ဆိုလျှင်ပင် ထန်စစ်တပ်၏စစ်နည်းဗျူဟာကို ချိုးဖျက်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်မည် မဟုတ်ချေ။

တစ်ဖက်ရန်သူများသည် အလွန်အတင့်ရဲပေ၏။ ထို့ပြင် သတင်းပို့စာလွှာတွင် ထန်စစ်သားများသည် လေဟာနယ်အက်ကွဲကြောင်းမှတဆင့် ဖြတ်ကျော်သွားခဲ့သည်ကိုသာ ဖော်ပြထားပြီး မည်သည့်နေရာတွင်ရှိသော လေဟာနယ်အက်ကွဲကြောင်းကို ချိုးဖျက်ခဲ့သည်အား သူတို့ မသိရှိနိုင်​ချေ။

ကျားလှောင်အိမ်ခံတပ်သည် ကြယ်မြစ်ငါးခုနှင့် ဆက်နွယ်နေကာ အလွန်ကြီးမားကျယ်ပြန့်သည်။ထို့ကြောင့် ခံတပ်၏နေရာတိုင်းကို အချိန်ပြည့်ကာကွယ်စောင့်ကြပ်နေရာမှာ မဖြစ်နိုင်​ချေ။အကယ်၍ သူတို့၏အင်အားများကို ဖြန့်ကျက်လိုက်ပါက သူတို့၏ခုခံကာကွယ်နိုင်မှုအင်အား လျော့ကျသွားပေမည်။ထိုအချိန်ကျလျှင် ထန်စစ်တပ်သည် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လာပါက သူတို့သည် ခုခံကာကွယ်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ရပေမည်။

"တော်ဝန်နန်းတွင်းရဲ့ အဓိကခုခံကာကွယ်ရေးနေရာက အခုချိန်မှာ စီးရွှေခံတပ်ဖြစ်သွားပြီ ....အဲဒီခံတပ်က တော်ဝင်မြို့တော်ရဲ့ရှေ့မှာရှိတဲ့ နောက်ဆုံးအဟန့်အတားပဲ...တကယ်လို့ စီးရွှေခံတပ်သာ ကျိုးပျက်သွားမယ်ဆိုရင် တော်ဝင်မြို့တော်က အန္တရာယ်ထဲကို ကျရောက်သွားပြီ"

ဖေးထျန်ကွမ်းက သဲခုံစားပွဲ၏တစ်နေရာကိုညွှန်ပြပြီး ပြောဆိုသည်။

ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့၏ တာဝန်များအားလုံးကို လွှဲပြောင်းပေးပြီးနောက် ဖေးထျန်ကွမ်းသည် လုယွီ၏လက်အောက်မှ ဦးစီးအရာရှိခေါင်းဆောင် ဖြစ်လာခဲ့သည်။သူသည် အုပ်ချုပ်ရေးနှင့်စစ်ရေးအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် တာဝန်ယူထားပေ၏။

ဤသည်မှာ အမတ်ချုပ်ကြီးတစ်ယောက်နှင့် ကွဲပြားခြားနားခြင်း မရှိတော့ချေ။

ဖေးထျန်ကွမ်းသည် ကျောင်းတော်သားတစ်ယောက်ဖြစ်ကာ တော်ဝင်မြို့တော်၌ အချိန်အတော်ကြာအောင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သဖြင့် ဤကိစ္စများကို ပေါ့ပေါ့ပါးပါးကိုင်တွယ်ဖြေရှင်းနိုင်သည်။

လုယွီက မေးမြန်းသည်။

"စီးရွှေခံတပ်ကို အုပ်ချုပ်နေတဲ့ဗိုလ်ချုပ်က ဘယ်သူလဲ"

"တော်ဝင်နန်းတွင်းက စီးရွှေခံတပ်ကို စီမံကွပ်ကဲဖို့အတွက် စစ်ဗိုလ်ချုပ်တစ်ယောက်ကို စေလွှတ်မထားဘူး....အဲဒီအစား သူတို့က မင်းသားကူကို စီမံကွပ်ကဲဖို့အတွက် စေလွှတ်ခဲ့တယ်...အဲဒီခံတပ်ရဲ့ ခုခံကာကွယ်ရေးစစ်သားတွေအားလုံးက မင်းသားကူရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်"

ကျန်းရီက သတင်းပို့စာလွှာကို လုယွီထံသို့ လက်ကမ်းပေးလိုက်သည်။

"သူက တော်ဝင်ဦးရီးတော်တစ်ယောက် မဟုတ်လား....တော်ဝန်နန်းတွင်းက သူ့ကို အပြင်လွှတ်လိုက်တာက သူတို့ရဲ့အရင်းအမြစ်တွေအားလုံးကို သုံးတော့မယ်လို့ ဆိုလိုတာလား"

လုယွီ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

ကျိုးတော်ဝင်မိသားစုသည် ကောင်းကင်ဘုံနယ်မြေကို ထိန်းချုပ်ကာ သူတို့၏မိသားစုအတွင်းတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။

တိုက်ပွဲအတွင်းတွင် မင်းသားစုသေဆုံးသွားသော်လည်း ကျိုးတော်ဝင်မိသားစုတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများကျန်ရှိကာ ထိပ်သီးမိသားစုကြီးတစ်စုအဖြစ် ရပ်တည်နိုင်ဆဲပင်။

မင်းသားကူသည် အသက်တစ်ရာကျော်နေပြီဖြစ်ကာ သူ၏ဝါစဥ်သည် အလွန်အမင်းမြင့်မားပေ၏။သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ဦးရီးတော်ဖြစ်ပြီး အစစ်အမှန်ယန်ဧကရာဇ်၏ညီတော်ပင်။အကယ်၍ မင်းသားစုသည် သူအားမြင်တွေ့လျှင်ပင် တော်ဝင်ဦးရီးတော်ဟု ခေါ်ဆိုသုံးနှုန်းရပေမည်။

ဤသည်မှာ သူ၏အဆင့်အတန်းကြောင့်သက်သက်မဟုတ်ဘဲ ခွန်အားအရာတွင် မင်းသားကူသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

မင်းသားကူသည် တာအိုသခင်တစ်ယောက် ဖြစ်ပေ၏။

သူသည် ကျိုးမိသားစုဘိုးဘေးနှင့် ပဉ္စမဘုရင်ကဲ့သို့ ခြေလှမ်းတစ်ဝက်တာအိုသခင် မဟုတ်ချေ။

သူသည် အစစ်အမှန် တာအိုသခင်တစ်ယောက်ပင်။

မင်းသားကူသည် ဥပဒေများကို ဖမ်းဆုပ်ထားနိုင်ကာ မိုးကောင်းကင်တာအိုကို ပြောင်းလဲနိုင်ပြီး တာအိုနည်းစနစ်များ၏အရှင်သခင်ဖြစ်သဖြင့် သူ့၏မှော်စွမ်းအားများသည် မိုးထိမြင့်မားသောအဆင့်သို့ ရောက်ရှိနေလေပြီ။

သူသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်ဖြစ်ကာ သူ့၏လက်အတွင်း၌ မိုးကောင်းကင်တာအိုဥပဒေသများကို ဆုပ်ကိုင်ထားနိုင်ပြီး ကြယ်နယ်မြေများကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည်။

မင်းသားကူ၏စွမ်းအားသည် အလွန်ကြီးမားရုံသာမက သူ၏စိတ်နေသဘောထားသည် အလွန်သိုသိုသိပ်သိပ်နေတတ်သူဖြစ်သည်။သူသည်တံခါးပိတ်ကျင့်ကြံရာမှ ထွက်ခွာသည်မှာ အလွန်ရှားပါးပြီး သူ၏အိမ်တော်၌သာ အစဉ်အမြဲနေလေ့ရှိသည်။ပြင်ပအရေးကိစ္စများနှင့်ပတ်သက်ပြီး သူသည် တစ်ကြိမ်တစ်ခါမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ လောကီအရေးကိစ္စများကို လျစ်လျူရှုထားလေ၏။

မင်းသားကူ၏အိမ်တော်သည်လည်း အစဉ်အမြဲ နှိမ့်ချသောသဘောထားကို ထိန်းသိမ်းထားသည်။ကောင်းကင်ဘုံနယ်မြေအတွင်း၌ သူတို့၏တည်ရှိမှုသည် မြင်သာထင်သာမရှိချေ။

သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ မင်းသားကူကို တိုက်ခိုက်စေခြင်းမှတဆင့် အခြေအနေများ မည်မျှထိ ပြင်းထန်နေသည်ကို ပြသနေသည်။တော်ဝင်ဦးရီးတော်အိုကြီးမှသာ ဤအခြေအနေများကို ပြောင်းလဲနိုင်ပေမည်။

"တော်ဝင်နန်းတွင်းက တာအိုသခင်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကို အသုံးပြုနေပြီ....ကြည့်ရတာတော့ ထန်အင်ပါယာကလည်း တူညီတဲ့လုပ်ရပ်တွေကို လုပ်လာလိမ့်မယ်...နောက်ဆုံးမှာ ဘယ်သူက အနိုင်ရမလဲဆိုတာ ငါ မသိဘူး"

လုယွီက ကျန်းရီကိုကြည့်ပြီး ပြောဆိုသည်။

"ကောင်းကင်ကွန်ယက်အဖွဲ့ကို သေချာစုံစမ်းစစ်ဆေးထားဖို့ ပြောလိုက်စမ်း...တကယ်လို့ သတင်းတစ်ခုခုရှိလာရင် ငါ့ကို ချက်ချင်း သတင်းပို့ရမယ်"

"ဟုတ်ကဲ့"

ကျန်းရီက တုံ့ပြန်သည်။

နှစ်ဖက်အကြားရှိစစ်ပွဲသည် ညီမျှသောအခြေအနေအရ တိုက်ခိုက်ရပေမည်။

တစ်ဖက်လူသည် တာအိုသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို စေလွှတ်ပါက မိုးနှင့်မြေကိုဖျက်ဆီးနိုင်ရန် လုံလောက်သည့်စွမ်းအားမျိုး ရှိနေသည်။

ဥပမာအနေဖြင့် လုယွီတစ်ယောက်တည်းဖြင့် အနက်ရောင်မိုခံတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်၌ သူ့ရှေ့တွင်ရှိနေသော ထန်စစ်ဗိုလ်ချုပ်များအားလုံး တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့သည်။သူတို့သည် သူ့အားယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိဘဲ မြို့တစ်မြို့လုံးပင်လျှင် မြေကြီးအတွင်းသို့ မီတာပေါင်းများစွာအနက်ထိ နိမ့်ဆင်းသွားခဲ့သည်။

အကယ်၍ တာယွီအင်ပါယာဘက်မှနေ၍ မင်းသားကူကို ထွက်ပြီးတိုက်ခိုက်စေပါက ထန်အင်ပါယာဘက်မှလည်း တာအိုသခင်တစ်ယောက်ကို စေလွှတ်လိုက်ပေမည်။

"မင်းသားကူက အသက်ကြီးနေပြီ...တကယ်လို့ ထန်စစ်တပ်က တာအိုသခင်တစ်ယောက်ကို လွှတ်လိုက်မယ်ဆိုရင် အကျိုးဆက်တွေကို ငါ မတွေးဝံ့ဘူး"

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

လူများအားလုံးသည် ဤအချက်ကို သိရှိထားပြီးဖြစ်သည်။

ကျိုးမိသားစု၏ ကြွင်းကျန်သောမင်းသားအနည်းငယ်အနက်မှ တစ်ယောက်ဖြစ်သည့် မင်းသားကူသည် အကယ်၍ သေဆုံးသွားပါက တော်ဝင်မြို့တော်အတွင်း၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများ ကျန်ရှိတော့မည်မဟုတ်ချေ။

Chapter 4524

"တော်ဝင်အမိန့်တော် ရောက်လာပါတယ်"

ထိုအချိန်မှာပင် ခန်းမ၏ပြင်ပမှနေ၍ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။

လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။။သူတို့သည် တော်ဝင်နန်းတွင်းနှင့်ပတ်သက်သော အရေးကိစ္စများကို တိုင်ပင်ဆွေးနွေးနေစဉ်မှာပင် တော်ဝင်အမိန့်တော်သည် အလွန်လျှင်မြန်စွာ ရောက်ရှိလာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

"အရှင်...တစ်ယောက်ယောက်ကတော့ မင်းအပေါ် မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာပြီ"

ဖေးထျန်ကွမ်းက သတိပေးသည်။

လုယွီက ခေါင်းညိတ်ပြပြီး တည်ငြိမ်စွာပြောဆိုလိုက်၏။

"လာကြစမ်း...အပြင်ကိုထွက်ပြီးတော့ တစ်ချက်ကြည့်ကြစို့"

ခန်းမအတွင်းရှိ လူများအားလုံး ပြင်ပသို့ထွက်လိုက်ချိန်တွင် ခန်းမ၏ပြင်ပ၌ မတ်တတ်ရပ်နေသော နဂါးအစောင့်တစ်စုကို တွေ့မြင်မိသည်။

ထိုနဂါးအစောင့်များအားလုံးသည် ငါးပျံဝတ်စုံများကို ဝတ်ဆင်ထားကာ သူတို့၏ခါးများ၌ ဆေးဘာဓားရှည်များကို ချိတ်ဆွဲထားသည်။သူတို့၏ဝတ်စုံများပေါ်တွင် သံချပ်ကာများနှင့်မျက်နှာဖုံးများ လွမ်းခြုံထားသဖြင့် ပြင်ပမှကြည့်ပါက သူတို့၏အေးစက်စက်မျက်လုံးတစ်စုံကိုသာလျှင် မြင်တွေ့နိုင်သည်။

ဤနေရာတွင် မတ်တတ်ရပ်နေသော နဂါးအစောင့်များသည် ရာစုမှူးရာထူးထက် ကျော်လွန်သော အရာရှိများဖြစ်နိုင်သည်။သူတို့၏ခွန်အားသည် သာလွန်ထူးကဲပေ၏။

နဂါးအစောင့်များ၏ ခြံရံထားမှုအကြားမှနေ၍ အရာရှိဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက် ထွက်ပေါ်လာသည်။

ဤလူလတ်ပိုင်းကြီးထံတွင် ချောမောခံညားသော ရုပ်ရည်ရှိကာ သူ၏မျက်နှာပေါ်တွင် မည်သည့်အမွှေးအမျှင်မျှ ရှိမနေချေ။သူသည် နူးညံ့သိမ်မွေ့ပြီး ချောမောခန့်ညားသော ပုံပန်းသွင်ပြင်ရှိကာ သူ၏မျက်ခုံးတစ်စုံသည် ထက်ရှပေ၏။သူ၏မျက်နှာပေါ်၌ မောက်မာထောင်လွှားသော အရိပ်အယောင်တစ်ရပ် ရှိနေသည်။

သူ၏ကြီးကြယ်ခမ်းနားသော အရာရှိဝတ်စုံနှင့် ပေါင်းစပ်လိုက်ချိန်၌ ထိုလူ ထွက်ပေါ်လာသောအချိန်တွင် သူရဲကောင်းဆန်ပြီး တက်ကြွသွက်လက်သော ပုံသဏ္ဍာန်မျိုး ရှိနေစေသည်။

ထိုလူလတ်ပိုင်းကြီး၏နောက်တွင် လက်ထောက်အရာရှိတချို့ မတ်တပ်ရပ်နေကာ သူတို့သည် အလေးအနက်ထားသော မျက်နှာအမူအယာများဖြင့် တော်ဝင်အမိန့်တော်ကို ကိုင်ထားကြသည်။

လုယွီ ထွက်လာသည်ကို မြင်တွေ့ချိန်တွင် လူလတ်ပိုင်းကြီးသည် ခေါင်းမော့ကာ အော်ငေါက်လိုက်၏။

"မင်းက လုယွီလား...မင်း စည်းမျဉ်းတွေကို မသိဘူးလား...တော်ဝင်အမိန့်တော် ရောက်လာတဲ့အချိန်မှာ ဘာလို့ မင်းက အပြင်ကိုထွက်ပြီး မကြိုဆိုတာလဲ"

"မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ...စကားကို သတိထားပြီးပြောစမ်း"

ပုန်းကွယ်နဂါးစစ်တပ်မှ တပ်မှူးများအားလုံး ဒေါသထွက်သွားပေ၏။ရှင်းယန်မြို့အတွင်းတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ လုယွီကို ဤကဲ့သို့ပုံစံမျိုးဖြင့် စကားမပြောဝံ့​ချေ။

နံဘေးတွင်ရှိနေသော နဂါးအစောင့်များသည် ထိုလူကြီးခံစားရသော ဖိအားအရှိန်အဝါကို သိရှိသွားသဖြင့် သူတို့၏ဆေဘာဓားများကို ဆွဲထုတ်လိုက်ကြသည်။

လူလတ်ပိုင်းကြီး၏နောက်တွင်ရှိနေသော လက်ထောက်အရာရှိတစ်ယောက်က ရှေ့သို့ထွက်လာကာ ကျယ်လောင်စွာပြောဆိုသည်။

"ဒါက စာပေနဲ့ယဉ်ကျေးမှုဌာနရဲ့လက်ထောက်အမတ်ကြီး စစ်ရေးအုပ်ချုပ်ရေးဌာနရဲ့မဟာအတွင်းဝန်ဖြစ်တဲ့ အရှင်ရှယင်ပဲ...သူက တော်ဝင်သံတမန် တစ်ယောက်ပဲ...မြန်မြန်အရိုအသေပြုကြစမ်း"

လုယွီဘက်မှ လက်အောက်ငယ်သားများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။

သူတို့ရှေ့ရှိလူသည် တော်ဝင်နန်းတွင်း၏အမတ်ကြီးတစ်ယောက်ဖြစ်နေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

ရှယင်သည် တော်ဝင်နန်းတွင်း၏ အမတ်ကြီးတစ်ယောက်ဖြစ်ကာ နန်းတွင်းညီလာခံ၏ဆုံးဖြတ်ချက်များတွင် ဝင်ရောက်စွက်ဖက်နိုင်သူဖြစ်သည်။သူ၏ရာထူးအဆင့်အတန်းသည် အလွန်အမင်းမြင့်မားပေ၏။

ဤကဲ့သို့ အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်သည် ရုတ်တရက် ရှင်းယန်မြို့သို့ ရောက်ရှိလာခဲ့သဖြင့် လူများအားလုံးသည် ရှယင်ထံမှ ရောက်ရှိလာတော့မည့် ဖိအားကို ခံစားမိသည်။

"ရှယင်က တော်ဝင်မြို့တော်ရဲ့ ရှမိသားစုဝင်တစ်ယောက်ပဲ.. သူက ဒီနေရာကို ရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ဖေးထျန်ကွမ်းက လုယွီထံသို့ အသံသတင်းစကား ပေးပို့လေသည်။

လုယွီ၏မျက်နှာအမူအယာသည် ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။

"မင်းက ဘာကိစ္စနဲ့ ငါ့ကိုတွေ့ဖို့ ရှင်းယန်မြို့ကို ရောက်လာတာလဲ"

ရှယင်က မျက်မှောင်ကြုတ်ပြီးနောက် အေးစက်တင်းမာစွာ ပြောဆိုသည်။

"တကယ်တော့ တော်ဝင်အမိန့်တော်အတွက်ပဲ...အမိန့်တော်က ဒီနေရာကို ရောက်နေပြီ...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အုပ်ချုပ်သူအရှင်လုယွီ အမိန့်တော်ကို လက်ခံစမ်း"

ရှယင်၏အပြုအမူသည် အလွန်မောက်မာထောင်လွှားပေ၏။သူသည် သူ၏လက်ကိုမြှောက်ကာ တော်ဝင်အမိန့်တော်ကို လေထုအတွင်းသို့ ပစ်တင်လိုက်သည်။

လေထုအတွင်း၌ ရွှေရောင်အမိန့်တော် မျောလွင့်သွားသည်။ပတ်ဝန်းကျင်တွင် တော်ဝင်အရှိန်အဝါများ ဖြာထွက်လာကာ ရွှေရောင်အလင်းတန်းများအသွင်သို့ ပြောင်းလဲပြီး အရပ်မျက်နှာအဘက်ဘက်ကို လင်းထိန်သွားစေသည်။

တော်ဝင်အမိန့်တော်သည် တဖြည်းဖြည်း ပြန့်သွားကာ ထိုအရာပေါ်တွင် ဝင့်ကြွားသောလက်ရေးဖြင့် ရေးသားထားသော စာလုံးများရှိနေကာ ကြီးကျယ်ခမ်းနားမှုများဖြင့် ပြည့်နှက်နေသည်။

ဘုန်း....

လေထုအတွင်း၌ ကျယ်လောင်သောပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပေ၏။

ကြီးကျယ်ခမ်းနားသော ဧကရာဇ်အရှိန်အဝါက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။လူများအားလုံးသည် သူတို့၏ခေါင်းထက်သို့ သက်ရောက်လာသော ကြီးမားသည့်ဖိအားအရှိန်အဝါကို ခံစားမိသည်။

ဤသည်မှာ ဧကရာဇ်အရှိန်အဝါ၏သက်ရောက်မှုပင်။တော်ဝင်အမိန့်တော်သည် ဧကရာဇ်တစ်ပါးမှ သူ၏ပါးစပ်ကိုဖွင့်ဟကာ ပြောဆိုလိုက်သည့်အလားပင်။မည်သူမည်ဝါဖြစ်နေပါစေ အမိန့်တော်ကို နာခံရပေမည်။

"ဧကရာဇ်က အမိန့်ထုတ်ပြန်လိုက်တယ်...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အုပ်ချုပ်သူအရှင် လုယွီက ပုန်ကန်သူတွေကို နှိမ်နင်းပြီးတော့ အင်ပါယာအတွက် အကျိုးဆောင်ခဲ့တယ်...သူက ဒီစစ်ပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် သူ့ရဲ့အကျိုးဆောင်မှုက အတုမရှိဘူး...ဒါကြောင့် သူ့ကို 'အရှေ့ပိုင်းအမတ်ကြီး'ဘွဲ့ထူး ချီးမြှင့်လိုက်တယ်"

ရှယင်၏စကားအဆုံးသတ်သွားချိန်တွင် တော်ဝင်အမိန့်တော်မှနေ၍ တောက်ပသောအလင်းတန်းတစ်တန်း ပွင့်အံ့ထွက်လာကာ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။

လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ ကံကြမ္မာစွမ်းအားများ ရုတ်တရက်ပြန့်ကားလာကာ နေမင်းကြီး မြင့်တက်လာသည့်အလားပင်။ဤအရာသည် ကြီးမားကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဟုန်ဖြင့် ပြန့်ကားသွားကာ ရုတ်တရက် ပို၍အားကောင်းစပြုလာသည်။

လုယွီသည် မူလက နယ်မြေတစ်ခု၏အုပ်ချုပ်သူအရှင်ပင်။ယခုအချိန်တွင် သူသည် အမတ်ကြီးရာထူးကို ရရှိလိုက်သဖြင့် သူ့၏စွမ်းအားများ ပို၍အားကောင်းလာကာ သူ၏ကျင့်ကြံမှုအရှိန်နှုန်းသည်လည်း အဆများစွာမြင့်တက်သွားလေပြီ။

Chapter 4525

တော်ဝင်နန်းတွင်းမှ ဆုလာဘ်များ ဤနေရာသို့ ရောက်ရှိလာလေပြီ။

လူများအားလုံးသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသော်လည်း သူတို့၏မျက်နှာများပေါ်တွင် ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်များ ရှိမနေချေ။

ဤသည်မှာ အမတ်ကြီးရာထူးတစ်ခုသာဖြစ်ပြီး လုယွီအတွက် အရေးမပါလှချေ။အမှန်အားဖြင့် လုယွီအား ဤရာထူးကိုခန့်အပ်ရန် မလိုအပ်ပေ။

လုယွီသည် ချီအင်ပါယာကို ဖျက်ဆီးလိုက်သောကြောင့် တော်ဝန်နန်းတွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကာ မည်သည့်အသံဗလံမျှ ထွက်ပေါ်မလာချေ။

တော်ဝင်နန်းတွင်းသည် လုယွီအား ဆုချီးမြှင့်ရန်ကိစ္စနှင့် ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးနေခြင်းဖြစ်မည်ဟု လူများအားလုံး ခန့်မှန်းထားကြသည်။သို့ရာတွင် တော်ဝန်နန်းတွင်း၏ဆုလာဘ်သည် အလွန်စိတ်ပျက်ဖွယ်ကောင်းသော အမတ်ကြီးရာထူးဖြစ်နေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

ဤသည်မှာ အစစ်အမှန်အခွင့်အာဏာမရှိသော အမတ်ကြီးရာထူးပင်။

'အရှေ့ပိုင်းအမတ်ကြီး'ရာထူးသည် လုယွီ၏ 'ကျုံးကော်မဟာစစ်ဗိုလ်​ချုပ်'ရာထူးလောက်ပင် ကျော်ကြားခြင်းမရှိပေ။

"ဧကရာဇ်လား....ဘယ်ဧကရာဇ်လဲ..."

လုယွီက အေးစက်တင်းမာစွာပြောဆိုသည်။

ရှန်လင်းလုံသည် ယခုချိန်၌ သူမကိုယ်သူမပင် ကာကွယ်နိုင်ခြင်းမရှိတော့ချေ။သူမထံ၌ သူ့အား ဤဆုလာဘ်ကိုပေးရန် တစ်စုံတစ်ယောက်ကို အထူးသီးသန့်စေလွှတ်မည့် စိတ်အခြေအနေမျိုး ရှိနေမည်ဟု လုယွီက မယုံကြည်ချေ။

ရှယင်က လေဟာနယ်တစ်နေရာသို့ ဦးတည်၍ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး အရိုအသေပြုကာ ပြောဆိုသည်။

"တခြား ဘယ်သူရှိအုံးမှာလဲ...အိမ်ရှေ့စံမင်းသားက ကောင်းကင်ဘုံရဲ့ကောင်းချီးပေးမှုကို ရထားပြီးတော့ သွားလေသူဧကရာဇ်ရဲ့စိတ်ဆန္ဒကို အမွေဆက်ခံထားတယ်...သူက ​နန်းမွေကိုဆက်ခံပြီးတော့ ဧကရာဇ်တစ်ပါး ဖြစ်သွားပြီ...ရက်အနည်းငယ်အတွင်းမှာ ဒီသတင်းကို မိုးနဲ့မြေကြားမှာရှိတဲ့ လူတွေအားလုံးသိအောင် ထုတ်ပြန်ကြော်ညာလိမ့်မယ်...ရှန်မျိုးနွယ်က သူ့ရဲ့ကံကြမ္မာတွေ ဆုံးရှုံးသွားပြီးတော့ လူသားမျိုးနွယ်ရဲ့ မသေမျိုးအဆင့် မှော်လက်နက်ဖြစ်တဲ့ လူသားဧကရာဇ်ဓားကို ဆုံးရှုံးသွားခဲ့တယ်...သူက လူသားမျိုးနွယ်ရဲ့အပြစ်သား ဖြစ်သွားပြီ...သူက ဧကရာဇ်ဖြစ်ဖို့ မထိုက်တန်ဘူး....နောင်အနာဂတ်မှာ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးက ငါတို့ရဲ့ဧကရာဇ်ကို ရိုရိုသေသေဆက်ဆံရလိမ့်မယ်"

အိမ်ရှေစံမင်းသားသည် ထီးနန်းကိုဆက်ခံလိုက်ပြီဟု ဆိုသလော....

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

သူ၏နံဘေးတွင်ရှိနေသော လူများထံတွင်လည်း တုန်လှုပ်ခြောက်ခြားသော မျက်နှာအမူအယာများ ထင်ဟပ်လာပေ၏။

ကျန်းရီ၏မျက်နှာအမူအယာသည်လည်း ကောင်းမွန်ခြင်းမရှိချေ။ကောင်းကင်ကွန်ယက်၏ တပ်မှူးတစ်ယောက်ဖြစ်သည့်တိုင် သူသည် ဤသတင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကိုမျှ မသိခဲ့ရချေ။

အကယ်၍ ကောင်းကင်ကွန်ယက်သည် ဤသတင်းများကို ကြိုတင်၍မသိရပါက ဖြစ်နိုင်​ချေတစ်ခုတည်းသာရှိသည်။အိမ်ရှေစံမင်းသားသည် ထိုကိစ္စကို အလျင်စလိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မည်သူကိုမျှ အသိမပေးခဲ့ခြင်းပင်။သူသည် မည်သူတစ်ဦးတစ်ယောက်ကို​မျှ တုံ့ပြန်ရန်အခွင့်အရေးမပေးဘဲ နန်းတက်ပွဲကျင်းပခဲ့ခြင်းဖြစ်ပေမည်။

အကယ်၍ တာယွီအင်ပါယာတွင် ဧကရာဇ်တစ်ပါးသည် ထီးနန်းကို အောင်မြင်စွာဆက်ခံလိုပါက အလွန်ရှုပ်ထွေးသော အခန်းအနားတစ်ခုကို ပြီးပြည့်စုံအောင်ပြုလုပ်ရန် လိုအပ်သည်။ဤအခန်းအနားကို ပြင်ဆင်ရန်အတွက် အချိန်တစ်လကျော် ယူရပေမည်။

သို့ရာတွင် အိမ်ရှေစံမင်းသား ကျိုးယွမ်ယန်သည် ဤပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အစီအစဉ်များကို ကျော်လွှားကာ လက်ဦးမှုယူပြီး ထီးနန်းကိုဆက်ခံခဲ့သည်။

ဤသည်မှာ အရင်ဦးဆုံးဆောင်ရွက်၍ နောက်မှသတင်းပို့သည်နှင့် တူညီသည်။

"ဘာလဲ...အရှင်လုက ဧကရာဇ်ရဲ့နန်းတက်မှုကို မကျေနပ်ဘူးလား"

ရှယင်သည် လုယွီ မျက်မှောင်ကြုတ်လိုက်သည်ကို မြင်တွေ့ချိန်၌ အေးစက်တင်းမာသောလေသံဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။

လုယွီက ရှယင်ကိုကြည့်ပြီး ပြောဆိုလိုက်၏။

"မင်း ဒီနေရာကို ဘာအတွက် ရောက်လာတာလဲ ....အဲ့ဒီကိစ္စကို ပြောစမ်း"

အကယ်၍ ဤအမိန့်တော်တစ်ခုအတွက်ဆိုပါက ရှယင်ကိုယ်တိုင်ဒုက္ခခံ၍ ဤနေရာသို့လာရန် မလိုအပ်ချေ။

လုယွီသည် အရှေ့အောင်နိုင်ခြင်းကြယ်​မြစ်၏အုပ်ချုပ်သူအရှင်အဖြစ် ခန့်အပ်ခြင်းခံရသောအချိန်တွင် အမိန့်တော်ကိုဖတ်ရန်အတွက် မိန်းမစိုးတချို့သာ ရောက်ရှိလာသည်။ အကြောင်းအရင်းမှာ ဤသည်က ဆုလာဘ်တစ်ခုသာဖြစ်သဖြင့် သူတို့သည် အမိန့်တော်ကိုဖတ်ပြီးသည်နှင့် ထွက်ခွာသွားရမည် ဖြစ်သောကြောင့်ပင်။

သို့ရာတွင် တော်ဝင်နန်းတွင်းသည် အမတ်ကြီးတစ်ယောက်ကို စေလွှတ်လိုက်ရုံသာမက အစောင့်အဖြစ် နဂါးအစောင့်အမြောက်အများလည်း ပါရှိသည်။

ဤသည်မှာ အမိန့်တော် လာရောက်ထုတ်ပြန်ကြော်ညာသည်နှင့် မတူညီဘဲ ဟန်ရေးလာပြသည်နှင့် တူညီပေ၏။

ရှယင်၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားကာ သူ၏မျက်လုံးအတွင်း၌ ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။သူသည် တော်ဝင်နန်းတွင်း၌ သြဇာအာဏာကြီးမားသောဘဝဖြင့် နေထိုင်ခဲ့သူဖြစ်ကာ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အား ဤကဲ့သို့ မဆက်ဆံခဲ့ဘူးချေ။

ရှယင်က အေးစက်တင်းမာစွာ ပြောဆိုသည်။

"အရှင်ဧကရာဇ် ထုတ်ပြန်လိုက်တဲ့ တော်ဝင်အမိန့်တော်အရ...အရှေ့ပိုင်းအမတ်ကြီးလုယွီက ကျူးကျော်လာတဲ့ရန်သူတွေကို ကာကွယ်ဟန့်တားဖို့အတွက် စီးရွှေခံတပ်ကို ချက်ချင်းသွားရမယ်...မင်းက မင်းသားကူရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ရလိမ့်မယ်"

လက်ရှိနေရာတွင်ရှိနေသူများအားလုံး အံ့အားတသင့် ရေရွတ်လိုက်ကြသည်။

သူတို့သည် အစောပိုင်းကမှ ရှေ့တန်းရှိတိုက်ပွဲအကြောင်းကို တိုင်ပင်ဆွေးနွေးနေခဲ့သည်။ သို့ရာတွင် တော်ဝင်နန်းတွင်းသည် အလွန်လျှင်မြန်စွာ လှုပ်ရှားလာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။တော်ဝင်နန်းတွင်းသည် လုယွီကို ရှေ့တန်းသို့စေလွှတ်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။

"တော်ဝင်နန်းတွင်းက ငါတို့ကို စစ်ပွဲမှာ ပါဝင်ဆင်နွှဲနေချင်တယ်ဆိုရင် ပြဿနာမရှိဘူး...ဒါပေမဲ့ စစ်သားတွေနဲ့မြင်းတွေ ရွေ့လျားဖို့အတွက် ငွေကြေးတွေလိုအပ်တယ်...တော်ဝင်နန်းတွင်းက ငါတို့ရဲ့လစာတွေကို ပေးဖို့ပြင်ဆင်ပြီးပြီလား"

ပုန်းကွယ်နဂါးစစ်တပ်၏တပ်မှူးတစ်ယောက်က အေးစက်တင်းမာစွာ ပြောဆိုသည်။

ပုန်းကွယ်နဂါးစစ်တပ်၏လစာများကို စစ်တပ်တည်ထောင်ပြီးသောအချိန်မှစတင်၍ လုယွီမှထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ နာမည်ခံအရ တာယွီတော်ဝင်နန်းတွင်း၏လက်အောက်ခံဖြစ်သော်လည်း ပုန်းကွယ်နဂါးစစ်တပ်သည် တော်ဝန်နန်းတွင်းနှင့်ပိုင်းခြားနေကာ လုယွီ၏ကိုယ်ပိုင်စစ်တပ်ဖြစ်ပေ၏

"လစာလား...ဒါက မလိုဘူး...ပုန်းကွယ်နဂါးစစ်တပ်က နံဘေးဘက်ကနေ ထန်စစ်တပ် ဝင်ရောက်တိုက်ခိုက်မှာကို ကာကွယ်ဟန့်တားဖို့အတွက် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ ဆက်နေရမယ်"

ရှယင်က ကျယ်လောင်စွာပြောဆိုသည်။

"လုယွီ....တော်ဝင်နန်းတွင်းအပေါ် မင်းရဲ့အကျိုးဆောင်မှုတွေကြောင့် အရှင်ဧကရာဇ်ကချွင်းချက်ထားပြီးတော့ မင်းကို အမတ်ကြီးရာထူး တိုးမြှင့်ပေးလိုက်တာပဲ...မင်းက စီးရွှေခံတပ်ကို သွားတဲ့နေရာမှာ အစောင့်သုံးထောင်ထက်ပိုပြီးတော့ ခေါ်ဆောင်သွားခွင့်မရှိဘူး"

Thank For Reading.

All Chapters