အခန်း (၄၇၃၆-၄၇၄၀)
Vol. 240 Ch. 4736-4740
Chapter 4736
ရှေးဟောင်း ယိုရှုန်းမျိုးနွယ်စုခေါင်းဆောင်... အဝါရောင်ဧကရာဇ်။
လုယွီသည် ဤခွန်အားကြီးသော စစ်သည်တော်၏ အမွေအနှစ်ကို ရရှိထားခြင်း မဟုတ်ချေ။ လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာမှ မှတ်တမ်းများအပြင် လူသားဧကရာဇ် ယင်ကျန့်၏ မှတ်ဉာဏ်များကြောင့်သာ သူသည် အဝါရောင်ဧကရာဇ်၏ မှော်စွမ်းအားခန္ဓာကိုယ်ကို ပုံဖော်နိုင်ခဲ့ခြင်းဖြစ်သည်။
မရှိမှ အရှိသို့.... ဤသည်မှာ မိုးကောင်းကင်ကို ဖီဆန်လောက်သော နည်းစနစ်တစ်ခု ဖြစ်နေလေပြီ။ လုယွီ၏စိတ်ဝိညာဉ်သည် အလွန်အားကောင်းသော်လည်း စွမ်းအားများစွာကို သုံးစွဲခဲ့ရသဖြင့် သူ့ကို အလွန်ပင်ပန်းနွမ်းနယ်စေသည်။
သို့ရာတွင် အဝါရောင်ဧကရာဇ်၏ မှော်စွမ်းအားခန္ဓာကိုယ်သည် မည်မျှထိ သန်မာအားကောင်းပြီး အစွမ်းထက်သည်ကို တွေးတောကြည့်၍ ရနိုင်သည်။
ဤသည်မှာ လူသားမျိုးနွယ်၏ဘိုးဘေးများအနက်မှ တစ်ဦးဖြစ်ပြီး ချီယိုနှင့် တစ်တန်းတည်းရှိသော တည်ရှိမှုတစ်ခုပင်။ တာအိုကျမ်းစာများအတွင်း၌ သူနှင့်ပတ်သက်ပြီး ရှည်လျားပြီး ရှုပ်ထွေးသော မှတ်တမ်းများ ရှိနေသည်။
သို့ရာတွင် လူအများစုသည် အဝါရောင်ဧကရာဇ် ရွှမ်းဟွမ်၏ အမည်ကိုသာ ကြားဖူးကြပြီး သူ့ကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးကြပေ။
လုယွီက ဧကရာဇ်ရွှမ်းဟွမ်၏ ခန္ဓာကိုယ်ကို ဆင့်ခေါ်ပြီးနောက်တွင် လောကကြီးတခွင်လုံး တုန်ခါသွားသည်။ အရပ်မျက်နှာအဘက်ဘက်ရှိ မိုးကောင်းကင်ယံ၌ ကြယ်တာရာများပြည့်နှက်နေကာ တဖျပ်ဖျပ်လက်နေပြီး မြေပြင်တပြင်လုံး တုန်ခါနေကာ ယခင်က လူသားမျိုးနွယ်၏ဘိုးဘေးကို ကြိုဆိုသည့်အလားပင်။
မရေမတွက်နိုင်သော စစ်သားများသည် ထိတ်လန့်တုန်လှုပ်နေကြ၏။ သူတို့သည် ရွှေရောင်သံချပ်ကာဝတ် စစ်သည်တော်ထံမှ သွေးသားဆက်နွယ်မှုကို ခံစားမိသည်။
"ဒါက ဧကရာဇ်ဟွမ် ရွှမ်းဟွမ်လား...မဖြစ်နိုင်ဘူး...သူ့ရဲ့ အမွေအနှစ်က ပြတ်တောက်သွားတာ အချိန်အတော်ကြာနေပြီ... ဒါက မဖြစ်နိုင်ဘူး..."
လီမီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် သူ၏ရှေ့တွင် ဖြစ်ပျက်နေသည်များကို မယုံနိုင်ပေ။
ချီယိုဝင်္ကပါကြီးသည် ထန်စစ်တပ်မှ အနိုင်ကစားရမည့် ဝှက်ဖဲတစ်ချပ်ပင်။
ဤအရာကို အသုံးပြုသည်နှင့်တပြိုင်နက်အနိုင်ရရပေမည်။ ဤဝင်္ကပါကြီးကို တားဆီးနိုင်မည့်အရာဟူ၍ မရှိကြချေ။
သို့ရာတွင် လီမီက လုယွီသည်လည်း ရှေးဟောင်းဝင်္ကပါကြီးတစ်ခုကို အသုံးပြုနိုင်လိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။
ထို့ပြင် လုယွီဆင့်ခေါ်လိုက်သော ပုံရိပ်ယောင်၏စွမ်းအားသည် ချီယိုနှင့်တစ်တန်းတည်းရှိသည်။
ဤသည်မှာ အလွန်အမင်း တိုက်ဆိုင်လွန်းပေ၏။
"ဘာမှမဖြစ်နိုင်တာ မရှိဘူး..."
လုယွီက မော့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများ တောက်ပသွားသည်။
"ငါက မင်းထက် စာနည်းနည်းပိုဖတ်ရုံပဲ..."
အဝါရောင်ဧကရာဇ်၏ ဓမ္မပုံရိပ်ယောင်သည် သူ၏လက်အတွင်းမှ ရွှမ်းဟွမ်နတ်ဘုရားဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
ထူးဆန်းသော သဘာဝလွန်ပုံရိပ်များ အရပ်မျက်နှာအဘက်ဘက်တွင် ထွက်ပေါ်လာသည်။ ထို့နောက် ရွှေသံချပ်ကာပေါင်း သန်းနှင့်ချီ၍ အချင်းချင်း ပြင်းထန်စွာ တိုက်ခိုက်မိကြသကဲ့သို့ ကျယ်လောင်သော မြည်ဟီးသံတစ်သံ ထွက်ပေါ်လာပေ၏။
ပုန်းကွယ်နဂါးစစ်တပ်ထံသို့ အိပ်မက်ဆိုးများ ယူဆောင်လာခဲ့သော ဧရာမပုဆိန်ကြီး ရွှမ်းယွမ်ဓားဖြင့် ကြေမွပျက်စီးသွားသည်။
ထို့နောက် ရွှမ်းယွမ်နတ်ဘုရားဓားသည် လေဟာနယ်ကို ဖြတ်ကျော်ကာ ချီယိုဓမ္မပုံရိပ်ယောင်ကြီးကို ခုတ်ပိုင်းလိုက်သည်။
ဘုန်း....
ချီယိုဓမ္မပုံရိပ်ယောင် ကြေမွသွားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားများသည် ချက်ချင်း ပျောက်ကွယ်သွားပေ၏။ သူ၏ ဓမ္မပုံရိပ်ယောင်ကို မပျက်စီးအောင် ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ချေ။
တိုက်ခိုက်ရာတွင် ကောင်းမွန်သော ကျိုလီမျိုးနွယ်စုမှ စစ်သည်တော်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရသည်။
လုယွီ မျှော်လင့်ထားသည့်အတိုင်းပင် ဤချီယိုဓမ္မပုံရိပ်ယောင်သည် ချီယိုဝင်္ကပါကြီးတစ်ခုလုံး၏ အဓိကသော့ချက်ပင်။
ဤဓမ္မပုံရိပ်ယောင် ပျက်စီးသွားသရွေ့ ဧရာမဝင်္ကပါကြီး ချက်ချင်း ပျောက်ကွယ်သွားပြီး တည်ရှိတော့မည် မဟုတ်ချေ။
ထူထပ်သိပ်သည်းသော မြူခိုးများ ပြန့်ကျဲသွားပြီး နောက်ကွယ်တွင် ပုန်းအောင်းနေသော ထန်စစ်တပ် ပေါ်လွင်လာသည်။
ဤထန်စစ်သားများသည် သူတို့၏ လက်များအတွင်းတွင် စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့များကို ကိုင်ဆောင်ထားပြီး သူတို့၏ ကိုယ်ပိုင်မှော်စွမ်းအားများကို ထိုအဆောင်လက်ဖွဲ့များအတွင်းသို့ အစွမ်းကုန် ထည့်သွင်းနေကြသည်။
သို့ရာတွင် ချီယိုဝင်္ကပါကြီး ကျိုးပေါက်သွားသဖြင့် သူတို့သည်လည်း သက်ရောက်မှုခံရသည်။ မရေမတွက်နိုင်သော ထန်စစ်သားများ သွေးအန်ကာ မိုးကြိုးဖြင့် ပစ်ခတ်ခံရသည့်အလား တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
"မကောင်းတော့ဘူး...ပြေးကြတော့"
ဤမြင်ကွင်းကို မြင်ချိန်၌ သတိရှိနေသေးသော ထန်စစ်ဗိုလ်ချုပ်များမှ ချက်ချင်းပင် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
သို့ရာတွင် သူတို့၏ အသံများသည် နောက်ကျသွားခဲ့လေပြီ။
ရွှမ်းဟွမ်နတ်ဘုရားဓားသည် ချီယိုဓမ္မပုံရိပ်ယောင်ကို ဖျက်ဆီးပြီးနောက် မရပ်တန့်ဘဲ ရှေ့သို့ ဆက်လက်ခုတ်ပိုင်းကာ ထန်စစ်တပ်၏ တိုက်ပွဲဝင်္ကပါကြီးကို ထိမှန်သွားသည်။
ဘုန်း....
နားကွဲမတတ် ဆူညံသံတစ်သံ ထွက်ပေါ်လာပြီးနောက် ကြီးမားသော ထန်စစ်တပ်၏ တိုက်ပွဲဝင်္ကပါအတွင်းမှ သွေးများပန်းထွက်လာသည်။
မရေမတွက်နိုင်သော ထန်စစ်သားများသည် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ခြင်း မရှိတော့ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် မြေပြင်တပြင်လုံး ပြန့်ကျဲနေသော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ထန်စစ်သားများ သောင်းနှင့်ချီ၍ ချက်ချင်း အသက်ဆုံးရှုံးသွားကြသည်။ နတ်ဘုရားဓား၏ တုန်ခါမှုလှိုင်းနှင့်အတူ ထိခိုက်သေဆုံးသူ အရေအတွက်သည် ဆက်လက်၍ မြင့်တက်နေပေ၏။
လီမီ၏မျက်နှာလည်း ဖြူဖျော့နေသည်။ သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး သူ၏ တုန်ရီနေသော လက်ညှိုးဖြင့် လုယွီကို ညွှန်ပြလိုက်သည်။
Chapter 4737
ဖူး....
လီမီသည် သူ၏ ရင်ဘတ်အတွင်းတွင် အလွန်မွန်းကြပ်နေသည်ကို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူသည် သွေးတစ်လုတ်ကို အန်မထုတ်ဘဲ မနေနိုင်တော့ပေ။
ထိုသွေးတစ်လုတ်ကို အန်ထုတ်ပြီးသည်နှင့် လီမီ ချက်ချင်း မေ့လဲကျသွားသည်။
ထို့နောက် ထန်စစ်စခန်းမှ ထိပ်သီးကျင့်ကြံသူတစ်ဦး ပျံသန်းထွက်လာပြီး လီမီကို အလျင်အမြန် ဖမ်းယူလိုက်သည်။
ဤတိုက်ပွဲတွင် လီမီသည် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သော်လည်း သူသည် ထန်အင်ပါယာမှ အလွန်ဂရုတစိုက် ပျိုးထောင်ထားသော နောက်လာမည့် ဝန်ကြီးချုပ်ဖြစ်သဖြင့် သူ့ကို ဆုံးရှုံးခံ၍မဖြစ်ချေ။
ရွှမ်းယွမ်နတ်ဘုရားဓားသည် ချီယိုဝင်္ကပါကြီးကို ထိုးဖောက်သွားသည်နှင့် လုယွီ၏နံဘေးပတ်လည်မှ သောင်းနှင့်ချီသော မှော်လက်နက်များ တစ်ချိန်တည်းတွင် ပျံ့လွင့်သွားသည်။
မရေမတွက်နိုင်သော မှော်လက်နက်များ ပျံလွင့်လာပြီး မိုးကောင်းကင်ယံကို ဖုံးလွှမ်းကာ ထန်စစ်တပ်ထံသို့ ကျရောက်သွားသည်။
ထန်စစ်တပ်သည် ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော ထိခိုက်သေဆုံးမှုများကို ခံစားလိုက်ရသည်။ မရေမတွက်နိုင်သော စစ်သားများ သွေးအိုင်များအတွင်းသို့ လဲကျသွားပေ၏။ ရုတ်ချည်းဆိုသလိုပင် နေရာအနှံ့အပြား၌ ငိုကြွေးမြည်တမ်းသံများ ထွက်ပေါ်လာပြီး သွေးချောင်းစီးသွားသည်။
ထန်အင်ပါယာ၏အလံမှာ လဲကျမသွားသော်သော်လည်း မှောက်လှန်သွားပြီး မြေဝါရောင် နဂါးအလံတွင် သွေးများစွန်းထင်းသွားသည်။
လုယွီ၏လက်ညှိုးထိပ် လှုပ်ရှားသွားပြီး ဓားချီတစ်လှိုင်းက လေထုအတွင်းတွင် ထွက်ပေါ်လာသည်။ ရုတ်ချည်းဆိုသလိုပင် ထိုဓားချီသည် ရှေ့သို့ ပျံသန်းသွားပြီး မြေဝါရောင် နဂါးအလံကို တစ်ဝက်ဖြတ်တောက်လိုက်သည်။
"အလံ လဲကျသွားပြီ...စစ်အလံ လဲကျသွားပြီ"
ထန်စစ်စခန်းမှ ငိုကြွေးမြည်တမ်းသံများ ထွက်ပေါ်လာသည်။
ထန်စစ်သားများသည် ချီယိုဝင်္ကပါကြီးကို ခင်းကျင်းနိုင်ရန် သူတို့၏ စွမ်းအားများအားလုံးကို အသုံးပြုခဲ့ကြသည်။
သူတို့သည် ချီယိုဝင်္ကပါကြီး ကျိုးပေါက်သွားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။
ထို့ကြောင့် သူတို့၏ မှော်စွမ်းအားများ လုံးလုံးလျားလျား ကုန်ခမ်းသွားသော ထန်စစ်သားများသည် ဒေါသထွက်နေသော ပုန်းကွယ်နဂါးစစ်သားအုပ်စုတစ်စုနှင့် ကြုံတွေ့လိုက်ရသည်။
အတားအဆီး လွင့်ပြယ်သွားလေပြီ။ လူတိုင်းသည် ဤအတားအဆီးအတွင်းမှ ကြေကွဲဖွယ် မြင်ကွင်းကို မြင်ချိန်၌ သူတို့သည် အသက်ရှူမှားသွားပေ၏။
ပုန်းကွယ်နဂါးစစ်တပ်မှ တပ်ရင်းငါးခုသည် ချီယိုဝင်္ကပါကြီးဖြင့် ဝန်းရံခြင်းကို ခံခဲ့ရသည်။ ဤအချိန်တွင် အလောင်းများသည် တောင်များကဲ့သို့ စုပုံနေပြီး မြေပြင်ပေါ်တွင် အရိုးများဖြင့် ပြည့်နှက်နေသည်။
အသက်ရှင်ကျန်ရစ်သော ပုန်းကွယ်နဂါးစစ်တပ်သည် သူတို့ရဲဘော်ရဲဘက်များ၏ အလောင်းများဖြင့်စုပုံထားသော အလောင်းတောင်၏ နောက်ကွယ်မှနေ၍ အတင်းအကြပ် ခုခံနေခဲ့ရသည်။
တပ်ရင်းမှူးများအနက်မှ နှစ်ဦးပင်လျှင် သေဆုံးခဲ့လေ၏။
"လက်စားချေကြစို့..."
တပ်ရင်းမှူးများအနက်မှ တစ်ယောက်က ဟိန်းဟောက်လိုက်သည်။
သူတို့သည် ဝင်္ကပါကြီး၏ ဝန်းရံခြင်းကို ခံရစဉ်က အလွန်အမင်း နာကျင်ခံစားခဲ့ရသည်။
သူတို့၏တိုက်ခိုက်မှုအားလုံးသည် တခြားလေဟာနယ်သို့ ဝါးမြိုခြင်းခံလိုက်ရပြီး ထန်စစ်တပ်အပေါ်ကို ထိခိုက်မှုတစ်စုံတစ်ရာမျှ မဖြစ်စေခဲ့ချေ။
အခြားတစ်ဖက်တွင် ပုန်းကွယ်နဂါးစစ်တပ်သည် ကျိုလီစစ်သည်တော်များ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ခံယူခဲ့ရပြီး အဆုံးမရှိသော ထိခိုက်သေဆုံးမှုများကို ခံစားခဲ့ရသည်။
မြေပြင်ပေါ်မှ အလောင်းများသည် လူတိုင်း၏ အာရုံကြောများကို လှုံ့ဆော်လိုက်၏။
ပုံမှန်အားဖြင့် မည်မျှပင် နူးညံ့သော လူတစ်ဦးဖြစ်စေ သူတို့သည် ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် စိတ်ရူးပေါက်သွားပြီး ရူးသွပ်နေသော သတ်ဖြတ်ရေးစက်ယန္တရားတစ်ခု ဖြစ်လာပေလိမ့်မည်။
"ငါတို့ ရှေ့ကိုတက်ကြမယ်...ထန်ကောင်တွေကို သတ်ဖြတ်ပြီး လက်စားချေကြစို့"
သူတို့၏မျက်လုံးများသည် သွေးရောင်သန်းနေကာ ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားအားလုံးသည် သူတို့၏ မှော်လက်နက်ပစ္စည်းများကို တန်ဖိုးမရှိသည့်အရာများအလား ပစ်လွှတ်လိုက်ကြသည်။
မိုးကောင်းကင်ယံကို ဖုံးလွှမ်းသွားသော အဆောင်လက်ဖွဲ့များနှင့် မြှားများသည် မိုးစက်များအလား ထန်စစ်စခန်းအတွင်းသို့ ထိုးကျသွားပြီး ထိခိုက်သေဆုံးမှုများကို ပို၍ဖြစ်ပေါ်စေသည်။
ထန်စစ်တပ်သည် ဆိုးရွားစွာ ရှုံးနိမ့်သွားခဲ့လေပြီ။
ထန်စစ်စခန်းမှ ဆုတ်ခွာရန် တံပိုးခရာသံ မြည်ဟီးလာခဲ့သည်။
အမှန်အားဖြင့် ဆုတ်ခွာရန်အတွက် တံပိုးခရာ မှုတ်ရန် မလိုအပ်ချေ။ လက်ရှိ ထန်စစ်တပ်ထံတွင် တိုက်ခိုက်ရေးစွမ်းရည် အနည်းငယ်မျှ မရှိတော့ပေ။
သို့ရာတွင် ပုန်းကွယ်နဂါးစစ်တပ်မှ မရေမတွက်နိုင်သော စစ်သားများမှာမူ အဆုံးမရှိသော ဒေါသများအတွင်းတွင် နစ်မြုပ်နေကြလေပြီ။
ထန်စစ်တပ်သည် ဆိုးရွားစွာ ရှုံးနိမ့်သွားခဲ့သော်လည်း ပုန်းကွယ်နဂါးစစ်တပ်မတော်သည် တိုက်ခိုက်လေလေ ရဲရင့်လေလေ ဖြစ်လာကြသည်။
နောက်ဆုံး၌ ပုန်းကွယ်နဂါးစစ်တပ်သည် ထန်စစ်တပ်၏နောက်သို့ လိုက်လံတိုက်ခိုက်စပြုလာသည်။
"အောင်ပြီ...အောင်ပြီ..."
မရေမတွက်နိုင်သော တာယွီစစ်တပ်မှ စစ်သားများ တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
"ချောင်ပိတ်မိနေတဲ့ ရန်သူတွေနောက်ကို မလိုက်သင့်ဘူး... ငါတို့တွေ တိုက်ခိုက်မှုတွေကို လျော့ချသင့်လား"
စစ်ဗိုလ်ချုပ်တစ်ဦးက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။
သို့ရာတွင် ထိုအချိန်မှာပင် အဆောင်လက်ဖွဲ့တစ်ခုက ထိုစစ်ဗိုလ်ချုပ်၏ လက်အတွင်းသို့ ပျံသန်းဝင်ရောက်လာသည်။
စစ်ဗိုလ်ချုပ်သည် အဆောင်လက်ဖွဲ့ကို ယူကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအယာတစ်ရပ် ထင်ဟပ်သည်။
သူသည် အဆောင်လက်ဖွဲ့မှ သတင်းပို့မှုကို ဖတ်လိုက်ပြီးနောက် တံတိုင်းပေါ်မှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။
စုန့်ချင်းဟူပင်လျှင် ဤအဆောင်လက်ဖွဲ့ကို မြင်တွေ့ချိန်၌ မှင်တက်သွားသည်။
"မင်းပြောတာက ပုန်းကွယ်နဂါးစစ်တပ်က နောက်တန်းကို ပတ်ပြီး စီးရွှေခံတပ်ကို သိမ်းပိုက်ပြီးပြီလို့ ဆိုလိုတာလား"
Chapter 4738
ဤသတင်းကို နောက်တန်းရှိ တာယွီစစ်သူကြီးများအားလုံး ကြားသိသွားကြသည်။
သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။ သူတို့အနက်မှ အများစုသည် လုယွီ၏ နောက်ကျောပြင်ကို နောက်တစ်ကြိမ် ကြည့်လိုက်ကြရာ သူတို့၏အကြည့်များ ပြောင်းလဲသွားခဲ့သည်။
စီးရွှေတောင်ကြားခံတပ်သည် တာယွီအတွက် အရေးပါသော စစ်ရေးခံတပ်တစ်ခုပင်။
ကျားလှောင်အိမ်တောင်ကြားခံတပ်ပြီးနောက် စီးရွှေတောင်ကြားခံတပ်သည် အရေးကြီးသော တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ကံမကောင်းစွာဖြင့် ထန်စစ်တပ်၏ တိုက်ခိုက်မှုသည် အလွန်ပြင်းထန်ခဲ့သောကြောင့် နောက်ဆုံးတွင် စီးရွှေတောင်ကြားခံတပ်သည် ရန်သူ့လက်အတွင်းသို့ ကျရောက်သွားခဲ့သည်။
ထန်စစ်တပ်မှ သိမ်းပိုက်ပြီးနောက် ထိုနေရာသည် ထန်စစ်တပ်၏ ပေါင်းကူးတံတားသဖွယ် ဖြစ်လာခဲ့သည်။ မရေမတွက်နိုင်သော အရင်းအမြစ်များကို စီးရွှေတောင်ကြားခံတပ်မှတစ်ဆင့် ရှေ့တန်းရှိ ထန်စစ်တပ်ထံသို့ အဆက်မပြတ် ပို့ဆောင်နေခဲ့သည်။
ထို့ကြောင့် စီးရွှေတောင်ကြားခံတပ်ကို ထန်စစ်တပ်မှ အဓိကကာကွယ်ရေးနေရာအဖြစ် သတ်မှတ်ခဲ့ပြီး တပ်အင်အားများစွာကို ထိုနေရာတွင် စုစည်းထားခဲ့သည်။
တာယွီစစ်တပ်သည် အောင်ပွဲရခဲ့သော်လည်း လူအများစုသည် စီးရွှေတောင်ကြားခံတပ်ကို တိုက်ခိုက်ရန် တွေးမထားခဲ့ကြပေ။ ဤသည်မှာ ထန်စစ်တပ်၏ အဓိကကာကွယ်ရေးနေရာဖြစ်ပြီး ဝါးမျိုရန်ခက်ခဲသော အရိုးတစ်ချောင်းဖြစ်မည်မှာ သေချာသည်။
သို့ရာတွင် ယခုချိန်၌မူ ပုန်းကွယ်နဂါးစစ်တပ်သည် မည်သူမျှမသိဘဲ နောက်ဘက်မှ ဝိုက်ပတ်ကာ စီးရွှေတောင်ကြားခံတပ်ကို သိမ်းပိုက်လိုက်လေပြီ။
တာယွီစစ်တပ်မှ လူအမြောက်အများ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူတို့သည် ဤကိစ္စနှင့်ပတ်သက်ပြီး ကြိုတင်၍ သတင်းတစ်စုံတစ်ရာ မရရှိခဲ့ကြချေ။
"အရှင် လု....ပြန်လာပြီလား"
"အရှင်လုက မယုံနိုင်လောက်အောင် စွမ်းအားကြီးတာပဲ....ထင်တဲ့အတိုင်းပဲ...ထန်စစ်တပ်ရဲ့ အကြံအစည်တွေကို ရင်ဆိုင်ဖို့ အရှင်ကိုယ်တိုင် ထွက်လာမှ ရတော့တယ်"
လုယွီ ပြန်ရောက်လာသည်ကို မြင်ချိန်၌ လူတိုင်းက ရိုသေလေးစားစွာ ဆီးကြိုလိုက်ကြသည်။
မည်သူပင်ဖြစ်စေ သူတို့သည် ဤလူငယ်အုပ်ချုပ်သူအရှင်ကို အကြွင်းမဲ့ အသိအမှတ်ပြုကြသည်။
စစ်ရေးအောင်မြင်မှုများအရဆိုလျှင် လုယွီသည် ပထမဆုံး လီကျိုးစီကို နှိမ်နင်းခဲ့ပြီးနောက် ဖုန်းချန်ချင်းကို သတ်ဖြတ်ကာ ကောင်းရှစ်ကျီးကို ဆုတ်ခွာစေခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် တိုက်ပွဲအတွင်း လီမီကို အနိုင်ယူခဲ့ပြီး ထန်စစ်တပ်ကို စစ်အင်အားအမြောက်အများ ဆုံးရှုံးစေခဲ့သည်။
မည်သည့် တိုက်ပွဲရလဒ်ပင်ဖြစ်စေ သူ့အား အမတ်ကြီးဘွဲ့ထူး ချီးမြှင့်ရန် လုံလောက်သည်။
စစ်ပွဲအောင်မြင်မှုစာရင်းတွင် လုယွီ၏အမည်သည် နံပါတ်တစ်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ဤအချိန်တွင် မည်သူကမျှ ဤအဆင့်သတ်မှတ်ချက်ကို ဂရုမစိုက်ကြတော့ပေ။ မည်သူပင်ဖြစ်စေ သူတို့၏အောင်မြင်မှုသည် လုယွီထက် နိမ့်ကျနေမည်သာ ဖြစ်သည်။
လုယွီ၏ မျက်နှာ အနည်းငယ် ဖြူဖျော့နေသည်။ သူသည် လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်၏။
"အချိန်မဆွဲနိုင်တော့ဘူး.... ကျေးဇူးပြုပြီးတော့ ခင်ဗျားတို့ရဲ့ တပ်တွေကို ပုန်းကွယ်နဂါးစစ်တပ်နဲ့အတူ တိုက်ပွဲဝင်ဖို့ စေလွှတ်ပေးပါ"
စုန့်ချင်းဟူက မျက်ခုံးပင့်ပြီး အံ့အားတသင့် ပြောဆိုသည်။
"ချောင်ပိတ်နေတဲ့ ရန်သူတွေနောက်ကို မလိုက်သင့်ဘူး...လုယွီ မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ"
လုယွီ၏ မျက်လုံးများသည် စူးရှတောက်ပနေပြီး လက်ရှိနေရာတွင် ရှိနေသော စစ်သူကြီးများအားလုံးကို ကြည့်လိုက်သည်။
"ထန်စစ်တပ်ကို အသက်ရှူချိန် တစ်စက်မှ ပေးလို့မဖြစ်ဘူး....ဒါက ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ.... ဒါကို လွဲချော်သွားရင် နောက်တစ်ကြိမ် အခွင့်အရေး ပြန်ရှာဖို့ ခက်ခဲသွားမှာကို ငါ စိုးရိမ်တယ်"
လုယွီက ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။
"ဒီနေရာက အရင်က ငါတို့ရဲ့ ပိုင်နက်ပဲ... ထန်စစ်တပ်က ဒီနေရာမှာ နင်းခြေဖို့ ဘာအခွင့်အရေးရှိလို့လဲ...ဒီနေ့တိုက်ပွဲမှာ ငါက ထန်စစ်တပ်ကို အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းပစ်မယ်"
ဤအသံသည် မိုးခြိမ်းသံအလား စစ်သူကြီးအားလုံး၏နှလုံးသားများကို တုန်ခါစေခဲ့သည်။
သူတို့အနက်မှအများစုသည် တော်ဝင်မြို့တော်ကို ကာကွယ်ရန်သာ အစီအစဉ်ဆွဲထားခဲ့ကြသည်။ လုယွီက တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်နေလိမ့်မည်ဟု မည်သူက တွေးထင်ထားမည်နည်း။
တချို့လူများသည် ယခင်က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ တိုက်ပွဲကို ရုတ်တရက် သတိရသွားကြသည်။ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ လက်ဝဲတပ်မှူးအဖြစ် လုယွီသည် ထန်စစ်တပ်ကို အနိုင်ယူခဲ့ပြီးနောက် ထန်အင်ပါယာအား စစ်လျော်ကြေးအဖြစ် နယ်မြေများ စွန့်လွှတ်စေခဲ့သည်။
အကြိမ်တစ်ရာကြားရခြင်းထက် တစ်ကြိမ်မြင်ရခြင်းက ပိုကောင်းသည်။ ဤသို့သော ရဲရင့်မှုကို မျက်မြင်တွေ့ပြီးနောက် လူတိုင်း သူ၏စွမ်းအားကို အသိအမှတ်ပြုသွားကြသည်။
လုယွီ၏ လက်အောက်ငယ်သားများဖြစ်စေ တခြားစစ်သည်တော်များဖြစ်စေ သူတို့အားလုံးသည် ဤအချိန်တွင် မြေပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ တိုက်ပွဲဝင်ခွင့် တောင်းဆိုကြသည်။
လူအများစု၏ မျက်လုံးများသည် နီမြန်းနေပေ၏။ သူတို့၏ရဲဘော်ရဲဘက်သည် စစ်မြေပြင်တွင် ထန်စစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဤသည်မှာ လက်စားချေရမည့် အချိန်ပင်။
ထိုအချိန်မှာပင် ချိုင်လုံရှင်း ရောက်လာသည်။
သူသည် အမြဲတစေ တော်ဝင်မြို့တော်၏ သံမဏိတံတိုင်း အနောက်ဘက်ခြမ်းတွင် ရှိနေပြီး တခြားသူများနှင့်အတူ မရှိခဲ့ပေ။
သူသည် လျှောက်လှမ်းလာပြီးနောက် လုယွီကို ပြောဆိုသည်။
"ရေခဲဘုရင့်အိမ်တော်က အရင်းအမြစ်တွေအများကြီးကို လွှဲပြောင်းပေးထားတယ်...အဲ့ဒါတွေက လမ်းမှာ ရောက်လာနေပြီ...မင်း ဘာမှစိတ်မပူနဲ့"
ချိုင်လုံရှင်းသည် မည်သည်ကြောင့် ထိုသို့ပြောသည်ကို လူတိုင်းသိသည်။
လုယွီ ဤမျှအလျင်လိုနေရခြင်း၏ အဓိကအကြောင်းရင်းမှာ ပုန်းကွယ်နဂါးစစ်၏ အရင်းအမြစ်များ အလွန်နည်းပါးနေသောကြောင့်ပင်။
Chapter 4739
ပုန်းကွယ်နဂါးစစ်တပ်မှ သယ်ဆောင်လာသော ပစ္စည်းအများစုသည် တိုက်ခိုက်ရေးပစ္စည်းများ ဖြစ်သည်။
သို့ရာတွင် သူတို့သည် တခြားအထောက်အပံ့ပစ္စည်းများကို များများစားစား သယ်ဆောင်လာခြင်းမရှိပေ။
တပ်ရင်းနှစ်ဆယ်ကျော်အတွက် နေ့စဉ် စားနပ်ရိက္ခာ ပမာဏသည် အလွန်ကြီးမားပေ၏။ ဤထောက်ပံ့ရေးလမ်းကြောင်းသည် ရှည်လျားသောတိုက်ပွဲအတွက် ထိန်းထားနိုင်မည် မဟုတ်ပေ။
ဤသည်မှာ လုယွီ တိုက်ပွဲကို အမြန်အဆုံးသတ်လိုခြင်း၏ အကြောင်းအရင်းဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အရှင်သား"
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။
ချိုင်လုံရှင်းက ခေါင်းခါလိုက်သည်။
"မင်းနဲ့ငါ့ကြားမှာ အားနာစရာမလိုပါဘူး.... ရေခဲဘုရင်စစ်တပ်က မင်းကို အစွမ်းကုန် ထောက်ပံ့ပေးသွားမှာပါ"
မရေမတွက်နိုင်သော အကြည့်များသည် လုယွီထံတွင် စုဝေးနေပေ၏။
ဤအချိန်တွင် စကားလုံးများ မလိုအပ်တော့ပေ။ လူတိုင်း၏မျက်လုံးများက လုယွီ၏ ခေါင်းဆောင်စစ်သူကြီးရာထူးကို အတည်ပြုပေးနေသည်။
"တပ်အားလုံး.... ကာကွယ်ရေးကို စွန့်လွှတ်ပြီး အရပ်မျက်နှာပေါင်းစုံကနေ တိုက်ခိုက်ကြစမ်း"
လုယွီက အမိန့်ပေးလိုက်သည်။
မည်သူမျှ လုယွီ၏စကားကို သံသယမဝင်သည့်အပြင် တော်ဝင်မြို့တော်၏ လုံခြုံရေးကိုလည်း ဂရုမစိုက်ကြတော့ချေ။
ဤအချိန်အခိုက်အတန့်တွင် စစ်တပ်တစ်တပ်လုံး အထက်မှအောက်ခြေအထိ အတွေးတစ်ခုတည်းသာ ရှိသည်။ ဤသည်မှာ ထန်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းရန်ပင်။
အဝေးတွင် ပုန်းကွယ်နဂါးစစ်တပ်သည် ထန်စစ်စခန်း၏ရှေ့သို့ ရောက်ရှိနေလေပြီ။
ပုန်းကွယ်နဂါးစစ်တပ်၏ အလွန်အကျွံသုံးစွဲသည်ဟု ဆိုနိုင်လောက်သည့် အမြှောက်ဆန်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုအောက်တွင် ထန်စစ်စခန်းသည် နောက်ဆုံး၌ ကျိုးပေါက်သွားခဲ့သည်။
ထန်စစ်စခန်းအတွင်းတွင် ကဲရှူဟန်၏ စစ်သူကြီးအလံကို လွှင့်ထူထားသည်။ ကောင်းရှစ်ကျီးသည် ဒဏ်ရာပြင်းထန်နေဆဲဖြစ်ပြီး လီမီသည် လုယွီ၏တိုက်ခိုက်မှုကြောင့် သတိလစ်သွားခဲ့သည်။ ထန်စစ်တပ်တစ်တပ်လုံးတွင် တပ်မှူးအဖြစ် ကောင်းရှစ်ကျီးတစ်ဦးတည်းသာလျှင် ကြွင်းကျန်တော့သည်။
လုယွီက ဖူကျစ်ရွှယ်ကို ကြည့်လိုက်သည်။ "ကျွန်တော် ခဏအနားယူဖို့လိုတယ်...စီနီယာအစ်ကိုကို ကျွန်တော့်ကိုယ်စား ယာယီအမိန့်ပေးဖို့ အနှောင့်အယှက်ပေးရတော့မယ်..."
လုယွီ ပင်ပန်းနွမ်းနယ်နေသည်ကို လူတိုင်း မြင်တွေ့နိုင်သည်။
သူတို့သည် လုယွီကို ပထမဆုံးအကြိမ် တွေ့စဉ်က သူသည် အမြဲတစေ စွမ်းအင်အပြည့်ဖြင့် လန်းဆန်းနေပြီး ပင်ပန်းနွမ်းနယ်မှုကို မသိသည့်အလားပင်။
သို့ရာတွင် ယခုချိန်၌ လုယွီသည် ပင်ပန်းနွမ်းနယ်နေပြီး မည်သည့်အချိန်မဆို ပြိုလဲကျသွားတော့မည့်အလားပင်။
ထို့ပြင် လုယွီသည် ငယ်ရွယ်သောလူငယ်တစ်ယောက်သာ ဖြစ်ပေ၏။ လူအများသည် ဤမြင်ကွင်းကိုကြည့်ပြီး သက်ပြင်းရှိုက်လိုက်ကြသည်။
"စိတ်မပူပါနဲ့....ဘာအမှားအယွင်းမှ ရှိမှာမဟုတ်ဘူး"
ဖူကျစ်ရွှယ်က လုယွီ၏ ပခုံးကို ပုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် လူယွီကို ကာကွယ်ရန် စစ်သားတစ်စုအား ချန်ထားခဲ့ရန် စီစဉ်လိုက်၏။
မကြာမီမှာပင် စိတ်လှုပ်ရှားဖွယ် တိုက်ပွဲခရာသံသည် တာယွီစစ်စခန်းတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
တောက်ပနေမင်း ရေခဲဘုရင် လူရိုင်းနယ်စပ် နှင့် နဂါးသိုင်း စစ်တပ်လေးတပ်သည် စခန်းမှထွက်ခွာပြီး ပုန်းကွယ်နဂါးစစ်တပ်နောက်သို့ လိုက်ကာ ထန်စစ်တပ်ထံသို့ ချီတက်သွားကြသည်။
တာယွီစစ်တပ်၏ အကြီးမားဆုံး တန်ပြန်တိုက်ခိုက်မှု စတင်ခဲ့လေပြီ။
စစ်တပ်နှစ်တပ်ကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တာယွီစစ်တပ်သည် ထန်စစ်စခန်းအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
ဤအချိန်တွင် ပြင်ပလောကရှိ တိုက်ပွဲသည် လုယွီနှင့် မသက်ဆိုင်တော့ချေ။
လုယွီသည် တဲအတွင်းသို့ ဝင်သွားပြီး လှဲချကာ အိပ်ပျော်သွားသည်။
ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်သည် ရက်အနည်းငယ် မအိပ်လျှင်ပင် စွမ်းအင်အပြည့်ဖြင့် နေနိုင်သည်။
သို့ရာတွင် လုယွီသည် ယခုလေးတင် ရွှမ်းယွမ်နတ်ဘုရားဓားတိုက်ကွက်ကို အတင်းအကြပ် နားလည်အောင် ကြိုးစားခဲ့ရာ ကောင်းကင်ကို ဆန့်ကျင်လုနီးပါး ဖြစ်နေလေပြီ။ သူသည် အစွမ်းထက်သူဖြစ်သဖြင့် ဤသို့ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားကုန်ဆုံးမှုကို တောင့်မခံနိုင်ချေ။
လုယွီသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပြီး ပြင်ပလောကတွင် ဖြစ်ပျက်နေသည်များကို မသိတော့ချေ။
အစောင့်တာဝန်ကျနေသော စစ်သားများသည် လက်အတွင်းတွင် မှော်လက်နက်များကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် မည်သူမျှ မချဉ်းကပ်နိုင်စေရန် တဲ၏အပြင်ဘက်တွင် စောင့်ကြပ်နေကြ၏။
...
တော်ဝင်မြို့တော်နှင့် အနောက်ပိုင်းခွန်းလွန်ကြယ်မြစ်ကြား နယ်နိမိတ်တွင် မိုင်သောင်းချီသော တောင်ကြားခံတပ်တစ်ခု ရှိသည်။
ဤကြီးမားသော တောင်ကြားခံတပ်သည် ပေတစ်သောင်းမြင့်သော တောင်တစ်လုံးကဲ့သို့ ကြယ်တာရာကောင်းကင်ယံတွင် ခန့်ညားထည်ဝါစွာ တည်ရှိနေသည်။
ခံတပ်၏ တစ်ဖက်တစ်ချက်တွင် အဆုံးအစမရှိသော လေဟာနယ်အက်ကွဲကြောင်းများ ရှိပြီး ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်မုန်တိုင်းများဖြင့် ပြည့်နှက်နေသည်။ ဤနေရာကို အန္တရာယ်ရှိသော နယ်မြေဟု ဆိုနိုင်သည်။
ဤအချိန်အခိုက်အတန့်တွင် အမှောင်ထုအတွင်းမှ မရေမတွက်နိုင်သော မျက်လုံးအကြည့်များသည် ဤခံတပ်ပေါ်သို့ ကျရောက်နေပေ၏။
"အောင်းကွမ်းရဲ့ ရုတ်တရက်တိုက်ခိုက်မှုက အောင်မြင်သွားပြီ...စီးရွှေတောင်ကြားခံတပ်က ရန်သူတွေ မပြင်ဆင်ရသေးတဲ့အချိန်မှာ တိုက်ခိုက်နိုင်ခဲ့တယ်... ထန်အင်ပါယာရဲ့ ကာကွယ်ရေးတပ်တွေ အားလုံး သုတ်သင်ခံလိုက်ရပြီ"
"နံပါတ်ဆယ့်ငါးတပ်ရင်းနဲ့ နံပါတ်ဆယ့်ရှစ်တပ်ရင်းတွေက ချန်းလန် ဟွိုက်အန်းနဲ့ တခြားနေရာတွေကို ဝိုက်ပတ်သွားပြီးတော့ ထန်စစ်တပ်ရဲ့ အနောက်ဘက်ဆုတ်ခွာလမ်းကြောင်းကို ဖြတ်တောက်လိုက်ပြီ..."
သူ၏လက်အောက်ငယ်သားထံမှ သတင်းပို့မှုကိုကြားချိန်တွင် ချင်ယွီက ခေါင်းညိတ်လိုက်သည်။ သူမ၏ ရဲရင့်ပြီး ခန့်ညားသော မျက်နှာပေါ်တွင် ပြတ်သားမှုအရိပ်အယောင်တစ်ရပ် ပေါ်လွင်နေသည်။
သူမသည် သိုလှောင်အိတ်အတွင်းမှ ပန်းထိုးပိုးအိတ်တစ်ခုကို ထုတ်ယူလိုက်သည်။ ဤသည်မှာ လုယွီက သူမကို ယခင်က ပေးခဲ့သော တာဝန်ပင်။
သူမ ပန်းထိုးပိုးအိတ်ကို ဖွင့်လိုက်ရာ အတွင်းရှိ စာရွက်ပေါ်၌ တိုက်ပွဲနည်းဗျူဟာ စာကြောင်းတစ်ကြောင်း ရေးထားသည်။
ထိုတိုက်ပွဲနည်းဗျူဟာ၏အမည်ကို ပန်းထိုးပိုးအိတ်၏ ထိပ်တွင် ရေးထားပေ၏။
ဝံပုလွေအုပ်စုနည်းဗျူဟာ..
Chapter 4740
ချင်ယွီသည် ပန်းထိုးပိုးအိတ်အတွင်းမှ တာဝန်အားလုံးကို ဖတ်ရှုပြီးနောက် သူမ၏မျက်လုံးများကို မှိတ်လိုက်သည်။
အဝေးတွင် မရေမတွက်နိုင်သော ထန်စစ်တပ်၏ သယ်ယူပို့ဆောင်ရေးသင်္ဘောများနှင့် ထောက်ပံ့ရေးသင်္ဘောများသည် စနစ်တကျ ချီတက်နေကြ၏။
ရှေ့တန်းရှိ ထန်စစ်တပ်မှ ပြသခဲ့သော အားကောင်းသည့် တိုက်ခိုက်ရေးစွမ်းရည်သည် နောက်တန်းရှိ ထောက်ပံ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်သည်။ တာယွီ၏ တော်ဝင်နန်းတွင်းအပေါ် ဖိအားပေးမှုကို ထိန်းထားနိုင်ရန်အတွက် ထန်စစ်တပ်သည် ဤနေရာတွင် ခိုင်မာပြီး တည်ငြိမ်သော နောက်တန်းသယ်ယူပို့ဆောင်ရေးကွန်ယက်တစ်ခုကို တည်ဆောက်ထားခဲ့ပြီး မည်သည့်မှားယွင်းမှုမရှိစေရန် အသေအချာပြုလုပ်ခဲ့သည်။
"အရှင်က အရာအားလုံးကို တွက်ချက်ထားပုံရတယ်...ငါတို့ရဲ့ အဓိကပစ်မှတ်က ရှေ့မှာရှိနေတဲ့ ဒီသယ်ယူပို့ဆောင်ရေးသင်္ဘောတွေကို ဖျက်ဆီးဖို့ပဲ....ဒီစစ်သင်္ဘောတွေမရှိရင် ထန်စစ်တပ်က သူတို့ရဲ့ လှုပ်ရှားနိုင်စွမ်းကို ဆုံးရှုံးသွားလိမ့်မယ်..သူတို့တွေက ခံတပ်ကို ကာကွယ်နိုင်ရင်တောင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး..."
ချင်ယွီ၏ မျက်လုံးများ တောက်ပနေသည်။ သူမ၏ လက်ချောင်းများကို တစ်ချက်လှုပ်ခတ်လိုက်ရုံဖြင့် သူမ၏လက်အတွင်းမှ ပန်းထိုးပိုးအိတ် မီးလောင်ကျွမ်းသွားသည်။
"ငါတို့နောက်က စစ်သင်္ဘောတွေ အမီလိုက်လာပြီလား"
ချင်ယွီက မေးမြန်းသည်။
စစ်သူကြီးတစ်ယောက်က လျင်မြန်စွာ ခေါင်းညိတ်ပြီး ပြောဆိုသည်။
"စစ်သူကြီးကို အစီရင်ခံပါတယ်...အရာအားလုံး က အစီအစဉ်အတိုင်းပါပဲ...ငါတို့ရဲ့စစ်တပ်က အထီးကျန်နတ်ဆိုးသားရဲကြယ်နယ်မြေပေါ်မှာ တပ်စွဲထားပါတယ်..... အဲ့ဒီနေရာမှာ သစ်တောထူထပ်တဲ့နေရာတွေနဲ့ ပြည့်နေတယ်...ထန်စစ်တပ်က ငါတို့ကို လုံးဝရှာတွေ့နိုင်မှာမဟုတ်ပါဘူး..."
ချင်ယွီက ပြောဆိုလိုက်၏
"ရှေ့တန်းက ထန်စစ်တပ်က ပြိုလဲနေပြီ...သူတို့တွေ စီးရွှေတောင်ကြားခံတပ်ကို မသွားတော့ဘူးဆိုရင် ကျားလှောင်အိမ်တောင်ကြားခံတပ်ကို သွားမှာ သေချာတယ်...လူတိုင်းကို ပြင်ဆင်ထားပြီးတော့ ငါ့အမိန့်ကို စောင့်နေဖို့ ပြောလိုက်စမ်း"
"ဟုတ်ကဲ့ပါ အရှင်"
...
လုယွီသည် လေးနာရီသာ အိပ်စက်ခဲ့သည်။
သူသည် လျင်မြန်စွာ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏မျက်လုံးများအတွင်းမှ ပင်ပန်းနွမ်းနယ်မှုသည် လုံးဝပျောက်ကွယ်သွားသော်လည်း သူ၏မျက်နှာမှာမူ အနည်းငယ် ဖြူဖျော့နေဆဲပင်။
ဤကဲ့သို့ တိုတောင်းသော အချိန်ကာလအတွင်းတွင် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော ရှေးဟောင်းဝင်္ကပါကြီးကို နားလည်နိုင်ခဲ့သည့်အပြင် ရှေးဟောင်းအဝါရောင်ဧကရာဇ်ရွှမ်းယွမ်ကိုပင် ဆင့်ခေါ်နိုင်ခဲ့ခြင်းသည် မိုးကောင်းကင်ကို ဆန့်ကျင်ခြင်းပင်။
လုယွီတွင် ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်စွမ်းအား ရှိသော်လည်း ဤသို့သော နည်းစနစ်ကို အမြဲတစေ အသုံးမပြုနိုင်ချေ။ ထိုသို့မဟုတ်ပါက သူ့အပေါ် ကြီးမားသော တန်ပြန်ထိခိုက်မှုများ ဖြစ်စေနိုင်သည်။
သို့ရာတွင် ကံကောင်းသည်မှာ လုယွီ၏ စိတ်ဝိညာဉ်သည် သန်မာအားကောင်းသဖြင့် ပြန်လည်ကောင်းမွန်လာရန် အချိန်တခဏသာ ယူရပေမည်။
အကယ်၍ သာမန်ကျင့်ကြံသူတစ်ဦးသာ ဤကဲ့သို့ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအား အသုံးပြုမှုကို တွေ့ကြုံခဲ့ရပါက မသေလျှင်ပင် ပြန်လည်ကောင်းမွန်လာရန် တစ်လခန့် အနားယူရပေမည်။
သို့ရာတွင် လုယွီကမူ ပုံမှန်အတိုင်း လှုပ်ရှားနိုင်ရန် အချိန်လေးနာရီသာ လိုအပ်သည်။
လုယွီသည် တဲ၏ပြင်ပသို့ ထွက်လာသည်။ စစ်သားအားလုံး တုန်လှုပ်သွားပြီး အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။
"အရှင်...နိုးပြီလား..."
"ငါ့အတွက် စိတ်မပူနဲ့... တပ်ထဲကို ပြန်သွားကြတော့"
လုယွီ၏ အကြည့်သည် မိုင်တစ်ရာအကွာရှိ စစ်မြေပြင်ပေါ်သို့ ကျရောက်နေလေပြီ။
ထန်စစ်စခန်းသည် ကျိုးပေါက်သွားပြီဖြစ်သော်လည်း ထန်စစ်တပ်သည် ဆုတ်ခွာရန် အစီအစဉ်မရှိဘဲ ခေါင်းမာစွာ ခုခံရန် ရွေးချယ်ခဲ့သည်။
သူသည် ထန်စစ်တပ်၏ ထိပ်တန်းစစ်သည်တော် အနည်းငယ်နှင့် တာယွီစစ်သားများ တိုက်ခိုက်နေသည်ကိုပင် မြင်တွေ့နိုင်သည်။
နောက်ထပ်အချိန်တခဏတွင် လုယွီသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး စစ်မြေပြင်သို့ တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။
ထန်စစ်စခန်းသည် ပရမ်းပတာဖြစ်နေပေ၏။
ယဲ့ဝမ်ရှု ဦးဆောင်သော နဂါးသိုင်းစစ်တပ်ပင်လျှင် ပြင်းထန်သော တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည်။
လုယွီ၏ ရောက်ရှိလာမှုသည် ထန်စစ်တပ်မှ ထိပ်သီးကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ချက်ချင်းရရှိသွားသည်။
သူတို့သည် ချက်ချင်း ရှေ့သို့ပြေးတက်လာပြီး လုယွီထံ ဦးတည်၍ သူတို့၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုများဖြင့် စတင်တိုက်ခိုက်ခဲ့သည်။
ဤအချိန်တွင် အနီးကပ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေခြင်းဖြစ်သဖြင့် မည်သည့်စစ်နည်းဗျူဟာ သို့မဟုတ် ဝင်္ကပါမျှ မလိုအပ်တော့ချေ။ ဤသည်မှာ စွမ်းအားများဖြင့် ထိပ်တိုက်ရင်ဆိုင်ခြင်း ဖြစ်သည်။
လုယွီ၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းနှစ်တန်း ထွက်ပေါ်လာသည်။ သူသည် လက်ကိုမြှောက်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။ ထိုထန်စစ်တပ်မှ ထိပ်သီးကျင့်ကြံသူများသည် ချက်ချင်းပင် အသတ်ခံရပြီး သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် လုယွီသည် ကောင်းကင်သို့ ပျံတက်သွားပြီး လက်သီးတစ်ချက် ထပ်မံထိုးနှက်ကာ ထန်စစ်တပ်၏ တိုက်ပွဲဝင်ဝင်္ကပါကြီးပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။
"ဘုန်း...."
ဤတိုက်ပွဲဝင်္ကပါအတွင်းတွင် လူတစ်ထောင်ရှိသည်။ ဤအချိန်တွင် သူတို့အားလုံး၏ မျက်လုံး နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ယိုစီးကျနေပေ၏။ သူတို့၏ ခြေထောက်များ ကြေမွသွားပြီး မြေပေါ်တွင် လဲလျောင်းနေကြကာ မကြာမီမှာပင် သေဆုံးသွားကြသည်။
"တာယွီရဲ့ ထိပ်သီးကျင့်ကြံသူတွေ ရောက်လာပြီ"
ထန်စစ်တပ်သည် ထိတ်လန့်တကြားဖြင့် အဆက်မပြတ် ဆုတ်ခွာနေသည်။
သို့ရာတွင် လုယွီ၏ မျက်နှာသည် အေးစက်တင်းမာနေပြီး သူ၏နံဘေးပတ်လည်တွင် နတ်ဘုရားသတ်ဓားချီများ ဝန်းရံနေကာ မိုးစက်များကဲ့သို့ ပျံ့နှံ့လာပြီး ထန်စစ်သည်တော်များ၏ အသက်များကို နှုတ်ယူနေသည်။
"ကောင်းရှစ်ကျီး ဘယ်မှာလဲ... သူ့ကို ခေါ်ထုတ်လိုက်စမ်း"
လုယွီသည် သတ်ဖြတ်ခြင်းနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပြီး ရှေ့သို့ တိုးဝင်သွားရာ သူသွားလေရာတွင် မရေမတွက်နိုင်သော ထန်စစ်သားအလောင်းများ ကျန်ရစ်ခဲ့သည်။