အခန်း (၄၆၃၆-၄၆၄၀)
Vol. 235 Ch. 4636-4640
Chapter 4636
လီကျိုးစီသည် နောက်သို့ ခြေလှမ်းငါးလှမ်း ဆုတ်ပြီးမှ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။
ဤတိုက်ပွဲမှအားလှိုင်း၏ နောက်ဆက်တွဲဂယက်များသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေဆဲဖြစ်ပြီး ကောင်းကင်ကို ဖျက်ဆီးကာ မြေပြင်ကို ပြိုလဲနိုင်သော စွမ်းအားကို ထုတ်ပေးကာ အချိန်အတော်ကြာသည့်တိုင် ပျောက်ကွယ်မသွားခဲ့ချေ။
"မင်းမှာ တကယ့်ကို ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ စွမ်းအားရှိနေတာပဲ"
လီကျိုးစီ၏ မျက်လုံးများအတွင်းတွင် ထိတ်လန့်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူသည် နယ်မြေသခင်များထဲတွင် ထူးချွန်သူတစ်ယောက်ဟု သတ်မှတ်နိုင်ပြီး သူ၏တိုက်ပွဲအတွေ့အကြုံသည်လည်း အလွန်ကြွယ်ဝသည်။ ကျင့်ကြံဆင့်တူညီသော ထိပ်သီးကျင့်ကြံသူများနှင့် တွေ့ဆုံလျှင်ပင် သူ ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပေမည်။
သို့ရာတွင် ယခုအချိန်တွင်မူ လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် လီကျိုးစီသည် လုယွီ၏ လက်ဝါးမှလာသော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားမိလေ၏။
ဤသည်က သူ့ကို လုံးလုံးလျားလျား ခုခံနိုင်စွမ်းမရှိစေချေ။
"လူတစ်ယောက်နဲ့ သုံးရက်လောက်ခွဲပြီးရင် အထင်မသေးသင့်တော့ဘူး... လီကျိုးစီ...မင်း ဒီသဘောတရားကို နားလည်ဖို့ နောက်ကျသွားပြီ"
လုယွီသည် မရပ်တန့်ဘဲ သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ မှော်မန္တန်များက သူ၏လက်ဝါးမှ ဆက်တိုက်ပျံ့လွင့်လာသည်။
မိုးနှင့်မြေမှ အရပ်မျက်နှာအဘက်ဘက်၏ လေဟာနယ်သည် ချိတ်ပိတ်ခံလိုက်ရလေ၏။
လီကျိုးစီသည် မူလက ဤနည်းလမ်းကို တာယွီအင်ပါယာ၏စစ်သားများကို ကိုင်တွယ်ရန် အသုံးပြုခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ လုယွီက ထိုနည်းလမ်းအတိုင်း လီကျိုးစီကို ကိုင်တွယ်ရန် အသုံးပြုနေသည်။
သူ့ရှေ့မှ ခြိမ်းခြောက်မှုကို ခံစားမိချိန်၌ လီကျိုးစီက အော်ဟစ်လိုက်သည်။
"နက်နဲသိမ်မွေ့ ရွှေသံချပ်ကာ... ငါ့ကို ကာကွယ်စမ်း..."
သံချပ်ကာဝတ်စုံတစ်ခုသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းဖြင့် တောက်ပကာ လင်းလက်နေသည်။
ဤသံချပ်ကာသည်ပေါ်တွင် သောင်းနှင့်ချီသော သင်္ကေတအက္ခရာများ မန္တန်များဖြင့် ဖုံးလွှမ်းထားပြီး နက်နဲသိမ်မွေ့ကာ ခန့်မှန်းရခက်ပုံရသည်။ သံချပ်ကာတစ်ခုလုံးကို တောက်ပပြီး စူးရှသော နက်ရှိုင်းသည့် အလင်းတန်းဖြင့် လွှမ်းခြုံထားပေ၏။
"ဘုန်း..."
လုယွီသည် သံချပ်ကာကို လက်သီးဖြင့်ထိုးလိုက်သော်လည်း ရွှံ့နွံအတွင်း ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
လုယွီနှင့် လီကျိုးစီတို့အကြားတွင် မရေမတွက်နိုင်သော ကမ္ဘာများ ခြားနားနေသည့်အလားပင်။ သူ၏လက်သီးမှ အင်အားသည် အခြားကမ္ဘာများသို့ ကျရောက်သွားသော်လည်း လီကျိုးစီကို မထိခိုက်ခဲ့ချေ။
"ဒါက အဆင့်မြင့်ဆုံး မသေမျိုးအဆင့် မှော်လက်နက်ပဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ဤသံချပ်ကာ၏ အရည်အသွေးသည် အလွန်မြင့်မားပြီး ဤအရာပေါ်တွင် ဧကရာဇ်တစ်ပါး၏ အငွေ့အသက်အရိပ်အယောင်ပင် ရှိနေသည်။
ဤသံချပ်ကာ၏စွမ်းအားသည် ခေါင်းဖြတ်ဓားနှင့် နှိုင်းယှဉ်နိုင်သည်။ ဤကဲ့သို့ အရည်အသွေးရှိသော မသေမျိုးအဆင့်မှော်လက်နက်ကို ကောင်းကင်ဘုံနယ်မြေတခွင်လုံးတွင်ပင် အတော်လေး ရှားပါးသည်ဟု သတ်မှတ်နိုင်သည်။ ဤှအရာသည် သူ၏တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်မှာ အံ့အားသင့်စရာမရှိချေ။
"ဒီသံချပ်ကာကို ဧကရာဇ်ကိုယ်တိုင် ငါ့ကို ချီးမြှင့်ခဲ့တာ...ဒါက ဖျက်ဆီးလို့မရဘူး... စွမ်းအားတွေအားလုံးကို ခုခံနိုင်တယ်...လုယွီ...မင်းတစ်ယောက်တည်းနဲ့ ဒါကို ချိုးဖျက်ဖို့က ယောင်လို့တောင် မစဉ်းစားနဲ့"
လီကျိုးစီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သူသည် လက်ကိုမြှောက်ကာ ပတ်ဝန်းကျင်ရှိ တားမြစ်ကန့်သတ်ချက်များကို အတင်းအကျပ် ဆုတ်ဖြဲလိုက်၏။
လုယွီ၏ ကျင့်ကြံမှုအဆင့်သည် ရွှယ်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိနေပေ၏။
ဤအဆင့်၏ မှော်မန္တန်နည်းစနစ်သည် လီကျိုးစီကို အချိန်တိုအတွင်းသာ ပိတ်မိစေနိုင်သည်။ သူ့ကို အချိန်ကြာမြင့်စွာ ချိတ်ပိတ်ထားရန် မဖြစ်နိုင်ပေ။
လုယွီ ချဉ်းကပ်လာသည်ကို မြင်ချိန်၌ လီကျိုးစီက လက်သီးချက်များ ဆက်တိုက် ထိုးနှက်လိုက်သည်။
သူ၏လက်သီးတစ်ချက်စီတွင် ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအားဖြင့် ပြည့်နှက်နေပြီး ထူးဆန်းသော သဘာဝလွန်ပုံရိပ်များ ပေါ်ပေါက်လာသည်။ တချို့မှာ နဂါးများ တချို့မှာ ကျားများ တချို့မှာ ဝံပုလွေမျာ နှင့် တချို့မှာ မြွေများဖြစ်ကြသည်။ ဤအရာများသည် အဆုံးမရှိထွက်ပေါ်နေပြီး ကြီးကျယ်ခမ်းနားပေ၏။
သူသည် လုယွီကို သတ်နိုင်ရန် မမျှော်လင့်ချေ။ သူ လုယွီ၏ တိုက်ခိုက်မှုကို တားဆီးထားနိုင်သရွေ့ အဆင်ပြေသည်။
သူ၏လက်သီးချက်များ ထိုးနှက်လိုက်သည်နှင့် ပတ်ဝန်းကျင်တွင် ကျယ်လောင်သော မြည်ဟီးသံများ ဆက်တိုက် ပဲ့တင်ထပ်သွားသည်။ မရေမတွက်နိုင်သော ထူးဆန်းသည့် သဘာဝလွန်ပုံရိပ်ယောင်များမှ ထူးဆန်းသော တာအိုအသံများကို ထုတ်လွှတ်နေပြီး လုယွီကို ရှေ့သို့ဆက်လက်မတိုးနိုင်အောင် တားဆီးနေသည်။
"ဒီနေ့ မင်း ငါ့နဲ့ တွေ့ခဲ့ရမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့..."
အေးစက်သောအလင်းတန်းတစ်တန်းသည် လုယွီ၏ မျက်လုံးများအတွင်းတွင် လင်းလက်သွားသည်။ သူသည် သိုင်းပညာအင်မော်တယ်တစ်ယောက်၏ အစွမ်းထက်သောအရှိန်အဝါဖြင့် ပြိုင်ဘက်ကို ခြိမ်းခြောက်လိုက်သည်။
သူ၏သွေးချီစွမ်းအားများသည် မိုးကောင်းကင်ယံသို့ ထိုးတက်သွားပြီး အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။
"ဒါက လောကကြီးကို ချိတ်ပိတ်ထားသလိုပဲ...ဘာပဲဖြစ်ဖြစ် မင်းက ငါ့လက်ဝါးထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
လုယွီ၏ လက်ဝါးသည် ကျဆင်းလာပြီး သူ၏ခွန်အားကိုအသုံးပြု၍ လေဟာနယ်ကို ဖောက်ခွဲကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်ဥပဒေသများကို နှောင့်ယှက်ပြီး လီကျိုးစီကို လှောင်အိမ်အတွင်းတွင် ပိတ်မိသွားစေသည်။
ဤလေဟာနယ်လှောင်အိမ်၏ ပတ်ဝန်းကျင်တွင် အဆုံးမရှိသော လေဟာနယ်မုန်တိုင်းများဖြင့် ပြည့်နှက်နေသည်။ လီကျိုးစီထံတွင် အလွန်မြင့်မားသော စွမ်းအားရှိသော်လည်း သိုင်းအင်မော်တယ်တစ်ယောက် တည်ဆောက်ထားသော လှောင်အိမ်မှ လွတ်မြောက်နိုင်ခြင်း မရှိချေ။
လီကျိုးစီ၏မျက်လုံးများ ချက်ချင်း နီမြန်းသွားသည်။ သူသည် ကြမ်းတမ်းသော နတ်ဆိုးတစ်ကောင်အလား အရပ်မျက်နှာအဘက်ဘက်ရှိ လေဟာနယ်ကို ရူးသွပ်စွာ တိုက်ခိုက်နေပေ၏
Chapter 4637
"စစ်နတ်ဘုရားက လေဟာနယ်ကို ထိုးဖောက်ပြီးတော့ အရပ်မျက်နှာအားလုံးကို ထိန်းချုပ်နိုင်တယ်..."
လီကျိုးစီက သူ၏မှော်စွမ်းအားကိုအသုံးပြု၍ ဓမ္မပုံရိပ်ယောင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ သံချပ်ကာဝတ်ဆင်ထားကာ ရွှေရောင်သရဖူဆောင်းထားသော စစ်နတ်ဘုရားတစ်ပါးသည် လက်အတွင်းတွင် လှံရှည်တစ်လက်ကိုင်ကာ အရပ်မျက်နှာအအဘက်ဘက်သို့ တိုက်စစ်ဆင်နေသည်။
မည်သည့်သာမန်ကျင့်ကြံသူမဆို သိုင်းအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ လက်အတွင်းသို့ ကျရောက်သွားပါက ခုခံနိုင်စွမ်း ဆုံးရှုံးသွားပြီး နောက်ဆုံးတွင် စဉ်းတီတုံးပေါ်က ငါးတစ်ကောင် ဖြစ်သွားပေမည်။
သို့ရာတွင် လက်ရှိချိန်၌ လီကျိုးစီသည် လုံးဝထိခိုက်မှုမရှိပုံရပြီး ယခင်ကကဲ့သို့ စွမ်းအားကြီးမားနေဆဲပင်။
"ခေါင်းဖြတ်ဓား..."
လုယွီသည် ခေါင်းဖြတ်ဓားကို ဆင့်ခေါ်လိုက်ပြီး မြေအောက်လောကနတ်ဘုရား၏ ပုံရိပ်ယောင်သည် သူ၏နံဘေးတွင် ထွက်ပေါ်လာပေ၏။ သူသည် ဓားရှည်ကို လက်အတွင်းတွင်ကိုင်ကာ ခုတ်ပိုင်းလိုက်သည်။
ဓားရှည်သည် ဓားအိမ်မှ ထွက်လာသည်နှင့် အေးစက်ပြီး မှောင်မိုက်သော အရှိန်အဝါနှင့်အတူ လီကျိုးစီထံသို့ ပြေးဝင်သွားသည်။ ဤအရှိန်အဝါသည် ငရဲနယ်မြေ၏ အငွေ့အသက်နှင့် ရောယှက်နေသည်။ ဤသည်မှာ မရေမတွက်နိုင်သော မကောင်းဆိုးဝါးစိတ်ဝိညာဉ်များ အော်ဟစ်ငိုကြွေးနေသည့်အလားပင်။ သူတို့၏အသံများသည် ထူးဆန်းပြီး ခန့်မှန်းရခက်ကာ ကြောက်မက်ဖွယ်ကောင်းသည်။
မှောင်မိုက်ပြီး အေးစက်သော အရှိန်အဝါများသည် စစ်နတ်ဘုရား၏ဦးခေါင်းကို လွှမ်းခြုံသွားသည်။
လုယွီ၏ဓားချက်ကျသွားချိန်၌ လီကျိုးစီ၏ဓမ္မပုံရိပ်ယောင်သည် ကြေမွပျက်စီးသွားပေ၏။
"ဒါ ဘယ်လိုလှုပ်ရှားမှုမျိုးလဲ... ငါက ငရဲနယ်မြေရဲ့ အငွေ့အသက်ကို ခံစားနေရတယ်"
ထိတ်လန့်သောအမူအရာတစ်ရပ်သည် နောက်ဆုံးတွင် လီကျိုးစီ၏ မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။
သူ၏ဓမ္ဓပုံရိပ်ယောင် ကြေမွပျက်စီးသွားသည်နှင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော သံချပ်ကာသည် လင်းလက်သွားပြီး တောက်ပသည့် ရွှေရောင်အလင်းတန်းတစ်တန်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားသည်။
"ဒေါင်.."
ဤသည်မှာ ရှေးဟောင်းခေါင်းလောင်းတစ်ခု တုန်ခါသွားသည့်အလားပင်။
လျှို့ဝှက်ဆန်းကြယ်အလင်း သံချပ်ကာပေါ်ရှိ တစ်လက်မစီတိုင်းမှ အထွတ်အထိပ်အလင်းတန်းများကို ထုတ်လွှတ်နေပြီး လီကျိုးစီ၏ခန္ဓာကိုယ်ကို လွှမ်းခြုံကာ ကာကွယ်ပေးထားသည့် ခိုင်မာသောအတားအဆီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
အလွန်ကြီးမားသော စွမ်းအားအရှိန်အဝါဖြင့်ပင် ခေါင်းဖြတ်ဓားသည် သံချပ်ကာကို လုံးလုံးလျားလျား မချိုးဖျက်နိုင်သေးပေ။
သို့ရာတွင် ထိုသို့ဖြစ်နေသော်လည်း လျှို့ဝှက်ဆန်းကြယ်အလင်း သံချပ်ကာသည် ပြင်းထန်စွာ ပျက်စီးသွားပြီး ထိုအရာ၏အလင်းတန်းများ မှေးမှိန်သွားကာ မူလအခြေအနေတွင် မရှိတော့ပေ။
"သွားကြစို့..."
လီကျိုးစီ၏မျက်ခွံများ တုန်ခါသွားသည်။ သူသည် အခြေအနေ အလွန်အရေးကြီးနေပြီကို သိရှိထားပေ၏။
အကယ်၍ လျှို့ဝှက်ဆန်းကြယ်အလင်းသံချပ်ကာ ပျက်စီးသွားပါက သူသည် လုယွီနှင့် ထိပ်တိုက်ရင်ဆိုင်ရပေမည်။
လုယွီ ပြသခဲ့သော အင်အားကိုအခြေခံကြည့်ပါက လီကျိုးစီက သူသည် လုယွီ၏ပြိုင်ဘက်မဟုတ်နိုင်ကြောင်း သိရှိထားသည်။
ရုတ်ချည်းဆိုသပင် အဆောင်လက်ဖွဲ့တစ်ခုသည် လီကျိုးစီ၏ လက်အတွင်းတွင် ထွက်ပေါ်လာသည်။ ထိုအဆောင်လက်ဖွဲ့သည် တောက်ပသော ရွှေရောင်အလင်းဖြင့် လင်းလက်နေပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို သက်ရောက်မှုရှိစေသည်။
ဤသည်မှာ မဟာစကြဝဠာ အဆောင်လက်ဖွဲ့ပင်။
စကြဝဠာ၏ တာအိုတရားဖြင့် တစ်စုံတစ်ယောက်သည် အတားအဆီးများကို ချိုးဖျက်ပြီး ကူးပြောင်းသွားနိုင်သည်။
"ငါ ပြောထားတဲ့အတိုင်းပဲ.... ဒီနေ့ မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
လုယွီက လက်ကိုမြှောက်ကာ ဖိနှိပ်လိုက်သည်။ အားကောင်းသော ခွန်အားတစ်ရပ် လေဟာနယ်ကို အထပ်ထပ်ချိတ်ပိတ်ပြီး လီကျိုးစီကို ဆုတ်ခွာရန် မဖြစ်နိုင်အောင် ပြုလုပ်လိုက်သည်။
လီကျိုးစီသည် ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း လုယွီသည် အစွမ်းကုန်ထုတ်သုံးထားပြီဖြစ်သည်။ သူသည် လီကျိုးစီကို မည်သို့လွတ်မြောက်ခွင့် ပေးမည်နည်း။
မျက်စိတစ်မှိတ်အတွင်းတွင် လီကျိုးစီသည် လုယွီ၏ ချိတ်ပိတ်ခြင်းကို ခံရပြီး ကိုယ်ပိုင်နယ်မြေအတွင်းတွင် နှိမ်နင်းခံရမည့် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤလှုပ်ရှားမှုများအားလုံးသည် အလွန်မြန်ဆန်ပေ၏။
အစောပိုင်းက လီကျိုးစီသည် စစ်နတ်ဘုရား၏ ဓမ္မပုံရိပ်ယောင်ကို ဆင့်ခေါ်ခဲ့သည်။ သူ၏တိုက်ခိုက်မှု ပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းပြီး အရပ်မျက်နှာအဘက်ဘက်သို့ ထိုးနှက်နေခဲ့သည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လုယွီ၏ ချိတ်ပိတ်ခြင်းကို ခံရပြီး အကျဉ်းသားတစ်ဦး ဖြစ်သွားခဲ့သည်။
စစ်သားအားလုံးသည် နေရာမှာပင် မတ်တတ်ရပ်ကာ မည်သို့ပြုလုပ်ရမည်ကို မသိဘဲ ကြက်သေသေနေကြသည်။
လီကျိုးစီသည် နယ်မြေသခင်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။
ထန်တော်ဝင်နန်းတွင်းတွင် ဤသည်မှာ အမတ်ကြီးအဆင့် ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်ဖြစ်သည်။ သို့ရာတွင် သူသည် ဤကဲ့သို့ ချိတ်ပိတ်ခြင်း ခံလိုက်ရသလော။
လီကျိုးစီကို ချိတ်ပိတ်ပြီးနောက် လုယွီက ထန်စစ်သားများကို တစ်ချက်ကြည့်လိုက်သည်။
ထန်စစ်သားများသည် လီကျုန်းစစ် အသတ်ခံရတော့မည်ကို မြင်ချိန်၌ သူတို့သည် ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့သို့တိုးဝင်လာပြီး သူတို့၏ တပ်မှူးကို လုယွီ၏ လက်ထဲမှ ကယ်တင်လိုကြသည်။
"သေစမ်း..."
လုယွီက အေးစက်စက် နှာမှုတ်ပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
အချိန်တခဏအတွင်းတွင် သူ၏လက်သီးချက်သည် မိုးကောင်းကင်ကို ထွင်းဖောက်သွားကာ မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသွားသည်။
ပြင်းထန်သော အားလှိုင်းတစ်ရပ်သည် ရုတ်တရက် ပွင့်အံ့ထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်ကို လွှမ်းခြုံသွားသည်။ လုယွီ၏ ရှေ့မှ ထန်စစ်သားများသည် သူ၏အနားသို့ မကပ်နိုင်သေးမီမှာပင် တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲသွားပြီး သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။
"မင်းတို့မှာ ဘယ်ကျင့်ကြံမှုအဆင့်မှာပဲရှိရှိ ဘယ်လိုစွမ်းအားပဲရှိရှိ ငါက မင်းတို့ကို လက်သီးတစ်ချက်တည်းနဲ့ သတ်မယ်"
လုယွီက အော်ဟစ်လိုက်သည်။
လေထုအတွင်းတွင် ထူထပ်သိပ်သည်းသော သွေးနံ့များဖြင့် ပြည့်နှက်နေသည်။
ယခင်က လုယွီကို ထွက်သွားခိုင်းခဲ့သော စစ်ဗိုလ်ချုပ်သည် မျက်နှာဖြူဖျော့သွားပြီး တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"အရှင်....ကျွန်တော်က မျက်လုံးကန်းပြီးတော့ ထိုက်တောင်ကို မမြင်မိဘဲ အရှင်ကို ဆန့်ကျင်မိပါတယ်...ကျွန်တော့်ရဲ့ ပြစ်မှုတွေအတွက် အကြိမ်တစ်သောင်းမက သေသင့်ပါတယ်"
Chapter 4638
ဤစစ်ဗိုလ်ချုပ်သည် ယခင်က လုယွီကို လေလွင့်ကျင့်ကြံသူတစ်ယောက် အဖြစ်သာ သဘောထားခဲ့သည်။
သူသာ လုယွီသည် မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားပါက ကြောက်လန့်တကြား သေဆုံးသွားနိုင်ဖွယ်ရှိသည်။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ "လမ်းမှာ သတိထားပါ... နောက်ဘက်ကနေ ပတ်လာတဲ့ တခြား ထန်စစ်တပ်တွေ ရှိနိုင်တယ်"
သူသည် ဤသို့သော အဆင့်နိမ့်စစ်ဗိုလ်ချုပ်တစ်ယောက်နှင့် စကားများများပြောရန် စိတ်မဝင်စားပေ။ လီကျိုးစီကို ချိတ်ပိတ်နိုင်ခဲ့ခြင်းသည် သူ့အတွက် ဝမ်းသာဖွယ်ရာ အံ့အားသင့်မှုတစ်ခုပင်။
လုယွီသည် ဤနေရာ၌ ဆက်မနေတော့ဘဲ ပျံသန်းထွက်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
လုယွီ ထွက်ခွာသွားသည်ကို မြင်ချိန်၌ သယ်ယူပို့ဆောင်ရေးသင်္ဘောမှ လူများသည် အိပ်မက်မှ နိုးထလာသည့်အလားပင်။
ကုန်းပတ်ပေါ်၌ ခြေပြတ်လက်ပြတ်များ နေရာအနှံ့တွင် ပြန့်ကျဲနေသည်။ ကျိုးပဲ့နေသော သံချပ်ကာတချို့မှသာလျှင် ဤလူများ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ပြနိုင်ပေမည်။
"ဒီလူက ဘယ်သူလဲ...လူငယ်တစ်ယောက်အဖြစ် အယောင်ဆောင်ထားတဲ့ မွန်းစတားအိုကြီးတစ်ယောက်များလား"
စစ်ဗိုလ်ချုပ်က တီးတိုးရေရွတ်လိုက်သည်။
သူသည် အလှည့်အပြောင်းများစွာကို ယခုလေးတင် တွေ့ကြုံခဲ့ရသည်။ ကံကောင်းစွာဖြင့် လုယွီသည် သူ၏မလေးမစားလုပ်မှုကို စိတ်ထဲမထားခဲ့ပေ။
စစ်ဗိုလ်ချုပ်သည် အနာဂတ်တွင် နှိမ့်ချစွာ နေထိုင်ရမည်ဟု သူ့ကိုယ်သူ သတိပေးလိုက်သည်။
"သွားကြစို့...."
စစ်ဗိုလ်ချုပ်သည် သူ၏လူများကို အမိန့်ပေးလိုက်ပြီး သယ်ယူပို့ဆောင်ရေးသင်္ဘောသည် ဤနေရာမှ လျင်မြန်စွာ ထွက်ခွာသွားလေ၏။
သယ်ယူပို့ဆောင်ရေးသင်္ဘော ထွက်ခွာသွားပြီး မကြာမီမှာပင် နဝမလွှသွားစစ်သင်္ဘောတစ်စင်းသည် ကြယ်မြစ်အတွင်းတွင် ထွက်ပေါ်လာသည်။
အမြှောက်များသည် စစ်သင်္ဘောပေါ်တွင် မားမားမတ်မတ်ရှိပြီး အလံများသည် လေထုအတွင်းတွင် တလူလူလူးလွန့်နေသည်။ ကုန်းပတ်၏ ဘေးတစ်ဖက်တစ်ချပ်တွင် ကြမ်းတမ်းသော သံချပ်ကာဝတ်စစ်သည်တော်များသည် လက်အတွင်းတွင် ဓားများနှင့် ဆေဘာဓားများကို ကိုင်ဆောင်ကာ မတ်တတ်ရပ်နေကြသည်။
မီးလျှံနဂါးအလံတစ်ခုသည် နဝမလွှသွားစစ်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် ပျံ့လွင့်နေသည်။ ခြေလှမ်းငါးဆယ်တိုင်းတွင် နဂါးအလံတစ်ခုကို သင်္ဘောလက်ရန်းတွင် စိုက်ထူထားသည်။ အလံ၏အနီးတဝိုက်တွင် လေးလံသောသံချပ်ကာဝတ်ဆင်ကာ သံခမောက်ဆောင်းထားသည့် စစ်သားငါးယောက်ရှိသည်။
"အရှင်...ကျွန်တော်တို့ရှေ့မှာ အပျက်အစီးတချို့ ရှိနေပါတယ်"
စစ်သင်္ဘောပေါ်မှ စစ်သားများသည် နောက်သို့ လှည့်ကြည့်ပြီး အော်ဟစ်လိုက်ကြသည်။
ရွှေရောင်နဂါးသံချပ်ကာဝတ်ထားသော စစ်ဘက်အရာရှိတစ်ဦးသည် နဝမလွှသွားစစ်သင်္ဘော၏အတွင်းခန်းမှ ထွက်လာသည်။ သူ၏မျက်လုံးများသည် အလွန်အေးစက်တင်းမာနေပေ၏။
ကုန်းပတ်ပေါ်ရှိ စစ်သည်တော်များသည် သူ့ကိုမြင်ချိန်၌ ချက်ချင်း ဦးညွှတ်ကာ အရိုအသေပြုကြသည်။
သူတို့သည် နန်းတွင်းကိုယ်ရံတော်တပ် ဖြစ်ပေ၏။
တာယွီတော်ဝင်နန်းတွင်းတွင် နန်းတွင်းကိုယ်ရံတော်တပ် ရှန်စစ် ရှန်ဝူနှင့် လုံဝူဟူ၍ တော်ဝင်အစောင့်အရှောက် လေးတပ်ရှိသည်။ သူတို့သည် ဧကရာဇ်၏ လက်အောက်တွင်ရှိပေ၏။
ဤစစ်တပ်လေးတပ်၏ တပ်မှူးများသည် အားလုံး တာအိုဒုတိယဆင့် ကျင့်ကြံသူများဖြစ်ကြပြီး သူတို့အားလုံး ရာထူးကြီးမားကြသည်။ ထို့အပြင် သူတို့သည် ဧကရာဇ်၏ ယုံကြည်စိတ်ချရသော လက်ရုံးများဖြစ်ကြသည်။
ဤလူငယ်စစ်ဘက်အရာရှိသည် ယခင်က နန်းတွင်းစာမေးပွဲတွင် လုယွီနှင့် တိုက်ခိုက်ခဲ့သော ရှထန်ကန်းပင်။
ထိုအချိန်က ကျိုးယွမ်ယန်းသည် ရှထန်ကန်းကို ထိပ်သီးကျောင်းတော်သား ဖြစ်လာစေရန် ကြိုးပမ်းအားထုတ်မှုများစွာ ပြုလုပ်ခဲ့သည်။ ကံမကောင်းစွာဖြင့် ယဉ်ကျေးမှုဝန်ကြီး ကျန်းရွှမ်စဲသည် ကျိုးယွမ်ယန်း၏ စိတ်ကူးကို သဘောမတူခဲ့ပေ။ ထိုအစား သူသည် လုယွီကို ထိပ်သီးကျောင်းတော်သားအဖြစ် ခန့်အပ်ခဲ့သည်။
ယခု ကျိုးယွမ်းယန်း ဧကရာဇ်ဖြစ်လာသောအခါ ရှထျန်ကန်း၏ အဆင့်အတန်းသည် မြင့်တက်လာပြီး သူ့ကို နန်းတော်ကိုယ်ရံတော်တပ်၏ တပ်မှူးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
"သွားကြည့်ကြစို့..."
ရှထန်ကန်းသည် မျက်မှောင်ကြုတ်ကာ အလောင်းများကို ရှာဖွေစစ်ဆေးရန် လူများကို လျင်မြန်စွာ စေလွှတ်လိုက်သည်။
မကြာမီမှာပင် တစ်စုံတစ်ယောက် ရောက်လာပြီး ရှထန်ကန်းကို တီးတိုးပြောလိုက်၏။
"ဒါက လီကျိုးစီရဲ့ ကိုယ်ရံတော်စစ်သားတွေ...သူတို့အားလုံးက ဝူတင်းအမတ်ကြီးရဲ့ လူတွေပဲ"
"ဟုတ်တယ်....ထောက်လှမ်းရေးဌာနက လီကျိုးစီကို ဘယ်မှာမှ မတွေ့ဘူးလို့ ဆက်တိုက်ပြောနေတာ အံ့အားသင့်စရာ မရှိတော့ဘူး...သူက နောက်တန်းကို ချောင်းမြောင်းတိုက်ခိုက်ဖို့ စစ်တပ်တစ်တပ်ကို ဦးဆောင်လာတာပဲ...သူသာ အောင်မြင်ခဲ့ရင် တော်ဝင်မြို့တော် သံမဏိတံတိုင်းက လုံးဝ ပျက်စီးသွားလိမ့်မယ်"
ရှထန်ကန်း နားလည်သဘောပေါက်သွားသည်။
ရှထန်ကန်းသည် အလောင်းကို အကြိမ်အနည်းငယ် ထပ်မံစစ်ဆေးလိုက်ပြီး သူ၏မျက်နှာတွင် ပို၍ပို၍ ထိတ်လန့်သွားသောအမူအရာတစ်ရပ် ထွက်ပေါ်လာသည်။
ဤအလောင်းများစွာသည် အလွန်ဆိုးရွားစွာ ပျက်စီးနေသော်လည်း ဒဏ်ရာများအရ သူတို့အားလုံးသည် တစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရခြင်းပင်။
ရှထန်ကန်းသည် အလောင်းတချို့၏ မျက်နှာများကို မြင်တွေ့ခဲ့ဖူးသည်။ သူတို့အားလုံးသည် လီကျိုးစီ၏နောက်လိုက် ထိပ်သီးစစ်ဗိုလ်ချုပ်များဖြစ်ကြ၏။
လက်ထောက်စစ်ဗိုလ်ချုပ်တစ်ယောက် လျှောက်လှမ်းလာပြီး မေးမြန်းသည်။ "စစ်သူကြီး... ဒါက ကိစ္စကြီးတစ်ခုပဲ...ကျွန်တော်တို့ စစ်ဘက်ရေးရာဝန်ကြီးဌာနကို သတင်းပို့သင့်လား"
"သွား... ခဏစောင့်အုံး"
ရှထန်ကန်းက ထိုလက်ထောက်စစ်ဗိုလ်ချုပ်ကို ရုတ်တရက် အော်ခေါ်လိုက်သည်။
"စစ်ဘက်ရေးရာဝန်ကြီးဌာနကို စာတစ်စောင်ပို့လိုက်.... ငါ့ရဲ့တပ်နဲ့ ထန်စစ်တို့ တိုက်ခိုက်ခဲ့ပြီးတော့ ထန်စစ်သားတွေအားလုံး သေသွားတယ်... ငါတို့က ဝူတင်းအမတ်ကြီးကိုလည်း အနိုင်ယူခဲ့တယ်လို့ ပြောလိုက်စမ်း"
လက်ထောက်စစ်ဗိုလ်ချုပ်သည် အံ့အားသင့်သွားပေ၏။
"တပ်မှူး...ကျွန်တော်တို့ အခုမှ ဒီနေရာကို ရောက်တာလေ.... ဘာမှမလုပ်ရသေးဘူး"
"မင်းက ဘာကြောက်နေတာလဲ...ငါတို့ ဒီအလောင်းတွေကို ပြန်ယူသွားသရွေ့ စစ်ဘက်ရေးရာဝန်ကြီးဌာနက ဘယ်သူလုပ်ခဲ့လဲဆိုတာ ဘယ်လိုသိမှာလဲ"
Chapter 4639
လက်ထောက်စစ်ဗိုလ်ချုပ်သည် ချီတုံချတုံဖြစ်နေဆဲဖြစ်သည်ကို မြင်ချိန်၌ ရှထန်ကန်း၏ မျက်နှာအမူအယာ တင်းမာခက်ထန်သွားသည်။
"လီကျိုးစီ တိုက်ခိုက်ခံရကတည်းက သူ့ရဲ့တည်နေရာက မသိရတော့ဘူး..ထိပ်သီးကျင့်ကြံသူတစ်ယောက်ကြောင့် သူ ဒဏ်ရာရသွားတာ သေချာတယ်....ဘယ်သူမှ ဒီမှာရှိတဲ့ ပစ္စည်းတွေနဲ့ အလောင်းတွေကို လာမကောက်သွားဘူး.... ဒါက ငါတို့ရဲ့တာယွီစစ်က လုပ်ခဲ့တာ မဟုတ်ဘူးဆိုတာ ရှင်းနေတာပဲ....ဒီအလောင်းတွေကို ဒီမှာ ပုပ်သိုးသွားအောင် ထားမယ့်အစား ငါတို့က စစ်ပွဲအောင်မြင်မှုကို ယူလိုက်တာက ပိုကောင်းတယ် မဟုတ်လား"
ရှထန်ကန်းက ဒုစစ်ဗိုလ်ချုပ်၏ ပခုံးကို ပုတ်လိုက်သည်။
"ဒါ့ပြင် ငါတို့တပ်က အဆက်မပြတ် ဆုတ်ခွာနေရတယ်... ဧကရာဇ်နဲ့ တော်ဝင်နန်းတွင်းက အတော်လေး မကျေမနပ်ဖြစ်နေပြီ....ဒီအချိန်မှာ ငါတို့သာ ကြီးမားတဲ့ အောင်ပွဲတစ်ခု ရခဲ့ရင် ဧကရာဇ်က သေချာပေါက် အမိန့်တော်ထုတ်ပြန်ပြီး ငါတို့ကို ဆုချလိမ့်မယ်... နန်းတွင်းကိုယ်ရံတော်တပ်က ဧကရာဇ်ရဲ့ မျက်နှာပဲ...မင်းကိုယ်တိုင် စဉ်းစားကြည့်ပေါ့"
လက်ထောက်စစ်ဗိုလ်ချုပ်သည် နားလည်သွားပြီး အပြုံးနှင့် ပြောဆိုလိုက်၏။
"စစ်သူကြီးရှက အရမ်းထက်မြက်တာပဲ"
ရှထန်ကန်းက လက်ကိုဝှေ့ယမ်းလိုက်သည်။ "ဒီမှာရှိတဲ့ အလောင်းအားလုံးကို စုဆောင်းလိုက်.... တစ်ယောက်မှ မကျန်စေနဲ့"
"ဟုတ်ကဲ့"
နေရာအနှံ့တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ရင်း ရှထန်ကန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ အပြုံးတစ်ခု ထင်ဟပ်လာသည်။
တော်ဝင်မြို့တော် သံမဏိတံတိုင်းတွင် နာမည်ကြီးစစ်ဗိုလ်ချုပ်များစွာ ရှိသော်လည်း ရှထန်ကန်းသည် ဤမျှငယ်ရွယ်သော အရွယ်တွင် နန်းတွင်းကိုယ်ရံတော်တပ်၏ တပ်မှူးရာထူးကို ရယူထားပြီးဖြစ်သည်။
ရှေ့တန်းတွင် သူ၏အမိန့်ကို မနာခံသော စစ်ဗိုလ်ချုပ်များစွာ ရှိသည်။
ယနေ့တွင် ရှထန်ကန်းသည် နန်းတွင်းကိုယ်ရံတော်တပ်ကို ဦးဆောင်ပြီး နောက်တန်းကို ပုံမှန်အတိုင်း ကင်းလှည့်နေခဲ့သည်။ သူသည် ဤမျှကြီးမားသော အကျိုးအမြတ်ကို ရရှိမည်ဟု မမျှော်လင့်ခဲ့ချေ။
ဝူတင်းအမတ်ကြီး လီကျိုးစီသည် စစ်မြေပြင်တွင် အမြဲတမ်း ဖမ်းမမိနိုင်ဖြစ်နေပြီး သူနှင့် ကောင်းရှစ်ကျီးတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် တာယွီစစ်တပ်ကို ဒုက္ခပင်လယ်ဝေစေခဲ့သည်။
ယခုချိန်၌ ရှထန်ကန်းသည် လီကျိုးစီကို အနိုင်ယူခဲ့ရာ တာယွီစစ်တပ်တွင် သူ၏ဂုဏ်သတင်းသည် အဆမတန် မြင့်တက်လာမည်မှာ သေချာပေါက်ပင်။
စစ်မှန်သော စစ်ရေးအောင်မြင်မှုများသာ ရှိနေပါက မည်သူသည် သူ၏အမိန့်ကို မနာခံဘဲနေဝံ့မည်နည်း။
ရှထန်ကန်းသည် ဂုဏ်ယူဝံ့ကြွားပြီး သူ့ကိုယ်ကို အထင်ကြီးနေသည်။
ဤအချိန်တွင် လုယွီသည် တော်ဝင်မြို့တော်သို့ ချဉ်းကပ်နေလေပြီ။
ဤအချိန်အခိုက်အတန့်တွင် သူသည် အရှိန်လျှော့ထားလေ၏။သူ၏စွမ်းအားတစ်စိတ်တစ်ပိုင်းဖြင့် လီကျိုးစီကို ချိတ်ပိတ်ပြီး သူ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်းသို့ ထည့်ထားပြီးဖြစ်သည်။
ပရမ်းပတာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုသည် လုယွီ၏ အမြင်အာရုံအတွင်းတွင် ထွက်ပေါ်လာသည်။
ဤသည်မှာ လှောင်အိမ်တစ်ခုဖြစ်ပြီး အေးစက်ပြီး တင်းကြပ်သော သံချောင်းများဖြင့် ဝန်းရံထားသည်။ လီကျိုးစီသည် အတွင်း၌ ပိတ်မိနေပေ၏။
ဤအချိန်တွင် လီကျိုးစီသည် မြေပြင်ပေါ်တွင် ပလ္လင်ခွေထိုင်နေပြီး မည်သည့်စိတ်လှုပ်ရှားမှု အရိပ်အယောင်မျှ မပြသချေ။
သို့သော် သူ၏မျက်လုံးများသည် အေးစက်ပြီး သွေးဆာနေကာ လှောင်အိမ်အပြင်ဘက်ရှိ နေရာကို စူးစိုက်ကြည့်နေသည်။
"ဝူတင်းအမတ်ကြီး...ငါ မင်းအတွက် ပြင်ဆင်ပေးတဲ့ လှောင်အိမ်ကို ကျေနပ်ရဲ့လား"
လုယွီသည် လှောင်အိမ်အပြင်ဘက်တွင် ပေါ်လာပြီး လီကျိုးစီကို ကြည့်ကာ အေးစက်စွာ ပြောဆိုသည်။
လီကျိုးစီ၏မျက်နှာအမူအယာသည် မပြောင်းလဲဘဲ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဟုတ်တယ်...ဒီနေရာက ဆူညံမှုနဲ့ ဝေးတာကြောင့် တိတ်ဆိတ်ပြီး သက်သောင့်သက်သာရှိတယ်... ငါ အရမ်းဝမ်းမြောက်တယ်"
လုယွီက လီကျိုးစီကို စူးစိုက်၍ကြည့်လိုက်သည်။
"ငါ့ရဲ့ ဖိနှိပ်ခြင်းကို ခံရတာတောင် ဒီလောက် တည်ငြိမ်နေနိုင်တာ... မင်းက ထန်စစ်တပ်ရဲ့ နာမည်ကြီး စစ်ဗိုလ်ချုပ်တစ်ယောက်လို့ ခေါ်ထိုက်တာပဲ....ညှဉ်းပန်းနှိပ်စက်တာတောင် မင်းအပေါ်မှာ အသုံးမဝင်လောက်ဘူး... ဒါပေမဲ့ ငါက မင်းကို တခြားတစ်ယောက်လက်ထဲ အပ်လိုက်ရင်တော့ ပြောလို့မရဘူး"
လီကျိုးစီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ငါ ထန်စစ်တပ်ကို ဝင်တဲ့ ပထမဆုံးနေ့ကတည်းက သေခြင်းကို မကြောက်တော့ဘူး....သူတို့ကို ညှဉ်းပန်းနှိပ်စက်ခိုင်းလိုက်စမ်း...သူတို့က ငါ့ကို မျက်မှောင်တစ်ချက်ကြုတ်အောင် လုပ်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့"
လုယွီသည် ဒေါသမထွက်ဘဲ လီကျိုးစီ၏ မျက်နှာချင်းဆိုင်တွင် ပလ္လင်ခွေထိုင်လိုက်သည်။
"ငါ ဒီမှာရှိနေရင် ထန်အင်ပါယာက မလွဲမသွေ ရှုံးမှာပဲ....မင်း ဆက်ပြီး တောင့်ခံနေရင်တောင် အချည်းနှီးဖြစ်သွားလိမ့်မယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ဤစကားကို ကြားသောအခါ လီကျိုးစီ၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။
"ငါ ဝန်ခံတယ်...လုယွီ မင်းက တကယ့်ကို ငါ့ကို ထိတ်လန့်သွားစေခဲ့တယ်... မင်း ချန်အန်းမြို့ ရှေးဟောင်းအပျက်အစီးနယ်မြေထဲကို ဝင်ရောက်သွားခဲ့တယ်လို့ ငါကြားတယ်...မင်း အသက်ရှင်ရက် ပြန်လာတာကြောင့် မင်းက ကံကြမ္မာကာင်းတစ်ခုခုကို ရခဲ့မှာပဲ.... ဒါပေမဲ့ မင်းက ငါ့ရဲ့ ထန်အင်ပါယာ ဘယ်လောက် အားကောင်းလဲဆိုတာကို လုံးဝမသိဘူး"
လီကျိုးစစ်က လှောင်ပြောင်လိုက်သည်။
"ဟုတ်လား...ဘယ်သူက ငါ့ကို တားနိုင်မယ်လို့ မင်းထင်လဲ..အဲ့ဒီ ပါရမီရှင် လီမီလား... ဒါမှမဟုတ် မင်းရဲ့လက်အောက်က နာမည်ကြီး ဗိုလ်ချုပ် ကောင်းရှစ်ကျီးလား"
လုယွီက ပြောဆိုသည်။
လီကျိုးစီက ခေါင်းခါလိုက်သည်။
"ငါ ဘာမှမပြောဘူး...မင်းလည်း ငါ့ကို ဒါနဲ့ပတ်သက်ပြီး မေးစရာမလိုဘူး.... ဒါပေမဲ့ မင်း မလွဲမသွေ ရှုံးမှာပဲ.. လုယွီ မင်း ဘယ်လိုမှ မနိုင်နိုင်ဘူး"
Chapter 4640
လုယွီသည် သူ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်းမှ နတ်ဘုရားစိတ်အာရုံကို ဆွဲထုတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
လီကျိုးစီသည် မည်သည့်အရာကိုမျှ မပြောခဲ့သော်လည်း သူသည် သတင်းအချက်အလက်များစွာကို ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။
လီမီ လီကျိုးစီနှင့် ကောင်းရှစ်ကျီးတို့သည် ထန်စစ်တပ်၏ အပေါ်ယံရှိ အင်အားစုများပင်။
သို့ရာတွင် ထန်စစ်တပ်၏ စစ်မှန်သော လျှို့ဝှက်အင်အားကို မည်သူမျှ မသိကြပေ။ ကောင်းကင်ကွန်ယက်ပင်လျှင် မသိရှိချေ။
"ဒါက ထန်အင်ပါယာက တာအိုသခင်တစ်ယောက်များလား... သူက ဘယ်သူလဲ"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
တာယွီအင်ပါယာသည် အခြေအနေကို ကြီးကြပ်ရန် မင်းသားကူကို စေလွှတ်ထားပြီးဖြစ်သည်။
သို့သော် ထန်အင်ပါယာသည် အနည်းငယ်မျှ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခြင်းမရှိချေ။ သူတို့သည် ပြင်းထန်သော တိုက်ခိုက်မှုသဘောထားကို ထိန်းသိမ်းထားပြီး နာမည်ကြီးတာအိုသခင်မင်းသားကူကို သူတို့၏မျက်လုံးထဲတွင် လုံးဝ မထည့်ထားသကဲ့သို့ပင်။
လုယွီသည် တစ်ကြိမ်က မင်းသားစု ပြင်းထန်စွာ ဒဏ်ရာရကာ ပြန်လာခဲ့ရသည့် သတင်းကို လက်ခံရရှိခဲ့သည်အား ပြန်လည်အမှတ်ရလိုက်သည်။
ကျိုးမိသားစု၏ အားအကောင်းဆုံးမင်းသားဟု လူသိများသော မင်းသားစုပင်လျှင် ထိုသို့သော အကျိုးဆက်ကို ခံစားခဲ့ရသည်။ ဤသည်မှာထန်မင်းဆက်၏ လျှို့ဝှက်အင်အားကို စိတ်ကူးကြည့်နိုင်သည်။
"ထန်အင်ပါယာက အရမ်းအားကောင်းပြီးတော့ ထိပ်သီးကျင့်ကြံသူတွေက တိမ်တိုက်တွေလို ပေါများတယ်.... ကံမကောင်းစွာနဲ့ မင်းတို့က ငါနဲ့ လာတွေ့တယ်"
အဆောင်လက်ဖွဲ့တစ်ခုသည် လုယွီ၏ လက်အတွင်းတွင် ပေါ်လာပြီး သူသည် ထိုအရာကို လေဟာနယ်ထဲသို့ ပစ်လွှတ်လိုက်သည်။ ထို့နောက် သူသည် ကြယ်တာရာကောင်းကင်ယံအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
...
အဝေးတွင် ကျယ်ပြောလှသော ကြယ်တစ်လုံးသည် သူ့ရှေ့တွင် ပေါ်လာသည်။
ဤကြယ်နယ်မြေသည် အလွန်ကြီးမားကျယ်ပြန့်သော ကုန်းမြေငါးခုဖြင့် ဖုံးလွှမ်းထားသည်။ အလယ်ဗဟိုကုန်းမြေ၏ ကံကြမ္မာစွမ်းအားများသည် မြင့်တက်နေပြီး အဝေးမှနေ၍ လူးလွန့်နေသော ရွှေရောင်မြူခိုးများကို မြင်တွေ့နိုင်သည်။ ဤသည်မှာ နဂါးတစ်ကောင် သို့မဟုတ် ဖီးနစ်ငှက်တစ်ကောင်ကဲ့သို့ဖြစ်ပြီး ခမ်းနားထည်ဝါလှသည်။
ဤသည်မှာ တာယွီအင်ပါယာ၏ တော်ဝင်မြို့တော်ပင်
ဖုန်းရွှေကို မသိသူများပင်လျှင် တော်ဝင်မြို့တော်ကို အဝေးမှကြည့်မိသည်နှင့် ဤနေရာသည် ကောင်းချီးပေးခံရသော မြေဖြစ်သည်ဟု သေချာပေါက် ခံစားရပေမည်။
ကြယ်နယ်မြေရှစ်ဆယ့်တစ်ခုကို ကြီးမားသော ဖုန်းရွှေဝင်္ကပါတစ်ခု ဖွဲ့စည်း၍ အတူတကွ ထားရှိပြီး တော်ဝင်မြို့တော်၏ အလယ်ဗဟို၌ ကံကြမ္မာစွမ်းအားများကို အဆက်မပြတ် စုစည်းပေးသည်။
ယခင်က တာယွီအင်ပါယာ၏ ဧကရာဇ်ကောင်းသည် ကောင်းကင်ဘုံနယ်မြေမှ ဒဏ္ဍာရီလာ ဖုန်းရွှေဆရာများကို ဖိတ်ခေါ်ကာ ဤခမ်းနားသော ဖုန်းရွှေဝင်္ကပါကြီးကို တည်ဆောက်ခဲ့ပြီး တော်ဝင်မြို့တော်ကို အချိန်အတော်ကြာ အထွတ်အထိပ်နေရာတွင် ရှိနေစေခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ ထန်စစ်တပ်၏ ကြီးမားသော ကျူးကျော်မှုဖြင့် ဖုန်းရွှေဝင်္ကပါ၏ ဖွဲ့စည်းပုံ ပျက်စီးသွားခဲ့လေပြီ။
လုယွီသည် တော်ဝင်မြို့တော်မှ အလင်းရောင်များ အဆက်မပြတ် ထုတ်လွှတ်ပြီး စကြဝဠာ၏ ကြယ်တာရာကောင်းကင်ယံထဲသို့ စီးဝင်နေသည်ကို မသဲမကွဲ မြင်တွေ့နိုင်သည်။
အကယ်၍ တာယွီအင်ပါယာသည် ဆုံးရှုံးသွားသောမြေကို ပြန်လည်မသိမ်းပိုက်နိုင်ပါက သို့မဟုတ် ဖုန်းရွှေဖွဲ့စည်းပုံကို မပြောင်းလဲနိုင်ပါက ဤအခြေအနေ ဆက်လက်ဖြစ်ပွားနေပေမည်။ ရေရှည်တွင် တော်ဝင်မြို့တော်သည် သာမန်ကြယ်နယ်မြေတစ်ခု ဖြစ်လာပေလိမ့်မည်။
အဆုံးမရှိကျယ်ပြန့်သော စစ်စခန်းတစ်ခုသည် မိုးကောင်းကင်ယံတွင် ပေါ်လာသည်။
ဤစစ်စခန်းသည် အလွန်ကြီးမားသော ဧရိယာကို လွှမ်းခြုံထားပြီး တော်ဝင်မြို့တော်တစ်ခုလုံးကို ဝန်းရံထားလုနီးပါးပင်။ ဤစစ်စခန်း၏ ကာကွယ်ရေးစည်းသည် အလွန်တင်းကြပ်ပြီး အပေါက်အဟမရှိပေ။
စစ်စခန်းအပြင်ဘက်တွင် မရေမတွက်နိုင်သော တပ်ရင်းများသည် ရှေ့နောက် ကင်းလှည့်နေကြ၏။ စခန်းအတွင်း၌ အလံများနှင့် တံခွန်များကိုင်ကာ ကင်းလှည့်နေသော ကင်းစောင့်များသည် တိမ်တိုက်များကဲ့သို့ ပေါများသည်။ မီတာငါးရာတိုင်းတွင် ကင်းမျှော်စင်တစ်ခုရှိပြီး ကောင်းကင်ဘုံမျက်လုံးများစွာသည် ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် လေထုအတွင်းတွင် ပျံဝဲနေသည်။
ဤသည်မှာ အလွန်အမင်း ခမ်းနားသော မြင်ကွင်းတစ်ခုပင်။ တစ်စုံတစ်ယောက်၏ နတ်ဘုရားစိတ်အာရုံ မည်မျှပင် အားကောင်းစေကာမူ စစ်တပ်အင်အား မည်မျှရှိသည်ကို ပြောရန်မှာ မဖြစ်နိုင်ပေ။
ပထမတစ်ချက်ကြည့်ရုံဖြင့် မီးတိုင်ကဲ့သို့ အလင်းတန်းများသည် မိုးကောင်းကင်သို့ ထိုးတက်သွားပြီး တောင်တစ်လုံးအသွင် ဖွဲ့စည်းသွားသည်။ ဤစစ်စခန်းတွင် ပုန်းကွယ်နေသော နဂါးများနှင့် ဝပ်နေသောကျားများကဲ့သို့ ထိပ်သီးကျင့်ကြံသူ အမြောက်အများ ရှိသည်။
မရေမတွက်နိုင်သော စစ်သည်တော်များ အတူတကွ စုရုံးကာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ဖွဲ့စည်းထားသည်။ ဤှစစ်စခန်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် တစ်စုံတစ်ယောက်၏ ကျောရိုးကို ချမ်းစိမ့်သွားစေရန် လုံလောက်သည်။
လမ်းတလျှောက်တွင် လုယွီသည် ကင်းလှည့်စစ်သည်တော်များ၏ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပေ၏။
သို့ရာတွင် လုယွီမှ တံဆိပ်ပြားကို ထုတ်ပြသောအခါ စစ်သည်တော်အားလုံးသည် ကြောက်လန့်တကြားဖြင့် မျက်နှာဖြူဖျော့သွားပြီး အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။
"အရှင်လု...ဗဟိုစစ်စခန်းက ရှေ့တည့်တည့်မှာပဲ...အရှင်က တပ်သားသစ်တန်းလျားကို ဖြတ်ပြီးတော့ အရှေ့ဘက်ကို ဆယ်မိုင်လောက် လျှောက်သွားရင် အဲ့ဒီနေရာကို ရောက်ပြီ"
ကင်းလှည့်စစ်သည်တော်က ရိုသေစွာ ပြောဆိုသည်။ သူသည် လုယွီကို ရိုသေလေးစားမှုအပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
လုယွီသည် တော်ဝင်မြို့တော်နှင့် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးတွင် ဒဏ္ဍာရီတစ်ပုဒ်ပင်။
လူအများစုသည် လုယွီ၏ စွမ်းဆောင်ရည်များကိုသာ ကြားဖူးကြသော်လည်း သူ့ကို မမြင်ဖူးကြချေ။
လုယွီသည် အလွန်ငယ်ရွယ်ပေ၏။ လူအမြောက်အများသည် သူ၏ အစစ်အမှန်မျက်နှာကို မြင်ချိန်၌ သူ၏ပြိုင်ဘက်ကင်းစစ်ဗိုလ်ချုပ်ဟူသော ဘွဲ့ထူးနှင့် ဆက်စပ်မိရန် ခက်ခဲသည်။