အခန်း (၄၅၅၁-၄၅၅၅)
Vol. 231 Ch. 4551-4555
Chapter 4551
သခင်လေးစွေ့သည် ထပ်မံ၍မစောင့်ဆိုင်းလိုတော့ချေ။
သူသည် ထိုရတနာကိုယူဆောင်ပြီးနောက် ထွက်ခွာသွားရန် ကြံရွယ်ထားသည်။
ဤနေရာတွင် သူ ထင်ရာစိုင်းပြုမူဝံ့သော တခြားအကြောင်းအရင်းတစ်ခုလည်း ရှိနေပေ၏။ထိုအကြောင်းအရင်းမှာ နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်း၏ လုပ်ငန်းများအားလုံးကို အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ ပြန်လည်ရုပ်သိမ်းတော့မည် ဖြစ်သောကြောင့်ပင်။
ထန်စစ်တပ်သည် ပုန်းကွယ်နဂါးစစ်တပ်နှင့် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲနေခဲ့သည်။ထိုကြောင့် နှစ်ဖက်အကြားတွင် နက်ရှိုင်းသောသွေးကြွေးရန်ငြိုးများ ရှိနေလေပြီ။ထို့ကြောင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းတွင် ရှိနေသည့် ထန်အင်ပါယာမှ ဆိုင်များအားလုံး ပြင်းထန်သောတားမြစ်ကန့်သတ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းသည် သူတို့၏လုပ်ငန်းများအနက်မှအများစုကို တိတ်တဆိတ်ရုပ်သိမ်းပြီးဖြစ်သည်။ရက်အနည်းငယ်အတွင်းတွင် စွေ့မိသားစုသည် ရှင်းယန်မြို့မှ ထွက်ခွာသွားရန် ပြင်ဆင်ထားပေ၏။
ဤနေရာ၌ နတ်ဆိုးသားရဲများကို လာရောက်ဝယ်ယူသည်မှာ သူတို့သည် တခြားလူများ၏နားမျက်စေ့များကို လှည့်စားရန်အတွက်ပင်။သူတို့သည် နတ်ဆိုးသားရဲတချို့ကို ဝယ်ယူပြီးနောက် ဤအခြေအနေကို အခွင့်ကောင်းယူ၍ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းတစ်ခုလုံးကို ရွှေ့ပြောင်းရန် အစီအစဥ်ဆွဲထားသည်။
ထိုကြောင့် ယခုအချိန်၌ သူတို့သည် ပစ္စည်းတစ်ခုကိုလုယက်လျှင်ပင် မည်သို့မျှ ဖြစ်လာတော့မည် မဟုတ်ချေ။မည်သို့ပင်ဆိုစေကာမူ သူတို့သည် ထန်တော်ဝင်မြို့တော်သို့ ရောက်ရှိသွားမည်ဖြစ်သဖြင့် ဤကိစ္စကို မည်သူက အရေးယူနိုင်မည်နည်း။
"ဧကရာဇ်အဆင့် မှော်လက်နက်တစ်ခု....ဒါက တကယ့်ကို ကံကြမ္မာကောင်းကြီးတစ်ခုပဲ...ငါ လက်လွတ်ခံလို့မဖြစ်ဘူး"
သခင်လေးစွေ့သည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ အလွန်အမင်းစိတ်အားတက်ကြွနေသည်။
မကြာမီမှာပင် ပတ်ဝန်းကျင်ရှိ စွေ့မိသားစုကျင့်ကြံသူများသည် အမိန့်ကိုနာခံပြီး နျုနျူကို ဝိုင်းရံလိုက်ကြ၏။
ဤလူများသည် အလွန်အမင်းရက်စက်ကြမ်းကြုတ်ကာ သူမအပေါ် သနားညှာတာခြင်းမရှိချေ။သူတို့သည် ကလေးမလေးတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်တိုင် သူမအား သတ်ဖြတ်ရန် ဆုံးဖြတ်ထားကြသည်။
အန္တရာယ်ကိုအာရုံခံမိသဖြင့် နျူနျူ၏သက်ရှည်သော့ခလောက်သည် ရုတ်တရက် သူမ၏လည်ပင်းမှ မြင့်တက်သွားသည်။ထိုသော့ခလောက်ပေါ်ရှိ 'ဘေးကင်းခြင်းနှင့်ချမ်းသာကြွယ်ဝခြင်း'ဟု ရေးထွင်းထားသော စာလုံးများမှ တောက်ပသောအလင်းရောင်များ ဖြာထွက်လာပေ၏။
ကြီးမားကျယ်ပြန့်သော အလင်းတန်းသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသဖြင့် လူအများသည် သူတို့၏မျက်လုံးများကို ဖွင့်ကြည့်နိုင်ရန်ပင် အလွန်ခက်ခဲနေသည်။
နျူနျူကို သတ်ရန်ကြံရွယ်နေသော စွေ့မိသားစုကျင့်ကြံသူများသည် သံမဏိပြားကြီးကို ကန်မိသည့်အလား တုံ့ဆိုင်းသွားကာ ရှေ့သို့ဆက်မတိုးနိုင်တော့ချေ။
"မကောင်းတော့ဘူး....အဲ့ဒီမှော်ရတနာမှာ သူ့ရဲ့ပိုင်ရှင်ကို ကာကွယ်ပေးတဲ့စွမ်းရည်မျိုး ရှိနေတယ်"
သခင်လေးစွေ့၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားကာ သူ၏မျက်လုံးအတွင်းရှိ လောဘအရိပ်အယောင်များ ပို၍ကြီးထွားလာသည်။
သူ၏မျက်လုံးများ အနည်းငယ်တောက်ပသွားပြီးနောက် ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်၏။ထိုဓားရှည်၏မျက်နှာပြင်မှ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
သူ၏အစွမ်းထက်သော မှော်စွမ်းအားများသည် နေမင်းကြီးကိုထွင်းဖောက်သွားသော သက်တန့်တစ်စင်းနှင့် တူညီနေကာ လူအများသည် သူတို့၏မျက်လုံးများကို မဖွင့်နိုင်တော့ချေ။ထိုဓား၏အထက်ရှိ လေထုအတွင်းတွင် ဖီးနစ်ငှက်တစ်ကောင်၏ပုံရိပ် ရှိနေသည်။ထိုဖီးနပ်ပုံရိပ်ယောင်သည် ဓားရှည်ကို လှည့်ပတ်၍ ပျံသန်းနေကာ အော်မြည်သံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ပြင်းထန်သောမီးတောက်များ မြင့်တက်လာသည်။
ဤသည်မှာ စိတ်ဝိညာဉ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာတစ်ခုဖြစ်ပြီး ဧကရာဇ်အဆင့်မှော်ရတနာနှင့် နှိုင်းယှဉ်ပါက အလွန်အဆင့်နိမ့်သည်။
ကံအကြောင်းမလှစွာဖြင့် နျူနျူ၏ဧကရာဇ်အဆင့် မှော်လက်နက်သည် ခုခံကာကွယ်ရာတွင်သာ အသုံးပြုနိုင်သည်။အကယ်၍ သူမအား အဆက်မပြတ်တိုက်ခိုက်ခြင်းခံရပါက အားနည်းချက်တစ်ခုသည် အနှေးနှင့်အမြန် ထွက်ပေါ်လာပေမည်။
ဝှစ်...ဝှစ်...ဝှစ်....
ဓားချီလှိုင်းများ တိုးဝင်လာပြီးနောက် လေထုအတွင်း၌ ကျယ်လောင်သောပေါက်ကွဲသံများ မြည်ဟီးလာသည်။
"အစ်မကြီးစု...."
သက်ရှည်သော့ခလောက်၏ အလင်းအကာအကွယ်အတွင်းတွင် ရှိနေသော နျူနျူသည် စိုးရိမ်ပူပန်တကြီးအော်ဟစ်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် စုရူသည် စွေ့မိသားစုမှ ကျင့်ကြံသူငါးယောက်နှင့် တိုက်ခိုက်နေကာ သူမ၏ခန္ဓာကိုယ်ပေါ်တွင်ဘဒဏ်ရာများဖြင့် ပြည့်နှက်နေလေပြီ။
နျူနျူ၏ စိုးရိမ်ပူပန်တကြီးအော်သံကို ကြားချိန်တွင် စုရူသည် ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးကာ သခင်လေးစွေ့ထံဦးတည်၍ ခုန်အုပ်လိုက်သည်။
"ယုတ်ညံ့တဲ့ နတ်ဆိုးကောင်...."
သခင်လေးစွေ့၏မျက်လုံးအကြည့် အေးစက်တင်းမာသွားကာ သူ၏လက်အတွင်းမှ ဓားရှည်ကိုမြှောက်ပြီး ခုတ်ပိုင်းလိုက်၏။
ဓားချီသည် လေထုအတွင်းသို့ မြင့်တက်သွားပြီးနောက် စုရူ၏ပခုံးကို ထွင်းဖောက်သွားသည်။
သွေးများ ဖြာခနဲကျလာသော်လည်း စုရူသည် နာကျင်မှုကို အနည်းငယ်မျှ ခံစားရပုံမရချေ။သူမသည် သခင်လေးစွေ့ထံသို့ ဦးတည်ကာ ဆက်လက်၍ တိုးဝင်တိုက်ခိုက်လိုက်သည်။
"မကောင်းတော့ဘူး....."
သခင်လေးစွေ့သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။
သူ့ရှေ့ရှိနတ်ဆိုးသည် ရူးသွပ်သွားပုံရကာ သူ၏အသက်ကို နှုတ်ယူနိုင်ရန် ကြိုးစားနေသည်။
သူသည် ဓားရှည်ကိုဝှေ့ယမ်းကာ အလျင်အမြန် ပိတ်ဆို့ဟန်တားလိုက်သော်လည်း နတ်ဆိုးသည် ရူးသွပ်သွားသည့်အလား သူ့ထံသို့ အဆက်မပြတ်တိုးဝင်တိုက်ခိုက်နေသည်။
"သောက်ချေးပဲ...နတ်ဆိုးလေးတစ်ကောင်က ဘယ်နေရာကနေ စွမ်းအားတွေ ရလာတာလဲ"
သခင်လေးစွေ့သည် ထိတ်လန့်တုန်လှုပ်မှုနှင့်ဒေါသထွက်မှုတို့ကို ရောယှက်၍ခံစားနေရသည်။
စုရူသည် တစတစ သူနှင့်နီးကပ်လာသည်ကို သူ မြင်တွေ့မိလေ၏။
သို့ရာတွင် ထိုအချိန်မှာပင် မိုးကောင်းကင်ယံမှနေ၍ လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ဆင်းသက်လာကာ သူမအား နောက်သို့လွင့်ထွက်သွားစေသည်။
ထို့နောက် သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ယောက်သည် သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် လျှောက်လှမ်းလာသည်။
ထိုစစ်ဗိုလ်ချုပ်၏နောက်တွင် ကင်းလှည့်စစ်သားတစ်စုရှိနေပေ၏။
"ဒီနတ်ဆိုးက ဘယ်နေရာကနေ ရောက်လာတာလဲ...သူက ဘယ်လိုသတ္တိမျိုး ရှင်းယန်မြို့ထဲမှာ ပြဿနာရှာဝံ့တာလဲ"
စစ်ဗိုလ်ချုပ်က တင်းမာခက်ထန်သောအသံဖြင့် အော်ငေါက်လိုက်သည်။
Chapter 4552
ထိုစစ်ဗိုလ်ချုပ်သည် ကျားနက်အမှတ်အသားရေးထွင်းထားသည့် သံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားကာ ဤသည်မှာ ချီအင်ပါယာ၏အထိမ်းအမှတ်သင်္ကေတပင်။
စစ်ပွဲအတွင်း၌ ချီအင်ပါယာဘက်မှ စစ်သားအမြောက်အများ အရှုံးပေးအညံ့ခံခဲ့ကြသည်။လေဟာနယ်ဓားပြတချို့ ထွက်ပြေးသွားသည်မှလွဲ၍ ကြွင်းကျန်သော ချီစစ်သားများအားလုံးကို အစောင့်စစ်သားများအဖြစ် ပြန်လည်၍ခန့်အပ်ထားခဲ့သည်။
ပုန်းကွယ်နဂါးစစ်တပ်တွင် တိုက်ခိုက်ရေးတပ်ရင်းများရှိနေကာ ပြင်ပရန်သူများနှင့်တိုက်ခိုက်ရာ၌ တာဝန်ယူထားသည်။
နေရာဒေသအသီးသီး၏ အစောင့်တပ်များကမူ ခုခံကာကွယ်ခြင်း ကင်းလှည့်ခြင်းနှင့် သူခိုးဓားပြများကိုဖမ်းဆီးခြင်းစသည့် တာဝန်များကို ထမ်းဆောင်ရပေ၏။သူတို့၏အထောက်အပံ့ပစ္စည်းများနှင့်လစာပမာဏသည် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများထက် များစွာပို၍နိမ့်ကျသည်။
အမှန်အားဖြင့် အစောင့်တပ်များအတွင်းသို့ဝင်ရောက်ရန် လိုအပ်ချက်များသည်လည်း မြင့်မားခြင်းမရှိချေ။လောကီအင်မော်တယ်တစ်ယောက်သည် အစောင့်တပ်အတွင်းတွင် စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နိုင်သော်လည်း ပုန်းကွယ်နဂါးစစ်တပ်တွင်မူ လက်ထောက်တပ်မှူးလေးတစ်ယောက်သာ ဖြစ်ပေမည်။
စစ်သားတစ်စုအား ဦးဆောင်လာသော စစ်ဗိုလ်ချုပ်ကို မြင်တွေ့သည်နှင့် လူအုပ်ကြီးသည် အလျင်အမြန် လူစုခွဲလိုက်ကြ၏။
"အား...."
စုရူသည် ရူးသွပ်နေသော အခြေအနေအတွင်းသို့ ကျရောက်နေကာ သူမသည် စူးရှကျယ်လောင်စွာအော်ဟစ်ပြီး သခင်လေးစွေ့ထံသို့ ဆက်လက်၍တိုးဝင်နေသည်။
သခင်လေးစွေ့၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားသည်။သူသည် ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်ပြီး ပြောဆိုလိုက်၏။
"ဗိုလ်ချုပ်မာဖန်း ငါ့ကို ကယ်ပါအုံး"
အတိတ်တွင် စွေ့မိသားစုသည် ရှင်းယန်မြို့အတွင်း၌ စတင်တည်ထောင်စဥ်အချိန်က မိတ်ဖွဲ့ရန်အတွက် ဒေသခံအာဏာပိုင်များကို ငွေကြေးအမြောက်အများ ပေးကမ်းထားခဲ့သည်။
ဤဗိုလ်ချုပ်မာဖန်းသည် ယခင်က ဝေ့ယန်မြို့၏အစောင့်တပ်မှ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်သည်။နောက်ပိုင်းတွင် ချီအင်ပါယာပျက်စီးသွားပြီးနောက် မာဖန်းသည် ပုန်းကွယ်နဂါးစစ်တပ်ထံ၌ ပြတ်ပြတ်သားသားအညံ့ခံခဲ့သည်။ထို့ကြောင့် သူ၏မူလရာထူးနေရာကို ထိန်းသိမ်းထားနိုင်ကာ သူသည် ရှင်းယန်မြို့၏အစောင့်တပ်မှ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာပေ၏။
နဂါးအသူရာချောက် ကုန်သည်အဖွဲ့အစည်းနှင့် ဤဗိုလ်ချုပ်မာဖန်းအကြားတွင် ရင်းနှီးသောဆက်ဆံရေးရှိသည်။သခင်လေးစွေ့သည် မာဖန်းရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် ချက်ချင်းဆိုသလိုပင် သူ့ထံ၌ ကျောထောက်နောက်ခံတစ်ယောက် ရသွားသည့်အလား စိတ်အားတက်ကြွသွားသည်။
"ဟား ဟား ဟား....သခင်လေးစွေ့ ဘာမှမစိုးရိမ်ပါနဲ့....ငါရဲ့လက်ချောင်းလေးတွေ လှုပ်လိုက်ရုံနဲ့ ဒီနတ်ဆိုးလေးတစ်ကောင်ကို သတ်နိုင်တယ်"
မာဖန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။သူသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးလိုက်ရာ သူ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သော သွေးချီစွမ်းအားများ ပွင့်အံ့ထွက်လာသည်။
မာဖန်း၏ပုံပန်းသွင်ပြင်သည် အရပ်မြင့်ပြီး တုတ်ခိုင်သန်မာသည်။သူ မတ်တတ်ရပ်နေစဉ်၌ စုရူထက် ခေါင်းတစ်လုံးစာ ပို၍မြင့်မားနေပေ၏။ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ ပွင့်အံ့ထွက်လာကာ သူသည် မူလဘူတရက်စက်ကြမ်းကြုတ်မှော်သားရဲတစ်ကောင်အလားပင်။ပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများပင်လျှင် သူတို့ထံသို့တိုးဝင်လာသော ဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားမိသည်။
မာဖန်းနှင့်ရင်ဆိုင်ရသည့်တိုင် စုရူသည် ထိတ်လန့်ကြောက်ရွံပုံမရဘဲ ရှေ့သို့ဆက်လက်၍တိုးဝင်လေ၏။
ဝှီး...ဝှီး....ဝှီး...
ပတ်ဝန်းကျင်ရှိလေထု ပုံပျက်စပြုလာကာ ထက်ရှသောလေတိုးသံများကို ကြားနေရသည်။
စုရူသည် သူမ၏လက်ကို လက်သည်းတစ်ခုအသွင်ပြောင်းကာ ရှေ့သို့ဖမ်းဆုပ်လိုက်သည်။
သို့ရာတွင် မာဖန်း၏အရှိန်နှုန်းသည် ပို၍လျှင်မြန်ကာ သူသည် လက်သီးတချက်ထိုးနှက်လိုက်ပြီး လေထုအတွင်းမှနေ၍ ကျယ်လောင်သောအသံ ထွက်ပေါ်လာခြင်းနှင့်အတူ စုရူထံသို့ ကျရောက်သွားသည်။
ဘုန်း....
ဤလက်သီးချက်တွင် အလွန်အမင်းပြင်းထန်သော စွမ်းအားတစ်ရပ်ပါရှိကာ ဖိနှိပ်ချုပ်ကိုင်နိုင်မှု အရှိန်အဝါတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
အက်ကွဲသံတစ်သံနှင့်အတူ စုရူ၏လက်တစ်ဖက် ကောက်ကွေးသွားသည်။သူမ၏လက် ကျိုးသွားလေပြီ။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် စုရူသည် အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိချေ။သူမ၏ပုံရိပ်သည် မြွေတစ်ကောင်အလား သွက်လက်နေကာ အဆက်မပြတ်ပြောင်းလဲနေသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူမသည် မာဖန်း၏တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး သူမ၏လက်သည်းချက်သည် သူ၏သံချပ်ကာပေါ်သို့ ကျရောက်သွားပေ၏။
မာကျောသောသံချပ်ကာပေါ်တွင် သိသာထင်ရှားသော လက်သည်းခြစ်ရာကြီးတစ်ခု ကြွင်းကျန်ခဲ့သည်။
အကယ်၍ မာဖန်းသည် သံချပ်ကာကို ဝတ်ဆင်ထားခြင်းမရှိပါက ထိုလက်သည်းကုတ်ချက်သည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပေမည်။
"နိမ့်ကျတဲ့ နတ်ဆိုးတစ်ကောင်က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို တိုက်ခိုက်ရဲတာလဲ"
မာဖန်းက ဒေါသတကြီးအော်ဟစ်လိုက်သည်။ ထို့နောက် သူသည် ခြေတစ်လှမ်းရှေ့တက်ကာ စုရူထံဦးတည်ပြီး ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။
ဖြောင်းခနဲအသံတစ်သံနှင့်အတူ စုရူ၏မျက်နှာပေါ်၌ နီရဲသောလက်ဝါးရာကြီး ထင်ဟပ်လာသည်။သူမ၏သေးသွယ်သောပုံရိပ်သည် လေထုအတွင်း၌ ကျွန်းထိုးမှောက်ခုံဖြစ်သွားကာ နောက်ဆုံး၌ သူမ မြေပြင်ပေါ်သို့ ကျရောက်သွားသည်။
သူမ၏နောက်တွင်ရှိနေသော စစ်သားသည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ ရှေ့သို့တိုးပီး ပိုက်ကွန်တစ်ခုဖြင့် စုရူအား ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
"အမကြီးစုကို မရိုက်နဲ့....နင်တို့အားလုံးက လူဆိုးတွေပဲ....ငါက အစ်ကိုကြီးနဲ့ တိုင်ပြောမယ်"
နျူနျူသည် အော်ဟစ်ကိုငိုယိုနေပေ၏။သူမနှင့် အစဉ်အမြဲအနီးကပ်နေခဲ့သော စုရူသည် ဤကဲ့သို့ ဆက်ဆံခြင်းခံနေရသည်ကို မြင်တွေ့ချိန်တွင် သူမ မခံစားနိုင်တော့ချေ။
Chapter 4553
"ဒီနေရာမှာ ဘယ်လိုလုပ်ပြီး တခြားကလေးတစ်ယောက်ရှိနေတာလဲ....သခင်လေးစွေ့အန်း ဘာတွေဖြစ်နေတာလဲ"
မာဖန်းသည် ရှေ့သို့တိုးသွားပြီး သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ သခင်လေးစွေ့ကို နှုတ်ဆက်လိုက်သည်။
သူသည် နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းထံမှ အကျိုးအမြတ်အမြောက်အများကိုရရှိထားကာ စွေ့အိမ်တော်အတွင်းသို့ မကြာခဏဝင်ထွက်သွားလာလေ့ရှိသည်။ထိုကြောင့် သူသည် သခင်လေးစွေ့နှင့် အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။
သခင်လေးစွေ့က အပြုံးနှင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါက လမ်းပေါ်မှာ ဒီသူခိုးလေးကို ဖမ်းနေတာပါ....အဲ့ဒီသူခိုးလေးနဲ့အတူ နတ်ဆိုးအစေခံတစ်ယောက် ရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး....ကံကောင်းချင်တော့ ဗိုလ်ချုပ်မာက အချိန်မီရောက်လာခဲ့တယ်....မဟုတ်ရင် အကျိုးဆက်တွေကို တွေးကြည့်လို့တောင် ရမှာမဟုတ်ဘူး"
"အမှန်ပဲ....မြို့စောင့်တပ် အချိန်မီရောက်လာတာက ကောင်းတဲ့ကိစ္စပဲ"
"အဲ့ဒီနတ်ဆိုးမကို ချက်ချင်းသတ်သင့်တယ်....မဟုတ်ရင် သူက တခြားလူတွေကို ထိခိုက်နာကျင်အောင် လုပ်နိုင်တယ်"
ပတ်ဝန်းကျင်ရှိလူများသည် တစ်ယောက်ပြီးတစ်ယောက် ချီးမွမ်းစကားပြောဆိုလိုက်ကြသည်။
တချိန်တည်းမှာပင် မာဖန်းသည် ဤနေရာရှိ အခြေအနေနှင့်ပတ်သက်ပြီး သခင်လေးစွေ့ထံမှ သိရှိခဲ့ရသည်။
"သူက နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းက ပစ္စည်းတွေကို တကယ်ကြီးခိုးယူဝံ့တာလား....သူက ဝက်ဝံအသည်းနဲ့ကျားသစ်အူကိုစားထားလို့ သတ္တိကောင်းနေတာလား...သခင်လေးစွေ့ ဘာမှမစိုးရိမ်နဲ့....ငါက ဒီကိစ္စအတွက် မင်းကို ကူညီပေးမယ်"
မာဖန်းက နျူနျူသည် ကလေးမလေးတစ်ယောက်သာဖြစ်သည်ကို မြင်တွေ့ချိန်တွင် သူ့ သတိထားနေခြင်းကို လျှော့ချလိုက်သည်။
ရှင်းယန်မြို့အတွင်းရှိ ချောင်ကြိုချောင်ကြားနေရာများ၌ ပုန်းအောင်းနေသော သူခိုးသူဝှက်အမြောက်အများ ရှိနေသည်။
အထူးသဖြင့် မြို့တောင်ဘက်ရှိသူတောင်းစားများ၏နေရပ်တွင် သူတောင်းစားအမြောက်အများ စုဝေးနေကာ ဂိုဏ်းများပင်ဖွဲ့ထားကြလေ၏။သူတို့သည် လူများကိုအစဉ်အမြဲ လိမ်လည်လှည့်ဖျားကာ အသက်မွေးဝမ်းကျောင်းအဖြစ် တခြားလူများ၏ပစ္စည်းဥစ္စာများကို ခိုးယူကြသည်။
ဤကလေးမလေးသည်လည်း ထိုနေရာမှလာခြင်းဖြစ်မည်မှာ သိသာထင်ရှားသည်။
"ဒီလိုမျိုး အဖိုးတန်ရတနာတစ်ခုက ကလေးမလေးတစ်ယောက် ပိုင်ဆိုင်တဲ့အရာ မဖြစ်နိုင်ဘူး....မြန်မြန်ပြန်ပေးစမ်း....မဟုတ်ရင် ငါက မင်းကိုဖမ်းပြီး ထောင်ထဲထည့်လိုက်မယ်"
မာဖန်း၏မျက်နှာ ခက်ထန်တင်းမာနေကာ ကျယ်လောင်သောအသံဖြင့် ခြိမ်းခြောက်လိုက်၏။
အကယ်၍ သူသည် ထိုကလေးမလေးကို သူကိုယ်တိုင်ဖမ်းဆီးပါက သူ့အတွက် မျက်နှာပျက်စရာဖြစ်ပေမည်။
သူမသည် ငယ်ရွယ်သော ကလေးတစ်ယောက်ပင်။သူ အနည်းငယ်ခြောက်လှန့်လိုက်ပါက တစ်ဖက်လူသည် လိမ်လိမ်မာမာဖြင့် လက်လျှော့အရှုံးပေးပေမည်။
"ဒါတွေအားလုံးကို ငါ့အတွက် အစ်ကိုကြီးက သန့်စင်ပေးထားတာ...ငါ နင်တို့ကို မပေးနိုင်ဘူး"
နျူနျူက စုရူသည် မြေပြင်ပေါ်၌ လဲကျနေကာ ဆိုးဆိုးရွားရွား ပုံပျက်ပန်းပျက်ဖြစ်နေသည်ကို မြင်တွေ့မိလေ၏။သူမ၏မျက်လုံးအတွင်း၌ မျက်ရည်များစိုစွတ်နေကာ သူမရှေ့ရှိ စွေ့မိသားစုဝင်များကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
"လက်ရှိအခြေအနေကိုမသိဘဲ မောက်မာနေတုန်းပါလား...."
မာဖန်း၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
သူသည် စစ်မြေပြင်အတွေ့အကြုံရှိကာ မရေမတွက်နိုင်သောလူများကို သတ်ဖြတ်ခဲ့သည်။ထိုကြောင့် သူ၏စိတ်နှလုံးသားသည် သံမဏိကဲ့သို့မာကျောနေသဖြင့် နျူနျူသည် ကလေးတစ်ယောက်သာဖြစ်သည်ကို သူ ဂရုမစိုက်ချေ။
"ဗိုလ်ချုပ်မာ ကျေးဇူးပြုပြီးတော့ ဂရုစိုက်ပါ...အဲ့ဒီကလေးမှာရှိနေတဲ့ မှော်ရတနာက ငါတို့မိသားစုရဲ့ထိပ်သီးမှော်ရတနာပဲ....အဲ့ဒီမှော်ရတနာမှာ အရမ်းအစွမ်းထက်တဲ့ ခုခံရေးစွမ်းရည်ရှိတယ်...အချိန်တိုအတွင်းမှာ သူ့ရဲ့ခုခံကာကွယ်မှုကို မင်း ချိုးဖျက်နိုင်မှာမဟုတ်ဘူးလို့ ငါ ခန့်မှန်းမိတယ်"
နံဘေးတစ်ဖက်တွင်ရှိနေသော သခင်လေးစွေ့က တိုးညှင်းသောအသံဖြင့် သတိပေးသည်။
သခင်လေးစွေ့သည် ယခုအချိန်ထိ နျူနျု၏လက်အတွင်းရှိ မှော်ရတနာသည် သူ့မိသားစု၏အပိုင်ဖြစ်ကြောင်း အဆက်မပြတ်ပြောဆိုနေခဲ့သည်။
"ဘာပြဿနာမှမရှိဘူး...ဒါက ကလေးမလေးတစ်ယောက်ပဲလေ"
မာဖန်း၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။
အကယ်၍ ဤသည်မှာ ထိပ်သီးမှော်ရတနာတစ်ခုဖြစ်နေသည့်တိုင် ပြင်ပအရာဝတ္ထုတစ်ခုသာဖြစ်သည်။အရေးအကြီးဆုံးကိစ္စမှာ ထိုမှော်ရတနာကို မည်သူအသုံးပြုနေသည်အား ကြည့်ရပေမည်။
နျူနျူသည် ယခင်က တစ်ကြိမ်တစ်ခါမျှ ကျင့်ကြံဖူးခြင်းမရှိချေ။ထို့ကြောင့် သူမ၏ခန္ဓာကိုယ်ပေါ်၌ စွမ်းအားလှုပ်ခတ်မှု အနည်းငယ်မျှ ထွက်ပေါ်မနေပေ။ဤကဲ့သို့ကလေးမလေးတစ်ယောက်သည် ထိပ်သီးမှော်ရတနာတစ်ခုကို အသုံးပြုနေလျှင်ပင် စွမ်းအားများစွာ ထုတ်ဖော်အသုံးပြုနိုင်မည်မဟုတ်ချေ။
"သူ့ကို ဖမ်းလိုက်ကြစမ်း...လမ်းတွေပေါ်မှာ တခြားလူတွေရဲ့ပစ္စည်းတွေကို ခိုးဝံ့တဲ့ စည်းမဲ့ကမ်းမဲ့သူခိုးတွေ ထပ်ပြီးရှိလာအုံးမလားဆိုတာ ငါ ကြည့်ချင်တယ်"
မာဖန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်၌ရှိနေသော စစ်သားများအားလုံး နျူနျူကို ဝိုင်းရံလိုက်ကြ၏။
မာဖန်း၏လက် ကျရောက်သွားသည်နှင့်အတူ ဓားရှည်မှနေ၍ ထက်ရှသောဓားချီများ ထွက်ပေါ်လာကာ နျူနျူထံဦးတည်၍ တိုးဝင်သွားသည်။
နျူနျူသည် ထိတ်လန့်တကြားအော်ဟစ်ကာ သူမ၏မျက်လုံးကို အလျင်အမြန်စုံမှိတ်လိုက်၏။
ဒေါင်....ဒေါင်...ဒေါင်....
ဓားချီလှိုင်းများသည် မှော်ရတနာ၏အကာအကွယ်အလွှာပေါ်သို့ ကျရောက်သွားပြီးနောက် မာကျောသောနံရံကြီးနှင့် ရိုက်ခတ်မိသည့်အလား တဒေါင်ဒေါင်အသံများ ထွက်ပေါ်လာသည်။
နျူနျူ၏လည်ပင်းတွင် ဝတ်ဆင်ထားသောသက်ရှည်သော့ခလောက် လေထုအတွင်းသို့ မျောလွင့်သွားသည်။ထိုအရာအတွင်းမှနေ၍ ကြီးမားကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသော ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ကို သက်ရောက်သွားပြီး နျူနျူကို လုံးလုံးလျားလျား ကာကွယ်ပေးထားသည်။
Chapter 4554
"ဒါက တကယ့်ကို အဖိုးတန်မှော်ရတနာတစ်ခုပဲ"
မာဖန်းသည် မျက်မှောင်ကြုတ်ပြီးနောက် သူ၏သံမဏိတူနှစ်လက်ကို ဆင့်ခေါ်ကာ သူ၏လက်အတွင်း၌ ဆုပ်ကိုင်လိုက်သည်။
ထိုသံမဏိတူများသည် အလွန်အမင်းကြီးမားသဖြင့် အကယ်၍ တစ်စုံတစ်ယောက်ထံတွင် လုံလောက်သောခွန်အားမရှိပါက ထိုအရာများကို ကိုင်မြှောက်နိုင်မည်မဟုတ်ချေ။
အရပ်မျက်နှာအဘက်ဘက်၌ လေတိုးသံများထွက်ပေါ်နေသည်။ရုတ်ချည်းဆိုသလိုပင် ထိုတူနှစ်လက်သည် အနက်ရောင်အရိပ်နှစ်ရိပ်အသွင်သို့ ပြောင်းလဲကာ ရှေ့သို့ပြင်းပြင်းထန်ထန် ပျံ့လွင့်သွားသည်။
ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသူများထံမှ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်
ဤသံမဏိတူများ၏အရွယ်အစားသည် နျူနျူ၏ခန္ဓာကိုယ်တစ်ခုလုံးနှင့် တူညီလုနီးပါးပင်။
ထိုအရာများ ကျရောက်သွားသည်နှင့် နျူနျူကဲ့သို့ သေးကွေးသောကလေးမလေးတစ်ယောက်သည် နေရာမှာပင် သေဆုံးသွားပေမည်။
ဒေါင်...
ကြေးနီခေါင်းလောင်း တီးခတ်လိုက်သောအသံအလား ကြည်လင်ပြတ်သားသော အသံတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
သက်ရှည်သော့ခလောက်၏အကာအကွယ်အလွှာသည် သံမဏိတူများအား နျူနျူကို အနည်းငယ်မျှ ထိခိုက်နာကျင်ခွင့်မပြုချေ။
ထိုအစား သံမဏိတူများသည် လေထုအတွင်းသို့ လွင့်ထွက်သွားကာ သံမဏိပြားကြီးတခုကို ရိုက်ခတ်မိသွားသည့်အလားပင်။ကြည်လင်ပြတ်သားသောအသံနှင့်အတူ ထိုသံမဏိတူများ နောက်သို့ပြန်ကန်ထွက်လာသည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ မှော်ရတနာလဲ...ဒီအရာရဲ့ခုခံကာကွယ်ရေးစွမ်းရည်က အရမ်းမြင့်မားတယ်"
မာဖန်း၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
အစောပိုင်းက သူ၏အားကုန်တိုက်ခိုက်မှု မည်မျှထိအစွမ်းထက်သည်ကို သူ ကောင်းစွာသတိပြုမိသည်။သို့ရာတွင် ထိုကလေးမလေး၏အကာအကွယ်မှော်ရတနာသည် ထိုတိုက်ခိုက်မှုကို ပိတ်ဆို့ဟန်တားနိုင်ခဲ့ပေ၏။
သခင်လေးစွေ့က မေးမြန်းသည်။
"ဗိုလ်ချုပ်မာ...မင်း အဲ့ဒီကလေးမလေးကို အမြန်ဆုံး ဖမ်းပေးနိုင်မလား"
"ဒီကိစ္စကို ငါနဲ့လွှဲထားလိုက်ပါ...သခင်လေးစွေ့ ဘာမှစိတ်မပူပါနဲ့"
မာဖန်းက သူ၏ရင်ဘတ်ကိုပုတ်ပြီး ကျယ်လောင်စွာပြောဆိုသည်။
သူသည် စွေ့မိသားစုထံမှ အမြဲတစေ အကျိုးအမြတ်များ ရရှိခဲ့သည်။ယခုအချိန်၌ သူ ဟန်ရေးပြရန်အတွက် အသင့်တော်ဆုံးအချိန်ပင်။ထိုသို့ပြုလုပ်ခြင်းဖြင့် သူသည် နောင်အနာဂတ်တွင် စွေ့မိသားစုထံမှ ငွေကြေးများ ပို၍တောင်းခံနိုင်ပေမည်။
မာဖန်းက နျူနျူသည် မြေပြင်ပေါ်၌ ခွေခေါက်ကာ သူမ၏နားနှစ်ဖက်ကိုဖုံးအုပ်ထားကြောင်း သတိပြုမိသွားပေ၏။
အကာအကွယ်အလွှာသည် တိုက်ခိုက်မှုများကို ဟန့်တားထားနိုင်သော်လည်း ထိုအရာမှထွက်ပေါ်လာသောအသံများ အလွန်ကျယ်လောင်သည်။
ဤအသံသည် နားအူလုမတတ်ပင်။အရွယ်ရောက်သော လူတစ်ယောက်ပင်လျှင် အတားအဆီးအတွင်း၌ ရှိနေပါက သူတို့၏နားများအတွင်းတွင် ဆူညံသောအသံလှိုင်းများ ပဲ့တင်ထပ်လာသည်ကို ခံစားမိကာ သူတို့၏နားစည်များ နာကျင်သွားပေမည်။
"ဟား ဟား ဟား...ဒီလိုကလေးတစ်ယောက်ကို ဘာလို့ အရေးစိုက်ရမှာလဲ...ဒီမှော်ရတနာကိုဖျက်ဆီးဖို့က ငါ့အတွက် အရမ်းလွယ်တယ်"
မာဖန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ထိုနောက် သူ၏ခြေထောက်ကိုမြှောက်ကာ သံမဏိတူနှစ်လက်ကို ဝှေ့ယမ်းပြီး ရှေ့သို့အားကုန်တိုးဝင်လိုက်၏။
ဒေါင်...ဒေါင်...ဒေါင်...
ကြည်လင်ပြတ်သားသောအသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ မာဖန်းသည် သံမဏိတူနှစ်လက်ကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းနေပေ၏။ထိုသံမဏိတူများသည် အကာအကွယ်အလွှာပေါ်သို့ အဆက်မပြတ်ကျရောက်နေသည်။အကာအကွယ်အလွှာသည် ပျက်စီးသွားခြင်းမရှိသော်လည်း နျူနျူသည် အသံလှိုင်းများ၏ ဆက်တိုက်ရိုက်ခတ်မှုကို ခံရသောကြောင့် သူမ၏နားများ နာကျင်နေသည်။
ဤအသံလှိုင်းများသည် သူမကို အလွန်အမင်း ထိတ်လန့်ကြောက်ရွံနေစေသည်။
နျူနျုသည် ထပ်မံ၍ ခေါင်းမော့မကြည့်ဝံ့တော့ချေ။သူမသည် ခွေခေါက်၍လှဲနေကာ သူမ၏နားနှစ်ဖက်ကို ဖုံးအုပ်ထားသည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် အသံလှိုင်းများသည် သူမ၏နားအတွင်းသို့ ကျရောက်နေဆဲပင်။ထိုအသံများ တစ်ကြိမ်မြည်ဟီးလာသည့်အချိန်တိုင်း သံမဏိတူများသည် သူမ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အလား နျူနျူကို ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေစေသည်။
"ဗိုလ်ချုပ်မာက တကယ့်ကို လူတွေကြားကနဂါးတစ်ကောင်ပဲ....ဒီလိုနည်းလမ်းတစ်ခုကို သူ တွေးမိမယ်လို့ ဘယ်သူက ထင်မိမှာလဲ"
သခင်လေးစွေ့သည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ အလွန်ပျော်ရွှင်သွားပေ၏။
ဒေါင်....ဒေါင်...ဒေါင်...
အသံတစ်သံစီတိုင်းသည် နျူနျူအတွက် မိုးကြိုးပစ်ခတ်သံအလားပင်။
"အစ်ကိုကြီး..အစ်ကိုကြီး..."
နျူနျူက အော်ဟစ်ငိုယိုပြီး သူမ၏အသံကို လုယွီ ကြားနိုင်ရန် မျှော်လင့်နေမိသည်။
နျူနျူ၏အော်ခေါ်သံကို အာရုံခံမိသည့်အလား သက်ရှိသော့ခလောက် တုန်ရီသွားသော်လည်း မည်သည့်တုံ့ပြန်မှုမျှ ရှိမလာချေ။
ထိုအချိန်မှာပင် အဝေးတစ်နေရာရှိလူအုပ်အကြား၌ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
လမ်းမပေါ်၌၌ ဝေါယာဉ်တခုထွက်ပေါ်လာပေ၏။ထိုဝေါယာဥ်သည် အလွန်ကျယ်ဝန်းကာ သန်မာအားကောင်းသော ကျင့်ကြံသူလေးယောက်မှ ထမ်းထားသည်။ထိုအရာ၏အနီးတွင် အစေခံများရှိနေသည့်အပြင် ဆေဘာဓားများကိုကိုင်ထားသော အစောင့်အမြောက်အများလည်းရှိနေသည်။ဤသည်မှာ အလွန်ကြီးကျယ်ခမ်းနားသော အင်အားစုဖွဲ့မှုပင်။
တခြားလူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် နံဘေးသို့ချက်ချင်းကပ်လိုက်ကြ၏။
ဤကဲ့သို့ ဝေါယာဥ်မျိုးကို အဆင့်မြင့်အရာရှိများနှင့်မြင့်မြတ်သူတချို့သာ အသုံးပြုနိုင်သည်။
တခြားသူများအားလုံး အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြကာ ဝေါယာဥ်အတွင်းရှိ အရေးပါသောပုဂ္ဂိုလ် ဒေါသထွက်သွားမည်ကို စိုးရိမ်နေကြသည်။
Chapter 4555
ကံကောင်းထောက်မစွာဖြင့် ရှင်းယန်မြို့၏လမ်းများသည် အလွန်ကျယ်ဝန်းပေ၏။ဤနေရာ၌ လူများသည် နံဘေးပတ်ဝန်းကျင်၌ ဝိုင်းအုံနေသည့်တိုင် လမ်းသွားလမ်းလာများ ဖြတ်သန်းသွားရန်အတွက် ကျယ်ဝန်းသောလမ်းနေရာ ကျန်ရှိနေဆဲပင်။
"ဘေးကိုကပ်ကြ....ဘေးကိုကပ်ကြစမ်း..."
"အဲ့ဒီအမှတ်အသားကို ကြည့်လိုက်ကြအုံး...ဒါက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အုပ်ချုပ်ရေးသံတမန်အသစ် အရှင်လျှူယွမ်ချန်းမဟုတ်လား"
ထက်ရှသောအမြင်အာရုံရှိသည့် လူတချို့သည် လက်ထောက်အရာရှိများ၏ခါးများတွင် ချိတ်ထားသော အရာရှိတံဆိပ်ပြားကို သတိပြုမိသွားသည်။
ဝေါယာဥ်၏ဘေးတစ်ဖက်တချက်တွင် လက်ထောက်အရာရှိဆယ့်ခြောက်ယောက် မတ်တတ်ရပ်နေသည်။သူတို့၏ဝတ်စုံများမှ လက်မောင်းနေရာများတွင် 'ကြီးကျယ်ခမ်းနားခြင်း တည်ကြည်လေးနက်ခြင်း မြင့်မြတ်ခြင်း'ဟူသောစာလုံးများကို ရေးထွင်းထားပေ၏။ထိုလက်ထောက်အရာရှိများ၏နောက်တွင် ရွှေဖရဲသီးများ အဝါရောင်ထီးများနှင့် အနက်ရောင်ယပ်တောင်များကို ကိုင်ထားသော အစေခံများ ရှိနေသည်။
ဤသည်မှာ မဖြစ်မနေလုပ်ရသောထုံးတမ်းစဉ်လာတစ်ခု မဟုတ်သော်လည်း အရာရှိတစ်ယောက်၏အဆင့်အတန်းကို ပြသခြင်းပင်။
နတ်ဆိုးသားရဲများကို ရောင်းချနေသော လူရိုင်းကုန်သည်များသည် သူတို့၏နတ်ဆိုးသားရဲများကို အလျင်အမြန်ထိန်းသိမ်းလိုက်ကြ၏။သူတို့သည် မြင့်မြတ်သောပုဂ္ဂိုလ်ထံသို့ နတ်ဆိုးသားရဲများ တိုးဝင်သွားမည်ကို ကာကွယ်ဟန့်တားလိုကြသည်။
ပတ်ဝန်းကျင်ရှိ လူများအားလုံး နံဘေးသို့ကပ်လိုက်ကြကာ ဝေါယာဥ်ကို ပိတ်ဆို့ဟန့်တားထားဝံ့ခြင်းမရှိချေ။
သို့ရာတွင် နျူနျူနှင့်သခင်လေးစွေ့တို့ ပဋိပက္ခဖြစ်နေသောနေရာသည် လမ်းလယ်ခေါင်၌ ဖြစ်နေပေ၏။
"ဒါဆိုရင် အရှင်လျှုပါလား...ဒီစစ်ဗိုလ်ချုပ်က အရှင့်ကို အရိုအသေပြုပါတယ်....ငါက ဒီနေရာမှာ အုပ်ချုပ်ရေးကိစ္စလေးတချို့ ကိုင်တွယ်ဖြေရှင်းနေတယ်...ငါက အခုချက်ချင်း ဒီကိစ္စကို ငြိမ်သက်အောင် ထိန်းသိမ်းလိုက်ပါ့မယ်"
မာဖန်းသည် လျှူယွမ်ချန်း၏အမှတ်အသားကို မြင်တွေ့သည်နှင့် ရှေ့သို့ အလျင်စလိုတိုးသွားပြီး ပြောဆိုလိုက်သည်။သူ၏မျက်နှာပေါ်တွင် မျက်နှာချိုသွေးသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
"ရပ်လိုက်စမ်း...."
ဝေါယာဥ်ထံမှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
အထမ်းသမားလေးယောက်သည် ဝေါယာဥ်ကို အောက်သို့ အလျင်အမြန်ချလိုက်၏။ဤလူများသည် သူတို့၏ရုပ်ခန္ဓာကိုယ်ကို အဆင့်တစ်ခုထိရောက်အောင် ကျင့်ကြံထားနိုင်ခဲ့သည်။
သန်မာအားကောင်းသော ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများသည် ဂျင်တစ်ထောင်အလေးချိန်ကို လွယ်လင့်တကူ ထိန်းချုပ်နိုင်ပေ၏။သူတို့သည် ဝေါယာဥ်ကို သယ်ဆောင်ထားသည့်တိုင် မြေပြန့်ပေါ်တွင် ပေါ့ပေါ့ပါးပါးလမ်းလျှောက်နေသည့်အလား အနည်းငယ်မျှ ပင်ပန်းနွမ်းနယ်ခြင်းမရှိချေ။
ဝေါယာဥ်၏လိုက်ကာ မြောက်တက်သွားကာ အတွင်းရှိ အရာရှိဝတ်စုံဝတ်ဆင်ထားသော လျှူယွင်ချန်း၏ပုံရိပ် ထွက်ပေါ်လာသည်။
သူ့အား လုယွီကိုယ်တိုင် ရာထူးတိုးပေးထားခြင်းဖြစ်သဖြင့် လုယွီ၏အင်အားစုဘက်မှ အဖွဲ့ဝင်တစ်ယောက်ဟု ယူဆနိုင်ပေ၏။
ဤအချိန်အခိုက်အတန့်တွင် လျှူယွမ်ချန်းသည် အုပ်ချုပ်ရေးရုံးတော်သို့သွား၍ ဖေးထျန်ကွမ်းနှင့် အရေးကြီးကိစ္စများ တိုင်ပင်ဆွေးနွေးရန် ထွက်လာခြင်းဖြစ်သည်။သူ၏စိတ်အတွင်း၌ အတွေးများဖြင့် ပြည့်နှက်နေသဖြင့် သူရှေ့ရှိမြင်ကွင်းကို အလွန်အမင်း အာရုံမစိုက်မိချေ။
သူ့ရှေ့ရှိ ကင်းလှည့်စစ်သားတစ်စုသည် လမ်းကိုတင်းတင်းကြပ်ကြပ်ပိတ်ထားပြီး ရေတစ်ပေါက်ပင် စိမ့်ထွက်နိုင်ခြင်းရှိမည်မဟုတ်သဖြင့် လျှူယွမ်ချန်းအား မျက်မှောက်ကြုတ်သွားစေသည်။
"ဘာတွေဖြစ်နေတာလဲ...."
လျှူယွမ်ချန်းက မေးမြန်းသည်။
မာဖန်းက အလျင်အမြန် ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။
"နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းကနေ ပစ္စည်းတချို့ကို ခိုးယူခဲ့တဲ့ သူခိုးနှစ်ယောက်ကို ငါတို့ ဖမ်းမိထားတယ်...မမျှော်လင့်ဘဲ အဲ့ဒီသူခိုးမှာ တော်တော်လေးအစွမ်းထက်တဲ့ မှော်ရတနာတစ်ခု ရှိနေတယ်....အဲ့ဒီအရာရဲ့ခုခံကာကွယ်နိုင်စွမ်းက အရမ်းမြင့်မားတာကြောင့် ငါတို့တွေက အဲ့ဒီသူခိုးရဲ့အကာအကွယ်အလွှာကို မချိုးဖျက်နိုင်သေးဘူး"
"နဂါးအသူရာချောက် ကုန်သည်အဖွဲ့အစည်းလား...."
လျှူယွမ်ချန်းက မျက်ခုံးပင့်လိုက်သည်။
သခင်လေးစွေ့သည် လျှူယွမ်ချန်းကိုမြင်တွေ့ချိန်တွင် အပြုံးနှင့် ရှေ့သို့လျှောက်လှမ်းသွားသည်။ထိုနောက် သူသည် ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။
"အရှင်လျှူကို အရိုအသေပြုပါတယ်....ငါက နဂါးအသူရာချောက် ကုန်သည်အဖွဲ့အစည်းက စွေ့အန်ပါ"
"ဒါဆိုရင် သခင်လေးစွေ့ပေါ့...မင်းက စီးပွားရေးလုပ်တဲ့နေရာမှာ ပါရမီရှင်တစ်ယောက်လို့ ငါ ကြားထားတယ်...ကျားအဖေမှာ ခွေးသားတစ်ကောင်မရှိဘူးလို့ မျှော်လင့်ထားတဲ့အတိုင်းပဲ..."
လျှူယွမ်ချန်းက တည်ငြိမ်စွာပြောဆိုသည်။
လျှူယွမ်ချန်း၏ချီးမွမ်းမှုကို ခံယူရချိန်တွင် သခင်လေးစွေ့သည် ပျော်ရွှင်သွားပေ၏။
"အရှင်လျှူက ချီးကျူးလွန်းနေပြီ...ဒါကအပြင်လူတွေ ပေါက်ကရလျှောက်ပြောကြတာပါ...ဒီနှစ်တွေအတွင်းမှာ ငါက ငယ်ရွယ်သေးတာကြောင့် မာန်မာနကြီးနေခဲ့တယ်...ငါသင်ယူဖို့ လိုအပ်တဲ့အရာတွေ အများကြီးကျန်နေသေးတယ်"
သခင်လေးစွေ့က ယဉ်ကျေးသိမ်မွေ့စွာ တုံ့ပြန်လိုက်သည်။
သခင်လေးစွေ့သည် ဤကဲ့သို့ ပြောဆိုလိုက်သည့်တိုင် သူ၏မျက်နှာပေါ်ရှိအပြုံးကို ဖုံးကွယ်ထား၍မရချေ။
သူသည် ငယ်ရွယ်ပြီး မာန်မာနကြီးသူဖြစ်သဖြင့် ထန်အင်ပါယာသားတစ်ယောက်ဖြစ်သည့်တိုင် တာယွီအင်ပါယာမှ အဆင့်မြင့်အရာရှိတစ်ယောက်၏ချီးမွမ်းမှုကို ခံယူရသည်အား ဝမ်းသာပျော်ရွှင်နေမိသည်။ယခုအချိန်၌ သူ၏စိတ်ခံစားချက်သည် တိမ်တိုက်များအကြား၌ မျောလွင့်နေသည့်အလားပင်။
လျှုယွမ်ချန်းက ခေါင်းညိတ်လိုက်သည်။သူသည် သခင်လေးစွေ့၏မျက်နှာပေါ်မှ ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်ကို မြင်တွေ့မိပေ၏။
သို့ရာတွင် သူ၏ချီးမွမ်းမှုသည် ယဉ်ကျေးမှုအရသာဖြစ်သည်။
"အားလုံးပဲ...လူစုခွဲပြီးတော့ အရှင်လျှူအတွက် လမ်းဖယ်ပေးလိုက်ကြစမ်း"
မာဖန်းက သူ၏လက်ကိုဝှေ့ယမ်းပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
နံဘေးတွင်ရှိနေသော ကင်းလှည့်စစ်သားများသည် ရှေ့သို့အလျင်စလိုပြေးသွားကာ လျှူယွမ်ချန်းအတွက် လမ်းရှင်းပေးလိုက်ကြ၏။
လမ်းမပေါ်၌ လူစုကွဲသွားချိန်တွင် လမ်းလယ်ခေါင်ရှိမြင်ကွင်း ပေါ်လွင်လာသည်။
စုရူသညိ ပိုက်ကွန်အတွင်း၌ ပိတ်မိနေကာ သူမ၏အသွေးအသားများ ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေပြီ။
နျုနျူကမူ သူမသည် မှော်ရတနာ၏ကာကွယ်ပေးမှုအောက်တွင် ငိုကြွေးနေကာ သူမ၏မျက်နှာပေါ်၌ ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။
လျှူယွမ်ချန်းသည် ဝေါယာဥ်ထံသို့ ပြန်လှည့်ရန် ဟန်ပြင်လိုက်သော်လည်း သူသည် နျုနျူ၏ပုံပန်းသွင်ပြင်ကို မြင်တွေ့ချိန်၌ ရုတ်တရက် ကြက်သေသေသွားပေ၏။