အခန်း (၄၆၄၆-၄၆၅၀)
Vol. 236 Ch. 4646-4650
Chapter 4646
လုယွီက တစ်ဖက်လူသည် ထန်အင်ပါယာ၏ အစွမ်းထက်သော စစ်သူကြီးတစ်ဦးဖြစ်ကြောင်း သိလိုက်သည်နှင့် သူ့ကို ထိုအတိုင်း လွှတ်ပေးရန် ရည်ရွယ်ချက်မရှိတော့ပေ။
သူ တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် တာယွီစစ်စခန်းမှ ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
"မင်းက ကောင်းရှစ်ကျီးရဲ့ လက်အောက်က ခွေးကောင်းတစ်ကောင်ဆိုတာ ငါ ကြားထားတယ်.... ငါ မင်းကို သတ်မယ်"
ပိုးထည်ဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး စခန်းထဲမှ ပျံသန်းထွက်လာသည်။ သူ့ထံတွင် ရှည်လျားသော မုတ်ဆိတ်မွေးနှင့် ထက်မြက်သော မျက်ခုံးများရှိပြီး သူ၏ မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေကာ ထူးကဲသော အရှိန်အဝါကို ပေးစွမ်းနိုင်သည်။
ထိုလူလတ်ပိုင်းအရွယ်အမျိုးသားသည် တိမ်ပျံဖိနပ်ကို စီးထားပြီး သူ၏မျက်နှာပေါ်တွင် လောကကြီးကို အထင်သေးသော မာနကြီးသည့်အရိပ်အယောင်များ ထင်ဟပ်နေသည်။ သူ၏ အရှိန်အဝါသည် ပြောပြ၍မရလောက်အောင် မြင့်မြတ်ပေ၏။
သူ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်တည်း ဖုန်းချန်ချင်းကို စူးစိုက်ကြည့်ပြီး မေးမြန်းလိုက်သည်။
"ကောင်းရှစ်ကျီး ဘယ်မှာလဲ....ဘာလို့ သူကိုယ်တိုင်မလာတာလဲ.... ဘာလို့ မင်းလိုခွေးတစ်ကောင်ကို ဒီနေရာမှာ အသေခံဖို့ လွှတ်လိုက်တာလဲ"
သူသည် ဤစကားများကို မှော်စွမ်းအားသုံး၍ ပြောဆိုခဲ့ခြင်းပင်။
သူ စကားပြောဆိုချိန်တွင် သူ၏အသံသည် ကျယ်လောင်ပြီး ရှင်းလင်းကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ လူတိုင်းသည် သူ၏အသံကို ရှင်းလင်းစွာ ကြားနိုင်ကြသည်။
"ဝူကျင့်အမတ်ကြီး ကျန်းရှောင်ရန်ပဲ...သူက အမတ်ကြီးဘွဲ့ထူးကို ရထားတဲ့ မြင့်မြတ်သူတစ်ယောက်ပဲ....ငါတို့ အသက်ရှင်နိုင်ပြီ...."
တချို့လူများသည် ထိုလူလတ်ပိုင်းအရွယ် အမျိုးသား မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားကြပြီး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
ကျန်းရှောင်ရန်သည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူပင်။ သူသည် ငယ်စဉ်ကတည်းက စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ပြီး စစ်ရေးအောင်မြင်မှုများ ရရှိခဲ့သည်။ သူ၏ အောင်မြင်မှုများကြောင့် ဝူကျင့်အမတ်ကြီးဘွဲ့ထူးကို ခန့်အပ်ခြင်းခံခဲ့ရသည်။
ဤကဲ့သို့ အစွမ်းထက်သော လူတစ်ယောက်သည် ပင်လယ်ကို ငြိမ်သက်စေနိုင်သော ကျောက်ဆူးတစ်ခုကဲ့သို့ ဖြစ်ပြီး တာယွီမှ လူများအားလုံးအား ယုံကြည်မှုကို ပေးစွမ်းနိုင်သည်။
ဖုန်းချန်ချင်းက သူ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ပြီးနောက် အပြုံးနှင့်ပြောဆိုသည်။
"မင်းက ဘာကောင်မလို့ ငါတို့ရဲ့ စစ်သူကြီးချုပ်ကို ဒီကိုလာဖို့ တောင်းဆိုရတာလဲ.... ငါ မင်းကို လက်တစ်ချောင်းတည်းနဲ့ အလွယ်တကူ ခြေမွှပစ်နိုင်တယ်..."
ဝူကျင့်အမတ်ကြီးက အေးစက်တင်းမာစွာ ပြောဆိုသည်။
"မောက်မာလှချည်လား...မင်း စောင့်နေစမ်း...ငါ မင်းကိုသတ်ပြီးရင် မင်းရဲ့အလောင်းကို စစ်စခန်းတံခါးရှေ့မှာ ချိတ်ဆွဲပြီး ခုနစ်ရက်ထားမယ်"
"ငါ ရယ်ရလွန်းလို့ သေတော့မယ်...မင်း စမ်းကြည့်လေ.... မင်း ဘာလုပ်နိုင်မလဲဆိုတာ ငါ့ကို ပြစမ်း"
ဖုန်းချန်ချင်းသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။ သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထုအတွင်းတွင် မတ်တတ်ရပ်နေသည်။
သူ၏ဟန်ပန်အရ ဝူကျင့်အမတ်ကြီးကို သူ၏မျက်လုံးအတွင်းတွင် လုံးဝမထည့်ထားကြောင်း ရှင်းလင်းစွာ ပြသနေသည်။
ဝူကျင့်အမတ်ကြီးသည် မြင့်မြတ်သော ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်ရာ ဤကဲ့သို့ အရှက်ခွဲခြင်းကို မည်သို့ လက်ခံနိုင်မည်နည်း။ သူ၏ လက်ဝါးကို ဆုပ်လိုက်သည်နှင့် လေဟာနယ်အတွင်းတွင် လှိုင်းလုံးပေါင်း ထောင်ချီ၍ ပေါ်လာကာ လှိုင်းတံပိုးများ ထန်သွားစေသည်။
သူသည် ရေစွမ်းအားပညာရပ်များကို အသုံးပြုသော ကျွမ်းကျင်သူတစ်ယောက်ပင်။ သူ၏ လက်ကို မြှောက်လိုက်သည်နှင့် အနီးအနားမှ စိတ်ဝိညာဉ်စွမ်းအားများသည် ပင်လယ်သမုဒ္ဒရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေ၏။
"မင်းတို့က ငါ့နယ်စပ်ကို ထပ်ခါတလဲလဲ ကျူးကျော်ပြီး တာယွီရဲ့ ဂုဏ်သိက္ခာကို ထိပါးခဲ့တယ်.... ဒီနေ့က မင်းတို့ တန်ကြေးပြန်ပေးဆပ်ရမယ့်နေ့ပဲ"
ဝူကျင့်အမတ်ကြီးက ခြေတစ်လှမ်းချင်း လျှောက်လှမ်းလာပြီး သူ၏ ခြေထောက်အောက်တွင် လှိုင်းလုံးများ လိမ့်တက်လာကာ ကြီးမားသော လှိုင်းတံပိုးများကို ဖြစ်ပေါ်စေသည်။
"ဘုန်း...."
ဖုန်းချန်ချင်းက ဤသည်ကို ကိစ္စကြီးတစ်ရပ်ဟု မထင်ပေ။ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အားပြင်းသော စွမ်းအားလှိုင်းတစ်ရပ်က ဝူကျင့်အမတ်ကြီး၏ အရှိန်အဝါကို တားဆီးလိုက်သည်။
"တာယွီရဲ့ နယ်စပ်ဆိုတာ ဘာကိုဆိုလိုတာလဲ... ဒီနေရာမှာရှိတဲ့ မြေတစ်လက်မတိုင်းက အရင်က ထန်အင်ပါယာရဲ့ နယ်မြေတွေပဲ...ထန်အင်ပါယာက လောကကြီးကို အုပ်စိုးခဲ့တုန်းက တာယွီရဲ့ ဧကရာဇ်ကောင်းတောင် မမွေးသေးဘူး..."
"အဲ့ဒါဆိုရင်တောင် ဘာဖြစ်လဲ... ထန်အင်ပါယာရဲ့ ကံကြမ္မာက ကုန်ဆုံးသွားခဲ့တာ ကြာပြီ... အချိန်ရဲ့ ရှည်လျားတဲ့မြစ်ထဲမှာ ပျောက်ကွယ်သွားခဲ့ပြီ.... မင်းတို့ အခုပြန်ထလာရင်တောင် သေမင်းတံခါးဝမှာ ရုန်းကန်နေရုံသက်သက်ပဲ... ငါတို့အင်ပါယာရဲ့သူတော်စင်က ထန်မင်းဆက်ရဲ့ ကံကြမ္မာက ကြာရှည်ခံမှာမဟုတ်ဘူးလို့ ဟောကိန်းထုတ်ခဲ့ပြီးပြီ....မင်းတို့အားလုံး မကြာခင် ဒါမှမဟုတ် နောက်ကျရင် ပျက်စီးသွားကြမှာပဲ"
ဝူကျင့်အမတ်ကြီးက ရှေ့သို့ ခြေတစ်လှမ်းချင်း ချဉ်းကပ်လာသည်။
"မင်းက ငါတို့ရဲ့ထန်အင်ပါယာက ပျက်စီးတော့မယ်လို့ ပြောတာလား"
ဖုန်းချန်ချင်းသည် ရုတ်တရက် မျက်လုံးပြူးကျယ်သွားပြီး တောက်ပသော အလင်းရောင်များ ဖြာထွက်လာသည်။
"ဟုတ်တယ်....ကံမကောင်းစွာနဲ့ပဲ မင်းက ထန်အင်ပါယာရဲ့ ပျက်စီးခြင်းကို မြင်နိုင်တော့မှာ မဟုတ်ဘူး....ငါမင်းကို အရင်သတ်ပစ်မယ်"
ဝူကျင့်အမတ်ကြီး၏ အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းပေ၏။ သူ၏ ခန္ဓာကိုယ်နံဘေးပတ်လည်တွင် သမုဒ္ဒရာလှိုင်းလုံးပေါင်း ထောင်နှင့်ချီ၍ ဝန်းရံထားပြီးဖြစ်သည်။ သူသည် လူ့လောကသို့ ဆင်းသက်လာပြီး ပင်လယ်လေးစင်းကို အမိန့်ပေးသော ပင်လယ်နတ်ဘုရားတစ်ပါးနှင့် တူနေသည်။
သူ၏ အစွမ်းထက်သော မှော်စွမ်းအားများသာ် ရှည်လျားသော မြစ်တစ်စင်းကို သယ်ဆောင်လာပြီး ဖုန်းချန်ချင်းကို ချက်ချင်း ဝန်းရံလိုက်သည်။ အပြင်ဘက်မှ ကြည့်လျှင် ဖုန်းချန်ချင်း၏ ပုံရိပ်ကို မမြင်နိုင်တော့ချေ။
သို့ရာတွင် ဤမှော်စွမ်းအားသည် အသက်ရှူချိန်အနည်းငယ်မျှသာ ကြာမြင့်ခဲ့ပြီး အားပြင်းပြီး အရိုင်းဆန်သောစွမ်းအားတစ်ရပ်က အတင်းအဓမ္မ ထိုးဖောက်ဖျက်ဆီးလိုက်သည်။
"ဟားဟားဟား.... ရယ်စရာကောင်းလိုက်တာ.... ထန်အင်ပါယာက အထွတ်အထိပ်ကို ရောက်နေချိန်မှာ...မင်းတို့ တာယွီအင်ပါယာက ငါတို့စစ်သားတွေရဲ့ ဝန်းရံခြင်းကို ခံနေရတယ်...အစွမ်းထက်ဆုံးမင်းသားစုတောင် သေသွားပြီ....ဒါတောင် မင်းတို့က အရှုံးမပေးသေးဘူး"
ဖုန်းချန်ချင်းက ပိတ်ဆို့ထားမှုမှ လွတ်မြောက်လာသည်။
Chapter 4647
ဖုန်းချန်ချင်းက အေးစက်စက်ပြုံးပြီး ပြောဆိုသည်။
"ငါ့အမြင်မှာတော့ မင်းတို့ တာယွီက ကျဆုံးတော့မှာ...ပြီးတော့ မင်းလည်း သေတော့မယ်... မြောက်ပိုင်းဧကရာဇ်နဲ့ တောင်ပိုင်းဧကရာဇ်ဆိုပြီး ဧကရာဇ်နှစ်ပါးရှိတဲ့ အင်ပါယာက တကယ့်ကို လှောင်ရယ်စရာကောင်းတယ်..."
"အဲဒါဆို ဘာဖြစ်လဲ....ဧကရာဇ်နှစ်ပါးရှိရင်တောင်... တစ်ပါးက မင်းတို့ ထန်အင်ပါယာကို သေတွင်းထဲ ဆွဲခေါ်သွားနိုင်တယ်...ခွေးရိုင်းတစ်ကောင်က အသုံးမကျရင်တောင် ခြင်္သေ့တစ်ကောင် အားနည်းနေတဲ့အချိန်မှ သတ်ဖြတ်နိုင်တယ်... မင်းတို့ ထန်အင်ပါယာက ရှေးခေတ်တုန်းကလို လောကကြီးကို အုပ်စိုးဖို့ အင်အားမရှိတော့ဘူး....ကျူးကျော်မယ်....အခုလား...ဟားဟား...မင်းတို့ ထန်အင်ပါယာအတွက် အကောင်းဆုံးအဆုံးသတ်က သမိုင်းမှတ်တမ်းတွေထဲကို ပြန်သွားဖို့ပဲ"
ဝူကျင့်အမတ်ကြီးက လက်ကိုမြှောက်ကာ နောက်တစ်ကြိမ် ထိုးနှက်လိုက်သည်။ မိုးကောင်းကင်ယံ၌ အပြာရောင်မြူခိုးများဖြင့် ပြည့်နှက်သွားပြီး ရေစွမ်းအားများက သူ၏လက်ဝါးအတွင်းမှ ပွင့်အံ့ထွက်လာသည်။
နှစ်ဖက်စလုံးသည် ထိပ်တန်းကျင့်ကြံသူများဖြစ်ကြပြီး သူတို့တိုက်ခိုက်သည်နှင့် လောကကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ ကျယ်လောင်သော အသံများသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားပြီး မြေပြင်နှင့် တောင်များကို တုန်ခါစေသည်။
ဤတိုက်ပွဲကို စောင့်ကြည့်နေသော စစ်သားသစ်တချို့သည် ကြည့်ပင်မကြည့်ရဲတော့ချေ။ သူတို့သည် သူတို့၏ နှလုံးသားနေရာကို ဖုံးအုပ်ထားကြပြီး သူတို့၏ နှလုံးသားများ တုန်ခါနေသည်ဟု ခံစားနေရလေ၏။
"မင်း တကယ်ပဲ ငါနဲ့ တိုက်ချင်တာလား... တာယွီက တော်ဝင်မျိုးနွယ်တွေက သက်သောင့်သက်သာဘဝမှာ နေလာတာ အချိန်အတော်ကြာနေပြီ...မင်းတို့က အသက်နဲ့ရင်းရတဲ့ တိုက်ပွဲက ဘာလဲဆိုတာကို လုံးဝမသိဘူး"
ဖုန်းချန်ချင်းက အလင်းတန်းတစ်တန်းအဖြစ်သို့ ပြောင်းလဲသွားပြီး မယုံနိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် ဝူကျင့်အမတ်ကြီးကို တိုက်ခိုက်လိုက်သည်။
ကျင့်ကြံဆင့်နိမ့်ပါးသော ကျင့်ကြံသူတချို့သည် သူတို့နှစ်ယောက် မည်သို့တိုက်ခိုက်နေကြသည်ကို လုံးဝမမြင်နိုင်ကြချေ။ သူတို့သည် လေထုအတွင်းတွင် မှော်နည်းစနစ်များဖြင့် တိုက်ခိုက်မှုကြောင့် ပေါက်ကွဲကာ တောက်ပသော မီးပွားများ ဖြစ်ပေါ်နေသည်ကိုသာ မြင်နိုင်ကြသည်။
"ဝူကျင့်အမတ်ကြီး နိုင်ပါစေလို့ မျှော်လင့်ပါတယ်"
"ဖုန်းချန်ချင်းသာ ဒီမှာရှိနေရင် ငါတို့ထဲက တစ်ယောက်မှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
လူအုပ်အတွင်းမှ ဆုတောင်းသံများ ထွက်ပေါ်လာသည်။
လုယွီက လူအုပ်ထဲတွင် ရပ်နေပြီး သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူတို့နှစ်ယောက် တိုက်ခိုက်နေသည်ကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။
ဝူကျင့်အမတ်ကြီး ကျန်းရှောင်ရန်သည် အမှန်တကယ်ကို အစွမ်းထက်သူတစ်ယောက်ပင်။ အမှန်အားဖြင့် တာယွီ၏ ဘိုးဘေးအနည်းစုမှလွဲ၍ ဘွဲ့ထူးချီးမြှင့်ခံရသော လူအများစုမှာ သူတို့၏ ကိုယ်ပိုင်အရည်အချင်းများဖြင့် ရရှိခဲ့ကြသူများဖြစ်သည်။
ဥပမာအားဖြင့် လုယွီပင် သူ၏ လက်ရှိစွမ်းအားနှင့် အောင်မြင်မှုများအရ သူသည် အမတ်ကြီးဘွဲ့ထူး ချီးမြှင့်ခံရရန် လုံလောက်စွာ အားကောင်းနေလေပြီ။
သို့ရာတွင် ဘွဲ့ထူးများသည် လုယွီအတွက် များစွာအသုံးဝင်ခြင်း မရှိတော့ပေ။ သူ၏ကျင့်ကြံဆင့် အားနည်းနေချိန်တွင် ကံကြမ္မာစွမ်းအား၏ ကောင်းချီးပေးမှုသည် အလွန်သိသာသော အကျိုးသက်ရောက်မှုရှိသော်လည်း အလွန်မြင့်မားသော အဆင့်သို့ တက်လှမ်းသွားချိန်၌ ထိုအရာ၏ အကျိုးသက်ရောက်မှုသည် မပြောပလောက်အောင် နည်းပါးသွားပေ၏။
"ဝူကျင့်အမတ်ကြီး ရှုံးတော့မယ်"
လုယွီက ခေါင်းခါယမ်းလိုက်သည်။
ဝူကျင့်အမတ်ကြီး၏စွမ်းအားသည် အလွန်နက်နဲသိမ်မွေ့သော်လည်း ဖုန်းချန်ချင်းနှင့် ရင်ဆိုင်ရချန်၌ ခက်ခက်ခဲခဲ အားစိုက်နေရသည်။
အရေးကြီးဆုံးအချက်မှာ ဝူကျင့်အမတ်ကြီးသည် ဟန့်တားခြင်း ရေစွမ်းအားမှော်နည်းစနစ်များဖြင့် ဖုန်းချန်ချင်းကို လှောင်ပိတ်ခြင်းအား အသုံးပြုနေသည်။ ဖုန်းချန်ချင်းမှာမူ သိသာရှင်းလင်းစွာပင် သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းကို အားသန်သောလူဖြစ်သည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပါဝင်နေသည်။ လှုပ်ရှားမှုတိုင်းသည် အသက်အန္တရာယ်ရှိပြီး ဝူကျင့်အမတ်ကြီးကို သူ အစွမ်းရှိသမျှဖြင့် ခုခံကာကွယ်ရန် တွန်းအားပေးနေသည်။ ဝူကျင့်အမတ်ကြီး တိုက်စစ်ဆင်ရန် အခွင့်အရေးရှာတွေ့ရန်မှာ ရှားပါးလှပေ၏။
တစ်ကွက်မှားသွားသည်နှင့် သူ ဖိနှိပ်ခံလိုက်ရပြီး ကာကွယ်ခြင်းမှ တိုက်ခိုက်ခြင်းသို့ ပြောင်းလဲရန် အခွင့်အရေးကို မရှာနိုင်တော့ချေ။
"ဟားဟားဟား....ကျန်းရှောင်ရန်..
မင်းမှာ ဒီအစွမ်းအစလောက်ပဲ ရှိတာလား...ဒါဆိုရင်တော့ ဒီနေ့သေရမယ့်သူက မင်းပဲ"
ဖုန်းချန်ချင်းက လျှပ်ပျက်သကဲ့သို့ လျှင်မြန်သော လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ပင်လယ်လေးစင်း ပြင်းထန်စွာ တုန်ခါသွားပြီး မိုးကောင်းကင်ယံ၌ မိုးခြိမ်းသံများ မြည်ဟီးသွားသည်။ ကြီးမားသော စွမ်းအားတစ်ရပ်က ဝူကျင့်အမတ်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေ၏။
ဝူကျင့်အမတ်ကြီး၏ပါးစပ်မှ သွေးများ အန်ထုတ်လိုက်သည်။ သူ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ဆက်တိုက်ဆုတ်ခွာနေရသည်။ သူ၏ အရှိန်အဝါသည် အလွန် ဖရိုဖရဲဖြစ်နေပြီး သူ အလွန်ပြင်းထန်သော ဒဏ်ရာရရှိခဲ့ကြောင်း သိသာထင်ရှားသည်။
ဤကဲ့သို့ လူကွဲသွားပြီးနောက်တွင် စောင့်ကြည့်ရှုသူများသည် နောက်ဆုံးတွင် တိုက်ပွဲ၏ အခြေအနေကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ဝူကျင့်အမတ်ကြီး အမှန်တကယ် ရှုံးနိမ့်သွားခဲ့လေပြီ။
တာယွီ၏ မြင့်မြတ်သော အမတ်ကြီးသည် သွေးအန်သည်အထိ အရိုက်ခံလိုက်ရပေ၏။
မရေမတွက်နိုင်သော လူများသည် မျှော်လင့်ချက်ကင်းမဲ့သွားပြီး သူတို့၏ မျက်နှာများ ဖြူဖျော့သွားကြသည်။
"မင်းတို့ရဲ့ ထိပ်သီးကျင့်ကြံသူဆိုတဲ့ကောင်တွေကို ငါ့တို့စစ်တပ်က ထိန်းချုပ်ထားတယ်....ကျန်နေတဲ့ ဒီငါးသေးသေးလေးတွေနဲ့ ပုစွန်သေးသေးလေးတွေက တကယ့်ကို အားနည်းတာပဲ"
ဖုန်းချန်ချင်းက ရှေ့သို့တစ်လှမ်းတက်လိုက်ပြီး ဝူကျင့်အမတ်ကြီး၏ ရင်ဘတ်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်ရာ သူ့ကို လွင့်စင်သွားစေသည်။
Chapter 4648
ဝူကျင့်အမတ်ကြီးက သူ၏ ပါးစပ်ထောင့်မှ သွေးများကို သုတ်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။
"ငါတို့စစ်တပ်က ထိပ်သီးကျင့်ကြံသူတွေသာ ဒီမှာရှိနေသေးရင် မင်း ငါတို့ စခန်းကို တိုက်ခိုက်ရဲမှာလား....မင်းက အခြေအနေကို အခွင့်ကောင်းယူနေတာပဲ"
"စစ်ပွဲမှာ ပရိယာယ်ဆိုတာ ရှိစမြဲပဲ....မင်းတို့မှာ လုံလောက်တဲ့ ထိပ်သီးကျင့်ကြံသူတွေ မရှိရင် မင်းတို့ ပျက်စီးသွားမှာပဲ"
ဖုန်းချန်ချင်းက ဝူကျင့်အမတ်ကြီးကို ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် သူသည် အဝေးမှ စစ်သားသစ်အုပ်စုကို ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ခုဏက ငါ့ရဲ့လက်အောက်ငယ်သားကို ဘယ်သူသတ်သွားတာလဲ...ဘာလဲ... မင်းက ထွက်မလာရဲဘူးလား...ဒီနေ့ မင်းထွက်မလာရင် ငါက မင်းတို့အားလုံးကို သေတဲ့အထိ ရိုက်သတ်ပစ်မယ်"
ဖုန်းချန်ချင်းသည် သူတို့နှင့် အလွန်ဝေးကွာသောနေရာတွင် ရှိနေသော်လည်း စစ်သားသစ်အားလုံးသည် မမြင်နိုင်သော ဖိအားတစ်ရပ် သူတို့အပေါ်သို့ ကျရောက်လာသည်ကို ခံစားနေရဆဲပင်။
ဤသည်မှာ ထိပ်တန်းကျင့်ကြံသူတစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံရသော ခံစားမှုဖြစ်ပြီး သူတို့၏ အသက်ကို သူတို့ မပိုင်ဆိုင်တော့သကဲ့သို့ ဖြစ်နေသည်။
လူအုပ်အကြားတွင် ငိုရှိုက်သံများကို ကြားနေရသည်။
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး နောက်ဆုံးတွင် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
"ညီလေး... မင်း..."
လူအိုကြီးထံတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ သူက ရှေ့သို့တက်ကာ လုယွီကို တားဆီးရန် ပြင်ဆင်လိုက်သည်။
လုယွီက ခေါင်းခါပြလေသည်။
"အဆင်ပြေပါတယ် လူအိုကြီး...သူက ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး"
နောက်ထပ်အချိန်တခဏတွင် လုယွီက လူအုပ်အကြားမှ ထွက်လာသည်။ သူက လေထုအတွင်းသို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ဖုန်းချန်ချင်း၏ ရှေ့သို့ ရောက်ရှိသွားသည်။
"မင်းရှာနေတဲ့လူက ငါပဲ"
လုယွီက ရိုးရှင်းစွာ ပြောဆိုသည်။
မရေမတွက်နိုင်သော မျက်လုံးများက လုယွီအပေါ်သို့ ကျရောက်လာသည်။
ရုတ်တရက် တိုက်ခိုက်ပြီး ထန်စစ်သူကြီးတစ်ယောက်ကို သတ်သွားခဲ့သူမှာ လူငယ်လေးတစ်ယောက်ဖြစ်လိမ့်မည်ဟု မည်သူမျှ တွေးထင်မထားခဲ့ပေ။
လူအိုကြီး၏မျက်နှာပေါ်တွင် စိုးရိမ်သော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။ လုယွီ၏ အစွမ်းသည် ထူးခြားကြောင်း သူ သိသော်လည်း ဤဒဏ္ဍာရီလာ ထန်စစ်သူကြီးနှင့် ရင်ဆိုင်ရချိန်၌ သူ အစွမ်းအစမဲ့နေမည်ကို ရှောင်လွှဲမရချေ။
လုယွီထံမှ ငွေတောင်းခဲ့သော လက်ထောက်စစ်ဗိုလ်ချုပ်သည် ထိတ်လန့်သွားသော်လည်း သူ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် သရော်တော်တော်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
"လောကကြီးရဲ့ အကျယ်အဝန်းကို မသိတဲ့ကောင်....သူက စစ်မြေပြင်ကို သူ့မိသားစုရဲ့ နောက်ဖေးခြံဝန်းလို့ ထင်နေတာလား... သူက မြို့တော်က မိသားစုတစ်ခုခုရဲ့ သခင်လေးဖြစ်လောက်တယ်.... သူက အပြင်ထွက်ပြီး လေ့ကျင့်မထားတော့ လူတိုင်းက သူ့ကို အလျှော့ပေးမယ်လို့ ထင်နေတာပဲ"
လက်ထောက်စစ်ဗိုလ်ချုပ်က အေးစက်စက် ရယ်မောလိုက်သည်။
အမတ်ကြီးတစ်ဦးပင်လျှင် ဖုန်းချန်ချင်း၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။
ဤကောင်လေးက သူ့ကိုယ်သူ မည်သူဟုထင်နေသနည်း...
သူသည် ဖုန်းချန်ချင်း၏ ရှေ့တွင်ရပ်ကာ ဝန်ခံရဲသည်။ ဤသည်မှာ သေလမ်းရှာနေခြင်းပင်။
"သူလုပ်လိုက်တာက ကောင်းတဲ့အလုပ်ပဲ....မင်းတို့အားလုံး သေတာထက် သိုးတစ်ကောင် ဓားစာခံဖြစ်သွားတာက ပိုကောင်းတယ်"
လက်ထောက်စစ်ဗိုလ်ချုပ်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
တာယွီဘက်မှ လူများပင် အံ့အားသင့်နေကြရာ ထန်စစ်တပ်ဘက်တွင် ထည့်ပြောစရာမလိုတော့ချေ။
ဝူကျင့်အမတ်ကြီးက လုယွီကို ကြည့်ကာ အံ့ကြိတ်ပြီး ပြောဆိုသည်။
"မင်းက ဘယ်သူလဲ...အခုချက်ချင်းထွက်သွားစမ်း....ဒါက မင်း ဝင်ပါနိုင်တဲ့ ကိစ္စမဟုတ်ဘူး"
လောကကြီး၏ အတိမ်အနက်ကို မသိသော လူငယ်တစ်ယောက်သည် ဤနေရာသို့ ထွက်လာဝံ့သလော....
ယခုချိန်၌ သူသည် ဖုန်းချန်ချင်း၏ အစွမ်းကို ကြုံတွေ့ခဲ့ပြီးဖြစ်သဖြင့် သူပင်လျှင် အနည်းငယ် အံ့အားသင့်ပြီး ဝေခွဲရခက်သည်။ သူသည် ဤပြိုင်ဘက်ကို အနိုင်ယူနိုင်မည် မယူနိုင်မည်မှာ မသေချာချေ။
"အမတ်ကြီး ပင်ပန်းသွားပါပြီ....ကျန်တာကို ကျွန်တော့်နဲ့ ထားခဲ့လိုက်ပါ"
လုယွီက ဖုန်းချန်ချင်းကို ကြည့်လိုက်သည်။ "ကောင်းရှစ်ကျီး ဘယ်မှာလဲ...သူ့ကိုခေါ်ထုတ်လိုက်စမ်း.... မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး"
"မင်းတို့ တစ်ယောက်ချင်းစီတိုင်းက ငါတို့ရဲ့ တပ်မှူးချုပ်ကို တိုက်ခိုက်စေချင်နေကြတယ်....မင်းတို့ကိုယ်မင်းတို့ ဘာထင်နေကြတာလဲ....မင်းတို့က ပုရွက်ဆိတ်တွေလိုပဲ.... ငါတို့တပ်မှူးချုပ်ကို မင်းတို့ တွေ့ချင်နေတာက ပိုပြီးမြန်မြန်သေချင်လို့လား"
ဖုန်းချန်ချင်းက လုယွီကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။
"မင်းက မင်းရဲ့ခန္ဓာကိုယ်ပေါ်က မှော်ရတနာတစ်ခုခုကို အားကိုးနေတာ ဖြစ်ရမယ်....ငါ့ရဲ့လက်အောက်ငယ်သားကို မင်း သတ်ပြီးမှတော့ မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်"
"သူ့ကိုသတ်ဖို့ ငါက မှော်ရတနာလိုသေးလို့လား"
လုယွီက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏လက်အတွင်းတွင် ရွှေရောင်အလင်းတန်းတစ်တန်း လက်ခနဲ တောက်ပသွားသည်။ ထို့နောက် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက လေဟာနယ်ကို ထွင်းဖောက်ပြီး ဖုန်းချန်ချင်းထံ ကျရောက်သွားသည်။
ဖုန်းချန်ချင်း လွင့်စင်သွားသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ လေးလံသော သံချပ်ကာသည် ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားပေ၏။ နှလုံးသားကာကွယ်မှန်ပင်လျှင် အပိုင်းပိုင်းအစစများအဖြစ် ကျိုးပဲ့သွားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အရိုးများ ကျိုးကြေသွားသည့် အသံများ ဆက်တိုက်ထွက်ပေါ်လာကာ မရေမတွက်နိုင်သော အရိုးများ ကျိုးသွားသည်။
Chapter 4649
လုယွီ၏ရိုက်ချက်တစ်ချက်ဖြင့် ဖုန်းချန်ချင်းသည် မီတာထောင်ပေါင်းများစွာအကွာသို့ လွင့်ထွက်သွားသည်။
သူ၏သံချပ်ကာအောက်တွင် အလွန်ပိန်လှီသော ခန္ဓာကိုယ်တစ်ခုကို မြင်နိုင်သည်။ လေးလံသော သံချပ်ကာအောက်တွင် ဤကဲ့သို့ ပိန်လှီသေးကွေးသော ကိုယ်လုံးကိုယ်ပေါက် ရှိနေလိမ့်မည်ဟု မည်သူမျှ မတွေးထင်ထားခဲ့ပေ။
သို့ရာတွင် ပို၍တုန်လှုပ်ဖွယ်ကောင်းသည်မှာ လုယွီ၏စွမ်းအားပင်။
အစောပိုင်းက လုယွီသည် သူ၏လက်ဝါးကို ရိုက်ထုတ်လိုက်စဉ်တွင် စွမ်းအားများစွာ မသုံးခဲ့ပုံရသည်။
သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်နှင့် မြင့်မားသော တောင်ကြီးတစ်လုံး ရုတ်တရက် ကျရောက်လာသကဲ့သို့ပင်။ သူ၏ ခွန်အားသည် အလွန်သန်မာပြီး သူ၏ စွမ်းအားသည် ကောင်းကင်ကို တုန်လှုပ်စေသည်အထိ ရက်စက်ကြမ်းကြုတ်ပေ၏။
ဖုန်းချန်ချင်းသည် အလွန် ကြေကွဲဖွယ်ကောင်းသော အခြေအနေတွင် ရှိနေသည်။ ဤရိုက်ချက်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာချိန်တွင် သူ၏အသက်ကို နှုတ်ယူသွားလုနီးပါးပင်။
ဖုန်းချန်ချင်းသည် မူလက လေးလံသောသံချပ်ကာကို ဝတ်ဆင်မထားခဲ့ပါက သူသည် ယခုထက်ပင် ပို၍ ကြေကွဲဖွယ်ကောင်းသော အခြေအနေတွင် ရှိနေလောက်သည်။
"မင်း..."
ဝူကျင့်အမတ်ကြီး အနည်းငယ် ကြက်သေသေသွားသည်။
သို့ရာတွင် သူသည် အတွေ့အကြုံရှိသော စစ်သူကြီးတစ်ဦးဖြစ်သဖြင့် လုယွီသည် ထူးခြားကြောင်း ချက်ချင်းသဘောပေါက်သွားပြီး လုယွီအတွက် နေရာပေးရန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။
ကောင်းကင်နှင့် မြေပြင်အကြားတွင် စစ်တပ်နှစ်ခု မျက်နှာချင်းဆိုင်နေကြသည်။ ထောင်နှင့်ချီသောလူများ၏ မျက်လုံးအကြည့်များအားလုံး လုယွီအပေါ်တွင် စူးစိုက်၍ကျရောက်နေသည်။
"ကောင်းတယ်... အရမ်းကောင်းတယ်...ဒီလိုခံစားချက်မျိုး မရတာကြာပြီ....တာယွီစစ်တပ်ထဲမှာ တိုက်ခိုက်နိုင်တဲ့ တစ်ယောက်တော့ ရှိနေသေးတာပါလား...."
ဖုန်းချန်ချင်းက ဖြည်းညှင်းစွာ မတ်တတ်ထရပ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးများကို သုတ်လိုက်ကာ သူ၏ မျက်လုံးများအတွင်း၌ ရူးသွပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူသည် သွေးနံ့ရသွားသော တောရိုင်းဝံပုလွေတစ်ကောင်နှင့် တူပြီး ရုတ်တရက် သူ့ထံမှနေ၍ သွေးဆာသော စိတ်ဆန္ဒတစ်ရပ် ပွင့်အံ့ထွက်လာသည်။
"ငါက တာယွီစစ်တပ်ထဲမှာ တိုက်ခိုက်နိုင်စွမ်းတဲ့ကောင်တွေကို ဖယ်ရှားဖို့ ဒီနေရာကို ရောက်လာတာပဲ.....မင်းကိုသတ်ရင် ငါ့အတွက် စစ်ရေးအောင်မြင်မှုရမှတ်တွေ ရလာလိမ့်မယ်"
ဖုန်းချန်ချင်း၏အသံသည် ပုံမှန်မဟုတ်တော့ဘဲ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လာသည်။
ဤသည်မှာ လူတစ်ယောက်၏အသံနှင့်မတူဘဲ သားရဲတစ်ကောင်၏ ဟိန်းဟောက်သံနှင့် ပိုတူနေသည်။
ဖုန်းချန်ချင်း၏ နဖူးပေါ်တွင် ဝံပုလွေစိတ်ဝိညာဉ် အမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ ရုတ်တရက် ဖောင်းကားလာပြီး သူ၏အရေပြားပေါ်တွင် သွေးကြောများ ထောင်ထလာကာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
အစွမ်းထက်သော အရှိန်အဝါတစ်ခုက အရပ်မျက်နှာအဘက်ဘက်သို့ လွှမ်းခြုံသွားပြီး လူများကို ဝံပုလွေအုပ်တစ်အုပ်၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားရစေသည်။ သူတို့သည် ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားမိလေ၏။
"မင်းက ရှေးဟောင်း မှော်သားရဲတစ်ကောင်ရဲ့ အစစ်အမှန်သွေးစက်ကို သုံးလိုက်တာလား....အဲဒါက မင်းရဲ့ မွေးရာပါ အရည်အချင်းကို အချိန်တိုအတွင်း တိုးမြှင့်ပေးနိုင်တယ်...ဒါပေမဲ့ ဒီလောက်ပဲ.....လူတစ်ယောက်ရဲ့ ပါရမီအရည်အချင်းက အကန့်အသတ်ရှိတယ်...မင်းက မွေးရာပါ သူတော်စင်တစ်ပါး ဖြစ်လာရင်တောင် ငါ့ကို လိုက်မမှီနိုင်ဘူး....."
လုယွီက ဖုန်းချန်ချင်း၏ နည်းလမ်းများကို တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက်မြင်လိုက်သည်။
အစောပိုင်းက ဖုန်းချန်ချင်းသည် မှော်သားရဲတစ်ကောင်၏ အစစ်အမှန်သွေးတစ်စက်ကို ထုတ်ယူကာ သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သည်။ ထို့နောက်မှသာ သူသည် ဤကဲ့သို့ ကြီးမားသည့် အရှိန်အဝါမျိုး ရရှိခဲ့ခြင်းဖြစ်ပေ၏။
မှော်သားရဲ၏အစစ်အမှန်သွေးစက်သည် သူ၏ မွေးရာပါ ပါရမီအရည်အချင်းကို ပြောင်းလဲပေးခဲ့ပြီး အချိန်တိုအတွင်း သူ၏ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်စေခဲ့သည်။ ဤည်မှာ လျှို့ဝှက်နည်းစနစ်နှင့် တူညီသော်လည်း ထိုအရာထက် ပို၍ ကြမ်းတမ်းသည်။
"မကောင်းတော့ဘူး.."
ဝူကျင့်အမတ်ကြီးက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
"သူက အရမ်းရက်စက်တယ်...မင်းက သူ့ပြိုင်ဘက် မဟုတ်နိုင်ရင် စခန်းထဲကို ဆုတ်ခွာလို့ရတယ်"
သူအလွန်သတိကြီးစွာ ထားနေသည်။ ဖုန်းချန်ချင်း ကျော်ကြားလာရသည့် အကြောင်းရင်းမှာ တိုက်ပွဲအောင်မြင်မှုများကို ဆက်တိုက်ရရှိခဲ့ခြင်းကြောင့်ပင်။
တာယွီတော်ဝင်နန်းတွင်း၏ အမတ်ကြီးများနှင့် မြင့်မြတ်သူဘွဲ့ထူးရထားသော ထိပ်သီးကျင့်ကြံသူများပင်လျှင် ဖုန်းချန်ချင်း၏ လက်အတွင်းတွင် သေဆုံးခဲ့ရသည်။
လုယွီသည် ငယ်ရွယ်ပြီး အစောပိုင်းက သူ၏တိုက်ခိုက်မှုသည် အလွန်အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသော်လည်း ဖုန်းချန်ချင်းကဲ့သို့သော ထိပ်သီးကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူ နိုင်မည်ရှုံးမည်ကို မသိနိုင်သေးချေ။
"အရေးမကြီးပါဘူး...."
လုယွီက လက်နှစ်ဖက်ကို နောက်ပစ်ပြီး တည်ငြိမ်စွာ ပြောဆိုသည်။
"ဖုန်းချန်ချင်း.....မင်း အခု ထွက်သွားနိုင်ပြီ...မင်းကို ငါ အသက်ရှင်ခွင့်ပေးမယ်...."
ဤစကားများက ဖုန်းချန်ချင်းကို လုံးလုံးလျားလျား ဒေါသထွက်သွားစေခဲ့သည်။
သူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ မိုးကောင်းကင်ယံတွင် ဝံပုလွေများ၏ ဟိန်းဟောက်သံကဲ့သို့ အသံများဖြင့် ပြည့်နှက်နေပြီး နားကွဲမတတ် ဆူညံနေသည်။
ထူထပ်သိပ်သည်းသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်သည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပေ၏။ တောင်ပေါ်မှ ဆင်းသက်လာသော ဝံပုလွေတစ်ကောင်မှ သားကောင်တွေ့သွားသကဲ့သို့ ဖုန်ချန်ချင်းသည် လုယွီအပေါ် ခုန်အုပ်လိုက်ပြီး သူ့ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုသည်။
ဘုန်း...
လေထုအတွင်းတွင် ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရသည်။ အစွမ်းထက်သော သတ်ဖြတ်လိုခြင်း အငွေ့အသက်များသည် လေဟာနယ်ကိုပင် ကြေမွသွားစေတော့မည့်အလားပင်။
"သေစမ်း..."
ဖုန်းချန်ချင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူသည် လုယွီ၏ ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။ သူ၏ လက်သီးသည် လုယွီနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိသွားပေ၏။
Chapter 4650
ဖုန်းချန်ချင်း၏လက်သီးချက်သည် အလွန်အားပြင်းပြီး လျှပ်စီးပစ်ခတ်လိုက်သည့်အလား မျက်စိတစ်မှိတ်စာ အချိန်အတွင်းမှာပင် ရောက်ရှိလာသည်။
ဤသည်မှာ ပြိုင်ဘက်ကို ရှောင်တိမ်းခွင့်မပေးချေ။ ပတ်ဝန်းကျင်နေရာတဝိုက်တွင် သတ်ဖြတ်လိုခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး လုယွီကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ရန် ဆုံးဖြတ်ထားပုံရသည်။
အဝေးမှ စောင့်ကြည့်နေသော စစ်သားများသည် သူတို့၏ မျက်လုံးများကို မပိတ်ဘဲ မနေနိုင်တော့ချေ။
ဤသည်မှာ သူတို့ မကြည့်ရဲ၍ မဟုတ်ဘဲ ထိုလက်သီးချက်၏ စွမ်းအားသည် အလွန်တုန်လှုပ်ဖွယ်ကောင်းသောကြောင့်ပင်။ သူတို့သည် အဝေးမှ ကြည့်နေသည့်တိုင် ကြောက်ရွံ့မှုလှိုင်းတစ်လှိုင်းကို ခံစားနေရဆဲပင်။
"ဘုန်း....."
နောက်ထပ်အချိန်တခဏတွင် ဖုန်းချန်ချင်း၏ လက်သီးချက်သည် လုယွီ၏ ရှေ့မှ လေဟာနယ်အတွင်းသို့ ထွင်းဖောက်တိုးဝင်လာပေ၏။
လေဟာနယ်သည် တွန့်လိမ်စပြုလာကာ ပုံပျက်သွားပြီး ပတ်ဝန်းကျင်မှ နားကွဲလုမတတ် ပေါက်ကွဲသံများ ဆက်တိုက်ကြားနေရသည်။
ဤလက်သီးသည် လုယွီနှင့် လက်တစ်ကမ်းအကွာတွင်သာ ရှိသော်လည်း သူတို့နှစ်ယောက်ကြားတွင် ဧရာမချောက်ကမ်းပါးကြီးတစ်ခု ခြားနေသကဲ့သို့ပင်။
ဖုန်းချန်ချင်းသည် မည်မျှပင် စွမ်းအားသုံးသည်ဖြစ်စေ သူသည် လုယွီ၏အကာအကွယ်ကို ထိုးဖောက်နိုင်ခြင်း မရှိချေ။
"ဒါက"
ဝူကျင့်အမတ်ကြီး၏ မျက်နှာပေါ်တွင် အံ့အားသင့်တုန်လှုပ်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
သူသည် ဖုန်းချန်ချင်းနှင့် အနီးဆုံးဖြစ်သောကြောင့် ဤလက်သီးချက်၏စွမ်းအားကို ရှင်းလင်းစွာ ခံစားနိုင်သည်။
ဤလက်သီးချက်သည် စွမ်းအားကုန် ထုတ်လွှတ်လိုက်ခြင်းဖြစ်ပြီး ထိုအရာ၏စွမ်းအားသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။။ သူကိုယ်တိုင်ပင်လျှင် ဤှလက်သီးချက်ကို ခံနိုင်ရည်ရှိမည်ဟု အာမမခံနိုင်ချေ။
သို့ရာတွင် ဤကဲ့သို့ ကြမ်းတမ်းသော လက်သီးချက်သည် လုယွီ၏ ခန္ဓာကိုယ်ပေါ်သို့ပင် မကျရောက်နိုင်ခဲ့ပေ။ ဤသည်မှာ မယုံကြည်နိုင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
"ငါမင်းကိုသတ်မယ်...."
ဖုန်းချန်ချင်းသည် ရူးသွပ်သွားခဲ့လေပြီ။ သူ၏ခန္ဓာကိုယ်တွင် ဝံပုလွေသားရဲကြီးတစ်ကောင် ပူးကပ်နေသည့်အလားပင်။
သူ ထိုးနှက်လိုက်သော လက်သီးချက်တိုင်းတွင် တောင်များကို ပြိုလဲပြီး ပင်လယ်များကို မှောက်လှန်နိုင်သော စွမ်းအားတစ်ခု ပါဝင်နေပြီး လေဟာနယ်အတွင်း၌ ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။
ဘန်း.... ဘန်း...ဘန်း....
ပြင်းထန်သောအသံများ အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာသည်။ တလိမ့်လိမ့်ထလာသော လေလှိုင်းများက ပျံ့နှံ့သွားပြီး နေ လ နှင့် ကြယ်များကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည်။
လုယွီသည် ကြမ်းတမ်းသော မုန်တိုင်းအလယ်တွင် ရှိနေသော်လည်း အနည်းငယ်မျှ ထိတ်ထိတ်ပျာပျာ ဖြစ်မသွားချေ။။ သူ၏လက်တစ်ဖက်ကို နောက်ပစ်ထားကာ တခြားလက်တစ်ဖက်ကို မြှောက်ပြီး ဖုန်းချန်ချင်းကို ပေါ့ပေါ့ပါးပါး ရိုက်နှက်လိုက်သည်။
ဤလက်ဝါးက ဖုန်းချန်ချင်း၏ ရင်ဘတ်ကို တန်းတန်းမတ်မတ် ထိမှန်သွားပေ၏။
ဖုန်းချန်ချင်းထံမှ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။ ရုတ်ချည်းဆိုသလိုပင် သူသည် မီတာတစ်ထောင်ကျော်အကွာသို့ လွင့်စင်သွားပြီး ထန်စစ်တပ်၏ စစ်သင်္ဘောတစ်စင်းနှင့် ရိုက်ခတ်မိသွားသည်။
ဤစစ်သင်္ဘောကို လေးလံသော သံချပ်ကာများဖြင့် ဖုံးလွှမ်းထားပြီး ထိုအရာ၏ကိုယ်ထည်တစ်ခုလုံးကို သံမဏိနက်ဖြင့် သွန်းလုပ်ထားကာ ဖျက်ဆီး၍မရနိုင်လု နီးပါးပင်။
သို့ရာတွင် ဖုန်းချန်ချင်း လွင့်စင်လာချိန်တွင်စစ်သင်္ဘော၌ နက်ရှိုင်းသော ချိုင့်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။ ဖုန်းချန်ချင်းသည် အပျက်အစီးပုံအတွင်းသို့ လဲကျသွားကာ သွေးများ နေရာအနှံ့ စီးဆင်းသွားသည်။
စောင့်ကြည့်နေသူတိုင်း ကြက်သေသေသွားကြသည်။
လုယွီသည် ဖုန်းချန်ချင်းကို ဤအခြေအနေအထိ ရိုက်နိုင်ရန် သူ့ထံတွင် မည်သည့်စွမ်းအားမျိုး ရှိနေသနည်း။
"ဗိုလ်ချုပ်..."
"ဗိုလ်ချုပ်ဖုန်း..."
အနီးပတ်ဝန်းကျင်ရှိ ထန်စစ်သားများ ထိတ်လန့်သွားပြီး သူ့ကို ဝိုင်းရံလိုက်ကြသည်။
"ဖယ်ကြစမ်း"
ဖုန်းချန်ချင်းက ဒေါသတကြီး အော်ငေါက်လိုက်ပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ရုန်းကန်ထလာသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများစိုရွှဲနေပြီး ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းပေ၏။
"ငါ မရှုံးသေးဘူး.... ခုဏက မင်း ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ဘာမှော်ရတနာကို သုံးလိုက်တာလဲ"
ဖုန်းချန်ချင်း၏ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး ရှေ့သို့ နောက်တစ်ကြိမ် ပြေးဝင်လာသည်။
ဖုန်းချန်ချင်း ပြေးဝင်လာသည်ကို ကြည့်ရင်း လုယွီ၏ မျက်နှာပေါ်တွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"မှော်ရတနာ....မင်းနဲ့တိုက်ဖို့ ငါက မှော်ရတနာတွေ လိုသေးလို့လား..."
လုယွီ၏အမူအယာသည် အေးစက်တင်းမာနေပြီး ဧကရာဇ်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်ကာ သက်ရှိအားလုံးကို အပေါ်စီးမှ ကြည့်နေသကဲ့သို့ပင်။
ဖုန်းချန်ချင်း၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း လုယွီ၏ သွေးချီစွမ်းအားများ ဆူပွက်လာသည်။ သူသည် သူ၏လက်ကို နဂါးနက်တစ်ကောင်၏ လက်သည်းကဲ့သို့ ဆန့်တန်းလိုက်ရာ ထိုအရာ၏စွမ်းအားသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပြီး မခန့်မှန်းနိုင်လောက်အောင် ဖြစ်နေသည်။
နဂါးဖမ်းလက်....
နားကွဲမတတ်ကျယ်လောင်သော နဂါးဟိန်းသံတစ်သံက မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
အဆုံးအစမရှိ အားကောင်းသော မှော်စွမ်းအားများသည် နဂါးနက်လက်သည်းတစ်ခုအဖြစ် စုစည်းသွားပြီး လေထုအတွင်းမှ ကျဆင်းလာကာ ကောင်းကင်ကို ဖျက်ဆီးပြီး မြေကြီးကို ပြိုလဲစေနိုင်သည်။
ဘန်း....
ဤတစ်ကြိမ်တွင် ဖုန်းချန်ချင်းသည် ပို၍ပင် ဝေးလံစွာ လွင့်စင်သွားပြီး ထန်စစ်တပ်၏ တိုက်ပွဲဝင်ဝင်္ကပါအတွင်းသို့ တန်းတန်းမတ်မတ် ထိုးကျသွားသည်။
ထန်စစ်တပ်သည် ချက်ချင်းဆိုသလိုပင် ပရမ်းပတာဖြစ်သွားလေ၏။
ထန်စစ်သားအမြောက်အများသည် ဖုန်းချန်ချင်းကို ဖမ်းဆွဲရန် သူတို့၏ လက်များကို အလျင်အမြန် ဆန့်တန်းလိုက်ကြသည်။ သို့ရာတွင် ထိုစွမ်းအားသည် အလွန်ပြင်းထန်သဖြင့် သူတို့အနက်မှ အမြောက်အများ လဲကျသွားမည်ဟု မျှော်လင့်မထားခဲ့ကြပေ။
ငိုကြွေးမြည်တမ်းသံများနှင့် အော်ဟစ်သံများကို အဆုံးမရှိ ကြားနေရသည်။
ဤတစ်ကြိမ်တွင် တာယွီစစ်စခန်းမှ ထိပ်သီးကျင့်ကြံသူများပင်လျှင် အံ့အားသင့်နေကြသည်။