← Chapters

အခန်း (၄၇၃၁-၄၇၃၅)

Vol. 240 Ch. 4731-4735

အခန်း (၄၇၃၁-၄၇၃၅)

Vol. 240 Ch. 4731-4735

Chapter 4731

ဤအချိန်တွင် လုယွီ၏ မျက်လုံးများ သွေးရောင်သန်းနေပြီး သူ အလွန်ပင်ပန်းနေပုံရသည်။

လုယွီ၏ စိတ်ဝိညာဉ်အစွမ်းဖြင့် ဤမြင်ကွင်းမျိုး ဖြစ်ပေါ်လာရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

စိတ်ဝိညာဉ်၏ စွမ်းအား အလွန်အမင်း ကုန်ခမ်းသွားမှသာ ဤကဲ့သို့အခြေအနေ ဖြစ်ပေါ်လာလေ့ရှိသည်။

လုယွီသည် အမှန်တကယ်ကိုပင် သူ၏ စိတ်ဝိညာဉ်မှစွမ်းအားကို အလွန်အကျွံ အသုံးပြုခဲ့သည်။

တစ်စုံတစ်ယောက်သည် ထိုရှေးဟောင်းဝင်္ကပါကို ချိုးဖျက်လိုပါက လေ့လာရန်သာမက သူ၏ စိတ်အတွင်းတွင် အဆက်မပြတ် ကောက်ချက်ချရန်လည်း လိုအပ်မည်ဖြစ်သည်။ ထိုသို့ပြုလုပ်မှသာ သူသည် ထိုအရာကို သူ၏ ကိုယ်ပိုင်အတွေ့အကြုံအဖြစ်သို့ ပြောင်းလဲနိုင်ပေမည်။

လုယွီကမူ ထိုလုပ်ငန်းစဉ်၏ အလယ်ပိုင်းကို ကျော်သွားခဲ့သည်။ သူသည် စိတ်ဝိညာဉ်၏စွမ်းအားကို အသုံးပြု၍ အစစ်အမှန်တိုက်ပွဲကို ကောက်ချက်ချနေစဉ်မှာပင် ထိုအရာကို လေ့လာဆင်ခြင်ခဲ့သည်။

လုယွီသည် ရွှယ်အင်မော်တယ်တစ်ယောက် ဖြစ်သော်လည်း သူသည် ဤကဲ့သို့သော စိတ်ဝိညာဥ်စွမ်းအားဆုံးရှုံးမှုကို တောင့်မခံနိုင်သေးချေ။

"အရှင်....ဆုတ်ခွာကြစို့"

လုကျင့်ရှန်းက လုယွီ နိုးလာသည်ကို မြင်ချိန်တွင် အလျင်အမြန် ပြောဆိုလိုက်သည်။

သူသည် တိုက်ပွဲကို တာဝန်ယူထားသူဖြစ်သော်လည်း သူ၏ရှေ့မှ သေဆုံးမှုများ ဒဏ်ရာရရှိမှုများဖြင့် ပြည့်နှက်နေသော ကြေကွဲဖွယ် မြင်ကွင်းသည် သူ့ကို အမှန်တကယ် တုန်လှုပ်သွားစေခဲ့သည်။

ပုန်းကွယ်နဂါးစစ်တပ်တွင် စစ်သည်တော်ဦးရေများပြားပြီး အစွမ်းထက်သော ကျင့်ကြံသူအမြောက်အများ ရှိသော်လည်း သူတို့သည် ဤကဲ့သို့သော လုံးပါးပါးမှုကို ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

နောက်ထပ် တပ်ရင်းမှူးတစ်ဦးက ပြောဆိုသည်။

"အရှင်.... ကျွန်တော်တို့ လောလောဆယ် ဆုတ်ခွာသင့်ပါတယ်....နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ အခွင့်အရေးရှာရင်လည်း နောက်မကျသေးပါဘူး"

လူတိုင်းက လုယွီကို ဖျောင်းဖျရန် ကြိုးစားနေကြသည်။

လုယွီသည် ဤအချိန်တွင် ခေါင်းမာ၍မဖြစ်ပေ။ ထိုသို့မဟုတ်ပါက သူသည် ပုန်းကွယ်နဂါးစစ်တပ်မတော်ကို ထာဝရငရဲ ချောက်နက်ကြီးတစ်ခုအတွင်းသို့ ဆောင်ကြဉ်းသွားနိုင်သည်။

"ငါ့ကို အလံပေး....ဒီတိုက်ပွဲကို ငါ တာဝန်ယူမယ်"

လုယွီက သူ၏ လက်ကို ဆန့်တန်းလိုက်သည်။

လုယွီ၏စကားကို ကြားချိန်တွင် စစ်ဗိုလ်ချုပ်များအားလုံး တိတ်ဆိတ်သွားပေ၏။

လုယွီသည် တိုက်ခိုက်လိုသဖြင့် သူတို့သည်လည်း သူ့နှင့်အတူ အဆုံးထိ လိုက်ပါရပေမည်။

လုကျင့်ရှန်းက အလံကို လုယွီထံသို့ ပေးလိုက်သည်။ ဤသည်မှာ သုံးပေရှည်လျားသော အနီရောင်အမိန့်ပေးအလံဖြစ်ပြီး စစ်ဗိုလ်ချုပ်အားလုံး နာခံကြသည်။

ဤအချိန်တွင် လုယွီသည် တံတိုင်းဘေးတွင် မတ်တတ်ရပ်ကာ အောက်မှ စစ်မြေပြင်ကို ကြည့်နေသည်။

လူတိုင်း၏ မျက်လုံးများသည် သူ့အပေါ်တွင် ရှိနေပြီး လီမီပင်လျှင် သူ့အား လှမ်းကြည့်နေသည်။

"လုယွီ...မင်း သူရဲဘောကြောင်သွားပြီလို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ မင်း ရှေ့ထွက်လာမှတော့ ငါ့ရဲ့ဝင်္ကပါကြီးအကြောင်း ပြောပြပါအုံးလား" လီမီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

သူ၏အသံသည် ကြည်လင်ပြတ်သားပြီး လ၏ အလင်းရောင်အလား အရပ်မျက်နှာအဘက်ဘက်သို့ ဖြာကျနေသည်။ ဤသည်မှာ အထူးအသံနည်းစနစ်တစ်ခုပင်။

လုယွီက ပြောဆိုသည်။

"မင်းရဲ့ ဒီအမွေအနှစ်က အရမ်းအားကောင်းတယ်.... ငါ နည်းနည်းသိချင်တာက မင်းရဲ့နောက်ကွယ်ကနေ မင်းကို ဒီဝင်္ကပါအစီအရင်ကို သင်ပေးတဲ့သူက ဘယ်သူလဲ..."

လီမီသည် အလွန်ငယ်ရွယ်ပေ၏။ သူထံ၌ လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာ၏ အကူအညီမရှိပေ။ သူသည် မွေးရာပါ သူတော်စင်တစ်ပါးဖြစ်လျှင်ပင် ဤမျှငယ်ရွယ်သော အရွယ်တွင် ရှေးဟောင်း ချီယိုဝင်္ကပါအစီအရင်ကို လေ့လာနိုင်မည် မဟုတ်ချေ။

လီမီ၏နောက်ကွယ်တွင် သူ့ကို သင်ကြားပေးနေသော တစ်စုံတစ်ယောက် ရှိနေပေမည်။

"ငါ မင်းကို ဘာလို့ပြောရမှာလဲ...မင်းက ထန်အင်ပါယာရဲ့ နံပါတ်တစ် ရန်သူပဲ... မင်းကို ငါဖျက်ဆီးလိုက်တာနဲ့ တာယွီတော်ဝင်နန်းတွင်းဆိုတာ ပြိုကွဲသွားမှာပဲ...ငါတို့က ထန်အင်ပါယာရဲ့ ဂုဏ်ကျက်သရေကို လောကကြီးဆီ ပြန်ယူဆောင်လာမယ်"

လီမီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ရှေးဟောင်းအလယ်ခေတ်က ထန်အင်ပါယာ..."

လုယွီက သက်ပြင်းရှိုက်လိုက်သည်။

"မင်း ငါနဲ့တွေ့သွားတာ ကံဆိုးတာပဲ..."

လုယွီက သူ၏ လက်အတွင်းတွင် အလံကို ကိုင်ဆောင်ကာ သူ၏ လက်အောက်ငယ်သားများကို ဝင်္ကပါဖွဲ့စည်းပုံပြောင်းရန် အမိန့်ပေးလိုက်သည်။

ရှုပ်ထွေးသော အမိန့်များ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။ တိုက်ပွဲတွင် ပါဝင်နေသော တပ်ရင်းအသီးသီးမှ တပ်မှူးများသည် အမိန့်များကို လက်ခံရရှိချိန်၌ သူတို့သည် ချက်ချင်း အမိန့်များကို လက်အောက်သို့ ဆင့်ဆိုလိုက်ကြသည်။

မရေမတွက်နိုင်သော အမိန့်များ ထုတ်ပြန်လိုက်ပြီးနောက် စစ်မြေပြင်ပေါ်မှ ပုန်းကွယ်နဂါးစစ်တပ်သည် သူတို့၏ အစီအရင်ကို မကြာခဏ ပြောင်းလဲစပြုလာသည်။

ဘုန်း...ဘုန်း...ဘုန်း...

မရေမတွက်နိုင်သော စစ်သားများသည် သူတို့၏ စစ်ဖိနပ်များကို မြေပြင်ပေါ်သို့ ချလိုက်ရာ ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသော အသံများ ထွက်ပေါ်လာသည်။

တိုက်ပွဲဝင်္ကပါအစီအရင်တစ်ခုလုံး ပြောင်းလဲစပြုလာသည်။ ပုန်းကွယ်နဂါးစစ်တပ်သည် မူလက ကာကွယ်ရေးကို အာရုံစိုက်ခဲ့ပြီး သူတို့သည် တိုက်ပွဲဝင်္ကပါကို အလျားလိုက် ဖြန့်ခင်းထားသဖြင့် လူတိုင်း သူတို့၏ ကာကွယ်ရေးနည်းစနစ်များကို အသုံးပြုနိုင်ကြသည်။

ယခုချိန်၌ ပုန်းကွယ်နဂါးစစ်တပ်မှ ခင်းကျင်းလိုက်သော တိုက်ပွဲဝင်္ကပါအစီအရင်သည် ဓားအိမ်မှ ထုတ်ထားသော ဓားတစ်လက်နှင့်တူနေပေ၏။ ဤသည်မှာ ရှည်လျားသော မြွေတစ်ကောင်နှင့်တူပြီး ချီယိုဓမ္မပုံရိပ်ယောင်ကို တန်းတန်းမတ်မတ် ချိန်ရွယ်ထားသည်။

"ဟား ဟား ဟား...လုယွီ၊ မင်းက သေအတူရှင်မကွာ တိုက်ခိုက်ချင်နေတာများလား...ပြီးတော့ ဆုတ်ခွာလမ်းအားလုံးကို ဖြတ်တောက်ချင်နေတာလား....မင်းက အရမ်းမိုက်မဲတာပဲ... မင်း ဒီနည်းလမ်းနဲ့ ငါ့ကိုတိုက်ခိုက်ချင်ရင် မင်း ပိုပြီးမြန်မြန်သေရလိမ့်မယ်"

လီမီက လှောင်ပြောင်လိုက်သည်။

Chapter 4732

လီမီထံတွင် သနားညှာတာမှု တစိုးတစိမျှမရှိဘဲ တဲ့တိုးဆန်စွာ ပြောဆိုသည်။

သူ၏မာနကြီးသော အမူအယာသည် သူ၏ နုပျိုသော ပုံပန်းသဏ္ဌာန်နှင့် ပေါင်းစပ်လိုက်ချိန်၌ အာဏာပြင်းသော အရှိန်အဝါကို ပေးစွမ်းနေသည်။

သို့ရာတွင် လီမီသည် မာနကြီးပိုင်ခွင့်ရှိသည်။ သူသည် လုယွီထက်ပင် ပို၍ငယ်ရွယ်သော်လည်း ယခုချိန်၌ သူ အောင်မြင်မှု အမြောက်အများကို ရရှိထားခဲ့သည်။ သူသည် သိုင်းပညာနှင့် စစ်နည်းဗျူဟာအမျိုးမျိုးတွင် ကျွမ်းကျင်ပြီး မွေးရာပါ သူတော်စင်တစ်ပါးဟု ခေါ်ဆိုနိုင်သည်။ သူ့အား ထိပ်သီးပါရမီရှင်ဟု ခေါ်ထိုက်ပေ၏။

"မင်းက သူတို့ကို ကျိုလီစစ်သည်တော်တွေကို ဟန့်တားခိုင်းချင်တာလား...အိပ်မက်မက်နေလိုက်စမ်း"

လီမီက လှောင်ပြောင်လိုက်သည်။

သူသည် လက်ညှိုးညွှန်လိုက်ရာ ချီယို၏ ဓမ္မပုံရိပ်ယောင်အပေါ် သက်ရောက်သွားသည်။ ချီယိုက သူ၏ပုဆိန်ကြီးကို နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်သည်။

သူ၏ရှေ့မှ လေဟာနယ်သည် ချွန်ထက်သော ပုဆိန်ဖြင့် တစ်လက်မချင်းစီ ဆုတ်ဖြဲခံလိုက်ရသည်။ အားပြင်းသောလေပြင်းများ အရပ်မျက်နှာအဘက်ဘက်သို့ တိုက်ခတ်သွားပြီး ပုန်းကွယ်နဂါးတပ်ဖွဲ့ထံသို့ ဦးတည်သွားသည်။

"သွားပြီ...."

တာယွီစစ်ဗိုလ်ချုပ်အများစုသည် ဤသည်ကို မြင်ချိန်၌ သူတို့၏ မျက်နှာများပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

မူလက ပုန်းကွယ်နဂါးစစ်တပ်သည် သူတို့၏ ကာကွယ်ရေးများကို ဖြန့်ခင်းထားသည်။ ပုဆိန်ကျလာလျှင်ပင် ဤသည်မှာ နေရာတစ်ခုတည်းမှ လူများကိုသာ ထိခိုက်စေပေမည်။

သို့ရာတွင် ယခုချိန်တွင်မူ လုယွီက ပုန်းကွယ်နဂါးစစ်တပ်ကို ရှည်လျားသော မြွေကဲ့သို့သော ဝင်္ကပါတစ်ခုအဖြစ် စီစဉ်လိုက်သည်။ ရှည်လျားသော ဒေါင်လိုက်လူတန်းကြီးသည် ချွန်ထက်သော ဓားတစ်လက်နှင့်တူပြီး ထန်စစ်တပ်၏ ဦးတည်ရာဘက်သို့ ညွှန်ပြထားသည်။

ဤသည်မှာ ပုံမှန် တိုက်ခိုက်ရေးအနေအထားဖြစ်ပြီး ကာကွယ်ရေးဝင်္ကပါ မဟုတ်ချေ။

ဤအခင်းအကျင်းသည် သာမန်နေ့တစ်နေ့သာဖြစ်ပါက အဆင်ပြေပေမည်။ သူတို့သည် အသက်ရှင်သန်ရန် သူတို့၏ အသက်ကို ပုံအော၍ တိုက်ခိုက်နိုင်ကြသည်။ သို့ရာတွင် လက်ရှိအခြေအနေ၌ ပုန်းကွယ်နဂါးစစ်တပ်၏ တိုက်ခိုက်မှုအားလုံးသည် သူတို့ရှေ့မှ လွှမ်းမိုးနေသော ကျိုလီစစ်သည်တော်များကို ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေနိုင်ချေ။

သူတို့၏တိုက်ခိုက်မှုများအားလုံး အချည်းနှီးဖြစ်နေသည်။

"လုယွီ....မင်း အရမ်းနုံတာပဲ...မင်း အားကောင်းတော့ ဘာဖြစ်လဲ...စစ်မြေပြင်မှာ မင်းရဲ့ကိုယ်ပိုင်စွမ်းအားကို အားမကိုးရဘူး...မင်းရဲ့ မဟာဗျူဟာအစီအစဉ်တစ်ခုလုံးကို အားကိုးရတာ....ဒီနေ့ မင်းက ငါ့ရဲ့ ခြေနင်းကျောက်တုံးဖြစ်ဖို့ ကံပါလာတယ်"

ချီယို၏ဧရာမပုဆိန်ကြီး ကျရောက်လာတော့ပေမည်။

လုယွီသည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တံတိုင်းကို စွန့်ခွာပြီး တိုက်ပွဲ၏ ထိပ်သို့ ရောက်ရှိသွားသည်။

အားပြင်းသောလေသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ခတ်လာပြီး သူ၏ အဝတ်အစားများကို တလူလူလွင့်နေစေသည်။

လုယွီသည် လေဟာနယ်အတွင်းသို့ ခြေချကာ သူ၏ လက်ဖြင့် လက်စည်းသင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်၏။ အလွန်ကြီးမားသော ရွှေရောင်အလင်းတန်းတစ်တန်း မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။

မြင့်မြတ်ပြီး ခံ့ညားထည်ဝါသော အင်အားလှိုင်းတစ်ရပ်သည် လုယွီကို ဗဟိုပြု၍ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့စပြုလာသည်။

ဤအင်အားသည် အလွန်ကြမ်းတမ်းကာ လုယွီ၏ရှေ့မှ လေဟာနယ်ပင် အေးခဲစပြုလာသည်။ ချီယိုပုဆိန် ကျဆင်းလာသည့် အရှိန်သည်လည်း သက်ရောက်မှုခံရသည်။

အဆုံးမဲ့ကျယ်ပြန့်သော ရွှေရောင်မြူခိုးများ လေထုအတွင်းတွင် ပြည့်နှက်သွားပြီး လုယွီ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ရွှေရောင်သံချပ်ကာဝတ် ရှေးဟောင်းကျင့်ကြံသူတစ်ဦး မြူခိုးများအကြားမှ ထွက်ပေါ်လာသည်။

ဧရာမပုဆိန်သည် မမြင်နိုင်သော အင်အားတစ်ရပ်ဖြင့် တားဆီးခြင်းခံလိုက်ရသည်။ ဤအရာသည် မည်မျှပင် အားကောင်းသည်ဖြစ်စေ လုံးလုံးလျားလျား ရှေ့သို့မရွေ့နိုင်ပေ။

တစ်ချိန်တည်းမှာပင် အောက်မှ ဝင်္ကပါအစီအရင်ဖွဲ့စည်းထားသော ပုန်းကွယ်နဂါးစစ်သည်တော်များ၏ ပုံရိပ်များလည်း ပျောက်ကွယ်သွားသည်။

သူတို့သည် ဝင်္ကပါအစီအရင်အတွင်းတွင် ပုန်းအောင်းနေကြသည်။ သူတို့၏မှော်စွမ်းအားအားလုံး စုစည်းခြင်းခံရပြီး လေဟာနယ်အတွင်းမှ ဧရာမဓမ္မပုံရိပ်ယောင်ကြီးနှင့် ပေါင်းစည်းရန် အသုံးပြုခြင်းခံရသည်။

ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေသည်။ ဤသည်မှာ ထိုက်တောင်ကြီးတစ်တောင် ဖိနှိပ်နေသည့်အလား ပြင်းထန်သောအရှိန်အဝါတစ်ရပ် ရုတ်တရက် ကျဆင်းလာသည်။

စစ်မြေပြင်တစ်ခုလုံးတွင် ဧရာမဓမ္မပုံရိပ်ယောင်ကြီးနှစ်ခုသာ ကျန်တော့သည်။ သူတို့သည် အဝေးမှ အချင်းချင်းကြည့်နေကြပြီး သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

"ချီယိုရဲ့ ပုဆိန် တားဆီးခံလိုက်ရပြီ..."

"ဒါကလည်း ရှေးဟောင်းဝင်္ကပါအစီအရင်ပဲ....လုယွီက မဟာဗျူဟာမှာ ထူးချွန်ရုံတင်မကဘူး အစီအရင်တွေအကြောင်းလည်း သိတယ်..."

လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားပေ၏။

ချင်လုရှန်းနှင့်တခြားလူများသည် တံတိုင်းပေါ်မှ ခံတပ်ငယ်များကို စိတ်လှုပ်ရှားစွာ ရိုက်ပုတ်ပြီး အော်ဟစ်လိုက်ကြသည်။

"ဒါက ဆရာလုပဲ....လီမီက ဘာအရေးစိုက်စရာရှိလို့လဲ"

လုအဖွဲ့ဝင်များသည်လည်း အားပေးကြွေးကြော်နေကြလေပြီ။

သူတို့အနက်မှ အများစုသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ လာကြပြီး လုယွီ၏ အံ့အားသင့်ဖွယ် နည်းလမ်းများစွာကို တလျှောက်လုံး မျက်မြင်တွေ့ရှိခဲ့ကြသည်။

ယခုချိန်တွင် လုယွီသည် လီမီကို ဝင်္ကပါပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုဖြင့်လည်း နှိမ်နင်းလိုက်သည်။ ဤသည်မှာ လုအဖွဲ့ဝင်များကို ဂုဏ်ယူဝံ့ကြွားစေသော ကိစ္စတစ်ရပ်ပင်။

Chapter 4733

"ငါတို့ ကယ်တင်ခံရပြီ..."

စစ်သားအမြောက်အများ စိတ်လှုပ်ရှားသွားကြသည်။

ယခင်က သူတို့သည် ကြီးမားသော ချီယိုဝင်္ကပါကြီးအောက်တွင် သတ်ဖြတ်ခံရမည့် သိုးများကဲ့သို့ ဖြစ်နေခဲ့သည်။

သို့ရာတွင် ယခုချိန်တွင်မူ လုယွီကလည်း ရှေးဟောင်းဝင်္ကပါကြီးတစ်ခုကို အသုံးပြုလိုက်သည်။ ဤသည်မှာ တခြားသူများ တွေးထင်ထားသည်ထက် အမှန်တကယ်ကို ကျော်လွန်သွားခဲ့သည်။

ဤဝင်္ကပါကြီး၏ တောက်ပမှုသည် အရပ်မျက်နှာအဘက်ဘက်သို့ ထွန်းလင်းနေပေ၏။ ဤသည်မှာ ချီယိုအစီအရင်က ဖွဲ့စည်းလိုက်သော သွေးချီစွမ်းအားနှင့် ရင်ဆိုင်မိချိန်၌ လုံးလုံးလျားလျား ကွဲပြားခြားနားသော အရှိန်အဝါနှစ်ခုကို ထိပ်တိုက်တွေ့ဆုံခြင်းပင်။

အရေးကြီးသော အခိုက်အတန့်တွင် လုယွီသည် ရှေးဟောင်းဝင်္ကပါကြီးကို နားလည်သဘောပေါက်နိုင်ခဲ့ပေ၏။

ဤကဲ့သို့ ပြုလုပ်နိုင်ရန်မှာ အလွန်ခက်ခဲသည်။ ဤကဲ့သို့သော ဝင်္ကပါများတွင် ပြောင်းလဲမှုများစွာရှိပြီး အထူးသဖြင့် ပြိုင်ဘက်၏ဝင်္ကပါကြီးကို တန်ပြန်ရန် စဥ်းစားတွေးတောရခြင်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ယောက်အတွက် ဝင်္ကပါပညာရပ်တွင် အလွန်မြင့်မားသော ကျွမ်းကျင်မှုအပြင် ထိုသို့ပြုလုပ်နိုင်ရန် ထောက်ပံ့ပေးမည့် လုံလောက်သော စိတ်ဝိညာဉ်စွမ်းအားလည်း လိုအပ်သည်။

သာမန်စိတ်ဝိညာဉ်စွမ်းအားရှိသော တခြားသူတစ်ဦးသာဖြစ်ပါက သူသည် ဤစွမ်းအားမျိုး ထောက်ပံ့နိုင်မည် မဟုတ်ချေ။

သို့ရာတွင် လုယွီသည် အတင်းအကြပ် တောင့်ခံခဲ့လေ၏။ သူ၏ မျက်လုံးများသည် သွေးနီရောင်သန်းနေပြီး သူ အလွန်ပင်ပန်းနွမ်းနယ်နေပုံရသည်။

သို့ရာတွင် ဤကဲ့သို့ ပင်ပန်းနေသော အမျိုးသားသည် တောင်မြင့်ကြီးတစ်လုံးကဲ့သို့ တာယွီ စစ်သားအားလုံး၏ရှေ့တွင် ကာဆီးထားပြီး သူတို့ကို မကြုံစဖူးသော စိတ်ငြိမ်းချမ်းမှုအား ပေးစွမ်းနေသည်။

"ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ... ဒီလောကမှာ ပြီးပြည့်စုံတဲ့အရာမရှိဘူး... ချီယိုဝင်္ကပါကြီးက အားကောင်းပေမဲ့ ခြေရာမခံနိုင်တဲ့ အားနည်းချက်တွေ ရှိနေသေးတယ်..."

လုယွီက ဧရာမချီယိုဓမ္မပုံရိပ်ယောင်ကို ကြည့်လိုက်ပြီး သူ၏ ပါးစပ်ထောင့်များ အနည်းငယ် ကွေးတက်သွားသည်။

ဤမျှအားကောင်းသော ချီယိုဓမ္မပုံရိပ်ယောင်သည် နေရာတစ်နေရာတည်းတွင် မတ်တတ်ရပ်နေပေ၏။ သူသည် တန်ပြန်တိုက်ခိုက်ရန် လိုအပ်သောအချိန်မှသာ သူ၏ ပုဆိန်ကို ခုတ်ပိုင်းပေလိမ့်မည်။

"ထန်အင်ပါယာက ချီယိုဝင်္ကပါကြီးကို အသက်သွင်းဖို့ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရပုံပဲ... ဒီပြိုင်ဘက်ကင်းချီယိုကို ရှေးဟောင်းခေတ်ကနေ အဆုံးမဲ့ အချိန်နဲ့လေဟာနယ်ကို ဖြတ်ကျော်ပြီး ယူဆောင်ခဲ့တာ...ထန်စစ်တပ်ကလည်း ကြာကြာမထိန်းနိုင်လောက်ဘူး။ ဒါကြောင့် ချီယိုဓမ္မပုံရိပ်ယောင်က ကာကွယ်ရုံပဲ တတ်နိုင်ပြီးတော့ မတိုက်ခိုက်နိုင်ဘူး"

"ချီယိုဓမ္မပုံရိပ်ယောင် ရှိနေသရွေ့ ကျိုလီစစ်သည်တော်တွေက အဆုံးမရှိဘူး... ငါသာ ချီယိုဓမ္မပုံရိပ်ယောင်ကို ဖျက်ဆီးလိုက်ရင် ဒီဝင်္ကပါကြီးက သူ့အလိုလို ပျက်စီးသွားလိမ့်မယ်"

လုယွီသည် လီမီ အသုံးပြုထားသော ရှေးဟောင်းဝင်္ကပါကြီး၏ အားနည်းချက်များကို ထွင်းဖောက်မြင်ခဲ့ပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးသားအတွင်းတွင် ထိုအရာကို ချိုးဖျက်ရန် နည်းလမ်းတစ်ခု ရှိနေလေပြီ။

အဝေးတွင်ရှိနေသော လီမီ၏ မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ထင်ဟပ်နေသည်။

သို့ရာတွင် သူသည် အလွန်လျင်မြန်စွာဖြင့် သူ၏ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။ သူက အေးစက်စက် အော်ငေါက်ပြီး ပြောဆိုလိုက်၏။

"လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်နေတယ်။"

သူက သူ၏ လက်ချောင်းများကို အဆက်မပြတ် လှုပ်ရှားလိုက်ရာ လက်စည်းသင်္ကေတတစ်ခုပြီးတစ်ခု ကျရောက်သွားသည်။ ထို့နောက် ချီယို၏ဓမ္မပုံရိပ်ယောင်ထံမှ နက်ရှိုင်းသော ဟိန်းဟောက်သံတစ်သံကို ထုတ်လွှတ်လိုက်သည်။

ချီယို၏ပါးစပ်သည် ဝဲဂယက်တစ်ခုအလား ပတ်ဝန်းကျင်မှ သွေးအရှိန်အဝါအားလုံးကို စုစည်းပြီး ဝါးမြိုလိုက်သည်။

တစ်ချိန်တည်းမှာပင် ချီယို၏ဓမ္မပုံရိပ်ယောင်သည် အဆများစွာ ကြီးမားသွားပေ၏။ သူ၏အရပ်သည် မူလက အမြင့်ထက် လေးဆမက မြင့်တက်သွားသည်။ သူ၏ ကြီးမားသော ဓမ္မပုံရိပ်ယောင်သည် မိုးကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး ခံ့ညားထည်ဝါစွာ မားမားမတ်မတ် ရပ်တည်နေသည်။

တံတိုင်းပေါ်တွင်ရှိနေသည့် မရေမတွက်နိုင်သော စစ်ဗိုလ်ချုပ်များ ခေါင်းငုံ့လိုက်ကြသည်။

သူတို့သည် ခေါင်းငုံ့လို၍ မဟုတ်ဘဲ ချီယိုဓမ္မပုံရိပ်ယောင်ကြီး၏စွမ်းအားသည် အလွန်ကြီးမားသဖြင့် သူတို့ကို ခေါင်းငုံ့ရန် တွန်းအားပေးနေသောကြောင့်ပင်။

ဖူကျစ်ရွှယ်ကဲ့သို့ ထိပ်သီးကျင့်ကြံသူတစ်ဦးသာလျှင် ချီယို၏ဓမ္မပုံရိပ်ယောင်ရှေ့တွင် ယခင်အတိုင်း တည်ငြိမ်စွာနေနိုင်သည်။

"လုယွီရဲ့ဝင်္ကပါက လီမီရဲ့ပြိုင်ဘက်ဟုတ်မဟုတ် ငါ မသိဘူး...."

"ထန်စစ်တပ်က သေချာပြင်ဆင်လာတာ ရှင်းနေတယ်... ဒါပေမဲ့ လုယွီက လီမီကို ရင်ဆိုင်ဖို့ အလျင်လိုနေတဲ့ပုံပဲ...သူက သူရဲ့ပြိုင်ဘက်ကို အနိုင်ယူနိုင်မလားဆိုတာ မသိသေးဘူး"

ဖူကျစ်ရွယ်နှင့်တခြားသူများ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့သည် ယခင်ကဲ့သို့ ယုံကြည်ချက်မရှိတော့ချေ။

"မင်းက ငါ့ရဲ့ဝင်္ကပါကြီးကို ချိုးဖျက်နိုင်မယ်လို့ ငါ မယုံဘူး...ဒီဝင်္ကပါကို လေ့လာဖို့ ငါ ဘယ်လိုတန်ဖိုးမျိုး ပေးဆပ်ခဲ့ရလဲဆိုတာ မင်း မသိဘူး..."

လီမီ၏ မျက်လုံးများအတွင်းတွင် မောက်မာထောင်လွှားသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။

သူ၏ထိန်းချုပ်မှုအောက်တွင် ချီယိုဓမ္မပုံရိပ်ယောင်ကြီးသည် ဧရာမပုဆိန်ကို နောက်တစ်ကြိမ် မြှောက်လိုက်၏။

ဤသည်မှာ နတ်ဘုရားတစ်ပါးက ကောင်းကင်ကို ဖွင့်လိုက်သကဲ့သို့ပင်။ သူ၏ အရှိန်အဝါသည် ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေသည်။ တံတိုင်းပေါ်တွင် မတ်တတ်ရပ်နေသော စစ်ဗိုလ်ချုပ်များပင်လျှင် သူတို့၏ ဆံပင်များ ထောင်ထသွားသည်ကို ခံစားလိုက်ရပြီး ပုဆိန်ခုတ်ချက်သည် နောက်ထပ်အချိန်တခဏတွင် သူတို့ကို ထိမှန်တော့မည့်အလားပင်။

"မကောင်းတော့ဘူး.... လီမီက သူ့ရဲ့ အသေသတ်တိုက်ကွက်ကို သုံးတော့မယ်"

စုန့်ချင်းဟူက အော်ဟစ်လိုက်သည်။

Chapter 4734

ဧရာမပုဆိန်ကြီး၏ရှေ့တွင် အတားအဆီးအားလုံးသည် အချည်းနှီးအဖြစ်သို့ လျော့ကျသွားမည့်အလားပင်။

သို့ရာတွင် လုယွီသည် လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်ခြင်းမရှိချေ။ သူသည် စစ်မြေပြင်သို့ ဝင်ရောက်ပြီးဖြစ်ကာ တိုက်ပွဲဝင်္ကပါကြီး၏ ထိပ်တွင် နေရာယူလိုက်သည်။

သူသည် လက်စည်းသင်္ကေတများကို ပြောင်းလဲဖွဲ့စည်းကာ အဆက်မပြတ် ထုတ်လွှတ်လိုက်၏။ အလင်းတန်းများ လေဟာနယ်အတွင်းသို့ ဝင်ရောက်သွားကာ နောက်ဆုံးတွင် ဝင်္ကပါကြီး၏ ထိပ်၌ စုစည်းပြီးတည်ငြိမ်သွားသည်။

ပုန်းကွယ်နဂါးစစ်တပ်၏အထက်ရှိ ရွှေရောင်သံချပ်ကာဝတ် ထိပ်သီးကျင့်ကြံသူ၏ပုံရိပ် တဖြည်းဖြည်း ဝေဝါးသွားသည်။ ထို့နောက် ထိုအရာသည် ထက်ရှသော ဓားရှည်တစ်လက် အဖြစ်သို့ ပြောင်းလဲသွားပေ၏။

ဤဓားရှည်မှာ ရွှေရောင်ဖြစ်ပြီး ထိုအရာ၏ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးသော သင်္ကေတများစွာ ရှိနေသည်။

ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ်က ဓားရှည်အတွင်းမှ ပွင့်အံ့ထွက်လာသည်။ ဤသည်မှာ လောကအားလုံး၏ မိုးကောင်းကင်ကို ဆုတ်ဖြဲတော့မည့်အလားပင်။

လုယွီသည် ချီယိုနှင့် ထိပ်တိုက်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် မကြုံစဖူးပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို အသုံးပြု၍ လေဟာနယ်ကို ဖြတ်ကျော်ကာ ချီယို၏ဓမ္မပုံရိပ်ယောင်ကို ဖျက်ဆီးလိုသည်။

ချီယိုဝင်္ကပါ၏ ကာကွယ်ရေးနည်းစနစ်သည် အရပ်မျက်နှာအဘက်ဘက်ရှိ လေဟာနယ်ထဲအတွင်းမှ အက်ကွဲကြောင်းအလွှာတစ်ခုဖြစ်သည်။

မည်သို့သော တိုက်ခိုက်မှုမျိုးဖြစ်စေ ထိုအက်ကွဲကြောင်းအလွှာအတွင်းသို့ ဝင်ရောက်သွားပြီး နောက်ဆုံးတွင် တခြားကမ္ဘာတစ်ခုသို့ ကျရောက်သွားလိမ့်မည်။

သို့ရာတွင် တိုက်ခိုက်မှုသည် လုံလောက်စွာ အားကောင်းပါက လေဟာနယ်အက်ကွဲကြောင်းများကို ထိုးဖောက်ပြီး တခြားလေဟာနယ်တစ်ခုသို့ ရောက်ရှိသွားနိုင်သည်။ ထိုသို့ပြုလုပ်ပါက ချီယိုဓမ္မပုံရိပ်ယောင်ကို ထိခိုက်စေနိုင်သည်။

ဤအချိန်တွင် လုယွီသည် သူ၏ ကာကွယ်ရေးအားလုံးကို စွန့်လွှတ်လိုက်သည်။ ဝင်္ကပါကြီး၏ စွမ်းအားများအားလုံးသည် တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒအဖြစ်သို့ ပြောင်းလဲသွားပေ၏။

ဤနတ်ဘုရားဓားသည် အလွန်ရှည်လျားသဖြင့် အဝေးမှ လူများပင် ထိုအရာကို ရှင်းလင်းစွာ မြင်နိုင်သည်။

ဝီ...ဝီ...ဝီ...

တံတိုင်းပေါ်တွင် ရပ်နေပြီး တိုက်ပွဲတွင် မပါဝင်သော လေးလံသောသံချပ်ကာဝတ် စစ်သားများသည် သူတို့၏ လက်နက်များ တုန်ရီနေသည်ကို ခံစားလိုက်ရပြီး သူတို့ပေါ်တွင်လည်း သက်ရောက်မှုခံရသကဲ့သို့ပင်။

"လုယွီက ဘယ်လိုဝင်္ကပါမျိုးကို သုံးလိုက်တာလဲ"

လူတိုင်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အချင်းချင်း မေးလိုက်ကြသည်။

သူတို့၏လက်နက်များမှ ဤကဲ့သို့သော တုန်ခါသံထွက်ရသည့် အကြောင်းရင်းမှာ လုယွီ၏ဝင်္ကပါကြီးကြောင့် ဖြစ်သည်ကို ခံစားနိုင်သည်။

တောက်ပနေသော နတ်ဘုရားဓားသည် လေဟာနယ်အတွင်းတွင် မားမားမတ်မတ် ရှိနေပေ၏။

အားကောင်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ်သည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး ချီယိုဓမ္မပုံရိပ်ယောင်နှင့် တစ်နေရာတည်းတွင် ရပ်တည်နေသည်။

ပတ်ဝန်းကျင်မှ စစ်သားထောင်ပေါင်းများစွာ၏ လက်များအတွင်းရှိ လက်နက်များမှ အေးစက်စက်အလင်းရောင်များ မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး နတ်ဘုရားဓား၏ ဝါးမြိုခြင်းကို ခံလိုက်ရသည့်အလားပင်။

ချီယိုဝင်္ကပါကြီးသည် စစ်မြေပြင်ပေါ်မှ သွေးချီစွမ်းအားကို ဝါးမြိုပြီး လုယွီ အသုံးပြုသော ဝင်္ကပါကြီးသည် လူများအားလုံး၏ လက်နက်များမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို စုစည်းထားသည်။

"ဘုန်း...."

လုံလောက်သော သတ်ဖြတ်လိုစိတ်ကို စုပ်ယူပြီးနောက် နတ်ဘုရားဓားတစ်လက်လုံးမှ မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်းကို ထုတ်လွှတ်လိုက်သည်။

ရွှမ်းယွမ် နတ်ဘုရားဓား ဝင်္ကပါ...

ဤဝင်္ကပါကြီးသည် စစ်သားထောင်ပေါင်းများစွာ၏ စိတ်ဆန္ဒကို အသုံးပြု၍ ရှေးဟောင်းခေတ်မှ အဝါရောင်ဧကရာဇ်၏ စိတ်ဆန္ဒကို ဆင့်ခေါ်ကာ ချီယို၏ဓမ္မပုံရိပ်ယောင်နှင့် တိုက်ခိုက်ခြင်းပင်။

လုယွီက သူ၏ လက်ကို မြှောက်လိုက်ရာ ရွှမ်းယွမ်နတ်ဘုရားဓားသည်လည်း ကောင်းကင်ယံကို ဖြည်းညှင်းစွာ ဖြတ်သန်းသွားပြီး ချီယို၏ ဓမ္မပုံရိပ်ယောင်ကို ဓားဖြင့် ချိန်ရွယ်လိုက်သည်။

ပတ်ဝန်းကျင်ရှိလေဟာနယ် ပြင်းထန်စွာ တုန်ခါသွားပြီး ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် ဝင်္ကပါကြီး၏ တည်ရှိမှုကို တောင့်မခံနိုင်တော့သည့်အလားပင်။

"မင်းက ဒီဓားကိုသုံးပြီး ငါ့ရဲ့ချီယိုဝင်္ကပါကြီးနဲ့ တိုက်ခိုက်ချင်တာလား....အိပ်မက်မက်နေလိုက်စမ်း"

လီမီက လှောင်ပြောင်လိုက်သည်။

ချီယိုသည် ရှေးဟောင်းစစ်နတ်ဘုရားတစ်ပါးပင်။

ရှေးဟောင်းခေတ်က အချိန်ကာလအတော်ကြာသည်အထိ ကျိုလီမျိုးနွယ်စုသည် ကြီးမားသော မျိုးနွယ်စုတစ်ခုဖြစ်ပြီး စစ်မြေပြင်တွင် သူတို့၏ပြိုင်ဘက်ဖြစ်နိုင်သူဟူ၍ အလွန်ရှားပါးသည်။

လူသားစစ်တပ်အမြောက်အများသည် ရန်သူများကို ကြောက်လန့်စေရန် အလံများပေါ်တွင် ချီယို၏ပုံကိုပင် ရေးဆွဲထားကြသည်။

သို့ရာတွင် လုယွီသည် ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။

သူသည် လေထုအတွင်းတွင် မတ်တတ်ရပ်နေပြီး သူ၏အင်္ကျီလက်များသည် လေတိုက်ခတ်မှုနှင့်အတူ တလူလူလွင့်နေသည်။

ဤအချိန်တွင် လုယွီ၏စိတ်ဆန္ဒအားလုံးသည် ချီယိုဓမ္မပုံရိပ်ယောင်အပေါ်တွင် စုစည်းနေသည်။ သူသည် ဤဓမ္မပုံရိပ်ယောင်ကို မဖျက်ဆီးမချင်း လက်လျှော့မည်မဟုတ်သည့်အလားပင်။

"ချွင်....ချွင်...ချွင်..."

ရုတ်တရက် ဓားများ ဓားအိမ်မှ ထွက်လာသည့်အသံများကို ကြားလိုက်ရသည်။

လူများအားလုံး ထိတ်လန့်သွားပြီး သူတို့၏ လက်နက်များကို အလျင်အမြန် ဆုပ်ကိုင်လိုက်ကြသည်။ သို့ရာတွင် သူတို့၏ လက်နက်အားလုံးသည် စွမ်းအားတစ်ရပ်၏ ဆွဲဆောင်ခြင်းခံနေရပြီး မည်သို့မျှ ထိန်းထား၍မရသည်ကို တွေ့ရှိလိုက်ရသည်။

မရေမတွက်နိုင်သော လက်နက်များသည် လက်နက်မိုးကဲ့သို့ ပျံ့လွင့်သွားကာ ရွှမ်းယွမ်နတ်ဘုရားဓားက ဆွဲဆောင်ခြင်းကို ခံလိုက်ရလေ၏။ ထိုအရာများအားလုံး လုယွီ၏ နံဘေးပတ်လည်တွင် စုဝေးသွားကြသည်။

ဓားတစ်သောင်း မူလအရင်းအမြစ်သို့ ပြန်ခြင်း... လုယွီသည် ဓားမိုးအကြားတွင် မတ်တတ်ရပ်ကာ တည်ငြိမ်သောအမူအယာဖြင့် လီမီကို ကြည့်လိုက်သည်။

Chapter 4735

ဤအချိန်အခိုက်အတန့်တွင် လီမီ၏ အမူအယာ ပြောင်းလဲသွားသည်။

သူ၏ စိတ်နှလုံးသားအတွင်းတွင် ဝန်ခံလိုသည်ဖြစ်စေ ဝန်မခံလိုသည်ဖြစ်စေ လုယွီ လက်ရှိပြသနေသောစွမ်းအားသည် အလွန်ကြောက်မက်ဖွယ် ကောင်းနေလေပြီ။

မည်သူမဆို သူတို့ပိုင်ဆိုင်သော လက်နက်များသည် ယခုချိန်၌ လုယွီထံသို့ ဆွဲဆောင်ခြင်း ခံလိုက်ရသည်။

ဤအချိန်တွင် လုယွီသည် လက်နက်အားလုံး၏ အရှင်သခင်အဖြစ်သို့ ပြောင်းလဲသွားကာ လက်နက်အားလုံးကို သူ့ထံသို့ လာရောက်အရိုအသေပြုစေသည့်အလားပင်။

ကောင်းကင်နှင့်မြေပြင်၏ သဘာဝလွန်ဖြစ်စဥ်များ ထွက်ပေါ်လာကာ သတ္တုနှင့် ကျောက်တုံးရိုက်ခတ်သံများ မြည်ဟီးနေသည်။

ဤသည်မှာ တိုက်ပွဲကို တောင့်တနေသော မရေမတွက်နိုင်သည့် လက်နက်များမှဖန်တီးလိုက်သော ထူးဆန်းသည့် သဘာဝလွန်ဖြစ်စဉ်တစ်ခုပင်။

"လာခဲ့စမ်း...မင်းက ပိုအားကောင်းလား ဒါမှမဟုတ် ငါ့ရဲ့ဝင်္ကပါကြီးက ပိုအားကောင်းလားဆိုတာ ကြည့်ကြရအောင်.."

လီမီသည် နောက်ဆုံးတွင် သူ၏စိတ်နှလုံးသားအတွင်းမှ တိုက်ခိုက်လိုစိတ်ကို မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ချီယိုထံ၌ အချိန်အတော်ကြာ စုစည်းထားခဲ့သော တိုက်ခိုက်လိုစိတ်သည် ဤအချိန်တွင် ထွက်ပေါ်လာပေ၏။ ဧရာမချီယိုဓမ္မပုံရိပ်ယောင်သည် သူ၏လက်အတွင်းမှ ပုဆိန်ကြီးကို မြင့်မားစွာ မြှောက်ကာ လုယွီ၏ ဦးတည်ရာဘက်သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

ဧရာမပုဆိန်ကြီး ကျဆင်းလာချိန်တွင် ပတ်ဝန်းကျင်နေရာတဝိုက်သည် ကြည်လင်သော ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သည့်အလားပင်။ ကျယ်လောင်သော မိုးခြိမ်းသံတစ်သံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပေ၏။

မရေမတွက်နိုင်သော စစ်သားများသည် သူတို့၏ ခြေထောက်များ ပျော့ခွေသွားပြီး သူတို့၏ ခန္ဓာကိုယ်များ အားနည်းသွားသည်ကို ခံစားလိုက်ရသည်။ ဤကဲ့သို့ ကျယ်လောင်သော အသံအောက်တွင် သူတို့၏စိတ်ဝိညာဉ်များ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

လုယွီသည်လည်း အလားတူပင် သူ၏ လက်ကို ဝှေ့ယမ်းကာ ရွှမ်းယွမ်နတ်ဘုရားဓားကို ထုတ်လွှတ်လိုက်သည်။

သောင်းနှင့်ချီသော မှော်လက်နက်များသည် ရွှမ်ယွမ်နတ်ဘုရားဓားနှင့်အတူ ပျံ့လွင့်သွားပြီး မိုးကောင်းကင်ယံကို ဖုံးလွှမ်းသွားသည်။

တဝီဝီမြည်သံများကို အရပ်မျက်နှာအဘက်ဘက်မှ ကြားနေရပြီး လေထုကိုထိုးခွင်း၍ ထွက်ပေါ်လာသည့်အသံများသည် နားကွဲမတတ် ဆူညံနေပေ၏။ မိုးကောင်းကင်ယံတွင် ပြည့်နှက်နေသော ဓားမိုးအကြားတွင် အတောက်ပဆုံးမှာ ရွှမ်းယွမ်နတ်ဘုရားဓားပင်။

နတ်ဘုရားဓားမှ တုန်ခါသံတစ်သံ ထုတ်လွှတ်လိုက်ပြီး ထိုအရာ၏တောက်ပမှုသည် အဆုံးမရှိပေ။ ဓားစိတ်ဆန္ဒသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး မိုးကောင်းကင်ကိုဖြတ်တောက်တော့မည့်အလားပင်။

လူတိုင်း၏ အကြည့်အောက်တွင် ရွှမ်းယွမ်နတ်ဘုရားဓားသည် နောက်ဆုံး၌ လေထုအတွင်းတွင် ချီယို၏ဧရာမပုဆိန်နှင့် ထိပ်တိုက်တိုက်ခိုက်မိသွားသည်။

အချိန်တခဏအတွင်းမှာပင် မြေပြင်လှုပ်ခတ်ပြီး တောင်များတုန်ခါသွားသည်။ လူများအားလုံးသည် အားပြင်းသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။

မြို့တော်၏ သံမဏိတံတိုင်းစခန်းသည် စစ်မြေပြင်နှင့် အလွန်ဝေးကွာပေ၏။ ထိုသို့ဆိုသည့်တိုင် စစ်စခန်းအတွင်းမှ စစ်သားများသည် အားပြင်းသော တုန်ခါမှုကို ခံစားနေရဆဲပင်။

"ဝင်္ကပါကို သုံးရုံနဲ့ ဒီအဆင့်ကို ရောက်နိုင်တာလား"

မရေမတွက်နိုင်သောလူများသည် မျက်လုံးအပြူးသားဖြင့် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်နေကြသည်။

ရွှမ်းယွမ်နတ်ဘုရားဓားနှင့် ချီယိုပုဆိန်ကြားမှ လေဟာနယ်သည် တစ်လက်မချင်းစီ ဆုတ်ဖြဲခံလိုက်ရပြီး လေဟာနယ်တွင်းနက်ကြီးများအဖြစ် ဖွဲ့စည်းသွားသည်။

စစ်ဗိုလ်ချုပ်များအတွက် စစ်မြေပြင်ပေါ်တွင် ဝင်္ကပါများ တည်ဆောက်ခြင်းမှာ မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုတစ်ခုပင်။

သို့ရာတွင် သူတို့သည် ဝင်္ကပါများ တည်ဆောက်လျှင်ပင် သူတို့၏ တိုက်ခိုက်မှုနှင့် ကာကွယ်မှုကို ပို၍ထိရောက်စေရန် ရိုးရှင်းသော ဝင်္ကပါများကိုသာ ခင်းကျင်းနိုင်ကြသည်။

လုယွီနှင့် လီမီမှာမူ နတ်ဘုရားတမျှ အစွမ်းထက်သော နည်းစနစ်များကို အသုံးပြုနေသည်။ ဝင်္ကပါများ တည်ဆောက်ရုံဖြင့် ရှေးဟောင်းတည်ရှိမှုများကို ဆင့်ခေါ်ကာ တိုက်ပွဲတွင် ပါဝင်စေရန် လုံလောက်သည်။

နှစ်ဖက်ကြားမှတိုက်ပွဲသည် အမှန်တကယ်ကိုပင် အဖျက်စွမ်းအား ကြီးမားပေ၏။ စစ်မြေပြင်၏အလယ်ဗဟိုသည် ထိုအဖျက်စွမ်းအားကြောင့် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ဂျိန်း....

နားကွဲမတတ် ဆူညံသံများ ဆက်လက်မြည်ဟီးနေပြီး လုယွီ၏ ရွှမ်းယွမ်နတ်ဘုရားဓား ဝေဝါးစပြုလာသည်။

"မကောင်းတော့ဘူး... လုယွီရဲ့ဝင်္ကပါက လိုနေသေးတယ်"

တာယွီဘက်မှ လူများအားလုံးသည် ဤမြင်ကွင်းကို မြင်ချိန်၌ သူတို့၏စိတ်နှလုံးသားများ တင်းကြပ်လာသည်။

လုယွီ၏နောက်တွင် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားသိန်းပေါင်းများစွာ ရှိနေသည်။

ချီယို၏ပုဆိန်သာ အမှန်တကယ် ကျရောက်လာပါက ဤသိန်းပေါင်းများစွာသော လူများ ချက်ချင်း သေဆုံးသွားပေလိမ့်မည်။

လီမီ၏ ကြည်လင်ပြတ်သားသော အသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေသည်။

"ဘာဖြစ်တာလဲ...လုယွီ မင်းစောစောက ကိစ္စကြီးတစ်ခုကို လုပ်ခဲ့တာ မဟုတ်ဘူးလား....ဘာလို့ ဒီလောက်ထိ အားနည်းသွားတာလဲ..."

တာယွီစစ်ဗိုလ်ချုပ်များသည် ဤစကားကို ကြားချိန်တွင် သူတို့၏စိတ်နှလုံးသားများအတွင်းမှ ကျိန်ဆဲလိုက်ကြသည်။

ဤသည်မှာ လုယွီ၏ စိတ်အခြေအနေကို သက်ရောက်စေပြီး သူ့ကို တည်ငြိမ်မှု ပျောက်ဆုံးစေရန်ပင်။ အဆုံးသတ်တွင် သူ၏ တာအိုနှလုံးသား ပျက်စီးသွားပြီး သူ၏ အဆုံးစွန်သောရှုံးနိမ့်မှုသို့ ဦးတည်သွားပေလိမ့်မည်။

သို့ရာတွင် လုယွီသည် ဤစကားကို ကြားချိန်၌ စိတ်အနှောင့်အယှက်မဖြစ်ချေ။

သူ၏တာအိုနှလုံးသားသည် အလွန်တည်ငြိမ်ပေ၏။ သူက လီမီကို တည်ငြိမ်စွာ ကြည့်ပြီး ပြောဆိုလိုက်သည်။

"ငါ့အစွမ်းကုန် မသုံးရသေးဘူး... မင်းနိုင်ပြီလို့ ဘယ်လို ပြောနိုင်တာလဲ"

လီမီ၏ အပြုံး တောင့်တင်းသွားသည်။

သူသည် ရုတ်တရက် ခေါင်းမော့ပြီး လုယွီ၏ နောက်သို့ ကြည့်လိုက်၏။

အစောပိုင်းက ပျောက်ကွယ်သွားခဲ့သော ရွှေရောင်သံချပ်ကာဝတ် စစ်သည်တော် နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ သူက သူ၏ လက်ကို ဆန့်တန်းကာ လေထုအတွင်းမှ ရွှမ်းယွမ်နတ်ဘုရားဓားကို ဆုပ်ကိုင်လိုက်၏။

All Chapters