အခန်း (၄၅၈၁-၄၅၈၅)
Vol. 232 Ch. 4581-4585
Chapter 4581
လုယွီသည် တံခါးပိတ်ကျင့်ကြံမှု ပြုလုပ်မည်ဖြစ်သဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ သူ့အားလာမတွေ့ရန် ထုတ်ပြန်ကြော်ညာလိုက်သည်။
တခြားတစ်ဖက်တွင် လုယွီသည် ရှင်းယန်မြို့မှ တိတ်တဆိတ်ထွက်ခွာကာ ခွေးနက်ကြီးနှင့်အတူ နတ်ဘုရားလင်းယုန်ကြယ်မြစ်ထံသို့ သွားခဲ့သည်။
.....
နတ်ဘုရားလင်းယုန်ကြည်မြစ်သည် ကောင်းကင်ဘုံနယ်မြေ၏မြောက်ဘက်ခြမ်း၌ တည်ရှိပေ၏။ဤကြယ်မြစ်သည် လော့ရွှေကြယ်မြစ်နှင့် ထိစပ်နေသည်။
ကျိုးယွမ်ယန်သည် ဧကရာဇ်အသစ်ဖြစ်လာသောကြောင့် ရှန်လင်းလုံသည် ကြယ်မြေနှစ်ခုကိုသိမ်းပိုက်ကာ သူမကိုယ်သူမ 'မြောက်ပိုင်းဧကရီ'ဟု ထုတ်ပြန်ကြော်ညာခဲ့သည်။
နတ်ဘုရားလင်းယုန်ကြယ်မြစ်သည် လင်းယုန်တစ်ကောင် တောင်ပံဖြန့်၍ မိုးကောင်းကင်ယံအတွင်း၌ ပျံဝဲနေသောပုံစံမျိုး ရှိသောကြောင့် ဤကဲ့သို့ နာမည်တွင်လာခြင်းဖြစ်သည်။ထိုကြယ်မြစ်အတွင်းတွင် လူသားမျိုးနွယ်နေထိုင်သော ကြယ်နယ်မြေသုံးရာ့ခုနစ်ဆယ် နတ်ဆိုးသားရဲမျိုးနွယ်များနေထိုင်သော ကြယ်နယ်မြေခြောက်ရာ့ငါးဆယ်ရှိသည်။ဤကြယ်မြစ်အတွင်းတွင် လူသားမျိုးနွယ်နှင့်နတ်ဆိုးမျိုးနွယ်များ ရောယှက်နေပေ၏။တချိန်တည်းမှာပင် ဗုဒ္ဓဂိုဏ်း၏စိတ်ဝိညာဥ်တောင်သည်လည်း ဤနေရာ၌ တည်ရှိသည်။နဂါးမျိုးနွယ်နှင့်မြွေမျိုးနွယ်တို့သည်လည်း ထိုကြယ်မြစ်အတွင်း၌ရှိနေကာ အလွန်ရှုပ်ထွေးသော နေရာဒေသတစ်ခုပင်။
နတ်ဘုရားလင်းယုန်ကြယ်မြစ်၏ အုပ်ချုပ်သူအရှင်ရာထူးအတွက် နယ်မြေသခင်နယ်ပယ် ပဉ္စမအဆင့်တွင်ရှိသော ကျင့်ကြံသူများအကြားမှ ရွေးချယ်သည်။အကြောင်းအရင်းမှာ အကယ်၍ တစ်စုံတစ်ယောက်၏ခွန်အားသည် အားနည်းနေပါက ဤနေရာရှိအခြေအနေကို အနည်းငယ်မျှ ထိန်းချုပ်နိုင်မည် မဟုတ်သောကြောင့်ပင်။သူတို့သည် ဒေသခံအာဏာရှင်များ၏ သတ်ဖြတ်ခြင်းကိုခံရနိုင်ကာ အဆုံးသတ်၌ အုပ်ချုပ်ရေးအဖွဲ့၏အခွင့်အာဏာကို ဆုံးရှုံးသွားရနိုင်ချေရှိသည်။
ဤနေရာသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ထက်ပင် များစွာပို၍ဖရိုဖရဲဆန်သည်။
ရှန်လင်းလုံသည် နတ်ဘုရားလင်းယုန်ကြယ်မြစ်ကို ထိန်းချုပ်ထားနိုင်သော်လည်း အမှန်အားဖြင့် ဤကြယ်မြစ်သည် ပြန့်ကျဲနေသော သဲပုံအလားပင်။အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဂိုဏ်းများ နတ်ဆိုးသားရဲများနှင့်ဗုဒ္ဓကျင့်ကြံသူများစသဖြင့် အမျိုးမျိုးသောအင်အားစုများ ရောယှက်နေသည်။သူတို့သည် သူတို့၏ကိုယ်ပိုင်နယ်မြေတစ်ခုစီအတွင်း၌ မားမားမတ်မတ်ရပ်တည်နေကြသည်။ထိုကြောင့် သူတို့သည် အုပ်ချုပ်ရေးအဖွဲ့၏အခွင့်အာဏာကို လိုက်နာခြင်းမရှိချေ။
"ဒီနေရာကိုကြည့်ရတာ ရှေးဟောင်းခေတ်အချိန်ကာလတုန်းက မြင်ကွင်းတစ်ခုနဲ့ တူနေသလိုပဲ"
လုယွီနှင့်ခွေးနက်ကြီးတို့သည် လမ်းတလျှောက်လုံး ပျံသန်းလာကြ၏။သူတို့ဖြတ်သန်းသွားခဲ့သမျှ အရာရာတိုင်းကို သူတို့မြင်တွေ့နိုင်ကာ မည်သည့်အရာမျှ လွတ်မြောက်သွားခြင်းမရှိချေ။
သို့ရာတွင် ရှေ့တွင်မြင်နေရသော မြင်ကွင်းများကြောင့် လုယွီက မျက်မှောက်ကြုတ်လိုက်သည်။
ရှေးဟောင်းစာအုပ်များအတွင်းတွင် အလယ်ခေတ်အတွင်း၌သာ ဤကဲ့သို့ဖရိုဖရဲဆန်သောမြင်ကွင်းများ ရှိသည်။
ဂိုဏ်းအင်အားစုများသည် မားမားမတ်မတ်မတ်ရပ်တည်နိုင်ကာ သန်မာအားကောင်းသူသည် ရိုသေလေးစားခံရပေ၏။ထိုလူများကို ထိန်းချုပ်နိုင်သော အခွင့်အာဏာသည်လည်း မည်သူ့ထံတွင်မျှ ရှိမနေချေ။
ဤနေရာ၌ တစ်စုံတစ်ယောက်သည် လွယ်လင့်တကူ သတ်ဖြတ်ခံရခြင်း လုယက်ခံရခြင်းနှင့် မိသားစုလိုက်အမြစ်ပြတ်သုတ်သင်ခြင်းတို့ ခံရနိုင်သည်။တောပုန်းဓားပြများသည် ထင်ရာစိုင်းသောင်းကျန်းနေကာ လူများအားလုံးသည် အန္တရာယ်အတွင်းသို့ ကျရောက်နေပေ၏။
လုယွီက စီရင်သူအရှင်တစ်ယောက်သည်ဂိုဏ်းချုပ်တစ်ယောက်၏ သတ်ဖြတ်ခြင်းအား ခံရသည်ကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည်။သို့ရာတွင် နယ်မြေခံအစောင့်များသည် ထိုဂိုဏ်းချုပ်ကို ဟန့်တားခြင်းမရှိချေ။ထိုအစား သူတို့သည် နံဘေးတစ်ဖက်မှစောင့်ကြည့်ကာ နောက်ထပ်စီရင်စုအရှင်တစ်ယောက် ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေကြသည်။
အကယ်၍ ဤကိစ္စမျိုးသည် တာယွီအင်ပါယာအတွင်းရှိ တခြားနေရာများတွင်ဖြစ်ပွားပါက ထိုဂိုဏ်းချုပ်၏မိသားစုတစ်စုလုံး ကွပ်မျက်ခြင်းခံရမည့် ကြီးလေးသောရာဇဝတ်မှုကြီးပင်။
သို့ရာတွင် ဤကဲ့သို့ကိစ္စများသည် လင်းယုန်ကြယ်မြစ်အတွင်း၌ မကြာခဏဖြစ်ပွားပေ၏။
"စိတ်ဝိညာဥ်တောင်က ငါတို့ရဲ့ရှေ့မှာ ရှိနေတယ်"
ခွေးနက်ကြီးက သတိပေးသည်။
လုယွီသည် သူ့ရှေ့ရှိ လေဟာနယ်အတွင်း၌ ကြီးမားကျယ်ပြန့်သော နယ်မြေကြီးတစ်ခုရုတ်တရက် ထွက်ပေါ်လာကို မြင်တွေ့မိသည်။ထိုနယ်မြေမှနေ၍ မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ လူအများအား မျက်စိကျိန်းစေသည်။
မိုင်သန်းရှစ်ဆယ်ကျယ်ဝန်းသော နယ်မြေကြီးတစ်ခုလုံးကို ပြင်ပနယ်မြေနှင့် ပိုင်းခြားထားပေ၏။
စိတ်ဝိညာဥ်တောင်သည် ဗုဒ္ဓဂိုဏ်းဝင်များ၏သန့်စင်သောနယ်မြေဟု လူသိများကျော်ကြားသည်။ဤနေရာတွင် ဗုဒ္ဓဘုရားကျောင်း သုံးထောင်ကျော်ရှိကာ ထိုနေရာများမှ ဖြာထွက်နေသော အလင်းတန်းများသည် အထက်ကိုးကောင်းကင်ဘုံအထိ ပျံ့လွင့်နေသည်။
ဤသည်မှာ ဗုဒ္ဓ ကျင့်ကြံသောနေရာဖြစ်ကာ ဗုဒ္ဓဂိုဏ်းဝင်များ မှီခိုအားထားနေသည့် အခြေခံအုတ်မြစ်ပင်။ဗုဒ္ဓအား ယုံကြည်သက်ဝင်သူအမြောက်အများသည် ဤနေရာ၌ စုဝေးနေကာ သူတို့သည် စိတ်ဝိညာဉ်တောင်၏အနီးသို့ ရောက်ရှိသွားချိန်၌ သာယာငြိမ့်ညောင်းသော ကျမ်းစာရွတ်ဆိုသံများကို ကြားရသည်။
ဤအချိန်အခိုက်အတန့်တွင် တစ်စုံတစ်ယောက်၏နှလုံးသားအတွင်း၌ နှိုင်းယှဥ်ပြစရာမရှိအထိ ငြိမ်းချမ်းမှုကို ခံစားရပေမည်။ဤသည်မှာ သူတို့၏စိတ်နှလုံးသားများအတွင်းရှိ မလိုလားအပ်သောအတွေးများနှင့်စိုးရိမ်သောကများအားလုံးကို လုံးလုံးလျားလျား မေ့လျော့သွားစေသည့်အလားပင်။
ဤသည်မှာ ဗုဒ္ဓဂိုဏ်း၏ကျင့်ကြံနည်းစနစ်များမှ ပြိုင်ဘက်ကင်းစွမ်းရည်ပင်။ထိုစွမ်းရည်သည် နူးညံသိမ်မွေ့ပြီး သနားညှာတာသော သဘောသဘာဝရှိကာ တခြားလူများ၏စိတ်ဆန္ဒကို တိတ်တဆိတ်လွှမ်းမိုးပြီး ဗုဒ္ဓဂိုဏ်းအပေါ် အကြွင်းမဲ့သက်ဝင်ယုံကြည်လာစေသည်။
"ငါတို့ အခု စိတ်ဝိညာဉ်တောင်နားကို အရမ်းကပ်သွားလို့မဖြစ်ဘူး...ဒီတစ်ကြိမ်မှာ ငါတို့ အရမ်းဂရုစိုက်ရမယ်....အဲ့ဒီဘုန်းတော်ကြီးတွေ ငါတို့ကိုသတိပြုမိသွားလို့ မဖြစ်ဘူး"
ခွေးနက်ကြီးက လုယွီအား သတိပေးသည်။
လုယွီက ခေါင်းညိတ်ပြလိုက်သည်။သူသည် ဤကိစ္စ၏အတိမ်အနက်ကို ကောင်းစွာသိရှိပေ၏။
ယခုအချိန်၌ လုယွီသည် သူ၏ပုံပန်းသွင်ပြင်ကို လူငယ်တစ်ယောက်အသွင် ပြောင်းလဲထားသည်။
ဤအသွင်ပြောင်းမှုကို လုယွီထက် ကျင့်ကြံဆင့်အခြေခံ များစွာပို၍မြင့်မားသောတစ်စုံတစ်ယောက်မဟုတ်သရွေ့ သတိပြုမိမည်မဟုတ်ချေ။
စိတ်ဝိညာဉ်တောင်၏အနီးသို့ ရောက်ရှိပြီးနောက် လူတစ်ယောက်နှင့်ခွေးတစ်ကောင်သည် မျောက်ကို ချက်ချင်းဆက်သွယ်လိုက်ကြ၏။
ခွေးနှင့်မျောက်အကြားတွင် အထူးသီးသန့်ဆက်ဆံရေးတစ်ခုရှိနေကာ မကြာမီမှာပင် သူတို့သည် တွေ့ဆုံရန်နေရာကို အတည်ပြုလိုက်ကြသည်။
Chapter 4582
စိတ်ဝိညာဉ်တောင်...သုန်းကော်မြို့....
မြို့တွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်အတွင်း၌...
ခွေးနက်ကြီး၏လမ်းညွှန်မှုအောက်တွင် လုယွီသည် နောက်ဆုံး၌ သူ မတွေ့ရသည်မှာအချိန်အတော်ကြာမြင့်နေပြီဖြစ်သော မျောက်နှင့်ဆုံတွေ့ခဲ့ရသည်။
မျောက်သည် လူသားအသွင်ယူထားကာ လူငယ်တစ်ယောက်ပုံစံသို့ ပြောင်းလဲထားသည်။ သူ၏ဆံပင်သည် အဝါရောင်သန်းနေကာ သူ့ထံ၌ ပါးသိုင်းမွှေးများလည်းရှိသည်။သူ့၏မျက်လုံးတစ်စုံအတွင်းတွင် တက်ကြွဖျတ်လတ်မှုများဖြင့် ပြည့်နှက်နေကာ သူကိုကြည့်ရသည်မှာ သူရဲကောင်းဆန်ပေ၏။
သူတို့နှစ်ယောက် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထိုကြောင့် သူတို့သည် ဝိုင်အရက်တစ်ခွက်စီငှဲ့သောက်ကာ နှုတ်ဆက်လိုက်ကြ၏။
မျောက်သည် သူ့အား နှုတ်မဆက်ဘဲထွက်ခွာသွားသည့်အတွက် လုယွီက အပြစ်မတင်ချေ။ သူတို့သည် ယခင်ကတည်းက သူစိမ်းများဖြစ်သဖြင့် မျောက်သည် သူ့အား များစွာကူညီပေးခဲ့သည်က သူ့အတွက် လုံလောက်နေလေပြီ။
"ငါ မိန်းကလေးတစ်ယောက်အသွင် ပြောင်းထားတဲ့အချိန်မှာ မင်း ငါ့ဘေးမှာ မတ်တတ်မရပ်နဲ့"
ခွေးနက်ကြီးက ဒေါသတကြီးအော်ဟစ်လိုက်သည်။
ခွေးနက်ကြီးသည် မိန်းကလေးတစ်ယောက်အသွင်သို့ပြောင်းလဲပြီးနောက် သူ၏ပုံပန်းသွင်ပြင်သည် အလွန်အမင်းငယ်ရွယ်ချောမောပေ၏။
မျောက်၏နံဘေးတွင် မတ်တတ်ရပ်နေချိန်၌ သူသည် မျောက်ထက်ပို၍အရပ်ပုနေကာ မျောက်သည် သူ၏ခေါင်းကိုအစဉ်အမြဲ ပုတ်လေ့ရှိသည်။
မျောက်က အေးစက်စက်အော်ငေါက်လိုက်သည်။
"ငါ မင်းကို မရိုက်တာကတင် တော်တော်လေးကောင်းနေပြီ... ဒီတစ်ကြိမ်မှာ စိတ်ဝိညာဥ်သွေးကြောကြောင့်သာမဟုတ်ရင် ငါက ဘာကိစ္စမျိုးရှိနေနေ မင်းလို ခွေးစုတ်တကောင်နဲ့ အလုပ်အတူလုပ်မှာ မဟုတ်ဘူး"
"မျောက်စုတ်...မင်းရဲ့အသိစိတ်တွေဘယ်ရောက်သွားလို့ မင်း ဒီစကားမျိုးကိုပြောတာလဲ"
ခွေးနက်ကြီးက တုံ့ပြန်သည်။
"ဘာလဲ....အတိတ်မှာတုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မင်းက ငါ့ကို ပြန်ပြောစေချင်တာလား...အရင်တုန်းက မင်းကောင်းကင်ဘုံနန်းတွင်းကနေ ထာဝရမက်မွန်သီးတွေကို သွားခိုးခဲ့တဲ့အချိန်တုန်းက မင်းအစား ငါ အပြစ်ဒဏ်ခံခဲ့ရတယ် မဟုတ်လား....မင်း အင်မော်တယ်ဆေးလုံးတွေကို သွားခိုးတဲ့အချိန်ကလည်း မင်းအပြစ်မခံရအောင် ဝင်ကူညီပေးခဲ့တစ်ယောက်က ငါ မဟုတ်လား....ကောင်းကင်ဘုံဧကရာဇ်က မင်းကို မြင်းတွေထိန်းဖို့ အပြစ်ပေးလိုက်ပေမယ့်အဆုံးသတ်ကျတော့ မင်းကိုကူညီဖို့အတွက် မင်းက ငါ့ကို လှည့်စားခဲ့တယ်..ငါက အဲ့ဒီမြင်းဇောင်းမှာ အချိန်အကြာကြီး အလုပ်လုပ်ခဲ့ရတာကြောင့် မင်းရဲ့မျက်နှာကိုမြင်တာနဲ့ ငါ့ ဒေါသထွက်တယ်"
ခွေးနက်ကြီးနှင့်မျောက်တို့သည် ရန်သူတော်ဟောင်းများဖြစ်ပုံရကာ အချင်းချင်းမြင်တွေ့မိသည့်အချိန်အခိုက်အတန့်၌ စတင်၍စကားစစ်ထိုးကြတော့သည်။
ခွေးနက်ကြီးသည် လိပ်ပြာမလုံမှုကို ခံစားရသဖြင့် ပြောဆိုလိုက်သည်။
"ဒါတွေအားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ....ပြီးခဲ့တာတွေ ပြီးပါစေတော့"
"သောက်ချေးပဲ... အတိတ်မှာတုန်းက ကောင်းကင်ဘုံနန်းတော်ကလူတွေ ငါ့ကို ဘယ်လိုထင်လဲဆိုတာ မင်း သိလား....မင်းက ကောင်းကင်ဘုံဧကရာဇ်ရဲ့အကူအညီနဲ့ နန်းတော်ထဲမှာ တစ်ချိန်လုံးပတ်သွားနေပြီးတော့ ပျော်မြူးနေခဲ့တယ်....အဆုံးသတ်ကျတော့ ငါက မင်းရဲ့လှည့်စားမှုတွေကို ခံခဲ့ရတဲ့ တစ်ယောက်လေ"
ဤနတ်ဆိုးသားရဲနှစ်ကောင်လုံးသည် ရှေးဟောင်းခေတ်အချိန်ကာလမှ အသက်ရှင်သန်လာခဲ့သော သက်ရှိများပင်။
အတိတ်တွင် ခွေးနက်ကြီးသည် မည်ကဲ့သို့အတင့်ရဲသော ကိစ္စများကို ကျူးလွန်ခဲ့သည်အား မည်သူမျှ မသိနိုင်ချေ။သို့ရာတွင် နှစ်ပေါင်းသောင်းနှင့်ချီ၍ ကြာမြင့်လာသည့်တိုင် မျောက်သည် ခွေးနက်ကြီး၏လုပ်ရပ်များကို တိတိကျကျမှတ်မိနေဆဲပင်။
"ကောင်းပြီ ကောင်းပြီလေ...တကယ်လို့ ငါတို့ ဒီတစ်ကြိမ်ကိစ္စ အောင်မြင်သွားရင် ငါ မင်းကို ဝေစုပိုခွဲပေးမယ်"
ခွေးနက်ကြီးက တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။
မျောက်သည် ဒေါသထွက်သွားပေ၏။သူ စကားပြောရန် ဟန်ပြင်လိုက်သောအချိန်မှာပင် လုယွီက စားပွဲခုံကို ခေါက်လိုက်သည်။
"မင်းတို့ရဲ့အစီအစဉ်က ဘယ်အချိန်စမှာလဲ"
လုယွီက မေးမြန်းသည်။
စိတ်ဝိညာဉ်သွေးကြောအကြောင်းသို့ ရောက်ရှိလာသဖြင့် ခွေးနှင့်မျောက်တို့ စိတ်လှုပ်ရှားသွားသည်။
မျောက်က တောက်ပနေသောမျက်လုံးတစ်စုံဖြင့် ပြောဆိုသည်။
"ငါ အဲ့ဒီနေရာကို စစ်ဆေးပြီးပြီ...စိတ်ဝိညာဥ်သွေးကြောက အရပ်မျက်နှာအဘက်ဘက်ကို ချိတ်ဆက်ထားပေမယ့် ဝင်ပေါက်တိုင်းနီးပါးမှာ အစောင့်အကြပ်အနေနဲ့ ဘုရားကျောင်းတစ်ကျောင်းစီကို တည်ဆောက်ထားတယ်"
"တခြားဘုရားကျောင်းတွေကို ခိုးဝင်ဖို့အတွက်က အရမ်းခက်ခဲလိမ့်မယ်...ငါတို့ လှုပ်ရှားမှုတစ်ခုလုပ်လိုက်တာနဲ့ ဘုရားကျောင်းထဲမှာ ဝတ်ပြုကိုးကွယ်ထားတဲ့ ဗုဒ္ဓဆင်းထုတော်တွေကနေတဆင့် ဗုဒ္ဓဂိုဏ်းဝင်တွေက မိုင်ထောင်နဲ့ချီအကွာကနေ အာရုံခံနိုင်လိမ့်မယ်"
"ဒါပေမဲ့ အရမ်းသေးငယ်တဲ့ ဘုရားကျောင်းတစ်ခု ရှိနေပြီးတော့ အဲ့ဒီနေရာမှာ သူတို့ရဲ့စောင့်ကြပ်မှုက ပေါ့လျော့တယ်...ဒါ့ပြင် အဲ့ဒီဘုရားကျောင်းမှာ ဝတ်ပြုကိုးကွယ်တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေမှာ စိတ်ဝိညာဥ်စွမ်းအားမရှိဘူး...အဲ့ဒီဘုရားကျောင်းရဲ့အောက်ခြေမှာ စိတ်ဝိညာဥ်သွေးကြောရဲ့ဝင်ပေါက်ရှိနေတယ်...ငါတို့က အဲ့ဒီအခွင့်အရေးကို ရအောင်ယူပြီးတော့ ဘုရားကျောင်းရဲ့မြေအောက်ကို
ခိုးဝင်ရမယ်....ဒါဆိုရင် ငါတို့က စိတ်ဝိညာဥ်သွေးကြောရှိတဲ့နေရာကို ရောက်အောင်သွားနိုင်ပြီ"
ဤစိတ်ဝိညာဉ်သွေးကြောကို ရယူနိုင်ရန်အလို့ငှာ မျောက်သည် အင်အားများစွာစိုက်ထုတ်ခဲ့ပေ၏။
"ဗုဒ္ဓဂိုဏ်းဝင်တွေက စိတ်ဝိညာဥ်သွေးကြောကို ဒီအတိုင်းတော့ လွှတ်ထားမှာမဟုတ်ဘူး....အဲ့ဒီနေရာမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ စောင့်ကြပ်နေမှာ သေချာတယ်... အဲ့ဒီအချိန်ကျရင် လုယွီ ငါတို့က မင်းအပေါ်ကို မှီခိုရလိမ့်မယ်"
မျောက်က အလေးအနက်ထားသောအကြည့်ဖြင့် လုယွီကို ကြည့်လေသည်။
အတိတ်တွင် လုယွီသည် အချိန်မရွေးသေဆုံးသွားနိုင်သော အညတရလောကီအင်မော်တယ်တစ်ယောက်ပင်။
သို့ရာတွင် သူတို့ တဖန်ပြန်၍ဆုံတွေ့ချိန်၌ လုယွီသည် ယခင်နှင့် မတူတော့ချေ။သူသည် စစ်တပ်တစ်တပ်၏အုပ်ချုပ်သူဖြစ်ကာ နယ်မြေတစ်ခု၏အရှင်သခင်ပင်။
ရှပ်....ရှပ်...ရှပ်...
သူတို့ စကားပြောဆိုနေစဉ်မှာပင် စားသောက်ဆိုင်အတွင်းသို့ ဝင်လာသည့် ခြေလှမ်းသံများကို ကြားလိုက်ရသည်။
အသစ်ရောက်လာသူများသည် ဘုန်းတော်ကြီးသုံးပါးဖြစ်ပြီး ခေါင်းဆောင်ဘုန်းတော်ကြီး၏မျက်နှာပေါ်တွင် သနားကြင်နာသောအမူအယာတစ်ရပ်ရှိကာ သူ၏လက်ဝါးနှစ်ဖက်ကိုပူးကပ်ထားသည်။သူ၏ဘေးတစ်ဖက်တချက်တွင် သန်မာထွားကျိုင်းသော ဘုန်းတော်ကြီးနှစ်ပါး မတ်တတ်ရပ်နေသည်။သူတို့၏လက်များအတွင်းတွင် ဓားကွေးတစ်လက်စီကိုကိုင်ထားကာ သူတို့၏မျက်လုံးအကြည့်များသည် အလွန်စူးရှပေ၏။
ခေါင်းဆောင်ဘုန်းတော်ကြီးသည်စားသောက်ဆိုင်၏ဆိုင်ရှင်ထံသို့ လျှောက်လှမ်းသွားပြီး အပြုံးနှင့်ပြောဆိုသည်။
"အော်မီတာဖော...တကာတော်လေး ဒီနှစ်အတွက် အမွေးနံ့သာအလှူငွေပေးဖို့ အချိန်ကျပြီ"
Chapter 4583
ဘုန်းတော်ကြီး၏အသံသည် အလွန်နူးညံ့သိမ်မွေ့ကာ နွေဦးလေပြည်ဖြတ်သန်းတိုက်ခတ်သွားသည့်အလားပင်။
သူသည် နီညိုရောင်သင်္ကန်းကို ဝတ်ဆင်ထားပေ၏။ဤသည်မှာ ဘုရားကျောင်းများတွင် မြင့်မားသော အဆင့်အတန်းရှိသည့် ဘုန်းတော်ကြီးများသာ ဝတ်ဆင်နိုင်သော ဝတ်စုံပင်။
သို့ရာတွင် သူ၏လေသံတွင် ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေပေ၏။
ဆိုင်ရှင်၏မျက်နှာအမူအယာ သိသိသာသာပြောင်းလဲသွားသည်။သူသည် အလျင်စလိုရယ်ပြုံးပြီးနောက် ငွေလက်မှတ်တစ်ရွက်ကို အလျင်အမြန် ထုတ်ယူလိုက်သည်။ထို့နောက် သူသည် ထိုအရာကို သူ၏လက်နှစ်ဖက်ဖြင့်ကိုင်ကာ ရိုရိုသေသေလက်ကမ်းပေးလိုက်၏။
"အရှင်.....ဒါက ငါ့ရဲ့မဖြစ်စလောက် လှူဒါန်းငွေလေးပါ...ကျေးဇူးပြုပြီးတော့ ဒါကို လက်ခံပေးပါ"
ဆိုင်ရှင်၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကာ ကြည်ညိုလေးစားသောအပြုံးနှင့် ပြောဆိုသည်။
ငွေလက်မှတ်ကိုကြည့်ပြီးနောက် ခေါင်းဆောင်ဘုန်းတော်ကြီးက ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။
"ငါတို့ရဲ့ဗုဒ္ဓက သနားညှာတာပြီးတော့ သက်ရှိတွေအားလုံးကို အလင်းပြနိုင်တယ်... ဒီနည်းပါးတဲ့ အမွှေးနံ့သာအလှူငွေက ဗုဒ္ဓနဲ့ဆက်သွယ်လို့ မရနိုင်ဘူး....တကာတော် မင်း ထပ်ပြီးတော့ စဉ်းစားကြည့်ပါအုံး"
ဘုန်းတော်ကြီးက သနားကြင်နာသောအပြုံးဖြင့် ပြောဆိုသည်။
သို့ရာတွင် သူ၏အပြုံးနှင့်အတူ သူ့၏နံဘေးရှိ ဘုန်းတော်ကြီးနှစ်ပါးသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်ကို ထုတ်ဖော်လိုက်သည်။
ဤဘုန်းတော်ကြီးနှစ်ပါးသည် လူ့အမြောက်အများအား သတ်ဖြတ်ခဲ့ဖူးမည်မှာ သေချာပေါက်ပင်။သူတို့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာသော အချိန်အခိုက်အတန့်၌ အေးစက်စက်အရှိန်အဝါတစ်ရပ် ရောယှက်နေကာ လူအများအား ချမ်းစိမ့်တုန်ရီမှုကို ခံစားရစေသည်။
"မြင့်မြတ်တဲ့ဆရာတော်....ဒါက လုပ်ငန်းငယ်လေးတစ်ခုပါ...ငါ တကယ်ကို မတတ်နိုင်လို့ပါ"
ဆိုင်ရှင်၏မျက်နှာပေါ်တွင် တောင်းပန်တိုးလျှိုးသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
ဘုန်း....ဘုန်း....
ဘုန်းတော်ကြီးနှစ်ပါးသည် သူတို့၏ခြေထောက်တစ်ဖက်စီကိုမြှောက်ပြီး မြေပြင်ပေါ်သို့ ဆောင့်နင်းလိုက်ရာ ကျယ်လောင်သောအသံနှစ်သံ ထွက်ပေါ်လာသည်။
ဤသည်မှာ လျှပ်စီးမိုးကြိုးလှိုင်းနှစ်ခုကို ပစ်ခတ်လိုက်သည့်အလား ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားသည်။ဆိုင်ရှင်သည် ချက်ချင်းဆိုသလိုပင် ထိုအရှိန်အဝါ၏ဖိနှိပ်ခြင်းကို ခံလိုက်ရကာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။
စာသောက်ဆိုင်အတွင်းတွင် စားသောက်နေသော ဧည့်သည်တချို့ရှိနေသည်။သူတို့သည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ပြင်ပသို့ ချက်ချင်းပြေးထွက်သွားကြသည်။သူတို့သည် ဤကိစ္စအတွင်း၌ ငြိစွန်းပတ်သက်လာမည်ကို စိုးရိမ်သဖြင့် ဤနေရာ၌ ဆက်မနေဝံ့ကြတော့ချေ။
ဤအချိန်အခိုက်အတန့်၌ လုယွီတို့သုံးယောက်သည် ဆက်လက်၍သောက်စားပြီး စောင့်ကြည့်ရန် ရွေးချယ်လိုက်ကြ၏။
"ဒါက ဒီနားမှာရှိတဲ့ လင်းမြောင်ဘုရားကျောင်းက ဘုန်းတော်ကြီးတွေပဲ....ငါ သူတို့ကို အရင်ကမြင်ဖူးတယ်"
မျောက်က အသံသတင်းစကားပေးပို့သည်။
လင်းမြောင်ဘုရားကျောင်းသည် သူတို့ ဦးတည်သွားမည့်နေရာပင်။
လုယွီ၏မျက်ခုံး မြင့်တက်သွားသည်။သူသည် ဆိုင်ရှင်မှနေ၍ ဘုန်းတော်ကြီးကို ပေးအပ်သောငွေလက်မှတ်ကို မြင်တွေ့မိသည်။ဤသည်မှာ စိတ်ဝိညာဥ်ကျောက်တုံးတစ်သိန်းတန် ငွေလက်မှတ်ပင်။
သုန်းကော်မြို့သည် အလွန်သေးငယ်ပေ၏။ဤစားသောက်ဆိုင်၏နှစ်စဉ်အမြတ်ငွေသည် အများဆုံးအနေဖြင့် ငါးသိန်းခန့်သာရှိပေမည်။ ဆိုင်တာဝန်ခံသည် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းကို ထုတ်ပေးသည်မှာ သူ၏အရိုးကိုညှစ်ပေးနေခြင်းနှင့် ကွဲပြားခြားနားခြင်းမရှိချေ။
"တိတိကျကျပြောရရင် ဗုဒ္ဓရဲ့တည်ရှိနေမှုကြောင့် မင်းတို့က ဒီလောကကြီးထဲမှာ အသက်ရှင်သန်နိုင်ပြီးတော့ မင်းတို့ရဲ့မိသားစုကိုကျွေးမွေးဖို့ ငွေကြေးတွေ ရှာဖွေနိုင်တယ်....လူသားတစ်ယောက်အနေနဲ့ မင်းက ဗုဒ္ဓကို ကျေးဇူးတင်သင့်တယ်"
ခေါင်းဆောင်ဘုန်းတော်ကြီးသည် ခြေတစ်လှမ်းရှေ့တက်ကာ သူ၏မျက်နှာသည် တဖြည်းဖြည်း ရေခဲတမျှအေးစက်တင်းမာသွားသည်။
နံဘေးမှ ဘုန်းတော်ကြီးနှစ်ပါး၏အရှိန်အဝါနှင့် ပေါင်းစပ်လိုက်ချိန်၌ ခေါင်းဆောင်ဘုန်းတော်ကြီး၏ပုံရိပ်သည် အလွန်အမင်းကြီးကျယ်ခမ်းနားနေသည်။သူသည် ကောင်းကင်ဘုံ၏ရိုသေလေးစားမှုကိုပင် ခံယူရသော ဉာဏ်အလင်းပွင့်ထားသည့် ထိပ်သီးတည်ရှိမှုကြီးတစ်ခုအလားပင်။ဤသည်ကြောင့်လူအများထံတွင် သူ့အား မခုခံနိုင်ဖြစ်စေသော ခံစားချက်မျိုး မွေးဖွားစေသည်။
ဆိုင်ရှင်သည် ထိတ်လန့်တုန်လှုပ်သွားပြီး နောက်ထပ်ငွေလက်မှတ်တစ်ခုကို ထုတ်ယူကာ အလျင်အမြန်လက်ကမ်းပေးလိုက်သည်။ထို့နောက် သူသည် မြေပြင်ပေါ်၌ဒူးထောက်ကာ ဦးတိုက်အရိုအသေပြုပြီး ပြောဆိုလိုက်၏။
"ငါက ဗုဒ္ဓကို နေ့တိုင်း ရေသပ္ပါယ်တဲ့အပြင် အမွေးနံ့သာ ပူဇော်ပြီးတော့ ညတိုင်း ဝတ်ပြုကိုးကွယ်ဖို့ ဆန္ဒရှိပါတယ်"
ဆိုင်ရှင်သည် အဆက်မပြတ် ဦးတိုက်အရိုအသေပြုနေခြင်းကြောင့် သူ၏နဖူးကွဲသွားကာ သွေးများယိုစီးကျနေသည်။
သူ၏ပုံပန်းသွင်ပြင်ကိုကြည့်ရသည်မှာ အလွန်ဆိုးရွားနေပေ၏။
သို့ရာတွင် ဘုန်းတော်ကြီး၏မျက်နှာသည် ခံစားချက်ကင်းမဲ့နေကာ သူက ဆိုင်ရှင်ကိုကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။
"မင်းရဲ့စားသောက်ဆိုင်နေရာက မြို့ရဲ့လူစည်ကားတဲ့အပိုင်းမှာ ရှိနေတယ်....တစ်ရက်အတွင်းမှာ ငွေတွေအများကြီးဝင်တယ်မဟုတ်လား...တကာတော်က ဗုဒ္ဓအပေါ် ရက်ရက်ရောရောလှူမယ်လို့ ငါ မျှော်လင့်မိတယ်...မင်းရဲ့ကြွင်းကျန်တဲ့ဘဝမှာ မင်း လောဘကြီးမိတဲ့အချိန်တခဏလေးအတွက် နောင်တရမသွားစေချင်ဘူး"
"မြင့်မြတ်တဲ့ဆရာတော်က ငါ့ကို လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဆိုင်ရှင်၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ဤငွေလက်မှတ်နှစ်ရွက်သည် စိတ်ဝိညာဉ်ကျောက်တုံးနှစ်သိန်းဟု ဆိုလိုခြင်းပင်။
ဤသည်မှာ စားသောက်ဆိုင်၏တနှစ်တာ အမြတ်များအနက်မှ တဝက်နီးပါးကို ပေးအပ်လိုက်ရခြင်းပင်။
ဘုန်းတော်ကြီးသည် စိတ်ကျေနပ်သောအပြုံးဖြင့် နောက်သို့ချာခနဲလှည့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ရုတ်တရက် သူ၏မျက်ခုံး မြင့်တက်သွားပေ၏။
အစောပိုင်းက သူတို့ ဆိုင်အတွင်းသို့ဝင်လာစဉ်၌ စားသောက်ဆိုင်အတွင်းရှိ တခြားဧည့်သည်များကို မောင်းထုတ်ရန်အတွက် ခြိမ်းခြောက်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။
သို့ရာတွင် စားပွဲတစ်လုံး၌ လူသုံးယောက်သည် တည်ငြိမ်သောအမူအယာဖြင့် ထိုင်နေလေ၏။ ခွေးနက်ကြီးနှင့်မျောက်တို့သည် အစားအစာများကို ပါးစပ်အပြည့်စားနေကာ ဝိုင်အရက်များ သောက်နေကြသည်။သူတို့သည် ဘေးပတ်ဝန်းကျင်ကို အနည်းငယ်မျှဂရုမစိုက်ချေ။
ခေါင်းဆောင်ဘုန်းတော်ကြီး၏မျက်နှာပေါ်၌ စိတ်မပျော်မရွှင်ဖြစ်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။သူသည် ရှေ့သို့လျှောက်လှမ်းသွားပြီး တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။
"အော်မိတောဖော...တကာလေးတို့ မင်းတို့က အမွှေးနံ့သာဖိုးအတွက် လှူဒါန်းချင်လားဆိုတာ ငါ သိချင်မိတယ်"
Chapter 4284
မျောက်နှင့်ခွေးနက်ကြီးတို့သည် ရယ်မောလိုက်ကြ၏။
ဤနတ်ဆိုးသားရဲနှစ်ကောင်ထံတွင် အမြဲတစေ ဆိုးရွားသောအကြံအစည်များဖြင့် ပြည့်နှက်နေသည်။
သူတို့သည် တခြားလူများကို အနှောက်အယှက်ပေးလေ့ရှိသူများ ဖြစ်သော်လည်း ယခုအချိန်၌ သူတို့အား တစ်စုံတစ်ယောက်မှ ပြဿနာလာရှာနေသည်။
မျောက်နှင့်ခွေးနက်ကြီးတို့သည် ဟင်းလျာများကို ဆက်လက်၍ အငမ်းမရဝါးမြိုလိုက်၏။သူတို့၏အစားငမ်းမှုသည် အလွန်ကြီးမားပြီး ဘုန်းတော်ကြီး၏စကားများကို အနည်းငယ်မျှ ဂရုမစိုက်ချေ။
"တကာတော်လေးတို့....ငါ ပြောတာကို မကြားကြဘူးလား"
ဘုန်းတော်ကြီး၏မျက်နှာအမူအယာ တဖြည်းဖြည်း ခက်ထန်တင်းမာသွားသည်။
သူ၏နံဘေးရှိ သိုင်းပညာဘုန်းတော်ကြီးနှစ်ပါးသည်လည်း ခြေတစ်လှမ်းရှေ့တက်လိုက်ကြ၏။သူတို့၏လက်များအတွင်းရှိ ဓားကွေးများမှ အေးစက်စက်အလင်းတန်းများ ဖြာထွက်လာကာ တစ်စုံတစ်ယောက်ကို ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီသွားစေသည်။
ဤသည်မှာ စိတ်ဝိညာဥ်တောင်၏မြင့်မြတ်နယ်မြေဖြစ်သဖြင့် ဗုဒ္ဓကျင့်ကြံသူသည် အလွန်မြင့်မားသော အဆင့်အတန်းနှင့်အခွင့်အာဏာကို ပိုင်ဆိုင်သည်။
သူတို့သည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ရိုသေလေးစားခံရသော တည်ရှိမှုကြီးများဖြစ်ပေ၏။
သို့ရာတွင် ယခုအချိန်၌ မျောက်နှင့်ခွေးနက်ကြီးတို့သည် ဤဘုန်းတော်ကြီးကိုမမြင်ချင်ယောင်ဆောင်နေခဲ့သည်။ဤသည်မှာ ဗုဒ္ဓကျင့်ကြံသူများ၏ တားမြစ်ကန့်သတ်ချက်များကို ချိုးဖျက်လိုက်ခြင်းပင်။
"အော်မိတောဖော....မင်းတို့တွေက ငါ့ရဲ့စကားကို ဂရုမစိုက်ကြဘူးလား"
ဘုန်းတော်ကြီး၏အသံသည် အက်ရှရှဖြစ်နေသော်လည်း စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
သူသည် ခြေတစ်လမ်းရှေ့တက်ကာ သူ၏ကြွက်သားများကို ထုတ်ဖော်ပြသလိုက်သည်။သူ၏လည်ပင်း၌ ဆုတောင်းပုတီးတစ်ကုံးကိုဆွဲထားကာ ထိုအရာမှနေ၍ စူးရှသောအလင်းတန်းများ ဖြာထွက်နေသည်။
မျောက်၏မျက်နှာရှုံမဲ့သွားကာ သူ့၏ခေါင်းကိုချာခနဲလှည့်ကြည့်ပြီး အေးစက်တင်းမာစွာပြောဆိုလိုက်၏။
"မင်းတို့ရဲ့ဖိုးဖိုးက စားသောက်နေတယ်လေ...မင်းတို့ ဘာလို့ ဒီနေရာကိုလာပြီး လေရှည်နေတာလဲ...မင်းတို့က သေချင်နေတာလား"
ရှေးဟောင်းအချိန်ကာလများအတွင်း၌ မျောက်သည် ဗုဒ္ဓဂိုဏ်း၏ထိပ်သီးကျင့်ကြံသူများကြောင့် ဒဏ်ရာရရှိခဲ့ပုံရသည်။သူသည် ဤဗုဒ္ဓကျင့်ကြံသူများအပေါ်တွင် အမြင်ကောင်းမရှိချေ။
"ခွေးမသား....မင်း ဘာစကားပြောလိုက်တာလဲ"
"ဘုန်းတော်ကြီးတစ်ပါးကိုတောင် မင်းက မလေးမစားလုပ်ရဲတာလား...မင်းက တိရစ္ဆာန်ထက်တောင် ဆိုးတဲ့ကောင်ပဲ"
သိုင်းပညာဘုန်းတော်ကြီးနှစ်ပါးက ဒေါသတကြီး အော်ဟစ်လိုက်သည်။သူတို့၏ခန္ဓာကိုယ်များမှနေ၍ ရွှေရောင်အလင်းတန်းများ ပွင့်အံ့ထွက်လာကာ သူတို့နောက်ရှိ လေဟာနယ်အတွင်း၌ ရွှေရောင်ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။
ထိုရွှေရောင်ပုံရိပ်ယောင်များသည် နဂါးများကျားများ၏ပုံသဏ္ဍာန် ရှိပေ၏။ထိုပုံရိပ်ယောင်များသည် သူတို့၏အစွယ်များကို ဖြဲဟ၍ လက်စွယ်များကိုဝှေ့ယမ်းနေကာ အလွန်ကြီးကျယ်ခမ်းနားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည်။
"ဟား ဟား ဟား...အရမ်းကောင်းတယ်...မင်းတို့က အရမ်းတော်တာပဲ"
မျောက်သည် သူ့အား အရပ်မျက်နှာအဘက်ဘက်မှ ဝိုင်းရံလာသော ရွှေရောင်ပုံရိပ်ယောင်များကိုကြည့်ပြီး ပြောဆိုလိုက်သော်လည်း သူသည် လှုပ်ရှားမှုတစ်ခုလုပ်ရန် ရည်ရွယ်မထားချေ။
အကယ်၍ သူ၏စိတ်ဆန္ဒအတိုင်းဆိုပါက သူ့၏တုတ်ဖြင့် ဤဘုန်းတော်ကြီးများကိုရိုက်သတ်ပြီး သူတို့၏စိတ်ဝိညာဉ်များကို ကြေမွှပျက်စီးသွားစေသည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။
"အနည်းဆုံးတော့ မင်းမှာ သိတတ်မှုတစ်ခု ရှိသင့်တယ်...ကြည့်ရတာတော့ မင်းတို့က အပြင်လူတွေဖြစ်ပုံပဲ....မင်းတို့က စိတ်ဝိညာဉ်တောင်ကို ရောက်လာမှတော့ တောင်ရဲ့စည်းမျဉ်းတွေကိုလိုက်နာရမယ်.....ငါတို့ ဗုဒ္ဓဘုန်းတော်ကြီးတွေက မင်းတို့ အနိုင်ကျင့်လို့ရတဲ့ လူစားမျိုးတွေမဟုတ်ဖူး...မင်းတို့ကိုမေးခွန်းမေးတာက မင်းတို့ကို ချီးမြှောက်တာနဲ့ အတူတူပဲ... ဒီနေရာမှာ အရှက်မဲ့တဲ့ကိစ္စတွေကို မပြုမူစမ်းနဲ့"
ဘုန်းတော်ကြီးများအနက်မှတစ်ပါးက ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းလိုက်သည်။သူ၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်ပေ၏။
ဤစကားများသည် မျောက်၏ဒေါသများကိုပေါက်ကွဲသွားစေလုမတတ်ပင်။
မျောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဆရာတော်...မင်းရဲ့နာမည်ကို ငါ သိခွင့်ရမလား"
ဘုန်းတော်ကြီးက ပြောဆိုသည်။
ဘုန်းတော်ကြီးတွေမှာ နာမည်မရှိဘူး ဓမ္မနာမည်ပဲရှိတယ်....ဘွဲ့က စာ နာမည်ကတော့ ရွှမ်ခူ ဒီနာမည်ကို မင်းရဲ့စိတ်ထဲမှာ သေချာမှတ်ထားပါ"
"ကောင်းပြီ...ကောင်းပြီလေ...ရွှမ်ခူ ဟုတ်တယ်မလား....ငါ မင်းကို မှတ်ထားမယ်"
မျောက်သည် သူ၏လက်အတွင်း၌ အားအနည်းငယ်စိုက်ထုတ်ပြီး တူများကိုချိုးလိုက်၏။
"ဆရာတော်တို့....ငါ့ရဲ့မိတ်ဆွေနှစ်ယောက်က အခုမှ စိတ်ဝိညာဉ်တောင်ကိုရောက်လာတာကြောင့် စည်းမျဥ်းတွေကို မသိကြဘူး ....ကျေးဇူးပြုပြီးတော့ သူတို့ကို ခွင့်လွှတ်ပေးပါ....ဒါက အမွှေးနံ့သာအလှူငွေလေးပါ"
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုကာ ငွေလက်မှတ်တစ်ရွက်ကို လက်ကမ်းပေးလိုက်သည်။
ဘုန်းတော်ကြီးသည် မူလက သူ့၏လက်ဝါးနှစ်ဖက်ကိုကူးကပ်ကာ အခြေအနေကို စောင့်ကြည့်ရန် ဟန်ပြင်နေသည်။သို့ရာတွင် သူသည် လုယွီလက်ကမ်းပေးသော ငွေလက်မှတ်ကို မြင်တွေ့ချိန်၌ သူ၏မျက်နှာအမူအယာ ရုတ်တရက်ပြောင်းလဲသွားသည်။
"စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းလား"
ဘုန်းတော်ကြီး၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားကာ ထိုငွေလက်မှတ်ကို အလျင်အမြန်ယူပြီး သူ၏သင်္ကန်းအတွင်း၌ သိမ်းဆည်းလိုက်၏။
သူသည် လုယွီကို ထပ်မံ၍ ဂရုတစိုက်ကြည့်လိုက်သည်။လုယွီသည် ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားကာ သာလွန်ထူးကဲသောအရှိန်အဝါရှိသည်ကို သူ မြင်တွေ့မိသည်။ထိုကြောင့် လုယွီသည် အထက်တန်းလွှာ သို့မဟုတ်မြင့်မြတ်သူတစ်ယောက်ဖြစ်မည်ဟု သူ သိရှိသွားသည်။
"သခင်လေးက ထူးချွန်တဲ့ လူတစ်ယောက်ပဲ....ဗုဒ္ဓအလင်းရောင်က မင်းပေါ်မှာ တောက်ပနေမှာပါ"
ဘုန်းတော်ကြီးက အပြုံးနှင့်ပြောဆိုကာ သူ၏လက်နှစ်ဖက်ကိုပူးကပ်ပြီး ဦးညွှတ်အရိုအသေပြုလေ၏။
လူတစ်ယောက်ထံတွင် ငွေကြေးရှိနေသရွေ့စကားပြောဆိုရသည်မှာ အလွန်အဆင်ပြေသည်။
မျောက်နှင့်ခွေးနက်ကြီးတို့သည် အစောပိုင်းကရိုင်းပြစွာစကားပြောဆိုခဲ့သော်လည်း ဤဘုန်းတော်ကြီးများသည် ဒေါသထွက်ခြင်းမရှိချေ။ထိုအစား သူတို့သည် ငွေလက်မှတ်ကိုယူပြီး ထွက်ခွာသွားကြ၏။
ဘုန်းတော်ကြီးများ ထွက်ခွာသွားပြီးနောက် မျောက်က ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုလိုက်သည်။
"အကျိုးအမြတ်ကိုပဲသိတဲ့ ခေါင်းပြောင်ကြီးတစ်သိုက်...သူတော်ကောင်းယောင်ဆောင်နေတဲ့ ကြောင်သူတော်တွေ ငါက အနှေးနဲ့အမြန် သူတို့ကို တန်ကြေးပြန်ပေးဆပ်ရအောင် လုပ်မယ်"
Chapter 4585
ခွေးနက်ကြီးက ရယ်မောလိုက်သည်။
"ဘာမှအလျင်မလိုနဲ့....အလျင်လိုစရာမရှိဘူး ....အဲ့ဒီဘုန်းတော်ကြီးတွေက ငါတို့ကို ကူညီဖို့ အပြင်ထွက်လာတာပဲ...သူတို့ကောက်ခံထားတဲ့ ငွေကြေးတွေအားလုံးက မကြာခင်မှာ ငါတို့ရဲ့လက်ထဲကို ရောက်လာလိမ့်မယ်"
မျောက်၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
"ငါ ခုဏက မြင်လိုက်တယ်...အဲဒီသင်္ကန်းကိုကြည့်ရတာ သိုလှောင်ရတနာတစ်ခု ဖြစ်ပုံရတယ်...ဒါက ရတနာကောင်းတစ်ခုပဲ"
"မင်းရဲ့အမြင်က ဆိုးလိုက်တာ...အဲ့ဒီခေါင်းပြောင်ကြီးက အယောင်ဆောင်တဲ့နေရာမှာ အရမ်းတော်တယ် ..သူဝတ်ထားတဲ့သင်္ကန်းက အပေါ်ယံဘန်းပြပဲ...မင်း သူ့ရဲ့လက်ထဲမှာကိုင်ထားတဲ့ပုတီးကုံးကို မမြင်ဘူးလား...ဒါတွေက ကခုန်နေတဲ့မြွေသစ်သားနဲ့ ထွင်းထုထားပြီးတော့ အထွတ်အမြတ်မှော်စွမ်းအားတွေ ပါဝင်တယ်...ဒါက အစစ်အမှန်မှော်ရတနာတစ်ခုပဲ"
ရတနာများအကြောင်းကို ပြောဆိုချိန်တွင် ဤသက်ရှိနှစ်ယောက်သည် ယခင်က သူတို့၏ မုန်းတီးမှုရန်ငြိုးများကို ချက်ချင်းစွန့်လွှတ်ပြီး စိတ်အားထက်သန်စွာ ဆွေးနွေးကြသည်။
လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းပြီး ဆိုင်ရှင်ထံသို့ ကြည့်လိုက်သည်။
"လူအိုကြီး...ဘုန်းတော်ကြီးတွေက သနားကြင်နာတတ်ပြီးတော့ ကံကြမ္မာကောင်းရအောင် လမ်းညွှန်ပေးတယ်လို့ ငါ ကြားခဲ့ဖူးတယ်...ဒါပေမဲ့ ဒီဘုန်းတော်ကြီးတွေကတော့ ဘာလို့ ရက်စက်ကြမ်းကြုတ်ပြီး ကျိုးကြောင်းမဆီလျော်ဘဲနဲ့ အမွေးနံ့သာအလှူငွေကို အတင်းအကြပ်ကောက်ခံနေတာလဲ"
ဆိုင်ရှင်က သူ၏ခေါင်းကိုခါယမ်းပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"မင်းက အခုမှ စိတ်ဝိညာဉ်တောင်မြင့်မြတ်နယ်မြေကို ရောက်လာတာဖြစ်မယ်...ဟုတ်တယ်မလား...နေရာတိုင်းမှာရှိနေတဲ့ ဗုဒ္ဓကျင့်ကြံသူတွေကတော့ ဒီလိုမျိုး ဖြစ်ပုံမရပါဘူး..ဒါက ဒီနေရာပတ်ဝန်းကျင်မှာ လင်းမြောင်ဘုရားကျောင်း ရှိနေတာကြောင့်ပဲ....သူတို့က ငါတို့ကို ကာကွယ်ပေးထားတာကြောင့် အမွှေးနံ့သာအလှူငွေက အစောင့်အရှောက်ကြေးပဲ"
"အစောင့်အရှောက်ကြေးလား... ဖြစ်နိုင်တာတော့ ဒီနေရာမှာ အန္တရာယ်တစ်ခုခု ရှိနေလို့လား"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ဗုဒ္ဓအယူဝါဒများအရ စိတ်ဝိညာဉ်တောင်သည် ထာဝရအလင်းတန်းများ တောက်ပနေသော သန့်စင်သည့်နယ်မြေပင်။
ဤသည်မှာ ဗုဒ္ဓကျင့်ကြံသောနေရာဖြစ်ပြီး ဗုဒ္ဓအလင်းရောင်များက ပတ်ဝန်းကျင်နေရာတဝိုက်ကို လင်းထိန်နေစေသည်။တစ်စုံတစ်ယောက်သည် ဤနေရာ၌နေထိုင်သရွေ့ အလွန်အမင်းဘေးကင်းလုံခြုံပေမည်။
"မင်းက ဒီနေရာမှာကို ခုမှရောက်လာတာကြောင့် သိမှာမဟုတ်ဘူး....သုန်းကော်မြို့ရဲ့အပြင်က မိုင်နှစ်ရာကျော်ဝေးတဲ့နေရာမှာ နတ်ဆိုးသားရဲတွေရဲ့အသိုက်တစ်ခု ရှိနေတယ်...အဲ့ဒီနေရာမှာ ရာထောင်ချီတဲ့ နတ်ဆိုးသားရဲတွေ စုဝေးနေကြတယ်....အဲဒီအသိုက်ကို နတ်ဆိုးမျိုးနွယ်ရဲ့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ စောင့်ကြပ်နေပြီးတော့ လူတွေကို မဆင်မခြင်သတ်ဖြတ်နေတယ်....အဲ့ဒီနတ်ဆိုးသားရဲထိပ်သီးကျင့်ကြံသူတွေရဲ့မျက်လုံးတွေထဲမှာ ငါတို့က ရိက္ခာတွေဆိုတာထက် မပိုဘူး"
ဆိုင်ရှင်က ထပ်ခါတလဲလဲ သက်ပြင်းရှိုက်လိုက်၏။
လုယွီက မေးမြန်းသည်။
"ဒါက စိတ်ဝိညာဉ်တောင်လေ...အဲ့ဒီနတ်ဆိုးသားရဲတွေက လူတွေကိုသတ်နေမှတော့ ဘာလို့ဗုဒ္ဓဂိုဏ်းက မဖြေရှင်းတာလဲ"
"အဲ့ဒီနတ်ဆိုးသားရဲအသိုက်ရဲ့ခေါင်းဆောင်တွေက ဗုဒ္ဓဂိုဏ်းနဲ့ အရမ်းနီးကပ်တဲ့ဆက်ဆံရေးရှိတယ်လို့ ငါ ကြားထားတယ်....ဟူး ဒါနဲ့ မင်းတို့ကောင်တွေက ကုန်သည်တွေလည်း ဟုတ်ပုံမရဘူး...မင်းတို့က ဘာကိစ္စနဲ့ ဒီနေရာကို ရောက်လာတာလဲ"
ဆိုင်ရှင်သည် စကားပြောဆိုရန် ဟန်ပြင်လိုက်ချိန်မှာပင် တားမြစ်ချက်တစ်ခုကို တွေးတောမိသွားသဖြင့် အလျင်အမြန်စကားလမ်းကြောင်းလွှဲလိုက်သည်။
သူ စကားလမ်းကြောင်းလွှဲလိုက်သော်လည်း လုယွီသည် ယေဘုယျအခြေအနေကို ခန့်မှန်းနိုင်ပြီးဖြစ်သည်။
မြို့၏ပြင်ပတွင် ကျင်လည်ကျက်စားနေသောနတ်ဆိုးသားရဲများ ရှိနေသည်။ထို့ပြင် နတ်ဆိုးသားရဲများ၏နောက်တွင် ကြီးမားသောကျောထောက်နောက်ခံရှိနေကာ ဗုဒ္ဓဂိုဏ်းနှင့်ပင် အလွန်အားကောင်းသော ဆက်ဆံရေးတစ်ခု ရှိနေပေ၏။
နတ်ဆိုးသားရဲများသည် မြို့ပြင်၌ လူအမြောက်အများကိုသတ်ဖြတ်ကာ ဗုဒ္ဓဂိုဏ်းသည် မြို့အတွင်း၌ သူတို့အတွက် အကျိုးအမြတ်များရအောင် ညှစ်ထုတ်နေသည် သုန်းကော်မြို့တစ်မြို့လုံး၌ လူအနည်းစုသာရှိသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ဤနေရာတွင် ထိုကဲ့သို့ဖြစ်လာရသော အကြောင်းအရင်းတစ်ခု ရှိနေပေ၏။
လုယွီက ပြောဆိုသည်။
"ငါ့ရဲ့မိသားစုက ငါ့ကို လေ့ကျင့်ဖို့အတွက် ပြင်ပလောကကို လွှတ်လိုက်တာပါ....ငါက ခြေဦးတည်ရာ လျှောက်သွားနေခဲ့ပြီးတော့ အခုမှ မြင့်မြတ်တဲ့စိတ်ဝိညာဥ်တောင်ကို ရောက်လာတာပါ"
ချမ်းသာကြွယ်ဝပြီး အစွမ်းထက်သော မိသားစုတချို့သည် သူတို့၏လူငယ်မျိုးဆက်သစ်များကို အသက်အရွယ်တစ်ခုသို့အရောက်တွင် လေ့ကျင့်ရန်အတွက် ပြင်ပသို့စေလွှတ်လေ့ရှိသည်။
ဆိုရိုးစကားအရပြောဆိုရလျှင် စာအုပ်တစ်သောင်းကျော်ဖတ်ရှုခြင်းထက် ဆယ်ရက်တာခရီးသွားခြင်းက ပို၍ကောင်းမွန်သည်။
ဤအထက်တန်းလွှာသခင်လေးများထံတွင် ပေါကြွယ်ဝသော အရင်းအမြစ်များရှိသည်။သူတို့လုပ်ဆောင်ရန်လိုအပ်သည်မှာ လောကကြီးအတွင်း၌ လှည့်လည်သွားလာပြီး အတွေ့အကြုံများကို ရှာဖွေစုဆောင်းရန်ပင်။ဤသည်မှာ မိသားစုအိမ်တော်အတွင်း၌နေပြီး တံခါးပိတ်ကျင့်ကြံနေသည်ထက် ပို၍ကောင်းမွန်ပေမည်။ထိုသို့မဟုတ်ပါက သူတို့သည် ပြင်ပလောကရှိ အန္တရာယ်များကို သိတော့မည်မဟုတ်ချေ။
"ဒါဆိုရင် အဲ့ဒီလိုလား....သခင်လေးကို ကြည့်ရတာ စေတနာကောင်းပုံရတာကြောင့် ငါ မင်းကို အကြံနည်းနည်းပေးချင်တယ်...တကယ်လို့ မင်းတို့တွေ ဒီမြို့ထဲကနေ ထွက်သွားမယ်ဆိုရင် အနည်းဆုံးတော့ လူစုပြီးသွားကြပါ...အပြင်မှာရှိတဲ့ နတ်ဆိုးသားရဲတွေက တော်တော်လေးရက်စက်ကြမ်းကြုတ်တယ်...တကယ်လို့ မင်းတို့ ဂရုမစိုက်ဘူးဆိုရင် သူတို့ ဖမ်းဆီးတာကို ခံရနိုင်တယ်...အဲဒီအချိန်ကျရင် တကယ်လို့ မင်းတို့မှာ တောင်ပံရှိနေရင်တောင် လွတ်နိုင်မှာ မဟုတ်ဘူး"
ဆိုင်ရှင်က ဂရုတစိုက် သတိပေးသည်။
ခွေးနက်ကြီးက ရယ်မောလိုက်သည်။
"ဆိုင်ရှင် ဘာမှမစိုးရိမ်နဲ့....ဘယ်နတ်ဆိုးသားရဲမဆို ငါတို့ရဲ့ရှေ့မှာ မဆင်မခြင်လုပ်ဝံ့မယ်လို့ ငါ မယုံဘူး"
ခွေးနက်ကြီးသည် ရှေးဟောင်းနတ်ဆိုးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသဖြင့် သာမန်နတ်ဆိုးသားရဲများပေါ်တွင် အားကောင်းသောလွှမ်းမိုးချုပ်ကိုင်နိုင်မှုအရှိန်အဝါရှိသည်။
သာမန်နတ်ဆိုးသားရဲများသည် ခွေးနက်ကြီး၏ရှေ့၌ မဆင်မခြင်ပြုမူဝံ့မည် မဟုတ်ချေ။
ဥပမာအနေဖြင့်ပြောရလျှင် အောက်ဘုံအတွင်း၌ အောင်းကွမ်းသည် ခွေးနက်ကြီးကိုမြင်တွေ့ချိန်တွင် သူသည် ရိုသေလေးစားစွာဖြင့် ဘိုးဘေးဟုသုံးနှုန်းပြီး အလွန်အမင်း သတိကြီးစွာထားခဲ့သည်။
Thank For Reading.