← Chapters

အခန်း (၄၅၇၁-၄၅၇၅)

Vol. 232 Ch. 4571-4575

အခန်း (၄၅၇၁-၄၅၇၅)

Vol. 232 Ch. 4571-4575

Chapter 4571

"ဘာ...ဒါ....ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဤသတင်းသည် ကြည်လင်သောမိုးကောင်းကင်အတွင်းရှိ လျှပ်စီးမိုးကြိုးတစ်စင်းအလား စွေ့အန်းကို နေရာမှာပင် ကြက်သေသေသွားစေသည်။

သူသည် မူလက နျူနျု၏အဆင့်အတန်းကို မှန်းဆခဲ့သည်။သူမသည် အဆင့်မြင့်အရာရှိမိသားစုတစ်စုမှမိသားစုဝင်တစ်ယောက် ဖြစ်မည်ဟု သူ တွေးထင်ခဲ့သည်။သို့ရာတွင် သူသည် ဧကရာဇ်အဆင့်မှော်ရတနာများအပေါ် လောဘတက်ခဲ့သဖြင့် အကျိုးဆက်များကို လျစ်လျူရှုခဲ့သည်။

နဂါးအသူ​ရာချောက်ကုန်သည်အဖွဲ့အစည်းသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ ပြန်ရုတ်သိမ်းရန် အစီအစဉ်ဆွဲပြီးဖြစ်သည်။အချိန်ကျလာပါက သူတို့သည် အဝေးသို့ ရောက်ရှိသွားပေမည်။ ထို့ကြောင့် နျုနျူ၏အဆင့်အတန်း မည်သို့ရှိနေပါစေ ပြဿနာတစ်ရပ် ဖြစ်မလာနိုင်တော့ချေ။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူ မည်သို့မျှ အပြစ်ပြု၍မရသောလူတချို့ ရှိနေဆဲပင်။

ထိုလူများအကြားတွင် လုယွီ ပါဝင်သည်။

ရှင်းယန်မြို့အတွင်း၌ လုယွီသည် နန်းမတက်ထားသော ဧကရာဇ်တစ်ပါးပင်။ သူ၏စကားများသည် တော်ဝင်အမိန့်တော်ထက်ပင် ပို၍အကျိုးသက်ရောက်မှုရှိပေ၏။

အထူးသဖြင့် တော်ဝင်နန်းတွင်းမှလွတ်လိုက်သော သံတမန်ရှယင်ကို သတ်ဖြတ်လိုက်ပြီးနောက် တော်ဝင်နန်းတွင်းသည် သူ့အား ထပ်မံ၍ အနှောက်အယှက်မပေးတော့ချေ။ထိုအစား သူတို့၏အမှားများကို လက်ဦးမှုယူ၍ ဝန်ခံခဲ့သည်။ဤသည်ကြောင့် စောင့်ကြည့်နေသော အင်အားစုများအားလုံးကို လှုပ်ခတ်မှုများ ဖြစ်ပွားသွားစေခဲ့သည်။

လုယွီသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တခွင်လုံးကို အခိုင်အမာဖမ်းဆုပ်ထားနိုင်ကာ သူ၏အခွင့်အာဏာသည် အတိတ်ရှိ ချီဘုရင်ထက်ပင် ပို၍ကြီးမားပေ၏။

ကောင်းကင်ကွန်ယက်အဖွဲ့သည် ဂိုဏ်းအင်အားစုများကို ဖိနှိပ်ထားသဖြင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တခွင်လုံး အလွန်သာယာဝပြောနေသည်။အုပ်ချုပ်ရေးအဖွဲ့များမှ ပြင်ပဂိုဏ်းအင်အားစုများအထိ သူတို့အားလုံးသည် ဆောင်းရာသီအတွင်းမှ ရှိခိုးကောင်များအလား ငြိမ်သက်နေကာ လုယွီ၏ကြမ်းတမ်းသောနည်းလမ်းများကို ထိတ်လန့်ကြောက်ရွံ့ကြသည်။

နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်း၏အင်အားသည် အလွန်ကြီးမားသော်လည်း လုယွီ၏ရှေ့တွင် အရေးမပါလှချေ။

'နင်တို့အားလုံးက လူဆိုးတွေပဲ....ငါက အစ်ကိုကြီးနဲ့ တိုင်ပြောမယ်'

နျုနျူ၏ကလေးသံလေးက သူ၏နားအတွင်း၌ ပဲ့တင်ထပ်နေဆဲပင်။

စွေ့အန်းက ဤသည်မှာ ကလေးတစ်ယောက်၏စကားဟုသာ ယူဆပြီး ပြက်ရယ်ပြုခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ဤကလေးမလေး၏အစ်ကိုကြီး မည်သူမည်ဝါဖြစ်သည်ကို မည်သူက ဂရုစိုက်မည်နည်း။

သို့ရာတွင် ယခုအချိန်၌ စွေ့အန်းက သူသည်ဟကြီးလေးသောရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့မိကြောင်း နားလည်သွားလေပြီ။

သူသည် လုယွီကို အပြစ်ပြုခဲ့မိလေ၏။သူ့၏ဖခင်ပင်လျှင် သူ့အားကာကွယ်ပေးနိုင်တော့မည် မဟုတ်ချေ။

"ငါ ဘာလုပ်သင့်လဲ .. ကျုံးပို ငါ ဘာလုပ်သင့်လဲ....ငါ့ကို ကယ်ပါအုံး"

စွေ့အန်းက သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်တုန်ရီလာသည်ကို ခံစားလိုက်ရသည်။သူသည် ကျုံးပို၏ရှေ့၌ ဒူးထောက်ကာ စတင်၍အသနားခံတောင်းပန်လိုက်သည်။

သူ၏ယခင် စိတ်ကူးယဉ်အိပ်မက်များအားလုံး ကြေမွှပျက်စီးသွားလေပြီ။သူ့ရှေ့၌ရှိနေသည်မှာ ရက်စက်ကြမ်းကြုတ်သော အဖြစ်မှန်ပင်။

သူသည် စွေ့မိသားစု၏သခင်လေးဖြစ်ကာ စွေ့ယင်လုံ၏အကြီးဆုံးသားပင်။သူ ယခင်က မည်မျှထိကြီးမားသော အမှားမျိုး ကျူးလွန်ခဲ့သည်ဖြစ်စေ သူ့အား ထောက်ပံ့ပေးမည့် မိသားစု ရှိနေသရွေ့အရာအားလုံး အဆင်ပြေသွားပေမည်။

သို့ရာတွင် ယခုအချိန်၌ အခြေအနေပြောင်းလဲသွားလေပြီ။

ကျုံးပိုက စွေ့အန်းကို နံဘေးတစ်ဖက်သို့ကန်ထုတ်ပြီး ခက်ထန်တင်းမာစွာ ပြောဆိုသည်။

"ငါတို့နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်း အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကနေ ထွက်သွားမယ့်အစီအစဉ်က မင်းတစ်ယောက်တည်းကြောင့် ပျက်စီးသွားပြီ...မင်းက ငါတို့စွေ့မိသားစုရဲ့အပြစ်သားပဲ...ဒါကတော့ မင်းကို ကယ်စေချင်သေးတာလား... အိပ်မက်မနေစမ်းနဲ့"

သူက စွေ့အန်းကိုငုံကြည့်ပြီး ဆက်လက်၍ပြောဆိုလိုက်၏။

"သခင်ကြီးက နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်းကို ကာကွယ်ဖို့အတွက် အကောင်းဆုံးကြိုးစားနေတယ်...ငါတို့က မင်းနဲ့ဆက်ဆံရေးကို ဖြတ်တောက်ပြီးပြီ....ဒီနေ့ကနေစပြီးတော့ မင်းက ငါတို့စွေ့မိသားစုဝင်တစ်ယောက် မဟုတ်တော့ဘူး....မင်းလုပ်တဲ့အရာရာတိုင်း ငါတို့ စွေ့မိသားစုနဲ့ ဘာမှမဆိုင်ဘူး"

"မင်းရဲ့ညီလေးက သခင်လေးနေရာကိုယူပြီးတော့ မင်းရဲ့ဇနီးနဲ့ကိုယ်လုပ်တော်တွေကိုလည်း စွေ့မိသားစုကနေ ထုတ်ပယ်လိုက်ပြီ...တကယ်လို့ မင်း အကြိမ်ပေါင်းထောင်နဲ့ချီပြီးသေသွားရင်တောင် မင်းရဲ့အပြစ်ကြွေးက ကြေမှာမဟုတ်ဘူး"

ကျုံးပိုက သူ၏နံဘေးရှိစားပွဲကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင် ကန်​ကျောက်ပြီးဆဲဆိုလိုက်၏။

"ဒါတောင် မင်းက ခုလိုမျိုး ကောင်းမွန်တဲ့အကျဉ်းခန်းတစ်ခုမှာ နေချင်သေးတာလား....မင်းနဲ့ တန်လို့လား"

ထိုသို့ပြောဆိုပြီးနောက် ကျုံးပိုက သူ၏လက်ကိုဝှေ့ယမ်းပြီး ထွက်ခွာသွားတော့သည်။

"ကျုံးပို....မသွားပါနဲ့ ..."

စွေ့အန်း၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကာ ကျုံးပို၏နောက်ကျောကိုကြည့်ပြီး အဆက်မပြတ်အော်ဟစ်လိုက်သည်။

သူ၏ဖခင် စွေ့ယင်လုံသည် ဤနေရာ၌ ထွက်ပေါ်လာဝံ့ခြင်းမရှိချေ။သူသည် ဤအိမ်တော်ထိန်းကိုလွှတ်၍ သူနှင့်ဆက်ဆံရေး ဖြတ်တောက်ကြောင်း ပြောဆိုခဲ့လေ၏။ဤသည်မှတဆင့် ဤကိစ္စ၏အခြေအနေ မည်မျှထိပြင်းထန်သည်ကို ပြသရန် လုံလောက်သည်။

ဤသည်မှာ သူသည် အထွတ်အထိပ်အခြေအနေမှနေ၍ တောင်ကြား၏အောက်ခြေသို့ ညတွင်းချင်းကျသွားသည့်အလားပင်။

စွေ့အန်းသည် ကျုံးပို၏နောက်သို့လိုက်ရန် ဟန်ပြင်နေစဉ်မှာပင် ရုပ်တရက် သူ၏အသိစိတ်ဝေဝါးပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လဲကျသွားပေ၏။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူ၏နဖူးကွဲသွားကာ သွေးများယိုစီးကျလာသည်။

သူ၏နံဘေးတွင်ရှိနေသော ထောင်စောင့်များသည် အချင်းချင်းကြည့်လိုက်ကြကာ တစ်ယောက်၏မျက်လုံးအတွင်းမှပျော်ရွှင်မှုကို တခြားတစ်ယောက်မှ တွေ့မြင်မိသည်။

Chapter 4572

ဤစုံစမ်းစစ်ဆေးမှုကို ဖေးထျန်ကွမ်းကိုယ်တိုင် ကိုင်တွယ်ခဲ့သည်။

ဖေးထျန်ကွမ်းသည် တချိန်က တော်ဝင်တရားစီရင်ရေးရုံး၏ အမတ်ကြီးတစ်ယောက်ဖြစ်ခဲ့သူပင်။သူသည် ဤကဲ့သို့ကိစ္စများကို လွယ်လင့်တကူကိုင်တွယ်နိုင်ကာ သက်သေရရှိရန် အဓိကသော့ချက်များကို ချက်ချင်းဆုပ်ကိုင်နိုင်သည်။

ခိုင်မာသော သက်သေအမြောက်အများ၏ရှေ့တွင် နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်းသည် ထပ်မံ၍တောင်မခံနိုင်တော့ချေ။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းတွင်ရှိသော နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်း၏ အဖွဲ့ခွဲနှစ်ဆယ့်ကိုးခု ချိတ်ပိတ်ခြင်းခံလိုက်ရသည်။ထို့ပြင်အဖွဲ့အစည်း၏လက်အောက်ရှိ စက်ရုံအလုပ်ရုံများသည်လည်း စုံစမ်းစစ်ဆေးခြင်းခံရလေ၏။

ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့၏ သတင်းပို့မှုအရ ထိုအဖွဲ့အစည်းအောက်ရှိ လုပ်ငန်းများအားလုံးကို တိတ်တဆိတ် ​ရွှေ့ပြောင်းထားခဲ့ကြောင်း သိရှိခဲ့ရသည်။

အပေါ်ယံတွင် နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်းတွင် လုပ်ငန်းအမြောက်အများကျန်ရှိနေဆဲဖြစ်သော်လည်း လက်တွေ့ဖြစ်ရပ်မှန်မှာ ထိုအရာများအားလုံး အခွံလွတ်ကြီးအဖြစ်သာ ကျန်ရှိတော့သည်။သူတို့သည် မရေမတွက်နိုင်သော စိတ်ဝိညာဉ်ကျောက်တုံးများကို ထန်အင်ပါယာထံသို့ ပို့ဆောင်ပြီးဖြစ်သည်။

သူတို့သည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ ရရှိခဲ့သော အကျိုးအမြတ်များအားလုံးကို ထန်အင်ပါယာထံ ပေးခဲ့လေ၏။

မူလက ဤပြောင်းရွှေ့မှုကို တိတ်တဆိတ် လုပ်ဆောင်ခဲ့ကြသည်။

သို့ရာတွင် စွေ့အန်း၏လုပ်ရပ်ကြောင့် နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်း၏ အကြံအစည်များ ပေါ်လွင်သွားခဲ့သည်။ထို့ကြောင့် စွေ့မိသားစုမှ ကုန်သင်္ဘောအမြောက်အများသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ ထွက်ခွာသွားနိုင်ခြင်း မရှိသေးမီမှာပင် အုပ်ချုပ်ရေးအဖွဲ့၏ တားမြစ်ဟန့်တားခြင်းကိုခံရသည်။

နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်း၏ခေါင်းဆောင် စွေ့ယင်လုံသည် ညတွင်းချင်းထွက်ပြေးရန် ကြံရွယ်ခဲ့သည်။သို့ရာတွင် သူ့အား ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့မှ ဖမ်းမိသွားကာ မရေမတွက်နိုင်သောရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ခဲ့သည်။အဆုံးသတ်၌ စွေ့မိသားစုသည် သူ့အား ငွေကြေးဖြင့်ပြန်ရွေးရန် ရွေးချယ်ခဲ့သည်။

စွေ့မိသားစုမှနေ၍ အုပ်ချုပ်ရေးအဖွဲ့ကို ပေးအပ်ရသောငွေကြေးပမာဏသည် ကြောက်ခမန်းလိလိပင်။

စွေ့ယင်လုံကို ကယ်တင်နိုင်ရန်အလို့ငှာ စွေ့မိသားစုသည် အဆက်အသွယ်အမြောက်အများကို အသုံးပြုခဲ့ရသည့်အပြင် ထန်တော်ဝင်မြို့တော်၌ အကြွေးများတင်သွားပေ၏။အဆုံးသတ်၌ သူတို့သည် စွေ့ယင်လုံအား ပြန်လည်ရွေးယူနိုင်ခဲ့သည်။

စွေ့မိသားစုသည် ကြီးမားသောထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသောကြောင့် နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်းကို ဆက်လက်၍ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ချေ။အဆုံးသတ်၌ နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်းသည် လုယွီ ထိန်းချုပ်ထားသော ချင်းယွမ်ငွေအပ်နှံဌာန၏သိမ်းပိုက်ခြင်းကို ခံရလေ၏။

သို့ရာတွင် ဤသည်မှာ အဆုံးသတ်မဟုတ်သေးချေ။လုယွီမှနေ၍ မည်သူမည်ဝါဖြစ်နေပါစေ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တွင် လုပ်ငန်းများ လုပ်ဆောင်နေသရွေ့ စည်းမျဉ်းဥပဒေများကို လိုက်နာရမည်ဟု အမိန့်ထုတ်ပြန်လိုက်သည်။

ဤအမိန့်ကြောင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တခွင်လုံးမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

ဤသည်မှာ အရှေ့အောင်နိုင်ခြင်းကြယ်​မြစ်အတွင်းတွင် ထန်အင်ပါယာ၏အဆင့်အတန်းမြင့်မားမှု ပျက်စီးသွားပြီဟု ထုတ်ပြန်ကြော်ညာလိုက်ခြင်းပင်။

မရေမတွက်နိုင်သောလူများ ပျော်ရွှင်သွားကြသည်။သူတို့သည် ထန်အင်ပါယာသားများ၏ဖိအားအောက်တွင် နစ်မွန်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထိုထန်အင်ပါယာသားများသည် အထူးသီးသန့်အဆင့်အတန်းရှိကာ သူတို့ မည်သည့်အရာအား လုပ်ဆောင်သည်ဖြစ်စေ အစဉ်အမြဲ အထက်စီးမှရပ်တည်နိုင်ခဲ့သည်။

သို့ရာတွင် စွေ့မိသားစုပျက်စီးသွားခြင်းနှင့်အတူ ထန်ကုန်သည်အမြောက်အများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး အခွန်အခများကို နာခံရို့ကျိုးစွာပေးဆောင်၍ သူတို့၏သားသမီးများကိုလည်း ထိန်းသိမ်းထားကြသည်။သူတို့သည် ယခင်ကဲ့သို့ မောက်မာထောင်လွှားခြင်းမရှိတော့ချေ။

"ချီအင်ပါယာက အမှားတွေအများကြီးကို ကျူးလွန်ခဲ့တယ်....ထန်အင်ပါယာသားရဲ့ အမိန့်ကို နာခံပြီးတော့ လူတွေကိုထိခိုက်နစ်နာအောင်လုပ်ခဲ့တဲ့ ဂိုဏ်းအင်အားစုထဲကလူတွေ ဒါမှမဟုတ် ချီတော်ဝင်မိသားစုဝင်တွေကို အုပ်ချုပ်ရေးရုံးတော်ဆီ တိုင်ကြားနိုင်တယ်...အရာရှိတွေက ဒီရာဇဝတ်မှုတွေကို လက်ခံဖြေရှင်းပေးမယ်....တကယ်လို့ ပြဿနာကြီးကြီးမားမားမရှိရင် ငါတို့က အဲ့ဒီကိစ္စတွေကို ခုနစ်ရက်အတွင်း ဖြေရှင်းပေးမယ်"

လုယွီက ထပ်မံ၍အမိန့်ထုတ်ပြန်လိုက်သည်။

ဤတစ်ကြိမ်၌ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရှိ အံ့အားတသင့်ရေရွတ်သံများ ပို၍ကျယ်လောင်လာသည်။

ချီအင်ပါယာ တည်ရှိနေစဉ်အချိန်က မဖြေရှင်းနိုင်ခဲ့သော ရာဇဝတ်မှုအမြောက်အများ ကျန်ရှိနေဆဲပင်။

ယခုအချိန်၌ လုယွီ၏အမိန့်ကိုကြားချိန်တွင် အရှေ့အောင်နိုင်ခြင်းကြယ်မြေတွင်ရှိနေသော လူများအားလုံး ဝမ်းသာသွားကြသည်။ ရာဇဝတ်မှုအမျိုးမျိုးသည် အုပ်ချုပ်ရေးရုံးတော်အသီးသီးထံသို့ နှင်းပွင့်လွှာများအလား တဖွဲဖွဲရောက်ရှိလာပေ၏။

အုပ်ချုပ်ရေးရုံးတော်မှစ၍ စီရင်စုရုံးတော်များအတွင်းတွင်ရှိသော အရာရှိများအထိ သူတို့အားလုံး နေ့မအားညမနားအလုပ်ရှုပ်နေကြသည်။

"ငါ့ရဲ့စားပွဲပေါ်မှာ အမှုသုံးထောင်ကျန်သေးတယ်....ငါ ဒီနေ့ ညလုံးပေါက်နေရမှာကို ငါ စိုးရိမ်မိတယ်"

"ငါ့ဆီမှာလည်း အမှုနှစ်ထောင်ကျော်ကျန်သေးတယ်...ကိစ္စတစ်ခုကတော့ တကယ်ကိုတိရစ္ဆာန်ဆန်တဲ့ အမှုပဲ...ထန်အင်ပါယာသားတွေက လမ်းပေါ်မှာ မိန်းကလေးတွေကို ဖျက်ဆီးခဲ့တယ်...ချီအင်ပါယာက ထန်အင်ပါယာသားတွေမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တယ်...သူတို့က ပြဿနာရှာတဲ့နေရာမှာ ဦးဆောင်ခဲ့တဲ့ မိန်းကလေးရဲ့မိသားစုဝင်တွေကို ထောင်သွင်းအကျဉ်းချထားခဲ့တယ်...ဒါက တော်တော်ဆိုးရွားတဲ့အမှုပဲ...ငါ သတင်းပို့စာရေးဖို့တောင် အရမ်းခက်ခဲနေတယ်"

"ငါတို့အားလုံးက အရှင်လုပေးတဲ့လစာကို ယူထားမှတော့ ဇွဲလုံလစိုက်ပြီးအလုပ်လုပ်ရမယ်...ဘာကိစ္စမျိုးပဲရှိနေနေ ငါတို့က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုပြန်ရအောင် လုပ်ရမယ်"

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ စည်းမျဥ်းဥပဒေရုံးတော်တွင် ရှိနေသည့် အရာရှိတချို့သည် စကားစမြည်ပြောဆိုကာ သူတို့၏သက်ဆိုင်ရာအလုပ်များနှင့် ပတ်သက်ပြီး ညည်းတွားလိုက်ကြ၏။

Chapter 4573

စွေ့မိသားစု ထွက်ခွာသွားပြီးနောက် စွေ့အန်း၏အလှည့်သို့ ရောက်ရှိလာသည်။

နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်း၏ သခင်လေးဟောင်းဖြစ်ခဲ့သော စွေ့အန်းသည် လူအများကိုအနိုင်ကျင့်ပြီးလုယက်ကာ ရာဇဝတ်မှုအမြောက်အများကို ကျူးလွန်ခဲ့သည်။ထို့ကြောင့် သူအား ရှင်းယန်စီရင်စုရုံးတော်မှနေ၍ နယ်နှင်ဒဏ်ပေးရန် စီရင်ချက်ချလိုက်၏။

ချမ်းသာကြွယ်ဝသော မိသားစုတစ်စု၏သခင်လေးဖြစ်ခဲ့သော စွေ့အန်းထံတွင် မြင့်မားသောအဆင့်အတန်းနှင့် အခွင့်အာဏာရှိကာ ရာဇဝတ်မှုအမြောက်အများကို ကျူးလွန်ခဲ့သည်။

သို့ရာတွင် ချီအင်ပါယာမှအရာရှိများသည် သူ့ကို အပြစ်ပြုဝံ့ခြင်းမရှိသဖြင့် လွှတ်ထားခဲ့ကြသည်။

သို့ရာတွင် ကောင်းကင်ဘုံ၏အောက်တွင် မည်သည့်ပြစ်မှုကို​မျှ တသက်လုံးဖုံးကွယ်ထား၍မရနိုင်​ချေ။

ကောင်းကင်ကွန်ယက်အဖွဲ့၏ စေ့စေ့စပ်စပ်ရှာဖွေစစ်ဆေးမှုများအောက်၌ အတိတ်တွင် စွေ့အန်းကျူးလွန်ခဲ့သည် ရာဇဝတ်မှုအမြောက်အများကို ထုတ်ဖော်နိုင်ခဲ့သည်။ထိုရာဇဝတ်မှုများအားလုံးတွင် လူအများ၏သွေးများ စွန်းထင်းနေသည်ဟူသော တိကျခိုင်မာသည့်သက်သေများ ရှိပေ၏။

ရှင်းယန်စီရင်စုရုံးတော်သည် စွေ့အန်း၏ရာဇဝတ်မှုများအတွက် စီရင်ချက်ချခဲ့သည်။စွေ့အန်း၏ကျင့်ကြံဆင့်နယ်ပယ်ကို ဖျက်ဆီးကာ သူ၏အရိုးအုတ်မြစ်ကို ချိတ်ပိတ်လိုက်သဖြင့် ကြွင်းကျန်သော သူ၏ဘဝတစ်လျှောက်၌ ကျင့်ကြံနိုင်တော့မည်မဟုတ်ချေ။ထို့ပြင် သူအား လောကနှစ်ခုတောင်တန်းသို့ နယ်နှင်ဒဏ်စေလွှတ်ပေမည်။

ပထမတွင် သူ၏ကျင့်ကြံဆင့် ဖျက်ဆီးခံရမည်ဖြစ်ပြီး ဒုတိယအချက်သည် သူ့အား သေဒဏ်ပေးလိုက်သည်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။ အကြောင်းအရင်းမှာ သူ၏အရိုးအုတ်မြစ်ကို ချိတ်ပိတ်ထားသဖြင့် သူ့ထံတွင် သာမန်သေမျိုးတစ်ယောက်ကိုပင် ယှဉ်ပြိုင်နိုင်သော စွမ်းအားရှိတော့မည် မဟုတ်သောကြောင့်ပင်။

ဤသည်မှာ တိမ်တိုက်များအကြားမှာနေ၍ ချောက်နက်ကြီး၏အောက်သို့ ကျရောက်သွားသည့် အပြစ်ဒဏ်ဖြစ်ကာ အလွန်အမင်းပြင်းထန်ပေ၏။လူအမြောက်အများသည် ကျင့်ကြံဆင့်ဖျက်ဆီးခံရရန် စီရင်ချက်ချခံရပါက အများစုသည် မကြာခင်မှာပင် သူတို့ကိုယ်သူတို့သတ်သေကြကာ တချို့သည် စိတ်ပျက်အားငယ်မှုကြောင့် သေဆုံးသွားကြသည်။

လောကနှစ်ခုတောင်တန်းသို့ နယ်နှင်ဒဏ်ပေးခံရသည်မှာ ပို၍ရက်စက်ကြမ်းကြုတ်သော ပြစ်ဒဏ်ပင်။

ထိုနေရာသို့ နယ်နှင်ဒဏ်ပေးခံရသော ရာဇဝတ်သားများသည် လောကနှစ်ခုတောင်တန်းမှ အစောင့်များ၏ အဆင့်အတန်းနှင့် လုံးလုံးလျားလျားကွဲပြားခြားနားသည်။သူတို့သည် တိုက်ပွဲအတွင်း၌ အမြှောက်စာများဖြစ်ကာ အားလပ်ချိန်များတွင် ခက်ခဲကြမ်းကြမ်းသောအလုပ်များကို လုပ်ရသည်။ပြောရမည်ဆိုလျှင် သူတို့အား တိရစ္ဆာန်များကဲ့သို့အသုံးပြုသည်ဟု ဆိုနိုင်သည်။

ထိုနေရာသို့ နယ်နှင်ဒဏ်ပေးခံရသော ရာဇဝတ်သားများသည် အများအားဖြင့် ကြီးလေးသောရာဇဝတ်မှုများကို ကျူးလွန်ခဲ့သောလူမိုက်များပင်။

မည်သူမည်ဝါဖြစ်နေပါစေ စွေ့အန်းသည် လုယွီကိုအပြစ်ပြုမိသောကြောင့် ဤသို့ဖြစ်လာသည်ဟု ပိုင်းခြားသိမြင်နိုင်ကြသည်။

လုယွီသည် စွေ့အန်းအား လွယ်လင့်တကူသေဆုံးသွားခြင်းမရှိစေရန် အမိန့်ပေးပြီးဖြစ်သည်။အကယ်၍ စွေ့အန်းသည် လောကနှစ်ခုတောင်တန်းသို့ နယ်နှင်ဒဏ်ပေးခံရပါက သူ၏ဘဝတလျှောက်တွင် အမှောင်ထုကြီးဖြင့် ပြည့်နှက်နေပေမည်။

အကယ်၍ တခြားလူများသည် လောကနှစ်ခုတောင်တန်းသို့ နယ်နှင်ဒဏ်ပေးခံရပါက သူတို့ကိုယ်သူတို့ ကာကွယ်နိုင်သောစွမ်းရည် ကျန်ရှိနေပေမည်။သို့ရာတွင် စွေ့အန်း၏ကျင့်ကြံဆင့်နယ်ပယ်သည် ဖျက်ဆီးခံလိုက်ရလေပြီ။ အကယ်၍ သူသည် လောကနှစ်ခုတောင်တန်းသို့သွားရပါက သူ၏အသက်ကိုထိန်းသိမ်းထားနိုင်ရန်ပင် အလွန်ခက်ခဲပေမည်။

စွေ့အန်းကို နယ်နှင်ဒဏ်ပေးသောနေ့တွင် သူ့အား အချုပ်လှည်းတစီးအတွင်း၌ ချုပ်နှောင်ထားကာ လမ်းပေါ်မှလူများအားလုံး တွေ့မြင်နိုင်သည်။

အတိတ်တွင် သူသည် နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်း၏ ဂုဏ်အဆင့်အတန်းမြင့်မားသော သခင်လေးဖြစ်သည်။သို့ရာတွင် ယခုအချိန်၌ သူသည် အကျဉ်းသားတစ်ယောက်ဖြစ်လာကာ ဤကဲ့သို့ အရှက်ခွဲခြင်းခံနေရသည်။

ရှင်းယန်မြို့မှလူအများစုသည် စွေ့အန်းကို မုန်းတီးကြပေ၏။အကြောင်းအရင်းမှာ စွေ့အန်းသည် တစ်ချိန်က ရှင်းယန်မြို့အတွင်းရှိ လူများကိုအနိုင်ကျင့်ပြီး ဆိုးရွားသောပြစ်မှုများကို ကျူးလွန်ခဲ့သောကြောင့်ပင်။

ထန်အင်ပါယာသားများသည်လည်း သူ့အားမုန်းတီးနေကြသည်။ထန်အင်ပါယာသားများအပေါ် ထုတ်ပြန်လိုက်သော လုယွီ၏ပြင်းထန်သောအမိန့်များသည် စွေ့အန်းကြောင့်ဖြစ်ပေါ်လာခြင်းဟု သူတို့ ယုံကြည်ထားကြသည်။

အချုပ်လှည်း လမ်းပေါ်သို့ရောက်ရှိချိန်၌ ဟင်းသီးဟင်းရွက်ပုတ်များနှင့် ကြက်ဥပုတ်များက စွေ့အန်းထံသို့ တိုးဝင်လာသည်။

စွေ့အန်း၏မျက်လုံးများ ကြောင်စီစီဖြစ်နေကာ မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ တုန်ရီနေသောအသံဖြင့် ရေရွတ်လိုက်သည်။

"ငါ နောင်တရမိတယ်"

အကယ်၍ သူ့အား နောက်ထပ်ရွေးချယ်ခွင့်ပေးပါက သူသည် နျူနျူကို စေ့စေ့ကြည့်ဝံ့ခြင်းပင် ရှိတော့မည်မဟုတ်ချေ။ထိုအစား သူ၏အမြှီးကို သူ၏ပေါင်ကြားသို့ဝှက်ပြီး နာခံရိုကျိုးစွာနေထိုင်မိပေမည်။

သို့ရာတွင် ဤလောကကြီးအတွင်း၌ နောင်တအတွက် ဆေးဝါးမရှိချေ။

အချုပ်လှည်းသည် မြို့တံခါးရှေ့အရောက်၌ ရပ်တန့်သွားသည်။ဤနေရာတွင် တခြားအကျဉ်းသားအဖွဲ့တစ်ဖွဲ့လည်း ရှိနေပေ၏။

ထိုအကျဉ်းသားများအားလုံးသည် လောကနှစ်ခုတောင်တန်းသို့ နယ်နှင်ဒဏ်ပေးခံရသူများပင်။

အမှန်အားဖြင့် ထိုလူများအနက်မှ တချို့ထံတွင် ပေါ့ပေါ့ပါးပါးအမူအယာများ ရှိနေသည်။သူတို့သည် လောကနှစ်ခုတောင်တန်း၌ ဆယ်နှစ်ကြာအောင်နေထိုင်ပြီးနောက် ပြန်လာနိုင်ပေမည်။

ထိုသို့ဆိုသည့်တိုင် လောကနှစ်ခုတောင်တန်းတွင်အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။အခြေခံအားဖြင့် ထိုနေရာသို့ နယ်နှင်ဒဏ်ပေးခံရသောသူများတွင် အသက်ရှင်ရက်ပြန်လာနိုင်သူဟူ၍ အနည်းစုသာရှိသည်။။

အစောင့်များသည် စွေ့အန်းအား ဤနေရာသို့ခေါ်ဆောင်လာသည်ကို မြင်တွေ့ချိန်တွင် သူတို့အားလုံး၏မျက်နှာအမူအယာများ တပြိုင်နက်တည်းပြောင်းလဲသွားသည်။သူတို့သည် စွေ့အန်း၏နာမည်ကို ကြားသိပြီးဖြစ်သည်။

"ဟား ဟား ဟား သခင်လေးစွေ့...ငါတို့ နောက်ဆုံးအကြိမ်တွေ့ခဲ့တာ အချိန်အတော်ကြာနေပြီပဲ....မင်း အခုဘယ်လိုနေလဲ"

လူအုပ်အကြားမှနေ၍ အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။

စွေ့အန်းသည် ထိုအသံကို အလွန်ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားမိသဖြင့် တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။

ထိုအကျဉ်းသားတစ်စုအကြားတွင် အကျဉ်းသားဝတ်စုံဝတ်ထားသော မာဖန်းရှိနေကာ သတ်ဖြတ်လိုသောအမူအယာဖြင့် သူ့အား စူးစိုက်၍ကြည့်နေသည်။

"မင်းကို ကျေးဇူးတင်ရမယ်...ငါလည်း လောကနှစ်ခုတောင်တန်းဆီကို နယ်နှင်ဒဏ်ပေးခံလိုက်ရပြီ"

မာဖန်း၏ပုံပန်းသင်ပြင်သည် အရပ်မြင့်ပြီး သန်မာထွားကြိုင်းကာ စွေ့အန်းထက် ခေါင်းတစ်လုံးခန့်ပိုမြင့်သည်။

သူသည် စွေ့အန်း၏ပခုံးကိုပုတ်ပြီး စကားတစ်လုံးခြင်းပြောဆိုလိုက်၏။

"ဘာမှမစိုးရိမ်နဲ့.....လမ်းတလျှောက်မှာ ငါ မင်းကို ကောင်းကောင်းစောင့်ရှောက်ပေးမယ်"

Chapter 4574

ရှင်းယန်မြို့....တော်ဝင်နန်းတော်၏အနောက်ဘက်ခြံဝန်း၌...

ဤနေရာတွင် ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ထားသည်။ကျောက်စိမ်းဖြူအုတ်အလွှာကိုးလွှာဖြင့် ထိုအရာကို တည်ဆောက်ထားကာ အထက်သို့တက်နိုင်သည့် လှေကားထစ်များ ပါရှိသည်။ယဇ်ပလ္လင်၏အရပ်မျက်နှာအဘက်ဘက်တွင် အလံလေးဆယ့်ကိုးခုကို စိုက်ထူထားကာ ထိုအရာများပေါ်တွင် ဟင်္သာပြဒါးမင်ဖြင့် ရေးဆွဲထားသည့် ရှုပ်ထွေးသော သင်္ကေတအက္ခရာများ ရှိနေပေ၏။

အလံများသည် လေထုအတွင်း၌ လူးလွန့်နေကာ လေပြင်းတိုက်ခတ်မှုအောက်တွင် ပတ်ဝန်းကျင်နေရာတဝိုက်၌ သရဲတစ္ဆေတို့၏ငိုညည်းသံများကို ခပ်သဲ့သဲ့ကြားနေရသည်။

ထိုယစ်ပုလ္လင်၏နံဘေးပတ်ဝန်းကျင်တွင် အေးစက်စက်ယင်ချီများ ရှိနေသည်။

ဤအချိန်အခိုက်အတန့်၌ စုရူသည် ယဇ်ပလ္လင်ပေါ်၌လဲလျောင်းနေကာ သူမ၏မျက်လုံးကို တင်းတင်းကြပ်ကြပ်စုံမှိတ်ထားသည်။

သူမသည် မလှုပ်မယှက်ရှိနေကာ နှစ်ခြိုက်စွာအိပ်မောကျနေသည့်အလားပင်။သူမ၏လူသားစိတ်ဝိညာဉ် ထိခိုက်ဒဏ်ရာရရှိထားခြင်းကြောင့် သူမ တဖန်ပြန်၍နိုးထလာစေရန်အတွက် သူမ၏မျက်လုံးများဖွင့်နိုင်ရန် ထောက်ပံ့ပေးနိုင်ခြင်း မရှိတော့ချေ။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ယဇ်ပလ္လင်၏ရှေ့၌ မတ်တတ်ရပ်ကာ စိတ်ဝိညာဉ်ပြန်လည်ဆင့်ခေါ်ခြင်းဝင်္ကပါကို ခင်းကျင်းနေသည်။

လေလွင့်စိတ်ဝိညာဉ်အများစုသည် ပြန်လည်ဝင်စားခြင်းဥပဒေသ၏ သက်ရောက်ခြင်းကို ခံရကာ မြေအောက်လောကအတွင်းသို့ စေလွှတ်ခြင်းခံရသည်။

သူတို့ သေဆုံးသွားပြီးနောက် သူတို့၏စိတ်ဝိညာဥ်များကို ထိန်းသိမ်းထားနိုင်သည့် သန်မာအားကောင်းသော လူတချို့လည်း ရှိနေသည်။မြေအောက်လောကအတွင်းသို့ ဝင်ရောက်ခြင်းမရှိသော ထိုစိတ်ဝိညာဥ်များကို သရဲတစ္ဆေများဟု ခေါ်ဆိုသည်။

စုရူ၏လူသားစိတ်ဝိညာဉ်သည် သူမ၏ခန္ဓာကိုယ်အတွင်း၌ ရှိနေဆဲဖြစ်သော်လည်းကောင်းကင်စိတ်ဝိညာဉ်နှင့်မြေကမ္ဘာစိတ်ဝိညာဉ်တို့ မရှိတော့ချေ။

လုယွီသည် ယခင်နှင့် မတူတော့ပေ။ ရှေးဟောင်းရွှယ်အင်မော်တယ်တယောက်သည် အထက်ကိုးဘုံနှင့် မြေအောက်လောကသို့ အချိန်မရွေးသွားလာနိုင်သည်။တစ်စုံတစ်ယောက်၏စိတ်ဝိညာဥ် ပျက်ပြယ်သွားလျှင်ပင် သူသည် အရိပ်အယောင်ကို ပြန်လည်ရှာဖွေနိုင်စွမ်းရှိပေ၏။

တော်ဝင်နန်းတော်၏ အနောက်ဘက်ခြံဝန်း၌ စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းဝင်္ကပါကို အချိန်ခုနစ်ရက်တိုင်တိုင် ခင်းကျင်းခဲ့သည်။ပင်လယ်သမုဒ္ဒရာကဲ့သို့ ကြီးမားကျယ်ပြန့်သော စိတ်ဝိညာဥ်များသည် လုယွီ၏ဆင့်ခေါ်ခြင်းကို ခံရသည်။

ဤအချိန်အခိုက်အတန့်၌ စုရူ၏မျက်လုံး တဖြည်းဖြည်းပွင့်လာသည်။

ယခင်က သူမထံ၌ နူးညံ့သိမ်မွေ့သော အကျင့်စရိုက်ရှိသည်။သို့ရာတွင် ယခုချိန်၌ သူမ၏မျက်လုံးကို ရုတ်တရက်ဖွင့်လိုက်ချိန်တွင် ထူးဆန်းသော အစိမ်းရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

"ငါ့ရဲ့အသက်ကို ကယ်ခဲ့တဲ့အတွက် အရှင်ကို ကျေးဇူးတင်ပါတယ်...ငါ့ရဲ့ခန္ဓာကိုယ်နဲ့ အရှင်ကိုပြန်ပေးဆပ်ဖို့ ငါ ဆန္ဒရှိပါတယ်"

စုရူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ နူးညံ့သိမ်မွေ့သော ဖျော့တော့တော့အသံဖြင့် ပြောဆိုသည်။

ဤအပြုအမူကြောင့် လူအများသည် သူမအပေါ် သနားမှုကို ခံစားမိပေမည်။

သို့ရာတွင် လုယွီကမူ မျက်မှောက်ကြုတ်လိုက်၏။သူသည် လက်တစ်ဖက်မြှောက်ကာ စုရူ၏နဖူးပေါ်သို့ဖိပြီး ဖမ်းဆုပ်လိုက်သည်။

"ထွက်လာခဲ့စမ်း"

လုယွီ၏အော်သံအောက်တွင် အမျိုးသမီးသရဲတစ္ဆေတစ်ကောင်၏စိတ်ဝိညာဥ်သည် စုရူ၏ခေါင်းထက်မှ ထွက်လာသည်။

ထိုအမျိုးသမီးသရဲတစ္ဆေသည် သူမ ရှာဖွေဖော်ထုတ်ခံရသည်ကို သိရှိသွားပေ၏။သူမသည် စူးရှကျယ်လောင်စွာ အော်ဟစ်ကာ လုယွီထံသို့ ခုန်အုပ်လိုက်သည်။

"အား...."

ထိုအမျိုးသမီးသရဲတစ္ဆေသည် ခြစ်ခြစ်တောက်ပူပြင်းသော နေတစ်စင်းအောက်သို့ ရောက်ရှိသွားသော ရေခဲတုံးကြီးတစ်တုံးအလားပင်။သူမသည် စူးရှကျယ်လောင်စွာ အော်ဟစ်ပြီးနောက် ချက်ချင်းပျောက်ကွယ်သွားတော့သည်။

စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းဝင်္ကပါသည် အရပ်မျက်နှာအဘက်ဘက်မှ ယင်သရဲတစ္ဆေများကို ဆင့်ခေါ်နိုင်သဖြင့် စိတ်ဝိညာဥ်အမြောက်အများရောက်ရှိလာရန် ဆွဲဆောင်နိုင်ခဲ့သည်။သရဲတစ္ဆေတချို့သည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ သူတို့၏အသက် ပြန်ရှင်သန်လာရန် စုရူ၏ခန္ဓာကိုယ်ကို အသုံးပြုလိုခြင်းဖြစ်သည်။

သို့ရာတွင် သူတို့၏လှည့်ကွက်လေးများသည် လုယွီ၏အမြင်အာရုံအောက်မှ မည်သည်ကြောင့် လွတ်မြောက်နိုင်မည်နည်း။

"မသေချင်တဲ့ကောင်တွေအားလုံး...ထွက်သွားကြစမ်း"

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး ကျယ်လောင်စွာအော်ငေါက်လိုက်သည်။

သူ၏အော်ငေါက်သံနှင့်အတူ လေထုအတွင်း၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်၏မျက်လုံးတစ်စုံသည် အလွန်စူးရှကာ အရှိန်အဝါသည် အလွန်လွမ်းမိုးချုပ်ကိုင်နိုင်ပေ၏။

"ပြေးကြတော့...."

ပတ်ဝန်းကျင်ရှိ သရဲတစ္ဆေများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့သည် အလျင်အမြန် ထွက်ပြေးသွားကြကာ ဤနေရာ၌ ဆက်မနေဝံ့ကြတော့ချေ။

ပတ်ဝန်းကျင်တွင်ရှိနေသော ယင်သရဲတစ္ဆေများအားလုံး နောက်ဆုတ်သွားချိန်တွင် လုယွီက မျက်မှောက်ကြုတ်ပြီး အော်ဟစ်လိုက်သည်။

"စိတ်ဝိညာဉ် ပြန်လာစမ်း...."

လေဟာနယ်အတွင်း၌ ရှည်လျားပြီးရှုပ်ထွေးသော မှော်မန္တန်ရွတ်ဆိုသံကို ခပ်သဲ့သဲ့ကြားနေရကာ မိုးနှင့်မြေအကြားရှိ ဥပဒေသများ လှုပ်ခတ်သွားသည်။

အကယ်၍ သာမန်ကျင့်ကြံသူတစ်ယောက်သည် မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုပါက မိုးနှင့်မြေအကြားရှိဥပဒေသများမှ ပဲ့တင်သံကိုဖြတ်ကျော်ရန် လိုအပ်သည်။

လုယွီသည် သိုင်းပညာအင်မော်တယ်တစ်ယောက်ပင်။သူသည် သိုင်းပညာအင်မော်တယ်တစ်ယောက်၏မန္တရာကို ​ရွတ်ဆိုချိန်၌ သူ၏စကားလုံးများသည် ဥပဒေသတစ်ခုအလား မိုးနှင့်မြေအကြားတွင် ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ယဇ်ပလ္လင်၏နံ‌ဘေးပတ်လည်ရှိ အေးစက်စက်လေပြင်းများ ပို၍သန်မာအားကောင်းလာကာ တဟူးဟူးမြည်သံများကို ကြားနေရသည်။ဤသည်မှာ ထောင်သောင်းချီသောလူများမှ တပြိုင်နက်တည်း အော်ဟစ်လိုက်သည့်အလားပင်။

တော်ဝင်နန်းတော်၏အထက်တွင် တိမ်မည်းများစုဝေးနေကာ သရဲတစ္ဆေအမြောက်အများ မြို့ပေါ်သို့ဆင်းသက်လာသည့်အလား လူအများအား မွန်းကြပ်မှုကို ခံစားရစေသည်။

ထိုအချိန်မှာပင် တိမ်တိုက်များအကြားမှနေ၍ အလင်းတန်းနှစ်တန်း ပျံ့လွင့်လာကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ယဇ်ပလ္လင်၏ရှေ့သို့ ရောက်ရှိလာသည်။

Chapter 4575

"လာခဲ့စမ်း..."

လုယွီသည် အလင်းတန်းနှစ်တန်း ချဉ်းကပ်လာသည်ကို မြင်တွေ့ချိန်၌ ချက်ချင်းဆိုသလို ဖမ်းဆုပ်လိုက်သည်။

ထိုအလင်းတန်းနှစ်တန်းသည် စိတ်ဝိညာဉ်တစ်ခုစီကို လွှမ်းခြုံထားပေ၏။ထိုစိတ်ဝိညာဉ်များသည် မှေးမှိန်နေကာ လောကကြီးအတွင်းမှ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလားပင်။

အကယ်၍ တစ်စုံတစ်ယောက်မှ ဂရုတစိုက်စူးစမ်းလေ့လာခြင်းမရှိပါက ဤစိတ်ဝိညာဥ်နှစ်ခုသည် စုရူနှင့်တူညီသည်ကို ပြောနိုင်ရန် အလွန်ခက်ခဲပေမည်။

"သူတို့က အရမ်းအားနည်းနေတာပါလား"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

အကယ်၍ တစ်စုံတစ်ယောက်၏စိတ်ဝိညာဉ်သည် ပျောက်ဆုံးကာ လောကကြီးအတွင်း၌ လေလွင့်နေသည်ဆိုလျှင်ပင် ခွန်အားပမာဏတချို့ကို ထိန်းသိမ်းထားနိုင်စွမ်းရှိပေမည်။

စုရူ၏ကောင်းကင်စိတ်ဝိညာဉ်နှင့်မြေကမ္ဘာစိတ်ဝိညာဥ်သည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး လွင့်ပြယ်လုဆဲဆဲဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။

ဤစိတ်ဝိညာဉ်များသည် သူမ၏ရုပ်ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနိုင်မည် မဟုတ်ချေ။ထိုအရာများသည် သူမ၏ရုပ်ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ကြေမွှပျက်စီးသွားပေမည်။

"သူ အရင်က ဘယ်သူ့ကို အပြစ်ပြုခဲ့မိလို့လဲ...အဲ့ဒီလူက သူ့ရဲ့စိတ်ဝိညာဉ်ကို ပျက်ပြယ်သွားစေချင်တာပါလား....ဒါက ယုတ်ညံ့တဲ့နည်းစနစ်တစ်ခုဆိုတာ သိသာတယ်"

အစပထမတွင် လုယွီသည် စုရူကို နတ်ဆိုးငယ်လေးတစ်ကောင်ဟုသာ တွေးတောခဲ့သည်။

သို့ရာတွင် အချိန်ကြာမြင့်လာပြီးနောက် စုရူ၏နောက်ခံသည် ရိုးရှင်းမှုမရှိကြောင်း သူ ရှာဖွေတွေ့ရှိခဲ့သည်။

ပုန်းကွယ်နဂါးစစ်တပ် မြို့အတွင်းသို့ ဝင်လာချိန်၌ လုယွီသည် သူနှင့်အတူ စစ်သည်တော်များကိုသာ ခေါ်ဆောင်လာခဲ့သည်။ကလေးတစ်ယောက်ကို မည်ကဲ့သို့စောင့်ရှောက်ရမည်အား မည်သူမျှမသိသဖြင့် သူသည် ကလေးထိန်းအဖြစ် စုရူကို ငှားခဲ့လေ၏။

"ဒါပေမဲ့ ငါ ထိုင်ကြည့်မနေနိုင်ဘူး"

လုယွီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။

သူမ ဆိုးဆိုးရွာရွာဒဏ်ရာရသွားခဲ့သော အကြောင်းအရင်းမှာ နျူနျူကိုကာကွယ်ခဲ့သောကြောင့်ပင်။

ဤသည်မှာ ကြီးမားသောကျေးဇူးတရားဖြစ်သဖြင့် သူ ပြန်လည်ပေးဆပ်ရပေမည်။ဤသည်မှာ လုယွီ၏အယူအဆပင်။

"အရပ်မျက်နှာအဘက်ဘက်က စိတ်ဝိညာဥ်စွမ်းအားတွေအားလုံး ငါ့ရဲ့အမိန့်ကို နာခံကြစမ်း"

လုယွီက မိုးကောင်းကင်ယံကို လက်ညှိုးညွှန်ပြီး အော်ဟစ်လိုက်သည်။သူ၏စကားလုံးများသည် ဥပဒေသတစ်ရပ်အလား အရပ်မျက်နှာအဘက်ဘက်ရှိ စိတ်ဝိညာဥ်စွမ်းအားများ စုဝေးလာသည်။

ထိုစိတ်ဝိညာဥ်စွမ်းအားများသည် စိတ်ဝိညာဥ်များကိုသန့်စင်ပြီး အားဖြည့်ပေးနိုင်သည်။

ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအားများသည် လုယွီ၏အမိန့်ကိုနာခံကာ စိတ်ဝိညာဉ်စွမ်းအားနဂါးကြီးအဖြစ် ပြောင်းလဲသွားပြီး စုယွင်၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားသည်။

သို့ရာတွင် ထိုအချိန်မှာပင် စုရူ၏ကောင်းကင်စိတ်ဝိညာဉ်နှင့်မြေကမ္ဘာစိတ်ဝိညာဥ်တို့ကို ဝန်းရံထားသော အလင်းတန်းများ ရုတ်တရက်တောက်ပသွားပေ၏။

ထိုစိတ်ဝိညာဉ်နှစ်ခုမှနေ၍ ကြီးမားကျယ်ပြန့်သော ရွှေရောင်အလင်းတန်းတစ်တန်း မြင့်တက်လာကာ လေထုအတွင်းသို့မြင့်တက်သွားပြီး ထက်ရှသော ဓားနှစ်လက်အလား တိမ်တိုက်များကို ထွင်းဖောက်သွားသည်။

မိုးကောင်းကင်ယံကိုလွှမ်းခြုံထားသော တိမ်မည်းများသည် ရုတ်တရက် ဆုတ်ဖြဲခြင်းခံလိုက်ရကာ မူလက ကြည်လင်သောမိုးကောင်းကင် တဖန်ပြန်၍ပေါ်လွင်လာသည်။

ဤရွှေရောင်အလင်းတန်းကို မြင်တွေ့ပြီးနောက် အထူးသဖြင့် ရင်းနှီးကျွမ်းဝင်သော အရှိန်အဝါကို အာရုံခံမိချိန်တွင် လုယွီ၏မျက်လုံးအတွင်း၌ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားသည်။

"ဗုဒ္ဓဂိုဏ်း....ထပ်ဖြစ်ပြန်ပြီလား..."

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

ထိုစိတ်ဝိညာဉ်နှစ်ခု၏ပြင်ပတွင် ရက်စက်ကြမ်းကြုတ်သောလက်ဝါးရာကြီးတစ်ခုစီ ရှိနေသည်။ဤသည်မှာ ဗုဒ္ဓဂိုဏ်း၏မဟာဗာဂျရာလက်ဝါးပင်။

မဟာဗာဂျရာလက်ဝါးသည် အလွန်အင်အားကြီးမားကြောင်း လူသိများကျော်ကြားသည်။ထိုနည်းစနစ်တွင် ပြိုင်ဘက်ကင်းစွမ်းအားတစ်ရပ်ပါဝင်ကာ ဖျက်ဆီးနိုင်မှုအရှိန်အဝါသည် အကန့်အသတ်မရှိချေ။

ဗုဒ္ဓဂိုဏ်း၏ကျင့်ကြံသူတစ်ယောက်ထံမှ လက်ဝါးရိုက်ချက်ကြောင့် စုရူ၏စိတ်ဝိညာဥ်သည် သူမ၏ရုပ်ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာခဲ့ရခြင်းပင်။

မဟာဗာဂျရာလက်ဝါးသည် အလွန်အစွမ်းထက်သဖြင့် စုရူ၏စိတ်ဝိညာဥ်နှစ်ခုကို သတ်ဖြတ်နိုင်ရန် အလွန်အမင်းလွယ်ကူသည်။သို့ရာတွင် ဤလက်ဝါးရာနှစ်ခုသည် စုရူ၏စိတ်ဝိညာဥ်များကို အမြစ်ပြတ်သုတ်သင်ရန် ရည်ရွယ်မထားသည်မှာ သိသာထင်ရှားသည်။ထိုအစား ထိုအရာနှစ်ခုသည်သည် သူမ၏ စိတ်ဝိညာဉ်နှစ်ခုကိုချိတ်ပိတ်ထားကာ တဖြည်းဖြည်းဝါးမြိုနေပေ၏။

ဘုန်း....

စုရူ၏စိတ်ဝိညာဉ်ကို တစ်စုံတစ်ယောက်မှ ထိတွေ့သည်အား အာရုံခံမိပုံဖြင့် လက်ဝါးရာကြီးနှစ်ခုသည် လုယွီထံဦးတည်၍ ပျံ့လွင့်လာသည်။

ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ အက်ကွဲသံများကို ကြားနေရသည်။ရက်စက်ကြမ်းကြုတ်သော လက်ဝါးပုံရိပ်ယောင်ကြီးမှစွမ်းအားများသည် လေဟာနယ်ကို ပုံပျက်သွားစေကာ တောင်များကိုပျက်စီးစေပြီး ပင်လယ်များကို ကျွမ်းထိုးမှောက်ခုံဖြစ်စေသည့် အားလှိုင်းတစ်ရပ်ပါဝင်သည်။

"ပျက်ပြယ်သွားစမ်း..."

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြီး ထိုလက်ဝါးရာနှစ်ခုကို ရင်ဆိုင်လိုက်၏။

ပြင်းထန်သောစွမ်းအားလှိုင်းနှစ်လှိုင်းသည် ဖီလာဆန့်ကျင်ရိုက်ခတ်မိသဖြင့် မြေပြင်တပြင်လုံး တုန်ခါသွားစေသည့် ကျယ်လောင်သောဆူညံသံကြီး ထွက်ပေါ်လာသည်။ ကျယ်လောင်သောဘုန်းခနဲအသံကြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ထိုလက်ဝါးစွမ်းအားလှိုင်းနှစ်ခုသည် အလွန်အစွမ်းထက်သော်လည်း လုယွီအား ယှဉ်ပြိုင်နိုင်ရန် အလွန်အလှမ်းကွာဟသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုလက်ဝါးစွမ်းအားလှိုင်းနှစ်ရပ် ပျက်ပြယ်သွားသည်။

တချိန်တည်းမှာပင် လုယွီသည် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအားများကို စုစည်းပြီး စုရူ၏ ကောင်းကင်စိတ်ဝိညာဥ်နှင့် မြေကမ္ဘာစိတ်ဝိညာဥ်တို့ကို အားဖြည့်ပေးလိုက်သည်။ထို့နောက် သူသည် စိတ်ဝိညာဥ်ဆင့်ခေါ်ခြင်းနည်းစနစ်ကို အသုံးပြုကာ ထိုစိတ်ဝိညာဉ်နှစ်ခုကို သူမ၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းလိုက်၏

စုရူ၏ခန္ဓာကိုယ်မှနေ၍ ငါးရောင်ခြယ်အလင်းတန်း ဖြာထွက်လာပြီး အလွန်အမင်းတောက်ပသည်။

စိတ်ဝိညာဉ်သုံးခုနှင့်စိတ်ဆန္ဒခုနှစ်ခု စုဝေးသွားချိန်၌ စုရူ၏ဖြူရော်နေသော မျက်နှာလေးပေါ်တွင် နောက်ဆုံး၌ သွေးရောင်တချို့ ပြန်လည်ထွက်ပေါ်လာသည်။

All Chapters