အခန်း (၄၆၅၆-၄၆၆၀)
Vol. 236 Ch. 4656-4660
Chapter 4656
"ဘုန်း...."
ကောင်းရှစ်ကျီးက ရုတ်တရက် ဓားတစ်လက်ကို ဆွဲထုတ်လိုက်ရာ သူ၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။
ဤသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် လေထုအတွင်းတွင် ပုံရိပ်ယောင်များ ဖြစ်ပေါ်စေသည်။ ဤသည်မှာ ကျိုးပဲ့နေသော လှံရှည်များ လဲကျနေသော စစ်အလံများ အလောင်းများဖြင့် ပြည့်နှက်နေသော စစ်မြေပြင်တစ်ခုပင်။ ဤပုံရိပ်ယောင်သည် မိုးကောင်းကင်ယံထိတိုင် ဖုံးလွှမ်းနေသော အဝါရောင်သဲများ၏ မြင်ကွင်းဖြစ်ပြီး လူ မည်မျှထိများများ သေဆုံးခဲ့သည်ကို မသိနိုင်ချေ။
ဤမြင်ကွင်းကိုမြင်တွေ့မိသော မည်သူမဆို အကြောင်းပြချက်မရှိဘဲ ထိတ်လန့်တုန်လှုပ်သွားသည်။
ကောင်းရှစ်ကျီးသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို စုစည်းရန် အသက်နှင့်ရင်းရသော တိုက်ပွဲများအား မည်မျှထိ ဖြတ်သန်းခဲ့ရသည်ကို မည်သူမျှ မသိနိုင်ချေ။
ထိုအချိန်တွင် အခြားတစ်ဖက်၌ လီမီသည် ဤကဲ့သို့ အားကောင်းသော အရှိန်အဝါကို မထုတ်လွှတ်သော်လည်း သူ၏ တည်ငြိမ်သော အမူအယာကို ကြည့်လျှင် သူသည် လွယ်လင့်တကူ ရင်ဆိုင်နိုင်မည့်သူ မဟုတ်ကြောင်း သိသာထင်ရှားသည်။
သူ ကျင့်ကြံသော တာအိုနည်းစနစ်သည် လောကကြီးအတွင်းမှ အရာအားလုံးကို ချေဖျက်နိုင်ပုံရသည်။ လုယွီသည် အလွန်ကြီးမားသော အရှိန်အဝါကို ပိုင်ဆိုင်ထားသော်လည်း သူသည် ထိုအရာကို ချေဖျက်နိုင်ဆဲပင်။
သို့ရာတွင် လီမီက လှုပ်ရှားခြင်းမပြုချေ။ သူ၏ မျက်နှာပေါ်တွင် မာန်မာနများဖြင့် ပြည့်နှက်နေဆဲပင်။
"လုယွီ...ဒါက အသုံးမဝင်ပါဘူး... မင်း တစ်ယောက်တည်းရဲ့စွမ်းအားက အကန့်အသတ်ရှိတယ်...မင်း တိုက်ခိုက်ဖို့ အတင်းအကြပ်လုပ်ရင် ဒီနေရာက မင်းရဲ့ သင်္ချိုင်းဖြစ်သွားလိမ့်မယ်"
ဘုန်း....
လီမီ၏ စကားများကို တုံ့ပြန်သကဲ့သည့်အလား လေဟာနယ်၏ တခြားတစ်နေရာမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
လေဟာနယ် တုန်ခါသွားပြီးနောက် ပင်လယ်လေးစင်း လှုပ်ခတ်သွားသည်။ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော ထိပ်သီးကျင့်ကြံသူတစ်ယောက် ရောက်ရှိလာပေ၏။
ထိုလူ၏သံချပ်ကာမှ အေးစက်စက်အရှိန်အဝါများ ထုတ်လွှတ်ထားပြီး ခံ့ညားထည်ဝါသော ပုံရိပ်တစ်ခုက လေဟာနယ်အတွင်းတွင် မားမားမတ်မတ် ရပ်နေကာ ကောင်းကင်ကို ပိတ်ဆို့ပြီး နေရောင်ကို ကာဆီးထားသည်။ မည်သူကမျှ သူ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်နိုင်သော်လည်း ထိုပုံရိပ်မှ ထုတ်လွှတ်သော ကြောက်မက်ဖွယ် အရှိန်အဝါသည် လူများကို ကြောက်ရွံ့တုန်လှုပ်စေရန် လုံလောက်ပေ၏။
ထိုလူသည် လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး အနက်ရောင်သံခမောက်အတွင်းမှ အေးစက်သော မျက်လုံးတစ်စုံသည် လူများကို တုန်လှုပ်စေသော အေးစက်သည့် အကြည့်ကို ပေးစွမ်းနေသည်။
"ဘာလို့ ထန်စစ်တပ်မှာ နောက်ထပ် ထိပ်သီးကျင့်ကြံသူတစ်ယောက် ရှိနေသေးတာလဲ...."
"ဒီအရှိန်အဝါက ကောင်းရှစ်ကျီးထက် မညံ့ဘူး...ဘာလို့ ထောက်လှမ်းရေး သတင်းပို့ချက်ထဲမှာ ဘာမှမဖော်ပြထားတာလဲ"
တာယွီမှစစ်ဗိုလ်ချုပ်များ လုံးလုံးလျားလျား မှင်တက်သွားကြသည်။
ထန်အင်ပါယာသည် သူတို့၏ဝှက်ဖဲများကို တစ်ခုပြီးတစ်ခု ပြသလာပြီး တစ်ယောက်ချင်းစီသည် ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်စေနိုင်သော အဆင့်တွင်ရှိရာ တာယွီမှစစ်ဗိုလ်ချုပ်များအားလုံးကို ထိတ်လန့်ကြောက်ရွံ့စေသည်။
ရန်သူသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပြသနေသဖြင့် သူတို့ သည် မည်သို့ တိုက်ခိုက်နိုင်မည်နည်း။
ခရမ်းရောင် အလင်းတန်းတစ်တန်းက လုယွီ၏ မျက်လုံးများအတွင်းတွင် ဖြတ်ပြေးသွားပြီး သူမျက်မှောင်ကြုတ်လိုက်သည်။
"မင်းကရော ဘယ်သူလဲ"
ရုတ်တရက် ထွက်ပေါ်လာသော ပုံရိပ်က ကြီးမားကျယ်ပြန့်သော အသံဖြင့် ပြောဆိုသည်။
"ထန်အင်ပါယာ...နယ်စား ကဲရှုဟန်..."
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။ သူ၏အသံတွင် လောကကြီးကို အထက်စီးမှ ကြည့်ရှုနိုင်သော အရှိန်အဝါဖြင့် ပြည့်နှက်နေသဖြင့် သူတို့သည် ပြိုလဲလုနီးပါး ဖြစ်နေပေ၏။
"ထန်အင်ပါယာရဲ့ လျန်နယ်စားကြီး ကဲရှုဟန်... သူက မြောက်ပိုင်းစစ်မျက်နှာကို တာဝန်ယူထားတာ မဟုတ်ဘူးလား...ဘာလို့ သူက ဒီကို ရောက်နေတာလဲ"
ဝူကျင့်အမတ်ကြီး၏မျက်လုံးများ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားသည်။
ကဲရှုဟန်သည် ထန်စစ်တပ်၏ ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူသည် မြောက်ပိုင်း ကာကွယ်ရေးစည်းတွင် တာယွီမြောက်ပိုင်းဧကရာဇ်ရှန်လင်းလုံ၏စစ်တပ်များကို တိုက်ခိုက်ရန် အစဥ်အမြဲ တာဝန်ကျခဲ့သည်။
သို့ရာတွင် ယခုအချိန်၌ ကဲရှုဟန်သည် ဤနေရာတွင် ထွက်ပေါ်လာခဲ့ပေ၏။ ဤသည်မှာ ထန်စစ်တပ်၏ တိုက်ခိုက်မှုသည် မြောက်ပိုင်းမှ တောင်ပိုင်းဧကရာဇ်ထံသို့ ပြောင်းလဲသွားပြီဟု အဓိပ္ပာယ်ရသည်။
လီမီ...ကောင်းရှစ်ကျီး....ကဲရှုဟန်....
ထန်အင်ပါယာ၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ အတူတကွ မတ်တတ်ရပ်နေကြပြီး သူတို့၏ အရှိန်အဝါများသည် အလွန်ဖျက်ဆီးနိုင်စွမ်းရှိသဖြင့် ပတ်ဝန်းကျင်ရှိရာသီဥတုပင် ပြောင်းလဲသွားသည်။
လူများအားလုံး အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။ တာယွီစစ်တပ်ဘက်တွင် လုယွီ ရှိသော်လည်း သူ တစ်ဦးတည်းသာ ဖြစ်ပေ၏။
ကဲရှုဟန်က အသံတိုးတိုးဖြင့် ပြောဆိုသည်။ "မင်းမှာ မသေမျိုးအဆင့် မှော်လက်နက် ရှိတော့ ဘာဖြစ်လဲ.... ငါ့မှာလည်း ဧကရာဇ်မင်းက ချီးမြှင့်ထားတဲ့ မသေမျိုးအဆင့် မှော်လက်နက် ရှိတယ်...မင်း တကယ်ပဲ ဒီနေရာမှာ တိုက်ခိုက်ချင်ရင် ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"
သူ၏လက်အတွင်းမှ လှံရှည်သည် နောက်ဆုံးတွင် ပြီးပြီးပြည့်စုံသော ပုံသဏ္ဌာန်ကို ဖော်ပြလာသည်။ ဤသည်မှာ သွေးနီရောင်ဖြစ်ပြီး ထိုအရာ၏ မျက်နှာပြင်ပေါ်တွင် ရှင်းလင်းစွာ မြင်နိုင်သော သွေးကြောပုံစံ မျဉ်းကြောင်းများဖြင့် ဖုံးအုပ်ထားသည်။ ထိုအရာများသည် ရှင်းလင်းစွာ မြင်တွေ့နိုင်သော သွေးကြောများအလားပင်။
ထိုလှံရှည်မှ သွေးနီရောင် မျက်လုံးတစ်လုံး ပွင့်လာပြီး လှံရှည်၏မျက်နှာပြင်ပေါ်တွင် သွေးရောင်လွှမ်းခြုံသွားကာ အေးစက်သော သတ်ဖြတ်လိုခြင်း အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
Chapter 4657
ဤသည်မှာလည်း မသေမျိုးအဆင့် မှော်လက်နက်တစ်ခုဖြစ်ပြီး ထိုအရာ၏ သတ်ဖြတ်လိုစိတ်သည် အလွန်ပြင်းထန်ပေ၏။
ထိုက်အမ်းဓားသည် ဧကရာဇ်တစ်ပါး၏ ဓားဖြစ်သဖြင့် အရှိန်အဝါသည် ဖြောင့်မတ်ပြီး ပွင့်လင်းသည်။ ဤလှံရှည်သည် လုပ်ကြံသတ်ဖြတ်သူ၏ဓားသွားနှင့် တူညီပြီး ထိုအရာသည် ပြိုင်ဘက်ကို မသတ်နိုင်မချင်း အနားယူမည် မဟုတ်ချေ။
ရှေးခေတ်မှ ယနေ့အထိ လှံရှည်သည် သွေးများကို အပြည့်အဝ သောက်သုံးခဲ့သည်။ ထိုအရာပေါ်၌ သွေးများထူထပ်စွာ ရှိနေပြီး ကိုယ်ပိုင်အသက်ရှိသကဲ့သို့ စည်းချက်ညီညီ တုန်ခါနေသည်။
လူတိုင်း၏စိတ်နှလုံးသားသည် ချောက်နက်ကြီး၏အောက်ခြေသို့ နစ်မြုပ်သွားသည့်အလား လေးလံသွားသည်။ ပြိုင်ဘက်တွင် မသေမျိုးအဆင့် မှော်လက်နက် ရှိနေပါက လုယွီ၏ အားသာချက် ပျောက်ကွယ်သွားပေလိမ့်မည်။
မသေမျိုးအဆင့် မှော်လက်နက်နှစ်ခုကြားမှ တိုက်ပွဲသည် ကောင်းကင်နှင့် မြေပြင်ကို ဖျက်ဆီးနိုင်သည်။ မည်သူကမျှ ဤမှော်လက်လက်နက်၏ စွမ်းအားကို ထိန်းချုပ်နိုင်မည် မဟုတ်ချေ။ ထိပ်တန်းအစွမ်းထက် ကျင့်ကြံသူများပင်လျှင် သေဆုံးသွားနိုင်ချေရှိသည်။
"အရှင်အမတ်ကြီး....ကျွန်တော်တို့ အုပ်ချုပ်သူအရှင်လုကို ကူညီသင့်လား...."
စစ်ဗိုလ်ချုပ်တစ်ယောက်က မေးမြန်းသည်။
"မလုပ်ကြနဲ့....ငါတို့သွားရင်တောင် လုယွီအတွက် အနှောင့်အယှက်ပဲ ဖြစ်လိမ့်မယ်"
ဝူကျင့်အမတ်ကြီးက သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ခါးသည်းသော အပြုံးတစ်ခု ရှိနေသည်။
လုယွီ၏အဆင့်ရှိ တိုက်ပွဲတစ်ခုသည် သူတို့ လွယ်လင့်တကူ ဝင်ရောက်စွက်ဖက်နိုင်သည့်အရာ မဟုတ်ပေ။
"ဟား ဟား ဟား..."
ဖုန်းချန်ချင်းက အားရပါးရ ရယ်မောလိုက်သည်။ သူသည် လုယွီကို ကြောက်ရွံ့ခြင်းမရှိတော့ချေ။
ဤမျှများပြားသော ထိပ်သီးကျင့်ကြံသူများမှ သူ့ကို ထောက်ပံ့ပေးနေသဖြင့် လုယွီထံတွင် မိုးထိမြင့်မားသော စွမ်းအားရှိလျှင်ပင် သူ့ကို ထိခိုက်နာကျင်အောင် လုပ်နိုင်မည် မဟုတ်ပေ။
ကြယ်တာရာများပြည့်နေသော မိုးကောင်းကင်ယံသည် တိတ်ဆိတ်နေပြီး အရာအားလုံး ရပ်တန့်သွားသည့်အလားပင်။
လုယွီသည် ဤထိပ်သီးအစွမ်းထက်ကျင့်ကြံသူသုံးယောက်ကို တည်ငြိမ်စွာ ရင်ဆိုင်နေပေ၏။ သူ တစ်ယောက်တည်းကသာ ဤထိပ်သီးအစွမ်းထက် ကျင့်ကြံသူသုံးယောက်၏ဖိအားကို ခံနိုင်ရည်ရှိသည်။
လူများအားလုံး၏မျက်လုံးအကြည့်များ လုယွီအပေါ်တွင် စူးစိုက်၍ ကျရောက်နေသည်။
"မင်းတို့ ဒီမှာရှိတော့ ဘာဖြစ်လဲ... ငါ သတ်ရမယ့် လူတစ်ယောက် ပိုလာရုံလေးပဲ..."
လုယွီက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ခံ့ညားထည်ဝါသော စွမ်းအားတစ်ရပ် သူ၏ ခြေထောက်များမှ ပွင့်အံ့ထွက်လာကာ မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။
သူသည် သိုင်းအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်။ သူ၏စွမ်းအားသည် နှိုင်းယှဉ်မရအောင် အားကောင်းသည့်အပြင် သူ၏ စိတ်ဆန္ဒသည် ခိုင်မာပြီး တည်ကြည်ပြတ်သားကာ လောကကြီးတွင် သူ့ကို တားဆီးနိုင်သည့်အရာ မရှိသည့်အလားပင်။
ရှေးဟောင်းခေတ်တွင် ချင်အင်ပါယာမှ ဝမ်ကျန့်သည် နတ်ဆိုးဘိုးဘေးအမြောက်အများကို သူ တစ်ယောက်တည်းဖြင့် တိုက်ခိုက်ခဲ့သည်။ မုန့်ယီသည် မဟာနတ်ဆိုးဘိုးဘေးကို စိန်ခေါ်ရဲခဲ့သည်မှာ သူသည် တိုက်ခိုက်ရမည်ကို တစိုးတစိမျှ မကြောက်သောကြောင့်ပင်။
တစ်စုံတစ်ယောက်သည် ရုပ်ခန္ဓာကိုယ်ကို အဆုံးစွန်ဆုံးထိ ကျင့်ကြံထားသောအချိန်၌ ဤအရာသည် ထိုလူ၏စိတ်ဆန္ဒအပေါ် အကျိုးသက်ရောက်သည်။ ထိုစိတ်ဆန္ဒသည် အလွန်မြင့်မားပြီး သူသည် ထိတ်လန့်ကြောက်ရွံ့ခြင်းကို လုံးဝမသိတော့ပေ။ သူ၏ရှေ့တွင် မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများ ရှိနေလျှင်ပင် သူသည် ခြေတစ်လှမ်း နောက်ဆုတ်မည်မဟုတ်ချေ။
"သူ တိုက်ခိုက်ရဲတာလား"
ဖုန်းချန်ချင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။
လုယွီ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်နှင့်အမျှ ထန်အင်ပါယာ၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူသုံးယောက်သည် ပြင်းထန်သော ဖိအားကို ခံစားမိလေ၏။
"ငါ့ကို ဘယ်သူမှ မတားနိုင်ဘူး..."
လုယွီသည် ဤစကားကို တည်ငြိမ်စွာ ပြောဆိုလိုက်သော်လည်း မရေမတွက်နိုင်သော ထန်စစ်သားများ၏ ဦးရေပြားများကို ထုံကျင်သွားစေသည်။
ဤအသံသည် ငရဲနယ်မြေမှ အမိန့်ပြန်တမ်းတစ်ခုအလားပင်။
ဘုန်း....
လုယွီ၏ သွေးချီစွမ်းအားများသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ထိုအရာမှ ထွက်ပေါ်နေသော အားကောင်းသည့် ဖိအားမှ လေနှင့် တိမ်တိုက်များကို လှုပ်ခတ်စေကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ပရမ်းပတာဖြစ်စေသည်။ ကောင်းရှစ်ကျီး လီမီနှင့် ကဲရှုဟန်တို့အားလုံး ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကြသည်။
ဤသည်မှာ ခြေတစ်လှမ်းမျှသာ....
သူတို့သုံးယောက်၏ အရှိန်အဝါ ကျဆင်းစပြုလာပြီး အချိန်ကြာလာသည်နှင့်အမျှ လုယွီ၏ အရှိန်အဝါသည် မြင့်တက်လာကာ သူတို့သုံးယောက်ကို လွှမ်းမိုးသွားသည်။
"ရပ်လိုက်စမ်း...."
ကဲရှုဟန်က အော်ဟစ်လိုက်သည်။
သူ၏လက်အတွင်းရှိ လှံရှည်မှ သွေးရောင်အရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။ ထိုအရာသည် မိုးကောင်းကင်ယံကို ဆုတ်ဖြဲနိုင်ပြီး သက်ရှိများအားလုံးကို ဖိနှိပ်နိုင်ပေ၏။
လုယွီ၏လက်အတွင်းမှ ထိုက်အာဓားကလည်း ဟစ်ကြွေးသံတစ်ချက် ပြုလိုက်ပြီး ရှေးဟောင်းဧကရာဇ်က သူ့အပေါ် သစ္စာမရှိသူများ ချဉ်းကပ်လာသည်ကို ခံစားမိပြီး ထိုသစ္စာဖောက်များအားလုံးကို သတ်ဖြတ်လိုသည့်အလားပင်။
ဘုန်း....
လုယွီက သူ၏လက်ကိုမြှောက်ကာ လက်သီးဖြင့် ထိုးနှက်လိုက်ပြီး ဤတစ်ကြိမ်တွင် သူသည် ကောင်းရှစ်ကျီးကို ပစ်မှတ်ထားလိုက်၏။
ကောင်းရှစ်ကျီးက ကြေးနီရထားလုံးပေါ်တွင် ထိုင်နေသည်။ ရထားလုံးကို ဆွဲနေသော ကောင်းကင်ဘုံမြင်းလေးကောင်သည် ထိုဖိအားအရှိန်အဝါကို တောင့်မခံနိုင်ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား လဲကျသွားသည်။
လုယွီက သူ့ကို တိုက်ခိုက်ရဲသည်ကို မြင်သောအခါ ကောင်းရှစ်ကျီးက အော်ဟစ်ကာ ရထားလုံးပေါ်မှ လေထုအတွင်းသို့ ခုန်တက်လိုက်သည်။ သူ၏သွေးစွမ်းအားများသည် နဂါးတစ်ကောင်ကဲ့သို့ ဆူပွက်နေကာ လုယွီနှင့် တိုက်ခိုက်လိုက်၏။
Chapter 4658
နှစ်ဖက်စလုံးသည် ကောင်းကင်ဘုံနယ်မြေမှ ထိပ်တန်းအစွမ်းထက် ကျင့်ကြံသူများဖြစ်ပြီး သူတို့ တိုက်ခိုက်သည်နှင့် တပြိုင်နက်တည်း မြေပြင်တပြင်လုံး လှုပ်ခတ်ပြီး တောင်များတုန်ခါသွားသည်။
ကောင်းရှစ်ကျီးမှာ အရပ်ရှည်ပြီး ဖြောင့်စင်းသော ခန္ဓာကိုယ် ချောမောခန့်ညားသော မျက်နှာနှင့် ကျက်သရေရှိသော သခင်လေးတစ်ယောက်၏ ပုံပန်းသွင်ပြင်ရှိသည်။ သို့ရာတွင် သူ၏ခန္ဓာကိုယ်၌ အဆုံးမရှိသော စွမ်းအားများ ပါဝင်နေပြီး အရပ်မျက်နှာအဘက်ဘက်သို့ လွှမ်းခြုံသွားသည်။
ဘုန်း...ဒုန်း...ဒုန်း...
သူတို့နှစ်ဦးသည် ကောင်းကင်တစ်ဖက်မှ အခြားတစ်ဖက်သို့ ပြောင်းရွှေ့ပြီး တိုက်ခိုက်ကြ၏။
မိုးကောင်းကင်ယံအောက်တွင် မိုးခြိမ်းသံကဲ့သို့သော ကျယ်လောင်သောအသံများ နေရာအနှံ့ အပြား၌ ပဲ့တင်ထပ်နေသည်။ အသံတိုင်းသည် နားကွဲမတတ် ဆူညံပြီး တိမ်တိုက်များအကြားတွင် ပဲ့တင်ထပ်နေသည်။
"အရှင်လုနဲ့ ကောင်းရှစ်ကျီးတို့ သရေကျနေတယ်...."
"ဘယ်လောက် အားကောင်းတဲ့ စွမ်းအားလဲ... ဒီလူက ဒီလောက်ငယ်ရွယ်တဲ့အသက်နဲ့ အုပ်ချုပ်သူအရှင်ဘွဲ့ထူးကို ချီးမြှင့်ခံရတာ အံ့အားသင့်စရာ မရှိတော့ဘူး...သူ့မှာ တကယ်ကို ထူးခြားတဲ့ အစွမ်းရှိတာပဲ..."
လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် မှင်တက်နေကြသည်။ သူတို့နှစ်ဦးကြားမှ တိုက်ပွဲသည် လူအများစု၏ နားလည်သဘောပေါက်နိုင်စွမ်းကို ကျော်လွန်သွားခဲ့လေပြီ။
ကြယ်တာရာများပြည့်နေသော မိုးကောင်းကင်ယံ၏ တစ်ဝက်ခန့်တွင် ထူးဆန်းသော သဘာဝလွန်ပုံရိပ်များဖြင့် ပြည့်နှက်နေသည်။ နဂါးနှင့်ကျားတို့ ရစ်ပတ်တိုက်ခိုက်နေကြပြီး မြွေများနှင့် နဂါးကြီးများ အတူတကွ ရွေ့လျားနေကြသည်။ မျက်စိကျိန်းလောက်အောင် တောက်ပသော မှော်စွမ်းအား အလင်းရောင်များသည် နေရာအနှံ့အပြား၌ ရှိနေပေ၏။
လုယွီ၏သွေးချီများ ဆူပွက်နေသည်။ သူ၏ လက်သီးချက်တိုင်းသည် နဂါးဟိန်းသံကဲ့သို့ အသံရှိပြီး ကောင်းကင်နှင့် မြေပြင်အကြားတွင် ပဲ့တင်ထပ်နေသည်။ ကောင်းရှစ်ကျီး၏ ရွှေရောင်သံချပ်ကာသည် ကျိုးကြေလုနီးပါး ဖြစ်နေသော်လည်း သူ၏မျက်နှာသည် ယခင်အတိုင်း အေးစက်နေဆဲဖြစ်ပြီး လုယွီ၏ ထိုးနှက်ချက်တိုင်းကို တည်ငြိမ်စွာ လက်ခံနေသည်။
ဤအချိန်တွင် လီမီနှင့် ကဲရှုဟန်တို့သည် နံဘေးမှ စောင့်ကြည့်မနေတော့ဘဲ တိုက်ပွဲတွင် ပါဝင်လာကြသည်။
လီမီက သူ၏ မြင်းမြှီးယပ်တောင်ကို ကိုင်ဆောင်ကာ လေထုအတွင်းတွင် အဋ္ဌဂံပုံရိပ်ယောင်တစ်ခုကို ရေးဆွဲလိုက်သည်။ သူ၏လက်ဖြင့် လက်စည်းသင်္ကေတတစ်ခုကို ဖွဲ့စည်းပြီး ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ကြာပန်းစိမ်းများ ကို ဖန်တီးနေသည်။ ပတ်ဝန်းကျင်တွင် မှော်စွမ်းအားများ လွင့်မျောနေပြီး သူ၏ လက်စည်းသင်္ကေတများသည် နက်နဲသိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်ပေ၏။
ကဲရှုဟန်သည် သူ၏ လက်အတွင်းတွင် လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးအလားပင်။ သူ၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် မိုးကောင်းကင်ထိတိုင် ပျံ့လွင့်နေသည်။
ထိပ်သီးအစွမ်းထက် ကျင့်ကြံသူလေးယောက်သည် ပရမ်းပတာ တိုက်ပွဲအတွင်းတွင် ရှိနေပြီး သူတို့ရှိနေသော လေဟာနယ်ပင် တောင့်မခံနိုင်လုနီးပါး ဖြစ်နေလေပြီ။
အင်မော်တယ်မှော်မန္တန်များ တောက်ပလာပြီး ကြယ်များ ကြေမွသွားသည်။ တိုက်ပွဲ၏ အဓိကနေရာတွင် လေဟာနယ်အက်ကွဲကြောင်းများ ထွက်ပေါ်လာပေ၏။
"ယုတ်မာလိုက်တာ..."
တာယွီစစ်ဗိုလ်ချုပ်များက သူတို့၏ လက်သီးများကိုဆုပ်ကာ အံ့ကြိတ်လိုက်ကြသည်။
ရန်သူဘက်မှ လုယွီကို သုံးယောက်တစ်ယောက်ဖြင့် တိုက်ခိုက်ရန် ရောက်လာပြီး မသေမျိုးအဆင့် မှော်လက်နက်၏ အကူအညီကိုပင် ရရှိထားသည်။
တာယွီဘက်တွင်မူ မည်သူမျှ လုယွီကို မကူညီနိုင်ရုံသာမက အထောက်အပံ့ပေးနိုင်သော မှော်လက်နက်များလည်း မရှိချေ။ သူတို့သည် လုယွီက ထိပ်သီးကျင့်ကြံသူသုံးယောက်ကို သူတစ်ယောက်တည်းဖြင့် တိုက်ခိုက်နေသည်အား စောင့်ကြည့်ရုံသာ တတ်နိုင်ကြသည်။
ဘုန်း....
နောက်ထပ် ကျယ်လောင်သော မြည်ဟည်းသံတစ်သံ ထွက်ပေါ်လာသည်။ လေးယောက်သားသည် လူကွဲသွားကြသော်လည်း သူတို့၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများသည် အနည်းငယ်မျှ လျော့ပါးသွားခြင်းမရှိပေ။
တာယွီစစ်ဗိုလ်ချုပ်တချို့သည် လုယွီ၏ ပါးစပ်ထောင့်တွင် သွေးစတစ်စရှိနေသည်ကို မြင်လိုက်ရပြီးနောက် သူတို့သည် အလွန်ထိတ်လန့်တုန်လှုပ်သွားပေ၏။
"လုယွီက တစ်ယောက်တည်းပဲလေ..."
"ကျစ်....သူ့ပြိုင်ဘက်က စည်းကမ်းတွေကို လုံးဝဂရုမစိုက်ဘူး...သူက ဘယ်လိုလုပ်ပြီးတော့ သူတစ်ယောက်တည်းနဲ့ သူတို့ကို တိုက်ခိုက်နိုင်မှာလဲ"
မရေမတွက်နိုင်သောလူများသည် ကျယ်လောင်စွာ ကျိန်ဆဲနေကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် သူတို့သည် ဒေါသထွက်နိုင်ရုံသာ ရှိပေ၏။ ထန်အင်ပါယာ၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူသုံးယောက်၏ရှေ့တွင် သူတို့၏ စွမ်းအားများသည် နှိုင်းယှဉ်မရအောင် နုံချာနေပုံရသည်။
ကောင်းရှစ်ကျီးသည် အချိန်တခဏကြာ တွေဝေနေပြီးနောက် သူ စကားပြောတော့မည့် အချိန်တွင် သူ၏မျက်နှာအမူအယာရုတ်တရက် ပြောင်းလဲသွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်သည်။
ထန်စစ်တပ်ဘက်မှလူများ ချက်ချင်းဆိုသလိုပင် အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် သူတို့၏ မရှုံးနိမ့်နိုင်သော စစ်နတ်ဘုရား သွေးအန်နေသည်ကို အကူအညီမဲ့စွာ ကြည့်ရှုနိုင်ရုံသာရှိပြီး သူတို့ စိတ်ကူးပင်ယဉ်မကြည့်ခဲ့ဖူးသော အရာတစ်ခုခုကို မြင်လိုက်ရသည့်အလားပင်။
လီမီနှင့်ကဲရှုဟန်တို့၏ အမူအယာများသည်လည်း သိပ်မကောင်းလှချေ။
သူတို့သည် ပူးပေါင်းတိုက်ခိုက်ခဲ့သော်လည်း လုယွီကို မသတ်နိုင်ခဲ့ဘဲ သူ့တို့သာလျှင် ဖိနှိပ်ခြင်းခံလိုက်ရသည်။
ကဲရှုဟန်၏ လက်အတွင်းတွင် မသေမျိုးအဆင့် မှော်လက်နက်သာ မရှိခဲ့ပါက သူတို့သုံးယောက်သည် ယနေ့ ဤနေရာတွင်ပင် သေဆုံးသွားနိုင်သည်။
"မင်းတို့ ဘယ်လိုထင်လဲ....ငါ့ကို ဆက်ပြီးတားဆီးအုံးမှာလား...အဲ့ဒီအတွက် မင်းတို့ရဲ့စွမ်းအားတွေက မလုံလောက်သေးဘူး"
လုယွီက သူ၏ ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး သူတို့သုံးယောက်ကို အေးစက်တင်းမာစွာ ကြည့်လိုက်သည်။
ဤအချိန်တွင် တာယွီစစ်သားများအားလုံးသည် ဝမ်းသာအားရကြွေးကြော်လုနီးပါး ဖြစ်နေလေပြီ။
အချိန်မည်မျှ ကြာမြင့်သွားခဲ့သနည်း...
သူတို့သည် ထန်အင်ပါယာ၏ ဖိနှိပ်မှုများကို တစ်ခုပြီးတစ်ခု ခံခဲ့ရသည်။ ယခုချိန်၌ လုယွီသည် နောက်ဆုံးတွင် ထွက်ပေါ်လာပြီး သူတို့၏ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့လေပြီ။
လီမီက မျက်လုံးများကို မှိတ်ကာ သူ၏ လက်ချောင်းများကိုချိုး၍ တွက်ချက်လိုက်သည်။
"ငါ မင်းကို လျှော့တွက်ခဲ့မိတယ်... မျှော်လင့်ထားတဲ့အတိုင်းပဲ....မင်းရဲ့ကြီးကျယ်တဲ့ ဂုဏ်သတင်းက အတုအယောင်မဟုတ်ဘူး...ဒါပေမဲ့ ဒီနေ့ အောင်ပွဲက မင်းရဲ့လက်ထဲမှာ ရှိနေပြီလို့ မင်း တကယ်ကြီး ထင်နေတာလား"
Chapter 4659
ဘုန်း....
လီမီ၏နောက်ရှိ လေဟာနယ်သည် တဖန်ထပ်၍ ပြင်းထန်စွာ တုန်ခါသွားသည်။
အလင်းတိုင်နှစ်တိုင်သည် မိုးကောင်းကင်သို့ ထိုးတက်သွားပြီး တစ်တိုင်စီသည် ထန်အင်ပါယာ၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးကို ကိုယ်စားပြုသည်။ သူတို့ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပြီး တစ်စုံတစ်ယောက်၏ ကျောရိုးကို ချမ်းစိမ့်သွားစေသည်။
လူများအားလုံး မျှော်လင့်ချက် ကင်းမဲ့သွားကြသည်။ ထန်အင်ပါယာ၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် အဆုံးမရှိဘဲ မရေမတွက်နိုင် ရှိနေသကဲ့သို့ပင်။
တစ်ဖက်တွင်မူ တာယွီအင်ပါယာ၏ စစ်စခန်းများတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ အကန့်အသတ်ရှိပြီး သူတို့၏စစ်သားများကိုပင် ဂိုဏ်းအင်အားစုများမှ ချေးငှားထားရသည်။ ထို့ကြောင့် တာယွီစစ်တပ်အတွင်းတွင် လူကောင်းနှင့် လူဆိုးများ ရောနှောနေပေ၏။
နှိုင်းယှဉ်ကြည့်လျှင် တာယွီစစ်တပ်သည် ပုန်ကန်သူတစ်ဦးကဲ့သို့ဖြစ်ပြီး ထန်စစ်တပ်ကမူ ဤလောကရှိ တရားဝင်စစ်တပ်ကဲ့သို့ ဖြစ်နေကာ သူပုန်အားလုံးကို ရှင်းလင်းလိုသည့်အလားပင်။
လုယွီက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်နှာတွင် သတိထားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ထိပ်တန်းအစွမ်းထက် ကျင့်ကြံသူငါးယောက် စုစည်းခြင်းသည် အရေအတွက်သက်သက် ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်တော့ပေ။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အားနည်းချက်များ အလွန်နည်းပါးပြီး သူတို့၏တိုက်ခိုက်မှုများသည် အဆက်မပြတ်ဖြစ်ကာ ခုခံကာကွယ်ရန် မဖြစ်နိုင်ပေ။
"တာယွီအင်ပါယာမှာ ဘယ်သူမှမကျန်တော့ဘူးလို့ မင်းတို့ တကယ်ပဲ ထင်နေတာလား...." ကျယ်လောင်သောအသံတစ်သံသည် မိုးကုတ်စက်ဝိုင်းမှ ရုတ်တရက် ပွင့်အံ့ထွက်လာသည်။
ကျောင်းတော်သားဝတ်ရုံ ဝတ်ဆင်ထားသော လူတစ်ယောက်သည် လေဟာနယ်အတွင်းမှ ထွက်ပေါ်လာပေ၏။ သူ၏အရှိန်အဝါသည် လွတ်လပ်ပေါ့ပါးပြီး သဘာဝဆန်ကာ သူ၏မျက်နှာသည် ကျောက်စိမ်းကဲ့သို့ ချောမွတ်ပြီး ချောမောခန့်ညားသည်။
"အရှင်ဖူပဲ..."
တာယွီစစ်တပ်ထံမှ အားပေးသံများ ထွက်ပေါ်လာသည်။
သူတို့ဘက်မှ ထိပ်တန်းအစွမ်းထက်ကျင့်ကြံသူများ နောက်ဆုံးတွင် ရောက်ရှိလာလေပြီ။
ယခင်က ဖူကျစ်ရွှယ်သည် အုပ်ချုပ်ရေးအဖွဲ့၏ အတွင်းဝန်ချုပ်နှင့် ဝန်ထမ်းရေးရာအမတ်ကြီးဖြစ်ခဲ့သည်။ ယခုချိန်တွင်မူ သူသည် တောက်ပနေမင်းကြယ်မြစ်၏ အုပ်ချုပ်သူအရှင်အဖြစ် ခန့်အပ်ခံရပြီး တောက်ပနေမင်းစစ်တပ်ကို အုပ်ချုပ်ရသည်။
သူသည် တာယွီစစ်တပ်တွင် ဒေသတစ်ခုကို ထိတ်လန့်တုန်လှုပ်စေနိုင်သော လူတစ်ယောက်ပင်။ သူ၏ထွက်ပေါ်လာခြင်းသည် တာယွီအင်ပါယာမှ လူများအားလုံးကို စိတ်တည်ငြိမ်သွားစေသည်။
"စီနီယာအစ်ကို..."
လုယွီက ပြောဆိုသည်။
တော်ဝင်မြို့တော်တွင် သူတို့ လမ်းခွဲပြီးနောက် သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ထပ်မတွေ့ခဲ့ကြတော့ချေ။
ယခု သူတို့ ပြန်လည်တွေ့ဆုံချိန်၌ လုယွီသည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ သူသည် တခြားသူများထံမှ အကူအညီလိုအပ်သော လူတစ်ယောက်အဖြစ်မှ နယ်မြေတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေနိုင်သော ထိပ်တန်းကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဖူကျစ်ရွှယ်က ရယ်ပြုံးပြီး လုယွီ၏ ပခုံးကို ပုတ်လိုက်သည်။ ထို့နောက် သူ
မျက်လုံးအကြည့်သည် လီမီဘက်သို့ ကျရောက်သွားပြီး ပြောဆိုလိုက်၏။
"နောက်ဆုံးတိုက်ပွဲက မင်းတို့နှစ်ယောက်ကြားမှာ ဖြစ်ကောင်းဖြစ်နိုင်တယ်...ဒါပေမဲ့ ဒီနေ့ မင်းတို့ တိုက်ချင်ရင် တာယွီအင်ပါယာဘက်က မင်းတို့ရဲ့စိန်ခေါ်မှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံမယ်..."
လီမီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်ပြီး ပြောဆိုသည်။
"နှစ်ဖက်ကြားမှာ အင်အားကွာခြားမှု ကြီးမားတယ်....မင်းနဲ့လုယွီအတူပေါင်းရင်တောင် မင်းတို့ရဲ့ စုစုပေါင်းစွမ်းအားက ထန်အင်ပါယာနဲ့ တိုက်ခိုက်ဖို့ မလုံလောက်သေးဘူး"
ထိုအချိန်မှာပင် နောက်ထပ်အနက်ရောင်ပုံရိပ်တစ်ခုသည် လုယွီ၏နောက်တွင် ပေါ်လာသည်။
ထိုအနက်ရောင်အရိပ်သည် လေဟာနယ်အက်ကွဲကြောင်းအတွင်းမှ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်သည် နှစ်မီတာကျော်အရပ်မြင့်ပြီး သူသည် လူဘီလူကြီးတစ်ကောင်အလားပင်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မည်းနက်နေပြီး သူ၏ကြွက်သားများကို ဆေးမင်ကြောင်များဖြင့် ခြယ်သထားသည်။ သူသည် သားရဲအရေခွံဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ဆံပင်များ ဖရိုဖရဲဖြစ်နေသည်။
"ကောင်းရှစ်ကျီး...ဟား ဟား ဟား... မင်း ဘာလို့ သွေးအန်တဲ့အထိ အရိုက်ခံရတာလဲကွ" လူထွားကြီးက ရယ်မောလိုက်ကာ သူ၏အသံသည် ကြမ်းတမ်းပြီး ကျယ်လောင်လှသည်။
ဒုန်း...ဒုန်း...ဒုန်း...
လူထွားကြီး၏ ခြေထောက်များ မြေပြင်ပေါ်သို့ ကျရောက်လာသည်။ သူ လှမ်းလိုက်သော ခြေလှမ်းသံတိုင်းသည် အရပ်မျက်နှာအနှံ့သို့ ကျယ်လောင်သော အသံများကို မြည်ဟည်းသွားစေသည်။
"စုန့်ချင်းဟူ..."
ကောင်းရှစ်ကျီးက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် ဒေါသအရိပ်အယောင်တစ်ရပ် ရှိနေသည်။
လူရိုင်းနယ်မြေ၏အုပ်ချုပ်သူအရှင်... စုန့်ချင်းဟူ...
သူသည် အုပ်ချုပ်သူအရှင်သက်သက်မဟုတ်ဘဲ လူရိုင်းမျိုးနွယ်တစ်ခုလုံးကို အမိန့်နာခံစေနိုင်သော တစ်ဦးတည်းသော ပုဂ္ဂိုလ်ပင်။
လူရိုင်းနယ်မြေတွင် စည်းမျဉ်းများရှိသည်။ မျိုးနွယ်စုတစ်ခုစီ၏ အသန်မာဆုံးသူသည် "ဝံပုလွေသွား" ကို အမွေဆက်ခံပိုင်ခွင့်ရှိသည်။ ဤအသန်မာဆုံးသူကို အနိုင်ယူသူသည် ထိုမျိုးနွယ်စု၏ဝံပုလွေသွားကို သူ့အတွက် ယူပိုင်ခွင့်ရှိသည်။
စုန့်ချင်းဟူ၏လည်ပင်းတွင် အရိုးကွင်းသုံးကွင်းဆွဲထားကာ ထိုအရာပေါ်တွင် ဝံပုလွေသွားသုံးရာကျော်ရှိနေသဖြင့် သူ၏အင်အားကို ပြသရန် လုံလောက်သည်။
အုပ်ချုပ်သူအရှင်နှစ်ယောက်သည် လုယွီ၏ နောက်တွင် တစ်ချိန်တည်း မတ်တတ်ရပ်နေကြ၏။ သူတို့၏အရှိန်အဝါသည် အလွန်ကြီးမားပြီး ထန်စစ်တပ်ဘက်မှ၏ ဖိအားအရှိန်အဝါကို တိုက်ရိုက် ဖုံးလွှမ်းသွားသည်။
လီမီ၏အမူအယာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ့ရှေ့မှ အခြေအနေသည် သူ၏ဆုံးဖြတ်ချက်ကို အနည်းငယ် ကျော်လွန်သွားခဲ့သည်။
"ဂျူနီယာညီလေး...ဒီနေ့ကိစ္စကို ဘယ်လိုဖြေရှင်းချင်လဲ..."
ဖူကျစ်ရွှယ်က လုယွီကို ကြည့်လိုက်သည်။
လုယွီသည် စကားမပြောဘဲ သူ၏အကြည့်သည် ရုတ်တရက် ဖုန်းချန်ချင်းဘက်သို့ လှည့်သွားပြီး လေထုအတွင်းတွင် ဖမ်းဆုပ်သည့် လက်ဟန်သင်္ကေတကို ပြုလုပ်လိုက်၏။
"အရမ်းလွယ်ပါတယ်...သူသေရင် ဒီနေ့ကိစ္စ ပြီးပြီလို့ သတ်မှတ်လိုက်မယ်"
Chapter 4660
"မင်းက ဘယ်လိုသတ္တိနဲ့ လုပ်ရဲတာလဲ"
ကောင်းရှစ်ကျီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"လုယွီ..မင်း ဒီကိစ္စကို မစဉ်းစားနဲ့"
လီမီနှင့် ကဲရှူဟန်တို့သည်လည်း လုယွီကိုတားဆီးရန် သူတို့၏မှော်စွမ်းအားကို အသုံးပြုလိုက်ကြသည်။
ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် လုယွီကို အတူတကွ တားဆီးရန် ကြိုးစားကြသော်လည်း သူသည် သူတို့ကို လျစ်လျူရှုကာ လက်ကိုမြှောက်လိုက်ပြီး အနည်းငယ်မျှပင် ချီတုံချတုံမဖြစ်ခဲ့ပေ။
ကြီးမားလှသော မှော်စွမ်းအား လက်ဝါးပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ယံမှ ကျဆင်းလာပြီး ဖုန်းချန်ချင်းကို ဖမ်းဆုပ်လိုက်၏။
ထို့နောက် လုယွီက သူ၏လက်ဝါးသည် ရုတ်တရက် ကြိတ်ချေလိုက်သည်။
"အားးးးး"
ဖုန်းချန်ချင်းသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ အရိုးအဆစ်အားလုံး ပေါက်ကွဲသွားကာ သူ၏ရုပ်ခန္ဓာကိုယ် ချက်ချင်း ကြေမွှပျက်စီးသွားသည်။
ဤသည်မှာ လုယွီသည် သူ၏အကြွင်းမဲ့စွမ်းအားကိုအသုံးပြု၍ ဖုန်းချန်ချင်း၏ အရိုးအကြောအားလုံးကို အတင်းအကြပ် ကြေမွသွားစေခြင်းဖြစ်သည်။ သူ၏နှလုံးအကြောများပင်လျှင် လုံးလုံးလျားလျား ကြေမွှပျက်စီးသွားသည်။
ဤနည်းလမ်းသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပေ၏။
'မင်းမှာ ဘယ်လိုအသက်ကယ်နည်းလမ်းမျိုးပဲရှိရှိ ငါ ဂရုမစိုက်ဘူး...ငါက ငါ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ ဖျက်ဆီးပစ်မယ်'
ဘန်း...ဘန်း... ဘန်း...
ဖုန်းချန်ချင်း၏နောက်မှ ထန်စစ်တပ်အတွင်းတွင် တိုးညှင်းသည့် ပေါက်ကွဲသံများကို တစ်သံပြီးတစ်သံ ကြားနေရသည်။
ဤသည်မှာ ဖုန်းချန်ချင်း၏ အစားထိုးရုပ်သေးများပင်။ ဤအချိန်အခိုက်အတန့်တွင် ထိုရုပ်သေးများအားလုံး ခံစားခဲ့ရသော တိုက်ခိုက်မှုများသည် သူတို့၏ကန့်သတ်ချက်ကို ကျော်လွန်သွားသောကြောင့် တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲသွားကြသည်။
စောင့်ကြည့်နေသူများအားလုံး ကြက်သေသေသွားကြသည်။ လုယွီ၏နည်းလမ်းသည် အလွန်တင်းမာခက်ထန်ပြီး မည်သူတစ်ဦးတစ်ယောက်၏မျက်နှာကိုမျှ ထောက်ထားခြင်း မရှိချေ။
ရန်သူဘက်မှနေ၍ ဖုန်းချန်ချင်းကို ကာကွယ်ရန် ထိပ်သီးအစွမ်းထက် ကျင့်ကြံသူငါးယောက်ကို စေလွှတ်ခဲ့သော်လည်း လုယွီသည် သူတို့ရှေ့မှာပင် ဖုန်းချန်ချင်းကို သတ်ဖြတ်ခဲ့သည်။
လုယွီသည် အလွန်ကြမ်းတမ်းပေ၏။ သူသည် သာမန်သဘောတရားအတိုင်း ပြုလုပ်ခြင်းမရှိသည့်အပြင် တခြားသူများ၏ အတွေးအမြင်ကိုလည်း ဂရုမစိုက်ချေ။
"မင်း..."
ကောင်းရှစ်ကျီး၏ မျက်လုံးများသည် ပြူးကျယ်နေပြီး တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည်။
ဖုန်းချန်ချင်းသည် သူ၏လက်အောက်ငယ်သားဖြစ်ပြီး ယခုချိန်၌ သူ၏မျက်စိရှေ့မှာပင် အသတ်ခံလိုက်ရရာ သူ မည်သည်ကြောင့် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
တောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်းသည် ကောင်းရှစ်ကျီး၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာပေ၏။ ထို့နောက် သူ၏နောက်တွင် ဒေါသထွက်နေသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်နေသော ချီလင်တစ်ကောင်၏ပုံရိပ်ကို မြင်တွေ့နိုင်သည်။
"ကောင်းရှစ်ကျီး...ဒီဂျူနီယာလေးနဲ့ မတိုက်နဲ့.. ဒီလူအိုကြီးက မင်းနဲ့ တိုက်ခိုက်မယ်"
စုန့်ချင်းဟူသည် ရှေ့သို့တက်လှမ်းကာ အသံအုပ်အုပ်ဖြင့် ပြောဆိုလိုက်သည်။
စုန့်ချင်းဟူသည် အရပ်ရှည်ပြီး ကြွက်သားများပြည့်ဖြိုးကာ ကောင်းရှစ်ကျီး၏ရှေ့တွင် မတ်တတ်ရပ်နေသည်။ သူသည် ကောင်းရှစ်ကျီးထက် များစွာပို၍အရပ်မြင့်ပြီး ပြင်းထန်သော ဖိအားကို ထုတ်လွှတ်နေပေ၏။
စုန့်ချင်းဟူသည် ကောင်းရှစ်ကျီး၏ အရှိန်အဝါနှင့် တန်းတူဖြစ်သော အရိုင်းဆန်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
"လုယွီ...မင်း ဘာလုပ်နေလဲဆိုတာ သိရဲ့လား... မင်းက ထန်အင်ပါယာကို ရန်သူလုပ်နေတာပဲ.." လီမီက အေးစက်သောအသံဖြင့် အော်ငေါက်လိုက်သည်။
"သူ သေထိုက်တယ်...ဒါကြောင့် ငါက သူ့ကို သတ်လိုက်တာပဲ"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
စစ်သားများအားလုံးသည် ဆောင်းရာသီမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေကြ၏။ လုယွီသည် အဆုံးစွန်ဆုံးအဆင့်ထိ အာဏာပြင်းလှသည်။ ဖုန်းချန်ချင်းသည် သေထိုက်သောကြောင့် သူ သတ်လိုက်သည်။ သူ၏ပြိုင်ဘက်ကို အကြောင်းပြချက်ပေးရန် အခွင့်အရေးပင် မပေးခဲ့ပေ။
ဤကိစ္စ၏ ကြီးထွားလာမှုသည် လူများအားလုံး မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
ဖုန်းချန်ချင်းသည် စစ်တပ်ကိုဦးဆောင်ကာ အလစ်ငိုက်တိုက်ခိုက်ခြင်းသည် မူလက သာမန်စမ်းသပ်တိုက်ခိုက်မှုတစ်ခုသာဖြစ်သော်လည်း သူသည် လုယွီကဲ့သို့သော သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကို ဒေါသထွက်စေမည်ဟု မမျှော်လင့်ခဲ့ပေ။
ကောင်းရှစ်ကျီးသည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏ဓားကို လုယွီထံသို့ ညွှန်လိုက်၏။
"ငါနဲ့ ထပ်ပြီးတိုက်ခိုက်စမ်း"
သူ၏ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒသည် အဆုံးမရှိဘဲ ယခင်ကထက်ပင် ပို၍အားကောင်းနေသည်။ သူသည် လုယွီကို မသတ်မချင်း အနားယူမည် မဟုတ်သည့်အလားပင်။
"မင်းက တကယ့်ကို သေချင်နေပုံရတယ်"
လုယွီက ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့သို့ လျှောက်လှမ်းသွားသည်။
ကောင်းရှစ်ကျီးသည် ကဲရှူဟန် လီမီတို့နှင့် ပူးပေါင်းခဲ့ပြီး လုယွီကို တိုက်ခိုက်ခဲ့စဉ်က သူတို့အားလုံး သွေးအန်ကာ ရှုံးနိမ့်ခဲ့ရသည်။
သို့ရာတွင် ယခုမူ ကောင်းရှစ်ကျီးသည် လုယွီနှင့် တစ်ယောက်ချင်း တိုက်ခိုက်တော့ပေမည်။ ဤသည်မှာ လူများအားလုံးကို ထိတ်လန့်သွားစေသည်။ ထန်အင်ပါယာမှ ဤစစ်နတ်ဘုရား၏ တိုက်ခိုက်လိုစိတ်သည် အလွန်ပြင်းထန်ပေ၏။
လုယွီ ရှေ့သို့တက်လှမ်းတော့မည့်ဆဲဆဲတွင် သူ၏အမူအယာသည် ရုတ်တရက် ပြောင်းလဲသွားပြီး မိုးကောင်းကင်၏ တခြားတစ်ဖက်ကို ကြည့်လိုက်သည်။
ဖူကျစ်ရွှယ်နှင့် စုန့်ချင်းဟူတို့သည်လည်း ဤသည်ကို ခံစားမိပြီး ထန်စစ်တပ်ရှိနေသော နေရာသို့ လှည့်ကြည့်လိုက်ကြသည်။
ထိုလားရာဘက်တွင် ကြယ်တာရာကောင်းကင်ယံသည် နက်ရှိုင်းပြီး မရေမတွက်နိုင်သော ကြယ်များသည် မှောင်မိုက်သောကောင်းကင်၌ အစက်အပြောက်များအဖြစ် ထွန်းလင်းတောက်ပနေသည်။
သို့ရာတွင် ယခုချိန်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်သည် ကြယ်တာရာကောင်းကင်ယံမှ ရုတ်တရက် ကျရောက်လာပြီး သူတို့သုံးယောက်အပေါ်သို့ ဖိနှိပ်လိုက်သည်။