← Chapters

အခန်း (၄၆၁၆-၄၆၂၀)

Vol. 234 Ch. 4616-4620

အခန်း (၄၆၁၆-၄၆၂၀)

Vol. 234 Ch. 4616-4620

Chapter 4616

ဤရွှေတောင်ပံဂဠုန်၏ အရှိန်သည် လျှပ်စီးလက်သကဲ့သို့ အလွန်မြန်ဆန်ပြီး ချက်ချင်းရောက်ရှိလာကာ ခြင်္သေ့စိမ်းကို ဖမ်းဆုပ်ပြီး ထွက်ပြေးရန် ဟန်ပြင်နေပေ၏။

လုယွီက အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် လက်ကိုမြှောက်ကာ ဖမ်းဆုပ်သည့်ဟန်ပြုလိုက်၏။ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် နောက်မှလိုက်သွားပြီး ရွှေတောင်ပံဂဠုန်၏ ခန္ဓာကိုယ်ပေါ်တွင် ချိတ်ပိတ်သွားသည်။

"ခရက်...ခရက်...ခရက်..."

ရွှေတောင်ပံဂဠုန်၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးတိုင်းသည် ရွှေဖြင့် သွန်းလုပ်ထားသည့်အလားပင်။ လုယွီ၏လက်ဝါးပုံရိပ်ယောင်သည် ရွှေတောင်ပံဂဠုန်ပေါ်သို့ ထိမှန်သွားချိန်၌ သံနံရံကို ထိမှန်သကဲ့သို့ "ဘန်း...ဘန်း..." ဟူသော အသံများ ထွက်ပေါ်လာသည်။

ရွှေတောင်ပံဂဠုန်၏အမွေးအတောင်များ အပိုင်းပိုင်းပြတ်ကာ အောက်သို့ပြုတ်ကျသွားသည်။ လုယွီသည် ရက်စက်သော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်၏။ သူ၏လက်မှ ပြင်းထန်သောစွမ်းအားဖြင့် ရွှေတောင်ပံဂဠုန်၏ တောင်ပံတစ်ဖက်ကို ချက်ချင်း ဆွဲဖြုတ်လိုက်သည်။

ရွှေတောင်ပံဂဠုန်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ အတောင်ပံများ ဆုတ်ဖြဲခံရပြီး သွေးများ အဆက်မပြတ် စီးကျနေသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

သို့ရာတွင် ထိုသို့ဖြစ်နေသော်လည်း နတ်ဆိုးဧကရာဇ်သုံးပါးသည် ဤနေရာ၌ ဆက်မနေဝံ့တော့ချေ။

လုယွီ ပြသခဲ့သော စွမ်းအားသည် သူတို့ကို လုံးလုံးလျားလျား ကြောက်ရွံ့သွားစေခဲ့သည်။ သူသည် ထျန်းဝမ်ဗုဒ္ဓကိုပင် သတ်နိုင်သဖြင့် သူတို့ကို သတ်ရန်မှာလည်း ခက်ခဲမည်မဟုတ်ပေ။

"ဘယ်ပြေးမယ် ကြံနေကြတာလဲ"

ခွေးနက်ကြီးသည် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကို ဆင့်ခေါ်ပြီး သူတို့နောက်သို့ လိုက်ရန် ဟန်ပြင်လိုက်သည်။

လုယွီက ပြောဆိုသည်။

"ထွက်ပေါက်ပိတ်နေတဲ့ ရန်သူတွေနောက်ကို မလိုက်နဲ့ ငါတို့ ဒီကို ဘာလာလုပ်တာလဲဆိုတာ မမေ့နဲ့"

ထျန်းဝမ်ဗုဒ္ဓ သေဆုံးသွားသည်နှင့် ဤနေရာရှိ လှုပ်ရှားမှုသည် ဗုဒ္ဓဂိုဏ်းထံမှ ဖုံးကွယ်၍မရတော့ပေ။ ဗုဒ္ဓဂိုဏ်းမှ ထိပ်သီးပုဂ္ဂိုလ်များ မစုရုံးနိုင်သေးမီ အခွင့်အရေးကို အရယူရန် အချိန်တန်နေလေပြီ။

လုယွီက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ လက်သီးသည် ကောင်းကင်ကို ဖိနှိပ်နိုင်သော အစွမ်းရှိပြီး ထိုးနှက်လိုက်သည်နှင့် စိတ်ဝိညာဥ်သွေးကြောတွင် အပေါက်တစ်ပေါက်ကို ချက်ချင်း ဖောက်ထုတ်လိုက်သည်။

သူ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးမှ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။ မရေမတွက်နိုင်သော စိတ်ဝိညာဉ်ကျောက်တုံးများသည် အပေါက်မှတဆင့် ပျံ့လွင့်လာကာ အဆက်မပြတ် ဝါးမြိုခြင်းခံနေရသည်။

ဤသည်ကို မြင်ချိန်၌ ခွေးနက်ကြီးသည် နောက်မှလိုက်ခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။ သူသည် သိုလှောင်အိတ်ကို ဖွင့်ကာ လက်စည်းသင်္ကေတများကို ဆက်တိုက်ဖွဲ့စည်းပြီး စိတ်ဝိညာဥ်သွေးကြောကို စတင်ဝါးမြိုတော့သည်။

ဤအဓိကသွေးကြောသည် သူ ယခင်က တွေ့ခဲ့ဖူးသော အခက်အလက်သွေးကြောထက် ပို၍ကျယ်ပြန့်သည်။

လုယွီ၏ လက်ရှိဝါးမြိုနှုန်းဖြင့် အသက်ရှူချိန်တစ်ချိန်စာအတွင်းမှာပင် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကျော်သည် သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်းသို့ ဝါးမြိုခြင်းခံလိုက်ရသည်။

မြေပြင်ပေါ်တွင် စိတ်ဝိညာဉ်တောင်တန်း၏ သန့်စင်သောနယ်မြေ၌ ပရမ်းပတာဖြစ်နေသည်။

မရေမတွက်နိုင်သော ဘုရားကျောင်းများသည် ထျန်းဝမ်ဗုဒ္ဓကို ကိုးကွယ်ကြသည်။ ကြီးမားပြီး တန်ခိုးကြီးမားသော ဗုဒ္ဓရုပ်တုသည် အပိုင်းပိုင်းကွဲထွက်သွားပြီး အတွင်းရှိ ကိုးကွယ်ယုံကြည်မှုစွမ်းအားများ ပျောက်ကွယ်သွားသည်။ ဗုဒ္ဓရုပ်တုရှေ့ရှိ ဖယောင်းတိုင်များသည် အချိန်တခဏအတွင်း ငြိမ်းသေသွားသည်။

"ဗုဒ္ဓအရှင်...ဘာဖြစ်သွားတာလဲ..."

မရေမတွက်နိုင်သော ဗုဒ္ဓအရှင်များနှင့် ဗုဒ္ဓဘုရားလောင်းများသည် သူတို့၏ နက်ရှိုင်းသော အိပ်စက်ခြင်းမှ နိုးထလာပြီး ထိတ်လန့်သွားကြသည်။

စိတ်ဝိညာဉ်တောင်တန်းတွင် "ဗုဒ္ဓ" အဆင့်ရှိသော ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ကျဆုံးခဲ့သည်မှာ အချိန်မည်မျှထိ ကြာမြင့်သွားခဲ့ပြီ ဖြစ်သနည်း။ လုယွီ၏ စိတ်ဝိညာဉ်ကိုယ်ပွား ရောက်ရှိလာပြီး ဗုဒ္ဓဘုရားလောင်းနှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် စိတ်ဝိညာဉ်တောင်သည် တည်ငြိမ်အေးချမ်းနေကာ နောက်ထပ် မည်သည့်အနှောင့်အယှက်မျှ မရှိခဲ့ပေ။

ယခုချိန်၌ ထျန်းဝမ်ဗုဒ္ဓ ရုတ်တရက် သေဆုံးသွားသည်။ ဘုန်းတော်ကြီးများအားလုံးသည် လောကကြီးပျက်စီးသွားမည့်အလား နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

"ထျန်းဝမ်ဗုဒ္ဓ အသတ်ခံလိုက်ရပြီ"

"ငါတို့ဘုရားကျောင်းက ထျန်းဝမ်ဗုဒ္ဓရုပ်တု ကြေမွသွားပြီ... ဒီဗုဒ္ဓအရှင်ရဲ့ အရှိန်အဝါကို ငါတို့ မခံစားနိုင်တော့ဘူး"

မရေမတွက်နိုင်သော ဗုဒ္ဓဘာသာထိပ်သီးကျင့်ကြံသူများသည် အမှန်တရားကို ပြောဆိုရင်း ပြေးလွှားနေကြ၏။ နောက်ဆုံးတွင် သူတို့သည် ထျန်းဝမ်ဗုဒ္ဓ အမှန်တကယ် အသတ်ခံလိုက်ရသည်ကို အတည်ပြုနိုင်ခဲ့သည်။

တိမ်တိုက်များသည် အုံ့မှိုင်းနေပြီး လေထုသည် လေးလံနေသည်။ ဘုန်းတော်ကြီးများသည် ဝမ်းနည်းပူဆွေးမှုနှင့် စိုးရိမ်ပူပန်မှုတို့တွင် နစ်မြောသွားကြသည်။

"ဗုဒ္ဓတစ်ပါး အသတ်ခံလိုက်ရတယ်...ဘယ်သူ လုပ်တာလဲ"

သန့်စင်သော စိတ်ဝိညာဉ်တောင်ရှိ လူအမြောက်အများသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။

သန့်စင်သော စိတ်ဝိညာဉ်တောင်တွင် ဗုဒ္ဓဘုရားကျောင်းများသာမက အရပ်သားများနှင့် သားရဲများလည်း ရှိသည်။

ဗုဒ္ဓတစ်ပါး အသတ်ခံရခြင်းကြောင့် ကောင်းကင်နှင့်မြေပြင်တွင် နိမိတ်များ ပေါ်ပေါက်လာသည်။ မည်းနက်သော တိမ်တိုက်များ နိမ့်ဆင်းလာပြီး ဘုရားကျောင်းတိုင်းတွင် ခေါင်းလောင်းသံများ မြည်ဟည်းလာသည်။

မကြာမီမှာပင် စိတ်ဝိညာဉ်တောင်၏ တောင်များအားလုံး တုန်ခါလာပြီး အားကောင်းသော ကံကြမ္မာအလင်းတိုင်များ မိုးကောင်းကင်ယံသို့ ထိုးတက်သွားသည်။

ဗုဒ္ဓရွှေရောင်ခန္ဓာကိုယ် တစ်ရာကျော်သည် လေဟာနယ်အတွင်းတွင် ထွက်ပေါ်လာသည်။ ဤရွှေရောင်ခန္ဓာကိုယ်တစ်ခုစီသည် ကြီးမားလပြီး ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားသည်။ သူတို့၏ အရှိန်အဝါသည် ခန့်ညားထည့်ဝါပေ၏။

"လူသတ်သမားက စိတ်ဝိညာဉ်တောင်မှာ ရှိနေတုန်းပဲ.... သူ့ကို သတ်ကြစမ်း"

ဗုဒ္ဓအရှင်များ အချင်းချင်း စကားပြောဆိုနေကြသည်။ ဘုန်းတော်ကြီးအားလုံးသည် မြေပြင်ပေါ်တွင် ဦးတိုက်ဝပ်တွားကြပြီး သူတို့၏နဖူးများမှ သွေးများစို့လာကာ ဗုဒ္ဓအရှင်များ၏အမိန့်တော်ကို နာခံလိုက်ကြသည်။

Chapter 4617

အပြင်ဘက်တွင် လေနှင့်တိမ်များ ပြောင်းလဲနေပြီး ဗုဒ္ဓအရှင်များ ဒေါသထွက်နေကြသည်။

သို့ရာတွင် မြေအောက်နက်ရှိုင်းသောနေရာတွင် အရာအားလုံး ပို၍တည်ငြိမ်နေပုံရသည်။ ကြားနိုင်သော တစ်ခုတည်းသောအသံမှာ စိတ်ဝိညာဉ်ကျောက်တုံးများကို ဝါးမြိုနေသည့်အသံပင်။

လုယွီသည် ထိရောက်မှုနည်းမည်ကို စိုးရိမ်သောကြောင့် စိတ်ဝိညာဥ်သွေးကြောကို လက်ဗလာဖြင့် ဖမ်းဆုပ်ကာ ထိုအရာ၏ ငါးဆယ်ရာခိုင်နှုန်းကို သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်းသို့ စုပ်ယူလိုက်သည်။

ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခုလုံးသည် အချိန်တခဏအတွင်းတွင် စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်သွားသည်။ မိုးကောင်းကင်တွင်ရောင်စုံအလင်းတန်းများဖြင့် ပြည့်နှက်နေပြီး ထူးဆန်းသော ပုံရိပ်ယောင်အမျိုးမျိုးသည် မကြာခဏ ထွက်ပေါ်နေကာ သုခဘုံတစ်ခုအလားပင်။

"ဒါက အရမ်းကြမ်းတမ်းတာပဲ..."

ခွေးနက်ကြီးက ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေသည်။

သူ၏ ရူးသွပ်စွာ လုယက်မှုသည် ဗုဒ္ဓဂိုဏ်းကို ဆိုးရွားသော ပျက်စီးမှုများ ဖြစ်စေခဲ့သည်ဟု သူ တွေးထင်ခဲ့သော်လည်း လုယွီနှင့် နှိုင်းယှဉ်လျှင် အသေးအမွှားပင်။

ဤနေရာရှိ စိတ်ဝိညာဉ်ကျောက်တုံးအများစုသည် အပြစ်အနာအဆာမဲ့ စိတ်ဝိညာဉ်ကျောက်တုံးများဖြစ်ပြီး ထိုအရာများ၏ အရည်အသွေးသည် ပြင်ပလောကရှိ စိတ်ဝိညာဥ်ကျောက်တုံးများထက် များစွာသာလွန်သည်။

လုယွီက ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်းတွင် စုပုံနေသော စိတ်ဝိညာဉ်ကျောက်တုံးအရေအတွက်သည် သန်းငါးထောင်ဟူသော ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်သို့ ရောက်ရှိနေပြီဟု ခန့်မှန်းလိုက်၏။

လုယွီသာ ကိုယ်ပိုင်ကမ္ဘာငယ်လေးကို အနည်းငယ် အားမဖြည့်ထားခဲ့လျှင် ဤနေရာတွင် စိတ်ဝိညာဉ်ကျောက်တုံးများထားရန် နေရာမလုံလောက်မည်ကို သူ စိုးရိမ်ရပေမည်။

လုယွီသည် ကောင်းကင်ဘုံနယ်မြေတွင် ချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်လာခဲ့သည်။ တော်ဝင်မြို့တော်၏ ထိပ်သီးမိသားစုရှစ်စုမှ အောက်ခြေမိသားစုလေးစုပင်လျှင် လုယွီလောက် မချမ်းသာပေ။

ဤလောကတွင် ကျင့်ကြံရာ၌ ပိုက်ဆံမရှိဘဲ မဖြစ်နိုင်ပေ။

ထို့ပြင် လုယွီသည် ကြီးမားသော ပုန်းကွယ်နဂါးစစ်တပ်ကို တည်ဆောက်ရန် လိုအပ်နေပေ၏။ ဤသည်မှာ အောက်ခြေမရှိသော တွင်းနက်တစ်ခုပင်။ ဤအပြစ်အနာအဆာမဲ့ စိတ်ဝိညာဥ်ကျောက်တုံးများနှင့် လုယွီ ယခင်က ရရှိခဲ့သော စိတ်ဝိညာဥ်သွေးကြောများ ပေါင်းစပ်လိုက်ပါက သူသည် နောက်ဆုံးတွင် ရပ်တည်နိုင်လေပြီ။

"မြေပြင်ပေါ်မှာ ပရမ်းပတာဖြစ်နေပြီ... ငါတို့ သွားသင့်ပြီ"

လုယွီ၏အသံ အလွန်တည်ငြိမ်နေသည်။

သူ၏လက်ရှိစွမ်းအားဖြင့် သူသည် ဗုဒ္ဓဂိုဏ်းတစ်ဂိုဏ်းလုံးကို စိန်ခေါ်ရန် မမောက်မာဝံ့ချေ။

သူ ထျန်းဝမ်ဗုဒ္ဓကို သတ်နိုင်ခဲ့သည့် အကြောင်းရင်းမှာ ထိုဗုဒ္ဓသည် အလွန်မာနကြီးသောကြောင့်ပင်။ ထို့ပြင် သူသည် ထျန်းဝမ်ဗုဒ္ဓကို သတ်ရန် တောင်တန်းနှင့်ပင်လယ်ကျမ်းစာရှိ သားရဲများ၏စွမ်းအားကို အားကိုးခဲ့ရသည်။

စိတ်ဝိညာဉ်တောင်တွင် ဗုဒ္ဓသုံးထောင်ရှိသည်။ သူတို့အားလုံး ဤနေရာတွင် ရှိနေပါက မဟာဗုဒ္ဓအရှင်ကိုယ်တိုင် မလာလျှင်ပင် သူတို့သည် လုယွီကို သတ်နိုင်လိမ့်မည်။

"အဲ့ဒီ သားရဲတွေကို မသတ်နိုင်ခဲ့တာ နှမြောစရာပဲ.....သူတို့ ပြန်သွားရင် ဗုဒ္ဓဂိုဏ်းက လူတွေကို ငါတို့ရဲ့ တည်နေရာ သေချာပေါက် ထုတ်ပြောလိမ့်မယ်... ငါတို့ ဒီမှာ ကြာကြာမနေသင့်ဘူး"

လုယွီသည် သူ၏လက်ထဲတွင် ရွှေတောင်ပံတစ်ဖက်ကို ကိုင်ဆောင်ထားဆဲဖြစ်သည်။

ဤအတောင်ပံသည် ရွှေတောင်ပံဂဠုန်၏ အတောင်ပံပင်။ အတွေးတစ်ချက်ဖြင့် လုယွီက ထိုအရာကို အရည်ဖျော်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ကြီးမားကျယ်ပြန့်သော စွမ်းအားလှိုင်းတစ်ရပ်သည် လုယွီ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပေ၏။

ဤဂဠုန်သည် မဟာနတ်ဆိုးဧကရာဇ်အဆင့်သို့ ကျင့်ကြံနိုင်ရန်အတွက် လုံလောက်သော ကံကောင်းမှုရှိရန်သာမက အထွတ်အထိပ်တန်မှော်စွမ်းအားနှင့် မွေးရာပါခန္ဓာကိုယ်ရှိရန်လည်း လိုအပ်သည်။

"ဘန်း...."

မျောက်သည် သူ၏လက်အတွင်းတွင် တုတ်ရှည်ကို ကိုင်ကာ နဂါးသော့ခလောက်များကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

ဤနဂါးသော့ခလောက်သည် အလွန်လေးလံပြီး မယုံနိုင်လောက်အောင် မာကျောသည်။ သို့ရာတွင်မျောက်သည်လည်း အစွမ်းကုန်သုံးကာ လျှို့ဝှက်နည်းစနစ်တစ်ခုကို တိုက်ရိုက်အသုံးပြုပြီး သိုင်းအင်မော်တယ်တစ်ယောက်၏ ခွန်အားဖြင့် ထိုအရာကို ကြေမွစေခဲ့သည်။

"စီနီယာ....ဘယ်လိုနေသေးလဲ"

လုယွီသည် သူ၏ လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ အချိန်တခဏအတွင်းမှာပင် သူ၏ အစွမ်းထက်သော အင်မော်တယ်စွမ်းအားသည် မြေအောက်တွင် ပျံ့နှံ့သွားပေ၏။

တောင်နံရံတွင် ချုပ်နှောင်ခံထားရပြီး လူပုံမပေါက်အောင် နှိပ်စက်ခံထားရသော အမျိုးသမီးအင်မော်တယ်သည် တစ်စုံတစ်ခုကို ခံစားမိပုံရပြီး လုယွီ၏ လာရာဘက်သို့ ကြည့်လိုက်သည်။

သို့သော် မကြာမီမှာပင် သူမက မျောက်ကို ပြန်ကြည့်လိုက်သည်။

သူမ၏ အနက်ရောင်ဆံပင်သည် ဖရိုဖရဲဖြစ်နေပြီး သွေးစွန်းကွက်များ သူမ၏ခန္ဓာကိုယ်အနှံ့တွင် ရှိနေသည်။ အမျိုးသမီးအင်မော်တယ်၏ မျက်နှာသည် အေးစက်ပြီး လှပကာ အထီးကျန်ဆန်မှုကို ဖော်ဆောင်နေသည်။

အမျိုးသမီးအင်မော်တယ်၏ မျက်လုံးများကို မမြင်နိုင်တော့ပေ။ သူမ၏ မျက်လုံးအိမ်များသည် ခြောက်ကပ်နေပြီး သူမ၏ မျက်လုံးများ ရက်စက်စွာ ထုတ်ယူခြင်း ခံထားရသည်။ သူမသည် ပါးစပ်ဖွင့်ရန် ကြိုးစားသော်လည်း "ယိယ ယိယ" ဟူသော အသံများကိုသာ ပြုလုပ်နိုင်ခဲ့သည်။

လုယွီသည် စိတ်ဝိညာဉ်ကို အသုံးပြု၍ အမျိုးသမီးအင်မော်တယ်နှင့် ဆက်သွယ်လိုက်သည်။ သူသည် အမျိုးသမီးအင်မော်တယ်၏ စိတ်ဝိညာဉ်သည် ပရမ်းပတာဖြစ်နေပြီး စိတ်ဆန္ဒအားလုံး ဆုံးရှုံးသွားသော ရူးသွပ်သူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

"သူ့ကို အရင်ကယ်ရအောင်"

မျောက်သည် သူမကို ဖမ်းရန် လက်လှမ်းလိုက်သော်လည်း သူ၏လက်သည် ရုတ်တရက် ထုံကျင်သွားသည်။ အထွတ်အထိပ် နတ်ဘုရားအလင်းတန်းတစ်တန်းသည် အမျိုးသမီးအင်မော်တယ်၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာပေ၏။

ထိုရွှေရောင်အလင်းတန်းသည် ထူထပ်သော သံကြိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး အမျိုးသမီးအင်မော်တယ်ကို တင်းကြပ်စွာ ချည်နှောင်ကာ သူမကို မလှုပ်ရှားနိုင်အောင် ပြုလုပ်ထားသည်။

Chapter 4618

"ဗုဒ္ဓတစ်ထောင်မန္တန် ဒီအမျိုးသမီးအင်မော်တယ်က ဘယ်လိုအမှားများကို ကျူးလွန်ခဲ့လို့ ဒီလိုအပြစ်ပေးခံရတာလဲ"

မျောက် မှင်သက်သွားခဲ့သည်။

ဤသို့သော စွမ်းအားပြင်းထန်သည့်မန္တန်ကို အသုံးပြုရန်အတွက် ဗုဒ္ဓအရှင်တစ်ထောင်သည် သူတို့၏မှော်မန္တန်များကို တချိန်တည်းတွင် အသုံးပြု၍ ထိုအမျိုးသမီးအင်မော်တယ်ကို ဗုဒ္ဓ၏ အမြင့်မြတ်ဆုံးသော ကံကြမ္မာစွမ်းအားဖြင့် ချည်နှောင်ပြီး ချိတ်ပိတ်ထားခြင်း ဖြစ်သည်။

အကယ်၍ ထိုသံကြိုးများမှ လွတ်မြောက်လိုပါက ဗုဒ္ဓါတစ်ထောင်မန္တန်ကို ချိုးဖျက်နိုင်မှ ဖြစ်ပေမည်။

သံကြိုးအားလုံးကို ချိုးဖျက်ရန်မှာ မျောက်ကို မဆိုထားနှင့် လုယွီ၏ လက်ရှိစွမ်းအားဖြင့်ပင် မတတ်နိုင်ချေ။

"ယိယ...ယိယ.."

အမျိုးသမီးအင်မော်တယ်များသည် သူမ၏သွယ်လျသော လက်ကို ဆန့်တန်းပြီး မျောက်ကိုကြည့်၍ အော်ဟစ်လိုက်သည်။

သူမသည် အလွန်ပင်ပန်းနွမ်းနယ်နေလေပြီ။ သူမ၏မျက်နှာ ဖြူဖျော့နေပြီး သူမ၏ဖြူနုသော လက်မောင်းတွင် ကြာပွတ်ရာများဖြင့် ပြည့်နှက်နေသည်။

လုယွီသည် ဤမြင်ကွင်းကို မြင်ချိန်၌ စိတ်မကောင်းဖြစ်သွားသည်။ ဤအမှောင်ထုအတွင်းတွင် ထိုအမျိုးသမီးအင်မော်တယ်သည် မည်သို့သော ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ရသည်ကို သူ လုံးဝ မသိနိုင်ချေ။

အမျိုးသမီးအင်မော်တယ်၏လည်ချောင်းလည်း ပျက်စီးနေခဲ့သည်။ သူမသည် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ အဓိပ္ပာယ်မဲ့သော အသံများကိုသာ ပြုနိုင်တော့သည်။

"စီနီယာ...စိတ်မပူပါနဲ့....အခွင့်အရေးသာရရင် ငါက စီနီယာကို သေချာပေါက် ကယ်တင်ပါ့မယ်...."

လုယွီသည် ဗုဒ္ဓတစ်ထောင်မန္တန်ကို ချိုးဖျက်ရန် ကြိုးစားခဲ့သော်လည်း မတတ်နိုင်ခဲ့ချေ။

သိုင်းအင်မော်တယ်အဆင့် စွမ်းအားရှိနေသည့်တိုင် ဗုဒ္ဓအရှင်တစ်ထောင်တို့ ပူးပေါင်းအသုံးပြုထားသော မှော်မန္တန်ကို သူ မချိုးဖျက်နိုင်ခဲ့ပေ။

ဗုဒ္ဓဂိုဏ်းသည် ထိုအမျိုးသမီးအင်မော်တယ်ကို ဤနေရာတွင် ထာဝရပိတ်လှောင်ထားပြီး ဘယ်တော့မှ ထွက်မသွားနိုင်စေရန် သန္နိဋ္ဌာန်ချထားပုံရသည်။ ထို့ကြောင့် အပြင်းထန်ဆုံးနည်းလမ်းကို အသုံးပြုခဲ့ခြင်းပင်။

အမျိုးသမီးအင်မော်တယ်သည် လုယွီကို တုံ့ပြန်ခြင်းမရှိဘဲ မျောက်ရှိရာဘက်သို့သာ စိုက်ကြည့်နေခဲ့သည်။

သူမသည် တုန်ယင်နေသော လက်ကို ဆန့်တန်းကာ မျောက်၏ ပါးပြင်ကို တို့ထိလိုက်သည်။

မျောက်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း အမျိုးသမီးအင်မော်တယ်ကို မတားဆီးခဲ့ပေ။ သူသည် သူမ၏ မျက်နှာကို စိုက်ကြည့်ရင်း အတွေးနက်အတွင်းသို့ နစ်မြောသွားသည်။

"ဒါဆို ထျန်းဝမ်ဗုဒ္ဓကို သတ်တာ မင်းဖြစ်နေတာပါလား.....ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ မင်းကို အရှင်လွှတ်ထားလို့ မဖြစ်တော့ဘူး"

ထိုအချိန်တွင် မြေအောက်ရှိ နက်ရှိုင်းသောနေရာမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်ငေါက်သံကြီး ထွက်ပေါ်လာသည်။

ထိုအသံနှင့်အတူ ပတ်ဝန်းကျင်ရှိ စွမ်းအားများအားလုံးသည် တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပုံရပြီး အရပ်ရှစ်မျက်နှာလုံးကို ပိတ်ဆို့ကာ လုယွီ၏ ထွက်လမ်းကို ပိတ်ဆို့လိုက်သည်။

ခွေးနက်ကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မကောင်းတော့ဘူး....ထိပ်သီးကျင့်ကြံသူတစ်ယောက် လာနေပြီ"

အဝေးရှိ မြေအောက်မှနေ၍ မြင့်မြတ်သော ရွှေရောင်အလင်းတန်းတစ်တန်း ရုတ်တရက် လင်းလက်လာသည်။ ထိုမြင်ကွင်းမှာ ခမ်းနားထည်ဝါလှပြီး ဗုဒ္ဓတစ်ထောင်တရားသံများလည်းအတူ ကပ်ပါလာသည်။

ဤသည်မှာ ဗုဒ္ဓအရှင်တစ်ပါးတည်းမဟုတ်ဘဲ ဗုဒ္ဓအရှင်အမြောက်အများ ပူးပေါင်းတိုက်ခိုက်ခြင်းပင်။

သူတို့၏ရှေ့တွင် ထွက်ပေါ်လာသော ဗုဒ္ဓအရှင်သည် ကြာပန်းပလ္လင်ပေါ်တွင် ပလ္လင်ခွေထိုင်နေလေ၏။ သူ၏မျက်နှာ အေးစက်တင်းမာကာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး သူ၏ဦးခေါင်းနောက်မှ အလင်းဘီးကြီး တဖျပ်ဖျပ်လင်းလက်နေသဖြင့် မျက်စိကျိန်းလောက်အောင် စူးရှသည်။ သူ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်တွင် လေဟာနယ်လှိုင်းများ လှုပ်ခတ်သွားသည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် သူ၏စွမ်းအားကို တောင့်မခံနိုင်တော့သည့်အလားပင်။

မြေပြင်သည် တုန်ခါလာပြီး တောင်များ လှုပ်ခတ်လာကာ ပြိုကျတော့မည့်အလား ဖြစ်နေသည်။

"မြန်မြန်သွားကြစို့"

လုယွီသည် မျောက်နှင့် ခွေးနက်ကြီးကို ဆွဲယူကာ သူ၏ ကမ္ဘာငယ်လေးအတွင်းသို့ ထည့်လိုက်သည်။ တချိန်တည်းမှာပင် သူ၏ မသေမျိုးအဆင့် မှောလက်နက်ကို ပြန်လည်သိမ်းဆည်းကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲ၍ ပျံသန်းထွက်ခွာသွားသည်။

"ယိယ...ယိယ"

အမျိုးသမီးအင်မော်တယ်သည် ထိတ်လန့်တကြားဖြင့် ပျာပျာသလဲ အော်ဟစ်လိုက်သည်။

သူမသည် မမြင်နိုင် မပြောနိုင်ပေ။ သူမ ခံစားသိရှိနိုင်သည့် တစ်ခုတည်းသောအရာမှာ မျောက်၏ အငွေ့အသက်ပင်။ သို့သော် ထိုအငွေ့အသက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်တွင် လုယွီသည် မီတာငါးထောင်အကွာတွင် အရှိန်အပြည့်ဖြင့် ပျံသန်းနေခဲ့သည်။

"အား... ကျစ်...ကျစ်...မင်းတို့က ဗုဒ္ဓဂိုဏ်းရဲ့ စည်းစိမ်ဥစ္စာတွေကို ယူသွားတယ်ပေါ့လေ...မင်းတို့ကို သေဒဏ်ပေးပြီး မြင်းငါးကောင်နဲ့ ဆွဲဖြဲပစ်ရမယ်..."

ဗုဒ္ဓအရှင်သည် ဗလာဖြစ်နေသော စိတ်ဝိညာဥ်သွေးကြောကို မြင်ချိန်၌ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

ဗုဒ္ဓဂိုဏ်းသည် ကြီးမားသော ဓနဥစ္စာပိုင်ဆိုင်သော်လည်း လုယွီ၏ ယူဆောင်ခြင်းကို ခံရပြီးနောက် သူတို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု

ဖြစ်ခဲ့သည်။

"ဗုဒ္ဓဂိုဏ်းရဲ့ စည်းစိမ်ဥစ္စာဆိုတာ ဘာကိုဆိုလိုတာလဲ.....ဒါတွေက လူသားတွေရဲ့ စည်းစိမ်ဥစ္စာတွေပဲ.... ဒီနေ့ ငါက မင်းတို့ရဲ့ ဟန်ဆောင်ကောင်းတဲ့ မျက်နှာဖုံးကို ခွာချပြီး ဒီလောကရဲ့ ကပ်ဘေးကို ဖယ်ရှားပစ်မယ်"

လုယွီသည် ဗုဒ္ဓ၏အသံကို ကြားချိန်၌ အေးစက်စွာ ပြန်ပြောလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း လုယွီသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲကာ မြေအောက်မှ လွတ်မြောက်ပြီး လေဟာနယ်အတွင်းသို့ ပျံသန်းသွားခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်ယံတွင် ဗုဒ္ဓများအားလုံးသည် ထွက်ပေါ်လာကြသည်။ မိုးကောင်းကင်ယံအတွင်းတွင် ဓမ္မပုံရိပ်ယောင် အမြောက်အများ ရှိနေသည်။ ဗုဒ္ဓဂိုဏ်းမှ ထိပ်သီးကျင့်ကြံသူများသည် လုယွီကို ဖမ်းဆီးရန် လွတ်မြောက်နိုင်ဖွယ်မရှိသော ကွန်ရက်တစ်ခုကို ဖြန့်ကျက်ထားကြသည်။

Chapter 4619

မျက်စိတစ်ဆုံး ကျိန်းစပ်လောက်အောင် စူးရှသော ဗုဒ္ဓအလင်းရောင်များသာ အရပ်ရှစ်မျက်နှာတွင် ရှိနေသည်။

ယခုအချိန်သည် ညအချိန်ဖြစ်သော်လည်း မိုးကောင်းကင်ယံတွင် အပြည့်ရှိနေသော ဗုဒ္ဓများမှ ထုတ်လွှတ်ထားသည့် အလင်းရောင်သည် အမှောင်ထုကို လုံးဝ ဖယ်ရှားလိုက်၏။

မြင့်မြတ်သော စိတ်ဝိညာဉ်တောင်တစ်တောင်လုံးကို အဆုံးမဲ့သော ဗုဒ္ဓများ၏ ဖိအားဖြင့် လွှမ်းခြုံထားသည်။ မရေမတွက်နိုင်သော လူများသည် မြေပေါ်တွင် ဝပ်တွား၍ ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုနေကြပြီး သူတို့၏ မျက်လုံးများတွင် ကြည်ညိုလေးစားမှု အလင်းရောင်များ ထင်ဟပ်နေသည်။

လုယွီ ပြောင်းလဲထားသော ဖုန်မှုန့်ကို မည်သူမျှ သတိမထားမိပေ။ ထိုဖုန်မှုန့်သည် ဗုဒ္ဓလောက၏ ပြင်ပသို့ ပျံသန်းသွားနေသည်။

သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် မရေမတွက်နိုင်သော ဘုရားကျောင်းများမှ ခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး ဗုဒ္ဓလောကတခွင်လုံး ကမောက်ကမ ဖြစ်နေသည်။

"ထျန်းဝမ်ဗုဒ္ဓရဲ့ သေဆုံးမှုက ဗုဒ္ဓဂိုဏ်းအတွက် ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ဖြစ်ပုံရတယ်...."

လုယွီက ထိုအရာအားလုံးကို မြင်နေရသည်။

ယခင်က လုယွီသည် ဗာဂျရာလက်သီး ဗုဒ္ဓဘုရားလောင်းနှင့် သက်ရှည်ဗုဒ္ဓဘုရားလောင်းတို့ကို သတ်ဖြတ်ခဲ့စဉ်က ဗုဒ္ဓဂိုဏ်းကို တုန်လှုပ်စေခဲ့သော်လည်း ကြီးမားသော လှုပ်ခတ်မှုကို မဖြစ်စေခဲ့ပေ။

သို့ရာတွင် ယခုအချိန်တွင်မူ ဗုဒ္ဓအရှင်တစ်ပါး ပျက်သုဉ်းသွားခြင်းသည် ဗုဒ္ဓဂိုဏ်း၏ အခြေခံအုတ်မြစ်ကို ထိပါးသွားခဲ့လေပြီ။

ဗုဒ္ဓဂိုဏ်းတွင် ဗုဒ္ဓသုံးထောင်ရှိပြီး တစ်ပါးချင်းစီတွင် ကိုယ်ပိုင်အယူဝါဒနှင့် နားလည်မှုများ ရှိကြသည်။ နောက်ဆုံးတွင် ထိုအရာအားလုံးသည် ဗုဒ္ဓဂိုဏ်း၏ အမြင့်မြတ်ဆုံး မဟာတာအိုလမ်းစဉ်အပေါ်၌ စုဆုံကြသည်။

ဤမဟာတာအိုလမ်းစဉ်များသည် နက်ရှိုင်းကျယ်ပြန့်ပြီး လမ်းစဥ်တစ်ခု မရှိလျှင် မဖြစ်ပေ။

ယခုအချိန်၌ ဗုဒ္ဓသုံးထောင်အနက်မှ တစ်ပါး သေဆုံးသွားသဖြင့် ဗုဒ္ဓဂိုဏ်း၏ အခြေခံသဘောတရားများမှာ မပြည့်စုံတော့ချေ။ ဤသည်ကြောင့် ကိုးကွယ်ယုံကြည်သူအမြောက်အများကို သူတို့၏ ယခင်ကိုးကွယ်ယုံကြည်မှုများအား စွန့်လွှတ်စေပေမည်။ ဤသည်မှာ ဗုဒ္ဓဂိုဏ်းအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုပင်။

"ကိုယ်ပွားပညာကိုသုံးပြီး ထွက်ပြေးဖို့ ကြံနေတာလား..."

ကျယ်လောင်သောအသံတစ်သံသည် လုယွီ၏ နားအတွင်းတွင် ရုတ်တရက် မြည်ဟီးလာပေ၏။

လုယွီ၏ နောက်တွင် ဝဖြိုးသော ဗုဒ္ဓအရှင်တစ်ပါး ပေါ်လာသည်။ သူ၏လက်အတွင်းတွင် ကြီးမားသော ဗုဒ္ဓပုတီးတစ်ကုံးကို ကိုင်ဆောင်ထားပြီး သူ၏ ကြီးမားသော ရွှေရောင်လက်ဝါးဖြင့် လုယွီရှိရာဘက်သို့ ရိုက်ထုတ်လိုက်သည်။

သီရှား၏ပုံစံခုနစ်ဆယ့်နှစ်မျိုးပြောင်းလဲခြင်းသည် ရှေးဟောင်းခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့သော ရှေးဟောင်းပညာရပ်တစ်ခုပင်။

လုယွီသည် အသွင်ပြောင်းလိုက်သည်နှင့် သူ၏ ကျင့်ကြံမှုအဆင့်ထက် များစွာမြင့်မားသော တကျင့်ကြံသူများမှလွဲ၍ မည်သူကမျှ သူ၏တည်ရှိမှုကို မသိရှိနိုင်ပေ။

သူ၏ရှေ့မှ ဤဗုဒ္ဓအရှင်ကမူ ကျင့်ကြံမှုအဆင့်သည် ပြီးပြည့်စုံခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ထျန်းဝမ်ဗုဒ္ဓထက် များစွာ ပိုမိုအားကောင်းသည်။

ဗုဒ္ဓလက်ဝါး ကျရောက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ လေဟာနယ် စတင်၍တွန့်လိမ်သွားသည်။ အဆုံးမဲ့သော စွမ်းအားသည် လေဟာနယ်ကို ထွင်းဖောက်ကာ လုယွီအသွင်ပြောင်းထားသော သေးငယ်သည့် ဖုန်မှုန့်ကို ဖမ်းဆုပ်လိုက်၏။

"ငါ့ကို ဖမ်းမိဖို့ မင်း အများကြီးလိုသေးတယ်"

လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများအားလုံးကို လောင်ကျွမ်းလိုက်သည်။ သူ၏အရှိန်သည် အလွန်လျင်မြန်ပြီး မျက်စိတစ်မှိတ်စာအချိန်အတွင်းမှာပင် မိုင်တစ်ရာခရီးကို ပျံသန်းနိုင်ခဲ့သည်။

သူ၏ရှေ့မှ လေဟာနယ်အတားအဆီးအားလုံးသည် သူအတွက် အသေးအမွှားပင်။ သူသည် ရှေ့မှ လေဟာနယ်ချိတ်ပိတ်ထားမှုအားလုံးကို ချိုးဖျက်ရန် ပြင်းထန်သည့် စွမ်းအားကို အသုံးပြုနေသည်။

ဝှစ်...

မျက်စိတစ်မှိတ်စာ အချိန်အတွင်းတွင် လုယွီသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပေ၏။

ဗုဒ္ဓလက်ဝါးပုံရိပ်ယောင်ကြီး လွဲချော်သွားချိန်၌ ထိုဗုဒ္ဓအရှင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေကို ချိတ်ပိတ်ထားလိုက်စမ်း....ဒီကောင်စုတ်ကို လွတ်မသွားစေနဲ့..."

ဗုဒ္ဓအရှင်ရာပေါင်းများစွာ၏ အသံများသည် ကောင်းကင်ယံမှ မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာကာ လေဟာနယ်အတွင်းတွင် ပဲ့တင်ထပ်သွားသည်။

တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေ၏ ကူးပြောင်းရေးနည်းစနစ်များအားလုံး ချက်ချင်း ပိတ်ဆို့ခံလိုက်ရသည်။ ဗုဒ္ဓသင်္ကေတအက္ခရာများဖြင့် ဖုံးလွှမ်းနေသော အဆောင်လက်ဖွဲ့များသည် လှည့်ပတ်ပျံဝဲနေပြီး လျှို့ဝှက်ဆန်းကြယ်၍ မခန့်မှန်းနိုင်သော ကြီးမားသည့် ဗုဒ္ဓစွမ်းအားကို ထုတ်လွှတ်နေသည်။

"လုယွီ...ဘယ်လိုလုပ်မလဲ...ငါတို့ ပြေးစရာနေရာမရှိတော့ဘူ"

ခွေးနက်ကြီးက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"အရေးမကြီးဘူး...မဟာဗုဒ္ဓအရှင် မရှိသရွေ့ သူတို့ ငါ့ကို မတားနိုင်ဘူး..."

လုယွီသည် ရုတ်တရက် အကြံတစ်ခုရသွားပေ၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူ၏စိတ်အတွင်း၌ အစီအစဉ်တစ်ခု ရေးဆွဲထားပြီးဖြစ်သည်။ သူသည် စိတ်ဝိညာဉ်တောင် အပြင်ဘက်သို့ ပျံသန်းရန် မရွေးချယ်ဘဲ လားရာပြောင်းကာ မဟာမိုးခြိမ်းသံဘုရားကျောင်းထံသို့ ပျံသန်းသွားလေသည်။

"မင်းရူးနေလား...ဒီလိုလုပ်တာက ထောင်ချောက်ထဲကို တည့်တည့်ဝင်သွားတာ မဟုတ်ဘူးလား" ခွေးနက်ကြီးက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုသည်။

"ဗုဒ္ဓအရှင်တွေက ကောင်းကင်နဲ့မြေပြင်ကို ချိတ်ပိတ်ထားတယ်.... ငါက အမြန်ဆုံး ထွက်သွားမယ်လို့ သူတို့ ထင်ထားကြပေမယ့်...ငါက သူတို့ထဲက တစ်ယောက်ကို ပြန်သတ်ဖို့ ကြံစည်လိမ့်မယ်လို့ သူတို့ ဘယ်တော့မှ တွေးမိမှာမဟုတ်ဘူး"

အတွေးတစ်ချက်ဖြင့် လုယွီသည် မဟာမိုးခြိမ်းသံဘုရားကျောင်းသို့ ရောက်ရှိသွားခဲ့သည်။

Chapter 4620

မဟာမိုးခြိမ်းသံဘုရားကျောင်းသည် လေထုအတွင်းတွင် မားမားမတ်မတ် တည်ရှိနေသည်။ထိုအရာသည် မြင့်မားသော တောင်ထိပ်တွင် ချောက်ကမ်းပါးတစ်ခုကို နောက်ခံပြု၍ တည်ရှိသည်။

တောင်ပေါ်သို့ တက်သည့် ဖြောင့်တန်းသော လမ်းများသည် ဘုရားကျောင်း၏ အတွင်းပိုင်းနက်ရှိုင်းရာသို့ တိုက်ရိုက်ဦးတည်နေပြီး ရှည်လျားကာ ရှေးကျပြီး ဆန်းကြယ်သည်။

ကျောင်းတော်အတွင်းတွင် နန်းတော်များ ခန်းမများ ရင်ပြင်များဖြင့် ပြည့်နှက်နေပြီး အနီရောင် တိုင်လုံးများတွင် ပန်းပုများထွင်းထုထားကာ အမိုးစွန်းများမှာ လေထုအတွင်းတွင် မျောလွင့်နေသည်။ ဤသည်မှာ မျက်စိကျိန်းလောက်အောင် ခမ်းနားထည်ဝါသော မြင်ကွင်းပင်။

ဤသည်မှာ မဟာဗုဒ္ဓအရှင် ကျင့်ကြံရာနေရာ ဖြစ်သည်။

မဟာဗုဒ္ဓအရှင်သညိ နေ့စဉ်နေ့တိုင်း ဤနေရာတွင် ဗုဒ္ဓတရားတော်များ ဟောကြားလေ့ရှိသည်။ ထိုအသံမှာ မိုးခြိမ်းသံကဲ့သို့ အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားသောကြောင့် မဟာမိုးခြိမ်းသံဘုရားကျောင်းဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။

"သေချာတယ်.... ဒီနေရာမှာ ရတနာတွေ အများကြီး ဝှက်ထားတယ်... ဒါပေမဲ့ တင်းကျပ်တဲ့ ကာကွယ်ရေးတွေ သိပ်မရှိဘူးထင်တယ်... ဗုဒ္ဓဂိုဏ်းက တစ်စုံတစ်ယောက်က စိတ်ဝိညာဉ်တောင်ကို တိုက်ခိုက်ပြီး မဟာမိုးခြိမ်းသံဘုရားကျောင်းထဲ ခိုးဝင်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူးထင်တယ်"

လုယွီသည် သူ့ရှေ့ရှိမြင်ကွင်းကို ကြည့်ရင်း မချီးကျူးဘဲ မနေနိုင်တော့ပေ။

ယခင်က သူသည် သူ၏ မိသားစုအတွက် လက်စားချေရန် သူ၏ စိတ်ဝိညာဉ်အမျှင်တန်းကို ဤနေရာသို့ စေလွှတ်ခဲ့သောကြောင့် ပတ်ဝန်းကျင်မြင်ကွင်းကို များစွာအာရုံမစိုက်မိခဲ့ပေ။

ယခုအချိန်တွင် သူ သေချာကြည့်မိသည်နှင့် ဗုဒ္ဓရုပ်ပွားတော်များကို ပူဇော်ထားသည့် စားပွဲများရှေ့တွင် အဖိုးတန်ရတနာအမျိုးမျိုးရှိနေပြီး ထိုအရာများအနက် ဧကရာဇ်အဆင့် မှော်လက်နက်များပင် မရှားပါးချေ။

အကယ်၍ ပြင်အတွင် ထားမည်ဆိုပါက ဧကရာဇ်အဆင့် မှော်လက်နက်များသည် အဆင့်မြင့်ဂိုဏ်းအချို့၏ ဘိုးဘေးရတနာဖြစ်ရန် လုံလောက်သည်။ သို့သော် ဗုဒ္ဓဂိုဏ်းတွင်မူ ဤအရာများသည် ဗုဒ္ဓရုပ်ပွားတော်များရှေ့တွင် ပူဇော်ထားသော ယဇ်ပူဇော်ဖွယ်ရာတစ်ခုသာ ဖြစ်သည်။

"ဒါတွေအားလုံးက ပစ္စည်းကောင်းတွေချည်းပဲ....အကုန်လုံး ယူသွားကြစို့"

ခွေးနက်ကြီးသည် ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်ရင်း သူ၏မျက်လုံးများ နီမြန်းလာသည်။

လုယွီက ခေါင်းခါလိုက်သည်။

"ဒီရတနာတွေအားလုံးမှာ ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ အငွေ့အသက်တွေ စွန်းထင်းနေတယ်... ငါတို့ယူသွားရင်တောင် ငါတို့အတွက် သိပ်အသုံးဝင်မှာ မဟုတ်လောက်ဘူး... ဒါ့ပြင် ဒီမှာရှိတဲ့ ပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲ ထိလိုက်ရင်... ရတာနဲ့ ဆုံးရှုံးတာ မကာမိမှာကို စိုးရိမ်ရတယ်..."

မဟာမိုးခြိမ်းသံဘုရားကျောင်းရှိ ဗုဒ္ဓများအားလုံးသည် ထွက်ခွာသွားကြပြီဖြစ်သည်။ သူတို့သည် လုယွီကို ပိတ်ဆို့တားဆီးရန် စိတ်ဝိညာဉ်တောင်၏ အစွန်အဖျားသို့ သွားနေကြသည်။

ယခုအချိန်၌ ဤကြီးကျယ်ခမ်းနားသော ဘုရားကျောင်းကြီးတွင် ဗလာဟင်းလင်းဖြစ်နေသည်။ ဤနေရာကို တာဝန်ယူစောင့်ရှောက်ရန် ဗုဒ္ဓတစ်ပါးမျှ မရှိပေ။

ဗုဒ္ဓဘုရားလောင်းများနှင့် ဘုန်းတော်ကြီးများမှာမူ လုယွီ၏တည်ရှိမှုကို လုံးဝ အာရုံနိုင်ကြပေ။

"ဟိုမှာ ရတနာတိုက်တစ်ခုရှိတယ်... သွားကြည့်ကြစို့"

လုယွီသည် မဟာမိုးခြိမ်းသံဘုရားကျောင်းအတွင်းတွင် လှည့်ပတ်ရှာဖွေကြည့်ပြီးနောက် နောက်ဆုံးတွင် ထူးခြားသော ခန်းမတစ်ခုကို ရှာတွေ့ခဲ့သည်။

ဤခန်းမကို အလွန်နက်ရှိုင်းစွာ ဝှက်ထားသည်။ ထိုနေရာကို ဗုဒ္ဓနန်းတော်ငယ်ငါးခုက ဝန်းရံထားသည်။ ထိုနေရာတွင် ကမ္ပည်းပြားမရှိဘဲ တံခါးများကို တင်းကျပ်စွာ ပိတ်ထားပေ၏။

ဤသည်မှာ ပုံမှန်ဟု ထင်ရသော်လည်း လုယွီသည် ကွေးကျန့်ကံကြမ္မာဟောကိန်းနည်းစနစ်ကို အသုံးပြုသောအခါ ဤနေရာတွင် ကံကြမ္မာလမ်းကြောင်းများ ပြောင်းလဲနေသည်ကို အမှန်တကယ် ခံစားမိသည်။

အခြားဗုဒ္ဓနန်းတော်များတွင် လုယွီသည် ဤသို့သော တုံ့ပြန်မှုကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးပေ။

"သွားစို့..."

အတွေးတစ်ချက်ဖြင့် လုယွီသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲကာ ရတနာတိုက်အတွင်းသို့ ဝင်ရောက်သွားသည်။

ဤရတနာတိုက်အတွင်းတွင် သေတ္တာများ ရှိနေသည်။

လုယွီသည် သေတ္တာများကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ရှိနေသည်မှာ ရှားပါးရတနာတစ်ခုမဟုတ်ဘဲ ကျမ်းစာလိပ်တစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူသည် ကျမ်းစာ၏စာတစ်မျက်နှာကို လှန်လိုက်ရာ ရှေးဟောင်းကျမ်းစာများ ပေါ်လာသည်။ ၎င်းကို ရှေးဟောင်းဘာသာဖြင့် ရေးသားထားပြီး ရှေးကျသော အငွေ့အသက်များ ထုတ်လွှတ်နေသည်။

ဤသည်မှာ ကျင့်ကြံနည်းစနစ်မဟုတ်ဘဲ ကျမ်းစာလိပ်တစ်ခုသာ ဖြစ်သည်။

ခွေးနက်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။ "ဒါက ရတနာတစ်ခု မဟုတ်ဘဲနဲ့ ဟိုခေါင်းပြောင်တွေ ရေးထားတဲ့ ကျမ်းစာဖြစ်နေမယ်လို့ ငါ မထင်ခဲ့ဘူး.... ဒါကို ချန်ထားလို့လည်း အသုံးမဝင်ဘူး"

သူ အတော်လေး စိတ်ပျက်သွားခဲ့သည်။

ဤကဲ့သို့သော ကျမ်းစာမျိုးသည် ဗုဒ္ဓကျင့်ကြံနည်းစနစ်များကို ကျင့်ကြံသူများအတွက် အနည်းငယ် အသုံးဝင်ပေမည်။ သူတို့အတွက်ကမူ မရှိလျှင် ပိုကောင်းသည်ဟု ဆိုရပေမည်။

လုယွီသည် အခြားသေတ္တာများကို အမှတ်မထင် ဖွင့်ကြည့်လိုက်သည်။ အံ့ဩစရာကောင်းစွာပင် ထိုသေတ္တာများအားလုံးတွင် ဗုဒ္ဓကျမ်းစာများဖြင့် ပြည့်နှက်နေသည်။

ဤသေတ္တာများကို သံမဏိနက်ဖြင့် တင်းကျပ်စွာ ချိတ်ပိတ်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်ထံတွင် လုံလောက်သော ခွန်အားမရှိပါက ဤသေတ္တာများကို အတင်းအကြပ်ဖွင့်ရန် မဖြစ်နိုင်ချေ။

"ဘာလို့ ဗုဒ္ဓကျမ်းစာအချို့ကို ဒီလောက်ထိ လုံခြုံအောင် ထားထားတာလဲ"

လုယွီသည် သတိမလျော့ဘဲ သူ၏ပတ်ဝန်းကျင်ကို ဆက်လက်၍ သေချာစူးစမ်းနေခဲ့သည်။

ဤနေရာတွင် သေတ္တာများစွာ ရှိသော်လည်း သေတ္တာတစ်လုံးစီတွင် ကျမ်းစာများသာ ပါဝင်ပြီး တခြားမည်သည့်အရာမျှ မရှိပေ။

All Chapters