← Chapters

အခန်း (၄၅၃၆-၄၅၄၀)

Vol. 230 Ch. 4536-4540

အခန်း (၄၅၃၆-၄၅၄၀)

Vol. 230 Ch. 4536-4540

Chapter 4536

မကြာမီမှာပင် ရှယင်သည် တည်ငြိမ်သွားကာ သူ၏မျက်လုံးများကို စုံမှိတ်ထားသည့်တိုင် သူသည် အရပ်မျက်နှာအဘက်ဘက်မှလှုပ်ရှားမှုများကို ထောက်လှမ်းနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် နယ်မြေသခင်တစ်ယောက်ပင်။ဤကဲ့သို့ အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသည့်တိုင် သူသည် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ဆဲပင်။

ရှယင်၏လက်ကောက်ဝတ်၌ သွေးများဖုံးလွှမ်းနေကာ အောက်သို့ တစ်စက်စက်ယိုစီးကျနေသည်။

လျှို့ဝှက်နည်းစနစ်နှင့် ရှန့်ဖန်းဓား၏စွမ်းအားတို့ကြောင့် သူသည် လုယွီနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည်။သို့ရာတွင် ဤသည်မှာ သူ့အတွက် လေးလံသောဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေဆဲပင်။

"လုယွီ.....မင်းက ကျိုးကျင်းနဲ့ကျိုးထုံတို့ကို သတ်နိုင်ခဲ့တယ်..မင်းက အရည်အချင်းရှိတဲ့လူဆိုတာ ငါ ဝန်ခံတယ်....ဒါပေမဲ့ မင်းက တော်ဝင်နန်းတွင်းကို ပုန်ကန်ရဲမှတော့ မင်းက ရှုံးနိမ့်ဖို့ကံကြမ္မာဖန်ပြီးသားပဲ....လူသားဧကရာဇ်ဓားကို အရှင်ဧကရာဇ်ဆီ အမြန်ဆုံး လွှဲပြောင်းပေးလိုက်တာက မင်းရဲ့ဘေးကင်းလုံခြုံမှုကို အာမခံနိုင်လိမ့်မယ်"

ရှယင်က ပြောဆိုသည်။

ယခုလက်ရှိအချိန်ထိတိုင် သူသည် လက်လျှော့အရှုံးပေးခြင်းမရှိဘဲ လုယွီကို သွေးဆောင်လိုဆဲပင်။

ကျန်းရီက သရော်တော်တော် ပြောဆိုလိုက်၏။

"မင်းက တော်တော်လေးအဆင်အခြင်မဲ့တယ်...ဘာလို့ အခုအချိန်ထိ မင်းရဲ့ဧကရာဇ်အကြောင်းကို စဉ်းစားနေတာလဲ...လက်တွေ့ဖြစ်ရပ်မှန်တွေက စကားလုံးတွေထက် ပိုပြီး အသုံးဝင်တယ်...ကျိုးမိသားစုရဲ့ဘုရင်တွေတောင် လူသားဧကရာဇ်ဓားကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး....ကောင်းကင်ဘုံကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့ ငါ့အရှင်ရဲ့ရှေ့မှာ မောက်မာတဲ့စကားတွေ ပြောဝံ့တဲ့အခွင့်အာဏာမျိုး မင်း ဘယ်နေရာကနေ ရလာတာလဲ"

"ဒီနေ့ ရှန့်ဖန်းဓားကြောင့် ဒီတိုက်ပွဲကို ရှုံးနိမ့်တာမဟုတ်ဘူး...ငါ့ကြောင့်ပဲ..."

ရှယင်သည် ခြေတစ်လှမ်းရှေ့တိုးကာ သူ့၏လက်ချောင်းများမှ သွေးများယိုစီးကျလာပြီး ရှန့်ဖန်းရတနာဓားအား ပေစွန်းသွားသည်။

ရှန့်ဖန်းဓားမှ တုန်ခါသံတစ်သံ ထွက်ပေါ်လာကာ နဂါးဟိန်းသံတစ်သံ ပွင့်အံ့ထွက်လာသည့်အလား အလွန်အမင်းကျယ်လောင်သည်။

"ငါ့ရဲ့သွေးကို ရှန့်ဖန်းဓားဆီ ဆက်သမယ်"

ရှယင်၏အသံ ကျရောက်သွားသည်နှင့် ပေတစ်သောင်းကျော်ရှည်လျားသော မြင့်မြတ်သည့်အလင်းတန်းတတန်းက သူ၏ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာသည်။

ရှယင်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏မျက်လုံးတစ်စုံသည် အနည်းငယ်ဝေဝါးနေပုံရသော်လည်း အတွင်း၌ ပြင်းထန်သော ဓားစိတ်ဆန္ဒနှစ်ရပ် ထင်ဟပ်နေပေ၏။

"သူက ဒီလှုပ်ရှားမှုကို တကယ်ကြီး အသုံးပြုဝံ့တာလား"

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ရှယင်သည် အကန့်အသတ်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို လူများအားလုံး တွေ့မြင်နိုင်သည်။ယခုအချိန်ထိ တောင့်ခံနိုင်သည်ကပင် သူ့အတွက် အလွန်အမင်းခက်ခဲနေလေပြီ။

သို့ရာတွင် သူသည် ရှန်ဖန်းဓားကို ယဇ်ပူဇော်ရန်အတွက် သူ၏သွေးကို အသုံးပြုခဲ့သည်။ သူ၏စိတ်ဝိညာဥ်ကို ရှန့်ဖန်းဓားနှင့်ပေါင်းစပ်ကာ တသားတည်းဖြစ်စေလိုခြင်းပင်။

အကယ်၍ ဤဓား ကျိုးပဲ့သွားပါက သူ သေဆုံးသွားပေမည်။

ကျင့်ကြံသူတစ်ယောက်သည် ဤနည်းလမ်းကို သေရေးရှင်ရေးအခြေအနေမဟုတ်ဘဲ အသုံးပြုလေ့မရှိချေ။

"ဘယ်သူကမှန်ပြီး ဘယ်သူကမှားလဲဆိုတာ မင်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးလား....ငါ လိုချင်တာက ဒီလောကကြီးထဲမှာရှိတဲ့ လူသားတွေအားလုံး နဂါးတွေနဲ့ တူညီနေဖို့ပဲ...ငါ လိုချင်တာက လူသားတွေ လောကနှစ်ခုတောင်တန်းကို ကျော်ဖြတ်ပြီးတော့ အရင်က လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်ပြီးသိမ်းပိုက်စေချင်တယ်...ဘယ်သူကမှ ငါ့ကို ဟန့်တားနိုင်မှာ မဟုတ်ဘူး...မင်းပဲဖြစ်ဖြစ် ကျိုးတော်ဝင်မိသားစုပဲဖြစ်ဖြစ် ငါ့ကို ဟန့်တားလို့မရဘူး"

လုယွီ၏အသံသည် မိုးနှင့်မြေအကြား၌ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။

လုယွီ၏မဟာဆုတောင်းကို တုံ့ပြန်နေသည့်အလား မိုးကောင်းကင်ယံအတွင်း၌ မိုးခြိမ်းသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် အစစ်အမှန်ရှေးဟောင်းလူသားဧကရာဇ်တစ်ပါးအလားပင်။သူ၏လက်အတွင်းရှိ လူသားဧကရာဇ်ဓား အနည်းငယ်တုန်ခါသွားသည်။ဓားစိတ်ဆန္ဒသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာ လေဟာနယ်ကို ထွင်းဖောက်သွားပေ၏။

ဤဓားစိတ်ဆန္ဒဖြင့်...

တိမ်မည်းများသည် တခြမ်းဖြတ်တောက်ခြင်းခံလိုက်ရပေ၏။နေရောင်ခြည်သည် တိမ်မည်းများကိုဖြတ်သန်းကာ မြေပြင်ပေါ်သို့ ကျရောက်လာသည်။

ရှန်ဖန်းဓား၏နံဘေးပတ်လည်ရှိနေသော တာယွီအင်ပါယာ၏ဧကရာဇ်ပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ပျက်ပြယ်သွားသည်။ဓားပေါ်၌ ရေးထွင်းထားသော ရှေးဟောင်းသင်္ကေတအက္ခရာများပင်လျှင် မှေးမှိန်ပြီး သက်ဝင်လှုပ်ရှားမှု ကင်းမဲ့သွားပေ၏။

ရှယင်က စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။ ရှန့်ဖန်းဓားသည် သူ့အား ကာကွယ်ပေးနိုင်ခြင်း မရှိတော့ချေ။သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လူသားဧကရာဇ်ဓားချီမှ ရိုက်ခတ်သွားကာ သူသည် ချက်ချင်းဆိုသလို အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဒေါင်....

ရှန်ဖန်းဓားသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာကာ ဓားမှအလင်းရောင်များအားလုံး ပျောက်ကွယ်သွားကာ ဓား၏အရောင်အဆင်းသည်လည်း မှေးမှိန်သွားလေပြီ။

အဝေးမှနေ၍ ဤနေရာသို့ စောင့်ကြည့်နေသည့် မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများအားလုံး ချက်ချင်းပြန်ရုတ်သိမ်းသွားကြကာ သူတို့အား လုယွီ သတိပြုမိသွားမည်ကို ထိတ်လန့်ကြောက်ရွံ့နေသည့်အလားပင်။

လူများအားလုံး လုယွီကြောင့် ထိတ်လန့်ကြောက်ရွံ့နေကြသည်။

တော်ဝင်သံတမန်ကိုသတ်ဖြတ်ခြင်းသည် ပုန်ကန်မှုမြောက်သော ပြစ်မှုကြီးတစ်ခုပင်။

ထိုထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသောအချက်မှာ လုယွီ၏ယခုလက်ရှိခွန်အားသည် ချီဘုရင်ကျိုးထုံထက် များစွာပို၍မြင့်မားနေခြင်းပင်။

ပုန်းကွယ်နဂါးစစ်တပ်၏ တပ်ရင်းငါးဆယ့်ရှစ်ရင်းနှင့် ပေါင်းစပ်လိုက်ပါက ဤသည်မှာ တာယွီတော်ဝင်နန်းတွင်းအတွက် သေစေလောက်သော ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်သွားလေပြီ။

တော်ဝင်သံတမန် သေဆုံးသွားသော အချိန်အခိုက်အတန့်၌ ရှယင်မြို့၏ အထက်မိုးကောင်းကင်ယံသည် ရုပ်တရက် နီမြန်းသွားကာ သွေးများစွန်းထင်းသွားသည့်အလားပင်။

လူအမြောက်အများသည် သူတို့၏အိမ်များအတွင်းမှထွက်လာကာ မိုးကောင်းကင်ယံအတွင်းရှိ မူမမှန်သော သဘာဝလွန်ပုံရိပ်များကို ကြည့်လိုက်ကြသည်။သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကာ စကားပြောဆိုနိုင်ခြင်း မရှိတော့ချေ။

ကောင်းကင်ဘုံသဘာဝလွန် ပုံရိပ်ယောင်များ ပြောင်းလဲသွားခဲ့သည်။

Chapter 4537

မိုးကောင်းကင်ယံအတွင်းရှိ သဘာဝလွန်ပုံရိပ်ယောင်များသည် လူများအားလုံး၏စိတ်အာရုံများကို ဆွဲဆောင်သွားနိုင်ပေ၏။

တိမ်မည်းများ ပျက်ပြယ်သွားကာ အဖြူရောင်အလင်းတန်းတစ်တန်းသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားပြီး ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးကို ထွင်းဖောက်သွားသည်။

ဤမြင်ကွင်းသည် အလွန်ထူးဆန်းပေ၏။လူအမြောက်အများသည် အံ့အားသင့်စွာဖြင့် မိုးကောင်းကင်ယံထံသို့မော့ကြည့်ကာ မယုံကြည်နိုင်ဖြစ်နေကြပြီး သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးလိုက်ကြသည်။

"နေမင်းကြီးက ဧကရာဇ်ကို ကိုယ်စားပြုတယ် ....အဖြူရောင်အလင်းတန်းက ဓားတစ်စင်းလိုမျိုး နေမင်းကြီးကို ထွင်းဖောက်သွားခဲ့တယ်....ဒါက ဧကရာဇ်အတွက် ခြိမ်းခြောက်မှုတစ်ခုပဲ...ဖြစ်နိုင်တာတော့ လုယွီက တော်ဝင်သံတမန်ကို သတ်လိုက်တာကြောင့် နိမိတ်တွေပြလာတာများလား"

"ဒါပေမဲ့ ဒီသဘာဝလွန်ပုံရိပ်ယောင် ထွက်ပေါ်လာတာက အရမ်းမြန်တယ်"

လူများထံ၌ ကွဲပြားခြားနားသောအမြင်များ ရှိနေကာ ရှင်းယန်မြို့တမြို့လုံး ထိတ်လန့်တကြားဖြစ်နေသော အခြေအနေ၌ ကျရောက်နေသည်။

ဤအချိန်အခိုက်အတန့်တွင် ရှင်းယန်မြို့သာမက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တခွင်လုံးနှင့် ကောင်းကင်ဘုံနယ်မြေ၏နေရာဒေသအသီးသီးမှလူများပင်လျှင် ဤအံအားသင့်ဖွယ်ကောင်းသောမြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။

ထိုအချိန်မှာပင် မိုးကောင်းကင်ယံအတွင်းရှိ သဘာဝလွန်ပုံရိပ်ယောင်သည် တဖန်ထပ်၍ ပြောင်းလဲသွားပေ၏။

နေမင်းကြီးသည် တ​ဖြည်း​ဖြည်းမှေးမှိန်သွားကာ တိမ်တိုက်များအကြား၌ ပုန်းကွယ်သွားသည်။ လောကကြီးကို အမှောင်ထုကြီးက တဖန်ပြန်၍လွှမ်းခြုံသွားကာ ထူထပ်သိပ်သည်းသော တိမ်မည်းများ ထွက်ပေါ်လာသည်။

ဤသည်မှာ နေ့အချိန်ဖြစ်သဖြင့် မိုးကောင်းကင်ယံသည် ကြည်လင်တောက်ပနေသင့်သည်။သို့ရာတွင် ရုတ်တရက်ဖြစ်ပေါ်လာသော သဘာဝလွန်ပုံရိပ်ယောင်ကြောင့် လူအမြောက်အများ သတိလက်လွတ်ဖြစ်သွားကြသည်။

မိုးကောင်းကင်ယံတခွင်လုံး မှောင်မည်းသွားကာ ကြယ်တာရာများတောက်ပလာသည်။

ကြယ်တစ်လုံးသည် မှောင်မည်းနေသောကောင်းကင်ယံမှ ထွက်ပေါ်လာကာ ဖြည်းညှင်းစွာရွေ့လျားနေသည်။ဤကြယ်၏အလင်းရောင်သည် မီးကဲ့သို့နီမြန်းတောက်ပနေပြီး ထိုအရာ၏လမ်းကြောင်းကို ခန့်မှန်း၍မရနိုင်​ချေ။

ဖရိုဖရဲရှေးဟောင်းကြယ်သည် သာလွန်ထူးကဲစွာ တောက်ပနေကာ အလွန်ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားသည့်အလားပင်။ထိုအရာသည် ကြယ်များ၏သာမန်အလင်းရောင်ထက် ကျော်လွန်နေကာ မိုးကောင်းကင်ယံအတွင်း၌ ဖယောင်းတိုင်တစ်ချောင်း ထွန်းညှိထားသည့်အလားပင်။

ဖရိုဖရဲရှေးဟောင်းကြယ်သည် စစ်ပွဲနှင့်သတ်ဖြတ်ခြင်းကို ကိုယ်စားပြုပေ၏။ဤကြယ်ထွက်ပေါ်လာသည်နှင့် လောကကြီးအတွင်း၌ အလွန်ကြီးမားသော ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားလာတော့မည်ဟု အဓိပ္ပါယ်ရသည်။

ရုတ်တရက် အနောက်ဘက်မှနေ၍ ကျယ်လောင်ပြီးကြည်လင်ပြတ်သားသော ဖီးနစ်အော်သံတစ်သံ ထွက်ပေါ်လာသည်။

ထိုဖီးနစ်အော်သံသည် လေထုအတွင်း၌ အကန့်အသတ်မရှိ ပဲ့တင်ထပ်နေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။မရေမတွက်နိုင်သောလူများသည် မီးတောက်များရစ်သိုင်းလွှမ်းခြုံနေသော ဖီးနစ်တစ်ကောင်ကို မြင်တွေ့မိလေ၏။ထိုဖီးနစ်ငှက်သည် တောင်ပံခတ်ကာ မိုးကောင်းကင်ယံအတွင်း၌ လှည့်ပတ်ပျံသန်းနေသည်။ဖီးနစ်ငှက်သည် ဖရိုဖရဲရှေးဟောင်းကြယ်ထံမှ ပျံသန်းလာခြင်းဖြစ်ကာ အလွန်စူးရှကျယ်လောင်စွာ အော်မြည်နေသည်။ ထို့နောက် ထိုငှက်သည် လေဟာနယ်အက်ကွဲကြောင်းအတွင်း၌ ပျောက်ကွယ်သွားလေ၏။

"ဘိုးဘေးက ချီတောင်တန်းမှာ မွေးဖွားလာခဲ့ပြီးတော့ အထွတ်အထိတ်စွမ်းအားကို ပိုင်ဆိုင်ထားတယ်....သူက မျိုးနွယ်အားလုံးကို လွှမ်းမိုးအုပ်ချုပ်နိုင်တယ်...ကောင်းကင်ဘုံနယ်မြေရဲ့ကံကြမ္မာက နှစ်ပေါင်းများစွာကြာတဲ့အထိ တည်တန့်နိုင်ခဲ့တယ်...ဒီနေ့ ဘိုးဘေးက တော်ဝင်မြို့တော်နေရာကိုရွေးချယ်ပြီးတော့ ကျိုးအင်ပါယာကို တည်ထောင်ခဲ့တယ်...သူက အခု ဒီကိစ္စကို လောကကြီးတခွင်လုံးသိအောင် ထုတ်ပြန်ကြော်ညာလိုက်ပြီ"

ကျယ်လောင်ပြီးကြီးကျယ်ခမ်းနားသော အသံတစ်သံသည် အနောက်ဘက်ဒေသရှိ ကြယ်များအကြားမှ ဖြတ်သန်းလာကာ တော်ဝင်မြို့တော်ထိ ပျံ့နှံ့သွားပြီးနောက် အရှေ့အရပ်ရှိ ကြယ်နယ်မြေများထံသို့ ကျရောက်သွားသည်။ နောက်ဆုံး၌ ထိုအသံသည် လောကနှစ်ခုတောင်တန်း၏အထက်ကောင်းကင်ယံ၌ အချိန်အတော်ကြာသည်အထိ ပဲ့တင်ထပ်နေပေ၏။

စကြာဝဠာအတွင်းတွင်ရှိနေသော လူသားမျိုးနွယ် နတ်ဆိုးမျိုးနွယ် မှော်သားရဲမျိုးနွယ် မြေအောက်လောကနယ်မြေမှသရဲတစ္ဆေများနှင့် သက်ရှိများအားလုံး ထိုအသံကို ကြားလိုက်ရသည်။

တော်ဝင်မြို့တော်၏အထက်ရှိ လေထုအတွင်းမှ တာယွီအင်ပါယာ၏ ကံကြမ္မာရွှေရောင်နဂါးထံမှ ငိုကြွေးမြည်တမ်းသံတစ်သံ ထွက်ပေါ်လာသည်။ထိုနဂါး၏အကြေးခွံများ တုန်ခါနေကာ နဂါးအရှိန်အဝါများ လျော့ကျသွားပေ၏။အင်ပါယာ၏ ကံကြမ္မာစွမ်းအားတစ်ဝက်ကျော်ကို လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်မှ ယူဆောင်သွားလေပြီ။

ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ယံကြီး တုန်ခါသွားခဲ့သည်။

ထန်အင်ပါယာ မြင့်တက်လာပြီးနောက် ရှေးဟောင်းအလယ်ခေတ်၏ကျိုးအင်ပါယာသည်လည်း ကောင်းကင်ဘုံနယ်မြေ၌ တဖန်ပြန်၍ ထွက်ပေါ်လာလေပြီ။

အလယ်ခေတ်အတွင်း၌ ကျိုးအင်ပါယာသည် အခိုင်အမာရပ်တည်နိုင်ခဲ့သည်။ထိုအရာသည် လူသားမျိုးနွယ်၏ အလွန်အမင်းအစွမ်းထက်သော အင်ပါယာတစ်ခုဖြစ်ကာ ကျိုးအင်ပါယာ၏အင်အားသည် ထန်အင်ပါယာထက် အားနည်းခြင်းမရှိချေ။

အတိတ်တွင် ရှေးဟောင်းရှန်အင်ပါယာ၏ကြယ်နယ်မြေများအားလုံး ဖရိုဖရဲဖြစ်နေခဲ့သည်။ နတ်ဆိုးမျိုးနွယ်၏ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတယောက်ဖြစ်သော တာကျီသည် ရှန်အင်ပါယာ၏ဧကရာဇ်ကို ထိန်းချုပ်ခဲ့သည်။လူသားအမြောက်အများသည် နတ်ဆိုးသားရဲများ၏လက်အောက်၌ သေဆုံးသွားခဲ့ကာ တိုင်းသူပြည်သားများ အိမ်ခြေရာမဲ့ဖြစ်သွားကြသည်။တိုင်းသူပြည်သားများသည် ကောင်းမွန်သောဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ခြင်းမရှိတော့ချေ။

နောက်ပိုင်းတွင် ကျိုးအင်ပါယာ ထွက်ပေါ်လာခဲ့ကာ ထင်ရာစိုင်းသောင်းကျန်းနေသော နတ်ဆိုးသားရဲများကို နှိမ်နင်းခဲ့သည်။ဤသည်ကြောင့် လူသားမျိုးနွယ်၏ပိုင်နက်မှနေ၍ နတ်ဆိုးသားရဲများကို မောင်းထုတ်နိုင်ခဲ့သည်။ထိုအချက်ကြောင့်သာ လူသားမျိုးနွယ်သည်ဆက်လက်၍အသက်ရှင်ပြီး ခြေကုပ်ယူနိုင်ရန်အတွက် အခွင့်အရေးရရှိနိုင်ခဲ့ခြင်းပင်။

ကျိုးအင်ပါယာထံ၌ နက်ရှိုင်းသော အခြေခံအုတ်မြစ်ရှိကာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ ပေါများပေ၏။ယခုလက်ရှိခေတ်ကာလအတွင်းတွင် ရှေးဟောင်းခေတ်၏အမွေအနှစ်အများစု ပြတ်တောက်သွားခဲ့သည်။ထို့ကြောင့် သူတို့၏အင်အားသည် ရှေးဟောင်းအလယ်ခေတ်အင်ပါယာများကို လိုက်မှီရန် အလွန်အလှမ်းကွာဟသည်။

"မဟာကျိုးအင်ပါယာရဲ့ဧကရာဇ် ကျီးဝမ်ချန်း"

လုယွီသည် အတိတ်တွင် ရွှေအလင်းဘုရားကျောင်း၏ရှေ့၌ သူ့အတွက် သေစေနိုင်သောတိုက်ခိုက်မှုတစ်ခုကို ဟန့်တားပေးခဲ့သည့် ရှေးဟောင်းအလယ်ခေတ်မှ ဧကရာဇ်ကို မှတ်မိနေဆဲပင်။

ကျီးဝမ်ချန်း၏ခွန်အားသည် အလွန်နက်နဲသိမ်မွေ့ပေ၏။ဗုဒ္ဓလောကပင်လျှင် သူ့အား ရှောင်တိမ်းသွားကြသည်။

"ကျီးဝမ်ချန်းက အချိန်မှန်ကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ ကောင်းကောင်းသိထားတာပဲ...ထန်အင်ပါယာနဲ့တာယွီအင်ပါယာတို့က စစ်ပွဲဖြစ်နေတယ်...ဒါကြောင့် ကျိုးအင်ပါယာနဲ့ပတ်သက်ပြီးတော့ ဂရုစိုက်ဖို့ အင်အားမရှိတော့ဘူး...အဲ့ဒီအင်ပါယာနှစ်ခုကြားမှာရှိတဲ့ တိုက်ပွဲက ကျိုးအင်ပါတာနဲ့ တစ်ခုခုသက်ဆိုင်နေမယ်လို့ ငါ ထင်တယ်"

လုယွီ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

Chapter 4538

"အရှင် ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ကနေ ကျိုးအင်ပါယာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေအများကြီးကို စုစည်းထားနိုင်ခဲ့တယ်...အဲ့ဒါတွေအားလုံး အရှင့်ရဲ့စာကြည့်ဆောင်ထဲမှာ ထားထားတယ်"

ကျန်းရီက ပြောဆိုသည်။

ကျိုးအင်ပါယာ၏ထွက်ပေါ်လာမှုသည် သတိပေးချက်မရှိခဲ့သော ကိစ္စမဟုတ်ချေ။

အတိတ်တွင် ကျိုးအင်ပါယာ၏ကျီးမိသားစုသည် သူတို့၏မင်းသမီးငယ်လေးကျီးယန်ရန်းကို ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့စေလွှတ်၍ ကျင့်ကြံစေသည်။ကျိုးအင်ပါယာ၏ အင်အားစုအမြောက်အများသည် ကောင်းကင်ဘုံနယ်မြေ၏ ထောင့်တစ်နေရာတိုင်း၌ ပျံ့နှံ့နေပေ၏။

ယခုအချိန်၌ အချိန်မှန်သို့ ကျရောက်လာသဖြင့် နောက်ကွယ်မှလှုပ်ရှားနေသော ကျိုးအင်ပါယာသည် ရုတ်တရက် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့သည် ကောင်းကင်ဘုံနယ်မြေ၏ အခြေအနေများကို အစဥ်အမြဲစုံစမ်းထောက်လှမ်းနေသဖြင့် ဤအင်အားစုကြီးကို သတိပြုမိပြီးဖြစ်သည်။ ထို့ကြောင့် သူတို့သည် သတင်းအချက်အလက်များကို စုဆောင်းထားခဲ့လေ၏။ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့မှ လူတချို့သည် ကျိုးအင်ပါယာ ထွက်ပေါ်လာမည့်နေ့ရက်ကိုပင် ခန့်မှန်းထားပြီးဖြစ်သည်။

"ဆက်ပြီးစုံစမ်းထားကြစမ်း...ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ကို ကျိုးအင်ပါယာအပေါ်မှာ အာရုံစိုက်ခိုင်းရမယ်"

လုယွီက ပြောဆိုသည်။

သူသည် ယခင်က ကျီးဝမ်ချန်းနှင့် တွေ့ဆုံခဲ့ဖူးသည်။ဤလူသည် အလွန်နက်နဲသိမ်မွေ့ကာ အပေါ်ယံတွင်မြင်တွေ့ရသည်ထက် ပို၍ပင်ကြောက်မက်ဖွက်ကောင်းမည်ဟု သူ အစဉ်အမြဲခံစားမိသည်။

အမျိုးအမည်မသိရသောအရာသည့် ကြောက်မက်ဖွယ်အကောင်းဆုံးပင်။

ထန်အင်ပါယာ၏ ယခုလက်ရှိဧကရာဇ်လီကျီးသည် ရှေးဟောင်းအလယ်ခေတ်မှ ပြန်လည်မွေးဖွားလာခြင်းဖြစ်သည်ဟု အခြေခံအားဖြင့် အတည်ပြုနိုင်သည်။ကျီးဝမ်ချန်းနှင့်ပတ်သက်သောကိစ္စများကိုမူ သူ အနည်းငယ်သာသိရှိထားသည်။ဤလူ၏အစီအစဉ်များသည် အလွန်ကြီးမားခြင်းမရှိသဖြင့် သတိထား၍စောင့်ကြည့်နေရန်မှာ မဖြစ်နိုင်​ချေ။

ထိုမျှသာမက သူသည် ပိုင်ဆုချင်နှင့်ဆက်စပ်နေသော တခြားအကြောင်းအရင်းလည်း ရှိနေသည်။

ပိုင်ဆုချင်ထံတွင် အနောက်ပိုင်းကျားဖြူမိသားစု၏ သွေးမျိုးဆက်ရှိနေမည်ဟု လုယွီ မျှော်လင့်မထားမိချေ။ပိုင်ဆုချင်၏ဖခင်သည် နတ်ဆိုးချိတ်ပိတ်သူဖြစ်သည်ကို သူ သိရှိထားသော်လည်း သူမ၏မိခင်ကိုမူ မသိရှိချေ။

ရှေးဟောင်းနတ်ဆိုးများကို သတ်ဖြတ်နိုင်ရန်အလို့ငှာ နတ်ဆိုးချိတ်ပိတ်သူသည် သူ့၏ကံကြမ္မာကို စတေးခဲ့ပေ၏။သူ့ထံ၌ ယင်ချီများဖြင့် ပြည့်နှက်နေသဖြင့် မျိုးဆက်ကြွင်းကျန်ရန်မှာ သာမန်အားဖြင့် မဖြစ်နိုင်​ချေ။သို့ရာတွင် သူသည် အနောက်ပိုင်းကျားဖြူမိသားစုမှ အမျိုးသမီးတစ်ယောက်နှင့် ပေါင်းဖက်လိုက်ချိန်၌ မြင့်မြတ်သောယန်ချီများကြောင့် ယင်ချီများ ပျက်ပြယ်သွားခဲ့သည်။ထိုကြောင့် ပိုင်ဆုချင်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ခြင်းဖြစ်ပေ၏။

အတိတ်တွင် ရွှေအလင်းဘုရားကျောင်း၏ရှေ့၌ သူ တွေ့ဆုံခဲ့ရသည့် နူးညံ့သိမ်မွေ့သောဖြူရော်ရော်မျက်နှာလေးကို တွေးသောမိချိန်တွင် လုယွီသည် သူ၏စိတ်နှလုံးသားနက်ရှိုင်းသောနေရာမှ စူးရှနာကျင်လာသကဲ့သို့ ခံစားမိသည်။

ထိုအချိန်တုန်းက ပိုင်ဆုချင်၏ စိတ်ဝိညာဉ် ထိခိုက်ပျက်စီးနေခဲ့သည်။ထိုအချက်ကြောင့် လုယွီသည် ကျီးဝမ်ချန်းအား သူမကိုခေါ်ဆောင်သွားရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

ယခုအချိန်၌ ပိုင်ဆုချင် မည်သည့်နေရာ၌ရှိနေသည်ကို သူ မသိရှိချေ။

"အရှင် ဒီလူကို ငါတို့ဘယ်လို ဖြေရှင်းသင့်လဲ"

ဖေးထျန်ကွမ်းက ရှေ့သို့ခြေတစ်လှမ်းတက်ပြီး မေးမြန်းသည်။

မလှမ်းမကမ်းအကွာရှိမြေပြင်ပေါ်တွင် အလောင်းတစ်လောင်းရှိနေကာ သွေးများအိုင်ထွန်းနေပြီး အလွန်အမင်းသွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

ရှယင်သည် လူသားဧကရာဇ်ဓားချီကြောင့် သေဆုံးသွားခဲ့ရသည်။သူ၏အလောင်းပင်လျှင် အကောင်းပကတိ မကျန်ရှိတော့ချေ။သူ၏အလောင်းသည် လူသားတစ်ယောက်၏ပုံသဏ္ဍာန်ဟု ပြောဆိုနိုင်ရန်ပင် မဖြစ်နိုင်တော့ပေ။

လုယွီက ပြောဆိုသည်။

"အိမ်ရှေ့စံမင်းသား နန်းတက်တယ်ဆိုတာ ငါ မကြားခဲ့ဘူး...ဒါကြောင့် ဘာတော်ဝင်အမိန့်တော်မှ မရှိဘူး...ဒီလူက အမိန့်တော်အတုကိုသယ်ဆောင်လာပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ခဲ့တယ်...ငါက ဒီအပြစ်သားကို တော်ဝင်နန်းတော်ရဲ့ကိုယ်စား သတ်ဖြတ်ပြီးတော့ သူ့ရဲ့အလောင်းကို ယူသွားခွင့်ပြုလိုက်မယ်"

ဤစကားတစ်ခွန်းသည် ရှယင်၏ကံကြမ္မာကို ဆုံးဖြတ်လိုက်ခြင်းပင်။

ကျိုးယွမ်ယန်သည် တာယွီအင်ပါယာ၏ဧကရာဇ် ဖြစ်သွားသည့်ကိစ္စကို လုယွီမှ အသိအမှတ်မပြုချေ။ထို့ကြောင့် သူသည် တော်ဝင်သံတမန်ကို သတ်ဖြတ်လိုက်သည့်တိုင် မည်သည့်ပြစ်မှုကိုမျှ ကျူးလွန်ရာမကျ​ချေ။

သူ သတ်ဖြတ်လိုက်သည်မှာ တော်ဝင်သံတမန်ယောင်ဆောင်ထားသော အပြစ်သားတစ်ယောက်ပင်။

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ဤကိစ္စကို သတိပြုမိသည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ ပုန်းကွယ်နဂါးစစ်တပ်သည် အလွန်အစွမ်းထက်သဖြင့် တော်ဝင်နန်းတွင်း၏လက်စားချေမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ရန်မလိုအပ်ချေ။လူသားဧကရာဇ်ဓားသည် လုယွီနှင့်အတူ ရှိနေသောအချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။

လူသားဧကရာဇ်ဓားကို ဆုပ်ကိုင်ထားနိုင်သော မည်သူမဆို လူသားမျိုးနွယ်တစ်ခုလုံး၏အရှင်သခင် ဖြစ်လာပေမည်။

ပြောရမည်ဆိုလျှင် အကယ်၍ ယခုအချိန်၌ လုယွီ ပုန်ကန်လျှင်ပင် ပုန်ကန်မှုမြောက်မည်မဟုတ်ချေ။ထိုအစား သူသည် စစ်တပ်ကိုဦးဆောင်ကာ အင်ပါယာကိုပြန်လည်ရှင်သန်စေသည်ဟူသော နာမည်ဂုဏ်သတင်းကို ရရှိပေမည်။

ရှေးရိုးစွဲသောအမတ်ကြီးများနှင့် ကွန်ဖြူးရှပ်ပညာရှင်များအားလုံး လုယွီ၏ဘက်မှ ရပ်တည်ကြပေမည်။

လက်ရှိနေရာတွင်ရှိနေသော လူများ၏မျက်လုံးများ လောင်ကျွမ်းသွားတော့လုမတwf တောက်ပနေသည်။လုယွီသည် ထီးနန်းကို သိမ်းပိုက်နိုင်သည်နှင့် သူတို့ကဲ့သို့ နောက်လိုက်များရရှိမည့် အကျိုးကျေးဇူးများသည် အလွန်မြင့်မားပေမည်။နောင်အနာဂတ်၌ သူတို့၏အဆင့်အတန်းသည် ယခုလက်ရှိ သူတို့ပိုင်ဆိုင်ထားသောအရာများထက် ပို၍မြင့်မားနေမည်မှာ သေချာပေါက်ပင်။

"လူသားဧကရာဇ်ဓားကို ရယူနိုင်ခဲ့တဲ့အတွက် အရှင်ကို ဂုဏ်ပြုပါတယ်...ဒီသတင်းကို ပိတ်ဆို့ထားရမလားလို့ ငါ သိချင်မိတယ်...ဘယ်လိုပဲဖြစ်ဖြစ် လူသားဧကရာဇ်ဓားက ကောင်းကင်ဘုံနယ်မြေရဲ့ နတ်ဘုရားလက်နက် ဖြစ်နေတယ်...ဒီသတင်းသာ ပေါက်ကြားသွားခဲ့ရင် တာအိုသခင်နယ်ပယ် ထိပ်သီးကျင့်ကြံသူတွေတောင် လာပြီးတိုက်ခိုက်ကြလိမ့်မယ်"

ကျန်းရီက ရှေ့သို့ခြေတစ်လှမ်းတက်ပြီး ပြောဆိုသည်။

Chapter 4539

ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့၏ တပ်မှူးတစ်ယောက်ဖြစ်သော ကျန်းရီသည် ဆင်ခြင်နိုင်စွမ်းမြင့်မားပေ၏။

သူသည် လုယွီ၏လက်အောက်သို့ ဝင်ရောက်ပြီးဖြစ်သည်။ထို့ကြောင့် သူသည် လုယွီအတွက် အနှောင့်အယှက်ဖြစ်နိုင်သည့် ကိစ္စများကို တက်နိုင်သမျှဖယ်ရှားပေးရပေမည်။

အတိတ်တွင် လုယွီသည် မပြည့်စုံသော မသေမျိုးအဆင့်မှော်လက်နက်ဖြစ်သည့် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ရရှိခဲ့စဉ်ကပင် အကန့်အသတ်မရှိသော လိုက်လံဖမ်းဆီးမှုများကို ဆွဲဆောင်နိုင်ခဲ့သည်။တချို့လူများသည်တော်ဝင်မြို့တော်အတွင်း၌ပင် လှုပ်ရှားဝံ့ကြပေ၏။အဆုံးသတ်၌ လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်သွားမှသာ သူ လွတ်မြောက်သွားခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုများလည်း ရပ်တန့်သွားခဲ့သည်။

ယခုအချိန်၌ လုယွီသည် အလွန်နာမည်ကျော်ကြားနေပေ၏။ကောင်းကင်ဘုံနယ်မြေအတွင်းရှိ မရေမတွက်နိုင်သောလူများမှ သူ့အား စောင့်ကြည့်နေကြသည်။

လုယွီသည် လူသားဧကရာဇ်ဓားကို ပိုင်ဆိုင်ထားသည်အား သူတို့ သိရှိသွားပါက ထိပ်သီးကျင့်ကြံသူအမြောက်အများထံတွင် အတွေးရိုင်းများ ပေါက်ဖွားလာကာ လုယူရန်ကြံစည်ကြပေမည်။

လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"အဲ့ဒီလိုလုပ်ဖို့ မလိုဘူး...ဒီသတင်းကို ပြန့်သွားပါစေ...ငါက ကျိုးယွမ်ယန်နဲ့ မတူဘူး...ဧကရာဇ်တစ်ပါးအနေနဲ့ ငါက ပွင့်လင်းတဲ့အပြုအမူနဲ့ လုပ်ဆောင်ရမယ်...အရာရာတိုင်းကို တရားမျှတမှုရှိပြီးတော့ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ရမယ် ...လှည့်စားမှုတွေနဲ့ အကွက်ချကြံစည်မှုတွေကို အသုံးမပြုဘူး...လူသားဧကရာဇ်ဓားက ငါ့ရဲ့လက်ထဲမှာ ရှိနေမှာတော့ သေမှာကိုမကြောက်တဲ့ကောင်တွေက ငါ့ဆီကနေ လာလုနိုင်တယ်"

လုယွီ၏အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ရှင်းယန်မြို့၏ပြင်ပတွင်ရှိနေသော ကျင့်ကြံသူများသည်လည်း ထိုအသံကို ကြားမိပေ၏။

အစောပိုင်းက လုယွီ၏တိုက်ခိုက်မှုမှ အရှိန်အဝါကို သူတို့ ပြန်လည်တွေးတောမိချိန်တွင် သူတို့အနက်မှတချို့သည် အတွေးရိုင်းများကို ချက်ချင်းပြန်ရုပ်သိမ်းကာ ထိုဓားကိုလုယက်လိုသော စိတ်ဆန္ဒများအား ဖယ်ရှားလိုက်သည်။

သို့ရာတွင် မရိုးဖြောင့်သောအတွေးများ ရှိနေသည့် လူတချို့သည် သတင်းများကို တိတ်တဆိတ်ပို့ဆောင်ပြီးဖြစ်သည်။

"လုယွီက ရှေးဟောင်းအမွေအနှစ်နယ်မြေမှာ နောက်ဆုံးကျန်ခဲ့တဲ့လူပဲ...လူသားဧကရာဇ်ဓားကို ရှေးဟောင်းနတ်ဆိုးဘိုးဘေးက ရသွားခဲ့တယ်...အဆုံးသတ်ကျတော့ အဲဒီဓားက သူ့ရဲ့လက်ထဲကို ရောက်သွားတာပဲ"

"လူသားဧကရာဇ်ဓားက ကျိုးတော်ဝင်မိသားစုရဲ့အပိုင် ဖြစ်သင့်ပေမယ့် အတိတ်မှာတုန်းက ရှန်လင်းလုံရဲ့လက်ထဲကို ရောက်သွားခဲ့တယ်..အဲ့ဒီအချိန်ကစပြီး အမှားအယွင်းတွေ ဖြစ်လာခဲ့တာပဲ....လုယွီက လူသားဧကရာဇ်ဓားကို အသုံးပြုပြီးတော့ တော်ဝင်သံတမန်ကို သတ်ဖြတ်ခဲ့တယ် ...ဒါက အတင့်ရဲတဲ့ လုပ်ရပ်တစ်ခုပဲ....သူက ကျိုးတော်ဝန်မိသားစုဆီ လူသားဧကရာဇ်ဓားကို လက်လွှဲပေးသင့်တယ်"

"လုယွီဆီကနေ ဖြေရှင်းချက် သွားတောင်းကြစို့"

ကျိုးတော်ဝင်မိသားစုကို ထောက်ပံ့ပေးနေသော လူတချို့သည် မောက်မာထောင်လွှားသောအမူအယာများဖြင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ထံသို့ ပျံသန်းလာကာ လုယွီထံမှ ဖြေရှင်းချက်တောင်းခံလိုကြသည်။

သို့ရာတွင် ရှင်းယန်မြို့သို့ သူတို့ ရောက်ရှိသော အချိန်အခိုက်အတန့်မှာပင် မောင်းထုတ်ခြင်းခံလိုက်ရသည်။သူတို့သည် ဒေါသတကြီးဖြင့် ရှင်းယန်မြို့ထံသို့ သွားခဲ့သော်လည်း လုယွီကို မမြင်တွေ့ခဲ့ရချေ။ဤလူတစ်စုသည် ကောင်းကင်ဘုံနယ်မြေ၏ ရယ်စရာပြက်လုံးကြီးတစ်ခု ဖြစ်လာပေ၏။

"ဧကရာဇ်တောင်မှ လုယွီဆီကို မိန်းမစိုးတစ်ယောက် မလွှတ်ခဲ့ဘူး...လုယွီက တော်ဝင်သံတမန်တစ်ယောက်ကို သတ်ပြီးတာတောင် ဘာတစ်ခုကိုမှ မပြောခဲ့ဘူး... ဘာလို့ မင်းတို့က ဒီလိုကြီး မဆင်မခြင်လုပ်ခဲ့တာလဲ"

"ကျိုးမိသားစုဘိုးဘေးတောင် လုယွီရဲ့လက်ထဲမှာ သေသွားခဲ့တယ်...သူ့လိုလူမျိုးကို မင်းတို့က အကြောင်းပြချက် တောင်းဖို့လိုလို့လား..မင်းတို့ကိုယ်မင်းတို့ ဘာကောင်တွေလို့ ထင်နေကြတာလဲ"

မရေမတွက်နိုင်သောလူများ၏ လှောင်ပြောင်သရော်သံများ​အောက်တွင် မောက်မာထောင်လွှားစွာသွားခဲ့သော လူတစ်စုသည် ရှင်းယန်မြို့မှနေ၍ အမြှီးကုပ်၍ ထွက်ခွာခဲ့ရတော့သည်။

ကောင်းကင်ဘုံနယ်မြေအတွင်းရှိ လူအမြောက်အများသည်လည်း တာယွီတော်ဝင်နန်းတွင်းထံသို့ အာရုံစူးစိုက်လိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ တော်ဝန်သံတမန်တစ်ယောက်ကို သတ်ဖြတ်ခြင်းသည် ခွင့်မလွတ်နိုင်သော ရာဇဝတ်မှုကြီးတစ်ခုဖြစ်ပြီး ပုန်ကန်မှုဟု သတ်မှတ်နိုင်သည်။သို့ရာတွင် ယခုအချိန်၌ လုယွီသည် ထိုကိစ္စကို လုပ်ဆောင်ပြီးဖြစ်သဖြင့် တော်ဝင်နန်းတွင်းမှ မည်ကဲ့သို့ တုံ့ပြန်မည်ကိုသာ စောင့်ကြည့်ရပေမည်။

တော်ဝင်နန်းတွင်းသည် အလွန်လျှင်မြန်စွာတုံ့ပြန်ခဲ့သော်လည်း ရလဒ်သည် စိတ်ပျက်ဖွယ်ရာပင်။

စာပေနှင့်စစ်ရေးဌာန၏ လက်ထောက်အမတ်ကြီးရှယင်သည် အခွင့်အာဏာကို အလွဲသုံးစားလုပ်ကာ အတုအယောင်တော်ဝင်အမိန့်တော်ကို ထုတ်ပြန်ကြော်ညာခဲ့သည်။ရှယင်ပြုလုပ်ခဲ့သော အရာရာတိုင်းသည် တော်ဝင်နန်းတွင်းနှင့် မည်သည့်သက်ဆိုင်မှုမျှ မရှိချေ။

လုယွီ လက်ခံရရှိခဲ့သော အမိန့်တော်အတွင်းရှိ အရှေ့ပိုင်းအမတ်ကြီးဘွဲ့ထူးကိုလည်း တော်ဝင်နန်းတွင်းမှ ပေးအပ်ခဲ့ခြင်းမရှိဟု ယူဆနိုင်ပေ၏။ဤသည်ကြောင့် ထိုအပြစ်ဒဏ်သည် လုယွီကို ထိခိုက်နစ်နာစေခြင်းမရှိသည့်အပြင် ယားယံခြင်းပင် မဖြစ်စေဟု ဆိုနိုင်သည်။

လုယွီ၏ယခုလက်ရှိစွမ်းအားဖြင့် မည်သည့်ဘွဲ့ထူးကိုမျှ မလိုအပ်တော့ချေ။

အကယ်၍ လုယွီ၏ရှေ့၌ အမတ်ကြီးတစ်ယောက် မတ်တတ်ရပ်နေလျှင်ပင် စကားကျယ်ကျယ်ပြောဝံ့မည့်မဟုတ်ချေ။လုယွီထံ၌ ကျုံးကော်စစ်ဗိုလ်ချုပ်ဘွဲ့ထူးသာ ရှိသော်လည်း ခွန်အားအရဖြစ်စေ စစ်တပ်အင်အားအရဖြစ်စေ သူ့ကို ဘုရင်တစ်ပါးဖြင့် နှိုင်းယှဉ်နိုင်ပေ၏။

တချိန်တည်းမှာပင် ကျိုးယွမ်ယန်သည် ထီးနန်းကိုဆက်ခံပြီး သူသည် ဧကရာဇ်တစ်ပါးဖြစ်ကြောင်း လောကကြီးအတွင်းသို့ ထုတ်ပြန်ကြော်ညာခဲ့သည်။တချိန်တည်းမှာပင် သူသည် ရှန်လင်းလုံ၏အခွင့်အာဏာများကို ဖျက်သိမ်းလိုက်သည်။ထို့နောက်မှနေ၍ ရှန်လင်းလုံ ထုတ်ပြန်ခဲ့သော အမိန့်တော်များအားလုံး အကျုံးမဝင်တော့ချေ။

နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ပြီးနောက် တော်ဝင်အခွင့်အာဏာသည် နောက်ဆုံး၌ ကျိုးမိသားစု၏လက်အတွင်းသို့ ပြန်လည်ရောက်ရှိသွားလေပြီ။

ဤအချိန်အခိုက်အတန့်တွင် တာယွီတော်ဝင်နန်းတွင်း၏ရှေ့၌ ပို၍ပင်ပြင်းထန်သော ပြဿနာတစ်ခု ရှိနေပေ၏။

Chapter 4540

အတိတ်တွင် ရှန်လင်းလုံသည် စစ်တပ်ကို သူမကိုယ်တိုင်ဦးဆောင်ပြီး တော်ဝင်မြို့တော်အတွင်းရှိ လက်ရွေးစင်စစ်သားများအနက်မှ တစ်ဝက်နီးပါးကို ခေါ်ဆောင်သွားခဲ့သည်။

တော်ဝင်မြို့တော်၏ပြင်ပရှိ တပ်ရင်းလေးရင်း၌ စစ်သားများ မရှိသလောက်နီးပါး ဖြစ်နေလေပြီ။ရှန်လင်းလုံသည် တခြားကြယ်မြစ်အမြောက်အများမှ စစ်တပ်များကိုလည်း ခေါ်ဆောင်သွားခဲ့သည်။ထို့ကြောင့် ကျိုးယွမ်ယန်ထံ၌ စစ်အင်အား အမြောက်အများ မရှိတော့ချေ။သူသည် အုပ်ချုပ်ရေးရုံးတော်အသီးသီးမှနေ၍ စစ်မှုမထမ်းမနေရ အမိန့်ကိုထုတ်ပြန်ကာ စစ်သားသစ်စုဆောင်းရုံသာ တတ်နိုင်တော့သည်။

ကျိုးယွမ်ယန်သည် နန်းတက်ကြောင်းကို ထုတ်ပြန်ကြော်ညာပြီးနောက် ရှန်လင်းလုံကလည်း တုံ့ပြန်လေ၏။သူမသည် ကျိုးတော်ဝင်မိသားစုနှင့် ညှိနှိုင်းဆွေးနွေးရန်အတွက် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။

ဤသည်မှတဆင့် ရှန်လင်းလုံသည် ကျိုးတော်ဝင်မိသားစုနှင့် ဆက်ဆံရေးကို ဖြတ်တောက်လိုကြောင်း ညွှန်ပြနေသည်။

ရှန်လင်းလုံ၏သြဇာအာဏာသည် လော့ရွှေကြယ်မြစ်နှင့် ထိစပ်နေသော မြောက်ပိုင်းနတ်ဘုရားသိမ်းငှက်ကြယ်နယ်မြေ၌ အမြစ်တွယ်နေပေ၏။ဤအချိန်အခိုက်အတန့်တွင် စုံစမ်းစစ်ဆေးရေးမှူးချုပ်ရှန်းယင်သည် ရှေ့ထွက်ကာ ရှန်လင်းလုံကို ပြောင်ပြောင်တင်းတင်း ထောက်ပံခဲ့သည်။သူသည် သူမအတွက် တိုက်ခိုက်ပေးလိုကာ သူ၏အသက် သေဆုံးသွားလျှင်ပင် နောက်တွန့်မည်မဟုတ်ဟု ထုတ်ပြန်ကြော်ညာခဲ့သည်။

ဗုဒ္ဓဂိုဏ်းဝင်များ၏စိတ်ဝိညာဥ်တောင်သည် နတ်ဘုရားသိမ်းငှက်ကြယ်မြစ်ပေါ်၌ တည်ရှိပေ၏။

တစ်ချိန်တည်းမှာပင် ဝမ်ရှန်းကြယ်မြစ်၏အုပ်ချုပ်သူအရှင်မှ ရှန်လင်းလုံ ဧကရီတစ်ပါးဖြစ်ရန် ကူညီထောက်ပံ့မည်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။ဤလူသည် တစ်ချိန်က ရှန်လင်းလုံကိုယ်တိုင် ရာထူးတိုးပေးခဲ့သော သူမ၏သစ္စာရှိလူယုံတစ်ယောက်ပင်။ဤအချိန်အခိုက်အတန့်တွင် သူသည် ကျေးဇူးတရားကို ပြန်ပေးဆပ်သည့်အနေဖြင့် သူမအပေါ် သူ၏သစ္စာစောင့်သိမှုကို ပြသခဲ့ခြင်းဖြစ်သည်။

ရှန်လင်းလုံသည် နတ်ဘုရားသိမ်းငှက်ကြယ်နယ်မြေနှင့်ဝမ်ရှန်းကြယ်နယ်မြေ နှစ်ခုလုံးကို ထိန်းချုပ်ကာ သူမအား တာယွီ၏'မြောက်ပိုင်းဧကရီ'ဟု ခေါ်ဆိုကြသည်။

ဤအချိန်အခိုက်အတန့်တွင် ကျိုးယွမ်ယန်၏သြဇာအာဏာလွှမ်းမိုးမှုသည် တော်ဝင်မြို့တော်အတွင်း၌သာ တည်ရှိကာ ရေခဲဘုရင်နှင့် ကြယ်မြစ်တချို့ကသာ သူ့ကို ထောက်ခံကြသည်။သူသည် သူ့ကိုယ်သူ ဧကရာဇ်တစ်ပါးအဖြစ် ထုတ်ပြန်ကြော်ငြာခဲ့သော်လည်း 'တောင်ပိုင်းဧကရာဇ်'ဟုသာ အမည်တွင်သည်။

တာယွီအင်ပါယာ၌ ဧကရာဇ်နှစ်ပါးရှိနေသဖြင့် အင်ပါယာ၏ကံကြမ္မာစွမ်းအားများ အလျှင်အမြန်ယုတ်လျော့လာသည်။

အရာရှိများအနက်မှအများစုသည် အန္တရာယ်အတွင်းသို့ ကျရောက်နေပေ၏။ယခင်က အင်ပါယာ၏ကံကြမ္မာစွမ်းအားများမှ ကောင်းချီးပေးမှုကြောင့် သူတို့၏ကျင့်ကြံမှုအရှိန်နှုန်း အလွန်လျှင်မြန်ခဲ့သည်။သို့ရာတွင် ယခုချိန်၌ သူတို့၏ကျင့်ကြံမှုအပေါ် ထိခိုက်မှုများ ရှိလာသည်။

အထူးသဖြင့် တော်ဝင်မြို့တော်အတွင်း၌ စစ်သည်အင်အား လျော့နည်းနေခြင်းကြောင့် မြို့တော်အတွင်းရှိ လူများအားလုံး ထိတ်လန့်တကြားဖြစ်နေသည်။

"တောင်ပိုင်းဧကရာဇ်က လုယွီနဲ့ ပဋိပက္ခမဖြစ်ချင်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် ကျိုးအင်ပါယာကလည်း တာယွီအင်ပါယာကို မျက်စေ့ကျနေတယ်....တကယ်လို့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ ဖရိုဖရဲကိစ္စတွေသာ ဖြစ်သွားရင် တာယွီအင်ပါယာတစ်ခုလုံး အဆုံးသတ်သွားလိမ့်မယ်"

တချို့လူများသည် ဤကိစ္စ၏အကြောင်းရင်းခံကို သိရှိထားကာ လုယွီသည် မည်သည်ကြောင့် တော်ဝင်သံတမန်ကို သတ်ဖြတ်ဝံ့သည်အား သူတို့ အတပ်ပြောနိုင်သည်။

သို့ရာတွင် လုယွီ အကြောက်အလန့်ကင်းမဲ့နေသော အကြောင်းအရင်းမှာ သူ၏လက်အတွင်း၌ လူသားဧကရာဇ်ဓား ရှိနေသောကြောင့်ဟု ယုံကြည်ကြသော လူတချို့ရှိနေဆဲပင်။

ဤလောကကြီးအတွင်း၌ လူသားဧကရာဇ်ဓားသည် ရိုသေလေးစားခံရဆုံးပင်။

"မြောက်ပိုင်းဧကရီနဲ့ တောင်ပိုင်းဧကရာဇ်ဆီမှာ လူသားဧကရာဇ်ဓားမရှိဘူး...သူတို့က လုယွီအပေါ် ဘယ်လိုမြင်ကြလဲဆိုတာ ငါ သိချင်မိတယ်"

"ငါ့အထင်တော့ သူတို့က နည်းလမ်းတချို့ကိုသုံးပြီးတော့ လူသားဧကရာဇ်ဓားကို လုယူကြလိမ့်မယ်...ဘယ်လိုပဲဖြစ်ဖြစ် ဒါက အင်ပါယာရဲ့အခြေခံအုတ်မြစ်ပဲ...ဒီနတ်ဘုရားလက်နက်သာမရှိရင် သူတို့ နန်းတက်တာက လျော်ကန်သင့်မြတ်မှု ရှိမှာမဟုတ်ဘူး"

တာယွီအင်ပါယာအတွင်း၌ လုယွီ၏ယခုလက်ရှိအခြေအနေကို မှန်းဆနေကြသော လူများလည်းရှိနေသည်။

သူတို့ ​ခန့်မှန်းသည့်အတိုင်း ဖြစ်လာပေ၏။ရှင်းယန်မြို့အတွင်းသို့ လေလွင့်ကျင့်ကြံသူအမြောက်အများ ရောက်ရှိလာခဲ့သည်။ဤလူများ ပစ်မှတ်ထားနေသည့် တစ်ခုတည်းသောရည်ရွယ်ချက်မှာ လုယွီကို လုပ်ကြံသတ်ဖြတ်ရန်ပင်။

ကံအကြောင်းမလှစွာဖြင့် ကျန်းရီသည် ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့ကို လက်လွှဲယူပြီးနောက် မြို့တစ်မြို့လုံးကို အပြည့်အဝထိန်းချုပ်ထားခဲ့သည်။ထို့ကြောင့် ချီနန်းတော်ဟောင်းအနီးသို့ မည်သူတစ်ဦးတစ်ယောက်မျှ မချဥ်းကပ်နိုင်ချေ။ကျန်းရီသည် လုပ်ကြံသတ်ဖြတ်သူတချို့ကိုပင် ရှာဖွေဖော်ထုတ်ပြီး သတ်ဖြတ်ခဲ့သည်။နေ့စဥ်နေ့တိုင်း မြို့ရိုးထိပ်တွင် အလောင်းများကိုချိတ်ဆွဲကာ လူသူအများကို ပြသထားသည်။

လုယွီသည် ပြင်ပလောက၌ ဖြစ်ပျက်နေသောကိစ္စများကို အရေးမစိုက်ချေ။

အထွေထွေကိစ္စများကို ဖေးထျန်ကွမ်းထံသို့ လွှဲပြောင်းပေးပြီးနောက် လုယွီသည် စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားပေ၏။သူသည် စာကြည့်ဆောင်အတွင်း၌ အမြဲတစေနေထိုင်ကာ နေ့ရောညပါ စာပေများကို လေ့လာနေခဲ့သည်။

ဤသည်မှာ ကွန်ဖြူးရှပ်တာအို ကျင့်ကြံနည်းစနစ်ပင်။

တစ်စုံတစ်ယောက်သည် စာအုပ်များစွာဖတ်ရှုပါက သူ၏စိတ်နှလုံးသားအတွင်း၌ စာများဖြင့် လွှမ်းခြုံနေကာ သူ၏ပါရမီအရည်အချင်း အလိုအလျောက်မြင့်တက်လာပေမည်။အကယ်၍ တစ်စုံတစ်ယောက်သည် စာအုပ်များကို သတ်မှတ်ထားသော အဆင့်တစ်ခုထိရောက်အောင် ဖတ်နိုင်ပါက သူ၏စိတ်နှလုံးသားအတွင်း၌ မြင့်မြတ်သောအရှိန်အဝါတစ်ရပ် ပေါက်ဖွားလာပေမည်။သူသည် တစ်ရက်တည်းဖြင့် ဥာဏ်အလင်းပွင့်နိုင်ကာ မြေပြန့်ပေါ်၌ လမ်းလျှောက်နေသည့်အလား မိုးကောင်းကင်ယံအတွင်း၌ လျှောက်လှမ်းနိုင်ပေမည်။

ဤသည်မှာ စိတ်ဝိညာဥ်ချီစွမ်းအားများကို စုဆောင်းပြီး တစ်ကြိမ်လျှင် ​အဆင့်တစ်ဆင့်မြင့်တက်သွားသော ကျင့်ကြံနည်းစနစ်နှင့်တူညီသည်။တစ်စုံတစ်ယောက်၏ချီစွမ်းအားများသည် သတ်မှတ်ထားသောအဆင့်ထိ မြင့်တက်သွားပါက သူ၏ကျင့်ကြံဆင့်နယ်ပယ် တိုးတက်လာပေမည်။

ပြင်းပြင်းထန်ထန် သင်ယူလေ့လာခြင်းသည် နွေဦးကာလအတွင်းရှိ အပင်ပေါက်တစ်ပင်နှင့်တူညီကာ ခွန်အားအရာ၌ တိုးတက်မှုကို တွေ့မြင်နိုင်မည်မဟုတ်ချေ။သို့ရာတွင် နောင်အနာဂတ်၌ ထိုလူသည် အသာစီးရလာမည်မှာ မလွဲမသွေပင်။

ထို့ကြောင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ကြည့်ရသည်မှာ သာမာန်ဆန်သော်လည်း ဒေါသထွက်လာပါက ကျင့်ကြံသူအများစုထက် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။

All Chapters