← Chapters

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း (၄၄၅) ကောင်းကင်ပေါ်မှ ငှက်များ

ယိရှီသည် ပုံမှန်ဆိုလျှင် စိုက်ခင်းသို့လာလေ့ မရှိပါ။ အခုရောက်လာခြင်းမှာ သီးနှံအထွက်နှုန်းကို လာစစ်ဆေးခြင်း ဖြစ်ပါသည်။ သီးနှံအထွက်နှုန်းမကောင်းရသည့် အထဲတွင်၊ စာရင်းလိမ်သူများ ရှိလာပါက၊ အခြေအနေပိုဆိုးသွားမည် ဖြစ်သည်။ သို့သော် ယိရှီတွင် မိသားစုနှင့် မသက်ဆိုင်သော အကြောင်းတစ်ခုလည်း ရှိပါသေးသည်။ သူသည် ရိတ်သိမ်းချိန်ရောက်လာလျှင် အပိုဝင်ငွေရှာလေ့ရှိပါသည်။

လူတိုင်းသည် သူ့လို တွက်ချက်မှုများ မလုပ်နိုင်ပါ။ ထို့ကြောင့် သူသည် အိမ်နီးချင်း တစ်ယောက်ကို ကူညီရင်းနှင့် မြေပိုင်ရှင်များကြား နာမည်ကျော်လာသူ ဖြစ်သည်။ ကိုယ့်စိုက်ခင်းမှ သီးနှံအထွက်နှုန်းများကို ကိုယ်တိုင် မစစ်ဆေးနိုင်သော မြေပိုင်ရှင်များက ယိရှီကို ငှားရပါသည်။ယိရှီသည် အလုပ်လုပ်ရာတွင် လျင်မြန်သလို၊

စေ့စပ်သေချာမှုလည်း ရှိပါသည်။ထိုအတွက် ယိရှီက အခကြေးငွေယူပါသည်။ သူ့ကြောင့် မြေပိုင်ရှင်များ အချိန်ကုန်သက်သာရသလို စာရင်းများကို လိမ်သော လူလိမ်များကိုလည်း ဖော်ထုတ်နိုင်ပါသည်။ ယိရှီလည်း အကျိုးရှိသလို မြေပိုင်ရှင်များလည်း အကျိုးရှိပါသည်။

မုမိန်းကလေးသည် ယိရှီ၏ ဝင်ငွေရပေါက်တစ်ခုဖြစ်သည်။ သူမသည် ထိုနားတွင် နေသော မြေပိုင်ရှင်တစ်ယောက် ဖြစ်ပါသည်။ မုမိန်းကလေးထွက်ခွာသွားပြီး သိပ်မကြာခင်၊ လူတစ်ယောက်ထပ်ရောက်ပါသည်။ ထို့ကြောင့် ယိရှီသည် ထိုအလုပ်ကို လုပ်ခြင်းဖြစ်ပါသည်။ သူသည် အေးဆေးထိုင်နေပြီး၊ အလုပ်များကို လက်ခံရုံပင်။

ကျိကျွီသည် ယိရှီ၏ စိုက်ခင်းတွင် အချိန်ကြာကြာမနေပါ။ ရေတွင်းကို စစ်ဆေးပြီးသောအခါ၊ သူသည် အခြားစိုက်ခင်းများသို့ထွက်ခွာသွားပါသည်။ အခြားစိုက်ခင်းများမှ ရေတွင်းများတွင်

လည်း ရေခမ်းနေပြီဖြစ်သည်။ ယခုအတိုင်း အပူချိန်ဆက်လက်မြင့်တက်နေပါက၊ အားလုံးဒုက္ခရောက်ကုန်မည် ဖြစ်သည်။

အခုအချိန်တွင် ဒုက္ခရောက်သည်မှာ ယိရှီ၏ စိုက်ခင်းလောက်သာ ရှိသေးသော်လည်း၊ နောင်တချိန်တွင် ဒုက္ခရောက်သူ ပိုများလာနိုင်သည်။ ရေသိပ်မလိုအပ်သော အပင်များကို စိုက်မည်ဟု စိတ်ကူးထားသော သူများလည်း၊ ထိုဒုက္ခမှလွတ်မြောက်မည် မဟုတ်ပါ။

ကျိကျွီသည် အပြန်လမ်းတလျှောက်လုံး နှုတ်ဆိတ်လာသည်။ အိမ်တော်ထိန်းက နားမလည်သဖြင့်၊ ရှောက်ရွှမ်က အသံတိုးတိုးဖြင့် ရှင်းပြပါသည်။

အိမ်တော်ထိန်းသည် ရှောက်ရွှမ်ကို ကျေးဇူးတင်စကားပြောလိုက်ပြီး၊ ကျိကျွီအတွက် လက်ဖက်ရည်ယူရန် ကျွန်တစ်ယောက်ကို စေလွှတ်လိုက်ပါသည်။ သူ့သခင်ကျိကျွီသည် သူတို့ကို လစာ ပေးထားသူဖြစ်သည်။ သူသာ

တစ်ခုခုဖြစ်သွားလျှင်၊ အိမ်တော်ထိန်းများ ဒုက္ခရောက်သွားမည် ဖြစ်သည်။

ရှောက်ရွှမ်သိထားသလောက်ဆိုလျှင်၊ ဘုရင့်မြို့တော်နားတွင် မြစ်တစ်မြစ် ရှိပါသည်။ ဆည်မြောင်းများ ဆောက်လုပ်ပြီး မြို့ထဲကို ရေသွင်းပေးသော်လည်း၊ ပြဿနာများ ပျောက်ကွယ်မသွားပါ။ တကယ်တမ်း မိုးခေါင်ရေရှားချိန်ရောက်လာလျှင်၊ ထိုဆည်မြောင်းထဲမှ ရေများသည်လည်း ခမ်းခြောက်သွားမည် ဖြစ်သည်။ ကျိကျွီစိုးရိမ်နေသည်မှာ ထိုအကြောင်းရင်းတစ်ခုတည်း ကြောင့် မဟုတ်နိုင်။ ကျိကျွီတွင် သူ့ကို မပြောချင်သော အခြားအကြောင်းအရာတစ်ခု ရှိပေလိမ့်မည်။

ကျိကျွီက မပြောသောကြောင့် ရှောက်ရွှမ်ကလည်း မမေးတော့ပါ။ သူနှင့် ကွမ်းယီသည် ရက်အတော်ကြာနေပြီး၊ ထောင်ချီရွှေကောက်ပဲသီးနှံများ၊ ဒုတိယအတားအဆီးကို ဖြတ်ကျော်ပုံကို ကြည့်နေပါသည်။ သူတို့ မသိသေးသော သီးနှံများအကြောင်းကို သိလာရသလို၊

အဖိုးတန်မျိုးစေ့များကိုလည်း လက်ဆောင်ရလာပါသည်။ ရှောက်ရွှမ်က အားနာလာသဖြင့်၊ ပြန်ရန် ပြင်ဆင်နေပါသည်။

သို့သော် မပြန်ခင်၊ လုပ်စရာတစ်ခုရှိနေပါသေးသည်။

နောက်တစ်နေ့တွင် ကျိကျွီက အခန်းထဲက အခန်းပြင်မထွက်လာသဖြင့်၊ ရှောက်ရွှမ်သည် တစ်ယောက်တည်းထွက်လာခဲ့သည်။ အစောင့်များကို တွေ့သောအခါ၊ လမ်းခဏလျှောက်မည်ဟု ရှောက်ရွှမ်က ဖြေဆိုလိုက်ပါသည်။ ထိုအခါ အစောင့်များက သူ့ကို မတားတော့ပါ။

ရှောက်ရွှမ်သည် ယိရှီ၏ စိုက်ခင်းသို့ ရောက်သွားပါသည်။

ယိရှီသည် မြေပိုင်ရှင်တစ်ယောက်အတွက် သီးနှံအထွက်နှုန်းများကို တွက်ချက်ပေးနေပါသည်။ ဝန်ဆောင်ခအဖြစ် သူ့ဘေးတွင် သီးနှံငါးအိတ်ရောက်နေပါသည်။

မျက်နှာအဆီပြန်နေသော လူကြီးတစ်ယောက်သည် မျက်နှာကြီးမဲပြီး ပြန်သွားသည်။ စာရင်းများကို စစ်ကြည့်သောအခါ၊ သူ့ကို လိမ်ထားသူရှိကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။

ရှောက်ရွှမ်ရောက်လာသောအခါ၊ ယိရှီက ခင်မင်ရင်းနှီးလိုဟန်မပြဘဲ မော့ကြည့်ပါသည်။ “ဘာကိစ္စရှိလို့လဲ…ဦးရွှေကောက်ပဲသီးနှံကြီးကော ပါမလာဘူးလား”

“ကျွန်တော် မေးစရာလေးတစ်ခု ရှိလို့ပါ” ရှောက်ရွှမ်က ပြောလိုက်သည်။

“ငါက အကျိုးအမြတ်မရရင် ဘာမှမလုပ်ဘူး”

“ဒီပြဿနာကို ဖြေရှင်းနိုင်ရင်၊ ခင်ဗျားအတွက် အကျိုးအမြတ်ရနိုင်ပါတယ်”

ထိုစကားကို ကြားသောအခါ ယိရှီသည် ရှောက်ရွှမ်ကို ကြည့်လိုက်ပြီး “ဘာတွေ တွက်ချက်ပေးရ

မလဲပြောလေ…ဒါမှမဟုတ် ငွေစာရင်းစစ်ပေးရမှာလား” ဟုမေးလိုက်ပါသည်။

“အဲဒါတွေ မဟုတ်ဘူး” ရှောက်ရွှမ်သည် အရောင်ဖျော့ဖျော့ ပိတ်စတစ်ခုကို ဆွဲထုတ်လိုက်သည်။ ပိတ်စပေါ်တွင် စက်ဝိုင်းပုံ၂ခုနှင့် သင်္ကေတများ၊ မျဉ်းကြောင်းများကို ရေးဆွဲထားသည်။ရှောက်ရွှမ်သည် ကုန်းကျားတောင်တန်း၏ နံရံပေါ်တွင် တွေ့ခဲ့သော ပုံများကို ပိတ်စပေါ်သို့ ကူးယူရေးဆွဲထားခြင်း ဖြစ်သည်။ ထိုနံရံပေါ်မှ ပုံများကို ရေးဆွဲခဲ့သူများမှာ ယိမျိုးနွယ်စု၏ ဘိုးဘေးများ ဖြစ်သည်။ ရှောက်ရွှမ်သည် ထိုပုံကြီးများကို ပုံအသေးများဖြင့် ခွဲပြီး အသေးစိတ်ရေးဆွဲပါသည်။ ထိုပုံများကို ပိတ်စပေါ်တွင် ရေးဆွဲပြီးသောအခါ၊ ယိရှီဆီကို ယူလာခြင်း ဖြစ်ပါသည်။

သူသည် ပုံများကို နားမလည်သဖြင့်၊ ပုံများ၏ အဓိပ္ပါယ်ကို နားမလည်ပါ။ ယိရှီသည် အတွက်အချက်တွင် အလွန်တော်သော်လည်း၊ သူသည် ရည်မှန်းချက်ကြီးမားသူ မဟုတ်ပါ။ ကျိကျွီ၏ အိမ်တော်ထိန်းနှင့် စကားပြောပြီး

သည့်နောက်တွင်၊ ယိရှီသည် ယိမိသားစုတွင် သိပ်အရေးပါသူ မဟုတ်ကြောင်း သိလိုက်ရပါသည်။ယိရှီသည် ကံကြမ္မာဟောသည့်ပညာကိုလည်း မတတ်ကျွမ်းသဖြင့်၊ ဘုရင့်မြို့တော်တွင် ဟောပြောခန်း မဖွင့်နိုင်ပါ။ ထို့ကြောင့် သူသည် တွက်ချက်ခြင်းဖြင့်သာ ဝင်ငွေရှာနေရခြင်း ဖြစ်သည်။

ယိရှီသည် ပိတ်စတစ်ခုတည်းကို မြင်ရသောအခါ အံ့ဩသွားသည်။ ပိတ်စတစ်စတည်းဆိုလျှင်တော့ လွယ်လွယ်လေးဖြစ်သည်။

သို့သော် အဝတ်စကို ဖြန့်ကြည့်လိုက်သောအခါ၊ ယိရှီမျက်လုံးပြူးသွားသည်။ ထို့နောက် လျင်မြန်စွာ ခုန်ထလာပြီး “မင်းမှာဘာလို့ ယိမိသားစုရဲ့ လက်စွပ်ပုံတွေရှိနေတာလဲ” ဟုမေးလိုက်ပါသည်။

“ဒါဆို စက်ပိုင်းပုံတွေကို လက်စွပ်ပုံလို့ ခေါ်တာပေါ့

“အဲဒါတွေ အသာထားပါဦး…ဒီပုံရဲ့ အဓိပ္ပါယ်ကို ဘယ်လို ဖော်ရမလဲသာ အရင်ပြောပြပါ” ရှောက်ရွှမ်က ပြောလိုက်ပါသည်။

ယိရှီသည် ရှောက်ရွှမ်ကို စက္ကန့်ပိုင်းမျှ စိုက်ကြည့်ပြီးနောက် စားပွဲပေါ်တွင် ထိုင်ချလိုက်သည်။ ထို့နောက် “မင်းဘာသိချင်တာလဲ…အဖြေကိုလား…မင်းနားလည်မှာ မဟုတ်ပါဘူး”

ရှောက်ရွှမ်က မငြင်းပါ။ သူသည် ပိတ်စပေါ်မှ မျဉ်းကြောင်းများနှင့် ပုံများကိုသာ ညွှန်ပြနေပါသည်။

ယိရှီသည် ငြင်းဆိုမနေတော့ဘဲ၊ ထိုပုံများ၏ အဓိပ္ပါယ်ကို အတိုချုပ် ရှင်းပြလိုက်သည်။ သို့သော် သူရှင်းပြသည့်အထဲတွင် အဓိကလျှို့ဝှက်ချက်များ မပါသလို၊ ပုံများကို အသုံးပြုသည့်နည်းလမ်းကို မပြောပြပါ။ယိမိသားစု၏ ပညာများသည် ပြင်ပသို့ ပေါက်ကြားကုန်သော်လည်း အဓိကလျှို့ဝှက်ချက်များကို နားလည်သူသိပ်မရှိပါ။ ထို့ကြောင့် ယိမိသားစု

သည် သူတို့၏ ပညာများအတွက် ဂုဏ်ယူနေကြခြင်း ဖြစ်ပါသည်။

သို့သော် ရှောက်ရွှမ်က တွက်ချက်သည့် ပုံသေနည်းများကို သိချင်နေပါသည်။ သူသည် ပုံများတွင် ဂဏန်းတချို့ကို အစားထိုးကြည့်ပြီး၊ အဖြေကို ယိရှီအားမေးကြည့်ပါသည်။ ထို့နောက် ကျောက်တံတစ်ချောင်းကို ထုတ်ယူလိုက်ပြီး၊ စားပွဲပေါ်တွင် အဝတ်စတစ်စကို ဖြန့်ခင်းလိုက်ပါသည်။

ယိရှီသည် ပုံကိုကြည့်ပြီးတွက်ချက်နေသလို၊ ရှောက်ရွှမ်ကလည်း အဝတ်စပေါ်တွင် တွက်ချက်နေပါသည်။ သို့သော် ရှောက်ရွှမ်သည် ယိရှီလောက်တော့ မမြန်ပါ။

ယိရှီပြီးသွားပြီးအတော်ကြာမှ၊ ရှောက်ရွှမ်ပြီးသွားလေသည်။

ယိရှီသည် ရှောက်ရွှမ်ကို အံ့ဩစွာကြည့်လိုက်ပြီး ခဲတံကို ဘေးတွင်ချထားလိုက်ပါသည်။

“ပြီးသွားပြီလား”

သာမန်လူတစ်ယောက်ဆိုလျှင် ထိုတွက်ချက်မှုများပြီးဆုံးရန် အချိန်နေ့ဝက်ခန့်ယူ ရမည်ဖြစ်သည်။ ရှောက်ရွှမ်သည် ဘာကြောင့် အလွန်မြန်ဆန်နေသနည်း။

ရှောက်ရွှမ်သည်လည်း ယိရှီကို အထင်ကြီးသွားမိပါသည်။ ရှောက်ရွှမ်သည် အဝတ်စပေါ်တွင် ချတွက်သော်လည်း၊ လက်ချောင်းများနှင့် တွက်သော ယိရှီက ပိုမြန်နေပါသည်။

“ခင်ဗျားအဖြေဘယ်လောက်ရလဲ” ရှောက်ရွှမ်က မေးလိုက်ပါသည်။

ယိရှီက သူ့အဖြေကို ပြလိုက်သည်။

ရှောက်ရွှမ်သည် အဖြေကို ကြည့်လိုက်သောအခါ၊ သူ့အဖြေနှင့် အတူတူပင် ဖြစ်ကြောင်းတွေ့လိုက်ရပါသည်။ သူသည် ယိရှီထက်နှေး

သော်လည်း၊ စက်ဝိုင်းပုံများကို သုံး၍ တွက်ချက်တတ်သွားပြီဖြစ်ပါသည်။

“တကယ် ပြီးသွားတာပဲ” ယိရှီက မယုံနိုင်ဖြစ်နေသည်။ ထိုပုံစံအတိုင်းဆိုလျှင် သူထမင်းငတ်မည့် ကိန်းဆိုက်နေပြီ ဖြစ်သည်။

“ဟုတ်တယ်…ဝန်ဆောင်ခဘယ်လောက်ပေးရမလဲ”

ယိရှီသည် ခဏစဉ်းစားနေပြီး လက်၅ချောင်းထောင်ပြလိုက်သည် “ရွှေရွက်လွှာ၅၀”။

“ဒါပေမဲ့ မင်းဘယ်လိုတွက်လိုက်လဲ ပြောပြရင် ပေးစရာမလိုဘူး” ယိရှီကပြောလိုက်ပါသည်။ “ မင်းတွက်နည်းကို အကြမ်းဖျဉ်းပြောပြကွာ…အသေးစိတ်ပြောစရာ မလိုဘူး”

ရှောက်ရွှမ်ကတော့ ရွှေရွက်လွှာ၅၀ကို စားပွဲပေါ်တွင် တင်လိုက်ပြီး၊ သူ့အဝတ်စကို သိမ်းလိုက်ကာ ထွက်ခွာသွားပါသည်။

“နေပါဦး” ယိရှီက အော်လိုက်သည်။

ရှောက်ရွှမ်သည် ယိရှီက တွက်ချက်နည်းကို မေးမည်ထင်သော်လည်း “ကောင်းကင်မှာ ငှက်ဘယ်နှကောင်ရှိလဲ” ဟုမေးလိုက်သည်။

ရှောက်ရွှမ်က နားမလည်နိုင်ဟန်ဖြင့် “ဘာကိုဆိုလိုတာလဲ” ဟုမေးလိုက်ပါသည်။

“မင်းမကြာခင် စိုက်ခင်းတွေဆီက ပြန်တော့မှာမလား…သတိထားပါ” ယိရှီက ထိုမျှသာ ပြောလိုက်ပါသည်။

“ကျေးဇူးတင်ပါတယ်” ရှောက်ရွှမ်သည် စိုက်ခင်းထဲက ထွက်ခွာလာခဲ့သည်။

ရှောက်ရွှမ်ထွက်သွားသောအခါ ယိရှီသည် အဝတ်စတစ်ခုကို ဆွဲထုတ်လိုက်ပြီး၊ စာစရေးပါတော့သည်။

ရှောက်ရွှမ်သာရှိနေပါက၊ ယိရှီသည် ရှောက်ရွှမ်၏နည်းနှင့်တူသော အမြှောက်၊အစားပုံသေနည်းများကို ချရေးနေခြင်း ဖြစ်ပါသည်။

ယိရှီသည် ရှောက်ရွှမ်တွက်နေသည်ကို ပြောင်းပြန်သာ မြင်လိုက်ရသော်လည်း၊ ပုံသေနည်းများကို ကောင်းမွန်စွာ ပြန်ချရေးနိုင်ပါသည်။ ယိရှီသည် ရှောက်ရွှမ်သုံးသော ဂဏန်းများနှင့် သင်္ကေတများကို မသိပါ။ သို့သော် သူချရေးလိုက်သော တွက်ချက်နည်းများမှာ ရှောက်ရွှမ်၏တွက်ချက်နည်းများနှင့် တူနေပါသည်။

အားလုံးချရေးပြီးသွားသောအခါ၊ ယိရှီသည် ထိုသင်္ကေတများကို ကြည့်ပြီး စဉ်းစားခန်းဝင်နေပါသည်။

“သခင်လေး…အန်းမိသားစုက ဧည့်သည်ရောက်နေတယ်” အိမ်တော်ထိန်းက ပြောလိုက်ပါသည်။

ယိရှီသည် အဝတ်စကို သိမ်းလိုက်ပြီး ဧည့်သည်ကို ဝင်လာခိုင်းရန် အချက်ပြလိုက်

သည်။ ထို့နောက် “ဧည့်သည်ပြန်သွားရင်တော့ တံခါးတွေ ပိတ်လိုက်တော့…ဒီနေ့ ဒီလောက်နဲ့ပဲ နားမည်”

အိမ်တော်ထိန်းကတော့ ယနေ့အတွက် သူရမည့် နေ့တွက်ခများကို တွက်ကြည့်နေပါသည်။

“မနက်ဖြန်ကော ဘယ်လိုလုပ်မလဲ” အိမ်တော်ထိန်းက မေးလိုက်ပါသည်။

“အခြေအနေကြည့်မယ်လေ”

“ကောင်းပါပြီ”

အိမ်တော်ထိန်းသည် ယိရှီ၏ အမိန့်အတိုင်း ယနေ့အတွက် သူအလုပ်နားပြီ ဖြစ်ကြောင်း အသိပေးသော ဆိုင်းဘုတ်ကို ဂိတ်တံခါးတွင် ချိတ်ဆွဲထားလိုက်သည်။ ယိသခင်လေးသည် အနားယူတော့မည်ပင်။ ဘယ်အချိန်တွင် အလုပ်ပြန်စမလဲတော့ မည်သူမှ မသိပေ…။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၄၆) ဓားပြတိုက်ခြင်း

ရှောက်ရွှမ်သည် ကျိကျွီကို နှုတ်ဆက်လိုက်ပြီး၊ မျိုးစေ့များကို ယူကာ ကွမ်းယီနှင့်အတူ ထွက်ခွာလာပါသည်။

ကျိကျွီကတော့ ပြန်လည်ပြီး အိမ်တွင်းအောင်းတော့မည် ဖြစ်ပါသည်။ အိမ်တော်ထိန်းကြီးသည် ရှောက်ရွှမ်အတွက် နွားကြီးများဆွဲသော ရထားလုံးကို ပြင်ဆင်ပေးထားပါသည်။ ဘုရင့်မြို့တော်တွင် လမ်းပန်းဆက်သွယ်ရေးအတွက် နွားများနှင့်ဆွဲသော ရထားလုံးများကို သုံးကြပါသည်။

ထိုနွားရိုင်းကြီးမှာ သာမန်ဆိုလျှင် ကောက်ပဲသီးနှံများ သယ်ယူပို့ဆောင်ရန် အသုံးပြုပါသည်။

“ရထားမောင်းမယ့်လူမပါဘူးလား” ရှောက်ရွှမ်က

အံ့ဩသင့်စွာ မေးလိုက်ပါသည်။

နွားထီးကြီနှင့် ရထားလုံးကိုသာ တွေ့ရပြီး၊ မောင်းမည့်သူကိုတော့ မတွေ့ရပါ။

“ရထားမောင်းမယ့်လူမလိုပါဘူး” အိမ်တော်ထိန်းကြီးက ပြောရင်းနှင့် ပြုံးပြလိုက်သည်။ “ခင်ဗျားတို့၂ယောက်ကို လိုက်ပို့ပြီးရင် သူ့ဟာသူ ပြန်လာလိမ့်မယ်”

“တစ်ယောက်ယောက်က ယူသွားမှာ မစိုးရိမ်ဘူးလား”

“ဘယ်သူက ယူရဲမှာလဲ.” အိမ်တော်ထိန်းက စိတ်ချလက်ချပြောလိုက်ပါသည်။ “ ရထားလုံးပေါ်မှာ ရွှေကောက်ပဲသီးနှံစိုက်ခင်းတံဆိပ်ပါတယ်…နွားကြီးက လမ်းပျောက်နေရင်တောင် လိုက်ပို့ချင်တဲ့လူတွေက အများကြီး…ရထားလုံးနဲ့နွားကို ဘယ်သူမှ မယူပါဘူး”။

နွားကြီးကလည်း အိမ်တော်ထိန်း၏ စကားကို ထောက်ခံသည့်အနေဖြင့်၊ “ဝူး”ဟုအော်လိုက်လေသည်။

“ကောင်းပါပြီ…ကျေးဇူးတင်ပါတယ်”

ထို့နောက် ရှောက်ရွှမ်နှင့် ကွမ်းယီတို့သည် ရထားလုံးပေါ်တက်လိုက်ကြသည်။ ထို့နောက် ရထားလုံးက စတင်ထွက်ခွာပါတော့သည်။ လမ်းတလျှောက်တွင် လူရှင်းနေသဖြင့်၊ အလျင်အမြန်ပင် ခရီးနှင်လာကြသည်။

ရထားလုံးကိုတွေ့သောသူများကလည်း ၊ ရထားလုံးပေါ်မှ တံဆိပ်ကို တွေ့သောအခါ ရှောင်ဖယ်သွားကြပါသည်။

ကွမ်းယီက နွားကြီးကို သဘောကျသွားပြီး “ငါတို့ရွာမှာလည်း ဒီလိုနွားမျိုး တစ်ကောင်လောက်ရှိရင် ကောင်းမယ်”

“ရှိလာမှာပါ” ရှောက်ရွှမ်က တိရစ္ဆာန်များနှင့်ဆွဲ

သော လှည်းများအကြောင်းကို စဉ်းစားနေပါသည်။

အခုအချိန်သည် စဉ်းစားနေရမည့် အချိန်မဟုတ်ပါ။ ရှောက်ရွှမ်က ကွမ်းယီဘက်သို့ လှည့်လိုက်ပြီး၊ “သတိထား…လမ်းခရီးမှာ အန္တာရာယ်တွေနဲ့ ကြုံရနိုင်တယ်” ဟုပြောလိုက်ပါသည်။

ကွမ်းယီသည် စိတ်လှုပ်ရှားသွားပြီး “အိမ်တော်ထိန်းကြီးပြောတော့ ဒီရထားလုံးကို ဘယ်သူမှ မထိရဲဘူးဆို”

“သာမန်အချိန်မှာတော့ ဟုတ်ပါတယ်…နောက်ပြီးတော့ အိမ်တော်ထိန်းကြီး ပြောသမျှက အမှန်မဟုတ်ပါဘူး”

ရှောက်ရွှမ်က ပြောလိုက်သောကြောင့်၊ ကွမ်းယီသည် ဓားကို ဆွဲထုတ်လိုက်ပြီး၊ ရထားပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်သည်။

နွားထီးကြီးကတော ပျော်ရွှင်စွာပြေးနေ

သောကြောင့် ခရီးတွင်နေပါသည်။ သို့သော် နွားထီးကြီး၏ ခြေလှမ်းများမှာ စည်းချက်မမှန်တော့ပါ။

တောထဲတွင် အမဲလိုက်ရင်း သေရေးရှင်ရေး အခြေအနေများကို ကြုံတွေ့ရဖူးထားသဖြင့်၊ ကွမ်းယီ၏ အာရုံများမှာ ထက်မြက်နေနပါသည်။ တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရသဖြင့်၊ ကွမ်းယီသည် တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်ပါသည်။ ထို့နောက် ရထားလုံးအပြင်ကို သတိဝီရိယနှင့် စောင့်ကြည့်နေပါသည်။

သူတို့ရှေ့တွင် သီးနှံများဆွဲလာသော နွားလှည်းတစ်စီးကို တွေ့လိုက်ရသည်။ ထိုနွားမှာ တခြားစိုက်ခင်မှ နွားတစ်ကောင်ဖြစ်ပြီး၊ ထူးခြားမှုဘာမှမရှိပါ။ သို့သော် စိုက်ခင်းများသည် သူတို့၏ နွားများကို တံဆိပ်နှိပ်လေ့ရှိပါသည်။ ယခုနွားကတော့ တံဆိပ်နှိပ်မထားပါ။ ထို့ပြင် ထိုနွားသည် ရှောက်ရွှမ်တို့၏ ရထားလုံးကို မရှောင်ဘဲ၊ တည့်တည့်ကြီး ပြေးဝင်လာပါသည်။

“နွားကြီးရူးသွားပြီလား”

တခြားနွားတစ်ကောင်က ရှောက်ရွှမ်တို့ကို ဝင်တိုက်တော့မည် ဖြစ်သည်။ ရှောက်ရွှမ်တို့ နွားကြီးသည် ဒေါသတကြီး အော်လိုက်ပြီး၊ ခေါင်းကိုငုံ့ထားလိုက်ပါသည်။ ချွန်မြသော ဦးချို၂ဖက်ဖြင့်၊ တဖက်နွားကို ချိန်ရွယ်ထားလိုက်ပါသည်။ ခွာဖြင့်လည်း မြေပြင်ကို ပေါက်နေပေသည်။

“ဝုန်း…”

ရွှေကောက်ပဲသီးနှံစိုက်ခင်းမှ နွားကြီးများသည် အစာအကောင်းစားများကို စားထားရသောကြောင့်၊ ဦးချိုချင်း ယှဉ်တိုက်မိသောအခါ၊ တဖက်နွားမှာ မခံနိုင်ဘဲ နွားရော လှည်းပါ လွင့်စင်ထွက်သွားပါသည်။

သို့သော် အဖြစ်အပျက်မှာ အဆုံးမသတ်သေးပါ။

လှည်းမမှောက်ခင်အချိန်လေးတွင်၊ လှည်း

ဆရာက ကြာပွတ်ကို ဝှေ့ယမ်းပြီး “သွားစမ်း”ဟုပြောလိုက်ပါသည်။

လှည်းပေါ်ရှိ သီးနှံအိတ်များထဲမှ ၊ အကြည့်များ စူးရှတောက်ပနေသော လူများ ထွက်ပေါ်လာပါသည်။ ထိုလူများသည် အမှတ်တံဆိပ်မပါသော လက်နက်များကို ကိုင်စွဲပြီး ရှောက်ရွှမ်ဆီသို့ ပြေးဝင်လာပါသည်။

ထိုသူများသည် ဓားပြများဖြစ်ကြောင်း ရှောက်ရွှမ်တို့ သိလိုက်ရပါသည်။

ဓားပြများသည် လက်နက်များကို ကိုင်စွဲပြီး ရထားလုံးနားသို့ ချဉ်းကပ်လာလေသည်။ ထိုအချိန်တွင် ရထားလုံးပြတင်းပေါက်ကို ကာထားသော အဝတ်စသည် ထက်ခြမ်းကွဲသွားပြီး၊ ရထားလုံးနေရာအနှံ့မှ အသံများ ထွက်ပေါ်လာသည်။ ဓားပြများသည် အလွန်လျင်မြန်ပြီး အစွမ်းထက်သူများ ဖြစ်ကြသည်။

“ဝုန်း…”

ရထားလုံးသည် လူများ၏ ဒဏ်ကို မခံနိုင်တော့ဘဲ၊ တစစီဖြစ်သွားပါတော့သည်။ ရထားလုံးမှ ပြုတ်ထွက်လာသော ဘီးများက အနားတွင်ရှိသော မြောင်းထဲသို့ ပြုတ်ကျသွားပါသည်။

ရှောက်ရွှမ်တို့၏ နွားကြီးသည် ကြောက်လန့်တကြားဖြင့်၊ ဓားပြများ၏ နွားကြီးကို မြောင်းထဲတွန်းချလိုက်သည်။

“ဝူး…”

တခြားနေရာများတွင် ထိုမျှ ဆူညံသော နွားကို ချက်ချင်း သတ်ပစ်ကြမည် ဖြစ်သည်။ သို့သော် ဓားပြများက နွားကို စိတ်မဝင်စားပါ။ သူတို့၏ ပစ်မှတ်မှာ ရထားလုံးပေါ်မှ လူများသာ ဖြစ်ပါသည်။

ဓားပြများက တိုက်ခိုက်လာသောအခါ၊ ရှောက်ရွှမ်နှင့် ကွမ်းယီတို့သည် ရထားလုံးထဲမှ ခုန်ထွက်လာသည်။ သူတို့ခုန်ထွက်သွားပြီးသည်နှင့်

ရထားလုံးမှ တစစီဖြစ်သွားလေသည်။

ရှောက်ရွှမ်၏ ဓားသည် သားရဲကြီးတစ်ကောင်၏ လက်သည်းလို ဝှီခနဲ လေထဲတွင် ဖြတ်သန်းသွားပြီး၊ ရန်သူ၏ ဓားကို ခုတ်ချလိုက်သည်။

“ချွင်…”

ရန်သူ၏ ဓားမှာ ထက်ပိုင်းကျိုးသွားလေသည်။ ရှောက်ရွှမ်၏ဓားသည် သိပ်မကောင်းသော်လည်း၊ ကုန်းကျားဟုန်ပေးလိုက်သော ဓားပင်ဖြစ်ပါသည်။ ကုန်ကျားဟုန်၏ တပည့် ပန်းပဲဆရာများ သွန်းလုပ်ထားသော ဓားဖြစ်၍ သာမန်ဓားများထက်တော့ အရည်အသွေးကောင်းမည် ဖြစ်ပါသည်။ ထို့ပြင် ရှောက်ရွှမ်ကလည်း အစွမ်းထက်ပါသည်။

ရှောက်ရွှမ်၏ ဓားမှာ အနည်းငယ်ပဲ့သွားပါသည်။ သို့သော် ရှောက်ရွှမ်သည် ပဲ့သွားသော ဓားကို ကြည့်မနေဘဲ၊သူ့ကို တိုက်ခိုက်ရန် ချောင်း

နေသော ရန်သူနောက်တစ်ယောက်၏ လည်ပင်းအား ဓားဖြင့် ခုတ်ချလိုက်သည်။ ပန်းထွက်လာသော သွေးများက အခြားဓားပြများကို ပေကျံကုန်ပါသည်။ သို့သော် ဓားပြများသည် သူတို့လူတစ်ယောက်သေသွားသော်လည်း၊ စိတ်မကောင်းဖြစ်ဟန် နည်းနည်းလေးမှ မရှိပါ။

ကွမ်းယီကတော့ တည်ငြိမ်သော မျက်နှာထားဖြင့်၊ ရန်သူများကို ရက်စက်စွာ တိုက်ခိုက်နေပါသည်။ ထိုဓားပြများကို မည်သူစေလွှတ်သလဲ ကွမ်းယီစိတ်မဝင်စားပါ။ သူ့ကို ဓားပြလာတိုက်သူမှန်သမျှကို သတ်ပစ်ရုံသာ။ ကုန်ဖလှယ်အဖွဲ့၏ ခေါင်းဆောင်အနေနှင့် ထိုကဲ့သို့ပင် ပြုမူရမည်သာ။

ကွမ်းယီသည် ဓားပြတစ်ယောက်ကို ဓားနှင့် ခုတ်ချလိုက်ပါသည်။ ထိုဓားပြလှုပ်ရှားချိန်မရခင်၊ ကွမ်းယီသည် ထိုသူ၏ပုခုံးကို ဓားဖင့် ထပ်မံခုတ်ချလိုက်ပါသည်။ ကွမ်းယီသည် ရန်သူကို နှစ်ပိုင်းဖြတ်ပစ်ချင်သော်လည်း၊ ရန်သူများမှာ အရေအတွက်များနေသဖြင့် စိတ်ထင်သလို မ

တိုက်ခိုက်နိုင်ပါ။

ကွမ်းယီသည် ရှောက်ရွှမ်အတွက် စိတ်ပူနေသလို၊ ရှောက်ရွှမ်သယ်လာသော မျိုးစေ့များအတွက်လည်း စိုးရိမ်နေပါသည်။ ထိုမျိုးစေ့များမှာ ကျိကျွီပေးလိုက်သော ရှားပါးမျိုးစေ့များဖြစ်ပါသည်။ ထိုလူများသည် ကျိကျွီ၏ မျိုးစေ့များကို လိုချင်တာလား၊ ထောင်ချီရွှေကောက်ပဲသီးနှံကိုပဲ လိုချင်တာလားတော့ ကွမ်းယီမသိသေးပါ။

ဓားပြများမှာ အားလုံးပေါင်း၁၁ယောက်ရှိပါသည်။ တိုက်ခိုက်မှုစတင်ပြီး သိပ်မကြာခင်အချိန်တွင်း၊ ၂ယောက်ကဒဏ်ရာရသွားပြီး၊ ၁ယောက်ကသေသွားပါသည်။ ကျန်နေသော လူ၈ယောက်တို့သည် ရှောက်ရွှမ်နှင့် ကွမ်းယီကို ဝိုင်းထားကြပါသည်။ ထို့နောက် ဝိုင်းထားသော လူများထဲမှ ၁ယောက်သည် ရှောက်ရွှမ်ဆီကို ပြေးဝင်သွားပါသည်။

ရန်သူ၏ဓားသည် လျင်မြန်စွာ လှုပ်ရှားသွားသည်။ ရှောက်ရွှမ်သာ လက်နှေးနေမည်ဆိုပါက

ရန်သူ၏ဓားသည် သူ့ကိုယ်ကို ထုတ်ချင်းဖောက်သွားမည် ဖြစ်သည်။ သို့သော် ဓားချက်က ရှောက်ရွှမ်ကို မထိဘဲ၊ ရှောက်ရွှမ်သယ်လာသော အိတ်ကို ထိသွားပါသည်။

လေထဲလွင့်ထွက်သွားသော အိတ်ကို ပြန်ဖမ်းရန် ကြိုးစားလိုက်သောအခါ၊ ဓားပြများက ရှောက်ရွှမ်ကို ဝိုင်း၍ ပိတ်ဆို့ကြပါသည်။ တစ်ယောက်က ရှောက်ရွှမ်၏အိတ်ကို ဓားနှင့်လှမ်းတွတ်လိုက်ပါသည်။ ထိုအခါ အဝတ်အိတ်သည် ရန်သူ၏ လက်ထဲသို့ ကျရောက်သွားပါသည်။

ထိုအချိန်တွင်၊ နောက်ထပ်နွားလှည်းတစ်စီး ထပ်ရောက်လာပါသည်။ ထိုနွားလှည်းသည် ဘုရင့်မြို့တော်ကို သွားမည့်နွားလှည်းဖြစ်ပြီး၊ အစောင့်အရှောက်များ ပါလာပါသည်။ ရွှေကောက်ပဲသီးနှံစိုက်ခင်းမှ ရထားလုံးတိုက်ခိုက်ခံနေရသည်ကို မြင်ရသောအခါ၊ ပါလာသော အစောင့်များသည် ကူညီရန် ပြေးလာကြပါတော့သည်။

“ပြေး…”

အစောင့်များရောက်လာသည်ကို တွေ့သောအခါ၊ ဓားပြများသည် သူတို့၏ လှည်းနှင့် သေခါနီးနွားကြီးကို ပစ်ထားခဲ့ပြီး လျင်မြန်စွာ ထွက်ပြေးသွားကြပါသည်။ မျက်စိတမှိတ်အတွင်း အတော်ဝေးသောနေရာသို့ ရောက်သွားကြပါသည်။

ကွမ်းယီက ပါသွားသော အိတ်နောက်ကို လိုက်ရန်ပြင်လိုက်သော်လည်း၊ ရှောက်ရွှမ်က ဆွဲထားလိုက်ပါသည်။

“ထားလိုက်ပါ…လိုက်မနေပါနဲ့”

“ဒါပေမဲ့…အိတ်ထဲမှာ…”

“အိတ်ထဲမှာ ဘာမျိုးစေ့မှ မရှိပါဘူး” ရှောက်ရွှမ်က ပြောလိုက်ပါသည်။

“အဲဒါမင်းအမြဲလွယ်နေတဲ့ အိတ်မဟုတ်ဘူးလား”

ကွမ်းယီက မေးလိုက်ပါသည်။

“ဟုတ်တော့ ဟုတ်ပါတယ်…ဒါပေမဲ့ အိတ်ထဲက ပစ္စည်းတွေကို တခြားအိတ်ထဲထည့်ထားတယ်”

ထိုစကားကို ကြားသောအခါမှ၊ ကွမ်းယီစိတ်သက်သာရာရသွားပြီး “အဲဒါဆို သူတို့ယူသွားတဲ့အိတ်ထဲမှာ ဘာပါလဲ”

“မပြန်ခင်တုန်းက အိမ်တော်ထိန်းကြီးပေးလိုက်တဲ့ ပစ္စည်းလေးတွေပါ” ရှောက်ရွှမ်က ဖြေလိုက်သည်။

ရွှေကောက်ပဲသီးနှံစိုက်ခင်းများတွင်၊ ကျိကျွီ၏ “ဝါကြီး”သည် တခြားနွား၏ အော်သံကို ကြားသောအခါ၊ အပြင်သို့ ပြေးထွက်ချင်နေပါသည်။ သူ၏ ညီသည် သူ့ပိုင်နက်ထဲတွင် အနိုင်ကျင့်ခံနေရသည်မဟုတ်ပါလား။ သူ့ညီကို ကာကွယ်ရန် အချိန်ကျပြီဖြစ်ပါသည်။

သို့သော် ကျိကျွီက ဝါကြီးကို အပြင်ထွက်ခွင့်မ

ပေးဘဲ၊ လူများသာ စေလွှတ်လိုက်ပါသည်။ ကျိကျွီသည် “တော်တော်အတင့်ရဲတဲ့ကောင်တွေပဲ…ရွှေကောက်ပဲသီးနှံစိုက်ခင်းက ရထားလုံးကိုများ ဓားပြတိုက်ရဲသတဲ့ကွာ”ဟုတွေးနေမိပါသည်။

အိမ်တော်ထိန်းကြီးသည်လည်း ဒေါသထွက်နေပါသည်။ သူသည် ရှောက်ရွှမ်ကို ဘာမှမဖြစ်စေရဟု အာမခံလိုက်သော်လည်း၊ အခုတော့ ရှောက်ရွှမ်တို့ ဓားပြတိုက်ခံရပြီ ဖြစ်ပါသည်။ အိမ်တော်ထိန်းကြီးသည် သူ့မျက်နှာကို သူဓားနှင့်သာ လှီးပစ်ချင်နေတော့သည်။

သို့သော် ဘုရင့်မြို့တော်မှ လူများရောက်လာသောအခါ၊ ဓားပြများက ထွက်ပြေးသွားကြပါသည်။ ကျန်ခဲ့သော ဓားပြအလောင်းမှလည်း ဘာသဲလွန်စမှ မရပါ။

ဘုရင့်မြို့တော်၏ ခြံတစ်ခြံထဲတွင်…။

အစောင့်များသည် အိမ်ထဲသို့ လျင်မြန်စွာ ဝင်သွားပြီး “သခင်လေး…ယွမ်သခင်လေး” ဟုအော်

ခေါ်လိုက်ပါသည်။

အစောင့်များ၏ အော်ခေါ်သံမဆုံးသေးခင်မှာပင် ခြေသံများထွက်ပေါ်လာပါသည်။ ထို့နောက် တံခါးသည် ခြေနှင့်အကန်ခံလိုက်ရပြီး ဝုန်းခနဲ ပွင့်သွားပါသည်။

“ကျိယွမ်…နင်ဘာတွေလျှောက်လုပ်နေတာလဲ” ကျိကျင်းက အော်လိုက်ပါသည်။

ကျိကျင်းကို ကာကွယ်ရန် လူများက ရှေ့တိုးလာပါသည်။

ကျိယွမ်သည် ကျိကျင်းနားမှ လူများကို ကြည့်လိုက်သည်။ ထို့နောက် ကျိကျင်းကို ကြည့်လိုက်ကာ “ လမ်းတွေက ပိတ်ထားပြီးသားကို နင်က လူတွေလွှတ်ပြီး ရှောက်ရွှမ်ကို ဓားပြတိုက်ခိုင်းတယ်ပေါ့လေ”

ကျိကျင်းသည် ကြောက်ရွံ့သွားသော်လည်း၊ ဟန်လုပ်လိုက်ပြီး “အဓိပ္ပါယ်မရှိတာတွေ လာမ

ပြောနဲ့…ငါဘယ်သူ့ကိုမှ မလွှတ်ဘူး”

“အေးလေ…လူမလွှတ်ဘဲ တခြားလူရဲ့ အာဏာကို အလွဲသုံးစားလုပ်တာလေ”

“ပါးစပ်ပိတ်ထားစမ်…နင်ရော အဲဒီသီးနှံအိတ်ကြီးကို မျက်စိမကျဘူးလား…”

နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် ငြင်းခုန်နေကြပါသည်။ ထိုအချိန်တွင် နောက်ထပ်လူတစ်ယောက် ရောက်လာပါသည်။

ထိုလူကိုမြင်သောအခါ ကျိကျင်း၏ မျက်လုံးများ အရောင်လက်သွားပါသည်။ သို့သော် သူမ ဘာမှမပြောနိုင်ခင်၊ ကျိယွမ်က ထိုသူ၏ဝတ်ရုံအောက်တွင် ဝှက်လာသောအိတ်ကို လုယူလိုက်ပါသည်။

“ကျိယွမ်…နင်တော်တော်အတင့်ရဲနေပါလား” ကျိကျင်းက အိတ်ကို ပြန်လိုက်လုသည်။

ကျိကျင်းနှင့် ကျိယွမ်တို့၂ယောက်သည် အိတ်ကို သူဆွဲကိုယ်ဆွဲ လုနေကြပါသည်။

ထိုအချိန်တွင် အိတ်ကွဲသွားပြီး၊ အထဲတွင် ရှိသော အရာများ ထွက်ကြလာသည်။

အချိန်ခဏအတွင်း တစ်အိမ်လုံးကို စူးရှသော မြေဩဇာနံ့များက ဖုံးလှမ်းသွားပါသည်။

ကျိယွမ်က အိတ်ကို ကိုင်ထားရင်း နှုတ်ဆိတ်နေသည်။ ကျိကျင်းကတော့ ဓာတ်မြေဩဇာများ ပေကျံကုန်ပါသည်။

အိတ်ထဲက ရတနာတွေ ဘယ်ရောက်သွားသနည်း…။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၄၇) သတိပေးခြင်း

ကျိယွမ်သည် ရှောက်ရွှမ်ဆီမှ လုလာသော အိတ်ကို ကိုင်ပြီး ကြက်သေသေ နေမိသည်။ သူအလှည့်စားခံလိုက်ရလေပြီ။

ကျိယွမ်သည် အဝတ်အိတ်အား ကြက်သေသေနေသော ကျိကျင်းဆီ ပစ်ပေးလိုက်သည်။ ထို့နောက် သူ့လူများနှင့် ထွက်ခွာသွားတော့သည်။

သူတို့တွင် ကိုယ်ပိုင်စိုက်ခင်းများလည်းရှိပေသည်။ သို့သော် သူတို့သည် မွေးကတည်းက ရွှေပေါ်မြတင် နေလာခြင်းဖြစ်သည်။ ထို့ကြောင့် စိုက်ခင်းများသို့ သွားလေ့မရှိချေ။ သွားသည်ဆိုလျှင်တောင် စိုက်ခင်းနှင့် ပတ်သက်သော အလုပ်ဘာမှ မလုပ်ပေ။ ကျိကျွီ၏ လျှို့ဝှက်ချက်သာ မရှိလျှင် ၊ သူတို့သည် စိုက်ခင်းများသို့ လာမည်ပင် မဟုတ်ပေ။

ကျိယွမ်ပြန်သွားပြီးနောက်၊ကျိကျင်းသည် အိမ်ထဲမှ ပစ္စည်းများအား ဒေါသတကြီး ဖောက်ခွဲပစ်လေသည်။ ဒေါသများကို စိတ်ရှိလက်ရှိ ဖောက်ခွဲပြီးသွားသောအခါ၊ ကျိကျင်းသည် လုကျယ်အား ခေါ်လိုက်သည်။

လုကျယ်သည် ကျိကျွီဆီသွားချိန်က သူမစီးသော ရထားလုံးကို မောင်းခဲ့သူ ဖြစ်သည်။ လုကျယ်သည် ထိုနေ့က ရှောက်ရွှမ်၊ဝက်ဝံနက်တို့နှင့် တွေ့ဆုံခဲ့၏။

လုမိသားစုမှ လုပီရှုံးသွားသော သတင်းကို ကြားသောအခါ၊ လက်စားချေရန် ကျိကျင်းက သူ့အား တာဝန်ပေးလိုက်ခြင်းဖြစ်သည်။ သူသည် ကြေးစားတချို့ကို ရှာပြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်သည်။ သူတို့အားလုံးသည် အလုပ်အပ်သူကို မဖော်ထုတ်ပါဟု ကျန်ဆိုထားကြသည်။ လုမိသားစုသည် ဘုရင့်မြို့တော်ကို မလာခင် ထိုလူများနှင့် တွေ့ဆုံပြီးသား ဖြစ်သည်။ ထို့ကြောင့် လုကျယ်က သူတို့ကို သွားရှာခြင်း ဖြစ်သည်။

ကျိကျင်းက ရက်ရောစွာ ပေးကမ်းထားသဖြင့်၊ လုကျယ်တို့က ကျိကျင်းခိုင်းစေသည်ကို ကောင်းမွန်စွာလုပ်ကိုင်ပေးကြသည်။ ကျိကျင်းသည် ရှောက်ရွှမ်သယ်လာသော အိတ်ကိုသာ လိုချင်ခြင်း ဖြစ်သည်။ သို့သော် လုကျယ်ကတော့ လုပီအတွက် လက်စားချေသည့်အနေနှင့် ရှောက်ရွှမ်ကို သတ်ပစ်ရမည် ဖြစ်သည်။

သို့သော် သူတို့အားလုံးသည် မရှုမလှ အရေးနိမ့်လာပြီး၊ အိတ်အတုကြီးကိုသာ ရလာခဲ့သည်။

ပစ္စည်းများကို အားရအောင် ဖောက်ခွဲပြီးနောက်၊ ကျိကျင်းသည် သူမ၏ လူများကို ပြန်ခေါ်လိုက်ပါသည်။သူမသည် သန့်ရှင်းရေးလုပ်ရဦးမည် ဖြစ်ပါသည်။ သို့သော် ရေချိုးပြီးသွားတာတောင် စူးရှသော အနံ့က ထွက်နေတုန်းဖြစ်သည်။ ပန်းနံ့များသည်လည်း ထိုစူးရှသော အနံ့ကို မဖုံးလွှမ်းနိုင်ပေ။

ကျိကျင်းထွက်ခွာသွားသောအခါ၊ လုကျယ်

သည် ဘုရင့်မြို့တော်မှ လင်လုမျိုးနွယ်စု၏ အခြေစိုက်စခန်းသို့ သွားလိုက်သည်။

“ဘာဖြစ်လာတာလဲ” အသင့်စောင့်ဆိုင်းနေသော လုမင်က မေးလာ၏။ လုကျယ်၏ ညိုမည်းနေသော မျက်နှာကြီးကို မြင်ရသောအခါ အခြေအနေမကောင်းကြောင်း လုမင် သိလိုက်ပါသည်။ သို့သော် လုမင်သည် ဖြစ်စဉ်အသေးစိတ်ကို သိချင်နေပါသေးသည်။

လုကျယ်က သူသိသလောက် ပြောပြလိုက်သည်။

“တော်တော် ကံကောင်းတဲ့ ခွေးသားလေး”

လုမင်လည်း ထိုသို့ပင် တွေးမိသည်။ “လုပီကို အနိုင်ယူနိုင်သော လူတစ်ယောက်ကို လွယ်ကူစွာအနိုင်ယူနိုင်မည် မဟုတ်ပါ။ အလျှော်ပေပြီးနောက်၊ အကြီးအကဲသည် ကုန်းကျားအိမ်တော်သို့သွားပြီး တင်းပုတ်ကြီးကို ပြန်ယူလာမည် ဖြစ်သည်။ မျိုးနွယ်စုတစ်ခုနေနှင့် နေတုန်းကဆို

လျှင်၊ မျိုးနွယ်စုခေါင်းဆောင်သည် အကြီးအကဲပင် ဖြစ်ပါသည်။ဘုရင့်မြို့တော်တွင်တော့ အဓိပတိကြီးဟု ခေါ်ဆိုကြသည်။

“အဲဒီခွေးသားကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား” လုကျယ်က စိတ်တိုနေပါသည်။ “ဒီကောင်က ရွှေကောက်ပဲသီးနှံ စိုက်ခင်းက ပြန်သွားပြီလေ…ဘုရင့်မြို့တော်က သူပြန်သွားမှာပဲ ငါစိုးရိမ်တာ…ဘုရင့်မြို့တော်က ထွက်သွားပြီဆိုရင် လိုက်ရှာလို့လွယ်တော့မှာ မဟုတ်ဘူး”

“စိတ်မပူပါနဲ့” လုမင်က ကောက်ကျစ်စွာပြုံးလိုက်ပြီး “သူပြန်လို့ မရသေးပါဘူး”

လုကျယ်က နားမလည်ဖြစ်နေသဖြင့် လုမင်က ရှင်းပြသည်။ “အခမ်းအနားကို အဓိပတိကြီး ကိုယ်တိုင်တတ်မှာ”

လုပီသည် ရှောက်ရွှမ်ကို ရှုံးနိမ့်သွားသဖြင့်၊ လုမိသားစုသည် အရှက်ရခဲ့ရသည်။ လုမိသားစုအကြောင်းပြောကြလျှင်၊ လုပီအကြောင်းက မပါ

မဖြစ် ဖြစ်နေပေတော့မည်။ လုမိသားစုသည် ထိုသို့ နာမည်ဆိုးဖြင့် ဆက်လက်မရှင်သန်နိုင်ပေ။ ထိုပြဿနာကို အချိန်မဆိုင်းဘဲ ဖြေရှင်းရမည် ဖြစ်သည်။ လင်လုမျိုးနွယ်စု၏ အဓိပတိကြီးကတော့ ထိုပြဿနာကို သူ့ဟာသူဖြေရှင်းရန် အစီအစဉ်ဆွဲထားသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရှိနေသေးသဖြင့်၊ သူတို့သည် ဆုံးဖြတ်ချက်ကို လွယ်လွယ်မချမှတ်ရဲကြပေ။ သူတို့၏ အတွေ့အကြုံများအရ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ကြောက်မက်ဖွယ်ကောင်းပေသည်။ မြို့ကြီး၆မြို့မှ မင်းမျိုးမင်းနွယ်များပင် သူတို့ကို ကြောက်ရွံ့ကြပါသည်။ အခုတော့ သူတို့က ၂ယောက်တည်း မဟုတ်ပါလား။

ဝက်ဝံနက်အဖွဲ့ကတော့ သိပ်မှုစရာမလိုပါ။ ဝက်ဝံနက်၏ အဖွဲ့တွင် အဖွဲ့ဝင်အင်အား အလွန်နည်းနေ၏။ လင်လုမျိုးနွယ်စုများအားလုံးပေါင်းလိုက်လျှင်၊ လူအင်အားက အတော်များပေသည်။

ကုန်းကျားအိမ်တော်တံခါးပေါက်ဝတွင် ဖြစ်ခဲ့သော အဖြစ်ကို ပြန်တွေးမိတိုင်း၊ လုမင်သည် ဒေါသများထွက်လာပါသည်။ ထိုပြဿနာကို အမြန်ဖြေရှင်းပြီး၊ ကျဆင်းသွားသော လုမိသားစု၏ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ရမည် ဖြစ်သည်။

ဘုရင့်မြို့တော်မှ လူများသည် မေ့လွယ်သောလူများဖြစ်သည်။ လုမိသားစုက ရှောက်ရွှမ်ကို ရှုံးနိမ့်သွားသော်လည်း၊ နောက်တိုက်ပွဲတစ်ခုတွင် ပြန်အနိုင်ရပါက၊ သူတို့၏ နာမည်ကို ပြန်အဖတ်ဆယ်နိုင်မည် ဖြစ်သည်။

လူအင်အားသုံးပြီး အနိုင်ကျင့်ခြင်းဖြစ်သော်လည်း၊ တရားခံများက ဝန်မခံကြပါ။ အနိုင်ရသူသာ ရာဇဝင်ကို ပြုစုရစမြဲပင်။

ရှောက်ရွှမ်ကတော့ လုမိသားစု၏ အစီအစဉ်များကို မသိပေ။ ဓားပြများနှင့်တွေ့ဆုံပြီးနောက်၊ အိမ်တော်ထိန်းကြီးက အစောင့်များစောင့်ရှောက်ပေးသော ရထားလုံးနောက်တစ်စီးကို စီစဉ်ပေးလိုက်၏။

ရှောက်ရွှမ်သည် မြို့တော်ဝင်ပေါက်သို့ရောက်သောအခါ၊ လိုက်ပို့ပေးသော အစောင့်များ ပြန်သွားကြလေသည်။

ဝက်ဝံနက်၏ အခြေစိုက်စခန်းကို ရောက်သွားသောအခါ၊ ဝက်ဝံနက်လည်း ပြန်ရောက်နေကြောင်း တွေ့လိုက်ရသည်။

“ရှောက်ရွှမ်…မင်းရောက်လာတာ အချိန်မီပဲ…ကုန်းကျားဟုန်က သူ့လူတစ်ယောက်လွှတ်လိုက်တယ်…မင်းလုပ်ခိုင်းထားတဲ့ ဓားတွေရပြီတဲ့…ပြန်ရောက်ရင် လာယူပါတဲ့” ကုန်းကျားဟုန်က ပုဆိန်တစ်လက်လုပ်ပေးမည်ဟု ကတိပေးထားသောကြောင့် ဝက်ဝံနက်သည် အူရွှင်နေ၏။သို့သော် အချိန်အတိုင်းအတာတစ်ခုတော့ စောင့်ရမည် ဖြစ်သလို ထိုပုဆိန်သည် တန်ဖိုးလည်း ကြီးမည် ဖြစ်သည်။ တန်ဖိုးကြီးသော်လည်း ကုန်းကျားဟုန်က လုပ်ပေးမည် ဖြစ်သဖြင့် ဝက်ဝံနက်သည် ဘာမှမပြောပါ။ ပိုက်ဆံဆိုသည်မှာ အရေးမကြီးပါ။ မသေမချင်း ရှာဖွေလို့ရသည်။

“ရပြီတဲ့လား…ကျွန်တော်က အသစ်တစ်ချောင်းတောင်ဝယ်တော့မလို့” ရှောက်ရွှမ်က အပျော်လွန်နေပါသည်။ သူလက်ရှိကိုင်နေသော ဓားသည် အသွားပဲ့သွားသဖြင့်၊ ဓားအသစ်တစ်ချောင်းလိုနေပြီ မဟုတ်ပါလား။

ထိပ်တန်းကျောက်တုံးတစ်တုံးလောက်ရလျှင် ကောင်းမည်ဟု ရှောက်ရွှမ်တွေးမိပါသည်။ ထိပ်တန်းကျောက်တုံးရလျှင် ရလာသောဓားကို သွေးနိုင်မည် ဖြစ်ပါသည်။ သို့သော် မြို့တော်တွင် မည်သည့်ကျောက်တုံးမှ မတွေ့ရပါ။

“ငါ့အလုပ်တွေပြီးသွားပြီဆိုတော့ မင်းနဲ့လိုက်လို့ရပြီ…ဒါနဲ့ မင်းဓားက ဘယ်လိုဖြစ်သွားတာလဲ…စိုက်ခင်းထဲမှာ ရန်ဖြစ်လာတာလား” ဝက်ဝံနက်သည် ကွမ်းယီ၏ ဓားကိုလည်း ကြည့်လိုက်ပါသည်။ ကွမ်းယီ၏ ဓားပေါ်တွင်လည်း ဒဏ်ရာဒဏ်ချက်များကို တွေ့ရသည်။

နောက်ထပ် သုံးလေးချက် ထိမိလျှင်၊ ကွမ်း

ယီ၏ ဓားသည် ကျိုးတော့မည် ဖြစ်သည်။ ရှောက်ရွှမ်က ဖြစ်ကြောင်းကုန်စဉ်ကို ဝက်ဝံနက်အားပြောပြလိုက်သည်။

ဝက်ဝံနက်သည် တိတ်ဆိတ်သွားသလို၊ မျက်နှာလည်း တည်သွားတော့သည်။

“ရှောက်ရွှမ်…မင်းတို့၂ယောက်လုံး ဘုရင့်မြို့တော်ကနေ အမြန်ဆုံးထွက်သွဦးကြပါ…လင်လုမျိုးနွယ်စုကလူတွေ အကုန်လုံး ဘုရင့်မြို့တော်ကို လာနေကြတယ်…သူတို့ရောက်လာရင် မင်းကို တိုက်ခိုက်မှာ ငါစိုးရိမ်တယ်...နောက်ပြီ‌တော့ ငါ့လူတွေ သစ္စာဖောက်သွားတာ မင်းမသိသေးဘူး…လုံခြုံရေးသာမတင်းကျပ်ထားဘူးဆိုရင် မင်းပစ္စည်းတွေ အခိုးခံရလောက်ပြီ”

“ထောင်ချီရွှေကောက်ပဲသီးနှံအတွက် အဲဒီလို လုပ်ကြတာလား” ကွမ်းယီက အသံတိုးတိုး ဖြင့်မေးလိုက်သည်။

“မဟုတ်ပါဘူး…ထောင်ချီရွှေကောက်ပဲသီးနှံက

လည်း အကြောင်းရင်းတစ်ခုပေါ့…ဒါပေမဲ့ ခင်ဗျားတို့၂ယောက်က အဓိကပစ်မှတ်ပဲ” ဝက်ဝံနက်က ပြောလိုက်သည်။

ရှောက်ရွှမ်ကို တိုက်ခိုက်နိုင်မည့် အခွင့်အရေးများစွာ ရှိပါသည်။ ဘုရင့်မြို့တော်သည် ရှောက်ရွှမ်၏ ပိုင်နက် မဟုတ်သလို၊ သူ့တွင် စစ်တပ်လည်း မရှိပေ။

“ဟုတ်ကဲ့…ကျွန်တော်နားလည်ပါပြီ” ရှောက်ရွှမ်ကလည်း ထိုအကြောင်းများကို ဓားပြတိုက်ခံရကတည်းက စဉ်းစားမိသည်။ ကုန်းကျားဟုန်နှင့်လည်းတွေ့ဆုံပြီးပြီ ဖြစ်သလို၊ ထောင်ချီရွှေကောက်ပဲသီးနှံအကြောင်းလည်း သိပြီးပြီ ဖြစ်၍၊ ပြန်ရန် အချိန်ကျပြီ ဖြစ်သည်။ ဆက်နေလျှင် အန္တရာယ်များကျရောက်လာတော့မည် ဖြစ်သည်။

“မနက်ဖြန် ပြန်ကြပါလား…အခုလိုဖြစ်လာတဲ့ အခြေအနေအရဆို မြန်မြန်ပြန်လေ ကောင်းလေပဲ” ဝက်ဝံနက်က ပြောလိုက်ပါသည်။

“ကျေးဇူးတင်ပါတယ်…”

“ငါ့ကို ကျေးဇူတင်စရာမလိုပါဘူး…မင်းကြောင့် ရွှေကောက်ပဲသီးနှံတွေရလာသလို ကုန်းကျားဟိန်းနဲ့လည်းတွေ့လိုက်ရတယ်…ငါကမင်းကို ကျေးဇူးတင်ရမှာပါ” ဝက်ဝံနက်က ရယ်မောရင်း ပြောဆိုလိုက်သည်။

ကုန်းကျားအိမ်တော်သို့ ဓားသွားယူသောအခါ၊ ကုန်းကျားဟုန်က ပန်းပဲခန်းထဲတွင် အလုပ်ရှုပ်နေသဖြင့်၊ ရှောက်ရွှမ်သည် ကုန်းကျားဟုန်နှင့် မတွေ့ဆုံခဲ့ရ။ သို့သော် ရှောက်ရွှမ်လာလျှင် ဓားများ၊ပုဆိန်များပေးလိုက်ရန်၊ ကုန်းကျားဟုန်က သူတပည့်တစ်ယောက်ကို မှာထားသည်။

မီးတောက်ဦးချိုမျိုးနွယ်စုမှ မုဆိုးများသည် ပုဆိန်များကို သဘောကျကျသည်ဟု ကုန်းကျားဟုန် ကြားဖူးထားပါသည်။ ထို့ကြောင့် သူတပည့်များကို မီးတောက်ဦးချိုမျိုးနွယ်စုမှ မုဆိုးများအတွက် ပုဆိန်များ လုပ်ခိုင်းထားခြင်း ဖြစ်သည်။

ရှောက်ရွှမ်က ဓားရှည်ကို ယူပြီး အဝတ်စကို ဖြည်လိုက်သည်။ ဓားသည် ရွှေရောင် တောက်ပနေပြီး၊ အရင်ဓားထက် အရောင်ရင့်ပါသည်။ သို့သော် ယခုဓားသည် ဓားအဟောင်းနှင့်စာလျှင် ပိုမိုထက်မြက်ပါသည်။ ဓားပေါ်တွင် ဆွဲထားသော ပန်းချီပုံများမှာလည်း မတူပါ။ ဓားပေါ်မှ ငွေရောင်စာလုံးများက မီးတောက်တစ်ခုလို တောက်ပနေပါသည်။

ရှောက်ရွှမ်သည် ကုန်းကျားဟုန်၏ တပည့်ပစ်ပေးလိုက်သော သစ်သားတုံးကို ဓားနှင့် ခုတ်ချလိုက်သည်။ သစ်သားတုံးသည် ထက်ခြမ်းကွဲသွားပါသည်။

“ကျောက်တုံးနဲ့ စမ်းဦးမလား” ကုန်းကျားဟုန်၏ တပည့်က မေးလိုက်သည်။

“တော်ပါပြီ…ဒီလောက်ဆိုရပါပြီ” ရှောက်ရွှမ်က ဓားကို ပြန်သိမ်းလိုက်သည်။ ဓားသည် အရင်ထက်ပိုကောင်းလာသော်လည်း၊ ထိပ်တန်းကျောက်တုံးများကို ခုတ်ဖြတ်နိုင်ဦးမည် မဟုတ်

ပါ။ ဓားသွားပဲ့မသွားလျှင်တောင်၊ ဓားသွားလိပ်သွားခြင်းမျိုးများဖြစ်ပေါ်နိုင်ပါသည်။

အခွင့်အရေးရမည်ဆိုလျှင်၊ ရှောက်ရွှမ်သည် သူကိုယ်တိုင် ဓားတစ်ချောင်းလုပ်ချင်နေပါသည်။ သို့သော် သူတို့ရောက်နေသော နေရာတွင် မီးမျိုးစေ့များကို ကြီး၆ကြီးမှ ထိန်းချုပ်ထားပါသည်။ ကုန်းကျားမိသားစုသည် သူတို့၏ မီးမျိုးစေ့ကို အပြင်လူများအား အသုံးပြုခွင့်ပေးမည် မဟုတ်ပါ။

ရှောက်ရွှမ်သည် သက်ပြင်းချလိုက်ရင်း သူ့မူလမျိုးနွယ်စုဆီသို့ ဘယ်တော့မှ ပြန်ရပါ့မလဲ တွေးနေပါသည်။ ရှောက်ရွှမ်သည် သူ့ဓားကို သိမ်းလိုက်ပြီး၊ ဓားစမ်းနေသော ကွမ်းယီကို “ဘယ်လိုနေလဲ” ဟုမေးလိုက်ပါသည်။

“တော်တော်ကောင်းတယ်” ကွမ်းယီက ကျေနပ်နေပါသည်။

“ကျုပ်ကိုယ်စား ဟုန်သခင်လေးကို ကျေးဇူးတင်

စကားပြောပေးပါ…နောက်တခါ ပစ္စည်းကောင်းလေးတွေရလာရင် ဝက်ဝံနက်ရဲ့လူတွေနဲ့ ပို့ပေးလိုက်ပါမယ်” ရှောက်ရွှမ်က ကုန်းကျားဟုန်၏ တပည့်ကို ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ၊ ဝက်ဝံနက်က ပျော်ရွှင်နေ၏။ သူသည် မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ကုန်းကျားဟုန်တို့အကြား ဆက်သွယ်ပေးမည့် ပေါင်းကူးတံတားဖြစ်လာတော့မည် ဖြစ်သည်။ ထိုသို့ ဖြစ်လာလျှင် သူ့အတွက် အကျိုးအမြတ်များစွာ ရရှိမည် ဖြစ်သည်။

ပစ္စည်းများကို ယူပြီး ကျေးဇူးတင်စကား ပြောပြီးသောအခါ၊ ရှောက်ရွှမ်သည် ဆက်မနေတော့ပါ။ နောက်တစ်နေ့ဆိုလျှင် သူတို့သည် ဘုရင့်မြို့တော်မှ ထွက်ခွာတော့မည် ဖြစ်သည်။

ကုန်းကျားအိမ်တော်မှ ထွက်လာသောအခါ၊ ကျိဖုန်းက တိုက်တိုက်ဆိုင်ဆိုင် ရောက်လာ၏။

ရှောက်ရွှမ်သည် ကျိဖုန်းကို နှုတ်ဆက်လိုက်

ပြီး၊ လမ်းဆက်လျှောက်လာခဲ့သည်။ သူနှင့် ကျိဖုန်းသည် ရင်းနှီးသူများ မဟုတ်ကြပေ။

“နေဦး…” ကျိဖုန်းက ရှောက်ရွှမ်ကို လှမ်းတားလိုက်ပြီး “ဘုရင့်မြို့တော်မှာ အလုပ်မရှိဘူးဆိုရင် ကြာကြာမနေနဲ့တော့”

ကျိဖုန်းသည် စော်ကားလိုက်ခြင်းမဟုတ်၊ သတိပေးနေခြင်း ဖြစ်ကြောင်း ရှောက်ရွှမ်နားလည်လိုက်တော့သည်။

All Chapters