← Chapters

အခန်း (၄၆၉၁-၄၆၉၅)

Vol. 238 Ch. 4691-4695

အခန်း (၄၆၉၁-၄၆၉၅)

Vol. 238 Ch. 4691-4695

Chapter 4691

လုပ်ကြံသတ်ဖြတ်သူသည် ပစ်မှတ်လွဲချော်သွားသည်ကို မြင်ချိန်၌ လေထုအတွင်းတွင် တဖန်ပြန်၍ ပုန်းကွယ်သွားသည်။

"စစ်ပွဲဆိုတာ တိုက်ပွဲတစ်ခုသက်သက် မဟုတ်ဘူး... ငါ့ရဲ့ဒီနေ့ရည်မှန်းချက်က လုယွီကို သတ်ဖို့ပဲ...ငါ သူ့ကို သတ်နိုင်သရွေ့ ငါ ဘာမဆိုလုပ်နိုင်တယ်"

ကောင်းရှစ်ကျီးက ခေါင်းမော့ပြီး မောက်မာထောင်လွှားစွာ ရယ်မောလိုက်သည်။

တာယွီဗိုလ်ချုပ်များသည် ထန်စစ်တပ်ကို ယုတ်မာကောက်ကျစ်သည်ဟု တိတ်တဆိတ် ကျိန်ဆဲနေကြသော်လည်း သူတို့သည် မည်သည့်အရာကိုမျှ မတတ်နိုင်ချေ။

တာယွီစစ်တပ်တွင် ထိပ်သီးကျင့်ကြံသူ အလွန်နည်းပါးသည်။ သူတို့သည် လုယွီကို ကူညီလိုလျှင်ပင် သူတို့ထံ၌ အစွမ်းအစ မရှိပေ။

"လုယွီ...ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး" ကောင်းရှစ်ကျီးသည် လုယွီကို စူးစိုက်ကြည့်ပြီး သူ၏မျက်လုံးများအတွင်းတွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ထင်ဟပ်နေသည်။

သူသည် သူ၏နောက်မှ ချီလင်ပုံရိပ်နှင့် ပေါင်းစပ်သွားပုံရပြီး တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ သူသည် မိုးကောင်းကင်ယံမှ ဆင်းသက်လာသော စစ်နတ်ဘုရားတစ်ပါးအလားပင်။

သူ၏ဓားကို နောက်တစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် သူ၏ဓားစိတ်ဆန္ဒသည် လေထုအတွင်းသို့ မြင့်တက်သွားပြီး လုယွီကို ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားစေခဲ့သည်။

"ဒီခွေးမသားက မသေမျိုးအဆင့် မှော်လက်နက်ကို သုံးတဲ့အပြင် တစ်ယောက်ယောက်ကိုလည်း ချောင်းမြောင်းတိုက်ခိုက်ခိုင်းသေးတယ်...သူက အရှက်မရှိဘူး"

စုန့်ချင်းဟူက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

ရုတ်တရက် ထက်ရှသော ဓားချီတစ်လှိုင်းသည် မိုးကောင်းကင်ယံကို ဖြတ်သန်းသွားပေ၏။

ဒေါင်.....

ဓားချီနှစ်လှိုင်းသည် လေထုအတွင်းတွင် ပြင်းထန်စွာ တိုက်မိပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံကြီး မြည်ဟီးသွားသည်။

ဘုန်း....

ပတ်ဝန်းကျင်နေရာတဝိုက်သည် တုန်ခါသွားပြီး ဧကရာဇ်တစ်ပါး၏ ကျယ်ပြန့်သော အရှိန်အဝါသည် မိုးကောင်းကင်ယံ၏ တခြားတစ်ဖက်မှ ပေါက်ကွဲထွက်လာပြီး ကောင်းရှစ်ကျီး၏ အရှိန်အဝါကို အတင်းအကြပ် ဖိနှိပ်လိုက်သည်။

ထက်ရှသော ဓားတစ်လက်သည် လုယွီ၏ လက်အတွင်းတွင် ထွက်ပေါ်လာပြီး ကျယ်ပြန့်သော ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေကာ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါတစ်ရပ် ရောယှက်နေသည်။

ဤသည်မှာ လူသားဧကရာဇ်ဓားပင်။

ဤဓား ထွက်ပေါ်လာသည်နှင့် တပြိုင်နက်တည်း ပင်လယ်လေးစင်း တုန်ခါသွားပြီး စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ မရေမတွက်နိုင်သော လူများသည် လူသားဧကရာဇ်ဓား၏ လားရာဘက်သို့ ကြည့်လိုက်ကြပြီး ဒူးထောက်အရိုအသေပြုလိုစိတ်ကို ခံစားလိုက်ရသည်။

ထိုအလင်းရောင်ရှိနေသော လားရာဘက်တွင် လူသားမျိုးနွယ်၏ အစစ်အမှန်အုပ်စိုးသူ ရှိသကဲ့သို့ပင်။

"ငါ့ဘဝမှာ လူသားဧကရာဇ်ဓားကို မြင်ရတာ အရမ်းတန်ဖိုးရှိတယ်..."

"လူသားဧကရာဇ်ဓားက လုယွီကို ရွေးချယ်ခဲ့တာ အမှန်ပဲ..."

မရေမတွက်နိုင်သော လူများ၏ မျက်လုံးများအတွင်းတွင် မျက်ရည်များ ဝဲတက်လာပြီး လူသားဧကရာဇ်ဓားကို မြင်ချိန်၌ သူတို့၏သွေးသားမှလာသော စိတ်လှုပ်ရှားမှုတစ်မျိုးကို ခံစားလိုက်ရသည်။

ဤသည်မှာ ယခင်က လူသားမျိုးနွယ်၏ သင်္ကေတဖြစ်ပြီး လူသားမျိုးနွယ်၏ ခေါင်းဆောင်အတွက် အခွင့်အာဏာ၏ သင်္ကေတလည်း ဖြစ်သည်။ လုယွီသည် ဧကရာဇ်၏အခွင့်အာဏာကို ကြိမ်ဖန်များစွာ စိန်ခေါ်ဝံ့သော်လည်း ဤအကြောင်းအရင်းကြောင့် မည်သူကမျှ သူ့ကို အပြစ်မတင်ခဲ့ပေ။

"ဘန်း...."

လုယွီသည် လက်အတွင်းတွင် လူသားဧကရာဇ်ဓားကို ကိုင်ဆောင်ကာ လခြမ်းဓားကို ခုတ်ပိုင်းလိုက်၏။

အချိန်တခဏအတွင်းတွင် ကောင်းရှစ်ကျီး၏ လက်အတွင်းရှိ လခြမ်းဓား တုန်ခါလာသည်။

ဤပြင်းထန်သော ထိုးနှက်ချက်သည် ကောင်းရှစ်ကျီးကို နောက်သို့ လွင့်ထွက်သွားစေသည်။

လုယွီသည် ရှေ့သို့တိုးလာပြီး သူ၏ဓားသည် လေထုအတွင်းတွင် ပျံဝဲနေကာ ထောင်နှင့်ချီသော ဓားချီစွမ်းအားများသည် သူ၏နံဘေးပတ်လည်တွင် မျောလွင့်နေပေ၏။

သူ၏ဓားနည်းစနစ်သည် စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့သည်။ လူသားဧကရာဇ်ဓား၏ စွမ်းအားနှင့် ပေါင်းစပ်လိုက်လျှင် ဤအရာသည် ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းသည်။

ကောင်းရှစ်ကျီးသည် တိုက်ခိုက်ရင်း နောက်သို့ဆုတ်ခွာသွားသည်။ သူ၏လက်အတွင်းရှိ လခြမ်းဓားသည် ထိတ်လန့်ဖွယ်ကောင်းသည်အထိ အားကောင်းသော်လည်း လူသားဧကရာဇ်ဓား၏အရှိန်အဝါနှင့် နှိုင်းယှဉ်လျှင် များစွာ နိမ့်ကျသည်။

"ဘုန်း..."

နောက်ထပ်ဓားချီစွမ်းအားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာပြီး ကောင်းရှစ်ကျီး၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်သံချပ်ကာ တုန်ခါသွားသည်။ သူ၏သံချပ်ကာပေါ်တွင် လိပ်နက်တစ်ကောင်၏ မသဲမကွဲ ပုံရိပ်တစ်ခု ပေါ်လာပြီး လူသားဧကရာဇ်ဓား၏ ဓားချီစွမ်းအားကို တားဆီးလိုက်၏။

"လုယွီ... မင်းမှာ လူသားဧကရာဇ်ဓားရှိတော့ ဘာဖြစ်လဲ... မင်း ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး"

ကောင်းရှစ်ကျီး၏မျက်လုံးများသည် ပြူးကျယ်နေပြီး သူသည် တဖန်ပြန်၍ ရှေ့သို့ တိုးဝင်လာသည်။

လုယွီသည် သူ့ကို မကြောက်ချေ။ သူ၏လက်အတွင်းတွင် လူသားဧကရာဇ်ဓားကို ကိုင်ဆောင်ကာ သူသည် ကောင်းရှစ်ကျီးနှင့် စတင်တိုက်ခိုက်တော့သည်။

မသေမျိုးအဆင့် မှော်လက်နက်နှစ်ခုသည် လေထုအတွင်းတွင် တိုက်မိပြီး သူတို့၏ပတ်လည်ရှိ နေရာတဝိုက်၌ လေဟာနယ်အက်ကွဲကြောင်းများနှင့် တွင်းနက်များဖြင့် ပြည့်နှက်နေကာ တားမြစ်နယ်မြေတစ်ခုကဲ့သို့ ဖြစ်နေသည်။ သာမန်လူများသည် ထိုနေရာ အနီးသို့ကပ်မိလျှင် ချက်ချင်းသေဆုံးသွားပေမည်။

သူတို့နှစ်ယောက်သည် အချင်းချင်း တိုက်ကွက်များကို ဖလှယ်နေကြသည်။ သူတို့နှစ်ဦးလုံးသည် သူတို့၏ အပြင်းထန်ဆုံးနှင့် အားအကောင်းဆုံးနည်းစနစ်များကို အသုံးပြုနေကြပြီး တစ်ချက်တည်းဖြင့် အချင်းချင်း သတ်ဖြတ်နိုင်ရန် ကြိုးစားနေကြသည်။ သို့ရာတွင် မည်သူကမျှ တခြားတစ်ယောက်ကို ထိခိုက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိချေ။

"ဘန်း...."

ကောင်းရှစ်ကျီးသည် ရုတ်တရက် သူ၏တိုက်ခိုက်မှုကို ပြောင်းလဲလိုက်ပြီး သူ၏ဓားကို ဓားအိမ်အတွင်းသို့ထည့်ကာ လုယွီ၏နောက်သို့ ရွေ့လျားသွားသည်။

Chapter 4692

ဤလှုပ်ရှားမှုသည် အလွန်မြန်ဆန်လှပြီး သူယခင်က ရှိခဲ့သောနေရာတွင် နောက်ချန်ပုံရိပ်တစ်ခုကိုပင် ချန်ထားခဲ့သည်။

သူသည် သူ၏စစ်ဖိနပ်မှစွမ်းအားကို ဆင့်ခေါ်ပြီး မိုးပြာနဂါးနှစ်ကောင်အလား မိုးကောင်းကင်သို့ ပျံတက်သွားသည်။ သူသည် လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် လုယွီ၏ နောက်သို့ ရောက်ရှိလာပေ၏။

ဤသည်မှာလည်း မသေမျိုးအဆင့် မှော်လက်နက်တစ်ခုပင်။

ထို့နောက် ကောင်းရှစ်ကျီးသည် သူ၏ဓားဖြင့် လုယွီ၏ကျောကို ထိုးစိုက်လိုက်သည်။

ဤဓားချက်သည် အံ့အားသင့်ဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ခုဟု ဆိုနိုင်ပြီး ခုခံကာကွယ်ရန် မဖြစ်နိုင်သလောက် နီးပါးပင်။

ကောင်းရှစ်ကျီးသည် မူလက သူ၏ချောင်းမြောင်းတိုက်ခိုက်မှု အောင်မြင်ခဲ့သည်ဟု ထင်ခဲ့သော်လည်း လုယွီ၏တုံ့ပြန်မှုသည် ပို၍လျှင်မြန်ပေ၏။

သူသည် ကောင်းရှစ်ကျီး၏လှုပ်ရှားမှုကို အမှန်တကယ် ကြိုတင်ခန့်မှန်းနိုင်ခဲ့ပြီး လူသားဧကရာဇ်ဓားဖြင့် နောက်သို့ထိုးစိုက်လိုက်သည်။

"ဒေါင်...."

လူသားဧကရာဇ်ဓား၏ ပြိုင်ဘက်ကင်း ထက်ရှမှုနှင့် ပြင်းထန်သော ဓားစိတ်ဆန္ဒကို လိပ်နက်သံချပ်ကာက လုံးလုံးလျားလျား တားဆီးထားခဲ့သည်။

သို့ရာတွင် ဓား၏သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို တားဆီးထားသော်လည်း ဓား၏နောက်ချန်စွမ်းအားသည် ရှိနေဆဲပင်။

ကောင်းရှစ်ကျီး၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာကာ သူ၏မျက်လုံးများသည် အဆုံးမရှိသော ဒေါသဖြင့် လင်းလက်နေသည်။

"ကောင်းတယ်....အဲ့ဒီကောင်ရဲ့ လိပ်ခွံကို ဖျက်စီးလိုက်စမ်း"

စုန့်ချင်းဟူက ရိုင်းပျစွာ အော်ဟစ်ရယ်မောလိုက်သည်။

သူနှင့် ကဲရှူဟန်တို့သည် တိုက်ခိုက်နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်သည် လေထုအတွင်းတွင် မျောလွင့်နေသည်။ သူတို့နှစ်ယောက်လုံးသည် ကြီးမားသော မှော်စွမ်းအားရှိသည့် ကျင့်ကြံသူများဖြစ်သဖြင့် သူတို့၏တိုက်ပွဲသည် ကောင်းကင်ကို ပြိုကျစေပြီး နေနှင့်လကို မှောက်လှန်စေလုနီးပါးပင်။

လုယွီသည် ဓားဖြင့်ထိုးစိုက်ပြီးနောက် ရပ်တန့်ရန် မရွေးချယ်ဘဲ တိုက်ခိုက်မှုကို ဆက်လက်၍လုပ်ဆောင်ခဲ့သည်။

ဓားချီစွမ်းအားသုံးထောင်သည် သူ၏လက်ချောင်းထိပ်တွင် စုစည်းနေပြီး တခြားသူများသည် လူသားဧကရာဇ်ဓား၏ အရိပ်အယောင်ကို မမြင်နိုင်တော့ချေ။ သူတို့သည် သူတို့မြင်နိုင်သမျှ နေရာတိုင်းတွင် ထက်ရှသော ဓားချီစွမ်းအင်များ ရှိသည်ကိုသာ ခံစားနိုင်သည်။

ကောင်းရှစ်ကျီးသည် သူ၏ခန္ဓာကိုယ်ကို လိပ်နက်သံချပ်ကာဖြင့် ကာကွယ်ထားသော်လည်း ဓားချီစွမ်းအားများကြောင့် နောက်သို့ဆုတ်ခွာနေရသည်။

မသေမျိုးအဆင့် မှော်လက်နက်များဖြင့် တိုက်ခိုက်မှုတွင် လုယွီသည် ပို၍ကျွမ်းကျင်ကြောင်း မည်သူမဆို မြင်တွေ့နိုင်ပေ၏။

ထိုအချိန်မှာပင် လီမီသည် ရုတ်တရက် သူ၏လက်အတွင်းရှိ မြင်းမြှီးယပ်တောင်ကို ဝှေ့ယမ်းလိုက်ပြီး လက်စည်းသင်္ကေတတစ်ခု ဖွဲ့စည်းကာ ကြေးမုံမှန်တစ်ချပ်ကို ဆင့်ခေါ်လိုက်သည်။

ဤကြေးမုံမှန်သည် အဋ္ဌဂံပုံစံဖြစ်ပြီး အနားများကို ရွှေဖြင့် သွန်းလုပ်ထားသည်။ ထိုအရာ၏မျက်နှာပြင်ကို ကြေးနီဖြင့် ပြုလုပ်ထားပြီး ကျောဘက်တွင် ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းအဆောင်လက်ဖွဲ့သင်္ကေတ ဆယ့်သုံးခုကို ထွင်းထုထားသည်။ ဤအရာများသည် နက်နဲသိမ်မွေ့ပြီး ခန့်မှန်းရခက်ခဲကာ တခြားသူများ နားလည်နိုင်မည်မဟုတ်ချေ။

"ကောင်းကင်ဘုံဧကရာဇ်မှန်...အေးခဲစေ..."

လီမီ၏ အသံသည် ကြီးမားကျယ်ပြန့်ပြီး အစွမ်းထက်ကာ သူသည် ရှေးဟောင်းဘာသာစကားတစ်မျိုးဖြင့် အော်ဟစ်လိုက်ခြင်းပင်။

ကြေးမုံမှန်သည် လေထုအတွင်းတွင် ရပ်တန့်နေပြီး တောက်ပသော နက်နဲသိမ်မွေ့အလင်းတန်းတစ်တန်းသည် ထိုအရာမှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လုယွီ၏နံဘေးသို့ တန်းတန်းမတ်မတ် ထွန်းလင်းသွားစေသည်။

အချိန်တခဏအတွင်းတွင် လုယွီ၏နံဘေးပတ်လည်ရှိ ဓားချီစွမ်းအားများ ပြန့်ကျဲသွားပြီး လူသားဧကရာဇ်ဓား၏မူလပုံရိပ် ထွက်ပေါ်လာသည်။

လူသားမျိုးနွယ်၏ အထွတ်အထိပ် နတ်ဘုရားလက်နက်သည် ကောင်းကင်ဘုံဧကရာဇ်မှန်၏ အလင်းရောင်ဖြင့် အေးခဲသွားပြီး လုံးလုံးလျားလျား မလှုပ်ရှားနိုင်တော့ချေ။

ဤသည်မှာ အမှန်တကယ်ကို နောက်ထပ်မသေမျိုးအဆင့် မှော်လက်နက်တစ်ခုပင်။

လူတိုင်း ထိတ်လန့်သွားကြသည်။ ဤတစ်ကြိမ်တွင် သူတို့သည် ထန်အင်ပါယာ၏ အခြေခံအုတ်မြစ်ကို စစ်မှန်စွာ မျက်မြင်တွေ့ရှိခဲ့သည်ဟု သတ်မှတ်နိုင်သည်။

ထန်အင်ပါယာ၏ ထိပ်သီးစစ်ဗိုလ်ချုပ်များ၏လက်အတွင်းတွင် မသေမျိုးအဆင့် မှော်ရတနာများ ရှိသော်လည်း တာယွီအင်ပါယာတွင် မသေမျိုးအဆင့် မှော်ရတနာများ အလွန်နည်းပါးသည်။

ဤသည်မှာ အခြေခံအုတ်မြစ်၏ ကွာခြားချက်ပင်။

တာယွီတော်ဝင်နန်းတွင်းမှ ရှန်လင်းလုံ ထွက်ခွာသွားစဥ်ကတည်းက အင်ပါယာ၏စုစုပေါင်းအင်အားသည် အလွန်အမင်း လျော့ကျသွားပေ၏။ ဤှသည်မှာ တာယွီအင်ပါယာ၏ အထွတ်အထိပ် အခြေအနေတွင် ရှိစဉ်ကကဲ့သို့ မဟုတ်တော့ချေ။

ယခုမူ ထန်စစ်တပ်၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် တာယွီအင်ပါယာသည် လက်အောက်ခံကြယ်မြစ်တစ်ခု၏ အုပ်ချုပ်သူအရှင်ဖြစ်သော လုယွီကိုသာ အားကိုးနေရသည်။

ဘုန်း....

လူသားဧကရာဇ်ဓား၏ ဧကရာဇ်အရှိန်အဝါသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး ကျယ်လောင်ပြီး ရှင်းလင်းသောအသံကို ထုတ်လွှတ်လိုက်သည်။

သို့ရာတွင် ကောင်းကင်ဘုံဧကရာဇ်မှန်သည် အနည်းငယ်မျှပင် အားမနည်းဘဲ ဖိအားအရှိန်အဝါကို ဆက်လက်၍တိုးမြှင့်ကာ လူသားဧကရာဇ်ဓားကို လုံးလုံးလျားလျား ဖိနှိပ်ထားသည်။

ရှေးဟောင်းကောင်းကင်ဘုံနန်းတော်တွင် ကောင်းကင်ဘုံဧကရာဇ်မျိုးနွယ်တစ်ခု ရှိခဲ့သည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သည်။ သူတို့၏အင်အားသည် ခန့်မှန်းရခက်ပြီး သူတို့သည် တစ်ချိန်က အောက်ဘုံရှိ လူသားမျိုးနွယ်ကို အုပ်စိုးခဲ့သည်။

ဤမသေမျိုးအဆင့် မှော်လက်နက်သည် မျိုးသုဉ်းလုနီးပါးဖြစ်နေသော ရှေးဟောင်းတည်ရှိမှုတစ်ခုပင်။ ကောင်းကင်ဘုံဧကရာဇ်မှန် ထွက်ပေါ်လာသည်နှင့် တပြိုင်နက်တည်း လူသားဧကရာဇ်ဓား၏အရှိန်အဝါကို ဖိနှိပ်လိုက်သည်။

မသေမျိုးအဆင့် မှော်လက်နက်နှစ်ခု အချင်းချင်း အားပြိုင်နေကြစဥ်တွင် ကောင်းရှစ်ကျီးသည် အခွင့်အရေးကို အရယူကာ တိုက်ခိုက်မှုကို စတင်လိုက်သည်။

တစ်ချိန်တည်းမှာပင် စူးရှသောအသံတစ်သံသည် လေထဲတွင် မြည်ဟီးသွားပြီး နောက်ထပ်မြှားတစ်စင်းသည် လုယွီထံသို့ တိုးဝင်လာသည်။

တိုက်ခိုက်မှုနှစ်ခုသည် ချက်ချင်းနီးပါး ရောက်ရှိလာပြီး မည်သူ့ကိုမျှ တုံ့ပြန်ရန် အချိန်မပေးခဲ့ပေ။

Chapter 4693

ထန်စစ်တပ်မှ လုပ်ကြံသတ်ဖြတ်သူသည် တဖန်ထပ်၍ လှုပ်ရှားလိုက်လေပြီ။

လုယွီက အေးစက်စက် အော်ဟစ်လိုက်သည်။ သူသည် လုပ်ကြံသတ်ဖြတ်သူ၏ မြှားကို ရှောင်တိမ်းပြီး ကောင်းရှစ်ကျီး၏ဓားနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုက်သည်။

သူတို့နှစ်ယောက်သည် ကြာမြင့်စွာကတည်းက အချင်းချင်း ပူးပေါင်းဆောင်ရွက်ခဲ့ပုံရသည်။ သူတို့သည် လုယွီကို သေတွင်းသို့ တွန်းပို့ရန် ကြိုးစားနေကြ၏။

"မင်းတို့က ငါ့မှာ ဒီမသေမျိုးအဆင့် မှော်လက်နက်တစ်ခုပဲ ရှိတယ်လို့ ထင်နေတာလား" လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

ကောင်းရှစ်ကျီးသည် အဆုံးမရှိသော မှော်စွမ်းအားများကို ထုတ်လွှတ်နေပြီး ရှေးဟောင်းစစ်နတ်ဘုရားတစ်ပါးအလားပင်။ သူသည် ခြေတစ်လှမ်းချင်း ရှေ့သို့လျှောက်လှမ်းလာပြီး ခန့်ညားထည်ဝါသောအသံဖြင့် ပြောဆိုသည်။ "မင်းမှာ နောက်ထပ် မသေမျိုးအဆင့် မှော်လက်နက်တစ်ခု ရှိသေးတယ်ဆိုတာ ငါ သိတယ်..... ဒါပေမဲ့ အဲ့ဒီ မသေမျိုးအဆင့် မှော်လက်နက်က အစပျိုးပုံစံမှာပဲ ရှိနေသေးတယ်...ဒါကြောင့် အဲ့ဒီအရာရဲ့စစ်မှန်တဲ့စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်း လုံးဝမရှိဘူး...လုယွီ မင်း ဒီနေ့ သေရမယ်"

သူ ပြောဆိုနေသည်မှာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ပင်။

လုယွီသည် ယခုချိန်၌ ထန်အင်ပါယာ၏ နံပါတ်တစ် ရန်သူဖြစ်ပေ၏။ ကောင်းရှစ်ကျီးသည် လုယွီနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရင်းနှီးနေလေပြီ။

သူ စကားပြောဆိုနေစဉ်မှာပင် လုယွီ၏နောက်မှ လေဟာနယ် တဖန်ပြန်၍ တုန်ခါလာသည်။

အနက်ရောင်ပုံရိပ်တစ်ခုသည် လုယွီ၏ နောက်မှ ထွက်ပေါ်လာပေ၏။ လုပ်ကြံသတ်ဖြတ်သူသည် သူ၏လေးပေါ်တွင် မြှားတစ်စင်းကို တင်ထားပြီး လုယွီကို တိုက်ခိုက်ရန် ဟန်ပြင်ထားသည်။

"မင်း မပြီးသေးဘူးလား...."

လုယွီ၏ မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ နောက်သို့ချာခနဲလှည့်ကာ သူ၏လက်အတွင်းရှိ ဓားကို ပစ်လွှတ်လိုက်သည်။

နောက်ထပ်ဓားရှည်တစ်လက်သည် လုယွီ၏ လက်အတွင်းတွင် ထွက်ပေါ်လာပေ၏။ ဤဓားရှည်သည် လူသားဧကရာဇ်ဓားနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသည်။ ဓား၏ကိုယ်ထည်သည် ရှည်လျားပြီး သွယ်လျကာ ရှေးဟောင်းနတ်ဘုရားသတ္တုဖြင့် ပြုလုပ်ထားသော ဓား၏မျက်နှာပြင်သည် အပြာရောင်ဖြစ်ပေ၏။ ဤဓားတစ်လက်လုံး၏ဖွဲ့စည်းပုံသည် အေးစက်ပြီး လူအများကို သူတို့၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားစေသည်။

ရွှပ်...

ဓားရှည်သည် လေထုကို ထွင်းဖောက်ကာ ချက်ချင်းဆိုသလိုပင် လုပ်ကြံသတ်ဖြတ်သူ၏ ခန္ဓာကိုယ်ပေါ်သို့ ခုတ်ပိုင်းလိုက်သည်။

ခပ်အုပ်အုပ်အသံနှင့်အတူ လုပ်ကြံသတ်ဖြတ်သူသည် ချက်ချင်း ထိုးဖောက်ခြင်းခံရပြီး နေရာမှာပင် အသတ်ခံလိုက်ရသည်။

သွေးများသည် ကြယ်တာရာကောင်းကင်ယံအတွင်းသို့ ဖြာကျသွားသည်။ ဓားရှည်မှ တုန်ခါသံများ မြည်ဟီးလာကာ လုယွီ၏ လက်အတွင်းသို့ တဖန်ပြန်၍ ရောက်ရှိလာသည်။

လုယွီသည် အပြာရောင်ဓားရှည်တစ်လက်ကို လက်အတွင်းတွင် ကိုင်ဆောင်ထားသည်။ သူ၏လက်ကောက်ဝတ်ကို လှုပ်လိုက်သည်နှင့် ယခင်ထက်ပို၍ ခန့်ညားထည်ဝါသော ဧကရာဇ်အရှိန်အဝါသည် မိုးကောင်းကင်ယံတွင် ပြည့်နှက်သွားပြီး ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။

ဤဖိအားအရှိန်အဝါသည် ပရမ်းပတာဖြစ်နေသော စစ်မြေပြင်ကိုပင် သက်ရောက်မှုရှိသည်။

ထန်စစ်တပ်ဖြစ်စေ တာယွီစစ်တပ်ဖြစ်စေ သူတို့အားလုံးသည် မကြုံစဖူးဖိအားတစ်ရပ်ကို ခံစားလိုက်ရပြီး သူတို့အား ဒူးထောက်ချင်စိတ်များ ပေါက်ဖွားလာစေသည်။

"ဒါ... ဒါက မသေမျိုးအဆင့် မှော်လက်နက်ပဲ..."

"ဒီဓားရဲ့စွမ်းအားက လူသားဧကရာဇ်ဓားနဲ့ လုံးဝမဆိုင်ဘူး.... ဒါက ပိုပြီးပြင်းထန်တဲ့ ဧကရာဇ်အရှိန်အဝါတောင် ရှိနေတယ်... ဒီဓားက ဘယ်လိုမှော်ရတနာမျိုးလဲ..."

မရေမတွက်နိုင်သော လူများ ထိတ်လန့်သွားကြသည်။ တာယွီစစ်ဗိုလ်ချုပ်များပင်လျှင် မှင်တက်နေကြ၏။

လူသားဧကရာဇ်ဓားသည် လူသားမျိုးနွယ်၏ အထွတ်အထိပ်ရတနာဖြစ်ပြီး ရှားပါးသော တည်ရှိမှုတစ်ခုပင်။

သို့ရာတွင် လုယွီထံ၌ အလားတူ မှော်ရတနာတစ်ခု ရှိနေသေးသည်။ ဤသည်မှာ လက်မခံနိုင်ဖွယ်ရာပင်။

ကောင်းရှစ်ကျီးသည် လုံးလုံးလျားလျား ကြက်သေသေနေသည်။

သူသည် ဤတစ်ကြိမ်တွင် လုယွီကို သတ်ဖြတ်ရန် ယုံကြည်ချက်ရှိသည်မှာ သူထံတွင် မသေမျိုးအဆင့် မှော်လက်နက်များ၏ အားသာချက်ရှိသောကြောင့်ဖြစ်သည်။

သို့ရာတွင် သူသည် လုယွီထံတွင် လူသားဧကရာဇ်ဓားနှင့် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်အပြင် တခြားမသေမျိုးအဆင့် မှော်လက်နက်တစ်ခု ရှိနေမည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

ဤသည်မှာ ထိုက်အမ်းဓားပင်။

လုယွီ၏ အမွေအနှစ်သည် ရှေးဟောင်းကောင်းကင်ဘုံနန်းတော်မှ လာပြီး သူသည် ကောင်းကင်ဘုံဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့သည်။ သူသည် အထွတ်အထိပ်နတ်ဘုရားလက်နက်ကိုလည်း ရရှိခဲ့ပေ၏။

လုယွီသည် ဤဓားကို အသုံးပြုသည်မှာ ရှားပါးသော်လည်း အသုံးပြုသည့်အချိန်တိုင်းသူ၏ပြိုင်ဘက်များကို သတ်ဖြတ်ခဲ့သည်။ သူသည် မည်သူ့ကိုမျှ ဤဓား၏ တည်ရှိမှုကို မသိစေခဲ့ချေ။

ထိုက်အမ်းဓားသည် လူသားဧကရာဇ်ဓားနှင့် တန်းတူတည်ရှိမှုတစ်ခု ဖြစ်ပေ၏။ ဤသည်မှာ လောကကြီးအတွင်းရှိ ထိပ်သီးသတ်ဖြတ်ခြင်း မသေမျိုးအဆင့် မှော်လက်နက်ပင်။

ဝှစ်...

လုယွီသည် တိုက်ခိုက်မှုကို ဦးဆောင်ကာ ကောင်းရှစ်ကျီး၏ လိပ်နက်သံချပ်ကာအတွင်းသို့ သူ၏ဓားဖြင့် တန်းတန်းမတ်မတ် ထိုးစိုက်လိုက်သည်။

ဤဓားသည် အလွန်ထက်ရှသဖြင့် လိပ်နက်သံချပ်ကာသည် မသေမျိုးအဆင့် မှော်ရတနာတစ်ခုဖြစ်သော်လည်း ထိုအရာပေါ်တွင် နက်ရှိုင်းသော ဓားဒဏ်ရာတစ်ခုကို ချန်ထားခဲ့သည်။

သံချပ်ကာပေါ်ရှိ လိပ်နက်အမှတ်အသားသည် ပို၍ပို၍ ပီပြင်ရှင်းလင်းလာပြီး တာအိုမှော်မန္တန်များ၏အသံများ ပဲ့တင်ထပ်လာကာ တာအိုသင်္ကေတများ ထွက်ပေါ်လာသည်။

"လုယွီ.... မင်းကိုယ်မင်း အရမ်းဂုဏ်မယူနဲ့....မင်းမှာ မသေမျိုးအဆင့် မှော်လက်နက်ရှိရင်တောင် ဘာဖြစ်လာမှာ မလို့လဲ"

ကောင်းရှစ်ကျီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဖြောင်း...

လုယွီ၏လက်ဝဲဘက်လက်သည် ရုတ်တရက် ရှေ့သို့တိုးလာကာ ကောင်းရှစ်ကျီးကို ပါးဖြတ်ရိုက်လိုက်သည်။

ကောင်းရှစ်ကျီးသည် တဖန်ပြန်၍ လွင့်ထွက်သွားပြီး သွေးအန်ကာ သူ၏ရွှေရောင်သရဖူသည် မြေပြင်သို့ ပြုတ်ကျသွားပေ၏။ သူ၏ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး သူသည် အလွန်သနားဖွယ်ကောင်းသောအခြေအနေတွင် ရှိနေသည်။

"ငါ မင်းကို မသေမျိုးအဆင့် မှော်လက်နက် မပါဘဲတောင် သတ်နိုင်တယ်"

လုယွီက အေးစက်စက် အော်ငေါက်လိုက်သည်။

Chapter 4694

လုယွီသည် ထိုက်အမ်းဓားကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ဓားချီစွမ်းအားလှိုင်းတစ်လှိုင်းသည် လေထုကိုထွင်းဖောက်သွားကာ ကောင်းရှစ်ကျီး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ကောင်းရှစ်ကျီး၏ခန္ဓာကိုယ်ပေါ်ရှိ လိပ်နက်သံချပ်ကာသည် လျှို့ဝှက်ဆန်းကြယ်သောအလင်းတန်းဖြင့် တောက်ပနေပြီး လိပ်နက်၏ ပုံရိပ်သည် ပို၍ပို၍ ရှင်းလင်းလာပေ၏။

ဤသံချပ်ကာကြောင့်သာလျှင် လုယွီ၏ ထိုက်အမ်းဓားချီစွမ်းအားသည် အလွန်ထက်ရှသော်လည်း အချိန်တိုအတွင်းတွင် ကောင်းရှစ်ကျီးကို မထိခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

"မင်းရဲ့ကာကွယ်ရေးကို ငါ မချိုးဖောက်နိုင်ဘူးလို့ ငါ မယုံဘူး"

လုယွီက အေးစက်စက်နှာမှုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် အင်မော်တယ်အလင်းတန်းဖြင့် တောက်ပလာကာ ပြင်းထန်သော အင်မော်တယ်ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။

သူသည် လက်အတွင်းတွင် ထိုက်အမ်းဓားကို ကိုင်ဆောင်ထားပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချီစွမ်းအားများ ရုတ်တရက် ပြောင်းလဲသွားသည်။

ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက် ပိုင်ဆိုင်သော စစ်မှန်သောအင်မော်တယ်တစ်ယောက်၏ အရှိန်အဝါသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ လူတိုင်းသည် ဤကြီးမားသော ဖိအားအောက်တွင် သူတို့၏နှလုံးသားများ တုန်ခါနေသည်ကို ခံစားနိုင်သည်။

လူအမြောက်အများသည် ကြောက်လန့်တကြားဖြင့် ခေါင်းမော့လိုက်ကြသည်။ သူတို့ထံတွင် လုယွီကို ကြည့်ရန်ပင် မဝံ့ရဲတော့သည့် ခံစားချက်တစ်ခု ရုတ်တရက် ပေါက်ဖွားလာသည်။

ဤသည်မှာ အတုအယောင်အင်မော်တယ်တစ်ယောက်မှ အစစ်အမှန်အင်မော်တယ်တစ်ယောက်ကို ရင်ဆိုင်ရချိန်၌ ခံစားရသော ဖိအားဖြစ်သည်။

လုယွီသည် ရှေ့သို့တက်လှမ်းကာ သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီး ကောင်းရှစ်ကျီးကို တွန်းအားပေးလိုက်သည်။

"လုယွီ....မင်းက မသေမျိုးအဆင့် မှော်လက်နက်တွေကို သုံးရင်တောင် ဘာဖြစ်လာမှာမလို့လဲ..."

ကောင်းရှစ်ကျီးသည် တောင်ပေါ်မှ ဆင်းသက်လာသော ရက်စက်ကြမ်းကြုတ်သည့် ကျားတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်ပြီး သူ၏လက်အတွင်းရှိ လခြမ်းဓားသည် လေကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေပျေ၏။

ဤအချိန်တွင် ကောင်းရှစ်ကျီးသည် သူ၏အင်အားကုန် အသုံးပြုနေပြီး ထန်စစ်နတ်ဘုရားတစ်ပါး၏ အမူအယာကို ချက်ချင်း ပြသလိုက်သည်။ သူ၏လက်အတွင်းရှိ လခြမ်းဓားသည် ကိုယ်ပိုင်အသိစိတ်ရှိသည့်အလား တုန်ခါနေပြီး လေထုကိုထွင်းဖောက်သွားသော အသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေသည်။

ဒေါင်...ဒေါင်..ဒေါင်...

လုယွီနှင့် ကောင်းရှစ်ကျီးတို့ တိုက်ခိုက်နေစဉ်တွင် နားကွဲလုမတတ်ကျယ်လောင်သော သတ္တုအချင်းချင်းရိုက်ခတ်သံများကို ကြားနေရသည်။

သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲသည် အရေးအကြီးဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။

ဤသည်မှာ မသေမျိုးအဆင့် မှော်လက်နက်၏ စွမ်းအားအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေခြင်း မဟုတ်တော့ချေ။ အကယ်၍ တခြားသာမန်ကျင့်ကြံသူများ ဖြစ်နေပါက သူတို့တွင် မသေမျိုးအဆင့် မှော်လက်နက်ရှိလျှင်ပင် သူတို့၏ခန္ဓာကိုယ်သည် ဤမျှပြင်းထန်သည့် တိုက်ပွဲဒဏ်ကို တောင့်ခံနိုင်မည်မဟုတ်ပေ။

"စစ်သူတော်စင် ရောက်ရှိလာပြီ...မိုးပြာနဂါး ဟိန်းဟောက်သံ.."

ကောင်းရှစ်ကျီး၏ မျက်လုံးများသည် အလင်းရောင်များဖြင့် လင်းလက်သွားပြီး သူ၏မှော်စွမ်းအားသည် လေထုအတွင်းသို့ ထိုးတက်သွားကာ သူ၏နောက်တွင် ပေတစ်ရာကျော်ရှည်သော စစ်သူတော်စင်တစ်ပါး၏ ပုံရိပ်ယောင်အဖြစ် စုစည်းသွားသည်။

ထိုစစ်သူတော်စင်တွင် ရှည်လျားသော မုတ်ဆိတ်မွေး နီမြန်းသော အသားအရေနှင့် ကျဉ်းမြောင်းသော ဖီးနစ်မျက်လုံးများရှိသည်။ ပတ်ဝန်းကျင်ရှိစစ်မြေပြင်မှ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများနှင့် ပေါင်းစပ်လိုက်ချိန်၌ ဤစစ်သူတော်စင်၏ ပုံရိပ်ယောင်သည် ပို၍ပင် အားကောင်းသွားပေ၏။

ဝုန်း.....

စစ်သူတော်စင်က သူ၏ဓားကို ဝှေ့ယမ်းကာ ခုတ်ပိုင်းလိုက်သည်။ သူ၏အရှိန်အဝါသည် အလွန်ကြီးမားပြီး မိုးကောင်းကင်ယံကို တုန်လှုပ်စေသည်။

ကောင်းရှစ်ကျီး၏ရှေ့မှ လေဟာနယ်သည် ရုတ်တရက် စုတ်ပြဲသွားပြီး ဓားချီများထွက်ပေါ်လာကာ တာယွီစစ်စခန်းပြင်ပရှိ မြေပြင်နေရာတွင် နက်ရှိုင်းသောချိုင့်နက်ကြီးတစ်ခုအဖြစ် ဖြတ်တောက်လိုက်သည်။

သောင်းနှင့်ချီသောလူများသည် ဤဓားချီအောက်တွင် သေဆုံးသွားခဲ့သည်။

လူအများသည် ရှောင်တိမ်းခဲ့သော်လည်း ဓားချီသည် အလွန်ပြင်းထန်ပြီး အားကောင်းသဖြင့် သူတို့အားလုံး သေဆုံးသွားခဲ့သည်။

လူတိုင်း ထိတ်လန့်သွားကြသည်။ ကောင်းရှစ်ကျီး ပြသခဲ့သော စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

အစဥ်အမြဲမောက်မာခဲ့သော စုန့်ချင်းဟူပင်လျှင် သူ၏မျက်ခုံးများ တွန့်ကွေ့သွားပြီး သူ၏စိတ်နှလုံးသား တုန်ရီနေသည်။

"ကွမ်းသူတော်စင်ရဲ့ ပုံရိပ်ယောင်.... သူက ရှေးဟောင်းအလယ်ခေတ်က ကွမ်းသူတော်စင်ရဲ့ အမွေအနှစ်ကို ရခဲ့တာလား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

စုန့်ချင်းဟူ၏မျက်နှာအမူအယာ ချက်ချင်း ပြောင်းလဲသွားသည်။

ကွမ်းသူတော်စင်သည် လုမိသားစု၏ စစ်သူတော်စင်လုနှင့် မျိုးဆက်တူဖြစ်သည်။ သို့ရာတွင် ရှေးဟောင်းအလယ်ခေတ်၏ ဖရိုဖရဲဖြစ်ရပ်ကြောင့် ကွမ်းသူတော်စင်၏ အမွေအနှစ်သည် အချိန်ကြာမြင့်စွာကတည်းက ပြတ်တောက်သွားသည်ဟု ဆိုကြပေ၏။

ကောင်းရှစ်ကျီးသည် ဤအရေးကြီးသည့် အချိန်အခိုက်အတန့်တွင် သူ၏ဝှက်ဖဲကို ထုတ်ဖော်အသုံးပြုခဲ့သည်။

ဤဝှက်ဖဲသည် အလွန်အစွမ်းထက်နေမည်ဟု လုယွီ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ပေ။ ဤသည်မှာ ရှေးဟောင်းအလယ်ခေတ်၏ ထင်ရှားကျော်ကြားသော စစ်သူတော်စင်ကွမ်းရှန့်ဖြစ်သည်။

လုယွီသည် ချက်ချင်းဆိုသလိုပင် ခါးသည်းသော ရုန်းကန်မှုအတွင်းသို့ ကျရောက်သွားသည်။

ကွမ်းရှန့်ပုံရိပ်ယောင်၏ ကောင်းချီးပေးမှုဖြင့် ကောင်းရှစ်ကျီး၏ အင်အားသည် ဆယ်ဆကျော် တိုးပွားလာပေ၏။

သူ၏တိုက်ခိုက်မှုတိုင်းသည် ဖျက်ဆီးခြင်းစွမ်းအား အလွန်ပြင်းထန်ပြီး ဤလောကကြီးကိုပင် ဖျက်ဆီးပစ်နိုင်ပုံရသည်။

ဘုန်း....ဘုန်း...ဘုန်း....

မိုးကောင်းကင်ယံသည် ပြိုကျတော့မည့်အလားပင်။ နံဘေးပတ်ဝန်းကျင်ရှိ လူများသည် အဝေးမှ ကြည့်ရှုနေသော်လည်း သူတို့အားလုံးသည် မည်သည့်အချိန်မဆို သူတို့၏ဦးခေါင်းများပေါ်သို့ ကျရောက်လာနိုင်သော ထိုသတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို ခံစားနေရသည်။

Chapter 4693

"ဘုန်း...ဘုန်း...ဘုန်း..."

သူတို့နှစ်ယောက်သည် မိုးကောင်းကင်ယံအတွင်း၌ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ နားကွဲလုမတတ်ကျယ်လောင်သော အသံများသည် နေရာတိုင်းတွင် ပဲ့တင်ထပ်နေပေ၏။

လုယွီသည် စစ်သူတော်စင်မိသားစု၏ မျိုးဆက်ဖြစ်သော်လည်း သူသည် သူ၏ဘိုးဘေးများထံသို့ မပြန်ခဲ့သလို လုမိသားစု ဘိုးဘေးဘုရားကျောင်းသို့လည်း ခြေမချခဲ့ပေ။ ထို့ကြောင့်သူသည် စစ်သူတော်စင်လု၏ကျင့်ကြံခြင်းကို အမွေဆက်ခံနိုင်ခဲ့ခြင်း မရှိပေ။

ရှေးဟောင်းအပျက်အစီးနယ်မြေတွင် လုမိသားစု၏ ပဉ္စမအရှင် လုချန်ချင်းသည် သူ၏စွမ်းအားကို တိုးတက်လာစေရန် စစ်သူတော်စင်၏ စွမ်းအားကို ချေးငှားနိုင်ခဲ့သည်။

ဤနည်းစနစ်သည် ငှားရမ်းခြင်းနည်းစနစ်များနှင့် လျှို့ဝှက်နည်းစနစ်များထက် များစွာ ပိုမိုအဆင့်မြင့်သည်။ ဤအရာကို အသုံးပြုပြီးနောက် မည်သည့်အားနည်းသည့် အကျိုးသက်ရောက်မျှ ရှိမည်မဟုတ်ချေ။

အလားတူပင် စစ်သူတော်စင်၏စွမ်းအားကို ရရှိရန်အတွက် လိုအပ်သော အခြေအနေများသည် အလွန်ခက်ခဲကြမ်းတမ်းပေ၏။ ထိုနည်းစနစ်ကို အသုံးပြုလိုသော တစ်စုံတစ်ယောက်သည် စစ်သူတော်စင်၏ အမွေအနှစ်ကို လုံးလုံးလျားလျား ဆက်ခံထားနိုင်ရပေမည်။

ဝှစ်...

ကောင်းရှစ်ကျီးသည် ဓားတစ်ချက် ထပ်မံ၍ ခုတ်ပိုင်းလိုက်ခြင်းနှင့်အတူ ပူပြင်းသော အရှိန်အဝါတစ်ရပ်က လေထုအတွင်းတွင် ထွက်ပေါ်လာသည်။

ဤဓားချက်သည် ထိတ်လန့်ဖွယ်ကောင်းအောင် အစွမ်းထက်ပြီး လေဟာနယ်ကို ဖြတ်တောက်သွားရုံသာမက လေထုအတွင်းတွင် မီးတောက်များကို လောင်ကျွမ်းစေခဲ့သည်။

ဤသည်မှာ စွမ်းအားအလွန်အမင်း ပြင်းထန်မှု၏ အကျိုးဆက်ပင်။

လုယွီ၏မျက်နှာအမူအယာသည် အပြောင်းအလဲမရှိဘဲ သူ၏စိတ်နှလုံးသားသည် တည်ငြိမ်နေဆဲပင်။ သူ၏ လက်အတွင်းတွင် ထိုက်အမ်းဓားကို ကိုင်ဆောင်ကာ သူသည် ကောင်းရှစ်ကျီးနှင့် ပြင်းထန်သော တိုက်ပွဲကို စတင်တိုက်ခိုက်လိုက်သည်။

"မသေမျိုးအဆင့် မှော်လက်နက်...ပြီးတော့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ရဲ့ အကူအညီ...အခု ရှေးဟောင်းအလယ်ခေတ် စစ်သူတော်စင်...ကောင်းရှစ်ကျီး မင်း ငါ့ကို ထိပ်တိုက်ရင်ဆိုင်ရဲလား..."

လုယွီ၏ အသံသည် အေးစက်နေကာ သူပြောသော စကားလုံးတိုင်းသည် တစ်ဖက်ရန်သူ၏စိတ်နှလုံးသားကို မေးခွန်းထုတ်နေပေ၏။

ကောင်းရှစ်ကျီးသည် ရူးသွပ်သော နတ်ဆိုးတစ်ကောင်အလား သူ၏လက်အတွင်းရှိ လခြမ်းဓားကို ဝှေ့ယမ်းနေသည်။ သူ၏စိတ်နှလုံးသားအတွင်းရှိ မာန်မာနသည် လုယွီ၏ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရလေပြီ။

"စစ်တပ်နှစ်တပ် ရင်ဆိုင်တွေ့တဲ့အချိန်မှာ ဘယ်လိုနည်းလမ်းမျိုးကိုမဆို သုံးရမယ်... ငါ မင်းကို သတ်နိုင်သရွေ့ ငါ ဘယ်လိုနည်းလမ်းတွေကိုသုံးလဲဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ... စစ်မြေပြင်မှာ အောင်နိုင်သူက ဘုရင် ရှုံးနိမ့်သူက သူပုန်ပဲ... မင်း ဒါကို နားမလည်ဘူးလား..."

ကောင်းရှစ်ကျီး အော်ဟစ်လိုက်သည်နှင့် သူ၏နောက်မှ ကြီးမားသော စစ်သူတော်စင်ပုံရိပ်ယောင်ကလည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

သန့်စင်ပြီး မယိမ်းမယိုင်သော အရှိန်အဝါတစ်ရပ်သည် ကောင်းရှစ်ကျီး၏ခန္ဓာကိုယ်ကို ရစ်သိုင်းလွှမ်းခြုံထားပြီး စွမ်းအားများ ပွင့်အံ့ထွက်နေသည်။

ဤသည်မှာ သောင်းနှင့်ချီသော ရှေးဟောင်းအစစ်အမှန်နဂါးများ တပြိုင်နက်တည်း ဟိန်းဟောက်နေသည့်အလားပင်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ်သည် စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားပေ၏။

"အား...."

တချို့စစ်သည်တော်များထံမှ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။ ကျင့်ကြံဆင့် အားနည်းသော စစ်သည်တော်များသည် ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်သံကို ကြားလိုက်ရပြီးနောက် သူတို့၏စိတ်ဝိညာဉ်များ ပျံလွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

စစ်သည်တော်တချို့သည် ထိုဟိန်းဟောက်သံကြောင့် အမှန်တကယ် သေဆုံးသွားကြသည်။ သူတို့၏မျက်လုံး နှာခေါင်းနှင့် ပါးစပ်များမှ သွေးများ ယိုစီးထွက်နေပြီး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

"ဒီခွေးမသားက ဘာလို့ ဒီလောက်တောင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားရတာလဲ...ဒီအတိုင်းဆက်သွားနေရင် လုယွီ အန္တရာယ်ကျရောက်လိမ့်မယ်"

စုန့်ချင်းဟူ၏ နဖူးတွင် ချွေးစေးများ ထွက်လာသည်။

ဖူကျစ်ရွှယ်က မျက်မှောင်ကြုတ်လိုက်ပြီး လုယွီ၏ လားရာဘက်သို့ ပြေးဝင်သွားသည်။

"အတွင်းဝန်ချုပ်ကြီးဖူ....မင်းရဲ့ရန်သူက ငါပဲ..."

လီမီက အပြုံးနှင့် ဖူကျစ်ရွှယ်ကို တားဆီးဟန့်တားလိုက်သည်။

သူတို့နှစ်ယောက်လုံးသည် ပါရမီရှိသော လူငယ်များဖြစ်ကြပြီး သူတို့၏နည်းစနစ်များနှင့် မှော်မန္တန်များသည် အလွန်နက်နဲသိမ်မွေ့ပေ၏။

တာအိုသင်္ကေတပုံစံများသည် သူတို့နှစ်ယောက်၏နံဘေးပတ်လည်တွင် လွင့်မျောနေပြီး ရှုပ်ထွေးပြီး အပြောင်းအလဲများသော ဝင်္ကပါများနှင့် ရောယှက်နေသည်။ ဤတိုက်ပွဲတွင် သတိလက်လွတ်ဖြစ်သွားပါက တစ်စုံတစ်ယောက်သည် ပြိုင်ဘက်၏ ထောင်ချောက်အတွင်းသို့ ကျရောက်သွားနိုင်ပြီး ပြိုင်ဘက်၏မှော်မန္တန်များအတွင်းတွင် ပိတ်မိနေနိုင်သည်။

ဤသည်မှာ ထက်မြက်သောလူနှစ်ယောက်ကြားမှ တိုက်ပွဲတစ်ခုဖြစ်ပြီး သာမန်ကျင့်ကြံသူများအတွက် ဤအရာ၏လျှို့ဝှက်ချက်များကို ထွင်းဖောက်မြင်နိုင်ရန် အလွန်ခက်ခဲသည်။

"ဟမ့်... "

ဖူကျစ်ရွှယ်သည် အေးစက်စက် နှာမှုတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် လီမီနှင့် ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

ဤအချိန်တွင် စင်မြင့်ပေါ်ရှိ စစ်ပွဲအောင်မြင်အဆင့်သတ်မှတ်ချက်မှ တောက်ပသောအလင်းတန်းများ ဖြာထွက်လာသည်။

ပထမနေရာတွင် ရပ်တည်နေသော ရှထန်ကန်း၏နောက်တွင် စစ်ပွဲအောင်မြင်မှုရမှတ်များ ပို၍ပို၍များပြားလာပြီး သူ၏နာမည်သည်လည်း ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေပေ၏။

ချင်လုရှန်းနှင့်တခြားသူများ လှမ်းကြည့်လိုက်ချိန်တွင် နန်းတော်ကိုယ်ရံတော်တပ်သည် ထန်စစ်တပ်၏ အဓိကအင်အားကို ရှောင်ရှားပြီး အားနည်းသည့်နေရာသို့ တိုးဝင်တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။

နန်းတွင်းကိုယ်ရံတော်တပ်သည် တာယွီအင်ပါယာ၏ အင်အားအကောင်းဆုံးစစ်တပ်ဖြစ်သော်လည်း သူတို့သည် တစ်ဖက်ရန်သူစစ်တပ်၏ အားနည်းသည့်နေရာများကိုသာ တိုက်ခိုက်ခဲ့သည်။ ထန်စစ်တပ်၏ အဓိကအင်အားကို တိုက်ခိုက်ရန်မှာမူ တခြားလူများအတွက် ချန်ထားခဲ့လေ၏။

"ရှထန်ကန်း ခွေးမသား...ငါတို့ တော်ဝင်မြို့တော်ကို ပြန်ရောက်ရင် သူ့ကို ပြစ်တင်စွပ်စွဲရမယ်"

စစ်ဗိုလ်ချုပ်အမြောက်အများက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

All Chapters