← Chapters

ဘေးအန္တရာယ် ကယ်ဆယ်ရေး

Vol. 3 Ch. 32

ဘေးအန္တရာယ် ကယ်ဆယ်ရေး

Vol. 3 Ch. 32

လူတိုင်း အပြေးအလွှားသွားကြသည်။ ဝမ်ဝူလန်သည် အားယွီအား ပွေ့ချီသွားချင်သော်လည်း သူသည်လည်း ကလေး တစ်ယောက်ဖြစ်သည့်အတွက် မြန်မြန် မပြေးနိုင်ပေ။ သူ၏ ဘေးမှ ဟူအာ့ဖန်သည် အားယွီလေးအား ပခုံးပေါ်သို့ ထမ်းတင်လိုက်ကာ အပြေးအလွှား ခေါ်ဆောင်သွားတော့သည်။ ဝမ်ဝူလန်သည် အော်ဟစ်လိုက်သည်။

“ဟေ့ကောင် ခွေးကောင်ဝတုတ် ငါ့ ညီမလေးကို ပြန်ပေးစမ်း ဟေ့ကောင်”

“မင်း အရည်အချင်း ရှိရင် ငါ့ကို မှီအောင်ဖမ်းလေ”

အားယွီလေးသည် ဟူအာ့ဖန်၏ ပခုံးပေါ်တွင် ထိုင်နေခဲ့သည်။ အစပိုင်းတွင် သူမလေး လန့်သွားသော်လည်း မကြာမှီမှာပင် ဤသည်မှာ အတော် ပျော်ဖို့ကောင်းသည်ဟု ခံစားလိုက်ရသည်။ သူမသည် အရင် တစ်ခါမှ ပခုံးပေါ်တွင် မထိုင်ခဲ့ဖူးပေ။

ဝိုး အဲ့ဒါက တုန်ခါနေတာပဲ

“ညီမလေး အားယွီ သေချာကိုင်ထား အကိုကြီးအာ့ဖန် အရှိန်တင်တော့မယ်နော်”

ဟူအာ့ဖန် အော်ပြောလိုက် ပြီးနောက် အရှိန်တင် ပြေးလိုက်သည်မှာ ဝမ်ဝူလန်သည် နောက်တွင် ကျန်နေခဲ့တော့သည်။ သူတို့ ရောက်သွားချိန်တွင် ရွာအဝင်ပေါက်တွင် လူများ ရောက်ရှိနေကြပြီ ဖြစ်ကာ ထိုလူအုပ်ထဲတွင် ရှန်ယန်းရွာမှ လူများလည်း ပါဝင်ပေသည်။ ရွာသူကြီး၏ မြေး အကြီးဆုံးသည် မောင်းနားတွင် ရပ်နေခဲ့ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ဟုတ်တယ် ငါမြင်ခဲ့တယ် သူတို့က ဟိုတောင်ရဲ့ အောက်ခြေနားမှာ ရောက်နေပြီးတော့ လူကော အစားအစာကော အပြည့်ပဲ “

လူတစ်ယောက်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။

“နန်းတော်က ဘေးအန္တရာယ် ကယ်ဆယ်ရေးကို လုပ်ပေးတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ လွန်ခဲ့တဲ့ နှစ်တွေမှာ ငါတို့ရွာမှာ လူတွေ အများကြီး ငတ်သေခဲ့ကြတယ် အစားအစာ ဝေတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးဘူး မြို့တွေ ခရိုင်တွေမှာတောင် မရှိဖူးဘူးလေ”

အတိအကျ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နန်းတော်မှ သူတို့အား ဂရုမစိုက်သည်ကို သိသောကြောင့် သူတို့သည် ကလေးများအား အစားအစာဖြင့် လဲလှယ်ခဲ့ကြခြင်း ဖြစ်သည်။ ထို့အပြင် ထိုသို့ မလုပ်ခဲ့လျှင် သူတိူ့သည် အသက်ရှင်ရန် မဖြစ်နိုင်တော့သည့် အတွက်ကြောင့် ဖြစ်ပေသည်။ သူတို့အား မည်သူမှ လာရောက်ကယ်ဆယ်မဲ့သူ မရှိပေ။

လွန်ခဲ့သော နှစ် အနည်းငယ်ခန့်က သူတို့တွင် အနည်းငယ် ရှိရှိသမျှ အရာအားလုံးအား စုစည်းကာ ထိုသို့ပင် အသကဆက်နေခဲ့ရခြင်း ဖြစ်သည်။ ဟူမိသားစုကျေးရွာမှ လူတစ်ချို့ပင် အစာငတ်ကာ သေဆုံးခဲ့ရသည်။ အခြား ပတ်ပတ်လည်တွင် ရှိနေသည့် ရွာမှ ရွာသားများလည်း ထိုနည်းတူ အစာငတ်ကာ သေဆုံးခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်မှ ရွာအချို့သည် ဟူမိသားစုကျေးရွာထက် ပို၍ ပြေလည်ကြေသာ်လည်း သူတို့၏ ရွာများတွင် သက်ကြီးပိုင်းများ ပို၍ များပေသည်။ ဘေးအန္တရာယ် ဖြစ်ပေါ်လာချိန်တွင် သက်ကြီးပိုင်းများ သေဆုံးနှုန်း ပို၍များပြားခဲ့သည်။

“အဲ့ဒါအမှန်ပါဗျာ ကျွန်တော်တို့ သတင်းလာပို့တာဗျ လမ်းမှာ သူတို့နဲ့ တွေ့ခဲ့တာ”

ထိုသည်မှာ လူပျိုပေါက် အုပ်စုမှ လူငယ် တစ်ယောက်က ပြောလိုက်ခြင်း ဖြစ်သည်။ သူတို့သည် ရှန်ယန်းရွာသားများ ပြသာနာရှာမည်ကို စိုးရိမ်သည့်အတွက် ဝမ်ညီးအစ်ကိုများနှင့်အတူ ဟူမိသားစုကျေးရွာနှင့် ၅မိုင်ခန့် အကွာတွင် စောင့်ကြည့်ရန် တာဝန်ယူထားကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထို လူအုပ်ကြီးအား အရင်ဆုံး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“သုံးယောက်မြောက် ဦးလေးဝမ်နဲ့ လေးယောက်မြောက် ဦးလေးဝမ်တို့ နှစ်ယောက်လုံး အဲ့မှာပါတယ် သူတို့ ဘာလို့လဲဆိုတော့ အဲ့လူအုပ်နဲ့ အတူ နန်းတွင်း အရာရှိတွေ ပါလာလို့ ကောင်တီမြို့ကို မသွားလိုက်နိုင်ဖူးလို့ ပြောတယ်”

ရှန်ယန်းရွာမှ လူများ ထိုစကားအား ကြားချိန်တွင် သူတို့၏ အမူအရာများသည် ရုတ်တရက် ပျက်ယွင်းသွားခဲ့ကြသည်။ သူတို့ နောက်လှည့်ကာ ပြေးရန် ကြံလိုက်ကြသည်။

အရာရှိတွေ လာတာလား

သူတို့လာတာ ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် မဟုတ်လောက်ဘူး အရေးယူဖို့လာတာပဲ ဖြစ်မယ်

“မင်းတို့ အခု ထွက်သွားရင် အရင်က ပိုက်ဆံကို ငါ ပြန်မပေးနိုင်ဘူးနော် မင်းတို့ အကြွးတွေကိုလည်း ပြန်ဆပ်ရမယ်”

ဟူမိသားစု ရွာသူကြီးသည် အခွင့်ကောင်းယူကာ ပြောဆိုလိုက်သည်။ ရှန်ယန်းရွာသူကြီးသည် တခြားသော ကိစ္စများအား မည်သို့ ဂရုစိုက်နိုင်တော့မည်နည်း။ သူသည် ရှန်ယန်ရွာသားများအား ချက်ချင်း သူတို့၏ ပစ္စည်းများအား ကောက်ယူခိုင်းလိုက်ကာ ဒဏ်ရာရသူများနှင့် အတူ ချက်ချင်း ထွက်ခွာသွားတော့သည်။

နန်းတွင်း အရာရှိများသည် ကယ်ဆယ်ရေး လုပ်သည်ဖြစ်ဖြစ် အမူကိစ္စအား လာစစ်ဆေးသည် ဖြစ်ဖြစ် သူတို့သည် သူတို့၏ ရွာတွင်သာ ရှိနေသင့်ပေသည်။ အကယ်၍ သူတို့သည် ဟူမိသားစု ကျေးရွာတွင် ရှိနေသော် သူတို့သည် ခံဘက် ဖြစ်သွားပေလိမ့်မည်။

ရှန်ယန်းရွာမှ လူများ ထွက်သွားသော အခါ ဟူမိသားစုကျေးရွာမှ လူများသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့ကြသည်။ သူတို့သည် နန်းတွင်း အရာရှိများအား အရင်က မမြင်ဖူးခဲ့ကြပေ။

“သူတို့က တကယ်ပဲ ကယ်ဆယ်ရေး လုပ်ဖို့လာကြတာလား”

“သူတို့က ဓားပြတွေ များလား “

သူတို့သည် ရှန်ယန်းရွာသားများကြောင့် အမှန်တယ် ထိတ်လန့်နေကြခြင်း ဖြစ်သည်။ ရွာသူကြီးဟူ၏ မြေးကြီဂသည် ကျယ်လောင်စွာ ပြောလိုက်သည်။

“တကယ်ပါဗျ သူတို့ရဲ့ အစားအသောက် ရိက္ခာတွေကို ကျွန်တော် မြင်လိုက်တယ် သူတို့ အစားအစာတွေကို လှည်းတွေနဲ့ တိုက်လာကြတာ အများကြီးပဲ ကျွန်တော်တို့ ဗိုက်ဝအောင် စားလို့ရပြီဗျ”

လူတိုင်း အနည်းငယ် မသက်မသာ ဖြစ်သွားကြသည်။ သို့သော် သူတို့သည် ရွာအဝင်ဝတွင်သာ ထို လူအုပ်ကြီး ရောက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြသည်။ တစ်နာရီခန့်ကြာသော် ရွာအဝင်ဝတွင် ခန်းနားလှသည့် လူအုပ်ကြီးတစ်စု ပေါ်ပေါက်လာခဲ့သည်။ ရှေ့ဆုံးတွင် လျှောက်လာသည့် သူများသည် သဘာဝအတိုင်း ဝမ်ညီအစ်ကို ဖြစ်နေခဲ့သည်။

“ဖေဖေ ဦလေးသုံး”

အားယွီလေးသည် သူမ၏ ဖခင်ဖြစ်သူအား အဝေးမှ လှမ်းမြင်သော် ပျော်ရွှင်စွာဖြင့် လက်လှမ်းပြလေသည်။ ဝမ်ချွမ်းမန်သည် သူ၏ သမီးဖြစ်သူအား မြင်သော် ခြေလှမ်း သုံးလှမ်းဖြင့် ရောက်အောင် အပြေးသွားကာ အားယွီလေးအား ပွေ့ကာ ပါးချင်းကပ်ထားလိုက်သည်။

“အားယွီ သမီးလေးက ဖေဖေ့ကို ဒီမှာ လာစောင့်နေတာလား”

အားယွီလေးသည် ဝမ်ချွမ်းမန်၏ မုတ်ဆိတ်မွှေး ငုတ်တိုများကြောင့် ယားကျိကျိ ဖြစ်ကာ တစ်ခစ်ခစ် ရီမောလိုက်သည်။ သူမလေးသည် သူ၏ လည်ပင်းအား ဖက်ကာ မလွှတ်တော့သော်လည်း သူမလေးသည် အမှန်တိုင်း ပြောလိုက်ဆဲ ဖြစ်သည်။

“မဟုတ်ပါဘူး သမီးတို့က ဒီမှာ အစားအစာတွေကို လာစောင့်နေတာ”

အစောင့်အရှောက် အဖြစ်လိုက်ပါလာသော ကိုယ်ရံတော် အရာရှီ တစ်ဦးသည် သူ၏ ခါးတွင် ချိတ်ဆွဲထားသည့် ဓားအား ကိုင်ကာ အေးစက်စက် ပြောလိုက်သည်။

“လမ်းဖယ်ကြစမ်း”

ရွာသားများသည် ထိတ်လန့်ကာ ဘေးသို့ ဖယ်သွားကြသည်။

“မရိုင်းနဲ့”

ရထားလုံးအတွင်းမှ ရင်းနှီးသည့် အသံတစ်သံ ထွက်လာခဲ့သည်။ ကန့်လန့်ကာ ပွင့်သွားပြီးနောက် လူ တစ်ယောက် လျှောက်ထွက်လာခဲ့သည်။ ထိုသူမှာ ပြီးခဲ့သည့် ရက်ပိုင်းက အလျှင်စလို ထွက်ခွာသွားသည် ကျောင်းကျန်း ဖြစ်နေတော့သည်။

ယခင်အချိန်များနှင့် နှိုင်းယှဉ်လိုက်လျှင် ကျောင်းကျန်းသည် ယနေ့တွင် အထူးတလည် ခြားနားနေသည်။ သူသည် ရင့်ကျက်တည်ငြိမ်သော အပြာရင့်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခန့်ညားထည်ဝါသော အသွင်အပြင်ရှိနေလေသည်။

အားယွီလေးသည် သူ့ကို မြင်လိုက်သည်နှင့် တပြိုင်နက် အလွတ်သဘော လှမ်းအော်လိုက်မိသည်။

"ဟာ ဘောင်းဘီထဲ အီးအီး ပါချတဲ့ ဦးဦးပါလား"

သူမ စကားမဆုံးခင်မှာပင် ကျောင်းကျန်းသည် လက်သီးကိုဆုပ်ကာ မေးစေ့အောက်တွင် ခုထားလိုက်ပြီး အသံကျယ်ကြီးဖြင့် ချောင်းဟန့်လိုက်လေသည်။

"နေကောင်းကြရဲ့လား လွန်ခဲ့တဲ့ ရက်ပိုင်းက ကိစ္စရှိလို့ အလျင်စလို နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့ရတာပါ တကယ့်ကို အရေးကြီးတဲ့ ရုံးတော်က ကိစ္စကြောင့်မို့ ခွင့်လွှတ်ပေးကြပါ"

ထိုသို့ပြောရင်း သူသည် လူတိုင်းကို လက်အုပ်ချီကာ ဂါရဝပြုလိုက်သည်။ ကျောင်းကျန်း ထိုသို့ပြုမူလိုက်သည်ကို သူ၏ နောက်တွင် ပါလာသည့် အရာရှိများ မြင်လိုက်ရသောအခါ အားလုံးမှာ အံ့အားသင့်သွားကြကာ စိတ်ထဲတွင် တညီတညွတ်တည်း တွေးလိုက်မိကြသည်။

"ဒီ ဟူ မိသားစုရွာက နန်းတွင်း သံတမန်ကြီးရဲ့ ဇာတိမြေများ ဖြစ်နေမလား ဟူ မိသားစုရွာမှာ ဒီလောက်ကြီးမားတဲ့ ကျောထောက် နောက်ခံ ရှိတယ်လို့ ငါတို့ တခါမှလည်း မကြားဖူးဘူး"

မည်သို့ပင်ဆိုစေကာမူ နောင်တွင် ဤရွာသားများကို ပိုမိုယဉ်ကျေးစွာ ဆက်ဆံရန် လက်အောက်ငယ်သားများကို သတိပေးထားရမည်ဟု သူတို့ တွေးလိုက်ကြသည်။ ရွာလူကြီး ဟူ သည် ခြေလှမ်းအနည်းငယ် ရှေ့တိုးလာပြီး မေးမြန်းလိုက်သည်။

"နေပါဦး လူကြီးမင်းက ဘယ်သူများပါလဲ"

ကျောင်းကျန်း ပြန်ဖြေလိုက်သည်။

"ကျွန်တော်က သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးမှာ ကူညီဖို့ ကျွန်တော့်ရဲ့ သခင်ကြီး နဲ့အတူ လိုက်ပါလာခဲ့တာပါ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရွာအသီးသီးရဲ့ ဘေးဒုက္ခ အခြေအနေမှန်ကို စုံစမ်းဖို့ ထွက်လာခဲ့ပေမယ့် နှင်းပြိုတာနဲ့ ကြုံရလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး ဒါပေမဲ့ ရုံးတော် တာဝန်နဲ့မို့လို့ အကြာကြီး မနေနိုင်ဘဲ အလျင်စလို နှုတ်ဆက်ခဲ့ရတာပါ"

အရာရှိများမှာ နောက်တစ်ကြိမ် အံ့သြသွားရပြန်သည်။ သူသည် ထို သခင်ကြီးပင် မဟုတ်ပါလော။

ထားလိုက်ပါတော့လေ။ ဤကဲ့သို့ လူကြီးမင်းများ၏ ကိစ္စအား သူတို့ ဝင်မပါတာပဲ ကောင်းပေသည်။

အားယွီလေးက မေးလိုက်သည်။

"ဦးဦး သမီးတို့ကို စားစရာတွေ လာပေးတာလားဟင်"

တဖက်လူ၏ မကောင်းသော အတိတ်ရာဇဝင်များကို ထုတ်မပြောသင့်ကြောင်း အသားလုံးမှ သင်ပေးကာ သတိပေးလိုက်သည်ကို အားယွီလေး ကြားလိုက်ရသည်။ သူမ အတိတ်က အကြောင်းတွေကို ပြောလိုက်လျှင် တဖက်လူ ခိုးလိုးခုလု ဖြစ်ပြီး ရှက်ရွံ့သွားတတ်မှန်း အားယွီလေး နားလည်သွားပြီ ဖြစ်သည်။

ထို့ကြောင့် သူမ ဆက်မပြောတော့ပေ။ စိတ်ထဲမှာပဲ မှတ်ထားလိုက်တော့မည်။

ကျောင်းကျန်းသည် အားယွီလေးကို အလွန်သဘောကျနေမိသည်။ အဓိက အကြောင်းရင်းမှာ ကလေးမလေးက အလွန်ချစ်စရာ ကောင်းလွန်းသောကြောင့် ဖြစ်ပေသည်။ ဝမ်နင်မြို့တော်တွင် ဂရုတစိုက် ပြုစု ပျိုးထောင်ထားသည့် သခင်မလေးများထက်ပင် သူမက ပို၍ ကြည့်ကောင်းနေသေးသည်။

ရက်အနည်းငယ် ကြာပြီးနောက် ပြန်တွေ့ရချိန်တွင် သူမလေးသည် ကိုယ်အလေးချိန် အနည်းငယ် တက်လာပုံရသည်။ မျက်နှာလေးမှာ ပို၍ ဝိုင်းစက်လာပြီး ပျော်ရွှင်ချမ်းမြေ့နေပုံ ပေါက်သည်။

ကျောင်းကျန်းမှ ဆက်လက် ပြောလိုက်လေသည်။

"ဟုတ်တယ် ဦးဦးက ရွာရဲ့ အခြေအနေကို လာစစ်ဆေးတာ"

ထိုသို့ ပြောလိုက်ချိန်တွင် ကျောင်းကျန်း၏ မျက်ခုံးများမှာ တည်တံ့ကာ ခက်ထန်သွားသည်။ ထိုရွာများတွင် ထိုကဲ့သို့သော ဆိုးရွားသည့် အခြေအနေမျိုး အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။ သို့သော် သာမန်ပြည်သူများ ထိုအခြေအနေထိ ရောက်သွားရခြင်းမှာ ဒေသခံ အကျင့်ပျက် အရာရှိများနှင့် သက်ဆိုင်နေသည့် အတွက် သူတို့ကိုချည်း အပြစ်တင်၍ မရနိုင်ပေ။

သို့သော် သူ ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည့်အတွက် ဤကိစ္စကို သူ ထိန်းချုပ်ရပေမည်။

"ရှန်းရန်ရွာက လူတွေက ကျွန်တော်တို့ရွာကနေ အစားအစာတွေကို လာလုကြတယ်"

"သူတို့က ညီမလေး အားယွီကိုတောင် ဖမ်းခေါ်သွားချင်နေကြတာ"

"ကျွန်တော့်အမေနဲ့ အဖွားကိုလည်း သူတို့ ဒဏ်ရာရအောင် လုပ်သွားကြတယ်"

"သူတို့က ကလေးတွေကို စားချင်နေကြတာ သူတို့ကို ဖမ်းပေးပါ"

ထိုစဉ် လူငယ်လေး တစ်စုသည် ရုတ်တရက် အော်ဟစ် ပြောဆိုလာကြသည်။

ဘေးပတ်ဝန်းကျင်ရှိ ရွာသားများက ထိုလူငယ်များကို တားဆီးရန် ပြင်လိုက်သော်လည်း မည်သူကမျှ ဝင်မပြောကြပေ။ ကလေးတွေ ပြောတာ မှန်ပေသည်။ သူတို့သည်လည်း တရားမျှတမှုကို လိုလားကြသည်။

ဘေးဒုက္ခ ကျရောက်ချိန်တွင် လူအများသည် ကလေးများကို စားသောက်ကြသည့်အပြင် အရာရှိများကလည်း ပြည်သူများကို ဂရုမစိုက်ကြပေ။ သူတို့သည် ထိုကလေးများအတွက် စိတ်မကောင်း ဖြစ်မိကြသည်။

အခြေအနေများက ဘယ်လိုလုပ်ပြီး ဒီအဆင့်ထိ ရောက်သွားရတာလဲ။ သူတို့ရွာသည်လည်း ထို ဘေးဒုက္ခကနေ လွတ်မြောက်ခဲ့သည် မဟုတ်ပေလော။ ကျောင်းကျန်းက ပြောလိုက်သည်။

"ဒီကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့ အခု ယူလာတဲ့ အစားအစာတွေကို အိမ်ထောင်စုစာရင်းထဲက လူဦးရေအတိုင်း ခွဲဝေပေးမယ် ကလေးတွေကို (၁၀) ကတ်တီ စီပေးပြီး အမျိုးသားတွေက (၃၀) ကတ်တီ အမျိုးသမီးတွေက (၂၀) ကတ်တီနဲ့ သက်ကြီးရွယ်အိုတွေက ကျားမ မရွေး (၁၅) ကတ်တီ စီ ရမယ် မိုးရာသီ ရောက်တော့မယ်ဆိုတော့ စိုက်ပျိုးရေးကို စွန့်လွှတ်လို့ မရဘူး အိမ်တစ်အိမ်စီကို စပါး ဂျုံနဲ့ ဟင်းသီးဟင်းရွက် မျိုးစေ့ စုစုပေါင်း (၁၀) ကတ်တီ စီ ပေးမယ် ဒါက ဒီနှစ် အသီးအနှံ အထွက်နှုန်းနဲ့ သက်ဆိုင်နေတာမို့ လောဘမကြီးကြနဲ့"

အမှန်တကယ်တော့ ဒါက အစိတ်အပိုင်း တစ်ခုသာ ရှိသေးသည်။ ဝေးလံသော နေရာမှ သယ်ယူလာနေရသည့် မျိုးစေ့များ ကျန်ရှိနေသေးသည်။ သို့သော် ယခုအချိန်တွင် သူတို့ကို ပြောပြစရာ မလိုအပ်သေးပေ။

လူတိုင်းသည် ထိုစကားအား ကြားလိုက်ရချိန်တွင် မျှော်လင့်ချက် ရောင်ခြည်များ သန်းလာကြသည်။

နောက်ဆုံးတော့ စားစရာ ရပြီဖြစ်သည်။

နန်းတွင်းက သူတို့ကို နောက်ဆုံးတော့ ငဲ့ကြည့်လာခဲ့ပြီ။

ရွာသားများသည် ဝမ်းသာလွန်းသဖြင့် ရှိုက်ကြီးတငို ငိုကြွေးကြလေသည်။ သက်ကြီးရွယ်အိုများ ဆိုလျှင် ကျောင်းကျန်းရှိရာဘက်သို့ ဒူးထောက်ကာ အကြိမ်ကြိမ် ဦးညွှတ် ဂါရဝပြုကြသည်။ အရာရှိများပင် သူတို့ကို ဆွဲမထူနိုင်တော့ပေ။

"ကျေးဇူးတင်ပါတယ် အရှင်"

"ကျေးဇူးကြီးမားလှပါတယ် အရှင်"

အသားလုံးလေးလည်း စိတ်လှုပ်ရှားနေသည်။

[ကလေးလေးရေ တို့တွေမှာ မျိုးစေ့တွေ ရပြီကွ]

စိုက်ပျိုးမယ်၊ ပိုက်ဆံရှာမယ် ပြီးတော့ "နေရာလွတ် အိတ်ကပ်" ကို အဆင့်မြှင့်ကြမယ်.....

လူတိုင်း ပျော်ရွှင်စွာ အော်ဟစ်နေကြစဉ် ရုတ်တရက် သူတို့၏ မျက်နှာ အမူအရာများ ပြောင်းလဲသွားကြသည်။

"အား ငါ့ဗိုက် ငါ့ဗိုက်"

လူကြီးများနှင့်အတူ ဒူးထောက်နေသော ကလေးတစ်ယောက်သည် ရုတ်တရက် လက်တစ်ဖက်က ဗိုက်ကိုဖိကာ ကျန်လက်တစ်ဖက်က တင်ပါး(ဖင်)အား အုပ်ကိုင်ကာ မြက်ခင်းတောထဲရှိ ကျင်းတစ်ခုဆီသို့ အလျင်အမြန် တွားသွားကာ ပျောက်ကွယ်သွားလေသည်။

မည်သူမျှ ဘာမှမလုပ်နိုင်ခင်မှာပင် နောက်ထပ် လူအများအပြားသည် ဗိုက်ကို လက်ဖြင့်ဖိလျက် ထွက်ပြေးသွားကြပြန်သည်။

မကြာမီအချိန်အတွင်းမှာပင် ရွာအဝင်၌ လူသိပ်မကျန်တော့ပေ။

အားယွီလေး ကြောင်အမ်းအမ်း ဖြစ်သွားပြီး မေးလိုက်သည်။

"သူတို့ ဘယ်သွားကြတာလဲဟင်"

ဝမ် မိသားစုမှ ညီအစ်ကို (၇) ယောက်လုံးက တပြိုင်နက်တည်း အားယွီလေးကို မေးလိုက်ကြသည်။

"ညီမလေး အားယွီ ညီမလေး သူတို့ကို ရေတိုက်လိုက်သေးလား"

All Chapters