← Chapters

အခန်း (၄၇၀၆-၄၇၁၀)

Vol. 239 Ch. 4706-4710

အခန်း (၄၇၀၆-၄၇၁၀)

Vol. 239 Ch. 4706-4710

Chapter 4706

"ယုတ်မာလိုက်တာ...."

"ထန်စစ်တပ်က နောက်ကွယ်ကနေ ချောင်းမြောင်းတိုက်ခိုက်တဲ့ နည်းလမ်းဟောင်းကိုသုံးဖို့ ကြံစည်နေတာပဲ...."

စစ်ဗိုလ်ချုပ်တချို့သည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ထန်စစ်တပ်ကို ဒေါသတကြီး ကျိန်ဆဲလိုက်ကြ၏။

သူတို့အနက်မှတချို့သည် ကျားလှောင်အိမ်ခံတပ်မှ အသက်ရှင်ကျန်ရစ်သူများပင်။

ယခင်က ကျားလှောင်အိမ်ခံတပ်သည် အလွန်တည်ငြိမ်ခဲ့သည်။ ကောင်းရှစ်ကျီးသည် လေဟာနယ်အက်ကွဲကြောင်းကို ဖြတ်သန်းပြီး အနောက်မှပတ်၍ တိုက်ခိုက်ခဲ့သောကြောင့်သာ တာယွီစစ်တပ်၏ကာကွယ်စည်းတစ်ခုလုံး ပြိုလဲသွားခဲ့ခြင်း ဖြစ်သည်။

ယခုချိန်၌ ထန်စစ်တပ် ထိုနည်းလမ်းအတိုင်း အသုံးပြုရန် စီစဉ်နေသည်ကို မြင်ချိန်၌ တာယွီစစ်ဗိုလ်ချုပ်များ၏နှလုံးသားများအတွင်းရှိ ဒေါသမီးတောက်များ ပေါက်ကွဲထွက်လာသည်။

ထို့နောက်တွင် ထန်စစ်တပ်သည် နည်းလမ်းအမျိုးမျိုးဖြင့် သယ်ယူပို့ဆောင်ရေးသင်္ဘော၏ ကုန်းပတ်ပေါ်သို့ တက်လာကြသည်။

ချန်ကျိုးသည် သူ၏လူများနှင့်အတူ ချက်ချင်း ပြေးထွက်လာပြီး အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း အဆုံးတွင် အနက်ရောင်သံချပ်ကာဝတ် ထန်စစ်ဗိုလ်ချုပ်တစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"ဒီလူတွေက လီကျိုးစီရဲ့ ကိုယ်ရံတော်စစ်သည်တွေ မဟုတ်ဘူးလား..."

"သူတို့အားလုံးက ထန်စစ်တပ်ကနေ ဂရုတစိုက် ရွေးချယ်ထားတဲ့ ထိပ်တန်းစစ်သည်တော်တွေပဲ.... စစ်မြေပြင်မှာတောင် သူတို့က အတော်လေး ထူးချွန်တယ်...သူတို့သာ နောက်တန်းကိုလာပြီး သာမန်စစ်တပ်တစ်တပ်ကို တိုက်ခိုက်ရင် ဒါက ဘေးဒုက္ခတစ်ခုပဲ..."

စစ်ဗိုလ်ချုပ်များသည် ထိုမြင်ကွင်းကို စူးစိုက်ကြည့်နေကြပြီး သူတို့၏စိတ်နှလုံးသားများ မွန်းကြပ်နေပေ၏။

အကယ်၍ သူတို့သာ ဤသယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်တွင် ရှိနေပါက အသက်ရှင်သန်နိုင်မည်ဟု သူတို့သည်လည်း အာမမခံနိုင်ချေ။

"လီကျိုးစီ....သူ အဲ့ဒီမှာ....."

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

လေထုအတွင်းတွင် လီကျိုးစီ၏ သန်မာထွားကျိုင်းသော ခန္ဓာကိုယ်သည် ရုတ်တရက် ထွက်ပေါ်လာပြီး အောက်မှတိုက်ပွဲကို ငုံ့ကြည့်နေသည်။

တာယွီစစ်တပ်၏သင်္ဘောကို လိုက်ပါစောင့်ရှောက်နေသော စစ်သည်တော်အားလုံး မျှော်လင့်ချက်ကင်းမဲ့သွားကြသည်။

ထန်စစ်တပ်သည် ဤကဲ့သို့ အားကောင်းသည့် စစ်ဗိုလ်ချုပ်တစ်ယောက်ကို အမှန်တကယ် စေလွှတ်ခဲ့သည်။ ဤသည်မှာ သူတို့၏ ခုခံနိုင်စွမ်းကန့်သတ်ချက်ကို ကျော်လွန်သွားလေပြီ။

ဤအချိန်အခိုကိအတန့်တွင် လုယွီ ထွက်ပေါ်လာသည်။

ထို့နောက်တွင် လူတိုင်းသည် မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

လုယွီသည် ထူးကဲသော မှော်စွမ်းအားကို ပိုင်ဆိုင်ထားပုံရပြီး သူ၏လက်ကို မြှောက်လိုက်သည်နှင့် လီကျိုးစီ၏ နည်းစနစ်များအားလုံးကို ချိုးဖျက်လိုက်သည်။

လီကျိုးစီ၏ ဒေါသတကြီး ဟိန်းဟောက်သံအောက်တွင် လုယွီသည် သူ့ကို ဖိနှိပ်လိုက်ပြီးနောက် ကြွင်းကျန်သော ထန်စစ်သားများအားလုံးကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်။

ထိုဖျက်ဆီးအားပြင်းသော လက်သီးစွမ်းအားသည် ကောင်းကင်ကိုပင် ကြေမွစေနိုင်ပုံရသည်။ ဤသလင်းကျောက်ဘောလုံးမှတစ်ဆင့် လူတိုင်းသည် ကြောက်မက်ဖွယ်ကောင်းပြီး အားကောင်းသည့် စွမ်းအားကို ခံစားနေရဆဲပင်။

ဤသည်မှာ မည်သို့သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားမျိုး ဖြစ်သနည်း....

လူတိုင်း၏စိတ်နှလုံးသားများ ပြင်းထန်စွာ တုန်ခါလာသည်။

"အရှင်လုပဲ ဒါကို လုပ်နိုင်လိမ့်မယ်"

စစ်ဗိုလ်ချုပ်တချို့က တီးတိုးရေရွတ်လိုက်သည်။

သူတို့သည် လုယွီနှင့်ကောင်းရှစ်ကျီးတို့ကြားမှ တိုက်ပွဲကို မြင်တွေ့ခဲ့ဖူးသည်။

လုယွီ၏စွမ်းအားသည် ရှေးဟောင်းစစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူ၏စွမ်းအားသည် ကြီးမားကျယ်ပြန့်ပြီး အဆုံးမရှိကာ လောကရှိ အရာအားလုံးကို ဖျက်ဆီးနိုင်သည်။

သလင်းကျောက်ဘောလုံး၏ မှတ်တမ်းသည် ဤနေရာတွင် ရပ်တန့်သွားပေ၏။

လူတိုင်းသည် ယခုမှ အသိပြန်ဝင်လာကြပြီး ရှထန်ကန်းဘက်သို့ ကြည့်လိုက်သော သူတို့၏အကြည့်များ ထူးဆန်းသွားသည်။

ဤသလင်းကျောက်ဘောလုံးကို အတုလုပ်ရန် မဖြစ်နိုင်ချေ။ ထို့ပြင် လုယွီထံတွင် မျက်မြင်သက်သေများ ရှိနေသည်။ ရှထန်ကန်းမှ တိုက်ပွဲအောင်မြင်မှုကို အပိုင်စီးသည့်ကိစ္စသည် ကျောက်တုံးတွင် ထွင်းထုထားသကဲ့သို့ ခိုင်မာနေလေပြီ။

"တကယ့်ကို ယုတ်မာတဲ့လူပဲ...မင်းက ပုံမှန်ဆိုရင် မင်းရဲ့စွမ်းအားကို ကြွားဝါပြီးတော့ အရမ်းမောက်မာတယ်... ဒါပေမဲ့ တကယ်တော့ မင်းက နောက်ကွယ်မှာ တိုက်ပွဲအောင်မြင်မှုကို ခိုးယူခဲ့တာပဲ...မင်းက တပ်ထဲမှာ ကြီးမားတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ်...ဒါကြောင့် မင်းကို စစ်ဥပဒေအရ အပြစ်ပေးသင့်တယ်"

စုန့်ချင်းဟူသည် စားပွဲကို ရိုက်ပုတ်ကာ ရှထန်ကန်စကို ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းလိုက်သည်။

စုန့်ချင်းဟူ သာမက အမြဲတစေ တည်ငြိမ်ခဲ့သော ဖူကျစ်ရွှယ်ပင်လျှင် ဤအချိန်တွင် သူ၏မျက်နှာပေါ်၌ ဒေါသအရိပ်အယောင်တစ်ရပ် ရှိနေသည်။

"စာပေသူတော်စင်က လောကနှစ်ခုတောင်တန်းကို ရောက်နေပြီးတော့ ဒီနေရာနဲ့ ဝေးကွာနေပေမယ့်...သူ့ရဲ့တပည့်ဖြစ်တဲ့ ငါတို့တွေက အနိုင်ကျင့်ခံရဖို့ မဟုတ်ဘူး....ဘယ်သူမဆို လုယွီရဲ့ စစ်ရေးအောင်မြင်မှုတွေကို တပ်မက်ဝံ့ရင် ငါ့တို့ကို ဖြတ်ကျော်ပြီးမှ ရနိုင်မယ်"

ဖူကျစ်ရွှယ်က ခက်ထန်တင်းမာစွာ ပြောဆိုသည်။

လူတိုင်း တုန်လှုပ်သွားကြသည်။ ဤသည်မှာလူအိုကြီးတစ်ဦးဖြစ်သည့် ရီဟန်ကို ရည်ညွှန်းနေခြင်းဖြစ်ပေ၏။

ရီဟန်သည် ဧကရာဇ်၏ ဆရာဖြစ်ပြီး သူသည် အမတ်ကြီးသုံးဦး၏ အကြီးအကဲဖြစ်သည့် စာပေသူတော်စင်လည်း ဖြစ်သည်။

ဧကရာဇ်ပင်လျှင် သူ့ကို ဆရာဟု ခေါ်ဆိုရမည်ဖြစ်ရာ သူတို့ကဲ့သို့လူများကို ထည့်ပြောရန်ပင် မလိုတော့ချေ။

ရှထန်ကန်း ထိတ်လန့်တုန်လှုပ်သွားသည်။ သူသည် ကျိုးယွမ်ယန်၏ အချစ်တော်အရာရှိဖြစ်သော်လည်း သူသာ ရီဟန်၏အဖွဲ့ကို ပြစ်မှားမိပါက ကောင်းမွန်သော အဆုံးသတ်ကို ရရှိမည်မဟုတ်သည်မှာ သေချာသည်။ တောင်ပိုင်းဧကရာဇ်ပင်လျှင် သူ့ကို ကာကွယ်နိုင်မည် မဟုတ်ပေ။

Chapter 4707

"ကျစ် ကျစ်..တော်ဝင်စစ်တပ်က တကယ့်ကို ငါတို့ရဲ့တိုက်ပွဲအောင်မြင်မှုတွေကို ခိုးချင်နေတာပဲ"

"သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စင်းသာ မတော်တဆဖြတ်မသွားရင်....ဒီကိစ္စကို ရှင်းပြရခက်သွားမှာကို ငါ စိုးရိမ်တယ်"

စစ်ဗိုလ်ချုပ်အားလုံးသည် တက်ကြွစွာ ဆွေးနွေးကြပြီး ရှထန်ကန်းကို မထီမဲ့မြင်ပြုသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

နန်းတော်ကိုယ်ရံတော်တပ်မှ စစ်ဗိုလ်ချုပ်များပင်လျှင် သူတို့၏မျက်နှာများ နီမြန်းသွားပြီး အရှက်ကွဲမှုကို မခံနိုင်တော့ချေ။

သူတို့အနက်မှအများသည် ရှထန်ကန်း၏ တိုက်ပွဲအောင်မြင်မှုများ အတုဖြစ်သည်ကို မသိခဲ့ကြပေ။

ထို့ပြင် ယခင်က သူတို့သည် အခြားတော်ဝင်အစောင့်အရှောက်များကို ရှထန်ကန်းက လီကျိုးစီကို အနိုင်ယူနိုင်ခဲ့သည်ဟုပင် ကြွားဝါခဲ့ကြသည်။

သို့ရာတွင် ယခုချိန်တွင်မူ လက်တွေ့ဖြစ်ရပ်မှန်သည် သူတို့၏မျက်နှာများကို ပါးဖြတ်ရိုက်လိုက်သည့်အလားပင်။

"စစ်ဘက်ဥပဒေအရ တိုက်ပွဲအောင်မြင်မှုတွေ လိမ်ညာယူတဲ့လူတွေကို ရာထူးသုံးဆင့် လျှော့ချပြီးတော့ လစာငါးနှစ်စာ ဒဏ်ရိုက်ပြီး ကြိမ်ဒဏ်ချမှတ်ရမယ်....ရှထန်ကန်း...မင်းက စစ်ဥပဒေကို ချိုးဖောက်မှာတော့ မဟုတ်ဘူးမလား..."

စုန့်ချင်းဟူက ကြမ်းတမ်းသော အပြုံးဖြင့် မတ်တတ်ထရပ်လိုက်သည်။ သူသည် သူ၏လက်သီးများကို အလွန်တင်းကြပ်စွာ ဆုပ်ထားသဖြင့် တဖျစ်ဖျစ်မြည်သံများကိုပင် ကြားနေရသည်။

သူသည် ရှထန်ကန်းကို ယခင်ကတည်းက မနှစ်မြို့ခဲ့ချေ။ ယခုချိန်၌ ရှထန်ကန်းသည် ကြီးလေးသောအမှားကို ကျူးလွန်ခဲ့ရာ စုန့်ချင်းဟူသည် သူ့ကို အပြစ်ပေးရန် အခွင့်အရေးတစ်ခုကို ရှာတွေ့သွားလေပြီ။

တခြားသူများသည် ဤပြစ်ဒဏ်ကို ကြားချိန်၌ ထိတ်လန့်တုန်လှုပ်သွားပေ၏။

ဤပြစ်ဒဏ်သည် ကြားရသလောက် မရိုးရှင်းပေ။ ကြိမ်ဒဏ်အတွက် စစ်တပ်အတွင်းတွင် အပြစ်ရှိသော စစ်သည်တော်များကို အပြစ်ပေးရန် အသုံးပြုသော "ပြစ်ဒဏ်တုတ်"ဖြင့် ရိုက်နှက်သည်။

ဤမှော်စွမ်းအားရှိသော မှော်ရတနာကို ယခင်က တာယွီဧကရာဇ်ကောင်းကျူကိုယ်တိုင် ပြုလုပ်ခဲ့သည်။ ဤပြစ်ဒဏ်တုတ်ပေါင်း သုံးထောင်ရှိပြီး စစ်တပ်အများစု၏ စစ်ဘက်ဥပဒေရုံးတွင် တွေ့ရှိရသည်။

ဤတုတ်သည် လူတစ်ယောက်ကို သေစေမည်မဟုတ်သော်လည်း သူ၏အရိုး အသားနှင့် အသားကို နာကျင်စေနိုင်သည်။ သူ၏စိတ်ဝိညာဉ်ပင်လျှင် နာကျင်မှုမှ မလွတ်မြောက်နိုင်ချေ။ ဤသည်မှာ လူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းမှ ပြင်ပသို့လာသော နာကျင်မှုတစ်ခုဖြစ်သည်။

ပြစ်ဒဏ်တုတ်ဖြင့် နှိပ်စက်ခြင်းခံခဲ့ရသော လူအမြောက်အများသည် ပုံမှန်အားဖြင့် ပြန်လည်ကောင်းမွန်ရန်အတွက် အချိန်ကြာမြင့်စွာယူရန် လိုအပ်သည်။

ရှထန်ကန်း၏အမူအယာ ချက်ချင်း ပြောင်းလဲသွားသည်။ စစ်ပွဲအောင်မြင်မှုကို အပိုင်စီးသည့် ရာဇဝတ်မှုသည် သေဒဏ်မဟုတ်သော်လည်း ဤသည်မှာ သူ၏ဘဝတလျှောက် အရှက်ရမှုကို သံမှိုစွဲထားရန် လုံလောက်သည်။

"ခဏနေအုံး....အခု ရန်သူက ငါတို့ရှေ့မှာ ရှိနေတယ်....အခြေအနေက အရေးပေါ်ဖြစ်နေတယ်...ဒီပြစ်ဒဏ်ကို အခု ပေးလို့မရဘူး"

ကျန်းကျွင်းချန်သည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

စုန့်ချင်းဟူ ချက်ချင်း ဒေါသထွက်သွားသည်။ "ဒါ မဖြစ်ဘူး.. ဒါလည်း မဖြစ်ဘူး...ဘာလဲ.. သူက လူအများကြီးရှေ့မှာ စစ်ဘက်ဥပဒေကို ချိုးဖောက်ခဲ့တယ်... မင်းက သူ့ကို ကာကွယ်အုံးမှာလား"

ကျန်းကျွင်းချန်က ပြောဆိုသည်။

"တပ်မှူးရှက ငါတို့တပ်ရဲ့ တပ်မှူးတစ်ယောက်ပဲ....ငါတို့က သူ့ကို ဧကရာဇ်ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ အပြစ်ပေးရင် ဒါက ရန်သူကို ကူညီသလို ဖြစ်သွားပြီးတော့ ငါတို့ရဲ့ကိုယ်ပိုင်အင်အားကို အားနည်းစေလိမ့်မယ်"

စုန့်ချင်းဟူက အေးစက်စက် နှာမှုတ်လိုက်သည်။ "မင်း လုယွီကို ဆက်ဆံတုန်းက အဲ့ဒီလိုစကားတွေ ဘယ်တုန်းကမှ မပြောခဲ့ဘူး"

စစ်တဲအတွင်းရှိ တခြားသူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။

ရှထန်ကန်းနှင့်ကျန်းကျွင်းချန်တို့သည် လုယွီနှင့် တခြားစစ်ဗိုလ်ချုပ်အားလုံးကို မောက်မာထောင်လွှားပြီး အထက်စီးဆန်သော သဘောထားဖြင့် ဆက်ဆံခဲ့ကြသည်။

ဤသည်မှာ သူတို့ကို ရဲဘော်ရဲဘက်များကဲ့သို့ ဆက်ဆံနေခြင်း မဟုတ်ဘဲ အစေခံများကို ဆက်ဆံနေခြင်းနှင့် တူသည်။

"ရှထန်ကန်း...."

လုယွီက အော်ဟစ်လိုက်သည်။

"ငါက စစ်ရေးဝန်ကြီးပဲ...ငါ့မှာ တော်ဝင်နန်းတွင်းကိုယ်စား ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်ရှိတယ်.... မင်းက ငါ့ရဲ့စစ်ရေးအောင်မြင်မှုတွေကို မမှန်မကန် ခိုးယူခဲ့တယ်... ငါ မင်းကို ပြစ်ဒဏ်ခံယူဖို့ မတောင်းဆိုဘူး....မင်းသာ ငါ့ဆီက ပါးတစ်ချက်ရိုက်ခံရင် ငါ ဒီကိစ္စကို အလွတ်ပေးမယ်"

ရှထျန်းကန်းသည် ဤစကားကို ကြားချိန်၌ သူ၏ဖြူဖျော့သော မျက်နှာသည် ထိတ်လန့်မှုမှ ပြန်လည်ကောင်းမွန်လာပေ၏။

"လုယွီ...မင်းကိုယ်တိုင် ပြောခဲ့တာနော်...မင်း ဒီစကားကို ပြန်ရုတ်သိမ်းလို့ မရဘူး"

ရှထန်ကန်းက အေးစက်စက်အပြုံးဖြင့် ပြောဆိုသည်။

အကယ်၍ သူသည် ရာထူးသုံးဆင့် လျှော့ချခံရပြီးနောက် ကြိမ်ဒဏ်ချမှတ်ခြင်းခံရပါက အနာဂတ်တွင် သူသည် တပ်မှူးအဖြစ် စစ်တပ်ကို ဦးဆောင်ပိုင်ခွင့်ရှိမည် မဟုတ်ချေ။

ဤသည်မှာ ရှထန်ကန်း၏ အသက်မွေးဝမ်းကျောင်းကို ပျက်စီးစေနိုင်လောက်သည့် ထိုးနှက်ချက်တစ်ခုပင်။

သို့ရာတွင် သူသည် လက်ဝါးရိုက်ချက်တစ်ချက်ကိုသာ ခံယူရပါက ပို၍ရိုးရှင်းသွားပေမည်။

"မင်းက ကောင်းရှစ်ကျီးမှာပဲ ရတနာသံချပ်ကာရှိတယ်လို့ ထင်နေတာလား....ငါ့ရဲ့ရှမိသားစုက လောကမှာ အချမ်းသာဆုံးမိသားစုပဲ....ငါတို့ရဲ့ရတနာတွေက အဆုံးမရှိဘူး...မင်းရဲ့ပါးတစ်ချက်က ငါ့ကို ဘယ်လိုလုပ်ပြီး ဒဏ်ရာရစေနိုင်မှာလဲ..."

ရှထန်ကန်းသည် အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏သွေးချီစွမ်းအားများကို ဆင့်ခေါ်လိုက်သည်။

မကြာမီမှာပင် သူ၏သွေးချီစွမ်းအားများသည် နဂါးတစ်ကောင်ကဲ့သို့ လူးလွန့်လာကာ သူ၏ရုပ်ခန္ဓာကိုယ်သည် သိုင်းသူတော်စင်အဆင့်သို့ရောက်နေသည့် ခွန်အားကို ပြသလိုက်၏။

Chapter 4708

ရှထန်ကန်းသည် ဤရာထူးတွင် ထိုင်နိုင်သည်မှာ ကျိုးယွမ်ယန်၏ မျက်နှာသာပေးမှုကြောင့်သာမက သူ၏ကိုယ်ပိုင်ခွန်အားကြောင့်လည်း ပါဝင်သည်။

နန်းတွင်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုစဥ် အချိန်ကတည်းက ရှထန်ကန်းသည် သူ၏ရုပ်ခန္ဓာကိုယ်ကို သိုင်းသူတော်စင်နယ်ပယ် အစောပိုင်းအဆင့်သို့ရောက်အောင် ကျင့်ကြံခဲ့ပြီးဖြစ်သည်။

ရှမိသားစုသည် လောကတွင် အချမ်းသာဆုံးမိသားစုဟု ခေါ်ထိုက်သည်မှာ အမှန်ပင်။ ရှေးဟောင်းရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံနည်းစနစ်များသည် အချိန်ကြာမြင့်စွာကတည်းက ဖြတ်တောက်ခြင်းခံခဲ့ရသည်။ သူတို့သည် ရှထန်ကန်းကို သိုင်းသူတော်စင်နယ်ပယ်သို့ရောက်အောင် ပျိုးထောင်ထားနိုင်မည်ဟု မည်သူက ထင်မည်နည်း။

"ငါ့ရဲ့သံချပ်ကာက ရှမိသားစုရဲ့ ရှေးဟောင်းစပါးကြီးမြွေ ရွှေအကြေးခွံကနေ သွန်းလုပ်ထားတာ... ဒါက ဖျက်ဆီးလို့မရဘူး....ရေနဲ့မီးကို ခံနိုင်ရည်ရှိတယ်... လုယွီ မင်းက လီကျိုးစီကို အနိုင်ယူခဲ့ပေမယ့် မင်းရဲ့တိုက်ပွဲအောင်မြင်မှုတွေကို ဂရုမစိုက်ဘူး....အလဟဿ ဖြုန်းတီးမယ့်အစား ငါ့ကို အကျိုးခံစားခွင့်ပေးလိုက်တာက ပိုကောင်းတယ်....မင်းက စိတ်ထားသေးသိမ်တယ်..... မင်းက ယောက်ျားစစ်စစ်တစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး..."

ရှထျန်းကန်းက အမှန်တရားကို ဖွင့်ဟပြောဆိုလိုက်သည်။

ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များသည် ပို၍ပို၍ မထီမဲ့မြင်ပြုလာကြသည်။ ရှထန်ကန်းသည် အမှန်တကယ်ကို အလွန်အမင်း မျက်နှာထူသည်။ သူသည် လုယွီထံမှ တိုက်ပွဲအောင်မြင်မှုကို အပိုင်စီးခဲ့သူဖြစ်သည်မှာ ထင်ရှားသော်လည်း ယခုမူ သူသည် လုယွီကို ဝေဖန်နေပေ၏။

နန်းတော်ကိုယ်ရံတော်တပ်မှ စစ်ဗိုလ်ချုပ်များပင်လျှင် ခေါင်းငုံ့လိုက်ကြသည်။

ရှထန်ကန်း၏ လုပ်ရပ်များသည် နန်းတွင်းကိုယ်ရံတော်တပ်မှ လူများအားလုံးကို အရှက်ရစေခဲ့သည်။

သို့ရာတွင် ရှထန်ကန်း စကားပြောပြီးသည်နှင့်တပြိုင်နက်တည်း လုယွီသည် သူ၏ရှေ့တွင် ထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။

ထို့နောက် သူသည် ပြင်းထန်စွာ ပါးရိုက်ချလိုက်၏။

လုယွီ၏လက်မှ နဂါးဟိန်းသံတစ်သံအလား ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။

လူတိုင်းသည် အနက်ရောင်အရိပ်တစ်ခု ဖြတ်ပြေးသွားသည်ကိုသာ မြင်လိုက်ရပြီး လုယွီ၏ လက်ဝါးသည် ရှထန်ကန်း၏ ရှေ့သို့ ရောက်ရှိသွားလေပြီ။

ရှထန်ကန်းသည်လည်း အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာတစ်ချပ်စီတိုင်းသည် ရုတ်တရက် ကျယ်ပြန့်သွားပြီး သတ္တုချင်းတိုက်ခတ်သံများ မြည်ဟီးနေပေ၏။

ဘုန်း...ဘုန်း...ဘုန်း...

ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာက စပါးကြီးမြွေတစ်ကောင်သည် သူ၏သားကောင်ကို မြင်ပြီးနောက် ခြိမ်းခြောက်သံများ ပြုလုပ်နေသည့်အလားပင်။

ရှထန်ကန်း၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်မြွေကြီးတစ်ကောင် ထွက်ပေါ်လာကာ သူ၏နံဘေးပတ်လည်တွင် ရစ်ပတ်ထားပြီး သူ့ကို အခိုင်အမာ ကာကွယ်ပေးထားသည်။

ဤသည်မှာ ရှမိသားစု၏ မသေမျိုးအဆင့် မှော်ရတနာဖြစ်သော ရှေးဟောင်းစပါးကြီးမြွေ ရွှေအကြေးခွံသံချပ်ကာပင်။

သို့ရာတွင် ရှထန်ကန်း ဝတ်ဆင်ထားသည်မှာ ရှေးဟောင်းစပါးကြီးမြွေ ရွှေအကြေးခွံသံချပ်ကာ၏ အတုအပတစ်ခုသာဖြစ်သည်။ အစစ်အမှန် မသေမျိုးအဆင့် မှော်ရတနာသည် နတ်ဘုရားအမတ်ကြီး ရှကွေ့ကျုံး၏ လက်အတွင်းတွင်ရှိသည်။ ရှထန်ကန်းသည် ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း သူသည် ရှမိသားစုတွင် ထိပ်ဆုံးနေရာသို့ရောက်ရန် အရည်အချင်းမပြည့်မီသေးချေ။

သို့ရာတွင် ဤအရာသည် အတုတစ်ခုဖြစ်လျှင်ပင် စွမ်းအားအပြည့်ရှိနေဆဲဖြစ်သည်။

နောက်ထပ်အချိန်တခဏတွင်....

လုယွီ၏လက်ဝါး ကျရောက်လိုက်ပြီး သံချပ်ကာ၏နံဘေးပတ်လည်ရှိ ကာကွယ်ရေးအတားအဆီးကို အတင်းအကြပ် ဆုတ်ဖြဲလိုက်သည်။

ရိုက်ချက်တစ်ချက်ဖြင့် ရှထန်ကန်း၏ သံချပ်ကာသည် ချက်ချင်း စုတ်ပြဲသွားပြီး သူ့ထံ၌ ခုခံကာကွယ်ရန် နည်းလမ်းမရှိတော့ချေ။

လုယွီ၏လက်ဝါးသည် ရှထျန်းကန်း၏ မျက်နှာပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်သွားသည်။ ရှထန်ကန်းသည် ထိုပါးရိုက်ချက်ဖြင့် လေထုအတွင်းသို့ လွင့်ထွက်သွားသည်။ သူသည် လေထုအတွင်းတွင် ချာလလည်ပတ်ပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာပေ၏။

သွေးစွန်းနေသော သွားသုံးချောင်းသည် မြေပြင်ပေါ်သို့ ထွက်ကျလာပြီး ရှထန်ကန်း၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာပေါ်မှ အကြေးခွံများသည်လည်း ပြန့်ကျဲသွားသည်။

"လုယွီ...."

ရှထန်ကန်းသည် အရှက်ရပြီး ဒေါသထွက်နေကာ သူ၏စိတ်နှလုံးသားအတွင်းတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။ ရုတ်ချည်းဆိုသလိုပင် သူသည် သွေးတစ်လုတ်အန်လိုက်သည်။

"မင်းက ကျိုးယွမ်ယန် ရွေးချယ်ခဲ့တဲ့ တော်ဝင်စစ်တပ်ရဲ့တပ်မှူးပဲ...တော်ဝင်နန်းတွင်းက ငါတို့ဒေသခံစစ်တပ်တွေအတွက် ဖြေရှင်းချက်ပေးမှာမဟုတ်ဘူး...မင်းရဲ့ပြစ်ဒဏ်ကို ငါဂရုစိုက်တယ်လို့ ထင်နေတာလား...ငါက မင်းကို ရိုက်ချင်ရုံပဲ"

လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။

"တပ်မှူးရှ..."

ကျန်းကျွင်းချန်သည် အလျင်အမြန် ရှေ့သို့ပြေးသွားပြီး ရှထန်ကန်းကို ထူပေးလိုက်သည်။ ထို့နောက် သူသည် နောက်သို့ပြန်လှည့်ကာ လုယွီကို အော်ငေါက်လိုက်သည်။

"လုယွီ....မင်းက မင်းရဲ့ရဲဘော်ရဲဘက်တွေအပေါ်ကို ဒီလောက်ထိ ရက်စက်ရလား..."

လုယွီသည် သူ့ကို ဂရုစိုက်ရန် ရည်ရွယ်ချက်မရှိဘဲ လှည့်ထွက်သွားသည်။

စုန့်ချင်းဟူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဟုတ်တယ်...ဒီအသုံးမကျတဲ့လူကို ဒီလိုမျိုး ပါးရိုက်သင့်တယ်... လုယွီသာ သူ့ကို သင်ခန်းစာမပေးရင် တခြားလူတွေက သူ့ကြောင့် အရှက်ရလိမ့်မယ်"

လူတိုင်း စစ်တဲအတွင်းမှ ထွက်သွားကြကာ တော်ဝင်စစ်တပ်မှစစ်ဗိုလ်ချုပ်များပင်လျှင် ထွက်ခွာသွားကြသည်။

ကြီးကျယ်ခမ်းနားသော နန်းတော်ကိုယ်ရံတော်တပ်၏ တပ်မှူးသည် တစ်ဖက်လူ၏ တိုက်ပွဲအောင်မြင်မှုကို တိတ်တဆိတ် အပိုင်စီးရုံသာမက တစ်ဖက်လူ၏ ပါးဖြတ်ရိုက်ခြင်းကို ခံခဲ့ရသည်။

သူတို့သည် ဤသို့သော အရှက်ရမှုကို တောင့်မခံနိုင်ကြချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဗဟိုစစ်တဲတစ်တဲလုံး ဗလာဖြစ်သွားသည်။

သူသည် သူ၏စစ်တပ်မှလူများ၏ ပစ်ပယ်ခြင်းကို ခံရသည်အား မြင်ချိန်၌ ရှထန်ကန်း၏ ဒေါသများ တိုးပွားလာပြီး နောက်ထပ်သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

Chapter 4709

ရှထန်ကန်း၏မျက်လုံးများ နီမြန်းနေပြီး သူသည် သူ၏နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်ကာ မြေပြင်ပေါ်မှ ထလိုက်သည်။

သူသည် ရှမိသားစု၏ အကြီးဆုံးသခင်လေးဖြစ်ပြီး တော်ဝင်ကျောင်းတော်၏ ထိပ်သီးတပည့်တစ်ယောက်ဖြစ်သည်။ ငယ်စဉ်ကတည်းက သူသည် ချစ်ခင်ယုယခြင်းခံခဲ့ရပြီး ရာထူးကြီးမားခဲ့သည်။ သူသည် မည်သည့်အချိန်က ဤသို့သော ဆက်ဆံမှုကို ခံခဲ့ရဖူးပါသနည်း။

လုယွီ၏ပါးရိုက်ချက်သည် သူ့ကို မသေစေခဲ့ဘဲ ပြင်ပဒဏ်ရာများကိုသာ ဖြစ်စေခဲ့သည်။

သို့ရာတွင် ထိုပါးရိုက်ချက်သည် သူ၏မျက်နှာပေါ်သို့ ကျရောက်လာချိန်၌ ရှထန်ကန်းကို အရှက်ရစေခဲ့သည်။ ဤသည်မှာ သေစေနိုင်သော အရှက်ခွဲခြင်းတစ်ခုပင်။

လုယွီ၏ အဓိပ္ပာယ်မှာ အလွန်ရှင်းလင်းသည်။

"ရှထန်ကန်း...မင်းက ငါ့ပေးမယ့်ပြစ်ဒဏ်နဲ့ မထိုက်တန်ဘူး... ငါက မင်းကို ပါးရိုက်ချင်ရုံပဲ"

ဤကဲ့သို့ မထီမဲ့မြင်ပြုမှုသည် ဧကရာဇ်တစ်ပါးမှ သူတောင်းစားတစ်ဦးကို ငုံ့ကြည့်နေခြင်းနှင့် တူညီပေ၏။ လုယွီသည် ရှထန်ကန်းကို ပြစ်ဒဏ်ပေးပါက သူ၏လက်များကို ညစ်ပတ်သွားမည်ကို စိုးရိမ်နေသည့်အလားပင်။

"လုယွီ...."

ရှထန်ကန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သူ၏အသံသည် ရှတတဖြစ်ပြီး အဆုံးမရှိသော မုန်းတီးမှုများဖြင့် ပြည့်နှက်နေကာ လှောင်အိမ်အတွင်းမှ လွတ်မြောက်လာသော ကြမ်းတမ်းသည့် သားရဲတစ်ကောင်ကဲ့သို့ပင်။

"ငါ သူ့ကို သတ်မယ်...ငါ သူ့ကို သတ်မယ်..."

ရှထန်ကန်းသည် စစ်တဲအတွင်းတွင် ဒေါသတကြီး ရှေ့နောက်လျှောက်လှမ်းနေပြီး စားပွဲတစ်လုံးကို ကန်ကျောက်ကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။

"သူက အောက်ဘုံကနေ တက်လာတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ... သူ့ရဲ့အဆင့်အတန်းက နိမ့်ကျတယ်...သူက တကယ်ပဲ ငါ့မျက်နှာကို ရိုက်ဝံ့တယ်...ဘယ်သူက သူ့ကို သတ္တိပေးခဲ့တာလဲ... ငါ သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်"

ရှထန်ကန်းသည် ဤတစ်ကြိမ်တွင် အမှန်တကယ်ကို ဒေါသထွက်နေသည်။

ဤတစ်ကြိမ်တွင် လုယွီသည် သူ့ကို ဖော်ထုတ်ရုံသာမက သူ၏မျက်နှာကိုပင် ပါးရိုက်ခဲ့သည်။ ဤသည်မှာ လုံးဝဥဿုံ အရှက်ခွဲခြင်းတစ်ခုပင်။

ဤသည်မှာ ရှထန်ကန်း၏ ရာထူးကို သက်ရောက်မှုမရှိလျှင်ပင် သူ၏ဂုဏ်သိက္ခာအပေါ် သက်ရောက်မှုရှိပေလိမ့်မည်။ တော်ဝင်စစစ်တပ်ပင်လျှင် သူ့၏အမိန့်ကို နာခံတော့မည်မဟုတ်ချေ။

အကယ်၍ အရာအားလုံး ပျက်စီးသွားပါက သူ ရှထန်ကန်းသည် စစ်တပ်အတွင်းတွင် ဟာသပြက်လုံးတစ်ခု ဖြစ်လာပေလိမ့်မည်။

"မိန်းမစိုးကျန်း... ငါ အခု လက်စားချေချင်တယ်...ငါ လက်စားမချေရရင် ငါက ယောက်ျားတစ်ယောက် မဟုတ်ဘူး...ငါသာ လုယွီကို သင်ခန်းစာမပေးရင် ငါ့ရဲ့တာအိုနှလုံးသားက တည်ငြိမ်နိုင်မှာ မဟုတ်ဘူး...ငါ အခု လုယွီကို စွပ်စွဲပြီးတော့ သူ့ကို အကျဉ်းသားတစ်ယောက်ဖြစ်အောင် လုပ်ဖို့ စာတစ်စောင် တင်သွင်းမယ်" ရှထန်ကန်းက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

မမျှော်လင့်ဘဲ ကျန်းကျွင်းချန်သည် ယခင်ကကဲ့သို့ စိတ်လှုပ်ရှားခြင်းမရှိဘဲ ထိုင်ခုံပေါ်တွင် ထိုင်ကာ လက်ဖက်ရည်ကို ဖြည်းညှင်းစွာ သောက်သုံးနေသည်။

"မင်း စိတ်အေးအေးထားပါ...စိတ်မရှည်မဖြစ်နဲ့... ဧကရာဇ်မှာ လုယွီကို ဖယ်ရှားချင်စိတ်မရှိဘူးလို့ မင်း ထင်နေတာလား"

ကျန်းကျွင်းချန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါက ဧကရာဇ်ရဲ့ဘေးမှာ အချိန်အကြာကြီး နေခဲ့တယ်....သူက ဒီအုပ်ချုပ်သူအရှင်တွေကြောင့် အရမ်းစိုးရိမ်နေရတယ်....လုယွီနဲ့ စုန့်ချင်းဟူ ဒီလူတွေက နန်းတွင်းကို သူတို့မျက်စိထဲမှာ လုံးဝမထည့်ဘူး... ဒီအတိုင်းဆက်သွားနေရင် သူတို့က အနာဂတ်မှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်"

ရှထန်ကန်းက ဒေါသတကြီး အော်ဟစ်လိုက်၏။

"သူတို့က ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီ.... ငါက တော်ဝင်စစ်တပ်ရဲ့ တပ်မှူးပဲ...ဒါပေမဲ့ သူတို့က ငါ့ကို ဒီလိုပုံစံနဲ့ စကားပြောဝံ့တယ်...အဲ့ဒီစုန့်ချင်းဟူက အရင်က အစေခံတစ်ယောက်ပဲ....တပ်ကြပ်တစ်ယောက်တောင် မဟုတ်ဘူး... သူက တကယ်ပဲ ငါ့ကို လက်ညှိုးထိုးပြီး ဆဲဆိုဝံ့တယ်...ယုတ္တိမရှိလိုက်တာ..."

"ဟား ဟား ဟား...မင်း စိတ်ချပါ... ဧကရာဇ်မှာ အစီအစဉ်မရှိဘူးလို့ မင်း ထင်နေတာလား"

ကျန်းကျွင်းချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သူ၏မျက်နှာပေါ်တွင် တည်ငြိမ်ပြီး တည်ကြည်လေးနက်သော အမူအယာများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ပင်မစစ်တဲအတွင်းတွင် လုယွီနှင့် အချေအတင် အငြင်းပွားနေသော အမူအယာနှင့် အလွန်ကွာခြားသည်။

ရှထန်ကန်း၏မျက်လုံး ပြူးကျယ်သွားပြီး သတိကြီးစွာထား၍ မေးမြန်းလိုက်သည်။

"ဧကရာဇ်မှာ ဘာအစီအစဉ်တွေ ရှိလဲ"

ကျန်းကျွင်းချန်က အပြုံး ပြောဆိုလိုက်၏။

"မင်း မေ့သွားတာလား...လုယွီရဲ့ ပုန်းကွယ်နဂါးစစ်တပ်က ရောက်လာတော့မယ်...ဧကရာဇ်က ပုန်းကွယ်နဂါးစစ်တပ် ရောက်တာနဲ့ နန်းတွင်းကိုယ်ရံတော်တပ်နဲ့ လုံဝူတပ်ကို စစ်မြေပြင်ကနေ ဆုတ်ခွာခိုင်းဖို့ စီစဉ်ထားတယ်"

"ဒါပေမဲ့ ငါတို့ ဆုတ်ခွာရင် အဲ့ဒီဒေသခံစစ်တပ်တွေက သဘောတူမယ် မထင်ဘူး"

ရှထန်ကန်းက မျက်မှောင်ကြုတ်လိုက်သည်။

ကျန်းကျွင်းချန်က အေးစက်စက် နှာမှုတ်ပြီး ပြောဆိုသည်။

"သူတို့ သဘောမတူလို့ မရဘူး...ဒီလူတွေသာ ဧကရာဇ်ရဲ့ အမိန့်တော်ကို ပေါ်ပေါ်ထင်ထင် မနာခံဝံ့ရင် ဒါက ပုန်ကန်မှုပဲ..တာယွီအင်ပါယာရဲ့ ကံကြမ္မာစွမ်းအားက သူတို့ကို ဒီလိုလုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး... စုန့်ချင်းဟူက လူရိုင်းတွေကို ယုံကြည်အောင်လုပ်ဖို့ ကြမ်းတမ်းတဲ့နည်းလမ်းတချို့ သုံးခဲ့ပေမယ့် သူက နောက်ကွယ်မှာ လုပ်ခဲ့တာပဲ... အင်အားကြီးတဲ့ လူရိုင်းမျိုးနွယ်စုတွေ အများကြီးက သူ့ကို မကျေမနပ်ဖြစ်နေကြတယ်....သူ့မှာသာ လူရိုင်းနယ်မြေရဲ့ အုပ်ချုပ်သူအရှင်ရာထူးမရှိရင် တစ်ယောက်ယောက်က သူ့ကို ချက်ချင်း သင်ခန်းစာပေးလိမ့်မယ်"

Chapter 4710

ရှထန်ကန်း၏ မျက်လုံးများ တောက်ပသွားသည်။

"ငါ နားလည်ပြီ... ဧကရာဇ်က ဒေသခံစစ်တပ်တွေကို သုံးပြီးတော့ ထန်စစ်တပ်ရဲ့ စစ်အင်အားကို ကုန်ဆုံးစေပြီး နှစ်ဖက်စလုံး အကြီးအကျယ် ဆုံးရှုံးစေချင်တာပဲ...ဒါ့ပြင် ငါတို့မှာ အခွင့်အာဏာရှိတယ်....ဧကရာဇ်က အရာရှိတစ်ယောက်ကို သေစေချင်ရင် အဲ့ဒီအရာရှိက သေရမယ်"

"ဟား ဟား ဟား...ဟုတ်တယ်... စစ်ရေးနဲ့ အုပ်ချုပ်ရေးကိစ္စတွေကို တာဝန်ယူတဲ့ အုပ်ချုပ်သူအရှင်တွေက နန်းတွင်းကို ခြိမ်းခြောက်နိုင်တာ အချိန်အတော်ကြာနေပြီ...အထူးသဖြင့် အဲ့ဒီလုယွီ...သူက စာပေသူတော်စင်ရီရဲ့ ကြီးမားတဲ့ ပံ့ပိုးကူညီမှုကို အားကိုးပြီး သူ့ရဲ့တပ်တွေကို ပေါ်ပေါ်ထင်ထင် ချဲ့ထွင်ခဲ့တယ်..သူရဲ့တပ်က ကြယ်မြစ်အုပ်ချုပ်သူအရှင်တွေရဲ့ တပ်ဖွဲ့စည်းပုံကန့်သတ်ချက်ကို ကျော်လွန်နေပြီ...သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်... ဒီတစ်ကြိမ်မှာ ထန်စစ်တပ်နဲ့ တိုက်ပွဲကို အခွင့်ကောင်းယူပြီးတော့ ဧကရာဇ်က နှစ်ဖက်စလုံးရဲ့ အင်အားကို ကုန်ဆုံးစေနိုင်တယ်.. သူတို့ရဲ့တိုက်ခိုက်ရေးအင်အားတွေ အားနည်းသွားတဲ့အချိန်မှာ ဧကရာဇ်က သူတို့ရဲ့စစ်အင်အားကို တိုက်ရိုက် ပြန်လည်သိမ်းယူလိမ့်မယ်"

ကျန်းကျွင်းချန်က အေးစက်စက်အပြုံးဖြင့် ပြောဆိုသည်။

ရှထန်ကန်းက သက်ပြင်းရှိုက်လိုက်သည်။

"ဒါဆိုရင်တော့ သူတို့ကို ခဏလောက် အသက်ရှင်ခွင့် ပေးလိုက်ကြတာပေါ့"

သူ၏မျက်လုံးများအတွင်းတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် လုယွီကို ယခုချက်ချင်း သေစေလိုပေ၏။

ကျန်းကျွင်းချန်က အပြုံးနှင့် ပြောဆိုလိုက်သည်။

"တပ်မှူးရှ စိတ်မပူပါနဲ့...ငါတို့က သူတို့ကို တိုက်ပွဲအောင်မြင်မှုတွေကို ပေးလိုက်ရရင်တောင် ဘာဖြစ်လဲ..ဧကရာဇ်က သဘောတူပြီးသားပါ...မင်း တော်ဝင်မြို့တော်ကို ပြန်ရောက်တာနဲ့ လူသားဧကရာဇ်ယွီရဲ့ လောကနှိမ်နင်းခြင်းကျင့်ကြံနည်းစနစ် မိတ္တူကျမ်းစာကို မင်းကို ပြသပါလိမ့်မယ်"

"ဒါကတော့ အမှန်ပဲ"

ရှထန်ကန်းသည် ချက်ချင်း စိတ်ဓာတ်တက်ကြွသွားပေ၏။

မည်သူမဆို လူသားဧကရာဇ်၏ အန္တိမကျင့်ကြံနည်းစနစ်ရှေ့တွင် တည်ငြိမ်စွာ မနေနိုင်ချေ။

အထူးသဖြင့် ပထမမျိုးဆက် လူသားဧကရာဇ် "ယွီ" ၏ အန္တိမကျင့်ကြံနည်းစနစ်ပင်။ ရှေးဟောင်းခေတ်ကပင် ဤသည်မှာ လူသားမျိုးနွယ်၏ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်သည်။ ဤသတင်းသား ပျံ့နှံ့သွားပါက အထွတ်အထိပ် ကျင့်ကြံသူအမြောက်အများသည် ထိုအရာကို ရရှိရန်အတွက် တိုက်ခိုက်ကြပေလိမ့်မည်။

ကျန်းကျွင်းချန်က အပြုံးနှင့် ပြောဆိုသည်။

"တပ်မှူးရှက ဧကရာဇ်ရဲ့ ရင်းနှီးတဲ့ လက်အောက်ခံဖြစ်ပြီးတော့ တာယွီအင်ပါယာရဲ့ သစ္စာစောင့်သိတဲ့ အရာရှိလည်း ဖြစ်တယ်... လူသားဧကရာဇ်ရဲ့ ဒီအန္တိမကျင့်ကြံနည်းစနစ်ကို သစ္စာစောင့်သိတဲ့ လက်အောက်ခံကို ဆုမချရင် သစ္စာဖောက်ကို ဆုချလို့ရမလား.."

ရှထန်ကန်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

"လုယွီက အခု စစ်ပွဲအောင်မြင်မှုစာရင်းမှာ နံပါတ်တစ်ပဲ... စစ်ပွဲပြီးရင် လူသားဧကရာဇ်ရဲ့လောကနှိမ်နင်းခြင်းကျင့်ကြံနည်းစနစ် အစစ်အမှန်အမွေအနှစ်က သူ့လက်ထဲကို ကျရောက်သွားလိမ့်မယ်"

စစ်မှန်သောမူရင်းနှင့် မိတ္တူကြားမှ ကွာခြားချက်သည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင်။

ယခင်က လူသားဧကရာဇ်၏အန္တိမကျင့်ကြံနည်းစနစ်ကို တိကျရှင်းလင်းစွာ နားလည်လိုပါက အစစ်အမှန်ကျမ်းစာကို ဖတ်ရှုခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ ဤကျမ်းစာ၏ မိတ္တူတစ်ခုတည်းဖြင့် အန္တိမကျင့်ကြံနည်းစနစ်၏ စစ်မှန်သောအဓိပ္ပာယ်ကို နားလည်ရန် အလွန်ခက်ခဲပေလိမ့်မည်။

ကျန်းကျွင်းချန်က အေးစက်စက် နှာမှုတ်လိုက်သည်။

"ဒါတောင်မှ သူက မြင်နိုင်ဖို့ အသက်ရှိသေးဖို့ လိုတယ်....ထန်အင်ပါယာမှာ လျှို့ဝှက်ထိပ်သီးပုဂ္ဂိုလ်တွေ အများကြီးရှိသေးတယ်လို့ ငါ ကြားတယ်...ဒါက လုယွီကို ဒုက္ခရောက်စေဖို့ လုံလောက်တယ်"

ရှထန်ကန်းသည် အလွန်ဝမ်းသာသွားပေ၏။

"ထန်စစ်တပ်မှာ ထိပ်သီးပုဂ္ဂိုလ်တွေ ရှိသေးတာလား...."

"တပ်မှူးရှက ထန်စစ်တပ်က မိုင်ထောင်ချီဝေးကွာတဲ့ နေရာကိုလာပြီးတော့ စီးနင်းတိုက်ခိုက်မှတော့ တပ်ထဲမှာ ထိပ်သီးပုဂ္ဂိုလ်တစ်စု မရှိတော့ဘူးလို့ ထင်နေတာလား...သူတို့က အဲ့ဒီလို လုပ်မှာလား..လီမီ ကောင်းရှစ်ကျီးနဲ့ တခြားတပ်မှူးတွေက မျက်နှာပြင်ပေါ်မှာပဲ ရှိသေးတာ...သူတို့မှာ ပိုပြီးလျှို့ဝှက်တဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ ရှိသေးတယ်....လုယွီရဲ့ ပုန်းကွယ်နဂါးစစ်တပ်က အကြီးအကျယ် သေကြေဒဏ်ရာရလိမ့်မယ်လို့ ငါ ပြောရဲတယ်"

ကျန်းကျွင်းချန်က ပြောဆိုသည်။

"ဟား ဟား ဟား....ကောင်းတယ်...အရမ်းကောင်းတယ်...ခုဏက လုယွီရဲ့ မခံမရပ်နိုင်အောင် မောက်မာတဲ့အကြည့်က လူတွေကို သူ့ကို မုန်းတီးစေဖို့ လုံလောက်တယ်...သူသာ အပြင်းအထန် ရှုံးနိမ့်ပြီး စစ်မြေပြင်မှာ ထန်စစ်တပ်ရဲ့ အသတ်ခံရရင် အကောင်းဆုံးပဲ"

ရှထန်ကန်းသည် သူ၏လက်များကို ပွတ်သပ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် မျှော်လင့်ချက်အပြည့်ရှိနေသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ဤအချိန်တွင် ဗဟိုစစ်တဲသို့ ဝင်ရောက်လာပါက သူတို့၏မေးရိုးများ အောက်သို့ပြုတ်ကျလုမတက် ထိတ်လန့်သွားပေမည်။

တာယွီတော်ဝင်စစ်တပ်၏ အာဏာကြီးမားသော တပ်မှူးနှင့် ကြီးကြပ်ရေးအရာရှိတို့သည် အမှန်တကယ်တွင် ရန်သူက သူတို့၏ကိုယ်ပိုင်လူများကို သတ်ဖြတ်ရန် မျှော်လင့်နေကြသည်။

"တပ်မှူးရှ ဒါက ရေရှည်အစီအစဉ်တစ်ခုပဲ...ငါ့ရဲ့အစီအစဉ်ကို နားထောင်အုံး..."

ကျန်းကျွင်းချန်၏ အသံသည် တဖြည်းဖြည်း တိုးသွားပြီး နောက်ဆုံးတွင် ခြင်တစ်ကောင်ကဲ့သို့ တိုးညှင်းသွားကာ နတ်ဘုရားစိတ်အာရုံမှတဆင့် ရှထန်ကန်း၏ နားအတွင်းသို့ ဝင်ရောက်သွားသည်။

...

ပင်မစစ်တဲမှ စိတ်မပျော်မရွှင်ဖြင့် လူစုခွဲသွားကြသော်လည်း လုယွီသည် သူ၏ဒေါသကို ဖြေဖျောက်ရန် ရှထျန်းကန်း၏ မျက်နှာကို ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်ခဲ့သည်။

နန်းတော်ကိုယ်ရံတော်တပ်သည် ပုံမှန်အားဖြင့် အားသာချက်အားလုံးကို ယူပြီး အကောင်းဆုံးစစ်လက်နက်ပစ္စည်းများကို သူတို့အတွက် ယူသည်။ သူတို့ကို ဒေသခံစစ်တပ်များက မနာလိုအားကျဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ယခုမူ နန်းတွင်းကိုယ်ရံတော်တပ်၏ တပ်မှူး ရှထန်ကန်းသည် လုယွီ၏ တိုက်ပွဲအောင်မြင်မှုကို အမှန်တကယ် အပိုင်စီးခဲ့သည်။ ဤကိစ္စသည် စစ်စခန်းအတွင်းတွင် တောမီးကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ရှထန်ကန်းသည် မရေမတွက်နိုင်သော လူများ၏ လှောင်ပြောင်ခြင်းကို ခံရလေ၏။

"လုယွီက တိုက်ပွဲအောင်မြင်မှုစာရင်းမှာ ပထမနေရာမှာ ရပ်တည်နေတယ်"

"လုရှီရဲ့ဘေးက လူကို မြင်လား....ဒါက ထန်အင်ပါယာရဲ့ အမတ်ကြီး လီကျိုးစီပဲ... သူက အခု လုရှီရဲ့လက်အောက်ခံ ဖြစ်သွားပြီ"

All Chapters