အခန်း (၄၇၁၁-၄၇၁၅)
Vol. 239 Ch. 4711-4715
Chapter 4711
စစ်သားများအားလုံး၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် လင်းလက်တောက်ပနေသည်။
စစ်တပ်မှ တပ်ခွဲများကို လူငယ်စစ်ဘက်အရာရှိများမှ ဦးဆောင်သည်။ ဤအချိန်တွင် သူတို့အနက်မှ အများစုသည် လုယွီ၏နံဘေးပတ်လည်တွင် ဝန်းရံနေကြ၏။ သူတို့၏လူငယ်မျက်နှာများကို ကြည့်ရသည်မှာ တာယွီစစ်စခန်းတွင် ထူးခြားသော ရှုခင်းတစ်ခုကို ဖွဲ့စည်းထားသည့်အလားပင်။
"လုယွီ....အခြေအနေက မကောင်းဘူး...ထန်စစ်တပ် ပြန်ပြီး စုစည်းနေပုံရတယ်... ဒီတစ်ခေါက်တော့ သူတို့က တောင်ပိုင်းနန်းတော်ရဲ့ အစောင့်တပ်ဆယ့်ခြောက်တပ်ကို သုံးနေတယ်" စုန့်ချင်းဟူသည် ရှေ့တန်းမှ ကင်းထောက်များ၏ သတင်းပို့ချက်ကို လက်ခံရရှိချိန်၌ သက်ပြင်းရှိုက်လိုက်၏။
တောင်ပိုင်းနန်းတော်၏ အစောင့်တပ်ဆယ့်ခြောက်တပ်သည် ထန်စစ်တပ်၏ အဓိကအင်အားစုများအနက်မှ တစ်ခုဖြစ်ပြီး သူတို့သည် ထန်အင်ပါယာရှိ စစ်အုပ်ချုပ်ရေးမြို့များအားလုံးကို ထိန်းချုပ်သည်။
ယခင်က လုယွီနှင့်လီဖူ တိုက်ခိုက်စဉ်တွင် စောင့်ကြပ်ထိန်းချုပ်ခဲ့သော ကျိုးဝူအစောင့်တပ် လင်းယုန်ပျံဝဲအစောင့်တပ်နှင့် တခြားစစ်တပ်များအားလုံးသည် တောင်ပိုင်းနန်းတော်၏ အစောင့်တပ်ဆယ့်ခြောက်ခုတွင် ပါဝင်သည်။
ဤသည်မှာ ကြီးမားသောစစ်တပ်တစ်တပ်ဖြစ်ပြီး သူတို့အားလုံးသည် ထန်စစ်တပ်၏ ထိပ်တန်းစစ်သည်တော်များဖြစ်ကြသည်။ သူတို့သည် ကွင်းပြင်တိုက်ပွဲများတွင် ကျွမ်းကျင်သောကြောင့် သူတို့ကို ဝိုင်းရံတိုက်ခိုက်သည့် တိုက်ပွဲများတွင် တွေ့ရသည်မှာ အလွန်ရှားပါးသည်။
ယခုမူ ထန်စစ်တပ်သည် ထိုသို့သော အင်အားစုတစ်ရပ်ကို အမှန်တကယ် စေလွှတ်ခဲ့သည်။ ဤသည်မှတဆင့် သူတို့ မည်မျှထိ အလေးအနက်ထားသည်ကို မြင်တွေ့နိုင်ပေ၏။
စခန်း၏ပြင်ပတွင် တံပိုးခရာသံများ မြည်ဟည်းနေပြီး သာယာနာပျော်ဖွယ်ကောင်းသော အသံများ လေထုအတွင်းတွင် ပဲ့တင်ထပ်နေသည်။
ဤအသံသည် သေမင်း၏ တရားဝင်အမိန့်စာ အလားပင်။ တာယွီစစ်တပ်မှ စစ်သားများသည် အနားယူပြီး အားအင်များပြန်လည်ဖြည့်တင်းရန်ပင် အချိန်မရခဲ့ကြချေ။ သူတို့သည် သူတို့၏ပင်ပန်းနွမ်းနယ်နေသော ကိုယ်ခန္ဓာများကို တရွတ်တိုက်ဆွဲပြီး မြို့ရိုးပေါ်သို့ တက်သွားကြသည်။
သူတို့သည် အစောပိုင်းက ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို တွေ့ကြုံခဲ့ရပြီး သူတို့အနက်မှ အများစုသည် နှစ်ခြိုက်စွာ အိပ်စက်ခြင်းနေကြ၏။ သို့ရာတွင် ထန်စစ်တပ်မှ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို မမျှော်လင့်ဘဲ စတင်ခဲ့သောကြောင့် သူတို့ကို တစ်ဖန်ပြန်လည် နှိုးခြင်း ခံခဲ့ရသည်။
မရေမတွက်နိုင်သော အောက်ခြေအရာရှိများသည် ကျယ်လောင်စွာ ဆူပူအော်ဟစ်ပြီး စစ်သည်တော်များကို သူတို့၏အိပ်စက်ခြင်းမှ ထရန် အမိန့်ပေးကြသည်။ သူတို့၏စိတ်ဓာတ်များ အလွန်ကျဆင်းနေပေ၏။
"ထန်စစ်တပ်ရဲ့ ရှေ့တန်းအစောင့်တပ်ဆယ့်ခြောက်တပ်က လက်ဝဲလက်ယာအစောင့်တပ်... လက်ဝဲလက်ယာကျိုးဝူတပ် လက်ဝဲလက်ယာလင်းယုန်ပျံဝဲတပ်နဲ့ လက်ဝဲလက်ယာရွှေရောင်အစောင့်တပ်တွေကို လွှတ်လိုက်ပြီ... အစောင့်တပ်တစ်တပ်စီမှာ တပ်ရင်းလေးခု..ဒါကြောင့် စုစုပေါင်း တပ်ရင်းလေးဆယ့်ရှစ်ခုရှိတယ်"
"ဒီတပ်ရင်းလေးဆယ့်ရှစ်ခုက အကောင်းဆုံးစစ်လက်နက်ပစ္စည်းတွေနဲ့ တပ်ဆင်ထားပြီးတော့ သူတို့ရဲ့စစ်သည်တော်တွေကလည်း အသန်မာဆုံးပဲ...အားအနည်းဆုံးစစ်သည်တော်တောင်မှ စိတ်ဝိညာဉ်ချိတ်ဆက်ခြင်းအဆင့်မှာ ရှိတယ်...အစောင့်တပ်တွေရဲ့ တပ်မှူးတွေက ရွှယ်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်နဲ့ အထက်က ကျင့်ကြံသူတွေချည်းပဲ... သူတို့ထဲမှာ အဆင့်မြင့်နယ်မြေသခင်တွေလည်း မရှားဘူး"
လီကျိုးစီသည် ထန်စစ်တပ်အကြောင်းကို အများဆုံး နားလည်ထားသူဖြစ်သောကြောင့် သူက ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်သည်။
မရေမတွက်နိုင်သော စစ်ဗိုလ်ချုပ်များသည် ဤစစ်အင်အားဖြန့်ကျက်မှုကို ကြားချိန်၌ သူတို့၏မျက်နှာများတွင် ကြောက်ရွံ့သည့် အမူအယာများ ထင်ဟပ်လာသည်။
အကယ်၍ ထန်စစ်တပ်သည် ဤမျှထိ အားကောင်းပါက သူတို့သည် ဤကဲ့သို့ အင်အားကောင်းသည့် စစ်တပ်တစ်တပ်ကို မည်သည့်အရာအား အသုံးပြု၍ တိုက်ခိုက်နိုင်မည်နည်း။
ခက်ခဲသော တိုက်ပွဲအမြောက်အများအပြီးတွင် ဒေသခံတပ်အသီးသီးသည် အကြီးအကျယ် ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ တော်ဝင်နန်းတွင်းက ဖြည့်တင်းပေးသော စစ်သားသစ်များမှာမူ အများစုမှာ အရပ်သားများဖြစ်ကြပြီး တိုက်ခိုက်ရေးအင်အား များများစားစား မရှိကြပေ။ သူတို့သည် ထောက်ပံ့ရေးလုပ်ငန်းတချို့ကိုသာ လုပ်ဆောင်နိုင်သည်။
နှိုင်းယှဉ်ကြည့်လျှင် တာယွီအင်ပါယာဘက်တွင် အနိုင်ရရန် အခွင့်အလမ်း အတော်လေး အားနည်းသည်။
"ဟူး.....သူတို့က ငါတို့ကို ဝါးမြိုတော့မှာပါလား"
စုန့်ချင်းဟူက သက်ပြင်းရှိုက်ပြီး ပြောဆိုလိုက်သည်။
သူ၏မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှုအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။ လူရိုင်းစစ်တပ်မသည် ရဲရင့်ပြီး တိုက်ပွဲတွင် ကောင်းမွန်စွာ တိုက်ခိုက်နိုင်သော်လည်း အကန့်အသတ်မရှိ မဟုတ်ချေ။ အထူးသဖြင့် တချို့လူရိုင်းမျိုးနွယ်စုများသည် သူတို့၏အမြင်များကို ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်သောကြောင့် သူသည်လည်း ဖိအားများစွာ ခံနေရသည်။
အဝေးရှိ ကြယ်တာရာကောင်းကင်ယံတွင် ထူထပ်စွာပြည့်နှက်နေသော ထန်စစ်တပ်၏ စစ်သင်္ဘောများသည် စုစည်းစပြုနေလေပြီ။
ဤထန်စစ်သင်္ဘောများကို ထူထဲပြီး လေးလံသော ပြင်ပလေဟာနယ်သံမဏိနက်ဖြင့် တည်ဆောက်ထားသည်။ စစ်သင်္ဘောမျက်နှာပြင်တွင်လည်း ကာကွယ်ရေးအဆောင်သင်္ကေတများကို ထူထပ်သိပ်သည်းစွာ ထွင်းထုထားပြီး စစ်သင်္ဘောတစ်စီးလုံးကို အပေါက်အကြားမရှိ ကာကွယ်ထားသည်။
စစ်သင်္ဘောများ၏နောက်တွင် စစ်လက်နက်များကို ကိုင်ထားသည့် မရေမတွက်နိုင်အောင်များပြားသော ထန်စစ်သားများ ရှိနေသည်။
တိုက်ပွဲခေါ်သံများသည် ကောင်းကင်ကို တုန်ခါစေပြီး စစ်တံပိုးသံများ မြည်ဟီးနေသည်။
တစ်ချက်ကြည့်ရုံဖြင့် ထန်စစ်တပ်တွင် ထန်စစ်သည်တော် မည်မျှရှိသည်ကို ပြောရန်မဖြစ်နိုင်ချေ။ ထန်စစ်တပ်တွင် လူများ ပြည့်သိပ်နေသည်။
စူးရှသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ်သည် ကောင်းကင်သို့ ထိုးတက်သွားပေ၏။ ထန်စစ်တပ်သည် တိုက်ခိုက်မှုကို မစတင်သေးသော်လည်း သူတို့ ထုတ်လွှတ်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် လူအမြောက်အများကို ကြောက်ရွံ့တုန်လှုပ်စေရန် လုံလောက်သည်။
နဂါးအလံတစ်ခုသည် လေထုအတွင်းတွင် တလူလူလူးလွန့်နေသည်။ ဤသည်မှာ ထန်စစ်တပ်ဘက်တွင် အဆင့်မြင့်တော်ဝင်မျိုးနွယ်တစ်ယောက်ရှိသည်ဟု ဆိုလိုသည်။
တပ်မှူးအလံများသည် နဂါးအလံနှင့်အတူ လေထူအတွင်းတွင် လူးလွန့်နေကြသည်။ တာယွီစစ်တပ်သည် ယခင်က ဤနာမည်များကို ကြားခဲ့ဖူးသော်လည်း တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
"ရန်သူက အားကောင်းတယ်... ဒါပေမဲ့ ငါတို့က အားနည်းတယ်...ငါတို့ ဘာလုပ်သင့်လဲ"
စုန့်ချင်းဟူ၏မျက်လုံးများ နီမြန်းနေပြီး လုယွီဘက်သို့ လှည့်ကြည့်လိုက်သည်။
လုယွီ၏အမူအယာသည်လည်း တည်ကြည်လေးနက်နေပေ၏။ သူသည် ရုတ်တရက် ခေါင်းလှည့်ကာ သူ၏နောက်မှ မိုးကောင်းကင်ကို ကြည့်လိုက်သည်။
"ပုန်းကွယ်နဂါးစစ်တပ် ရောက်လာပြီ .."
Chapter 4712
ပုန်းကွယ်နဂါးစစ်တပ် နောက်ဆုံးတွင် ရောက်ရှိလာလေပြီ။
လုယွီသည် ဤတစ်ကြိမ်တွင် စစ်သည်တော်အမြောက်အများကို စုစည်းခဲ့သည်။ စုစုပေါင်း တပ်ရင်း ၂၉ ခုရှိသဖြင့် လက်နက်ခဲယမ်းမီးကျောက်များကို ပြင်ဆင်ရန်ပင် အချိန်များစွာ လိုအပ်ပေမည်။
ကံကောင်းစွာဖြင့် ဖေးထျန်ကွမ်းသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံး၏ အုပ်ချုပ်ရေးစနစ်ကို အစမှအဆုံး ခိုင်မာစေခဲ့သည်။ ဒေသခံအရာရှိအသီးသီးသည် စစ်ပွဲအတွက် ကြိုးစားပမ်းစား အမှုထမ်းနေကြပြီး သူတို့၏ထိရောက်မှုသည် အံ့ဩဖွယ်ကောင်းလောက်အောင် မြန်ဆန်သည်။
တစ်စုံတစ်ယောက်ကို စကားမပြောနိုင်အောင် ပြုလုပ်သည့် အရှိန်ဖြင့် ပုန်းကွယ်နဂါးစစ်တပ်သည် လိုအပ်သော ပြင်ဆင်မှုများကို လျင်မြန်စွာ ပြီးမြောက်ခဲ့ပြီးနောက် တော်ဝင်မြို့တော်၏ လားရာဘက်သို့ လျင်မြန်စွာ ချီတက်ခဲ့သည်။
ပေါက်ကွဲသံများသည် တာယွီစစ်စခန်းအထက်ရှိ မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။
မရေမတွက်နိုင်သော စစ်သည်တော်များသည် ခေါင်းမော့ကာ သူတို့အထက်တွင် ပေါ်လာသော ဧရာမသင်္ဘောများကို ကြည့်လိုက်ကြ၏။
သူတို့၏မျက်လုံးများအတွင်းသို့ ဝင်ရောက်လာသည်မှာ ခွန်ပန်ငှက်ထက်ပင် ကြီးမားသော ဧရာမသင်္ဘောတစ်စင်းဖြစ်သည်။ ထိုစစ်သင်္ဘောကြီးသည် ကြယ်တာရာကောင်းကင်ယံကို ဖြတ်သန်းသွားလာနေပြီး ထိုအရာ၏ပတ်ဝန်းကျင်တွင် ဝင်္ကပါ၏ စွမ်းအားကြောင့် ထွက်ပေါ်လာသော ကျယ်လောင်သည့် မြည်ဟီးသံများဖြင့် ပြည့်နှက်နေသည်။
"ဒါက ဘယ်လိုတည်ရှိမှုမျိုးလဲ..."
မရေမတွက်နိုင်သော တာယွီစစ်သည်တော်များ၏မျက်လုံးများ ပြူးကျယ်နေကာ ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြသည်။
သူတို့ မြင်ဖူးသမျှ အကြီးဆုံးစစ်သင်္ဘောမှာတာယွီစစ်တပ်၏ နဝမလွှသွားစစ်သင်္ဘောပင်။
သို့ရာတွင် နဝမလွှသွားစစ်သင်္ဘောပင်လျှင် ဤဧရာမစစ်သင်္ဘောရှေ့တွင် သေးငယ်နေသည်။
ဤသည်မှာ ကြယ်တာရာကောင်းကင်ယံတွင် လှည့်လည်သွားလာနေသော ဧရာမခံတပ်မြို့တစ်မြို့အလားပင်။ ကုန်းပတ်ပေါ်တွင် ကင်းမျှော်စင်များဖြင့် ပြည့်နှက်နေပြီး စစ်သည်တော်အုပ်စုများ ရှေ့နောက်သွားလာနေသည်ကို မသဲမကွဲ မြင်တွေ့နိုင်သည်။
"လု" အလံသည် လေထုအတွင်းတွင် တလူလူပျံလွင့်နေသည်။ ထိုအရာ၏နောက်တွင် မရေမတွက်နိုင်သော ပုန်းကွယ်နဂါးစစ်သည်တော်များ၏ ဟိန်းဟောက်သံများရှိနေကာ နားကွဲလုမတတ် ကျယ်လောင်သည်။
မိုမျိုးနွယ်၏ စစ်သင်္ဘောသည် ရှေးဟောင်းခေတ်မှ ပျောက်ဆုံးသွားခဲ့သော်လည်း ယခုချိန်တွင် လူသားမျိုးနွယ်၏ နယ်မြေ၌ တဖန်ပြန်၍ ထွက်ပေါ်လာခဲ့သည်။
တစ်... နှစ်...သုံး...
စုစုပေါင်း မိုမျိုးနွယ်၏ စစ်သင်္ဘောဆယ့်ငါးစင်းသည် ကောင်းကင်ယံတွင် မားမားမတ်မတ် ရပ်တည်နေသည်။
အနက်ရောင်တိမ်တိုက်များ လူးလွန့်နေပြီး နေရောင်ခြည် ပျောက်ကွယ်သွားကာ ဧရာမစစ်သင်္ဘောကြီးများ၏ ပုံရိပ်များကသာ လူတိုင်း၏ မျက်လုံးရှေ့တွင် ထွက်ပေါ်နေသည်။
မိုမျိုးနွယ်စစ်သင်္ဘောများ
နောက်တွင် မရေမတွက်နိုင်သော နဝမလွှသွားစစ်သင်္ဘောများ ချဉ်းကပ်လာကြ၏။
ဤစစ်သင်္ဘောများကို သံချပ်ကာများဖြင့် ဖုံးအုပ်ထားသည်။ ထိုအရာများ၏မျက်နှာပြင်ပေါ်တွင် တောက်ပပြီး ထူးခြားပေ၏။ ထိုအရာများကိုကြည့်ရသည်မှာ အလွန်ကြီးမားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်မှု ကြီးမားပုံရသည်။
စစ်သင်္ဘောများပေါ်ရှိ မရေမတွက်နိုင်သော အလံများပေါ်တွင် "လု" ဟူသော စာလုံးကို ရေးသားထားသည်။
ပုန်းကွယ်နဂါးစစ်တပ် ရောက်ရှိလာလေပြီ။
တာယွီစစ်တပ်ကို မဆိုထားနှင့် ထန်စစ်တပ်ပင်လျှင် မှင်တက်သွားသည်။
တိုက်ခိုက်မှုတစ်ခုကို စတင်တော့မည့် ထန်စစ်တပ်သည် ရုတ်တရက် သူတို့၏ခြေလှမ်းများ ရပ်တန့်သွားသည်။ မရေမတွက်နိုင်သော ထန်စစ်သည်တော်များသည် သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသော စစ်သင်္ဘောအုပ်စုကို သတိကြီးစွာထား၍ စူးစိုက်ကြည့်နေကြသည်။
ထူထပ်သိပ်သည်းသော စစ်သင်္ဘောအုပ်စုနောက်တွင် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သည်တော်အုပ်စုကြီးတစ်ခု ရှိသည်။
နဂါးပျံတစ်သောင်းကျော်သည် သူတို့၏အတောင်ပံများကို ဖြန့်ကျက်ကာ မိုးကောင်းကင်တွင် ပျံဝဲနေသည်။ ပျံသန်းနေသည့် နဂါးတစ်ကောင်စီ၏ကျောပေါ်တွင် စစ်သည်တော် ဆယ်ယောက်ကျော်ကို သယ်ဆောင်ထားသည်။ သူတို့သည် လက်အတွင်းတွင် မှော်စွမ်းအားရှိသော လက်နက်များကို ကိုင်ဆောင်ထားပြီး တည်ကြည်လေးနက်သောအမူအယာများ ရှိကြသည်။
သူတို့၏သတ်ဖြတ်လိုစိတ်သည် ဓားအိမ်မှ ထုတ်ထားသော စူးရှသည့် ဓားတစ်လက်ကဲ့သို့ပင်။ သူတို့သည် ဒေါသထွက်မနေသည့်တိုင် လွှမ်းမိုးချုပ်ကိုင်နိုင်မှု ပြင်းထန်ပေ၏။
"ဒါက ပုန်းကွယ်နဂါးစစ်တပ်လား... မင်းတို့က တစ်လအတွင်းမှာ ချီအင်ပါယာကို ဖြိုခွင်းနိုင်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး"
စုန့်ချင်းဟူသည် သူ၏ရှေ့မှ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကိုမြင်ချိန်တွင် လေအေးတစ်ချက် ရှိုက်မသွင်းဘဲ မနေနိုင်တော့ချေ။
သူအား စစ်တပ်ထဲတွင် ဝါရင့်စစ်ဗိုလ်ချုပ်တစ်ဦးဟု သတ်မှတ်နိုင်သည်။ သူသည် မြင်ကွင်းများစွာကို မြင်ဖူးသော်လည်း ဤသို့သော မြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
တာယွီစစ်တပ်သည် အထွတ်အထိပ်ရောက်နေစဉ်ကပင် သူတို့ထံ၌ ဤသို့သော စစ်ရေးအခင်းအကျင်း မရှိခဲ့ပေ။
ဤသည်မှာ ကြယ်မြစ်တစ်ခုတည်း၏အင်အားဖြင့် ဖွဲ့စည်းထားသော စစ်တပ်တစ်တပ်ပင်။
လုယွီ၏ဌာနချုပ်တွင် နောက်ထပ်စစ်အင်အား မည်မျှ တပ်စွဲထားသည်ကို မည်သူမျှ မသိနိုင်ပေ။
ချင်လုရှန်းနှင့် အခြားသူများသည် ဤမြင်ကွင်းကို ကြည့်ရှုရင်း ပို၍ပင် ကြက်သေသေနေကြသည်။
သူတို့သည် လုယွီနှင့် အသုတ်တူဖြစ်ပြီး မျိုးဆက်တူဟု သတ်မှတ်နိုင်သည်။
သို့ရာတွင် သူတို့အနက် တချို့သည် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်လာပြီး စစ်သည်တော် သိန်းပေါင်းများစွာကို ထိန်းချုပ်နိုင်လျှင်ပင် မဆိုးလှဟု သတ်မှတ်ခဲ့သည်။ သူတို့သည် လုယွီနှင့် မည်ကဲ့သို့ နှိုင်းယှဉ်နိုင်မည်နည်း။
သူတို့သည် ယခင်က ပုန်းကွယ်နဂါးစစ်တပ်၏ နာမည်ကို ကြားဖူးကြသော်လည်း လက်တွေ့မမြင်ဖူးခဲ့ကြချေ။ ယခုချိန်တွင်မူ ဤကဲ့သို့ အင်အားကောင်းသည့် သံချပ်ကာတပ်မကို မြင်ချိန်၌ သူတို့သည် အလွန်အမင်း ထိတ်လန့်သွားပေ၏။
"ပုန်းကွယ်နဂါးစစ်တပ်ရဲ့ လက်ထောက်ဗိုလ်ချုပ်ကြီး လုကျင်းရှန့်က အရှင်ကို ဂါရဝပြုပါတယ်"
လုကျင်းရှန့်သည် စစ်သင်္ဘောပေါ်မှ ဆင်းသက်လာပြီး လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်သည်။
Chapter 4713
လုကျင်းရှန့်၏ ခြေလှမ်းများသည် တည်ငြိမ်ပြီး သူ၏အမူအယာသည် တည်ကြည်ပြတ်သားကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ပြင်းထန်သော အရှိန်အဝါတစ်ရပ် ဖြည်းညှင်းစွာ လှည့်ပတ်နေသည်။
လုယွီ၏အကူအညီဖြင့် လုကျင်းရှန့်သည် နယ်မြေသခင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
လုကျင်းရှန့်သည် ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏စစ်ဖိနပ်များ မြေပြင်ပေါ်သို့ ကျရောက်လာသည်။ ဤသည်မှာ အလွန်ကျယ်လောင်ပြီး မိုးခြိမ်းသံတစ်သံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည့်အလားပင်။ ကျင့်ကြံဆင့်နိမ့်သော စစ်သည်တော်အနည်းငယ်သည် နောက်သို့အကြိမ်ကြိမ် ဆုတ်လိုက်သွားပြီး ခြိမ်းခြောက်ခြင်းကို ခံလိုက်ရသကဲ့သို့ပင်။
"နယ်မြေသခင်အဆင့် ကျင့်ကြံသူတစ်ယောက်..."
တခြားသူများ ထိတ်လန့်သွားကြသည်။ ဤသို့သော ကျင့်ကြံမှုအဆင့်ကို တာယွီတော်ဝင်နန်းတွင်းတွင် ထားရှိပါက အမတ်ကြီးအဆင့် ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။ သူတို့သည် ဤကဲ့သို့လူစားမျိုးမှ လုယွီအတွက် အလုပ်လုပ်ပေးနေမည်ဟု တစ်ကြိမ်တစ်ခါမျှတွေးထင်ထားခဲ့ကြပေ။
သူတို့သည် ထိတ်လန့်မှုမှ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးမီမှာပင် တပ်ရင်းမှူးများသည် တစ်ဦးပြီးတစ်ဦး စစ်သင်္ဘောအုပ်စုမှ ထွက်လာကြ၏။
ဤတပ်ရင်းမှူးများသည် ရွှေရောင်ကျားပုံစံ ရေးထွင်းထားသော သံချပ်ကာကို ဝတ်ဆင်ထားပြီး သူတို့တစ်ဦးစီတိုင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူတို့အနက်မှ တချို့၏အရှိန်အဝါသည် စုန့်ချင်းဟူနှင့် ဖူကျစ်ရွှယ်ကဲ့သို့သော ထိပ်သီးကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
တပ်ရင်းမှူးများနောက်တွင် တပ်မှူးနှင့် ဗိုလ်ချုပ်ကြီးများရှိပြီး အတူတကွ ရောက်ရှိလာကြသည်။ သူတို့၏သတ်ဖြတ်လိုစိတ်သည် မိုးကောင်းကင်သို့ ထိုးတက်သွားပြီး အလွန်ပြင်းထန်သည်။
"ဒါ...ဒါ.... ဒါ... ဒီလူတွေအားလုံးက နယ်မြေသခင်တွေလား..."
"အိုး ဘုရားရေ...နယ်မြေသခင် နှစ်ဆယ်ကျော်.... ငါ အမြင်မှားတာများ ဖြစ်နေမလား..."
လူအုပ်အကြားမှ အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ပုန်းကွယ်နဂါးစစ်တပ်၏ တပ်ရင်းမှူးများသည် သူတို့၏အင်အားကို လုံးဝဖုံးကွယ်မထားသဖြင့် အလွန်ပြင်းထန်သည်။
မည်သို့ပင်ဆိုစေကာမူ တော်ဝင်နန်းတွင်း၌ပင် နယ်မြေသခင်အဆင့် ကျင့်ကြံသူ အနည်းငယ်သာ ရှိသည်။
တပ်ရင်းမှူးများ၏နောက်ရှိ တပ်မှူးများသည် အားလုံး ရွှယ်အင်မော်တယ်နယ်ပယ်တွင် ရှိကြသည်။ စစ်ဗိုလ်ချုပ်တချို့ပင်လျှင် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေပေ၏။
ယခင်ကဆိုလျှင် ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူများသည် ဒေသတစ်ခုကို တာဝန်ယူနိုင်ပြီး နယ်မြေများ၏ အုပ်ချုပ်သူအရှင်များဖြစ်လာနိုင်သည်။
သို့ရာတွင် ယခုမူ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူအမြောက်အများသည် လုယွီ၏ အမိန့်အောက်တွင် အမှန်တကယ် စုစည်းနေကြသည်။ ဤတစ်ကြိမ်တွင် လူတိုင်းသည် လုယွီအပေါ် အမြင်သစ်တစ်ခု ရှိသွားကြ၏။
ဤသို့သော တိုက်ခိုက်ရေးအင်အားသည် မည်သည့်အင်အားစုတွင်မဆို ထိပ်တန်းတွင်ရှိသည်ဟု သတ်မှတ်နိုင်သည်။
"အရှင်ကို ဂါရဝပြုပါတယ်..."
ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်အားလုံးသည် လုယွီကို တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြပြီး သူတို့၏အသံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
လုယွီက လက်ကိုဝှေ့ယမ်းပြီး အော်ဟစ်လိုက်သည်။
"တိုက်ပွဲဝင်ဝင်္ကပါ ခင်းကျင်းပြီး ရန်သူတွေကို တိုက်ခိုက်ကြတော့"
"ဟုတ်ကဲ့..."
တပ်ရင်းမှူးအားလုံးမှ အမိန့်ပေးသည်နှင့် မရေမတွက်နိုင်သော တပ်ရင်းများသည် တာယွီစစ်စခန်းနေရာအပေါ်တွင် စနစ်တကျ တန်းစီလိုက်ကြပြီး သံမဏိတံတိုင်းကြီးအလား အခိုင်အမာ စောင့်ကြပ်နေကြသည်။
တာယွီစစ်တပ်မှလူများသည် ယခင်က မည်မျှပင် ပင်ပန်းနေစေကာမူ သူတို့၏ပင်ပန်းနွမ်းနယ်မှုအားလုံးသည် ဤအချိန်တွင် လွင့်စင်သွားပြီး သူတို့၏ရှေ့မှ မြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။
ဤသည်မှာ သူတို့စိတ်အတွင်းရှိ တော်ဝင်စစ်တပ်ဖြစ်ပြီ တာယွီအင်ပါယာမှ ပြသသင့်သော တိုက်ခိုက်ရေးအင်အားပင်။
ဘုန်း...ဘုန်း...ဘုန်း...
တာယွီစစ်တပ်မှ မရေမတွက်နိုင်သော စစ်သည်တော်များသည် တက်ကြွသော ခြေလှမ်းများဖြင့် လေးထောင့်ဝင်္ကပါပုံစံအတိုင်း မတ်တတ်ရပ်နေကြသည်။ သူတို့၏သံချပ်ကာများသည် နေရောင်အောက်တွင် တောက်ပနေပြီး သူတို့၏လက်နက်များမှ အေးစက်စက် အရှိန်အဝါများ ဖြာထွက်နေသည်။
နံဘေးမှ ကြည့်နေသော တာယွီစစ်သားများသည် အံ့အားတသင့် အော်ဟစ်လိုက်ကြ၏။ သူတို့သည် ပုန်းကွယ်နဂါးစစ်သည်တော်များပေါ်ရှိ စစ်လက်နက်ပစ္စည်းများကို မြင်ချိန်တွင် မနာလိုအားကျသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
ပုန်းကွယ်နဂါးစစ်သည်တော်များ၏ စံသတ်မှတ်ထားသော စစ်လက်နက်ပစ္စည်းများတွင် ထိပ်တန်းမှော်စွမ်းအားရှိသော လက်နက်အမျိုးမျိုးနှင့် အရည်အသွေးမြင့်မားသော သံချပ်ကာများ ပါဝင်သည်။ လက်နက်တစ်ခုမှာ အနီးကပ်အတွက်ဖြစ်ပြီး အခြားတစ်ခုမှာ အဝေးပစ်သတ်ဖြတ်ရေးလက်နက်ဖြစ်သည်။ ပုန်းကွယ်နဂါးစစ်သည်တော်၏ခါးတွင် ကာကွယ်ရေးနှင့် လွတ်မြောက်ရေး မှော်စွမ်းအားရှိသော ပစ္စည်းအမျိုးမျိုးလည်း ရှိသည်။ စစ်တပ်အတွင်းတွင်အဆောင်လက်ဖွဲ့များ စိတ်ဝိညာဉ်ဖြိုခွင်းခြင်းလေးများနှင့် တိုက်ခိုက်ရေးလက်နက်သုံးရာကျော် ပါရှိသည်။ စစ်သည်တော်များသည် ထိုအရာများကို သူတို့၏ကျောများပေါ်တွင် သယ်ဆောင်ထားသည်။
သူတို့အားလုံးသည် ခေါင်းအစခြေအဆုံး မှော်လက်နက်များ တပ်ဆင်ထားပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။
သာမန်စစ်သည်တော်များတွင် ဤကဲ့သို့ အရှိန်အဝါရှိပြီး ရှေ့ပြေးတပ်မှ စစ်သည်တော်များသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။ သူတို့တစ်ဦးစီတိုင်းသည် လေးလံသော သံချပ်ကာများ ဝတ်ဆင်ထားပြီး သူတို့သည် စိတ်ဝိညာဥ်သားရဲများကို စီးနင်းထားကြသည်။ သူတို့၏လက်အတွင်းရှိ မှော်လက်နက်များ၏ အရှိန်အဝါများသည် လေထုအတွင်းတွင် မျောလွင့်နေကာ စိတ်ဝိညာဉ်တစ်ကောင်ပါရှိပုံရသည်။
တာယွီစစ်ဗိုလ်ချုပ်များ၏ ပါးစပ်များ တွန့်ကွေ့သွားကြသည်။ ဤသို့သော ကြီးကျယ်ခမ်းနားသည့် စစ်လက်နက်ပစ္စည်းများကို တပ်ဆင်ရန် သူတို့သည် စိတ်ကူးယဥ်ကြည့်နိုင်ခဲ့ခြင်းပင် မရှိချေ။
ထိုသို့သော အရှိန်အဝါသည် လူများအားလုံးကို မှင်တက်သွားစေသည်။
ရုတ်တရက် တာယွီစစ်တပ်ဘက်မှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
"ဧကရာဇ်ရဲ့ အမိန့်တော်အရ နန်းတော်ကိုယ်ရံတော်တပ်က တော်ဝင်မြို့တော် သံမဏိတံတိုင်းစစ်စခန်းမှ ချက်ချင်း ဆုတ်ခွာပြီး မြို့တော်ကို ကာကွယ်ဖို့ ပြန်သွားရမယ်"
"နန်းတော်ကိုယ်ရံတော်တပ်အားလုံး နာခံပြီးတော့ ချက်ချင်း ဆုတ်ခွာကြစမ်း...မနာခံတဲ့သူတွေကို သေဒဏ်ပေးမယ်"
Chapter 4714
ထိုအသံသည် ရှထန်ကန်းထံမှ ထွက်ပေါ်လာခဲ့ခြင်းပင်။
သူ ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် တာယွီစစ်စခန်းရှိ လူတိုင်း အံ့အားသင့်သွားကြသည်။ နန်းတော်ကိုယ်ရံတော်တပ်သည် ဤအရေးကြီးသည့် အခိုက်အတန့်တွင် ဆုတ်ခွာရန် ရွေးချယ်လိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားခဲ့ကြချေ။
ထန်စစ်တပ်သည် တောင်ပိုင်းနန်းတော်၏ အစောင့်တပ်ဆယ့်ခြောက်ခုကဲ့သို့သော ထိပ်တန်းစစ်သည်တော်များကိုပင် ထုတ်လာခဲ့သော်လည်း နန်းတွင်းကိုယ်ရံတော်တပ်သည် ဤအချိန်တွင် ဆုတ်ခွာရန် ရွေးချယ်ခဲ့သည်။
ဤသည်မှာ စစ်ပွဲမတိုင်မီ သူတို့ဘက်မှ စိတ်ဓာတ်ကို ချိုးနှိမ်ခြင်းနှင့် မထူးခြားပေ။
"တပ်မှူးရှ....ဘာလို့ အခုထွက်သွားတာလဲ"
ဖူကျစ်ရွှယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ရှထန်ကန်း၏ အေးစက်စက်အသံကို လူများအားလုံး ကြားလိုက်ရသည်။
"ဒီစစ်သူကြီးက ဧကရာဇ်ရဲ့ အမိန့်တော်ကို လက်ခံရရှိပြီးတော့ ထန်စစ်တပ်က တော်ဝင်မြို့တော်ကို အလစ်အငိုက်တိုက်ခိုက်မှာကို စိုးရိမ်တယ်...ဒါကြောင့် ငါ ပြန်ပြီးတော့ ခုခံကာကွယ်ဖို့ကလွဲပြီးတော့ တခြားရွေးချယ်စရာမရှိဘူး.... ဒါက ဧကရာဇ်ရဲ့ အမိန့်တော်ပဲ။ ဘယ်သူက မနာခံဘဲ နေဝံ့မှာလဲ"
စစ်တပ်တစ်တပ်လုံး တိတ်ဆိတ်သွားပြီး စစ်သားအများစုသည် မုန်းတီးစွာဖြင့် အံ့ကြိတ်လိုက်ကြ၏။
နန်းတော်ကိုယ်ရံတော်တပ်သည် ပုန်းကွယ်နဂါးစစ်တပ် ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေခဲ့သည်မှာ သိသာထင်ရှားသည်။ ယခုချိန်၌ ပုန်းကွယ်နဂါးစစ်တပ် ရောက်ရှိလာသည်နှင့် နန်းတော်ကိုယ်ရံတော်တပ်သည် ချက်ချင်း ဆုတ်ခွာရန် ရွေးချယ်ပြီး ခက်ခဲသော ကိစ္စအားလုံးကို လွှဲပြောင်းလိုက်သည်။
ဧကရာဇ်၏အမိန့်တော်ဟု ဆိုသော်လည်း လူအများသည် ဤကိစ္စ၏နောက်ကွယ်တွင် ပို၍နက်ရှိုင်းသော အဓိပ္ပာယ်တစ်ခု ရှိနေမည်ဟု ခန့်မှန်းနေကြသည်။
ကျိုးယွမ်ယန်သည် ငတုံးတစ်ယောက် မဟုတ်ချေ။ သူသည် စစ်ပွဲမတိုင်မီ အဓိကတပ်ရင်းအနည်းငယ်ကို ရုတ်တရက် ဆုတ်ခွာစေခြင်း၏ အကျိုးဆက်များကို သေချာပေါက် သိသည်။
သူ ထိုသို့ပြုလုပ်သည့် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ဒေသခံတပ် များကို ပစ်မှတ်ထားခြင်းပင်။
သူသည် ကျားကိုမောင်းပြီး ဝံပုလွေကိုမြိုချစေသည့် နည်းလမ်းကိုအသုံးပြုကာ ဤအရာ ဆင်ခြေအဖြစ်အသုံးပြု၍ နှစ်ဖက်စလုံးကို အထိနာစေပေလိမ့်မည်။
စစ်သည်တော်တိုင်းသည် သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရသည်။
"ရှထန်ကန်း...ဒီတိုက်ပွဲပြီးရင် မင်း ငါနဲ့ တိုက်ခိုက်ရမယ်"
စုန့်ချင်းဟူက ရုတ်တရက် အော်ဟစ်လိုက်သည်။
ရှထန်ကန်းသည် အေးစက်စက် နှာမှုတ်လိုက်သော်လည်း တုံ့ပြန်ရန် မရွေးချယ်ခဲ့ချေ။
ရာထူးအဆင့်အရ တော်ဝင်စစ်တပ်၏တပ်မှူးနှင့် ပြည်နယ်အုပ်ချုပ်သူအရှင်ကြားတွင် ကွာခြားမှုများစွာ မရှိသော်လည်း ရှထန်ကန်း၏ခွန်အားသည် စစ်တပ်မှ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသော စုန့်ချင်းဟူနှင့် မယှဉ်ပြိုင်နိုင်ချေ။
အကယ်၍ သူသာ စုန့်ချင်းဟူနှင့် တိုက်ခိုက်မည်ဆိုလျှင် ရှထန်ကန်းသည် လှုပ်ရှားမှုအနည်းငယ်အတွင်း အသတ်ခံရဖွယ်ရှိသည်။
ရှထန်ကန်း၏ အမိန့်အရ နန်းတော်ကိုယ်ရံတော်တပ်သည် လျင်မြန်စွာ ဆုတ်ခွာသွားပေ၏။
မကြာမီမှာပင် ကြီးမားစွာ ဗလာဖြစ်နေသည့် ကာကွယ်ရေးနေရာတစ်ခုသည် လူတိုင်း၏မျက်လုံးရှေ့တွင် ပေါ်ပေါက်လာသည်။
ယဲ့ဝမ်ရှုသည် ဖြေရှင်းချက်တောင်းရန် လူများကို အလျင်အမြန် စေလွှတ်လိုက်သည်။ သူမသည်လည်း နန်းတော်ကိုယ်ရံတော်တပ်သည် မည်သည်ကြောင့် ဤသို့ပြုလုပ်သည်ကို မသိခဲ့ချေ။
နဂါးသိုင်းပညာစစ်တပ်နှင့် နန်းတော်ကိုယ်ရံတော်တပ်တို့ နှစ်တပ်လုံးသည် တော်ဝင်စစ်တပ်တွင် ပါဝင်သည်။ သို့ရာတွင် ရှထန်ကန်းသည် ဧကရာဇ်၏ ရင်းနှီးသောအမတ်ကြီးဖြစ်သောကြောင့် နန်းတော်ကိုယ်ရံတော်တပ်သည် နဂါးသိုင်းပညာတပ်ထက် များစွာ မြင့်မားသော အခွင့်အာဏာကို ကိုင်စွဲထားသည်။ သူတို့တွင် ဆုံးဖြတ်ချက်တစ်ခုရှိလျှင်ပင် နဂါးသိုင်းပညာစစ်တပ်နှင့် ဆွေးနွေးရန် မလိုအပ်ချေ။
လုယွီသည် အငြင်းပွားရန် အစီအစဉ်မရှိဘဲ လက်ကိုဝှေ့ယမ်းလိုက်သည်။
"လုကျင်းရှန့်....အဲ့ဒီကာကွယ်ရေးနယ်မြေကို လွှဲပြောင်းယူဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်စမ်း"
ပုန်းကွယ်နဂါးစစ်သည်တော်တစ်စုသည် နန်းတော်ကိုယ်ရံတော်တပ်ကို ဖြတ်သန်းသွားပြီး သူတို့ထားခဲ့သော နယ်မြေကို လွှဲပြောင်းယူလိုက်သည်။
ဆုတ်ခွာသွားသော နန်းတော်ကိုယ်ရံတော်တပ်မှ စစ်သည်တော်များသည် သူတို့မှားနေသည်ကို သိကြသည်။ သူတို့ ထွက်ခွာသွားချိန်၌ ရှက်ရွံစိတ်ကြောင့် ခေါင်းငုံထားကြ၏။
"ပူ...."
သာယာနာပျော်ဖွယ်ကောင်းသော တံပိုးသံတစ်သံသည် စစ်မြေပြင်တပြင်လုံးကို ဖြတ်သန်းသွားသည်။
ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သည်တော်များသည် စိတ်အားတက်ကြွနေကြသည်။ သူတို့သည် ထန်စစ်တပ်မတော်၏ ရောက်ရှိလာခြင်းကို ကြိုဆိုရန် သူတို့ကိုယ်သူတို့ ပြင်ဆင်လိုက်ကြ၏။
ဤအချိန်အခိုက်အတန့်တွင် အဝေးရှိ ထန်စစ်တပ်သည်လည်း ပုန်းကွယ်နဂါးစစ်တပ်၏ စစ်မှန်သောအင်အားကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ တံပိုးခရာသံများနှင့်အတူ ထန်စစ်သည်တော်များ၏ ဒေါသတကြီး ဟိန်းဟောက်သံများကို တစ်သံပြီးတစ်သံ ကြားနေရသည်။
ဧရာမ ထန်စစ်သင်္ဘောများသည် ရှေ့သို့တိုးလာခြင်းမရှိဘဲ ရပ်တန့်လိုက်ပြီးနောက် ကုန်းပတ်ပေါ်ရှိ အတားအဆီးများ တပြိုင်နက်တည်း ပွင့်သွားသည်။ စစ်သင်္ဘောအထပ်တိုင်းတွင် အနက်ရောင်ပြောင်းဝများရှိနေပြီး တာယွီစစ်စခန်းဘက်သို့ ချိန်ရွယ်ထားသည်။
ဤလုပ်ရပ်သည် တာယွီစစ်တပ်မှ စစ်ဗိုလ်ချုပ်များအားလုံးကို မှင်တက်သွားစေသည်။
"ထန်စစ်တပ်ရဲ့ တပ်မှူးက အရမ်းတော်တယ်...ပုန်းကွယ်နဂါးစစ်သင်္ဘောတွေက ကြီးမားတာကြောင့် ထိပ်တိုက်တိုက်ခိုက်ရင် ကိုင်တွယ်ရခက်တယ်ဆိုတာကို သိတယ်... ဒါကြောင့် သူက အမြှောက်တွေသုံးပြီး သူတို့ကို အရင်တိုက်ခိုက်တာပဲ"
"ကံမကောင်းစွာနဲ့ ပုန်းကွယ်နဂါးစစ်တပ်က အပြင်ဘက်မှာ ရှိနေတယ်...ဒါက အရမ်းနောက်ကျသွားပြီ"
စစ်ဗိုလ်ချုပ်များအားလုံး သက်ပြင်းရှိုက်လိုက်ကြသည်။
ပုန်းကွယ်နဂါးစစ်တပ်သည် အလွန်လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ သူတို့သည် စစ်စခန်းအတွင်းသို့ ဝင်ရောက်ရန် အချိန်မရခဲ့ကြပေ။
စစ်စခန်း၏ ဝင်္ကပါကြီးမှကာကွယ်မှုရှိနေပါက သူတို့သည် အပြင်ဘက်မှ အမြှောက်ဆန်မီးတောက်များ၏ တိုက်ခိုက်မှုများကို ခုခံနိုင်ပေမည်။ သို့ရာတွင် ယခုချိန်၌ ပုန်းကွယ်နဂါးစစ်သည်တော်များအားလုံးသည် စခန်းအပြင်ဘက်တွင် ရှိနေကြရာ သူတို့သည် ထန်စစ်တပ်၏ အမြှောက်ဆန်မီးတောက်ကို ထိပ်တိုက်ရင်ဆိုင်ရပေမည်။
Chapter 4715
"လုယွီ သတိထားပါ....ထန်စစ်တပ်ရဲ့ အမြှောက်တွေက အရမ်းပြင်းထန်တယ်"
စစ်ဗိုလ်ချုပ်တစ်ဦးက သတိပေးလိုက်သည်။
ဤစကားများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့် တပြိုင်နက်တည်း အဝေးရှိ ထန်စစ်တပ်၏ စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်ဆန်များသည် အရှိန်ဖြင့် ရောက်ရှိလာကြ၏။
ဘုန်း...ဘုန်း... ဘုန်း...
အချိန်တခဏအတွင်းမှာပင် နားကွဲလုမတတ် ကျယ်လောင်သော အမြှောက်သံများသည် မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်သွားသည်။
မြည်ဟီးသံများသည် တက်လိုက်ကျလိုက်ဖြစ်နေပြီး လူများအားလုံး၏နားများအတွင်းတွင် ပြည့်နှက်နေသည်။
"ခေါင်းငုံ... မြန်မြန်ခေါင်းငုံထားကြစမ်း...."
"ထန်စစ်တပ်က ရူးနေတာလား...ဒီဗျူဟာကို ကြည့်စမ်း...သူတို့က သူတို့ရဲ့ဝှက်ဖဲတွေ စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်တွေအားလုံးကို ထုတ်သုံးလိုက်တာတော့ မဟုတ်ဘူးမလား..."
"ပြီးသွားပြီ... ဒီလိုမျိုး ကြောက်ဖို့ကောင်းတဲ့ အမြှောက်ဆန်မီးတောက်တွေအောက်မှာ ပုန်းကွယ်နဂါးစစ်တပ်က အင်အားတစ်ဝက်လောက် ဆုံးရှုံးသွားလိမ့်မယ်"
မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်နေသော ဝိညာဉ်ကျောက်တုံးအမြှောက်များ၏ အလင်းတန်းများသည် လေထုကို ဖြတ်သန်းကာ အတူတကွ စုစည်းသွားပြီး တာယွီစစ်စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
တာယွီစစ်တပ်သည် စစ်ပွဲစတင်ကတည်းက ဤကဲ့သို့ တိုက်ပွဲဗျူဟာကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ရုတ်ချည်းဆိုသလိုပင် လူတိုင်းသည် ခြိမ်းခြောက်မှုကို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ အလျင်အမြန် လှဲလျောင်းလိုက်ကြသည်။
တချို့လူများသည် သူတို့၏မျက်စိထောင့်မှ စခန်းအပြင်ဘက်ရှိ ပုန်းကွယ်နဂါးစစ်တပ်ကို တစ်ချက်ကြည့်လိုက်ကြသည်။ သို့ရာတွင် ပုန်းကွယ်နဂါးစစ်သည်တော်အားလုံးသည် ဖွဲ့စည်းပုံအတိုင်း မတ်တတ်ရပ်နေဆဲဖြစ်ပြီး ထန်တပ်မတော်၏ အမြှောက်မီးတောက်များသည် သူတို့အပေါ် သက်ရောက်မှုမရှိသကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိခဲ့ကြသည်။
"ပုန်းကွယ်နဂါးစစ်တပ်က ရူးနေတာလား...."
"အုပ်ချုပ်သူအရှင်လု အမိန့်ပေးပါတော့...ထန်စစ်တပ်ရဲ့ အမြှောက်ဆန်တွေ ရောက်လာတော့မယ်"
တာယွီစစ်ဗိုလ်ချုပ်များသည် စစ်စခန်း၏ တံတိုင်းများပေါ်တွင် မတ်တတ်ရပ်နေကြပြီး သူတို့သည် ထန်စစ်တပ်မှ အမြှောက်များ၏ စွမ်းအားကို ခံစားနိုင်သည်။
ဤအချိန်တွင် သူတို့သည် အခြားမည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ လုယွီကို လျင်မြန်စွာ ဆုတ်ခွာလာရန် ပျာပျာသလဲ တိုက်တွန်းနေကြသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"အဆင်ပြေပါတယ်...သူတို့က ကာကွယ်ရေးအတားအဆီးကို မဖောက်နိုင်ပါဘူး..."
ကာကွယ်ရေး...
လူတိုင်း၏မျက်လုံးအကြည့်များ စစ်မြေပြင်သို့ တဖန်ပြန်၍ ကျရောက်သွားသည်။ ဤအချိန်၌ အခြေအနေသည် ပြောင်းလဲသွားခဲ့လေပြီ။
ပုန်းကွယ်နဂါးစစ်တပ်၏ ဖွဲ့စည်းပုံရှေ့တွင် ဖြန့်ကျက်ထားသော မိုမျိုးနွယ်စစ်သင်္ဘောများသည် စစ်တောင်ပံများကို ဖြန့်ကျက်ထားပြီးဖြစ်သည်။ သူတို့သည် ရန်သူ၏တိုက်ခိုက်မှုကို ကြိုဆိုရန် သူတို့၏အတောင်ပံများကို ဖြန့်ကျက်ထားသော ဧရာမနဂါးများအလားပင်။
စစ်ဗျူဟာအလင်းတိုင်များသည် မိုးကောင်းကင်ယံသို့ ထိုးတက်သွားပြီး အချင်းချင်း ချိတ်ဆက်ကာ ကြီးမားသော ခုနစ်ရောင်ခြယ်အလင်းတံတိုင်းတစ်ခုကို ဖွဲ့စည်းပြီး ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်လုံးကို လုံးလုံးလျားလျား လွှမ်းခြုံထားသည်။
မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်နေသော စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်ဆန်များသည် ခုနစ်ရောင်ခြယ်အလင်းတံတိုင်းကို ထိမှန်သွားပေ၏။
သူတို့ရှေ့မှ ခုနစ်ရောင်အလင်းတံတိုင်းသည် လိမ်ကောက်ပြီး တုန်ခါသွားသော်လည်း အလွန်အမင်း ခိုင်မာသည်။ ဤသို့သော ပြင်းထန်သည့် တိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း ထိုအရာသည် ပျက်စီးသွားခြင်း မရှိခဲ့ချေ။
"တကယ့်ကို အားကောင်းတဲ့ ဝင်္ကပါပဲ..."
စုန့်ချင်းဟူက အော်ဟစ်လိုက်သည်။
တာယွီသံမဏိတံတိုင်း၏ မဟာဝင်္ကပါကြီးသည် တာယွီစစ်တပ်တွင် အမြဲတစေ အယုံကြည်ရဆုံး အကာအကွယ်ဝင်္ကပါ ဖြစ်ခဲ့သည်။
တာယွီစစ်စခန်း၏ မဟာဝင်္ကပါကြီးကို မဟာဝင်္ကပါပညာရှင်ဆယ်ဦးကျော်က ပူးပေါင်းခင်းကျင်းခဲ့ပြီး အရင်းအမြစ်ပေါင်းများစွာကို အသုံးပြုခဲ့သည်။
ထိုသို့ဖြစ်နေသော်လည်း စစ်စခန်းရှိ အကာအကွယ်ဝင်္ကပါသည် ထန်စစ်တပ်၏ အမြှောက်ဆန်မီးတောက်ကို အပြည့်အဝတားဆီးနိုင်မည်ဟု အာမမခံနိုင်ချေ။
အမြှောက်သံသည် သူတို့၏နားများအတွင်းတွင် တဝီဝီမြည်နေသည်။ ထန်စစ်တပ်၏ အမြှောက်ဆန်မီးတောက်များသည် တစ်နာရီကြာ ဆက်လက်ဖြစ်ပွားပြီးမှ တဖြည်းဖြည်း ပြန့်ကျဲသွားသည်။
ပုန်းကွယ်နဂါးစစ်သည်တော်များ ဒဏ်ရာတချို့ ရရှိခဲ့သည်။ စစ်သင်္ဘောတချို့သည် အပြည့်အဝ ကာကွယ်နိုင်ခြင်းမရှိဘဲ အမြှောက်ဆန်မီးတောက်များကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည်။
သို့ရာတွင် ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်လုံးသည် အကောင်းပကတိ ရှိနေဆဲပင်။ သူတို့သည် မည်သည့်ပြင်းထန်သော ထိခိုက်မှုမျိုးမျှ မရရှိခဲ့ကြပေ။
အထူးသဖြင့် စစ်သည်တော်များသည် လှုပ်ရှားခြင်းမရှိဘဲ ယခင်နေရာတွင် မတ်တတ်ရပ်နေဆဲဖြစ်ပေ၏။
သူတို့၏ကြောက်ရွံ့ခြင်းမရှိသော စိတ်ဓာတ်သည် လူအများကို စိတ်လှုပ်ရှားသွားစေရန် လုံလောက်သည်။
အဝေးရှိ ထန်စစ်တပ်သည် အမြှောက်များ အသုံးမဝင်သည်ကို မြင်ချိန်၌ သူတို့သည် ချက်ချင်းဆိုသလိုပင် သူတို့၏စစ်နည်းဗျူဟာများကို ပြောင်းလဲလိုက်ကြသည်။
သူတို့သည် စစ်သင်္ဘောများကို ရှေ့တန်းသို့ပို့ပြီးစစ်သင်္ဘောတစ်စီးစီကို ထူထပ်သော ကာကွယ်ရေးဝင်္ကပါများဖြင့် ဖုံးအုပ်ကာ ပုန်းကွယ်စစ်တပ်ထံသို့ တိုးဝင်လာကြသည်။
တစ်ချိန်တည်းမှာပင် စစ်သင်္ဘောအားလုံးနောက်မှ ထန်စစ်သည်တော်များသည်လည်း ဒီရေလှိုင်းကဲ့သို့ ချီတက်လာကြ၏။
ကျယ်လောင်သော တိုက်ပွဲခေါ်သံများသည် မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်သွားသည်။ ပြင်းထန်သောတိုက်ပွဲတစ်ပွဲ စတင်ခဲ့လေပြီ။
"စစ်သင်္ဘောအားလုံးကို စုစည်းပြီး တိုးဝင်ကြစမ်း"
လုယွီ၏ အသံသည် စစ်မြေပြင်တပြင်လုံးအနှံ့ပျံ့နှံ့သွားပေ၏။