← Chapters

အခန်း (၄၅၉၆-၄၆၀၀)

Vol. 233 Ch. 4596-4600

အခန်း (၄၅၉၆-၄၆၀၀)

Vol. 233 Ch. 4596-4600

Chapter 4596

"တားမြစ်ကောင်းကင်...တားမြစ်မြေပြင်...."

လုယွီက သူ၏လက်ချောင်းများကို အဆက်မပြတ်လှုပ်ခတ်နေကာ သူ ရေရွတ်လိုက်သော စကားလုံးများတွင် ဥပဒေသတစ်ရပ် ပါဝင်နေသည့်အလားပင်။

ရွှမ်အင်မော်တယ်တစ်ယောက်၏ စွမ်းအားသည် ဘုရားကျောင်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ပြင်ပလောကနှင့် လုံးလုံးလျားလျား ပိုင်းခြားလိုက်၏။

ဤစွမ်းအားသည် ဘုရားကျောင်းကို ပြင်ပလောကနှင့် သီးခြားဖြစ်သွားစေကာ ဗုဒ္ဓအစွမ်းထက်ကျင့်ကြံသူတချို့ပင်လျှင် ဤနေရာအတွင်းသို့ အာရုံခံနိုင်ရန် နည်းလမ်းရှိမည် မဟုတ်ချေ။

"သွားတော့..."

လုယွီ၏လက်ကောက်ဝတ် လှုပ်ရှားလိုက်ခြင်းနှင့်အတူ ခေါင်းဖြတ်ဓားသည် ထူးဆန်းသောအသံတစ်သံ မြည်ဟီးလာပြီး ရှေ့သို့ ပျံ့လွင့်သွားသည်။

နတ်ဆိုးသတ်ဖြတ်သူဘုရင်၏ အရှိန်အဝါသည် ဤနေရာ ပတ်ဝန်းကျင်တဝိုက်ကို လွှမ်းခြုံသွားပေ၏။ မကြာမီမှာပင် ဘုရားကျောင်းတစ်ကျောင်းလုံးအတွင်း၌ ဆူညံသံများဖြင့် ပြည့်နှက်သွားတော့သည်။

"အတင့်ရဲလှချည်လား...ဒီနတ်ဆိုးကောင်က ဘယ်နေရာကနေ ရောက်လာတာလဲ... သူက လင်းမြောင်ဘုရားကျောင်းထဲကိုတောင် ကျူးကျော်ဝင်လာရဲတယ်"

မကြာမီမှာပင် ဘုရားကျောင်း၏အတွင်းပိုင်းမှနေ၍ တင်းမာခက်ထန်သော အော်ငေါက်သံတစ်သံ ထွက်ပေါ်လာသည်။

သင်္ကန်းရုံထားကာ ဗုဒ္ဓသရဖူကို ဆောင်းထားသည့် ဘုန်းတော်ကြီးတစ်ပါးသည် ဘုရား​ကျောင်းအတွင်းမှ ပြန်ထွက်လာခဲ့သည်။ သူ့၏လက်အတွင်း၌ ဆုတောင်းပုတီးကုံးကို ကိုင်ထားကာသူ၏မျက်လုံးတစ်စုံသည် စူးရှတောက်ပနေပေ၏။

သူ့၏နံဘေးတွင် တခြားဘုန်းတော်ကြီးဆယ်ပါးကျော် ရှိနေသည်။ သူတို့အားလုံး၏လက်များအတွင်း၌ ဗုဒ္ဓတောင်ဝှေးများနှင့် စည်းမျဥ်းဥပဒေဓားများကို ကိုင်ထားကြသည်။ သူတို့ကိုကြည့်ရသည်မှာ ရက်စက်ကြမ်းကြုတ်သည့် ပုံပန်းသွင်ပြင်ရှိသည်။

ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးသတ်ဖြတ်သူဘုရင်သည် ဘုရား​ကျောင်းအတွင်း၌ ပျံသန်းနေကာ သူ၏နောက်တွင် ခြောက်ကပ်နေသောအလောင်းနှစ်လောင်း ကြွင်းကျန်ခဲ့သည်။

ထိုအလောင်းနှစ်လောင်းသည် ဘုန်းတော်ကြီး ဝတ်ရုံများကို ဝတ်ဆင်ထားသဖြင့် လင်းမြောင်ဘုရားကျောင်းမှ ဘုန်းတော်ကြီးများ ဖြစ်သည်မှာ သိသာထင်ရှားပေ၏။

ခေါင်းဆောင်ဘုန်းတော်ကြီးသည် နတ်ဆိုးသတ်ဖြတ်သူဘုရင်ကို မြင်တွေ့ချိန်၌ လက်နက်စိတ်ဝိညာဥ်ဖြစ်ကြောင်း ချက်ချင်းနားလည်သဘောပေါက်သွားသည်။ ထို့ကြောင့် သူက လုယွီဘက်သို့ လှည့်ကြည့်လိုက်သည်။

မျောက်က ရှေ့သို့ ခြေတစ်လှမ်းတက်ပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"ရွှမ်ကူ...မင်း ငါ့ကို မှတ်မိလား"

"ဒါက မင်းလား...မင်းက ဗုဒ္ဓကို မရိုမသေလုပ်ခဲ့တယ်...ငါတို့ဗုဒ္ဓက မင်းကို သနားညှာတာမှု ပြသခဲ့ပြီးပြီ...မင်းက ဒီနေရာကို တကယ်ကြီး လာရဲတာလား...မင်းက သေခြင်းတရားနဲ့ ဝဋ်ကြွေးတွေကနေ လွတ်မြောက်ချင်လို့ ဒီနေရာကို ရောက်လာတာလား"

ရွှမ်ကူသည် ဤမျောက်ကို မှတ်မိသဖြင့် သူ၏မျက်ခုံးများ မြင့်တက်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

မျောက်သည် ချက်ချင်းဆိုသလိုပင် ဒေါသထွက်သွားကာ စိတ်ဆိုးမာန်ဆိုး အော်ငေါက်လိုက်၏။

"ငါ့ဖင်ကြီးကိုပဲ လွတ်မြောက်လိုက်...မင်းတို့ရဲ့အရှင်​မျောက်က ဒီနေ့ မင်းတို့အားလုံးကို လမ်းကြောင်းမှန်ဆီ ပိုပေးမလို့ပဲ"

"အခုကြည့်ကြည့်တော့မှ မင်းက မျောက်နတ်ဆိုး တစ်ကောင်ပါလား...မင်းရဲ့ နတ်ဆိုးအကျင့်စရိုက်က ဘယ်တော့မှ ပြောင်းလဲသွားမယ့်ပုံ မရဘူး....ဒီနေ့ ငါက မင်းကို သင်ခန်းစာ ပေးရလိမ့်မယ်"

ရွှမ်ကူက တင်းမာခက်ထန်စွာ ပြောဆိုသည်။

ဘုန်းတော်ကြီး၏ခွန်အားသည် အလွန်နက်နဲသိမ်မွေ့ပေ၏။ သူ၏ခွန်အားကို ထုတ်ဖော်အသုံးပြုလိုက်သည့် အချိန်အခိုက်အတန့်၌ ရွှမ်အင်မော်တယ်နယ်ပယ်၌ ရှိနေသည်။

ဘန်း...ဘန်း...ဘန်း...

နှစ်ဖက်အကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ စတင်၍ ဖြစ်ပေါ်လာခဲ့သည်။ တိုက်ပွဲ၏နောက်ချန်အားလှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ ရှေးဟောင်းအဆောက်အအုံများ ကြေမွပျက်စီးကာ မြေပြင်ပေါ်သို့ ပြိုကျသွားသည်။

"ကြောင်သူတော်ကောင်တွေ...အခုချက်ချင်း သေလိုက်စမ်း"

မျောက်သည် အလွန်ဒေါသထွက်နေကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ့၏လက်အတွင်းရှိ တုတ်ရှည်သည် တစ်စုံတစ်ယောက်၏အသက်ကို အလွန်လျင်မြန်စွာ နှုတ်ယူနိုင်သော မှော်ရတနာတစ်ခုအလားပင်။ သူ ထိုတုတ်ရှည်အား ဝှေ့ယမ်းလိုက်သည်နှင့် လေတိုးသံများကို အရပ်မျက်နှာအဘက်ဘက်၌ ကြားနေရသည်။

"အော်မီတောဖော...ဗုဒ္ဓက သနားညှာတာတယ်"

ရွှမ်ကူက သူ၏လက်နှစ်ဖက်ကို ပူးကပ်၍ ကျမ်းစာများကို ရွတ်ဆိုလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အလွန်တောက်ပသော ဗုဒ္ဓအလင်းတန်းများက လွှမ်းခြုံသွားပေ၏။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ မှော်စွမ်းအားများမှနေ၍ လက်ရှစ်ဖက် မိုးကြိုးသားရဲတကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုမိုးကြိုးသားရဲ၏မျက်လုံးများ ပြူးကျယ်နေကာ သူ၏လက်သည်းများကို ဝှေ့ယမ်းနေသည်။ ထိုနောက် သူ၏လက်များဖြင့် စည်းတံဆိပ်များကို ဖွဲ့စည်းပြီး သူ၏ရှေ့၌ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်​များ ထွက်ပေါ်လာကာ ​မျောက်ထံဦးတည်ပြီး လက်သီးဖြင့် ထိုးနှက်လိုက်၏။

"နှောင်းပိုင်းမျိုးဆက်တွေမှာ တကယ့်ကို အတုအယောင်ဗုဒ္ဓကျင့်ကြံသူတွေနဲ့ ပြည့်နေတာပါလား...မင်းက ဗုဒ္ဓရဲ့ကျင့်ကြံနည်းစနစ်ကို သင်ယူထားပေမယ့် မင်းမှာ ဘာသနားညှာတာမှုမှ မရှိဘူး...မင်းရဲ့ဒီနည်းစနစ်က အရမ်းရက်စက်ကြမ်းကြုတ်တယ်...မင်းက ဒါတောင် ငါ့ရှေ့မှာ မင်းကိုမင်း မှန်ကန်တယ်လို့ အော်ဟစ်ပြီး တိုက်ခိုက်သေးတာလား"

မျောက်က အေးစက်စက်အပြုံးနှင့် ပြောဆိုသည်။ တိုက်ကွက်ဆယ်ကွက်ခန့် ဖလှယ်ပြီးနောက် မျောက်သည် ရွှမ်ကူ၏ခန္ဓာကိုယ်ပေါ်ရှိ ဟာကွက်တချို့ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

တုတ်ရှည်သည် လေဟာနယ်ကိုဖြတ်သန်းပြီး အားကုန်ပျံ့လွင့်လာကာ ဤသည်မှာ တောင်တစ်လုံးကို ကြေမွပျက်စီးလုမတက် ကြီးမားသော ခွန်အားပမာဏပင်။

ဘုန်း...

ရွှမ်ကူ၏ဓမ္မပုံရိပ်ရောင်ကြီး ချက်ချင်းကြေမွပျက်စီးသွားကာ သူ၏ခေါင်းသည်လည်း ပေါက်ကွဲသွားပေ၏။ သူ့၏အသွေးအသားများအားလုံး နေရာအနှံ့အပြားသို့ ပျံ့လွင့်သွားသည်။

ရွှမ်ကူ သေဆုံးသွားသည်ကိုကြည့်ပြီး တခြားဘုန်းတော်ကြီးများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

သူတို့သည် ရှောင်ကူအတွက် လက်စားချေပေးရန် စိတ်မဝင်စားကြချေ။ သူတို့အားလုံး နောက်သို့ချာခနဲလှည့်ပြီး မည်သည့် တွေဝေတုံ့ဆိုင်းခြင်းမျှ မရှိဘဲ ထွက်ပြေးကြတော့သည်။

လုယွီက လက်ညှိုးညွှန်လိုက်ရာ နတ်ဆိုးသတ်ဖြတ်သူဘုရင်ထံမှ အေးစက်စက်ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ခေါင်းဖြတ်ဓားသည် ရှေ့သို့ပျံ့လွင့်သွားပြီး ထိုဘုန်းတော်ကြီးများအားလုံးကို သတ်ဖြတ်လိုက်၏။

ဘုရား​ကျောင်း၏ အစိမ်းရောင်အုတ်ချပ်များပေါ်တွင် သွေးများ စွန်းထင်းသွားကာ လေထုအတွင်း၌ သွေးညှီနံ့များ ပျံ့လွင့်သွားသည်။

Chapter 4597

"အသုံးမကျတဲ့ ခေါင်းပြောင်ကြီးတွေ...ငါက မြို့ထဲမှာကတည်းက မင်းရဲ့ခေါင်းကို ရိုက်ခွဲချင်နေခဲ့တာ ..."

မျောက်က ရွှမ်ကူ သေဆုံးသွားသည်ကို မြင်တွေ့ချိန်တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ၏အတွေးများ ကြည်လင်ပြတ်သားသွားသည်ကို ခံစားမိလေ၏။

ခွေးနက်ကြီးသည် အခြေအနေကိုအခွင့်ကောင်းယူပြီး ဘုန်းတော်ကြီးများထံမှ သိုလှောင်အိတ်များကို သိမ်းယူလိုက်သည်။သူ့၏မျက်လုံးများ တောက်ပသွားကာ စိတ်လှုပ်ရှားစွာ ပြောဆိုသည်။

"ဒီခေါင်းပြောင်ကြီးတွေက ငွေတွေကို ကောက်ယူတဲ့နေရာမှာ တော်တော်ထူးချွန်တာပါလား...သူတို့မှာ ငွေတွေအများကြီး ရှိနေတယ်"

မျောက်က ​အော်ဟစ်လိုက်သည်။

"ခွေးစုတ်...ငါတို့ရဲ့အရင်သဘောတူညီချက်ကို မမေ့လိုက်နဲ့....မင်း ကောင်းတာတခုခု ရတဲ့အချိန်ကျရင် ဒါကို ညီတူညီမျှ ခွဲပေးရမယ်"

ခွေးနက်ကြီးက ​မျောက်ကို မျက်စောင်းထိုးပြီး ပြောဆိုသည်။

"ငါ သိတယ်...ငါ့ကို မင်းလိုမျိုး ထင်နေတာလား"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"ဒီနေရာမှာ မြန်မြန်လက်စသတ်ကြတော့"

ဤဘုရားကျောင်းအတွင်းတွင် ရုပ်ထုအမြောက်အများရှိနေသည်။ ဗုဒ္ဓရုပ်ပွားတော်အမျိုးမျိုးသည် စင်ပေါ်တွင် တည်ရှိနေကာ ဘုရားကျောင်းအတွင်း၌ ဖြစ်ပျက်နေသည့် အရာရာတိုင်းကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေသည်။

ဤဗုဒ္ဓရုပ်ပွားတော်များသည် နတ်ဘုရားများနှင့်တူညီပြီး အရာရာတိုင်းကို ထွင်းဖောက်မြင်နိုင်ကြောင်း လုယွီက သိရှိထားသည်။ သူသည် မိုးမြေချိတ်ပိတ်ခြင်းနည်းစနစ်ကို အသုံးပြု၍ လင်းမြောင်ဘုရားကျောင်းကို လုံးလုံးလျားလျား ချိတ်ပိတ်ထားခဲ့သည်။ သို့ရာတွင် အကယ်၍ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူသည် လင်းမြောင်ဘုရားကျောင်း၏တည်ရှိမှုကို အာရုံခံ၍ မရပါက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားပေမည်။

ကံကောင်းထောက်မစွာဖြင့် လင်းမြောင်ဘုရားကျောင်းသည် သေးငယ်သော ဘုရားကျောင်းတစ်ကျောင်းသာ ဖြစ်ပေ၏။ ထို့ကြောင့် အစွမ်းထက်ဗုဒ္ဓကျင့်ကြံသူများသည် ဤနေရာကို တမင်သက်သက် စောင့်ကြည့်နေမည် မဟုတ်ချေ။

မျောက်သည် ဤနေရာသို့ တစ်ကြိမ်ခိုးဝင်ဖူးသဖြင့် အလွန်ရင်းနှီးကျွမ်းဝင်သည်။ သူသည် လုယွီတို့နှစ်ယောက်ကို ဘုရားကျောင်း၏နောက်သို့ လမ်းပြခေါ်ဆောင်ခဲ့သည်။

ဤနေရာ၌ ကျိုးတိုးကျဲတဲ အဆောက်အအုံတချို့သာ ရှိနေသည်။ ဤနေရာရှိ နံရံများသည် ဘုရားကျောင်းနံရံများထက် ပို၍မြင့်မားပေ၏။ ထို့ကြောင့် ပြင်ပမှနေ၍ အတွင်းသို့ ကြည့်ရှုခြင်းမပြုနိုင်စေရန် ကာကွယ်ဟန်တားထားနိုင်သည်။ ဤသည်မှာ ဘုန်းတော်ကြီးများ နေထိုင်သည့် နေရာတစ်နေရာပင်။

ခြံဝန်းတခု၏တံခါးပေါ်တွင် 'ကျောင်းတိုက်ဘုန်းတော်ကြီး'ဟု ရေးသားထားသော ကဗ္မည်းပြားတစ်ခုကို ချိတ်ဆွဲထားသည်။

ဤသည်မှာ ဘုရားကျောင်း၏ကျောင်းထိုင် နေထိုင်သောနေရာပင်။

လုယွီသည် ဤခြံဝန်းအတွင်းသို့ ခြေချလိုက်ပြီးနောက် ပြင်းထန်သော သွေးညှီနံ့များကို ရှူရှိုက်မိသည်။

ထို့နောက် ခြံဝန်းအတွင်းတွင် အိုးတစ်အိုးရှိနေသည်ကို သူ မြင်တွေ့မိလေ၏။ ထိုအိုးအတွင်းမှ နေ၍ အငွေ့များ တထောင်းထောင်းထနေသည်။

ထိုအိုး၏နံဘေးတွင် အသားများနှင့်အရိုးများရှိနေသည်။ ခြေရာလက်ရာများအရ အကဲဖြတ်ကြည့်ပါက ဤသည်မှာ လူသားများ၏အရိုးဖြစ်ကြောင်း သိသာထင်ရှားသည်။

"သူက နတ်ဆိုးသားရဲ မဟုတ်တော့တာတောင် လူသားကို ကြိုက်နှစ်သက်တဲ့ သူရဲ့အကျင့်ကို မပြောင်းလဲနိုင်သေးဘူး"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

ဤကြောင်သူတော်ယောင်ဆောင်နေသော ဘုန်းတော်ကြီးများသည် ညအမှောင်ယံကိုအသုံးပြု၍ အနောက်ဘက်ခြံဝန်းအတွင်းတွင် လူသားများကို ချက်ပြုတ်စားသောက်နေခြင်းပင်။

ဤမြင်ကွင်းသည် ပြင်ပရှိ ဘုရားကျောင်းအတွင်းတွင် ရှိနေသော သနားညှာတာမှုအပြည့်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် ထိုဘုန်းတော်ကြီးများအားလုံးကို သတ်ဖြတ်ပြီးဖြစ်သည်။ အကယ်၍ သူတို့သည် အတုအယောင်ဘုန်းတော်ကြီးများကို အသက်ရှင်ရက်ချန်ထားပါက နောင်အနာဂတ်တွင် မည်မျှထိများပြားသောလူများ ထိခိုက်နစ်နာသွားမည်ကို မည်သူ သိနိုင်မည်နည်း။

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး မေးမြန်းသည်။

"ဝင်ပေါက်က ဘယ်နေရာမှာလဲ"

ယခုအချိန်၌ ဗုဒ္ဓဂိုဏ်း၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရောက်လာမလာကို သူ အတပ်မပြောနိုင်ချေ။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဗုဒ္ဓဂိုဏ်း၏ လက်အောက်ခံနယ်မြေပင်။ အကယ်၍ သူသည် ဤနေရာတွင် လှုပ်ရှားပါက သူ၏အသက် အချိန်မရွေး ဆုံးရှုံးသွားနိုင်သည့် အန္တရာယ်အား ရင်ဆိုင်ရပေမည်။

"ငါ့ရဲ့နောက်ကို လိုက်ခဲ့ပါ..."

မျောက်က ရှေ့မှဦးဆောင်သွားကာ ကျောင်းတိုက်ဘုန်းတော်ကြီး၏ ခြံဝန်းအတွင်းရှိ ကျိုင်းပင်တစ်ပင်၏အောက်သို့ သွားလိုက်သည်။ ထို့နောက် သူသည် မြေပြင်ကို တူးလိုက်၏။

ထိုကျိုင်းပင်ကြီး၏ နံဘေးပတ်ဝန်းကျင်မှ လေဟာနယ်လှုပ်ခတ်မှုလှိုင်းများ ထွက်ပေါ်လာသည်။ ဤသစ်ပင်၏အောက်တွင် လေဟာနယ်ဝင်္ကပါတစ်ခုကို ဖုံးကွယ်ထားပေ၏။ ဤအရာကို ဂရုတစိုက် စူးစမ်းလေ့လာခြင်း မပြုပါက ရှာဖွေတွေ့ရှိနိုင်ရန် အလွန်ခက်ခဲပေမည်။

လုယွီသည်လည်း သစ်ပင်ကြီးအတွင်းသို့ ခြေချလိုက်၏။ ရုတ်ချည်းဆိုသလိုပင် လောကကြီး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားသည့်အလား ချာချာလည်သွားကာ သူ့ရှေ့ရှိ မြင်ကွင်းပြောင်းလဲသွားသည်။

လေဟာနယ်လှုပ်ခတ်မှုလိုင်းများ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။ ပြင်းထန်သော လေဟာနယ်အားလှိုင်းများသည် သူ့ရှေ့၌ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်သို့ ဖြတ်သန်းတိုက်ခတ်သွားသည်။

ဟူး...ဟူး...ဟူး....

လေပြင်းများ တိုက်ခတ်လာကာ ပေါက်ကွဲသံများက သူ၏နားအတွင်း၌ ပဲ့တင်ထပ်နေသည်။

လေဟာနယ် လည်ပတ်သွားပြီးနောက် နောက်ထပ်အချိန်အခိုက်အတန့်၌ လုယွီက သူသည် လေဟာနယ်ကိုဖြတ်သန်းကာ မြေပြင်၏နက်ရှိုင်းသောနေရာသို့ ရောက်ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

သူ၏နံဘေးပတ်ဝန်းကျင်တွင် မြေသားများ၏ ပြင်းထန်သောအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ရုတ်ချည်းဆိုသလိုပင် သူ၏အမြင်အာရုံသည် အကန့်အသက်မဲ့သော အမှောင်ထုကြီးအတွင်းသို့ ကျရောက်သွားကာ သူ၏လက်ချောင်းများကိုပင် သူ မမြင်တွေ့နိုင်တော့ချေ။

ဤအမှောင်ထုအတွင်းတွင် ရွှေရောင်အလင်းတန်းများ တောက်ပနေသော ရှည်လျားသည့် မြစ်တစ်စင်းရှိနေကာ အဝေးတစ်နေရာမှနေ၍ အဆက်မပြတ် စီးဆင်းလာသည်။

သူတို့၏နားများအတွင်းတွင် ရေစီးသံများဖြင့် ပြည့်နှက်သွားပေ၏။

ဤသည်မှာ မျောက် ပြောဆိုသော စိတ်ဝိညာဉ်သွေးကြောပင်။

Chapter 4598

ကြီးမားကျယ်ပြန်သောာ စိတ်ဝိညာဥ်သွေးကြောသည် အဆုံးမရှိချေ။

လေထုအကန့်အသတ်ရှိနေသော မြေအောက်၌ ဖြစ်နေသည့်တိုင် စိတ်ဝိညာဉ်မြူခိုးတိမ်တိုက်များ မျောလွင့်နေသည်။ ထိုအရာသည် စိတ်ဝိညာဥ်စွမ်းအင်များ အထွတ်အထိပ်အဆင့်ထိ စုစည်းမိသော အခြေအနေမျိုးမှသာ ထွက်ပေါ်လာလေ့ရှိသည့် မြင်ကွင်းဖြစ်သည်။

ဤသည်မှာ သာမန်စိတ်ဝိညာဉ်သွေးကြော မဟုတ်ဘဲ အပြစ်အနာအဆာမဲ့ စိတ်ဝိညာဥ်သွေးကြောပင်။

ဤသည်မှတဆင့် ဤစိတ်ဝိညာဉ်သွေးကြောမှနေ၍ အပြစ်အနာအဆာမဲ့ စိတ်ဝိညာဥ်ကျောက်တုံး အမြောက်အများကို ထုတ်လုပ်ပေးနိုင်သည်ဟု ဆိုလိုသည်။ ဤအရာသည် အလွန်အမင်း အဖိုးတန်ပေ၏။

လုယွီသည် အတိတ်ဘဝ၌ အတွေ့အကြုံကြွယ်ဝသူ ဖြစ်သည့်တိုင် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ထိတ်လန့်တုန်လှုပ်သွားသည်။

ဤစိတ်ဝိညာဉ်သွေးကြောသာ ပြင်ပသို့ ပျံ့နှံ့သွားပါက အင်အားစုအမြောက်အများသည် တိုက်ခိုက်လုယက်ကြမည်မှာ သေချာပေါက်ပင်။ ဇာတ်မြုပ်နေသော တာအိုသခင်တချို့ပင်လျှင် လှုပ်ရှားလာနိုင်သည်။

"အူ ဟူး...ငါတို့ ချမ်းသာပြီ"

ခွေးနက်ကြီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သူသည် ချက်ချင်းဆိုသလိုပင် သိုလှောင်အိတ်ကို ထုတ်ယူပြီး နေရာအနှံ့အပြားတွင် ရှိနေသော စိတ်ဝိညာဥ်ကျောက်တုံးများကို စတင်၍ ကောက်ယူလိုက်တော့သည်။

စိတ်ဝိညာဥ်ကျောက်တုံးများသည် ခွေးနက်ကြီး၏ သိုလှောင်အိတ်အတွင်းသို့ မိုးရွာချသည့်အလား တရကြမ်းစီးဝင်သွားသည်။ သို့ရာတွင် သူသည် စိတ်ကျေနပ်ခြင်း မရှိသေးချေ။ သူသည် သူ၏ပါးစပ်ကိုဖွင့်ဟပြီး အရပ်မျက်နှာအဘက်ဘက်တွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအားများကို ဝါးမြိုလိုက်၏။

မျောက်သည်လည်း နောက်ကျကျန်နေခဲ့ခြင်းမရှိချေ။ သူသည် ယခင်က ဤနေရာသို့ ခိုးဝင်ခဲ့စဉ်တွင် စိတ်ဝင်ညာဥ်ကျောက်တုံးတချို့ကိုသာ ယူဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် သူ၏စိတ်အတွင်း၌ မကျေမနပ်ဖြစ်နေသည်မှာ အချိန်အတော် ကြာမြင့်နေလေပြီ။

ဤအချိန်အခိုက်အတန့်တွင် သူသည်လည်း သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူကာ အရူးအမူး ရိတ်သိမ်းလိုက်သည်။

"ငါ အရင်တုန်းက ကြုံခဲ့ရတဲ့ ထိပ်သီးဗုဒ္ဓကျင့်ကြံသူရဲ့အရှိန်အဝါက အခု ရှိမနေဘူး...ဒါက ငါ့ရဲ့ဘဝတစ်သက်စာမှာ တစ်ကြိမ်ပဲရနိုင်တဲ့ အခွင့်အရေးပဲ"

မျောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဒီစိတ်ဝိညာဉ်သွေးကြောနဲ့ဆိုရင် ပုန်းကွယ်နဂါးစစ်တပ်ကို အင်အားချဲ့ထွင်ဖို့အတွက် အလားအလာရှိသွားပြီ"

လုယွီသည်လည်း အလွန်ပျော်ရွှင်နေသည်။ သူသည် သူ၏သိုလှောင်အိတ်ကမ္ဘာငယ်လေးကိုရထုတ်ယူကာ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်သွေးကြောများကို စတင်၍ဝါးမြိုလိုက်၏။

ဝှီး...ဝှီး...ဝှီး....

လေထုအား ထွင်းဖောက်နေသည့် အသံများကို ကြားလိုက်ရသည်။

စိတ်ဝိညာဥ်ကျောက်တုံးများသည် အရပ်မျက်နှာသုံးဘက်သို့ ပျံ့လွင့်သွားကာ သိုလှောင်အိတ်သုံးအိတ်၏ဝါးမြိုခြင်းကို ခံလိုက်ရသည်။

လုယွီက ဤစိတ်ဝိညာဥ်ကျောက်တုံးများသည် ကမ္ဘာငယ်လေးအတွင်း၌ ဆက်လက်၍ တိုးပွားလာနိုင်ကြောင်း အာရုံခံမိသည်။ ထိုနေရာတွင် တောင်ငယ်တလုံးစာမျှ စုပုံနေသော စိတ်ဝိညာဥ်ကျောက်တုံးများထံတွင် စိတ်ဝိညာဥ်စွမ်းအားများဖြင့် ပြည့်နှက်နေပေ၏။

အပြစ်အနာအဆာမဲ့ စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်း....

အပြစ်အနာအဆာမဲ့ စိတ်ဝိညာဥ်ကျောက်တုံး သန်းတစ်ရာ...

အပြစ်အနာအဆာမဲ့ စိတ်ဝိညာဥ်ကျောက်တုံး သန်းနှစ်ရာ...

သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်း၌ စိတ်ဝိညာဥ်ကျောက်တုံးများဖြင့် ပြည့်နှက်သွားသည်။ ရုတ်ချည်းဆိုသလိုပင် ထိုနေရာ၌ အပြစ်အနာအဆာမဲ့ စိတ်ဝိညာဥ်ကျောက်တုံး သန်းတစ်ထောင် ရှိသွားလေပြီ။

ဤစိတ်ဝိညာဥ်သွေးကြောသည် လုယွီ ယခင်က လော့ရွှေကြယ်မြစ်အတွင်းမှ ရရှိခဲ့သော စိတ်ဝိညာဥ်သွေးကြောထက် ပို၍အားကောင်းသည်။ သိုလှောင်အိတ်သုံးလုံး၏ အရူးအမူးရိတ်သိမ်းခြင်းကို ခံရသည့်တိုင် စိတ်ဝိညာဥ်သွေးကြောသည် အနည်းငယ်မျှ အားပျော့သွားခြင်းမရှိချေ။ စိတ်ဝိညာဥ်သွေးကြောမြစ်ကြီးသည် ဆက်လက်၍ တလိမ့်လိမ့်စီးဆင်းနေပေ၏။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...မိုးကောင်းကင်ယံကို တက်တူဝါးမြိုခြင်း...

လုယွီ၏စိတ် လှုပ်ရှားသွားခြင်းနှင့်အတူ သူသည် ချက်ချင်းဆိုသလို တက်တူနတ်ဆိုးဘိုးဘေးပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်သည်။

ဆိတ်ခန္ဓာကိုယ်နှင့် လူခေါင်းရှိသော ဧရာမနတ်ဆိုးပုံရိပ်ယောင်ကြီးသည် မြေအောက်၏နက်ရှိုင်းသောနေရာ၌ ထွက်ပေါ်လာသည်။ ထိုပုံရိပ်ယောင်ကြီးသည် သူ၏ပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟပြီးနောက် သန်းရာနှင့်ချီသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများကို လုယွီမှ ဝါးမြိုလိုက်၏။

တလိမ့်လိမ့်ထနေသော စိတ်ဝိညာဥ်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီးနောက် သူ၏ကျင့်ကြံဆင့်စွမ်းအားများကို မြင့်တက်စေသည်။

လုယွီ၏ကျင့်ကြံမှုအရှိန်နှုန်းအရ ရွှမ်အင်မော်တယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင်ရန် အနည်းဆုံး အချိန်သုံးလေးနှစ်ခန့် ယူရပေမည်။

ကြီးမားကျယ်ပြန်သောာ စိတ်ဝိညာဥ်သွေးကြောသည် အဆုံးမရှိချေ။

လေထုအကန့်အသတ်ရှိနေသော မြေအောက်၌ ဖြစ်နေသည့်တိုင် စိတ်ဝိညာဉ်မြူခိုးတိမ်တိုက်များ မျောလွင့်နေသည်။ ထိုအရာသည် စိတ်ဝိညာဥ်စွမ်းအင်များ အထွတ်အထိပ်အဆင့်ထိ စုစည်းမိသော အခြေအနေမျိုးမှသာ ထွက်ပေါ်လာလေ့ရှိသည့် မြင်ကွင်းဖြစ်သည်။

ဤသည်မှာ သာမန်စိတ်ဝိညာဉ်သွေးကြော မဟုတ်ဘဲ အပြစ်အနာအဆာမဲ့ စိတ်ဝိညာဥ်သွေးကြောပင်။

ဤသည်မှတဆင့် ဤစိတ်ဝိညာဉ်သွေးကြောမှနေ၍ အပြစ်အနာအဆာမဲ့ စိတ်ဝိညာဥ်ကျောက်တုံး အမြောက်အများကို ထုတ်လုပ်ပေးနိုင်သည်ဟု ဆိုလိုသည်။ ဤအရာသည် အလွန်အမင်း အဖိုးတန်ပေ၏။

လုယွီသည် အတိတ်ဘဝ၌ အတွေ့အကြုံကြွယ်ဝသူ ဖြစ်သည့်တိုင် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ထိတ်လန့်တုန်လှုပ်သွားသည်။

ဤစိတ်ဝိညာဉ်သွေးကြောသာ ပြင်ပသို့ ပျံ့နှံ့သွားပါက အင်အားစုအမြောက်အများသည် တိုက်ခိုက်လုယက်ကြမည်မှာ သေချာပေါက်ပင်။ ဇာတ်မြုပ်နေသော တာအိုသခင်တချို့ပင်လျှင် လှုပ်ရှားလာနိုင်သည်။

"အူ ဟူး...ငါတို့ ချမ်းသာပြီ"

ခွေးနက်ကြီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သူသည် ချက်ချင်းဆိုသလိုပင် သိုလှောင်အိတ်ကို ထုတ်ယူပြီး နေရာအနှံ့အပြားတွင် ရှိနေသော စိတ်ဝိညာဥ်ကျောက်တုံးများကို စတင်၍ ကောက်ယူလိုက်တော့သည်။

စိတ်ဝိညာဥ်ကျောက်တုံးများသည် ခွေးနက်ကြီး၏ သိုလှောင်အိတ်အတွင်းသို့ မိုးရွာချသည့်အလား တရကြမ်းစီးဝင်သွားသည်။ သို့ရာတွင် သူသည် စိတ်ကျေနပ်ခြင်း မရှိသေးချေ။ သူသည် သူ၏ပါးစပ်ကိုဖွင့်ဟပြီး အရပ်မျက်နှာအဘက်ဘက်တွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအားများကို ဝါးမြိုလိုက်၏။

မျောက်သည်လည်း နောက်ကျကျန်နေခဲ့ခြင်းမရှိချေ။ သူသည် ယခင်က ဤနေရာသို့ ခိုးဝင်ခဲ့စဉ်တွင် စိတ်ဝင်ညာဥ်ကျောက်တုံးတချို့ကိုသာ ယူဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် သူ၏စိတ်အတွင်း၌ မကျေမနပ်ဖြစ်နေသည်မှာ အချိန်အတော် ကြာမြင့်နေလေပြီ။

ဤအချိန်အခိုက်အတန့်တွင် သူသည်လည်း သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူကာ အရူးအမူး ရိတ်သိမ်းလိုက်သည်။

"ငါ အရင်တုန်းက ကြုံခဲ့ရတဲ့ ထိပ်သီးဗုဒ္ဓကျင့်ကြံသူရဲ့အရှိန်အဝါက အခု ရှိမနေဘူး...ဒါက ငါ့ရဲ့ဘဝတစ်သက်စာမှာ တစ်ကြိမ်ပဲရနိုင်တဲ့ အခွင့်အရေးပဲ"

မျောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဒီစိတ်ဝိညာဉ်သွေးကြောနဲ့ဆိုရင် ပုန်းကွယ်နဂါးစစ်တပ်ကို အင်အားချဲ့ထွင်ဖို့အတွက် အလားအလာရှိသွားပြီ"

လုယွီသည်လည်း အလွန်ပျော်ရွှင်နေသည်။ သူသည် သူ၏သိုလှောင်အိတ်ကမ္ဘာငယ်လေးကိုရထုတ်ယူကာ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်သွေးကြောများကို စတင်၍ဝါးမြိုလိုက်၏။

ဝှီး...ဝှီး...ဝှီး....

လေထုအား ထွင်းဖောက်နေသည့် အသံများကို ကြားလိုက်ရသည်။

စိတ်ဝိညာဥ်ကျောက်တုံးများသည် အရပ်မျက်နှာသုံးဘက်သို့ ပျံ့လွင့်သွားကာ သိုလှောင်အိတ်သုံးအိတ်၏ဝါးမြိုခြင်းကို ခံလိုက်ရသည်။

လုယွီက ဤစိတ်ဝိညာဥ်ကျောက်တုံးများသည် ကမ္ဘာငယ်လေးအတွင်း၌ ဆက်လက်၍ တိုးပွားလာနိုင်ကြောင်း အာရုံခံမိသည်။ ထိုနေရာတွင် တောင်ငယ်တလုံးစာမျှ စုပုံနေသော စိတ်ဝိညာဥ်ကျောက်တုံးများထံတွင် စိတ်ဝိညာဥ်စွမ်းအားများဖြင့် ပြည့်နှက်နေပေ၏။

အပြစ်အနာအဆာမဲ့ စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်း....

အပြစ်အနာအဆာမဲ့ စိတ်ဝိညာဥ်ကျောက်တုံး သန်းတစ်ရာ...

အပြစ်အနာအဆာမဲ့ စိတ်ဝိညာဥ်ကျောက်တုံး သန်းနှစ်ရာ...

သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်း၌ စိတ်ဝိညာဥ်ကျောက်တုံးများဖြင့် ပြည့်နှက်သွားသည်။ ရုတ်ချည်းဆိုသလိုပင် ထိုနေရာ၌ အပြစ်အနာအဆာမဲ့ စိတ်ဝိညာဥ်ကျောက်တုံး သန်းတစ်ထောင် ရှိသွားလေပြီ။

ဤစိတ်ဝိညာဥ်သွေးကြောသည် လုယွီ ယခင်က လော့ရွှေကြယ်မြစ်အတွင်းမှ ရရှိခဲ့သော စိတ်ဝိညာဥ်သွေးကြောထက် ပို၍အားကောင်းသည်။ သိုလှောင်အိတ်သုံးလုံး၏ အရူးအမူးရိတ်သိမ်းခြင်းကို ခံရသည့်တိုင် စိတ်ဝိညာဥ်သွေးကြောသည် အနည်းငယ်မျှ အားပျော့သွားခြင်းမရှိချေ။ စိတ်ဝိညာဥ်သွေးကြောမြစ်ကြီးသည် ဆက်လက်၍ တလိမ့်လိမ့်စီးဆင်းနေပေ၏။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...မိုးကောင်းကင်ယံကို တက်တူဝါးမြိုခြင်း...

လုယွီ၏စိတ် လှုပ်ရှားသွားခြင်းနှင့်အတူ သူသည် ချက်ချင်းဆိုသလို တက်တူနတ်ဆိုးဘိုးဘေးပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်သည်။

ဆိတ်ခန္ဓာကိုယ်နှင့် လူခေါင်းရှိသော ဧရာမနတ်ဆိုးပုံရိပ်ယောင်ကြီးသည် မြေအောက်၏နက်ရှိုင်းသောနေရာ၌ ထွက်ပေါ်လာသည်။ ထိုပုံရိပ်ယောင်ကြီးသည် သူ၏ပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟပြီးနောက် သန်းရာနှင့်ချီသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများကို လုယွီမှ ဝါးမြိုလိုက်၏။

တလိမ့်လိမ့်ထနေသော စိတ်ဝိညာဥ်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီးနောက် သူ၏ကျင့်ကြံဆင့်စွမ်းအားများကို မြင့်တက်စေသည်။

လုယွီ၏ကျင့်ကြံမှုအရှိန်နှုန်းအရ ရွှမ်အင်မော်တယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင်ရန် အနည်းဆုံး အချိန်သုံးလေးနှစ်ခန့် ယူရပေမည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ ဤကြီးမားသော စိတ်ဝိညာဥ်စွမ်းအားများ၏ အကူအညီဖြင့် လုယွီ၏ကျင့်ကြံမှုအရှိန်နှုန်း အလွန်အမင်း တိုးတက်လာခဲ့သည်။

ထူထပ်သိပ်သည်းစွာ စုပုံထားသည့် စိတ်ဝိညာဥ်ကျောက်တုံးများသည် စိတ်ဝိညာဉ်စွမ်းအားများအဖြစ် သန့်စင်သွားပြီးနောက် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများထံသို့ စီးဝင်နေသည်။

"အရမ်းကောင်းတယ်....ဒီအရှိန်နှုန်းနဲ့ဆိုရင် ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို မကြာခင်မှာ ထပ်ပြီးချိုးဖျက်နိုင်လိမ့်မယ်"

လုယွီသည် ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် အပျော်လွန်သွားပေ၏။

ရှေးဟောင်း ကျင့်ကြံဆင့်နယ်ပယ်အရ...

ရွှယ်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ကို 'စိတ်ဝိညာဉ်ဆရာသခင်'ဟု ခေါ်ဆိုသည်။

ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကိုမူ 'အစစ်အမှန် ဧကရာဇ်'ဟု ခေါ်ပေ၏။ဥပမာအနေဖြင့် အစစ်အမှန်ဧကရာဇ်ဝမ်ချန်း အစစ်အမှန်ဧကရာဇ်ကွေ့ရှန်းတို့ပင်။

ရှေးဟောင်းရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိသောတစ်စုံတစ်ယောက်သည် နှောင်းပိုင်းမျိုးဆက်၏ နယ်မြေသခင်နယ်ပယ် ပဉ္စမအဆင့်မှ အဋ္ဌမအဆင့်တွင်ရှိနေသော ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် ရွှယ်အင်မော်တယ်နယ်ပယ် နောက်ပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပါက သူတို့အား 'ကောင်းကင်အုပ်စိုးသူအရှင်'ဟု ခေါ်ဆိုသည်။ဥပမာအနေဖြင့် ရှေးဟောင်းကောင်းကင်ဘုံနန်းတော်၏ ထျန်းရီကောင်းကင်အုပ်စိုးသူအရှင်ပင်။

ဤအဆင့်သို့ ရောက်ရှိသွားပါက သူသည်နှောင်းပိုင်းမျိုးဆက်များမှ တာအိုသခင်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေမည်။

လုယွီသည် ရွှမ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ကျင့်ကြံပြီးသည်နှင့် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားနှင့် မှော်စွမ်းအားတို့သည် ကုန်ခမ်းသွားတော့မည် မဟုတ်ချေ။ ထိုအဆင့်သို့ရောက်ပါက သူသည် သူ၏စိတ်ဝိညာဥ်နှင့်ခန္ဓာကိုယ် တသားတည်းကျသွားပေမည်။ တာအိုသခင်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတချို့ပင်လျင် သူ့အတွက် ပြိုင်ဘက်ဖြစ်နိုင်တော့မည် မဟုတ်ချေ။

Chapter 4599

"ဒါက ဘဝတစ်သက်စာမှာ တစ်ကြိမ်ပဲရနိုင်တဲ့ အခွင့်အရေးကြီးပဲ....ငါက ဒါကို ဖမ်းဆုပ်ထားရမယ်"

လုယွီ၏မျက်လုံးများ တောက်ပသွားကာ ဤအချိန်အခိုက်အတန့်တွင် သူ စိတ်ပိုင်းဖြတ်လိုက်၏။

သူ၏တက်တူနတ်ဆိုးခန္ဓာကိုယ်သည် ပါးစပ်ကြီးကိုကျယ်လောင်စွာ ဖွင့်ဟထားကာ အဆုံးမရှိသော အသူရာ​ချောက်နက်ကြီးအလားပင်။ ထိုအရာ၏ ပြင်းထန်သောဝါးမြိုမှုအောက်တွင် စိတ်ဝိညာဉ်သွေးကြောသည် မှေးမှိန်သွားပြီး အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလားပင်။

"တက်တူရဲ့ရက်စက်ကြမ်းကြုတ်မှု စွမ်းအား...မိုးနဲ့မြေကို ဝါးမြိုနိုင်တယ်"

လုယွီသည် တက်တူနတ်ဆိုးခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ထပ်မံ၍ အရူးအမူးဝါးမြိုလိုက်သည်။

စိတ်ဝိညာဉ်သွေးကြောသည် ချက်ချင်းဆိုသလိုပင် ပြင်းပြင်းထန်ထန်လှုပ်ခတ်စ ပြုလာကာ အလယ်မှနေ၍ ပြတ်တောက်သွားပြီး လေဟာနယ်နေရာတစ်ခု ဖြစ်ပေါ်လာသည်။

တက်တူနတ်ဆိုးခန္ဓာကိုယ်ဖြင့် ပါးစပ်အပြည့်ဝါးမြိုပြီးနောက် စိတ်ဝိညာဉ်ကျောက်တုံးဆယ်သန်းကျော်သည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားလေပြီ။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုအရာများသည့် အကန့်အသတ်မရှိသော စိတ်ဝိညာဉ်စွမ်းအားများအဖြစ် ပြောင်းလဲကာ သူ၏ကျင့်ကြံဆင့်စွမ်းအားကို မြင့်တက်သွားစေသည်။

"ဒါက ငါ တစ်နှစ်စာ ပင်ပင်ပန်းပန်း ကြိုးစားရမယ့်ကိစ္စကို သက်သာစေတယ်...တကယ့်ကို မိုးကောင်းကင်က ကျလာတဲ့ ကံကြမ္မာကောင်းကြီးပဲ"

လုယွီသည် အလွန်ပျော်ရွှင်နေပေ၏။

ဗုဒ္ဓဂိုဏ်း၏အမွေအနှစ်သည် ရှေးဟောင်းအလယ်ခေတ်တွင် ဖရိုဖရဲကိစ္စများနှင့် ကြုံတွေ့ခဲ့ရခြင်းမရှိချေ။ ထိုဂိုဏ်းသည် သိုသိပ်သောအနေအထားကို အစဉ်အမြဲ ထိန်းသိမ်းထားပြီး ချမ်းသာကြွယ်ဝမှုကို စုဆောင်းနေခဲ့သည်။ ယခုအချိန်၌ သူတို့၏ချမ်းသာကြွယ်ဝမှုသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။

ယခင်က လုယွီ ရရှိထားသော စိတ်ဝိညာဥ်သွေးကြောသည် လော့ရွှေကြယ်မြစ်၏ ပင်လယ်သူတော်စင်မှ ချန်ထားခဲ့သော အမွေအနှစ်ပင်။ သို့ရာတွင် ဤအပြစ်အနာအဆာမဲ့ စိတ်ဝိညာဥ်သွေးကြောနှင့် နှိုင်းယှဉ်ပါက ထိုအရာသည် အသေးအမွှား ဖြစ်သွားလေပြီ။

ဤကဲ့သို့ ပြင်းထန်သော ဝါးမြိုမှုကို သာမာန်အသွေးအသားခန္ဓာကိုယ်တစ်ခု ဖြစ်နေပါက တောင့်ခံနိုင်မည် မဟုတ်ချေ။ ထိုလူ၏မရီဒါန်းများအားလုံး ပေါက်ပြဲကာ သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားပေမည်။

မျောက်ထံတွင် သိုင်းပညာသူတော်စင်အဆင့် ရုပ်ခန္ဓာကိုယ် ရှိနေသည့်တိုင် သူသည် သိုလှောင်အိတ်ကို အသုံးပြု၍ စိတ်ဝိညာဥ်ကျောက်တုံးများကို ယာယီသိမ်းဆည်းထားသည်။ အကယ်၍ လုယွီကဲ့သို့ အရှိန်နှုန်းဖြင့် ဤစိတ်ဝိညာဉ်ကျောက်တုံးများကို ဝါးမြိုပါက သူ သေလမ်းရှာခြင်းသာ ဖြစ်ပေမည်။

သို့ရာတွင် လုယွီကမူ ကွဲပြားခြားနားပေ၏။ သူသည် သိုင်းပညာအင်မော်တယ် တစ်ယောက်ပင်။

သူသည် သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိပြီးနောက် သူ၏ရုပ်ခန္ဓာကိုယ်သည် အင်မော်တယ်ဖြစ်သွားကာ မဖျက်စီးနိုင်လုနီးပါးပင်။ သူ မည်မျှထိ များပြားသော အရာများကို ဝါးမြိုသည်ဖြစ်စေ ထိုအရာများကို မှော်စွမ်းအားများအဖြစ် ချက်ချင်းပြောင်းလဲနိုင်စွမ်းရှိသည်။ ဤကိစ္စအတွက် မည်သည့် ထိန်းချုပ်ကန့်သတ်ချက်မျိုးမျှ မရှိချေ။

တက်တူနတ်ဆိုးခန္ဓာကိုယ်၏ စွမ်းအားမြှင့်တင်ပေးမှုအောက်တွင် လုယွီ၏ခန္ဓာကိုယ်သည် အောက်ခြေမဲ့သော ကျင်းနက်ကြီးတစ်ခုအလားပင်။ မည်မျှထိများပြားသော စိတ်ဝိညာဥ်ကျောက်တုံးများ သူ့ထံ စီးဝင်လာသည်ဖြစ်စေ ထိုအရာများအားလုံး ချက်ချင်းအရည်ပျော်ကျသွားသည်။

လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူမှ မြင့်မြတ်ပြီးတောက်ပသော အလင်းတန်းများ အဆက်မပြတ် ဖြာထွက်နေသည်။

ယခင်က လုယွီ၏စိတ်ဝိညာဥ်သည် သူ၏အတိတ်ဘဝတွင် ပိုင်ဆိုင်ခဲ့သော တာအိုသခင်၏စိတ်ဝိညာဥ်ပင်။ ဤသည်မှာ အလွန် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းပေ၏။

ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် လုယွီ၏စိတ်ဝိညာဥ် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာခဲ့သည်။ ထိုအရာသည် သူ၏အတိတ်ဘဝနှင့်လုံးလုံးလျားလျား မတူညီတော့ဘဲ လုယွီ၏အစစ်အမှန်မျက်နှာအသွင်သို့ ပြောင်းလဲသွားခဲ့သည်။

ဤသည်မှာ တက်လှမ်းခြင်းပင်။ သူ၏အတိတ်ဘဝရှိ အချုပ်အနှောင်များ၏ထိန်းချုပ်မှုမှ ချိုးဖျက်ကာ ဤဘဝအတွက် ဘဝသစ်တစ်ခုကို ရရှိသွားခြင်း ဖြစ်ပေ၏။

အင်မော်တယ်ဖိအားအရှိန်အဝါသည် ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့ကာ အရပ်လေးမျက်နှာလုံးကို လွှမ်းခြုံထားသည်။

လုယွီ၏စိတ်ဝိညာဥ်နောက်တွင် အဖြူရောင်အလင်းဘီးကြီးတစ်ခု ဖွဲ့စည်းသွားသည်။ ဤအလင်းဘီးကြီးသည် ကြာပန်းစိမ်းတစ်ပွင့်ပေါ်တွင် ရှိနေကာ နံဘေးပတ်ဝန်းကျင်၌ ထောင်နှင့်ချီသော သင်္ကေတအက္ခရာများ လှည့်ပတ်နေသည်။ အင်မော်တယ်တေးသီချင်းများကို ရွတ်ဆိုသည့် အသံများကလည်း အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။ ထိုအရာများသည် လုယွီကို ချီးမွမ်းသည့် တေးသီချင်းသံများကို သီဆိုနေကာ သူ့ကိုတပြိုင်နက်တည်း ဂုဏ်ပြုနေသည့်အလားပင်။

ရွှယ်အင်မော်တယ်တစ်ယောက်သည် တာအိုကို ရရှိထားသဖြင့် ဥာဏ်အလင်းပွင့်ထားသော သက်ရှိတစ်ယောက်ပင်။ ထိုအဆင့်ကျင့်ကြံသူတစ်ယောက်ကို ကောင်းကင်ဘုံ၏ကောင်းချီးပေးမှုအား ရရှိထားသော လူတစ်ယောက်ဟု ဆိုနိုင်သည်။

ဝါးမျိုခြင်းဖြစ်စဉ် ဆက်လက်၍ ဖြစ်ပွားနေသည်။ လုယွီ၏အရူးအမူး လုယက်ဝါးမြိုခြင်းအောက်တွင် စိတ်ဝိညာဥ်သွေးကြောမှ အလင်းရောင်များ တစတစမှေးမှိန်လာသည်။ ဤစိတ်ဝိညာဉ်သွေးကြောသည် အ​လွန်အကျွံ စုပ်ယူခြင်း ခံရသောကြောင့် ကုန်ဆုံးစပြုလာလေပြီ။

"အတိတ်မှာတုန်းက ငါတို့တွေ အရမ်းအဆင်အခြင်မဲ့ခဲ့တယ်လို့ ငါ ထင်ခဲ့တယ်.... ဒါပေမဲ့ ဒီကောင်လေးလုယွီက ငါတို့ထက်ပိုပြီး အဆင်အခြင်မဲ့တယ်.. ငါတို့တွေက သူခိုးတွေဆိုရင် ဒီကောင်လေးက သူခိုးခေါင်းဆောင်ပဲ....သူက သူခိုးဘုရင် ဖြစ်လာဖို့တောင် အလားအလာရှိတာ သေချာတယ်"

ခွေးနက်ကြီးနှင့်​မျောက်တို့သည် လုယွီကို စောင့်ကြည့်ရင်း သက်ပြင်းရှိုက်လိုက်ကြ၏။

အစပထမတွင် သူတို့နှစ်ယောက်သည် သူတို့၏ဝါးမြိုမှုအရှိန်နှုန်း အလွန်ကြောက်မက်ဖွယ်ကောင်းအောင် လျှင်မြန်နေပြီဟု တွေးထင်ခဲ့ကြသည်။

သို့ရာတွင် လုယွီ၏ဝါးမြိုမှုအရှိန်နှုန်းကို မျက်မြင်ကိုယ်တွေ့ ကြုံရပြီးနောက် ခွေးနက်ကြီးနှင့်​မျောက်တို့သည် သူတို့၏နိမ့်ကျမှုအပေါ် ရှက်ရွံမှုအား ခံစားလိုက်ရသည်။

အထူးသဖြင့် လုယွီရှိနေသော နေရာမှ စိတ်ဝိညာဉ်သွေးကြောသည် လုံးလုံးလျားလျား ဝါးမြိုခြင်းကို ခံလိုက်ရလေပြီ။ ဤကဲ့သို့ ကြောက်မက်ဖွယ် ဝါးမြိုမှုအရှိန်နှုန်းကြောင့် သူတို့နှစ်ယောက်သား အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။

"ငါတို့တွေက ဒီကံကြမ္မာကောင်းကြီးကို လက်လွတ်ခံလို့ မဖြစ်ဘူး"

​မျောက်နှင့်ခွေးနက်ကြီးတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ထို့နောက် သူတို့သည် အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းခြင်း မရှိတော့ချေ။ သူတို့သည် လက်စည်းတံဆိပ်များကို ရိုက်ထုတ်ကာ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ကျောက်တုံးများကို စုပ်ယူလိုက်၏။ ထို့နောက် စိတ်ဝိညာဥ်စွမ်းအားများအဖြစ်သို့ ပြောင်းလဲကာ သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ ဝါးမြိုလိုက်သည်။

မြေအောက်၏ နက်ရှိုင်းသောနေရာ၌ ရှိနေသော လူသားတစ်ယောက်နှင့် နတ်ဆိုးသားရဲနှစ်ကောင်၏ ကျင့်ကြံဆင့်စွမ်းအားသည် အဆများစွာ ခုန်ပျံကျော်​လွှား၍ မြင့်တက်လာပေ၏။

Chapter 4600

လုယွီသည် စိတ်ဝိညာဥ်စွမ်းအားများကို အရူးအမူး ဝါးမြိုပြီးနောက် နောက်ထပ်နေရာတစ်ခုသို့ ထပ်မံ၍ ရွှေ့ပြောင်းလိုက်သည်။

ဗုဒ္ဓဂိုဏ်းသည် စိတ်ဝိညာဥ်သွေးကြော၏ဝင်ပေါက်ကို တစ်စုံတစ်ယောက်မှ ရှာတွေ့သွားမည်ဟု မျှော်လင့်ထားပုံ မရချေ။ ထို့ကြောင့် သူတို့သည် ဤနေရာ၌ အစောင့်တစ်ယောက်မျှ နေရာချထားခြင်း မရှိပေ။

ရွှေရောင်အလင်းတန်းများ တောက်ပနေသည့် စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အများသည် သူတို့၏အမြင်အာရုံအောက်သို့ ဝင်ရောက်လာပေ၏။

ဝှစ်...ဝှစ်...ဝှစ်....

လေထုအား ဆုတ်ဖြဲသည့်အသံများကို ကြားနေရသည်။ အကန့်အသတ်မရှိသော စိတ်ဝိညာဥ်ကျောက်တုံးများကို ဝါးမြိုခြင်း ခံလိုက်ရပြီးနောက် စိတ်ဝိညာဉ်သွေးကြော ထပ်မံ၍မှေးမှိန်သွားသည်။

စိတ်ဝိညာဥ်သွေးကြော မည်မျှထိ သန်မာအားကောင်းနေပါစေ လုယွီ၏ အရူးအမူးဝါးမြိုခြင်းဒဏ်ကို တောင့်ခံနိုင်ခြင်း မရှိချေ။

အကယ်၍ ယခုအချိန်၌ ဗုဒ္ဓဂိုဏ်း၏ စိတ်ဝိညာဥ်သွေးကြောအကြောင်းကို တခြားလူများ သိရှိသွားပါက လူ မည်မျှထိများများ ရောက်လာမည်ကို မသိနိုင်​ချေ။လုယွီနှင့်ဗုဒ္ဓဂိုဏ်းအကြားတွင် ရန်ငြိုးဖွဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ဤစိတ်ဝိညာဥ်ကျောက်တုံးများကို ဝါးမြိုရာတွင် မည်သည့်စိတ်အနှောက်အယှက်ဖြစ်ခြင်းမျှ မရှိပေ။

"ထူးဆန်းတယ်...ဒါက အရမ်းထူးဆန်းတယ် ...ဘာလို့ ငါ နောက်ဆုံးတစ်ကြိမ် လာတုန်းက ဒီနေရာမှာ တွေ့ခဲ့တဲ့ အစွမ်းထက်ဗုဒ္ဓကျင့်ကြံသူကို မမြင်ရတော့တာလဲ"

မျောက်က စိတ်ဝိညာဉ်ကျောက်တုံးများကို ဝါးမြိုရင်း ရေရွတ်လိုက်သည်။

ယခင်က သူ ဤနေရာသို့ ခိုးဝင်ခဲ့စဥ်တွင် ထိုအစွမ်းထက်ဗုဒ္ဓကျင့်ကြံသူကြောင့် ကြောက်လန့်ပြီး ထွက်ပြေးခဲ့ရသည်။

ယခုအချိန်၌ သူသည် ဤမြေအောက်သို့ တဖန်ပြန်၍ ရောက်ရှိလာလေပြီ။ သို့ရာတွင် ထိုအစွမ်းထက်ဗုဒ္ဓကျင့်ကြံသူသည် အရိပ်အရောင်ပင် မကျန်ရှိဘဲ ပျောက်ကွယ်နေမည်ဟု သူ မျှော်လင့်မထားမိပေ။

"အစွမ်းထက်ဗုဒ္ဓကျင့်ကြံသူတစ်ယောက် ရောက်လာရင်တောင် ဘာအရေးစိုက်ရမှာလဲ...ဒီနေရာကို ပြင်ပလောကနဲ့ ပိုင်းခြားထားတယ်.... ဒါကြောင့် ဒီနေရာကို သူ ရောက်လာရင် သူ သေရမယ့်နေရာ ဖြစ်သွားလိမ့်မယ်"

လုယွီ၏မျက်လုံးများသည် တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒဖြင့် တောက်ပနေကာ သူ့ထံတွင်ယုံကြည်ချက်ခိုင်မာမှုများဖြင့် ပြည့်နှက်နေသည်။

ယခုလက်ရှိအချိန်တွင် လုယွီသည် အပြစ်အနာအဆာမဲ့ စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကျော်ကို ဝါးမြိုပြီးလေပြီ။

ရှင်းယန်မြို့၏ နှစ်စဉ်အခွန်ငွေပင်လျှင် စိတ်ဝိညာဉ်ကျောက်တုံး သန်းနှစ်ရာသာ ရှိသည်။

လုယွီသည် ရှင်းယန်အုပ်ချုပ်ရေးအဖွဲ့၏ နှစ်စဥ်အခွန်ငွေမှ တစ်ဝက်ခန့်နှင့်တူညီသော စိတ်ဝိညာဥ်ကျောက်တုံးများကို ဝါးမြိုနိုင်ခဲ့သဖြင့် သူ၏ရိပ်သိမ်းနိုင်မှုသည် အလွန်ကြီးမားပေ၏။

ဤစိတ်ဝိညာဉ်ကျောက်တုံးများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီးနောက် ကြေမွှပြီး အရည်ပျော်သွားခဲ့သည်။ ထိုအရာများသည် နောက်ဆုံး၌ သန့်စင်သော မှော်စွမ်းအားများအဖြစ်သို့ ပြောင်းလဲကာ လုယွီ၏ကျင့်ကြံဆင့်ကို တိုးတက်စေသည်။

အစပထမတွင် သူသည် ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ကြိုးစားကျင့်ကြံရပေမည်။ သို့ရာတွင် ဤကဲ့သို့ အရူးအမူးဝါးမြိုမှုအောက်တွင် လုယွီသည် အချိန်တစ်ရက် မပြည့်မီမှာပင် ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်၏ အတားအဆီးကို မြင်တွေ့နေရလေပြီ။

ဤသည်မှာ အပင်ပေါက်တစ်ပင်မှ တဖြည်းဖြည်း ကြီးထွားလာခြင်းမျိုး မဟုတ်ချေ။ အလွန်များပြားသော အရင်းအမြစ်ပမာဏ​ကြောင့် ယခုလက်ရှိ ရလဒ်မျိုး ထွက်ပေါ်လာခြင်းဖြစ်သည်။

တာယွီကောင်းကင်ဘုံအင်ပါယာမှ မင်းသားများပင်လျှင်ဤကဲ့သို့ အရင်းအမြစ်မျိုးကို ရရှိနိုင်မည်မဟုတ်ချေ။

လုယွီသည် မတော်တဆ တော်ဝင်နန်းတွင်းအတွင်းသို့ ဝင်ရောက်သွားနိုင်ခဲ့ကာ ဧကရာဇ်တစ်ပါးဖြစ်လာသော ရွာသားတစ်ယောက်နှင့် တူညီနေသည်။ တက်တူနတ်ဆိုးခန္ဓာကိုယ်၏ အကူအညီကြောင့် သူသည် အလွန်ကြီးမားသော စိတ်ဝိညာဉ်​စွမ်းအားပမာဏကို ဝါးမြိုနိုင်ခဲ့သည်။

လုယွီ၏ခန္ဓာကိုယ်မှနေ၍ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။

ဤစိတ်ဝိညာဥ်စွမ်းအားများ၏ အထောက်အပံ့ကြောင့် သူ၏ကျင့်ကြံဆင့်နယ်ပယ်သာမက သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည်လည်း မြင့်တက်လာပေ၏။

ယခင်က သူ လျှောက်လှမ်းခဲ့သော လမ်းကြောင်းအရ ရွှယ်အင်မော်တယ်နယ်ပယ်သို့ အရောက်တွင် ကျင့်ကြံဆင့်ချိုးဖျက်နိုင်ရန် သူ့အတွက် အလွန်ခက်ခဲသည်။ ထို့ပြင် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကို အဆင့်ချိုးဖြတ်နိုင်ရန်မှာ ပို၍အလှမ်းကွာဟပေ၏။

လုယွီ၏ရုပ်ခန္ဓာကိုယ်ခွန်အား မြင့်တက်လာခြင်းမှတဆင့် သူ ဝါးမြိုခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးများ မည်မျှထိ များပြားသည်ကို တွေးတောကြည့်၍ ရနိုင်သည်။

​မျောက်နှင့်ခွေးနက်ကြီးတို့၏ သားမွှေးများ တောက်ပြောင်နေကာ သူတို့၏ခန္ဓာကိုယ်များမှ အလင်းတန်းများ ဖြာထွက်နေသည်။ သူတို့သည်လည်း အလွန်ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်မှာ သိသာထင်ရှားပေ၏။

ခွေးနက်ကြီးသည် သင်္ဘောကြီးတစ်စင်းစာ အရွယ်အစားပမာဏထိ အသွင်ပြောင်းထားကာ သူ့၏ပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟပြီး စိတ်ဝိညာဥ်ကျောက်တုံးများကို ဝါးမြိုနေသည်။ စိတ်ဝိညာဥ်စွမ်းအားများသည် အခိုးအငွေ့များအသွင်ပြောင်းလဲသွားကာ သူ၏နှာခေါင်းပေါက်မှတဆင့် လှည့်ပတ်နေသဖြင့် ကြည့်ရသည်မှာ လျှို့ဝက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သည်။

တခြားတစ်ဖက်ရှိ ​မျောက်ထံတွင် တောက်ပသော ရွှေရောင်မျက်လုံးတစ်စုံ ရှိနေသည်။ သူ၏မျက်လုံးအကြည့်သည် မီးရှုးတစ်ခု အလားပင်။ သူ၏ခန္ဓာကိုယ်သည် အရပ်မြင့်ပြီး ဖြောင့်တန်းကာ မိုးကောင်းကင်ယံအတွင်း၌ နတ်ဘုရားတစ်ပါးအလား မတ်တတ်ရပ်နေသည်။

သူတို့သုံးယောက်၏ အရူးအမူးဝါးမြိုခြင်းအောက်တွင် သူတို့ရှေ့ရှိ စိတ်ဝိညာဥ်သွေးကြောသည် လုံးလုံးလျားလျား ကုန်ခမ်းသွားလေပြီ။

"လုယွီ....ဒါက စိတ်ဝိညာဥ်သွေးကြောရဲ့ အတက်အလက်တစ်ခုပဲ ဖြစ်မယ်...ဒါက ငါတို့တွေ ဝါးမြိုလိုက်တာကြောင့် ကုန်သွားပြီ"

မျောက်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ ကြည့်ရသည်မှာ သူသည် ကျင့်ကြံဆင့်ချိုးဖျက်လုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေပုံပင်။

ဤနေရာတွင် လုယွီသည် အကျိုးအမြတ် အရရှိခဲ့ဆုံးသူပင်။

သူ ဝါးမြိုခဲ့သည် စိတ်ဝိညာဥ်ကျောက်တုံးများသည် သန်းရာနှင့် ချီနေလေပြီ။ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် စိတ်ဝိညာဥ်စွမ်းအားများ တလိမ့်လိမ့်စီးဆင်းနေကာ အလင်းတန်းများ ဖြာထွက်နေသည်။

လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်၏ အတားအဆီးနေရာသို့ ရောက်နေလေပြီ။ သူသည် ထိုကျင့်ကြံဆင့်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် ခြေတစ်လှမ်းအကွာသာ လိုအပ်တော့သည်။ ထို့နောက်သူသည် ရှေးဟောင်း 'အစစ်အမှန်ဧကရာဇ်'တစ်ယောက် ဖြစ်လာပေမည်။

သို့ရာတွင် ရှေးဟောင်းရွှယ်အင်မော်တယ်နယ်ပယ်သို့ အရောက်တွင် သူလှမ်းရမည့် ခြေတစ်လှမ်းတိုင်းအတွက် လိုအပ်သော စွမ်းအားပမာဏသည် အလွန်ကြီးမားပေ၏။ လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ပြည့်နှက်နေသည့် အလွန်ကြီးမားသော စိတ်ဝိညာဥ်စွမ်းအားများကို ခံစားမိသော်လည်း ကျင့်ကြံဆင့်ချိုးဖျက်ရန်ကို ရွေးချယ်ခြင်းမပြုချေ။

All Chapters