အခန်း (၄၆၂၁-၄၆၂၅)
Vol. 234 Ch. 4621-4625
Chapter 4621
သူတို့၏ရှာဖွေမှု တစ်ကြော့ပြီးသွားသော်လည်း အသုံးမဝင်သော ကျမ်းစာများမှလွဲ၍ မည်သည့်အရာမျှမရှိခဲ့ချေ။
ခွေးနက်ကြီးသည် စိတ်မရှည်ဖြစ်လာပြီး လုယွီကို အမြန်ထွက်ခွာရန် တိုက်တွန်းနေသည်။
"တစ်ခုခုတော့ လွဲနေပြီ....ငါ ခုနက ကံကြမ္မာတွက်ကြည့်တော့ ဒီနေရာမှာ ထူးဆန်းတာတစ်ခုခုရှိတယ်....ဒီလောက်ထိ မရိုးရှင်းနိုင်ဘူး"
လုယွီသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ရာ ခရမ်းရောင်အလင်းတန်းတစ်တန်းကို တွေ့မြင်မိသည်။
အချိန်တခဏအကြာတွင် မရေမတွက်နိုင်သော ကံကြမ္မာအမျှင်တန်းများသည် တစ်ခုနှင့်တစ်ခု ရောယှက်ကာ လေဟာနယ်အတွင်းတွင် ပုန်းကွယ်နေသည်ကို သူ မြင်တွေ့မိလေ၏။
ဤကံကြမ္မာအမျှင်တန်းများကို ကံကြမ္မာနည်းစနစ်အား ကျင့်ကြံထားသူများသာ ရှင်းလင်းစွာ မြင်နိုင်ပြီး ထိုအရာများ စုဆုံရာနေရာကိုလည်း မြင်နိုင်သည်။
"ဒီမှာ...."
အတွေးတစ်ချက်ဖြင့် လုယွီသည် သူ အသွင်ပြောင်းထားသော ဖုန်မှုန့်ကို နံရံတစ်ခုဆီသို့ ပို့လွှတ်ကာ ထွင်းဖောက်ဝင်ရောက်သွားသည်။
ရွှံ့မြေလွှာတစ်ခု သူ၏ရှေ့တွင် ထွက်ပေါ်လာသည်။ လုယွီသည် မီတာရှစ်ရာခန့် ထွင်းဖောက်ဝင်ရောက်ခဲ့သော်လည်း ထိုအရာကို မဖြတ်သန်းနိုင်သေးပေ။
"နံရံတစ်ခုက ဘယ်လိုလုပ် ဒီလောက်ထိ ထူနိုင်ရတာလဲ"
ခွေးနက်ကြီးက ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သည်။
ပတ်ဝန်းကျင်ရှိ လေဟာနယ်တွင် လေဟာနယ်လှိုင်းများဖြင့် ပြည့်နှက်နေသည်။ လုယွီသည် အချိန်တခဏကြာ တိတ်ဆိတ်စွာ ခံစားကြည့်ပြီးနောက် တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
"ငါတို့က အခြားကမ္ဘာလောကတစ်ခုထဲကို ဝင်လာခဲ့ပြီ"
တောင်တန်းနှင့်ပင်လယ်ကျမ်းစာကမ္ဘာကဲ့သို့ပင် မတူညီသော ကမ္ဘာများသည် လောကကြီး၏ ထောင့်တစ်နေရာတိုင်းတွင် ပြည့်နှက်နေသည်။ အများအားဖြင့် တချို့သော သီးသန့်လေဟာနယ်အက်ကွဲကြောင်းများမှသာ သီးခြားကမ္ဘာတစ်ခုအတွင်းသို့ ဝင်ရောက်နိုင်သည်။
သို့ရာတွင် ကောင်းကင်ဘုံ တာအိုဥပဒေများ၏ တည်ငြိမ်မှုကြောင့် တချို့သောကျင့်ကြံသူများ သည် တိုက်ပွဲတစ်ခုအတွင်း၌ လေဟာနယ်ကို ဆုတ်ဖြဲလိုက်လျှင်ပင် ကောင်းကင်ဘုံ တာအိုဥပဒေသများသည် ထိုအက်ကွဲကြောင်းများကို လျင်မြန်စွာ ပြန်လည်ပြုပြင်နိုင်ပေ၏။
ဤကမ္ဘာသည် လုံးဝအမှောင်ကျနေသည်။ လေ မရှိ စိတ်ဝိညာဥ်စွမ်းအား မရှိ ဥပဒေသများလည်းမရှိ မည်သည့်အရာမျှ မရှိချေ။
ဤသည်မှာ လုံးလုံးလျားလျား ဗလာနတ္ထိဖြစ်သည်။ ဤနေရာသို့ ဝင်ရောက်လာသော မည်သည့်သာမန်သက်ရှိမဆို မျက်စိတစ်မှိတ်အတွင်း အသက်ရှုကြပ်၍ သေဆုံးသွားပေမည်။
သို့သော် လုယွီသည် အင်မော်တယ်တစ်ယောက်ဖြစ်သောကြောင့် များစွာထိခိုက်မှု မရှိပေ။
"ဗုဒ္ဓဂိုဏ်းက ဒီလို သီးခြားကမ္ဘာတစ်ခုကို ဖန်တီးထားပြီးတော့ ဘာလို့ ထင်ပေါ်ခြင်းမရှိတဲ့ ခန်းမတစ်ခုထဲမှာ ဝှက်ထားရတာလဲ..."
လုယွီသည် နတ်ဘုရားစိတ်အာရုံဖြင့်ပတ်ဝန်းကျင်ကို အာရုံလိုက်သော်လည်း ဗလာနတ္ထိသာ ဖြစ်နေသည်။
ဤသည်မှာ အသစ်ဖန်တီးထားသော ကမ္ဘာတစ်ခုနှင့် တူညီသည်။ အရာအားလုံးသည် ပရမ်းပတာနှင့် တိတ်ဆိတ်ငြိမ်သက်ခြင်း အခြေအနေတွင် ရှိနေသည်။
လုယွီ၏ စိတ်နှလုံးသား တည်ငြိမ်နေသည်။ သူသည် ဤအခြေအနေကြောင့် စိတ်လှုပ်ရှားမနေခဲ့ပေ။
အရာအားလုံးတွင် မူလပုံစံ ရှိသည်။ အရာအားလုံးသည် အလိုအလျောက် ထွက်ပေါ်လာရန်မှာ မဖြစ်နိုင်ပေ။ ဤသီးခြားကမ္ဘာအတွက်လည်း အလားတူပင်။
လုယွီသည် သူ၏အမြင်အာရုံကို ကျယ်ပြန့်စွာ ဖြန့်ကျက်ထားသည်။ သူသည် နံဘေးပတ်ဝန်းကျင်ကို တဖန်ပြန်၍ စူးစမ်းကြည့်ရှုလိုက်ပြီး တစ်ခုခုကွဲပြားနေသည်ကို ချက်ချင်း သတိပြုလိုက်သည်။
"ဒီလေဟာနယ်ရဲ့ အပေါ်မှာ နောက်ထပ်လေဟာနယ်နယ်မြေတစ်ခု ထပ်ရှိနေတာပဲ.... တော်တော်လေး လိမ္မာပါးနပ်တဲ့ နည်းစနစ်ပဲ.... ငါသာ အချိန်တစ်ခုထိ ဂရုတစိုက် မရှာခဲ့ရင် ဘာမှမတွေ့လို့ ထွက်သွားမိလောက်ပြီ..."
လုယွီက သဲလွန်စကို ရှာတွေ့ခဲ့သည်။ သူသည် အချိန်မဆိုင်းတော့ဘဲ သူ၏လက်ကို မြှောက်ကာ ဖမ်းဆုပ်ဟန်ပြုလိုက်သည်။
မိုးပြားနဂါး လေဟာနယ်ကို ဆုတ်ဖြဲခြင်းနည်းစနစ်ကြောင့် လေဟာနယ်အတွင်းတွင် မိုးပြာနဂါး၏ ဟိန်းဟောက်သံကို ကြားရပြီးနောက် သူ၏ရှေ့မှ လေဟာနယ်ကို ချက်ချင်း ဆုတ်ဖြဲလိုက်သည်။
"ဘုန်း...."
လေဟာနယ် ပြင်းထန်စွာ တုန်ခါသွားသည်။
ပတ်ဝန်းကျင်တွင် လေမုန်တိုင်းတစ်ခု ဖြစ်ပွားသကဲ့သို့ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာသည်။ သူတို့ရှေ့မှ လေဟာနယ်သည် ချက်ချင်း ဆုတ်ဖြဲခံလိုက်ရပြီး သီးခြားကမ္ဘာအတွင်းတွင် အမြင့်မြတ်ဆုံး ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။
ထိုရွှေရောင်အလင်းတန်းအတွင်းတွင် ဧရာမ ဗုဒ္ဓအရှင်တစ်ပါး အမှန်တကယ် ထွက်ပေါ်လာခဲ့သည်။
ထိုဧရာမဗုဒ္ဓသည် ပေတစ်ထောင်ခန့် မြင့်မားပြီး ကောင်းကင်နှင့်နေရောင်ကို ဖုံးကွယ်ထားသည်။ သူ၏ခန္ဓာကိုယ်မှ အရှိန်အဝါသည် မြင်နိုင်သော နေရာအားလုံးနီးပါးကို သိမ်းပိုက်ထားပေ၏။
သူသည် မျက်လုံးစုံမှိတ်ထားပြီး ပလ္လင်ခွေထိုင်နေကာ အသက်စွမ်းအားမရှိတော့ပေ။ ဤသည်မှာ ဗုဒ္ဓတစ်ပါး၏ ရုပ်ကလာပ်ဖြစ်ပြီး ထာဝရတည်တံ့ကာ မပျက်စီးနိုင်ပေ။
ထိုဧရာမဗုဒ္ဓကို ကြည့်ရသည်မှာ မေတ္တာကြီးမားပြီး ကြင်နာသနားတတ်သော အမူအယာရှိပြီး အပြုံးတစ်ခု ထင်ဟပ်နေသည်။ သူ၏ရှေ့သို့ ရောက်ရှိသွားသော မည်သူမဆို ယခင်ကမကြုံဖူးသော နွေးထွေးမှုလှိုင်းတစ်ခုကို ခံစားရပေမည်။
အသိုက်သို့ပြန်လာသော ပျံလွှားငှက်ကဲ့သို့ ဆိပ်ကမ်းသို့ ရွက်လွှင့်ဝင်ရောက်လာသော သင်္ဘောကဲ့သို့ပင် ဤအရာသည် ပြင်ပလောကမှ ဒုက္ခအားလုံးနှင့် ဝေးကွာနေသည်။ သူသည် သူ၏ငြိမ်းချမ်းသော သိုက်မြုံထဲတွင် တိတ်ဆိတ်စွာ အိပ်စက်အနားယူနေသည်။
"သူက အပြင်က တခြားဗုဒ္ဓတွေနဲ့ မတူဘူး..."
လုယွီသည် ထိုဗုဒ္ဓ၏ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားပြီးနောက် သူ၏ နှလုံးသားအနက်ရှိုင်းဆုံးတွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
Chapter 4622
လုယွီကိုယ်တိုင်ပင်လျှင် ထိုဝမ်းနည်းမှုသည် မည်သည့်နေရာမှ ရောလာသည်ကို မပြောနိုင်ခဲ့ချေ။
ရှေးဟောင်းကောင်းကင်ဘုံနန်းတော် ပျက်စီးခဲ့ပြီး လူသားလောကသည် ရှေးဟောင်းနတ်ဆိုးတို့ကြောင့် မီးလောင်တိုက်သွင်းခံထားရသော မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သို့ရာတွင် လုယွီသည် ရှေးဟောင်းဗုဒ္ဓလောကအကြောင်းကို အနည်းငယ်သာ သိရှိခဲ့သည်။
ဗုဒ္ဓလောကတွင် မည်သည့်ကိစ္စများ ဖြစ်ခဲ့သည်ကို မည်သူမျှ အတိအကျ မသိသော်လည်း ရှေးဟောင်းအလယ်ခေတ်ကာလမှစ၍ ဗုဒ္ဓဂိုဏ်းသည် ပြောင်းလဲသွားခဲ့ပေ၏။
သူတို့သည် တခြားသူများကို ဗုဒ္ဓအား ယုံကြည်ရန် အတင်းအကျပ် ဖိအားပေးကာ ကိုးကွယ်ယုံကြည်သူများ၏ စိတ်ဝိညာဉ်များကို သိမ်းယူပြီး အမွှေးနံ့သာစွမ်းအားကို စုဆောင်းကာ သူတို့ကိုယ်သူတို့ အစွမ်းထက်အောင် လုပ်ဆောင်ခဲ့ကြသည်။
လောဘတရားသည် သူတို့၏ လမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပြီး မြေအောက်မှ ကြီးမားသော စိတ်ဝိညာဥ်သွေးကြောကြီးသည် ပြဿနာကို ရှင်းလင်းစွာ ညွှန်ပြနေပေ၏။ ဗုဒ္ဓဂိုဏ်းသည် လောကရှိ သာမန်လူများအတွက်မဟုတ်ဘဲ သူတို့အတွက်သာ စည်းစိမ်ဥစ္စာများကို စုဆောင်းနေခြင်း ဖြစ်သည်။
ဧရာမဗုဒ္ဓ၏ရုပ်သွင်သည် ပြုံးနေပုံရသော်လည်း လုယွီသည် သူ ငိုနေသည်ကို ရှင်းလင်းစွာ မြင်နေရသည်။
ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်းထောင်နှင့်အကြာက ပျက်သုဉ်းသွားခဲ့သော အစစ်အမှန်ဗုဒ္ဓတစ်ပါး ဖြစ်သည်။
သူသည် ဤမှောင်မိုက်သော မြေအောက်ကမ္ဘာတွင် ပိတ်မိနေပြီး ပြင်ပလောကကို မမြင်နိုင် ပတ်ဝန်းကျင်ကို မခံစားနိုင်ချေ။ သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အထီးကျန်မီးအိမ်တစ်လုံး၊ အထီးကျန်နွယ်ပင်တစ်ပင်နှင့် အဖော်ပြုနေခြင်းသာ ဖြစ်သည်။
သို့ရာတွင် ထိုသို့ဖြစ်နေသည့်တိုင် ဤဧရာမဗုဒ္ဓကြီး၏ ဗုဒ္ဓအလင်းရောင်သည် ငြိမ်းသေမသွားသေးချေ။
လုယွီက ဤသည်မှာ လက်ရှိ ဗုဒ္ဓအရှင်တို့၏ ဗုဒ္ဓအလင်းရောင်မဟုတ်ကြောင်း ပြောဆိုနိုင်သည်။ ဤသည်မှာ ဤဗုဒ္ဓအရှင်သည် ကိုးကွယ်ယုံကြည်စွမ်းအားကို စုစည်းရန် အသုံးပြုခဲ့သော ဗုဒ္ဓအလင်းရောင်ပင်။
ယခုလက်ရှိ ဗုဒ္ဓဂိုဏ်းသည် ကျင့်ကြံခြင်းနှင့် စည်းစိမ်ဥစ္စာ စုဆောင်းခြင်းကို အထူးအလေးပေးသည်။ ဤစည်းစိမ်ဥစ္စာများဖြင့် ရတနာခုနစ်ထပ်စေတီတော်တစ်ဆူကို တည်ထားနိုင်စွမ်းရှိသည်။
အခြားတစ်ဖက်တွင်မူ ဧရာမဗုဒ္ဓကြီး၏ ခန္ဓာကိုယ်ပေါ်မှ ဗုဒ္ဓအလင်းရောင်တွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမရှိချေ။ ထိုအစား သူ့ထံတွင် မေတ္တာကရုဏာနှင့် ပြည့်စုံသော အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး သက်ရှိသတ္တဝါအားလုံး၏ ရယ်မောသံများနှင့် ရောယှက်နေသည်။ ဤသည်မှာ အဆုံးမဲ့သော ကုသိုလ်တရားကို အမှန်တကယ် ရရှိမှသာ ပေါ်ပေါက်လာမည့် သဘာဝလွန်ဖြစ်စဥ်တစ်ခုပင်။
"ဒါမှ ငါမှတ်မိတဲ့ ဗုဒ္ဓအစစ်ပဲ...."
ခွေးနက်ကြီးက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။
အမြဲစေ မောက်မာထောင်လွှားခဲ့သော ခွေးနက်ကြီးပင်လျှင် ဤအချိန်တွင် သတိကြီးစွာထားနေသည်။ သူသည် ဤဗုဒ္ဓအရှင်၏ ထာဝရအိပ်စက်ခြင်းမှ နိုးထသွားမည်ကို စိုးရိမ်သောကြောင့် တိုးညင်းစွာ စကားပြောနေသည်။
"ရှေးဟောင်းအချိန်ကာလမှာ သူတို့တွေက ဘာတွေကို ကြုံတွေ့ခဲ့ရတာလဲ"
လုယွီက သက်ပြင်းရှည်ကြီး ရှိုက်လိုက်သည်။
ဗုဒ္ဓ၏ရှေ့ရှိ အမွှေးနံ့သာခုံသည် ဖုန်များဖြင့် ဖုံးလွှမ်းနေပြီး နေရာတိုင်းတွင် ထူထပ်သော ဖုန်မှုန့်လွှာများ စုပုံနေသည်။ ဤနေရာသို့ လူအနည်းငယ်သာ လာရောက်ခဲ့သည်မှာ သိသာထင်ရှားလှ၏။
လုယွီ၏ခန္ဓာကိုယ် တုန်ခါသွားပြီး ပြင်းထန်သောလေလှိုင်းတစ်ရပ်ဖြင့် ဖုန်များအားလုံးကို တိုက်ခတ်ဖယ်ရှားလိုက်သည်။ ထို့နောက် သူသည် ဧရာမဗုဒ္ဓကြီးရှေ့မှ အထီးကျန်မီးအိမ်ကို ရွှေရောင်မီးတောက်ဖြင့် ထွန်းညှိလိုက်သည်။
ဖယောင်းတိုင်မီးလျှံသည် ငြိမ်းချမ်းစွာ တောက်လောင်နေပြီး အရပ်မျက်နှာအဘက်ဘက်ရှိ အမှောင်ထုကို ဖယ်ရှားကာ လင်းထိန်စေသည်။
ဗုဒ္ဓ၏ရှေ့တွင် နောက်ဆုံး၌ စွမ်းအားလှိုင်းများ ထွက်ပေါ်လာပြီး မှောင်မိုက်သော လေဟာနယ်သည် ယခင်ကဲ့သို့ ဗလာနတ္ထိ မဖြစ်တော့ချေ။
နှစ်ပေါင်းသောင်းနှင့်ချီ ကြာမြင့်ပြီးနောက် အစစ်အမှန်ဗုဒ္ဓသည် သူ၏ ပထမဆုံး အမွှေးနံ့သာကို ကြိုဆိုလက်ခံခဲ့သည်။
ပန်ဂုနတ်ဘုရားသည် ဖရိုဖရဲကမ္ဘာကို ဖွင့်လှစ်လိုက်သည့်အလား နေ လ နှင့် ကြယ်တာရာများ သည် သူတို့အားလုံး၏ရှေ့တွင် ထွက်ပေါ်လာပြီး ကြီးမားကျယ်ပြန့်သောမြေပြင်ပေါ်တွင် စွမ်းအားများ ပျံ့နှံ့လာသည့်အလားပင်။
ထာဝရအမှောင်ထုသည် ကျိုးပျက်သွားခဲ့ပြီး ဗုဒ္ဓဂိုဏ်း၏ အမွေအနှစ်သည် တောက်ပသော အလင်းရောင်တစ်ခုကို တစ်ဖန်ပြန်၍ ဆီးကြိုလိုက်၏။
စိတ်ဝိညာဉ်တောင်၏ မြင့်မြတ်နယ်မြေများတွင် တည်ရှိသည့် မရေမတွက်နိုင်သော ဘုရားကျောင်းများမှ ခေါင်းလောင်းသံများ မရပ်မနား မြည်ဟီးလာသည်။
ဗုဒ္ဓအရှင်များ ဗုဒ္ဓဘုရားလောင်းများနှင့် ဘုန်းတော်ကြီးများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် သူတို့၏ဘုရားကျောင်းများမှ အပြေးအလွှားထွက်လာပြီး စိတ်ဝိညာဉ်တောင်၏ မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြ၏
"ငါက နတ်ဆိုးတစ်ကောင်ရဲ့ အငွေ့အသက်ကို ခံစားမိတယ်..."
"ဗုဒ္ဓဂိုဏ်းရဲ့ သစ္စာဖောက်တွေက အမွှေးနံ့သာပူဇော်မှုတွေကို ပြန်ရနေပြီ.... ဒါ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...."
"မြန်မြန်စုံစမ်းကြစမ်း...ဒီသစ္စာဖောက်တွေကို လောကကြီးထဲကို ပြန်ဆင်းသက်ခွင့် မပေးရဘူး...."
ဧရာမဗုဒ္ဓပုံရိပ်ယောင်များသည် စိတ်ဝိညာဉ်တောင်ပေါ်တွင် အဆက်မပြတ် ထွက်ပေါ်လာကြသည်။ သူတို့၏ အသံများသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး အမိန့်များ အဆက်မပြတ် ထုတ်ပြန်နေသည်။
ထိုအချိန်တွင်ပင် တချို့သော ဗုဒ္ဓအရှင်များသည် တစ်စုံတစ်ခုကို သိရှိသွားပြီး လုယွီရှိရာ သီးခြားကမ္ဘာသို့ အပြေးအလွှား လာနေကြသည်။
"ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့...."
လုယွီက ထိုဗုဒ္ဓကို တည်ကြည်လေးနက်စွာ တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားခဲ့သည်။
ဗုဒ္ဓ၏ရှေ့တွင် ခေါင်းလောင်းတစ်လုံး တောင်ဝှေးတစ်ချောင်းနှင့် သင်္ကန်းတစ်ထည် ရှိနေသည်။
ဤသည်မှာ ဗုဒ္ဓအရှင် သက်ရှိထင်ရှားရှိစဉ်က ပိုင်ဆိုင်ခဲ့သော ပစ္စည်းများပင်။ ထိုအရာများတွင် အကန့်အသတ်မဲ့သော စွမ်းအားများရှိကာ ဗုဒ္ဓအရှင်၏ ထာဝရအိပ်စက်ခြင်းကို အဖော်ပြုနေသည်။
လုယွီသည် ထိုပစ္စည်းများကို မယူဆောင်ခဲ့ချေ။ ဤသည်မှာ အစစ်အမှန်ဗုဒ္ဓ၏ ပစ္စည်းများပင်။
သို့ရာတွက် လုယွီ လှည့်ထွက်လိုက်သည့် အချိန်အခိုက်အတန့်တွင် ထိုရတနာသုံးခုသည် စီးဆင်းနေသော အလင်းတန်းများအဖြစ် ပြောင်းလဲကာ သူ၏ သိုလှောင်အိတ်အတွင်းသို့ ဝင်ရောက်သွားသည်။
ရတနာများမှ တုန်ခါသံများ မြည်ဟည်းသွားပြီး ထိုအရာများ၏ အသိစိတ်စွမ်းအားလှိုင်းများသည် လုယွီ၏ အသိစိတ်နှင့် ပေါင်းစပ်သွားသည်။ ရုတ်ချည်းဆိုသလိုပင် ထိုအရာများသည် သူ့ကို အရှင်သခင်အဖြစ် လုံးလုံးလျားလျား အသိအမှတ်ပြုလိုက်၏။
ရှေးဟောင်းအင်မော်တယ်လက်နက်...မဟာရတနာခေါင်းလောင်း
ရှေးဟောင်းအင်မော်တယ်လက်နက်... နတ်ဆိုးနှိမ်နင်းခြင်းတောင်ဝှေး...
ရှေးဟောင်းအင်မော်တယ်လက်နက်...မပျက်စီးနိုင်သော သင်္ကန်း...
Chaptet 4623
ခွေးနက်ကြီးသည် အချိန်တခဏမျှ မှင်သက်သွားပြီးနောက် ရုတ်တရက် အံ့အားတသင့် အော်ဟစ်လိုက်သည်။
"ဗုဒ္ဓဂိုဏ်းက မရယူနိုင်သေးတဲ့ ရတနာတွေက မင်းကို သခင်အဖြစ် အသိအမှတ်ပြုသွားတယ်....လုယွီ မင်းက ကောင်းကင်နဲ့မြေပြင်ကို တုန်လှုပ်စေလောက်တဲ့ ကံကြမ္မာကောင်းကြီးကို ရလိုက်တာပဲ"
ခွေးနက်ကြီး၏ သတိပေးစကားမရှိလျှင်ပင် လုယွီသည် ဤအင်မော်တယ်လက်နက်သုံးခုမှ အဆုံးမဲ့သော အင်မော်တယ်စွမ်းအားများကို ခံစားမိသည်။
လက်ရှိဗုဒ္ဓဂိုဏ်းသည် ဤအင်မော်တယ်လက်နက်သုံးခုကို တပ်မက်ခဲ့သော်လည်း မရယူနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် ဧရာမဗုဒ္ဓကြီးကို သီးခြားကမ္ဘာတစ်ခုတွင် ချိတ်ပိတ်ထားကာ ထိုအရာများကို ရယူနိုင်ရန် နည်းလမ်းရှာဖွေခဲ့သည်။
သို့ရာတွင် နောက်ဆုံး၌ ဤကံကြမ္မာကောင်းကြီးသည် လုယွီ၏ လက်အတွင်းသို့ ကျရောက်လာခဲ့သည်။
"ကျစ်....မင်းက ဒီနေရာကို တကယ်ပဲ ဖောက်ထွင်းဝင်ရောက်ခဲ့တယ်ပေါ့...ဘာပဲဖြစ်ဖြစ် မင်းကို ငါ ထွက်သွားခွင့်မပေးနိုင်ဘူး..."
လုယွီ၏နောက်မှ ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
လက်တစ်ထောင်ဗုဒ္ဓတစ်ပါးသည် လုယွီ၏နောက်တွင် ထွက်ပေါ်လာသည်။ သူ၏မျက်လုံးများ ပြူးကျယ်နေပြီး ဒေါသူပုန်ထနေသည်။ သူသည် ပါးစပ်ကိုဖွင့်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ၏အသံသည် မိုးခြိမ်းသံအလား အလွန်ကျယ်လောင်သည်။
လုယွီက မထီမဲ့မြင်ပြုံးပြီး သူ၏လက်ဝါးကို ရိုက်ထုတ်လိုက်ရာ လက်တစ်ထောင်ဗုဒ္ဓ၏တိုက်ခိုက်မှုနှင့်နှင့် ထိတွေ့သွားသည်။
ဂျိန်း....
ပတ်ဝန်းကျင်မှ ကျယ်လောင်သော တဂျိန်းဂျိန်းမြည်သံများကို ကြားလိုက်ရသည်။ ကျယ်လောင်သောအသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး နားကွဲလုမတတ် ကျယ်လောင်သည်။
လုယွီသည် လက်တစ်ထောင်ဗုဒ္ဓအရှင်၏ တိုက်ခိုက်မှုကို လက်ဝါးတစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ကို ဖုန်မှုန့်အဖြစ် တဖန်ပြန်လည်ပြောင်းလဲကာ ထွက်ပြေးခဲ့သည်။
ဤဖုန်မှုန့်လေးသည် အလွန်သေးငယ်ပြီး အလွန်လျင်မြန်သည်။
မျက်စိတစ်မှိတ်စာ အချိန်အတွင်းမှာပင် ထိုဖုန်မှုန့်သည် သီးခြားကမ္ဘာ၏ နယ်နိမိတ်ပြင်ပသို့ ပျံသန်းထွက်သွားပြီး ပြင်ပလောကသို့ ရောက်ရှိသွားသည်။
သို့သော် ပြင်ပလောကသည် မဟာမိုးခြိမ်းသံကျောင်းအတွင်း၌ မဟုတ်ချေ။
လုယွီသည် နတ်ဘုရားကူးပြောင်းခြင်းနည်းစနစ်ကို အသုံးပြုပြီး ကျောင်းတော်မှ မိုင်ပေါင်းတစ်သောင်းအကွာသို့ ချက်ချင်းထွက်ပြေးခဲ့ကာ မဟာမိုးခြိမ်းသံ ဘုရားကျောင်း၏ နယ်နိမိတ်မှ ထွက်ခွာပြီး စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေ၏ ထောင့်တစ်နေရာသို့ ရောက်ရှိသွားသည်။
"မိုးကောင်းကင်ပေါ်က ဗုဒ္ဓတွေအားလုံး ငါ့ကိုတားချင်ပေမယ့် ငါ နောက်ထပ် ဘာလုပ်မယ်ဆိုတာကို မင်းတို့ထဲက တစ်ယောက်မှ ကြိုမခန့်မှန်းနိုင်ဘူး..."
လုယွီသည် ဤဗုဒ္ဓများကို တစိုးတစိမျှမကြောက်ချေ။
သူ၏ခန္ဓာကိုယ်အတွင်းတွင် ကံကြမ္မာစွမ်းအားကို သိုဝှက်ထားသည်။ သူသည် ကံကြမ္မာအမျှင်တန်းများကို သူ အလိုရှိသလို ပြောင်းလဲနိုင်သဖြင့် ထိုမြင့်မြတ်သော ဗုဒ္ဓများသည် သူ၏ခြေရာကို ဖမ်းဆုပ်နိုင်မည်မဟုတ်ပေ။
ဗုဒ္ဓအရှင်များအားလုံး၏ရှေ့တွင် လုယွီသည် သူ၏မျက်နှာကိုပြသရန် ၏ နတ်ဆိုးတစ်ကောင်ခန္ဓာကိုယ်ကို အစဥ်အမြဲအသုံးပြုခဲ့သည်။
ကံကြမ္မာနည်းစနစ်ကို အသုံးပြု၍ တွက်ချက်လျှင်ပင် သူ မည်သူမည်ဝါ ဖြစ်သည်ကို သူတို့မသိရှိနိုင်ချေ။
ဤအရာအားလုံးကို သူ၏ခြေရာလက်ရာမကျန်စေရန် သေသပ်စွာ လုပ်ဆောင်ခဲ့သည်။
"ကျိုးပျက်စမ်း "
လုယွီ၏ လက်သီးသည် လေဟာနယ်ပေါ်သို့ ကျရောက်သွားပေ၏။ မြင့်မြတ်သော စိတ်ဝိညာဉ်တောင်ရှိ လေဟာနယ်တစ်စိတ်တစ်ပိုင်း ပြင်းထန်စွာ တုန်ခါသွားသည်။ ဥပဒေသများ ကြေမွသွားပြီး အလင်းရောင်သည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။
နောက်ထပ်အချိန်တခဏတွင် လုယွီသည် စိတ်ဝိညာဉ်တောင်၏ သူတော်စင်နယ်မြေမှ ထွက်ခွာကာ အဝေးသို့ ထွက်ပြေးသွားခဲ့သည်။ သူသည် လင်းယုန်ကြယ်မြစ်၏နယ်စပ်ရှိ ကြယ်နယ်မြေငယ်လေးတစ်ခုထံသို့ ရောက်မှသာ ရပ်တန့်ခဲ့သည်။
ဤအချိန်တွင် ဗုဒ္ဓဂိုဏ်းမှလူများသည် သူ့ကို လုံးဝလိုက်မမီနိုင်တော့ပေ။
"ဒီတစ်ခေါက်တော့ ငါအများကြီး အမြတ်ထွက်ခဲ့တယ်"
လုယွီသည် သေးငယ်သော သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်း၌ တောင်ပုံရာပုံဖြစ်နေသော စိတ်ဝိညာဥ်ကျောက်တုံးများကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။
သူ၏ယခင်ဘဝတွင်ပင် သူသည် ဤမျှထိ ချမ်းသာခဲ့ဖူးခြင်း မရှိချေ။ ငွေရှိလျှင် သူသည် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ယုံကြည်မှု ပိုရှိပေလိမ့်မည်။
ဗုဒ္ဓဂိုဏ်းသည် မည်မျှထိ လှုပ်ခတ်သွားမည်ကိုမူ သူ စဉ်းစားရန် မလိုအပ်ချေ။
"မျောက်.... မင်းရဲ့အနာဂတ်အတွက် ဘာအစီအစဉ်တွေရှိလဲ..."
လုယွီက မျောက်ကိုကြည့်ပြီး မေးမြန်းသည်။
မြေအောက်မှ ထွက်လာပြီးနောက် မျောက်သည် တိတ်ဆိတ်နေပြီး အတွေးနက်ထဲသို့ နစ်မြောနေခဲ့သည်။
"ငါက ဗုဒ္ဓဂိုဏ်းနဲ့ ရန်ငြိုးကြီးကြီးမားမားရှိတယ်....ဒီဗုဒ္ဓအတုအယောင်တွေကို မဖယ်ရှားမချင်း ငါ့ရဲ့တာအိုနှလုံးသားက မတည်ငြိမ်နိုင်ဘူး.... ပြီးတော့ ငါရဲ့ကျင့်ကြံဆင့်က ရှေ့ဆက်တိုးတက်နိုင်မှာလည်း မဟုတ်ဘူး"
မျောက်က ခေါင်းခါပြီး ရုတ်တရက် လုယွီကို ကြည့်လိုက်သည်။
"မြေအောက်မှာ ပိတ်မိနေတဲ့ အမျိုးသမီးအင်မော်တယ်ရဲ့ နာမည်ကို မင်း သိလား"
လုယွီသည် မျက်လုံးစုံမှိတ်ကာ စဉ်းစားရင်း သူ၏စိတ်ကို လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာနှင့် ဆက်သွယ်လိုက်သည်။
အချိန်တခဏအကြာတွင် လုယွီက မျက်လုံးဖွင့်ပြီး ပြောဆိုသည်။
"လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာ ထဲမှာ ကောင်းကင်ဘုံက အင်မော်တယ်တွေ အားလုံးအကြောင်း ပါဝင်တယ်....အဲ့ဒီကျမ်းစာအရဆိုရင် အဲဒီအမျိုးသမီးအင်မော်တယ်က သန့်စင်သောလေဟာနယ် အံ့ဖွယ်နယ်မြေက ခရမ်းရောင်တိမ်တိုက် အစစ်အမှန်ဧကရီဖြစ်မယ်.."
"ခရမ်းရောင်တိမ်တိုက်... ဒီနာမည်က အရမ်းရင်းနှီးနေတယ်.... ငါ တစ်နေရာရာမှာ ကြားဖူးတယ်လို့ ထင်ပေမယ့် ပြန်မမှတ်မိတော့ဘူး"
မျောက်သည် ရှေးဟောင်းခေတ်မှ လွတ်မြောက်လာကာ ပြန်လည်မရှင်သန်လာမီ အချိန်၌ ကျောက်တုံးအတွင်းတွင် ကျန်ရစ်ခဲ့သော စိတ်ဝိညာဉ်အကြွင်းအကျန်တစ်ခုဖြစ်သည်။ ခွေးနက်ကြီးကဲ့သို့ပင် သူသည် သူ၏မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို ထိန်းသိမ်းထားနိုင်ပြီး တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးခဲ့သည်။
ရုတ်တရက် သူ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ အမျိုးသမီးအင်မော်တယ်၏ အော်သံသည် သူ၏နားအတွင်းတွင် ပဲ့တင်ထပ်သွားပေ၏။
ထိုအသံသည် အလွန်ဝမ်းနည်းဖွယ်ကောင်းပြီး သူ၏နှလုံးသားကို ကြေကွဲစေသည်။
"မျောက်...မင်းငိုနေတာလား"
ခွေးနက်ကြီးက အသံတိုးတိုးဖြင့် ပြောဆိုသည်။
"ထူးဆန်းလိုက်တာ...ငါက ဘာလို့ ငိုရမှာလဲ.."
မျောက်သည် လေအေးတစ်ချက် ရှိုက်သွင်းကာ သူ၏မျက်လုံးများကို ပွတ်လိုက်သည်။ သူသည် သူ၏တာအိုနှလုံးသား မတည်ငြိမ်သည်ကို ခံစားလိုက်ရပြီး သူ၏နှလုံးသားထဲမှ ဝမ်းနည်းမှုက ထွက်ပေါ်လာသည်။ အတွေးတစ်ချက်ဖြင့် သူသည် သူ၏ တိုက်ခိုက်လိုစိတ်များ မြင့်တက်နေသော အခြေအနေသို့ ပြန်ရောက်သွားသည်။
"လေတိုက်လို့ ငါ့ရဲ့မျက်လုံးထဲ အမှိုက်ဝင်သွားတာ ဖြစ်မှာပါ"
Chapter 4624
နောက်ဆုံးတွင် မျောက်သည် လင်းယုန်ကြယ်မြစ်တွင် နေခဲ့ရန် ရွေးချယ်ခဲ့သည်။
"ငါက ဗုဒ္ဓဂိုဏ်းနဲ့ ရန်ငြိုးရှိတယ်...ငါ ဒီမှာနေပြီးတော့ ဗုဒ္ဓဂိုဏ်းကို အဆုံးထိ တိုက်ခိုက်ဖို့ စီစဉ်ထားတယ်...ဒီနေ့အတွက်တော့ ငါက မင်းကို အလုပ်ရှုပ်စေမိပြီ"
မျောက်က လုယွီကို ကျေးဇူးတင်စကားဆိုလိုက်သည်။ ဤအချိန်တွင် သူသည် ယခင်က ပျော်ရွှင်နေသော မျောက်မဟုတ်တော့ပေ။ သူသည် လုံးဝကွဲပြားခြားနားသော လူတစ်ယောက်ကဲ့သို့ဖြစ်နေသည်။ သူသည် ဓားအိမ်ထဲမှ မထုတ်ရသေးသော ဓားတစ်လက်အလားပင်။ သူသည် မည်သည့်အချိန်မဆို ဓားအိမ်မှ ပျံထွက်ကာ တခြားသူများ၏ သွေးကိုသောက်ရန် အသင့်ဖြစ်နေသည်။
လုယွီက လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။ သူနှင့်မျောက်သည် မိတ်ဆွေများဟု ယူဆနိုင်သည်။ ဤတစ်ကြိမ်တွင် သူတို့သည် သေရေးရှင်ရေးကို ဖြတ်သန်းခဲ့ရသော်လည်း အကျိုးအမြတ် များစွာရရှိခဲ့သည်။
"ဟီးဟီး...အဲ့ဒီခေါင်းပြောင်ကြီးတွေတော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေလောက်ပြီ.... ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ဆိုရင် ဗုဒ္ဓဂိုဏ်းရဲ့ အင်အားက အကြီးအကျယ် ကျဆင်းသွားမှာ သေချာတယ်"
ခွေးနက်ကြီး၏မျက်နှာပေါ်တွင် ကောက်ကျစ်သောအပြုံး ထင်ဟပ်လာပြီး ပြောဆိုသည်။
လုယွီသည် မျောက်ထံ၌ အမြဲတစေ ကိုယ်ပိုင်အစီအစဉ်များ ရှိသည်ကို သိရှိထားပေ၏။
"မင်းက ဗုဒ္ဓဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်ချင်ပေမယ့် မင်းတစ်ယောက်တည်းနဲ့ မလုပ်နိုင်ဘူး...ဒီပစ္စည်းတွေကို ယူထားပါ ..မင်းဘာပဲလိုလို ရှန်းယန်မြို့ကို အချိန်မရွေးလာပြီး ငါ့ကိုရှာလို့ရတယ်"
လုယွီသည် မထွက်ခွာမီ ကမ္ဘာငယ်လေးထဲတွင် ကျန်ရှိသော မှော်လက်နက်များနှင့် အထောက်အပံ့ပစ္စည်းများအားလုံးကို မျောက်အား ပေးခဲ့သည်။
ဤမှော်လက်နက်များနှင့် အထောက်အပံ့ပစ္စည်းများသည် ပုံးကွယ်နဂါးစစ်တပ်မှ စစ်သည်သုံးသိန်းကို တပ်ဆင်ရန် လုံလောက်သည်။ ထိုအရာများသည် မျောက်အား သူ၏ကိုယ်ပိုင်အင်အားကို လျင်မြန်စွာ တည်ဆောက်ရန် ကူညီနိုင်သည်။
လင်းယုန်ကြယ်မြစ်သည် အလယ်ခေတ်မှနယ်မြေများနှင့် နှိုင်းယှဉ်နိုင်သည်။ မရေမတွက်နိုင်သော အင်အားစုများ ဤနေရာတွင် စုဝေးနေကြသည်။ ဤသည်မှာ မျောက်အတွက် နာမည်ကျော်ကြားလာရန် နေရာကောင်းတစ်ခုပင်။
မျောက်သည် ဟန်မဆောင်ခဲ့ပေ။ သူသည် အထောက်အပံ့ပစ္စည်းအားလုံးကို လက်ခံပြီး လုယွီအား ရှေးခေတ်မှ သူ၏ ရုပ်ခန္ဓာကိုယ်ကျင့်ကြံမှု အတွေ့အကြုံတချို့ကို မျှဝေပေးခဲ့သည်။
မျောက်နှင့် နှုတ်ဆက်ပြီးနောက် လုယွီသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သို့ ပြန်ရန် သူ၏ခရီးကို စတင်ခဲ့သည်။
"မျောက်နဲ့ ဗုဒ္ဓဂိုဏ်းကြားမှာ ဘယ်လိုရန်ငြိုးမျိုးရှိလဲဆိုတာ မင်း သိလား"
လုယွီက မေးမြန်းသည်။
မျောက်သည် အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းပေ၏။ လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာအတွင်း၌ပင် သူသည် မျောက်နှင့်ပတ်သက်၍ မည်သည့်အရာကိုမှ မရှာဖွေနိုင်ခဲ့ပေ။
ခွေးနက်ကြီးက ခေါင်းခါလိုက်သည်။
"အဲ့ဒီ သေသင့်တဲ့မျောက်စုတ်အကြောင်းကို ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ"
"ဒါပေမဲ့ ရှေးခေတ်တုန်းကတော့ ဒီမျောက်ရဲ့ စွမ်းအားက ကြောက်စရာကောင်းတယ်.... သူ့ကို ရွှေအင်မော်တယ်တစ်ယောက်နဲ့တောင် နှိုင်းယှဉ်နိုင်တယ် ... ဒါပေမဲ့ အဲဒီအချိန်တုန်းက သူက အတော်လေး ရိုးအပြီးတော့ ကြောက်စရာကောင်းတဲ့ ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရတယ်...ဒါကြောင့်ပဲ အခု သူက စဉ်းလဲပြီး ပရိယာယ်များတဲ့ကောင် ဖြစ်လာခဲ့တာ... လူတွေရဲ့စိတ်နှလုံးသားက ရှေးကလို မဟုတ်တော့ဘူးလို့ ဆိုရိုးရှိတယ်မလား"
ခွေးနက်ကြီးက ခေါင်းခါပြီး ပြောဆိုသည်။
လုယွီ ထိတ်လန့်တုန်လှုပ်သွားသည်။
"သူက တစ်ချိန်က သိုင်းအင်မော်တယ်တစ်ယောက် ဖြစ်ခဲ့ဖူးတာလား..."
"အတိုင်းအတာတစ်ခုအထိတော့ ဟုတ်တယ်....အဲဒီတုန်းက မျောက်က အရမ်းအစွမ်းထက်တာကြောင့် ကောင်းကင်ဘုံနန်းတော်ကိုတောင် မျက်စိထဲမထည့်ခဲ့ဘူး"
ခွေးနက်ကြီးက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။
...
မြင့်မြတ်သော စိတ်ဝိညာဉ်တောင်တွင် ပေတစ်သိန်းမြင့်သော ဗုဒ္ဓပုံရိပ်ယောင်ကြီးတစ်ခုက မိုးကောင်းကင်ယံတွင် တည်ရှိနေသည်။
ကြီးမားကျယ်ပြန့်သော ဖိအားတစ်ခုက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ဤအချိန်တွင် စိတ်ဝိညာဉ်တောင်၏ သူတော်စင်နယ်မြေတွင် နေထိုင်သော သက်ရှိများအားလုံး မြေပြင်ပေါ်တွင် ဝပ်တွားနေကြ၏။ အထက်မှလာသော အစွမ်းထက်သည့်ဖိအားကို ခံစားရချိန်တွင် သူတို့အားလုံး ဒူးထောက်နေကြပြီး မလှုပ်ရှားဝံ့ကြချေ။
"လောကအရှင်သခင်...."
"လောကအရှင်သခင်ကို ကြိုဆိုပါတယ်...."
ဘုန်းတော်ကြီးများက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
ဓမ္မတရားတော်များ ဟောကြားရန် ပြင်ပသို့ ထွက်သွားခဲ့သော မဟာဗုဒ္ဓအရှင်သည် နောက်ဆုံးတွင် အလျင်အမြန်ပြန်ရောက်လာခဲ့သည်။
တောင်များ တုန်ခါသွားပြီး စိတ်ဝိညာဉ်တောင်ပေါ်ရှိ မရေမတွက်နိုင်သော ဘုရားကျောင်းများသည် ဗုဒ္ဓဂိုဏ်း၏ အရှင်သခင် ပြန်လည်ရောက်ရှိလာခြင်းကို ကြိုဆိုရန် ခေါင်းလောင်းများကို တီးခတ်လိုက်ကြသည်။
"ဒေါင်....."
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
လူတိုင်းသည် မဟာဗုဒ္ဓအရှင်၏ အမျက်ဒေါသကို ခံစားမိကြ၏။ သူတို့သည် မည်သည့်စကားတစ်ခွန်းကိုမျှ မပြောဝံ့ကြချေ။ သူတို့သည် အခြားအတွေးများပင် မတွေးဝံ့ကြပေ။ သူတို့တစ်ယောက်ချင်းစီသည် မြေပြင်ပေါ်တွင် နာခံရို့ကျိုးစွာ ဒူးထောက်နေကြပြီး သေးငယ်သော လှုပ်ရှားမှုများ ပြုလုပ်မိမည်ကို စိုးရိမ်နေကြသည်။ ဤသည်က အစွမ်းထက်သော မဟာဗုဒ္ဓအရှင်၏ အာရုံစိုက်မှုကို ဆွဲဆောင်သကဲ့သို့ ဖြစ်သွားပေမည်။
ဤတစ်ကြိမ်တွင် ဗုဒ္ဓဂိုဏ်းသည် အလွန်အရှက်ကွဲခဲ့သည်ဟု ဆိုနိုင်ပေ၏။
ခမ်းနားထည်ဝါသော စိတ်ဝိညာဉ်တောင်သည် ဗုဒ္ဓ ကျင့်ကြံရာနေရာ ဗုဒ္ဓဘာသာဂိုဏ်း၏မြင့်မြတ်နယ်မြေအဖြစ် သတ်မှတ်ထားသော နေရာပင်။ သို့ရာတွင် တစ်စုံတစ်ယောက်က ဤနေရာသို့ ပေါ်ပေါ်ထင်ထင် ကျူးကျော်ဝင်ရောက်ခဲ့သည်။ သူတို့သည် ကြီးမားသောစည်းစိမ်ဥစ္စာကို ဆုံးရှုံးခဲ့ရုံသာမက ဗုဒ္ဓအရှင်တစ်ပါးပင် ပျက်သုဉ်းခဲ့သည်။
သို့ရာတွင် မိုးကောင်းကင်တခွင်လုံး ဗုဒ္ဓအရှင်များဖြင့် ပြည့်နှက်နေသော်လည်း သူတို့အနက်မှ တစ်ယောက်ကမျှ တစ်ဖက်လူကို မတားဆီးနိုင်ခဲ့ချေ။
မရေမတွက်နိုင်သော လူများသည် စိတ်ဝိညာဉ်တောင်၏ပြင်ပသို့ ရောက်ရှိလာကြပြီး မည်သည့်ကိစ္စများ ဖြစ်နေသည်ကို သိလိုကြသည်။
"လောကအရှင်....တပည့်တော် အပြစ်ကျူးလွန်မိပါတယ်...ဒါက စိတ်ဝိညာဉ်တောင်ကို ကောင်းကောင်းမစောင့်ရှောက်နိုင်ခဲ့တဲ့ တပည့်တော်ရဲ့ အမှားပါ.... ဒီတပည့်တော်က အပြစ်ပေးခံဖို့ အသင့်ရှိပါတယ်..."
သူ၏နောက်တွင် တောက်ပသောအလင်းရောင်များရှိသော ဗုဒ္ဓအရှင်တစ်ပါးသည် မဟာဗုဒ္ဓအရှင်ကို ဦးညွှတ်၍ နောင်တရစွာဖြင့် လျှောက်တင်လိုက်ပြီး သူ၏မျက်နှာတွင် ရှက်ရွံ့သောအမူအယာများ ထင်ဟပ်နေသည်။
Chapter 4625
"ကျားယဲ့...လောကမှာရှိတဲ့ အရာအားလုံးမှာ အကြောင်းနဲ့အကျိုး ရှိကြတယ်...မင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာ မလိုဘူး"
မဟာဗုဒ္ဓအရှင်၏ အသံသည် တိုတောင်းသော်လည်း ထွက်ပေါ်လာသည်နှင့် အရပ်မျက်နှာအဘက်ဘက်တွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားစေသည်။
"ထျန်းဝမ်ဗုဒ္ဓ အသတ်ခံလိုက်ရတယ်....ဒီကိစ္စကို ဒီအတိုင်းထားလို့မဖြစ်ဘူး...လူသတ်သမားကို အပြစ်ကြွေးဆပ်ခိုင်းရမယ်"
ဗုဒ္ဓအရှင်တစ်ပါးက လေသံတိုးတိုးဖြင့် ပြောဆိုသည်။
ထိုဗုဒ္ဓအရှင်၏စွမ်းအားသည် မိုးကောင်းကင်သို့ မြင့်တက်နေပြီး သူ၏အသံတွင် တောင်များနှင့်မြစ်များကို ဝါးမြိုနိုင်သော စွမ်းအားတစ်ရပ် ရောယှက်နေသည်။ ဤသည်မှာ သာလွန်ထူးကဲသော အဆင့်အတန်းရှိပြီး မဟာဗုဒ္ဓအရှင်နှင့်ပင် နှိုင်းယှဉ်နိုင်သော အလွန်အစွမ်းထက်သည့် ဗုဒ္ဓအရှင်တစ်ပါး ဖြစ်သည်။
"သက်သေအဖြစ် သူတော်စင်နတ်ဆိုးသုံးကောင် ရှိခဲ့ပါတယ်....သူတို့က ထျန်းဝမ်ဗုဒ္ဓကို ကယ်တင်ဖို့ အသက်စွန့်ခဲ့ကြပေမယ့် လူသတ်သမားရဲ့ နည်းလမ်းတွေက ဒီလောက်ထိ ထူးဆန်းလိမ့်မယ်လို့ မထင်ခဲ့မိဘူး...ထျန်းဝမ်ဗုဒ္ဓက အချိန်ခဏလောက် သတိလွတ်သွားလို့ ဒီလိုအခြေအနေမျိုးနဲ့ အဆုံးသတ်သွားခဲ့ရတာပါ"
ကျားယဲ့ဗုဒ္ဓအရှင်က ပီပြင်ရှင်းလင်းသောအသံဖြင့် ပြောဆိုသည်။
နောက်ထပ်အချိန်တခဏတွင် ဗုဒ္ဓအရှင်များရှေ့၌ အလင်းတန်းများ တဖျပ်ဖျပ်လင်းလက်လာပြီး လေဟာနယ်အတွင်းတွင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။
မဟာနတ်ဆိုးဧကရာဇ်သုံးပါးဖြစ်သော ခြင်္သေ့စိမ်း ဆင်ဝါအိုကြီး ရွှေတောင်ပံဂဠုန်ငှက်တို့သည် မဟာဗုဒ္ဓအရှင်၏ရှေ့တွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြသည်။
"လောကအရှင်သခင်ကို ဂါရဝပြုပါတယ်...."
မဟာနတ်ဆိုးဧကရာဇ်များသည် မဟာဗုဒ္ဓအရှင်၏ရှေ့တွင် တညီတညွတ်တည်း ဒူးထောက်လိုက်ကြပြီး သူတို့၏မျက်နှာများပေါ်တွင် ရိုးသားမှုများဖြင့် ပြည့်နှက်နေသည်။
မဟာနတ်ဆိုးဧကရာဇ်များသည် သူတို့ မြင်တွေ့ခဲ့ရသမျှကို မဟာဗုဒ္ဓအရှင်အား အကုန်အစင်ပြောပြကြသည်။
ဤစကားများကို နတ်ဘုရားစိတ်အာရုံဖြင့် ပြောကြားခဲ့ခြင်းဖြစ်ပြီး တချို့အရာများသည် ဗုဒ္ဓဂိုဏ်း၏ လျှို့ဝှက်ချက်များနှင့် သက်ဆိုင်နေသောကြောင့် တခြားသူများကို အသိမပေးနိုင်ချေ။
အချိန်အတော်ကြာပြီးနောက် မဟာဗုဒ္ဓအရှင်သည် နောက်ဆုံးတွင် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။ ထိုမျက်လုံးများအတွင်းတွင် ဉာဏ်ပညာများဖြင့် ပြည့်နှက်နေပြီး လောကရှိအရာအားလုံးကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။
ဤအေးစက်သောအကြည့် သည် ပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးအားလုံးကို ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်တွင် ဝပ်တွားသွားစေပြီး သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
"ထျန်းဝမ်ဗုဒ္ဓကိစ္စကို အရင်ဆုံး ဒီမှာပဲ ရပ်ထားလိုက်တော့....ချိတ်ပိတ်ထားတဲ့ နတ်ဆိုးက လွတ်မြောက်သွားပြီလား"
မဟာဗုဒ္ဓအရှင်က မေးမြန်းသည်။
ကျားယဲ့ဗုဒ္ဓအရှင်က တုံ့ပြန်အဖြေပေးသည်။
"အဲဒီခန်းမကို တပည့်တော် ချိတ်ပိတ်ထားပြီးပါပြီ...အပြင်ကနေ ထပ်ဝင်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး"
မဟာဗုဒ္ဓအရှင်သည် သူ၏မျက်လုံးများကို တစ်ဖန်ပြန်မှိတ်လိုက်ပြီး သူ၏လက်ဝါးကို အနည်းငယ်မြှောက်လိုက်သည်။ သူသည် သူ၏လက်ဝါးကို အပြင်သို့ ဆန့်တန်းကာ အခြေအနေကို ဖော်ပြရန် လက်ဟန်သင်္ကေတတစ်ခုအား ပြုလုပ်လိုက်သည်။
"နတ်ဆိုးက အမွှေးနံ့သာပူဇော်မှုကို ပြန်ရသွားခဲ့တယ်......ခိုးဝင်လာတဲ့လူက အဲ့ဒီနတ်ဆိုးနဲ့ ပတ်သက်နေရမယ်.... ဒါပေမဲ့ အဲ့ဒီလူက ကံကြမ္မာနည်းစနစ်ကို ကျွမ်းကျင်ပြီးတော့ အရပ်မျက်နှာအဘက်ဘက်က ကံကြမ္မာလမ်းကြောင်းတွေကို မွှေနှောက်ထားတယ်... ငါသူ့ရဲ့ တည်နေရာကို မတွက်ချက်နိုင်ခဲ့ဘူး.....ဒါပေမဲ့ သူက စိတ်ဝိညာဉ်တောင်မှာ မရှိတော့ဘူးလို့ ငါ ထင်တယ်"
မဟာဗုဒ္ဓအရှင်က ပြောဆိုသည်။
ပတ်ဝန်းကျင်တဝိုက်လုံး တုန်ခါသွားပြီး မရေမတွက်နိုင်သော ဗုဒ္ဓအရှင်များ ထိတ်လန့်တုန်လှုပ်သွားသည်။
မဟာဗုဒ္ဓအရှင်ကိုယ်တိုင် လှုပ်ရှားသည့်တိုင် ထိုလူကို မဖမ်းနိုင်ခဲ့ချေ။ လူသတ်သမား၏ ကျင့်ကြံမှုအဆင့်သည် ကောင်းကင်ကို ထွင်းဖောက်နိုင်သည့်အဆင့်သို့ ရောက်ရှိနေလောက်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ မခန့်မှန်းနိုင်ချေ။
"မင်းတို့သုံးယောက်က ဗုဒ္ဓဂိုဏ်းအတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိတဲ့ လူကောင်းတွေပဲ... ဗုဒ္ဓက သနားကြင်နာတတ်တယ်... မင်းတို့ကို အလကားအလုပ်လုပ်ခိုင်းလို့ မဖြစ်ဘူး"
မဟာဗုဒ္ဓအရှင်သည် သူ၏လက်အတွင်းမှ မက်မွန်ပန်းများကို လှည့်ကစားရင်း သူ၏ရှေ့မှ နတ်ဆိုးသားရဲသုံးကောင်ကို ညင်သာစွာ တို့ထိလိုက်သည်။
ဤသည်မှာ နဂါးတစ်ကောင်ကို တောင်ပံပေးသကဲ့သို့ ကျောက်တုံးကို ရွှေဖြစ်အောင် တို့ထိလိုက်သကဲ့သို့ပင်။ နတ်ဆိုးသားရဲသုံးကောင်၏ ခန္ဓာကိုယ်များသည် တပြိုင်နက်တည်း တုန်ခါသွားကြ၏။ သူတို့သည် သူတို့၏ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားများ ပြည့်ဝလာပြီး တဖြည်းဖြည်း လျှံတက်၍ အားကောင်းလာသည်ကို ခံစားလိုက်ရသည်။
လုယွီ ဆုတ်ဖြဲသွားခဲ့သော ရွှေတောင်ပံဂဠုန်ငှက်၏ တောင်ပံပင်လျှင် တဖန်ပြန်လည် ကောင်းမွန်သွားသည်။
"လောကအရှင်သခင်ကို ကျေးဇူးတင်ပါတယ်..."
နတ်ဆိုးသားရဲသုံးကောင်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကြပြီး မဟာဗုဒ္ဓအရှင်ကို အလွန်ကြည်ညိုလေးစားနေသဖြင့် အစွန်းရောက်ယုံကြည်သူများအလားပင်။
သူတို့ကျူးလွန်ခဲ့သော ပြစ်မှုများမှ မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေသော သွေးပင်လယ်များနှင့် အလောင်းတောင်များကိုမူ မြင့်မြတ်သော မဟာဗုဒ္ဓအရှင်က အလေးအနက်မထားခဲ့ချေ။
"ငါတို့ ဗုဒ္ဓဂိုဏ်း ရုတ်တရက် ပေါ်ထွက်လာတာက တချို့သောလူတွေ မမြင်ချင်တဲ့ကိစ္စဖြစ်တာကြောင့် ငါတို့က မရေမတွက်နိုင်တဲ့ ရန်သူတွေကို ဖန်တီးခဲ့တယ်... ဒါပေမယ့် ဒါက ငါတို့ရဲ့ဂိုဏ်း ပိုပြီးကြီးပွားတိုးတက်အောင်လုပ် မယ့် အဓိကအဖြစ်အပျက်တစ်ခုပဲ...ဘုရားကျောင်းအားလုံးက ငါတို့ဂိုဏ်းရဲ့အင်အားတွေကို ဖြန့်ကျက်ပြီးတော့ ကိုးကွယ်ယုံကြည်သူတွေကို စုဆောင်းဖို့ တပည့်တွေကို စေလွှတ်ရမယ်"
မဟာဗုဒ္ဓအရှင်က ရှင်းလင်းပြတ်သားသောအသံဖြင့် ပြောဆိုသည်။
"ငါတို့အားလုံးက လောကအရှင်သခင်ရဲ့ အမိန့်ကို နာခံပါ့မယ်"
ဤနေ့တွင် စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေသည် ပွင့်သွားပြီး မရေမတွက်နိုင်သော ဗုဒ္ဓကျင့်ကြံသူများသည် အတွင်းမှ ပျံသန်းထွက်သွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ဦးတည်သွားကြသည်။
ဤလူများသည် သူတို့၏ သက်ဆိုင်ရာတာဝန်များကို သယ်ဆောင်သွားကြ၏။ နေရာအနှံ့အပြားတွင် ဘုရားကျောင်များသည် မိုးစက်များကဲ့သို့ ကျဆင်းလာပြီး မျှစ်စို့များကဲ့သို့ ပေါ်ပေါက်လာကာ မည်သည့်ချုပ်တည်းမှုမျှမရှိဘဲ တရားဟောကြားကြသည်။
သို့သော် တာယွီတော်ဝင်နန်းတွင်းကမူ တိတ်ဆိတ်စွာနေရန် ရွေးချယ်ခဲ့သည်။
မြောက်ပိုင်းဧကရာဇ်နှင့် တောင်ပိုင်းဧကရာဇ် နှစ်ယောက်စလုံးသည် ထန်အင်ပါယာ၏ မြောက်ပိုင်းစစ်တပ်ကို ခုခံရန် ဗုဒ္ဓဂိုဏ်းကို လိုအပ်သည်။ ဤအချိန်တွင် သူတို့သည် ဗုဒ္ဓဂိုဏ်းနှင့် ဆက်ဆံရေး မပြတ်နိုင်သောကြောင့် ထိုသို့သောလုပ်ရပ်ကို တိတ်တဆိတ် သဘောတူခဲ့ကြသည်။
ဗုဒ္ဓဂိုဏ်’၏ အစွမ်းအာဏာသည် လောကကြီးအတွင်း၌ တဖန်ပြန်၍ ထင်ရှားလာခဲ့သည်။
Thank For Reading.