လူအများ ကြိတ်ကြိတ်တိုး စီတန်းနေဆဲ
Vol. 3 Ch. 44
ဒါကို ကြားလိုက်ရတော့ လက်ထောက်မှာ အံ့အားသင့်လျှက် ဝမ်းသာသွားလေတော့သည်။
“ဒုက္ခ မဖြစ်ပါဘူး ဒါကျွန်တော် လုပ်သင့်တဲ့အလုပ်ပါ”
ဒုတိယသခင်လေးက သူ့အကြံပြုချက်ကို အလေးအနက်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူသည် ခဏတာမျှ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။
နောက်ဆုံး ပြောရမည်ဆိုလျှင် အဖွားမိုကဲ့သို့ အဆင့်အတန်းမြင့်မားသည် သူများသည် မည်သည့် အချိန်မျိုးတွင်မှ လမ်းဘေးအစားအစာအား မြည်းစမ်းဖူးလိမ့်မည် မဟုတ်ချေ။
သို့သော် ထိုလမ်းဘေးဆိုင်လေး၏ အရသာသည် အမှန်တကယ်ကိုပင် ကောင်းမွန်လှပေသည်။ ခေါက်ဆွဲ အချဉ်နှင့် ငါးလွှာလေးများအား တစ်ကြိမ်မျှ မြည်းစမ်းကြည့်ပြီးသည်နှင့် ဒုတိယတစ်ကြိမ် တတိယတစ်ကြိမ် ထပ်စားချင်လာစေမည့် အရသာမျိုး ဖြစ်ပေသည်။ အဖွားသည်လည်း အမှန်တကယ် သဘောကျလိမ့်မည်ဟု သူ ယုံကြည်လေသည်။
အကယ်၍ ထို့ကြောင့် အဖွားအို စားချင်သောက်ချင်စိတ် ပြန်ဝင်လာသည် ရှိသော် သူသည်လည်း ကုသိုလ်ထူးတစ်ခု ရလိုက်သလို ဖြစ်လိမ့်မည် ဖြစ်သည်။ လက်ထောက် တစ်ယောက် အနေဖြင့် သူသည် သူ၏ သူဌေး၏ စိုးရိမ်ပူပန်မှုများအား မျှဝေခံစားပေးရမည် ဖြစ်သည်။ ဆုန်းပေချန် ခေါင်းညိတ်လိုက်ပြီးနောက် အဖွားမိုထံသို့ လျှောက်သွားလိုက်သည်။
“အဖွား”
“ပေချန် ရောက်လာပြီလား”
အဖွားမိုသည် မျက်နှာတွင် အပြုံးအပြည့်ဖြင့် ကမန်းကတန်း ထရပ်လိုက်လေသည်။ အဖွားမိုသည် ကြင်နာတတ်သော လူကြီးသူမတစ်ဦး ဖြစ်ပေရာ သူမသည် မြေးများအားလုံးနှင့် အဆင်ပြေအောင် နေတတ်လေသည်။ ဆုန်းပေချန်သည် အဖွားမိုအား တွဲကူပြီးနောက် ထိုင်ခိုင်းလိုက်သည်။
“အဖွား အဖွား ထမင်းကောင်းကောင်း မစားပြန်ဘူးလို့ ဒေါ်လေးဝူဆီက ကျွန်တော် ကြားတယ်”
အဖွားမို သက်ပြင်းချလျှက် ပြောလိုက်သည်။
“အာ အသက်ကြီးလာတော့လည်း ခံတွင်းပျက်လာတာပေ့ါ ဘာမှလည်း စားမဝင်ပါဘူးကွယ်”
ဆုန်းပေချန်မှ ပြုံး၍ ပြောလိုက်သည်။
“အဖွားက မအိုသေးပါဘူးဗျာ ရှောင်လီက ပြောတယ် မနက်ခင်း ဈေးတန်းမှာ ခေါက်ဆွဲစားနည်းအသစ် တစ်မျိုး ပေါ်နေတယ်တဲ့ အရသာ အရမ်းကောင်းတာလို့ ပြောတယ် မနက်ဖြန်မနက်ကျရင် အဖွားအတွက် သူ့ကို သွားဝယ်ခိုင်းပြီး ယူလာခဲ့ခိုင်းလိုက်မယ်နော်”
အဖွားမို လက်အား ဝှေ့ယမ်းလိုက်သည်။
“သူ့ကို ဒုက္ခပေးစရာ မလိုပါဘူးကွယ် အလဟဿ ဖြစ်ကုန်မှာပါပဲ”
ဆုန်းပေချန်မှ အဖွားမိုအတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။
“အဖွား ရှောင်တျယ် အတွက် ဖြစ်ဖြစ် အဖွား နည်းနည်းလောက်တော့ ထပ်ကြိုးစားပြီး စားကြည့်သင့်တယ် ဘာမှမစားဘဲ နေလို့မရဘူးလေ ဟုတ်တယ်မလား”
မိုဟူတျယ် အကြောင်းအား ပြောလိုက်ချိန်တွ၍် အဖွားမို၏ မျက်နှာပေါ်ရှိ အမူအရာများသည် အနည်းငယ် မှေးမှိန်သွားခဲ့ကာ နောက်ဆုံးတွင် လိုက်လျောပေး လိုက်လေသည်။
“ကောင်းပြီလေ မနက်ဖြန်မနက်ကျရင် ရှောင်လီကို ပို့ခိုင်းလိုက်လေ မြည်းကြည့်ကြတာပေါ့ ဒီလောက်နှစ်တွေကြာပြီ ခေါက်ဆွဲစားနည်းအသစ် ဆိုတာမျိုး တစ်ခါမှ မကြားဖူးသေးဘူး”
တကယ်တမ်းတွင် ဆုန်းပေချန်လည်း ထိုခေါက်ဆွဲတွင် မည်သို့သော မှော်အစွမ်းပါသည်အားလည်း မသိပါချေ။ သို့သော် သူက လျှို့ဝှက်ဟန်ဖြင့် ပြောလိုက်သေးသည်။
“မနက်ဖြန်မနက်ကျရင် အဖွား သိရမှာပါ”
အဖွားမိုသည် ဆုန်းပေချန်၏ မိဘဘိုးဘွားများအား ရိုသေကိုင်းရှိုင်းမှုကို နားလည်သဖြင့် တခစ်ခစ်ရယ်လျှက် ပြောလိုက်သည်။
“ဒါဆို မနက်ဖြန်မနက်ကို မျှော်နေလိုက်မယ်နော်”
ဆုန်းပေချန်သည် အဖွားမိုနှင့် ခဏတာ စကားစမြည်ပြောပြီးနောက် မိုမိသားစုအိမ်မှ မထွက်ခွာမီ မိုဟူတျယ်အား သွားရောက်ကြည့်ရှုခဲ့သေးသည်။
**
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မသိလိုက် မသိဘာသာဖြင့် နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိလာခဲ့သည်။ ကျူးယုံဟုန်သည် မနက်ခင်းဈေးသို့ ပုံမှန်ထက် နာရီဝက်စောပြီး ရောက်ခဲ့သည်။ ထို့အပြင် ယနေ့ မနက်တွင် သူမ၏ဆိုင်၌ လူစည်ကားလိမ့်မည်ဟု မူလက သူမ ဘာသာ တွေးထင်ထားခဲ့သော် ငြားလည်း နီယန်၏ဆိုင်တွင် အမှန်တကယ် လူများ ကြိတ်ကြိတ် တိုးနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
နီယန် မရောက်သေးသော်လည်း ထိုနေရာ၌ တန်းစီနေသူများ ရှိနေပြီ ဖြစ်သည်။ ကျူးယုံဟုန်သည် ဒေါသကြောင့် အံကြိတ်လိုက်ပြီးနောက် အပြုံးတစ်ခုအား ဆင်မြန်းလျှက် အော်ဟစ်လိုက်တော့သည်။
“အသားပေါက်စီတွေ ဈေးချိုချိုလေးရမယ် တစ်ပြားကို ခြောက်လုံး တစ်ပြားကို ခြောက်လုံး”
သူမသည် ယနေ့အတွက် အသားပေါက်စီ သုံးထောင်ကျော် ပြင်ဆင်လာခဲ့ကာ ယမန်နေ့မှ ဆုံးရှုံးသွားသော ငွေကြေးများအား သေချာပေါက် ပြန်ရှာနိုင်လိမ့်မည်ဟု ယုံကြည်ထားလေသည်။
ကျူးယုံဟုန်၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်စွာဖြင့် 'အသားပေါက်စီ ခြောက်လုံးကို တစ်ပြား' ဟူသော အသံကို ကြားသော်လည်း လူများသည် ယမန်နေ့မှကဲ့သို့ ဝိုင်းအုံ မလာကြတော့ပေ။ ဈေးပေ်သည့် အတွက်သာ လူနှစ်ယောက် သုံးယောက်လောက်သာ လာဝယ်ကြလေသည်။
မည်သို့ ဖြစ်သွားလေသနည်း။
ကျူးယုံဟုန်၏ နှလုံးသား တစ်ခုလုံးသည် ရုတ်တရက် အေးခဲသွားသည်။ ယမန်နေ့တွင် သူမ၏ အရောင်းအဝယ်မှာ အလွန်ကောင်းခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။ နီယန်သည် ထိုလူများအား မည်သို့သော မှော်ပညာဖြင့် ဆေးခတ်ထားလေသနည်း။
အမှန်တကယ်တော့ ဤဖောက်သည်များသည် နီယန်၏ ဖောက်သည်ဟောင်းများသာ ဖြစ်ကြသည်။ သူတို့သည် ငါးချဉ်စပ်ခေါက်ဆွဲအား စားနေကျ ဖြစ်ပေသည်။ ထို့အပြင် သူတို့ထဲမှ အများစုသည် ယမန်နေ့တွင် ပေါက်စီများအား စမ်းစားကြည့်ခဲ့ကြသေးသည်။ ထိုပေါက်စီများ၏ အရသာမှာ ငါးချဉ်စပ်ခေါက်ဆွဲ၏ အရသာကို တစ်ဝက်လောက်ပင် မမီခဲ့ပေ။ ထို့အပြင် ငါးချဉ်စပ်ခေါက်ဆွဲမှာ သိပ်မဈေးကြီးလှပေ။ တစ်ပွဲမှ သုံးပြားသာ ကျသင့်ကာ ဟင်းသီးဟင်းရွက် ခေါက်ဆွဲနှင့် ဟင်းရည်တို့ ပါဝင်သဖြင့် အလွန်တန်သည်ဟု ပြော၍ ရပေသည်။ ထို့အတွက် သူတို့သည် နီယန်မှ ဈေးဆိုင်ဖွင့်မည့်အချိန်ကိုသာ စောင့်ဆိုင်းရန် အတွက် ယနေ့ စောစောစီးစီး လာရောက် တန်းစီနေကြခြင်း ဖြစ်ပေသည်။
မကြာမီပင် နီယန်သည် စက်ဘီးစီးကာ ရောက်လာခဲ့သည်။ လူအုပ်ကြီး၏ မျက်လုံးများသည် သူမ ရောက်လာသည်နှင့်အတူ အရောင်တောက်သွားကြလေသည်။
“သူဌေးမလေး နောက်ဆုံးတော့ ရောက်လာပြီပဲ”
နီယန်မှ ပြုံးပြီး ပြောလိုက်သည်။
“စောင့်ခိုင်းမိတဲ့အတွက် အားနာပါတယ်ရှင်”
မိနစ်အနည်းငယ်ကြာသောအခါ ဖောက်သည်အချို့၏ ကူညီမှုဖြင့် နီယန်သည် စားပွဲများနှင့် ကုလားထိုင်များအား လျင်မြန်စွာ ခင်းကျင်းလိုက်နိုင်ကာ မီးဖိုအားလည်း မီးညှိလိုက်လေသည်။
ယနေ့၏ ပထမဆုံး ဖောက်သည်သည် သပ်ရပ်သော အဖြူရောင်ရှပ်အင်္ကျီ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးဖြစ်သည်။ သူသည် သူ၏ အပူခံချိုင့်အား နီယန်ထံ ပေးလိုက်ကာ ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။
“မင်္ဂလာပါဗျာ နှစ်ပွဲလောက် လုပ်ပေးပါ တစ်ပွဲက ဒီမှာပဲ စားမယ် နောက်တစ်ပွဲက ပါဆယ်ထည့်ပေးပါ”
နီယန်သည် ချိုင့်အား လှမ်းယူရင်း ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့ မင်္ဂလာပါရှင် ခြောက်ပြား ကျပါတယ်ရှင် ဟိုဘက်မှာ ထိုင်စောင့်ပေးပါ ခဏနေရင် ခေါက်ဆွဲ လာချပေးပါ့မယ်”
လီကုန်းချန်သည် နီယန်အား ခြောက်ပြား ပေးလိုက်ပြီးနောက် လွတ်နေသော နေရာတစ်ခုတွင် ဝင်ထိုင်လိုက်လေသည်။
သူသည် နီယန်အား တစ်ကြိမ်မက မြင်ဖူးသော်လည်း မြင်လိုက်ရသည့် အကြိမ်တိုင်းတွင် ဤမိန်းကလေးငယ်သည် သူ့အား အသစ်တစ်ဖန် ဖမ်းစားမြဲ ဖြစ်လေသည်။
ဆုန်းပေချန်၏ လက်ထောက်တစ်ဦးအနေဖြင့် လီကုန်းချန်သည် ဆုန်းပေချန်၏ နောက်မှ လိုက်ကာ အဆင့်အတန်း မြင့်မားသည့် ပွဲလမ်းသဘင်များသို့ မကြာခဏ သွားရောက်ခဲ့ဖူးသည်။ သူသည် ဂုဏ်သရေရှိ အမျိုးသမီး အများအပြားနှင့် တွေ့ဆုံဖူးသော်လည်း နီယန်ကဲ့သို့ လှပသောသူကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ရုပ်ရှင်မင်းသမီးများပင်လျှင် နီယန်အား မယှဉ်နိုင်ပေ။
အကယ်၍ သူသည်သာ ဤမျှလှပသော ဇနီးသည်မျိုးအား လက်ထပ်ရမည်ဆိုလျှင် အိပ်မက်မက်နေရုံ သက်သက် ဖြစ်နေပါစေ သူ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
အမှန်တကယ်တွင် သူကိုယ်တိုင်လည်း လိုအပ်ချက်များ မရှိပါချေ။ သူသည် တစ်လလျှင် ယွမ် ၃၀ ဟူသော လစာ မြင့်မားစွာ ရရှိကာ ပေကျင်းတွင် အိမ်တစ်လုံး ပိုင်ဆိုင်ထားပြီး သူ့ရုပ်ရည်မှာလည်း... ပျမ်းမျှထက် သာလွန်ပေသည်။
ဤခေတ်ကာလမှ လူအများစုသည် အနည်းငယ် ပို၍ ရိုးအကြလေသည်။ သူတို့ နှစ်သက်သော မိန်းကလေးများ အပေါ် ခံစားချက်များအား ပွင့်ပွင့်လင်းလင်း ဖွင့်ပြောရဲကြလိမ့်မည် မဟုတ်ပေ။
လီကုန်းချန် တွေးတောနေမိသည်၊။ အောင်သွယ်တော် ရှာသင့်သလား။ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူ ကြိုးစားကြည့်ရမည် ဖြစ်သည်။ သူ နက်နက်နဲနဲ တွေးတောနေစဉ် အတွင်း မွှေးကြိုင်လှသည့် ခေါက်ဆွဲတစ်ခွက်သည် သူ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ခပ်တိုးတိုး အသံလေးတစ်ခုပါ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။
“ဒါလေး အရင်သုံးဆောင်ပါရှင် ပါဆယ်ယူမယ့် ခေါက်ဆွဲကိုတော့ ရှင်စားပြီးမှ ပြင်ပေးပါ့မယ် မဟုတ်ရင် အချိန်ကြာသွားရင် ခေါက်ဆွဲပွသွားမှာစိုးလို့ပါ”
မည်မျှ စာနာတတ်သည့် မိန်းကလေး ဖြစ်လေသနည်း။ လီကုန်းချန် စိတ်ထဲမှ တွေးလိုက်ပြီးနောက် မော့ကြည့်လျှက် ပြန်ပြောလိုက်သည်။
“ကျေးဇူးပါဗျာ”
“ရပါတယ်ရှင်”
နီယန် ပြန်ဖြေလိုက်ပြီးနောက် ခေါက်ဆွဲများ ထပ်မံပြင်ဆင်ရန် အတွက် သူမ၏ ဆိုင်ဘက်သို့ ပြန်သွားလိုက်လေသည်။ ထိုအချိန်တွင် ဖောက်သည်အများစုသည် ကိုယ်ပိုင် ပန်းကန်ခွက်ယောက်များအား ယူဆောင်လာကြလေသည်။ ထိုင်စရာနေရာ မလုံလောက်မှုကြောင့် လူအများအပြားသည် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်၍ စားသောက်ကြလေသည်။ အချို့မှာမူ အိမ်သို့ ပါဆယ်ဝယ်သွားကြလေသည်။
နီယန်၏ စီးပွားရေး ကောင်းမွန်နေပုံအား ကျူးယုံဟုန် မြင်ချိန်တွင် အကူညီမဲ့စွာဖြင့် စိတ်ပျက်မနေဘဲ မနေနိုင်တော့ပေ။ သူမသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“အသားပေါက်စီတွေ ပူပူနွေးနွေး အသားပေါက်စီတွေရမယ် ခြောက်လုံး တစ်ပြား ခြောက်လုံး တစ်ပြား”
ကျူးယုံဟုန် မည်မျှပင် ကြိုးစားကာ အော်ဟစ် ရောင်းချနေစေကာမူ ဝယ်သူ သိပ်မရှိလှပေ။ လီကုန်းချန်သည် ခေါက်ဆွဲအား လျင်မြန်စွာ စားသောက်လိုက် ပြီးနောက် နီယန်ထံသို့ သွားရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ့ရှေ့တွင် ဖြူဖွေးသန့်စင်သော လက်ကလေး တစ်ဖက် ပေါ်လာခဲ့သည်။ ကျောက်စိမ်းကဲ့သို့ နူးညံ့ပြီး သွယ်လျသော လက်ချောင်းများနှင့် ချောမွေ့သော အသားအရေမျိုးလည်း ရှိသည်။ ဝိုင်းစက်သော လက်သည်းများအား သေသပ်စွာ ညှပ်ထားကာ ခရုခွံလေးများ စီတန်းထားသကဲ့သို့ ရှိနေကာ ကျက်သရေရှိပြီး လှပနေခဲ့သည်။
ထိုသည်မှာ အထက်တန်းလွှာ အမျိုးသမီးတစ်ဦး၏ လက်ဖြစ်ကြောင်း ထင်ရှားပေသည်။ ဤလက်အား ကြည့်ရင်း လီကုန်းချန်သည် မိမိကိုယ်ကို နှိမ်ချသည့် ခံစားချက်မျိုး ပေါ်ပေါက်လာသည်။ နီယန်သည် ချိုင့်အား စားပွဲပေါ် တင်လိုက်သည်။
“ဒီမှာ ရှင့်ရဲ့ခေါက်ဆွဲပါ ငရုတ်သီးကို အိတ်ထဲ သပ်သပ် ထည့်ပေးထားပါတယ် အစပ်ကြိုက်ရင် စားတဲ့အခါ ထည့်စားလို့ ရပါတယ်”
လီကုန်းချန် သတိပြန်ဝင်လာပြီး ရှက်သွားခဲ့ကာ မျက်နှာ အနည်းငယ် ရဲသွားလျှက် ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကျွန်တော် မှတ်ထားပါ့မယ်”
နီယန်သည် နှုတ်ခမ်းများ ကွေးညွှတ်ရုံမျှသာ ပြုံးသည့် အပြုံးနုနုလေးဖြင့် ပြန်ဖြေလိုက်သည်။
“အို ကိစ္စမရှိပါဘူးရှင်”
ထိုအပြုံးသည် အခြားအရာအားလုံးထက် ထူးခြားနေခဲ့သည်။ ထိုအပြုံးထဲတွင် စီးမျောပါသွားပြီးနောက် နီယန်သည် သူမ၏ မီးဖိုနား ဆီသို့ ပြန်သွားကာ အလုပ်များ ရှုပ်နေသည်အား မြင်လိုက်ရချိန်မှသာ လီကုန်းချန် သတိပြန် ကပ်လာတော့သည်။
သူ့တာဝန်အား ပြန်သတိရလိုက်ပြီးနောက် လီကုန်းချန် တစ်ယောက် တုန်လှုပ်သွားတော့သည်။ သူသည် အပူခံချိုင့်အား ကောက်ယူလျှက် စက်ဘီးအား စီးကာ လျင်မြန်စွာဖြင့် နင်းထွက်သွားလေတော့သည်။
ကံကောင်းထောက်မစွာ မိုမိသားစုနေအိမ်သည် စျေးဖြင့် သိပ်မဝေးပေ။ ၁၀ မိနစ်ခန့်အကြာတွင် လီကုန်းချန်သည် ထိုနေရာသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
အမြဲလိုလုိ စောစောထတတ်သည့် သခင်မကြီးမိုသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ နွားနို့သောက်လျှက် ရှိနေသည်။ သူမ၏ မျက်နှာထားမှာ ကြည်လင်ပုံမရသည့်အပြင် သူမသည် နွားနို့အား အတင်းအဓမ္မ မျိုချနေရပုံ ပေါ်သည်။
“သခင်မကြီး မင်္ဂလာနံနက်ခင်းပါ ကျွန်တော် ခေါက်ဆွဲ ဝယ်လာပါပြီ”
လီကုန်းချန်သည်
အပူခံချိုင့်အား သခင်မကြီးမိုထံ ရိုသေစွာဖြင့် ကမ်းပေးလိုက်သည်။