← Chapters

ဆေးညွှန်း

Vol. 3 Ch. 32

ဆေးညွှန်း

Vol. 3 Ch. 32

ယန်ကွေ့ပေါင်၏ ဝက်ရူးပြန် ရောဂါသည် မိခင်၏ ဝမ်းအတွင်းထဲက ပါလာသည့် မွေးရာပါ ရောဂါ တစ်ခု ဖြစ်ပေသည်။ လွန်ခဲ့သည့် နှစ်များအတွင်း သူတို့သည် ဆေးရုံပေါင်းများစွာတွင် ကုသမှုများ ခံယူခဲ့သည့်အပြင် တိုင်းရင်းဆေးအမျိုးမျိုးဖြင့်လည်း ကုသကြည့်ခဲ့သော်လည်း ထူးခြားမှု မရှိပေ။ ထို့အပြင် ယန်ကွေ့ပေါင်၏ အခြေအနေအား ပို၍ပင် ဆိုးရွားလာစေခဲ့သည်။ တက်သည့်ရောဂါ အကြိမ်အရေတွက် သိသိသာသာ တိုးလာခဲ့သည်။

နိုင်ငံခြားမှ ဆေးပညာရှင်များသည်ပင် ထိုရောဂါမျိုးသည် ထိန်ုးချုပ်ရုံသာ ရနိုင်ပြီး အမြစ်ပျက်အောင် မကုသနိုင်ဟု ပြောဖူးသည်။ တစ်စုံတစ်ယောက်သည် သူမသား၏ ရောဂါအား ကုသပေးနိုင်သည်ဟု ပြောချိန်တွင် ဝမ်မေဖုန်းသည် အတိုင်းမသိ ဝမ်းသာသွားခဲ့ရသည်။ သမီး ဖြစ်သူမှစိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရချိန်တွင် အဖွားဖြစ်သူမှ သတိပေးလိုက်သည်။

“မေဖုန်း မျှော်လင့်ချက်တွေ အများကြီး မထားပါနဲ့ အဲ့ကလေးမလေးက ဆယ့်ခုနှစ်နှစ် ပဲ ရှိသေးတယ်”

မျှော်လင့်ချက်များများ ထားလေလေ မျှော်လင့်သလို ဖြစ်မလာခဲ့လျှင် ပို၍ စိတ်ပျက်အားငယ်ရလေလေ ပင် ဖြစ်သည်။

မိခင်ဖြစ်သူ၏ စကားကို ကြားချိန်တွင် ဝမ်မေဖုန်း၏ မကျ်ဝန်းထဲမှ မျှော်လင့်ချက် ရောင်ခြည်အချို့ မှိန်ဖျော့သွားခဲ့သည်။ သူမ၏ အမေအား တုန့်ပြန်ပြောဆိုလိုက်သည်။

“အမေ ဘယ်လိုပဲ ဖြစ်လာလာ သမီး ကြိုးစားကြည့်ချင်သေးတယ်”

အဖွားအိုသည်လည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်တော့သည်။

“ကောင်းပြီ တစ်ခေါက်လောက် သွားကြည့်ကြတာပေါ့”

ဝမ်မေဖုန်း ခေါင်းငြိမ့်လိုက်ကာ ယန်ကွေ့ပေါင်အား ကြည့်လျှက် သူမ၏ မျက်လုံးများအတွင်း၌ ဝမ်းနည်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် ယန်ကွေ့ပေါင်တွင် ငယ်စဉ်ကတည်းက အတူတူဆော့ရန် ကစားဖော် တစ်ဦး တစ်ယောက်မှ မရှိခဲ့ပေ။ မိခင်တစ်ဦး အနေဖြင့် သူမ၏ သား ဖြစ်သူအား ပုံမှန် ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်စရာ ကလေး ဘဝလေး တစ်ခုအား ပိုင်ဆိုင်စေချင်မိသည်သာ ဖြစ်သည်။

ဝမ်မေဖုန်းနှင့် သူတို့ လူတစ်စု နီမိသားစု အိမ်သို့ ရောက်လာချိန်တွင် နီယန်သည် မီးဖိုချောင်တွင် အစားအသောက်များ ပြင်ဆင်နေခဲ့ကာ နီချွေ့ဟွာသည် သူမ၏ သမီးငယ်လေးအား အခန်းထဲတွင် နို့ချိုတိုက်ကျွေးနေခဲ့သည်။ နီချန်ကွေ့သည် စားပွဲတွင် ထိုင်ကာ ညစာစားရန် စောင့်ဆိုင်းနေခဲ့သည်။ စားပွဲပေါ်တွင် ဟင်းပွဲ သုံးပွဲနှင့် ဟင်းရည်တစ်ခွက်အား ပြင်ဆင်ထားကာ ပူနွေးသော အငွေ့များနှင့် စားချင်စဖွယ် အနံ့များသည် ရောနှောကာ လေထုထဲ၌ ပျံ့နှံ့လျှက် ရှိနေသည်။

“ချန်ကွေ့ အိမ်မှာ ရှိလား”

အဖွားအို၏ အသံသည် အိမ်အပြင်မှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံအား ကြားသော် နီချန်ကွေ့သည် လျှင်မြန်စွာ မတ်တပ်ရပ်လျှက် အပြင်မှ သူမ၏ ဧည့်သည်များကို ကြည့်ရန် ထွက်သွားလိုက်သည်။ ထိုသူများအား သတိထားမိလိုက်ချိန်တွင် သူမ၏ မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာခဲ့ကာ သူတို့အား နှုတ်ဆက်ရန် အလျှင်အမြန် ထွက်သွားလိုက်သည်။

“အဒေါ် မေဖုန်း ဒီကို ဘာလာလုပ်ကြတာလဲ စားပြီးပြီလား ကျွန်မတို့က ညစာစားဖို့ ပြင်နေတာ ဝင်လာပြီး တူတူလာစားပါလား”

နီချန်ကွေ့သည် ဝမ်မေဖုန်း၏ အခြေအနေ အချို့ကို ကြားဖူးထားခဲ့သည်။ အသေးစိတ်မသိသော်လည်း ယန်မိသားစုသည် ဘေကျင်းတွင် သြဇာအာဏာ အချို့ရှိကြောင်း သူမသိထားခဲ့သည်။ ထို့အတွက် နီချန်ကွေ့သည် ဝမ်မိသားစုအပေါ် အမြဲ ပျူငှာစွာ ဆက်ဆံခဲ့လေသည်။ အဖွားအိုသည် ရီမောလျှက် ပြောလိုက်သည်။

“ချန်ကွေ့ လုပ်ရိုးလုပ်စဉ်တွေကို (အပိုစကားတွေ) လုပ်ဖို့ မလိုပါဘူး ငါတို့ စားပြီးပြပြီ ဒါပေမဲ့ ယန်ယန်လို့ ခေါ်တဲ့ ကလေးမက နင်နဲ့ တူတူ ဒီမှာ နေကြတာလား”

“ဟုတ်ပါတယ် “

နီချန်ကွေ့ ခေါင်းငြိမ့်လိုက်သည်။ ဝမ်မေဖုန်းသည် ယန်ကွေ့ပေါင်၏ လက်အား ကိုင်ဆွဲထားသည်အား မြင်သော် သူမ၏ မျက်နှာတွင် အနည်းငယ် မလွယ်ကူသလို ဖြစ်သွားခဲ့သည်။ သူမ၏ အသံအား နှိမ့်ကာ မေးလိုက်သည်။

“တစ်ခုခု ဖြစ်ခဲ့လို့လား ယန်ယန်က ရှင်တို့ကို စိတ်အနှောင့်အယှက် တစ်စုံတစ်ရာ ပေးမိလို့လား”

နီချန်ကွေ့ နားလည်မှု လွဲသွားသည်အား မြင်သော် ဝမ်မေဖုန်းသည် လျှင်မြန်စွာ ရှင်းပြလိုက်သည်။

“မဟုတ်ပါဘူး လုံးဝ မဟုတ်ပါဖူး ယောင်းမရေ ကျွန်မ ဒီကို ရောက်လာတာ သူ့ကို အထူးကျေးဇူးတင်ချင်လို့ပါ...”

ထို့နောက် သူမသည် အဖြစ်အပျက်များအား အကျဉ်းချုံး ပြောပြလိုက်သည်။ နီချန်ကွေ့သည် စိတ်သက်သာရာ ရစွာ ရီမောလျှက် ပြောလိုက်သည်။

“ကျွန်မ ထင်သားပဲ ယန်ယန်က လိမ်မာပြီး တော်တဲ့ ကလေးမလေး တစ်ယောက်ပါ သူက ပြသာနာရှာမယ့် သူမျိုး မဟုတ်ပါဘူး သူက အထဲမှာ ဝင်လာခဲ့လိုက်လေ”

စကားဆုံးသော် နီချန်ကွေ့သည် အနားနား ကပ်ကာ လေသံ တိုးတိုးဖြင့် ပြောဆိုလိုက်သည်။

“အမှန်တကယ်ကို ယန်ယန်က အဲ့လောက် တော်တာလား”

နီချန်ကွေ့သည် နီယန်နှင့် နေတာကြာပြီ ဖြစ်သည့်အတွက် သူမသည် သာမာန် မိန်းမငယ်လေး တစ်ဦး မဟုတ်မှန်းတော့ သိသည်။ သို့သော် သူမသည် ရောဂါများကိုပင် ကုသပေးနိုင်သည်ကိုတော့ သူမ လုံးဝ မသိခဲ့ပေ။

“ဟုတ်တယ် သူက တကယ်တော်တာပါ”

ဝမ်မေဖုန်းသည် ခေါင်းငြိမ့်လိုက်ကာ ယန်ကွေ့ပေါင်၏ လက်ကလေးအား ကိုင်ကာ နီချန်ကွေ့၏ ဦးဆောင်မှုနောက် လိုက်ကာ အိမ်အတွင်းသို့ ဝင်လာခဲ့သည်။ သူတို့ ဝင်လာချိန်တွင် နီယန်သည် ထမင်းပန်းကန် သုံးလုံးအား ယူဆောင်လာသည်အား မြင်လိုက်ရသည်။ နီယန်အား မြင်လိုက်သည်နှင့် ယန်ကွေ့ပေါင်သည် ချက်ချင်း ပြေးသွားခဲ့ကာ ပြုံးလျှက် အနားကိုပြေးသွားခဲ့သည်။

“မမ”

“ကွေ့ပေါင်”

နီယန်သည် တည်ငြိမ်စွာဖြင့် ပန်းကန်များအား စားပွဲပေါ်တွင် တင်ထားလိုက်ကာ ယန်ကွေ့ပေါင်၏ ခေါင်းလုံးလေးအား ပုတ်ပေးနိုင်ရန် ထိုင်ချလိုက်ပြီး ရီမောလျှက် ညှင်သာစွာ မေးလိုက်သည်။

“ညစာ စားပြီးပြီလား “

“ဟုတ်ကဲ့”

ယန်ကွေ့ပေါင်သည် ခေါင်းငြိမ့်လိုက်ကာ ဝမ်မေဖုန်းအား ညွှန်ပြကာ မိတ်ဆက်ပေးလိုက်သည်။

“မမ ဒါက သားအမေ”

ဝမ်မေဖုန်းသည် နီယန်အနားသို့ သွားလိုက်ကာ ပြုံးလျှင် ညှင်သာစွာ စကားဆိုလိုက်သည်။

“ရဲဘော် အဒေါ်က ကွေ့ပေါင်ရဲ့ အမေပါ ဒီနေ့ နေ့လည်ခင်းက ဖြစ်သွားတာ အတွက် ကျေးဇူးတင်ပါတယ်”

ထိုသို့ပြောပြီးနောက်တွင် သူမသည် လေးစားသမှုဖြင့် ခါးကိုင်းကာ အရိုအသေပေးလိုက်သည်။ နီယန်သည် ဝမ်မေဖုန်းအား အလျှင်အမြန် တွဲထူပေးလိုက်ကာ

“အဒေါ် အရမ်း ယဉ်ကျေးလွန်းနေပါပြီ ဒဏ်ရာရနေတဲ့ သူတွေကို ကုသပေးဖို့ အသက်ကယ်ပေးဖို့ဆိုတာတွေက ဆရာဝန်တစ်ယောက်ရဲ့ တာဝန်ပါ ကွေ့ပေါင်လေး အဆင်ပြေတယ်ဆိုရင်ပဲ လုံလောက်ပါပြီ “

သူမ၏စကားကြောင့် ဝမ်မေဖုန်းသည် နီယန်အား ကြည့်သည့် အကြည့်တွင် အံ့အားသင့်မှုများ နှင့်အတူ သဘောကျမှုများဖြင့် ကြည့်မိလိုက်သည်။ အံ့အားင့်စရာကောင်းသည်မှာ နီယန်သည် အသက်ရွယ်အားဖြင့် ငယ်ရွယ်သေးသော်လည်း သူမ၏ ပုံစံသည် ကျောက်စိမ်းတုံး တစ်တုံးကဲ့သို့ ကြည့်လင်ကာ တည်ငြိမ် ရင့်ကျက်ဟန် ရှိနေခဲ့သည်။ သူမ၏ ရုပ်ရည်သည်လည်း ချောမောလှပကာ သူမ၏ မျက်လုံး မျက်ခုံးများသည်လည်း အနုပညာလက်ရာမြောက်သည့် ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ဖြစ်သည်။ သူမ၏ အပြုံးများ မျက်မှောင်ကြုတ်ခြင်းများသည် သဘာဝ ရှုခင်း တစ်ခုကဲ့သို့ လှပနေခဲ့ကာ ကျောင်းမှ ဆရာမများထက်ပင် ကျက်သရေရှိနေခဲ့သည်။

သူမ နီယန်အား လေးစားသဘောကျမိသည့် အချက်မှာ နီယန်သည် လူတစ်ယောက်၏ အသက်အား ကယ်တင်လိုက်သော်လည်း မာန်မာနကြီးစွာ စိတ်ကြီးဝင်သည့် အရိပ်အယောင် မရှိခြင်း ဖြစ်သည်။ သူမသည် လူတစ်ယောက်၏ အသက်အား ကယ်လိုက်ခြင်း မဟုတ်သလိုပင် အလွန် သာမာန်ကာလျှံကာ ဖြစ်နေခဲ့သည်။ ဝမ်မေဖုန်းသည် လူမျိုး ပေါင်းစုံဖြင့် ဆက်သွယ်ဖူးခဲ့ကာ နီယန်၏ ထိုကဲ့သို့ အပြုအမူမျိုးသည် နီယန် ဟန်ဆောင်နေခြင်း မဟုတ်မှန်း ကြည့်ရုံဖြင့် သိနိုင်ပေသည်။

“ဘာဖြစ်ဖြစ် အဒေါ်တို့က သမီးကို ကောင်းကောင်း ကျေးဇူးတင်ရမှာပဲ “

ဝမ်မေဖုန်းသည် ကွေ့ပေါင်အား လက်ဟန်ခြေဟန် ပြခဲ့ပြီးနောက် ပြောလိုက်သည်။

“ကွေ့ပေါင် မြန်မြန် သားမမကို ကျေးဇူးတင်စကား ပြောလိုက်အုန်းလေ”

လူအများစုသည် ယန်ကွေ့ပေါင်၏ အတက်ရောဂါ ထလာချိန်အား မြင်သော် သူတို့ပါ ပါဝင်ပတ်သက်လာမည်ကို ကြောက်သည့်အတွက် ရှောင်သွားကြပေသည်။ သို့သော် နီယန်သည် ရှောင်မပြေးတသည့်အပြင် သူ့အားပင် ကယ်တင်ခဲ့သည့် တစ်ဦးတည်းသော သူတစ်ဦး ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် မမ”

ယန်ကွေ့ပေါင်သည် ခါးလေးကိုင်းကာ ဦးညွှတ်လျှက် ပြောလိုက်သည်။

နီယန်၏ မျက်လုံးလေးများ ကွေးသွားသည် အထိ ပြုံးလိုက်ကာ ယန်ကွေ့ပေါင်၏ ဦးခေါင်းလေးအား ထိလိုက်ပြီးနောက်

“ကွေ့ပေါင် ဒီမှာ ခဏ စောင့်ပေးနော် မမ အဒေါ်နဲ့ အပြင်မှာ ခဏ စကားပြောလိုက်အုန်းမယ် ဟုတ်ပြီလား”

“ဟုတ်ကဲ့’

ယန်ကွေ့ပေါင်သည် နာခံစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

“အဒေါ် “

နီယန်သည် ဝမ်မေဖုန်းအား ကြည့်လိုက်သည်။ ဝမ်မေဖုန်းသည် ချက်ချင်း နားလည်လိုက်ကာ နီယန်၏ ခြေလှမ်းများ နောက်မှ လိုက်ပါသွားခဲ့သည်။ အပြင်ဘက်တွင်.....

မိုးကောင်းကင်သည် မှောင်ရီပျိုးစ ဖြစ်နေပြီ ဖြစ်ကာ ဖားအော်သံများ အင်းစက်ကလေးများ၏ အော်မြည်သံများဖြင့် နေရာအနှံ့ ဆူညံနေသည်ခဲ့သည်။ ကောင်းကင်တစ်ခုလုံး ကြယ်ရောင်များ ကြဲဖြန့်ထားသကဲ့သို့ ဖြာကျနေခဲ့ကာ လေညှင်းနှင့် အတူ ပါလာသည့် ပန်းပွင့်လေးများ၏ ရနံ့သင်းသင်းလေးများသည် တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်တစ်ခုအား ဖန်တီးထားသကဲ့သို့ ဖြစ်နေခဲ့သည်။

သက်ကြီးရွယ်အို အချို့က ပရုတ်ပင်အောက်တွင် ထိုင်ကာ ထန်းရွက်ယပ်တောင်များ ကိုင်ကာ လေညှင်းခံကာ စကားပြောဆိုနေခဲ့ကြသည်။ ကလေးငယ်များသည် လူကြီးများ ပြောပြနေသည့် ပုံပြင်များအား ခွေးခြေခုံလေးများ ပေါ်တွင် ထိုင်ကာ နားထောင်နေခဲ့ကြသည်။ ထိုမြင်ကွင်းသည် မိုးမျှော်တိုက်များ ကဲ့သို့ တစ်ဦးနှင့် တစ်ဦး ဝေးကွာနေသည့် အနာဂတ် ခေတ်ကာလတွင် မြင်နိုင်ရန် မရှိသည့် မြင်ကွင်းမျိုးပင်တည်း။ ဆယ်စုနှစ် တစ်စုစာ တစ်အိမ်နှင့် တစ်အိမ် နီးကပ်နေသည့် အိမ်နီးချင်းများပင်လျှင် တစ်ယောက်နှင့် တစ်ယောက် စကားပြောဆိုမှု မရှိကြတော့ပဲ တစ်စိမ်းများ ဖြစ်နေခဲ့ကြသည်။ “အဝေးမှ ဆွေမျိုးထက် အနီးမှ အိမ်နီးချင်းက ပို၍ ကောင်းတယ်” ဟူသည့် ဆိုရိုးစကားသည်ပင် ဒိတ်အောက်နေသည့် စကားမျိုး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

နီယန်သည် သူမ၏ မျက်နှာရှေ့တွင် ကျနေသည့် ဆံစများအား ဖယ်လိုက်ကာ သူမ၏ ရှေ့တွင် ရပ်နေသည့် ဝမ်မေဖုန်းအား ကြည့်လိုက်သည်။

“အဒေါ် အဒေါ် ဒီအထိ ရောက်လာကတည်းက သမီးကို ယုံကြည်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ....”

သူမသည်ထိုသို့ ပြောလိုက်ပြီးနောက်တွင် နီယန်သည် သူမ၏ လက်အတွင်း ကိုင်ထားသည့် စာရွက်ဖြူလေးအား ဝမ်မေဖုန်းအား ပေးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“ဒါက သမီးတို့ ဘိုးဘွားတွေ လက်ထပ်ကတည်းက အတက်ရောဂါအတွက် ကုသတဲ့ ဆေးနည်းပါ ဆေးနည်းထဲက ညွှန်ကြားချက်တွေကို လိုက်နာပေးပါ ဆေးဖက်ဝင် အပင်တွေကို မီးအေးအေးနဲ့ ၃နာရီလောက်ကြာအောင် ပြုတ်ပေးရမယ် သုံးခွက် တစ်ခွက် ကျိုသောက်ပြီး ၃လ ဆက်တိုက် သောက်ပေးပါ ဒါဆို ကွေ့ပေါင်လေး အတက်ရောဂါ အမြစ်ပြတ် ပျောက်ကင်းသွားပါလိမ့်မယ်”

တိုင်းရင်းဆေး ပညာအရ ပြောရမည် ဆိုလျှင် အတက်ရောဂါသည် အမြစ်ပြတ် ပျောက်ကင်းအောင် ကုသဖို့ရာ မဖြစ်နိုင်ပေ။ သို့သော် နီယန် ကတော့ မတူညီပေ။ နောက်ဆုံးတွင် သူမသည် ၂၁ရာစုက ပြန်လည် မွေးဖွားလာသောသူ တစ်ဦးဖြစ်သည်။ သူမ၏ အတိတ်ဘဝတွင် သူမသည် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ခဲ့သည့်တိုင်အောင် သူမ၏ ဘဝ တစ်ဝက်လောက်အား ဆေးဝါးများအား လေ့လာရင်း မြှပ်နှံထားခဲ့ခြင်း ဖြစ်သည်။ သူမ၏ အမြင်တွင် အတက်ရောဂါသည် ခက်ခဲရှုပ်ထွေးလှသည့် ရောဂါမျိုး မဟုတ်သည့်အတွက် ကုသ၍ ရပေသည်။ ဝမ်မေဖုန်းသည် ဆေးစာရွက်အား လက်နှစ်ဖက်ဖြင့် ကိုင်ကာ လေးလေးနက်နက်ဖြင့် ကျေးဇူးတင်စွာ ပြောလိုက်သည်။

“ရဲဘော်ငယ်လေး ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်”

ထိုအချိန် ခဏအတွင်း ဝမ်မေဖုန်းသည် မည်သည့် စကားများ ဆက်ပြောရတော့မည်ကိုပင် မသိနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။ ထိုဆေးစာသည် သူမ၏ သား ရောဂါအတွက် အမှန်တကယ် ထိရောက်မည်လားဆိုသည်အား သူမ မသိခဲ့ပေ။ သို့သော် အနည်းဆုံး နီယန်သည် သူမအား မျှော်လင့်ချက်ရောင်ခြည် အနည်းငယ်အား ပေးစွမ်းနိုင်ခဲ့သည်။ သူမသည် ဖြစ်နိုင်ခြေ အခွင့်ရေး အနည်းငယ်မျှ ရှိလျှင်ပင် သူမ လက်လျော့လိမ့်မည် မဟုတ်ပါချေ။ ဆရာဝန်များ အားလုံးသည် ယန်ကွေ့ပေါင်၏ ရောဂါအား မြင်သော် အကူညီမဲ့စွာ သူတို့၏ ဦးခေါင်းများအား ခါလိုက်ကြသော်လည်း နီယန် တစ်ဦးတည်းသာ ကုသ၍ ရသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

“အခု ကျေးဇူးမတင်ပါနဲ့အုန်း”

နီယန်သည် ပြုံးလျှက် ပြောလိုက်သည်။

“ကွေ့ပေါင်ရောဂါ ပျောက်တဲ့ အထိ စောင့်ပါအုန်း အဲ့ခါကျမှ သူ့ကို ခေါ်လာပြီး သမီးကို ကျေးဇူးတင်ရင်လည်း နောက်မကျသေးပါဘူး”

“ဒါပေမဲ့ ဒီပိုက်ဆံကိုတော့ ယူရမယ်”

ဝမ်မေဖုန်းသည် သူမ ပြင်ဆင်ကာ ယူလာသည့် ပိုက်ဆံများအား နီယန်၏ လက်အတွင်းသို့ ထိုးထည့်လိုက်သည်။ သူမသည် အလျှင်စလို ထွက်လာခဲ့ခြင်း ဖြစ်သောကြောင့် မည်သည့် လက်ဆောင်ကိုမှ ပြင်ဆင်လာနိုင်ခြင်း မရှိချေ။ သို့သော် ယခုလို ခေတ်ကာလမျိုးတွင် ပိုက်ဆံပေးသည်ထက် ပို၍ လက်တွေ့ကျသည့် အရာမျိုးလည်း မရှိပါချေ။

All Chapters