← Chapters

အခန်း (၄၇၀၁-၄၇၀၅)

Vol. 238 Ch. 4701-4705

အခန်း (၄၇၀၁-၄၇၀၅)

Vol. 238 Ch. 4701-4705

Chapter 4701

စစ်ပွဲအောင်မြင်မှုစာရင်းသည် လေထုအတွင်းတွင် ပျံဝဲနေပြီး တုန်ခါသံများ မြည်ဟီးနေသည်။

လုယွီ၏နာမည်သည် ဂုဏ်ပြုစာရင်း၏ အထင်ရှားဆုံးနေရာတွင် ထွက်ပေါ်လာပေ၏။

တာယွီစစ်တပ်မှ မရေမတွက်နိုင်သော လူများသည် မော့ကြည့်လိုက်ပြီးနောက် လုယွီ၏ နာမည်ကို မြင်တွေ့မိသည်။

လုယွီနှင့်နှိုင်းယှဉ်လျှင် ရှထန်ကန်း၏ နာမည်သည် ဒုတိယနေရာသို့ ကျဆင်းသွားပြီး လုယွီ၏ နာမည်မှ အလင်းရောင်ဖြင့် ဖုံးကွယ်ခြင်း ခံလိုက်ရသည်။

"မဖြစ်နိုင်ဘူး...."

ရှထန်ကန်းသည် ထိုင်ခုံပေါ်မှ ခုန်ထကာ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

သူ ဤနေရာသို့ ရောင်မလာမီက လုယွီ၏ အဆင့်သတ်မှတ်ချက်သည် သူ့နောက်တွင်ရှိပြီး များစွာကွာဟနေသည်ကို မြင်တွေ့ခဲ့သည်။

ယခုမူ လုယွီသည် စစ်တဲအတွင်းတွင် ထိုင်နေပေ၏။ သူသည် မည်သည့်နည်းဖြင့် စစ်ပွဲအောင်မြင်မှုရမှတ်များကို ရယူနိုင်မည်နည်း။

ကျန်းကျွင်းချန်သည်လည်း မယုံကြည်နိုင်သည့် အကြည့်ဖြင့် လုယွီကို ကြည့်ပြီး အသံကုန်အော်ဟစ်လိုက်သည်။

"အရှင်လု...မင်းက ငါတို့ကို ရှင်းပြချက်တစ်ခု ပေးရမယ်.... မင်းက ဘယ်နည်းလမ်းကိုသုံးပြီးတော့ စစ်ပွဲအောင်မြင်မှုရမှတ်တွေ ရယူခဲ့တာလဲ...."

သူတို့ကို မဆိုထားနှင့် ဖူကျစ်ရွှယ် စုန့်ချင်းဟူနှင့် အခြားတပ်မှူးများပင်လျှင် ထိတ်လန့်သွားကြသည်။

လုယွီသည် ကောင်းရှစ်ကျီးကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်။ ဤသို့သော စစ်ပွဲအောင်မြင်မှုသည် အလွန်ကြီးမားသည်ဟု ဆိုနိုင်ပေ၏။

သို့ရာတွင် သူသည် ရှေ့တန်းသို့ ယခုမှ ရောက်ရှိလာသောကြောင့် သူ စုဆောင်းခဲ့သော စစ်ပွဲအောင်မြင်မှုများသည် အချိန်ကြာမြင့်စွာကတည်းက တိုက်ပွဲတွင် ပါဝင်ခဲ့သော ရှထန်ကန်းနှင့် မနှိုင်းယှဉ်နိုင်ချေ။

ယခုမူ လုယွီ၏ စစ်ပွဲအောင်မြင်မှုရမှတ်သည် ရုတ်တရက် မိုးထိလုမတတ် ထိုးတက်သွားရာ လူတိုင်းကို ထိုင်မနေနိုင်အောင် ပြုလုပ်ခဲ့သည်။

"ငါ ဒီကိစ္စကို သတင်းပို့ရမယ်...လုယွီ မင်းက စစ်ရေးအမတ်ကြီးတစ်ယောက်အနေနဲ့ မင်းရဲ့အခွင့်အာဏာကို အားကိုးပြီးတော့ မင်းအတွက် စစ်ရေးအောင်မြင်မှုတွေကို ရယူခဲ့တာလား...စောင့်နေစမ်း....ငါက အမှန်တရားကို ရှာတွေ့အောင် လုပ်မယ်"

ရှထန်ကန်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။

သူ အမြဲတစေ ဂုဏ်ယူခဲ့သည်မှာ သူ ရရှိခဲ့သော စစ်ပွဲအောင်မြင်မှုများပင်။

ဆုလာဘ်သည် ရှေးဟောင်းလူသားဧကရာဇ်၏ အန္တိမကျင့်ကြံနည်းစနစ်ဖြစ်သည်။ ဤသည်မှာ လူတိုင်း၏ အာရုံကြောများကို လှုံ့ဆော်ပေးနိုင်သည်။ ထိုသို့သော အကျိုးအမြတ်၏ သွေးဆောင်မှုရှေ့တွင် မည်သူမျှ ထိုင်ကြည့်မနေနိုင်ချေ။

သို့ရာတွင် ယခုချိန်တွင်မူ လုယွီသည် မည်သည့်သတိပေးချက်မှမရှိဘဲ ရုတ်တရက် သူ့ကို အမီလိုက်လာခဲ့သည်။

"ငါ့ရဲ့စစ်ရေးအောင်မြင်မှုတွေကငါကိုယ်တိုင် ရယူထားတာပဲ"

လုယွီက နံဘေးရှိလက်ဖက်ရည်ခွက်ကို ကောက်ယူကာ ဂရုတစိုက် မြည်းစမ်းလိုက်သည်။

"အရှင်လု ဘယ်လိုစစ်ရေးအောင်မြင်မှုတွေ ရခဲ့တာလဲဆိုတာကို ငါ သိချင်တယ်...ဒါက တပ်မှူးရှကိုတောင် ကျော်လွန်သွားခဲ့တယ်"

နံဘေးတွင်ရပ်နေသော ကျန်းကျွင်းချန်သည် အေးစက်စက် ရယ်မောသံဖြင့် မေးခွန်းထုတ်လိုက်၏။

"အမှန်ပဲ....မင်း မှန်တယ်ဆိုရင် ထုတ်ပြောရဲရမယ်....မင်းရဲ့စစ်ပွဲအောင်မြင်မှု ဘယ်လိုရခဲ့တာလဲ"

ရှထန်ကန်းက ကျယ်လောင်စွာ အော်ဟစ်ပြီးမေးခွန်းထုတ်လိုက်သည်။

"ငါ မပြောရဲတာ ဘာမှမရှိဘူး..."

လုယွီသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ချလိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။

"ဖုန်းချန်ချင်း သေပြီ...သူ့ရဲ့သေဆုံးမှုက ငါနဲ့ ဆက်စပ်နေတယ်"

ရှထန်ကန်းက ရယ်မောပြီး ပြောဆိုသည်။

"လုယွီ....အဲ့ဒီနေ့က ဘာဖြစ်ခဲ့လဲဆိုတာ ငါတို့အားလုံး မြင်ခဲ့တယ်...မင်းက ဖုန်းချန်ချင်းရဲ့ ခန္ဓာကိုယ်ကိုပဲ ဖျက်ဆီးခဲ့တာ သူ့ရဲ့စိတ်ဝိညာဉ်က ရှိနေသေးတယ်... ဖုန်းချန်ချင်းက ထန်စစ်တပ်ရဲ့စစ်စခန်းမှာ ရှိနေတုန်းပဲ...ထန်စစ်တပ်က သူ့အတွက် သင့်တော်တဲ့ ရုပ်ခန္ဓာကိုယ်ကို ရှာတွေ့ခဲ့ပြီးပြီလို့ သတင်းရထားတယ်...မင်းက သူသေပြီလို့ ပြောတယ်...မင်းက အရှက်မရှိ ကြွားနေတာပါလား"

လုယွီက ရှထန်ကန်းကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောဆိုသည်။

"ငါက သူ သေပြီလို့ ပြောရင် ..သူ သေပြီမလို့ပေါ့"

"မင်းက စစ်တဲထဲမှာနေပြီးတော့ မင်းရဲ့စိတ်နဲ့ ဖုန်းချန်ချင်းကို သတ်ခဲ့တာလား"

ရှထန်ကန်းက သရော်တော်တော် ပြောဆိုသည်။

"မဟုတ်ဘူး...."

လုယွီက ခေါင်းခါလိုက်သည်။

"ငါ့လက်အောက်မှာ စစ်ဗိုလ်ချုပ်တစ်ယောက်ရှိတယ်...သူက ထန်စစ်တပ်ရဲ့စစ်စခန်းထဲကို ဝင်ပြီးတော့ ဖုန်းချန်ချင်းကို သတ်ခဲ့တယ်"

လုယွီ၏လက်အောက်ငယ်သားတစ်ယောက် ရောက်လာခဲ့သလော....

ရှထန်ကန်းသည် မျက်မှောင်ကြုတ်ပြီး အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"ငါ ဘာလို့ မင်းရဲ့လက်အောက်ငယ်သားကို မမြင်တာလဲ...သူ့ကို ထွက်လာခိုင်းလိုက်..ငါ မြင်ချင်တယ်"

လုယွီသည် တစ်စုံတစ်ခုကို ခံစားမိပုံဖြင့် စစ်တဲ၏ပြင်ပသို့ ကြည့်ကာ ပြောဆိုသည်။

"သူ ပြန်လာပြီ..."

အားကောင်းသော လေလှိုင်းတစ်ရပ်သည် ရုတ်တရက် ပြင်ပမှနေ၍ စစ်တဲထံသို့ တိုက်ခတ်ဝင်ရောက်လာသည်။

ဗဟိုစစ်တဲ၏ ကန့်လန့်ကာသည် လွင့်ပါသွားပြီး ထန်စစ်တပ်၏သံချပ်ကာကို ဝတ်ထားသော သန်မာထွားကျိုင်းသည့် စစ်ဗိုလ်ချုပ်တစ်ယောက်က ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာသည်။

ဤစစ်ဗိုလ်ချုပ်၏လက်တွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူသည် တောက်ပမှုကို ဆုံးရှုံးသွားသော ဝိညာဉ်တစ်ခုကို ဖမ်းဆုပ်ထားသည်။ သူသည် ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်ကာ သူ၏သွေးစွမ်းအားများသည် မီးခိုးငွေ့များအလားပင်။ သူ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် စစ်တဲတစ်ခုလုံးသည် သွေးအငွေ့အသက်များဖြင့် ပြည့်နှက်သွားပေ၏။

မူလက တဲအတွင်းတွင် ထိုင်နေသော တပ်မှူးများနှင့် စစ်ဗိုလ်ချုပ်များသည် ဤလူ ဝင်လာသည်ကိုမြင်ချိန်၌ မတ်တတ်ထရပ်ကာ ထိတ်လန့်တကြား စူးစိုက်၍ကြည့်လိုက်ကြသည်။

ဤစစ်ဗိုလ်ချုပ်သည် တခြားလူမဟုတ်ဘဲ လုယွီ၏ နှိမ်နင်းခြင်းကို ခံခဲ့ရသော ထန်အင်ပါယာ၏ ဝူကျင့်အမတ်ကြီး လီကျိုးစီပင်။

Chapter 4702

"လီကျိုးစီ....မင်းက ငါတို့တာယွီစစ်စခန်းကို လာရဲတယ်ပေါ့...မင်း သေလမ်းရှာနေတာလား"

စစ်ဗိုလ်ချုပ်အနည်းငယ် ရှေ့သို့တက်လာပြီး သူတို့၏ မှော်ရတနာများကို ဆင့်ခေါ်လိုက်ကြကာ သူတို့၏ မျက်နှာအမူအယာများ တင်းမာခက်ထန်နေသည်။

ဒေသခံစစ်တပ်များဖြစ်စေ တော်ဝင်စစ်တပ်ဖြစ်စေ သူတို့အားလုံးသည် ယခင်က ရန်ငြိုးများကို စွန့်လွှတ်ကာ လီကျိုးစီကို ရင်ဆိုင်ရန် အတူတကွ ရပ်တည်လိုက်ကြသည်။

လီကျိုးစီသည် ထန်အင်ပါယာ၏ နာမည်ကြီး စစ်သူကြီးတစ်ယောက်ဖြစ်ပြီး သူ၏အမည်သည် မရေမတွက်နိုင်သော တာယွီစစ်သားများ၏ အိပ်မက်ဆိုးပင်။ ဗိုလ်ချုပ်အများစုသည် လီကျိုးစီ ဤနေရာတွင် ထွက်ပေါ်လာသည်ကို မြင်ချိန်၌ ကြောက်ရွံ့မှုဖြင့် ဖြူဖျော့သွားကြပြီး တိုက်ခိုက်ရန်အတွက် ပြင်ဆင်လိုက်ကြသည်။

တည်ငြိမ်နိုင်သူများမှာ တပ်မှူးများသာ ဖြစ်သည်။

စုန့်ချင်းဟူနှင့် ဖုကျစ်ရွှယ်တို့သည် မျက်မှောင်ကြုတ်လိုက်ကြ၏။ သူတို့ မလှုပ်ရှားကြခြင်းမှာ လုယွီက လီကျိုးစီသည် သူ၏ လက်အောက်ငယ်သားဖြစ်သည်ဟု ပြောခဲ့ခြင်းကြောင့်ပင်။ ဤကိစ္စ၏နောက်ကွယ်တွင်အကြောင်းအရင်းတစ်ခုခု ရှိနေပေမည်။

ထန်အင်ပါယာ၏ ဝူကျင့်အမတ်ကြီး ထွက်ပေါ်လာခြင်းမှာ သူတို့၏ မျှော်လင့်ချက်များထက် အမှန်တကယ်ကို ကျော်လွန်သွားခဲ့သည်။ သူတို့သည် အပေါ်ယံတွင် တည်ငြိမ်နေပုံရသော်လည်း သူတို့၏ မှော်ရတနာများကို တိတ်တဆိတ် အသက်သွင်းထားကြသည်။ မျှော်လင့်မထားသော အရာတစ်ခုခု ဖြစ်ပွားပါက သူတို့သည် သူတို့၏ မှော်ရတနာများကို အသုံးပြု၍ လီကျိုးစီကို တိုက်ခိုက်ပေမည်။

ရှထန်ကန်းနှင့် ကျန်းကျွင့်ချန်တို့သည် သူတို့၏ ထိုင်ခုံများမှ မတ်တတ်ထရပ်လိုက်ကြပြီး သူတို့၏ မျက်လုံးများအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

ရှထန်ကန်း၏ ထိတ်လန့်တုန်လှုပ်မှုသည် အထင်ရှားဆုံးဖြစ်ပေ၏။ သူသည် ရွှယ်အင်မော်တယ်နယ်ပယ်တွင်သာ ရှိပြီး ဤကဲ့သို့ ထိပ်တန်းကျင့်ကြံသူတစ်ယောက်နှင့် အမှန်တကယ် မတိုက်ခိုက်ဖူးချေ။

ဤ လီကျိုးစီ... ဒေသတစ်ခုကို အုပ်ချုပ်ပြီး သောင်းနှင့်ချီသော စစ်သားများကို အမိန့်ပေးနိုင်သော နယ်မြေသခင်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူသည် ထန်စစ်တပ်၏ ထောက်လှမ်းရေးနှင့် နည်းဗျူဟာပိုင်းတွင် ပြိုင်ဘက်ကင်းသော စစ်သူကြီးတစ်ယောက်ဖြစ်ပေ၏။

ရှထန်ကန်း မူလက လုယွီအား မည်သည့်လက်အောက်ငယ်သားက စစ်ရေးအောင်မြင်မှုများ ရရှိအောင် ကူညီခဲ့သည်ကို မေးမြန်းလိုခဲ့သော်လည်း ထွက်ပေါ်လာသူမှာ လီကျိုးစီ ဖြစ်လိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။

ရှထန်ကန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး သူ၏ မျက်နှာ သေလုမတတ်ဖြူဖျော့သွားသည်။

ယခင်က ဗဟိုစစ်တဲအတွင်းတွင် လုယွီက သူ၏ လီကျိုးစီကို အနိုင်ယူခဲ့သည့် စစ်ရေးအောင်မြင် မှုအပေါ် မေးခွန်းထုတ်ခဲ့သည်အား သူ ရုတ်တရက် ပြန်သတိရလိုက်သည်။

ဤစစ်ရေးအောင်မြင်မှုသည် ရှထန်ကန်း၏ မမှန်မကန် တောင်းဆိုမှုပင်။

ထိုအချိန်တုန်းက သူသည် ထိုကိစ္စကို အလွန်လိမ္မာပါးနပ်စွာ ပြုလုပ်ခဲ့ပြီး မည်သူကမျှ သူ့ကိုဖော်ထုတ်မည် မဟုတ်ချေ။

သို့ရာတွင် အကယ်၍ လီကျိုးစီသာ လုယွီ၏ လက်အောက်ငယ်သား ဖြစ်နေပါက အရာအားလုံးကို ဖုံးကွယ်၍ ရတော့မည် မဟုတ်ချေ။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ရှထန်ကန်းက သူ၏ လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

"လုယွီ....မင်းက ထန်စစ်တပ်ရဲ့ စစ်သူကြီးတစ်ယောက်နဲ့ ပူးပေါင်းကြံစည်တယ်ပေါ့...မင်းက ဘာကို လိုချင်တာလဲ"

ကျန်းကျွင့်ချန်က အလျင်အမြန် နောက်ဆုတ်လိုက်ပြီး နန်းတွင်းကိုယ်ရံတော်တပ်မှ စစ်ဗိုလ်ချုပ်တစ်စု၏နောက်တွင် ပုန်းအောင်းလိုက်သည်။

သူထံတွင် အရည်အချင်းတစ်စုံတစ်ရာမရှိပေ။ သူသည် တောင်ပိုင်းဧကရာဇ် ကျိုးယွမ်ယန်း၏ လူယုံတစ်ယောက်သာ ဖြစ်သည်။

ထန်စစ်တပ်၏စစ်သူကြီးတစ်ယောက် သူ၏ရှေ့တွင် ထွက်ပေါ်လာသည်ကို မြင်ချိန်၌ သူ၏မျက်နှာအမူအယာ ချက်ချင်းပြောင်းလဲသွားပြီး ကြောက်ရွံ့မှုကို ခံစားလိုက်ရကာ အလျင်အမြန် နောက်ဆုတ်လိုက်သည်။

ထိုအချိန်မှာပင် ဗဟိုစစ်တဲ၏ အပြင်ဘက်မှ ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာသည်။

"လီကျိုးစီ....မင်းက တာယွီရဲ့ စစ်စခန်းထဲကို ကျူးကျော်ဝင်လာရဲတယ်ပေါ့"

စစ်တဲတံခါး၏အပြင်ဘက်မှ ရုတ်တရက်ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာပေ၏။ ချိုင်လုံရှင်းနှင့် ယဲ့ဝမ်ရှုတို့ အတူတကွ ရောက်ရှိလာကြပြီး သူတို့နောက်တွင် စစ်ဗိုလ်ချုပ်တစ်စု လိုက်ပါလာသည်။

သူတို့၏မျက်နှာများသည် သုန်မှုန်နေပြီး လေးလံသော သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။ သူတို့တစ်ယောက်ချင်းစီထံတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး သူတို့၏ ခန္ဓာကိုယ်များ၌ ပြင်းထန်သော မှော်စွမ်းအားများ စီးဆင်းနေကာ သူတို့၏ ပြိုင်ဘက်များကို အချိန်မရွေး သေစေနိုင်သော ထိုးနှက်ချက်တစ်ချက် ပေးနိုင်သည့်အလားပင်။

ဗိုလ်ချုပ်တစ်စု၏နောက်တွင် စစ်သားများလည်း စုရုံးနေကြပြီး ဗဟိုစစ်တဲတစ်ခုလုံးကို ဝိုင်းရံထားသည်။

သူတို့အားလုံး ထိတ်လန့်သွားကြသည်။ ထန်အင်ပါယာ၏ အမတ်ကြီးဘွဲ့ထူးရ စစ်သူကြီးတစ်ယောက်သည် တာယွီစစ်စခန်းအတွင်းတွင် ထွက်ပေါ်လာခြင်းမှာ ကိစ္စကြီးတစ်ရပ် ဖြစ်ပေ၏။

လူတိုင်း သတိကြီးစွာ ထားနေကြသည်။ လီကျိုးစီ၏အမည်သည် အလွန်ကျော်ကြားသဖြင့် သူတို့အားလုံး သူ့ကို အာရုံစိုက်၍ စောင့်ကြည့်နေရသည်။

"ထူးဆန်းလိုက်တာ...ဘာလို့ ထန်အင်ပါယာရဲ့ အမတ်ကြီးက ဒီကို ရောက်နေတာလဲ"

ထိုအချိန်မှာပင် စစ်တဲအတွင်းမှနေ၍ လူအိုကြီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

မင်းသားကူသည် ပွယောင်းသော သာမာန်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏လက်အတွင်းတွင် တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ကာ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။

"အရှင်မင်းသားကို အရိုအသေပြုပါတယ်...."

"မင်းသားကူ..."

စစ်ဗိုလ်ချုပ်များအားလုံး ဦးညွှတ်လိုက်ကြသည်။ မင်းသားကူသည် ဤအချိန်တလျှောက်လုံး တံခါးပိတ်ကျင့်ကြံနေပေ၏။ လီကျိုးစီ ထွက်ပေါ်လာခြင်းသည် မင်းသားကူကိုပင် ထိတ်လန့်သွားစေမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

Chapter 4703

"လီကျိုးစီ....မင်းက သံတမန်အနေနဲ့ စာပို့ဖို့ လာတာလား..."

မင်းသားကူက လီကျိုးစီ၏ရှေ့သို့ လျှောက်လှမ်းသွားပြီး သူ့ကို မော့ကြည့်လိုက်သည်။

လီကျိုးစီသည် အရပ်ရှည်ပြီး ကြွက်သားများဖြင့် ပြည့်ဖြိုးနေသဖြင့် ခါးကုန်းနေသော မင်းသားကူထက် ခေါင်းတစ်လုံးပိုမြင့်သည်။ သို့ရာတွင် လူတိုင်းက မင်းသားကူသည် လီကျိုးစီကို မိုးကောင်းကင်ယံရှိ လင်းယုန်တစ်ကောင်မှ မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သကဲ့သို့ အပေါ်စီးမှ ကြည့်နေသည်ကို ရှင်းလင်းစွာ ခံစားနိုင်သည်။

လုယွီက လီကျိုးစီ၏နံဘေးပတ်ဝန်းကျင်မှ လေဟာနယ် ပိုင်းခြားခံလိုက်ရသည်ကို ရှင်းလင်းစွာ ခံစားနိုင်သည်။

ဤကဲ့သို့သော နည်းစနစ်သည် မည်သူမျှ သတိမထားမိ အပြည့်အဝ ထုတ်လွှတ်လိုက်ခြင်းဖြစ်ပြီး ထိုအရာကို ကာကွယ်ရန်မှာ မဖြစ်နိုင်ချေ။ လေဟာနယ်ဥပဒေသများကို နက်ရှိုင်းစွာ နားလည်သူများသာ ဤှနည်းစနစ်ကို အသုံးပြုနိုင်သည်။

ဤလှုပ်ရှားမှုမှတဆင့် မင်းသားကူ၏စွမ်းအားကို တွေ့မြင်နိုင်သည်။ အင်ပါယာမှ မင်းဆက်ငါးဆက်၏ အကြီးအကဲတစ်ယောက်အနေဖြင့် မင်းသားကူ၏စွမ်းအားသည် သူ၏ အိုမင်းသော ပုံပန်းသွင်ပြင်နှင့် မတူညီဘဲ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

လီကျိူးစီအတွက် ဆုတ်ခွာရန် နေရာမရှိတော့ပေ။ ယခုချိန်၌ သူ ထွက်သွားလိုလျှင်ပင် သူလုပ်နိုင်သည့်အရာ မရှိချေ။

"မင်းသားကူ...စောင့်ပါအုံး..."

လုယွီက ရှေ့သို့ လျှောက်လှမ်းသွားပြီး ရုတ်တရက် လီကျိုးစီကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ဆူပူကြိမ်းမောင်းလိုက်၏။

"မင်းသားကူကို တွေ့ရင် မင်း ဦးမညွှတ်ဘဲ မနေရဘူး..."

လီကျိုးစီက ချက်ချင်း ဒူးတစ်ဖက်ထောက်လိုက်ပြီး ရိုသေစွာ ပြောဆိုသည်။

"အရှင်မင်းသားကူကို အရိုအသေပြုပါတယ်''

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ငြိမ်အတိကျသွားသည်။

လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကို ကြောင်ငေးကြည့်နေကြပြီး သူတို့၏ မျက်လုံးများကိုပင် မယုံနိုင်ကြချေ။

လီကျိုးစီသည် မည်သူဖြစ်သနည်း။ ထန်အင်ပါယာ၏ ဝူတင်းအမတ်ကြီး အိမ်ရှေ့စံ၏ဆရာဖြစ်ကာ ခရမ်းရွှေရောင်ငါးအိတ် ချီးမြှင့်ခံရသူဖြစ်ပြီး ထန်ဧကရာဇ်လီကျီး၏ အရေးအကြီးဆုံး အမတ်ကြီးများအနက်မှတစ်ဦး ဖြစ်သည်။

ယခုမူ လီကျိုးစီသည် အစေခံတစ်ဦးကဲ့သို့ လုယွီ၏ အမိန့်များကို အမှန်တကယ် လိုက်နာနေခဲ့သည်။

ဤသည်မှာ လူတိုင်း၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားခဲ့လေပြီ။

တခြားသူများကို မဆိုထားနှင့် မင်းသားကူပင်လျှင် အနည်းငယ် မှင်သက်သွားသည်။

သို့ရာတွင် မင်းသားကူသည် လီကျိုးစီ၏ မျက်လုံးများကို အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"မင်းက သူ့ကို ရုပ်သေးအဖြစ် သိမ်းသွင်းနိုင်လောက်အောင် ကံကောင်းတဲ့ ကြုံတွေ့မှုမျိုး ရှိလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး.."

ဤစကားသည် လုယွီ ကြားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။

"ကျွန်တော်က ကံကောင်းလို့ လီကျိုးစီကို လမ်းတစ်ဝက်မှာ တွေ့ပြီး သူ့ကို နှိမ်နင်းလိုက်တာပါ....လီကျိုးစီက ထန်အင်ပါယာရဲ့ အမတ်ကြီးတစ်ယောက်ဖြစ်တာတော့ ထန်စစ်စခန်းထဲကို ဝင်ထွက်ရတာ တော်တော်လေး အဆင်ပြေတယ်.... ဒါကြောင့် ကျွန်တော်က သူ့ကို ဓားတစ်လက်လို အသုံးချပြီး ဖုန်းချန်ချင်းကို သတ်ခိုင်းလိုက်တာပါ..."

"လမ်းတစ်ဝက်မှာ နှိမ်နင်းလိုက်တာလား..."

စစ်ဗိုလ်ချုပ်များသည် တီးတိုးရေရွတ်လိုက်ကြပြီး သူတို့၏ စိတ်အတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

ဤစကားများသည် အလွန်အာဏာပြင်းပေ၏။ လီကျိုးစီသည် အစွမ်းထက်သော စစ်သူကြီးတစ်ဦးဖြစ်သော်လည်း လုယွီနှင့် တွေ့ချိန်၌ သူ အလွယ်တကူ နှိမ်နင်းခြင်းခံလိုက်ရသည်။

ဤအချိန်တွင် လူတိုင်းသည် လီကျိုးစီ၏ လက်အတွင်းရှိ စိတ်ဝိညာဉ်ကို ကြည့်လိုက်မိသောအချိန်တွင် ချက်ချင်း မှတ်မိသွားကြသည်။ ဤသည်မှာ ဖုန်းချန်ချင်းပင်။

ဖုန်းချန်ချင်းသည် သနားဖွယ်ကောင်းပေ၏။ သူသည် စစ်မြေပြင်တွင် သူ၏ရုပ်ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ရပြီးနောက် သူ၏စိတ်ဝိညာဉ်သည် ထန်စစ်စခန်းအတွင်းသို့ ချောင်းမြောင်းဝင်ရောက်သွားသော လီကျိုးစီ၏လက်ချက်ဖြင့် ပျက်စီးသွားခဲ့သည်။ အဆုံးသတ်တွင် သူ သေဆုံးသွားခဲ့သည်။

လီကျိုးစီက ဖုန်းချန်ချင်း၏စိတ်ဝိညာဉ်ကို ဆုပ်ကိုင်ပြီး လုယွီကို ကြည့်လိုက်သည်။

"အရှင်...ဖုန်းချန်ချင်း သေပါပြီ..."

"ကောင်းတယ်... မဆိုးဘူး..."

လုယွီက လက်ကိုမြှောက်လိုက်ရာ ဖုန်းချန်ချင်း၏စိတ်ဝိညာဉ် ချက်ချင်း မီးလောင်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထန်အင်ပါယာမှ ကြမ်းတမ်းသော စစ်သူကြီးတစ်ယောက်၏ စိတ်ဝိညာဉ်သည် ပြာမှုန်များအဖြစ် လေထုအတွင်းတွင် ပျက်ပြယ်သွားတော့သည်။

ယခုမှသာ လူတိုင်းက လုယွီသည် မည်သည်ကြောင့် တိုက်ပွဲအောင်မြင်မှုစာရင်းတွင် နံပါတ်တစ် ဖြစ်နိုင်ခဲ့သည်ကို နားလည်သွားကြသည်။

သူသည် လီကျိုးစီကို နှိမ်နင်းခဲ့ပြီး ဖုန်းချန်ချင်းကို သတ်ဖြတ်ခဲ့သည်။

မည်သည့်တိုက်ပွဲအောင်မြင်မှုဖြစ်စေ လုယွီကို တိုက်ပွဲအောင်မြင်မှုစာရင်းတွင် နံပါတ်တစ် ဖြစ်စေရန် လုံလောက်သည်။

"ဟား ဟား ဟား...လုယွီ....မင်းကောင်းကောင်းလုပ်ခဲ့တယ်"

မင်းသားကူက ရုတ်တရက် ရယ်မောလိုက်သည်။

လူတိုင်း အံ့အားသင့်သွားပေ၏။ သူတို့သည် မင်းသားကူ ဤမျှထိ အားရပါးရ ရယ်မောသည်ကို မမြင်ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

"မင်း ဒီမှာရှိနေမှတော့ ငါ စိတ်အေးရပြီ...."

မင်းသားကူက ရယ်ပြုံးပြီး ခေါင်းခါလိုက်သည်။ သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ လူတိုင်း၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။

လုယွီသည် အံ့အားသင့်ဖွယ်ကောင်းသော စစ်ရေးအောင်မြင်မှုများကို တစ်ခုပြီးတစ်ခု ရရှိခဲ့သည်။ သူသည် မင်းသားကူ၏ အသိအမှတ်ပြုမှုကို ရရှိသွားလေပြီ။

လူတိုင်းသည် လီကျိုးစီ၏ အရပ်ရှည်ပြီး သန်မာထွားကျိုင်စသော ခန္ဓာကိုယ်ကို ကြည့်လိုက်ကြ၏။ သူတို့သည် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ပြီး အချိန်အတော်ကြာသည်အထိ စိတ်တည်ငြိမ်နိုင်ခြင်းမရှိချေ။

"လုယွီ....မင်းနောက်နေတာလား....လီကျိုးစီက မင်းကို သခင်အဖြစ် တကယ်ကြီး အသိအမှတ်ပြုထားတာလား"

ချိုင်လုံရှင်းက ပထမဆုံး စကားပြောဆိူလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေဆဲပင်။

လီကျိုးစီသည် ရေခဲဘုရင်ကြယ်မြစ်၏ ရှေ့တန်းစစ်မျက်နှာတွင် ချိုင်မိသားစုနှင့် တစ်ကြိမ် ဆုံတွေ့ခဲ့ဖူးသည်။

ချိုင်လုံချင်းက လီကျိုးစီသည် မည်ကဲ့သို့သော မာန်မာနကြီးသူတစ်ယောက်ဖြစ်သည်ကို သိရှိထားသည်။ လုယွီက လီကျိုးစီကို အညံ့ခံအောင် ပြုလုပ်နိုင်ခဲ့သည်မှာ သူ ယခင်က စိတ်ကူးတောင်ယဥ်မကြည့်ခဲ့ဖူးသော ကိစ္စပင်။

Chapter 4704

လုယွီက ပြောဆိုသည်။

"အမှန်ပဲ....အခု သူက အညံ့ခံလိုက်ပြီဆိုမှတော့ သူမှာ တခြားအတွေးတွေ ရှိတော့မှာ မဟုတ်ဘူး"

မြေအောက်လောကနတ်ဘုရား၏ စိတ်ပြောင်းလဲခြင်းနည်းစနစ်သည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို အခြားမည်သူမျှ မသိနိုင်ချေ။

ဤသည်မှာ နတ်ဘုရားတစ်ပါး၏ ထူးခြားသော နည်းစနစ်ပင်။ ဤအရာသည် လူတစ်ယောက်၏ စိတ်ဆန္ဒကို ချိုးဖျက်နိုင်ပြီး သူတို့ကို ယုံကြည်သူတစ်ဦးအဖြစ်သို့ ပြောင်းလဲနိုင်သည်။

ကျေးလက်တောရွာမှ လေလွင့်နတ်ဘုရားများသည် ဤနည်းလမ်းကို အသုံးပြု၍ အခြားသူများကို စည်းရုံးညှို့ယူကာ ထိုလူများကို သူတို့အပေါ် အရူးအမူး ယုံကြည်ကိုးကွယ်သူများ ဖြစ်စေလေ့ရှိသည်။

သို့ရာတွင် ဤနည်းလမ်းသည် ကောင်းကင်ဘုံကို ဖီဆန်နိုင်လောက်အောင် ပြင်းထန်လွန်းသည်။ ပုံမှန်အခြေအနေအောက်တွင် လုယွီသည် ဤကဲ့သို့သော နည်းလမ်းကို အသုံးပြုမည်မဟုတ်ချေ။

သို့ရာတွင် လီကျိုးစီကဲ့သို့သော လူတစ်ယောက်အတွက်မူ သူ့ကို ယုံကြည်သူတစ်ဦးအဖြစ်သို့ ပြောင်းလဲခြင်းသည် အကောင်းဆုံးနည်းလမ်းပင်။

"လီကျိုးစီတောင် အညံ့ခံသွားတယ်... ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ နည်းလမ်းလဲ"

လူတိုင်း အံ့အားသင့်သွားကြသည်။

သူတို့သည် လီကျိုးစီ၏ အရပ်ရှည်ပြီး သန်မာထွားကျိုင်းသော ခန္ဓာကိုယ်သည် သူတို့ရှေ့တွင် ရှိနေသည်ကို ကူကယ်ရာမဲ့ စောင့်ကြည့်နေရုံသာ တက်နိုင်သည်။ သူတို့သည် သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်ကြချေ။

ချိုင်လုံရှင်းလည်း အချိန်ခဏတာကြာခန့် ကြက်သေသေသွားပြီးနောက် ခေါင်းခါယမ်းပြီး ပြောဆိုလိုက်သည်။

"ဆရာလုက တကယ့်ကို ဆရာလုလို့ ခေါ်ထိုက်တယ်... မင်းရဲ့လက်ထဲမှာ အမြဲတမ်း အံ့အားသင့်စရာတွေ ရှိနေမှာပဲ"

ဒေသခံစစ်တပ်များကို မဆိုထားနှင့် တော်ဝင်စစ်တပ်မှ စစ်ဗိုလ်ချုပ်များပင်လျှင် လုယွီကို ရိုသေလေးစားစွာ ကြည့်လိုက်ကြသည်။

လုယွီသည် ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိခါစသာ ရှိသေးပေ၏။ သူသည် လီကျိုးစီကို အညံ့ခံစေခဲ့ပြီး ကောင်းရှစ်ကျီးကို နောက်ဆုတ်စေခဲ့ကာ ဖုန်းချန်ချင်းကို သတ်ဖြတ်ခဲ့သည်။

သူသည် ထန်အင်ပါယာမှ ဗိုလ်ချုပ်အားလုံးနီးပါးကို ရိုက်နှက်ခဲ့ပေ၏။

ကြားရသည်ထက် မြင်ရသည်က ပို၍ကောင်းမွန်ပြီး စစ်တပ်အတွင်းတွင် စွမ်းအားကသာ အရေးအကြီးဆုံးပင်။ ယခုအချိန်၌ လုယွီသည် သူ၏စွမ်းအားကို ပြသလိုက်ပြီဖြစ်သောကြောင့် တခြားသူများ၏ လေးစားမှုကို ရရှိခဲ့သည်။

"လုယွီ....မင်းက လီကျိုးစီကို နှိမ်နင်းဖို့ ယုတ်မာတဲ့ နည်းစနစ်ကို သုံးခဲ့တာများလား....နယ်စပ်က ဂုဏ်သရေရှိ အုပ်ချုပ်သူအရှင်တစ်ယောက်က တစ်ဖက်လူရဲ့စိတ်ကိုထိန်းချုပ်ဖို့ ယုတ်မာတဲ့ နည်းစနစ်ကို ကျင့်ကြံခဲ့တယ်...ဒါက တော်ဝင်နန်းတွင်းရဲ့ မျက်နှာကို အိုးမည်းသုတ်သလိုပဲ" ကျန်းကျွင့်ချန်က ရှေ့သို့ခြေတစ်လှမ်းတိုးကာ အေးစက်စွာပြုံးပြီး ပြောဆိုသည်။

"မင်း ပြောတဲ့အတိုင်းဆိုရင် ကောင်းရှစ်ကျီးနဲထန်စစ်တပ်က ငါ့ကိုတိုက်ခိုက်ဖို့ သူတို့ရဲ့ နည်းလမ်းတွေအားလုံးကို သုံးခွင့်ရှိပြီး ငါကတော့ မသုံးရဘူးပေါ့"

လုယွီက မေးမြန်းသည်။

"မင်းက ကောင်းရှစ်ကျီးနဲ့ထန်စစ်ဗိုလ်ချုပ်တွေကို ငါ့ကိုတိုက်ခိုက်ခွင့်ပြုပြီး ငါ့ကိုတော့ လီကျိုးစီကို ထိန်းချုပ်ဖို့ မှော်နည်းစနစ် သုံးခွင့်မပြုဘူးလို့ ပြောနေတာလား...

မင်းက ထန်အင်ပါယာဘက်ကို စဉ်းစားနေတာလား....ဒါမှမဟုတ် တာယွီအင်ပါယာဘက်ကိုလား"

ကျန်းကျွင့်ချန် ထိတ်လန့်သွားသည်။

"မင်း အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့...ငါက မင်းရဲ့ ယုတ်မာတဲ့ မှော်နည်းစနစ်အကြောင်း ပြောနေတာ..."

စုန့်ချင်းဟူက စားပွဲကို ရိုက်ပုတ်ပြီး ပြောဆိုလိုက်သည် ။

"ကျန်းကျွင့်ချန်... မင်းက သိပ်စည်းကျော်လွန်းနေပြီ...လုယွီက သူလိုချင်တဲ့ နည်းလမ်းကို သုံးနိုင်တယ်....မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ... မင်းက ဒီမှာ စကားပြောခွင့်ရှိလို့လား"

ကျန်းကျွင့်ချန်က အော်ဟစ်လိုက်၏။

"သူက ယုတ်မာတဲ့ နည်းစနစ်ကို သုံးခဲ့တယ်.... ဒါက တော်ဝင်နန်းတွင်းအတွက် အရှက်ရစရာပဲ...သူ့ကို စစ်စည်းကမ်းအရ အပြစ်ပေးသင့်တယ်"

ဗဟိုစစ်တဲတစ်တဲလုံး တိတ်ဆိတ်သွားပြီး မည်သူမျှ စကားမပြောကြပေ။

နန်းတွင်းစစ်တပ်မှ စစ်ဗိုလ်ချုပ်များဖြစ်စေ ဒေသခံစစ်ဗိုလ်ချုပ်များဖြစ်စေ သူတို့အားလုံးသည် ကျန်းကျွင့်ချန်ကို ခက်ထန်တင်းမာစွာ ကြည့်လိုက်ကြသည်။

တာယွီအတွက် အကျိုးပြုခဲ့သော စစ်ဗိုလ်ချုပ်တစ်ယောက်သည် ဤနေရာတွင် မိန်းမစိုးတစ်ယောက်၏ မေးခွန်းထုတ်ခြင်းကို ခံခဲ့ရပြီး အပြစ်ပေးခြင်းပင် ခံရတော့မည့်အခြေအနေ ဖြစ်နေသည်။

လုယွီနှင့် ဆန့်ကျင်ဘက်တွင် ရှိနေသော စစ်ဗိုလ်ချုပ်အချို့ပင်လျှင် ဤအချိန်တွင် သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားမိပေ၏။

"အရှက်ရစရာအကြောင်း ပြောရရင် ငါအရမ်းသိချင်နေတဲ့ ကိစ္စတစ်ခုရှိတယ်..."

လုယွီက ရုတ်တရက် ရှထန်ကန်းကို ကြည့်လိုက်သည်။

"ရှထန်ကန်း...ငါမင်းကို နောက်တစ်ကြိမ် ထပ်မေးမယ်....အဲဒီနေ့က လီကျိုးစီကို မင်း တကယ်ပဲ အနိုင်ယူခဲ့တာလား"

လူတိုင်း၏အကြည့်သည် ရှထန်ကန်းထံသို့ ပြောင်းရွှေ့သွားသည်။

ဤအချိန်တွင် လူတိုင်းသည် ယခင်က ဗဟိုစစ်တဲအတွင်းတွင် လုယွီက ရှထန်ကန်း၏ စစ်ရေးအောင်မြင်မှုများကို လူသိရှင်ကြား မေးခွန်းထုတ်ခဲ့သည်ကို သတိရသွားပေ၏။

ထိုအချိန်က သူတို့သည် ဆက်လက်စုံစမ်းစစ်ဆေးလိုခဲ့သော်လည်း မင်းသားကူက သူတို့ကို တားဆီးခဲ့သည်။

ယခုချိန်၌ သူတို့ ထပ်မံ၍ စဉ်းစားကြည့်ချိန်တွင် လုယွီသည် အကြောင်းရင်းမရှိဘဲ ထိုသို့ပြုလုပ်ခဲ့မည် မဟုတ်ချေ။ ဤကိစ္စ၏နောက်ကွယ်တွင် အကြောင်းအရင်းတစ်ခုခု ရှိနေရပေမည်။

"ငါအနိုင်ယူခဲ့တာလေ...ဒါက အမှန်ပဲ"

ရှထန်ကန်းက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

"ဟုတ်လို့လား...ဒါဆို ဘာလို့ လီကျိုးစီက အဲ့ဒီကိစ္စကို မသိတာလဲ"

လုယွီက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။

ဤအချိန်တွင် လီကျိုးစီကလည်း ရှထန်ကန်းကို လှည့်ကြည့်ပြီး ပြောဆိုလိုက်၏။

"ရှထန်ကန်း ဟုတ်လား...နန်းတွင်းကိုယ်ရံတော်စစ်တပ်ရဲ့ တပ်မှူးလား...ငါ အရင်တုန်းက နန်းတွင်းကိုယ်ရံတော်စစ်တပ်က ဗိုလ်ချုပ်အတော်များများနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်... ဒါပေမဲ့ မင်းနဲ့တော့ တစ်ခါမှ မတွေ့ဖူးဘူး... မင်းငါ့ကို ဘယ်နေရာမှာ အနိုင်ယူခဲ့လဲဆိုတာကို ငါ အရမ်းသိချင်တယ်"

လီကျိုးစီက မေးမြန်းသည်။

Chapter 4705

စုန့်ချင်းဟူက ရယ်မောလိုက်သည်။

"ဟား ဟား ဟား... ငါပြောသားပဲ...ရှထန်ကန်း....မင်းလို လူယုတ်မာတစ်ယောက်ပဲ... မင်းက လီကျိုးစီလို လူမျိုးကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ... ဒါဆိုရင် မင်းက စစ်ရေးအောင်မြင်မှုတွေကို မမှန်မကန် တောင်းဆိုတာပေါ့... ရယ်စရာကောင်းလိုက်တာ"

တခြားစစ်ဗိုလ်ချုပ်များကလည်း ရှထန်ကန်းကို သရော်တော်တော် ကြည့်လိုက်ကြသည်။

စစ်ရေးအောင်မြင်မှုများကို လိမ်လည်၍ ရယူခြင်းမှာ စစ်တပ်တွင် ကြီးမားသော ရာဇဝတ်မှုတစ်ခုဖြစ်ရုံသာမက အလွန်အရှက်ရဖွယ်ကောင်းသော ကိစ္စတစ်ခုလည်း ဖြစ်သည်။

ဤကိစ္စသာ ပျံ့နှံ့သွားပါက စစ်ရေးအောင်မြင်မှုများကို လိမ်လည်ရယူသူများသည် စစ်တပ်တွင် ဆက်နေရန် မလိုအပ်တော့ချေ။

ရှထန်ကန်းက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

"ငါ့မှာ သက်သေအနေနဲ့ ကိုယ်ရံတော်တပ်သားတွေရဲ့ အလောင်းတွေရှိတယ်....မင်းတို့က ငါ့ကို အသရေဖျက်ဖို့ ဘာအခွင့်အရေးရှိလို့လဲ.... ဒါ့ပြင် လီကျိုးစီကို မင်းက ယုတ်မာတဲ့ နည်းစနစ်တွေနဲ့ ထိန်းချုပ်ထားတာ... သူပြောသမျှက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှာပဲ..."

"အဲ့ဒီလိုလား..."

လုယွီက လက်ကို ဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။

"တစ်ယောက်ယောက် လာခဲ့စမ်း... အပြင်မှာရှိတဲ့ စစ်ဗိုလ်ချုပ်ကို သွားခေါ်လိုက်စမ်း"

မကြာမီတွင် စစ်ဗိုလ်ချုပ်တစ်ယောက် ဝင်လာသည်။ သူသည် ဗဟိုစစ်တဲအတွင်းမှ လူများကို မြင်ချိန်၌ အလျင်အမြန် ဦးညွှတ်လိုက်၏။

"ပဉ္စမအဆင့် သိုင်းအရာရှိ ဗိုလ်ချုပ်ချန်ကျိုးက အရှင်တို့ကို အရိုအသေပြုပါတယ်..."

ထိုစစ်ဗိုလ်ချုပ်သည် တာယွီစစ်ဗိုလ်ချုပ်တစ်ယောက်၏ သံချပ်ကာကို ဝတ်ဆင်ထားပြီး သူ၏ ရင်ဘတ်သံချပ်ကာပေါ်တွင် ကျားတစ်ကောင်၏ပုံကို ထွင်းထုထားသည်။ သူသည် အဆင့်နိမ့်စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး ဤနေရာသို့ ဝင်ရောက်ရန် အရည်အချင်းမရှိပေ။

"လုယွီ မင်းက ပဉ္စမအဆင့် အရာရှိငယ်တစ်ယောက်ကို ဒီကိုခေါ်လိုက်တာ ဘာသဘောလဲ..."

ရှထန်ကန်းသည် လှောင်ပြောင်နေဆဲဖြစ်သော်လည်း သူ၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ သီးနေလေပြီ။

လုယွီက ရှထန်ကန်းကို လျစ်လျူရှုပြီး ပြောဆိုသည်။

"ချန်ကျိုး.... အဲဒီနေ့က ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြစမ်း"

"ဟုတ်ကဲ့ပါ အရှင်တို့...အဲဒီနေ့က ကျွန်တော်က မြို့တော်ကို လက်နက်ခဲယမ်းတစ်သုတ် ပို့ဆောင်ဖို့ တာဝန်ယူထားပါတယ်..."

ချန်ကျိုးသည် လွန်ခဲ့သော ရက်အနည်းငယ်က လီကျိုးစီ တိုက်ခိုက်ခဲ့စဥ်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြလိုက်သည်။

သူသည် ထိုနေ့က လက်နက်ခဲယမ်းများကို ပို့ဆောင်ရန် တာဝန်ယူထားသော အရာရှိဖြစ်သည်။

သူသည် ထိုနေ့က သေလုမတတ် ကြောက်လန့်နေခဲ့ပြီး ထန်စစ်တပ်၏ တိုက်ခိုက်မှုကို နောက်တစ်ကြိမ် ခံရမည်အား စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ လက်အောက်ငယ်သားများကို အရှိန်မြှင့်ပြီး ထွက်ခွာရန် အမိန့်ပေးခဲ့ပြီး ထန်စစ်သားများ၏အလောင်းများကို အနည်းငယ်မျှ ဂရုမစိုက်ခဲ့ချေ။

ဤအလောင်းများကို ရှထန်ကန်းက အခွင့်ကောင်းယူပြီး စစ်ပွဲအောင်မြင်မှုများအဖြစ် ယူဆောင်သွားလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။

ချန်ကျိုး၏ဖော်ပြချက်အရ လူတိုင်းမှ ရှထန်ကန်းကို ကြည့်သည့်အကြည့်များ ပို၍ပို၍ ထူးဆန်းလာသည်။

မည်သို့ပင်ဆိုစေကာမူ ဤချန်ကျိုး၏ ရှင်းပြချက်များသည် ကျိုးကြောင်းဆီလျော်မှုအရှိဆုံးပင်။

လီကျိုးစီကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခြင်း.....လုယွီသည် မည်မျှထိ သန်မာအားကောင်းသည်ကို ပြောရန်ခက်သော်လည်း သူသည် ဤကိစ္စကို လုပ်နိုင်မည်မှာ သေချာပေါက်ပင်။

ကောင်းရှစ်ကျီးကဲ့သို့ ရိုသေလေးစားခံရသော ထန်စစ်နတ်ဘုရားပင်လျှင် သွေးအန်သည်အထိ အရိုက်ခံခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် မည်သူမဆို ဤကိစ္စကို ခန့်မှန်းနိုင်သည်။

နှိုင်းယှဉ်ကြည့်လျှင် ရှထန်ကန်းသည် နန်းတွင်းကိုယ်ရံတော်တပ်၏ တပ်မှူးဖြစ်လာပြီးနောက် တစ်ခါမျှပင် လှုပ်ရှားဖူးခြင်း မရှိခဲ့ချေ။ သူမည်မျှထိ အစွမ်းထက်သည်ကို မည်သူမျှ မသိပေ။

"မင်းက ဘယ်သူရဲ့လက်အောက်ငယ်သားလဲ....ဒီမှာ အဓိပ္ပာယ်မရှိတဲ့ စကားတွေ လာပြောရဲတာလား...."

ရှထန်ကန်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။

သူသည် နန်းတွင်းကိုယ်ရံတော်တပ်၏ တပ်မှူးဖြစ်သဖြင့် အဆင့်နိမ့်ဗိုလ်ချုပ်တစ်ဦးထက် အဆင့်များစွာ ပို၍မြင့်သည်။

ချန်ကျိုးသည် ထိတ်လန့်ကြောက်လန့်သွားပြီး မြေပြင်ပေါ်တွင် အလျင်အမြန် ဒူးထောက်လိုက်သည်။

"သခင်ရှ....ဒီငယ်သား ပြောတာ အမှန်တရားပါ.... အဲဒီနေ့က အရှင်လုသာ မတော်တဆ ဖြတ်မသွားခဲ့ရင် ကျွန်တော်တို့အားလုံး သေဆုံးသွားမှာပါ...."

ကျန်းကျွင့်ချန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"ဒါက မင်းရဲ့ တစ်ဖက်သတ် ပြောစကားပဲ... မင်းမှာ သက်သေအထောက်အထား ရှိလို့လား"

ဤအချိန်တွင် ကျန်းကျွင့်ချန်သည် အဆင့်မြင့် မိန်းမစိုးများ၏ ဝတ်စုံဖြစ်သော အနီရောင် စပါးကြီးမြွေဝတ်ရုံကို ဝတ်ဆင်ထားပေ၏။

ချန်ကျိုးကဲ့သို့ စစ်ဗိုလ်ချုပ်တစ်ယောက်သည် ပုံမှန်အားဖြင့် ကျန်းကျွင့်ချန်ကို မြင်ခွင့်ပင် မရှိပေ။ ဤအချိန်တွင် သူက တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်သည်။

"အမတ်ကြီး....သယ်ယူပို့ဆောင်ရေးသင်္ဘောမှာ မှတ်တမ်းတင်သလင်းကျောက်လုံး ရှိပါတယ်... ကျွန်တော်က ဒါ့ကို သက်သေအဖြစ် ပြနိုင်ပါတယ်"

စစ်တပ်မှ သယ်ယူပို့ဆောင်ရေးသင်္ဘောများကို များသောအားဖြင့် တန်ဖိုးကြီးပစ္စည်းများကို သယ်ယူပို့ဆောင်ရာ၌ အသုံးပြုသည်။

ထို့ကြောင့် စစ်သင်္ဘောတိုင်းတွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်၏ မြင်ကွင်းကို မှတ်တမ်းတင်ရန် မှတ်တမ်းတင်သလင်းကျောက်လုံးတချို့ ရှိနေသည်။

ချန်ကျိုးက မှတ်တမ်းတင်သလင်းကျောက်လုံးကို ထုတ်ယူပြီး သူ၏မှော်စွမ်းအားတစ်လှိုင်းကို ထိုအရာအတွင်းသို့ ထိုးသွင်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ကြယ်တာရာများပြည့်နေသော ညကောင်းကင်ယံ၏ မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော ထန်စစ်သားများသည် ရုတ်တရက် ကြယ်တာရာများပြည့်နေသော ကောင်းကင်မှ ထွက်ပေါ်လာပြီး တာယွီ၏ သယ်ယူပို့ဆောင်ရေးသင်္ဘောထံသို့ တိုးဝင်တိုက်ခိုက်ကြသည်။

Thank For Reading.

All Chapters