အစားအစာ
Vol. 3 Ch. 31
ဟူမိသားစု ကျေးရွာသည် တချန်၏ မြောက်ဘက် အစွန်ဆုံးတွင် တည်ရှိကာ ၎င်းသည် အနီးဆုံးမြို့နှင့် မြို့နှင့် မိုင် ၃၀ကျော် ကွာဝေးလျှက် ရှိပြီး အနီးဆုံး ခရိုင်မြို့နှင့် မိုင် ၆၀ကျော် ကွာဝေးသည်။ ပုံမှန်အားဖြင့် အသွားအပြန် ကြာချိန်သည် ၁၂နာရီ ကြာမြင့်သည်။ ဝမ်ချွမ်းမန်နှင့် ဝမ်ချွမ်းဖူတို့ ထွက်ခွာသွားပြီးနောက်တွင် ရွာသားများသည် ရှန်ယန်းရွာမှ လူများကို သတိထား စောင့်ကြည့်နေကြသည်။
အဆုံးတွင် သူတို့သည် ကလေးများ လုယူ ခံရသည့် ပြသာနာအား အာဏာပိုင်များထံသို့ သွားရောက် တိုင်ကြမည်ဖြစ်သည်။ ရှန်ယန်းရွာသားများသည် စိုးရိမ်ကြောင့်ကြလျှက်ရှိနေခဲ့ကာ ကြံမိကြံရာ ကြံဖန်လျှက် ဘာမဆို လုပ်မိနိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြသည်။
ထို ညီအစ်ကိုနှစ်ဦးသည် လမ်းတွင် တားဆီးခံလိုက်ရသည်အား ရွာသားများ မသိကြပေ။ အဖွားအိုဝမ်သည် ပြနို့ကျိုပြီး သွားသောအခါ ရွာသူကြီးဟူသည် ထိုသတင်းအား ကြားအား အလျှင်အမြန် ရောက်ရှိလာခဲ့သည်။ သူ ရောက်ရှိလာချိန်တွင် ဝမ်မိသားစုသည် ပဲနို့အိုးကြီး တစ်အိုး ကျိုထားသည်ကို မြင်လိုက်ရသည်။
“ဟေ့ မင်းတို့ကတေ့ာကွာ.....”
အကြီးအကဲဟူ၏ မျက်ဝန်းများ စိုစွတ်လာခဲ့သည်။
“မင်းတို့ကိုယ် မင်းတို့တောင် ဂရုမစိုက်နိုင်ပဲ ဘာလို့ ဒါတွေကို ထုတ်လာခဲ့ရတာလဲ”
မူလက သူသည် အကြီးအကဲများနှင့် ဆွေးနွေးထားခဲ့သည်မှာ နောက်တစ်နေ့ မနက်တွင် ရှန်ယန်းရွာမှ လူများအား မောင်းထုတ်ကာ လူငယ်အချို့ကို ခရိုင်မြို့တွင် စားစရာအချို့အား လဲလှယ်ရန် စေလွှတ်မည် ဟူ၍ ဖြစ်သည်။ အဖိုးအိုဝမ်၏ မိသားစုသည် ရွာတွင် အဆင်းရဲဆုံး ဖြစ်သည်။ ထို့အတွက် သူသည် သူတို့အား ဤကဲ့သို့ ပြုလုပ်ရန် ဆက်လက်၍ ခွင့်မပြုနိုင်ပေ။ အဖွားအိုဝမ်သည် လက်ဝှေ့ယမ်းလျှက် ပြောလိုက်သည်။
“ဘာအရေးကြီးလို့လဲ ပစ္စည်းတွေက ငါတို့ ဆုံးရှုံးသွားရင် ပြန်ရှာလို့ရတယ် ဒါပေမဲ့ လူ့အသက်တွေကတော့ အစားမထိုးနိုင်ဘူး ကျွန်မတို့မှာ အစားအစာ နည်းနည်း ကျန်ပါသေးတယ် နှစ်ရက်လောက်တော့ ကျွန်မတို့ ရှင်သန်နိုင်ပါသေးတယ်”
အလွန်ဆုံး ကလေးတွေကို ကျွေးဖို့အတွက် လူကြီးတွေက ခါးပတ်ကို တင်းတင်းကျပ်ကျပ် စည်းပြီး (ချွေတာကာ) နေ့တိုင်း ပဲနို့ တစ်ခွက်စီ သောက်ကြရုံသာ ဖြစ်သည်။ ဒဏ်ရာရနေသည့် ရွာသားများ အယောက် ၂၀ကျော် ရှိနေသည်။ ထိုပဲနို့ နည်းနည်းသည် သူတို့ နလန်ထူရန် အရေးပါသော နေရာမှ ပါဝင်နေသည်။ ထို့အပြင် ဤပဲနို့များသည် သူတို့အတွက် စပါးအုန်း မြွေအသား ကဲ့သို့ပင် ဖြစ်သည်။ သည့်အပြင် ထိုအရာများသည် လေထဲမှ ပေါ်လာသကဲ့သို့ ဖြစ်သည့်အတွက် သူတို့ ပေးလိုက်ရသော်လည်း ဆို့နင့်စရာ အကြောင်းမရှိပေ။
ထို့အပြင် အဖွားအိုဝမ်သည် ထိုပဲပင်များသည် အလွန် ထူးခြားဆဆန်းကြယ်ကာ သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်ဟု ခံစားရသည်။ ဤ ပုံမှန်မဟုတ်သော အခြေအနေ အတွက် အကြောင်းပြချက် တစ်ခု ရှိရပေမည်။ အကယ်၍ တစ်စုံတစ်ယောက်သည် မရိုးသားသော ရည်ရွယ်ချက်ဖြင့် ထို အကြောင်းများအား တွေ့ရှိသွားခဲ့လျှင် သူတို့သည် အားယွီအား စုံစမ်းစစ်မေးကြမည် ဖြစ်သည်။ သူတို့၏ လက်ရှိ အခြေအနေဖြင့် သူတို့သည် ဒီကလေးလေးအား မကာကွယ်ပေးနိုင်ပါချေ။
အဖွားအိုဝမ်သည် ထိုအကြောင်းများအား တွေးတောပြီးနောက်တွင် မိသားစု အတွင်းမှ အမျိုးသမီးများအား ကြမ်းကြမ်းတမ်းတမ်း သတိပေးလိုက်သည်။ အမျိုးသမီးများသည် ထိုအကြောင်းနှင့် ပတ်သက်၍ နက်နက်နဲနဲ မစဉ်းစားကြသော်လည်း သူတိူ့၏ ယောက္ခမ ဖြစ်သူမှ ဆုံးဖြတ်ထားပြီ ဖြစ်သည့်အတွက် သူတို့တွင် ငြင်းဆန်ရန် အကြောင်းရင်း မရှိပေ။ ဆူပူ ကြိမ်းမောင်း မခံရစေရန် အတွက် နားထောင်လိုက်သည်သာ ပို၍ ကောင်းပေသည်။
“ကောင်းပြီ သူတို့ကိုယ်စား ဒီအကူညီပေးမှုကို ငါ လက်ခံလိုက်ပါ့မယ် ဒါပေမဲ့ အနာဂတ်မှာတော့ ရွာသားအချင်းချင်း တစ်ယောက်ကို တစ်ယောက် ကူညီပြီဂ စည်းစည်း လုံးလုံး နေကြတာပေါ့ ခုလောလောဆယ်တော့ မင်းတို့ မိသားစုပဲ အနစ်နာခံပေးပါအုန်း ဒီကိစ္စတွေ ပြီဂသွားတဲ့ အခါ ငါ ရွာသားတွေကို မင်းတို့မိသားစုအတွက် လယ်အရင်ထွန်ပေးဖို့ ပြောလိုက်ပါ့မယ်”
အရင်က ဝမ်မိသားစု မြေရိုင်းဒေသများမှ ထွက်ပြေးလာချိန်တွင် သူတို့တွင် မြေမရှိ နေစရာမှရှိပဲ မြေကွက် တစ်ခု ပြန်ရရန်အတွက် သူတို့ကိုယ်တိုင် ကြိုးစားခဲ့ရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူတို့အခြေကျပြီး မြေးသုံးဦးသည် မြို့တွင် အစေခံ ဖြစ်သွားပြီးနောက်တွင် သူတို့အား တောင်ပေါ်မြေ ၆၀မူ လယ်မြေ ၁၅မူတို့အား ပေးခဲ့သည်။။ ထိုအရာများသည် မိသားစုအား မသေရုံ တစ်မယ် ရှင်သန်ရန် အတွက်သာ လုံလောက်ခဲ့သည်။ အဖွားအိုဝမ်သည် ခေါင်းငြိမ့်လိုက်သည်။
“ကောင်းတာပေါ့တော် ကျုပ် မငြင်းပါဘူး”
ရွာသူကြီးဟူသည် ဆက်လက် ပြောလိုက်သည်။
“ဒါတွေ ဘယ်ကရလဲ ဆိုတာကို ဘယ်သူ့ကိုမှ မပြောနဲ့ ငါ့ဘာသာ ငါ ရှင်းပြလိုက်မယ် ကလေးက ငယ်သေးတယ် သူ့အတွက် နောက်ထပ် ပြသာနာမရှာပေးနဲ့တော့”
“ကျုပ် သိပါတယ်”
အဖွားအိုဝမ်သည် ပြုံးနေရာမှ ရပ်တန့်လိုက်ကာ အလေးအနက် ခေါင်းငြိမ့်လိုက်သည်။ အမှန်တကယ်တွင် ရွာသူကြီးဟူသည်လည်း မြွေကြီး ရောက်လာသည်မှာ ထူးဆန်းသည်ဟု တွေးမိကာ စိုးရိမ်နေခြင်း ဖြစ်သည်။ ထို့အပြင် ပေ ၁၀၀ ရှည်သော စပါးအုန်းမြွေကြီး ဖြစ်သည်.။ ဒါ့အပြင် ၃၀၀၀ကတ်တီ ကျော်သေးသည်။ သူတို့ အရင်က ကြားဖူးသည့် အကြီးဆုံး မြွေသည်ပင် ကတ်တီ ၁၀၀၀ခန့်သာ လေးပေသည်။ ထို့အပြင် ယခု ပဲပိစပ်များ ဖြစ်သည်။ ၎င်းတို့သည် အလွန် ကြီးမားကာ ကြီးထွားမှု မြန်ပေသည်။
ရွာသူကြီးဟူသည် စာပေပညာ မတတ်မြောက်ခဲ့သော်လည်း ဤ အကြောင်းအရာများသည် အလွန် ထူးဆန်းကာ သူ နက်နက်နဲနဲ စုံစမ်းရန် မသင့်တော်မှန်းကို သိသေးသည်။ သူသည် သူ၏ ဘေးနားတွင် ထိုင်နေသော အားယွီအား အဓိပ္ပာယ်များ ပြည့်နှက်နေသည့် အကြည့်များဖြင့် ကြည့်ကာ သက်ပြင်းချလျှက် ပြောလိုက်သည်။
“ဒီ ကလေးမလေးက ကံကောင်းခြင်း ကလေးမလေးပဲ သူ့ကို မနှိပ်စက်နဲ့ ပြီးတော့ မခြောက်လှန့်နဲ့ “
အဖွားအိုဝမ်သည် အားယွီ၏ ခေါင်းလေးအား ပွတ်သပ်လိုက်ကာ ပြောလိုက်သည်။
“ဒါက ကျုပ်တို့ ဝမ်မိသားစုရဲ့ ကလေးပဲ သဘာဝအတိုင်း နှိပ်စက်ခံရစရာ အကြောင်း မရှိပါဘူး”
ထိုအချိန်မှာပင် အဒေါ်မာသည် အိမ်ထဲမှ ပန်းကန်လုး အသေးလေး တစ်လုံးအား ယူလာခဲ့သည်။ ထိုပန်းကန်လုံးအတွင်းတွင် သကြားအနည်းငယ် ထည့်ထားသော ပဲနို့များဖြင့် ပြည့်နှက်နေခဲ့သည်။ အားယွီလေးအား မပေးခင် တစ်ဝက်လောက် အအေးခံပြီးသား ဖြစ်သည်။
“အားယွီရေ လာပါအုန်း ပဲနို့ နည်းနည်း သောက်လိုက်ပါအုန်း”
ဤသည်မှာ သူမလေးအတွက် အထူးချန်ထားခြင်း ဖြစ်သည်။ ၎င်းအား ရေဖြင့် မရောထားပေ။ ရွာသားများအား ပေးသည်မှာ ရေဖြင့် အများကြီး ရောထားကာ အာဆွတ်ရုံသာ ဖြစ်သည်။ လူနာများအတွက် ပဲနို့သည် အနည်းငယ် ပျစ်သည် ဆိုလျှင်တောင် အားယွီ အတွက် ချန်ထားသည်နှင့် နှိုင်းယှဉ်၍ မရပေ။
လူတိုင်း အနည်းငယ်စီ သောက်ပြီးသွဦးသည်အား မြင်သော် အားယွီလေးသည် အခြားသူများကိုလည်း ပေးရန် မတိုက်တွန်းတော့ပေ။ သူမသည် လိမ်လိမ်မာမာဖြင့် ယူလိူက်ကာ ပါးစပ်အပြည့် သောက်လိုက်သည်။ သောက်ပြီးသည့် နောက်တွင် သူမသည် ထုံးစံအတိုင်း သူမ၏ ဗိုက်ကလေးအား ပုတ်ကာ ချိုသာစွာ ပြုံးလျှက် ပြောလိုက်သည်။
“သောက်လို့ကုန်သွားပြီ အရမ်း အရသာရှိတာပဲ”
သူမလေးသည် သူမ၏ ခုနှစ်ယောက်မြောက် အစ်ကိုလို ပန်းကန်လုံးအား လျှက်ချင်သေးသော်လည်း အဒေါ်မာသည် လျှင်မြန်စွာ ယူလိုက်ကာ သူမ၏ နဖူးလေးအား လက်ညှိုးဖြင့် ထိလိုက်ကာ ပြောလိုက်သည်။
“သမီးရဲ့ ခုနှစ်ယောက်မြောက် အစ်ကိုရဲ့ ပေါကြောင်ကြောင် ပုံစံကို အတု လိုက်မခိုးနဲ့ “
အားယွီလေး : “အိုး”
သို့သော်လည်း သူမ၏ ဒုတိယမြောက် အဒေါ်သည်လည်း ပဲနို့သောက်ပြီးတိုင်း ပန်ကန်အား လျှက်နေသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်ဖူးလေသည်။
(သူတို့က ဗိုက်ဆာနေတာ သူတို့ ပန်ကန်လုံးကို လျှက်နေတာက သူတို့ မလောက်ငှလို့လေ)
ဟု အသားလုံးလေး ပြောပြလိုက်သည်။ သို့သော်လည်း သူပြောပြသည်အား အားယွီလေး ထိုအကြောင်းအရာအား နားလည်မှု လွဲတော့မည်အား မြင်သော် အသားလုံးလေးသည် လျှင်မြန်စွာ သူမလေးအား သင်ပေးလိုက်သည်။ အားယွီလေးသည် နားမလည်သေးပေ။
“ဒါပေမဲ့ သမီး ဗိုက်မဆာဘူးလေ”
(ဘာလို့ မဆာတာလဲဆိုတော့ သူတို့အားလုံးက မင်းအတွက် အစားအစာ အားလုံးကို ချန်ထားပေးတာကြောင့်ပဲ)
ထို့အပြင် စိတ်ဝိဉာဉ်စမ်းရေသည်လည်း ဗိုက်ပြည့်စေသည်။ အသားလုံးလေးသည် ၎င်းသည် ကောင်းမွန်သော အခွင့်အရေးဖြစ်သည်ဟု ခံစားလိုက်ရသည်။ အားယွီလေးအား နေရာလွတ်၏ အဆင့်အား မြှင့်တင်ရန် အတွက် အလုပ်ကြိုးစားရန် အခွင့်ရေးယူလိုက်သည်။ နေရာလွတ်၏ အဆင့် လုံလောက်အောင် မြင့်လာသည် နှင့်အမျှ သူမလေးအတွက် ကောင်းသော အရာများ ယူဆောင်ပေးလာလိမ့်မည် ဖြစ်သည်။
ယခုတွင် အားယွီ၏ ဉာဏ်ရည်သည် တိုးတက်လာသော်လည်း သူမ၏ အတွေးများအား မထိန်းချုပ်နိုင်သေးပေ။ မကြာခဏ နေရာလွတ်ထဲတွင် ထူးခြားသော ဖန်တီးမှုများ ပေါ်လာတတ်သည်။ ဉပမာအားဖြင့် အခု နေရာလွတ်အတွင်းတွင် မြွေများဖြင့် ပြည့်နှက်နေခဲ့ကာ တစ်ကောင်ထက် တစ်ကောင်ပို၍ ကြီးနေခဲ့သည်။ ထို့အပြင် ထိုမြွေများသည် လူသားကဲ့သို့ အဝတ်အစားများပင် ဝတ်ထားကြသေး၏။ ထို့အပြင် နေရာလွတ်ထဲ၌ ဆိတ်ပေါက်လေးများ ရာပေါင်းများစွာ ပတ်ပတ်လည် ပြေးလွှားနေကြသေးသည်။
အဘယ်ကြောင့်ဆိုသော် ယခုလောလောဆယ်တွင် အားယွီသည် မြွေနှင့် ဆိတ်ကလေးများအား ချစ်စရာကောင်းသည်ဟု ခံစားရသည့် အတွက် နေရာလွတ်ထဲတွင် ထိုအရာများဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။ အသားလုံးလေးသည် အသက်ရှုကြပ်သကဲ့သို့ ခံစားနေခဲ့ရသည်။ ထိုအစား နေရာလွတ် အတွင်းတွင် ဘန်းကိတ်များနှင့် ကြက်ဉစွပ်ပြုတ်များ ပြည့်နှဥ်နေသည်ကမှ သာ၍ ကောင်းသေးသည်။
အဆင့်တက်သွားပြီး နောက်တွင် အားယွီလေးသည် သူမ၏ စိတ်ကူးများအား ထိန်းချုပ်ရန် မလိုအပ်တော့သလို နေရာလွတ် အတွင်း၌လည်း ယခုဲ့သို့ ထင်ရောင်ထင်မှားများ ပေါ်မလာတော့ပေ။ ထင်သည့်အတိုင်းပင် အားယွီလေး မေးလိုက်သည်။
“အဆင့်မြှင့်တာက ဘာလဲ အရသာရှိတာတွေ အများကြီး စားလို့ရမှာလား”
(ဟုတ်တာပေါ့) (T/N : ကလေးကို ညာခိုင်းနေတာ ကြည့်စမ်း)
အားယွီလေးသည် သူမ၏ လက်သီးလေးများအား ဆုပ်လိုက်သည်။
“ကောင်းပြီ အဆင့်မြှင့်တင်မယ် ဒါပေမဲ့ နတ်သူငယ်လေး သမီး ဘယ်လို အဆင့်မြှင့်ရမှာလဲဟင်”
အသားလုံးလေး စိတ်လှုပ်ရှားသွားသည်။ ဝိုး ဒီပိစိက သူ့ဘာသူ တကယ်ကိုပဲ နေရာလွတ်ကို အဆင့်မြှင့်ဖို့ အရင်ဆုံး ပြောလာပါလား။ ထို့ကြောင့် အသားလုံးလေးသည် အဆင့်မြှင့်တင်ရန် အတွက် စာရင်းများအား ပျော်ရွှင်စွာဖြင့် လှန်လှောကြည့်လိုက်သည်။
(အာ..... ပြည်သူလူထု၏ ဘဝအား မြှင့်တင်ပေးခြင်း...... စစ်ပွဲများအား ဖြေရှင်းခြင်း ......ကပ်ရောဂါများ ဖယ်ရှားခြင်း....)
‘ဘာတွေဖြစ်နေတာလဲ။ ဒီလိုအရာတွေက ဒီလို လေးနှစ် အရွယ် ကလေး ပိစိလေး လုပ်နိုင်စရာတွေလား’
နောက်ဆုံးတွင် ရှည်လျားလှစွာသော လမ်းညွှန်များထဲမှ အသားလုံးလေးသည် အဆင့်တက်ရန် အတွေ့အကြုံ ပေးနိုင်သည့် မစ်ရှင်တစ်ခုအား ရှာတွေ့သွားခဲ့သည်။
(အပင်စိုက်ခြင်း စုစုပေါင်း တန်ဖိုး တေး ၅၀၀ )
ဒါလေးက ရိုးရှင်းတယ်
အားယွီလေး နားလည်သွားပုံ ရသည်။ အသားလုံးလေးအား သူမ မည်သို့ လုပ်ရမည်အား မမေးနိုင်သေးခင် ဝမ်ဝူလန် ရောက်လာကာ သူမအား ဆွဲခေါ်သွားတော့သည်။
“ညီမလေး အားယွီ ပဲနို့တွေ လူတိုင်းကို ဝေပေးဖို့ သွားကြရအောင်”
“ဟုတ်ကဲ့”
အားယွီလေး ခုန်ဆွခုန်ဆွဖြင့် လိုက်သွားတော့သည်။ အပင်များ စိုက်ရန် အတွက်မှာမူ .....
သူမလေးသည် ထိုအတွေးများအား တိမ်တွေကြားထဲ လွှင့်ပစ်လိုက်ပြီ ဖြစ်သည်။
အသားလုံးလေး : (.......)
(T.N : အသားလုံးလေး အတွက် ခဏ ငြိမ်သက်ပေးလိုက်ကြပါ သူ့ခင်ဗျာ ကလေးကို မနည်းလှည့်စားထားရတာ ခိခိ)
ရှန်ယန်းရွာမှ လူများ ရေကာတာပေါ်တွင် ရှိနေခဲ့ကြသည်။ သမားတော်ဟူသည် ဟူမိသားစုကျေးရွာမှ ဒဏ်ရာရသည့် သူများအား ကုသပေးခဲ့ပြီး နောက်တွင် သူတိုအားလုံး အိမ်တွင် လှဲလှောင်းနေခဲ့ကြသည်။ အဖိုးအိုဝမ်၏ မိသားစုသည် မိသာစု တစ်စုစီအား ပဲနို့ ပန်းကန်ကြီး တစ်ပန်းကန်စီ ပေးခဲ့သည်။ သူတို့တွင် ပန်းကန် အများကြီး မရှိသည့် အတွက် မိသားစုတိုင်းသည် သူတို့အိမ်မှ ပန်းကန်လုံးများအား ယူလာကာ ပဲနို့များကို ဖြည့်ကြရသည်။
ပထမတွင် ရှန်ယန်းရွာမှ လူများသည် ထိုအရာများအား မည်သည်မှန်း မသိကြပဲ ဆေးတစ်မျိုးမျိုးဟု ထင်နေကြသည်။ နောက်ဆုံးတွင် နို့ကဲ့သို့ ဖြူဖွေးနေသာ ပဲနို့ပန်းကန်ကြီးအား မြင်သော် သွားရည်ယိုနေခဲ့ကြသည်။ သူတို့သည် ပဲနို့အား ယခုလို အချိန်မျိုးတွင် အမှန်တကယ် မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
“အဖိုးဝမ် ငါတို့ကိုလည်း နည်းနည်းပေးပါ ကလေးတွေက ဆာလွန်းလို့ ငိုနေပြီ”
အဒေါ်ကြီး တစ်ယောက်က ကျယ်လောင်စွာဖြင့် အော်ပြောလိုက်သည်။ အဖွားအိုဝမ်သည် ထိုသူများအား တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ တစ်ပန်းကန်ကို ကြေးပြား ၁၀၀ ဒါက ဈေးမှန်ပါပဲ”
“နင် ဘာလို့ တစ်ယောက်ယောက်ကို ဓားပြ မတိုက်ရတာလဲ”
အဒေါ်ကြီးသည် သွေးအန်မတက် ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် အားယွီလေးသည် စိုးရိမ်နေသာဟန်ဖြင့် နောက်မှ လိုက်လာခဲ့သည်။ သူမလေး ဝမ်ဝူလန်အား တိုးတိတ်စွာ ပြောလိုက်သည်။
“သူတို့က ဓားပြတိုက်တာ လုတာ တော်တယ် အကယ်လို့ သမီးတို့က သူတို့ကို မနိုင်ရင် ဘယ်လိုလုပ်ကြမလဲဟင်”
ရှန်ယန်းရွာမှ ရွာသားများ : “.........”
‘ကျေးဇူးပြုပြီး အသံနည်းနည်း တိုးပါလား ငါတို့ အကုန်လုံး ကြားနေရတယ်လေ’
ပဲနို့များအား ဝေငှပြီးချိန်တွင် ရွာအဝင်ဝရှိ အဝါရောင် ဦးချိုပင်တွင် ချိတ်ဆွဲထားသည့် မောင်းအား ရုတ်တရက် ထုသံကို ကြားလိုက်ရသည်။
ဒေါင် ဒေါင် ဒေါင်
“နန်းတော်က အစားအစာတွေ ဝေနေပြီ”
“နန်းတော်က အစားအစာတွေ ဝေနေပြီ”