← Chapters

ရစ်ငှက်များ ဖမ်းခြင်း

Vol. 3 Ch. 40

ရစ်ငှက်များ ဖမ်းခြင်း

Vol. 3 Ch. 40

ဝမ်ချွမ်းမန်က ပုံးထဲမှရေကို အပြင်သို့သွန်ပစ်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ချွမ်းယွမ် ရောက်ရှိလာခဲ့သည်။

"မသွန်လိုက်နဲ့လေ ဒီထဲမှာ ဆီးတွေပါတယ် မဟုတ်ဘူးလား ပျိုးပင်တွေကို မြေဩဇာကျွေးဖို့ ကွက်တိပဲ"

"ဒါလည်း ဟုတ်တာပဲ"

ဝမ်ချွမ်းမန်သည် ရေပုံးအား မြေကြီးပေါ်မှ မလိုက်ပြီးနောက် မြေကြီးနှင့်ရောကာ မြေဩဇာပြုလုပ်ရန် ပြင်ဆင်လိုက်တော့သည်။

လယ်ကွင်းထဲရှိ လူများ အလုပ်ရှုပ်နေကြစဉ် အားယွီလေးသည် သူမ၏ အစ်ကိုများ နောက်သို့ လိုက်ကာ တောင်ပေါ်သို့ တက်နေသည်မှာ တစ်ဝက်ခန့် ရောက်ရှိနေပြီဖြစ်သည်။

အဘိုးဝမ်၏ မိသားစုတွင် တောင်ပေါ်မြေ ဧက ၄၀ ရှိလေသည်။ ၎င်းမြေများ အားလုံးသည် သူ၏ မြေးများ အရွယ်ရောက်လာပြီးနောက် ခွဲဝေချထားပေးခဲ့သော မြေများ ဖြစ်သည်။ ဤအပိုင်းအား နိုင်ငံပိုင်မြေဟု သတ်မှတ်ထားသော်လည်း သူတို့တွင် အသုံးပြုခွင့်ရှိသေးသည်။

တောင်ပေါ်ဒေသသည် ကျောက်တုံးများဖြင့် ပြည့်နှက်နေခဲ့ကာ ကျတ်တီးမြေ ဖြစ်နေခဲ့သည်။ ထိုနေရာတွင် စိုက်ပျိုးရန် အတွက် နည်းလမ်းမရှိပေ။ ရွာသားများသည် တောင်ပေါ်ဒေသတွင် သစ်ပင်များနှင့် ဝါးပင်များကိုသာ စိုက်ပျိုးနိုင်ကြသည်။

နွေဦးရာသီတွင် တောရိုင်း ဟင်းသီးဟင်းရွက်များ တူးဖော်ခြင်းသည် ဆိုးရွားသည့် ရွေးချယ်မှု တစ်ခုတော့ မဟုတ်ခဲ့ပေ။

"အမေက ဘယ်နေရာမှာ တူးနေတာလဲ"

အားယွီလေးမှ မေးလိုက်သည်။

"ငါတို့မိသားစုပိုင်တဲ့ တောင်ပေါ်မှာ ဖြစ်လောက်တယ်"

ဝမ်ဝူလန်သည်လည်း သိပ်မသေချာပေ။ တောရိုင်းဟင်းသီးဟင်းရွက်များအား မည်သည့်မိသားစုပိုင်သည်ဟု မည်သူမျှ ဂရုမစိုက်ကြပေ။ မည်သို့ပင်ဖြစ်စေ သူတို့သည် တူးဖော်ကာ စားသောက်ကြမည်သာ ဖြစ်သည်။

"လူတိုင်းမှာ အစားအစာ လုံလောက်မှုမရှိကြဘူး ဒါကြောင့် ကိုယ့်ဘာကိုယ် ရှာပြီး တူးကြရတာပဲ ဒေါ်လေး၄က ငါတို့ရဲ့ တောင်ပေါ်ဧရိယာထဲမှာ ရှိနေလောက်တယ် အဲဒီကိုသွားပြီး ရှာကြည့်ကြတာပေါ့"

ဝမ်စစ်လန်မှ သုံးသပ်ပြလိုက်လေသည်။ ဝမ်မိသားစု၏ တောင်ကုန်းသည် အခြားတောင်တစ်လုံး၏ ကျောဘက်တွင် ရှိနေခဲ့သည်။ ထိုတောင်အား ကျော်ရန် တစ်နာရီခန့် ကြာမြင့်နိုင်သေးသည်။ အားယွီလေးမှ ပင်ပန်းသည်ဟု မပြောသည့်အတွက် မည်သူကမျှ မသွားတော့ဘူး ဟု ငြင်းဆန်ခြင်း မရှိကြပေ။

လျိုရှီသည် ယနေ့တွင် ချက်ပြုတ်ရန် တာဝန်ကျလေသည်။ အစားအစာ မလုံလောက်သဖြင့် တောရိုင်းဟင်းသီးဟင်းရွက်များ ခူးဆွတ်ချိန် ရောက်သောအခါ သူမသည် တောင်ပေါ်သို့ ကြိုတင်တက်သွားခဲ့ခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ခရီးတစ်ဝက် ခြေလျှင် တောင်တက်ပြီးချိန် အရောက်၌ အသားလုံးလေးမှ အားယွီအား ရုတ်တရက် သတိပေးလိုက်လေသည်။

[ကလေးရေ ဟိုဘက်က ချုံပုတ်တွေထဲမှာ ရစ်ငှက် သုံးကောင် ရှိတယ်]

အားယွီလေး၏ မျက်လုံးများ တောက်ပသွားပြီး ချုံပုတ်များဆီသို့ ချက်ချင်း လျှောက်သွားလိုက်တော့သည်။ ရစ်ငှက်ဆိုသည်မှာ ဘာလဲ သူမ မသိပေ။ သို့သော် သူမ၏အမေ ကျန်းမာရေး မကောင်းကြောင်း အဘွားပြောသည်အား သူမ ကြားဖူးခဲ့သည်။ အကယ်၍ သူတို့မိသားစုသာ ချမ်းသာပါက အမေ၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးရန် ကြက်တစ်ကောင် ဝယ်နိုင်လိမ့်မည် ဟူ၍ ဖြစ်သည်။

ရစ်ငှက်ဆိုတာလည်း ကြက်ပဲ မဟုတ်လား...

သူမသည် ထိုငှက်အား ဖမ်းပြီး အမေ ဖြစ်သူအား အားဖြည့်ပေးမည် ဖြစ်သည်။ ဝမ်ဝူလန်သည် အားယွီလေး ဘေးသို့ လျှောက်သွားနေသည်ကို မြင်သော် သူမလေးအား အမြန်ဆွဲထားလိုက်လေသည်။

"ညီမလေး အားယွီ လျှောက်မသွားနဲ့လေ နောက်မှ လမ်းပျောက်သွားရင် ပြန်ရှာဖို့ မလွယ်ဘူး"

အားယွီလေးမှ ချုံပုတ်များအား လက်ညှိုးထိုးပြပြီးနောက် ပြောလိုက်သည်။

"ကိုကိုငါး ဟိုမှာ ရစ်ငှက်တစ်ကောင် ရှိတယ်"

"ဘာ ရစ်ငှက်လဲ"

ဝမ်ဝူလန်သည် ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။ သူ ခဏလောက် စဉ်းစားလိုက်ပြီးမှ မေးလိုက်သည်။

"ညီမလေး နင်ဆိုလိုတာက ရစ်ငှက်လား ဒီအချိန်ကြီး ဘယ်မှာ"

သူ၏ စကားမဆုံးခင်မှာပင် ချုံပုတ်များထဲမှ အတောင်ပံ ခတ်သံများ ထွက်ပေါ်လာသည်။ ထို့နောက် အရောင်စုံလင် လှပသည့် ရစ်ငှက်တစ်ကောင် ပျံထွက်လာခဲ့သည်။

ဝမ်စစ်လန်မှ တုံ့ပြန်မှု အမြန်ဆုံးဖြစ်သည်။ သူသည် ကျောက်ခဲတစ်လုံးကို ချက်ချင်းကောက်ယူလိုက် ပြီးနောက် ရစ်ငှက်ဆီသို့ ပစ်ပေါက်လိုက်လေသည်။

"မြန်မြန် ဖမ်းကြ"

ဝမ်ဝူလန် ဝမ်လျူလန်နှင့် ဝမ်ချီလန်တို့လည်း ထွက်ပြေး လွတ်မြောက်လု နီးပါး ဖြစ်နေသည့် ရစ်ငှက်နောက်သို့ အပြေးအလွှား လိုက်ဖမ်းကြတော့သည်။ အားယွီလေးသည် ထိုနေရာမှာ တစ်ကောင်ရှိလျှင် အထဲတွင် နောက်ထပ် ရှိဦးမှာပဲ ဟု တွေးလိုက်မိသည်။

သူမလေးသည် သူမ၏ ခြေထောက် တိုတိုလေးများဖြင့် ချုံပုတ်ဆီသို့ ပြေးသွားလိုက်ပြီး အတွင်းထဲသို့ ကြည့်ရန် ချုံများအား ဆွဲဖွင့်လိုက်သည်။

ရစ်ငှက်များသည် သူတို့ ပုန်းခိုရာ အသိုက် ပေါ်သွားသည်ကို သတိမပြုမိကြဘဲ အသိုက်ထဲတွင် ငြိမ်းချမ်းစွာ ဆက်လက်နေထိုင်နေကြသည်။

အားယွီလေးသည် ရစ်ငှက်မျာအား ဖမ်းချင်ဇောဖြင့် သူမ၏ လက်မောင်းတိုတိုလေး နှစ်ဖက်အား ဆန့်ထုတ်လိုက်သည်။ ရစ်ငှက်များသည် လန့်သွားပြီးနောက် ချက်ချင်းပင် အတောင်ပံခတ်ကာ ပျံသန်းထွက်ပြေးတော့သည်။

ဘေးနားတွင် ရှိသည့် ရစ်ငှက်သည်လည်း အန္တရာယ်ကို အာရုံခံမိသောကြောင့် သူမလေးအား ထိုးဆိတ်ရန် ပြုလိုက်သည်။

"ပဲ ..."

ဆိတ်ပေါက်ကလေးသည် ရုတ်တရက် ပြေးဝင်လာပြီး ၎င်း၏ ခြေထောက်တိုတိုလေးများဖြင့် ချုံပုတ်ထဲသို့ ခုန်ဝင်လိုက်လေသည်။

၎င်းသည် ရစ်ငှက်အား ခေါင်းဖြင့် တိုက်ချလိုက်ပြီးနောက် ပါးစပ်အား ဟကာ ရစ်ငှက်၏ ခြေထောက်ကို ကိုက်လိုက်သည်။ ခေါင်းကို ပြင်းထန်စွာ ခါရမ်းလိုက်ရာ ရစ်ငှက်မှာ လှုပ်ယမ်းခံလိုက်ရသည့်အတွက် အသားကုန် အော်မြည်နေတော့သည်။

[ . . . ]

[မင်းက ဆိတ်ပေါက်တစ်ကောင် ဖြစ်ပေမယ့် တကယ်ကို အံ့မခန်းပါပဲလား]

အခြား ရစ်ငှက်တစ်ကောင်သည် အခြေအနေ မဟန်တော့သည်အား မြင်သော်လ ထွက်ပြေးရန် ပြင်လိုက်လေသည်။

[ကလေးရေ ပိုကပ်သွားလိုက် အဲဒါဆိုရင် အဲဒီကောင်ကို နေရာလွတ်ထဲ ထည့်လို့ရပြီ]

အားယွီလေးသည် ချုံပုတ်များကြား လမ်းမလျှောက်နိုင်သဖြင့် စိတ်ပူလာခဲ့သည်။ သူမသည် ဆိတ်ပေါက်ကလေးအား အတုယူကာ လက်အား မြင့်မြင့်မြှောက်လိုက် ပြီးနောက် ထိုအကောင်ပေါ်သို့ ကိုယ်ကို ပစ်လှဲချလိုက်လေသည်။

နောက်ဆုံးတွင် သူမသည် ချုံပုတ်ထဲသို့ ခေါင်းဖြင့် စိုက်ကျသွားတော့သည်။ ကံကောင်းထောက်မစွာ သူမသည် အခြားရစ်ငှက်တစ်ကောင်နှင့် နှစ်မီတာသာ ကွာဝေးတော့သဖြင့် အသားလုံးလေးမှ အော်ပြောလိုက်သည်။

"အထဲကို ထည့်ဖို့ စိတ်ကူးလိုက် မင်းရဲ့ စိတ်အာရုံကို အသုံးပြုလိုက်လေ မြန်မြန်လုပ်"

အားယွီလေး မျက်လုံးများကို မှိတ်ပြီး သူမ၏ စိတ်လှုပ်ရှားမှုများအား ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။ သူမ၏ မျက်နှာလေးမှာ ရဲတွတ်နေခဲ့သည်။

"အွန်း"

နောက်ဆုံးတွင် ရုန်းကန်နေသည့် ရစ်ငှက်သည် ပေါင်းပင် အစုအဝေးတစ်ခု နှင့်အတူ ထိုနေရာမှ ပျောက်ကွယ် သွားလေတော့သည်။

နေရာလွတ်ထဲတွင် ပျံသန်းနေသော ရစ်ငှက်အား အသားလုံးလေးမှ မြင်လိုက်သော် ၎င်းအား ထိန်းချုပ်နိုင်ရန် ချက်ချင်း ပျံသန်းသွားခဲ့သည်။

ရစ်ငှက်သည် မည်ကဲ့သို့ လိုလိုလားလား ရှိနိုင်ပါမည်နည်း။ ၎င်းသည် အတောင်ပံများအား ခတ်လျှက် မြေကြီးပေါ်ရှိ ပေါင်းပင်များနှင့် ဖုန်မှုန့်များအား ခါချလိုက်လေသည်။

နေရာလွတ်ထဲတွင် အချိန်ယူပြီး သေသေချာချာ စီစဉ်ထားသည့် အသားလုံးလေးသည် ဤမြင်ကွင်းအား မြင်လိုက်ရချိန်တွင် ဖြူကောင်တစ်ကောင်လို ပေါက်ကွဲ ထွက်သွားတော့သည်။

[ငါ မင်းနဲ့ အသေအလဲ ချပြီကွာ]

ခဏကြာတော့ အားယွီလေးသည် အသားလုံးလေး၏ အားနည်းသည့် အသံအား ကြားလိုက်ရသည်။

"ဒီအကောင်စုတ်ကို အပြင်ထုတ်လိုက်တော့"

အားယွီလေးမှ နှုတ်ခမ်းအား စေ့လိုက်ကာ စိတ်ထဲမှ တိုးတိုးလေး မေးလိုက်သည်။

"နတ်သူငယ်လေး ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

[ငါ နေမကောင်းတာ မဟုတ်ဘူး]

‘ငါ ရစ်ငှက်ဖမ်းနေရလို့ ပင်ပန်းနေတာ’

အားယွီလေးသည် နေရာလွတ်ထဲမှ ရစ်ငှက်အား နာခံစွာဖြင့် ဆွဲထုတ်လိုက်သည်။ ရစ်ငှက်မှာ အသားလုံးလေး၏ ရိုက်နှက်မှုများအား ခံထားရသဖြင့် နွမ်းနယ်နေခဲ့ကာ အတောင်ပံများလည်း ကျိုးပဲ့နေခဲ့သည်။

သူမသည် နောက်ဆုံးတွင် ချုံပုတ်များကြားမှ ရုန်းထွက်နိုင်စေရန် အတွက် အားကုန်သုံးကာ တွားသွား၍ ထွက်လာခဲ့လိုက်သည်။ ထိုနေရာတွင် ဆိတ်ပေါက်ကလေး သည်လည်း အခြား ရစ်ငှက်တစ်ကောင်အား နိုင်နင်းထားပြီး ဖြစ်သည်။

ဆိတ်ပေါက်ကလေး၏ ရူးသွပ်စွာ ခါရမ်းမှုကြောင့် ရစ်ငှက်မှာ မူးဝေနေခဲ့သည်။ ရုန်းကန်ရန် အားအင်ပင် မကျန်တော့ချေ။

အခြားတစ်ဖက်တွင်မူ ကောင်လေးလေးယောက်သည် အားစိုက်ထုတ်ပြီးနောက် နောက်ဆုံးတွင် ရစ်ငှက်အား ဖမ်းမိသွားကြသည်။ သူတို့ အောင်မြင်မှုကြီး တစ်ခု ရလိုက်သကဲ့သို့ ခံစားနေကြရလေသည်။

ရွာထဲမှ ရစ်ငှက်ထောင်သည့် နေရာတွင် ကျွမ်းကျင်လှသည့် လူကြီးများပင်လျှင် ထွက်ပြေးနေသော ရစ်ငှက်တစ်ကောင်အား ဖမ်းနိုင်ချင်မှ ဖမ်းနိုင်ကြမည်ကို သိထားရမည် ဖြစ်သည်။ သူတို့သည် အမှန်ပင် အစွမ်းထက်လွန်းပေသည်။

"ညီမလေး အားယွီ ကြည့်စမ်း ငါတို့ တစ်ကောင် ဖမ်းမိပြီ..."

ဝမ်ဝူလန်သည် အတောင်ပံများနှင့် ခြေသည်းများအား ကြိုးဖြင့် တုပ်ထားသည့် ရစ်ငှက်အား သယ်ဆောင်လာပြီး အထူးတလည် ပျော်ရွှင်နေသော အသံဖြင့် ပြောလိုက်သည်။

သူ ပြန်ရောက် လာချိန်တွင် သူမထက်ပင် ပိုကြီးမားပုံရသော ရစ်ငှက်တစ်ကောင်အား ပွေ့ဖက်ထားသည့် သူတို့၏ ညီမလေးကို တွေ့လိုက်ရတော့သည်။ သူမဘေးတွင် ဆိတ်ပေါက်ကလေးတစ်ကောင် ရှိနေခဲ့ပြီး ခြေရင်းတွင် တဆတ်ဆတ်တုန်နေသော ရစ်ငှက်တစ်ကောင် လဲလျောင်းနေခဲ့သည်။

. . .

ဝမ်လျူလန်၏ ပါးစပ်မှာ ကြက်ဥတစ်လုံး ဝင်ဆံ့လောက်အောင် ကျယ်လောင်စွာ ဟသွားတော့သည်။

"ညီမလေး အားယွီ ဒါကို နင် ဖမ်းလိုက်တာလား"

"အာ ဟင့်အင်း ဟင့်အင်း"

အားယွီလေးမှ သူမ၏ လက်တိုတိုလေးအား ဝှေ့ယမ်းပြလိုက်သည်။

"နတ်သူငယ်လေးက ညီမလေးကို ကူဖမ်းပေးတာ"

ထို့နောက် အားယွီလေးမှ သူမ၏ လက်မောင်း တိုတိုလေးဖြင့် ဆိတ်ပေါက်ကလေးအား ညွှန်ပြပြီး ရိုးသားစွာဖြင့် ပြောလိုက်သည်။

"ဆိတ်ပေါက်လေးက အရမ်းစွမ်းတာပဲ သူလည်း တစ်ကောင် ဖမ်းမိတယ်"

ထိုသို့ ပြီးနောက် သူမသည် သူမ၏ အစ်ကိုများအား ကြည့်လိုက်သည်။

"ကိုကိုကြီးတို့လည်း အရမ်းစွမ်းတာပဲ ကိုကိုတို့လည်း တစ်ကောင် ဖမ်းမိတယ်နော်"

နတ်သူငယ်လေးလည်း အထင်ကြီးစရာကောင်းလှကာ ဆိတ်ပေါက်လေးသည် သန်မာလှသည့် အပြင် သူမအစ်ကိုများသည်လည်း စွမ်းအားကြီးလေသည်။ လူတိုင်းသည် အရမ်း စွမ်းကြပေသည်။

ဝမ်ဝူလန်နှင့် အခြားသူများ : "......"

ထိုအရာသည် ယုံနိုင်စရာ မရှိချေ......

လူတိုင်းသည် လျိုရှီအား ဆက်ရှာသင့်သည်လား သိုမဟုတ် ရစ်ငှက်များအား အိမ်ပြန်သယ်သွားသင့်သည်လား ဟု တိုင်ပင်နေကြစဉ်မှာပင် လျိုရှီ ပြန်ရောက်လာခဲ့သည်။

ကလေးများ၏ အသံအား ကြားလိုက်ရသဖြင့် လျိုရှီသည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီးနောက် တောင်ကွေ့တစ်ခုအား ကွေ့လိုက်လေသည်။ မြေပြန့်ပေါ်တွင် အတူတကွ ရပ်နေကြသော သူမ၏ ကလေးများအား တွေ့လိုက်ရသည်။ သူမသည် ပုပုသေးသေး အားယွီလေးအား ချက်ချင်း မြင်လိုက်ရသည်။

"အားယွီ သမီး ဘာလို့ ဒီရောက်နေတာလဲ"

လျိုရှီသည် သုံးလှမ်းခန့် လှမ်းလိုက်ပြီး အံ့အားသင့်သွားခဲ့သည်။

"သမီး ဘယ်လိုလုပ် ဒီလောက်မြင့်တဲ့နေရာကို တက်လာနိုင်တာလဲ အရမ်း အန္တရာယ်များတာပဲ"

ဝမ်မိသားစုမှ ကောင်လေးများသည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ အန္တရာယ်ရှိမရှိ ဆိုတာကို သူတို့ တကယ် တစ်ခါမှ မတွေးခဲ့မိကြပေ။

. . .

လျိုရှီသည် ကျောပေါ်တွင် ခြင်းတောင်းတစ်လုံး လွယ်လျက် ရောက်ရှိလာခဲ့သည်။ သူမသည် အားယွီနှင့် မြေကြီးပေါ်ရှိ ရစ်ငှက်သုံးကောင်အား မြင်တွေ့လိုက်ရသောအခါ ကြောင်အမ်းသွားခဲ့သည်။

ဒီကလေးတွေ ရစ်ငှက်တွေကို တကယ် ဖမ်းနိုင်ခဲ့တာလား....

"ဒေါ်လေး ၄ ညီမလေး အားယွီက အရမ်းတော်တာပဲ သူ ဒီတစ်ကောင်ကို ဖမ်းလိုက်တာ"

"အားယွီက အဲဒီလောက်တောင် တော်တာလား သမီး ဘယ်နား ထိခိုက်သွားသေးလဲ"

အားယွီလေးမှ ခေါင်းခါလိုက်သည်။

"ဟင့်အင်း"

အမှန်တကယ်တွင် သူမ၏ လက်မောင်းတွင် ခြစ်ရာ အနည်းငယ် ရခဲ့သော်လည်း သူမ ဖုံးကွယ်ထားလိုက်လေသည်။

အကယ်၍ အမေသာ မသိခဲ့ရင် အမေ စိတ်ပူနေမှာ မဟုတ်ဘူး...

မျှော်လင့်ထားသည့်အတိုင်းပင် လျိုရှီ တုန်လှုပ်သွားခဲ့သည်။ ရစ်ငှက်တောင် ထွက်လာမှတော့ မြွေတို့ ဘာတို့လည်း ရှိလောက်မည်ဟု သူမ တွေးလိုက်မိသည်။

ထို့ကြောင့် သူမသည် တောရိုင်း ဟင်းသီးဟင်းရွက်များအား ဖယ်ရှားလိုက်ပြီး ရစ်ငှက်များအား အထဲသို့ ထည့်လိုက်ကာ ဟင်းသီးဟင်းရွက်များဖြင့် ပြန်ဖုံးလိုက်လေသည်။ ထို့နောက် အားယွီလေးကို ပွေ့ချီပြီး တောင်အောက်သို့ အလျင်အမြန် ပြန် ဆင်းလာခဲ့သည်။

သူမသည် ထိုသတင်းအား မိသားစုဆီ အမြန်ဆုံး ပြောပြရမည် ဖြစ်သည်။ သူတို့၏ အားယွီလေးသည် အမှန်တကယ်ပင် ကံကောင်းစေတဲ့ ကြယ်ပွင့်လေး ဖြစ်သည်။

All Chapters