← Chapters

ကန်ဝူနန်းဆောင်

Vol. 11 Ch. 102

ကန်ဝူနန်းဆောင်

Vol. 11 Ch. 102

လီချင်းချိုးကလည်း လီရန်၏ နဂါးဝိညာဉ် အပေါ် အမှန်တကယ် စိတ်ဝင်စားနေသည်။ လီရန်ကို သရုပ်ပြခိုင်းလိုက်တော့ နဂါးဝိညာဉ်က လီရန်၏ ချီစွမ်းအင်နှင့် မူလချီကို မြှင့်တင်ပေးနိုင်ပြီး လက်တွေ့တိုက်ပွဲတွင် အနည်းဆုံး သုံးဆခန့် သက်ရောက်မှု ရှိကြောင်း တွေ့ရှိလိုက်ရသည်။

လီရန်၏ ကျင့်ကြံခြင်း အဆင့် တိုးတက်လာသည်နှင့်အမျှ နဂါးဝိညာဉ်၏ စွမ်းအားလည်း တိုးပွားလာမည် ဖြစ်ပြီး အကန့်အသတ်မဲ့ အလားအလာ ရှိနေသည်။

အသေအချာ စဉ်းစားပြီးနောက် လီချင်းချိုးက လီရန်ကို ကောင်းကင်လျှပ်စီး ခြေလှမ်း သင်ပေးရန် ဆုံးဖြတ်လိုက်သည်။

ကောင်းကင်လျှပ်စီး ခြေလှမ်းက တိုက်ခိုက်ခြင်းနှင့် ခံစစ် နှစ်မျိုးစလုံး ပါဝင်ပြီး လက်တွေ့တိုက်ပွဲတွင် များစွာအသုံးဝင်ပေသည်။ လီရန်က လျှပ်စီးဓာတ် ပါရမီ မမြင့်မားသော်လည်း ထိုပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ပါက သူ့စွမ်းအားကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

နာရီဝက် ကြာပြီးနောက် လီရန် ကျေနပ်စွာ ထွက်ခွာသွားခဲ့သည်။

ထို့နောက် လီချင်းချိုးက ရှုပ်ထွေးသော အမူအရာဖြင့် လျှောက်လာနေသော ချိုင်ယွင်ရှန်းကို လက်ပြလိုက်သည်။

လီရန်၏ ကျင့်ကြံမှုကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ ပါရမီက လီရန်နှင့် ယှဉ်လျှင် များစွာ နိမ့်ကျကြောင်း ဝန်ခံလိုက်ရသည်။ ဂိုဏ်းချုပ်ထံမှ လမ်းညွှန်မှု ခံယူနေခြင်းက ဂိုဏ်းချုပ်နှင့် ချင်းရှောင်ဂိုဏ်းကို နှောင့်နှေးစေသည်ဟု ရုတ်တရက် သူမ ခံစားလိုက်ရသည်။

ဂိုဏ်းချုပ်ရဲ့ အချိန်တွေက တန်ဖိုးရှိတယ်... ချင်းရှောင်ဂိုဏ်းမှာလည်း ပါရမီရှင်တွေ အများကြီး ရှိတယ်... ဒီလို အရင်းအမြစ်တွေကို သူမ မဖြုန်းတီးသင့်ဘူး...

သူမ စကားပြောရန် ပြင်လိုက်စဉ် လီချင်းချိုးက….

"မင်းရဲ့ အလားအလာက ဒီထက်မက ကြီးမားပါတယ်... မင်းရဲ့ ပါရမီ အမှန်တကယ် မနိုးထသေးဘူးဆိုတာ ငါ မြင်နေရတယ်... အချိန်တန်ရင် မင်းက ဂိုဏ်းရဲ့ အသန်မာဆုံးလူ ဖြစ်လာနိုင်တယ်..."

ထိုစကားကို ကြားသောအခါ ချိုင်ယွင်ရှန်း မျက်လုံး ပြူးကျယ်သွားပြီး ကြီးမားသော စွမ်းအားတစ်ခု သူမခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲထွက်ပေါ်လာသည်။

ထိုအခါ သူမ၏ စိတ်ပျက်မှုများ ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားမှု အစားထိုး ဝင်ရောက်လာခဲ့သည်။

သူမ လီချင်းချိုး၏ ဆုံးဖြတ်ချက်ကို ယုံကြည်သည်။ ဂိုဏ်းချုပ်က လူများ၏ ဖုံးကွယ်နေသော ပါရမီများကို မြင်နိုင်စွမ်းရှိကြောင်း ဂိုဏ်းသားတိုင်း သိကြပြီး တပည့်များစွာကို ရှာဖွေတွေ့ရှိကာ တောက်ပစေခဲ့သည်။

ထို့နောက် လီချင်းချိုးက သူမကို ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ် ပညာကို ဆက်လက် သင်ကြားပေးလိုက်သည်။

...

နေဝင်ဆည်းဆာချိန် ရောက်ရှိလာပြီး မိုးကုပ်စက်ဝိုင်းတွင် နေမင်း တွဲခိုနေချိန်၌ ကျန်းယန်ဧကရာဇ်မြို့တော်ဆီ ထူးခြားသော အငွေ့အသက်ကို ဆောင်ကြဉ်းလာခဲ့ချေပြီ….

အိမ်ရှေ့စံ၏နန်းဆောင်တွင်း၌….

အိမ်ရှေ့စံမင်းသား ယန်လန်က တာ့လီမင်းဆက်၏ ပုံတူပန်းချီကား ရှေ့တွင် ရပ်နေသည်။ ထိုပုံတူတွင် နဂါးဝတ်ရုံ ဝတ်ဆင်ကာ ဓားကိုင်ထားသော မဟာဘိုးဘေးဧကရာဇ်၏ နောက်တွင် တိုင်းပြည်တည်ထောင်ခဲ့သော မှူးမတ်များနှင့် စစ်သူကြီးများ၏ရုပ်ပုံများပါ တွဲလျက်ရှိနေသည်။

ယခုအချိန်တွင် ယန်လန်၏ နောက်၌ အရာရှိဝတ်စုံ ဝတ်ဆင်ထားသော ပုဂ္ဂိုလ်များ ရပ်နေကြသည်။ သူတို့အားလုံးက နန်းတွင်းမှ ရာထူးကြီး အရာရှိများ ဖြစ်ကြပြီး ရှေ့ဆုံးတွင် အဘိုးအို နှစ်ဦး ရှိနေသည်။ သူတို့နှစ်ယောက်စလုံးက အိုမင်းရင့်ရော်နေသော်လည်း အထက်လူကြီးများ၏ အရှိန်အဝါကို ထုတ်လွှတ်နေကြပြီး မျက်နှာပေါ်ရှိ အညိုရောင် အစက်အပြောက်များက သူတို့ကို ပိုမို ခမ်းနားထည်ဝါစေသည်။

"အိမ်ရှေ့စံ... ဘာကို စောင့်နေတာလဲ... အခု နန်းတော်ကလွဲရင် ကျန်းယန်ဧကရာဇ်မြို့တော်က အစိုးရရုံးတွေ အားလုံး ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါပြီ... အမိန့်တစ်ခွန်း ပေးလိုက်ရုံပါပဲ... ကျွန်တော်တို့ အရှင်မင်းကြီးနောက် လိုက်ပြီး ဧကရာဇ်ကို သွားတွေ့ပါ့မယ်..."

ခမ်းနားထည်ဝါသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက ထိုသို့ပြောလိုက်သည်နှင့် အခြား အရာရှိများကလည်း ထောက်ခံကြသည်။

"ကျွန်တော်တို့ အချိန်ဆွဲလို့ မရတော့ဘူး... အချိန်ဆွဲရင် တစ်ခုခု မှားသွားနိုင်တယ်..."

"ဧကရာဇ်က မိစ္ဆာပညာတွေကို စွဲလမ်းပြီး တိုင်းရေးပြည်ရာတွေကို လစ်လျူရှုထားတယ်... ကျွန်တော်တို့က အချိန်ဆွဲလို့ရပေမဲ့ ပြည်သူတွေကတော့ မရဘူး... နယ်စပ်က စစ်သည်တွေလည်း မရဘူး..."

"ဟုတ်ပါတယ်... မြောက်ဘက်က အရိုင်းအစိုင်းတွေက ကျွန်တော်တို့ကို စောင့်ကြည့်နေကြပြီး တောင်ဘက်က အရိုင်းအစိုင်းတွေကလည်း တောင်ပေါ်ကနေ မကြာခဏ ဆင်းလာနေကြပြီ... တာ့​လီမင်းဆက်က အင်အားကြီးပြီး မပြိုလဲနိုင်ဘူးလို့ ထင်ရပေမဲ့ အရိုင်းအစိုင်းတွေရဲ့ မျက်လုံးထဲမှာတော့ ကျွန်တော်တို့က ဝါးမြိုခံရဖို့ အသင့်ဖြစ်နေတဲ့ အသားတုံးကြီး တစ်တုံး ဖြစ်နေပြီ..."

"တိုင်းပြည်အတွက် အိမ်ရှေ့စံ တွေဝေနေလို့ မဖြစ်တော့ပါဘူး..."

အခန်းထဲရှိ အရာရှိများ ပိုမို စိတ်လှုပ်ရှားလာကြပြီဖြစ်သည်။ ပုန်ကန်ရန် ဆုံးဖြတ်ခဲ့သည်မှာ တစ်လကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ယန်လန် ဆက်လက် တွန့်ဆုတ်နေခြင်းက သူတို့အတွက် အဓိပ္ပာယ် မရှိချေ။

ဒီနေ့ ယန်လန် ပုန်ကန်ဖို့ ငြင်းဆန်ရင်တောင် သူတို့ သဘောတူမှာ မဟုတ်တော့ပေ။

ယန်လန် ဖြည်းဖြည်းချင်း လှည့်လာကြည့်လိုက်တော့ နေဝင်ဆည်းဆာ အလင်းရောင်က အခန်းထဲသို့ ဖြာကျနေပြီး သူက အရိပ်ထဲတွင် ရှိနေသဖြင့် သူ့မျက်နှာထားကို မမြင်ရပေ။

"အမိန့်ပေးလိုက်... တပ်တွေကို ပြင်ဆင်ထားပါ... ည ၇ နာရီကစပြီး နန်းတော်တံခါးမကြီးကို တိုက်ခိုက်ပြီး ကန်ဝူနန်းဆောင်ဆီ တန်းတန်းမတ်မတ် သွားမယ်..."

ယန်လန်၏ အသံထွက်ပေါ်လာပြီး လေသံက ရေခဲတမျှ အေးစက်နေသည်။

ထိုစကားကို ကြားသောအခါ အရာရှိများ အားလုံး ဝမ်းသာအားရ ဖြစ်သွားကြပြီး အမိန့်ကို လက်ခံလိုက်ကြသည်။

ယန်လန် အရိပ်ထဲမှ ထွက်လာတော့မှသာ သူ့မျက်နှာထားက အေးစက်နေပြီး မျက်လုံးထဲတွင် ပြတ်သားသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကို တွေ့မြင်ရပေသည်။

အရာရှိများ အားလုံး သူ့နောက်မှ လိုက်ပါလာကြပြီး တံခါးခုံကို အတူတကွ ကျော်ဖြတ်လိုက်ကြရာ ငြိမ်သက်နေသော ရေကန်ပြင်ကို ရိုက်ခတ်လိုက်သကဲ့သို့ နှင်းပွင့်များ လွင့်ပျံလာကြသည်။

နေမင်းကြီး အနောက်ဘက် မြို့ရိုးနောက်သို့ တဖြည်းဖြည်း ဝင်ရောက်သွားသောအခါ ကျန်းယန်ဧကရာဇ်မြို့တော်သည်လည်း အမှောင်ထုထဲသို့ ကျရောက်သွားသည်။

သံချပ်ကာ ဝတ်ဆင်ထားသော မြင်းတပ်များ လမ်းမများပေါ်တွင် ဒုန်းစိုင်းစီးနင်းလာကြပြီး နန်းတော်သို့ လျင်မြန်စွာ ဦးတည်သွားကြသည်။ လမ်းတစ်လျှောက်ရှိ သာမန်ပြည်သူများနှင့် ကုန်သည်များက အန္တရာယ်ကို သိရှိကြသဖြင့် တံခါးများနှင့် ပြတင်းပေါက်များကို အမြန် ပိတ်လိုက်ကြသည်။

တာ့​လီမင်းဆက်တွင် ခေတ်ပြောင်းတော့မည်...

နေထွက်လာသောအခါ မဟာလီမင်းဆက်၌ ကြီးမားသော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်နေပေလိမ့်မည်။

ဝုန်း...

နန်းတော်တံခါးမကြီး ပေါက်ကွဲပွင့်ထွက်သွားပြီး လှံရှည်ကိုင်ဆောင်ထားသော မြင်းတပ်သားများက ကျိုင်းကောင်အုပ်ကြီး မြစ်ကူးသကဲ့သို့ ဝင်ရောက်လာကြပြီး သူတို့၏ မြင်းခွာသံများက နန်းတော်အတွင်းရှိ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သည်။

ထိုအခါ ရှေ့ရှိ အတွင်းပိုင်း မြို့ရိုးပေါ်တွင် အဖြူရောင် ဝတ်ဆင်ထားသော ပုံရိပ်များ ပေါ်လာကြပြီး တစ်ယောက်စီ၏ ခါးတွင် ဓားတစ်လက်စီ ချိတ်ဆွဲထားကြသည်။ သူတို့အားလုံး ငွေရောင် မျက်နှာဖုံးများ တပ်ဆင်ထားကြပြီး မြင်းတပ်များ ဝင်ရောက်လာသည်နှင့် ဓားများကို ဆွဲထုတ်လိုက်ကြသည်။

"ရိုင်းစိုင်းလိုက်တာ... နန်းတော်ထဲကို အတင်းအဓမ္မ ဝင်ရောက်တာက သေမှုသေဒဏ်ပဲ... မင်းတို့ ခေါင်းမာနေရင် မင်းတို့ မိသားစု တစ်ခုလုံး အသတ်ခံရလိမ့်မယ်..."

အဖြူရောင် ပုံရိပ်များအနက် တစ်ယောက်က အော်ဟစ်လိုက်ခြင်းဖြစ်ပြီး သူ့အသံက မိုးခြိမ်းသံအလား နန်းတော် ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။ ကံဆိုးစွာဖြင့် မြင်းတပ်များက ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် တိုက်ခိုက် ဝင်ရောက်လာကြသည်။

ထိုအဖြစ်ကို မြင်သောအခါ အတွင်းပိုင်း မြို့ရိုးပေါ်ရှိ အဖြူရောင် ဝတ်စုံနှင့် လူများ အားလုံး ခုန်ဆင်းလိုက်ကြရာ ကြိုးကြာဖြူများ ဆင်းသက်လာသည့်နှယ် လှိုင်းလုံးဖြူများ လွှမ်းမိုးသွားသကဲ့သို့ ရှိနေသည်။

ရာပေါင်းများစွာသော မြင်းတပ်သားများနှင့် အဖြူရောင် ဝတ်စုံနှင့်လူများ လျင်မြန်စွာ ထိပ်တိုက် တွေ့ကြပြီး လက်နက်ချင်း ထိခိုက်သံများကြောင့် နန်းတော်ကြီးတခုလုံး လျင်မြန်စွာ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။

ထိုစဉ် ယန်လန်သည်လည်း နန်းတော်တံခါးမကြီး အောက်မှ ထွက်လာခဲ့သည်။ ယခု သူသည် ခရမ်းရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထားသည်။ ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်များက သူ့ဘေးတစ်ဖက်တစ်ချက်စီမှ လှမ်းဝင်လာကြပြီး မီးရှူးတိုင်များကို ကိုင်ဆောင်ထားကြကာ အရာရှိများလည်း သူ့နောက်မှ လိုက်ပါလာကြသည်။

"လီစစ်..."

ယန်လန် ရှေ့ဆက်လျှောက်ရင်း ခေါ်လိုက်တော့

"ရှိပါတယ်..."

သူ့နောက်မှ အရာရှိ တစ်ဦးက ချက်ချင်း ပြန်ထူးလိုက်သည်။

"မင်းလူတွေကို ဘယ်ဘက် အစောင့်လမ်းကြားကနေ တက်သွားခိုင်းလိုက်... ဘယ်သူ့ကိုမှ နန်းတော်ကနေ ထွက်ပြေးခွင့် မပေးနဲ့..."

"အမိန့်တော်အတိုင်းပါ..."

"လော်ယွီကျန်း..."

"ရှိပါတယ်..."

"မင်းရဲ့ အစောင့်တွေကို ညာဘက်ကနေ လွှတ်လိုက်... နန်းဆောင်တိုင်းကို စစ်ဆေးပြီး ဖမ်းဆီးထားတဲ့ ကလေးတွေနဲ့ သိုင်းလောက အကျဉ်းသားတွေကိုရှာ..."

"အမိန့်တော်အတိုင်းပါ..."

ယန်လန် ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားရင်း အမိန့်များကို ဆက်တိုက် ပေးနေသည်။ သူ့နောက်တွင် လူအုပ်ကြီး အဆက်မပြတ် ဝင်ရောက်လာပြီး ခြေသံများ ပိုမို ကျယ်လောင်လာသည်။

မကြာမီ ယန်လန်တို့တွေ ရှုပ်ထွေးနေသော နန်းတော်လမ်းမပေါ်သို့ ရောက်ရှိလာသည်။ သူ့ပတ်ဝန်းကျင်ရှိ တိုက်ပွဲများကို လစ်လျူရှုထားပြီး သူ့ကိုယ်ပေါ်သို့ သွေးများ စင်လာလျှင်ပင်၊ ခြေရင်းတွင် ပြတ်နေသော လက်များ ရှိနေလျှင်ပင် သူ့မျက်လုံးများက အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိပေ။

သူ အတွင်းပိုင်း မြို့ရိုးတံခါးကို ဖြတ်သန်းသွားသောအခါ ပုံရိပ်တစ်ခု ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ဓားရှည်ကို ဝှေ့ယမ်းကာ သူ့ခေါင်းကို ဖြတ်ရန် ကြိုးစားလိုက်သည်။

ဓားအလင်းရောင် တစ်ချက် လက်သွားပြီး ယန်လန်၏ နောက်ကျောဘက်မှ အခြား ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ အပေါ်သို့ ပင့်ခုတ်လိုက်သဖြင့် ဓားချီစွမ်းအင်များ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး တိုက်ခိုက်သူကို လွင့်စင်သွားစေသလို အတွင်းပိုင်း မြို့ရိုးကိုလည်း ထိတ်လန့်ဖွယ်ရာ အက်ကွဲကြောင်းကြီး ဖြစ်ပေါ်စေခဲ့သည်။

ကောင်းကင်ကာကွယ်ရေး အစောင့်တပ်သားများ သူ့နောက်တွင် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ သူတို့အားလုံး အနက်ရောင် ပိုးသားဝတ်ရုံများကို ဝတ်ဆင်ထားပြီး ဓားများ ကိုင်ဆောင်ကာ ခါးတွင် ဓားများ ချိတ်ဆွဲထားကြသည်။ ယန်လန်၏ ရှေ့ရှိ ရန်သူများကို သတ်ဖြတ်ရန် ဘေးနှစ်ဖက်သို့ အမြန် ပြေးထွက်သွားကြသည်။

ယန်လန်၏ အကြည့်က အဝေးမှ ခမ်းနားထည်ဝါသော နန်းဆောင်ကြီးအပေါ် ကျရောက်သွားသည်။ ထိုနေရာကနန်းတော်ဝင်း အတွင်းတွင် အမြင့်ဆုံး နန်းဆောင် ဖြစ်ပြီး မှူးမတ်များနှင့် ဧကရာဇ် တွေ့ဆုံရာ နေရာ ဖြစ်သည်။

ကန်ဝူနန်းဆောင်!

ညရောက်လာပြီး နှင်းများ ကျဆင်းလာချိန်တွင် ကန်ဝူနန်းဆောင်က အမှောင်ထုထဲတွင် ကြောက်မက်ဖွယ် နတ်ဆိုးကြီး တစ်ကောင်အလား ပေါ်ထွက်နေပြီး ဖိနှိပ်ချုပ်ခြယ်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

နန်းတွင်းအစောင့်များနှင့် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူများ ဆက်လက် တိုက်ခိုက်နေကြသော်လည်း မည်သူမျှ ယန်လန်အနားသို့ မကပ်နိုင်ကြပေ။ ရာပေါင်းများစွာသော ကောင်းကင်ကာကွယ်ရေး အစောင့်တပ်သားများ သူ့ကို ဝိုင်းရံထားပြီး ရှေ့သို့ ခေါ်ဆောင်သွားကြသည်။

ကျာယီသည်လည်း ထိုအထဲတွင် ပါဝင်ပြီး မျက်နှာထား တင်းမာနေကာ ရင်ထဲတွင် နောင်တများ ပြည့်နှက်နေသည်။

"ဒီစစ်ဆင်ရေး အောင်မြင်မှ ဖြစ်မယ်... မဟုတ်ရင် အကျိုးဆက်က တွေးရဲစရာ မရှိဘူး..."

ကျာယီ အံကြိတ်လိုက်ပြီး ဓားကို အမြန် ဝှေ့ယမ်းကာ မိန်းမစိုး တစ်ယောက်ကို သတ်ဖြတ်လိုက်သည်။

ယန်လန်၏ ခြေလှမ်းများမှာ မမြန်လွန်း မနှေးလွန်း ရှိပြီး ခြေလှမ်းတိုင်းက အားအင်ပြည့်ဝနေကာ ယခင်လို ဖျားနာနေသူ ပုံစံမျိုး မဟုတ်တော့ပေ။ သို့သော်လည်း တစ်မိုင်ခန့် လျှောက်ပြီးသောအခါ မနေနိုင်ဘဲ ချောင်းဆိုးလိုက်မိသည်။

ချောင်းဆိုးနေသော်လည်း ခြေလှမ်းများကို မရပ်တန့်ပေ။ နောက်မှ လိုက်ပါလာသော အရာရှိများကလည်း သူ့ကျန်းမာရေးကို ဂရုမစိုက်ဘဲ လိုက်ပါလာကြသည်။

နန်းတော်တံခါးများကို ဖြတ်သန်းလာပြီးနောက် သူတို့၏ မြင်ကွင်း ရုတ်တရက် ကျယ်ပြန့်သွားပြီး ကန်ဝူနန်းဆောင်သို့ ဦးတည်နေသော ရှည်လျားသည့် အဖြူရောင် ကျောက်သား လှေကားထစ်များ ရှိသည့် ရင်ပြင်ကျယ်ကြီးသို့ ရောက်ရှိသွားသည်။

ကန်ဝူနန်းဆောင် ရှေ့တွင် ပုံရိပ် ၉ ခု ရပ်နေကာ အားလုံး အနက်ရောင် ဝတ်ဆင်ထားပြီး နတ်ဆိုးမျက်နှာဖုံးများ တပ်ဆင်ကာ မတူညီသော လက်နက်များကို ကိုင်ဆောင်ထားကြသည်။

ကျာယီ ထို ၉ ယောက်ကို မှတ်မိလိုက်သဖြင့် မျက်နှာထား ပြောင်းလဲသွားသည်။

ကျင်းဝူအစောင့်တပ်!

"သတ်..."

အဆင့်မြင့် ကောင်းကင်ကာကွယ်ရေး အစောင့်တပ်သား တစ်ဦးက အော်ဟစ်လိုက်ပြီး ရှေ့သို့ အမြန် ပြေးထွက်သွားသောအခါ အခြား ကောင်းကင်ကာကွယ်ရေး အစောင့်တပ်သားများလည်း မြားမိုးရွာသကဲ့သို့ ရှည်လျားသော အဖြူရောင် ကျောက်သား လှေကားထစ်များပေါ်သို့ ပြေးတက်သွားကြသည်။

အဝေးတစ်နေရာ၌…….

မြို့တော်ရှိ အဆောက်အအုံ မြင့်မြင့် တစ်ခု၏ ခေါင်မိုးပေါ်တွင် အနက်ရောင် ဝတ်ဆင်ထားသော လူနှစ်ဦး ယှဉ်တွဲ ရပ်နေကြသည်။ သူတို့နှစ်ယောက်စလုံး ကောက်ရိုးခမောက်များ ဆောင်းထားပြီး အနက်ရောင် မျက်နှာဖုံးစများ တပ်ဆင်ထားသဖြင့် မျက်လုံးများကိုသာ မြင်ရသည်။ သို့သော် သူတို့၏ ပုံသဏ္ဍာန်က အမျိုးသားနှင့် အမျိုးသမီး ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေသည်။

အမျိုးသားက ဓားကိုင်ထားပြီး အမျိုးသမီးကလည်း ဓားကိုင်ထားသည်။ သို့သော် သူမ၏ ကျောဘက်တွင် အနက်ရောင် အဝတ်ဖြင့် ပတ်ထားသော တုတ်ချောင်းနှင့်တူသည့် အရာဝတ္ထုတစ်ခု ပါရှိသည်။

သူတို့ကား ကျန်းကျောက်ရှားနှင့် ရွှီနင် တို့ပင် ဖြစ်သည်။

သူတို့၏ အကြည့်နောက်သို့ လိုက်ကြည့်ပါက အဝေးမှ နန်းတော်တခုလုံး မီးလောင်နေပြီ ဖြစ်ပြီး နန်းတော်ပတ်ဝန်းကျင်ရှိ လမ်းများပေါ်တွင် စစ်သားများ ပြည့်နှက်နေသဖြင့် လှုပ်ရှား၍ မရနိုင်ကြောင်း တွေ့မြင်ရပေမည်။

"တော်တော် ကြီးကျယ်တဲ့ မြင်ကွင်းပဲ... အိမ်ရှေ့စံ နိုင်မယ့်ပုံပဲ..."

ရွှီနင်းက တည်ငြိမ်စွာ မှတ်ချက်ပြုလိုက်သဖြင့် ကျန်းကျောက်ရှားက….

"အိမ်ရှေ့စံက နန်းတော်ကို ပိတ်ဆို့ထားတာ တစ်လရှိပြီ... ဧကရာဇ်ဘက်က လက်တုံ့ပြန်တာမျိုး မရှိသေးဘူး... သူ လှုပ်ရှားပြီးတာ ဖြစ်နိုင်သလို တစ်ခုခု ကြံစည်နေတာလည်း ဖြစ်နိုင်တယ်... ငါတို့ နန်းတော်ထဲ ဝင်ကြည့်သင့်တယ်..."

ရွှီနင်း ခေါင်းညိတ်လိုက်သည်။ ဆရာသခင်ပေးသော တာဝန်ကို မထမ်းဆောင်ရသည်မှာ ကြာပြီ ဖြစ်ရာ ဒီတစ်ခါ ပြီးမြောက်အောင် ဆောင်ရွက်ရမည်။

ထို့နောက် သူတို့နှစ်ဦး လေထဲသို့ ခုန်တက်လိုက်ပြီး ကျယ်ပြောလှသော ညအမှောင်ထုထဲသို့ ပျောက်ကွယ်သွားကြသည်။

...

ဝုန်း...

ကန်ဝူနန်းဆောင် တံခါးကို ကန်ဖွင့်လိုက်ပြီး ကျင်းဝူအစောင့်တပ်သား တစ်ဦး အပြင်ဘက်မှ လွင့်ဝင်လာကာ လေထဲတွင် ဂျွမ်းထိုးသွားသည်။ သူ မြေကြီးပေါ်သို့ ကျသောအခါ ဓားကို မြေကြီးပေါ်တွင် ထောက်ထားသော်လည်း နှစ်ကျန်းခန့် (၆.၆ မီတာခန့်) နောက်သို့ လျှောတိုက်ပါသွားသေးသည်။

ကောင်းကင်ကာကွယ်ရေး အစောင့်တပ်သားများ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်လာကြပြီး ယန်လန်ကလည်း သူတို့ နောက်မှ လိုက်ပါလာကြသည်။ တောက်ပသော လမင်းကြီးက သူ့ခေါင်းပေါ်တွင် မြင့်မားစွာ တည်ရှိနေပြီး သူ့အရိပ်ကို ခန်းမထဲသို့ ရှည်လျားစွာ ကျရောက်စေသည်။

လဲကျသွားသော ကျင်းဝူအစောင့်တပ်သားက မတ်တတ်ပြန်ရပ်ပြီးနောက် အသက်ပြင်းပြင်း ရှူနေပြီး ဓားကို ဆုပ်ကိုင်ထားသော လက်များ တုန်ရီနေသည်။

ထိုကျင်းဝူအစောင့်တပ်သားကို လစ်လျူရှုပြီး ယန်လန်က သူ့နောက်မှ အမှောင်ထုထဲသို့ အကြည့်ပို့လိုက်သည်။ ထိုနေရာတွင် နဂါးပလ္လင်ပေါ်၌ ပုံရိပ်တစ်ခု ထိုင်နေပြီး ခန္ဓာကိုယ်ကလည်း အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

"ခမည်းတော်... ကျွန်တော် ခမည်းတော်ရဲ့ ရာဇပလ္လင်ကို လာယူတာပါ... ပြီးတော့ ခမည်းတော်ကို မင်းဆက် တည်ထောင်ပြီးကတည်းက ပထမဆုံး အနားယူတဲ့ ဧကရာဇ် ဖြစ်အောင် ကူညီပေးမလို့ပါ..."

ယန်လန်၏ လေသံက အေးစက်နေသော်လည်း ခိုင်မာပြတ်သားနေသည်။

သူ ခြေလှမ်း ရပ်တန့်လိုက်တော့ ဒါဇင်ပေါင်းများစွာသော ကောင်းကင်ကာကွယ်ရေး အစောင့်တပ်သားများ သူ့ရှေ့တွင် ရပ်နေပြီး သုံးတန်းစီထားကာ သူ့နောက်တွင် အရာရှိများနှင့် သူတို့၏ ကိုယ်ရံတော်များ၊ အစောင့်များ ရှိနေကြသည်။

မှောင်မိုက်နေသော နေရာမှ မောဟိုက်သံ သဲ့သဲ့ ထွက်ပေါ်လာရာ ရက်စက်သော နဂါးတစ်ကောင် နိုးထလာသကဲ့သို့ ရှိနေသည်။

"ဟုတ်တာပေါ့... ငါ ဒီနေ့ကို စောင့်နေတာ ကြာလှပြီ... မင်းက အဲဒီတုန်းက ငါနဲ့ တော်တော် တူတာပဲ... အဲဒီတုန်းက ငါလည်း ကန်ဝူနန်းဆောင်ထဲ ဝင်လာပြီး ငါ့အစ်ကိုကို နန်းစွန့်ခိုင်းခဲ့တာ... မင်းလိုပဲပေါ့..."

အမှောင်ထဲမှ အက်ကွဲသောအသံ ထွက်ပေါ်လာတော့ ထိုစကားကို ကြားသောအခါ ယန်လန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အမြင်တွင် ထိုသမိုင်းကာလက အရှက်ရစရာဖြစ်ပြီး ညီအစ်ကိုချင်း သတ်ဖြတ်ခြင်းက သမိုင်းစာအုပ်များတွင် ကျောက်မိသားစု၏ မှတ်တမ်းအပေါ် အမည်းစက် ဖြစ်စေမည်မှာ သေချာသည်။

"အဲဒီတုန်းက ငါ့အစ်ကိုကြီးက အချိန်မနှောင်းခင် နောက်ပြန်လှည့်ဖို့ ငါ့ကို အကြံပေးခဲ့တယ်... ဒါပေမဲ့ သူက တကယ်တမ်းကျတော့ ဒီနန်းတော်ထဲမှာ ခြုံခိုတိုက်ခိုက်မှုတွေ အများကြီး စီစဉ်ထားတာ..."

ဧကရာဇ်၏ အသံ ထပ်မံ ထွက်ပေါ်လာပြီးနောက် ကျင်းဝူအစောင့်တပ်သားများ ခန်းမ၏ ဘေးနှစ်ဖက်ရှိ အမှောင်ထဲမှ ထွက်ပေါ်လာကြသည်။

လျှို့ဝှက်မြို့စားမင်းလည်း နဂါးပလ္လင် ရှေ့ရှိ လှေကားထစ်များပေါ်တွင် ပေါ်လာပြီး သူ့မျက်လုံးများက အမှောင်ထဲတွင် အေးစက်စွာ တောက်ပနေသည်။

All Chapters