← Chapters

အခန်း (၄၆၅၁-၄၆၅၅)

Vol. 236 Ch. 4651-4655

အခန်း (၄၆၅၁-၄၆၅၅)

Vol. 236 Ch. 4651-4655

Chapter 4651

သူတို့သည် အစောပိုင်းက နံဘေးမှ စောင့်ကြည့်နေခဲ့ကြသော်လည်း ယခုချိန်၌ ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် သူတို့အားလုံး ထွက်ပေါ်လာကြသည်။

တပ်မှူးများနှင့် စစ်ဗိုလ်ချုပ်များ လုယွီ၏ နောက်တွင် ပေါ်လာကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

လုယွီ၏ တိုက်ခိုက်မှုသည် လူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

ထိုဖုန်းချန်ချင်းမှာ မည်သူနည်း။ သူသည် ကောင်းရှစ်ကျီး၏လက်အောက်က နံပါတ်တစ် စစ်သူကြီးဟု ဆိုနိုင်သည်။

ကျားလှောင်အိမ်ခံတပ် ကျဆုံးခဲ့စဉ်က ဖုန်းချန်ချင်းသည် ကောင်းရှစ်ကျီး၏ ရှေ့မှ လမ်းဖောက်ပြီး တိုက်ခိုက်ခဲ့သည်။ သူ့ကို တာယွီစစ်တပ်၏အိပ်မက်ဆိုးဟု ဆိုနိုင်ပေ၏။

"သူက အရမ်းငယ်တယ်.... သူက ဘယ်မိသားစုကနေ လာတာလဲ မသိဘူး"

"သူက ထိပ်သီးမိသားစုတစ်စုက ပါရမီရှင်တစ်ယောက်များလား...ဒါပေမဲ့ သူ့ကို ငါ တစ်ခါမှ မမြင်ဖူးဘူး"

"သူက အဲ့ဒီမိသားစုတွေက ပါရမီရှင်တစ်ယောက် မဟုတ်လောက်မှာကို ငါ စိုးရိမ်တယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က လုမိသားစုရဲ့ သခင်လေးတစ်ယောက် တိုက်ခိုက်ခဲ့တယ်...အစပိုင်းမှာ သူက တော်တော်အားကောင်းတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ စစ်မြေပြင်မှာပဲ သေသွားခဲ့တယ်"

ပတ်ဝန်းကျင်မှ လူများသည် လုယွီ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းရန် ကြိုးစားရင်း အချင်းချင်း ဆွေးနွေးနေကြသည်။

ဝူကျင့်အမတ်ကြီးက ဤသည်ကို မြင်ချိန်တွင် သူ၏ မျက်နှာပေါ်မှ တင်းမာနေသောအမူအယာသည် နောက်ဆုံး၌ ပြေလျော့သွားပေ၏။

လုယွီသည် ကြိုတင်ပြင်ဆင်လာခဲ့ပြီး စွမ်းအားနှင့် အခြေခံအုတ်မြစ်သည် ဖုန်းချန်ချင်းထက် များစွာသာလွန်ကြောင်း သူရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်သည်။

"လူခွဲကြစမ်း...သူကို အနှောက်အယှက်မဖြစ်စေနဲ့"

ဝူကျင့်အမတ်ကြီးက အမိန့်ပေးလိုက်သည်။

စစ်ဗိုလ်ချုပ်အားလုံး အလျင်အမြန် ဘေးသို့ ဖယ်သွားပြီး အဝေးမှ စောင့်ကြည့်နေကြသည်။ လူတိုင်းသည် နောက်ဆုံးရလဒ် မည်သို့ဖြစ်လာမည်ကို မြင်ချင်နေကြသည်။

"အား..."

ဖုန်းချန်ချင်းသည် နောက်တစ်ကြိမ် ရုန်းကန်ထလာပြီး သူ၏ နဖူးမှ သွေးများ တစ်စက်စက် စီးကျနေသည်။

သူ၏ခန္ဓာကိုယ်လုံးတစ်ခုလုံးတွင် ယခုချိန်၌ သွေးများဖြင့် စိုရွှဲနေပြီး ငရဲမှ တွားသွားထွက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။ သူ၏ မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းပြီး နံဘေးပတ်ဝန်းကျင်တွင် သွေးနံ့များဖြင့် ပြည့်နှက်နေသည်။

"မင်းက ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဆိုတာ ငါ မြင်တယ်...မင်းရဲ့ ရုပ်ခန္ဓာကိုယ်က တကယ့်ကို အရမ်းသန်မာတယ်"

ဖုန်းချန်ချင်း၏ မျက်လုံးများအတွင်းတွင် အလင်းတန်းအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူ နောက်တစ်ကြိမ် တွားသွားထလာသည်။

သူသည် လုယွီထံသို့ ခြေတစ်လှမ်းချင်း လျှောက်လှမ်းလာပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပို၍ပင် အားကောင်းလာသည်။

သူ၏ဘေးမှ လူများသည် ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရသည်။ သူသည် လူသားတစ်ယောက် ဟုတ်ပါသလော။ ဤမျှထိ အရိုက်ခံရပြီးနောက် သူ မည်သည်ကြောင့် ပြန်ထလာနိုင်သနည်း။

လုယွီက မျက်ခုံးပင့်ကာ အံ့အားသင့်သွားသောအသံဖြင့် ပြောဆိုသည် ။

"ဒါဆို မင်း ကျင့်ကြံနေတဲ့ ကျင့်ကြံနည်းစနစ်တွေကြောင့်ကိုး... မင်း ရုပ်သေးဘယ်နှစ်ရုပ် မွေးထားတာလဲ...."

လုယွီသည် နောက်ဆုံး လက်ဝါးရိုက်ချက်အနည်းငယ်တွင် သူ၏ခွန်အားအကုန်အစင် မသုံးခဲ့သော်လည်း ဤသည်မှာ ဖုန်းချန်ချင်း ခံနိုင်ရည်ရှိမည့်အရာမျိုး မဟုတ်ချေ။

ဖုန်းချန်ချင်း မတ်တတ်ထနိုင်သေးသည့် အကြောင်းအရင်းမှာ သူ ကျင့်ကြံသော ကျင့်ကြံနည်းစနစ်များကြောင့်ပင်။

ထိုကျင့်ကြံနည်းစနစ်သည် ယုတ်မာသော နတ်ဆိုးပညာရပ်တစ်ခုပင်။ ဤနည်းစနစ်သည် လူ့အသားကို အရိုးအဖြစ် သွေးများကို ဝိညာဉ်အဖြစ် အသုံးပြုသည်။ ထိုအရာများကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပြီး အစားထိုး ရုပ်သေးတစ်ခုအဖြစ် သန့်စင်ထားသည်။

သူ သေစေနိုင်သော ဒဏ်ရာရရှိချိန်တွင် ပျက်စီးမှုတစ်စိတ်တစ်ပိုင်းကို ရုပ်သေးက ခံယူပေးသည်။

ဤကဲ့သို့သော ရုပ်သေးတွင်လည်း ကန့်သတ်ချက်များရှိသည်။ ထိုအရာသည် နည်းစနစ်အသုံးပြုသူနှင့် နီးကပ်သောအကွာအဝေးတွင် ရှိနေရပေမည်။ ထိုသို့မဟုတ်ပါက ရုပ်သေး၏အစွမ်း ပျောက်ဆုံးသွားပေမည်။

လုယွီက မလှမ်းမကမ်းတွင် ပြွတ်သိပ်စွာရှိနေသော ထန်စစ်သားများကို ကြည့်လိုက်သည်။ ဖုန်းချန်ချင်း၏ အစားထိုး ရုပ်သေးသည် ထိုစစ်သားများအတွင်းတွင် ရှိနေကြောင်း သိသာထင်ရှားသည်။

ဖုန်းချန်ချင်း၏ခန္ဓာကိုယ် ယိမ်းယိုင်နေပြီး အေးစက်စက်အပြုံးနှင့် ပြောဆိုသည်။

"မင်းရဲ့ရုပ်ခန္ဓာကိုယ်က သန်မာရင်တောင် ဘာဖြစ်လာမှာမလို့လဲ.... ငါ မင်းနဲ့ အနီးကပ်မတိုက်ဘူး...ငါ မင်းရဲ့ စိတ်ဝိညာဉ်ကို ဖျက်ဆီးလိုက်တာနဲ့ မင်း အလိုလို သေသွားလိမ့်မယ်"

ထို့နောက် သူ၏လက်များဖြင့် လက်စည်းသင်္ကေတတစ်ခု ဖွဲ့စည်းလိုက်ကာ ရှည်လျားပြီး ငြီးငွေ့ဖွယ် မှော်မန္တန်တစ်ပုဒ်က ရုတ်တရက် သူ၏ ပါးစပ်မှ ထွက်ပေါ်လာသည်။

ဤအသံသည် ညသန်းခေါင်ယံတွင် ကြားရသော လေတိုးသံများအလား စူးရှပြီး ကြောက်မက်ဖွယ်ကောင်းသည်။

ဖုန်းချန်ချင်း၏ ခန္ဓာကိုယ်ပတ်လည်တွင် ရှင်းလင်းသော မျဉ်းကြောင်းများ ပေါ်လာသည်။ ဤမျဉ်းကြောင်းများအားလုံးသည် ကောင်းကင်ဘုံနယ်မြေတွင် ပျောက်ဆုံးသွားခဲ့သော ရှေးဟောင်းသင်္ကေတအက္ခရာများဖြစ်ကြပြီး ရှေးဟောင်း မျိုးနွယ်အချို့သာ ယခုထိ အသုံးပြုနေကြသည်။

လူအများသည် ပတ်ဝန်းကျင်ရှိလေထု အေးစက်လာသည်ကို ခံစားမိလေ၏။

ယင်ချီစွမ်းအင်များ ဖုန်းချန်ချင်း၏ နောက်မှ ပျံ့နှံ့ထွက်လာသည်။ ထို့နောက် ခေါင်းသုံးလုံး လက်ခြောက်ဖက် ခြေထောက်အောက်တွင် အရိုးပေါင်း ထောင်ချီရှိပြီး ချွန်ထက်သော သွားများနှင့် အရိုးစုတစ်ခုကို ကိုင်ဆောင်ထားသော မိစ္ဆာတစ်ကောင်က ဖုန်းချန်ချင်း၏ နောက်ကျောမှ ထွက်ပေါ်လာသည်။

"ဝူး ဝူး ဝူး..."

ငိုရှိုက်သံတစ်သံက လေဟာနယ်အတွင်းတွင် ပဲ့တင်ထပ်သွားသည်။

ထိုမိစ္ဆာ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်တည်း ဟိန်းဟောက်သံတစ်သံ ပြုလိုက်သည်။ သူ၏မျက်လုံးခြောက်လုံးမှ ထူးဆန်းသော အနီရောင်အလင်းတန်းများ ထုတ်လွှတ်ပြီး သူ၏ ရှေ့မှ လူတိုင်းကို ကြည့်လိုက်၏။

Chapter 4652

"ဒီ ဖုန်းချန်ချင်းက ထန်အင်ပါယာရဲ့ နာမည်ကြီး စစ်သူကြီးတစ်ယောက်ပဲ....ဘာလို့ သူက ဒီလို ယုတ်မာတဲ့ နည်းလမ်းကို သုံးနေရတာလဲ"

တာယွီမှစစ်ဗိုလ်ချုပ်များက တီးတိုးပြောဆိုလိုကြသည်။

သူတို့သည် တိုက်ပွဲအနီးသို့ မချဥ်းကပ်ကြချေ။ ဤမိစ္ဆာသည် အလွယ်တကူ ရင်ဆိုင်နိုင်မည့်အရာ မဟုတ်သဖြင့် သူတို့ တိုက်ခိုက်နိုင်မည် မဟုတ်ကြောင်း သိသာထင်ရှားနေသည်။

"ညီလေး... သတိထား..."

ဝူကျင့်အမတ်ကြီးက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"ဖုန်းချန်ချင်းက တစ္ဆေထိန်းချုပ်ခြင်း လျှို့ဝှက်နည်းစနစ်ကို ကျွမ်းကျင်ပြီးတော့ သူက လူတွေရဲ့ စိတ်ဝိညာဉ်တွေကို အသားပေးတိုက်ခိုက်တယ်... သူရဲ့တိုက်ခိုက်မှုက ပေါ်လိုက်ပျောက်လိုက်နဲ့ ခန့်မှန်းလို့မရတာကြောင့် သူ့ကို ကာကွယ်ဖို့ မဖြစ်နိုင်ဘူး... ကျင့်ကြံသူတွေအများကြီးက သူ့ရဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုအောက်မှာ သေဆုံးခဲ့ရတယ်"

ဖုန်းချန်ချင်းကလည်း ဤစကားများကို ကြားလိုက်သည်။

သူက ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ပြောဆိုလိုက်၏။

"အခု ဘာပြောပြော နောက်ကျသွားပြီ.... သေလိုက်တော့"

ယင်မိစ္ဆာက ဟိန်းဟောက်ပြီး ရုတ်တရက် ပျံသန်းထွက်လာကာ လုယွီ၏ နဖူးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

စောင့်ကြည့်နေသူများသည် မြူခိုးများ ဖုံးလွှမ်းနေသော အနက်ရောင်အရိပ်တစ်ခု ရုတ်တရက် ထွက်လာပြီး လုယွီ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်ကိုသာ မြင်နိုင်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် လုယွီသည် နေရာမှာပင် တောင့်တင်းသွားပြီး မလှုပ်ရှားတော့ချေ။

"မကောင်းတော့ဘူး... သူ ဒါကို မကာကွယ်နိုင်ခဲ့ဘူး"

ဝူကျင့်အမတ်ကြီး၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလိုပင် လုယွီ၏ ရှေ့တွင် ကာဆီးလိုက်သည်။

တခြားစစ်ဗိုလ်ချုပ်များသည် အခြေအနေမကောင်းသည်ကို မြင်ချိန်၌ သူတို့သည် ဖုန်းချန်ချင်း၏ တိုက်ခိုက်မှုကို တားဆီးရန် ရှေ့သို့အလျင်အမြန် ပျံသန်းလိုက်ကြသည်။

"ဟားဟားဟား.... ကြက်တွေ ခွေးတွေလို အသုံးမကျတဲ့ကောင်တွေနဲ့ ငါ့ကို တားနိုင်မယ်လို့ ထင်နေကြတာလား... သေကြစမ်း"

ဖုန်းချန်ချင်း၏ မျက်လုံးများသည် ပယင်းရောင်သို့ ပြောင်းလဲသွားပြီး သူက လက်စည်းသင်္ကေတတစ်ခုကို ပြုလုပ်လိုက်သည်။ သူသည် တစ္ဆေပေါင်းထောင်ချီ၏အရှင်သခင်အလား ချက်ချင်းဆိုသလိုပင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသော မိစ္ဆာရာပေါင်းများစွာကို ဆင့်ခေါ်ပြီး လူအုပ်အတွင်းသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။

တာယွီစစ်ဗိုလ်ချုပ်အမြောက်အများသည် ဖုန်းချန်ချင်း၏ အနားသို့ မရောက်မီမှာပင် ထိုမိစ္ဆာများသည် သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေ၏။ သူတို့သည် တောင်စဉ်ရေမရစကားများကို ပြောဆိုကာ မြေပြင်ပေါ်၌ လူးလိမ့်ပြီး ငိုကြွေးနေကြသည်။

ဤသည်မှာ စိတ်ဝိညာဉ်ကို အထူးပစ်မှတ်ထားသော တိုက်ခိုက်မှုဖြစ်ပြီး အရပ်မျက်နှာအဘက်ဘက်သို့ လွှမ်းခြုံသွားသည်။ တာယွီစစ်ဗိုလ်ချုပ်အားလုံး နာကျင်စွာ အော်ဟစ်လိုက်ကြ၏။

ဝူကျင့်အမတ်ကြီး၏ မျက်နှာပင်လျှင် ဖြူဖျော့သွားပြီး သူသည် မိုးကြိုးပစ်ခံရသည့်အလား နောက်သို့ ထပ်ခါတလဲလဲ ဆုတ်နေရသည်။

"ဒီလူတွေက စိုးရိမ်စရာမရှိဘူး... ငါ မင်းကို အရင်သတ်မယ်... ပြီးရင် ဒီနေ့ ငါ့ရဲ့တာဝန် ပြီးမြောက်ပြီ"

ဖုန်းချန်ချင်း၏ မျက်လုံးများအတွင်း၌ အေးစက်သော အလင်းရောင်များ ဖြတ်ပြေးသွားသည်။

သူသည် ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် လှမ်းကာ သူ၏လက်ကို ဆန့်တန်းပြီး လုယွီကို နေရာမှာပင် သတ်ဖြတ်လိုသည်။

ဤလုပ်ဆောင်ချက်များသည် လျှပ်ပျက်သကဲ့သို့ လျင်မြန်သည်။ မျက်စိတစ်မှိတ်စာ အချိန်အတွင်းမှာပင် သူသည် လုယွီ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

သို့ရာတွင် ဤအချိန်၌ တင်းတင်းပိတ်ထားခဲ့သော လုယွီ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သူ၏ မျက်လုံးများသည် မမျှော်လင့်ဘဲ ကြည်လင်နေပေ၏။

သူသည် ယင်မိစ္ဆာ၏ အကျိုးသက်ရောက်မှုကို လုံးဝမခံရခဲ့ချေ။

ဖုန်းချန်ချင်း၏ အမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။ လုယွီ၏ ခန္ဓာကိုယ်အတွင်းတွင် ယင်မိစ္ဆာ၏ တည်ရှိမှုကို သူ မခံစားနိုင်တော့ကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။

"ငါ ပြောရမယ်ဆိုရင် မင်းက ဒီရှေးဟောင်းခေတ်က ပျောက်ဆုံးသွားတဲ့ ပညာရပ်တွေကို တကယ်ကြီး သင်ယူထားတာပဲ...မင်းရဲ့ကံက မဆိုးဘူး...ကံဆိုးတာတစ်ခုတော့ မင်းက ငါနဲ့ တွေ့သွားတယ်"

လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။

ဤမိစ္ဆာများသည် တစ္ဆေနှင့်တူသော်လည်း တစ္ဆေမဟုတ်ပေ။ ဤသည်မှာ လူသားများ၏ စိတ်ဆန္ဒဖြင့် မွေးမြူထားသော ယင်ဝိညာဉ်များ ဖြစ်ကြသည်။

ယင်ဝိညာဉ်များ မွေးဖွားလာသည့်အချိန်မှစ၍ သူတို့သည် မှော်မန္တန်ရွတ်ဆိုသူ၏ စိတ်ဆန္ဒကို ကိုယ်စားပြုသည်။ သူတို့ကို မည်သို့ပင် လုပ်ခိုင်းစေကာမူ သူတို့က မညည်းမညူ လုပ်ဆောင်ကြပေမည်။

စစ်သားတစ်ယောက်သည် ခန္ဓာကိုယ်အပြင်ဘက်တွင် သံချပ်ကာရှိပြီး အတွင်းဘက်တွင် မှော်စွမ်းအားရှိသည်။ ဤသည်မှာ ပြီးပြည့်စုံသော ခန္ဓာကိုယ်ဖြစ်သော်လည်း စိတ်ဝိညာဉ်သည် အားနည်းပေ၏။ တစ်စုံတစ်ယောက်သည် အနည်းငယ် သတိမထားမိပါက စိတ်ဝိညာဉ်ကို ထိခိုက်သွားစေနိုင်သည်။

ဤသည်မှာ လူသားတစ်ယောက်၏ အားနည်းချက်ပင်။

ဖုန်းချန်ချင်းက လုယွီ၏ ရုပ်ခန္ဓာကိုယ်သည် သန်မာကြောင်း ပြောနိုင်သော်လည်း လုယွီ၏ စိတ်ဝိညာဉ်မှာလည်း အားကောင်းလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

ယင်မိစ္ဆာသည် လုယွီ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် တပြိုင်နက်တည်း ဝါးမြိုခြင်းခံလိုက်ရပြီး မည်သည့်အရာမျှ မကျန်ခဲ့ပေ။

"ခရက်..."

လုယွီက လက်ကိုမြှောက်ကာ ဆုပ်လိုက်သည်။ ဖုန်းချန်ချင်း၏လက်မှ အရိုးများ ကျိုးကြေသွားသည့် အသံတစ်သံကို ကြားလိုက်ရသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ဖုန်းချန်ချင်း၏ လက်သည် ထူးဆန်းသော ထောင့်ချိုးတစ်ခုဖြင့် လိမ်သွားပြီး လုယွီက ထိုလက်ကို ဂုန်လျှော်ကြိုးလိမ်သကဲ့သို့ အတင်းကြပ် လိမ်လိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် လုယွီက ပြင်းထန်စွာ ဆောင့်ဆွဲလိုက်ရာ ထိုလက်မှ သွေးများဖြာထွက်လာခြင်းနှင့်အတူ အတင်းကြပ်ဆွဲဖြုတ်ခြင်းခံလိုက်ရသည်။

သွေးစက်များ ဖြာကျလာပြီး ဖုန်းချန်ချင်းက စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။

နောက်ထပ်အချိန်တခဏတွင် လုယွီက ပတ်ဝန်းကျင်မှ ယင်မိစ္ဆာများအားလုံးကို ဝါးမြိုလိုက်ပြီး ထိုအရာများကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူကာ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲလိုက်သည်။

Chapter 4653

ယင်မိစ္ဆာများသည် သန့်စင်သော ချီစွမ်းအားများအဖြစ်သို့ ပြောင်းလဲကာ လုယွီထံသို့ ရောက်ရှိသွားသည်။

သူ၏ ခန္ဓာကိုယ်အတွင်းမှ တလိမ့်လိမ့်ထနေသော စွမ်းအားကို တိတ်ဆိတ်စွာ ခံစားပြီးနောက် လုယွီက ပြောဆိုသည် ။

"မင်းဒီကို ရောက်လာမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့"

လုယွီ တိုက်ခိုက်တော့မည်ကို မြင်ချိန်၌ ဖုန်းချန်ချင်းသည် နာကျင်မှုကို ခံနိုင်ရည်ရှိစွာဖြင့် နောက်သို့ပြန်လှည့်ပြီး ဆုတ်ခွာသွားသည်။

သူ၏ခန္ဓာကိုယ်အတွင်းမှ နာကျင်မှုသည် မခံမရပ်နိုင်ဖြစ်နေသော်လည်း ဖုန်းချန်ချင်းသည် သူ၏ ဆင်ခြင်တုံတရား တစ်စိတ်တစ်ပိုင်းကို ထိန်းသိမ်းထားဆဲပင်။

သူသည် လုယွီနှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ရမည်ဆိုပါက ကောင်းမွန်သော အဆုံးသတ်ကို မည်သို့မျှ ရရှိနိုင်မည်မဟုတ်ချေ။

"မင်းက သွားချင်တာလား.... ငါမင်းကို သွားခွင့်ပေးခဲ့လို့လား"

လုယွီ၏အသံသည် တည်ငြိမ်နေပြီး ထွက်ပြေးနေသော တောခွေးရိုင်းတစ်ကောင်ကို လိုက်ဖမ်းနေသည့်အလားပင်။

လုယွီက နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ဖုန်းချန်ချင်း၏ခန္ဓာကိုယ်ပေါ်မှ အရိုးများသည် တစ်လက်မချင်းစီ ကျိုးသွားပြီး သူ၏ ရင်ဘတ်ပင် အနည်းငယ် ချိုင့်ဝင်သွားသည်။ သူ၏ ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ မှော်စွမ်းအားများ ဖရိုဖရဲဖြစ်သွားလေ၏။ သူသည် အလွန်သနားဖွယ်ကောင်းသော အခြေအနေတွင် ရှိနေသည်။

ဖုန်းချန်ချင်းသည် ကောင်းရှစ်ကျီး၏လက်အောက်မှ နံပါတ်တစ် စစ်သူကြီးအဖြစ် လူသိများပြီး သူရဲကောင်းဆန်သော အရှိန်အဝါရှိသည်။ သို့ရာတွင် သူ ဤကဲ့သို့ အဆုံးသတ်နှင့် ကြုံတွေ့ခဲ့ရသည်။

"သူက ဘယ်သူလဲ...သူ့မှာ ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းအားတွေ ရှိနေတာလဲ"

"ဖုန်းချန်ချင်းက သူ့ပြိုင်ဘက် မဟုတ်ဘူး...ဘာလို့ ငါက ဒီလို ထိပ်သီးကျင့်ကြံသူတစ်ယောက်အကြောင်း အရင်က မကြားဖူးတာလဲ"

လူများအားလုံး ထိတ်လန့်တုန်လှုပ်နေကြပြီး သူတို့ရှေ့မှ မြင်ကွင်းကို စူးစိုက်ကြည့်နေကြသည်။

"ဒီနေ့ မင်းအသက်ကို ဒီမှာထားခဲ့ရမယ်"

လုယွီက သူ့နောက်သို့ ခြေတစ်လှမ်းချင်း လိုက်သွားသည်။

သူသည် ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ ထင်ရသော်လည်း လုယွီ ခြေတစ်လှမ်းလှမ်းတိုင်း သူသည် မိုင်ပေါင်းများစွာ ချက်ချင်း ရွှေ့ပြောင်းသွားပြီး လကိုလိုက်သော ကြယ်တံခွန်ကဲ့သို့ပင်။ သူသည် ပျံသန်းနေသော ကြယ်တစ်လုံးကဲ့သို့ လျင်မြန်စွာ လျှောက်လှမ်းပြီး ဖုန်းချန်ချင်း၏ နောက်သို့ တောက်လျှောက်လိုက်နေသည်။

ထန်စစ်သားအုပ်စုတစ်စုသည် ဖုန်းချန်ချင်းကို ကယ်တင်ရန် ပြေးထွက်လာကြသော်လည်း လုယွီက သူ၏လက်ဝါးကိုမြှောက်ပြီး ရိုက်ချလိုက်ရာ ထန်စစ်တပ် စစ်ဗိုလ်ချုပ်များ လွင့်ထွက်သွားပေ၏။

"ထူးဆန်းလိုက်တာ၊ ဘာလို့ မင်းကို အရင်က ဘာလို့မမြင်ဖူးတာလဲ...မင်းရဲ့နာမည်ကို ပြောစမ်း"

ကြယ်တာရာများပြည့်နေသော မိုးကောင်းကင်ယံတွင် တည်ငြိမ်သော အသံတစ်သံက မိုးခြိမ်းသံကဲ့သို့ မြည်ဟီးလာပြီး နားကွဲမတတ် ဆူညံသွားသည်။

ပင်လယ်လေးစင်းသည် ပြင်းထန်စွာ တုန်ခါသွားပြီး လူအမြောက်အများသည် ထိုအသံကို မခံနိုင်တော့ပေ။ မြင်းများ၏ဟီသံနှင့် သူတို့၏ နှလုံးသားများ တုန်ခါမှုကြောင့် သူတို့၏ စိတ်နှလုံးသားများအတွင်းတွင် အဆုံးမရှိသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

"ခေါင်းကိုဖွက်ပြီး အမြီးကိုဖော်ထားတယ်...မင်းအခုချက်ချင်း ထွက်မလာရင် ငါမင်းကိုသတ်မယ်"

လုယွီက ခေါင်းလှည့်ကာ လေဟာနယ်တစ်နေရာသို့ ကြည့်လိုက်သည်။

ကြေးနီစစ်ရထားတစ်စီး အဝေးမှ မောင်းနှင်လာကာ ထိုအရာကို ကောင်းကင်ဘုံမြင်းလေးကောင်က ဆွဲထားသည်။ ဤစစ်ရထားသည် တောက်ပြောင်နေပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားရှိသည်။ ဤှအရာသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး လေဟာနယ်ကို တုန်ခါစေကာ ကျယ်လောင်သော မြည်ဟီးသံကို ဖြစ်ပေါ်စေသည်။

စစ်ရထားပေါ်တွင် ထိုင်နေသူသည် စွမ်းအားများဖြင့် ပြည့်နှက်နေသော အမျိုးသားတစ်ယောက်ပင်။ သူသည် ရွှေသရဖူဆောင်းထားပြီး ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားသည်။ သူ၏မျက်လုံးများသည် နက်ရှိုင်းပြီး တည်ကြည်လေးနက်ကာ လောကတွင် မည်သည့်အရာကမျှ သူ၏ ဆန္ဒကို ပြောင်းလဲနိုင်မည် မဟုတ်သည့်အလားပင်။

ဤကြေးနီစစ်ရထား ပေါ်လာချိန်၌ ထန်စစ်တပ်သည် ချက်ချင်းဆိုသလိုပင် ရွှေရောင်သံချပ်ကာဝတ် အမျိုးသား၏ ရောက်ရှိလာမှုကို တုံ့ပြန်သည့်အနေဖြင့် ကောင်းကင်ကို တုန်လှုပ်စေသော အော်ဟစ်သံများဖြင့် ကြိုဆိုလိုက်သည်။

"ကောင်းရှစ်ကျီး"

ဝူကျင့်အမတ်ကြီး၏မျက်နှာ ဖြူဖျော့သွားသည်။

လက်ရှိနေရာတွင် ရှိနေသော တာယွီစစ်ဗိုလ်ချုပ်အများစုသည် ယင်မိစ္ဆာများ၏ သက်ရောက်မှုကို ခံခဲ့ရပြီး သူတို့သည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးချေ။

သို့ရာတွင် သူတို့၏ အကောင်းဆုံးအခြေအနေ၌ပင် သူတို့သည် ဤထန်အင်ပါယာ၏ စစ်နတ်ဘုရားကို ရင်ဆိုင်ရန် အစွမ်းအစမဲ့နေကြသည်။

ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုနှင့် ရင်ဆိုင်ရချိန်၌ နည်းလမ်းအားလုံးသည် အသုံးမဝင်ချေ။ လူတိုင်းသည် သူတို့၏ စိတ်နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ လာသော အကူအညီမဲ့သည့် ခံစားချက်ကိုသာ ခံစားနိုင်သည်။

"စစ်သူကြီးချုပ်.. ကျွန်တော် ရှက်မိပါတယ်"

ဖုန်းချန်ချင်းက ရှက်ရွံ့သော အမူအယာဖြင့် ပြောဆိုလိုက်၏။

ကောင်းရှစ်ကျီးက မည်သည့်စကားတစ်ခွန်းမျှ မပြောချေ။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အလင်းတန်းပေါင်း ထောင်နှင့်ချီ၍ ဖုန်းချန်ချင်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ရောက်သွားပြီး သူ၏ ပြတ်သွားသောလက်ကို ပြန်လည်ကောင်းမွန်စေသည်။

"နောက်ဆုတ်လိုက်တော့... မင်းက သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး"

ကောင်းရှစ်ကျီးက ပြောဆိုသည်။

ဖုန်းချန်ချင်းသည် နောက်သို့ဆုတ်ခွာလိုက်၏။ သူ မဆုတ်ခွာမီတွင် သူက လုယွီကို ရက်စက်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

"မင်းက မကျေနပ်ဘူးလား.... ငါ့ကို သတ်ဖြတ်လိုစိတ်နဲ့ တိုက်ခိုက်ရဲတယ်ပေါ့"

လုယွီက အေးစက်စက် အော်ငေါက်လိုက်သည်။ ထို့နောက် သူ၏လက်ကိုမြှောက်ကာ နဂါးနက်လက်ဝါးကို ထုတ်လွှတ်လိုက်ပြီးနောက် ဖုန်းချန်ချင်းထံသို့ ရက်စက်စွာ ရိုက်ချလိုက်သည်။

ဖုန်းချန်ချင်း ချက်ချင်း ထိတ်လန့်သွားသည်။

ကောင်းရှစ်ကျီး ဤနေရာတွင် ရှိနေသော်လည်း လုယွီက တိုက်ခိုက်ရဲလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

Chapter 4654

လုယွီ၏ မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ၏ ပစ်မှတ်သည် ဖုန်းချန်ချင်းပင်။

ဤဖုန်းချန်ချင်းသည် ဆိုးယုတ်ပြီး ထူးဆန်းသော နည်းလမ်းကို အသုံးပြုပုံရသည်။ သို့ရာတွင် လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ပိုင်ဆိုင်ထားသဖြင့် အလွန်ဗဟုသုတကြွယ်ဝသည်။ ထို့ကြောင့် သည် ဤနတ်ဆိုးနည်းစနစ်များကို ကျင့်ကြံရန် မည်မျှထိ တင်းကျပ်သော အခြေအနေများ လိုအပ်သည်ကို သူ သိရှိထားသည်။

ဖုန်းချန်ချင်းသည် လျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းတစ်ခု၏ အမွေအနှစ်ကို သေချာပေါက် ရရှိခဲ့သောကြောင့်သာ သူသည် ဤနတ်ဆိုးနည်းစနစ်များကို ပိုင်ဆိုင်ထားခြင်းပင်။

ဤနည်းစနစ်များသည် အလွန်လျင်မြန်စွာ ကြီးထွားလာမည်ဖြစ်ပြီး သူ့ကို အသက်ရှင်လျက် ချန်ထားခဲ့ပါက အနာဂတ်တွင် ဘေးဒုက္ခတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ကြေးနီစစ်ရထားပေါ်ရှိ ကောင်းရှစ်ကျီး၏ မျက်လုံးများ လှုပ်ခတ်သွားပြီး ရွှေရောင်အလင်းများဖြင့် တောက်ပလာကာ အေးစက်တင်းမာစွာ ပြောဆိုသည်။

"ငါ ဒီမှာ ရှိနေသေးတယ်..."

ရွှေရောင်အလင်းတန်းပေါင်း ထောင်နှင့်ချီ၍ အထွတ်အထိပ်တွင် စုစည်းသွားပြီး ကောင်းရှစ်ကျီး၏နောက်တွင် ချီလင်တစ်ကောင်၏ ပုံရိပ်ယောင် ထွက်ပေါ်လာသည်။ ထိုအရာသည် မိုးတိမ်ပေါ်တွင်ရပ်ကာ မီးတောက်များကို မှုတ်ထုတ်နေပြီး သူ၏ မျက်လုံးများမှ လျှပ်စီးကဲ့သို့ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေကာ နတ်ဘုရားတစ်ပါးနှင့် တူနေသည်။

ကောင်းရှစ်ကျီးသည် သူ၏ စွမ်းအားများကို အစွမ်းကုန် စုစည်းထားပြီးဖြစ်ကာ နယ်မြေသခင်အဆင့်ထက် ကျော်လွန်ပြီး တာအိုသခင်နယ်ပယ်သို့ ရောက်ရှိလု ဆဲဆဲ ဖြစ်နေလေပြီ။

ချီလင်၏ခြေဆောင့်ချက်သည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေပြီး လုယွီ၏ လက်ဝါးပုံရိပ်ယောင်ကို ချက်ချင်း အရည်ပျော်သွားစေသည်။

ပတ်ဝန်းကျင်မှ ကြည့်ရှုသူများအားလုံး မြေပြင်ပေါ်တွင် ဝပ်တွားနေကြသည်။ ကြီးမားကျယ်ပြန့်သော ဖိအားသည် လူတိုင်း၏ ခေါင်းပေါ်သို့ ဖိနှိပ်နေသော တောင်ကြီးတစ်လုံးနှင့် တူညီနေပြီး သူတို့ကို ခေါင်းငုံ့ရန် တွန်းအားပေးနေသည်။

"ဒါက ဘယ်လို စွမ်းအားမျိုးလဲ"

မည်သူမဆို သူတို့၏စိတ်နှလုံးသားအနက်ရှိုင်းဆုံးတွင် ဤကဲ့သို့ အတွေးမျိုး ပေါက်ဖွားလာသည်။

ကောင်းရှစ်ကျီးသည် အလွန်အစွမ်းထက်လှပေ၏။ သူတို့အတွက် သူသည် ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခုပင်။

ထန်တပ်မှူးလီမီက ထန်စစ်တပ်အတွက် အစီအစဉ်ဆွဲခဲ့ပြီး ကောင်းရှစ်ကျီးမှာ ထန်တပ်မတော်၏ အကြွင်းမဲ့ခွန်အားဖြစ်သည်။ သူ၏ အထွတ်အထိပ်စွမ်းအားဖြင့် သူ့ရှေ့မှ ရန်သူအားလုံးကို ချေမှုန်းခဲ့သည်။

"ဘုန်း..."

လုယွီ၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှ ကြီးကျယ်ခမ်းနားသော သွေးချီစွမ်းအားများ ပွင့်အံ့ထွက်လာသည်။

ထိုသွေးချီစွမ်းအားများသည် အခိုးအငွေ့များနှင့်တူညီပြီး သူ၏ မှော်စွမ်းအားသည် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာနှင့်တူသည်။ လုယွီသည် စကြဝဠာအတွင်းမှ သက်ရှိကုဋေပေါင်းများစွာကို ထိန်းချုပ်သော ဧကရာဇ်နှင့်တူညီပြီး သူ၏ လှုပ်ရှားမှုတိုင်းတွင် မိုးကြိုးအရှင်တစ်ယောက်၏ အရှိန်အဝါ ပါဝင်နေသည်။

စစ်မြေပြင်တပြင်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူများအားလုံး၏ ခန္ဓာကိုယ်များပေါ်တွင် ကြက်သီးမွှေးညှင်းများ ထလာကြသည်။

မိုးတိမ်များအတွင်းသို့ မြင့်တက်သွားသော ဤအရှိန်အဝါနှစ်ခုသည် အမှန်တကယ်ကို အဆင့်တူဖြစ်နေသည်။

လူများအားလုံး၏မျက်နှာများပေါ်တွင် အံ့အားသင့်တုန်လှုပ်သော အမူအယာများ ထင်ဟပ်နေသည်။ သူတို့သည် လုယွီကို အံ့အားသင့်စွာ ကြည့်နေကြလေ၏။ ဤလူငယ်သည် မည်သူမည်ဝါဖြစ်ကြောင်း သူတို့ မသိသော်လည်း သူ့ထံတွင် ဤကဲ့သို့ ကြမ်းတမ်းသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဖုန်းချန်ချင်းသည် ဤအားကောင်းသော သွေးချီစွမ်းအားများကြောင့် ထိတ်လန့်ကြောက်ရွံသွားသည်။ သူ၏မျက်နှာ ဖြူဖျော့သွားပြီး သူ၏အသက်သည် သူနှင့်မဆိုင်တော့သည့်အလားပင်။

ကောင်းရှစ်ကျီးသာ မရှိခဲ့ပါက သူသည် လုယွီ၏ လက်ချက်ဖြင့် သေဆုံးပြီးဖြစ်ပေမည်။ သူ အသက်ရှင်ရန် အခွင့်အရေး လုံးဝရှိမည်မဟုတ်ပေ။

"မင်းနဲ့သူ နှစ်ယောက်လုံး....မင်းတို့ရဲ့အသက်ကို ဒီမှာထားခဲ့စမ်း"

လုယွီက ထိုက်အမ်းဓားကို ထုတ်ယူလိုက်ရာ သူ၏ကြီးကျယ်ခမ်းနားသော အရှိန်အဝါသည် တိမ်တိုက်များအတွင်းသို့ မြင့်တက်သွားသည်။

အတိတ်တွင် လုယွီသည် မသေမျိုးအဆင့် မှော်လက်နက်ကို ပိုင်ဆိုင်ထားပြီး ဤရတနာကို ပိုင်ဆိုင်ထားခြင်းမှာ သူ့အတွက် ရာဇဝတ်မှုတစ်ခုဖြစ်သည်။ ထို့ကြောင့် သူသည် အရပ်မျက်နှာအဘက်ဘက်သို့ ပုန်းရှောင်ခဲ့ရသည်။

သို့ရာတွင် ယခုချိန်၌ လုယွီသည် လောကကြီး၏ လောဘကြီးသော မျက်လုံးများမှ ပုန်းရှောင်ရန် မလိုအပ်တော့ချေ။ သူသည် မသေမျိုးအဆင့် မှော်လက်နက်ကို ပြောင်ပြောင်တင်းတင်း ထုတ်ယူလိုက်ရာ ပတ်ဝန်းကျင်ရှိ လူများအားလုံးကို တုန်လှုပ်သွားစေသည်။

ထိုက်အမ်းဓားသည် အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဤအရာကို လုယွီ၏ ကိုယ်ပိုင်မှော်စွမ်းအားနှင့် ပေါင်းစပ်လိုက်ချိန်၌ ကောင်းကင်နှင့် မြေပြင်ကို ဖျက်ဆီးနိုင်သော စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားသည်။ ဤဓားကို မည်သူကမျှ စေ့စေ့မကြည့်ရဲချေ။

"မသေမျိုးအဆင့် မှော်လက်နက်...သူ့မှာ မသေမျိုးအဆင့် မှော်လက်နက် ရှိနေတယ်"

"ဘယ်လောက် မောက်မာထောင်လွှားလိုက်လဲ...သူက ကောင်းရှစ်ကျီးနဲ့ ဖုန်းချန်ချင်းတို့ရဲ့အသက်ကို ဒီနေရာမှာ ထားခဲ့စေချင်တယ်တဲ့..."

စောင့်ကြည်နေသူများသည် အသက်ရှုမဝသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များ တုန်ခါကာ ဒူးထောက်ရက်သား လဲကျသွားကြသည်။

ဤသည်မှာ သူတို့ စိတ်ကူးယဥ်တွေးတောနိုင်သော အဆင့်ရှိသည့် တိုက်ပွဲတစ်ပွဲ မဟုတ်တော့ပေ။ ကျွမ်းကျင်သူနှစ်ဦးသည် သူတို့၏ အစွမ်းကို တစ်ချိန်တည်းတွင် ပြသလိုက်ရာ ကောင်းကင်ကို တုန်ခါစေပြီး မြေပြင်ကို လှုပ်ခတ်စေသည်။

တိုက်ပွဲသည် ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသော်လည်း ထိုအချိန်မှာပင် ကောင်းရှစ်ကျီး၏ ပတ်ဝန်းကျင်မှ လေဟာနယ် ပြင်းထန်စွာ တုန်ခါသွားသည်။

ထို့နောက် တာအိုဝတ်ရုံ ဝတ်ဆင်ထားပြီး မြင်းမြှီးယပ်တောင်ကို ကိုင်ဆောင်ထားသော လူငယ်တစ်ယောက်က လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသည်။

ဤလူငယ် ထွက်ပေါ်လာသည်နှင့် တပြိုင်နက်တည်း သူသည် ကောင်းကင်ကို ဖျက်ဆီးပြီး မြေပြင်ကို ပြိုလဲစေနိုင်သော စွမ်းအားနှစ်ရပ်ကို ချက်ချင်းချေဖျက်လိုက်၏။

"လုယွီ....မင်းက အခုချက်ချင်း ငါတို့ ထန်အင်ပါယာနဲ့ တိုက်ခိုက်ချင်တာလား"

တာအိုဝတ်ရုံဝတ် လူငယ်က အေးစက်တင်းမာသော အမူအယာဖြင့် ပြောဆိုသည်။

Chapter 4655

တာအိုလူငယ်၏ စကားများတွင် ယုံကြည်မှုခိုင်မာမှုများ မာန်မာနများဖြင့် ပြည့်နှက်နေသည်။

သူသည် လေဟာနယ်အတွင်းတွင် ရပ်နေပြီး သူ၏မျက်နှာသည် နူးညံ့ပြီး ချောမောခန့်ညားသဖြင့် အိမ်အတွင်းမှ ယခုမှ ထွက်လာသည့် ကလေးတစ်ယောက်နှင့် တူညီနေသည်။ သို့ရာတွင် သူ၏မျက်လုံးများအတွင်း၌ လောက၏ အပြောင်းအလဲများကို ထွင်းဖောက်မြင်ခဲ့သော အဖိုးအိုတစ်ဦးကဲ့သို့ နှိုင်းယှဉ်မရသော လောကဓံ အတွေ့အကြုံများကို ဖော်ပြနေသည်။ သူ၏မျက်လုံးအတွင်းတွင် ခပ်ဖျော့ဖျော့ အလင်းတန်းများလည်း ထင်ဟပ်နေပေ၏။

ဤသည်မှာ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ယခုအချိန်တွင် ကောင်းရှစ်ကျီးနှင့်အတူ မတ်တတ်ရပ်နေသည်။ သူ၏စွမ်းအားသည် အံ့အားသင့်ဖွယ်ကောင်းပြီး လုယွီ၏အရှိန်အဝါထက်ပင် ကျော်လွန်နေသည်။

"လီမီ...သူ တကယ်ပဲ ကိုယ်ထင်ပြလာတယ်"

ဝူကျင့်အမတ်ကြီးက တီးတိုးရေရွတ်လိုက်သည်။

စစ်တပ်နှစ်တပ်ကြား တိုက်ပွဲတွင် တပ်မှူးချုပ်သည် နေရာမှမရွေ့ဘဲ အမိန့်ပေးလေ့ရှိသည်။

ထန်စစ်တပ်အတွက် သူတို့၏အာရုံစိုက်မှုသည် လီမီထံတွင် ရှိသည်။

ထို့ကြောင့် တိုက်ပွဲစတင်ကတည်းက လီမီသည် နောက်တန်းမှနေ၍ စစ်တပ်ကို အစဥ်အမြဲ အမိန့်ပေးနေခဲ့သော်လည်း ရှေ့တန်းတွင် တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်မလာခဲ့ပေ။

ယခုချိန်၌ သူ ထွက်ပေါ်လာပြီဖြစ်ကာ လူတိုင်းသည် ထိုတာအိုလူငယ် မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းမိသောကြောင့် သူ၏စွမ်းအားကို ကြောက်ရွံ့နေကြ၏။

ထန်စစ်တပ်ဘက်တွင် ကောင်းရှစ်ကျီးတစ်ယောက်တည်းဖြင့် တာယွီဘက်မှ ခေါင်းခဲနေရလေပြီ။ ယခုချိန်တွင် လီမီသည် ဤမျှထိ အစွမ်းထက်နေသည်ကို မြင်ချိန်၌ သူ့ကို မည်သူက ယှဉ်ပြိုင်နိုင်မည်ကို မည်သူမျှ မသိတော့ချေ။

"ခဏနေအုံး...သူ စောစောက လုယွီလို့ ပြောလိုက်တာလား... ဒီလူငယ်က လုယွီများလား"

ဝူကျင့်အမတ်ကြီး ရုတ်တရက် တုန်လှုပ်သွားသည်။ သူသည် လီမီ ထွက်ပေါ်လာစဉ်က ပြောဆိုခဲ့သော ပထမဆုံးစကားများကို ပြန်စဉ်းစားမိသည်။

လက်ရှိနေရာတွင် ရှိနေသော တခြားတာယွီ စစ်ဗိုလ်ချုပ်များကလည်း ကြားလိုက်ရသဖြင့် သူတို့၏စိတ်နှလုံးသားများ တုန်ခါသွားသည်။ သူတို့သည် လုယွီကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီးနောက် သူတို့၏မျက်လုံးအကြည့်များ ပြောင်းလဲသွားသည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အုပ်ချုပ်သူအရှင် လုယွီ....

သူသည် တာယွီ၏ထိပ်သီးအုပ်ချုပ်သူအရှင်အဖြစ် လူသိများကျော်ကြားသည်။ သူသည် ထန်စစ်တပ်ကို ဆုတ်ခွာစေခဲ့ပြီး ချီအင်ပါယာကို ချေမှုန်းခဲ့ကာ သူ၏ ဂုဏ်ကျက်သရေသည် ကောင်းကင်ဘုံနယ်မြေတွင် အကန့်အသတ်မရှိ ဖြစ်ခဲ့သည်။

မြို့တော်ရှိ လူအများအပြားသည် နန်းတွင်းစာမေးပွဲ၏ ထိပ်သီးကျောင်းတော်သားအဖြစ် လုယွီ ရွေးချယ်ခံခဲ့ရသည်ကို အမှတ်ရနေကြဆဲပင်။

ယခုချိန်တွင်မူ လုယွီသည် ထန်စစ်တပ်၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူနှစ်ယောက်ကို သူတစ်ယောက်တည်းဖြင့် ရင်ဆိုင်နေသည်။ ဤသည်မှာ သူ့ကို အထွတ်အထိပ် ထိပ်သီးကျင့်ကြံသူတစ်ယောက်ဟု ယူဆရန် လုံလောက်သည်။

"အံ့အားသင့်စရာ မရှိတော့ဘူး....အံ့အားသင့်စရာ မရှိတော့ဘူး.... ငါ သိသားပဲ...ဒီလူငယ်က ဖုန်းချန်ချင်းကို သူ့လက်သီးနဲ့ ဖိနှိပ်နိုင်ပြီးတော့ သွေးအန်အောင် ရိုက်နှက်ခဲ့ကတည်းက အညတရမဖြစ်နိုင်ဘူးလို့ ငါ တွေးနေခဲ့တယ်...အခုကြည့်ကြည့်တော့မှ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အုပ်ချုပ်သူအရှင် ဖြစ်နေတာကိုး....ဒါဆိုရင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြလို့ရသွားပြီ"

ဝူကျင့်အမတ်ကြီးက သက်ပြင်းရှိုက်လိုက်သည်။

တာယွီစစ်တပ်တွင် ကြီးကြပ်ကွပ်ကဲရန် ထိပ်သီးကျင့်ကြံသူသူတစ်ဦး မရှိခြင်းမှာ သူတို့၏ အားနည်းချက် အစဥ်အမြဲ ဖြစ်နေခဲ့ပေ၏။

ယခုချိန်၌ လုယွီ ထွက်ပေါ်လာကာ သူသည် နောက်ဆုံးတွင် ထန်စစ်တပ်ကို ဖိနှိပ်နိုင်ခဲ့လေပြီ။

ဤအချိန်တွင် တာယွီစစ်တပ်မှ မရေမတွက်နိုင်သော စစ်သားများကလည်း လုယွီ မည်သူမည်ဝါဖြစ်ကြောင်းကို သိသွားကြသည်။ ရုတ်ချည်းဆိုသလိုပင် အော်ဟစ်ကြွေးကြော်သံများ လေထုအတွင်းတွင် ပြည့်နှက်သွားပြီး စစ်တပ်၏စိတ်ဓာတ်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားပေ၏။

"ငါတော့ သွားပြီ.... ငါ စောစောက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ အုပ်ချုပ်သူအရှင်ဆီကနေ ငွေတောင်းခဲ့မိတယ်"

လုယွီထံမှ ငွေတောင်းခဲ့သော လက်ထောက်စစ်ဗိုလ်ချုပ်သည် ယခုအချိန်၌ သူ၏မျက်နှာ ဖြူဖျော့သွားကာ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။

ထိုလက်ထောက်စစ်ဗိုလ်ချုပ်၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ရီနေသည်။ ပြင်းထန်သော ကြောက်ရွံ့မှုတစ်ခုက သူ၏စိတ်နှလုံးသားကို လွှမ်းခြုံသွားပြီး သူ့ကို ထိတ်လန့်တုန်လှုပ်စေသည်။

"ငါ ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်နဲ့ တွေ့ခဲ့တာပါလား"

လုယွီကို သေရည်လက်ဆောင်ပေးခဲ့သော လူအိုကြီးသည် နေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ မတ်တတ်ရပ်နေပြီး အချိန်အတော်ကြာသည်အထိ စိတ်တည်ငြိမ်နိုင်ခြင်း မရှိချေ။

လူများအားလုံးထံတွင် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေကြသော်လည်း လုယွီ၏ အကြည့်သည် ဖုန်းချန်ချင်းအပေါ်တွင်သာ ရှိနေဆဲပင်။

"လီမီ....မင်း ရောက်လာမှတော့ သူတို့နဲ့အတူ သေလိုက်တော့"

လုယွီ၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်မရှိချေ။ အမှန်အားဖြင့် သူ၏ တိုက်ခိုက်လိုစိတ်သည် ပြင်းထန်ပြီး သူ၏သွေးချီစွမ်းအားများ မြင့်တက်နေသည်။

ပြင်းထန်သော တိုက်ခိုက်လိုစိတ်တစ်ခုသည် ကောင်းရှစ်ကျီးနှင့် လီမီထံသို့ ဦးတည်နေပြီး သူတို့နှစ်ယောက်ကို တစ်ချိန်တည်းတွင် သတ်ဖြတ်ရန် ရည်ရွယ်နေသည်။

အရမ်းကြမ်းတမ်းတာပဲ....

လူများအားလုံး သူတို့၏ စိတ်နှလုံးသားများအတွင်းတွင် ရူးသွပ်စွာ ဟစ်ကြွေးနေကြသည်။

ဤကဲ့သို့သော နည်းလမ်းများ ဤကဲ့သို့သော ခံ့ညားသည့် အရှိန်အဝါ....ဤသည်မှာ သူတို့ကို အသက်ရှူမွန်းကြပ်လုနီးပါး ဖြစ်စေသည်။

လီမီက လှောင်ပြုံးပြုံးကာ ပြောဆိုသည်။

"လုယွီ....တာယွီအင်ပါယာရဲ့ ကံကြမ္မာက ကျဆင်းသွားပြီ...မင်းတစ်ယောက်တည်းနဲ့ ပြိုကျနေတဲ့ အဆောက်အအုံကို ထောက်မဖို့ မလုံလောက်ဘူး...မင်း အရမ်းကြမ်းတမ်းနေရင် မင်း သေရလိမ့်မယ်"

လီမီ၏ စကားများသည် အလွန်ရှင်းလင်းပြီး ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး၏ စကားများအလားပင်။

လူတိုင်းသည် ဤစကားကို ကြားချိန်တွင် ဤအရာ၏နောက်ကွယ်မှ အကြောင်းအရင်းကို ရှင်းလင်းပြတ်သားစွာ သိရှိလိုက်သည်။ သို့ရာတွင် သူတို့၏ စိတ်နှလုံးသားအနက်ရှိုင်းဆုံးတွင် ငြင်းဆိုနိုင်မှု တစိုးတစိမျှမရှိဟု ခံစားလိုက်ရသည်။

"မင်းတို့ နှစ်ယောက်တည်းနဲ့လား"

လုယွီက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ရွှေရောင်အလင်းတန်းတစ်တန်းက သူ၏ ကျောနောက်မှ အရပ်မျက်နှာအဘက်ဘက်သို့ ထွန်းလင်းတောက်ပသွားပြီး ခံ့ညားထည်ဝါသော ဖိအားတစ်ရပ် လွှမ်းခြုံသွားသည်။ ဤသည်မှာ ရှေးဟောင်းဧကရာဇ်တစ်ပါးက လောကကြီးကို ကင်းလှည့်စောင့်ကြပ်နေသည့်အလားပင်။ သူ၏ ဧကရာဇ်အရှိန်အဝါသည် တောင်တန်းကြီးတစ်ခုကဲ့သို့ ကျယ်ပြန့်ပေ၏။

All Chapters