← Chapters

အခန်း (၄၅၉၁-၄၅၉၅)

Vol. 233 Ch. 4591-4595

အခန်း (၄၅၉၁-၄၅၉၅)

Vol. 233 Ch. 4591-4595

Chapter 4591

ဤသည်မှာ ရိုးရှင်းသော နတ်ဆိုးသားရဲအသိုက်တစ်ခု မဟုတ်တော့ချေ။ ဤနေရာသည် တောင်ပေါ်တွင် ခြေကုပ်ယူထားသော ကြီးမားသည့်အင်အားစုတစ်စုနှင့် တူညီနေပေ၏။

လမ်းတလျှောက်တွင် လုယွီသည် ဗလာဟင်းလင်းဖြစ်နေသော ကျိုးတိုးကျဲတဲ လူနေအဆောက်အအုံအမြောက်အများကို မြင်တွေ့ခဲ့သည်။ ဤနေရာပတ်ဝန်းကျင်ရှိ မြို့တချို့သည်လည်း ခြောက်ကပ်နေကာ လူရိပ်လူယောင်ကိုပင် မမြင်ရတော့ချေ။

သုန်းကော်မြို့ကဲ့သို့ မြို့ကြီးတမြို့တွင်ပင် လူဦးရေ နှစ်ထောင်ကျော်မှ သုံးထောင်ခန့်သာ ရှိသည်။ အကယ်၍ ဤနေရာသည် တော်ဝင်နန်းတွင်း၏ လက်အောက်ခံနယ်မြေ ဖြစ်ပါက မြို့ငယ်တစ်မြို့အဖြစ်ပင် သတ်မှတ်နိုင်မည် မဟုတ်ချေ။ ဤသည်ကို လူအနည်းငယ် စုဝေးနေသော နေရာအဖြစ်သာ ယူဆနိုင်ပေမည်။

ဤကဲ့သို့ မြင်ကွင်းများ ဖြစ်အောင် ပြုလုပ်ထားသည့် လက်သည်တရားခံများသည် ဤနတ်ဆိုးသားရဲများသာ ဖြစ်ပေမည်။

"လူသား....ဒါက မင်း လာသင့်တဲ့နေရာ မဟုတ်ဘူး...မင်းက ဒီနေရာကို ကျူးကျော်ဝင်လာဝံ့မှတော့ မင်းရဲ့အသက်ကို ချန်ထားခဲ့စမ်း"

အဝေးတစ်နေရာရှိ တောတောင်အကြားမှနေ၍ နတ်ဆိုးသားရဲတစ်ကောင်၏ ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသောအသံ ထွက်ပေါ်လာသည်။

ထိုအော်ဟစ်ကြုံးဝါးသံနှင့်အတူပတ်ဝန်းကျင်ရှိ တောင်များနှင့်မြစ်များ လှုပ်ယမ်းသွားသည်။ တိတ်ဆိတ်ငြိမ်သက်နေသော နတ်ဆိုးသားရဲအမြောက်အများသည် ထိုအသံကိုကြားသည်နှင့် လုယွီထံဦးတည်ကာ တဟုန်ထိုးတိုးဝင်လာကြ၏။

လေထုအား ထွင်းဖောက်လာသည့် ကျယ်လောင်သောအသံများကို အရပ်မျက်နှာအဘက်ဘက်မှ ကြားနေရသည်။

ထို့နောက် ရာနှင့်ချီသော နတ်ဆိုးသားရဲများသည် လုယွီ၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ဤနတ်ဆိုးသားရဲများသည် အမျိုးအစားစုံလင်ပေ၏။ ဝက်ဝံရိုင်းများ တောခွေးရိုင်းများ ဝံပုလွေများ ကျားများနှင့် ကျားသစ်များ စသဖြင့် နတ်ဆိုးသားရဲမျိုးစုံ ရှိနေသည်။ ဤနတ်ဆိုးသားရဲများထံတွင် စိတ်ဝိညာဥ်စွမ်းအားများ ရစ်သိုင်းလွှမ်းခြုံနေကာ သူတို့သည် မြင့်မားသော ဉာဏ်ရည်ဉာဏ်သွေးများနှင့် မွေးဖွားလာခြင်း ဖြစ်သည်။ အဆုံးသတ်၌ သူတို့သည် တာအိုကို ရရှိထားသော နတ်ဆိုးများပင်။ သူတို့သည် ဥာဏ်ရည်မြင့်မားကာ လူသားဘာသာစကားကို ပြောဆိုနိုင်သည်။ သူတို့သည်ကျမ်းစာများကို နားလည်သဘောပေါက်နိုင်ပြီး တာအိုလမ်းကြောင်းကို လျှောက်လှမ်းနိုင်ပေ၏။

သို့ရာတွင် ထိုနတ်ဆိုးသားရဲများထံတွင် ကျင့်ကြံနိုင်သော စွမ်းရည်ရှိသည့်တိုင် တောရိုင်းသားရဲများ၏အကျင့်စရိုက်သည် ပြောင်းလဲသွားခြင်းမရှိချေ။ သူတို့သည် နေရာအနှံ့ လှည့်လည်သွားလာပြီး လူသားများကို အဆင်အခြင်မဲ့စွာ သတ်ဖြတ်ကြသည်။

"လုယွီ...ဒါတွေအားလုံးက မင်းအပေါ်မှာ မူတည်သွားပြီ"

ခွေးနက်ကြီးနှင့်မျောက်သည် တပြိုင်နက်တည်း ခြေတစ်လှမ်းနောက်ဆုတ်ပြီး လုယွီ၏နောက်၌ ပုန်းအောင်းလိုက်ကြ၏။

သူတို့၏ခြေလှမ်းများသည် အလွန်ညီညာကာ မှီခိုအားထား၍မရသော အဖော်များပင်။

လုယွီက သူ၏ခေါင်းကို ခါယမ်းပြီး ထိုကောင်စုတ်နှစ်ကောင်ကို လျစ်လျူရှုလိုက်သည်။ သူ၏သိုလှောင်အိတ်ကို တစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ခေါင်းပြတ်ဓား ပျံ့လွင်လာပြီး အနက်ရောင်အလင်းတန်းတတန်း အသွင်သို့ ပြောင်းလဲသွားကာ လေဟာနယ်အတွင်းသို့ တိုးဝင်သွားသည်။

ခေါင်းဖြတ်ဓားသည် လုယွီ ပိုင်ဆိုင်ထားသည့် မသေမျိုးအဆင့် မှော်လက်နက်ပင်။

ဤအရာသည် အတိတ်ဘဝမှ စွမ်းအားကို ပြန်လည်ရရှိထားလေပြီ။ ဤဓား၏ ထိခိုက်ပျက်စီးနေသော အစိတ်အပိုင်းအများစုကို လုယွီက အမျိုးမျိုးသော သဘာဝရတနာများကို အသုံးပြု၍ ပြင်ဆင်ထားပြီးဖြစ်သည်။

ခေါင်းဖြတ်ဓား၏မျက်နှာပြင်ပေါ်တွင် နတ်ဆိုးဘုရင်တစ်ပါး၏ ဝိုးတဝါးပုံရိပ်ယောင် ထွက်ပေါ်လာသည်။ ထိုနတ်ဆိုးဘုရင်သည် ဓားရှည်ကိုကိုင်ထားပြီး အစွယ်ကိုဖြဲဟကာ ခြေသည်းလက်သည်းများကို ဝှေ့ယမ်းနေသည်။ သူ၏ပုံပန်းသွင်ပြင်သည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပေ၏။ ဤသည်မှာ ခေါင်းဖြတ်ဓား၏လက်နက်ဝိညာဉ်ဖြစ်သော နတ်ဆိုးသတ်ဖြတ်သူဘုရင်ပင်။

မသေမျိုးအဆင့် မှော်လက်နက်တစ်ခုတွင် စိတ်ဝိညာဥ်ရှိသည်။ နတ်ဆိုးသတ်ဖြတ်သူဘုရင် ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ထူထပ်သိပ်သည်းသော သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ဤသည်မှာ အသူရာငရဲနယ်မြေ ရုတ်တရက် ဆင်းသက်လာသည့်အလားပင်။

ဤနတ်ဆိုးသားရဲများသည် လူအမြောက်အများကို သတ်ဖြတ်ခဲ့သူများပင်။ သို့ရာတွင် လုယွီသည်လည်း သူ၏အတိတ်ဘဝတွင် ရန်သူအမြောက်အများကို သတ်ဖြတ်ခဲ့သူ ဖြစ်ပေ၏။

လုယွီသည် သူ၏ကိုယ်ပိုင်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို နတ်ဆိုးသတ်ဖြတ်သူဘုရင်ထံ၌ ထည့်သွင်းထားသည်။ ဤသည်မှာ အကန့်အသတ်မဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒဖြစ်သဖြင့် နတ်ဆိုးသားရဲများ၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒထက်ပင် သာလွန်နေသည်။

နတ်ဆိုးသတ်ဖြတ်သူဘုရင်ထံမှ အလွန်အမင်းကျယ်လောင်သော အော်ဟစ်ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာပြီး နတ်ဆိုးသားရဲများထံ ဦးတည်၍ တိုးဝင်သွားသည်။

နတ်ဆိုးသားရဲငယ်များ၏ခန္ဓာကိုယ်များ ချက်ချင်း ပေါက်ကွဲသွားသည်။ မရေမတွက်နိုင်သော နတ်ဆိုးသားရဲများသည် လုယွီ၏အနီးသို့ မချဉ်းကပ်နိုင်သေးမီမှာပင် သူတို့၏ခန္ဓာကိုယ်များကို အနက်ရောင်အလင်းတန်းတစ်တန်း ဖြတ်သန်းသွားသည်အား ခံစားမိသည်။ ထို့နောက် နတ်ဆိုးသတ်ဖြတ်သူဘုရင်သည် သူတို့၏အသက်များကို နှုတ်ယူသွားလေပြီ။

ဘုန်း...

နတ်ဆိုးသားရဲအလောင်းတချို့သည် မိုးကောင်းကင်ယံမှနေ၍ အစွမ်းအစမဲ့စွာ ပြုတ်ကျလာကာ အသွေးအသားများက နေရာအနှံ့အပြားသို့ လွင့်စင်သွားသည်။

ခေါင်းဖြတ်ဓားသည် နတ်ဆိုးဓားတစ်ချောင်းပင်။ ထိုအရာသည် စိတ်ဝိညာဉ်များကို ဝါးမြိုရုံသာမက အလွန်အမင်းသွေးဆာသည့် စရိုက်ရှိသည်။

ဤနတ်ဆိုးသားရဲများသည် အသက်ရှင်သန်နေစဉ်အချိန်တွင် ဆိုးရွားသည့် ပြစ်မှုများစွာကို ကျူးလွန်ခဲ့သည်။ သို့ရာတွင် အဆုံးသတ်၌ သူတို့ထက်ပို၍ ရက်စက်ကြမ်းကြုတ်သော တည်ရှိမှုကြီးတစ်ခုနှင့် ရင်ဆိုင်ရမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားခဲ့ခြင်း မရှိပေ။

"ခွေးမသား...."

ထိုအချိန်မှာပင် တောတောင်၏နက်ရှိုင်းသောနေရာမှနေ၍ ဒေါသတကြီးအော်ဟစ်သံအမြောက်အများ ထွက်ပေါ်လာသည်။

ခြင်္သေ့ကုလားအုပ်တောင်မှ နတ်ဆိုးသားရဲ ထိပ်သီးကျင့်ကြံသူများအားလုံး ဒေါသထွက်သွားကြသည်။ လုယွီသည် သူတို့၏လက်အောက်ငယ်သားများကို လက်လွတ်စပယ် သတ်ဖြတ်နေသည်။ ဤသည်မှာ သူတို့၏မျက်နှာကို ပါးဖြတ်ရိုက်ခြင်းနှင့် တူညီပေ၏။

ကျားနတ်ဆိုးကျင့်ကြံသူတစ်ယောက် ရှေ့သို့ ခုန်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်သည် အလွန်သန်မာအားကောင်းကာ သူ၏မျက်လုံးတစ်စုံသည် သွေးနီရောင်သန်းနေပေ၏။ သူ့ထံမှနေ၍ အလွန်ကြီးမားသော နတ်ဆိုးချီစွမ်းအားများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ကို ရစ်သိုင်းလွှမ်းခြုံသွားသည်။

Chapter 4592

ဤသည်မှာ နယ်မြေသခင်အဆင့်တွင်ရှိသော မဟာနတ်ဆိုးတစ်ကောင်ပင်။

သူသည် နတ်ဆိုးဧကရာဇ်နယ်ပယ်ထက် ကျော်လွန်နေကာ နတ်ဆိုးအရှင်အဖြစ်သို့ ရောက်ရှိနေလေပြီ။

ရက်စက်ကြမ်းကြုတ်သော ကျားနတ်ဆိုးအရှင်သည် သူ၏ကျားမျက်လုံးတစ်စုံဖြင့် စူးစိုက်၍ ကြည့်လိုက်ကာ သူ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ပင် ပုံပျက်သွားသည်။ မိုးကောင်းကင်ကို ဖျက်ဆီးနိုင်ကာ မြေပြင်ပြိုကျသွားစေနိုင်သော အရှိန်အဝါတစ်ရပ်သည် သူ၏ခန္ဓာကိုယ်အတွင်း၌ သိပ်သည်းနေပေ၏။

မျောက်က အံ့အားတသင့် ပြောဆိုသည်။

"ဒီလို တောင်ငယ်လေးတလုံးမှာ ဘယ်လိုဖြစ်ပြီးတော့ ခုလောက်ထိ အစွမ်းထက်တဲ့ နတ်ဆိုးသားရဲတစ်ကောင် ရှိနေတာလဲ"

ခွေးနက်ကြီးနှင့်​မျောက်တို့၏ခွန်အားဖြင့် နယ်မြေသခင်တစ်ယောက်ကို ရင်ဆိုင်လိုပါက အနည်းငယ်သာ အခက်တွေ့ပေမည်။

လင်းမြောင်ဘုရားကျောင်း၌ ဘုန်းတော်ကြီးနှစ်ဆယ်ကျော်ခန့်သာ ရှိသဖြင့် သူတို့ လွယ်လင့်တကူ ဖြေရှင်းနိုင်မည်ဟု တွေးထင်ခဲ့ကြသည်။ သို့ရာတွင် သေးငယ်သော လင်းမြောင်ဘုရားကျောင်း၌ ဤကဲ့သို့ ကျောထောက်နောက်ခံမျိုး ရှိနေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

နတ်ဆိုးအရှင်တစ်ယောက်၏ စွမ်းအားရှိသူသည် ကောင်းကင်ဘုံနယ်မြေ၏ဒေသကြီးတစ်ခုကို လွှမ်းမိုးအုပ်ချုပ်နိုင်ရန် လုံလောက်သည်။

အတိတ်တွင် အထွတ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော လန်ဝူရှင်းသည် ရွှယ်အင်မော်နယ်နယ်ပယ်၌သာရှိပြီး နတ်ဆိုးအရှင်တစ်ယောက်၏ ပြိုင်ဘက်ဖြစ်ရန် အလွန်အလှမ်းကွာဟသည်။

ယခုအချိန်တွင် သူတို့၏မျက်လုံးများရှေ့၌ နတ်ဆိုးအရှင်တစ်ယောက်ကို မြင်တွေ့နေရသည်။ ဤသည်မှတစ်ဆင့် ခြင်္သေ့ကုလားအုပ်တောင်၏ အရင်းအမြစ်များနှင့်ကျင့်ကြံရန်နေရာများ မည်မျှထိ နက်ရှိုင်းသည်ကို မှန်းဆနိုင်ပေ၏။

"ကံကောင်းချင်တော့ ငါတို့က လုယွီကို ခေါ်လာခဲ့မိတယ်....မဟုတ်ရင် ဒီတစ်ကြိမ်လုပ်ငန်းက လွယ်လွယ်လေး ပျက်စီးသွားမှာကို ငါ စိုးရိမ်မိတယ်"

ခွေးနက်ကြီး၏သားမွှေးများ အဆုံးထိ ထောင်ထနေသည်။

တိမ်မည်းများသည် အောက်သို့နိမ့်ဆင်းလာကာ မင်ကဲ့သို့ နက်မှောင်နေပေ၏။

"နေမင်းကျား ဆုတ်ဖြဲခြင်း..."

ကျားနတ်ဆိုးအရှင်က အရင်ဦးဆုံး တိုက်ခိုက်လိုက်သည်။ သူ၏ကြီးမားသော ကျားလက်ဝါးကြီးဖြင့် လေထုကို ရိုက်ပုတ်လိုက်ရာ လေလှိုင်းများ ထန်လာပြီး တိမ်တိုက်များ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။ လျှပ်စီးမိုကြိုးသံများကို ဤပတ်ဝန်းကျင်နေရာတဝိုက်၌ ကြားနိုင်ပေ၏။

တချိန်တည်းမှာပင် တခြားနတ်ဆိုးဧကရာဇ်များသည်လည်း သူတို့၏နည်းစနစ်များကို အသုံးပြုကာ တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင် မရေမတွက်နိုင်သော မှော်မန္တန်မျိုးစုံ ထွက်ပေါ်လာကာ အလွန်အမင်း စူးရှတောက်ပသည်။

"သွေးခန္ဓာကိုယ်...သတ်ဖြတ်ခြင်း ကောင်းကင်ဘုံရဲ့အပြစ်ဒဏ်"

ခေါင်းဖြတ်ဓားပေါ်ရှိ နတ်ဆိုးသတ်ဖြတ်သူဘုရင်၏ပုံရိပ်မှ ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုနောက် ဆေဘာဓားထံမှနေ၍ မိတာသောင်းနှင့်ချီ ရှည်လျားသော သွေးရောင်အလင်းတန်းတစ်တန်း ပျံ့လွင့်လာပေ၏။

ထို့နောက် ဆေဘာဓားရှည်သည် လုယွီ၏လက်အတွင်းသို့ ကျရောက်သွားကာ နဂါးဟိန်းသံနှင့် တူညီသောအသံ ထွက်ပေါ်လာသည်။ သူ၏လက်မှနေ၍ အလွန်ကြီးမားသော ခွန်အားလှိုင်းတစ်ရပ် ထွက်ပေါ်လာကာ ဓားရှည်နှင့်အတူ ပေါင်းစပ်သွားသည်။

ထို့နောက် သူသည် ဓားချက်တစ်ချက်ကို ထုတ်လွှတ်လိုက်၏။

ရွှပ်....

ဆေဘာဓားချီသည် မိုးကောင်းကင်ယံကို ဖြတ်သန်းသွားကာ မိုးနှင့်မြေအကြားရှိ အရာရာတိုင်းကို ဖြတ်တောက်လိုသည့် အလားပင်။

ထိုသွေးနီရောင်အလင်းတန်းသည် အကန့်အသတ်မဲ့ ကျယ်ပြန့်ပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။ နတ်ဆိုးဧကရာဇ်များ၏မှော်မန္တန်များသည် လုယွီ၏ ဆေဘာဓားချီအောက်၌ ပျက်စီးသွားပေ၏။

"မြေအောက်လောကနတ်ဘုရားရဲ့ အမျက်ဒေါသဓားချက်..."

လုယွီသည် သေမျိုးလောကအတွင်းသို့ ဆင်းသက်လာသော နတ်ဆိုးနတ်ဘုရားတစ်ပါးအလားပင်။ သူသည် သူ၏လက်အတွင်း၌ ဆေဘာဓားရှည်ကို ဆုပ်ကိုင်ပြီး ရှေ့သို့ပြေးဝင်ကာ နတ်ဆိုးဧကရာဇ်များ၏ မှော်မန္တန်များအားလုံးကို ခုတ်ပိုင်းလိုက်သည်။

"တောရိုင်းမြေရဲ့စွမ်းအား...ငါ့ကို ကာကွယ်စမ်း"

ကျားနတ်ဆိုးအရှင်သည် သူ၏အနီးသို့ လုယွီ ချဉ်းကပ်လာသည်ကို မြင်တွေ့ချိန်၌ ထိတ်လန့်တုန်လှုပ်သွားသည်။

ဤနတ်ဆိုးသားရဲသည် လူသားဘာသာစကားကို ပြောဆိုနိုင်ကာ သူ့၏နတ်ဆိုးစွမ်းအားများဖြင့် ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံထားပေ၏။ ထိုကျားနတ်ဆိုးအရှင်၏ ခန္ဓာကိုယ်မှနေ၍ ရှေးကျသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

နတ်ဆိုးစွမ်းအားအခိုးအငွေ့များသည် ကျားနတ်ဆိုးအရှင်၏နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံသွားကာ သူ၏ခန္ဓာကိုယ်ပေါ်၌ ထူထပ်သိပ်သည်းသော သံချပ်ကာတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

"မင်းကို ဘယ်သူကမှ မကယ်နိုင်ဘူး...တကယ်လို့ ငါ မင်းကို သေစေချင်ရင် မင်း သေရမယ်"

လုယွီက အချိန်ဖြုန်းခြင်းမရှိဘဲ သူ၏ဆေဘာဓားကို ခုတ်ပိုင်းလိုက်သည်။

ဆေဘာဓားချီသည် မိုးကောင်းကင်ယံအတွင်းသို့ ပျံ့လွင့်သွားပြီးနောက် အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲကာ ကျားနတ်ဆိုးအရှင်၏ ဖရိုဖရဲတိုက်ပွဲဝင်သံချပ်ကာပေါ်သို့ ကျရောက်သွားသည်။

ဖရိုဖရဲတိုက်ပွဲဝင်သံချပ်ကာ၏မျက်နှာပြင်ကို မြူခိုးများ လွှမ်းခြုံထားကာ တောက်ပသော ကြေးနီရောင်အလင်းတန်းများကို ထုတ်လွှတ်ထားသည်။ ထိုအရာကို ကြည့်ရသည်မှာ အလွန်အမင်း ခိုင်ခံမာကျောပုံရသော်လည်း ဆေဘာဓားရှည်၏တိုက်ခိုက်မှုကို အပြည့်အဝ ပိတ်ဆို့ဟန့်တားနိုင်ခြင်း မရှိချေ။ ဘုန်းခနဲမြည်သံနှင့်အတူ ကျားနတ်ဆိုးအရှင်၏ခန္ဓာကိုယ် ပေါက်ကွဲပြီး သေဆုံးသွားသည်။

"သေစမ်း...."

နတ်ဆိုးဧကရာဇ်များအားလုံး ဒေါသထွက်သွားကာ လုယွီထံသို့ တပြိုင်နက်တည်း တိုးဝင်တိုက်ခိုက်လိုက်ကြ၏။

"သတ်ဖြတ်သူစစ်သားတစ်ထောင်..မရဏနတ်ဘုရား သေမျိုးလောကထဲကို ဆင်းသက်ခြင်း"

လုယွီက ကျယ်လောင်စွာအော်ဟစ်ပြီးနောက် ပေဆယ်နှင့်ချီမြင့်မားသော နတ်ဆိုးနတ်ဘုရားတစ်ပါးအသွင်သို့ ပြောင်းလဲလိုက်သည်။ တချိန်တည်းမှာပင် ခေါင်းဖြတ်ဓား၏စွမ်းအားသည်လည်း မြင့်တက်သွားပေ၏။ ဆေဘာဓား၏ကိုယ်ထည်မှနေ၍ အကန့်အသတ်မရှိသော အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသည်။

နတ်ဆိုးနတ်ဘုရားက ကျယ်လောင်စွာအော်ဟစ်ပြီး သူ့၏ဆေဘာဓားရှည်ကို ဝှေ့ယမ်းလိုက်သည်။ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးဧကရာဇ်များ၏ခြေလက်များ ပြတ်တောက်သွားကာ ချက်ချင်းဆိုသလိုပင် စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

Chapter 4593

လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ သူ့ထံတိုးဝင်လာသော နတ်ဆိုးများအားလုံးကို မြင်တွေ့မိသည်။

မိုးကောင်းကင်ယံ၌ ဖြတ်သန်းသွားသော ဓားချီသည် နတ်ဆိုးများ၏ခန္ဓာကိုယ်များကို ဖြတ်တောက်သွားသဖြင့် မိုးကောင်းကင်ယံကို သွေးဖြင့်ခြယ်ထားသကဲ့သို့ သွေးရောင်လွှမ်းနေစေသည်။

သို့ရာတွင် ဤကဲ့သို့ ဖြစ်ပျက်သွားပြီးသည့်တိုင် ဓားချီသည် ရပ်တန့်သွားခြင်းမရှိချေ။ ထိုအရာသည် နောက်တွင်ရှိနေသော နတ်ဆိုးသားရဲတစ်စုထံသို့ ပြင်းပြင်းထန်ထန်ကျရောက်သွားသည်။

အဝေးတစ်နေရာမှ ပြေးလာနေသည့် နတ်ဆိုးသားရဲများအားလုံးထံမှ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ချက်ချင်းထွက်ပေါ်လာသည်။

ဤနတ်ဆိုးငယ်များသည် နတ်ဆိုးအရှင်များကဲ့သို့ အစွမ်းထက်ခြင်းမရှိချေ။ သူတို့ထံတွင် အစွမ်းထက်သော ရုပ်ခန္ဓာကိုယ် ရှိနေသည့်တိုင် လုယွီ၏ဆေးဘာဓားချီအောက်တွင် အလွန်အမင်းနုနယ်နေသည်။

​မျောက်နှင့်ခွေးနက်ကြီးတို့သည် လုယွီမှ နတ်ဆိုးဧကရာဇ်များအားလုံးကို သတ်ဖြတ်လိုက်သည်အား မြင်တွေ့ချိန်တွင် သူတို့နှစ်ယောက်သား အတင့်ရဲလာသည်။

"လုယွီ....ငါတို့တွေ မင်းကို ကူညီပေးမယ်"

ခွေးနက်ကြီးနှင့်​မျောက်တို့က နတ်ဆိုးသားရဲအုပ်စုအကြားသို့ တိုးဝင်တိုက်ခိုက်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးသားရဲအမြောက်အများသည် သူတို့၏ရိုက်သတ်ခြင်းကို ခံလိုက်ရတော့သည်။

လုယွီသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေလေ၏။ သူ၏နတ်ဆိုးနတ်ဘုရား ဓမ္မပုံရိပ်ယောင်သည် ပျက်ပြယ်သွားခြင်း မရှိသေးချေ။ ထိုပုံရိပ်ယောင်ကြီး၏ နတ်ဆိုးမျက်လုံးတစ်စုံဖြင့် ခြင်္သေ့ကုလားအုပ်တောင်တစ်တောင်လုံးကို စူးစိုက်၍ ကြည့်နေသည်။

"ငါ မျှော်လင့်ထားတဲ့ အတိုင်းပဲ...နတ်ဆိုးတွေကို သုတ်သင်ပြီးတော့ တာအိုကို ကာကွယ်တာက ငါ့ရဲ့ကောင်းမှုကုသိုလ်စွမ်းအားကို တိုးတက်လာစေတယ်"

လုယွီသည် သူ၏ကျင့်ကြံဆင့်စွမ်းအားများ သိသိသာသာ တိုးတက်လာသည်ကို ခံစားမိသည်။

ဤနတ်ဆိုးများသည် မရေမတွက်နိုင်သော လူများကို စားခဲ့ကာ ခွင့်လွှတ်နိုင်ဖွယ်မရှိသည့် သွေးကြွေးရန်ငြိုးများစွာကို ပြုလုပ်ခဲ့သည်။ သူတို့တစ်ယောက်ချင်းစီမှ သတ်ဖြတ်ခဲ့သော သက်ရှိများသည် အလွန်များပြားပေ၏။

လုယွီသည် နတ်ဆိုးများကို သတ်ဖြတ်ခဲ့သဖြင့် လူဆိုးများကို အမြစ်ပြတ်သုတ်သင်ပြီး တာအိုကို စောင့်ကြပ်ခဲ့ခြင်းပင်။ ဤသည်ကြောင့် သူ၏ကောင်းမှုကုသိုလ်စွမ်းအားများ တိုးတက်လာကာ သူ၏ကျင့်ကြံဆင့်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသည်။

"လူသားအစွမ်းထက်ကျင့်ကြံသူတချို့က ခြင်္သေ့ကုလားအုပ်တောင်ကို တိုက်ခိုက်နေတယ်လို့ မဟာနတ်ဆိုးအရှင်သုံးယောက်ကို မြန်မြန်သွားပြီး အကြောင်းကြားကြစမ်း"

အမှောင်ထုအတွင်းမှနေ၍ ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

ဤသည်မှာ နံဘေးတစ်ဖက်မှ စောင့်ကြည့်နေပြီး တိုက်ခိုက်ရန်အတွက် သတ္တိမရှိခဲ့သော နတ်ဆိုးဧကရာဇ်တစ်ယောက်ပင်။

လုယွီ၏မျက်လုံးများ တောက်ပသွားသည်။ သူသည် ထိုနတ်ဆိုးဧကရာဇ်၏အသံ ထွက်ပေါ်လာသောနေရာကိုကြည့်ပြီး အော်ဟစ်လိုက်၏။

"အဲ့ဒီနေရာမှာ ဘယ်သူလဲ..အခုချက်ချင်း ထွက်လာခဲ့စမ်း"

ထို့နောက် သူ၏လက်ကိုမြှောက်ပြီး ထိုနတ်ဆိုးဧကရာဇ်ကို ဖမ်းဆုပ်လိုက်သည်။

ဤသည်မှာ တောခွေရိုင်းနတ်ဆိုးတကောင်ပင် ။ သူသည် အလွန် နက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်နယ်ပယ်အထိ ကျင့်ကြံပြီးလေပြီ။ သူ၏မျက်နှာပေါ်တွင် အစက်အပြောက်များဖြင့် ပြည်နှက်နေကာ သူ၏မျက်လုံးတစ်စုံသည် လျှပ်စီးတန်းအလား အလွန်စူးရှတောက်ပနေပေ၏။

"သရဲတစ္ဆေ စိတ်ဝိညာဉ်လမ်းကြောင်း...ရွှေရောင်ပုစဥ်းရင်ကွဲခွံ အကာအကွယ်...."

တောခွေရိုင်းနတ်ဆိုးသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သူ၏မျက်နှာ ဖြူရော်သွားသည်။ သူသည် ချက်ချင်းဆိုသလိုပင် နောက်သို့ပြန်လှည့်ပြီး ထွက်ပြေးသွားရန် ဟန်ပြင်လိုက်သည်။

သူသည် လုယွီ၏ခန္ဓာကိုယ်မှ ဖျက်ဆီးခြင်းအရှိန်အဝါတစ်ရပ်ကို အာရုံခံမိလေ၏။ အကယ်၍ ဤအရှိန်အဝါ၏အနည်းငယ် လွတ်ထွက်လာလျှင်ပင် သူ့အား အစိတ်စိတ်အမွှာမွှာ ခြေမွှဖျက်ဆီးရန် လုံလောက်သည်။

တောခွေးရိုင်းနတ်ဆိုးသည် ချက်ချင်းဆိုသလိုပင် အနက်ရောင်အခိုးအငွေ့လုံးကြီးအဖြစ်သို့ပြောင်းလဲကာ လုယွီ၏လက်အတွင်းမှ ထွက်ပြေးသွားရန် ကြိုးပမ်းလိုက်သည်။

"ဒီနေရာက ထွက်သွားဖို့ မစဉ်းစားနဲ့...အဲ့ဒီကောင်တွေနဲ့အတူတူ သေလိုက်စမ်း"

လုယွီ၏အသံသည် အေးစက်တင်းမာနေကာ သူ၏လက်ကို ဖမ်းဆုပ်သည့် လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်လိုက်၏။

ဘုန်းခနဲအသံတစ်သံနှင့်အတူ တောခွေးရိုင်းနတ်ဆိုး၏ခန္ဓာကိုယ်သည် နတ်ဆိုးနတ်ဘုရား၏ ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။

တောခွေးရိုင်းနတ်ဆိုး၏ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် အမျှင်တန်းတစ်တန်း ထွက်လာပြီး လုယွီ၏ဖမ်းဆုပ်ထားခြင်းကို ခံလိုက်ရသည်။

"မင်းက ခြင်္သေ့ကုလားအုပ်တောင်ကို တိုက်ခိုက်ခဲ့ပြီးတော့ ကြီးလေးတဲ့ပြစ်မှုကို ကျူးလွန်ခဲ့တယ်...မဟာနတ်ဆိုးသားရဲအရှင်သုံးပါးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

ထိုစိတ်ဝိညာဥ်ထံမှနေ၍ အက်ရှရှအသံတစ်သံ ထွက်ပေါ်လာသည်။

"မဟာနတ်ဆိုးအရှင်တွေလား..."

လုယွီ၏စိတ် လှုပ်ရှားသွားသည်။

နတ်ဆိုးသားရဲမျိုးနွယ်တွင် မဟာနတ်ဆိုးသားရဲအရှင်များသည် ခေါင်းဆောင်ပင်။ သူတို့သည်လူသားမျိုးနွယ်၏ တာအိုသခင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် တည်ရှိမှုကြီးများ ဖြစ်ပေ၏။

မဟာနတ်ဆိုးသားရဲအရှင်သုံးပါးသည် တာအိုသခင်သုံးယောက်နှင့် ထပ်တူထပ်မျှပင်။

ချီအင်ပါယာအတွင်း၌ပင် ခြေလှမ်းတစ်ဝက်တာအိုသခင်ဖြစ်သော ကျိုးမိသားစုဘိုးဘေး တစ်ယောက်တည်းသာ ရှိသည်။

"ဒီခြင်္သေ့ကုလားအုပ်တောင်မှာ ဘယ်လောက်ထိ များပြားတဲ့ ထိပ်သီးနတ်ဆိုးကျင့်ကြံသူတွေ ပုန်းအောင်းနေလဲဆိုတာ မသိနိုင်ဘူး"

လုယွီ ထိတ်လန့်တုန်လှုပ်သွားသည်။

အကယ်၍ ဤနေရာတွင် မဟာနတ်ဆိုးသားရဲအရှင်သုံးယောက် အမှန်တကယ်ရှိနေပါက သူ့ အစွမ်းကုန်တိုက်ခိုက်လျှင်ပင် ဤနေရာ၌ သေဆုံးသွားနိုင်သည်။

လုယွီက နတ်ဘုရားစိတ်အာရုံကို အသုံးပြုပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် တောတောင်များအကြားရှိ သက်ရှိများအားလုံး သူ၏အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာသော်လည်း မည်သည့်မဟာနတ်ဆိုးသားရဲအရှင်ကိုမျှ မမြင်တွေ့ရချေ။

"ကံဆိုးချင်တော့ မင်းတို့ရဲ့မဟာနတ်ဆိုးသားရဲအရှင်တွေ ဒီနေရာမှာ ရှိမနေဘူး"

လုယွီက သူ့၏လက်ကိုဆန့်တန်းပြီး တောခွေးရိုင်းနတ်ဆိုး၏ စိတ်ဝိညာဉ်ကို ခြေမွှဖျက်ဆီးလိုက်၏။

အဝေးတစ်နေရာတွင် နတ်ဆိုးသားရဲငယ်များ အရပ်မျက်နှာအဘက်ဘက်သို့ ထွက်ပြေးနေကြသည်။ သို့ရာတွင် လုယွီသည် ဤနေရာရှိ မိုးနှင့်မြေကို ချိတ်ပိတ်ထားပြီးဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဤနေရာမှ ထွက်သွားနိုင်မည် မဟုတ်ချေ။

သတ်ဖြတ်သူနတ်ဆိုးဘုရင်ထံမှ ကျယ်လောင်သော ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။ ခေါင်းဖြတ်ဓားထံမှ ဆေဘာဓားချီတစ်လှိုင်း ပျံ့လွင့်သွားခြင်းနှင့်အတူ နတ်ဆိုးသားရဲများ၏အသက်ကို နှုတ်ယူလိုက်၏။

လုယွီသည် ခြင်္သေ့ကုလားအုပ်တောင်၏ နက်ရှိုင်းသောနေရာထိ လမ်းတလျှောက်လုံးသတ်ဖြတ်ခဲ့သည်။ လေထုအတွင်း၌ ပျံ့နှံ့နေသော သွေးညှီနံ့များ တစတစ ပို၍ပြင်းထန်လာသည်ကို သူ ခံစားမိလေ၏။

ထိုနောက် လုယွီ၏ရှေ့တွင် ကြီးမားသော လှိုဏ်ဂူကြီးတစ်ဂူ ထွက်ပေါ်လာသည်။ ထိုလှိုဏ်ဂူ၏ပြင်ပတွင် လူသားအရိုးများဖြင့် ပြည့်နှက်နေပေ၏။

မျောက်က ကတုတ်ကျင်း၏တံခါးကို ဖွင့်လိုက်သည်။ ရှေ့တွင်ထွက်ပေါ်လာသော မြင်ကွင်းကြောင့် လုယွီပင်လျှင် ထိတ်လန့်တုန်လှုပ်သွားသည်။

Chapter 4594

ဤနတ်ဆိုးကတုတ်ကျင်းသည် လှိုဏ်ဂူ၏နက်ရှိုင်းသော နေရာ၌ တည်ရှိကာ အလွန်မှောင်မည်းနေသည်။

ဤနေရာတွင် လေများတဝှီးဝှီး တိုက်ခတ်နေသည်။ နံဘေးပတ်ဝန်းကျင်ရှိ အနက်ရောင်အုတ်ချပ်များပေါ်တွင် သွေးများစွန်းထင်းနေသဖြင့် ကြည့်ရသည်မှာ အလွန်တုန်လှုပ်​ချောက်ချားဖွယ် ကောင်းသည်။

ဘုန်း.....

ကတုတ်ကျင်း၏တံခါး ပွင့်သွားပြီးနောက် အတွင်းမှနေ၍ ထူထပ်သိပ်သည်းသော သွေးညှီနံ့များနှင့်အတူ ပုပ်အက်အက်အနံ့တစ်ခု ပျံ့လွင့်လာသည်။

"ဝေါ့...ဒါက ဘာအနံ့ကြီးလဲ"

ခွေးနက်ကြီးသည် ဤအနံ့ကို မခံနိုင်သဖြင့် အော့အန်မိတော့လုမတက်ပင်။

ကတုတ်ကျင်း၏အတွင်းတွင် မြေကွက်လပ်ကြီးတစ်ခုရှိသည်။ထိုနေရာတွေ အရိုးစုအမြောက်အများကို စုပုံထားကာ အရိုးများက နေရာအနှံ့အပြား၌ ပြန့်ကျဲနေသည်။ လူသားအရေခွံများကို နံရံများတွင် ချိတ်ဆွဲထားကာ လက်ပြတ်များ ခြေထောက်ပြတ်များ ခေါင်းပြတ်များ စသဖြင့် လူသားများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို နေရာအနှံ့အပြား၌ ​မြင်တွေ့နိုင်သည်။

သက်ရှိလူသားများ၏ အသွေးအသားနှင့် အရိုးများကို နတ်ဆိုးများမှ အစာအဖြစ် သိုလှောင်ထားခြင်းပင်။

ဤနေရာသည် အသူရာကြေးချွတ်သန့်စင်ဘုံအလားပင်။ ဤနေရာတွင် မည်မျှထိ များပြားသောလူများ သေဆုံးခဲ့ရသည်ကို မသိနိုင်​ချေ။

လေတဝှီးဝှီးတိုက်ခတ်သံသည် ထောင်သောင်းချီသော သရဲတစ္ဆေများ တပြိုင်နက်တည်းငိုကြွေးမြည်တမ်းသံနှင့် တူညီနေသဖြင့် အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းသည်။

"ဒါက နတ်ဆိုးလှိုဏ်ဂူပဲ...စိတ်ဝိညာဉ်တောင်က သုခဘုံတစ်ခုလို့ ဗုဒ္ဓဂိုဏ်းက အမြဲတမ်း ပြောနေခဲ့တယ်...ဒါပေမဲ့ သူတို့က ဒီနေရာမှာ ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတွေ ပုန်းအောင်းနေတာကို မမြင်ချင်ယောင်ဆောင် နေကြတာပါလား"

လုယွီသည် ထိုနတ်ဆိုးသားရဲများ ထွက်ပေါ်လာသော အချိန်အခိုက်အတန့်၌ သူတို့၏ခန္ဓာကိုယ်များမှ ပျံ့လွင့်လာသည့် ကြီးမားသော သွေးချီစွမ်းအားများကို ခံစားမိသည်။

ယခုအချိန်၌ သူသည် ဤကိစ္စကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရကာ သူ တွေးထင်ထားသည်နှင့် တထပ်တည်းကျနေသည်။ ဤသည်မှာ အလွန်စိတ်မချမ်းမြှေ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

ဤနေရာသို့ ရောက်ရှိသွားသော သက်ရှိများသည် နတ်ဆိုးသားရဲများ၏အစာပင်။ သူတို့၏စိတ်ဝိညာဥ်များပင်လျှင် လွတ်မြောက်နိုင်ခဲ့ခြင်း မရှိချေ။ သုန်းကော်မြို့အတွင်းရှိ လူများသည် စောဒကတက်မည့်အစား ဗုဒ္ဓဂိုဏ်း၏ အတင်းအဓမ္မ ဆက်ကြေးကောက်ခြင်းကို သည်းခံခဲ့သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။

"ဒါဆိုရင် မဟာနတ်ဆိုးအရှင်သုံးယောက် ဒီနေရာမှာ ရှိနေတယ် ဆိုမှတော့ ဗုဒ္ဓဂိုဏ်းက ခြင်္သေ့ကုလားအုပ်တောင်ကို ဘယ်လိုလုပ်ပြီး ဖြေရှင်းနိုင်တော့မှာလဲ"

လုယွီထံ၌ ရုတ်တရက် ထိုအတွေး ရရှိသွားသည်။

တောင်တစ်လုံးကို သိမ်းပိုက်ပြီး ဘုရင်တစ်ပါးအဖြစ် အုပ်စိုးရန်အတွက် တစ်စုံတစ်ယောက်ထံတွင် လုံလောက်သောခွန်အားရှိရန် လိုအပ်သည်။

အထူးသဖြင့် စိတ်ဝိညာဉ်တောင်၏ လက်အောက်ခံဖြစ်သော မြင့်မြတ်နယ်မြေများအတွင်းတွင် ဗုဒ္ဓဘုန်းတော်ကြီးများ နေရာအနှံ့အပြား၌ ရှိနေသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာ၌ ဆိုးရွားသောပြစ်မှုများကို ကျူးလွန်လိုပါက သူ့ထံ၌ လုံလောက်သော ကျောထောက်နောက်ခံ ရှိရပေမည်။

မဟာနတ်ဆိုးအရှင်တစ်ယောက်၏ခွန်အားသည် တာအိုသခင်နယ်ပယ်နှင့် နီးကပ်နေလေပြီ။ ဤနေရာကို မဟာနတ်ဆိုးအရှင်သုံးယောက်မှ ဦးဆောင်နေသဖြင့် ဗုဒ္ဓဂိုဏ်းပင်လျှင် ဤကဲ့သို့ အင်အားစုတစ်စုကို အပြစ်ပြုဝံ့မည်မဟုတ်ချေ။

"နတ်ဆိုးတွေကို ဟန့်တားပြီးတော့ တာအိုကို ကာကွယ်စောင့်ကြပ်တာလား...ဟား ဟား ဟား ဒါက အားနည်းတဲ့လူတွေကို အနိုင်ကျင့်ပြီးတော့ သန်မာတဲ့လူကို ကြောက်ရွံ့တာပဲ မဟုတ်လား"

လုယွီက သူ၏အတိတ်ဘဝတွင် လမ်းမှန်ဂိုဏ်းသားများဟု ခေါ်ဆိုသူများမှ သူ့အားအော်ဟစ်ပြီး တိုက်ခိုက်ရန် တိုးဝင်လာကြသည်ကို ပြန်လည်တွေးတောမိသည်။

ထိုတပည့်များ၏စကားလုံးများတွင် တရားမျှတမှုများ ဖြောင့်မတ်မှန်ကန်မှုများနှင့် ပြည့်နှက်နေသော်လည်း သူတို့၏လုပ်ရပ်များသည် အလွန်တရားလွန်ပေ၏။ သူတို့သည် သူ အားနည်းနေစဥ်အချိန်၌ အတောမသတ်နိုင်အောင် လိုက်လံဖမ်းဆီးခဲ့သည်။ သို့ရာတွင် လုယွီ နာမည်ကျော်ကြားလာပြီးနောက် သူတို့သည် ခေါင်းငုံကာ တောင်းပန်တိုးလျှိုးခဲ့ကြသည်။

"ဟီး ဟီး ဟီး...ဒီနတ်ဆိုးသားတွေရဲ့ သွေးတွေနဲ့ဆိုရင် ငါက မသေမျိုး အထွတ်အထိပ်အဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်း ပိုနီးကပ်သွားပြီ"

ခေါင်းဖြတ်ဓား၏ လက်နက်စိတ်ဝိညာဥ်ဖြစ်သော နတ်ဆိုးသတ်ဖြတ်သူဘုရင်သည် ပတ်ဝန်းကျင်၌ ခုန်ပေါက်ပြေးလွှားနေကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

ဆေဘာဓားအလင်းတန်း ဖြတ်သန်းသွားသည့်နှင့်အတူ နတ်ဆိုးသားရဲများသည် တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားသည်။ ထိုနတ်ဆိုးသားရဲများ၏ အသွေးအသားများသည် မြေပြင်၏နေရာအနှံ့အပြား၌ ပြန့်ကျဲနေပေ၏။

ဤကဲ့သို့ အခြေအနေကို တစ်ဖက်သက်ဆန်သည်ဟု ပြောနိုင်သည်။ အခြေခံအားဖြင့်ခေါင်းဖြတ်ဓားကို မည်သည့်နတ်ဆိုးသားရဲမျှ ပိတ်ဆုံးဟန့်တားနိုင်ခြင်း မရှိချေ။

ရက်စက်ကြမ်းကြုတ်မှုကို ပို၍ရက်စက်ကြမ်းကြုတ်မှုဖြင့်သာ ဖိနှိပ်နိုင်ပြီး နတ်ဆိုးများကို ဆန့်ကျင်ရန်အတွက် နတ်ဆိုးဆန်သောလုပ်ရပ်ကို အသုံးပြုရပေမည်။

ဤနတ်ဆိုးသားရဲများသည် ဆိုးရွားသောပြစ်မှုများကို အမြဲတစေ ကျူးလွန်ခဲ့သူများပင်။ သူတို့သည် ဤကဲ့သို့ အဆုံးသတ်တစ်ခုနှင့် ကြုံတွေ့ရမည်ဟု သူတို့ တကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။

"ငါက မဟာနတ်ဆိုးအရှင်သုံးပါးဆီကို အကူအညီတောင်းခံစာ ပေးပို့ပြီးပြီ...မင်းတို့အားလုံး သေရမယ်ဆိုတာ သံသယဖြစ်စရာ မလိုဘူး"

နောက်ဆုံးကြွင်းကျန်သော နတ်ဆိုးဧကရာဇ်တစ်ယောက်က စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်သည်။

လုယွီသည် ထိုနတ်ဆိုးဧကရာဇ်၏ခန္ဓာကိုယ်ကို ချက်ချင်း ခြေမွှဖျက်ဆီးလိုက်၏။

ထိုနောက် နတ်ဆိုးစိတ်ဝိညာဥ် အမျှင်တန်းတစ်တန်းသည် လုယွီ၏ အတင်းအကြပ် ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။ ထိုနတ်ဆိုးစိတ်ဝိညာဉ်၏နောက်တွင် အငြိုးကြီးစိတ်ဝိညာဉ်တစ်စုကို ဝိုးတဝါး မြင်တွေ့နိုင်သည်။

ထိုစိတ်ဝိညာဥ်များသည် ဤနတ်ဆိုးဧကရာဇ်မှ သတ်ဖြတ်ခဲ့သော လူသားများပင်။ သူတို့၏နာကျည်းမုန်းတီးမှုများသည် နတ်ဆိုးဧကရာဇ်၏ခန္ဓာကိုယ်တွင် အချိန်ကြာမြင့်စွာ စွဲကပ်နေကာ ပျက်ပြယ်သွားမည် မဟုတ်ချေ။

Chapter 4595

လုယွီ၏ဖမ်းဆုပ်ခြင်းကို ခံရပြီးနောက် ထိုနတ်ဆိုးဧကရာဇ်သည် ကြောက်ရွံသွားမှု မရှိရုံသာမက ပြင်းထန်သော ခြိမ်းခြောက်စကားများကိုပင် ပြောဆိုနေပေ၏။

"မင်းရဲ့မဟာနတ်ဆိုးအရှင်တွေ ငါ့ကို လာရှာမယ့်အချိန်ကို ငါ စောင့်နေမယ်"

လုယွီက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ပြီး သူ၏လက်အတွင်းရှိ နတ်ဆိုးစိတ်ဝိညာဥ်ကို ချက်ချင်းခြေမွှဖျက်ဆီးလိုက်သည်။

ထိုနတ်ဆိုးစိတ်ဝိညာဥ် ပျက်စီးသွားသည်နှင့် ထိုအရာ၏နောက်ရှိ အငြိုးကြီးစိတ်ဝိညာဥ်များအားလုံးထံမှ လက်စားချေရသဖြင့် ဝမ်းသာပျော်ရွှင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

ကောင်းမှုကုသိုလ်စွမ်းအားများသည် မြစ်တစ်စင်းအလား လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ တလိမ့်လိမ့်စီးဝင်လာသည်။ လုယွီသည် လူသားများအတွက် နတ်ဆိုးများကို သုတ်သင်ခဲ့သည်မှာ ကောင်းကင်ဘုံ၏ကိုယ်စားဟတရားမျှတမှုကို ဆောင်ကျဥ်းခဲ့ခြင်းပင်။ ထိုကြောင့် သူ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာတွင် ကြည်လင်ပြီး လွတ်လပ်ပေါ့ပါးသော ခံစားချက်တစ်ခုကို ရရှိလာခဲ့သည်။

သူ၏စိတ်အတွင်းတွင် ရှိနေသော မလိုလားအပ်သည့်အတွေးများအားလုံး ဤအချိန်အခိုက်အတန့်၌ ပျောက်ကွယ်သွားပုံရသည်။

"မင်းတို့အားလုံးကို သတ်ဖြတ်တာက ငါ့ရဲ့ကျင့်ကြံမှုအတွက် အထောက်အပံ့ ဖြစ်စေတယ်"

လုယွီက သူ၏လက်ကိုမြှောက်ပြီး အောက်သို့ဖိနှိပ်လိုက်သည်။ ရွှေရောင်မီးတောက်တစ်ခုသည် လေထုအတွင်းသို့ မြင့်တက်သွားကာ ကြီးမားသော မီးနဂါးတစ်ကောင်အသွင် ပြောင်းလဲပြီး ကျယ်လောင်စွာဟိန်းဟောက်၍ ရှေ့သို့တိုးဝင်သွားသည်။

ရုတ်ချည်းဆိုသလိုပင် ကတုတ်ကျင်းအတွင်းမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။ ကတုတ်ကျင်း၏ အနက်ပိုင်း၌ ပုန်းအောင်းနေသော နတ်ဆိုးသားရဲများအနက် တကောင်မျှ လွတ်မြောက်သွားနိုင်ခြင်း မရှိချေ။ ကောင်းကင်ဘုံဧကရာဇ်၏ အစစ်အမှန်မီးတောက်ကြောင် သူတို့အားလုံး လောင်ကျွမ်းသွားကာ ပြာမှုန်​များအဖြစ်သို့ ရောက်ရှိသွားသည်။

ခြင်္သေ့ကုလားအုပ်တောင်၏ အထက်ရှိ မိုးကောင်းကင်ယံ အတွင်းသို့ ထူထပ်သိပ်သည်းသော မီးခိုးငွေများ တလူလူမြင့်တက်သွားသည်။ ဤနေရာပတ်ဝန်းကျင်တဝိုက်တွင် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များဖြင့် ပြည့်နှက်နေပေ၏။

ထိုမီးတောက်များသည် ဤနေရာတွင် ရှိနေသော နတ်ဆိုးများအားလုံးကို လောင်ကျွမ်းလိုသည့် အလားပင်။ ထိုမီးတောက်များအကြားမှနေ၍ ထောင်နှင့်ချီသော နတ်ဆိုးအရိုးစုများ ပြုတ်ကျလာသည်။ ထိုအရာများသည်လည်း ပူပြင်းသောမီးတောက်များ၏ လွှမ်းခြုံခြင်းကို ခံရပြီးနောက် ပြာမှုန်များအဖြစ်သို့ ရောက်ရှိသွားသည်။

"ငါတို့ ဘာဆက်လုပ်ကြမလဲ...ခြင်္သေ့ကုလားအုပ်တောင်မှာ မဟာနတ်ဆိုးအရှင်သုံးယောက် ရှိနေတယ်... တကယ်လို့ သူတို့တွေက ဒီသတင်းကို ရသွားတာနဲ့ ဒီကိစ္စကို အလွတ်ပေးမှာ မဟုတ်ဘူး"

မျောက်က သတိပေးသည်။

"ဒါက ပြဿနာမရှိဘူး...ငါ့မှာ နည်းလမ်းရှိတယ်"

လုယွီက သူ၏လက်ကို မြှောက်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော မဟာတာအိုနည်းပညာတစ်ရပ် ထွက်ပေါ်လာသည်။ မဟာတာအိုစွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်သို့ ချက်ချင်းပျံ့နှံ့သွားပေ၏။

ရွှေရောင်နတ်ဘုရားသင်္ကေတများသည် လုယွီ၏နံဘေးပတ်လည်၌ မျောလွင့်နေကာ သူ၏မှော်စွမ်းအားများနှင့်အတူ လေဟာနယ်အတွင်း၌ အလင်းတန်းများ ထွက်ပေါ်လာသည်။

"ဒါက တစ်စုံတစ်ယောက်ရဲ့ကံကြမ္မာကို ချေဖျက်တဲ့ ကံကြမ္မာနည်းပညာရပ် မဟုတ်လား...မင်းက ဒီလို အဖိုးတန်ကျင့်ကြံနည်းစနစ်တစ်ခုကို တတ်မြောက်နေမယ်လို့ ငါ ထင်မထားခဲ့မိဘူး"

ခွေးနက်ကြီးက ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုသည်။

ပြောရမည်ဆိုလျှင် ကံကြမ္မာနည်းစနစ်များသည် ကောင်းကင်ဘုံနယ်မြေ၌ ပျောက်ဆုံးနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

လုယွီသည် သူ၏အကြီးဆုံးစီနီယာအစ်ကိုမှ သူ့အားပေးခဲ့သော ဤကံကြမ္မာကျင့်ကြံနည်းစနစ်သည် စာပေသူတော်စင်ရီဟန်မှ တစ်ဖက်လှည့်ဖြင့် သူ့ကို ပေးခဲ့ခြင်းဖြစ်မည်ဟု အစဉ်အမြဲခံစားမိသည်။

ခွေးနက်ကြီး ထိတ်လန့်တုန်လှုပ်နေသည်မှာ အံ့အားသင့်ဖွယ် မရှိချေ။ ကောင်းကင်ဘုံနယ်မြေတခွင်လုံးအတွင်း၌ တစ်စုံတစ်ယောက်၏ကံကြမ္မာကို ပြောင်းလဲနိုင်သည့် ဤကဲ့သို့ နည်းစနစ်မျိုးသည် အလွန်အဖိုးတန်ရှားပါးပေ၏။

ကံကြမ္မာသည် လောကကြီးအတွင်း၌ လျှို့ဝှက်ဆန်းကြယ်ဆုံးအရာပင်။ ဤအရာကို ခန့်မှန်းနိုင်ရန် ခက်ခဲသည့်အပြင် ပြင်ဆင်ပြောင်းလဲနိုင်ရန်မှာ ပို၍ပင်ခက်ခဲသည်။ ကျင့်ကြံဆင့်နယ်ပယ် မြင့်မားသော အင်မော်တယ်များပင်လျှင် သူတို့၏ကိုယ်ပိုင်ကံကြမ္မာများကို ထိန်းချုပ်နိုင်စွမ်း မရှိချေ။

"ငါက ဒီနေရာရဲ့ ကံကြမ္မာလမ်းကြောင်းတွေကို ပြောင်းလဲပြင်ဆင်ပြီးပြီ....တကယ်လို့ မဟာနတ်ဆိုးအရှင်တွေ ဒီနေရာကို ရောက်လာရင်တောင် ဒါက ငါတို့ရဲ့လက်ချက်လို့ သူတို့ ရှာတွေ့မှာ မဟုတ်ဘူး"

လုယွီသည် ခြင်္သေ့ကုလားအုပ်တောင်၏ တူးခြစ်နေသော မြေပြင်ကို တစ်ချက်ကြည့်ပြီးနောက် ခွေးနက်ကြီး ​မျောက်တို့နှင့်အတူ ထွက်ခွာခဲ့တော့သည်။

ဤနေရာမှနေ၍ ညှော်နံ့များ ပျံ့လွင့်နေသည်။ မရေမတွက်နိုင်သော နတ်ဆိုးများ သတ်ဖြတ်ခြင်းခံရကာ အတိတ်တွင် လူသားများအား ဒုက္ခပေးခဲ့သော နတ်ဆိုးအသိုက်သည် နောက်ဆုံး၌ ပျက်စီးသွားခဲ့လေပြီ။

မိုးကောင်းကင်ယံကြီး တဖြည်းဖြည်း မှောင်စပျိုးလာကာ မြေပြင်ကို အမှောင်ထုကြီးက လွှမ်းခြုံသွားသည်။

မှောက်မိုက်သောည၏ အေးစက်စက်လေများအကြားတွင် သေဆုံးခြင်း အငွေ့အသက်များ ပျံ့လွင့်နေသည်။

လုယွီသည် နတ်ဆိုးများကို သတ်ဖြတ်ပြီးနောက် ရပ်တန့်ခြင်း မရှိချေ။ အချိန်တခဏကြာပြီးနောက် သူသည် လင်းမြောင်ဘုရားကျောင်း၏ တံခါးဝရှေ့သို့ ရောက်ရှိသွားပေ၏။

ဤဘုရားကျောင်းကို တောင်ကြားတစ်ခုအတွင်း၌ တည်ဆောက်ထားသည်။ ဤနေရာ၏နံဘေးပတ်ဝန်းကျင်တွင် စိမ်းလန်းသော တောအုပ်များ ဝိုင်းရံနေပြီး ဟင်းသီးဟင်းရွက်စိုက်ခင်းများလည်း ရှိနေသည်။ ဤသည်မှာ အသက်စွမ်းအားများဖြင့် ပြည့်နှက်နေသော မြင်ကွင်းတစ်ခုပင်။

အဝါရောင်နံရံများပေါ်တွင် ဗုဒ္ဓသင်္ကေတအက္ခရာတချို့ကို ရေးထွင်းထားသည်။ ဤဘုရားကျောင်းတွင် ရှေးဟောင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေပေ၏။ ကျောက်ပြားများ ကြေးနီခေါင်းလောင်းများ စေတီများစသည့်အရာများကို တည်ဆောက်ထားသည့် အုတ်တစ်ချပ်နှင့် အမိုးပြားတစ်ချပ်စီတိုင်းမှနေ၍ ရှေးးကျသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။ ဤဘုရားကျောင်း တည်ဆောက်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေကြောင်း သိသာထင်ရှားပေ၏။

"တကယ်လို့ ငါတို့တွေက ခြင်္သေ့ကုလားအုပ်တောင်ကို မသွားခဲ့ဘူးဆိုရင် ဒီနေရာက နတ်ဆိုးလှိုဏ်ဂူနဲ့ အတူတူပဲလို့ ငါ သိခဲ့ရမှာ မဟုတ်ဘူး....ဒီဘုန်းတော်ကြီးတွေက သင်္ကန်းရုံထားပေမယ့် သူတို့က လူသားမျက်နှာနဲ့ သားရဲနှလုံးသားရှိတဲ့ လူတွေပဲ"

မျောက်က မကျေမနပ် ပြောဆိုသည်။

ခွေးနက်ကြီးကလည်း သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

"ရှေးဟောင်းဗုဒ္ဓဂိုဏ်းဝင်တွေက ဒီလိုမျိုး မဟုတ်ဘူး...အခုလက်ရှိ ဗုဒ္ဓဂိုဏ်းကတော့ သူတို့ရဲ့တာအိုကို စွန့်ပယ်ပြီးတော့ အစွန်းရောက်တဲ့အခြေအနေမျိုးကို ရောက်သွားပြီ"

လုယွီက မိုးကောင်းကင်ယံကို လက်ညှိုးညွှန်ပြီး ရွှမ်အင်မော်တယ်တစ်ယောက်၏စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

All Chapters