← Chapters

အခန်း (၄၅၇၆-၄၅၈၀)

Vol. 232 Ch. 4576-4580

အခန်း (၄၅၇၆-၄၅၈၀)

Vol. 232 Ch. 4576-4580

Chapter 4576

ပုန်းကွယ်နဂါးစစ်တပ်သည် လက်ရွေးစင်တပ်ရင်းတစ်ရင်းပင်။သံချပ်ကာများအရဖြစ်စေ မှော်ရတနာ​များနှင့်စစ်ဖိနပ်များအရဖြစ်စေ အကောင်းဆုံးများအနက်မှ အကောင်းဆုံးပင်။

ထိုစစ်ရေးအထောက်အပံ့ပစ္စည်းများကို သာမန်တပ်ရင်းတချို့တွင် စစ်ဗိုလ်ချုပ်များသာ အသုံးပြုနိုင်ပေမည်။ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများအားလုံးတွင် ထိုစစ်ရေးအထောက်အပံ့ပစ္စည်းများရှိသည်။

ရလဒ်အနေဖြင့် ပုန်းကွယ်နဂါးစစ်တပ်၏စစ်သားအင်အား အလွန်များပြားလာခဲ့သည်။

တပ်ရင်းအရေအတွက်သည် တစ်ရာ့နှစ်ဆယ်အထိ ချဲ့ထွင်နိုင်ခဲ့ကာ စစ်သားအရေအတွက်သည် ယခင်ထက် နှစ်ဆနီးပါးမြင့်တက်လာခဲ့သည်။

ပုန်းကွယ်နဂါးစစ်တပ်၏ စစ်သားအရေအတွက်အရ အခြေခံကြည့်ပါက တပ်ရင်းတရင်းတွင် စစ်သားငါးသိန်းမှရှစ်သိန်းအထိ ရှိနေသည်။

တပ်ရင်းတစ်ရာ့နှစ်ဆယ်တွင် အနည်းဆုံး စစ်သားသန်းခြောက်ဆယ် ရှိနေပေ၏။

ဤသည်မှာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းတွင် အကြီးမားဆုံးအစောင့်တပ်ရင်းပင်။

ဤကဲ့သို့ ကြီးမားသောအသုံးစရိတ်ကို တော်ဝင်နန်းတော်မှ ထောက်ပံထားခြင်းမဟုတ်ချေ။တော်ဝင်နန်းတွင်းတွင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ တပ်ရင်းများကို ထိန်းချုပ်နိုင်သော အခွင့်အာဏာမျိုးမရှိပေ။

"အရှင်....အခု ပုန်းကွယ်နဂါးစစ်တပ်မှာ စစ်သားတွေလုံလောက်သွားပြီ....တကယ်လို့ ငါတို့က စစ်ပွဲတစ်ခုနဲ့ ရင်ဆိုင်ရပြီး​တော့ စစ်သားအရေအတွက် ကျဆင်းသွားမယ်ဆိုရင်တောင် ပြန်​ဖြည့်တင်းနိုင်တယ်...ဒီလိုကြီးမားတဲ့စစ်တပ်ကြီးတစ်ခုကို ထိန်းသိမ်းဖို့အတွက် ငါတို့ သေချာစဥ်းစားဖို့လိုတယ်"

ဖေးထျန်ကွမ်းက အလေးအနက်ထားသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

တခြားလူများသည် ဤကိစ္စများကို ပြောဆိုပါက အရာရောက်မည်မဟုတ်ချေ။ဖေးထျန်ကွမ်းတစ်ယောက်တည်းကသာ လုယွီကို ဤကဲ့သို့စကားမျိုး ပြောဆိုဝံ့သည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြင့်၏အုပ်ချုပ်ရေးရုံတော်စနစ်တွင် ဖေးထျန်ကွမ်း၏အဆင့်အတန်းသည် အမတ်ချုပ်ကြီးတစ်ယောက်နှင့် တူညီလုနီးပါပင်။သူသည် အရာရှိများအားလုံး၏အထက်တွင် ရှိနေပေ၏။

လုယွီက သူ၏လက်ချောင်းများဖြင့် စားပွဲကို ခေါက်လိုက်သည်။

"မင်း ပြောတာအမှန်ပဲ....တကယ်လို့ ငါတို့က ထန်အင်ပါယာနဲ့ရင်ဆိုင်ရမယ်ဆိုရင်တောင် အင်အားကုန်ထုတ်သုံးလို့မရဘူး"

လုယွီက ကဆက်လက်၍ပြောဆိုသည်။

"ထန်စစ်တပ်ကို တိုက်ခိုက်ဖို့က အရေးကြီးကိစ္စဆိုပေမယ့် တကယ်လို့ ငါတို့က ထန်စစ်တပ်ကို အမြစ်ပြတ်သုတ်သင်ပြီးတော့ ထန်အင်ပါယာကို ဖျက်စီးနိုင်တယ်ဆိုရင် ငါတို့ ဘာလုပ်ရမှာလဲ"

လက်ရှိနေရာတွင်ရှိနေသောအုပ်ချုပ်ရေးနှင့်စစ်ရေးအရာရှိများအားလုံး ကြက်သေသေသွားသည်။

သူတို့၏စိတ်နှလုံးသားများအတွင်း၌ လုယွီသည် လောကကြီးကို လွှမ်းမိုးအုပ်ချုပ်လိုခြင်းဖြစ်မည်ဟု ယုံကြည်ထားကြသည်။

အကယ်၍ ထန်အင်ပါယာ ပျက်စီးသွားလျှင် လုယွီသည် သူ့ထံ၌ လူသားဧကရာဇ်ဓားရှိနေသည့်အချက်ကို အခွင့်ကောင်းယူ၍ လောကကြီးကိုအမိန့်ပေးနိုင်ပေမည်။မည်သူကမျှ သူ၏အမိန့်ကို မလိုက်နာဘဲနေဝံ့မည် မဟုတ်ချေ။

သို့ရာတွင် ယခုအချိန်၌ လုယွီ၏စကားများသည် လူများအားလုံးကို ဝေခွဲရခက်မှုအား ခံစားရစေသည်။

လုယွီက ပြောဆိုသည်။

"အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က ဘယ်နေရာနဲ့ ထိစပ်နေတယ်ဆိုတာ မင်းတို့ မေ့သွားကြတဲ့ပုံပဲ"

လုယွီ၏သတိပေးမှုကြောင့် လက်ရှိနေရာတွင်ရှိနေသော အရာရှိအများစုသည် ရုတ်တရက် တွေးတောလိုက်ကြကာသူတို့၏မျက်လုံးများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏အရှေ့ဘက်၌ ပေတသောင်းကျော်မြင့်မားသော လောကနှစ်ခုတောင်တန်းရှိသည်။

လောကနှစ်ခုတောင်တန်းသည် မိုးနှင့်မြေကြား၌ မားမားမတ်မတ်တည်ရှိကာ မြင့်မားသောတောင်များဖြင့် နယ်မြေနှစ်ခုကို လုံးလုံးလျားလျားပိုင်းခြားထားသည်။

လောကနှစ်ခုတောင်တန်း၏ တခြားတစ်ဖက်ခြမ်းသည် လူသားမျိုးနွယ်အတွက် တားမြစ်နယ်မြေပင်။တာအိုသခင်များပင်လျှင် နတ်ဆိုးနယ်မြေအတွင်းသို့ ခြေတစ်လှမ်းချလိုခြင်း မရှိချေ။

လူအများစုအတွက် နတ်ဆိုးနယ်မြေထံတွင်အမျိုးအမည်မသိရသော အန္တရာယ်များဖြင့်ပြည့်နှက် နေသည်။

အတိတ်တွင် ရှေးဟောင်းနတ်ဆိုးများသည် ကောင်းကင်ဘုံနယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနေရာအနှံ့အပြား၌ ထင်ရာစိုင်းနေခဲ့သည်။ဤဘေးကပ်ဆိုးကြီးအတွင်းတွင် သက်ရှိများ မည်မျှထိများများ သေသွားခဲ့ရသည်ကို မည်သူမျှ မသိနိုင်​ချေ။ဤသည်ကြောင့် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး ပျက်စီးသွားလုမတတ် ခံစားခဲ့ရသည်။ထိုကိစ္စအကြောင်းကို တွေးတောမိချိန်၌ လူများအားလုံး၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။

"နောက်အနာဂတ်မှာ ပုန်းကွယ်နဂါးစစ်တပ် ရင်ဆိုင်ရမယ့်ရန်သူက ရှေးဟောင်းနတ်ဆိုးတွေလို့ အရှင်က ပြောချင်တာလား"

အရာရှိတစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

လုယွီက ခေါင်းညိတ်ပြလိုက်၏။

"သေချာတာပေါ့...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က လောကနှစ်ခုတောင်တန်းနဲ့ ထိစပ်နေတယ်....တကယ်လို့ လောကနှစ်ခုတောင်တန်းမှာရှိတဲ့တပ်ရင်းက ရှေးဟောင်းနတ်ဆိုးတွေကို မခုခံနိုင်တော့ဘူးဆိုရင် အရင်ဆုံး ခံစားရမှာက ငါတို့ပဲ...အဲဒီအချိန်ရောက်လာမှာကို ထိုင်စောင့်နေမယ့်အစား ငါတို့က ကြိုပြီးပြင်ဆင်ထားတာ ပိုကောင်းလိမ့်မယ်"

"ဒါပေမဲ့ စာပေသူတော်စင်တွေက လောကနှစ်ခုတောင်တန်းကိုသွားပြီ မဟုတ်လား...အဲ့ဒီနေရာမှာ တာအိုသခင်အဆင့်ကျင့်ကြံသူတွေတောင် စောင့်ကြပ်နေကြတယ်...ရှေးဟောင်းနတ်ဆိုးတွေက သူတို့ကို ဖြတ်ကျော်မလာနိုင်လောက်ပါဘူး...ဟုတ်တယ်မလား"

တစ်စုံတစ်ယောက်က မဝံ့မရဲမေးမြန်းသည်။

လုယွီသည် အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"အရင်တစ်ကြိမ်တုန်းက ရှေးဟောင်းနတ်ဆိုးတွေကြောင့် ဖရိုဖရဲကိစ္စတွေ ဖြစ်လာတဲ့အချိန်က လောကနှစ်ခုတောင်တန်းမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ စောင့်ကြပ်မနေလို့လား....စာပေသူတော်စင်သောက်ရီ ဘယ်လိုသေသွားတယ်ဆိုတာ မင်းတို့အားလုံး မေ့သွားပြီလား"

ထိုစကားများကိုကြားချိန်၌ လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏မျက်နှာအမူအယာများ သိသိသာသာပျက်ယွင်းသွားသည်။

သောက်ရီသည် လောကနှစ်ခုတောင်တန်းကိုစောင့်ကြပ်ရန် သွားခဲ့ခြင်းပင်။သို့ရာတွင်အဆုံးသတ်၌ သူသည် ‌နွေဦးဆောင်းဦးကျမ်းစာကိုဖန်တီးနိုင်ရန် သူ့ကိုယ်သူစတေးပြီး ရှေးဟောင်းနတ်ဆိုးများကို ခုခံကာကွယ်ခဲ့ရသည်။ဤကိစ္စဖြစ်ပွားသွားခဲ့သည်မှာ ကြာမြင့်ခြင်းမရှိသေးချေ။

Chapter 4577

"ငါက ငွေကြေးရနိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားလိုက်မယ်....တကယ်လို့ ဘဏ္ဍာတိုက်ထဲမှာ ငွေကြေးမလုံလောက်ဘူးဆိုရင် ငွေအပ်နှံ့ဌာနကိုသွားလိုက်ပါ...ဒါပေမဲ့ ဘယ်လိုကိစ္စပဲရှိနေနေ ငါတို့ရဲ့အင်အားတိုးချဲ့မှုကို ရပ်လို့မဖြစ်ဘူး...နောင်တစ်ချိန်ကျရင် ပုန်းကွယ်နဂါးစစ်တပ်မှာ တပ်ရင်းတစ်ရာ့နှစ်ဆယ်ပဲ ရှိမှာမဟုတ်ဘူး...ဒါက အစပဲရှိသေးတယ်"

လုယွီက သူ၏မျက်လုံးကို စုံမှိတ်လိုက်သည်။ သူသည် ရှေးဟောင်းအချိန်ကာလအတွင်းသို့ ကူးပြောင်းသွားခဲ့စဥ်က နတ်ဘုရားနယ်မြေအတွင်း၌ ကြုံတွေ့ခဲ့ရသည့် ထိတ်လန့်တုန်လှုပ်ဖွယ်စစ်ပွဲကို ပြန်မြင်ယောင်နေမိသည်။

လူသားများ၏အသက်များသည် မြက်ပင်အလားပင်။ရှေးဟောင်းနတ်ဆိုးများ၏လက်အတွင်းတွင် လူသားမျိုးနွယ်မှစစ်သားအမြောက်အများ ကြွေလွင့်သွားခဲ့ရသည်။

မြေပြင်ပေါ်တွင် သွေးများစွန်းထင်းနေကာ မိုးကောင်းကင်ယံတွင် သွေးရောင်ခြယ်ထားသည့်အလားပင်။

ဤသည်မှာ လုယွီ စိုးရိမ်ပူပန်နေသောကိစ္စလည်းဖြစ်သည်။

အတိတ်တွင် သူ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ ကျင့်ကြံနေစဉ်တွင် ရှေးဟောင်းနတ်ဆိုးများ ပုန်းအောင်းနေသော အခြေစိုက်စခန်းတချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

အထူးသဖြင့် စာပေသူတော်စင်သောက်ရီ သေဆုံးသွားပြီးနောက် လောကကြီးအတွင်းရှိဘေးကပ်ဆိုးကြီးဟူသောအရာသည် အလယ်ခေတ် ရှေးဟောင်းအင်ပါယာများထွက်ပေါ်လာခြင်းသာမက ရှေးဟောင်းနတ်ဆိုးများ၏ကျူးကျော်မှုနှင့်လည်း သက်ဆိုင်သည်ဟု သူ အတပ်ပြောနိုင်ခဲ့သည်။

အကယ်၍သူသည် အတိတ်ရှိ ချင်စစ်တပ်၏စွမ်းအားနှင့် အခွင့်အာဏာမျိုးကို ပြန်လည်ထိန်းသိမ်းလိုပါက အချိန်မည်မျှထိယူရမည်ကို သူ မသိရှိချေ။ရှေးဟောင်းနတ်ဆိုးများ လောကနှစ်ခုတောင်တန်းကို ဖြတ်ကျော်မလာမီ သူသည် အကောင်းဆုံး ကြိုးစား၍ အင်အားများစုဆောင်းရပေမည်။

ထို့နောက် လုယွီသည် သူကိုယ်တိုင်ဆုံးဖြတ်ရန်လိုအပ်သော ကိစ္စနှစ်ခုကို ဆက်လက်၍ဖြေရှင်းခဲ့သည်။

တစ်ရက်လုံးအလုပ်ရှုပ်ပြီးနောက် လုယွီသည် မတ်တတ်ထရပ်ကာ အုပ်ချုပ်ရေးရုံးတော်မှ ထွက်ခွာခဲ့သည်။အရာရှိများအားလုံး သူ့ကို ပို့ဆောင်နှုတ်ဆက်ကြလေ၏။

လမ်းပေါ်၌ ကြီးကျယ်ခမ်းနားသော အရှိန်အဝါရှိသည့် ရထားလုံးတစ်စီး မောင်းနှင်နေသည်။

ရှင်းယန်မြို့ကဲ့သို့ မြို့ကြီးတစ်မြို့တွင် မြို့အတွင်း၌ ဖရိုဖရဲဖြစ်ခြင်းမှ ကာကွယ်ဟန့်တားနိုင်ရန်အတွက် ပျံသန်းခြင်းကို တားမြစ်ထားသည်။

ရှင်းယန်မြို့၏လူဦးရေသည် ဆယ်သန်းကျော်ရှိကာ အလွန်စည်ကားသိုက်မြိုက်သည်။ အထူးသဖြင့် လုယွီသည် မြို့ရိုးလေးဘက်လုံးကို ဖြိုချပြီးနောက် ရှင်းယန်မြို့ကို အလွန်လျင်မြန်သောအရှိန်နှုန်းဖြင့် ချဲ့ထွင်နိုင်ခဲ့သည်။ ဤအရှိန်နှုန်းသည် အလွန်လျင်မြန်သဖြင့် လူများအားလုံးသည် အံ့အားသင့်နေကြ၏။

လုယွီသည် ကျယ်ဝန်းသောရထားလုံးအတွင်း၌ ထိုင်နေကာ သူ၏လက်အတွင်း၌ စာအုပ်တစ်အုပ်ကိုကိုင်ပြီး စာဖတ်နေသည်။

ရထားလုံး၏ရှေ့ပိုင်းသည် အိမ်တစ်လုံးအရွယ်အစားရှိပေ၏။ရထားလုံးအတွင်းပိုင်း၏ဘေးတစ်ဖက်တချက်တွင် အမွေးတိုင်များထွန်းညှိထားကာ စားပွဲများ ထိုင်ခုံများနှင့် စာအုပ်စင်များပါရှိသည်။ဤသည်မှာ ရွေ့လျားနေသော စာကြည့်တိုက်တစ်ခုပင်။

အမွေးနံ့သာရနံ့များသည် လေထုအတွင်း၌ မျောလွင့်နေကာ စိတ်ကြည်လင်လန်းဆန်းစေသည်။ဤသည်မှာ စာဖတ်ရန်နှင့်ကျင့်ကြံရန်အတွက် ပြီးပြည့်စုံသော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။

လုယွီသည် အချိန်တခဏကြာ စာဖတ်ပြီးနောက် သူ အာရုံစိုက်နေရာမှ နိုးထလာသည်။သူသည် ရုတ်တရက် ရထားလုံးအတွင်း၌ ထွက်ပေါ်လာသော အနက်ရောင်အရိပ်ကိုကြည့်ပြီး မေးမြန်းလိုက်၏။

"မင်း အခုလတ်တလောမှာ ဘာတွေလုပ်နေလဲ"

"ဝု....အခုလတ်တလောမှာ ငါ အရမ်းအလုပ်ရှုပ်နေတယ်"

ရထားလုံးအတွင်းသို့ ရောက်ရှိလာသူမှာ ခွေးနက်ကြီးပင်။

သူသည် လူသားအသွင်သို့ပြောင်းလဲပြီး လုယွီ၏ရှေ့၌ ထိုင်လိုက်သည်။ထို့နောက် သူသည် နံဘေးရှိလက်ဖက်ရည်အိုးကို ကောက်ကိုင်ကာ တစ်ငုံငုံ၍သောက်လိုက်၏။

ဤလက်ဖက်ရည်သည် နှစ်တရာတွင်တစ်ကြိမ်သာ ထုတ်လုပ်နိုင်သောအရာပင်။ထိုအရာသည် တစ်စုံတစ်ယောက်၏စိတ်ကို ကြည်လင်စေကာ ထိုလူ၏မှော်စွမ်းအားများကို မြှင့်တင်ပေးနိုင်သော အာနိသင်ရှိသော်လည်း တဖြည်းဖြည်းသာသောက်သုံးရသည်။ဤကဲ့သို့ အလောသုံးဆယ်သောက်လိုက်ခြင်းသည် ရတနာတစ်ခုကိုဖြုန်းတီးခြင်းပင်။

"ငါ အခု ကိစ္စကြီးတစ်ခုကို လုပ်နေတယ်...ဒါပေမဲ့ ငါ မရှိတဲ့အချိန်မှာ တစ်ယောက်ယောက်က နျူနျူကို အနိုင်ကျင့်လိုက်တယ်လို့ ငါ ကြားထားတယ်...အဲ့ဒီကောင် ဘယ်မှာလဲ....အဲ့ဒီကောင်ကို ထုတ်ပေးစမ်း...ငါ သူ့ကို သင်ခန်းစာကောင်းကောင်းပေးမယ်"

ခွေးနက်ကြီးသည် တောပုန်းဓားပြတစ်ယောက်အလား လက်သီးလက်မောင်းတန်း၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။

လုယွီက မျက်မှောင်ကြုတ်ပြီးမေးမြန်းသည်။

"ဘာကိစ္စကြီးကို မင်းလုပ်နေတာလဲ"

"ငါက အကျိုးအမြတ်တစ်ခုရဖို့ သွားနေတာပဲ...အခုလက်တလောမှာ မင်း ငွေလိုနေတယ်ဆိုတာ ငါ သိတယ်....ဒါကြောင့် ငါ မင်းကို လမ်းကြောင်းတစ်ခု ညွှန်ပြပေးချင်တယ်"

ခွေးနက်ကြီးသည် သူ၏သိုလှောင်အိတ်အတွင်းမှ စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးကို ထုတ်ယူပြီး စားပွဲပေါ်သို့ ပစ်ချလိုက်၏။

ထိုစိတ်ဝိညာဥ်ကျောက်တုံး၏မျက်နှာပြင်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေကာ ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတန်းတတန်းကို ထုတ်လွှတ်ထားသည်။ထိုအရာသည် သန့်စင်ပြီးအပြစ်အနာအဆာကင်းမဲ့ကာ မသန့်စင်မှုတစိုးတစိမျှမရှိချေ။

ဤစိတ်ဝိညာဉ်ကျောက်တုံး၏အရည်အသွေးသည် အလွန်မြင့်မားပြီး အထွတ်အထိပ်အဆင့်စိတ်ဝိညာဥ်ကျောက်သုံးထက်ပင် ပို၍သာလွန်သည်။

"အပြစ်အနာအဆာမဲ့ စိတ်ဝိညာဉ်ကျောက်တုံးလား"

လုယွီ၏နှလုံးခုန်နှုန်း မြန်သွားသည်။

ဤစိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးကို စျေးအတွင်း၌ရောင်းချပါက တူညီသောအရွယ်အစားရှိသည့် အထွတ်အထိပ်အဆင့် စိတ်ဝိညာဥ်ကျောက်တုံး အတုံးတစ်ရာနှင့် ညီမျှပေမည်။

"ဒီပစ္စည်းကို မင်း ဘယ်နေရာကရလာတာလဲ"

လုယွီက မေးမြန်းသည်။

"ငါက ဒါကို တောင်ခြေရင်းတစ်နေရာကနေ တူးလာတာပဲ...အဲ့ဒါက ဗုဒ္ဓဂိုဏ်းရဲ့စိတ်ဝိညာဉ်တောင်ပဲ...အဲ့ဒီနေရာမှာ ရတနာတွေ အများကြီးရှိနေတယ်"

ခွေးနက်ကြီးက ရယ်မောပြီးပြောဆိုသည်။

"ငါက ​မျောက်နဲ့လည်း ဆက်သွယ်ပြီးပြီ...သူက လင်းယုန်ကြယ်မြစ်ရဲ့ နတ်ဆိုးသားရဲတပ်ဖွဲ့ထဲမှာ ရှိနေတယ်...ဗုဒ္ဓဂိုဏ်းက အသင်္ချေကျယ်မြစ်မှာ ဟောပြောနေတယ်....အခု စိတ်ဝိညာဉ်တောင်မှာ အစောင့်အကြပ်မရှိဘူး...ငါတို့က အဲဒီနေရာကိုသွားဖို့ လမ်းကြောင်းတစ်ခုကို ရှာတွေ့ပြီးပြီ"

"အဲ့ဒီစိတ်ဝိညာဉ်တောင်ရဲ့အောက်မှာ စိတ်ဝိညာဥ်သွေးကြောတစ်ခုရှိနေမယ်လို့ မျောက်က သံသယဝင်နေတယ်...မင်း ဘယ်လိုသဘောရလဲ...မင်း ငါတို့နဲ့အတူ ပူးပေါင်းချင်လား"

Chapter 4578

"မင်းက ​မျောက်နဲ့ ဆက်သွယ်ပြီးပြီလား"

လုယွီ၏မျက်ခုံး မြင့်တက်သွားပြီး စိတ်ဝင်စားစပြုလာသည်။

သေသင့်သောမျောက်စုတ်သည် တိုက်ပွဲနေရာမှထွက်ပြေးသွားကာ သူ့ထံမှ နတ်ဘုရားသွေးစက်ကို ယူဆောင်သွားခဲ့သည်။ပြောရမည်ဆိုလျှင် ထိုမျောက်စုတ်သည် အနည်းငယ်မျှ သစ္စာမရှိချေ။

သို့ရာတွင် လုယွီသည် မျောက်ထံမှနေ၍ ကံကြမ္မာကောင်းတချို့ကို ရရှိခဲ့သည်။သူသည် ဗုဒ္ဓဂိုဏ်း၏ မဖျက်ဆီးနိုင်သောရွှေခန္ဓာကိုယ်ကို ရရှိခဲ့ကာ သက်ရှည်မီးအိမ်ကို ထွန်းညှိနိုင်ရန် ခြေတစ်လှမ်းအကွာသာ လိုအပ်တော့သည်။ သူ၏ရုပ်ခန္ဓာကိုယ်ကျင့်ကြံဆင့်တွင်လည်း ကြီးမားသောအဆင့်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။

အတိတ်တွင် မျောက်သည် ဗုဒ္ဓဂိုဏ်းကိုလက်စားချေမည်ဟု တဖွဖွပြောဆိုနေခဲ့သည်။သူသည် စိတ်ဝိညာဉ်တောင်သို့ အမှန်တကယ်ပြေးသွားမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။

"အဲ့ဒီမျောက်စုတ်ကို ပြာဖြစ်သွားရင်တောင် ငါ မှတ်မိတယ်...မင်းက အဲ့ဒီ​မျောက်နဲ့ သိကျွမ်းနေမယ်လို့ ငါ ထင်မထားမိဘူး...အဲ့ဒီမျောက်က ရွံဖို့ကောင်းပြီးတော့ အလိမ်အညာတွေနဲ့​ ပြည့်နေတယ်....ငါနဲ့အဲ့ဒီမျောက်ကြားမှာ ကွာဟချက်က မိုးနဲ့မြေပဲ....မင်း အဲ့ဒီကောင်ကို လွယ်လွယ်မယုံသင့်ဘူး"

ခွေးနက်ကြီးက ဆဲဆိုလိုက်သည်။သူသည် ​မျောက်၏လက်အတွင်းတွင် ခံစားခဲ့ရသည်မှာ သိသာထင်ရှားပေ၏။

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ ခွေးနက်ကြီးနှင့်​မျောက်တို့သည် အသွေးအမွေးတူသောငှက်များနှင့် တူညီကာ သူတို့နှစ်ယောက်အနက် တစ်ယောက်ကိုမျှ မှီခိုအားထား၍မရချေ။

"မင်းမှာ ဘာအစီအစဉ်ရှိလဲ"

လုယွီက စားပွဲပေါ်ရှိ အပြစ်အနာအဆာမဲ့ စိတ်ဝိညာဥ်ကျောက်တုံးကိုကြည့်ပြီး မေးမြန်းလိုက်သည်။

ဤကိစ္စကို သူ အမှန်တကယ်စိတ်ဝင်စားပေ၏။

ခွေးနက်ကြီးနှင့်​မျောက်တို့သည် မှီခိုအားထား၍မရသဖြင့် မျှဝေယူမည်ဟု သူတို့ ပြောဆိုသည်မှာ သဘာဝမကျ​ချေ။သူတို့သည် မည်သည့်အကျိုးအမြတ်မျှမရှိဘဲ ရှေ့ထွက်လာမည့်သူများ မဟုတ်ချေ။

သူတို့အား ဆွဲဆောင်နိုင်သောကြောင့် ဤကိစ္စအတွင်း၌ ကြီးမားသောရတနာတစ်ခု ရှိနေနိုင်သည်။

ခွေးနက်ကြီးက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ဗုဒ္ဓဂိုဏ်းမှာ ဘယ်လောက်ထိများပြားတဲ့ ချမ်းသာကြွယ်ဝမှုတွေကို ကွယ်ဝှက်ထားတယ်ဆိုတာ မင်း သိလား"

လုယွီက မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်စကားတစ်ခွန်းမျှ မဆိုချေ။

သူ၏အတိတ်ဘဝတွင် တာအိုသခင်အဆင့်သို့ ရောက်ခဲ့သော်လည်း ဗုဒ္ဓဂိုဏ်းနှင့်ပတ်သက်ပြီး များစွာမသိရှိခဲ့ချေ။

သူ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာချိန်၌ ဗုဒ္ဓလောကတစ်ခုလုံးကို ကျိုးထျန်းရင်မှ ချိတ်ပိတ်ထားခဲ့သည် မည်သည့်ဗုဒ္ဓကျင့်ကြံသူ​ကိုမျှ စိတ်ဝိညာဉ်တောင်၏ပရဝုဏ်အတွင်းမှ ပြင်ပသို့ ခြေတစ်လှမ်း​ချခွင့်မပြုချေ။ကောင်းကင်ဘုံနယ်မြေအတွင်းတွင် ဗုဒ္ဓဂိုဏ်း၏အယူဝါဒတချို့ကို ဆက်ခံထားသော ကျင့်ကြံသူများကိုသာ မြင်တွေ့နိုင်သည်။

ဘုန်းတော်ကြီးကျောင်းများ တရားထိုင်သောခန်းမများနှင့် ခေါင်းပေါ်တွင်အမာရွတ်များရှိသော ခေါင်းပြောင်ဘုန်းတော်ကြီးတချို့သည် ဗုဒ္ဓ၏အယူဝါဒများကို ခံယူထားပေ၏။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ တာယွီအင်ပါယာအတွင်းရှိ နေရာအနှံ့အပြားတွင် ဗုဒ္ဓဂိုဏ်းဝင်များဖြင့် ပြည့်နှက်နေသည်။

ကောင်းကင်ဘုံနယ်မြေတွင် မရေမတွက်နိုင်သော ဘုန်းကြီးကျောင်းများ စုဝေးနေကာ အမွှေးနံ့သာများကို နေ့ညမပြတ်ထွန်းညှိပူဇော်ကြသည်။ထိုအမွှေးနံ့သာစွမ်းအားများသည် အလွန်အားကောင်းသဖြင့် နတ်ဘုရားစာရင်းတွင် ဗုဒ္ဓဂိုဏ်းမှ ကျင့်ကြံသူအမြောက်အများ ပါဝင်နေသည်။

ဤသည်ကြောင့် လုယွီ၏ကိုယ်ပွားပုံရိပ်ယောင်သည် စိတ်ဝိညာဥ်တောင်မှ အမွေးနံ့သာစွမ်းအားများကို ဝါးမြိုပြီးနောက် ဗုဒ္ဓဘုရားလောင်းနှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့ခြင်းပင်။

ထိုအမွှေးနံ့သာစွမ်းအားများသည် အလွန်ထူထပ်သိပ်သည်းပြီး ပေါကြွယ်ဝပေ၏။နတ်ဘုရားအများစုအတွက် ဤသည်မှာ ကျင့်ကြံရန်အတွက်သင့်တော်သော သဘာဝရတနာပင်။

"ငါ မင်းကို ပြောပြမယ်....ကောင်းကင်ဘုံနယ်မြေမှာရှိတဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဆယ်ပုံပုံလိုက်မယ်ဆိုရင် ဗုဒ္ဓဂိုဏ်းက ငါးပုံလောက်ကို လက်ဝါးကြီးအုပ်ထားတယ်"

ခွေးနက်ကြီးက လုယွီကိုစူးစိုက်ကြည့်ပြီး ပြောဆိုသည်။

"ဒီလောကကြီးထဲမှာရှိတဲ့ ချမ်းသာကြွယ်ဝမှုတွေရဲ့တစ်ဝက်လောက်က ဗုဒ္ဓဂိုဏ်းရဲ့လက်ထဲမှာ ရှိနေတယ်...ဒါက ငါတို့ရှာတွေ့ထားတဲ့ စာရင်းဇယားပဲရှိသေးတယ်..အမှောင်ထဲမှာ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေ ဘယ်လောက်ထိများများ ပုန်းအောင်းနေတယ်ဆိုတာ ငါတို့ မသိဘူး"

လုယွီ အံ့အားသင့်သွားသည်။

"မင်း ပြောတာ သေချာလား"

ဤလောကကြီးအတွင်း၌ တာယွီတော်ဝင်နန်းတွင်းသည် အချမ်းသာဆုံးဖြစ်သင့်သည်။

တာယွီတော်ဝင်နန်းတွင်းမှနေ၍ ကောက်ခံရရှိသော အခွန်အခများသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပမာဏပင်။

လုယွီသည် လော့ရွှေကြယ်မြစ်၌ စိတ်ဝိညာဥ်သွေးကြောတစ်ခုကိုရရှိခဲ့ကာ ချီတော်ဝင်မိသားစုနှင့်ကျိုးမိသားစုတို့၏ချမ်းသာကြွယ်ဝမှုများကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သည်။ထိုအချိန်ကျမှသာ အင်ပါယာတစ်ခုနဲ့ တန်းတူရပ်တည်နိုင်သော ချမ်းသာကြွယ်ဝမှုမျိုး ပိုင်ဆိုင်သွားခြင်းဖြစ်ပေ၏။သို့ရာတွင် ဤသည်မှာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးကို ထောက်ပံ့ရန်သာ လုံလောက်သည်။သူနှင့်တာယွီတော်ဝင်နန်းတွင်းကြားတွင်

ကြီးမားသောကွာဟချက်ကြီး ရှိနေဆဲပင်။

သို့ရာတွင် ချမ်းသာကြွယ်ဝမှုကို တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်ပြသခြင်းမရှိသော ဗုဒ္ဓဂိုဏ်းသည် ဤကဲ့သို့ အလွန်များပြားသော စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်ထားမည်ဟု သူ မျှော်လင့်မထားမိချေ။

လုယွီသည် အချိန်တခဏကြာခန့် အံ့အားသင့်နေပြီးနောက် အလျင်အမြန်အသိပြန်ဝင်လာသည်။

ဗုဒ္ဓဂိုဏ်းသည် သိုသိုသိပ်သိပ်နေပုံရသော်လည်း ကိစ္စအမြောက်အများ၌ ကြီးမားသောအင်အားပမာဏကို ထုတ်ဖော်ပြသထားဆဲပင်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန် အသက်ရှင်သန်စဉ်အချိန်အား တွေးတောကြည့်ပါက ဤကိစ္စမှာ ပို၍သိသာသည်။သူသည် မျိုးဆက်တစ်ဆက်၏အုပ်ချုပ်သူအရှင်ဖြစ်ကာ ကြီးကျယ်ခမ်းနားသော တည်ရှိမှုကြီးပင်။သို့ရာတွင် သူသည် ဗုဒ္ဓဂိုဏ်းကို ဖျက်ဆီးနိုင်ခြင်းမရှိဘဲ ချိတ်ပိတ်ရုံသာ တတ်နိုင်ခဲ့သည်။

Chapter 4579

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်ထံတွင် အခွင့်အာဏာရှိနေစဉ်အချိန်က တော်ဝင်နန်းတွင်းသည်အင်ပါယာတစ်ခုလုံးအတွင်းရှိဂိုဏ်းအင်အားစုများအားလုံးကို အုပ်ချုပ်နိုင်ခဲ့သည်။

ထိုအချိန်တုန်းက ကာလကြာရှည်စွာ လက်ဆင့်ကမ်းဆင်းသက်လာသော ဂိုဏ်းအင်အားစုတချို့သည် တော်ဝင်နန်းတွင်းမှစစ်တပ်၏ အမြစ်ပြတ်သုတ်သင်ခြင်းကိုခံလိုက်ရသည်။ကျင့်ကြံခြင်းနည်းလမ်းများ၏ အမွေအနှစ်များအားလုံးသည် တော်ဝင်မှတ်တမ်းဆောင်ထံသို့ရောက်ရှိသွားကာ အတိတ်တွင် ဂိုဏ်းများရှိပါရမီရှင်များသည်လည်း ဒေသအသီးသီးတွင် ဝရမ်းပြေးများဖြစ်လာကြ၏။

ဗုဒ္ဓဂိုဏ်းကမူ တော်ဝင်နန်းတွင်း၏အမိန့်ကို နာခံခြင်းမပြုသည့်အပြင် အခွန်အခများလည်း ပေးဆောင်ခြင်းမရှိချေ။သူတို့သည် ရာဇဝတ်သားများနှင့်သူခိုးဓားပြများကိုလက်ခံကာ သာမန်လူများထံမှ ကံကြမ္မာစွမ်းအားများကို လုယက်ခဲ့သည်။သူတို့သည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်၏မျက်လုံးအတွင်း၌ ဆူးတစ်ချောင်းဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ဤကဲ့သို့ တည်ရှိမှုတစ်ခုကို ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်သည် အမြစ်ပြတ်သုတ်သင်ခြင်းမပြုခဲ့သည်မှာ မယုံကြည်နိုင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

ဤသည်မှာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်၏အကျင့်စရိုက်နှင့် သဟဇာတဖြစ်ခြင်းမရှိချေ။

သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် လေးလေးနက်နက်စဉ်းစားကြည့်ပါက ပြဿနာကို ရှာတွေ့နိုင်ပေမည်။

တော်ဝင်နန်းတွင်း၏ဖျက်ဆီးခြင်းကို ခံလိုက်ရသော ပြင်ပဂိုဏ်းအင်အားစုများတွင် များသောအားဖြင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အနည်းငယ်သာရှိသည်။သူတို့သည် မောက်မာထောင်လွှားပြီး အချုပ်အချာကင်းမဲ့ကာ လောကကြီးအတွင်းရှိ လောကီစည်းစိမ်များအားလုံးကို မျောလွင့်နေသောတိမ်စိုင်များဟုသာ တွေးတောထားကြသည်။

အကယ်၍ တော်ဝင်နန်းတွင်းသည် ထိုပြင်ပဂိုဏ်းအင်အားစုများကို ဖျက်ဆီးလိုပါက ထိုဂိုဏ်းမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကိုသတ်ဖြတ်ရန် စစ်ဗိုလ်ချုပ်တစ်ယောက် နှစ်ယောက်ကို စေလွှတ်ရန်သာ လိုအပ်သည်။ထိုဂိုဏ်းများသည် အလိုအလျောက် ပျက်စီးသွားမည်ဖြစ်ပြီး အင်အားများစွာစိုက်ထုတ်ရန် မလိုချေ။

သို့ရာတွင် ဗုဒ္ဓဂိုဏ်းကမူ ကွဲပြားခြားနားပေ၏။

ဗုဒ္ဓဂိုဏ်းဝင်များသည် ဗုဒ္ဓကို ရိုသေလေးစားရာ၌ အာရုံစူးစိုက်ထားကာ ဗုဒ္ဓအယူဝါဒများကို ယုံကြည်ကိုးကွယ်ကြသည်။သူတို့သည် ဗုဒ္ဓအယူဝါဒကို ရူးသွပ်စွာယုံကြည်သူများဖြစ်ပေ၏။

အကယ်၍ ဗုဒ္ဓတစ်ပါးသေဆုံးသွားလျှင်ပင် ထိုလူများသည် ရူးသွပ်စွဲလန်းစွာဖြင့် လိုက်လံသေဆုံးကြပေမည်။ထိုကြောင့် ဗုဒ္ဓဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ရန်အတွက် အလွန်အမင်းကြီးမားသော အင်အားပမာဏ လိုအပ်သည်။

ထို့ပြင် ဗုဒ္ဓဂိုဏ်းသည် အဆက်မပြတ်လှုပ်ရှားနေသော လောကီလောကအတွင်းရှိ ထိပ်သီးအင်အားစုများအကြား၌ ဆက်သွယ်ပတ်သက်နေပြီး အလွန်အမင်းရှုပ်ထွေးသည်။

တော်ဝင်မိသားစု ထိပ်သီးမိသားစုကြီးများ အရာရှိများ စီရင်စုအရာရှိများနှင့် သေမျိုးတိုင်းပြည်များအထိ ဗုဒ္ဓဂိုဏ်း၏လူများ ရှိနေသည်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်၏စွမ်းအား တစ်ခုတည်းသက်သက်ဖြင့် ဤကဲ့သို့ တည်ရှိမှုကြီးတစ်ခုကို အမြစ်ပြတ်သုတ်သင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်​ချေ။

ဗုဒ္ဓဂိုဏ်းကို စိတ်ဝိညာဉ်တောင်၌ ချိတ်ပိတ်ထားခြင်းသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်၏ စွမ်းအားကို ပြသပုံရသည်။သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်သည် နှစ်ဖက်အကြား၌ အပေးအယူလုပ်ခဲ့ခြင်းပင်။

"ရှမိသားစုက ကျိုးမိသားစုနေရာမှာ အစားထိုးပြီးတော့ တာယွီအင်ပါယာရဲ့အချမ်းသာဆုံးမိသားစုဖြစ်လာတာက ဗုဒ္ဓဂိုဏ်းရဲ့အထောက်အပံ့ကြောင့်ပဲ....ဒါက အမှန်ပဲ...ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန် ရှိနေတဲ့အချိန်တုန်းက ရှမိသားစုမှာ စစ်ဗိုလ်ချုပ်တွေပဲရှိတဲ့ သာမန်မိသားစုတစ်စုပဲ...ဒါပေမယ့် ရှန်လင်းလုံ နန်းတက်ပြီးတဲ့နောက်မှာ သူတို့က မြန်မြန်ဆန်ဆန်မြင့်တက်လာခဲ့တယ်...သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေက နယ်မြေဒေသအသီးသီးမှာ ရှိနေပြီးတော့ ထိပ်သီးမိသားစုစာရင်းထဲကို ဝင်သွားခဲ့တယ်...ဒါက သာမန်အင်အားစုတစ်စုကနေ လုပ်ပေးနိုင်တဲ့ ရလဒ်မျိုးမဟုတ်ဘူး"

လုယွီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။

"ဗုဒ္ဓဂိုဏ်းမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေက တိမ်စိုင်တွေလို ပေါများတယ်...မင်းတို့က ဘယ်လိုလုပ်ချင်တာလဲ"

ဗုဒ္ဓဂိုဏ်း၏အင်အားသည် အလွန်နက်နဲသိမ်မွေ့ပေ၏။

လုယွီ၏ကောက်ချက်ချမှုအရ ဗုဒ္ဓသည် သူ၏အတိတ်ဘဝတွင် ရောက်ခဲ့သည့် တာအိုသခင်အဆင့်၌ ရှိနေနိုင်သည်။ထို့ပြင် ဗုဒ္ဓသည် မိုးနှင့်မြေ၏ဥပဒေသဆယ်ခုကျော်ကို ကျွမ်းကျင်ပိုင်နိုင်ထားပြီးဖြစ်ပေမည်။

အတိတ်တွင် လုယွီသည် ထိုက်အမ်းဓားကို ထိန်းချုပ်ရန်အတွက် နတ်ဘုရားသွေးစက်ကို ဝါးမြိုကာ အလွန်ကြီးမားသောစွမ်းအားကိုအသုံးပြုခဲ့သော်လည်း သူသည် ဗုဒ္ဓကိုအနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်မရှိချေ။

ဗုဒ္ဓသည် စိတ်ဝိညာဥ်တောင်မှ ယာယီထွက်ခွာသွားသော်လည်း ဤကဲ့သို့ ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်သည် ကိုယ်ပွားတစ်ခုကို ကြယ်မြစ်နှစ်ခုအားဖြတ်ကျော်၍ ချက်ချင်းစေလွှတ်နိုင်သည်။

ထိုအချိန်ကျပါက သူတို့အတွက် အလွန်အန္တရာယ်များပေမည်။

"ဘာမှမစိုးရိမ်နဲ့....ငါတို့မှာ အစီအစဉ်ရှိတယ်"

ခွေးနက်ကြီးက အလွန်နက်နဲသိမ်မွေ့သောလေသံဖြင့် ပြောဆိုသည်။

"စိတ်ဝိညာဥ်တောင်မှာ တစ်နှစ်ပတ်လုံး စိတ်ဝိညာဥ်စွမ်းအားတွေနဲ့ ​ပြည့်နေတဲ့ အကြောင်းအရင်းကတော့ မြေအောက်မှာရှိနေတဲ့ စိတ်ဝိညာဥ်သွေးကြောတွေကြောင့်ပဲ...အခုလတ်တလောမှာ ငါတို့က ဗုဒ္ဓဂိုဏ်းထဲမှာ စိတ်ဝိညာဉ်သွေးကြော်နှစ်ခု ရှိနေတယ်လို့ စုံစမ်းထားနိုင်တယ်...အဲ့ဒီထဲကတစ်ခုကို ဘုရားကျောင်းတွေမှာ အကန့်အသတ်မရှိတဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေ ထောက်ပံ့ပေးဖို့အတွက် အထူးသီးသန့်အသုံးပြုတယ်...အဲ့ဒီနေရာကို ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ စောင့်ကြပ်နေပြီးတော့ အရမ်းအန္တရာယ်များတယ်"

"ဒါပေမဲ့ တခြားစိတ်ဝိညာဉ်သွေးကြောတစ်ခုကတော့ စိတ်ဝိညာဥ်တောင်ရဲ့ပတ်ဝန်းကျင်ကို ထိန်းညှိဖို့အတွက် အသုံးပြုတာပဲ...အဲ့ဒီစိတ်ဝိညာဉ်သွေးကြောက ပင့်ကူအိမ်တစ်ခုလို ပတ်ဝန်းကျင်မှာ ဖြာထွက်နေပြီးတော့ စိတ်ဝိညာဥ်တောင်ရဲ့ထောင့်တနေရာတိုင်းမှာ ရှိနေတယ်"

"ဗုဒ္ဓဂိုဏ်းက နေရာတိုင်းကို စောင့်ကြည့်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး...အရင်တစ်ကြိမ်တုန်းက ​မျောက်က ဘုရားကျောင်းတစ်ခုထဲကို ခိုးဝင်ခဲ့တဲ့အချိန်မှာ စိတ်ဝိညာဉ်သွေးကြောရဲ့ဝင်ပေါက်ကို ရှာတွေ့ခဲ့တယ်"

Chapter 4580

"အဲ့ဒီဘုရားကျောင်းက မကြီးဘူး...အဲဒီနေရာမှာ ဘုန်းတော်ကြီး အယောက်နှစ်ဆယ်လောက်ပဲ ရှိတယ်....ငါတို့ ခိုးဝင်ပြီးတော့ အဲ့ဒီစိတ်ဝိညာဉ်သွေးကြောကို ယူပြီးထွက်ပြေးလို့ရတယ်"

ခွေးနက်ကြီးသည် စကားပို၍ပြောဆိုလေလေ ပို၍စိတ်လှုပ်ရှားလာလေလေပင်။သူ၏မျက်လုံးများ စူးရှတောက်ပနေသည်။

ငွေကြေးနှင့်ပတ်သက်လာချိန်တွင် ဤခွေးစုတ်သည် စိတ်အားတက်ကြွနေကာ အလွန်စိတ်လှုပ်ရှားနေပေ၏။

အကယ်၍ ဤသတင်းသာပျံ့နှံ့သွားပါက မရေမတွက်နိုင်သော အင်အားစုများ တိုက်ခိုက်၍ လုယက်မှုကို ဖြစ်ပွားစေရန် လုံလောက်သည်။ တော်ဝင်နန်းတွင်းပင်လျှင် ဤကိစ္စအတွင်းသို့ ဝင်ရောက်လာပေမည်။

တစ်စုံတစ်ယောက်သည် စိတ်ဝိညာဥ်သွေးကြောတစ်ခုကို ပိုင်ဆိုင်ထားသရွေ့အကန့်အသတ်မဲ့သော ချမ်းသာကြွယ်ဝမှုကို ရရှိထားခြင်းပင်။ စိတ်ဝိညာဉ်ကျောက်တုံးများသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ အခိုင်မာဆုံးငွေကြေးစနစ်ပင်။

လုယွီသည် စိတ်လှုပ်ရှားရမည့်အစား မေးခွန်းထုတ်လိုက်၏။

"ဒီလောက်ထိလွယ်နေမှတော့...မင်းတို့နှစ်ယောက်ပဲ လုပ်လိုက်ကြပါလား...ဘာလို့ ငါ့ကို လာခေါ်တာလဲ"

ခွေးနက်ကြီး၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး အလျှင်အမြန်ပြောဆိုသည်။

"မင်းက ဘာကိုဆိုလိုတာလဲ ...ငါတို့ကို သစ္စာမရှိဘူးလို့ မင်းက ထင်နေတာလား...တကယ်လို့ ကောင်းတာတစ်ခုခုရှိရင် ငါတို့က မင်းကိုလည်း အတူတူလိုက်ဖို့ ခေါ်ရမှာပဲလေ"

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူသည် နံဘေးရှိစားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကိုကောက်ကိုင်ပြီး တစ်ငုံငုံ၍သောက်ကာ ပြောဆိုလိုက်၏။

"အမှန်အတိုင်း ပြောစမ်း"

ဤခွေးနက်ကြီးနှင့်​မျောက်သည် သူတို့အတွက် မည်သည့်အကျိုးကျေးဇူးမျှမရှိဘဲ လှုပ်ရှားမည့်သူများ မဟုတ်ချေ။

အကယ်၍ ထိုနေရာတွင် အကျိုးအမြတ်များအမှန်တကယ်ရှိနေပါက သူတို့နှစ်ယောက်သား ဝါးမျိုးပြီးဖြစ်ပေမည်။မည်သည်ကြောင့် သူတို့သည် လုယွီအား လာရောက်ခေါ်ဆောင်မည်နည်း။

"မင်းက တကယ့်ကို မကောင်းတဲ့ကောင်ပဲ"

ခွေးနက်ကြီးက မတရားခံရသောအမူအယာဖြင့် အော်ဟစ်လိုက်သည်။သို့ရာတွင် သူ၏မျက်လုံးအတွင်းတွင် လိပ်ပြာမလုံသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"အဲ့ဒီစိတ်ဝိညာဉ်သွေးကြောက ဗုဒ္ဓဂိုဏ်းရဲ့ ပိုင်ဆိုင်မှုဖြစ်နေမှတော့...အဲ့ဒီနေရာမှာ ဗုဒ္ဓရှိမနေပေမယ့် ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတွေက စောင့်ကြည့်နေနိုင်တယ်လို့ မျောက်က ခန့်မှန်းထားတယ်....အဲ့ဒီနေရာမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေက တိမ်စိုင်တွေလိုပေါများတယ်...အနည်းဆုံးတော့ သူတို့ထဲကတချို့က ငါတို့ကို ကောင်းကောင်းကြီးရိုက်နိုင်တယ်"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဒါကြောင့် မင်းတို့က ငါ့ကို မင်းတို့ရဲ့အကူအညီ ဖြစ်စေချင်တာလား"

စိတ်ဝိညာဥ်သွေးကြောကို ရယူနိုင်ရန်အတွက် အခြေအနေများသည် သူ မျှော်လင့်ထားသည့်အတိုင်းပင်။

ယခုလက်တလောအချိန်တွင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၌ အခြေခံအားဖြင့် လုယွီကို မည်သူတစ်ဦးတစ်ယောက်ကမျှ အနိုင်မယူနိုင်ကြချေ။

ဇာတ်မြုပ်နေသော တာအိုသခင်တချို့မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ လုယွီ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။

ထို့ပြင် လုယွီနှင့်ဗုဒ္ဓဂိုဏ်းအကြားတွင် ရန်ငြိုးရန်စတစ်ခု ရှိနေသည်။မကြာသေးမီအချိန်က သူသည် စိတ်ဝိညာဥ်တောင်သို့သွားကာ ဗုဒ္ဓဂိုဏ်း၏ဗုဒ္ဓဘုရားလောင်းနှစ်ယောက်ကို သတ်ဖြတ်ခဲ့ပေ၏။

ထို့ကြောင့် သူတို့သည် သူ့အားလာရှာသည်မှာ ပြီးပြည့်စုံသောအကြံအစည်ပင်။

"မင်းက အရမ်းဖြောင့်မတ်မှန်ကန်တဲ့လူလို့ မပြောစမ်းနဲ့....မင်းမှာ စိတ်ဝိညာဉ်သွေးကြောတစ်ခုရှိနေပေမယ့် အခု မင်းရဲ့လက်အောက်မှာ လူတွေအများကြီး ရှိနေတယ်....အောင်းကွမ်းဆိုတဲ့ကောင်စုတ်လေးရဲ့ တပ်ရင်းမှာတောင် စစ်သားရှစ်သိန်းရှိနေတယ်...ငွေမရှိဘဲနဲ့ မင်း ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီလူတွေကို ကျွေးမွေးမှာလဲ"

ခွေးနက်ကြီးက စိတ်အားထက်သန်စွာ ပြောဆိုသည်။

"မင်းက မင်းရဲ့စစ်တပ်ကို ချဲ့ထွင်ချင်တယ်ဆိုရင် မင်း ဘယ်နေရာကနေ ငွေကြေးရနိုင်မှာလဲ... တကယ်လို့ မင်း ဒီစိတ်ဝိညာဉ်သွေးကြောကိုရမယ်ဆိုရင် စစ်သားသန်းခြောက်ဆယ်မပြောနဲ့ ....စစ်သားသန်းတစ်ရာကျော်ကိုတောင် မင်း ကျွေးမွေးထားနိုင်လိမ့်မယ်"

လုယွီက မျက်မောင်ကြုတ်လိုက်သည်။

မင်း ငါ့ရဲ့အုပ်ချုပ်ရေးရုံးတော်ထဲကို ခိုးဝင်ပြီးတော့ နားထောင်နေတာလား"

ခွေးနက်ကြီးသည် နံဘေးတဖက်သို့ အလျင်အမြန် အကြည့်လွှဲလိုက်၏။

"မင်းရဲ့အုပ်ချုပ်ရေးရုံးတော်မှာရှိတဲ့ အစောင့်တွေက ငါ့ကို မဟန့်တားနိုင်ဘူး...ငါက အမိုးထုတ်တန်းမှာ လဲလျောင်းပြီးတော့ အချိန်ခဏလောက် နားထောင်ရုံလေးပဲ...ခဏလောက်ကြာတော့ ငါ အိပ်မောကျသွားတယ် ..ဒါပါပဲ"

သေသင့်တဲ့ ခွေးစုတ် ..

အကယ်၍ တခြားတစ်စုံတစ်ယောက်သည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ် အုပ်ချုပ်ရေးရုံးသောအတွင်းသို့ ခိုးဝင်ပြီးနားထောင်ခဲ့ပါက သူတို့သည် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်မှာ သေချာပေါက်ပင်။

သို့ရာတွင် ခွေးနက်ကြီးသည် လုယွီ၏နောက်သို့လိုက်ကာ အောက်ဘုံမှ တက်လှမ်းလာသူဖြစ်သဖြင့် သူသည် ခွေးနက်ကြီးအား ပြဿနာရှာရန် ရည်ရွယ်မထားချေ။

လုယွီက အပြစ်အနာအဆာမဲ့ စိတ်ဝိညာဥ်ကျောက်တုံးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ထိုအရာအတွင်းမှလာသည့် ကြီးမားသော စိတ်ဝိညာဥ်စွမ်းအားများကို သူ ခံစားမိသည်။

ဤသည်မှာ သာလွန်သော အရည်အသွေးရှိသည့် စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးပင်။ အကယ်၍ ဤစိတ်ဝိညာဥ်ကျောက်တုံးကို စိတ်ဝိညာဉ်သွေးကြောတစ်ခုမှရရှိသည်ဆိုပါက ထိုအရာ၏အရည်အသွေးသည် လုယွီ ယခုလက်ရှိပိုင်ဆိုင်ထားသော စိတ်ဝိညာဉ်သွေးကြောထက် သာလွန်မည်မှာ သေချာပေါက်ပင်။

"အသင်္ချေကြယ်မြစ်မှာလုပ်မယ့် ဟောပြောပွဲက ဆယ်ရက်ကြာလိမ့်မယ်...အခု ဗုဒ္ဓထွက်သွားတာ ငါးရက်ရှိပြီ....အချိန်အများကြီး မကျန်တော့ဘူး"

ခွေးနက်ကြီးသည် လုယွီ သဘောမတူမည်ကို စိုးရိမ်သဖြင့် ထပ်မံ၍တိုက်တွန်းလိုက်သည်။

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ငါက ဗုဒ္ဓအကြောင်းကို စဉ်းစားနေတာ မဟုတ်ဘူး...မင်းတို့က စိတ်ဝိညာဥ်သွေးကြောကို ခိုးယူဖို့ ရည်ရွယ်ထားမှတော့ ငါတို့ ဘယ်လိုခွဲဝေကြမလဲ"

ခွေးနက်ကြီးသည် ဤစကားများကိုကြားချိန်တွင် အလွန်ပျော်ရွှင်သွားကာ ရယ်မောပြီး ပြောဆိုသည်။

"မင်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှစိတ်ပူဖို့မလိုဘူး....ငါတို့တွေက ပြင်ပဂိုဏ်းအင်အားစုတွေရဲ့စည်းမျဉ်းအတိုင်း လုပ်ကြမယ်...အချိန်ကျလာရင် ငါတို့ရဲ့ကိုယ်ပိုင်အရည်အချင်းပေါ်ပဲ မူတည်လိမ့်မယ်..ငါတို့ ဘယ်လောက်များများရနိုင်မလဲဆိုတာ ငါတို့ပေါ်မှာပဲ မူတည်တယ်"

လုယွီက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

အပြစ်အနာအဆာမဲ့စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်လုပ်ပေးနိုင်သော စိတ်ဝိညာဉ်သွေးကြောသည် သူ လက်လွှတ်၍မရသော တစ်စုံတစ်ခုပင်။

All Chapters