← Chapters

အခန်း (၄၅၅၆-၄၅၆၀)

Vol. 231 Ch. 4556-4560

အခန်း (၄၅၅၆-၄၅၆၀)

Vol. 231 Ch. 4556-4560

Chapter 4556

"အရှင်....ဂရုစိုက်ပြီးသွားပါ...တစ်ရက်ရက်ကျရင် ငါက မင်းကို အရိုအသေပြုဖို့ အလည်အပတ်လာခဲ့ပါ့မယ်"

သခင်လေးစွေ့က အပြုံးနှင့် ဦးညွှတ်အရိုအသေပြုလိုက်သည်။

ဝေါယာဥ်ထမ်းသော သိုင်းပညာရှင်လေးယောက်သည် ဝေါယာဥ်ကိုမကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။

"ခဏနေအုံး...."

လျှူယွမ်ချန်းက ရုတ်တရက် အော်ဟစ်လိုက်သဖြင့် ပတ်ဝန်းကျင်ရှိလူများအားလုံး ထိတ်လန့်တကြားခုန်ပေါက်လိုက်ကြ၏။

သူက လိုက်ကာကို နံဘေးတစ်ဖက်သို့ဆွဲလိုက်သည်။သူ၏အရာရှိဝတ်ရုံတုန်ရီနေကာ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ကြက်သေသေသွားသည်။

ဤအရာရှိကြီးသည် မည်သည်ကြောင့် ရပ်တန့်ခိုင်းသည်ကို သူတို့အားလုံး မသိရှိချေ။

လူများအားလုံး၏မျက်လုံးအကြည့်များအောက်တွင် လျှူယွမ်ချန်းသည် နျူနျူ၏နံဘေးသို့ လျှောက်လှမ်းသွားလိုက်၏။

နျူနျူ၏ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့မိချိန်၌ လျှူယွမ်ချန်းသည် သူမအား အလျင်အမြန်ကောက်​ချီကာ မယုံကြည်နိုင်စွာဖြင့် ပြောဆိုလိုက်သည်။

"ငါရဲ့မင်းသမီးလေး မင်း ဘယ်လိုဖြစ်ပြီးတော့ ဒီနေရာကို ရောက်နေတာလဲ"

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

မာဖန်း၏မျက်နှာပေါ်ရှိ မျက်နှာချိုသွေးသောအပြုံးသည် ဤအချိန်အခိုက်အတန့်၌ တောင့်တင်းသွားကာ သူ၏မျက်လုံးကိုပင် သူ မယုံကြည်နိုင်တော့ချေ။

အစောပိုင်းက နျူနျူသည် သူမ၏အစ်ကိုကြီးကို အော်ခေါ်နေခဲ့သော်လည်း လူများအားလုံးက ဤသည်မှာ ဟာသပြက်လုံးတစ်ခုဖြစ်သည်ဟု တွေးထင်ခဲ့ကြသည်။

သို့ရာတွင် နျုနျူထံ၌ အမှန်တကယ်ကို ကြီးမားသောကျောထောက်နောက်ခံ ရှိနေမည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

သခင်လေးစွေ့က မျက်မှောင်ကြုတ်လိုက်သည်။

မူလက သူသည် ဧကရာဇ်အဆင့်မှော်ရတနာနှစ်ခုကို ရရှိသည်နှင့် ထွက်ခွာသွားရန် ကြံရွယ်ထားသည်။

သို့ရာတွင် ထိုအချိန်မှာပင် အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ရောက်ရှိလာကာ တိုက်တိုက်ဆိုင်ဆိုင်ဖြင့် နျူနျူနှင့်သိကျွမ်းနေမည်ဟု သူ မျှော်လင့်မထားမိချေ။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ် အုပ်ချုပ်ရေးသံတမန် လျှူယွမ်ချန်း....

သူသည် တာဝန်ကိုဆက်ခံခါစ ဖြစ်သဖြင့်သူ၏အခွင့်အာဏာသည် အားကောင်းခြင်းမရှိသော်လည်း ဤအရာရှိရာထူးအဆင့်အတန်းသည် လူအမြောက်အများကို ထိန်းချုပ်ကန့်သတ်ရန် လုံလောက်သည်။

နျုနျူက ရုတ်တရက် သူမ၏မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ လျှူယွမ်ချန်းကို မြင်တွေ့သည်နှင့် အော်ဟစ်ငိုယိုလိုက်သည်။ထို့နောက် သူမ၏သေးငယ်သောလက်လေးများဖြင့် သူ၏လည်ပင်းကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်၏။

"အဖိုးလျှူ...ဝူး ဝူး ဝူး..."

"အသဲနှလုံးလေး...ဘာမှမဖြစ်တော့ဘူး...မငိုနဲ့တော့...အဖိုးလျှူက ဒီနေရာကို ရောက်နေပြီ"

လျှူယွမ်ချန်းသည် နျုနျူ၏နောက်ကျောကို ဂရုတစိုက်ပွတ်သပ်ပြီး နှစ်သိမ့်ပေးလိုက်သည်။

ယခင်က ချီအင်ပါယာမှ နျူနျူကို ဖမ်းဆီးထားသည့်ကိစ္စကို လုယွီအပေါ် သစ္စာခံခဲ့ကြသောအရာရှိများအားလုံး သိရှိခဲ့ကြပြီး လျှူယွမ်ချန်းလည်း အပါအဝင်ပင်။

အကျဉ်းထောင်အတွင်း၌ လျှူယွမ်ချန်းသည် တံစိုးလက်ဆောင်များပေး၍ ထောင်စောင့်များကို နျူနျူအတွက် သန့်ရှင်းသောအစားအစာများအား စီစဉ်ခိုင်းသဖြင့်သာ ဤကလေးမလေးသည် ထောင်အတွင်း၌ အသက်ရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။

ဤကဲ့သို့ အတွေ့အကြုံကြောင့် နျူနျူသည် လျှူယွမ်ချန်းကို အလွန်အမင်းယုံကြည်ပေ၏။

လျှူယွမ်ချန်းကို ထပ်မံ၍မြင်တွေ့ရစဉ်၌ နျုနျူသည် သူမ၏အိမ်ကို ရှာတွေ့သွားသည့်အလား သူမ၏နှလုံးသားအတွင်းရှိ ကြေကွဲဝမ်းနည်းမှုများကို ဖွင့်ထုတ်လိုက်သည်။

"မငိုနဲ့....ဘာဖြစ်တာလဲဆိုတာ အဘိုးကို ပြောပါအုံး"

လျှူယွမ်ချန်းက ဂရုတစိုက် နှစ်သိမ့်ပေးသည်။

သူ၏ခန္ဓာကိုယ်မှပင်လျှင် ဇောချွေးများ ယိုစီးကျနေပေ၏။

ဤကလေးအတွက် လုယွီသည် မည်မျှထိ များပြားသောလူများကို သတ်ဖြတ်ခဲ့သည့်အား သူ မှတ်မိနေဆဲပင်။

လုယွီသည် အပေါ်ယံ၌ ဤကိစ္စကို ပြုလုပ်ခဲ့သော ချီဘုရင်ကို သတ်ဖြတ်ခဲ့ရုံသာမက လုမိသားစုဝင်များအား ထိခိုက်နာကျင်အောင်ပြုလုပ်ခဲ့သော လူများကိုလည်း မှတ်သားထားခဲ့သညိ။ကောင်းကင်ကွန်ယက်သည် ထိုလူများကိုခြေရာခံကာ သူတို့အနက်မှတစ်ယောက်မကျန်အောင် သတ်ဖြတ်ခဲ့ပေ၏။

"အဲ့ဒီ...အဲ့ဒီလူက သူတို့ရဲ့ပစ္စည်းတွေကို ငါ ခိုးထားတယ်လို့ ရုတ်တရက်ကြီး ပြောနေခဲ့တယ်...နျုနျူက မခိုးဘူး... ငါ ငါ့ရဲ့သက်ရှည်သော့ခလောက်နဲ့လည်ဆွဲက အစ်ကိုကြီးကိုယ်တိုင် ငါ့အတွက် သန့်စင်ပေးတာ...သူတို့ရဲ့ဟာ မဟုတ်ဘူး"

နျုနျူစကားပြောဆိုနေစဉ်တွင် ငိုသံစွက်နေကာ သူမ၏အသံ တုန်ရီနေသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

နျူနျူအား ပစ္စည်းများပြန်ပေးရန် အော်ဟစ်ခဲ့သော လူများသည် မျက်လုံးအပြူးသားဖြစ်နေကာ ထပ်မံ၍ စကားမပြောနိုင်တော့ချေ။

ဖြစ်နိုင်သည်မှာ သူတို့သည် ဤကလေးမလေးကို မှားယွင်း၍ စွပ်စွဲခဲ့မိသလော...

လျှူယွမ်ချန်းသည် ဖြစ်စဉ်ကို နားထောင်ပြီးနောက် သူ၏နဖူးပေါ်၌ အပြာရောင်သွေးကြောကြီးများ ထောင်ထလာသည်။

နျူနျူသည် အဆက်မပြတ်ငိုကြွေးနေသဖြင့် ရှင်းရှင်းလင်းလင်း မပြောနိုင်သော်လည်း ဤဖြစ်စဉ်အကြောင်းကို သူ နားလည်သဘောပေါက်သွားလေပြီ။

ယခုကြည့်ကြည့်တော့မှ အရာအားလုံးသည် စွေ့အန်းကြောင့် ဖြစ်လာခြင်းပင်။သူသည် နျူနျူ၏မှော်ရတနာများကို ရယူလိုသဖြင့် သူမအား အကွက်ချကြံစည်ပြီး စွပ်စွဲပြစ်တင်လိုက်ခြင်းပင်။

"မင်းတို့ကောင်တွေက တော်တော်လေး သတ္တိကောင်းနေတာပါလား"

လျှူယွမ်ချန်း၏ဒေါသတကြီးအော်ဟစ်သံက ပတ်ဝန်းကျင်နေရာတစ်ဝိုက်၌ ပဲ့တင်ထပ်သွားသည်။

Chapter 4557

မာဖန်းနှင့်သခင်လေးစွေ့တို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။

သူတို့သည် လျှုယွမ်ချန်း၏အသံမှ ဒေါသကို ခံစားမိပေ၏။

သို့ရာတွင် သခင်လေးစွေ့သည် အလျင်အမြန်အသိဝင်လာပြီး ပြောဆိုလိုက်သည်။

"အရှင်လျှူ...ဒါက နားလည်မှုလွဲတာတစ်ခု ဖြစ်လိမ့်မယ်...အဲ့ဒီပစ္စည်းတွေက ငါတို့ရဲ့နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်းက စုဆောင်းထားတဲ့ပစ္စည်းတွေနဲ့ တော်တော်လေးတူနေတယ်...ဒီပစ္စည်းတွေက အရမ်းရင်းနှီးနေသလို ခံစားရတာကြောင့် ငါတို့ရဲ့ပစ္စည်းတွေလို့ငါက မှားယွင်းပြီး တွေးခဲ့မိတာပါ"

သူက တောင်းပန်သောအပြုံးဖြင့် ဆက်လက်ပြောဆိုသည်။

"ခုဏက ငါတို့တွေ နတ်ဆိုးအစေခံကို မတော်တဆ ထိခိုက်ဒဏ်ရာရစေမိတယ်..ငါတို့က သူ့ရဲ့တန်ကြေးထက် အဆနှစ်ဆယ်ပေးလျော်ဖို့ ဆန္ဒရှိပါတယ်"

နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်းတွင် ငွေကြေးအလွန်ပေါများပေ၏။

ဤကိစ္စကို နားလည်မှုလွဲခြင်းဟု ခေါင်းစဉ်တပ်ကာ သူသည် လျော်ကြေးပေးရန် လိုလိုလားလားဆန္ဒရှိသည်။

နတ်ဆိုးအစေခံတစ်ယောက်အတွက် လျော်ကြေးအဆနှစ်ဆယ်ကျော် ပေးလျော်ရလျှင်ပင် သူ့အတွက် အသေးအမွှားသာဖြစ်သည်။

ထို့ထက်ပို၍အရေးကြီးသည်မှာ အစမှအဆုံးတိုင် သူတို့သည် နျူနျုကို ထိခိုက်နာကျင်အောင် မလုပ်နိုင်ခဲ့ခြင်းပင်။

နျုနျူ၏ခန္ဓာကိုယ်ပေါ်ရှိ သက်ရှိသော့ခလောက်သည် အလွန်အစွမ်းထက်ကာ အကာအကွယ်အလွှာတစ်ခုကို ထုတ်လွှတ်၍ သူမအား ကာကွယ်ပေးထားသည်။ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများမှ သူမအား ဝိုင်းရံ၍တိုက်ခိုက်သည့်တိုင် ထိုအကာအကွယ်အလွှာကို ချိုးဖျက်နိုင်ခြင်းမရှိချေ။

ကံကောင်းထောက်မစွာဖြင့် ထိုအကာအကွယ်အလွှာ ကျိုးပဲ့ပျက်စီးသွားခြင်းမရှိပေ။ထိုသို့မဟုတ်ပါက သူတို့ ရှင်းပြနိုင်ရန် အလွန်ခက်ခဲပေမည်။

"ဒါက သူ့ရဲ့လည်ဆွဲပဲ....အခုချိန်မှာ ပိုင်ရှင်ကို ပြန်အပ်လိုက်ပါပြီ"

သခင်လေးစွေ့က လည်ဆွဲကို အလျင်အမြန် လက်ကမ်းပေးလိုက်သည်။

ထိုအချိန်မှာပင် ရုတ်တရက် ပတ်ဝန်းကျင်ရှိလူအုပ်ကြီးထံမှနေ၍ အခြေအနေကိုနားလည်သဘောပေါက်သွားသဖြင့် ပြောဆိုသောအသံများ ထွက်ပေါ်လာသည်။

"ဟမ့်...ဒါက ရည်ရွယ်ချက်ရှိရှိ လုယက်တာမဟုတ်လား"

"ငါ သိသွားပြီ ...အဲ့ဒီထန်ကောင်တွေမှာ ဘယ်တုန်းကမှ ရည်ရွယ်ချက်ကောင်းမရှိဘူး...ကံကောင်းပြီးတော့ ငါ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတယ်...အမှန်အတိုင်းပြောရရင် ငါက ဒီကိစ္စကို ထွင်းဖောက်မြင်နေတာ အချိန်အတော်ကြာနေပြီ"

အခြေအနေမကောင်းသည်ကို မြင်တွေ့သဖြင့် ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသူများသည် ဤကိစ္စကို တဖန်ပြန်၍တိုင်ပင်ဆွေးနွေးလိုက်ကြ၏။

အခြေအနေသည် တဖက်သက်ဆန်သွားကာ လူအများသည် သခင်လေးစွေ့ကိုပစ်မှတ်ထား၍ ပြစ်တင်ဝေဖန်ကြတော့သည်။

သခင်လေးစွေ့သည် ဤကိစ္စများကို အနည်းငယ်မျှရဂရုမစိုက်ချေ။

လူအများအနက်မှအများစုသည် မဆင်မခြင်ပြုလုပ်လေ့ရှိသည်။သူတို့သည် တခြားလူများ၏စကားကို သံယောင်လိုက်ကာ မှန်ကန်သောကိစ္စထက် သူတို့၏စိတ်နှလုံးသားအတွင်းရှိ အတွေးများကိုသာ ခေါင်းမာမာဖြင့် ယုံကြည်ကြသည်။

ဤလူများသည် သူအား မည်သည့်ခြိမ်းခြောက်မှုမျှ ပေးနိုင်မည်မဟုတ်ချေ။သခင်လေးစွေ့သည် ယခုအချိန်၌ လျှူယွမ်ချန်း၏သဘောထားကိုသာ စိုးရိမ်ပူပန်နေသည်။

"ဟား ဟား ဟား ငွေကြေးလား...ဒီကိစ္စရဲ့အတိမ်အနက်ကို မင်း ခုထိနားမလည်သေးပါလား"

လျှူယွမ်ချန်းက ထိုစကားကိုကြားချိန်တွင် ချက်ချင်းရယ်မောလိုက်သည်။

သူသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ဘဏ္ဍာရေးကို ထိန်းချုပ်ရသူပင်။သူ ထိန်းချုပ်ရသော ငွေကြေးများသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပမာဏတစ်ခုသို့ ရောက်ရှိနေလေပြီ။

ထို့ပြင် ဤငွေကြေးပမာဏသည် လုယွီထံတွင်ရှိသော ငွေကြေးများအားလုံး၏ အစွန်အဖျားသာ ဖြစ်ပေ၏။

လုယွီထံတွင် မည်သည်ကြောင့် ငွေကြေးရှားပါးမည်နည်း...

လုယွီထံတွင် ငွေကြေးရှားပါးမည်ဟု သူ မဆိုထားနှင့် ထန်အင်ပါယာ၏တော်ဝင်နန်းတွင်းပင်လျှင် ယုံကြည်မည်မဟုတ်ချေ။

"မင်းရဲ့မြေးမလေးကို မတော်တဆထိခိုက်နာကျင့်စေခဲ့မိတာ ငါ့ရဲ့ပေါ့ဆမှုကြောင့်ပါ... ဒါပေမယ့် ငါက ဒီကိစ္စကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘူး"

သခင်လေးစွေ့က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

လျှူယွမ်ချန်း၏မျက်နှာပေါ်ရှိအပြုံး ပျောက်ကွယ်သွားကာ သူက သခင်လေးစွေ့ကို အေးစက်တင်းမာစွာ စူးစိုက်၍ကြည့်လိုက်၏။

"သူက ငါ့ရဲ့မြေးမလေးမဟုတ်ဘူး"

လျှူယွမ်ချန်း၏မြေးမမဟုတ်ဟု ဆိုလိုက်သလော....

သခင်လေးစွေ့သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်သည်။

"ဒီလိုဆိုမှတော့ ငါက ဒီသခင်မလေး စိတ်ပိုင်းဆိုင်ရာထိခိုက်သွားမှုအတွက် လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်"

"လမ်းပေါ်မှာ တခြားလူရဲ့ပိုင်ဆိုင်မှုကို လုယက်ပြီးတော့ အဲ့ဒီလူကို စွပ်စွဲပြစ်တင်ခဲ့တယ်. ဒါက ကြီးလေးတဲ့ပြစ်မှုပဲ"

လျှူယွမ်ချန်းက သူ၏လက်ကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်၏။

"လာကြစမ်း...သူ့ကိုဖမ်းခေါ်သွားပြီးတော့ ထောင်ထဲထည့်လိုက်ကြစမ်း"

လက်ထောက်အရာရှိနှစ်ယောက်သည် ချက်ချင်းဆိုသလို နံဘေးမှပြေးထွက်လာကာ သခင်လေးစွေ့ကို ဖမ်းချုပ်လိုက်ကြသည်။

သူ့အားကယ်တင်ရန်အတွက် စွေ့မိသားစုအစေခံများ ရှေ့တို့တိုးလာသည်။လျှူယွမ်ချန်း၏မျက်လုံးများ ပြူးကျယ်သွားကာ ဒေါသတကြီးအော်ငေါက်လိုက်၏။

"ဘယ်သူလှုပ်ရှားရဲလဲဆိုတာ ငါ စောင့်ကြည့်နေမယ်...ဒီအရာရှိက အရေးကြီးတဲ့ ရာဇဝတ်သားတွေကို ဖမ်းချုပ်နေတာ ဟန့်တားရဲတဲ့ ဘယ်သူမဆို ကွပ်မျက်ခံရမယ်"

သူ၏အော်သံသည် အလွန်ကျယ်လောင်ကာ သူ၏အရှိန်အဝါသည် အလွန်ကြီးကျယ်ခမ်းနားပေ၏။

စွေ့မိသားစုကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကာ သူတို့သည် နေရာမှာပင် မတ်တတ်ရပ်နေပြီး မလှုပ်ရှားဝံ့တော့ချေ။

သခင်လေးစွေ့သည် မြေပြင်ပေါ်၌ ဖိနှိပ်ထားခြင်းခံရသဖြင့် သူ၏မျက်နှာပေါ်တွင် ဖုန်မှုန့်များပေကျန်သွားသည်။သူ့ကိုကြည့်ရသည်မှာ ဆိုးရွားသောအခြေအနေ၌ ရှိနေပေ၏။

သူသည် ခေါင်းမော့ပြီး ခြိမ်းခြောက်စကားပြောဆိုလိုက်သည်။

"အရှင်လျှူ...ငါက ထန်အင်ပါယာသားတစ်ယောက်ပဲ...တကယ်လို့ မင်းက အင်ပါယာနှစ်ခုကြားမှာ ပဋိပက္ခတစ်ခု မဖြစ်စေချင်ဘူးဆိုရင် ဒီကိစ္စကို အလွန်အကျူးမလုပ်တာ အကောင်းဆုံးဖြစ်လိမ့်မယ်"

ဖြောင်း....

လျှူယွမ်ချန်းက သခင်လေးစွေ့ကို ပါးတစ်ချက်ဖြတ်ရိုက်လိုက်သည်။

ရုတ်ချင်းဆိုသလိုပင် သခင်လေးစွေ့၏မျက်နှာပေါ်၌ နီမြန်းသောလက်ဝါးရာကြီး ထွက်ပေါ်လာပေ၏။

"မင်းက ငါတို့ရဲ့နယ်မြေထဲကိုလာပြီးတော့ စည်းမျဥ်းဥပဒေကို ချိုးဖောက်ခဲ့တယ်....ငါ အခုလုပ်ဆောင်နေတာက ငါတို့အင်ပါယာရဲ့စည်းမျဉ်းဥပဒေအရပဲ...မင်း ဘယ်နေရာကလာတယ်ဆိုတာ ငါ ဂရုမစိုက်ဘူး"

လျှူယွမ်ချန်းက အသံနက်ကြီးဖြင့်ပြောဆိုပြီးနောက် သူ့ထံမှ သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသဖြင့် လူအများအား တုန်ရီသွားစေသည်။

Chapter 4558

"မင်းက ငါ့ကို ရိုက်ရဲတာား...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ရိုက်ရဲတာလဲ"

သခင်လေးစွေ့သည် သူ၏နီမြန်းပြီး ဖူးယောင်နေသောမျက်နှာကို ဖုံးအုပ်ကာ သူ့၏ဒေါသများကို ထပ်မံ၍ ထိန်းချုပ်မထားနိုင်တော့ချေ။

သူသည် နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်း၏သခင်လေးပင်။ချီအင်ပါယာ တည်ရှိနေစဉ်အချိန်၌ သခင်လေးစွေ့၏အဆင့်အတန်းသည် အလွန်အမင်းမြင့်မားပေ၏။ချီအင်ပါယာမှအရာရှိများပင်လျှင် သူ့အား မြင်တွေ့ချိန်၌ လေးလေးစားစားဆက်ဆံရသည်။

သို့ရာတွင် ယခုအချိန်၌ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အုပ်ချုပ်ရေးသံတမန်အဖြစ် အသစ်ခန့်အပ်ခြင်းခံရသူသည် သူ့အား အမှန်တကယ် ရိုက်နှက်ဝံ့သလော။

ဤသည်မှာ သခင်လေးစွေ့၏အောက်ခြေစည်းမျဉ်းကို ထိတွေ့ခြင်းဖြစ်သဖြင့် မည်သည့်ကိစ္စမျိုး ဖြစ်နေပါစေ ဤကဲ့သို့ အရှက်ခွဲမှုမျိုးကို သူ သည်းမခံနိုင်​ချေ။

"မင်း စောင့်နေစမ်း...မင်းက အုပ်ချုပ်ရေးသံတမန်ရာထူးကို တွယ်တက်နိုင်တာနဲ့ ငြိမ်းချမ်းတဲ့ဘဝကိုရပြီလို့ မင်း ထင်နေတာလား...မင်းမှာ နိမ့်ကျတဲ့ရာထူးအဆင့်ပဲရှိပြီးတော့ အရေးမပါတဲ့လူစားမျိုးပဲ...ငါတို့စွေ့မိသားစုမှာ မင်းကို ဆွဲချနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိတယ်"

သခင်လေးစွေ့က ရက်စက်ကြမ်းကြုတ်စွာ ခြိမ်းခြောက်လိုက်သည်။

ငွေကြေးသည် သရဲတစ္ဆေနှင့်နတ်ဘုရားများကိုပင် ဆက်သွယ်နိုင်ပေ၏။

စွေ့မိသားစုထံ၌ ငွေကြေးအမြောက်အများရှိကာ နေရာအနှံ့အပြား၌ အဆက်အသွယ်များကိုတည်ထောင်ထားသဖြင့် သူတို့အား ကြီးမားသောအခွင့်အာဏာကို ပိုင်ဆိုင်စေသည်။

ထန်အင်ပါယာမှ မိသားစုတစ်စုဖြစ်သည့်တိုင် စွေ့မိသားစုသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၌ အဆက်အသွယ်အမြောက်အ​များကို ချန်ထားနိုင်ခဲ့ကာ အလွန်ရှုပ်ထွေးသည်။

လျှူယွမ်ချန်းကမူ သူ ရောက်ရှိလာစဉ်အချိန်၌ ချီဧကရာဇ်၏ ဖမ်းဆီးအကျဉ်းချခြင်းကို ခံခဲ့ရသည်။ယခုအချိန်၌ သူ ထွက်လာချိန်တွင် သူ၏အခြေခံအုတ်မြစ်သည် တည်ငြိမ်ခြင်းမရှိသေးဘဲ သူ့ထံတွင် လူယုံအမြောက်အများမရှိချေ။ဤကဲ့သို့လူစားမျိုးကို ဆွဲချရန် စွေ့မိသားစုအတွက် အလွန်လွယ်ကူပေမည်။

"ကောင်းပြီလေ...ငါ စောင့်ကြည့်နေမယ်...ငါ လျှူယွမ်ချန်းက အရင်ကျရှုံးမလား ဒါမှမဟုတ် မင်းတို့နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်းက အရင်ကျရှုံးမလားဆိုတာ ကြည့်ကြသေးတာပေါ့"

လျှူယွမ်ချန်းသည် သခင်လေးစွေ့၏ခြိမ်းခြောက်မှုကို အနည်းငယ်မျှ အလေးအနက်မထားချေ။

သူသည် သူ၏လက်ကိုဝှေ့ယမ်းကာ သခင်လေးစွေ့ကို ဖမ်းဆီးခေါ်ဆောင်သွားရန် လက်ထောက်အရာရှိများအား အချက်ပေးလိုက်၏။

"ဒီနေရာမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ စွေ့ယင်လုံကို သွားပြောကြစမ်း...တကယ်လို့ သူက နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်းကို ဆက်ပြီးထိန်းသိမ်းထားချင်တယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတာ သူ သိလိမ့်မယ်"

လျှူယွမ်ချန်းသည် နံဘေးတွင်ရှိနေသော စွေ့မိသားစုအစောင့်များကိုကြည့်ပြီး ပြောဆိုလိုက်သည်။

သခင်လေးစွေ့က သုန်မှုန်နေသောမျက်နှာဖြင့် အော်ဟစ်လေသည်။

"ငါ့ရဲ့အဖေကို မြန်မြန်သွားပြောကြစမ်း"

အစေခံများသည် ထပ်ခါတလဲလဲခေါင်းညိတ်ပြပြီးနောက် အလျင်အမြန်ထွက်ခွာသွားတော့သည်။

"လျှူယွမ်ချန်း...နောက်ဆုံးမှာ ဘယ်သူ ရယ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

သခင်လေးစွေ့သည် ဖမ်းဆီးခံလိုက်ရသည့်တိုင် သူ၏မျက်နှာပေါ်တွင် မောက်မာထောင်သွားသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။ဤသည်မှာ သူသည် အကျဉ်းထောင်အတွင်း၌ ဖမ်းဆီးခံရမည်ကို အနည်းငယ်မျှ ဂရုမစိုက်သည့်အလားပင်။

နံဘေးတွင်ရှိနေသော လက်ထောက်အရာရှိများသည် ထိုကိစ္စများကို ဂရုမစိုက်ဘဲ သခင်လေးစွေ့ကို အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွားတော့သည်။

သခင်လေးစွေ့ မရှိတော့သည်နှင့် ပတ်ဝန်းကျင်နေရာတဝိုက်၌ ပို၍တိတ်ဆိတ်ငြိမ်သက်စ ပြုလာသည်။

လျှူယွမ်ချန်းက မာဖန်းကိုကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။

"မင်းက ရန်သူကို ကူညီပေးခဲ့တယ်...မင်းက ထန်အင်ပါယာသားတွေကို ဆက်ပြီးကူညီချင်သေးတာလား"

မာဖန်း၏နဖူးပေါ်မှ ဇောချွေးများ ယိုစီးကျလာသည်။စစ်ရှုံးအင်ပါယာတစ်ယောက်၏ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့သဖြင့် သူ လှမ်းသောခြေတစ်လှမ်းတိုင်းသည် ပါးလွှာသော ရေခဲပြင်ပေါ်၌ လမ်းလျှောက်နေရသည့်အလားပင်။

မာဖန်းက ရှင်းပြသည်။

"ငါက ဒီကိစ္စကို မိတ်ဆွေဆက်ဆံရေးအရ လုပ်ခဲ့တာပါ....ငါက ရှင်းယန်မြို့ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားချင်တယ်"

"မင်းက ရှင်းယန်မြို့ရဲ့ဂုဏ်သိက္ခာကို ဘယ်လိုထိန်းသိမ်းချင်တာလဲ"

လျှူယွမ်ချန်းက အေးစက်တင်းမာစွာ ပြောဆိုသည်။

"မင်းမှာ ဒီကလေးမလေးကို ဖမ်းဆီးဖို့အတွက် သက်သေအထောက်အထား တစ်ခုခုရှိလား...စွေ့အန်းရဲ့စကားတွေကို အခြေခံပြီးတော့ မင်းက တိကျတဲ့သက်သေမရှိဘဲနဲ့ လူတွေကို ဖမ်းချင်ခဲ့တယ်....မင်းက ထန်အင်ပါယာရဲ့ခွေးတစ်ကောင်လား"

"အရှင်လျှူ... ငါ့ကို မစွပ်စွဲပါနဲ့"

မာဖန်းက အော်ဟစ်လိုက်သည်။

"ငါ မင်းကို စွပ်စွဲတာဟုတ်မဟုတ် မင်း ကောင်းကောင်းသိမှာပါ...ကြည့်ရတာတော့ နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်းကနေ မင်း ငွေတော်တော်များများ ရထားတဲ့ပုံပဲ...ချီအင်ပါယာ ပျက်စီးသွားခဲ့တာတောင် မင်းက နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်းအတွက် ဆက်ပြီးအလုပ်လုပ်ပေးနေတယ်"

လျှူယွမ်ချန်းက ပြောဆိုလိုက်၏။

မာဖန်းက အကြောက်အကန်တုံ့ပြန်သည်။

"အရှင်လျှူ...ငါက အစောင့်တပ်မှူးရဲ့လက်အောက်က အရာရှိတစ်ယောက်ပါ...အရှင်က ငါ့ကို ထိန်းချုပ်လို့မရဘူး...ဟုတ်တယ်မလား.."

အုပ်ချုပ်ရေးသံတမန်ဖြစ်သော လျှူယွမ်ချန်းထံ၌ စစ်ရေးအခွင့်အာဏာမရှိချေ။

အကယ်၍ သူသည် စစ်ဗိုလ်ချုပ်တစ်ယောက်နှင့် ရင်ဆိုင်ရပါက အပြစ်ပေးပိုင်ခွင့်မရှိချေ။

"အဲ့ဒီလိုလား...မကြာခင်မှာပဲ မင်းကို အပြစ်ပေးမယ့် လူတစ်ယောက် ရှိလာလိမ့်မယ်"

လျှူယွမ်ချန်းက တည်ငြိမ်စွာပြောဆိုသည်။

"အဘိုးလျှူ...အစ်မကြီးစုကို ကယ်ပေးနိုင်မလား"

နုနုကတိုးညှင်းသောအသံဖြင့်တောင်းပန်သည်

လျှူယွမ်ချန်းသည် မြေပြင်ပေါ်၌ လဲကျနေသော စုရူကို ကြည့်လိုက်၏။ဤအချိန်အခိုက်အတန့်၌ သူမသည် ဆိုးဆိုးရွားရွားပုံပျက်ပန်းပျက်ဖြစ်နေကာ အလွန်စိုးရိမ်ဖွယ်ကောင်းသောအခြေအနေ၌ရှိနေသည်။

လျှူယွမ်ချန်းက သူ၏လက်ကိုဆန့်တန်းပြီး ဝတ်လစ်စလစ်မိန်းကလေးကို ဆုပ်ကိုင်လိုက်သည်။ထို့နောက် သူသည် မိန်းကလေးနှစ်ယောက်ကိုခေါ်ဆောင်ပြီး မိုးကောင်းကင်ယံအတွင်းသို့ ခြေချလိုက်၏။

ရှင်းယန်မြို့အတွင်း၌ ပျံသန်းခြင်းကို တားမြစ်ကန့်သတ်ထားသည်။ယခုအချိန်၌ လျှူယွမ်ချန်းသည် စည်းမျဉ်းဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းမှတဆင့် သူ၏စိတ်နှလုံးသားအတွင်းတွင် မည်မျှထိ စိုးရိမ်ပူပန်နေသည်ကို မြင်တွေ့နိုင်သည်။

Chapter 4559

ရှင်းယန်မြို့....တော်ဝင်နန်းတော်....

လုယွီနေထိုင်သော နန်းတော်နေရာမှနေ၍ လေဟာနယ်လှုပ်ခတ်မှုလှိုင်းများ ထွက်ပေါ်နေသည်။

တစ်စုံတစ်ယောက်သည် သာမာန်မျက်စိအမြင်ဖြင့်ကြည့်ပါက ဤနန်းတော်တွင် မည်သည့်ထူးခြားချက်မျှ ရှိမည်မဟုတ်ချေ။သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ပါက ပတ်ဝန်းကျင်ရှိလေဟာနယ်သည် ရေမျက်နှာပြင်အလား လှိုင်းဂယက်များ တလိမ့်လိမ့်ထနေသည်ကို မြင်တွေ့ရပေမည်။

နန်းတော်၏ပြင်ပတွင် ခြေလမ်းငါးလှမ်းအကွာတိုင်း စောင့်ကြည့်နေရာတစ်ခုရှိကာ လက်ရွေးစင်စစ်သားများ စောင့်ကြပ်နေကြပြီး တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားကြ၏။

လုယွီ ကျင့်ကြံနေစဉ်တွင် တခြားလူများ အနှောက်အယှက်ပေးခြင်းမှ ကာကွယ်ဟန့်တားရန် အစောင့်အကြပ်များကို ထူထပ်စွာ နေရာချထားသည်။

ဤအချိန်အခိုက်အတက်၌ လုယွီသည် ကွဲပြားခြားနားသော ကမ္ဘာလောကတစ်ခုအတွင်း၌ ရှိနေသည်။

မိုးကောင်းကင်ယံအတွင်း၌ ထူထပ်သိပ်သည်းသော တိမ်မည်းများဖြင့် ပြည့်နေကာ မင်ဖြင့်ဆိုးထားသည့်အလားပင်။တိမ်တိုက်များနှင့်မြူခိုးများသည်လည်း တလိမ့်လိမ့်မြင့်တက်နေကာ မိုးကောင်းကင်၏အလင်းရောင်ကို ပိတ်ဆို့ဟန်တားထားသည်။

လုယွီသည် မိုးကောင်းကင်ယံမှနေ၍ တောင်ထိပ်တလုံးပေါ်သို့ ဆင်းသက်လိုက်သည်။ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်ပါက သူသည် ကွဲပြားခြားနားသော ကမ္ဘာလောကတစ်ခုလုံးကို မြင်တွေ့နိုင်ပေ၏။

နံဘေးပတ်ဝန်းကျင်၌ မိုးထိလုမတတ်မြင့်မားသော တောင်များရှိနေသည်။ဤနေရာရှိအပင်များသည် ဒူးတစ်ဝက်စာအရှည်အထိပင် ပေါက်ရောက်ခြင်းမရှိဘဲ ရှေးကျပြီးအရိုင်းဆန်သော အရှိန်အဝါတစ်ရပ်ဖြင့် ပြည့်နှက်နေသည်။

တောင်တန်းများ မြစ်ချောင်းများ သစ်ပင်များ စသဖြင့် ဤလောကကြီးအတွင်းရှိ အရာရာတိုင်းမှတစ်ဆင့် ဤနေရာ မည်မျှထိ ရှေးကျသည်ကို ပြသနေပေ၏။

လေထုအတွင်း၌ ငှက်များပျံသန်းနေသည်။ထိုငှက်များထံတွင် ထက်ရှသောသွားများရှိသည်။ သူတို့၏မျက်လုံးများသည် သိမ်းငှက်နှင့်တူညီကာ သူတို့၏ခန္ဓာကိုယ်များသည် အလွန်ကြီးမားပြီး လေထုအတွင်း၌ ပျံသန်းနိုင်သော တောရိုင်းသားရဲတစ်စုအလားပင်။

သူတို့သည် မူလဘူတဗီဇာပြောင်းသားရဲများဖြစ်ပြီး အခြေခံအားဖြင့် ယခုအချိန်တွင် မျိုးတုံးပျောက်ကွယ်သွားလေပြီ။မတူကွဲပြားသောကမ္ဘာလောကအတွင်းတွင်မူ နေရာအနှံ့အပြား၌ သူတို့အား မြင်တွေ့နိုင်သည်။

"ဒီလောကကြီးမှာ စိတ်ဝိညာဉ်ချီ ကင်းမဲ့နေတုန်းပဲ"

လုယွီက ပျံသန်းနေသော သားရဲတစ်စုကိုကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

ဤသည်မှာ တောင်တန်းနှင့်ပင်လယ်ကျမ်းစာ၏ကမ္ဘာလောကပင်။

ကျမ်းစာတွင် စိတ်ဝိညာဥ်ရှိကာ နယ်မြေတစ်ခုအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာသည်။ဤသည်မှာ တာအိုကိုအောင်မြင်ပြီးမြောက်ပြီးနောက် ကျမ်းစာထံတွင်ရရှိလာသော အကျိုးသက်ရောက်မှုပင်။

အတိတ်တွင် လုယွီသည် ယင်ယန်ကျမ်းစာ ပျောက်ကွယ်သွားမှုကို ဖာထေးနိုင်ရန်အတွက် ကျမ်းစာတစောင်ကိုရေးသားရန် မဟာဆုတောင်းကြီးတစ်ခုကို ပြုလုပ်ခဲ့သည်။သူ 'တောင်တန်းနှင့်ပင်လယ်ကျမ်းစာ'ကို ရေးသောအချိန်အခိုက်အတန့်တွင် ဖြစ်တည်လာသောတာအိုစွမ်းအားများမှတဆင့် ကျမ်းစာ၏ကဏဦးပုံစံ ထွက်ပေါ်လာပေ၏။

ဤကျမ်းစာကို တာအိုကျမ်းစာဟု ခေါ်ဆိုနိုင်သည်။အကြောင်းအရင်းမှာ ဤအရာတွင် ကောင်းကင်နှင့်မြေပြင်အကြားမှ မဟာတာအို၏အကြွင်းမဲ့အမှန်တရား ပါဝင်သောကြောင့်ပင်။

ဥပမာအနေဖြင့် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာပင်။မဟာတာအို၏စွမ်းအားကြောင့် ထိုအရာမှနေ၍ ရှေးဟောင်းကောင်းကင်ဘုံနန်းတော် ဆင့်ကဲပေါက်ဖွားလာခဲ့သည်။

လုယွီ ရေးသားသော တောင်တန်းနှင့်ပင်လယ်ကျမ်းစာတွင်လည်း ဤကဲ့သို့စွမ်းအားမျိုး ရှိနေပေ၏။

ဤအချိန်အတောအတွင်းတွင် လုယွီသည် နေ့စဉ်နေ့တိုင်း စာအုပ်အမြောက်အများကို ဖတ်ခဲ့သည်။သူသည် တစ်စုံတစ်ခုကိုအာရုံခံမိသည်နှင့် 'တောင်ကြမ်းနှင့်ပင်လယ်ကျမ်းစာ'အတွင်း၌ ရေးသားကာ စာအုပ်ကို အဆက်မပြတ် ပြုပြင်မွမ်းမံခဲ့သည်။

ယခုအချိန်၌ တောင်တန်းနှင့်ပင်လယ်ကျမ်းစာမှနေ၍ တောင်တန်းနှင့်ပင်လယ်ကျမ်းစာကမ္ဘာ ပေါက်ဖွားလာလေပြီ။

ဤအရာတွင် တောင်တန်းများ မြစ်ချောင်းများ နတ်ဆိုးသားရဲများ သစ်ပင်များ အစရှိသဖြင့် အရာမျိုးစုံပါဝင်သည်။ဤနေရာတွင် ယခုလက်ရှိ ကောင်းကင်ဘုံနယ်မြေ၌ မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်သော အရာအမြောက်အများရှိနေပေ၏။

ထိုအရာများအနက်မှအများစုသည် လူသားဧကရာဇ်မှ လုယွီကိုပေးအပ်လိုက်သော မှတ်ဥာဏ်များမှ ပေါက်ဖွားလာခြင်းပင်။

လုယွီသည် တောင်တန်းနှင့်ပင်လယ်ကျမ်းစာကမ္ဘာကို ဖန်တီးခဲ့သူဖြစ်သဖြင့် သူသည် ဤနေအတွင်း၌ ကျင့်ကြံနိုင်သည်။

ကျင့်ကြံသူတစ်ယောက်သည် နေ့စဉ်နေ့တိုင်း ပလ္လင်ခွေထိုင်ပြီး ပြင်းပြင်းထန်ထန်ကြိုးစားခြင်းသည် တိုးတက်မှုများစွာ ရစေမည်မဟုတ်ချေ။အစစ်အမှန်တိုက်ခိုက်ခြင်းကိုဖြတ်ကျော်မှသာ တစ်စုံတစ်ယောက်သည် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာပေမည်။

ဤသည်မှာ အတိတ်ဘဝတွင် သူ ရရှိခဲ့သော ကျင့်ကြံခြင်းအတွေ့အကြုံဖြစ်သည်။သို့ရာတွင်ဤဘဝ၌ သူသည် ထိုအတွေ့အကြုံကို အမွေဆက်ခံထားဆဲဖြစ်ကာ မည်သည့်အရာကိုမျှ တိုက်ခိုက်ရန် နောက်မတွန့်ချေ။

လုယွီ၏ခြေထောက်နံဘေးတွင် မူလဘူတနတ်ဆိုးသားရဲတကောင်၏ အလောင်းရှိနေကာ သွေးများဖြင့်စွန်းထင်းနေသည်။

"ဒီနတ်ဆိုးသားရဲက ဒီနေရာမှာ အားအကောင်းဆုံးတည်ရှိမှုပဲ...ဒါပေမဲ့ ဘာလို့ ခုထိ ထူထပ်သိပ်သည်းတဲ့ မြူခိုးတွေ မပျက်ပြယ်သေးတာလဲ"

လုယွီက အဝေးတစ်နေရာသို့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

အဝေးတစ်နေရာတွင် တောင်တန်းများရှိနေကာ ထိုအရာများအားလုံးကို ထူထပ်သိပ်သည်းသောမြူခိုးများ လွှမ်းခြုံထားသည်။ထိုမြူခိုးများအကြားမှနေ၍ တောင်တန်းများ၏ပုံသဏ္ဍာန်ကို ဝိုးတဝါးသာ မြင်တွေ့နိုင်ပေ၏။

မြူခိုးများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေကာ ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို ဝေဝါးနေစေသည်။

ဤသည်မှာ သာမန်မြူခိုးများမဟုတ်ဘဲ နတ်ဆိုးမြူခိုးများပင်။ဤကဲ့သို့ မြင်ကွင်းမျိုးသည် နတ်ဆိုးအရှိန်အဝါများ အထွတ်အထိပ်သို့ရောက်ရှိစဉ်မှသာ ထွက်ပေါ်လာလေ့ရှိသည်။

"ဒါက အထဲမှာ မဟာနတ်ဆိုးတစ်ကောင် ပုန်းအောင်းနေတဲ့ပုံပဲ"

လုယွီ၏စိတ်နှလုံးသားအတွင်း၌ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားသည်။သူသည် သူ၏ခြေထောက်ကိုမြှောက်ကာ မြူခိုးများအတွင်းရှိ နက်ရှိုင်းသောနေရာသို့ လျှောက်လှမ်းသွားလိုက်၏။

Chapter 4560

ဝှစ်...ဝှစ်...ဝှစ်

သစ်ပင်များအကြားတွင် ဓားတစ်လက်မှနေ၍ အသားကိုထွင်းဖောက်သွားသော အသံများအားကြားနေရသည်။

လုယွီသည် လေထုအ​တွင်း၌ မတ်တတ်ရပ်နေကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ထက်ရှသောဓားချီများ ရစ်သိုင်းလွှမ်းခြုံနေသည်။ထိုအရာများသည် မျောလွင့်နေကာ ကြယ်တာရာများအလား သူကို ဝိုင်းရံထားပေ၏။

လုယွီသည် လေထုအတွင်း၌ ပျံသန်းနေရင်း သစ်တောအုပ်တစ်ခုကို ဖြတ်သန်းလိုက်ချိန်၌ မိုးကောင်းကင်ယံအတွင်းသို့ ရာနှင့်ချီသော ရှည်လျားသည့်မြွေကြီးများ ခုန်တက်လာသည်။ သူတို့သည် မြေပြင်မှ မီတာသုံးဆယ် လေးဆယ်အမြင့်ထိ ခုန်ပေါက်နိုင်ပေ၏။

ရှူး...ရှုး...

ရှည်လျားသောမြွေကြီးများ အတူတကွပူးကပ်နေကာ အလွန်အမင်းကျယ်လောင်ပြီး တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော အော်မြည်သံများကို ထုတ်လွှတ်ထားသဖြင့်တစ်စုံတစ်ယောက်၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားစေသည်။

ထိုမြွေကြီးများသည် အရောင်အသွေးစုံလင်ကာ ကြည့်ရသည်မှာ အလွန်အဆိပ်ပြင်းပုံရသည်။ထိုမြွေများ၏ခန္ဓာကိုယ်များတွင် တောင်ပံများမရှိသော်လည်း သူတို့၏ခုန်ပေါက်နိုင်မှုစွမ်းရည်သည် အလွန်အမင်းမြင့်မားပေ၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့သည် မိုးကောင်းကင်ယံအတွင်းသို့ ခုန်တက်လာကြသည်။

ဤအဆိပ်ပြင်းမြွေများတွင် အသိဉာဏ်ရှိပုံမရချေ။သူတို့၏မျက်လုံးအတွင်း၌ သွေးဆာသောအလင်းတန်းများနှင့် ပြည့်နှက်နေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင်နေသည်။

သို့ရာတွင် ထိုအဆိပ်ပြင်းမြွေများသည် လုယွီ၏အနီးသို့ ချဉ်းကပ်နိုင်ခြင်းမရှိသေးမီမှာပင် ထက်ရှသောဓားချီများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

မိုးကောင်းကင်ယံအတွင်း၌ သွေးများစွန်းထင်းသွားကာ လေထုအတွင်း၌ စူးရှသောသွေးညှီနံ့များဖြင့် ပြည့်နှက်သွားသည်။

ထိုမြွေကြီးများသည် သေဆုံးသွားသည့်တိုင် သူတို့၏ခန္ဓာကိုယ်မှ အဆိပ်ငွေ့များ ထုတ်လွှတ်ထားကာ ပတ်ဝန်းကျင်နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

သို့ရာတွင် လုယွီထံ၌ သိုင်းပညာအင်မော်တယ်ရုပ်ခန္ဓာကိုယ်ရှိသဖြင့် အဆိပ်များအားလုံးကို ခံနိုင်ရည်ရှိသည်။ထိုအဆိပ်ငွေ့များသည် သူ၏အနီးသို့ ရောက်ရှိလာသည်နှင့် အလျင်အမြန် အရည်ပျော်သွားပေ၏။

ဝုန်း...ဝုန်း...ဝုန်း...

ပတ်ဝန်းကျင်ရှိသစ်ပင်များ ရုတ်တရက် တုန်ခါသွားသည်။

သစ်ပင်များအကြားမှနေ၍ စူးရှသော လေတိုးသံများ ထွက်ပေါ်လာကာ သစ်ကိုင်းများသည် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးတကောင်၏လက်များအလား ဆန့်တန်းလာပေ၏။

ဤဖြစ်ရပ်သည် လုယွီ ဧရာမသစ်ပင်ကြီးတစ်ပင်၏နံဘေး၌ ဖြတ်သန်းသွားစဉ် ဖြစ်ပေါ်လာခြင်းပင်။ရုတ်ချည်းဆိုသလိုပင် ထိုဧရာမသစ်ပင်၏သစ်ကိုင်းများသည် လုယွီ၏ခြေချင်းဝတ်ကို ချည်နှောင်ကာ သူ့အား မိုးကောင်းကင်ယံမှနေ၍ ဆွဲချရန် ကြိုးပမ်းလိုက်သည်။

"ဟမ့်...."

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်လေသည်။ထို့နောက် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ဓား​ချီတစ်လှိုင်းပွင့်အံ့ထွက်လာကာ ဧရာမသစ်ပင်ကြီး၏သစ်ကိုင်းများအားလုံးကို ဖြတ်တောက်လိုက်၏။

ဓားချီများသည် လေထုအတွင်း၌ ပျံ့နှံ့သွားကာ သစ်ကိုင်းအစအနများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ပတ်ဝန်းကျင်ရှိသစ်ပင်များအားလုံးသည် သက်ရှိတစ်ယောက် ချဥ်းကပ်လာသည်ကို အာရုံခံမိပုံပင်။ထိုအရာများအားလုံးသည်အကိုင်းအခက်များကို ဝှေ့ယမ်းကာ လုယွီထံဦးတည်ပြီး တိုးဝင်လာကြ၏။

သို့ရာတွင် ထိုဧရာမသစ်ပင်ကြီးများ ရင်ဆိုင်လိုက်ရသည်မှာ အလွန်ကြီးမားသောမီးတောက်တစ်ခုပင်။ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်သည် လေထုအတွင်းသို့ မြင့်တက်သွားပြီးနောက် ထိုဧရာမသစ်ပင်ကြီးများအားလုံးကို လောင်ကျွမ်းသွားစေသည်။

တောင်တန်းနှင့်ပင်လယ်ကျမ်းစာကမ္ဘာအတွင်းတွင် နေရာအနှံ့အပြား၌ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။

မသိသာမထင်ရှားသော မြက်တစ်ပင်နှင့်ပန်းတစ်ပွင့်ကပင်လျှင် တစ်စုံတစ်ယောက်၏အသက်ကို ခြိမ်းခြောက်နိုင်ပေ၏။

"ဘာလို့ အခုထိ နတ်ဆိုးမြူခိုးတွေက မပျက်ပြယ်သေးတာလဲ"

လုယွီက ခေါင်းမော့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ထိုနတ်ဆိုးမြူခိုးများသည် မပျက်ပြယ်သွားရုံသာမကာ ပို၍ပင်ထူထပ်သိပ်သည်းလာသည်။

မိုးကောင်းကင်ယံအတွင်းရှိ နေရောင်ပင်လျှင် မှေးမှိန်စပြုလာပေ၏။နံဘေးပတ်ဝန်းကျင်၌ ထူထပ်သိပ်သည်းသော​မြူခိုးများ လွှမ်းခြုံနေကာ မှောင်မည်းနေသောအခြေအနေမျိုးသို့ ရောက်ရှိသွားစေသည်။

လုယွီသည် ရှေ့သို့ဆက်သွားမိလေလေ သူ၏နံဘေးပတ်ဝန်းကျင်၌ ရစ်သိုင်းလွှမ်းခြုံနေသော အေးစက်စက်လေ​ပြင်းများကို ပို၍ခံစားမိလေလေပင်။

ရုတ်တရက် ပြင်းထန်သော လေပြင်းမုန်တိုင်းတစ်ရပ်သည် မိုးနှင့်မြေကိုဖြတ်သန်းပြီး တိုက်ခိုက်လာပေ၏။

ပတ်ဝန်းကျင်ရှိတောအုပ်အတွင်းတွင် လေတိုက်ခတ်သံများကို ကြားနေရကာာ ဤသည်မှာ ငရဲမှရက်စက်ကြမ်းကြုတ် နတ်ဆိုးသားရဲတစ်ကောင်၏ ဟိန်းဟောက်သံအလားပင်။

ထူထပ်သိပ်သည်းသော နတ်ဆိုးမြူခိုးများအကြားမှနေ၍ ကြီးမားသောပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်ကြီးသည် ကောင်းကင်နှင့်နေမင်းကြီးကို ပိတ်ဖုံးလုမတတ် အလွန်ကြီးမားသည်။မြင့်မားသောတောင်တစ်လုံးပင်လျှင် ထိုပုံရိပ်ယောင်ကြီး၏ရှေ့၌ နှိုင်းယှဥ်ပြစရာမရှိသည်အထိ သေးငယ်နေပေမည်။

ကျယ်လောင်သော ဟိန်းဟောက်သံသည် ထူထပ်သိပ်သည်းသော မြူခိုးများကို ဖြတ်ကျော်ကာ တောအုပ်တစ်ခုလုံးကို တုန်ခါသွားစေသည်။

ထောင်နှင့်ချီသော သက်ရှိများအားလုံး တပြိုင်နက်တည်း တုန်ရီသွားကြသည်။ဤဧရာမပုံရိပ်ယောင်ကြီး၏ရှေ့၌ သက်ရှိများအားလုံး ထိတ်လန့်တုန်လှုပ်နေပေ၏။

"နောက်ဆုံးတော့ မင်း ထွက်လာပြီ...မင်းကိုရှာရတာ လွယ်သားပဲ"

လုယွီ၏မျက်မှောင်ကြုတ်ထားမှု နောက်ဆုံး၌ ပြေလျော့သွားသည်။

သူသည် လမ်းတလျှောက်လုံး ရှာဖွေနေရသည့်အကြောင်းအရင်းမှာ နက်ရှိုင်းသောနေရာ၌ပုန်းအောင်းနေသော အစွမ်းထက်သည့်မဟာနတ်ဆိုးကို တွေ့ရှိနိုင်ရန်ပင်။

ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးမြူခိုးများ အနည်းငယ်နောက်ဆုတ်သွားကာ တောင်များတုန်ခါပြီး မိုးနှင့်မြေမှနေ၍ အော်မြည်သံများထွက်ပေါ်နေသည်။ထို့နောက် ဒေါင်လိုက်မျက်လုံးတစ်စုံသည် နတ်ဆိုး​မြူခိုးများအကြား၌ ထွက်ပေါ်လာပေ၏။

ဤသည်မှာ အလွန်ကြီးမားသော နဂါးတစ်ကောင်ပင်။ထိုအရာ၏ကြီးမားသောခန္ဓာကိုယ်သည် အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်ကာ လူအများအား သူတို့၏စိတ်နှလုံးသားအောက်ခြေမှနေ၍ ခုခံကာကွယ်ရန်မဖြစ်နိုင်ဟူသော ခံစားချက်မျိုး ပေါက်ဖွားစေနိုင်သည်။

All Chapters