← Chapters

အခန်း (၄၆၈၆-၄၆၉၀)

Vol. 238 Ch. 4686-4690

အခန်း (၄၆၈၆-၄၆၉၀)

Vol. 238 Ch. 4686-4690

Chapter 4686

"ဒီအတိုင်းဆက်သွားနေရင် အလုပ်ဖြစ်မှာမဟုတ်ဘူး..."

စုန့်ချင်းဟူ၏ မျက်လုံးများသည်လည်း အနည်းငယ်နီမြန်းနေသည်။ အစောပိုင်းက သူသည် ရန်သူအမြောက်အများကို သတ်ဖြတ်ခဲ့သဖြင့် သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကြောင့် သူ၏မျက်လုံးများ နီမြန်းသွားပေ၏။

လက်နက်ခဲယမ်းအပြည့်အစုံ မရှိသောကြောင့်လူရိုင်းစစ်တပ်သည် တံတိုင်းအကာအကွယ်ဖြင့်သာ ခုခံနိုင်ပြီး ရန်သူနှင့် အနီးကပ်တိုက်ခိုက်ခဲ့ရသည်။ ဤကိစ္စကြောင့် ဖြစ်ပေါ်လာသော အသေအပျောက်များသည် အလွန်ပြင်းထန်ပေ၏။

အရေးအကြီးဆုံးကိစ္စမှာ လူရိုင်းစစ်တပ်မတော်၏ ထူးခြားသော အင်အားစုဖွဲ့မှုဖြစ်သည်။ ဤလူရိုင်းစစ်သားအများစုကို မျိုးနွယ်စုအသီးသီးမှ စုစည်းထားခြင်းပင်။

မျိုးနွယ်စုတစ်ခုစီသည် လူငယ်လူရွယ်အရေအတွက်တချို့ကို ထိန်းသိမ်းထားရန် လိုအပ်သည်။ အကယ်၍ စစ်မြေပြင်တွင် အသေအပျောက်များလွန်းပါက မျိုးနွယ်စုတစ်ခုလုံး၏ အင်အားသည် အားနည်းသွားပေမည်။ ထိုအချိန်တွင် လူရိုင်းများသည် စုန့်ချင်းဟူအပေါ် ဤမျှထိ သစ္စာရှိတော့မည် မဟုတ်ချေ။

လုယွီ၏ မျက်နှာအမူအယာ တည်ကြည်လေးနက်နေသည်။ သူက အလေးအနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

"လက်နက်ခဲယမ်းကိစ္စကို ဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခု ငါ စဉ်းစားထားမယ်...ဒါ့ပြင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို စစ်တပ်တွေ အမြန်ဆုံးစေလွှတ်ဖို့ ငါ အကြောင်းကြားထားပြီးပါပြီ...အမြန်ဆုံးစစ်တပ်က မနက်ဖြန်ကျရင် ရောက်လာလိမ့်မယ်"

"မနက်ဖြန်..."

စုန့်ချင်းဟူက ခေါင်းခါလိုက်ပြီး သူ၏မျက်နှာတွင် အထီးကျန်ဆန်သော အမူအယာတစ်ရပ် ဖြတ်ပြေးသွားသည်။

တိတ်ဆိတ်သော လရောင်သည် ထူးကဲစွာ အေးစက်နေပြီး မြို့ရိုးများပေါ်သို့ ဖြာကျနေသည်။ လေထုအတွင်းတွင် သွေးနံ့များဖြင့် ပြည့်နှက်နေပေ၏။

လုယွီသည် သူ၏နားအတွင်းတွင် ငိုရှိုက်သံများကို ကြားလိုက်ရသည်။

စစ်သည်တော်အားလုံးသည် သွေးအေးလူသားများ မဟုတ်ချေ။ တချို့လူများသည် ဤသို့သော ပြင်းထန်သည့် တိုက်ပွဲကို တောင့်မခံနိုင်ဘဲ ထောင့်များတွင် ပုန်းကွယ်ကာ ငိုရှိုက်နေကြသည်။

ထို့အပြင် ဤစစ်သားများအနက် ငယ်ရွယ်သူများ အလွန်များပြားသည်။

လုယွီသည် နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ လေ့လာကြည့်လိုက်ရာ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ် လူငယ်တချို့ကိုပင် တွေ့မြင်မိသည်။

လူရိုင်းများ၏ အရွယ်ရောက်သည်ဟု သတ်မှတ်ခံရသော အသက်သည် အလွန်ငယ်ရွယ်ပေ၏။ သူတို့သည် အသက်ဆယ့်ငါးနှစ်တွင် စစ်တပ်အတွင်းသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီနေလေပြီ။ သို့ရာတွင် သူတို့သည် ရုပ်ခန္ဓာခွန်အားအရဖြစ်စေ စိတ်ဓာတ်ခွန်အားဖြစ်စေ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော ဝါရင့်စစ်သည်တော်များနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။

"စစ်သည်တော်တွေရဲ့ စိတ်ဓာတ်က အတော်လေး နိမ့်ကျနေတယ်.... ငါနဲ့အတူ လူရိုင်းခေါင်းဆောင်တချို့ကို ခေါ်လာခဲ့တယ်...သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို အရမ်းမကျေမနပ်ဖြစ်နေပြီ... မုန်းစရာကောင်းတာက နန်းတွင်းကပေးတဲ့ စစ်သည်တော်လစာငွေက နှောင့်နှေးနေတာပဲ... ဒီအချိန်မှာ အဲ့ဒီခွေးမသားတွေက ငါ့ကို ဒီလိုလုပ်ဖို့ ကြိုးစားနေတုန်းပဲ"

စုန့်ချင်းဟူသည် ငိုရှိုက်သံများကိုကြားပြီးနောက် ကြမ်းတမ်းသောအမူအယာဖြင့် ပြောဆိုသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက ဧကရာဇ်ရဲ့စစ်တပ်တွေဘဲ မဟုတ်လား... ဘာလို့ တစ်ယောက်ယောက်က ဒီလိုမျိူးတွေ လုပ်နေတာလဲ...."

စုန့်ချင်းဟူက လှောင်ပြောင်သည်။

"ဧကရာဇ်က ငါတို့တွေ စုစည်းမိပြီးတော့ ပုန်ကန်မှာကို စိုးရိမ်တယ်.... ဒါကြောင့် သူက ငါတို့ကို ကြီးကြပ်ဖို့ လူတွေကို စစ်တပ်တွေဆီ စေလွှတ်ထားတာပဲ... သူက ငါတို့ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ လစာတွေအတွက်တော့ နည်းနည်းလေးတောင် စိတ်မပူဘူး...ငါတို့က သူတို့ကို လစာမပေးဘဲနဲ့ ငါတို့ရဲ့အင်အားကို အားနည်းစေလိမ့်မယ်....အဲ့ဒီလူတွေက ငါတို့ကို အကွက်ချကြံစည်နေတာပဲ"

"တော်ဝင်စစ်တပ်ကို ပေးတဲ့ ဆက်ဆံမှုတွေက အမြဲတမ်း အကောင်းဆုံးပဲ... သူတို့ရဲ့ စစ်လက်နက်ပစ္စည်းအားလုံးနီးပါးကို တော်ဝင်စစ်တပ်ကို ပေးခဲ့တယ်။...ဒါပေမဲ့ ရှထန်ကန်းဆိုတဲ့ အဲ့ဒီခွေးမသား... သူက ထန်စစ်တပ်ရဲ့ အားအနည်းဆုံးအပိုင်းကိုပဲ တိုက်ခိုက်ခဲ့တယ်.... သူက စစ်ပွဲအောင်မြင်မှုရမှတ်တွေ အများကြီး ရခဲ့ပေမဲ့ သူ မတိုက်ခိုက်နိုင်တဲ့ နေရာတွေအားလုံးကို ငါတို့ဆီ လွှဲပြောင်းပေးခဲ့တယ်"

"ထန်စစ်တပ်က တော်ဝင်မြို့တော်ကို တိုက်ခိုက်နေပြီ..... နန်းတွင်းကတော့ အကွက်ချကြံစည်နေတုန်းပဲ"

လုယွီက ခေါင်းခါလိုက်သည်။

တဖြည်းဖြည်း တိတ်ဆိတ်သွားသော စစ်စခန်းကို ကြည့်ရင်း လုယွီသည် ရုတ်တရက် ပါးစပ်ဖွင့်ကာ မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။

ဤအသံသည် ကျယ်ပြန့်ပြီး နက်ရှိုင်းကာ ရှေးဟောင်းအစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးမှ ဟောပြောနေသည့်အလားပင်။ ဤမှော်မန္တန်၏အသံသည် နက်နဲသိမ်မွေ့ပြီးနားထောင်၍ကောင်းကာ ရှည်လျားသည်။

ငိုရှိုက်နေဆဲဖြစ်သော စစ်သည်တော်များသည် ဤအသံကိုကြားချိန်၌ နောက်ဆုံးတွင် အိပ်ပျော်သွားကြသည်။

လုယွီ၏ အသံသည် အလွန်ဝေးကွာသော နေရာထိ ရောက်ရှိသွားပြီး မကြာမီမှာပင် တခြားစစ်စခန်းများမှ စစ်သည်တော်များသည်လည်း အိပ်ပျော်သွားကြသည်။

ဤအသံသည် ရှထန်ကန်း၏ နားထဲသို့လည်း ကျရောက်သွားသည်။

ဤအချိန်တွင် ရှထန်ကန်းသည် အောင်ပွဲခံ၍ ပြန်လာခဲ့သည်။ မရေမတွက်နိုင်သော စစ်ရထားလုံးများဖြင့် ဝန်းရံကာ သူသည် ကြီးကျယ်ခမ်းနားစွာဖြင့် စစ်စခန်းသို့ ပြန်လာခဲ့လေ၏။

"ဟမ့်....ဒါက လှည့်ကွက်ငယ်လေးတွေပဲ... မင်းရဲ့စစ်ရေးအောင်မြင်မှုတွေက ငါ့ကို ဘယ်လိုမှ မကျော်လွန်နိုင်ဘူး"

ရှထန်ကန်းက အေးစက်စက် ရယ်မောလိုက်သည်။

ထိုအချိန်မှာပင် စစ်ဗိုလ်ချုပ်တစ်ယောက် လျှောက်လှမ်းလာပြီး သူ့ကို မေးမြန်းသည်။

"တပ်မှူး.... ကျွန်တော်တို့က ထန်တပ်မတော်ရဲ့ စစ်ရေးအထောက်အပံ့ပစ္စည်းတွေ အများကြီးကို လုယက်ခဲ့ပါတယ်..အဲ့ဒါတွေကို သိုလှောင်ရုံဆီ ပို့လိုက်ရမလား..."

"ဘာလို့ သိုလှောင်ရုံကို ပို့ရမှာလဲ....ဒါတွေက ငါတို့ရဲ့ ကိုယ်ပိုင်စစ်ပွဲအောင်မြင်မှု ပစ္စည်းတွေပဲ... ငါတို့ရဲ့ညီအစ်ကိုတွေကို အကုန် ခွဲဝေယူခိုင်းလိုက်စမ်း"

"ဟုတ်ကဲ့"

ထိုစစ်ဗိုလ်ချုပ်က ခေါင်းညိတ်လိုက်သည်။

Chapter 4687

နောက်တစ်နေ့တွင် စစ်သည်တော်အားလုံး အိပ်ရာမှ နိုးထလာကြသည်။

"ငါ မနေ့ညက အောင်ပွဲခံပြီး ပြန်လာပြီး ငါ့ဇာတိမြေကို ပြန်ရောက်တယ်လို့ အိပ်မက်မက်တယ်"

"ဟားဟားဟား... မနေ့ညက ငါက စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာတယ်လို့တောင် အိပ်မက်မက်တယ်...အနာဂတ်မှာ ငါက အရာရှိကြီးတစ်ယောက်တောင် ဖြစ်လာသေးတယ်"

"ငါ ရုတ်တရက် ခံစားမိတာက ငါ့ရဲ့စိတ်ဝိညာဉ်စွမ်းအားတွေ အများကြီး တိုးတက်လာသလိုပဲ... ငါ ဘာကိုမဆို ရှင်းရှင်းလင်းလင်း တွေးနိုင်တယ်...ငါ အိပ်ငိုက်တာမျိုး လုံးဝမရှိတော့ဘူး"

စစ်သည်တော်အားလုံး နိုးထလာပြီး စတင်၍ ဆွေးနွေးလိုက်ကြသည်။

အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက် သူတို့သည် အိပ်ပျော်သွားလျှင်ပင် သူတို့၏ခန္ဓာကိုယ်များမှ အရိုးအကြောများ အလွန်အမင်း တင်းမာနေပြီး ကောင်းကောင်းမွန်မွန် အနားမယူနိုင်ကြချေ။

သို့ရာတွင် မနေ့ညက လူတိုင်းသည် သူတို့၏ပင်ပန်းနွမ်းနယ်မှုအားလုံး ပျက်ပြယ်သွားပြီး သူတို့၏လန်းဆန်းတက်ကြွမှုကို ပြန်လည်ရရှိခဲ့ပုံရသည်။

"လုယွီ....မင်း မနေ့ညက ရွတ်ဆိုခဲ့တဲ့ တာအိုမန္တန်တွေ ငါ့ကို သင်ပေးနိုင်မလား....ငါက တန်ဖိုးတူတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝယ်မယ်"

စုန့်ချင်းဟူက လုယွီထံသို့ အပြေးအလွှား ရောက်ရှိလာသည်။

သူက လုယွီသည် အိပ်မွေ့ချမန္တန်များကိုအသုံးပြုခဲ့သည်ဟုသာ တွေးထင်ခဲ့လေ၏။

သို့ရာတွင် သူ့စစ်သည်တော်များ၏ အခြေအနေကို ကြည့်လျှင် ယခင်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။ ဤသည်မှာ သူသည် သူတို့ကို ပထမဆုံးအကြိမ် တိုက်ပွဲသို့ ခေါ်ဆောင်လာခဲ့စဥ် အချိန်ကနှင့် တူညီနေသည်။

ဤသည်မှာ ချီတက်တိုက်ခိုက်ခြင်း စစ်ပွဲအတွင်းတွင် သတ်ဖြတ်ခြင်းလက်နက်တစ်ခုပင်။

အကြောင်းအရင်းမှာ တစ်စုံတစ်ယောက်သည် စစ်မြေပြင်တွင် မည်မျှထိ အတွေ့အကြုံများ ရရှိခဲ့စေကာမူ သူတို့သည် အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက် ပင်ပန်းနွမ်းနယ်မှုကို ခံစားရပေမည်။

သို့ရာတွင် တစ်စုံတစ်ယောက်သည် ဤမှော်မန္တန်ကို သင်ယူနိုင်ပါက မည်သည့်အချိန်မဆို သူတို့သည် ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်ရေးအင်အားရှိသည့် စစ်တပ်တစ်တပ်ကို ရရှိနိုင်ပေလိမ့်မည်။

"အရှင်စုန့်.. မင်းက အရမ်းယဉ်ကျေးလွန်းနေပြီ...ဒီနည်းစနစ်က လျှို့ဝှက်နည်းစနစ်မဟုတ်ပါဘူး..ဒါကြောင့် မင်း ဝယ်ယူဖို့လည်း မလိုအပ်ပါဘူး"

လုယွီသည် ကြည်လင်သောနှလုံးသား တာအိုမန္တန်ကို စုန့်ချင်းဟူထံသို့ ချက်ချင်း ကူးရေးပေးလိုက်သည်။

ဤသည်မှာ ရှေးဟောင်းခေတ်က အင်မော်တယ်များ ဟောပြောရာ၌ အသုံးပြုခဲ့သော နည်းစနစ်တစ်ခုပင်။ ဤသည်မှာ ဗုဒ္ဓဂိုဏ်းမှ အသုံးပြုသော ကြွေးကြော်သံ၀နှင့် ဆင်တူသည်။ ဤမှော်မန္တန်သည် လူများကို နိုးကြားစေပြီး အာရုံပြန့်လွင့်နေမှုများကို ဖယ်ရှားပေးနိုင်သည်။

ဝုန်း....

ဤအချိန်တွင် အဝေးရှိ စစ်ပွဲအောင်မြင်မှုရမှတ်စာရင်းသည် တဖန်ပြန်၍ မြည်ဟီးလာပေ၏။

လုယွီ၏နာမည်သည် နံပါတ်ခုနစ်ဆယ့်ကိုးနေရာသို့ ခုန်တက်သွားပြီး နောက်ဆက်တွဲအနေဖြင့် "စစ်တပ်၏ စိတ်ဓာတ်ကို တည်ငြိမ်စေရန် အသံဖြင့် ဟောပြောခြင်း" ဟူသော စကားလုံးများကို ထိတ်လန့်ဖွယ်ကောင်းစွာ မှတ်တမ်းတင်ထားသည်။

စုန့်ချင်းဟူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"မင်း ဒီတာအိုမန္တန်ကို ဖြန့်ဝေတာက ကြီးမားတဲ့ ပံ့ပိုးကူညီမှုတစ်ခုကို လုပ်ခဲ့တာပဲ...ဒီနေ့ကစပြီးတော့ ငါတို့ရဲ့စစ်သည်တော်တွေက စိတ်ဓာတ်မြင့်မားပြီး သူတို့ရဲ့တိုက်ခိုက်ရေးအင်အားက အဆတစ်ရာကျော် တိုးလာလိမ့်မယ်...."

ရှထန်ကန်းက ရုတ်တရက် လှောင်ပြောင်သရော်လိုက်သည်။

"လုယွီ.... မင်းက စစ်ရေးအောင်မြင်မှုတွေရဖို့ ဒီလိုနည်းလမ်းမျိုးကို သုံးမှာလား... ဒါက ရှင်းရှင်း ပြောရရင် ဟာသတစ်ခုပဲ...ထန်စစ်တပ်က ငါတို့ရှေ့တည့်တည့်မှာ ရှိနေတယ်....မင်း အဲ့ဒီလိုမျိုး မကောင်းတဲ့နည်းလမ်းတွေ လုပ်နေတာက အသုံးမဝင်ဘူး....ထန်စစ်တပ် ဆုတ်ခွာအောင် လုပ်နိုင်မှသာ တကယ့်ဂုဏ်ပြုထိုက်တဲ့ စစ်ရေးအောင်မြင်မှုတစ်ခုလို့ သတ်မှတ်နိုင်လိမ့်မယ့်.... အဲ့ဒီ စစ်အောင်နိုင်တဲ့ ပစ္စည်းတွေကို မင်း မြင်လား...ဒါတွေအားလုံးကို မနေ့ညက ငါတို့တပ်က ရခဲ့တာပဲ....မင်း ပိုပြီးလေ့လာအုံး"

သူ၏အသံသည် စခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အချိန်တခဏအတွင်းတွင် လူတိုင်း ကြားလိုက်ရသည်။

"ဟမ့်...နန်းတော်ကိုယ်ရံတော်တပ်မှာ စစ်ရထားလုံးတွေနဲ့ စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်တွေ အများကြီးရှိတယ်..သူတို့က ရှေ့တန်းအနီးကပ်တိုက်ပွဲမှာ တစ်ခါမှ မပါဝင်ဖူးဘူး....သူတို့က လမ်းတလျှောက်လုံး မှော်စွမ်းအားရှိတဲ့ လက်နက်တွေကိုသုံးပြီးတော့ ရန်သူတွေကို ချေမှုန်းခဲ့တာ... ဒါကို အောင်ပွဲလို့ သတ်မှတ်လို့ရလား...ထွီ...."

လူရိုင်းစစ်ဗိုလ်ချုပ်များက အေးစက်တင်းမာစွာဖြင့် ရှထန်ကန်းကို ကြည့်လိုက်ကြသည်။

တာယွီအင်ပါယာဘက်တွင် နန်းတွင်းကိုယ်ရံတော်တပ်ကဲ့သို့သော ဧကရာဇ်၏အစောင့်အရှောက်တပ်များသာလျှင် မြို့အပြင်ဘက်တွင် တိုက်ခိုက်ရန် အင်အားရှိသည်။

"လုယွီ...မင်း ကြားရဲ့လား.....မင်းက တာယွီတော်ဝင်စာမေးပွဲရဲ့ ထိပ်သီးကျောင်းတော်သား ဖြစ်ခဲ့ပြီးတော့ အုပ်ချုပ်ရေးနဲ့ စစ်ရေးအဆင့်သတ်မှတ်ချက်နှစ်ခုစလုံးမှာ ပထမနေရာကို ရခဲ့တယ်....မင်းက ဒီလိုလှည့်ကွက်ငယ်လေးတွေကိုပဲ သုံးတတ်တာကို တခြားလူတွေ သိသွားရင် တော်ဝင်နန်းတွင်းအတွက် အရှက်ရစရာပဲ"

ရှထန်ကန်းသည် လုယွီကို အလွတ်မပေးတော့မည့်ပုံဖြင့် ဆက်လက်၍ အော်ဟစ်နေသည်။

"ရှထန်ကန်း...မင်းက တပ်တွင်းပဋိပက္ခဖြစ်ချင်နေတာလား... မင်းမှာ အရည်အချင်းရှိရင် ငါနဲ့ လာတိုက်လှည့်စမ်း..."

စုန့်ချင်းဟူက ဒေါသတကြီး အော်ဟစ်လိုက်၏။

လုယွီက ခေါင်းခါပြီး ပြောဆိုသည်။

"အရှင်စုန့်....သူနဲ့ အငြင်းပွားဖို့ မလိုပါဘူး...ငါ့ရဲ့စစ်တပ် မရောက်သေးဘူး...ပုန်းကွယ်နဂါးစစ်တပ် ရောက်လာရင် အရာအားလုံး ထင်ရှားသွားပါလိမ့်မယ်"

ဤစကားကို ကြားချိန်တွင် လူတချို့က ရှထန်ကန်းကို လှောင်ပြောင်ရယ်မောလိုက်ကြသည်။

လုယွီသည် တစ်ယောက်တည်းလာခဲ့ခြင်း ဖြစ်ပေ၏။ သူသည် တိုက်ပွဲစစ်မြေပြင်သို့ ပထမဆုံးရောက်ရှိစဉ်ကပင် တိုက်ပွဲအောင်မြင်မှုစာရင်းသို့ ရောက်ရှိခဲ့သည်။

သို့ရာတွင် ရှထန်ကန်း၏ စစ်ရေးအောင်မြင်မှုများသည် သူ၏လက်အောက်ငယ်သားများနှင့် နန်းတော်ကိုယ်ရံတော်တပ်မှစစ်သားများ ရဲရင့်စွာ တိုက်ခိုက်ခြင်းကို အားကိုး၍ ရရှိလာခဲ့ခြင်းဖြစ်သည်။

Chapter 4688

ဤအရာနှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် ကွာခြားချက်မှာ သိသာထင်ရှားသည်။

"ဟမ့်....မင်းရဲ့စစ်တပ် ရောက်လာရင်တောင် ဘာဖြစ်လဲ....ဒါက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ နယ်စပ်စစ်တပ်တစ်တပ်ပဲ....တော်ဝင်စစ်တပ်နဲ့ ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ"

ရှထန်ကန်းက လှောင်ပြောင်လိုက်သည်။

စုန့်ချင်းဟူက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်၏။

"ဒီရှထန်ကန်းက တကယ့်ကို စက်ဆုပ်ဖို့ကောင်းတယ်....ဧကရာဇ်ကသာ သူ့ကို ကာကွယ်မထားရင် ငါ သူ့ကို တကယ်ပဲ ရိုက်နှက်ချင်တယ်"

လုယွီထံတွင် မူလအတိုင်း တည်ငြိမ်သော မျက်နှာအမူအယာရှိပြီး ရှထန်ကန်းကြောင့် ဒေါသထွက်ခဲ့ခြင်း မရှိသည့်အလားပင်။

ရှထန်ကန်းသည် ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကို လုယူခံရသောကြောင့် မကျေမနပ်ဖြစ်နေရုံသာဖြစ်သည်။ အမှန်အားဖြင့် ဤကိစ္စသည် လုယွီ၏ စိတ်အခြေအနေအပေါ် သက်ရောက်မှုမရှိနိုင်ပေ။

"သွားပြီး စစ်ဘက်ဝန်ထမ်းရေးရာအဖွဲ့ရဲ့ တာဝန်ခံရှယန်ကို ခေါ်ခဲ့စမ်း"

လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

မကြာမီမှာပင် ရှယန်နှင့် စစ်ဘက်ဝန်ထမ်းရေးရာအဖွဲ့မှ တခြားအရာရှိများသည် အလျင်အမြန် ရောက်ရှိလာကြ၏။

လုယွီက ပြောင်ပြောင်တင်းတင်း မေးမြန်းသည်။

"အခု စစ်တပ်ရဲ့ သိုလှောင်ရုံမှာ လက်နက်ခဲယမ်းတွေ ဘယ်လောက်ကျန်သေးလဲ....ဘာလို့ မင်းတို့က လူရိုင်းစစ်တပ်ကို လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်တွေ မပေးတာလဲ"

လုယွီသည် အစောပိုင်းက တစ်ချက်ကြည့်ပြီးနောက် ကြီးမားသော လူရိုင်းစစ်တပ်တွင် စိတ်ဝိညာဉ်ကျောက်တုံးအမြှောက် တစ်ရာကျော်သာ ရှိသည်ကို တွေ့ရှိခဲ့သည်။

ရှည်လျားသော ကာကွယ်ရေးစည်းနှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ အလွန်နည်းပါးသည့် ပမာဏပင်။

"အရှင်လု...မင်းက ရှေ့တန်းကို အခုမှ ရောက်လာကြောင့် ဒီက အခြေအနေကို မသိနိုင်ဘူး....ငါတို့လည်း အခက်အခဲ ကြုံနေရတယ်.... လက်နက်ခဲယမ်းတွေကို အရင်က ကျားလှောင်အိမ်ခံတပ်မှာ သိုလှောင်ထားတာပါ...အခုတော့ ဆန်မရှိဘဲ ထမင်းချက်ရတာ ခက်ခဲပါတယ်...ကျွန်တော်တို့မှာ လုပ်ချင်တဲ့စိတ်တော့ ရှိပါတယ်...ဒါပေမဲ့ လုပ်နိုင်တဲ့အင်အား မရှိပါဘူး"

ရှယန်သည် ဆင်ခြေတစ်ခုကို ယခင်ကတည်းက ပြင်ဆင်ထားပုံရပြီး မရပ်မနား ညည်းညူနေသည်။

"နန်းတွင်းကိုယ်ရံတော်တပ်မှာ လုံလောက်တဲ့ လက်နက်ခဲယမ်းတွေရှိတယ်.... ဒါပေမဲ့ တခြား စစ်တပ်တွေမှာ မရှိဘူး....ဒါက ဘယ်လိုသဘောတရားမျိုးလဲ"

လုယွီက ထပ်မံမေးမြန်းသည်။

ရှယန်က ခေါင်းခါပြီး တုံပြန်အဖြေပေးသည်။

"ဒါက ဧကရာဇ်က တော်ဝင်အစောင့်အရှောက်တွေကို ပေးခဲ့တာပါ....ဒီအရာရှိမှာ အသုံးပြုပိုင်ခွင့် မရှိပါဘူး"

"တော်ဝင်မြို့တော်မှာ အရန်စစ်ရေးအထောက်အပံ့ပစ္စည်းတွေ မရှိဘူးလား...တော်ဝင်မြို့တော်တစ်ခုလုံးမှာ ဒေသကြီးလေးခုရှိတယ်...အဲ့ဒီနေရာတွေကနေ စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်တချို့တောင် မစုဆောင်းနိုင်ဘူးလို့ ငါ မယုံဘူး"

လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။

"ဟီးဟီး...အရှင်လုပြောရင်လည်း ခံရမှာပဲ.... တကယ့်ကို မရှိတာပါ"

ရှယန်၏ နှုတ်ခမ်းထောင့်သည် လှောင်ပြောင်သည့် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

လုယွီက အေးစက်စက် အော်ငေါက်လိုက်သည်

"ဘာမှမရှိဘူးလား...ဒါဆိုရင် မင်းကိုထားလို့ ဘာအသုံးဝင်မှာလဲ...ပြန်သွားပြီး မင်းရဲ့နုတ်ထွက်စာကို ရေးလိုက်စမ်း... စစ်ဘက်ဝန်ကြီးဌာနမှာ မင်း အလုပ်လုပ်ဖို့ မလိုတော့ဘူး"

"ဟီးဟီး... ဒါဆိုရင်တော့ ဒီအရာရှိက အရှင်လု ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်"

ရှယန်က လှောင်ပြောင်သရော်ပြီးနောက် လှည့်ထွက်သွားသည်။

သူသည် ရှမိသားစုဝင်တစ်ဦးပင်။ ရှကွေ့ကျုံးနှင့် ရှထန်ကန်းကဲ့သို့သော လူများ ရှိနေသရွေ့ သူသည် သာယာဝပြောသော အနာဂတ်ကို မလွဲမသွေ ရရှိနိုင်ပေမည်။ သူတို့သည် သူတို့၏ကိုယ်ပိုင်အနာဂတ်အတွက် စိတ်ပူရန်မလိုပေ။

"ဒီခွေးမသားတွေကတော့.... သူတို့က ရူးနေကြတာလား....လက်နက်ခဲယမ်းတော်တော်များများကို ရှမိသားစုက လျှို့ဝှက်ထိန်းသိမ်းထားတယ်လို့ ငါ ကြားတယ်.... အဲ့ဒါတွေအားလုံးကို နန်းတော်ကိုယ်ရံတော်တပ်ဆီ ခွဲဝေပေးထားတယ်...သူတို့က တကယ့်ကို ပုလင်းတူဘူးဆို့တွေပဲ"

စုန့်ချင်းဟူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုအချိန်မှာပင် အဝေးရှိ မိုးကုတ်စက်ဝိုင်းတွင် စစ်တံပိုးခရာသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

"သတ်..."

စိတ်အားထက်သန်သော အော်သံလှိုင်းတစ်လှိုင်းကို ထန်စစ်စခန်းမှ ကြားနေရပြီး မိုးကောင်းကင်ကို တုန်ခါစေသည်။

မရေမတွက်နိုင်သော ထန်စစ်သင်္ဘောများသည် မိုးကုတ်စက်ဝိုင်းမှ ရောက်ရှိလာပြီး နားကွဲလုမတတ် မြည်ဟီးသံများကို ထုတ်လွှတ်နေသည်။

တာယွီဘက်မှ ခုခံကာကွယ်ရေးတပ်များသည် လာမည့်တိုက်ပွဲအတွက် ပြင်ဆင်ရန် စစ်စခန်းအတွင်း၌ လျင်မြန်စွာ ပြေးလွှားနေကြ၏။

"အဲ့ဒီထန်စစ်သည်တော်တွေက အကြီးစားတိုက်ခိုက်မှုတစ်ခုကို စတင်တော့မှာပဲ..."

စုန့်ချင်းဟူက မျက်မှောင်ကြုတ်လိုက်သည်။

ထန်စစ်တပ်၏ အဓိကစစ်သင်္ဘောပေါ်တွင် တပ်မှူးအလံဆယ်ခု လွင့်ပျံနေသည်။ ဤသည်မှာ ထန်စစ်တပ်၏ တပ်မှူးဆယ်ဦးသည် ဤတိုက်ပွဲတွင် ပါဝင်နေသည်ကို ဆိုလိုပေ၏။

ဤသည်မှာ မနေ့ညက တိုက်ခိုက်မှုနှင့် ကွာခြားသည်။ ဤတစ်ကြိမ်တွင် ထန်စစ်တပ်သည် သူတို့၏အဓိကအင်အားကိုအသုံးပြုပြီး တာယွီစစ်တပ်တစ်တပ်လုံးကို တစ်ချက်တည်းဖြင့် သိမ်းပိုက်ရန် စီစဉ်နေသည်။

"လုယွီ...ထွက်ခဲ့စမ်း..."

ကြေးနီစစ်ရထားလုံးတစ်စီးသည် မိုးကောင်းကင်ယံတွင် ပျံဝဲနေသည်။ ထို့နောက်ရွှေရောင်သံချပ်ကာဝတ် ထန်စစ်ဗိုလ်ချုပ်တစ်ယောက်သည် စစ်ရထားလုံးပေါ်မှ ဆင်းလာပေ၏။

ရွှေရောင်သံချပ်ကာဝတ် ထန်စစ်ဗိုလ်ချုပ်သည် လက်အတွင်းတွင် လခြမ်းဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ ထိုဓားသည် ခုနစ်ပေရှည်ပြီး အလွန်လေးလံသည်။ ဓားလက်ကိုင်တွင် နဂါးအမှတ်အသားများကို ထွင်းထုထားပြီး နဂါးပြာတစ်ကောင် ဓားပေါ်တွင် ခွေနေသည်နှင့် တူညီပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

Chapter 4689

ဒါက ကောင်းရှစ်ကျီးပဲ...

ဤအချိန်အခိုက်အတန့်တွင် ကောင်းရှစ်ကျီး၏ စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူသည် တစ်စုံတစ်ယောက်၏ ကျောရိုးကို ချမ်းစိမ့်သွားစေသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

"တစ်...နှစ်....သုံး... သောက်ချေးပဲ...ကောင်းရှစ်ကျီးက မသေမျိုးအဆင့် မှော်လက်နက်သုံးခု ယူလာတယ်"

စုန့်ချင်းဟူက အော်ဟစ်လိုက်သည်။

ကောင်းရှစ်ကျီး၏ လက်အတွင်းရှိ လခြမ်းဓား သူ၏ရွှေရောင်သံချပ်ကာနှင့် သူ၏စစ်ဖိနပ်များသည် မသေမျိုးအဆင့် မှော်ရတနာများပင်။

ထန်အင်ပါယာ၏ အရင်းအမြစ်များသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။

အကယ်၍ ဤမသေမျိုးအဆင့် မှော်လက်နက်များကို တာယွီအင်ပါယာတွင် ထားရှိပါက သူတို့သည် ထိပ်သီးမိသားစုအချို့၏ အမွေခံရတနာဖြစ်လာရန် လုံလောက်ပေမည်။ သို့သော် ယခုမူ ကောင်းရှစ်ကျီးသည် ဤပြိုင်ဘက်ကင်းရတနာသုံးခုကို ဝတ်ဆင်ထားသည်။

"မင်းက ငါ့လက်အောက်ငယ်သားရဲ့ အသွေးအသားကို ဖျက်ဆီးခဲ့တယ်...ဒီနေ့ ငါ မင်းရဲ့သွေးကို ငါ့ရဲ့ဓားအတွက် ယဇ်ပူဇော်မယ်" ကောင်းရှစ်ကျီးက လခြမ်းဓားကိုမြှောက်ကာ လုယွီထံသို့ ညွှန်လိုက်သည်။

ဝှီး...ဝှီး...ဝှီး...

ထက်ရှသော လခြမ်းဓားသည် ချက်ချင်း တုန်ခါသွားပေ၏။

သူသည် လေထုအတွင်းတွင် ရပ်နေပြီး မိုးကောင်းကင်ယံမှ ဆင်းသက်လာသော စစ်နတ်ဘုရားတစ်ပါးနှင့် တူညီနေကာ လောကကြီးအတွင်းရှိ မည်သည့်သက်ရှိကိုမဆို သတ်ဖြတ်နိုင်သည့်အလားပင်။

မည်သူကမျှ ဤအရှိန်အဝါကို အထင်မသေးဝံ့ချေ။ ထန်အင်ပါယာ၏ နံပါတ်တစ် စစ်နတ်ဘုရားအနေဖြင့် ကောင်းရှစ်ကျီး ပြသခဲ့သော အင်အားသည် မရေမတွက်နိုင်သော လူများကို ထိတ်လန့်သွားစေရန် လုံလောက်သည်။

"ကောင်းရှစ်ကျီး...ငါ မင်းနဲ့ တိုက်ခိုက်မယ်..."

စုန့်ချင်းဟူက ခြေတစ်လှမ်းရှေ့တိုးကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။

လုယွီက ရုတ်တရက် သူ၏လက်ကိုဆန့်တန်း၍ စုန့်ချင်းဟူကို တားဆီးပြီး ကောင်းရှစ်ကျီးကို ကြည့်လိုက်သည်။

"မင်း ဒီလောက်တောင် သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

သူတို့နှစ်ယောက်သည် လေထုအတွင်းတွင် မတ်တတ်ရပ်နေပြီး ကြယ်တာရာကောင်းကင်ယံသည် မှောင်မိုက်နေကာ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။

"အချိန်ကောင်းပဲ...လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါကိုယ်ငါ ထိန်းညှိဖို့ ငါ့ရဲ့ကျင့်ကြံမှုအဆင့်ကို ချိတ်ပိတ်ထားခဲ့တယ်...အခု မင်းလိုပြိုင်ဘက်တစ်ယောက်နဲ့ တွေ့မှတော့ ငါက ဒီအခွင့်အရေးကို လွှတ်ချပြီး မင်းနဲ့ တိုက်ခိုက်မယ်"

ကောင်းရှစ်ကျီးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏သွေးချီစွမ်းအားများ တဝုန်းဝုန်းထနေသည်။ သူ၏မှော်စွမ်းအားသည် ရုတ်တရက် ရေလွှမ်းမိုးလာသကဲ့သို့ မြင့်တက်လာပေ၏။

ခရက်....ခရက်...

ကောင်းရှစ်ကျီး၏ လက်ကောက်ဝတ်ပေါ်ရှိ အလင်းကွင်းနှစ်ခု တပြိုင်နက်တည်း ကြေမွပျက်စီးသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်သည် မိုးကောင်းကင်ယံတစ်ဝက်ကို ချက်ချင်း လွှမ်းခြုံသွားသည်။ အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခုသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပေ၏။ ဤတိုက်ပွဲ မစတင်သေးမီမှာပင် လူအများသည် သူတို့၏နှလုံးသားများ ကဆုန်စိုင်းခုန်နေပြီး ကြောက်ရွံ့တုန်လှုပ်မှုများ ပေါက်ဖွားလာသည်ကို ခံစားမိကြသည်။

လူများအားလုံး၏ခန္ဓာကိုယ်များမှ ချွေးစေးများ ထွက်လာသည်။ ကောင်းရှစ်ကျီးသည် သူ၏ကျင့်ကြံဆင့်ကို အမြဲတစေ ဖိနှိပ်ထားခဲ့သည်ဟု သူတို့ တစ်ကြိမ်တစ်ခါမှ တွေးထင်မထားခဲ့ကြချေ။

ကျင့်ကြံဆင့်ကို ဖိနှိပ်ထားခြင်းသည့်တိုင် သူ၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပေ၏။ သူ၏ကျင့်ကြံဆင့်စွမ်းအားကို အကုန်အစင်ထုတ်လွှတ်လိုက်ပါက မည်မျှထိ ကြောက်မက်ဖွယ်ကောင်းမည်နည်း။

"ငါ ငါ့ရဲ့အင်အားအပြည့်ကို ထုတ်လွှတ်လိုက်ပြီ... လုယွီ...မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ ငါ မျှော်လင့်တယ်"

ကောင်းရှစ်ကျီးက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။

သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် လေထုကို တုန်ခါစေပြီး လူအများသည် သူတို့၏နှလုံးသားများ ပြင်းထန်စွာ ခုန်နေသည်ကို ခံစားမိကြသည်။

"ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့..."

လုယွီက ကောင်းရှစ်ကျီးကို အေးစက်စက်ကြည့်ပြီး သူ့ထံသို့ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

"ဘုန်း..."

ထိုလက်သီးချက်၏စွမ်းအားသည် လွှမ်းမိုးနိုင်ပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ပြိုကျတော့မည့်ပုံပင်။ လေထုကို ဆုတ်ဖြဲသွားသည့် အသံများသည်လည်း ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေပေ၏။

ဝှစ်....

ကောင်းရှစ်ကျီး စတင်တိုက်ခိုက်သည်နှင့် သူ၏နောက်မှ ချီလင်၏ပုံရိပ် ပို၍ပို၍ပီပြင်ထင်ရှားလာသည်။ ဤသည်မှာ အဆုံးမရှိသော အချိန်နှင့်လေဟာနယ်ကို ဖြတ်သန်းလာခဲ့သည့် အစစ်အမှန် ရှေးဟောင်းချီလင်တစ်ကောင်ကဲ့သို့ပင်။

ဘုန်း

နားကွဲလုမတတ် ပေါက်ကွဲသံတစ်ခုသည် မိုးကောင်းကင်ယံတစ်ဝက်ကို ပဲ့တင်ထပ်သွားသည်။

လေပြင်းမုန်တိုင်းတစ်ခုသည် အရပ်မျက်နှာအနှံ့သို့ ဖြတ်သန်းတိုက်ခတ်သွားသည်။ သူတို့နှစ်ယောက်ကြားရှိ တိုက်ပွဲမှ ထွက်ပေါ်လာသော အားလှိုင်းဂယက်များသည် ကြောက်မက်ဖွယ်ကောင်းပေ၏။

တာယွီစစ်တပ်နှင့် ထန်စစ်တပ်တို့သည် ထိုနေရာတဝိုက်ကို ရှောင်ရှားရန် ရွေးချယ်ခဲ့ကြသည်။ ဤသို့သော ထိပ်သီးကျင့်ကြံသူများကြားမှ တိုက်ပွဲတွင် ထွက်ပေါ်လာသော နောက်ဆက်တွဲအားလှိုင်းဂယက်များသည် ရန်သူမိတ်ဆွေ ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများဖြစ်သည်။ မည်သူမျှ ဤအားလှိုင်းကို ခုခံနိုင်မည် မဟုတ်ချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ယောက်သည် ဆယ်နှင့်ချီသော တိုက်ကွက်များကို ဖလှယ်ခဲ့ကြသည်။

ဝှစ်...

ကောင်းရှစ်ကျီးသည် လက်အတွင်းတွင် လခြမ်းဓားကို ကိုင်ဆောင်ထားပြီး သူ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေကာ တောင်တစ်လုံးကို ခွဲဖြတ်နိုင်သည်အထိ ကြီးမားသော သူ၏အင်အားကို အသုံးပြုနေသည်။ သူသည် လခြမ်းဓားကို မိုးကောင်းကင်သို့ ကိုင်မြှောက်လိုက်ပြီး လုယွီထံသို့ ချိန်ရွယ်လိုက်သည်။

မိုးပြာနဂါးတစ်ကောင် လေထုအတွင်းတွင် ဟိန်းဟောက်လိုက်သကဲ့သို့ အသံတစ်သံထွက်ပေါ်လာပြီးနောက် တောက်ပသော ဓားချီစွမ်းအားသည် လေထုကိုဖြတ်သန်းကာ လုယွီ၏ လက်သီးစွမ်းအားကို ဖြတ်တောက်လိုက်သည်။

Chapter 4690

အေးစက်သော ဓားချီအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် လေထုအတွင်းတွင် ပြည့်နှက်နေပေ၏။ လခြမ်းဓားသည် လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုကို ချက်ချင်း ချန်ထားခဲ့သည်။

ဤသည်မှာ မသေမျိုးအဆင့် မှော်လက်နက်တစ်ခုဖြစ်ပြီး ထိုအရာ၏စွမ်းအားသည် အံ့အားသင့်ဖွယ်ကောင်းပြီး သိုင်းအင်မော်တယ်တစ်ယောက်ကိုပင် ဒဏ်ရာရရှိသွားစေသည်။

လူတိုင်း ထိတ်လန့်သွားကြသည်။ ဤသည်မှာ လုယွီ ဒဏ်ရာရသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

တော်ဝင်မြို့တော်တွင် ကျော်ကြားလာသည်မှ စစ်မြေပြင်သို့ အုပ်ချုပ်သူအရှင်တစ်ယောက်အဖြစ် ရောက်ရှိလာသည်အထိ လုယွီ မည်သည့်နေရာသို့သွားသွား အမြဲတစေ မရှုံးနိမ့်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။ သို့ရာတွင် ယခုချိန်တွင်မူ သူသည် ဤသို့သော ကြီးမားသည့် ဒဏ်ရာကို ရရှိခဲ့သည်။

"အဲ့ဒီခွေးမသား ကောင်းရှစ်ကျီးက မသေမျိုးအဆင့် မှော်လက်နက်ကို သုံးခဲ့တယ်...အဲ့ဒီလခြမ်းဓားက သတ်ဖြတ်ဖို့ကိုပဲ အာရုံစိုက်ထားတာ... တစ်ယောက်ယောက်က တားချင်ရင်တောင် တားလို့မရဘူး"

စုန့်ချင်းဟူက အံ့ကြိတ်ပြီး ပြောဆိုလိုက်သည်။

"ငါတို့လည်း တိုက်ခိုက်ကြစို့... လုယွီကို တစ်ယောက်တည်း တိုက်ခိုက်ခွင့်မပြုနိုင်ဘူး"

ဖူကျစ်ရွှယ်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။

ဤအချိန်တွင် ထန်စစ်တပ်သည်လည်း ကြီးမားသော အရှိန်အဝါလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ကဲရှူဟန်နှင့် လီမီတို့သည် အတူတကွ ရောက်ရှိလာပြီး စုန့်ချင်းဟူနှင့် ဖူကျစ်ရွှယ်ကို တားဆီးရန် နက်ရှိုင်းပြီး ခန့်မှန်းရခက်သော အင်မော်တယ်မှော်မန္တန်များကို ရွတ်ဆိုကြသည်။

စစ်ဗိုလ်ချုပ်အားလုံးသည် တိုက်ပွဲတွင် ပါဝင်နေကြပြီး စစ်မြေပြင်တွင် ထန်စစ်တပ်နှင့် တာယွီစစ်တပ်တို့သည် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေကြလေပြီ။

"လုယွီ....မနေ့က မင်း အရမ်းမောက်မာနေတာ မဟုတ်ဘူးလား... ဒီနေ့ ဘာလို့ ဒီလောက် အားနည်းသွားတာလဲ"

ကောင်းရှစ်ကျီး၏ တိုက်ခိုက်လိုစိတ်သည် မြင့်မားနေပြီး ဓားအိမ်မှ ထုတ်ထားသော ဓားတစ်လက်အလားပင်။ သူ၏နောက်မှ ချီလင်ပုံရိပ်သည် ပို၍ပို၍ ရှင်းလင်းလာပေ၏။

လုယွီ၏မျက်နှာအမူအယာ တည်ငြိမ်နေဆဲပင်။ သူသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို တိတ်တဆိတ် ကြည့်လိုက်ပြီး အတွေးတစ်ချက်ဖြင့် ကြီးမားကျယ်ပြန့်သော စိတ်ဝိညာဉ်စွမ်းအားများကို ဆင့်ခေါ်လိုက်သည်။

သူ၏ အသွေးအသားများသည် လျင်မြန်စွာ ပြန်လည်ပြည့်တင်းလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ဒဏ်ရာ ကောင်းမွန်သွားသည်။

ကောင်းရှစ်ကျီး၏အမူအယာ အနည်းငယ် ပျက်ယွင်းသွားသည်။ သူသည် ဤမသေမျိုးအဆင့် မှော်လက်နက် မည်မျှထိ အားကောင်းသည်ကို ကောင်းစွာသိသည်။

ဤလခြမ်းဓားတွင် လူတစ်ယောက်၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲနိုင်သော သတ်ဖြတ်လိုခြင်း အငွေ့အသက်ကို ဖုံးကွယ်ထားသည်။ ဤဓားသည် လူတစ်ယောက်၏ခန္ဓာကိုယ်ကို ဖြတ်တောက်မိသည်နှင့် တပြိုင်နက် ဆေးဝါးများဖြင့်ပင် ပြန်လည်ကောင်းမွန်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် ယခုမူ လုယွီသည် အချိန်တခဏအတွင်း၌ ပြန်လည်ကောင်းမွန်သွားပြီး မည်သည့်ထိခိုက်မှုမျှ မရှိခဲ့သကဲ့သို့ပင်။

"ထပ်လာခဲ့စမ်း..."

လုယွီ၏ မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး သူ၏ခန္ဓာကိုယ်မှ အလင်းတန်းများ ဖြာထွက်လာကာ ကောင်းရှစ်ကျီးကို ထပ်ခါတလဲလဲ ထိုးနှက်လိုက်သည်။

သူ၏လက်သီးချက်များမှစွမ်းအားသည် လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ကောင်းရှစ်ကျီးသည် နောက်သို့ဆုတ်နေရကာ အနည်းငယ်မျှ မခုခံနိုင်တော့ပေ။

ဘုန်း...

လုယွီ၏လက်ဝါးရိုက်ချက်တစ်ချက် ကျဆင်းလာပြီး ကောင်းရှစ်ကျီးသည် နောက်သို့ လွင့်ထွက်သွားကာ ကြေးနီရထားလုံးနှင့် တိုက်မိသွားသည်။

ကြေးနီရထားလုံးသည် ချက်ချင်း အပိုင်းပိုင်း ကြေမွသွားသော်လည်း ကောင်းရှစ်ကျီးထံတွင် စွမ်းအားများ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေဆဲပင်။

လုယွီသည် ရှေ့သို့ဆက်တိုးသွားသော်လည်း သူ၏အမူအယာ ရုတ်တရက် ပြောင်းလဲသွားပြီး နံဘေးသို့ ရှောင်တိမ်းလိုက်သည်။

သူ၏လှုပ်ရှားမှုသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားခဲ့သည်။ ထို့နောက် သူ ယခင်ကရှိနေသော လေဟာနယ်သည် တစ်လက်မချင်း ပြိုကျစပြုလာသည်။ ဖျက်ဆီးအားလှိုင်းတစ်ရပ်သည် ထိုနေရာသို့ ထွင်းဖောက်ဝင်ရောက်လာပေ၏။

လေဟာနယ်သည် စုတ်ပြဲပြီး ပုံပျက်သွားသည်။ဤသည်မှာ ပျံသန်းလာသော ထက်ရှသည့် မြှားတစ်စင်းဖြစ်ပြီး လေဟာနယ်အတွင်းသို့ ထွင်းဖောက်ဝင်ရောက်လာခြင်းပင်။

ဝှီး...ဝှီး...ဝှီး...

မြှား၏ မျက်နှာပြင်သည် တုန်ခါနေဆဲဖြစ်ပြီး ထိုအရာ၏စွမ်းအားသည် ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

ပုံရိပ်တစ်ခုသည် အဝေးရှိ လေဟာနယ်မှ ထွက်ပေါ်လာပြီး ဤသည်မှာ အနက်ရောင်ဝတ်ရုံဝတ်ထားသော လူတစ်ယောက် ဖြစ်နေသည်။

"သောက်ချေးပဲ...နောက်ထပ် မကောင်းတဲ့ ထန်စစ်သူကြီးတစ်ယောက်.... ဒီလူတွေက တကယ့်ကို မသေနိုင်တော့ဘူး"

စုန့်ချင်းဟူသည် ဤမြင်ကွင်းကို မြင်တွေ့ပြီးနောက် ဒေါသတကြီး အော်ငေါက်လိုက်၏။

စစ်ပွဲစတင်ကတည်းက မရေမတွက်နိုင်သော တာယွီစစ်သည်တော်များသည် ထန်လုပ်ကြံသတ်ဖြတ်သူများ၏လက်ဖြင့် အသတ်ခံခဲ့ရသည်။

ရှေးဟောင်းအလယ်ခေတ်ကာလတွင် ဤအင်အားစုများသည် ချန်အန်းမြို့၏ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရသော အုပ်ချုပ်ရေးအစေခံတချို့သာဖြစ်သည်။ သို့ရာတွင် ယခုချိန်တွင်မူ သူတို့သည် လီကျီး၏ ပြန်လည်စုစည်းခြင်းကို ခံရပြီး ကြီးမားသော လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းထားသည်။

ကောင်းကင်ကွန်ယက်နှင့်မတူဘဲ ဤလူများသည် ထန်အင်ပါယာ၏ တရားဝင်လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းပင်။ သူတို့ရရှိသော တာဝန်များသည် တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ရန်နှင့် စစ်ဘက်အရာရှိကြီးများကို ကာကွယ်ရန်ဖြစ်သည်။ သူတို့သည် မည်သည့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုမျှ မချမှတ်ဘဲ ထန်တော်ဝင်မိသားစုကိုသာ သစ္စာစောင့်သိကြသည်။

လုယွီနှင့် ကောင်းရှစ်ကျီးတို့သည် ယခုလက်ရှိအချိန်တွင် အဆုံးအဖြတ်တိုက်ပွဲအလယ်တွင် ရှိနေပြီး ဤသည်မှာ သေရေးရှင်ရေးကိစ္စတစ်ရပ်ဖြစ်သည်။ ထန်လုပ်ကြံသတ်ဖြတ်သူများသည် ဤအချိန်ကို အခွင့်ကောင်းယူပြီး လုယွီကို ချောင်းမြောင်းတိုက်ခိုက်မည်ဟု သူတို့သည် တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

All Chapters