← Chapters

ဘယ်သူက ရက်စက်တဲ့ ဇာတ်ပို့မင်းသမီးလဲ

Vol. 3 Ch. 39

ဘယ်သူက ရက်စက်တဲ့ ဇာတ်ပို့မင်းသမီးလဲ

Vol. 3 Ch. 39

ကျောင်းကျန်းသည် လူတစ်စုအား ခရိုင်မြို့တော်သို့ ခေါ်ဆောင်သွားခဲ့သည်။ တစ်ကြောင်းတည်းသော ခရီးသည် လီ ၆၀ (ကီလိုမီတာ ၃၀ ခန့်) ဝေးလေသည်။ သုံးနာရီခန့် ကြာသင့်သော ခရီး တစ်ခု ဖြစ်သော်လည်း လူတိုင်းသည် သူတို့၏ မိသားစုဝင်များ အတွက် စိုးရိမ်နေကြသဖြင့် လမ်းတစ်ဝက်တွင် အနားမယူခဲ့ကြချေ။ ထို့တိုင်အောင် သူတို့သည် ခရိုင်မြို့တော်သို့ ရောက်ရှိရန် နှစ်နာရီခွဲခန့် ကြာမြင့်ခဲ့လေသည်။ သနားစရာကောင်းလှသည့် အရာရှိများ၏ ကျောများသည် လမ်းလျှောက်ရလွန်းသဖြင့် နာကျင်နေသော်လည်း သူတို့ ဘာမှ မပြောခြင်း မရှိခဲ့ကြပေ။

ဟူမိသားစုရွာမှ ရွာသားများသည် ခရိုင်ရုံးသို့ ဝင်ဝင်ချင်း ရိုက်နှက်ခံရမည်အား ကြောက်ရွံ့နေကြသဖြင့် အလွန် စိုးရိမ်ပူပန်နေခဲ့ကြသည်။

သူတို့ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ခရိုင်ရုံးသို့ ဝင်ပြီးနောက် သေချာ စုံစမ်းခြင်း မရှိပဲ ရိုက်နှက်ခံရတတ်သည်ဟု သူတို့ ကြားဖူးထားကြလေသည်။

သူတို့ ရောက်သွားမှသာ ယုံတင်းခရိုင်၏ ခရိုင်တရားသူကြီးသည် လွန်ခဲ့သော အချိန်တွင် ရာထူးမှ ဖယ်ရှားခံလိုက်ရပြီး စုံစမ်းစစ်ဆေးခံနေရကြောင်း သိလိုက်ရလေသည်။ အကြောင်းရင်းမှာ သူသည် သူ့ကိုယ်ကျိုးအတွက် အိတ်ကပ် အတွင်းသို့သာ ထည့်နေသောကြောင့် ဖြစ်ပေသည်။

ယုံတင်းခရိုင် တစ်ခုလုံး ပြောင်းလဲသွားခဲ့လေသည်။ ထိုအခါမှသာ ဘေးအန္တရာယ် တစ်ခုပြီးတိုင်း တော်ဝင်နန်းတွင်းသည် ကယ်ဆယ်ရေးအတွက် ငွေနှင့် အစားအစာများအား ရွာများသို့ ဖြန့်ဝေပေးခဲ့သော်လည်း ထို ရန်ပုံငွေများသည် ခရိုင်တရားသူကြီး၏ အိတ်ကပ်ထဲသို့သာ ရောက်ရှိသွားကြောင်း သူတို့ သိလိုက်ကြရလေသည်။

ထိုမျှ မကသေးပဲ ဒေသခံ ခရိုင်တရားသူကြီးသည် ရွာများမှ ကောက်ခံရန် အမိန့်ပေးခဲ့သော အခွန်များသည် အမှန်တကယ် နှစ်ဆ တိုးလာခဲ့ခြင်း ဖြစ်သည်။

"ကံကောင်းလို့ တော်ဝင်နန်းတွင်းက ဒီတစ်ခါ စုံစမ်းစစ်ဆေးဖို့ လူလွှတ်လိုက်တာ အဲ့လိုမှ မဟုတ်ရင် မရေမတွက်နိုင်တဲ့ လူတွေ ထပ်ပြီး ငတ်သေကုန်ကြလိမ့်မယ်"

ရွာသားအချို့လည်း မျက်ရည်သုတ်နေကြသည်။

"ကျွန်တော်တို့အားလုံး ထျန်းမိသားစုကို အထင်လွဲခဲ့ကြတာပဲ သူတို့က ကျွန်တော်တို့ရဲ့ အသက်တွေကို ဂရုမစိုက်ဘူးလို့ ထင်ခဲ့ကြတာ လာဘ်စားတဲ့ အရာရှိတွေက လှည့်ကွက်သုံးနေမှန်း ကျွန်တော်တို့ မထင်ထားခဲ့ကြဘူး"

"ဘယ်လောက်တောင် မုန်းစရာ ကောင်းလိုက်လဲ"

"မိုးကောင်းကင်က မျက်စိရှိပါတယ်"

ရှန်ယန်းရွာမှ လူများသည် သိပ်ကံမကောင်းကြပေ။ သူတို့သည် အရင်ဆုံး လူသား စားခဲ့ကြကာ နောက်ပိုင်းတွင်လည်း ပြဿနာရှာခဲ့ကြသေးသည်။ ငတ်မွတ်မှုကြောင့် ဖြစ်ပွားခဲ့သည် ဆိုလျှင်ပင် သူတို့အား ခွင့်လွှတ်၍ မရနိုင်ပေ။

ခရိုင်တရားသူကြီး အသစ် မရောက် ရှိလာသေးပေ။ သို့ဖြစ်၍ ခရိုင်တရားသူကြီး အသစ်၏ ကိုယ်စား အမှုအား စစ်ဆေးသူမှာ ချောင် ဟုခေါ်သော လက်ထောက် တရားသူကြီး တစ်ဦးဖြစ်ကာ သူသည် အလွန် ဖြောင့်မတ်သော လူတစ်ယောက် ဖြစ်သည်။ အရင် အချိန်တွင် ခရိုင်တရားသူကြီး၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသော်လည်း သူသည် မတရားမှုများအား အလွန် စက်ဆုပ်လှသည့် အတွက် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိခဲ့ချေ။ နောက်ဆုံးတွင် သူသည် ဤမုန်တိုင်းထန်သော ကာလများမှ ကြံ့ကြံခံ၍ ကျော်ြဖတ် လွတ်မြောက် လာခဲ့လေသည်။

အဖွားအိုဝမ်သည် သူမဘေးမှ ရွာလူကြီးဟူအား ကြည့်ကာ သူမ၏ အကျီလက်များအား ခါလိုက်လေသည်။

"ရွာလူကြီးဟူ ဒီကိစ္စပြီးရင် ကျွန်မမြေးမလေးရဲ့ အိမ်ထောင်စုစာရင်းကို အရင်လုပ်ကြရအောင် နော် အဆင်ပြေမလား"

အစတွင် သူတို့သည် အိမ်ထောင်စုစာရင်းအား အတွင်းပိုင်း၌ လျှောက်ထားနိုင်သော်လည်း စာရင်းသွင်းရန် ခရိုင်မြို့တော်သို့ ထပ်မံ၍ လာရဦးမည် ဖြစ်သည်။ ထို့အပြင် ကလေးသည် မွေးစားထားခြင်း ဖြစ်ကာ သက်သေထွက်ဆိုရန် အတွက် သက်သေများစွာ လိုအပ်သေးသည်။

သို့သော် ယခုအခါတွင် ရွာသားများ အားလုံး ရောက်ရှိနေကြပြီ ဖြစ်သောကြောင့် ခရိုင်မြို့တော်တွင် တစ်ခါတည်း ဖြေရှင်းလိုက်ခြင်းသည် အကောင်းဆုံး ဖြစ်ပေသည်။

ရွာလူကြီးဟူသည် စောသေးသည်အား မြင်သော် လက်ထောက် တရားသူကြီးသည်လည်း သူ၏ ဆုံးဖြတ်ချက်အား တရားဝင် မကြေညာသေးသည့် အတွက်ကြောင့် သူတို့အနေဖြင့် ဤအခွင့်အရေးအား ယူ၍ ဖြေရှင်းလိုက်သည်မှာ ပို၍ ကောင်းမည်ဟု တွေးလိုက်မိသည်။

ရှန်ယန်းရွာမှ ရွာသားများသည် အကျဉ်းချခံရသည့် အခါ အလွန် ကြောက်လန့်ကာ စိုးရိမ်ပူပန်နေခဲ့ကြသည်၊ အထူးသဖြင့် အချို့သော ကြီးလေးသော ပြစ်မှုကျူးလွန်ထားသူများ ဖြစ်သည်။ သူတို့သည် မြွေဆိပ်သင့်နေသော်လည်း ထောင်ထဲသို့ သယ်ဆောင်သွားခြင်း ခံရလေသည်။

လက်ထောက် တရားသူကြီး၏ နာမည်သည် ချောင် ဖြစ်ကြောင်း ကြားသည့်အခါ သူတို့၏ ရွာလူကြီး နာမည်မှာလည်း ချောင် ဖြစ်ကြောင်း သတိရသွားကြလေသည်။ ရှန်ယန်းရွာမှ ရွာသားသည် ရွာလူကြီးချောင်အား ပြောလိုက်သည်။

"ရွာလူကြီး လက်ထောက် တရားသူကြီးချောင်က ခင်ဗျားမိသားစုနဲ့ ဆွေမျိုးတော်လား တကယ်လို့ သူက ဆွေမျိုးအရင်း ဟုတ်တယ်ဆိုရင် ကျွန်တော်တို့ကို လွှတ်ပေးဖို့ ပြောပေးလို့ရမလား ဒီအချုပ်ခန်းက လူတွေနေဖို့နေရာ မဟုတ်ဘူးဗျ"

ရွာလူကြီးချောင် တိတ်ဆိတ်နေခဲ့သည်။ ရွာသားများ စိုးရိမ်လာကြသည်။

"ရွာလူကြီး ခင်ဗျား ကျွန်တော်တို့ကို အချုပ်ခန်းထဲမှာ ပိတ်လှောင်ခံရတာကို ဒီတိုင်း ထိုင်ကြည့်နေလို့ မရဘူးလေ အိမ်မှာ ကျွန်တော်တို့ ပြန်လာကျွေးမွေးမှာကို စောင့်နေတဲ့ လူကြီးတွေနဲ့ ကလေးတွေ ရှိသေးတယ်ဗျ"

"အိမ်မှာ လူကြီးတွေနဲ့ ကလေးတွေ ရှိသေးတယ်ဆိုတာ ခင်ဗျားတို့ သိနေသေးတာပဲ ဒါဆို အဲ့ဒီတုန်းက ခင်ဗျားတို့ ဒီလိုကိစ္စတွေ လုပ်ခဲ့တုန်းက ခင်ဗျားတို့ရဲ့ ဇနီးတွေနဲ့ ကလေးတွေအကြောင်း မတွေးခဲ့ကြဘူးလား"

ဒေါသသံ ပါဝင်သော အသံတစ်သံသည် အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ လူတိုင်း လှမ်းကြည့်လိုက်ရာ လက်ထောက် တရားသူကြီး ယူနီဖောင်း ဝတ်ဆင်ထားသူ တစ်ဦး ဖြစ်နေသည်အား မြင်တွေ့လိုက်ရသည်။

ထိုသည်မှာ လက်ထောက် တရားသူကြီးချောင်မှ လွဲ၍ အခြား ဘယ်သူ ဖြစ်နိုင်ဦးမည်နည်း။ လက်ထောက် တရားသူကြီးချောင်သည် အဝေးဆုံးတွင် ထိုင်နေသော ရွာလူကြီးချောင်အား မြင်သောအခါတွင် သူ၏ မျက်နှာသည် စိတ်ပျက်မှုများနှင့် ပို၍ပင် အကြင်နာမဲ့ ရက်စက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"ချောင်ဟွာ မင်း တကယ်ပဲ ဒီလိုအခြေအနေမျိုးအထိ ကျဆင်းသွားတာလား မင်းက ကောင်းကင်ဘုံက ဦးလေးရဲ့ ဝိညာဉ်ကို ပူဇော်ဖို့ ထိုက်တန်သေးရဲ့လား"

ရွာသားများ၏ ထိတ်လန့်နေသော အကြည့်များ အောက်တွင် ရွာလူကြီးချောင်၏ မျက်နှာသည် ဖြူရော်သွားခဲ့သည်။ သူ၏ မျက်လုံးများတွင် ရှက်ရွံ့မှုများနှင့် ပြည့်နှက်နေခဲ့သည်။ ရွာသားများတွင် အတွေးတစ်ခုသာ ရှိတော့သည်။

ပြီးသွားပြီ..

ထိုအချိန်တွင် ကျောင်းကျန်းသည် ခရိုင်ရုံး၏ အတွင်းပိုင်း ဝင်းထဲ၌ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး အစီရင်ခံစာ အတွက် စာရွက်စာတမ်းများအား စစ်ဆေးနေစဉ် အစေခံတစ်ဦး အလျင်အမြန် ဝင်လာခဲ့သည်။

"အရှင်"

ထိုလူသည် ကျောင်းကျန်းအား လက်သီးဆုပ်ကာ ဂါရဝ ပြုလိုက်သည်။

။

"မင်း အဲ့လောက်မြန်မြန် ရှာတွေ့ခဲ့တာလား"

ကျောင်းကျန်းမှ မေးလိုက်သည်။ ထိုလူမှ ပြန် ပြောလိုက်သည်။

"ကျွန်တော်တို့ သဲလွန်စတချို့ တွေ့ထားပါတယ် တစ်ယောက်ယောက်က ခရိုင်မြို့တော်မှာ အနားယူဖို့ အတွက် မြင်းစီးလာတဲ့ လူနှစ်ယောက်ကို မြင်ခဲ့ဖူးတယ် တောင်ပေါ်မှာ ပျောက်သွားတဲ့ ကိစ္စ အကြောင်း ပြောနေကြတာပါ ဒါပေမဲ့ နှင်းတွေ အရမ်းကျနေလို့ သူတို့ စကားတွေကို ရှင်းရှင်းလင်းလင်း မကြားခဲ့ကြပါဘူး ပြီးတော့ သူတို့က မိုးမလင်းခင် ထွက်သွားကြတယ် လို့ ပြောပါတယ်"

"ဆက်ပြီး စုံစမ်းလိုက်"

ကျောင်းကျန်းသည် ခေါင်းမော့ မကြည့်ပဲ စားပွဲပေါ်သို့ လက်ချောင်းများဖြင့် ခေါက်လိုက်ရင်း ပြောဆိုလိုက်သည်။

"တိတ်တဆိတ် စုံစမ်းအုန်း တစ်လအတွင်း ရလဒ်ကို ငါ့ကို ပြောပြရင် ရတယ်"

ယခုတစ်ကြိမ် ဘေးအန္တရာယ်သည် ဧရိယာ တော်လေး ကျယ်ပြန့်လှသည်။ သူသည် အနည်းဆုံး နောက်ထပ် တစ်လ သို့မဟုတ် နှစ်လခန့် ဤနေရာတွင် နေရဦးမည် ဖြစ်သည်။

"အမိန့်အတိုင်းပါ အရှင်"

တစ်ချိန်တည်းမှာပင် မိုင် ၂၀၀ အကွာရှိ မြင့်မားသော ဝင်းတစ်ခုထဲ၌ လူနှစ်ဦးသည် တံခါးမခေါက်မီ နောက်ဖေးတံခါးအား ဝေ့ဝဲကြည့်လိုက်ကြသည်။

အတွင်းမှလူသည် တံခါးဖွင့်ပေးပြီးနောက် သူတို့ဖြစ်ကြောင်း မြင်လိုက်သောအခါ သူတို့အား ဝင်ခွင့်ပြုလိုက်လေသည်။

သူတို့နှစ်ဦးသည် အတွင်းဘက်အကျဆုံး နေရာသို့ လျှောက်သွားကြကာ အသက်ဆယ်နှစ်ခန့်ရှိမည့် မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံခဲ့ကြလေသည်။ သူမသည် ပန်းပွင့်ပုံစံများပါသည့် ပန်းရောင်ဝတ်စုံအား ဝတ်ဆင်ထားကာ သူမ၏ လက်မောင်းကြားတွင် အဝါရောင်ဖျော့ဖျော့ ပုဝါတစ်ထည် ချိတ်ဆွဲထားလေသည်။ သူမ၏ လိပ်ပြာပုံသဏ္ဍာန် ဆံထိုးအမြိတ်လေး နှစ်ခုသည် ခါးလည်လောက်ရှိသော ဆံပင်များအား မင်ရည်ဖျန်းထားသကဲ့သို့ နက်မှောင်တောက်ပလျှက် ဖြစ်စေသည်။

မိန်းကလေးသည် မုန့်များအား မြည်းစမ်းနေခဲ့သည်။ ကျောက်သား စားပွဲဝိုင်းငယ်လေးပေါ်တွင် မုန့်အမျိုးပေါင်း ၂၀ ကျော် ရှိနေခဲ့သည်။ ၎င်းတို့သည် အရောင်စုံကာ မွှေးကြိုင်လျှက် ရှိနေသည်။

"ဒုတိယသခင်မလေး"

သူတို့နှစ်ဦးသည် ထို မိန်းကလေး၏ ရှေ့တွင် ရပ်ကာ ခေါင်းငုံ့လျှက် နှုတ်ဆက်လိုက်ကြလေသည်။ မိန်းကလေးသည် သူမ၏ လက်ချောင်းများပေါ်တွင် ရှိနေသည့် မုန့်မှုန့်များအား ညင်သာစွာ ဖယ်ရှားလိုက်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။

"ဘယ်လိုလဲ"

"ကျွန်တော်တို့ သခင်မလေးရဲ့ အမိန့် အတိုင်း လိုက်နာပြီး ကီလိုမီတာ ၃၀၀ အကွာက တောင်တန်းထဲမှာ သူ့ကို စွန့်ပစ်ခဲ့လိုက်ခဲ့ပါပြီ ကျွန်တော်တို့သွားတုန်းက နှင်းတွေ အရမ်းကျပြီး တောင်ကိုတောင် ပိတ်လုနီးပါး ဖြစ်နေတော့ ကျွန်တော်တို့ ပြန်ထွက်လာဖို့ အများကြီး ကြိုးစားခဲ့ရပါတယ်"

မိန်းကလေး အံ့သြသွားသည်။

"နင်တို့ ငါ့ကို နောက်နေတာ မဟုတ်ဘူးနော် နင်တို့ တကယ်ပဲ သူ့ကို အဲ့လောက်ဝေးဝေး စွန့်ပစ်ခဲ့တာလား"

"ကျွန်တော်တို့က ဒုတိယသခင်မလေးကို ဘယ်လိုလုပ် လိမ်ရဲမှာလဲ ပြီးတော့ သခင်မငယ်လေး..."

"ဘာ သခင်မငယ်လေးလဲ ငါတို့မိသားစုမှာ သခင်မငယ်လေး ဆိုတာ ရှိလို့လား ပြီးတော့ ငါ့အမိန့်အတိုင်း လိုက်နာတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ ငါ နင်တို့ကို ဘာလုပ်ခိုင်းလို့လဲ ငါက သိချင်ရုံပဲ"

မိန်းကလေးသည် ထိုသူ စကားပြောနေသည်အား စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်လေသည်။

"ဟုတ်ကဲ့ ကျွန်တော် စကားများသွားမိပါတယ် ကျွန်တော် အရိုက်ခံရသင့်ပါတယ် အဲ့ဒါက တရားမဝင် ကလေးတစ်ယောက်ပါ သခင်ကြီးရဲ့ အမိန့်အရ ကျွန်တော် သူ့ကို ဖျောက်ခဲ့ပြီးပါပြီ သူ မေ့မြောသွားတာကို ကျွန်တော့်မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရပါတယ် အဲ့ဒီမှာ ငတ်မွတ်နေတဲ့ သားရဲတွေက သူ့အနံ့ကို ရပြီးတော့..."

"တော်လောက်ပြီ"

မိန်းကလေးအား ကြည့်ရသည်မှာ ရွံရှာသွားပုံရလေသည်။ သူမသည် သူမရှေ့ရှိ မုန့်စားပွဲအား မြေပြင်ပေါ်သို့ လဲကျသွားစေရန် တွန်းချလိုက်ပြီးနောက် ထွက်သွားရန် အတွက် မတ်တတ်ရပ်လိုက်လေသည်။

"ဘာလို့ နင် စကား အများကြီး ပြောနေတာလဲ နင်က အကြောင်းမဲ့သက်သက် ငါ့ကို ခံတွင်းပျက်အောင် လုပ်နေတာပဲ ထွက်သွားတော့ နောက်ဆို ငါ့ကို လာမရှာနဲ့တော့"

"ဟုတ်ကဲ့"

သူတို့နှစ်ယောက် ထွက်ခွာသွားပြီးနောက်တွင် အစေခံ အချို့သည် ရှုပ်ပွနေသည်များအား လာရောက် ရှင်းလင်းပေးကြသည်။ မိန်းကလေးသည် ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားလိုက်သည်။ သူမ လမ်းလျှောက်လျှက် တွေးတောနေဆဲ ဖြစ်လေသည်။

"ဒါ အံ့ဩစရာပဲ ရက်စက်တဲ့ အရန်ဇာတ်ကောင်ကို နောက်ဆုံးတော့ ဖယ်ရှားလိုက်ပြီးပြီ တကယ်ကို ကပ်ဘေး အစပျိုးချိန်မှာပဲ ရှင်းထုတ်လိုက်ပြီးပြီ ငါက အိမ်တွင်း ရန်ပွဲမှာ မွေးရာပါ ကျွမ်းကျင်သူ တစ်ယောက်ပဲ"

မိန်းကလေးသည် အလွန်ဝမ်းသာ ပျော်ရွှင်နေခဲ့ကာ မရယ်မောဘဲ မနေနိုင်တော့ချေ။ သူမ ပြုံးရင်း ကိုယ့်ကိုယ်ကိုယ် တွေးလိုက်မိသည်။

'နတ်ဆိုးဆန်တဲ့ ဗီလိန်က ဖယ်ရှားခံလိုက်ရပြီ အခုချိန်က ငါတို့ရဲ့ ဆက်ဆံရေးကို ပျိုးထောင်ဖို့အတွက် ဇာတ်လိုက်မင်းသမီးကို ရှာရမယ့်အချိန် ရောက်ပြီ အနာဂတ်မှာ ငါ့မှာ အားကိုးစရာ လူတစ်ယောက် ရှိလာတော့မှာ မဟုတ်ဘူးလား'

ဟီးဟီး သူမက သိပ်တော်တာပဲ....

"အစောင့်တွေ အမျိုးသားအစောင့်တပ် ဘုန်းကြီးကျောင်းကို အမွှေးတိုင် သွားထွန်းချင်တယ်"

"ဟုတ်ကဲ့!"

မကြာခင်မှီမှာပင် တစ်စုံတစ်ယောက်သည် သူမအတွက် စတင်၍ လုပ်ကိုင် ပြင်ဆင်ပေးလေသည်။ ထိုအချိန်တွင် မိုင် ၂၀၀ အကွာ၌ ရှိနေသော အားယွီလေးသည် တောဟင်းရွက်များ တူးရန် အတွက် သူမ၏ အစ်ကိုများ နောက်သို့ လိုက်ကာ တောင်ပေါ်သို့ တက်နေလေသည်။

အစပိုင်း၌ သူမသည် လယ်စိုက်ရန် အတွက် အဖေနှင့် အခြားသူများ နောက်သို့ လိုက်သွားချင်ခဲ့သော်လည်း သူမ၏ မိသားစုဝင်များမှ သဘောမတူခဲ့ချေ။ လယ်လုပ်ငန်းသည် ညစ်ပတ်သော အလုပ်ဖြစ်သည်ဟု ပြောကြကာ သူမအား သွားခွင့်မပြုချင်ကြပေ။

...

ထို့အတွက် ကောင်လေးများသည် သူမအား တောဟင်းရွက်များ တူးရန် တောင်ပေါ်သို့ ရိုးရိုးရှင်းရှင်းပင် ခေါ်လာခဲ့လိုက်ကြသည်။

နွေဦးနှင်း အရည်ပျော်ချိန်သည် ငါးဖမ်းခြင်း ငှက်သိုက် တူးခြင်းနှင့် တောဟင်းရွက်များ တူးခြင်းတို့အတွက် အသင့်တော်ဆုံး အချိန် ရာသီပင် ဖြစ်သည်။

အားယွီလေးသည် တောင်တက်နေရင်းဖြင့် မောဟိုက်နေရှာလေသည်။ ဆိတ်ပေါက်လေးသည် သူမ၏ နောက်တွင် ရှိနေခဲ့ကာ သူမ အားပြုနိုင်စေရန် ရံဖန်ရံခါတွင် ၎င်း၏ ခေါင်းလေးဖြင့် သူမ၏ တင်ပါးလေးအား တွန်းတင် ပေးတတ်လေသည်။

အခြားတစ်ဖက်တွင် ဝမ်ချွမ်းမန်သည် အချိန်အတော်ကြာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် နောက်ထပ် ပုံးတစ်ပုံးအား တွေ့ရှိခဲ့လေသည်။ ငှက်ပျောပင်ဖြင့် ဖုံးကွယ်ထားသော ပုံးအား မြင်လိုက်ရသောအခါ သူ ဒေါသထွက်လွန်း၍ ရယ်မောလုနီးပါး ဖြစ်သွားခဲ့သည်။

"အဲ့ဒီကောင်စုတ်လေးပဲ နေမှာ သူ ရှူးပေါက်ထားတာ ကိစ္စမရှိပေမယ့် ဒီလောက် အများကြီး ဖြည့်ထားသေးတယ် သူ့ကို မိလို့ကတော့ ငါ သေချာပေါက် ရိုက်ပစ်အုန်းမယ်"

ထိုသို့ပြောဆို ပြီးနောက် မစင်များ ကောက်ယူနိုင်ရန် အတွက် ပုံးထဲတွင် ရှိနေသည့် ရေများအား သွန်ပစ်ရန် သူ ပြင်လိုက်လေသည်။

All Chapters