← Chapters

အခန်း (၄၆၇၆-၄၆၈၀)

Vol. 237 Ch. 4676-4680

အခန်း (၄၆၇၆-၄၆၈၀)

Vol. 237 Ch. 4676-4680

Chapter 4676

"မင်းတို့ အပြင်မှာနေကြစမ်း... ဘယ်သူကိုမှ ဝင်ခွင့်မပြုဘူး"

လုယွီသည် တဲ၏အပြင်ဘက်သို့ကြည့်ပြီး အော်ဟစ်လိုက်သည်။

"ဟုတ်ကဲ့ပါ အရှင်"

ပန်းထိုးနဂါးအစောင့်များအားလုံး တဲ၏အပြင်ဘက်တွင် နေရာယူပြီး စောင့်ကြပ်လိုက်ကြ၏။

သို့ရာတွင် ဤလူများသည် သူ့ကို စုံစမ်းနိုင်မည် မဟုတ်ချေ။ လုယွီသည် စစ်တဲအတွင်းတွင် ဖုံးကွယ်ဝင်္ကပါတစ်ခုကို တည်ဆောက်ပြီး ပန်းထိုးနဂါးအစောင့်များကို လှည့်ဖြားလိုက်သည်။

တစ်ချိန်တည်းမှာပင် လုယွီ၏ နတ်ဘုရားစိတ်အာရုံသည် ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် သိုလှောင်အိတ်အတွင်း၌ ပုန်းကွယ်နေသော ကမ္ဘာငယ်လေးသည် ပြီးပြည့်စုံနေလေပြီ။ လုယွီ၏ ကြိမ်ဖန်များစွာ ပြုပြင်ခြင်းကို ခံရပြီးနောက် ဤအရာသည် ပြီးပြည့်စုံနေပြီဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်၏ ကြီးမားသော တာအိုသဘောတရားအမျိုးမျိုးဖြင့် ပြည့်နှက်နေပေ၏။

လုယွီက သူ၏အကြည့်ကို လေဟာနယ်တစ်နေရာထံသို့ ရွှေ့ပြောင်းလိုက်သည်။ သူသည် အချိန်တခဏကြာ စဉ်းစားပြီးနောက် ထိုလေဟာနယ်အတွင်းသို့ ဝင်ရောက်သွားသည်။

သူ၏မျက်လုံးရှေ့တွင် မှောင်မိုက်နေပြီး လှောင်အိမ်တစ်ခုသည် အမှောင်ထဲတွင် လွင့်မျောနေပေ၏။

သို့ရာတွင် ယခုချိန်တွင်မူ လှောင်အိမ်၏ သံတံခါးကို ကြမ်းတမ်းသောခွန်အားဖြင့် ချိုးဖျက်ထားသည်။ ထို့ကြောင့် လှောင်အိမ်အတွင်းရှိလူ ပျောက်ကွယ်သွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။

"လီကျိုးစီ... မင်းက တကယ့်ကို ငါ့ရဲ့မျှော်လင့်ချက်ထက် ကျော်လွန်သွားပြီ"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

ဗဟိုစစ်တဲတွင် လုယွီသည် မူလက လီကျိုးစီကို ထုတ်ယူရန် စီစဉ်ခဲ့သော်လည်း သူသည် ကမ္ဘာငယ်လေးမှ လှောင်အိမ်ကို ချိုးဖျက်ခြင်းခံရသည်အား ခံစားမိသောကြောင့် ထိုအကြံကို စွန့်လွှတ်ခဲ့သည်။

ဤလှောင်အိမ်အား လုယွီ၏စိတ်ဆန္ဒကိုအသုံးပြု၍ ဖွဲ့စည်းထားခြင်းပင်။ ထိုအရာသည် အလွန်မာကျောပြီး ဤနေရာတွင် ပိတ်မိနေသော သာမန်လူတစ်ဦးတွင် အတောင်ပံများရှိနေလျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ဤသည်မှာ ချိတ်ပိတ်ထားသော အကျဉ်းထောင်တစ်ခုအလားပင်။

လီကျိုးစီ၏ မှော်စွမ်းအားကို ချိတ်ပိတ်ထားပြီးဖြစ်သော်လည်း သူသည် လှောင်အိမ်မှ လွတ်မြောက်သွားနိုင်ခဲ့သည်။ ဤကိစ္စကို တွေးတောကြည့်နိုင်ရန် အလွန်ခက်ခဲပေ၏။

"မင်းက ထွက်ပြေးနိုင်မှာလား..."

လုယွီက အေးစက်စက် နှာမှုတ်လိုက်ပြီးနောက် သူ၏နတ်ဘုရားအာရုံဖြင့် ချက်ချင်းဆိုသလိုပင် ကမ္ဘာငယ်လေးတစ်ခုလုံးကို စတင်ရှာဖွေလိုက်သည်။

အချိန်တခဏအတွင်းမှာပင် လုယွီသည် လီကျိုးစီကို ရှာတွေ့ခဲ့လေ၏။

လီကျိုးစီသည် အဝေးသို့ ထွက်မသွားခဲ့ချေ။

သူသည် ကမ္ဘာငယ်လေးအတွင်းရှိ တောင်တစ်လုံးမှ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေသည်။ သူ၏မျက်နှာအမူအယာသည် တည်ငြိမ်နေပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံသည့် အရိပ်အယောင် တစိုးတစိမျှ ရှိမနေချေ။

လီကျိုးစီသည် သူ၏နည်းလမ်းများ အားလုံးကို အသုံးပြုခဲ့သော်လည်း သူသည် ဤကမ္ဘာငယ်လေးအတွင်းမှ ထွက်ခွာ၍မရနိုင်ကြောင်း တွေ့ရှိခဲ့သည်။ အဆုံးသတ်တွင် သူသည် ဤနေရာတွင် ထိုင်ကာ လုယွီကို စောင့်ရန် ရွေးချယ်ခဲ့သည်။

ဤအချိန်တွင် လီကျိုးစီသည် သူ၏ဘယ်လက်ဖြင့် စုရူ၏ လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ညာလက်တွင် ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်ကာ သူမ၏လည်ပင်းတွင် ထောက်ထားသည်။

စုရူ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ လုယွီ ရောက်လာသည်ကို မြင်ချိန်၌ သူမက အလျင်အမြန် ပြောဆိုသည်။

"အရှင်..."

"လီကျိုးစီ....မင်း ဘာကို ဆိုလိုတာလဲ..."

လုယွီ၏ နတ်ဘုရားစိတ်အာရုံသည် ကမ္ဘာငယ်လေး၏ လေဟာနယ်အတွင်းတွင် ထွက်ပေါ်လာပေ၏။

"လုယွီ...မင်းမှာ ငါ့ကို နှိမ်နင်းနိုင်တဲ့ နည်းစနစ်တချို့ရှိတာ မှန်တယ်...ဒါပေမဲ့ မင်းက အရမ်းနမော်နမဲ့နိုင်လွန်းတယ်... ငါ့မှာ ဒီလိုနည်းစနစ်မျိုး ရှိမယ်လို့ မင်း မမျှော်လင့်ခဲ့ဘူးမဟုတ်လား"

လီကျိုးစီက အေးစက်သော အပြုံးဖြင့် ပြောဆိုသည်။

"ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောပြမယ်... ငါ့ကိုယ်ပေါ်က ချိတ်ပိတ်ထားတာကို ဖယ်ရှားပြီး ငါ့ကို လွှတ်ပေးစမ်း.... ဒါဆိုရင် ငါ သူ့ကို လွှတ်ပေးမယ်"

"မဖြစ်နိုင်ဘူး...မင်း စဉ်းတောင်မစဉ်းစားနဲ့"

လုယွီက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

လီကျိုးစီသည် ကောင်းရှစ်ကျီးကဲ့သို့ အားမကောင်းသော်လည်း သူသည် ထန်တပ်မတော်၏ အကောင်းဆုံး နည်းဗျူဟာမှူးများအနက်မှတစ်ယောက်ပင်။

သူသည် စစ်မြေပြင်တွင် အတွေ့အကြုံရှိသော ဝါရင့်စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။ အကယ်၍ သူ့ကို ပြန်လွှတ်လိုက်ပါက ထန်စစ်တပ်သည် အတောင်ပံတပ်ပေးလိုက်သော ကျားတစ်ကောင်ကဲ့သို့ ဖြစ်သွားမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ထိုအချိန်တွင် ဤကိစ္စသည် တိုက်ပွဲတစ်ခုလုံးအပေါ် ပြင်းထန်သော သက်ရောက်မှု ရှိလာပေလိမ့်မည်။

"ငါ မင်းကို နောက်နေတယ်လို့ မင်း ထင်နေတာလား..."

လီကျိုးစီ၏မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ သူသည် လက်ကိုမြှောက်ကာ ခုတ်ပိုင်းလိုက်ပြီး စူးရှသော ဓားသွားတစ်ခုသည် စုရူ၏ လည်ပင်းကို ချက်ချင်း ဖြတ်တောက်လိုက်သည်။

စုရူ၏ မျက်နှာပေါ်တွင် နာကျင်သောအမူအယာတစ်ရပ် ထင်ဟပ်လာပြီး သူမ၏လည်ပင်းမှ သွေးများစီးကျလာသည်။

လုယွီသည် ထိုဓားမြှောင်ကိုမြင်ပြီးနောက် တီးတိုးရေရွတ်လိုက်၏။

"မင်း လှောင်အိမ်ကို ဖွင့်နိုင်ခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး"

လီကျိုးစီ၏လက်အတွင်းရှိ ဓားမြှောင်သည် အဖြူရောင်ဖြစ်ပြီး လက်ကိုင်တွင် ပုလဲခုနစ်လုံးကို ထည့်သွင်းထားသည်။ ဤသည်မှာ လေးလံပြီး စူးရှကာ ထူးခြားသော ပစ္စည်းတစ်ခုနှင့် တူညီနေသည်။

ဤဓားမြှောင်သည် မသေမျိုးတစ်ဝက်အဆင့် မှော်လက်နက်ပင်။

ဤဓားမြှောင်ကို လက်အတွင်းတွင် ကိုင်ဆောင်ထားလျှင် လီကျိုးစီသည် သူ၏မှော်စွမ်းအားများ ပြန်လည်ရရှိရန် မလိုအပ်ပေ။ သူသည် လုယွီ ဖန်တီးခဲ့သော လှောင်အိမ်ကို ချိုးဖျက်ရန်အတွက် သူ၏ဓားမြှောင်ဖြင့် အစွမ်းကုန် ထိုးနှက်ရန်သာ လိုအပ်သည်။

Chapter 4677

"လုယွီ မင်းက ငါ့ကို တကယ်ကြီး အံ့အားသင့်စေတယ်....မင်းက သူတော်စင်တစ်ပါးရဲ့ ဂုဏ်သိက္ခာရှိတဲ့ တပည့်တစ်ယောက်ဖြစ်ပေမယ့် မင်းရဲ့သီးသန့်နေရာမှာ မိန်းကလေးတစ်ယောက်ကို ဖွက်ထားတာပဲ... မင်းက ဘယ်လိုပျော်ရမလဲဆိုတာ တကယ်သိတဲ့ကောင်ပဲ....ဒါပေမဲ့ မိန်းမလှလေးတစ်ယောက်က မင်းရှေ့မှာ ခဏလေးနဲ့ အလောင်းဖြစ်သွားနိုင်တယ်...အဲ့ဒီလိုဖြစ်တာကို မင်း မြင်ရက်လို့လား...."

လီကျိုးစီသည် မောက်မာထောင်လွှားစွာ ရယ်မောလိုက်ပြီး သူသည် ပြေးရန်မြေမရှိသော ရူးသွပ်သူတစ်ယောက်အလားပင်။

သူသည် စုရူ၏ အသက်ကိုအသုံးပြု၍ လုယွီကို ခြိမ်းခြောက်လိုပေ၏။

လုယွီက လီကျိုးစီကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ငါ့အထင်တော့ မင်း နားလည်မှုလွဲနေပြီ...သူက ငါနဲ့ ဘာမှမဆိုင်ဘူး..."

လီကျိုးစီ၏ မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

"အခု မင်း ဟန်ဆောင်နေတော့ ဘာဖြစ်လာမှာ မလို့လဲ...မင်း ငါ့ကို မလွှတ်ရင် သူ သေရလိမ့်မယ်"

ထိုသို့ပြောဆိုပြီးနောက် လီကျိုးစီသည် သူ၏ဓားမြှောင်ကိုမြှောက်ကာ စုရူ၏ ပေါင်ကို ထိုးလိုက်၏။

ဝှစ်....

ထက်ရှသော ဓားမြှောင်သည် စုရူ၏ ဖြူဖွေးသော ပေါင်အတွင်းသို့ ပြင်းထန်စွာ စိုက်ဝင်သွားပြီး သွေးများ ပန်းထွက်လာသည်။

စုရူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူမ၏မျက်နှာပေါ်တွင် အလွန်အမင်းနာကျင်သည့် အမူအယာတစ်ရပ် ထင်ဟပ်နေသည်။ သူမ၏ပါးစပ်မှ စူးရှနာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်လာပေ၏။

လီကျိုးစီက လုယွီကို ပြန်ကြည့်လိုက်သော်လည်း သူ၏အမူအယာ မပြောင်းလဲသည်ကို တွေ့ရှိခဲ့သည်။ သူသည် အေးစက်စက် နှာမှုတ်ကာ ပြောဆိုလိုက်သည်။

"ဟမ့်...မင်းက ဒီလောက်တောင် နှလုံးသားမဲ့တဲ့ကောင်ဖြစ်မယ်လို့ ငါ မထင်ခဲ့ဘူး....ဒီအမျိုးသမီး မင်းရှေ့မှာ ဒဏ်ရာရနေတာတောင် မင်းက မျက်တောင်မခတ်ဘူး"

သူသည် လုယွီနှင့် အကွာအဝေးကို ပိုင်းခြားကာ ခြေတစ်လှမ်းချင်း နောက်ဆုတ်လိုက်သည်။

ဤအခြေအနေတွင်ပင် လီကျိုးစီသည် စုရူကို မသတ်သေးချေ။

ဤသည်မှာ သူ၏ဓားစာခံဖြစ်ပြီး လုယွီကို ခြိမ်းခြောက်ရန် သူ၏နောက်ဆုံးနည်းလမ်းလည်း ဖြစ်သည်။ အကယ်၍ သူ သူမကို သတ်လိုက်ပါက မှော်စွမ်းအားမရှိသော သူသည် လုယွီ၏ရှေ့တွင် အသေးအမွှားဖြစ်သွားပေမည်။

"ငါနဲ့သူရဲ့ ဆက်ဆံရေးက ဘာလဲဆိုတာကို မင်းကို ရှင်းပြဖို့ မလိုဘူး...မင်းကတော့...လီကျိုးစီ မင်းက ငါ့ကို ခြိမ်းခြောက်ဖို့ အမျိုးသမီးတစ်ယောက်ကို အသုံးချတဲ့အထိ ကျဆင်းသွားပြီလား.... မင်းလို ထန်အင်ပါယာရဲ့ နာမည်ကြီး စစ်ဗိုလ်ချုပ်တစ်ယောက်က ဒီလိုအခြေအနေမျိုးထိ ကျဆင်းသွားပြီလား"

လုယွီက ခြေလှမ်းတစ်လှမ်းချင်း လီကျိုးစီထံသို့ လျှောက်လှမ်းသွားသည်။

လုယွီ ၏ခြေလှမ်းများသည် အလွန်နှေးကွေးပြီး ပေါ့ပါးသော်လည်း ခြေတစ်လှမ်းတိုင်းတွင် လီကျိုးစီသည် သူ၏နှလုံးသားကို နင်းလျှောက်သွားသည့်အလား ခံစားနေရသည်။

လီကျိုးစီက မျက်မှောင်ကြုတ်လိုက်သည်။ ယခုအချိန်မှသာ သူသည် သူ၏လက်အတွင်းရှိ အမျိုးသမီးသည် လုယွီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း နားလည်သဘောပေါက်သွားသည်။

"ကျွန်မက လုမိသားစုက သခင်မလေးရဲ့ အထိန်းတော်တစ်ယောက်ပဲ...ကျွန်မကိုသုံးပြီး ကျွန်မရဲ့သခင်ကို ခြိမ်းခြောက်ဖို့ မစဉ်းစားနဲ့"

စုရူသည် နောက်သို့လှည့်ကာ အံ့ကြိတ်ပြီး ပြောဆိုလိုက်၏။

ဤစကားများကို ကြားချိန်တွင် လီကျိုးစီ၏ မျက်ခုံးများ မြင့်တက်သွားပြီး ရုတ်တရက် စုရူကို ပါးဖြတ်ရိုက်လိုက်သည်။

ထို့နောက် သူသည် သူ၏လက်အတွင်းမှ ဓားမြှောင်ကို လုယွီထံဦးတည်ပြီး ပစ်လွှတ်လိုက်၏။

ဝှစ်....

အချိန်တခဏအတွင်းမှာပင် ထိုဓားမြှောင်သည် လေဟာနယ်ကို ဖြတ်သန်းလာကာ လေထုကို ဆုတ်ဖြဲသွားသည့် ကျယ်လောင်သောအသံများ မြည်ဟီးနေသည်။

လီကျိုးစီတွင် မှော်စွမ်းအား မရှိတော့သော်လည်း သူ၏ရုပ်ခန္ဓာကိုယ်ခွန်အား ကျန်ရှိနေသည်။

ဤဓားမြှောင်ကို ရုတ်တရက် ပစ်လွှတ်လိုက်ချိန်၌ ထိုအရာ၏အင်အားသည် ထိတ်လန့်ဖွယ်ကောင်းသည်။ ထို့ပြင် ဤသည်မှာ အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်မှု ဖြစ်သောကြောင့် မည်သူ့ကိုမျှ တုံ့ပြန်ရန် အချိန်မပေးခဲ့ချေ။

"မင်းက သေချင်နေတာပဲ"

လုယွီ၏ မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

ဓားမြှောင်သည် လုယွီ၏အနီးသို့ ချဉ်းကပ်လာသည့် အချိန်အခိုက်အတန့်တွင် လေထုအတွင်းရှိ အားကောင်းသော အင်အားတစ်ရပ်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

လုယွီက သူ၏လက်ကိုမြှောက်ကာ ဓားမြှောင်ကို ဖမ်းဆုပ်ပြီး ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။

ဓားမြှောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပေ၏။ ဓားမြှောင်၏ မျက်နှာပြင်မှ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာသည်။ ထို့နောက်ဓားမြှောင်၏ ကိုယ်ထည်သည် လိမ်ကောက်ပြီး ပုံပျက်သွားကာ အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများ ပြန့်ကျဲသွားပြီး သံတိုသံစတစ်ပုံအဖြစ်သို့ ပြောင်းလဲသွားသည်။

"လီကျိုးစီ...ငါ အရင်က မင်းကို မျက်နှာသာပေးဖို့ စီစဉ်ထားတာ... ဒါပေမဲ့ မင်းက ဒီလိုဖြစ်လာဖို့ တောင်းဆိုခဲ့တာပဲ..."

လုယွီက သူ၏လက်ကိုမြှောက်ကာ အဝေးမှ လီကျိုးစီကို ဖမ်းဆုပ်လိုက်သည်။

လီကျိုးစီသည် ဒေါသတကြီး အော်ဟစ်ကာ အစွမ်းကုန် ရုန်းကန်နေသည်။ သို့ရာတွင် ဤအချိန်၌ သူသည် စဉ်းတီတုံးပေါ်မှ ငါးတစ်ကောင်ကဲ့သို့ အနည်းငယ်မျှ မခုခံနိုင်တော့ပေ။

လုယွီ၏နောက်တွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်သည် လေဟာနယ်အတွင်း၌ မားမားမတ်မတ် ရပ်တည်နေသည်။ အရပ်မျက်နှာအဘက်ဘက်တွင် ငရဲဘုရင်များတရားသူကြီးများ တစ္ဆေဘုရင်များနှင့် အခြားဓမ္မပုံရိပ်ယောင်များ ဆယ်နှင့်ချီပြီးရှိသည်။ သူတို့၏မျက်လုံးများသည် ဒေါသကြောင့် ပြူးကျယ်နေပြီး သူတို့၏လက်အတွင်းတွင် အဆောင်လက်ဖွဲ့များကို ကိုင်ဆောင်ကာ လီကျိုးစီကို စူးစိုက်၍ ကြည့်နေကြသည်။

အေးစက်သော ယင်ချီစွမ်းအင်သည် အရပ်မျက်နှာအဘက်ဘက်တွင် ပျံ့လွင့်နေပြီး ငရဲနယ်မြေသို့ ကျရောက်သွားသကဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

တစ်ချိန်တည်းမှာပင် နတ်ဘုရားအက္ခရာများကို ဖတ်ရှုသည့် ကျယ်လောင်ပြီး နက်ရှိုင်းသောအသံတစ်သံသည် လီကျိုးစီ၏ နားအတွင်းတွင် ပေါက်ကွဲသွားပေ၏။

"မြေအောက်လောကနတ်ဘုရားကို ယုံကြည်ကိုးကွယ်ရင် ထာဝရအသက်ကို ရရှိမယ်"

Chapter 4678

ထိုအသံသည် ခေါင်းလောင်းသံတစ်သံအလား လီကျိုးစစ်၏စိတ်နှလုံးသားအတွင်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

လီကျိုးစီသည် ချက်ချင်းဆိုသလိုပင် တွေဝေသွားပေ၏။ သူ၏စိတ်ဝိညာဉ်ကို မရေမတွက်နိုင်သော ထူထပ်သိပ်သည်းသည့် နတ်ဘုရားအက္ခရာများမှ ရစ်ပတ်ထားပြီးဖြစ်သည်။

မြေအောက်လောကနတ်ဘုရား၏ ကျယ်ပြန့်ပြီး နတ်ဘုရားဆန်သော အရှိန်အဝါသည် သူ့ကို လုံးလုံးလျားလျား လွှမ်းခြုံသွားသည်။ လီကျိုးစီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နတ်ဘုရားနယ်မြေအတွင်းသို့ နစ်မြုပ်သွားသည်။

"လုယွီ... မင်းက နတ်ဘုရားမန္တန်တွေကိုတောင် သုံးနိုင်တာလား...မဟုတ်ဘူး...ငါ့ကို ထိဖို့မစဉ်းစားနဲ့.... ငါက ထန်အင်ပါယာကို သစ္စာစောင့်သိတယ်...သေခြင်းတရားကို ငါက အိမ်ပြန်သလိုပဲ သဘောထားတယ်... ငါ မင်းကို မကြောက်ဘူး"

လီကျိုးစီသည် ဒေါသတကြီး အော်ဟစ်ကာ လုယွီ၏ ချုပ်နှောင်မှုမှ လွတ်မြောက်နိုင်ရန် အစွမ်းကုန် ကြိုးစားနေသည်။

လုယွီက အေးစက်စက် နှာမှုတ်လိုက်သည်။

"ဟမ့်...ဒီနေ့ မင်း ငါ့ရဲ့အမိန့်ကို နာခံရမယ်...မင်း ဆန္ဒမရှိရင်တောင် နာခံရမယ်...."

သူ၏အေးစက်စက် နှာမှုတ်သံသည် မြေအောက်လောကနတ်ဘုရား၏ ဓမ္မပုံရိပ်ယောင်ထံသို့ ကူးစက်သွားပေ၏။ ယခင်ထက် ပို၍အားကောင်းသော စွမ်းအားတစ်ရပ်သည် လီကျိုးစီ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားသည်။

အချိန်တခဏအတွင်းတွင် လီကျိုးစီသည် နေရာတွင် တွေဝေစွာ မတ်တတ်ရပ်နေပြီး သူ၏စိတ်နှလုံးသားအတွင်းရှိ အသိစိတ်သည် အတင်းအကြပ် ဖယ်ရှားခြင်းခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် မြေအောက်လောကနတ်ဘုရား၏ ယုံကြည်မှုတစ်စိတ်တစ်ပိုင်းကို လီကျိုးစီ၏ စိတ်ဝိညာဥ်အတွင်းသို့ အတင်းအကြပ် ထည့်သွင်းပေးလိုက်၏။

လုယွီသည် မိုးကောင်းကင်ကို ဆန့်ကျင်သော နည်းလမ်းတစ်ခုကို အသုံးပြု၍ သူ့ပြိုင်ဘက်၏ ယုံကြည်မှုကို အတင်းအကြပ် ပြောင်းလဲခဲ့သည်။

ဤနည်းလမ်းသည် အလွန်ရက်စက်လှပေ၏။ ဤသည်မှာ ကောင်းကင်ဘုံကို ဖီဆန်နေသဖြင့် လုယွီသည် ထိုနည်းလမ်းကို မကြာခဏ အသုံးမပြုချေ။

သို့ရာတွင် ဤလီကျိုးစီသည် ခေါင်းမာပြီး မာန်မာနကြီးမားသော ထန်အင်ပါယာ၏ သစ္စာရှိနောက်လိုက်တစ်ဦးဖြစ်သည်။ ထိုသို့သောလူကို ကိုင်တွယ်ရန် သူသည် ရက်စက်သောနည်းလမ်းကို အသုံးပြုရပေမည်။

နတ်ဘုရားမန္တန်များ ရွတ်ဆိုသံသည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာအထိ ကြာမြင့်သည်။ ထို့နောက် လီကျိုးစီသည် အားအင်ချည့်နဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏မျက်လုံးများအတွင်းတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

အချိန်တခဏအကြာတွင် သူ တုံ့ပြန်လာပြီး လုယွီ၏ ရှေ့တွင် ဒူးထောက်လိုက်သည်။ "မြင့်မြတ်သော နတ်ဘုရား..."

"မင်း သိသမျှ ထန်စစ်တပ်အကြောင်း ငါ့ကို အကုန်ပြောပြစမ်း"

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"ဟုတ်ကဲ့...."

လီကျိုးစီသည် ချီတုံချတုံမဖြစ်ဘဲ သူ သိသမျှ ထန်စစ်တပ်အကြောင်း အရာအားလုံးကို ပြောပြသည်။

သူ၏မျက်လုံးများအတွင်းတွင် ရူးသွပ်စွဲလန်းသော စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် မြေအောက်လောကနတ်ဘုရားကို အရူးအမူးယုံကြည်သူတစ်ဦးအဖြစ် လုံးလုံးလျားလျား ကူးပြောင်းသွားခဲ့လေပြီ။

ဤစကားများကို ကြားပြီးနောက် လုယွီသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

လီကျိုးစီ ပြောပြခဲ့သော ထန်စစ်တပ်၏အစီအစဉ်သည် အလွန်ကြီးမားပေ၏။ ထို့ပြင် သူ၏အဆင့်ရှိ စစ်ဗိုလ်ချုပ်တစ်ဦးပင်လျှင် ထိုအစီအစဥ်အကြောင်း အနည်းငယ်သာ သိသည်။

ထန်ဧကရာဇ်လီကျီးသည် ထူးဆန်းသောနည်းစနစ်တစ်ခုကိုအသုံးပြု၍ ရှေးဟောင်းအလယ်ခေတ်မှ ယခုအချိန်သို့ ပြန်လည်ဝင်စားခဲ့သည်။ သူသည် သူ၏မှတ်ဥာဏ်များကို ထိန်းသိမ်းထားနိုင်ဆဲပင်။ တာယွီအင်ပါယာကို တိုက်ခိုက်ခြင်းသည် အမှန်အားဖြင့် လီကျီး၏ ရည်မှန်းချက်မှ အစိတ်အပိုင်းငယ်တစ်ခုသာဖြစ်ပေ၏။ သူသည် အလွန်ရည်မှန်းချက်ကြီးသော ဧကရာဇ်တစ်ပါးဖြစ်ပြီး လီကျိုးစီပင်လျှင် အမိန့်ကိုသာ နာခံနေခဲ့ရပြီး လီကျီး၏ စစ်မှန်သောရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်သည်ကို မသိခဲ့ချေ။

"ရှေးဟောင်းဧကရာဇ်တွေထဲမှာ တကယ့်ကို ရိုးရှင်းတဲ့လူ တစ်ယောက်မှ မရှိဘူး"

လုယွီ၏စိတ်နှလုံးသားသည် ချောက်နက်ကြီး၏ အောက်ခြေသို့ ကျဆင်းသွားသည့်အလား လေးလံသွားသည်။

လုယွီကို ပို၍ထိတ်လန့်စေသည်မှာ လီကျိုးစီသည် ထန်အင်ပါယာ၏နောက်ကွယ်မှ ထိပ်သီးပုဂ္ဂိုလ်ဖြစ်သော တာအိုသခင်သည် မည်သူဖြစ်သည်ကို အမှန်တကယ် မသိခြင်းပင်။

"တာအိုသခင်က ထန်တော်ဝင်မြို့တော်ရဲ့ မင်နန်းတော်မှာ ကျင့်ကြံနေကြတာပါ...အဲ့ဒီနေရာမှာနေတဲ့ ထိပ်သီးတည်ရှိမှုကြီးတချို့က တော်ဝင်နန်းတော်ရဲ့ ဆုံးဖြတ်ချက်ချတဲ့ ကိစ္စတွေမှာလည်း ပါဝင်တယ်လို့ ဆိုကြတယ်...ပုံမှန်အားဖြင့်တော့ ငါတို့က သူတို့ကို မတွေ့နိုင်ဘူး"

လီကျိုးစီက အမှန်အတိုင်း အဖြေပေးသည်။

"လီကျီးရဲ့နောက်ကွယ်မှာ ဘယ်လိုအင်အားမျိုးက ပုန်းကွယ်နေတာလဲ..."

လုယွီက ရှည်လျားစွာ သက်ပြင်းချလိုက်သည်။

နောက်ထပ်တစ်ဘဝကို တွေ့ကြုံပြီးနောက် လုယွီသည် သူ၏ယခင်ဘဝတွင် သူမြင်တွေ့ခဲ့ရသည့် အရာများသည် အလွန်အပေါ်ယံဆန်ကြောင်း နောက်ဆုံး၌ နားလည်သဘောပေါက်သွားသည်။ ဖြစ်နိုင်သည်မှာ သူ၏ကျင့်ကြံမှုအဆင့်သည် သူ၏ယခင်ဘဝတွင် အလွန်မြန်ဆန်စွာ တိုးတက်ခဲ့ပြီး သူသည် အမြဲတစေ ပျော်ရွှင်မှုနှင့် လက်စားချေခြင်းကင်းမဲ့သော ဘဝတွင် နေထိုင်ခဲ့သောကြောင့် ဖြစ်နိုင်သည်။

သို့ရာတွင် သူသည် ကောင်းကင်ဘုံ၏နောက်ကွယ်တွင် ဖုံးကွယ်ထားသော လျှို့ဝှက်ကြံစည်မှုကို တစ်ကြိမ်တစ်ခါမျှ ထိုးဖောက်သိမြင်နိုင်ခဲ့ခြင်းမရှိချေ။

သို့ရာတွင် ဤတစ်ကြိမ်၌ လီကျိုးစီကို ယုံကြည်ကိုးကွယ်သူအဖြစ် ရရှိခြင်းသည် လုယွီအတွက်ဝမ်းသာဖွယ်ရာ အံ့အားသင့်မှုတစ်ခုပင်။

လီကျိုးစီမှတဆင့် သူသည် ထန်စစ်တပ်၏ လျှို့ဝှက်ချက်အများစုကို သိခဲ့သည်။ ဤအရာများအကြောင်းကို ကောင်းကင်ကွန်ယက်မှ သူလျှိုများပင်လျှင် ရှာဖွေနိုင်မည် မဟုတ်ပေ။ အဓိကထန်စစ်ဗိုလ်ချုပ်အချို့သာလျှင် ဤကိစ္စများကို သိနိုင်ပေမည်။

လီကျိုးစီကိုယ်တိုင်သည်လည်း သူ၏နောက်တန်းမှ ချောင်းမြောင်းတိုက်ခိုက်မှုသည် လုယွီနှင့် တိုက်ဆိုင်စွာ ကြုံတွေ့မည်ဟု တွေးထင်မထားခဲ့ချေ။ သူ၏မျိုးဆက်မှ နာမည်ကြီး စစ်ဗိုလ်ချုပ်တစ်ဦးသည် လုယွီ၏ လက်အတွင်းတွင် ရှုံးနိမ့်သွားခဲ့သည်။

"လာမယ့်တိုက်ပွဲမှာ မင်းက အသုံးဝင်အုံးမှာပဲ..." လုယွီ၏ အကြည့်သည် နက်နဲသိမ်မွေ့ပြီး သူ မည်သည့်အရာအား စဉ်းစားနေသည်ကို မည်သူမျှ မသိနိုင်ချေ။

Chapter 4679

လီကျိုးစီကို ဖြေရှင်းပြီးနောက် လုယွီက စုရူဘက်သို့ လှည့်ကြည့်လိုက်သည်။

လုယွီသည် သူ၏လက်ကိုဆန့်တန်းကာ လှုပ်ခတ်လိုက်၏။ သူ့ထံမှ မှော်စွမ်းအားစီးကြောင်းတစ်ခု ပျံ့လွင်သွားပြီး စုရူ၏ ပြင်ပဒဏ်ရာများကို ချက်ချင်း ကုသပေးလိုက်သည်။

ရွှယ်အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် တာအိုစိတ်ဝိညာဉ် ဆရာသခင်ဟု ခေါ်ဆိုနိုင်ပြီး ကျောက်တုံးကို ရွှေအဖြစ်ပြောင်းလဲကာ ကြယ်များကို ရွှေ့ပြောင်းနိုင်သည်။ ထို့ကြောင့် ဤဒဏ်ရာအသေးအမွှားများကို ကုသခြင်းသည် လုယွီအတွက် မည်သည့်ခက်ခဲခြင်းမျှ မရှိချေ။

"ကျေးဇူးတင်ပါတယ် အရှင်"

စုရူက လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်သည်။

လုယွီသည် သူမကို ကြည့်ကာ သက်ပြင်းရှိုက်လိုက်၏။

"ငါ မင်းကို ဒုက္ခပေးမိပြီ.. ဒါပေမဲ့ ငါက အခု စစ်စခန်းထဲမှာမလို့ မင်းကို အပြင်ခေါ်သွားလို့ မရဘူး"

စုရူက ခေါင်းခါပြသည်။

"အရှင်က ဒီအစေခံကို ခင်ပွန်းရှာဖို့ ခေါ်ဆောင်ပေးလာတာနဲ့တင် ဒီအစေခံက ကျေးဇူးတင်နေပါပြီ"

သူမသည် အစောပိုင်းက ပြင်းထန်သည့် ခြိမ်းခြောက်မှုကို ခံယူခဲ့ရသော်လည်း စုရူ၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ရှိနေဆဲပင်။ ဤသည်မှာ သူမ၏ခင်ပွန်းသည် သူမအား အလွန်ချိုမြိန်သော အမှတ်တရတစ်ခု ပေးခဲ့သည့်အလားပင်။

လုယွီက ပြောဆိုသည်။

"ဘာမှ စိတ်မပူပါနဲ့...ငါက မင်းရဲ့ခင်ပွန်းကို မင်း ရှာတွေ့အောင် ကူညီပေးမယ်"

ညအချိန်...လူရိုင်းစစ်စခန်း၌....

တပ်မှူး၏ တဲအတွင်းရှိ စားပွဲတစ်ခုပေါ်တွင် လူရိုင်းများ၏ အထူးစားဖွယ်သောက်ဖွယ်များဖြင့် ပြည့်နှက်နေသည်။ ငါးမီတာရှည်သော ပန်းကန်ပြားပေါ်တွင် အငွေ့တထောင်းထောင်းထနေသော နွားကောင်လုံးကင်ကြီးရှိသည်။ ထိုအရာပေါ်တွင် ဟင်းခတ်အမွှေးအကြိုင်များ ဖြူးထားပြီး လေထုအတွင်းတွင် အသားကင်၏ မွှေးကြိုင်သောရနံ့များ ပြည့်နှက်နေသည်။

စစ်သားတစ်ယောက်က အရက်အိုးတစ်လုံးကို ယူဆောင်လာသည်။ ထိုအရက်အတွင်း၌ လူရိုင်းနယ်မြေ၏ အထူးအရက်ပြင်များရှိပြီး ရနံ့သည်မျောလွင့်နေပေ၏။

လူများအားလုံးသည် စားပွဲပတ်လည်တွင် ထိုင်ကာ လုယွီကို ဆေးကြောသန့်စင်ပေးနေကြသည်။

လုယွီနှင့် စုန့်ချင်းဟူတို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ကာ အရက်သောက်နေကြ၏။ သူတို့နှစ်ဦးလုံးသည် အရက်ဒဏ်ခံနိုင်မှု မြင့်မားပေ၏။ ဤအဆင့်ရှိ ထိပ်သီးကျင့်ကြံသူများသည် အတွေးတစ်ချက်ဖြင့် သူတို့သည် သူတို့၏ခန္ဓာကိုယ်အတွင်းရှိ အရက်အားလုံးကို ပြန့်ကျဲသွားစေနိုင်သည်။ သူတို့သည် အရက်သောက်ပြီးနောက် အမှားလုပ်မိမည်ကို စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။

"အရှင်လု...အရှင်ကြောင့်သာ တာယွီအင်ပါယာက စစ်မျက်နှာနှစ်ခုခွဲပြီး မတိုက်ခိုက်ရတာပါ...."

"အစက ငါတို့စစ်တပ်ကို နန်းတွင်းကနေ အရှေ့အောင်နိုင်ခြင်းကြယ်မြစ် ပုန်ကန်မှုကို နှိမ်နင်းဖို့ စေလွှတ်ဖို့ အသင့်ဖြစ်နေခဲ့တယ်.. အရှင်လုက ကျိုးမိသားစုဘိုးဘေးလို အစွမ်းထက်တဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ကိုတောင် သတ်နိုင်ပြီးတော့ ချီအင်ပါယာကို ချေမှုန်းနိုင်မယ်လို့ ငါ မျှော်လင့်ထားခဲ့မိဘူး...အရှင်လုက ငါတို့အင်ပါယာအတွက် အများကြီး ပံ့ပိုးကူညီခဲ့တယ်....ငါက အရှင်လုကို တစ်ခွက်တိုက်ပါရစေ"

ရှိနေသော အရာရှိများစွာသည် ယခင်က နန်းတွင်းစာမေးပွဲတွင် သူငယ်ချင်းဟောင်းများ ဖြစ်ကြသည်။

ကျန်းမိသားစု၏ ပါရမီရှင် ကျန်းပေါင်ရှင်းသည် ယခုအချိန်၌ တော်ဝင်မြို့တော်မှ လိပ်နက်စစ်စခန်း၏ ဒုတပ်မှူးဖြစ်နေသည်။

ချင်လုရှန်းသည် စုန့်ချင်းဟူ၏ လက်အောက်တွင်ရှိပြီး သူသည် ယခုအချိန်၌ ဖီးနစ်စစ်တပ်၏ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်ပေ၏။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ လာသော အရာရှိတချို့လည်း ဤနေရာတွင် ရှိနေပြီး သူတို့ကို အထူးတလည် ဖိတ်ကြားထားခြင်းပင်။

လုယွီ၏မျက်လုံးအကြည့်သည် ငယ်ရွယ်သောလူငယ်များ၏ မျက်နှာများအပေါ်သို့ ဝေ့ဝိုက်၍ ကျရောက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။

ကောင်းကင်ဘုံနယ်မြေ၏ ပြောင်းလဲမှုများသည် အလွန်မြန်ဆန်လှပြီး ဤလူငယ်များသည် ခေတ်ကာလ၏လှိုင်းလုံးများပေါ်တွင် အချိန်မတိုင်မီ လျှောက်လှမ်းခဲ့ရသည်။

"အရှင်လု...မင်းက မြေအောက်လောကကို သွားမယ်ဆိုရင် ငါ့ကို သေချာပေါက် ခေါ်သွားပေးပါ" ချင်လုရှန်းသည် အရက်အလွန်အကျွံ သောက်ထားလေ၏။ သူ ဖန်းနင်းချူသည် မြေအောက်လောက၌ ဖမ်းဆီးခံထားရသည်ကို သူ ကြာချိန်၌ သူ၏မျက်လုံးအတွင်းမှ မျက်ရည်များ ချက်ချင်း ယိုစီးကျလာသည်။

သူတို့ နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ အချိန်အတော်ကြာခဲ့လေပြီ။ ချင်လုရှန်း၏ခန္ဓာကိုယ်သည် ဝဖြိုးစပြုလာသော်လည်း သူ၏အရှိန်အဝါ ပို၍ပို၍ အားကောင်းလာသည်။

လူရိုင်းကြယ်မြစ်တွင် မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့သော ချင်လုရှန်းထံတွင် ဤသို့သော အားနည်းသည့်ဘက်ခြမ်း ရှိနေသေးသည်ကို မည်သူမျှ မသိနိုင်ချေ။

"အဲ့ဒီအချိန်က ငါက နွားမွေးတဲ့မိသားစုတစ်စုရဲ့ မျိုးနွယ်ခွဲက တပည့်တစ်ယောက်ပဲ.... ငါ့ကို မိသားစုဝင်တွေက အနိုင်ကျင့်တယ်....အပြင်လူတွေက အခက်အခဲပေးတယ်...ဘယ်သူမဆို ငါ့ကို နင်းခြေနိုင်တယ်... သူတစ်ယောက်တည်းကသာ ငါ့ကို ပြန်လည်မွေးဖွားစေပြီးတော့ အထက်ကို တက်လှမ်းစေခဲ့တယ်...ဒါပေမဲ့ အခုကျတော့ ငါက သူ့ကို မကယ်နိုင်ဘူး...."

ချင်လုရှန်းက ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလိုက်သည်။ သူ့အတွက်မူ ဖန်းနင်းချူသည် အမြဲတစေ နောင်တတစ်ခု ဖြစ်နေခဲ့သည်။

ဖန်နင်းချူကို ကယ်တင်ရန်အတွက် ချီဘုရင်၏ စံအိမ်သို့ ဝင်ရောက်နိုင်ရန် သူသည် ဦးနှောက်ခြောက်အောင် စဉ်းစားပြီး အဆင့်ဆင့် ကြိုးစားခဲ့သည်။

သို့ရာတွင် ယခုချိန်တွင်မူ ချီဘုရင်၏အိမ်တော်သည် ပျက်စီးသွားခဲ့ပြီး ကျိုးထုံသည် အသတ်ခံခဲ့ရသည်။ ဖန်နင်းချူသည် ပို၍ပင် ဝေးကာသော နေရာသို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်ကို ကြားချိန်၌ ချင်လုရှန်းသည် ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။

လက်ရှိနေရာတွင် ရှိနေသော လူအများစုသည် မူးနေကြပြီး စုန့်ချင်းဟူ၏ မျက်လုံးများပင်လျှင် အရက်သောက်လွန်း၍ နီမြန်းနေသည်။

"စီနီယာအစ်ကို...ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်.. သူ့ရဲ့ခင်ပွန်းက တစ်ချိန်က တော်ဝင်နန်းတွင်းရဲ့ ထိပ်သီးကျောင်းတော်သားတစ်ယောက် ဖြစ်ခဲ့တယ်...အစ်ကိုကြီး သူ့ကို သိလား"

လုယွီက စုရူကို ထွက်လာခိုင်းပြီး ဖူကျစ်ရွှယ်နှင့် တွေ့ဆုံစေသည်။

မူလက ဖုကျစ်ရွှယ်သည် ဝိုင်အရက်သောက်နေလေ၏။ သို့ရာတွင် သူသည် ရုတ်တရက် စုရူကိုမြင်တွေ့သွားချိန်၌ သူ၏လက်သည် ရုတ်တရက် တုန်ရီသွားပြီး သူ၏လက်အတွင်းရှိ ဝိုင်အရက်သည် ခွက်အတွင်းမှမှောက်ကျလုနီးပါး ယိုဖိတ်သွားသည်။

"ဘယ်လိုလုပ်ပြီး မင်း ဖြစ်နေတာလဲ..."

ဖူကျစ်ရွှယ်၏မျက်နှာအမူအရာသည် ပုံမှန်ထက်ပို၍ တည်ကြည်လေးနက်သွားသည်။

Chapter 4680

ဖူကျစ်ရွှယ်သည် တိုက်တောင်ပြိုကျသည့်တိုင် ခိုင်မာစွာရပ်တည်နိုင်သည့် စိတ်ဆန္ဒကို ပိုင်ဆိုင်ထားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သို့ရာတွင် စုရူကိုမြင်ပြီးနောက် ဤအတွင်းဝန်ချုပ်ကြီး၏ အမူအယာသည် ရုတ်တရက် ပြောင်းလဲသွားပြီး ပုံမှန်အားဖြင့် ရှင်းပြ၍မရသော တားမြစ်ချက်တစ်ခုကို မြင်လိုက်ရသည့်အလားပင်။

စုရူက မြေပြင်ပေါ်တွင် ဒူးထောက်ပြီး တောင်းပန်လိုက်သည်။

"အရှင်....ကျေးဇူးပြုပြီးတော့ ကျွန်မရဲ့ခင်ပွန်း ဘယ်မှာရှိလဲဆိုတာကို ပြောပြပေးပါ...."

"မင်းရဲ့ခင်ပွန်း..."

ဖူကျစ်ရွှယ်က စုရူကို စူးစိုက်ကြည့်ပြီး အနည်းငယ်ချီတုံချတုံ ဖြစ်နေသည်။

"စီနီယာအစ်ကို....ဒီအမျိုးသမီးအတွက် သူ့ရဲ့ခင်ပွန်းကို ရှာရတာ မလွယ်ကူဘူး...စီနီယာအစ်ကိုက ဒီကိစ္စကိုသိနေရင် သူ့ကို ပြောပြလိုက်ပါ"

လုယွီကလည်း တိုက်တွန်းပြောဆိုသည်။

"မင်းရဲ့ခင်ပွန်းက... ဟူး...မင်း သူ့ကို မရှာတာ ပိုကောင်းတယ်...သူ သေသွားပြီ"

ဖူကျစ်ရွှယ်၏အကြည့်သည် အေးစက်နေပြီး သူက လေသံမာမာဖြင့် ပြောဆိုသည်။

စုရူ၏မျက်နှာ ဖြူဖျော့သွားပြီး ရုတ်တရက် ခေါင်းမော့လိုက်ရာ မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားလေ၏။

ဤစကားများသည် သူမအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။

သူမ ယခုအချိန်အထိ တောင့်ခံနိုင်ခဲ့သည့် တစ်ခုတည်းသောအကြောင်းရင်းမှာ သူမ၏ခင်ပွန်းကြောင့်ပင်။ သို့ရာတွင် သူမ၏ခင်ပွန်း သေဆုံးသွားပြီဟု ကြားချိန်၌ စုရူ၏စိတ်နှလုံးသားအတွင်းရှိ အထောက်အပံ့တိုင်ကြီးသည့် ပြိုလဲတော့မည့်ဆဲဆဲ အခြေအနေသို့ ရောက်ရှိသွားလေပြီ။

"အဲ့ဒီလို မဖြစ်နိုင်ဘူး...ကျွန်မရဲ့ခင်ပွန်းက ကောင်းကင်ဘုံနယ်မြေရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ပဲ...လောကမှာ ဘယ်သူကမှ သူ့ကို အနိုင်မယူနိုင်ဘူး... သူ ဘယ်လိုလုပ်ပြီး သေသွားနိုင်မှာလဲ...."

စုရူက ခေါင်းမာမာဖြင့် ပြောဆိုလိုက်သည်။

ဖူကျစ်ရွှယ်က ခေါင်းခါယမ်းလိုက်သည်။ "ကောင်းကင်ဘုံနယ်မြေမှာ ကျင့်ကြံသူတွေ အများကြီးရှိတယ်... မြင့်မြတ်ပြီး အစွမ်းထက်တဲ့ တာအိုသခင်တစ်ယောက်တောင်မှ သူ့ရဲ့ကျန်ရှိတဲ့ဘဝအတွက် လုံခြုံရေးကို အာမမခံနိုင်ဘူး... မင်းရဲ့ခင်ပွန်းနဲ့ ငါက မိတ်ဆွေဟောင်းတွေပါ...သူ တကယ် သေသွားပြီ...မင်း သူ့ကို ထပ်မရှာပါနဲ့တော့"

လုယွီကလည်း သက်ပြင်းရှိုက်လိုက်သည်။နောက်ဆုံးအဖြေသည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားမိပေ။

စုရူသည် သူမ၏ခင်ပွန်းကို ရှာဖွေရန် မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခဲ့သော်လည်း အဆုံးတွင် သူမ၏ခင်ပွန်းသေဆုံးသည့် သတင်းကိုသာ ရရှိခဲ့သည်။

ဖူကျစ်ရွှယ်က ပြောဆိုသည်။

"ဒါက စစ်တပ်.. မင်း ဒီမှာနေဖို့ မသင့်တော်ဘူး။ ငါ မင်းကို တော်ဝင်မြို့တော်ဆီ ပြန်ပို့ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်မယ်...ဒါက ငါ့ရဲ့တံဆိပ်ပြားပဲ...မင်း ယူသွားလိုက်ပါ...ဒါဆိုရင် တော်ဝင်မြို့တော်မှာ ဘာပဲလုပ်လုပ် မင်းအတွက် ပိုပြီးအဆင်ပြေလိမ့်မယ်"

ဖူကျစ်ရွှယ်သည် ယခုချိန်၌ နယ်စပ်အရာရှိတစ်ဦးပင်။ သူ၏တံဆိပ်ပြားသည် အခွင့်အာဏာများစွာရှိပြီး သူသည် ထိုအရာကို စုရူအား အမှန်တကယ် ပေးအပ်ခဲ့သည်။

"ကျေးဇူးတင်ပါတယ် အရှင်...ဒါပေမဲ့ ကျွန်မရဲ့ခင်ပွန်းက သေချာပေါက် အသက်ရှင်နေသေးတယ်လို့ ကျွန်မ ယုံကြည်တယ်..."

စုရူက ခေါင်းမာစွာဖြင့် ဖူကျစ်ရွှယ်ကို မော့ကြည့်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှုအပြည့် ရှိနေသည်။

ဖူကျစ်ရွှယ်က ရှည်လျားစွာ သက်ပြင်းရှိုက်လိုက်သည်။ သူသည် တစ်စုံတစ်ခု ပြောလိုသော်လည်း နောက်ဆုံး၌ မပြောနိုင်ခဲ့ချေ။

စုရူသည် ဖူကျစ်ရွှယ်၏ လက်အောက်ငယ်သားတစ်ယောက်မှ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရသည်။ သူမသည် မူလကတည်းက တစ်စုံတစ်ယောက်ကို ရှာဖွေရန် တော်ဝင်မြို့တော်သို့ သွားလိုခြင်းဖြစ်သောကြောင့် ငြင်းဆန်ခြင်းမပြုခဲ့ပေ။

"စီနီယာအစ်ကို...သူ့ရဲ့ခင်ပွန်းက ဘယ်သူလဲ"

လုယွီသည်လည်း အတော်လေး သိချင်စိတ်ဖြစ်မိသည်။

"သူ့ခင်ပွန်း... ဟူး....ငါတို့ ဒီကိစ္စကို မပြောဘဲ နေကြရအောင်...ဒီမိန်းကလေးက ခါးသီးတဲ့ဘဝနဲ့ နေခဲ့ရပြီးပြီ...ငါတို့ကသာ သူ့ရဲ့ခင်ပွန်းကို ရှာပေးလိုက်ရင် သူ့အတွက် ဘာကောင်းကျိုးမှ မရှိနိုင်ဘူး"

ဖူကျစ်ရွှယ်က ခေါင်းခါယမ်းလိုက်သည်။

သူသည် များများစားစား မပြောဘဲ သူ၏စကားများနောက်ကွယ်တွင် ကြီးမားသော တားမြစ်ချက်တစ်ခုကို ဖုံးကွယ်ထားသည့်အလားပင်။

လုယွီက ခေါင်းခါပြီး အတင်းအကျပ် မမေးတော့ချေ။

လူတိုင်း ဝိုင်အရက်များ ဆက်လက်သောက်သုံးနေကြသည်။ သူတို့အနက်မှ အများစုသည် ဝိုင်အရက်၏ အာနိသင်ကို တမင်သက်သက် မခုခံဘဲ သူတို့ကိုယ်သူတို့ မူးယစ်သည့် အခြေအနေသို့ ကျရောက်သွားစေသည်။

"လီစစ်က ငါတို့ထဲမှာ အမြန်ဆုံး တိုးတက်တဲ့သူပဲ...သူက အခု တရားစီရင်ရေးရုံးတော်ရဲ့ အမတ်ကြီး ဖြစ်နေပြီ"

"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က တခြားအတန်းဖော်တချို့လည်း အရေးကြီးတဲ့ ရာထူးတွေမှာ ရှိနေကြတယ်...ဌာနကြီးခြောက်ခု တရားစီရင်ရေးဌာနသုံးခု တော်ဝင်မြို့တော်နဲ့ အဓိကတပ်ရင်းကြီးလေးခုမှာ ငါတို့နဲ့ မျိုးဆက်တူတွေ အပြည့်ရှိတယ်"

"လုယွီ မင်း လူသားဧကရာဇ်ဓားကို ရရှိခဲ့မှတော့ မင်းက ဧကရာဇ်ရာထူးကို အမွေဆက်ခံသင့်တယ်...အရင်က မြောက်ပိုင်းဧကရာဇ်က လူသားဧကရာဇ်ဓားကို ချေးငှားပြီး ဧကရာဇ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်နိုင်ခဲ့တာ...မင်းသာ တောင်ပေါ်တက်ရင် ငါတို့ မင်းနောက်ကို လိုက်မယ်"

မီးဝင်းဝင်းတောက်နေသော မျက်လုံးများစွာသည် လုယွီအပေါ်သို့ ကျရောက်လာပေ၏။

သူတို့သည် စားသောက်ပွဲရှိ တခြားလူများကို ဂရုမစိုက်ဘဲ သူတို့ပြောလိုသည်ကို ပေါ်ပေါ်ထင်ထင် ပြောဆိုကြသည်။

တခြားသူများ၏ အမူအယာများ ပြောင်းလဲသွားသည်။ သူတို့သည် ဤမြင်ကွင်းကိုမြင်ချိန်၌ မျက်မှောင်ကြုတ်လိုက်ကြ၏။

တော်ဝင်မြို့တော်တွင် ကြီးမားသည့် အဖွဲ့အစည်းတစ်ခုရှိကာ ဖွဲ့စည်းထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သူတို့သည် ငယ်ရွယ်ပြီး တက်ကြွမှုနှင့် ရည်မှန်းချက်များရှိကာ အရေးအကြီးဆုံးမှာ သူတို့တွင် တူညီသော ရည်မှန်းချက်ရှိသည်။

ဤအဖွဲ့အစည်းကို "လုအဖွဲ့အစည်း" ဟု ခေါ်သည်။

All Chapters