← Chapters

အခန်း (၄၆၆၁-၄၆၆၅)

Vol. 236 Ch. 4661-4665

အခန်း (၄၆၆၁-၄၆၆၅)

Vol. 236 Ch. 4661-4665

Chapter 4661

ထိုဖိအားအရှိန်အဝါသည် အလွန်ထူးဆန်းပြီး ရုတ်တရက်ဆန်လှရာ မည်သူမျှ ခုခံကာကွယ်ရန် အချိန်မရခဲ့ပေ။

ဘုန်းခနဲအသံများနှင့်အတူ ပတ်ဝန်းကျင်တွင် ရှိနေသူအားလုံး ဒူးထောက်ရက်သား လဲကျသွားသည်။ ဝူကျင့်အမတ်ကြီးကဲ့သို့ ထိပ်သီးကျင့်ကြံသူတစ်ဦးပင်လျှင် တောင့်မခံနိုင်ခဲ့ချေ။

အားကောင်းသော အရှိန်အဝါတစ်ခုသည် သူတို့၏ခေါင်းများပေါ်သို့ ကျရောက်လာသည်။ ဤအချိန်တွင် ကျင့်ကြံမှုအဆင့် မည်မျှပင် အားကောင်းစေကာမူ လူတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က သူတို့၏ခန္ဓာကိုယ်ပေါ်သို့ ဖိနှိပ်နေသည်ကို ခံစားနေရသည်။

တာယွီအင်ပါယာဘက်တွင် အုပ်ချုပ်သူအရှင်သုံးယောက်သာလျှင် ဤဖိအားအရှိန်အဝါကို တောင့်ခံနိုင်ကြသည်။

"တာအိုသခင်တစ်ယောက်ပါလား..."

လုယွီ၏စိတ်နှလုံးသား လေးလံသွားပြီး ဤဖိအား၏အရင်းအမြစ်ကို ချက်ချင်း နားလည်သဘောပေါက်သွားသည်။

အစွမ်းထက်သော တာအိုသခင်တစ်ယောက်သာလျှင် ဤသို့သော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နိုင်သည်။

ဤသည်မှာ ကျိုးမိသားစု၏ ဘိုးဘေးကဲ့သို့သော ခြေလှမ်းတစ်ဝက် တာအိုသခင်မဟုတ်ဘဲ စစ်မှန်သော တာအိုသခင်တစ်ယောက်ပင်။

ဤတာအိုသခင်သည် ထန်စစ်တပ်ဘက်တွင် တစ်ကြိမ်တစ်ခါမှ ကိုယ်ထင်မပြခဲ့သော်လည်း သူထုတ်လွှတ်သော အရှိန်အဝါတစ်ခုတည်းကပင် တစ်စုံတစ်ယောက်၏ ကျောရိုးကို ချမ်းစိမ့်သွားစေရန် လုံလောက်သည်။

ဤသည်မှာ သတိပေးချက်တစ်ခုသာဖြစ်ပြီး လုယွီကို ရှေ့သို့မတက်ရန် သတိပေးနေခြင်းပင်။ ထိုသို့မဟုတ်ပါက ဤသည်မှာ လုယွီ သေဆုံးရမည့် အချိန်အခိုက်အတန့် ဖြစ်သွားပေလိမ့်မည်။

"ဒါက ထျန်းဝမ်ဗုဒ္ဓနဲ့ မတူဘူး..."

လုယွီ၏စိတ်နှလုံးသားသည် ချောက်နက်ကြီး၏ အောက်ခြေသို့ ကျဆင်းသွားသည့်အလား လေးလံသွားပေ၏။

သူသည် ယခင်က ထျန်းဝမ်ဗုဒ္ဓကို တောင်တန်းနှင့်ပင်လယ်ကျမ်းစာမှ ထူးဆန်းသောသားရဲများနှင့် မသေမျိုးအဆင့် မှော်လက်နက်တို့၏အကူအညီဖြင့် သတ်ဖြတ်ခဲ့သည်။

ထျန်းဝမ်ဗုဒ္ဓ တတ်မြောက်ထားသော မဟာတာအိုဥပဒေသများသည် မပြည့်စုံချေ။ သူ၏အင်အားသည် ကျိုးမိသားစုဘိုးဘေးထက် မြင့်မားသော်လည်း သူသည် ခြေလှမ်းတစ်ဝက်တာအိုသခင်အဖြစ်သာ သတ်မှတ်ခံရဆဲပင်။

သို့သော် ထန်အင်ပါယာမှ လျှို့ဝှက်ထိပ်သီးကျင့်ကြံသူမှာမူ လုံးလုံးလျားလျား ကွဲပြားခြားနားသည်။

လုယွီသည် ချီစောင့်ကြည့်ခြင်းနည်းစနစ်ကို အသုံးပြုပြီးနောက် ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများသည် ထိုထိပ်တန်းကျင့်ကြံ၏ တည်ရှိမှုကြောင့် ပြောင်းလဲသွားသည်ကို ခံစားမိပေ၏။

ဤသည်မှာ မဟာတာအိုဥပဒေသများကို ကျွမ်းကျင်ပြီးနောက် ကောင်းကင်ဘုံတာအိုကို သက်ရောက်မှုရှိစေသော ထူးဆန်းသည့် သဘာဝလွန်ဖြစ်စဉ်တစ်ခုပင်။

ထိုလူသည် စစ်မှန်သော တာအိုသခင်တစ်ယောက်ဖြစ်ပေ၏။ အမှန်အားဖြင့် သူ၏စွမ်းအားသည် တာအိုသခင်နယ်ပယ် အစောပိုင်းအဆင့်ထက် ကျော်လွန်နေသည်။

"မင်းသားစုတောင် သေသွားတာ အံ့အားသင့်စရာမရှိဘူး....ထန်အင်ပါယာမှာ တကယ့်ကို ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတွေနဲ့ ပြည့်နေတာပါလား"

အတိတ်တွင် ထန်အင်ပါယာသည် ရှေးဟောင်းခေတ်၌ နံပါတ်တစ်ထိပ်သီးအင်ပါယာ ဖြစ်သည်။ ထိုအင်ပါယာသည် အားကောင်းကာ ယိုယွင်းပျက်စီးခြင်း မရှိဘဲ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ ပေါများပေ၏။

ယခုချိန်တွင် ခေတ်ကာလပြောင်းလဲလာသော်လည်း ထန်အင်ပါယာ၏ အခြေခံအုတ်မြစ်သည် ခိုင်မာနေဆဲဖြစ်ပြီး ယိုယွင်းခြင်းမရှိပေ။ တာယွီကောင်းကင်ဘုံအင်ပါယာပင်လျှင် ထန်အင်ပါယာ၏တိုက်ခိုက်မှုကို မခုခံနိုင်ချေ။

"ဒါက ငါ့ကို သတိပေးနေတာပဲ..."

လုယွီ၏မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

အမျိုးအမည်မသိရသော အရာသည် ကြောက်မက်ဖွယ်အကောင်းဆုံး အရာပင်။ လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းတွင် ကြောက်ရွံ့ခြင်းမရှိသော်လည်း ဤအချိန်တွင် ထိုလူကို အနိုင်တိုက်ခိုက်နိုင်မည်ဟု သူ ယုံကြည်ချက်မရှိပေ။

ထန်အင်ပါယာ၏တာအိုသခင်သည် သူ့ကိုယ်သူ အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားသည်။ ကောင်းကင်ကွန်ယက်ပင်လျှင် သူ၏ခြေရာလက်ရာကို တစိုးတစိမျှ ရှာမတွေ့နိုင်ခဲ့သဖြင့် ဤပြဿနာ၏ကြီးမားပုံကို နားလည်သဘောပေါက်ရန် လုံလောက်သည်။

သူသာ အတင်းအကြပ် တိုက်ခိုက်ပါက သူ အမှန်တကယ် သေဆုံးသွားနိုင်သည်။ ထို့ပြင် လုယွီသည် ကောင်းရှစ်ကျီးကို အနိုင်ယူနိုင်သော်လည်း သူ့ကိုသတ်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

ထန်အင်ပါယာ၏တာအိုသခင်သည် ကြီးမားသော ဖိအားအရှိန်အဝါကို ထုတ်လွှတ်ထားပြီး မရေမတွက်နိုင်သော လူများကို ဒူးထောက်ဝပ်တွားနေစေသည်။

ထိုအချိန်တွင် အလင်းတိုင်တစ်တိုင်သည် တာယွီအင်ပါယာ၏စစ်စခန်းမှ ပွင့်အံ့ထွက်လာပြီး မိုးကောင်းကင်ယံသို့ ထိုးတက်သွားသည်။

ဤအလင်းတိုင်သည် ခရမ်းနီရောင်ဖြစ်ပြီး ကျယ်ပြန့်ကာ အဆုံးမရှိသော အလင်းတန်းများဖြင့် တောက်ပနေသည်။

မိုးကောင်းကင်သည် စုတ်ပြဲသွားပုံပင်။ ပြင်းထန်သောလေများသည် အရပ်မျက်နှာအနှံ့သို့ ဖြတ်သန်းတိုက်ခတ်နေပြီး ကြယ်တာရာကောင်းကင်ယံသည် အားကောင်းသော စွမ်းအားနှစ်ရပ်ဖြင့် နှစ်ခြမ်းကွဲသွားသည်။ သူတို့ကြားတွင် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သော စွမ်းအားတစ်ရပ်ရှိပြီး မည်သူကမျှ တခြားတစ်ယောက်ကို အလျှော့မပေးချေ။

တစ်ချိန်တည်းမှာပင် တာယွီ၏စစ်စခန်းများရှိ နေရာအသီးသီးမှ အလံများသည် ရုတ်တရက် လေထဲတွင် တလူလူလူးလွန့်လာသည်။

ပြင်းထန်သော တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒတစ်ရပ်သည် လေဟာနယ်အတွင်းတွင် စုစည်းလာပြီး ကံကြမ္မာအလင်းတိုင်ကို ပို၍တောက်ပစေသည်။

ခါးကိုင်းနေသော လူအိုကြီးတစ်ယောက်သည် လက်အတွင်းတွင် တောင်ဝှေးတစ်ချောင်းကိုကိုင်ကာ လေဟာနယ်အတွင်းမှ ဖြည်းညင်းစွာ ထွက်လာသည်။ သူ၏မျက်နှာပေါ်တွင် နက်ရှိုင်းသော အရေးအကြောင်းများဖြင့် ဖုံးလွှမ်းနေပေ၏။

သူ၏နောက်ကျိနေသော မျက်လုံးတစ်စုံတွင်ရှေးဟောင်းအငွေ့အသက်ဖြင့် ပြည့်နှက်နေပြီး သူသည် အရာအားလုံးကို တွေ့ကြုံခဲ့ဖူးသကဲ့သို့ပင်။ သူသည် လောက၏ ဒုက္ခဆင်းရဲများကြားတွင် ကြာမြင့်စွာ ရှင်သန်ခံခဲ့ရပြီး လောကရှိ အရာအားလုံးကို မြင်တွေ့နိုင်ပုံရသည်။

Chapter 4662

ထိုလူအိုကြီးသည် အနီရောင် ခြေလေးချောင်းပါသော စပါးကြီးမြွေ ဝတ်ရုံဝတ်ထားကာ သူ၏ခါးတွင် ကျောက်စိမ်းခါးပတ်ပတ်ထားပြီး တိမ်ဖိနပ်တစ်စုံကိုလည်း ဝတ်ဆင်ထားကာ ကြီးကျယ်ခမ်းနားပြီး ခန့်ညားထည်ဝါသည်။

လူအိုကြီးသည် လေထုအတွင်းတွင် မတ်တတ်ရပ်နေပေ၏။ သူ၏အားနည်းနေသော ခန္ဓာကိုယ်သည် မည်သည့်အချိန်မဆို ပြိုလဲကျသွားတော့မည့်အလားပင်။ သို့ရာတွင် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ခု ပွင့်အံ့ထွက်လာပြီး လူအများကို ထိတ်လန့်တုန်လှုပ်စေသည်။

"တောင်ကြားမင်းသား"

ဖူကျစ်ရွှယ်နှင့် စုန့်ချင်းဟူတို့သည် ထိုလူအိုကြီးကိုမြင်ချိန်၌ ချက်ချင်း ရှေ့သို့တက်လှမ်းကာ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

လုယွီသည် သူ့ရှေ့မှလူအိုကြီး မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း နားလည်သွားသည်။

တောင်ကြားမင်းသား(မင်းသား ကူ)...ကျိုးဟုန်ရွှန်း...

ဤသည်မှာ ကျန်းကျုံးဧကရာဇ်၏ ညီတော်ဧကရာဇ်ကျိုးထျန်းယင်၏ ဘထွေးတော်ဖြစ်ပြီး မင်းဆက်ငါးဆက်ကို တွေ့ကြုံခဲ့ဖူးသူဖြစ်သည်။ သူသည် ကျိုးမိသားစု တော်ဝင်မိသားစုတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေ၏။

တောင်ကြားမင်းသားသည် အလွန်အသက်ကြီးနေသော်လည်း သူ၏အရှိန်အဝါသည် မမှိန်ဖျော့သွားသေးချေ။ သူ ထွက်ပေါ်လာခြင်းဖြင့် သူသည် ပင်လယ်အား တည်ငြိမ်စေသော ကျောက်ဆူးတစ်ခုအလား တာယွီအင်ပါယာ၏ စစ်သားများနှင့် စစ်ဗိုလ်ချုပ်များအားလုံးကို ယုံကြည်မှုပေးစွမ်းနိုင်သည်။

"မင်းသားကူကို ဂါရဝပြုပါတယ်..."

လုယွီသည် ရှေ့သို့ထွက်လာပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းတွင် ဤမင်းသားအပေါ် ရိုသေလေးစားမှု ရှိသည်။

ငယ်ရွယ်စဉ်ကတည်းက မင်းသားကူ၏ ရာထူးသည် အလွန်လေးစားဖွယ်ကောင်းသည်။ သူသည် နန်းတွင်းကိုပင် လွှမ်းမိုးနိုင်ပြီး ကျန်းကျုံးဧကရာဇ်၏ အလွန်အမင်း ယုံကြည်မှုကို ရရှိခဲ့သည်။ ကျန်းကျုံးဧကရာဇ်သည် သူ့ကို တော်ဝင်နောင်တော်အဖြစ် ခန့်အပ်လိုသည်ဟုပင် ပြောခဲ့လေ၏။

သို့ရာတွင် မင်းသားကူက ငြင်းဆိုခဲ့သည်။ သံသယဖြစ်ခြင်းကို ရှောင်ရှားရန်အတွက် သူသည် သူ ရရှိခဲ့သော အုပ်ချုပ်ရေးရာထူးအားလုံးကို ငြင်းပယ်ခဲ့ပြီး မင်းသားဘွဲ့ကိုသာ ထိန်းသိမ်းထားခဲ့သည်။ သူသည် လောကနှစ်ခုတောင်တန်းသို့ သူ တစ်ယောက်တည်း ဝင်ရောက်သွားကာ နှစ်ပေါင်းငါးဆယ်ကျော် ကာကွယ်စောင့်ကြပ်ခဲ့သည်။

နောက်ပိုင်းတွင် ကျန်းကျုံးဧကရာဇ် နတ်ရွာစံပြီး ထိုက်ချမ်ဧကရာဇ် နန်းတက်ခဲ့သည်။ သူသည် နတ်ဆိုးမြေသို့ ကိုယ်တိုင်သွားပြီး မင်းသားကူကို ပြန်လည်ဖိတ်ခေါ်ခဲ့လေ၏။

မင်းသားကူသည် တော်ဝင်မြို့တော်မှ ထွက်ခွာစဉ်က သူသည် သူရဲကောင်းလူငယ်တစ်ဦးဖြစ်နေသေးသည်။ သို့ရာတွင် သူ တော်ဝင်မြို့တော်သို့ ပြန်လည်ရောက်ရှိလာချိန်၌ သူသည် အသက်အိုမင်းနေသော လူအိုကြီးတစ်ယောက် ဖြစ်နေလေပြီ။

သို့သော် လောကနှစ်ခုတောင်တန်းတွင် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ကူဘုရင်သည် ပြန်လည်မွေးဖွားခဲ့ပြီးဖြစ်သည်။ သူ၏ကျင့်ကြံမှုအဆင့်သည် ပြီးပြည့်စုံမှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အလွန်သန်မာအားကောင်းသည်။

သူသည် နှိမ့်ချစွာနေထိုင်ပြီး သူ၏အင်အားကို ပြင်ပတွင် တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်ပြသခဲ့ခြင်း မရှိချေ။ အကယ်၍ မင်းသားစု သေဆုံးခြင်း မရှိခဲ့ဘဲ ကျိုးတော်ဝင်မိသားစုတွင် နောက်ထပ်ကျောထောက်နောက်ခံ မရှိတော့ခြင်းကြောင့်သာ မဟုတ်ပါက မင်းသားကူသည် ရှေ့သို့ထွက်လာမည် မဟုတ်ချေ။

မင်းသားကူက ခေါင်းညိတ်ပြပြီး အဝေးရှိ ကြယ်တာရာကောင်းကင်ယံကို ကြည့်လိုက်သည်။

"မင်းတို့က ဒီမှာပဲ အဆုံးအဖြတ်တိုက်ပွဲကို စတင်ဖို့ စီစဉ်နေတာလား..."

အဝေးရှိ ကြယ်တာရာကောင်းကင်ယံတွင် ရှိနေသော ထန်အင်ပါယာ၏ တာအိုသခင်သည် တိတ်ဆိတ်သွားပေ၏။

ပတ်ဝန်းကျင်သည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီး လူတိုင်းသည် သူတို့၏နှလုံးခုန်သံများကို ရှင်းလင်းစွာ ပြန်ကြားနေရသည်။

ဤသည်မှာ ကောင်းကင်ဘုံနယ်မြေ၏ ထိပ်တန်းတည်ရှိမှုကြီးနှစ်ယောက်ကြားမှ စကားစမြည်ပြောဆိုခြင်းပင်။ သူတို့တစ်ယောက်ချင်းစီသည် ထူးခြားသော မှော်စွမ်းအားရှိသူများဖြစ်ပြီး သူတို့၏စွမ်းအား အနည်းငယ်မျှ ထုတ်လွှတ်လိုက်လျှင်ပင် မည်သူ့ကိုမဆို ထိတ်လန့်ကြောက်ရွံသွားစေရန် လုံလောက်သည်။

အချိန်တခဏအကြာတွင် အဝေးရှိ ထန်အင်ပါယာ စစ်စခန်းမှ သာယာနာပျော်ဖွယ်ကောင်းသော တံပိုးသံတစ်သံ ထွက်ပေါ်လာသည်။

ထိုတံပိုးသံသည် တိုက်ပွဲအတွင်းတွင် စိတ်လှုပ်ရှားမှုဖြစ်စေသော အသံကဲ့သို့ ကျယ်လောင်ခြင်းမရှိဘဲ အဝေး၌ ပဲ့တင်ထပ်နေသည်။ ဤသည်မှာ တပ်များဆုတ်ခွာရန် အမိန့်ပင်။

"အရှင်...ကျွန်တော်တို့က ဘာလို့ ဆုတ်ခွာရမှာလဲ..."

ကောင်းရှစ်ကျီးက နောက်သို့လှည့်ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထန်တာအိုသခင်သည် ကောင်းရှန်ကျီးကို တုံ့ပြန်ခြင်းမရှိဘဲ သာယာနာပျော်ဖွယ်ကောင်းသော ဆုတ်ခွာသည့် တံပိုးသံသည်လည်း ရပ်တန့်သွားခြင်း မရှိပေ။

လီမီက သက်ပြင်းရှိုက်လိုက်သည်။

"ဗိုလ်ချုပ်ကောင်း...အရှင် အမိန့်ပေးတဲ့အတိုင်း လုပ်ကြရအောင်"

သူတို့သည် အမည်ခံအားဖြင့် ထန်စစ်တပ်၏ တပ်မှူးများဖြစ်ကြသော်လည်း တာအိုသခင်၏ အမိန့်ကို နာခံရန်မှတပါး တခြားရွေးချယ်စရာမရှိပေ။

ဟမ့်....

ကောင်းရှစ်ကျီးသည် အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏နဖူးတွင် သွေးကြောများ ထောင်နေသည်။ သူသည် အဆုံးစွန်ဆုံးအဆင့်ထိ ဒေါသထွက်နေပေ၏။

သူသည် လက်ကိုမြှောက်ကာ ဖမ်းဆုပ်သည့် လက်ဟန်သင်္ကေတကို ပြုလုပ်လိုက်သည်။ ဖုန်းချန်ချင်း၏ ပျက်စီးနေသော ခန္ဓာကိုယ်သည် ကြေးနီစစ်ရထားအတွင်းသို့ စုပ်ယူခံလိုက်ရသည်။ ထို့နောက် သူ၏စိတ်ဝိညာဉ်အမျှင်တန်းတစ်စ ထွက်ပေါ်လာကာ ဖုန်းချန်ချင်း၏ ပုံစံအတိုင်း ရှိနေပေ၏။

"သူ မသေသေးဘူးလား"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ဤတိုက်ခိုက်မှုအပြီးတွင် ဖုန်းချန်ချင်းကို အသက်ရှင်ခွင့်ပေးရန် အခြေခံအားဖြင့် အစီအစဉ်မရှိခဲ့ပေ။ သို့ရာတွင် သူသည် ဖုန်းချန်ချင်းတွင် အသက်ကယ်ရန် တခြားနည်းလမ်းတချို့ ရှိနေမည်ဟု မျှော်လင့်မထားမိခဲ့ချေ။ ဤသို့သော ပြင်းထန်သည့် အခြေအနေအောက်တွင် သူ၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း အမှန်တကယ်ကို အသက်ရှင်သန်နိုင်ခဲ့သည်။

"လုယွီ...မင်းက ငါ့ တပ်ခွဲမှူးရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့တယ်... ဒီအတွက် ငါ လက်စားချေမယ်"

ကောင်းရှစ်ကျီးက လုယွီကို စူးစိုက်ကြည့်ပြီး ခက်ထန်တင်းမာစွာ ပြောဆိုသည်။

Chapter 4663

ထန်စစ်တပ်သည် နောက်ဆုံးတွင် ဆုတ်ခွာသွားခဲ့လေပြီ။

ထန်စစ်တပ်သည် ဒီရေအလား ဆုတ်ခွာသွားလေရာ လူများအားလုံး စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်ကြသည်။

တာယွီစစ်တပ်မှ စစ်သားများသည် ဝမ်းသာအားရ အော်ဟစ်ကြွေးကြော်နေကြသည်။ ယခင်က ထန်စစ်တပ် ရောက်ရှိလာသောအချိန်တိုင်း တာယွီစစ်တပ်သည် အကာအကွယ်ပုံစံဖြင့်သာ ခုခံခဲ့ရသော်လည်း ယခုမူ နောက်ဆုံးတွင် တိုက်ခိုက်အောင်မြင်ခဲ့သည်။

စစ်ပွဲမစတင်သေးသော်လည်း လူတိုင်းသည် ပုံမှန်မဟုတ်သော အရာတစ်ခုကို ခံစားမိကြသည်။

ထန်အင်ပါယာသည် တာယွီဘက်မှထောက်လှမ်းနိုင်သည်ထက် ပို၍များပြားသော အင်အားကို ပိုင်ဆိုင်ထားသည်။ ရုတ်တရက် ထွက်ပေါ်လာသော ကဲရှူဟန်သာမက နောက်ပိုင်းတွင် တခြားထိပ်သီးကျင့်ကြံသူနှစ်ယောက်လည်း ရောက်ရှိရှိသည်။ သူတို့၏အရှိန်အဝါများသည် ကောင်းရှစ်ကျီးထက် သေချာပေါက် မနိမ့်ကျပေ။

ထန်စစ်တပ်သည် အခြားစစ်မျက်နှာစာများ၏ ထိုးစစ်ကိုပင် စွန့်လွှတ်ကာ တော်ဝင်မြို့တော်ကို တိုက်ခိုက်ရန် အာရုံစိုက်ပြီး အပြည့်အဝ ပြင်ဆင်ထားသည်။

ဤသည်မှာ တိုက်ပွဲမတိုင်မီ ငြိမ်သက်ခြင်းဖြစ်ပြီး လူအမြောက်အများသည် သူတို့၏စိတ်နှလုံးသားများ လေးလံသွားသည်ကို ခံစားမိပေ၏။

"ဒါပေမဲ့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ အုပ်ချုပ်သူအရှင်လုယွီက တကယ်ပဲ သန်မာအားကောင်းတယ်... သူ တစ်ယောက်တည်းနဲ့ ရန်သူသုံးယောက်ကို တိုက်ခိုက်ခဲ့တာတောင် အားနည်းတဲ့ဘက်ကို ရောက်မသွားခဲ့ဘူး..."

"သူ ရောက်လာတာနဲ့ ငါတို့က ထန်စစ်တပ်ရဲ့ တိုက်ခိုက်မှုကို နောက်ဆုံးတော့ တားဆီးနိုင်ပြီ"

"ဖုန်းချန်ချင်း မသေသေးပေမယ့် သူ့ရဲ့ရုပ်ခန္ဓာကိုယ်က ပျက်စီးသွားပြီ...သူ တစ်ခါထပ်ပြီး ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားရင်တောင် ဒီတိုက်ခိုက်မှုကနေရသွားတဲ့ ဒဏ်ရာတွေက အချိန်တိုအတွင်းမှာ ပြန်လည်ကောင်းမွန်လာနိုင်မှာ မဟုတ်ဘူး.....ကောင်းရှစ်ကျီးရဲ့ ကျားစစ်ဗိုလ်ချုပ်တစ်ယောက် ဒဏ်ရာရသွားပြီ.... သူက တိုက်ပွဲအခြေအနေကို သက်ရောက်မှုမရှိနိုင်တော့ဘူး"

တာယွီစစ်သားများသည် တက်ကြွစွာ ဆွေးနွေးနေကြကာ သူတို့၏မျက်လုံးများဖြင့် လုယွီထံသို့ ကြည့်လိုက်ကြသော အချိန်တွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

ကောင်းကင်ဘုံနယ်မြေတွင် ခွန်အားသည်သာ အရာရာပင်။ လုယွီသည် သူ၏စွမ်းရည်များကို ပြသခဲ့ပြီး ဖြစ်သောကြောင့် သူသည် လူတိုင်း၏ လေးစားမှုကို အလိုအလျောက် ရရှိခဲ့သည်။

"လုယွီ...နောက်မှ ငါ့ရဲ့တဲကို လာခဲ့ပါ"

မင်းသားကူက လုယွီကိုကြည့်ပြီး အပြုံးနှင့်ပြောဆိုသည်။

လုယွီသည် ဦးညွှတ်အရိုအသေပြုပြီး သဘောတူလိုက်၏။ မင်းသားကူသည် ဝါရင့်စီနီယာတစ်ယောက်ပင်။ သူ၏ယရင်ဘဝတွင်ပင် သူ မင်းသားကူနှင့် တွေ့ဆုံချိန်၌ ရိုသေလေးစားစွာဖြင့် စီနီယာဟု ခေါ်ဆိုခဲ့သည်။

ကူဘုရင်၏ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဤအချိန်မှသာ လူများအားလုံးသည် ယခုထွက်ပေါ်လာသည်မှာ ကိုယ်ပွားပုံရိပ်ယောင်တစ်ခုသာဖြစ်သည်ကို ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့ရှိလိုက်ရသည်။

"ဂျူနီယာညီလေး.... ငါတို့ နောက်ဆုံးတော့ ပြန်တွေ့ကြပြီ"

ဖူကျစ်ရွှယ်က ရယ်ပြုံးကာ လုယွီ၏ ပခုံးကို ပုတ်လိုက်သည်။

"ကောင်းတယ်...အရမ်းကောင်းတယ်...မင်း တကယ်ပဲ အများကြီး ကြီးပြင်းလာပြီ...မင်း အခု ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီ"

လုယွီက အလျင်အမြန် ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။

"စီနီယာအစ်ကိုက အရမ်းမြှောက်စားလွန်းနေပါပြီ...စီနီယာအစ်ကိုကသာ ဒီအချိန်အတောအတွင်းမှာ အရမ်းတိုးတက်လာခဲ့တာပါ"

လုယွီ၏ ထိုးထွင်းသိမြင်မှုသည် အံ့အားသင့်ဖွယ်ကောင်းပေ၏။ တစ်ချက်ကြည့်ရုံဖြင့် သူသည် ဖူကျစ်ရွှယ်တွင် ကြီးမားသော တိုးတက်မှုတစ်ခု ရှိနေသည်ကို ပြောနိုင်သည်။

အရည်အချင်းအရ ဖူကျစ်ရွှယ်နှင့် လီမီတို့သည် အမျိုးအစားတစ်ခုတည်းတွင် ပါဝင်ကြသည်။ သူတို့နှစ်ယောက်လုံးသည် ငယ်ရွယ်ပြီး ပါရမီရှိသော လူငယ်များဖြစ်ကြပြီး ဉာဏ်ကောင်းကာ လျင်မြန်ဖျတ်လတ်ကြသည်။ မည်သို့သော ကျင့်ကြံမှုကို ကျင့်ကြံသည်ဖြစ်စေ သူတို့သည် တိုးတက်မှုများ အလျှင်အမြန် ရရှိနိုင်ကြသည်။

နောက်ဆုံးတစ်ကြိမ် တွေ့ဆုံခဲ့သည်နှင့် နှိုင်းယှဉ်လျှင် ဖူကျစ်ရွှယ်သည် များစွာ ပိုမိုအားကောင်းလာပေ၏။ သို့ရာတွင် သူသည် နှိမ့်ချစွာနေထိုင်ပြီး ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သော အရှိန်အဝါကို ထုတ်ဖော်ပြသခြင်း မရှိချေ။

"ဟား ဟား ဟား...ငါက မင်းဆီကနေ ဘာမှ ဖုံးကွယ်လို့မရဘူး... ငါ မိတ်ဆက်ပေးမယ်...ဒါက လူရိုင်းနယ်စပ်ရဲ့အုပ်ချုပ်သူအရှင် စုန့်ချင်းဟူပဲ"

ဖူကျစ်ရွှယ်သည် ဘေးသို့ရွှေ့ကာ သူ၏လက်ကိုမြှောက်ပြီး လုယွီနှင့် စုန့်ချင်းဟူကို မိတ်ဆက်ပေးလိုက်၏။

စုန့်ချင်းဟူက ရယ်မောပြီး ပြောဆိုသည်။

"လုယွီ ဟုတ်တယ်မလား... မင်းက စာပေသူတော်စင်ရဲ့ တပည့်လို့ ငါကြားတယ်....စာပေသူတော်စင်ရဲ့ ဆုံးဖြတ်ချက်က မှားမှာမဟုတ်ဘူးဆိုတာ ငါ သိတယ်...နောက်တစ်ကြိမ် မင်း ကောင်းရှစ်ကျီးနဲ့ တွေ့ရင် သူ့ကို ငါ့အတွက် ချန်ထားပေးဖို့ အစွမ်းကုန် ကြိုးစားစမ်းပါ...ငါ သူ့ကို ကြည့်မရတာ တော်တော်ကြာနေပြီ"

စုန့်ချင်းဟူသည် လူရိုင်းတစ်ယောက်မဟုတ်သော်လည်း သူသည် လူရိုင်းနယ်စပ်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သဖြင့် သူ၏စကားလုံးများနှင့် အလေ့အထများသည် လူရိုင်းသဘာဝဆန်နေသည်။

"အရှင်စုန့်...နောင်အနာဂတ်မှာ ကျွန်တော့်ကို ကူညီပေးပါအုံး"

လုယွီက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုလိုက်သည်။

လုယွီသည် ဤစုန့်ချင်းဟူအကြောင်း ယခင်က ကြားဖူးသည်။

ဤလူ၏ မူလအမည်မှာ စုန့်ချန်ပင်။ သူသည် ငယ်စဉ်ကတည်းက ထူးခြားသော အင်အားဖြင့် မွေးဖွားလာခဲ့သည်။ သူ ခြောက်နှစ်အရွယ်တွင် မိသားစု၏ အနောက်ဖက်တောင်သို့ ကစားရန် ချောင်းမြောင်းဝင်ရောက်သွားခဲ့ကာ မိုးကောင်းကင် မှောင်သွားသည့်တိုင် သူ ပြန်မလာခဲ့ပေ။

စုန့်မိသားစုတစ်စုလုံး ကြောက်လန့်သွားပြီး သူ့ကိုရှာဖွေရန် တောင်ပေါ်သို့ လူများကို အလျင်အမြန် စေလွှတ်ခဲ့ကြသည်။ နေဝင်မှသာ သူတို့သည် သူတို့သခင်ငယ်လေး၏ ပုံရိပ်ကို မြင်တွေ့ခဲ့ရသည်။ ထိုအချိန်က ခြောက်နှစ်အရွယ်သာရှိသေးသော စုန့်ချန်သည် သူ၏လက်ဗလာဖြင့် ကြီးမားသော ကျားနှစ်ကောင်ကို ဖမ်းဆုပ်ထားခဲ့သည်။ သူသည် ထိုကျားများ၏ဦးခေါင်းများကို အတင်းအကျပ် ဖိနှိပ်ကာ ကစားနေခဲ့လေ၏။

ကျားများသည် သွားဖြဲကာ ဟိန်းဟောက်ကြသော်လည်း စုန့်ချန်၏လက်များမှ ခွန်အားကို မလှုပ်ခါနိုင်ခဲ့ကြချေ။ ထို့ကြောင့် သူတို့သည် ခေါင်းငုံ့ကာ နာခံရန်သာ တတ်နိုင်ခဲ့ကြသည်။

စုန့်မိသားစု၏ မိသားစုခေါင်းဆောင်သည် အလွန်အမင်း ထိတ်လန့်သွားသည်။ သူသည် စုန့်ချန်၏ အမည်ကို 'ကျားဖမ်းသူ' ဟု ပြောင်းလဲလိုက်ပြီး သူ့ကို စစ်တပ်သို့ လေ့ကျင့်ရန် စေလွှတ်လိုက်သဖြင့် ကြမ်းကြုတ်သောနယ်စပ်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သော စုန့်ချင်းဟူ (ကျားဖမ်းသူ)ဟူသောအမည် မွေးဖွားလာခဲ့သည်။

Chapter 4664

"ရတာပေါ့...ရတာပေါ့... မင်းက ဒီနေ့ ကောင်းရှစ်ကျီး သွေးအန်တဲ့အထိ ရိုက်နှက်ခဲ့တာ....ငါ အရမ်းကျေနပ်တယ်... ဒီည ငါကိုယ်တိုင် မင်းကို ကြိုဆိုဧည့်ခံပြီးတော့ သူတို့ဆီက ကပ်ပါလာတဲ့ အညစ်အကြေးတွေကို ဆေးကြောပေးမယ်"

စုန့်ချင်းဟူက အားရပါးရ ရယ်မောပြီး ပြောဆိုသည်။

လုယွီက ခေါင်းညိတ်လိုက်ပြီးနောက် အုပ်ချုပ်သူအရှင်သုံးယောက်သည် စစ်စခန်းထံသို့ ပြန်သွားရန် ဟန်ပြင်လိုက်ကြသည်။

ထိုအချိန်မှာပင် စစ်စခန်း၏ အဓိကတံခါးမကြီး ပွင့်လာပြီး စစ်သားများအားလုံးသည် လုယွီကို ကြိုဆိုရန် ထွက်လာကြ၏။

လူများအားလုံး၏ လုယွီကိုကြည့်သောအကြည့်များ ယခင်နှင့် ကွဲပြားခြားနားနေသည်။ သူတို့အတွက်မူ ထန်စစ်တပ်အား ဆုတ်ခွာအောင် ပြုလုပ်နိုင်ခြင်းသည် ဂုဏ်ပြုထိုက်သော ကိစ္စတစ်ခုဖြစ်ပြီး လုယွီသည် စစ်မြေပြင်မှ သူရဲကောင်းတစ်ယောက်ပင်။ လုယွီသည် ကောလာဟလသတင်းများအတွင်းမှ လက်အောက်ခံအုပ်ချုပ်သူအရှင်နှင့် ကွာခြားသည်။

"ဘုန်း..."

လုယွီထံမှ ငွေတောင်းခဲ့သော ပိန်လှီလှီလက်ထောက်စစ်ဗိုလ်ချုပ်သည် အလျင်အမြန် ပြေးလာပြီး လုယွီ၏ ရှေ့တွင် ဒူးထောက်လိုက်သည်။ ထို့နောက် သူသည် တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။

"ဒီငယ်သားက မျက်လုံးကန်းပြီး အရှင်ကို မမှတ်မိခဲ့ပါဘူး....ကျေးဇူးပြုပြီးတော့ အရှင်က သဘောထားကြီးစွာနဲ့ ဒီငယ်သားကို ခွင့်လွှတ်ပေးပါ"

ပိန်လှီလှီလက်ထောက်စစ်ဗိုလ်ချုပ်သည် ဒူးထောက်ကာ ခေါင်းငုံ့ထားပြီး ခေါင်းမမော့ဝံ့ပေ။

သူသည် လုယွီကို ချမ်းသာသောမိသားစုမှ သခင်လေးတစ်ယောက်ဟု တွေးထင်ခဲ့ပြီး ခြိမ်းခြောက်ကာ ငွေများရယူလိုခဲ့သည်။ သို့ရာတွင် မည်သို့ပင်ဖြစ်စေကာမူ သူသည် လုယွီကို ကောင်းကင်ဘုံနယ်မြေအား တုန်လှုပ်စေခဲ့သော အုပ်ချုပ်သူအရှင်ဖြစ်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

လုယွီ၏ရှေ့တွင် သူ့ကို မဆိုထားနှင့် သာမန်အုပ်ချုပ်သူအရှင်များပင်လျှင် အရေးမပါချေ။

လုယွီသည် သူ့ကို ပုရွက်ဆိတ်တစ်ကောင်ကို ကြိတ်ချေသကဲ့သို့ လွယ်ကူစွာ ကြိတ်ချေနိုင်ပေ၏။

"ဘာလဲ...အခုထိ အခြေအနေကို နားမလည်သေးဘဲ အရှင်လုကို အခက်အခဲပေးချင်တဲ့လူတွေ ရှိနေသေးတာလား"

စုန့်ချင်းဟူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အသံအုပ်အုပ်ဖြင့် ပြောဆိုလိုက်သည်။

လုယွီ၏အမူအယာသည် တည်ငြိမ်နေပြီး သူက ပြောဆိုလိုက်၏။

"ငါ အခုမှ ဒီနေရာကို ရောက်တာ... စစ်တပ်ထဲဝင်ပြီးတော့မှ ငွေပေးရတယ်ဆိုတာ ငါ ပထမဆုံးအကြိမ် ကြားဖူးတာပဲ...ဒီစည်းကမ်းကို ဘယ်သူက ချမှတ်ထားလဲဆိုတာတော့ ငါ မသိဘူး...."

စုန့်ချင်းဟူက အေးစက်သော အပြုံးဖြင့် တုံ့ပြန်သည်။

"ငါသိတယ်... ဒါက အဲ့ဒီ သောက်သုံးမကျတဲ့ ကြီးကြပ်ရေးမှူး ချမှတ်ထားတဲ့ စည်းကမ်းပဲ.... သူက စစ်ရေးရန်ပုံငွေတွေ တိုးပွားစေချင်တယ်လို့ ပြောတယ်...တကယ့်ဟာသပဲ....အခွင့်အာဏာကြီးမားတဲ့ တာယွီအင်ပါယာရဲ့ စစ်ရေးရန်ပုံငွေတွေက ဒီသာမန်လူတွေကို ခေါင်းပုံဖြတ်ပြီးမှ ရနိုင်တယ်လို့ ငါ မယုံဘူး... အဲ့ဒီငွေတွေက တကယ်ပဲ စစ်ရေးစရိတ်အတွက် သုံးခဲ့သလား ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ရဲ့ အိတ်ကပ်ထဲမှာလား မသိဘူး"

စစ်တပ်ကို ကြီးကြပ်ခြင်း...

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်ကွန်ယက်မှ သတင်းအချက်အလက်များအရ တော်ဝင်နန်းတွင်းတွင် စောင့်ကြည့်ရေးအင်အားစုတစ်ခု ရှိနေသည်ကို သူ သိပေ၏။

ကျိုးယွမ်ယန်းသည် နန်းတော်တွင်နေထိုင်ပြီး ပြင်ပသို့မထွက်ဘဲ သူ၏ယုံကြည်စိတ်ချရသော မိန်းမစိုးကို စစ်တပ်အတွင်းသို့ စေလွှတ်ကာ စစ်သားများ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်စေသည်။

ကြီးကြပ်ရေးမှူးများသည် ဧကရာဇ်၏ ဆန္ဒကို တစိတ်တဒေသအားဖြင့် ကိုယ်စားပြုသည်။ ဤအမိန့်များကို အုပ်ချုပ်သူအရှင်တချို့ပင်လျှင် မနာခံဘဲ မနေဝံ့ပေ။

"ဒါက ကြီးကြပ်ရေးမှူးရဲ့ အမိန့်မဟုတ်ပါဘူး.... ဒါတွေအားလုံးကို ကျွန်တော်တစ်ယောက်တည်း လုပ်ခဲ့တာပါ.... ကြီးကြပ်ရေးမှူးနဲ့ ဘာမှမဆိုင်ပါဘူး"

လက်ထောက်စစ်ဗိုလ်ချုပ်က ဦးတိုက်အရိုအသေပြုပြီး အော်ဟစ်လိုက်သည်။

သူ ဤသို့ပြောဆိုသော်လည်း တခြားသူများသည် ဤလူ ပေါ်ပေါ်တင်တင် ငွေတောင်းရဲသည်မှာ စစ်ဆေးရေးအဖွဲ့၏ ကျောထောက်နောက်ခံရှိသောကြောင့် ဖြစ်သည်ကို မြင်တွေ့နိုင်သည်။

စုန့်ချင်းဟူက မျက်မှောင်ကြုတ်ကာ စက်ဆုပ်ရွံရှာသောအမူအယာဖြင့် ပြောဆိုသည်။

"ဘေးကို ထွက်သွားစမ်း...မင်းရဲ့မျက်နှာကို မြင်ရတာ ကျက်သရေတုံးတယ်"

လုယွီက ရုတ်တရက် သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုသည်။

"တာယွီအင်ပါယာရဲ့ စစ်ရေးဥပဒေအရ တပ်ထဲမှာ ပေါ်ပေါ်ထင်ထင် လာဘ်စားတဲ့ ဘယ်သူမဆိုကို လောကနှစ်ခုတောင်တန်းကို စစ်မှုထမ်းဖို့ ပို့ရမယ်"

"အရှင်...ကျွန်တော် နောက်ထပ် မလုပ်ဝံ့တော့ပါဘူး"

လက်ထောက်စစ်ဗိုလ်ချုပ်သည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ တာယွီနှင့်ထန် အင်ပါယာနှစ်ခုကြားမှ တိုက်ပွဲကို အန္တရာယ်ရှိသည်ဟု သတ်မှတ်ပါက လောကနှစ်ခုတောင်တန်းတွင် အဆတစ်ရာ အန္တရာယ်ပိုများသည်။

လောကနှစ်ခုတောင်တန်း၏ စစ်တပ်သည် နှစ်စဉ်နှစ်တိုင်း သွေးအပြောင်းအလဲကြီးတစ်ခုကို ကြုံတွေ့ရပြီး အသက်ရှင်ကျန်ရစ်နိုင်သူ အလွန်နည်းပါးသည်။ သူ ထိုနေရာသို့ ရောက်ရှိသွားပါက အမှန်တကယ်ကို သူ၏ဘဝ အဆုံးသတ်သွားပေမည်။

"သူ့ကို ခေါ်သွားကြစမ်း"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ စစ်သားအနည်းငယ် ချက်ချင်း ပြေးထွက်လာပြီး ထိုလက်ထောက်စစ်ဗိုလ်ချုပ်ကို ခေါ်ထုတ်သွားသည်။

လက်ထောက်စစ်ဗိုလ်ချုပ်ကို ဖြေရှင်းပြီးနောက် လုယွီသည် အဝေးရှိ စစ်သားသစ်များကို ညွှန်ပြကာ ပြောဆိုလိုက်၏။

"ဒီလူတွေက စစ်မြေပြင်ကို တစ်ခါမှ မရောက်ဖူးဘူး....သူတို့ တိုက်ခိုက်ရင်တောင် ဘာမှအသုံးဝင်မှာ မဟုတ်ဘူး...သူတို့ကို ပြန်သွားခိုင်းလိုက်စမ်း"

ဤတစ်ကြိမ်တွင် စစ်ဗိုလ်ချုပ်အားလုံး ဒုက္ခရောက်သွားကြသည်။ ဤသည်မှာ စစ်သားသစ်များဖြစ်နေသော်လည်း သူတို့သည် တော်ဝင်နန်းတွင်း၏ခွင့်ပြုချက်မရှိဘဲ မဆုံးဖြတ်ဝံ့ကြပေ။

ဝူကျင့်အမတ်ကြီးက ပြောဆိုသည်။

"အရှင်လု... ဒါက ဧကရာဇ်ရဲ့ အမိန့်ပါ... ကျွန်တော်တို့မှာ ပြောင်းလဲပိုင်ခွင့်မရှိမှာကို စိုးရိမ်မိပါတယ်"

"ရှေးဟောင်းလူသားဧကရာဇ် အမှားလုပ်ခဲ့ရင် အရာရှိတွေက သူ့ကို အချိန်မီ ပြင်ပေးလိမ့်မယ်....သူ ကျိုးယွမ်ယန်က မဆန့်ကျင်နိုင်လောက်အောင် အခွင့်အာဏာကြီးမားပြီးတဲ့ မြင့်မြတ်တဲ့ တည်ရှိမှုတစ်ခုမလို့လား....သူတို့ကို လွှတ်လိုက်... ဘာပဲဖြစ်လာလာ ငါ တာဝန်ယူမယ်"

လုယွီက ပြောဆိုသည်။

Chapter 4665

လုယွီ၏ အသံသည် တည်ငြိမ်သော်လည်း မေးခွန်းထုတ်၍မရသော ဂုဏ်သိက္ခာကို ဆောင်ကျဥ်းထားသည်။

ဝူကျင့်အမတ်ကြီးသည် စကားဆက်ပြောလိုသော်လည်း သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး နောက်ဆုံးတွင် စကားမပြောတော့ချေ။

"လာကြစမ်း...တပ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပြီးတော့ ဒီလူတွေကို ပြန်ပို့လိုက်စမ်း"

ဝူကျင့်အမတ်ကြီးက အမိန့်ပေးလိုက်သည်။

စခန်းအပြင်ဘက်တွင် ပိတ်မိနေသော အရပ်သားများသည် ဤအမိန့်ကိုကြားချိန်၌ အလွန်ဝမ်းသာသွားကြသည်။ သူတို့သည် အစောပိုင်းက သေခြင်းတရားနှင့် ရင်ဆိုင်ပြီးနောက် အိမ်ပြန်နိုင်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားခဲ့ကြပေ။

"ကျေးဇူးတင်ပါတယ် အရှင်လု..."

အရပ်သားများအားလုံး လုယွီကို ဦးညွှတ်လိုက်ကြသည်။

သူတို့သာ စစ်မြေပြင်သို့သွားပြီး ထန်စစ်တပ်နှင့် တိုက်ခိုက်ပါက သူတို့သည် အကြီးအကျယ် သေကြေပျက်စီးရပေမည်။

လုယွီ၏ဆုံးဖြတ်ချက်သည် သူတို့၏အသက်ကို ကယ်တင်ခြင်းနှင့် မခြားနားချေ။ ဤလူများသည် မည်သည်ကြောင့် ကျေးဇူးမတင်ဘဲ နေနိုင်မည်နည်း။

စုန့်ချင်းဟူ၏ မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ "အရှင်လု...မင်းက အခုမှရောက်လာပြီးတော့ ဧကရာဇ်ကို မင်းရဲ့အခွင့်အာဏာကို ပြလိုက်တာပဲ....ဧကရာဇ်က ဒီဒေါသကို မြိုသိပ်ထားနိုင်မှာ မဟုတ်ဘူး"

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"သူ ဘာလုပ်လုပ် သူ့ကိစ္စပဲ... ငါက ဒီအရပ်သားတွေ ငြိမ်းငြိမ်းချမ်းချမ်း နေတာကို မမြင်ရရင် ငါ့ရဲ့နှလုံးသားက အေးချမ်းမှာ မဟုတ်ဘူး"

"ဟူး...အသက်သုံးဆယ်တောင် မပြည့်သေးတဲ့ ငယ်ရွယ်ပြီး မထီမဲ့မြင်ပြုတတ်တဲ့ အုပ်ချုပ်သူအရှင်တစ်ယောက်ပဲ"

စုန့်ချင်းဟူက လုယွီ၏ ပုံရိပ်ကို ကြည့်ပြီး သက်ပြင်းရှိုက်လိုက်သည်။

ဧကရာဇ်ကျိုးယွမ်ယန်၏ အမိန့်ကို ပေါ်ပေါ်တင်တင် မနာခံဘဲ နေနိုင်သူမှာ လုယွီတစ်ယောက်တည်းသာလျှင် ရှိပေလိမ့်မည်။

လုယွီတွင် လူသားဧကရာဇ်ဓားရှိပြီး ဤသည်မှာ သရဖူမဲ့ဧကရာဇ်တစ်ပါးနှင့် ညီမျှသည်။ သူသည် ဧကရာဇ်၏ရှေ့တွင်ပင် ဒူးထောက်ရန် မလိုအပ်ချေ။

ဆန့်ကျင်ဘက်အားဖြင့် တခြားလက်အောက်ငယ်သားများသည် ဆိုးရွားသောအရာတစ်ခုခုကို ပြုလုပ်မိပါက ကျင့်ကြံမှုအဆင့် မြင့်မားသူတချို့သာ ထိုကိစ္စ၏တန်ပြန်မှုကို ခုခံနိုင်ပေမည်။ သို့သော် ကြီးမားသော တိုက်ပွဲတစ်ခု ရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ဤကိစ္စသည် သူတို့၏ကိုယ်ပိုင်အင်အားစုအပေါ် သက်ရောက်မှုရှိစေမည်မှာ မလွဲမသွေပင်။

တစ်ဖက်တွင်မူ ဖူကျစ်ရွှယ်သည် ပြုံးနေကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုချေ။

အုပ်ချုပ်သူအရှင်သုံးယောက်သည် စစ်စခန်းအတွင်းသို့ ဝင်ရောက်လိုက်ချိန်၌ သူတို့မြင်တွေ့ရသည်မှာ ကျယ်ပြောလှသော တန်းလျားများ မရေမတွက်နိုင်သော စစ်တဲများနှင့် ကင်းမျှော်စင်အမျိုးမျိုးပင်။ ကင်းမျှော်စင်များပေါ်တွင် စစ်သားများ မတ်တတ်ရပ်နေပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည်။

အလံများ လူးလွန့်နေကာ မရေမတွက်နိုင်သော စစ်သားများသည် လေ့ကျင့်ရေးကွင်းများပေါ်တွင် မတ်တတ်ရပ်ပြီး သိုင်းပညာလေ့ကျင့်နေကြသည်။ တိုက်ပွဲမာန်တင်းသံများသည် မိုးကောင်းကင်ယံကို တုန်ခါစေပြီး တိမ်တိုက်များအတွင်းသို့ မြင့်တက်သွားသည်။

"အုပ်ချုပ်သူအရှင်တို့ကို ဂါရဝပြုပါတယ်.."

စစ်သားများသည် သူတို့သုံးယောက်ကိုမြင်ချိန်၌ လှုပ်ရှားမှုများအားလုံးကို ရပ်တန့်ကာ ဦးညွှတ်လိုက်ကြသည်။

ဤသည်မှာ တာယွီအင်ပါယာ၏ ထိပ်သီးတိုက်ခိုက်ရေးအင်အားဖြစ်ပြီး လုယွီနှင့် အခြားနှစ်ယောက်သည် အလွန်အစွမ်းထက်သော ကျင့်ကြံသူများပင်။ သူတို့သည် စစ်အင်အားကို ကိုင်ဆောင်ထားပြီး သူတို့သည် စစ်မှန်သော အခွင့်အာဏာရှိသူများ ဖြစ်ပေ၏။

"လုယွီ...မင်းက အသစ်ရောက်လာတာဆိုတော့ မင်းကို ငါတို့တပ်ရဲ့ ကာကွယ်ရေးဖြန့်ကျက်မှုအကြောင်း ပြောပြမယ်"

ဖူကျစ်ရွှယ်က ရုတ်တရက် ပြောဆိုသည်။

လုယွီက ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို...."

ဖူကျစ်ရွှယ်က ပြောဆိုလိုက်၏။

"အခု ဒီ 'တော်ဝင်မြို့တော် သံမဏိတံတိုင်း' က တာယွီအင်ပါယာရဲ့ နောက်ဆုံးကာကွယ်ရေးစည်းပဲ.... ကျားလှောင်ခံတပ်နဲ့ စီးရွှေခံတပ် ကျသွားတာကြောင့် တော်ဝင်မြို့တော်ရဲ့ရှေ့မှာ ပြန့်ပြူးတဲ့ ကြယ်တာရာကောင်းကင်ယံပဲ ကျန်တော့တယ်... အတားအဆီးတွေ မရှိတော့ဘူး.... ကာကွယ်ရေးရဲ့ အဓိကစစ်အင်အားတွေက တောက်ပနေမင်းစစ်တပ် လူရိုင်းစစ်တပ် ချိုင်စစ်တပ်နဲ့ တော်ဝင်စစ်တပ်တွေပဲ....ငါတို့ရဲ့ အဓိကတာဝန်က ဒီကာကွယ်ရေးစည်းကို ခိုင်ခိုင်မာမာ ကာကွယ်ပြီးတော့ ထန်စစ်တပ်ကို ဒီနေရာမှာ အချိန်ဆွဲထားဖို့ပဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"သူတို့ကို အချိန်ဆွဲထားရုံပဲလား...."

ဤလောကတွင် အချိန်အတော်ကြာ တိုက်ခိုက်၍မရသော ခံတပ်ဟူ၍မရှိပေ။ အကယ်၍ ကောင်းမွန်သော စစ်နည်းဗျူဟာမရှိပါက ဤသံမဏိတံတိုင်းဟုခေါ်သော ကာကွယ်ရေးစည်းသည် ထိုးဖောက်ခြင်းခံရမည်မှာ အနှေးနှင့်အမြန်ပင်။

ဖူကျစ်ရွှယ်က သက်ပြင်းရှိုက်ပြီး ပြောဆိုသည်။ "နန်းတွင်းရဲ့ မူလနည်းဗျူဟာက ရှန်းယင် ကြယ်မြစ် အသင်္ချေကြယ်မြစ်နဲ့ ခွန်းလွန်ကြယ်မြစ်က စစ်တပ်တွေကို နောက်ကနေ တိုက်ခိုက်ခိုင်းပြီး တော့ ထန်စစ်တပ်ကို အတွင်းအပြင်နှစ်ဖက်ကနေ ညှပ်ပြီးတိုက်ခိုက်ဖို့ပဲ... ဒါပေမဲ့ ဒီလိုကိစ္စတွေ ဖြစ်လာမယ်လို့ ဘယ်သူက ထင်မိမှာလဲ...."

မြောက်ပိုင်းဧကရာဇ် ရှန်လင်းလုံသည် နယ်မြေကိုခွဲဝေကာ ရှန်းယင်နှင့်အသင်္ချေကြယ်မြစ်တို့ကို သိမ်းပိုက်ထားပေ၏။

ခွန်းလွန်ကြယ်မြစ်သည်လည်း ကျိုးအင်ပါယာ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

တာယွီအင်ပါယာသည် ယခုလက်ရှိအချိန်တွင် အန္တရာယ်ရှိသော အခြေအနေတွင် ရှိနေပြီး စစ်သည်တော်များလည်း မလုံလောက်တော့ပေ။ ထို့ကြောင့် သစ္စာမဲ့သော လက်အောက်ငယ်သားများကို နှိမ်နင်းရန် အုပ်ချုပ်သူအရှင်များ၏ အင်အားကိုသာ အားကိုးနိုင်သည်။

Thank For Reading.

All Chapters