အခန်း (၄၆၈၁-၄၆၈၅)
Vol. 237 Ch. 4681-4685
Chapter 4681
လုအဖွဲ့အစည်း၏ ရည်မှန်းချက်သည် ပုန်းကွယ်နဂါးစစ်တပ်နှင့် တူညီသည်။ သူတို့သည် လုယွီကို ထီးနန်းတက်ရန် ကူညီပြီး နဂါးတစ်ကောင်နောက်လိုက်ခြင်း၏ ဂုဏ်သိက္ခာကို ရယူလိုကြသည်။
ဤအဖွဲ့အစည်းတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ကျောင်းသားများသာမက တခြားကျောင်းတော်များမှလူများ ကြီးကြပ်ရေးမှူးများနှင့် တခြားနေရာများမှ အရာရှိများပင်လျှင် ပါဝင်ခဲ့ကြသည်။
လုယွီသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တွင် ကြီးမားသော အောင်ပွဲများ တစ်ခုပြီးတစ်ခု ရရှိသည်နှင့်အမျှ သူ၏ကျော်ကြားမှုနှင့် ဂုဏ်သိက္ခာသည် မြင့်တက်လာပေ၏။ အချိန်တခဏအတွင်းတွင် လုအဖွဲ့အစည်းရှိ လူအရေအတွက်သည် များပြားလာသည်။
လုအဖွဲ့အစည်းမှ လူများသည် စစ်စခန်းအတွင်းတွင် လုယွီအား ထီးနန်းလုယူရန်အကြောင်းကို ပေါ်ပေါ်ထင်ထင် ပြောဆိုဝံ့လောက်အောင် ရဲရင့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
လုယွီသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ဤအရာများကို ကောင်းကင်ကွန်ယက်၏သူလျှိုများမှ သူ့ကို သတင်းပို့ထားပြီးဖြစ်သည်။
"အားလုံးပဲ...အခု ရန်သူက ငါတို့ရှေ့မှာ ရှိနေတယ်...ထန်စစ်တပ် ဆုတ်ခွာသွားစေဖို့က အဓိကကိစ္စဖြစ်လိမ့်မယ်..."
လုယွီက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။
"မင်းတို့အားလုံးက ကျေးဇူးပြုပြီးတော့ အချင်းချင်း ကူညီပြီး ထောက်ပံ့ကြပါ"
"ငါတို့က စစ်တပ်ရဲ့ အမိန့်ကို နာခံပါ့မယ်"
လုအဖွဲ့အစည်းမှ အရာရှိအားလုံးသည် တပြိုင်နက်တည်း ပြောဆိုလိုက်ကြ၏။
"လုယွီ....ဆရာက တစ်ခါက ပြောဖူးတယ်... မင်းသာ တစ်ခုခုလုပ်ချင်ရင် လုပ်လိုက်...ဆရာနဲ့ စီနီယာအစ်ကိုကြီးက ဘာမှပြောမှာ မဟုတ်ဘူး"
ဖူကျစ်ရွှယ်က ရုတ်တရက် ပြောဆိုလိုက်သည်။
လုအဖွဲ့အစည်း လူများသည် အလွန်ဝမ်းသာသွားကြပြီး သူတို့၏မျက်နှာများပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
စာပေသူတော်စင်၏ ဩဇာအာဏာသည် အလွန်ကြီးမားပြီး သူသည် ဧကရာဇ်၏တည်ရှိမှုကိုပင် လွှမ်းမိုးနိုင်သည်။
ယခင်က ရှန်လင်းလုံ ထီးနန်းတက်နိုင်ခဲ့သည့် အကြောင်းရင်းမှာ သူတော်စင်ဝမ်၏ မသိကျိုးကျွံ့ပြုခဲ့သော သဘောတူညီမှုကြောင့်ပင်။
ယခုချန်၌ ဖူကျစ်ရွှယ်က ဤသို့ပြောဆိုသဖြင့် စာပေသူတော်စင်က လုယွီကို ထီးနန်းလုယူရန် တဖက်လှည့်ဖြင့် ခွင့်ပြုလိုက်သည်ကို ဆိုလိုပေ၏။
လုယွီက ပြောဆိုသည်။
"ငါ့မှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိတယ်"
စားသောက်ပွဲကို ညဉ့်နက်သည်အထိ ဆက်လက်ကျင်းပပြီးမှ လူစုခွဲခဲ့ကြသည်။
တစ်ညလုံး စားသောက်ပြီးနောက် လူတစ်စုသည် ကျင့်ကြံခြင်းနည်းစနစ်ကို အနည်းငယ် လှည့်ပတ်ကာ အရက်များအားလုံးကို အတင်းအကြပ် ပြန်ထုတ်လိုက်ကြသည်။
သူတို့သည် မူးယစ်သည့် ခံစားချက်ကို အချိန်တဏတာမျှ တွေ့ကြုံရန်သာ လိုအပ်သည်။ သူတို့သည် တပ်အတွင်းတွင် ရှိနေဆဲဖြစ်သောကြောင့် သူတို့သည် မူးယစ်နေသည့် အခြေအနေတွင် မနေနိုင်ချေ။
လရောင်သည် စခန်းအထက်မှ မိုးကောင်းကင်ယံကို လွှမ်းခြုံထားသည်။ အဝေးတစ်နေရာတွင် လျင်မြန်ပြီး စူးရှသော ပေါက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာပြီး နားကွဲလုမတတ်ကျယ်လောင်သည်။
အမြှောက်အလင်းတန်းများသည် မိုးကောင်းကင်ကို ထိုးဖောက်ကာ အဝေးမှနေ၍ သူတို့ထံသို့ ပျံ့လွင့်လာသည်။
ဘုန်း... ဘုန်း... ဘုန်း....
နားကွဲလုမတတ် အသံတစ်သံသည် အဝေးရှိ စစ်စခန်းမှ ထွက်ပေါ်လာသည်။
စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်ဆန်ထောင်ပေါင်းများစွာသည် စစ်စခန်းပေါ်သို့ မိုးရွာသကဲ့သို့ ရွာကျလာသည်။
ဤအချိန်အခိုက်အတန့်တွင် တာယွီအင်ပါယာ၏ စစ်စခန်းထောင့်တိုင်းကို စစ်သားများ တင်းကြပ်စွာ ဖြန့်ကျက်ထားသည်။ ဤအချိန်တွင် အလင်းတန်းတစ်တန်းသည် လေထုအတွင်းသို့ မြင့်တက်သွားပြီး မိုးကောင်းကင်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။
အပြာရောင်အလင်းတံတိုင်းသည် တာယွီစစ်စခန်းတစ်ခုလုံးကို လွှမ်းခြုံထားပြီး အမြောက်ဆန်များနှင့် အလင်းတန်းအားလုံးကို တားဆီးထားသည်။
ထန်စစ်တပ်ဘက်မှ ညတွင်းချင်း တိုက်ခိုက်မှုကို စတင်ခဲ့လေပြီ။
"သူတို့ရဲ့စစ်သင်္ဘောတွေကို ဖျက်ဆီးလိုက်စမ်း"
စုန့်ချင်းဟူ၏ ကျယ်လောင်သောအသံသည် စခန်းအထက်မှ လေထုအတွင်းတွင် ပဲ့တင်ထပ်သွားသည်။
စုန့်ချင်းဟူ၏ အသံ ပျောက်ကွယ်သွားသည်နှင့်နဂါးအမြောက်အများသည် စစ်စခန်းမှနေ၍ မိုးကောင်းကင်သို့ ပျံတက်သွားကြသည်။
ဤပျံသန်းနေသည့် နဂါးများ၏ ကျောပေါ်တွင် လူရိုင်းကြယ်မြစ်မှ စစ်သားငါးယောက် သို့မဟုတ် ခြောက်ယောက် ထိုင်နေကြသည်။ သူတို့သည် စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်တစ်ခုကို ဝန်းရံထားပြီး ရန်သူနှင့် ရင်ဆိုင်ရန် ထန်စစ်တပ်ဘက်ကို တိုက်ရိုက် ချိန်ရွယ်ထားသည်။
ပျံသန်းနေသည့် နဂါးများသည် ပါးစပ်များကို ကျယ်ကျယ်ဖွင့်ကာ အသက်ပြင်းပြင်းရှိုက်ပြီး ရူးသွပ်စွာ ဟိန်းဟောက်လိုက်ကြသည်။ ဖျက်ဆီးအားလှိုင်းတစ်ရပ်သည် သူတို့၏ပါးစပ်များအတွင်းတွင် စုစည်းလာပြီး နောက်ထပ်အချိန်တခဏ၌ ထိုအရာသည် မိုးကောင်းကင်ယံအတွင်းတွင် ပြင်းထန်သော မီးတောက်တစ်ခုကဲ့သို့ ပေါက်ကွဲသွားသည်။
ပူပြင်းသော မီးလျှံများသည် များပြားသော စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်ဆန်များနှင့် ပေါင်းစပ်ကာ ကောင်းကင်ကို ဖုံးလွှမ်းပြီး မြေကြီးကို လွှမ်းခြုံကာ ထန်စစ်တပ်ပေါ်သို့ ဖိနှိပ်လိုက်သည်။
အချိန်တခဏအတွင်းတွင် ထန်စစ်တပ် စစ်သင်္ဘောအမြောက်အများ ပျက်စီးသွားပြီး တစ်စီးပြီးတစ်စီး ပြုတ်ကျလာကြသည်။
စစ်သင်္ဘောများပေါ်တွင် ရပ်နေသော ထန်စစ်သားများသည် စစ်သင်္ဘောများနှင့်အတူ မီးလျှံများထဲသို့ ဝါးမြိုခံရပြီး အလောင်းအပြည့်အစုံမကျန်ရှိဘဲ သေဆုံးသွားကြသည်။
တစ်ချိန်တည်းမှာပင် အမြှောက်ဆန်များသည် လူရိုင်းစစ်တပ်၏ နဂါးပျံများပေါ်သို့ ကျရောက်လာသည်။
ကြီးမားသော နဂါးပျံများသည် ကြမ်းတမ်းသော အမြှောက်ဆန်မီးတောက်ကို လုံးလုံးလျားလျား မခုခံနိုင်ချေ။ သူတို့သည် ထိုအရာနှင့် ထိတွေ့မိသည်နှင့် တပြိုင်နက်တည်း ချက်ချင်း ပြာကျသွားကြသည်။
Chapter 4682
မိုးကောင်းကင်ယံအတွင်းမှ လူရိုင်းစစ်သားများသည် နေရာတွင်ပင် အသတ်ခံလိုက်ရသည်။
အချိန်တခဏအတွင်းမှာပင် မိုးကောင်းကင်မှ သွေးမိုးများ ရွာသွန်းလာပြီး မြေပြင်ကို အနီရောင် ဆိုးလိုက်တော့သည်။
လေထုအတွင်းတွင် ပြင်းထန်သော သွေးညှီနံ့များဖြင့် ပြည့်နှက်နေပြီး လူတစ်ယောက်၏ အာရုံကြောများကို အဆက်မပြတ် လှုံ့ဆော်နေသည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် ရူးသွပ်ခြင်းသို့ ကျရောက်ရန် အလွန်လွယ်ကူပေ၏။
စိတ်ဝိညာဥ်ကျောက်တုံး အမြှောက်များဖြင့် အဆက်မပြတ် တိုက်ခိုက်မှုမှာ တစ်နာရီခန့်ကြာပြီးနောက် ရပ်တန့်သွားသည်။
တာယွီစစ်တပ်ဘက်တွင်လည်း ထိခိုက်ဒဏ်ရာရမှုတချို့ ရှိခဲ့သည်။ အသက်ရှင်ကျန်ရစ်နိုင်သော စစ်သားများသည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိကြပြီး သူတို့အနက်မှ အများစုသည် နာကျင်စွာဖြင့် အော်ဟစ်ငိုယိုနေကြ၏။
အစောပိုင်းက စားသောက်ပွဲတွင် ရှိနေသော အရာရှိအားလုံး တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။
သူတို့တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအယာများ ရှိနေသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ထိတ်လန့်ခြင်း မရှိပေ။ ထန်စစ်တပ်၏ တိုက်ခိုက်မှုသည် တစ်ကြိမ်ထက်မက ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း အလွန်သိသာထင်ရှားနေသည်။
"ဂျူနီယာညီလေးလု...ဒီနေ့က စစ်စခန်းကို မင်းပထမဆုံးအကြိမ် ရောက်လာတာပဲ...မင်း သွားပြီးအနားယူသင့်တယ်"
ဖုကျစ်ရွှယ်က ပြောဆိုသည်။
တခြားသူများသည် ငြူစူခြင်းမရှိကြပေ။ မည်သို့ပင်ဆိုစေကာမူ လုယွီသည် ကောင်းရှစ်ကျီးကဲ့သို့ ထိပ်သီးကျွမ်းကျင်သူတစ်ယောက်နှင့် တိုက်ခိုက်ခဲ့ရသဖြင့် သူ ဒဏ်ရာရခဲ့မည်မှာ မလွဲမသွေပင်။
"ငါ တစ်ချက်ကြည့်လိုက်အုံးမယ်"
လုယွီက ပြောဆိုသည်။
ဖူကျစ်ရွှယ်က ခေါင်းညိတ်ပြပြီး ဆက်လက်၍ တိုက်ခိုက်လိုက်သည်။
"သတ်စမ်း"
အဝေးရှိ ထန်စစ်တပ်၏စစ်စခန်း၌ တိုက်ပွဲခေါ်သံများဖြင့် ပြည့်နှက်နေသည်။
သာယာနာပျော်ဖွယ်ကောင်းပြီး စိတ်အားထက်သန်စေသော တံပိုးခရာသံများသည် သူတို့၏ နောက်မှ တိမ်တိုက်များထံသို့ မြည်ဟီးသွားသည်။ မျက်စိတစ်ဆုံး ကြည့်နိုင်သလောက် အကွာအဝေးတွင် အနက်ရောင်အစုအဝေးကြီးဖြစ်နေကာ ထန်စစ်တပ်မှတပ်ဖွဲ့များ ရှေ့သို့ တိုးဝင်လာပေ၏။
ထန်စစ်တပ်၏ တိုက်ခိုက်မှုနှင့်အတူ ပူးပေါင်းပါဝင်သည်မှာ ကြီးမားသည့် လေးစင်ကြီးများ ဖြစ်သည်။
ဤလေးစင်ကြီးများကို တပ်ဖွဲ့၏ နောက်တွင် ထားရှိသည်။ ချွန်ထက်သော မြှားများကို ထိုအရာများအပေါ်တွင် တင်ထားပြီး ဤမြှားများ၏ ချွန်ထက်သောအစွန်းများတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော သတ်ဖြတ်ခြင်းအဆောင်သင်္ကေတများကို ထူထပ်သိပ်သည်းစွာ ရေးထွင်းထားသည်။
မြှားများကို ပစ်လွှတ်လိုက်သည်နှင့် လေထုကို ဆုတ်ဖြဲသွားသော အသံနှင့်အတူ တံတိုင်းပေါ်တွင် ရပ်နေသော စစ်သားများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
ဤမြားများသည် အလွန်အားကောင်းပြီး ကာကွယ်ရေးဝင်္ကပါကိုပင် ထိုးဖောက်နိုင်ပေ၏။ စစ်စခန်း၏ဝင်္ကပါတွင် အပေါက်များဖြင့် ပြည့်နှက်နေပြီး တိုက်ခိုက်မှုတစ်ခုကိုပင် တောင့်မခံနိုင်တော့ချေ။ တချို့စစ်သားများမှာ သူတို့နောက်မှ လူသုံးလေးယောက်နှင့်အတူ ချွန်ထက်သော မြှားတစ်စင်းဖြင့် အတူတကွ စိုက်ဝင်သွားသည်။ ထိုမြင်ကွင်းသည် အလွန်သွေးပျက်ဖွယ်ကောင်းပေ၏။
ချွန်ထက်သော မြှားများ၏ အကာအကွယ်အောက်တွင် ထန်စစ်တပ်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ တိုးလာပြီး အချိန်တခဏအတွင်းမှာပင် သူတို့သည် မြို့ရိုး၏ရှေ့သို့ ရောက်ရှိလာကြသည်။
"သူတို့ကို တားကြစမ်း"
တာယွီဘက်မှ စစ်ဗိုလ်ချုပ်များက အလျင်အမြန် အော်ဟစ်လိုက်ကြသည်။
စစ်စခန်း၏ တံတိုင်းများသည် မြို့ရိုးများနှင့် မတူပေ။ ထိုအရာကို သံမဏိသစ်သားဖြင့် ပြုလုပ်ထားသော်လည်း မြို့ရိုးများကဲ့သို့ ခိုင်မာခြင်းမရှိပေ။
ထန်စစ်တပ် အနားကပ်လာသည်နှင့် တံတိုင်းများသည် ပြင်းထန်သော တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ချေ။
တာယွီစစ်တပ်မှ ကာကွယ်ရန် အသင့်ပြင်နေသည်ကို မြင်ချိန်တွင် ထန်စစ်ဗိုလ်ချုပ်၏မျက်နှာပေါ်တွင် ရုတ်တရက် ထူးဆန်းသော အပြုံးတစ်ခု ထင်ဟပ်သည်။
"မိုးကြိုးဗုံးတွေနဲ့ ရန်သူတွေကို သတ်ကြစမ်း"
ထန်စစ်ဗိုလ်ချုပ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ထန်စစ်တပ်မှ စစ်သားအားလုံးသည် အနက်ရောင်ဗုံးတစ်လုံးစီကို ထုတ်ယူကာ တံတိုင်းဘက်သို့ ပစ်လွှတ်လိုက်ကြသည်။
ရှေ့တန်းမှ ထန်စစ်သားများသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများဖြစ်ကြပြီး အံ့အားသင့်ဖွယ်ကောင်းသော လက်မောင်းအား ရှိကြသည်။ သူတို့သည် မရေမတွက်နိုင်သော မိုးကြိုးဗုံးများကို ပစ်လွှတ်လိုက်ရာ စူးရှကျယ်လောင်သော အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
ဂျိန်း.... ဂျိန်း...
ပေါက်ကွဲမှုများ ချက်ချင်းဖြစ်ပွားလာပြီး မရေမတွက်နိုင်သော ကြမ်းတမ်းသည့် မိုးကြိုးလှိုင်းများ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
မိုးကြိုးဗုံးများနှင့် နီးကပ်နေသော တာယွီစစ်သားတချို့သည် ရှောင်တိမ်းချိန်မရလိုက်ဘဲ မိုးကြိုးများဖြင့် ချက်ချင်း အသတ်ခံလိုက်ရပြီး သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ပေါက်ကွဲမှုအတွင်းမှ မိုးကြိုးမြွေများ ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကာ သတ်ဖြတ်နေကြ၏။ ထိုအရာများကို တားဆီးနိုင်မည့်အရာ မရှိချေ။
ဤသည်မှာ အထူးပြုလုပ်ထားသော တစ်ကြိမ်သုံး မှော်ရတနာဖြစ်ပြီး ရုတ်တရက် ပေါက်ကွဲချိန်၌ သက်ရောက်မှုသည် အမှန်တကယ်ကို အဖျက်စွမ်းအား ကြီးမားသည်။ ဤအရာများသည် တာယွီစစ်တပ်၏ခံစစ်စည်းတွင် အပေါက်အဟအနည်းငယ်ကို ဖြစ်ပေါ်စေခဲ့သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးနောက် ထူထဲသော မီးခိုးနှင့် ဖုန်မှုန့်များ တံတိုင်းအပေါ်တွင် မျောလွင့်နေသည်။
မိုးကြိုးဗုံးများ၏ အကာအကွယ်အောက်တွင် ထန်စစ်သားများသည် လေကဲ့သို့ လျင်မြန်ပြီး တံတိုင်းပေါ်သို့ ချက်ချင်း တက်လာကြသည်။
Chapter 4683
"သတ်စမ်း...."
မရေမတွက်နိုင်သော တာယွီစစ်သားများ၏ မျက်လုံးများ ချက်ချင်းနီမြန်းသွားပြီး သူတို့က ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
အနီးကပ်တိုက်ပွဲတွင် စစ်သားများ၏ကျွမ်းကျင်မှုသည် ပြောစရာမရှိပေ။
တချို့ထန်စစ်သားများသည် မီးမှော်နည်းစနစ်များတွင် ကောင်းမွန်ကြပြီး သူတို့က တာယွီစစ်သားတစ်ဦးကို မီးရှို့သတ်လိုက်သည်နှင့် ချက်ချင်းပင် တာယွီစစ်သားများ၏ လက်ချက်ဖြင့် ရေခဲရုပ်တုများအဖြစ် အေးခဲသွားကြသည်။
ဤသည်မှာ စစ်မြေပြင်၏ အလွန်သေးငယ်သော ပုံရိပ်တစ်ခုသာ ဖြစ်သည်။
တာယွီစစ်တပ်သည် တံတိုင်းပေါ်တွင် ကာကွယ်ရေးစည်းငါးခုကို တည်ဆောက်ထားပြီး သူတို့နောက်တွင် မရေမတွက်နိုင်သော စစ်သားများ ရပ်နေကြကာ အချိန်မရွေး အစားထိုးရန် အသင့်ဖြစ်နေကြသည်။
ဒဏ်ရာရစစ်သားများကို တစ်ယောက်ပြီးတစ်ယောက် တံတိုင်းအောက်သို့ ပို့ဆောင်ပေးနေသည်။ စစ်စခန်း၏ တံတိုင်းနောက်တွင် အဖြူရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော သမားတော်အမြောက်အများက ဒဏ်ရာရစစ်သားများကို ကုသပေးရန် စောင့်ဆိုင်းနေကြ၏။
သို့ရာတွင် ဤကဲ့သို့ ပြင်းထန်သော တိုက်ပွဲတွင် ဒဏ်ရာရစစ်သား အနည်းငယ်သာ ကျန်ရစ်သည်။ အများစုသည် အေးစက်သော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး သွေးအိုင်များအတွင်းတွင် လဲလျောင်းနေကြသည်။
လုယွီ တံတိုင်းပေါ်သို့ ရောက်ရှိခါစတွင် ထန်စစ်သားတစ်ဦး ချက်ချင်း ပြေးဝင်လာသည်။
ဤအခြေအနေကို မြင်ချိန်၌ လုယွီသည် တွေဝေတုံ့ဆိုင်းမနေဘဲ သူ၏ လက်ကိုမြှောက်ကာ လက်သီးဖြင့် ထိုးနှက်လိုက်၏။
သူ၏လက်သီးအားသည် ပြင်းထန်ပြီး မိုးပြာနဂါး၏ ဟိန်းဟောက်သံကို သယ်ဆောင်လာကာ နားကွဲမတတ် ဆူညံနေသည်။ အားပြင်းသော လက်သီးအားကို ထုတ်လွှတ်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် လုယွီ၏ ရှေ့မှ ထန်စစ်သားဆယ်ယောက်ကျော် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ တံတိုင်း၏ မီတာတစ်ထောင်အတွင်းမှ ထန်စစ်သားများလည်း အသတ်ခံလိုက်ရပေ၏။
တစ်စုံတစ်ယောက်သည် မည်သည့် ကျင့်ကြံဆင့်တွင် ရှိသည်ဖြစ်စေ တပ်မှူးမှ သာမန်စစ်သားများအထိ လူအားလုံးသည် လုယွီ၏ လက်သီးစွမ်းအားကြောင့် ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။
"အစွမ်းထက်တယ်...အရမ်းအစွမ်းထက်တယ်"
တာယွီစစ်တပ်မှ မရေမတွက်နိုင်သော စစ်သားများက အားပေးကြွေးကြော်လိုက်ကြသည်။
ထိုအချိန်မှာပင် အနက်ရောင်အလင်းတန်းအမြောက်အများ ကျရောက်လာပြီး လုယွီကို တိုက်ခိုက်လေသည်။
ဤသည်မှာ လုယွီကို ပစ်မှတ်ထားသော လုပ်ကြံသတ်ဖြတ်မှုပင်။ ပုန်းအောင်းရာတွင် ထူးချွန်သော ကျင့်ကြံသူဆယ်ကျော်သည် လေဟာနယ်အတွင်းတွင် ပုန်းအောင်းနေပြီး လူတိုင်း သတိမထားမိချိန်တွင် လုယွီကို ချောင်းမြောင်းတိုက်ခိုက်နေကြသည်။
ကျင့်ကြံသူတစ်ယောက်က လက်ကိုမြှောက်ကာ လုယွီကို မြှားဖြင့်ပစ်လိုက်သဖြင့် သူ၏ အဝတ်အစားများကို ထိုးဖောက်သွားသည်။
"မကောင်းတော့ဘူး... အရှင်ကို ကာကွယ်ကြ!"
"ထန်စစ်တပ်က လူယုတ်မာတွေ စုနေတာပါလား....သူတို့က ညစ်ပတ်တဲ့ နည်းလမ်းတွေကို သုံးနေတယ်"
တာယွီစစ်တပ်မှ စစ်သားများသည် အော်ဟစ်ကာ ပြေးဝင်လာပြီး လုယွီကို ဝန်းရံလိုက်ကြသည်။
လုယွီက အေးစက်စက်နှာမှုတ်ပြီး မြှားကို ဆွဲထုတ်လိုက်သည်။ ချွန်ထက်သောမြားသည် လိမ်ကောက်ပြီး ပုံပျက်နေလေပြီ။
ဤမြှားသည် အမှန်တကယ်ကို အလွန်ချွန်ထက်ကာ မြှားထိပ်တွင် အဆိပ်များ သုတ်လိမ်းထားသည်။ ဤသည်မှာ တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်အတွင်းရှိ သွေးများကို ခဲသွားစေနိုင်သော အဆိပ်ပြင်းတစ်မျိုးပင်။
သို့ရာတွင် လုယွီထံ၌ သိုင်းအင်မော်တယ်တစ်ယောက်၏ ရုပ်ခန္ဓာကိုယ်ရှိပြီး ဖျက်ဆီး၍ မရနိုင်ပေ။ ထို့ကြောင့် သူသည် ဤမျှလောက်သော ဒဏ်ရာကို အမှုမထားချေ။
"သေစမ်း...."
လုယွီက သူ၏ လက်ညှိုးကို ညွှန်လိုက်ရာ ထက်ရှသော ဓားချီစွမ်းအားတစ်ရပ်က သူ၏ လက်ညှိုးထိပ်မှ ပွင့်အံ့ထွက်လာသည်။
ထိုဓားချီစွမ်းအားသည် လေထုကို ထွင်းဖောက်ပြီး မိုးကောင်းကင်သို့ မြင့်တက်သွားသည်။ ထက်ရှသော ဓားချီစွမ်းအားမှာ မျက်စိကျိန်းမတက် စူးရှတောက်ပပြီး မိုးကောင်းကင်ယံအတွင်းတွင် ဓားပုံရိပ်ယောင်များဖြင့် ပြည့်နှက်နေသည်။
ချောင်းမြောင်းတိုက်ခိုက်ရန် ရောက်လာသော ကျင့်ကြံသူဆယ်ယောက်ကျော် ချက်ချင်းအသတ်ခံလိုက်ရသည်။ ကြွင်းကျန်သော ဓားချီစွမ်းအားများသည် ပြန့်ကျဲသွားခြင်းမရှိဘဲ လေဟာနယ်အတွင်းသို့ တိုးဝင်သွားပေ၏။
ထိုလေဟာနယ်သည် တခြားနေရာများနှင့် မည်သည့်ကွဲပြားခြားနားချက်မျှ ရှိပုံမရချေ။
သို့ရာတွင် ဓားချီစွမ်းအား ဖြတ်သန်းသွားပြီးနောက် လေဟာနယ်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး ယိမ်းယိုင်နေကာ ဓားဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုသည် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ အားအင်မဲ့စွာ ပြုတ်ကျသွားသည်။
"ဒါက ထန်လုပ်ကြံသတ်ဖြတ်ရေးစစ်တပ်ရဲ့ တပ်မှူးပဲ..."
"အရှင်လုက အစွမ်းထက်လိုက်တာ.... သူက စစ်မြေပြင်ကို ဝင်လာတာနဲ့ ထန်စစ်တပ်ရဲ့ လုပ်ကြံသတ်ဖြတ်ရေး တပ်မှူးတစ်ယောက်ကို သတ်ပစ်လိုက်တယ်"
မရေမတွက်နိုင်သော လူများသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြ၏။ လုယွီမှာ သူ၏နတ်ဘုရားတမျှ အစွမ်းကို ပြသခဲ့သောကြောင့် စစ်သားများအားလုံးကို တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်သွားစေသည်။
"ဘုန်း...."
စစ်သားများ၏ အော်ဟစ်သံများနှင့်အတူ စင်မြင့်ပေါ်မှ စစ်ပွဲအောင်မြင်မှုရမှတ်စာရင်းတွင်လည်း မြည်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။
လုယွီ၏အမည်သည် နောက်ဆုံးတွင် စစ်ပွဲအောင်မြင်မှုရမှတ်စာရင်းတွင် ထွက်ပေါ်လာပြီး အဆင့်ရှစ်ဆယ့်ကိုးတွင် ရပ်တန့်သွားသည်။
တာယွီစစ်တပ်နှင့် ထန်စစ်တပ်တို့ ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ယခုချိန်၌ လုယွီသည် စစ်မြေပြင်သို့ ရောက်ရှိခါစဖြစ်သော်လည်း ဤကဲ့သို့ ရလဒ်ကို ရရှိခဲ့သည်မှာ အလွန်အံ့အားသင့်ဖွယ်ကောင်းပေ၏။
Chapter 4684
အထူးသဖြင့် လုအဖွဲ့အစည်းမှ စစ်ဘက်အရာရှိတချို့သည် ဤမြင်ကွင်းကို မြင်ချိန်၌ သူတို့သည် ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွား ကြသည်။ သူတို့သည် သူတို့၏ စစ်ရေးအောင်မြင်မှုရမှတ်များကိုပင် လုယွီအား ပေးလိုကြသည်။
မလှမ်းမကမ်းရှိ နန်းတွင်းကိုယ်ရံတော်တပ်များ တပ်စွဲထားရာ စစ်စခန်းတွင်ရှိနေသော ရှထန်ကန်းကလည်း ဤမြင်ကွင်းကို မြင်လိုက်သည်။
"သူက အဆင့်ရှစ်ဆယ်ကျော်မှာပဲ ရှိသေးတယ်... သူက တိုက်ပွဲအောင်မြင်မှုရမှတ်စာရင်းထဲဝင်ဖို့ အရည်အချင်းပြည့်မီရုံပဲ ရှိသေးတယ်...ဘာကို ပျော်စရာရှိလို့လဲ"
ရှထန်ကန်းက လှောင်ပြောင်လိုက်သည်။
သူ၏နံဘေးမှ လက်ထောက်တပ်မှူးတစ်ယောက်က အလျင်အမြန် မြှောက်ပင့်စကား ပြောဆိုသည်။
"ဒီလူတွေက အမြင်ကျဉ်းတယ်.... သူတို့က လုယွီကို အရှင်နဲ့ ယှဉ်နိုင်မယ်လို့ ထင်နေကြတယ်... ရယ်စရာကောင်းလိုက်တာ...လုယွီက ရောက်ခါစပဲ ရှိသေးတယ်...သူက ကံကောင်းပြီးတော့ လုပ်ကြံရေးတပ်မှူးတစ်ယောက်ကို သတ်နိုင်ရင်တောင် ဒီလောက်ပါပဲ.... သူက အရှင်ရဲ့ အောင်မြင်မှုတွေကို လိုက်မီနိုင်မှာ မဟုတ်ဘူး"
"ဒါပေါ့....လူသားဧကရာဇ်ရဲ့ အန္တိမကျင့်ကြံနည်းစနစ်ကို ငါ ရကိုရရမယ်"
ရှထန်ကန်းက သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
"စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်တွေ အားလုံးကိုယူပြီး အရင်တိုက်ခိုက်ကြ.... နောက်ပြီး ငါ့ရဲ့အမိန့်ကို ပေးပို့လိုက်စမ်း....တော်ဝင်မြို့တော်ကနေ တော်ဝင်ကင်းစောင့်တပ်ဖွဲ့ နှစ်ဖွဲ့ကို စစ်မြေပြင်ဆီ ထပ်ပြီးစေလွှတ်ခိုင်းလိုက်စမ်း"
"ဟုတ်ကဲ့..."
အလွန်လျင်မြန်စွာဖြင့် လေးလံသော စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်များကို တံတိုင်းပေါ်သို့ တစ်ခုပြီးတစ်ခု တွန်းတင်လာကြသည်။
နန်းတွင်းကိုယ်ရံတော်တပ်၏ တိုက်ပွဲနယ်မြေတွင် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ထန်စစ်သားများသည် အမြှောက်ဆန်များ၏ တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားကြသည်။
တချို့ထန်စစ်ဗိုလ်ချုပ်များသည် သူတို့၏ မှော်စွမ်းအားများကို အသုံးပြု၍ တံတိုင်းပေါ်သို့တက်ရန် စီစဉ်ခဲ့ကြသည်။ သူတို့သည် ဤစိတ်ဝိညာဉ်ကျောက်တုံး အမြှောက်များကို ဖျက်ဆီးရန် ကြံရွယ်ထားပေ၏။ သို့ရာတွင် သူတို့ ရှေ့သို့ တက်လာသည်နှင့် ထူထပ်သိပ်သည်းသော အမြှောက်ဆန်အလင်းတန်းများ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရသည်။ သူတို့သည် ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲ ချက်ချင်း အသတ်ခံလိုက်ရသည်။
နန်းတွင်းကိုယ်ရံတော်တပ်စစ်စခန်း၏ တံခါးများ ရုတ်တရက် ပွင့်လာပြီး စစ်ရထားလုံးငါးရာကို တွန်းထုတ်လာသည်။ ဤသည်မှာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုပင်။
ဤစစ်ရထားလုံးများကို မြင်းများဖြင့် လမ်းညွှန်ရန်မလိုအပ်ဘဲ ဝင်္ကပါများဖြင့် မောင်းနှင်သည်။ စစ်ရထားများတွင် စစ်သားငါးယောက်မှ ခြောက်ယောက်အထိ ပုန်းအောင်းနေပေ၏။ စစ်သားတစ်ယောက်သည် အမြှောက်တစ်လက်ကို ထိန်းချုပ်ပြီး တခြားသုံးယောက်သည် တိုက်ခိုက်ရေးအစီအရင်သုံးခုကို အသက်သွင်းထားသည်။ တခြားတစ်ယောက်ကမူ စစ်ရထားလုံးကို ကာကွယ်သည့် ကာကွယ်ရေးဝင်္ကပါတစ်ခုကို ထိန်းချုပ်သည်။
ဤသည်မှာ တာယွီလက်မှုရေးရာဝန်ကြီးဌာနမှ ကျွမ်းကျင်သော လက်မှုပညာရှင်များက ဖန်တီးထားသော သေစေနိုင်သည့် လက်နက်တစ်ခုပင်။ ထိုစစ်ရထားလုံးများ၏လုပ်ဆောင်ချက်များ ထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် ရန်သူများကို အစုလိုက်အပြုံလိုက် သေဆုံးသွားစေသည်။
ထန်စစ်သားအမြောက်အများ မြေပြင်ပေါ်သို့ လဲကျသွားကြသော်လည်း တာယွီစစ်သားများသည် ဦးဆောင်၍ အရင်တိုက်ခိုက်ပြီး ကြွင်းကျန်သော ထန်စစ်သားများကို ဆုတ်ခွာရန် တွန်းအားပေးလိုက်၏။
"တောက် .. ရှထန်ကန်းရဲ့ စစ်ရေးအောင်မြင်မှုရမှတ်က ထပ်ပြီး အသစ်ဖြစ်သွားပြန်ပြီ...ဒီတစ်ကြိမ်မှာ ငါတို့နဲ့သူ့ကြားက ကွာဟချက်က ပိုကြီးသွားပြီ"
စစ်ဗိုလ်ချုပ်တစ်ယောက်က သူ၏ လက်ကို တံတိုင်းကို ရိုက်ပုတ်ပြီး အံ့တင်းတင်းကြိတ်လိုက်သည်။
စုန့်ချင်းဟူက ဒေါသတကြီး ပြောဆိုသည် ။
"အရင်တုန်းက ငါ ထောက်ပံ့ရေးအဖွဲ့ကို သွားတုန်းက အမြှောက်တွေနဲ့ စစ်ရထားလုံးတွေ တောင်းခဲ့တယ်.... သူတို့က အကုန်ကုန်သွားပြီလို့ ပြောတယ်... ဒါပေမဲ့ တကယ်တော့ သူတို့က ဒါတွေအားလုံး ရှထန်ကန်းကို ပေးထားတာကိုး....ဒီလောက်များတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ဆိုရင် ဝက်တစ်ကောင်တောင်မှ ထန်စစ်ကို အနိုင်တိုက်နိုင်တယ်"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ သူသည်လည်း ပြဿနာ၏ အဓိကသော့ချက်ကို မြင်တွေ့မိလေ၏။
လူရိုင်းစစ်တပ်ဘက်တွင် စစ်သားများသည် မြှားတစ်ကြိမ်သာ ပစ်ခတ်နိုင်ပြီး ထို့နောက် အနီးကပ်တိုက်ပွဲတွင် ပါဝင်ရသည်။
အခြားတစ်ဖက်တွင် နန်းတွင်းကိုယ်ရံတော်စစ်တပ်ဘက်၌ အဆုံးမရှိသော အမြှောက်များ ထောက်ပံ့မှုရှိပုံရပြီး သူတို့သည် စစ်ရေးအထောက်အပံ့လက်နက်မျိုးစုံကို အသုံးပြုကြသည်။
ဤကဲ့သို့သော ခွဲဝေမှုသည် တစိုးတသိမျှ မမျှတချေ။
"စစ်ဘက်ရေးရာဝန်ကြီးဌာနက စစ်တပ်ထဲက လက်နက်ခဲယမ်းတွေကို ခွဲဝေပေးနေတာ မဟုတ်ဘူးလား... ဘာလို့ သူတို့က နန်းတွင်းကိုယ်ရံတော်တပ်ကို အကုန်ပေးလိုက်တာလဲ"
လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
စုန့်ချင်းဟူက လှောင်ပြောင်လိုက်သည်။
"စစ်ဘက်ရေးရာအဖွဲ့ကို တာဝန်ယူထားတဲ့သူက ရှမိသားစုကပဲ.... ဒီအချိန်မှာတော့ သူတို့က ရှထန်ကန်းဘက်မှာ ရပ်တည်မှာပေါ့... ဒီလူတွေက စစ်ပွဲရဲ့ ရလဒ်ကို ဂရုမစိုက်ဘူး... ရှထန်ကန်းအတွက် စစ်ရေးအောင်မြင်မှုရမှတ်တွေ ရနေရင် လုံလောက်ပြီ"
စစ်ဘက်ရေးရာအဖွဲ့ကို တာဝန်ယူထားသူ ရှယန်သည် ရှမိသားစုမှ ဖြစ်ကြောင်း သိသာထင်ရှားသွားလေပြီ။
လုယွီသည် မူလက ဤသည်မှာ မျိုးရိုးနာမည်တူသည့် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်မည်ဟု တွေးထင်ခဲ့သည်။ သူသည် ဤကဲ့သို့သော ဆက်စပ်မှု ရှိတေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
"မြန်မြန် ဝပ်လိုက်စမ်း"
အဝေးတစ်နေရာတွင် စစ်ဗိုလ်ချုပ်တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
ဤအသံ ထွက်ပေါ်လာသည်နှင့်အတူ ထူထပ်သော အမြှောက်ဆန်အလင်းတန်းတစ်တန်းက လေထုကို ဖြတ်သန်းကာ စစ်စခန်း၏တံတိုင်းများကို ထိမှန်သွားသည်။
စစ်သားအမြောက်အများသည် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ အမြှောက်ဆန်အလင်းတန်းများဖြင့် ချက်ချင်း အသတ်ခံလိုက်ရသည်။
Chapter 4685
ဘုန်း ..ဘုန်း... ဘုန်း...ဘုန်း..
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ တံတိုင်းပေါ်တွင် ပဲ့တင်ထပ်သွားသည်။
မရေမတွက်နိုင်သော တာယွီစစ်သားများသည် ထန်စစ်တပ်၏ စိတ်ဝိညာဥ်အမြှောက်ဆန်များကြောင့် ချက်ချင်းပင် ပြာအဖြစ်သို့ ကြေမွှသွားပြီး အလောင်းအပြည့်အစုံ မကျန်ရှိဘဲ သေဆုံးသွားကြသည်။
"အောက်ကိုဆင်း...အောက်ကိုဆင်းကြစမ်း"
စုန့်ချင်းဟူ၏ မျက်လုံးများ နီမြန်းသွားသည်။ သေဆုံးသွားသော စစ်သားအများစုသည် သူ ခေါ်ဆောင်လာခဲ့သော လူရိုင်းစစ်သည်များ ဖြစ်ပေ၏။
ဤလူရိုင်းစစ်သားများသည် အနီးကပ်တိုက်ပွဲတွင် အလွန်ရဲရင့်ကြသည်။ သူတို့သည် တစ်ယောက်တည်းဖြင့် ရန်သူတစ်စုကို တိုက်ခိုက်နိုင်သည်။ သို့ရာတွင် လူသားများ၏ခန္ဓာကိုယ်များကို အသွေးအသားဖြင့် တည်ဆောက်ထားသည်။ သူတို့သည် စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များကဲ့သို့သော ဖျက်ဆီးရေးလက်နက်များနှင့် တုဖက်ပြိုင်၍မရပေ။
ဤအမြှောက်များမှစွမ်းအားများကို ထုတ်လွှတ်လိုက်ချိန်တွင် တံတိုင်းတစ်ခုလုံး အဆုံးမရှိသော သွေးများဖြင့် ဖုံးလွှမ်းသွားပြီး သွေးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ရှေ့ဆုံးတန်းနှစ်တန်းမှ စစ်သားများ ချက်ချင်းသေဆုံးသွားကြသည်။ နောက်တန်းမှ စစ်သားများသာ အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် အလျင်အမြန် ဝပ်ချနိုင်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုများ ရှိနေဆဲပင်။
စစ်သားများ၏စိတ်နှလုံးသားများသည် ထုံကျင်နေခဲ့လေပြီ။ သူတို့၏ ရဲဘော်ရဲဘက်တချို့သည် သူတို့ရှေ့တွင် သေဆုံးသွားကြပြီး သွေးများက သူတို့၏မျက်နှာပေါ်သို့ ဖြာကျလာသော်လည်း သူတို့သည် မျက်တောင်ပင် မခတ်ကြချေ။
ဤစစ်သားများသည် ဤနေရာတွင် အချိန်အတော်ကြာ စောင့်ကြပ်နေခဲ့ကြသည်။ နေ့စဥ်နေ့တိုင်း သေခြင်းတရားကို ကြုံတွေ့နေရပြီးနောက် သူတို့အနက်မှ အများစုသည် သတ်ဖြတ်ရေးစက်ယန္တရားများ ဖြစ်လာပေ၏။
စစ်သားတစ်ယောက်ချင်း၏ စွမ်းအားကွာဟချက်သည် စစ်ပွဲအတွင်းတွင် အလွန်ကျဥ်းမြောင်းသည်။ ဤနေရာတွင် မြေကမ္ဘာအင်မော်တယ်များနှင့် လောကီအင်မော်တယ်များကြား၌ပင် ကွာခြားချက် ကြီးကြီးမားမား မရှိချေ။ သို့ရာတွင် စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များဖြင့် တိုက်ခိုက်မှုကို ခံရပါက သူတို့သည် သေခြင်းတရားကိုသာ ရရှိနိုင်ပေမည်။
အမြှောက်များပစ်ခတ်ပြီးနောက် ထန်စစ်တပ်သည် နောက်ဆုံးတွင် စတင်ဆုတ်ခွာလိုက်ကြသည်။
ညဥ့်အချိန် ဝင်ရောက်စီးနင်းခြင်းသည် ချောင်းမြောင်းတိုက်ခိုက်မှုသက်သက် ရိုးရှင်းခြင်းမရှိချေ။ အရေးကြီးဆုံးအချက်မှာ တာယွီစစ်သားများကို မောပန်းစေပြီး သူတို့၏ စိတ်ဓာတ်များ ကျဆင်းသွားစေရန်ပင်။
"တောက်....နန်းတော်ရဲ့ လက်နက်ခဲယမ်းအများစုက ကျားလှောင်အိမ်ခံတပ်နဲ့ စီးရွှေခံတပ်မှာ ကျန်ခဲ့တယ်.... ထန်စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေက အဆုံးမရှိလောက်နီးပါးပဲ...သူတို့က မှော်လက်နက်တွေကိုတောင် ပုံထားနိုင်တယ်"
စစ်ဗိုလ်ချုပ်တစ်ယောက်က အံ့ကြိတ်ပြီး ပြောဆိုလိုက်သည်။
ထန်စစ်တပ်သည် အလစ်အငိုက်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သဖြင့် သူတို့နှင့်အတူ လက်နက်ခဲယမ်းများစွာ ယူဆောင်လာခဲ့ခြင်း မရှိချေ။
သို့ရာတွင် တာယွီအင်ပါယာသည် ကျားလှောင်အိမ်ခံတပ်သည် အချိန်တခဏဖြင့် ကျိုးပေါက်သွားမည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ထိုနေရာကို စစ်မြို့တော်တစ်ခုအဖြစ် တည်ဆောက်ခဲ့သည်။ ခံတပ်ကျသွားပြီးနောက် လက်နက်ခဲယမ်း အရင်းအမြစ်များနှင့် စစ်ရေးအထောက်အပံ့ပစ္စည်းအများစုသည် ထိုနေရာတွင် ကျန်ခဲ့ပေ၏။
ယခုချိန်၌ ကျားလှောင်အိမ်ခံတပ် ကျိုးပေါက်သွားပြီဖြစ်သဖြင့် အတွင်းမှ ထောက်ပံ့ရေးပစ္စည်းများနှင့် လက်နက်ခဲယမ်းများအားလုံး ထန်စစ်တပ်၏အပိုင် ဖြစ်သွားလေပြီ။
တခြားတစ်ဖက်တွင် တာယွီအင်ပါယာ၏ တော်ဝင်မြို့တော်တစ်ခုလုံးမှ လက်နက်တိုက်အနည်းငယ်မှာလည်း ကုန်လုနီးပါးဖြစ်နေပြီးအခြေအနေကို ထိန်းထားနိုင်ရုံသာ ကျန်ရှိတော့သည်။
"ငါတို့မှာလည်း လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်တွေရှိရင် ထန်စစ်တပ်ကို ဘာလို့ ကြောက်ရမှာလဲ... ငါတို့က အမြှောက်တွေကိုသုံးပြီး သူတို့ကို ဖိနှိပ်လိုက်ရုံပဲ...ဒါဆိုရင် သူတို့က ငါတို့အနားကို ကပ်လာနိုင်မှာမဟုတ်ဘူး..."
စစ်သားများအားလုံး ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရသည်။ တိုက်ပွဲအစမှစတင်၍ သူတို့သည်တံတိုင်းနောက်တွင် ပုန်းအောင်းကာ တုံ့ပြန်တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ကာကွယ်နေရုံသာ တတ်နိုင်ခဲ့သည်။
လုံလောက်သော တိုက်ခိုက်ရေးလက်နက်များ မရှိပါက သူတို့ ထွက်သွားလျှင်ပင် သက်ရှိပစ်မှတ်များ ဖြစ်လာပြီး သူတို့၏ အသက်များကို အလဟဿ ဆုံးရှုံးရပေမည်။
ထန်စစ်တပ် ဆုတ်ခွာနေသည်ကို အခွင့်ကောင်းယူကာ တစ်စုံတစ်ယောက်က တံတိုင်းပေါ်သို့ အလျင်အမြန်တက်လာပြီး အလောင်းများကို ရွှေ့ပြောင်းလိုက်သည်။
အသက်ရှင်ကျန်ရစ်သော စစ်သားများသည် တိတ်ဆိတ်သွားပေ၏။။ သူတို့နှင့်အတူ သောက်စားကာ စကားပြောခဲ့သော စစ်သားများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ရှေ့၌ လဲကျသွားခဲ့သည်။
လုယွီက အဝေးမှ နန်းတွင်းကိုယ်ရံတော်စစ်တပ်ကို တစ်ချက်ကြည့်လိုက်သည်။ ရှထန်ကန်းသည် ဆုတ်ခွာနေသော ထန်စစ်တပ်နောက်သို့ လိုက်နေဆဲ ဖြစ်သော်လည်း သူ တစ်ဦးတည်း ရှေ့တိုးရန် မဝံ့ရဲချေ။ လုံလောက်သော စစ်ရေးအောင်မြင်မှုရမှတ်များ ရရှိပြီးနောက် သူ ချက်ချင်း ဆုတ်ခွာခဲ့သည်။
စစ်ရေးအောင်မြင်မှုစာရင်းတွင် ရှထန်ကန်းသည် ထိပ်ဆုံးမှဦးဆောင်နေပြီး သူ၏ အမည်မှာ ပို၍ပင် တောက်ပနေသည်။
"မင်းတို့အားလုံး... သွားပြီးအနားယူကြတော့... စစ်ဗိုလ်ချုပ်ရဲ့အဆင့်အထက်မှာ ရှိတဲ့လူတွေက တံတိုင်းကို စောင့်ကြပ်ကြစမ်း"
စုန့်ချင်းဟူ၏အမိန့်သံက မိုးကောင်းကင်ယံမှ ကျရောက်လာသည်။
ဤကဲ့သို့ ကြီးမားသော တိုက်ပွဲကို ကြုံတွေ့ပြီးနောက်တွင် လူအများသည် အလွန်ပင်ပန်းနွမ်းနယ်နေကြလေပြီ။
သူတို့၏ သက်ဆိုင်ရာ အရာရှိများ၏ တိုက်တွန်းမှုအောက်တွင် စစ်သားအုပ်စုများသည် မြို့ရိုးပေါ်မှ ဆင်းကာ သူတို့၏ သက်ဆိုင်ရာ စစ်တန်းလျားများသို့ ပြန်သွားပြီး အိပ်စက်ကြသည်။ မကြာမီမှာပင် စစ်စခန်းအတွင်းတွင် ဟောက်သံများကို ကြားနေရသည်။
ကျင့်ကြံသူများသည်လည်း လူသားများသာ ဖြစ်ပေ၏။ သူတို့၏ စိတ်ဝိညာဉ်စွမ်းအားသည် သာမန်သေမျိုးများထက် သာလွန်သော်လည်း သူတို့တွင်လည်း ပြိုလဲသွားရန် အကန့်အသတ်တစ်ခု ရှိနေဆဲပင်။
Thank For Reading.