← Chapters

ပစ္စည်းများ ဝယ်ယူခြင်း

Vol. 3 Ch. 41

ပစ္စည်းများ ဝယ်ယူခြင်း

Vol. 3 Ch. 41

ခုနစ်နာရီခွဲတွင် လျိုရှီသည် ကလေးဆိုးများအား ခေါဆောင်လျှကက် အိမ်သို့ ပြန်ရောက်သော အချိန်တွင် အဘိုးအိုဝမ်သည် သားများနှင့်အတူ ဝါးခြံစည်းရိုးအသစ် ပြုလုပ်နေခဲ့သည်။

"အဘိုး အဘိုး ဦးလေး ဦးလေးသုံး"

အားယွီလေးမှ သူတို့ကို အဝေးမှ လှမ်းမြင်သောကြောင့် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ သူတို့သည် ထိုအသံလေးအား ကြားသောအခါ မော့ကြည့်လိုက်ကြကာ အားယွီလေးကို တွေ့သဖြင့် ပြုံးလိုက်ကြသည်။

သူတို့၏ သမီးလေးသည် အတော်ဆုံး ဖြစ်သည်။ သူမလေး အိမ်ပြန်ရောက်လာသည် နှင့်တစ်ပြိုင်နက် သူတို့အား နှုတ်ဆက်လိုက်သေးသည်။ ဟိုကလေးဆိုးတွေကတော့ အိမ်ပြန်ရောက်လျှင် မည်သူ့ကိုမှ မနှုတ်ဆက်တတ်ကြပေ။

အဒေါ်ဖန်နှင့် အဒေါ်မာတို့သည် အိမ်ထဲတွင် သန့်ရှင်းရေး လုပ်နေကြသည်။ အပြင်ဘက်မှ ဆူညံသံများအား ကြားသောအခါ သူတို့ ပြုံးလိုက်မိကြသည်။

ထင်ထားသည့် အတိုင်းပင် ဖြစ်သည်။ အိမ်တွင် မိန်းကလေးတစ်ယောက် တိုးလာခြင်းသည် ကွာခြားမှု ရှိလေသည်။ လူတိုင်း ပို၍ ပျော်ရွှင်လာကြသည်။ ဝမ်ဝူလန်သည် ဆက်မထိန်းထားနိုင်တော့ပေ။ ခြံဝင်း အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်လေသည်။

"သားတို့ ရစ်ငှက်တွေ ဖမ်းမိခဲ့တယ် သုံးကောင်တောင်"

သူ ထိုသို့ ပြောနေစဉ် အတွင်းမှာပင် လျိုရှီသည် ခြင်းတောင်းအား ချပြီးနေပြီဖြစ်သည်။ သူမ၏ ခြင်းတောင်းသည် သိပ်မကြီးသဖြင့် ရစ်ငှက်သုံးကောင်နှင့်ပင် ပြည့်လုနီးပါး ဖြစ်နေခဲ့သည်။ အပေါ်ယံတွင် သူမတူးလာသော တောရိုင်းဟင်းသီးဟင်းရွက်များ ရှိနေသည်။

နွေဦးရာသီရောက်ခါစသာ ရှိသေးသဖြင့် တောရိုင်းဟင်းသီးဟင်းရွက် များများစားစား မရှိသေးသကဲ့သို့ အပင်လည်း သိပ်မရှည်လာကြသေးပေ။ သို့သော် ဟင်းသီးဟင်းရွက် အားလုံးပေါင်းလိုက်လျှင် ဟင်းအိုးကြီးတစ်လုံး ချက်၍ရနိုင်သေး၏။

ဝမ်မိသားစုသည် တောရိုင်းဟင်းသီးဟင်းရွက်များအား ကြည့်ရန် စိတ်မဝင်စားနိုင်ကြတော့ပေ။ သူတို့အားလုံးသည် လျိုရှီ၏ ခြင်းတောင်းကိုသာ စိုက်ကြည့်နေကြလေသည်။ လျိုရှီသည် ခြင်းတောင်းထဲမှ ရစ်ငှက်များအား ထုတ်ယူလိုက်သောအခါ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။

"တကယ်ကြီး ရစ်ငှက်တွေပဲလား"

ဝမ်ချွမ်းမန်သည် ခြေလှမ်းကျဲကြီးများဖြင့် ပြေးလာခဲ့ကာ အနီးဆုံး ရစ်ငှက် တစ်ကောင်အား ကောက်ယူလိုက်သည်။ သူသည် လက်ထဲတွင် ချိန်ဆကြည့်ပြီးနောက်တွင် ပျော်ရွှင်စွာ ပြောလိုက်သည်။

"ဒီရစ်ငှက်က နှစ်ကျင်း(ကတ်တီ)လောက် လေးတယ်"

အိမ်မွေးကြက်များနှင့် ယှဉ်လျှင် ရစ်ငှက်များသည် များသောအားဖြင့် တစ်ကောင်လျှင် နှစ်ကျင်း သုံးကျင်းခန့်သာ လေးတတ်သည်။ အထူးသဖြင့် ဆောင်းရာသီကို ကျော်ဖြတ်လာရသည့်အတွက် ရစ်ငှက်တစ်ကောင်သည် နှစ်ကျင်းလေးသည်မှာ မဆိုးလှပေ။

အဘိုးဝမ်လည်း အထူးပျော်ရွှင်နေသည်။ သူ့မိသားစုသည် နန်းတော်မှ ဝေငှသော အစားအစာများအား ရရှိထားသည့် တိုင်အောင် မည်သူမျှ မစားရက်ကြပေ။ သူတို့အားလုံး အခြေခံအားဖြင့် အပိုင်းတစ်ပိုင်းခွဲပြီး မျိုးစေ့အဖြစ်သာ အသုံးပြုကြလေသည်။

သာမန်မျိုးစေ့များနှင့် ယှဉ်လျှင် ဤမျိုးစေ့များ၏ အာနိသင်မှာ သဘာဝကျကျပင် ပို၍ ညံ့ဖျင်းသည်။ သို့သော် ယခုအချိန်တွင် သူတို့၌ ရွေးချယ်စရာ မရှိသဖြင့် မတတ်သာဘဲ အသုံးပြုနေရသည်။

"ရစ်ငှက်တွေကို ဘယ်လိုဖမ်းခဲ့ကြတာလဲ ရစ်ငှက်သိုက်ကို တွေ့ခဲ့တာလား"

ဝမ်တာလန် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် ယခုနှစ်တွင် ၁၆ နှစ်ရှိပြီ ဖြစ်သော်လည်း ကလေးစိတ် ရှိနေဆဲဖြစ်သည်။ သို့သော် အကြီးဆုံးမြေးဖြစ်သည့်အတွက် တာဝန်ရှိနေသဖြင့် ကျန်သူများနှင့်လိုက်ပါကာ အတူ မကစားနိုင်ပေ။ ထိုအကြောင်းအား ပြောရမည်ဆိုလျှင် ဝမ်ဝူလန်သည် အလွန် စိတ်လှုပ်ရှားနေလျှက် ရှိသည်။

"ပြောရရင် အရှည်ကြီးပဲ သားတို့က အစက ဒေါ်လေး ၄ကို ရှာဖို့ စီစဉ်ထားတာ ဒါပေမယ့် လမ်းမှာ ရစ်ငှက်တစ်ကောင် ရုတ်တရက် ပျံထွက်လာတယ်လေ အဲ့ဒါနဲ့ သားတို့ အမြန် လိုက်ဖမ်းကြတာပေါ့"

ထိုနေရာအရောက်တွင် ဝမ်ဝူလန်သည် အခြားသူများအား ရင်ခုန်အောင် လုပ်လိုက်လေသည်။

"သားတို့ ရစ်ငှက် သုံးကောင်ကို ဘယ်လိုဖမ်းမိလဲ ခန့်မှန်းကြည့်ကြပါလား"

"ဘယ်လို ဖမ်းခဲ့တာမို့လို့လဲ လက်နဲ့ဖမ်းတာပဲ မဟုတ်ဘူးလား ဪ ထောင်ချောက် ဆင်ခဲ့တာလား"

ဝမ်ဆန်းလန်သည်လည်း အလွန် သိချင်နေမိသည်။ ယခင်က လယ်အလုပ်ပြီးချိန်တွင် သူတို့သည်လည်း ရစ်ငှက် ဖမ်းထွက်လေ့ရှိသည်။ သို့သော် ၁၀ ခေါက် ထွက်လျှင် တစ်ခေါက်လောက် ရစ်ငှက်ဖမ်းမိဖို့ ဆိုသည်မှာ မဆိုးလှသော အခြေအနေမျိုးဖြစ်သည်။

ရစ်ငှက်များသည် အလွန် လျင်မြန်ကြကာ ဖမ်းရန်လည်း အလွန်ခက်ခဲလေသည်။ ယုန်ရိုင်းများကဲ့သို့ မြေကြီးပေါ်တွင် လျှောက်သွားသော သတ္တဝါများနှင့် မတူဘဲ ရစ်ငှက်များသည် လန့်သွားလျှင် ပျံသန်းတတ်ကြသေးသည်။ သူတို့တွင်မူ အတောင်ပံ မပါသဖြင့် မည်ကဲ့သို့ အမီလိုက်နိုင်မည်နည်း။

"ဒါတွေအားလုံးက သားတို့ရဲ့ အားယွီကျေးဇူးကြောင့်ပဲ"

ဝမ်ဝူလန်သည် သူ၏ လက်များအား အထူးတလည် ဖြန့်ကားပြီး ချဲ့ကား ပြောဆိုလိုက်သည်။

"ဒါကို အစ်ကိုတို့ သိနိုင်မယ် မထင်ဘူး သားတို့ အဲဒီရစ်ငှက်ကို သွားဖမ်းနေတုန်း အားယွီနဲ့ ဆိတ်ပေါက်ကလေးက နှစ်ကောင်တောင် ဖမ်းမိခဲ့တာ မဟုတ်ဘူးလား အံ့သြစရာ မကောင်းဘူးလား"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူ့အစ်ကိုများ ကြောင်အမ်းလျှက် အံ့သြနေသည်အား မြင်ရသောအခါ ဝမ်ဝူလန် အလွန် ကျေနပ်သွားခဲ့သည်။ သူ ဆက်ပြောလိုက်သည်။

"သားထင်တာတော့ သားတို့ရဲ့ ညီမလေး အားယွီက အရမ်းကံကောင်းတဲ့သူပဲ ကြည့်ပါဦး အရင်တုန်းက သားတို့ ဘယ်တုန်းကများ ရစ်ငှက်တွေ အများကြီး ဒီလောက် ချောချောမွေ့မွေ့ ဖမ်းမိဖူးလို့လဲ ပြီးတော့ ဘယ်တုန်းကများ တစ်ခါတည်း သုံးကောင် ဖမ်းမိဖူးလို့လဲ ဒါတွေအားလုံး ညီမလေး အားယွီကြောင့်ပဲ"

ဝမ်တာ့လန်နှင့် အခြားသူများ မဆိုထားနှင့် အဘိုးဝမ်နှင့် အခြားသူများပင်လျှင် ထိုစကားအား ကြားသောအခါ အံ့အားသင့်သွားခဲ့ကြသည်။

‘ဘာ.....အားယွီက ရစ်ငှက်ကို တကယ် ဖမ်းနိုင်ခဲ့တာလား’

"စတုတ္ထ ချွေးမ ဝူလန်ပြောတာ အမှန်ပဲလား"

အဘိုးဝမ် အလွန် သိချင်နေခဲ့သည်။ သာမန်အချိန်ဆိုလျှင် သူသည် ချွေးမနှင့် စကားပြောရန် အတွက် နေရာရွှေ့မည် မဟုတ်ချေ။ လျိုရှီ အလျင်အမြန် ပြောဆိုလိုက်သည်။

"ကျွန်မ ရောက်သွားတဲ့အချိန်မှာ သူတို့ ဖမ်းပြီးနေကြပြီ ကျွန်မ သေချာ မမြင်လိုက်ရဘူး"

အမှန်တကယ်တွင် လျိုရှီလည်း မယုံကြည်ပေ။ အားယွီသည် အသက် ဘယ်လောက် ရှိပြီမို့လို့လဲ.... သူမလေးသည် နှစ်နှစ်အရွယ် ကလေးတစ်ယောက်လို ဖြစ်နေခဲ့သည်။ နှစ်နှစ်အရွယ် ကလေးတစ်ယောက်သည် ရစ်ငှက်အား ဖမ်းနိုင်ပါမည်လား။

ထိုသည်မှာ နောက်ပြောင်နေခြင်း မဟုတ်ပေဘူးလား.....

ဝမ်အာလန်သည် ခေါင်းကုတ်လိုက်ကာ ဇဝေဇဝါဖြင့် ပြောလိုက်သည်။

"ညီမလေး အားယွီက အရင်ကတည်းက အရမ်းစွမ်းတာပဲလေ သူ အရင်က သားတို့အတွက် စပါးအုံးမြွေကြီးကို သတ်ပေးခဲ့တယ် မဟုတ်လား"

မည်သို့ပင်ဖြစ်စေ ဝမ်အာလန်၏ မျက်လုံးထဲတွင် ညီမလေး အားယွီသည် မသေမျိုး နတ်ဘုရားတစ်ပါး ဝင်စားသည်ဟု ခံစားနေရသည်။ သူမသည် မူလကတည်းက စွမ်းအားကြီးမားလှသည်။

ဝမ်အာလန်၏ သတိပေးချက်ကြောင့် လူတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသည့် စပါးအုံးမြွေကြီးအား ပြန်သတိရသွားကြသည်။

မှန်ပေသည်။ သူတို့ မိသားစု၏ အားယွီလေးသည် မူလကတည်းမှ သာမာန် လူများနှင့် အရမ်းကွာခြားလွန်းလှသည်။ သူတို့သည် သိချင်စိတ် ပြင်းပြနေသော မျက်လုံးများဖြင့် အားယွီလေးအား မကြည့်ဘဲ မနေနိုင်ကြတော့ပေ။

အားယွီလေး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူမသည် သူတို့ထက်ပင် ပို၍ စိတ်ရှုပ်ထွေး နေခဲ့ပေသည်။ ဘာကြောင့်များ သူမအား ဝိုင်း၍ ကြည့်နေကြလေသနည်း။

ဝမ်ချွမ်းမန်သည် အားယွီလေးရှေ့သို့ လျှောက်သွားလိုက်ကာ သူမလေးအား မေးမြန်းလိုက်သည်။

"သမီး ရစ်ငှက်တွေကို ဘယ်လိုဖမ်းခဲ့တာလဲ"

ထို့အပြင် ဟိုဆိတ်ပေါက်ကလေး..... ခြေထောက်လေးချောင်းသာ ပါရှိကာ ချိုတောင် မပေါက်သေးပါပဲ မည်ကဲ့သို့ ရစ်ငှက်ဖမ်းနိုင်မည်နည်း။

အားယွီလေးသည် ထိုသို့ မေးသံအား ကြားသောအခါ သူမ၏ လက်သေးသေးလေး နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ပွေ့ဖက်သကဲ့သို့ လုပ်ပြလိုက်ပြီး သူ၏ ခြေထောက်အား ဖက်လိုက်လေသည်။

"သမီး ဒီလို ဖမ်းလိုက်တာ"

အားယွီလေးသည် လက်ဟန်ခြေဟန်ဖြင့် ပြလိုက်ကာ ဝမ်ချွမ်းမန်၏ ခြေထောက်အား ဖက်လိုက်ပြီးနောက် သူမ မော့ကြည့်ကာ ပြောလိုက်သည်။

"ဖေဖေ သမီး ဒီလို ဖမ်းလိုက်တာ"

ဤသည်မှာ အနည်းငယ် လွယ်လွန်းနေသည် မဟုတ်ပါလော။

"ဆောင်းရာသီဒဏ်ကနေ ပြန်မကောင်းသေးတဲ့ ရစ်ငှက်တွေ ဖြစ်လောက်တယ် သူတို့ အေးခဲပြီး အားပြန်မပြည့်သေးတာ နေမှာပါ"

လူတိုင်းသည် ကိုယ့်ကိုယ်ကိုယ် ဤကဲ့သို့သာ နှစ်သိမ့်နိုင်ကြတော့သည်။ ဤအချိန်တွင် ယုံတင်းခရိုင်၌ ရှိနေသော အဘွားအိုဝမ်သည် ရွာသားများနှင့်အတူ သက်သေထွက်ဆိုခဲ့ပြီးပြီ ဖြစ်သည်။ ခရိုင်ကောင်စီသည် အချက်အလက်များနှင့် ထွက်ဆိုချက်များအား ပေါင်းစပ်ကာ ထိုနေရာ၌ပင် စီရင်ချက် ချလိုက်လေသည်။

ရှန်ယန်းရွာသည် ကလေးများအား အစာအဖြစ် စားသောက်ခဲ့ပြီး လူ့ကျင့်ဝတ် စည်းကမ်းများအား ဖောက်ဖျက်ကာ ဒေသတွင်း ထိတ်လန့်မှုများစွာအား ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ကလေးများ၏ မိသားစုများသည် အမှုမဖွင့်လိုကြသဖြင့် ဒေသခံ မြေပိုင်ရှင်များ လီကျိန်းနှင့် ရွာလူကြီးများအား ကလေးစားသော ရွာသားများကို ကြီးကြပ်ရန် တိုက်တွန်းရုံသာ တိုက်တွန်းခဲ့လေသည်။ အကယ်၍ နောင် အနာဂတ်တွင် ပြစ်မှုထပ်ကျူးလွန်ပါက ထပ်တိုးပြစ်မှုဖြင့် အပြစ်ပေးခံရမည် ဖြစ်သည်။

ထို့အပြင် ရှန်ယန်းရွာသည် ပြဿနာစတင် ဖန်တီးခဲ့သူများ ဖြစ်ပြီး ဟူမိသားစုရွာမှ ရွာသားများ အားလုံး အပြစ်ကင်းကြောင်း စီရင်ချက်ချခဲ့သည်။ ရှန်ယန်းရွာသည် ရွာနှစ်ရွာမှ ဒဏ်ရာရသူများ၏ ဆေးကုသစရိတ်များ အားလုံးကို တာဝန်ယူရမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နွေဦးအခွန် ကင်းလွတ်ခွင့် ရရှိပြီးနောက် ရှန်ယန်းရွာသည် ယခုနှစ် ဟူမိသားစုရွာ အတွက် ဆောင်းဦးအခွန်အပြင် ဇွန်လမတိုင်မီ စစ်မှုထမ်းခြင်း ကိစ္စရပ်များ အားလုံးကို တာဝန်ယူရမည် ဖြစ်သည်။ ထို့အပြင် သူတို့သည် အစားအစာနှင့် ငွေကြေးအချို့ကိုလည်း လျော်ကြေးအဖြစ် ပေးလျှော်ရမည် ဖြစ်သည်။

ရှန်ယန်းရွာ ရွာလူကြီး၏ ရာထူးအားလည်း ရုပ်သိမ်းလိုက်လေသည်။ ထိုမိသားစု တစ်ခုလုံးအား ရွာလူကြီး ရာထူးမှ ဆယ်နှစ်တိုင်တိုင် ထမ်းဆောင်ခွင့် မပြုပေ။ မြွေဆိပ်ကြောင့် လေဖြတ်သွားသူများနှင့် အဆိပ်မသင့်သော်လည်း ပြဿနာတွင် ပါဝင်ပတ်သက်သူများ အားလုံးကို ထောင်ဒဏ် ချမှတ်လိုက်လေသည်။

သူတို့သည် နွေဦးရာသီတွင် အလုပ်ရှုပ်နေကြမည် ဖြစ်ကာ ရွာတွင် လူအင်အား မလုံလောက်သည့် အချက်အား ထောက်ထားသောအားဖြင့် နွေဦးပွဲတော် ပြီးမှသာလျှင် ပြစ်ဒဏ်ကျခံခွင့် ပြုလိုက်လေတော့သည်။ သူတို့သည် ထောင်ဒဏ်အစား အလုပ်လုပ်ခွင့်လည်း ရရှိကြလေသည်။

"သူတို့ ကံကောင်းသွားတယ်"

ဟူမိသားစုရွာမှ ရွာသားများသည် ဤရလဒ်အား သိပ်မကျေနပ်ကြသည့် တိုင်အောင် ခရိုင်မှ အရာရှိမင်း ဝေ ကိုယ်တိုင် စီရင်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

. . .

ရှန်ယန်းရွာမှ လူများအား အပြစ်ပေးရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။ သူတို့သည် လျော်ကြေးပေးရမည် ဖြစသည်။ နောက်ထပ် သူတို့တွင် ပြောစရာ ဘာမှ မရှိတော့ချေ။

သို့သော် သူမ ဒေါသထွက်နေဆဲဖြစ်ကာ ရှန်ယန်းရွာမှ လူများအား ထပ်မံ၍ ရိုက်နှက်ချင်နေသေးသည်။ ကံကောင်းစွာဖြင့် ရွာလူကြီးဟူသည် သူမအား ဆက်လက်၍ နှစ်သိမ့်ပေးနေခဲ့သည်။ စီရင်ချက်ချပြီးနောက်တွင် သန်းခေါင်ကျော် ၁၅ မိနစ်ခန့် ရှိနေပြီ ဖြစ်လေသည်။ ကောင်းကင်သည် အလွန် မှောင်မည်းနေခြင်း မရှိသေးသော်လည်း စောတော့ မစောတော့ချေ။

ရွာသို့ အပြေးပြန်ရန်လည်း မဖြစ်နိုင်တော့ပေ။ သဘာဝကျကျပင် သူတို့သည် တည်းခိုခန်းများနှင့် စားသောက်ဆိုင်များတွင် တည်းခိုရန် မတတ်နိုင်ကြပေ။ ထို့ကြောင့် ရိုးရှင်းစွာဖြင့် သူတို့သည် ခရိုင်ရုံးအပြင်ဘက်တွင် ရှိသည့် လမ်းကြားတစ်ခုထဲတွင် ပြွတ်သိပ်ကာ တစ်ညလုံး နေလိုက်ကြလေတော့သည်။

နောက်တစ်နေ့ မနက်တွင် ခရိုင်မြို့ရှိ ဆိုင်များ တစ်ဆိုင်ပြီး တစ်ဆိုင် ပွင့်လာကြကာ ဆိုင်အသီးသီးမှ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ရွာလူကြီးဟူမှ ပြောလိုက်သည်။

"ငါ ဆန်ဆိုင်ကို သွားပြီး ဝယ်စရာ မျိုးစေ့တွေ ရှိသေးလား သွားကြည့်လိုက်ဦးမယ် အိမ်မှာ လုံလုံလောက်လောက် မရှိတော့ဘူး"

သူသည် ခရိုင်မြို့သို့ လာစဉ်တွင် ငွေစ အနည်းငယ် ယူဆောင်လာခဲ့သည်။ အဘွားအိုဝမ်သည်လည်း ငွေစအနည်းငယ် ယူလာခဲ့သေးသည်။ ၎င်းငွေစများအား သမားတော်ဟူ၏ မိသားစုမှ သူမအား ပေးခဲ့ခြင်း ဖြစ်ပေသည်။

"ရွာလူကြီး ဘယ်လို အစားအစာ ဖြစ်ဖြစ် တွေ့ရင် ကျွန်မတို့အတွက် ကျင်း ၂၀ လောက် ယူလာပေးပါ ပြန်ရောက်ရင် ပိုက်ဆံပေးပါ့မယ်"

(** ‘ကျင်း’ ဆိုသည်မှာ တရုတ်ပြည်တွင် သုံးသည့် အလေးချိန်အား ဆိုလိုခြင်း ဖြစ်သည်။ ၁ကျင်း တွင် ၅၀၀- ၆၀၀ဂရမ် (မြန်မာ အလေးချိန် ၃၀-၄၀ကျပ်သားခန့်) ရှိသည်။)

. . .

ရွာလူကြီးဟူမှ ခေါင်းညိတ်လိုက်လေသည်။

"ရပါတယ် ကိစ္စ မရှိပါဘူး”

ဤသည်မှာ လမ်းကြုံ၍ ကူညီပေးရသည့် သာမာန် ကိစ္စလေး တစ်ခုသာ ဖြစ်သည် မဟုတ်လော။ အခြားရွာသား လေးဦးသည်လည်း မျိုးစေ့များ ဝယ်ယူလိုကြောင်းနှင့် ရွာလူကြီးဟူထံမှ ငွေအချို့ ချေးလိုကြောင်း ပြောကြလေသည်။ ရွာလူကြီးဟူသည် သူတို့အား ဆန်ဆိုင်သို့ ခေါ်ဆောင် သွားခဲ့သည်။

အဘွားအိုဝမ်သည် အားယွီလေးအတွက် တစ်ခုခု ဝယ်ပေးရန် စီစဉ်ထားသဖြင့် အခြားလမ်းတစ်ခုသို့ ထွက်လာခဲ့လိုက်လေသည်။

သူမ လမ်းထိပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ပါဆယ်ထုပ် နှစ်ထုပ်အား ကိုင်ဆောင်ထားသည့် ကျောင်းကျန်းအား တွေ့လိုက်ရလေသည်။ ကျောင်းကျန်းသည် အဘွားအိုဝမ်အား မြင်လိုက်ချိန်တွင် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့လေသည်။

"အဘွား ခဏလောက် စောင့်ပါဦး"

All Chapters