အခန်း (၆၄)
Vol. 8 Ch. 64
🍼 Chapter 64
ဖူဟန် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည့် ချင်ချင့်အား ဆိုဖာပေါ်ကနေ ချီမလိုက်သည့်အချိန်တွင် ယိယိနှင့် ဖူစစ်ကျင်းတို့စနောက်ကျီစယ်မှုများမှာလည်း ပြီးဆုံးသွားကာ ယိယိမှာ ပြန်လည် လိမ်မာယဉ်ကျေးသွားပြီ ဖြစ်သည်။
သူမသည် ဖူစစ်ကျင်း မိသားစုအပေါ် အထင်အမြင်မမှားစေရန်အတွက် ရှေ့တွင်ရှိသော ရေတစ်ခွက်ကိုပင်မသောက်ရဲဘဲ ဆိုဖာပေါ်တွင် အိန္ဒြေရရထိုင်နေမိသည်။
ဖူဟန် ဘာမှမပြောဘဲ ချင်ချင့်အား သူမ ထမင်းစားကုလားထိုင်လေးပေါ်တွင် တင်ပေးလိုက်ပြီး အပူပေးထားသော မနက်စာများယူရန် မီးဖိုချောင်သို့လှည့်သွားသည်။
"မင်္ဂလာပါ ယိယိကျဲကျဲ"
ယိယိအား ပြန်တွေ့ရသဖြင့် ချင်ချင်မှာအနည်းငယ်စိတ်လှုပ်ရှားသွားသည်။ အထင်လွဲမှုများ ရှင်းလင်းသွားပြီးနောက် ဤလှပသော အစ်မကြီးအပေါ် သူ့ နှစ်သက်မှုများပြန်လည်ဝင်ရောက်လာသည်။ အလှအပကို အလွန်အမင်း ခုံမင်သူတစ်ဦးအနေဖြင့် ချင်ချင်သည် လှပသောမျက်နှာတစ်ခုမှာ ခွင့်မလွှတ်နိုင်စရာ ဘာမှမရှိဟု ယုံကြည်ထား သည်။ အကယ်၍ ခွင့်မလွှတ်နိုင်လျှင် ထိုသူမှာ လုံလောက်အောင်မလှပသေး၍သာ ဖြစ်ပေလိမ့်မည်။
ယိယိသည်လည်း ချင်ချင့်အားတွေ့ရသဖြင့် အတော်လေး ဝမ်းသာသွားသည်။
ချင်ချင် မည်သူမည်ဝါဖြစ်ကြောင်းကို အထင်လွဲခဲ့မိသည့် အတွက် အစပိုင်းတွင် အပြစ်မကင်းသလို ခံစားခဲ့ရသော် လည်း၊ တကယ်တော့ ဤကလေးလေးမှာချစ်စရာကောင်းပြီး လိမ်မာယဉ်ကျေးလှသည်။ မည်သည့်လူကြီးမဆို ဤမျှချစ်စရာကောင်းသော ကလေးလေးကို၊ အထူးသဖြင့် မိန်းကလေးငယ်လေးအား မချစ်ဘဲမနေနိုင်ကြပေ။
ချင်ချင် သူမ လက်ကလေးအား ဝေ့ယမ်းကာလာရန် အချက်ပြနေသည်ကို မြင်သောအခါ ယိယိ ခေတ္တမျှတုံ့ဆိုင်းသွားပြီးမှ သူ့ဘေးတွင် ထိုင်ချလိုက်သည်။
"ချင်ချင်၊ အစ်မကို ရှာနေတာလား"
"အင်း"
ချင်ချင် ခေါင်းလေးကို ညိတ်ပြရင်း လက်ကလေးအား လှမ်းစမ်းကြည့်သည်။ ယိယိ သူ့လက်ချောင်းကို လှမ်းပေးလိုက်ရာ ထင်သည့်အတိုင်းပင် ကလေးမလေးမှာ ဆုပ်ကိုင်လိုက်တော့သည်။
"ယိယိကျဲကျဲ၊ ချင်ချင်နဲ့အတူ အပြင်သွားဆော့မလားဟင်"
ကလေးမလေးမှာ တက်ကြွစွာဖိတ်ခေါ်လိုက်သည်။
"အပြင်သွားဆော့မယ် ဟုတ်လား"
ဒီကလေးမလေးက ပြီးခဲ့သည့်တစ်ခေါက် အတူသွားခဲ့သည်ကို သတိရပြီး ထပ်သွားချင်နေပုံရသည်။
"ဒီနေ့တော့ မရဘူး ချင်ချင်"
ယိယိ စိတ်မကောင်းစွာဖြင့် ငြင်းလိုက်သည်။
"အစ်မ ဒီနေ့ အလုပ်ရှိလို့ ချင်ချင်နဲ့ လိုက်မဆော့နိုင်ဘူး"
"ဒီနေ့ မဟုတ်ဘူး!"
ယိယိ အထင်လွဲသွားသည်ကိုမြင်သောအခါ ချင်ချင် ကလေးသံလေးဖြင့် ပြန်ပြင်ပေးလိုက်သည်။
"သန်ဘက်ခါကျမှ! ချင်ချင်တို့ တစ်မိသားစုလုံး နိုင်ငံခြားသွားကြမလို့၊ ကျဲကျဲလည်း လိုက်ခဲ့မလားဟင်"
ဖူစစ်ကျင်း ထိုစကားအားကြားလိုက်ရသောအခါ ရင်ထိတ်သွားပြီး မေးလိုက်မိသည်။
"နိုင်ငံခြားသွားမယ် ? ဘယ်ကို သွားမှာလဲ"
"မသိဘူး"
ချင်ချင် လုံးဝယုံကြည်ချက်အပြည့်ဖြင့် ဖြေလိုက်သည်။
သူမက ကလေးလေးပဲလေ၊ ဘာလို့ ခရီးစဉ်ကို စီစဉ်ရမှာလဲ? ပြီးတော့ သူမသာ စီစဉ်ခဲ့ရင်တောင် ဒီလူကြီးတွေက သူမနောက်ကို လိုက်ရဲကြပါ့မလား?
ထိုအချိန်တွင် ဖူဟန် မီးဖိုချောင်မှ မနက်စာများနှင့် ထွက်လာပြီး သားဖြစ်သူ မေးခွန်းအားဖြေလိုက်သည်။
"ငါတို့ X နိုင်ငံ ကို သွားကြမယ်"
ထိုနိုင်ငံမှာ ဖူစစ်ကျင်းစိတ်ရောဂါအား ကုသရန် သွားရမည့် နိုင်ငံပင်။
ထင်သည့်အတိုင်းပင် သူ့ခန့်မှန်းချက်မှာ မှန်ကန်နေပြီး ဖူစစ်ကျင်း၏မျက်နှာမှာ တင်းမာသွားသည်။
ကံမကောင်းစွာပင် ယိယိမှာ ချင်ချင်နှင့် စကားပြောနေသဖြင့် ဖူစစ်ကျင်း၏ခဏတာ မျက်နှာအမူအရာပြောင်း လဲသွားသည်ကို သတိမထားမိလိုက်ပေ။
ချင်ချင် ယိယိအားလိုက်ခဲ့ရန် အသည်းအသန် ဖျောင်းဖျနေဆဲဖြစ်ရာ ယိယိမှာ အနည်းငယ်ဝေခွဲမရဖြစ်နေသည်။
သူမ မလိုက်ချင်၍ မဟုတ်ဘဲ မသင့်တော်ဟု ထင်သော ကြောင့်ဖြစ်သည်။
ဒီနေ့မှ ပထမဆုံးအကြိမ် အိမ်ကို လာလည်ခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပင် မိသားစုခရီးစဉ် အတူလိုက်ရန် စီစဉ်ခြင်းမှာ မြန်လွန်းနေသည်ဟု ခံစားရသည်။
သို့သော် ဖူဟန်၏စကားတစ်ခွန်းကြောင့် သူမ တုံ့ဆိုင်းမှုများ အားလုံးပျောက်ကွယ်သွားတော့သည်။
"ယိယိ၊ လိုက်ခဲ့လေ.. ဒါက မိသားစု ခရီးစဉ်ပဲ၊ အပြင်လူတွေ အများကြီးမပါပါဘူး"
ထိုစကားမှာ ယိယိအား ဖူမိသားစု၏အနာဂတ် ချွေးမအဖြစ် တရားဝင်လက်ခံလိုက်ခြင်းပင်။
ယိယိမှာ အတော်လေး စိတ်လှုပ်ရှားသွားရသည်။
သူမ ဖူစစ်ကျင်း၏ မိသားစုနှင့် ခရီးအတူလိုက်သွားလျှင် ပြန်ရောက်လာသည့်အခါ ယခင်က ကောလာဟလများ အားလုံး ပျောက်ကွယ်သွားလိမ့်မည်ကို သူမ ကောင်း ကောင်းသိသည်။
အမှန်စင်စစ် ထိုအချက်မှာ သူမ အဆင့်အတန်းအား ဥက္ကဋ္ဋ္ဌဖူနှင့် သူ့ဇနီးထံ တရားဝင် အသိပေးလိုက်ခြင်းဖြစ်သလို လူကြီးနှစ်ဦး၏ အသိအမှတ်ပြုခြင်းအား ခံလိုက်ရခြင်းလည်းဖြစ်သည်။
ထိုအချိန်ကျလျှင် ပိုင်ရီတို့တစ်စုမှာ ဒေါသထွက်ပြီးပေါက် ကွဲနေကြတော့မည်မှာ သေချာသည်။
"ဒါဆိုရင်တော့ ဦးလေးတို့ကို ဒုက္ခပေးရတော့မှာပဲရှင်"
ယိယိ နှုတ်ခမ်းလေးကိုစေ့ကာ အေးချမ်းစွာပြုံးလိုက်သည်။
သူတို့ သူမအား မျက်နှာပွင့်လန်းအောင် တမင်လုပ်ပေးနေခြင်းဖြစ်ရာထပ်ပြီး ငြင်းဆန်နေပါက ဟန်ဆောင်လွန်းရာ ကျပေလိမ့်မည်။
"ဟေး! ချင်ချင် ကျဲကျဲလှလှလေးနဲ့ အတူတူ သွားဆော့ရတော့မယ်!"
ခရီးစဉ်တွင် လူပိုပါလာခြင်းအတွက် ချင်ချင်တစ်ယောက်သာ တကယ်တမ်း ဝမ်းသာနေခြင်းဖြစ်သည်။
သူမ လက်ခုပ်တီးကာ အော်ဟစ်အားပေးနေစဉ်မှာပင် အသားပေါက်စီတစ်ဖဲ့ သူ့ ပါးစပ်ထဲသို့ရောက်ရှိလာတော့ သည်။
"အွန်း..."
စားစရာမြင်လျှင် ကလေးမလေး၏အာရုံမှာ ချက်ချင်း ပြောင်းသွားတော့သည်။
အသားပေါက်စီ၏အစာမှာ အလွန်မွှေးကြိုင်လှသော်လည်း ကလေးများအားအပြင်စာများ အများကြီး မကျွေးသင့်သဖြင့် ဖူဟန် ချင်ချင့်အား ပေါက်စီအပြင်သားကိုသာ ကျွေးသည်။
ပေါက်စီအပြင်သားမှာ အသားထဲမှ အရည်များစိမ့်ဝင်နေပြီး အသားစလေးများပါနေသဖြင့် အလွန်အရသာရှိလှသည်။
ချင်ချင် တစ်ခုကို ခဏချင်း စားပြီးနောက် နောက်တစ်ခု ထပ်တောင်းသော်လည်း ဖူဟန် မပေးတော့ပေ။
"နွားနို့သောက်"
နွေးနေသော နို့ဘူးအား ပါးစပ်ထဲထည့်ပေးလိုက်ရာ ချင်ချင် တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်သဖြင့် ဖူစစ်ကျင်းပင် သူ့ အဆုတ်အင်အားကို ချီးကျူးမိတော့သည်။
"ဖြည်းဖြည်းသောက်ပါ၊ ဘယ်သူမှ လုမသောက်ပါဘူး"
ချင်ချင် နွားနို့သောက်ခြင်းကိုသာ အာရုံစိုက်နေပြီး သူ့အား လျစ်လျူရှုထားသည်။
ယိယိမှာ အိမ်တွင် အကြာကြီးနေရသဖြင့် နေရခက်နေမည်ကို စိုးရိမ်သဖြင့် ဖူစစ်ကျင်း ဖခင်ဖြစ်သူကို နှုတ်ဆက်ကာ သူမအား ခေါ်ထုတ်လာခဲ့သည်။
သူတို့နှစ်ဦး ဖူစစ်ကျင်းကားပေါ်သို့ ပြန်ရောက်သောအခါ ယိယိ လက်များမှာ သိသိသာသာ တုန်ရင်နေသည်ကို ခံစားလိုက်ရသည်။
သူမ ထင်ထားသည်ထက် ပိုစိတ်လှုပ်ရှားခဲ့ရခြင်း ဖြစ်သည်။
"အဆင်ပြေရဲ့လား"
ဖူစစ်ကျင်း ယိယိ လက်အား ဆုပ်ကိုင်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။
"နောက်တစ်ခါ... ရှင်သာ ကျွန်မကို အသိမပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် အရင်လုပ်ဦးမယ်ဆိုရင် ကျွန်မဆီကို ဘယ်တော့မှ လာမရှာနဲ့တော့!"
ယိယိသည် ဖူစစ်ကျင်းနှင့် တွေ့ကတည်းက သူမ စိတ်မှာ ပိုဆတ်ဆတ်ထိမခံဖြစ်လာသည်ဟု ခံစားရသည်။
အထူးသဖြင့် ပြီးခဲ့သည့် ခြောက်လအတွင်း ဖူစစ်ကျင်းမှာ ပို၍ ဆိုးလာပြီး စိတ်တိုစရာ ကောင်းလာသည်။ သူမ စိတ် တိုသည့် အခါတိုင်းတွင်လည်း သူက သနားစရာကောင်းအောင် လုပ်ခြင်း၊ ချစ်စရာကောင်းအောင် လုပ်ခြင်းများဖြင့် သူမ၏ ဒေါသအား ငြှိမ်းသတ်တတ်သည်။ ဤနည်းလမ်းများကို သူ ဘယ်ကနေသင်လာမှန်း သူမ လုံးဝစဉ်း စားမရပေ။
"ကျွန်မတို့က ရည်းစားတွေလည်း မဟုတ်ကြတော့ဘူးလေ၊ ရှင့်အိမ်ကို ရုတ်တရက် ခေါ်သွားတာက ဘာသဘောလဲ"
အမှန်တရား ပေါ်သွားတဲ့အခါ ရှက်စရာမကောင်းဘူးလား?
ယိယိ၏ပူထူနေသော စိတ်မှာ တည်ငြိမ်သွားပြီး ဖူစစ်ကျင်း မိသားစုနှင့် ခရီးလိုက်ရန် စိတ်လိုက်မာန်ပါ သဘော တူခဲ့မိခြင်းကို နောင်တရလာသည်။
ဒါက အလုပ်ကြောင့် မဟုတ်ချေ။ သူမတွင် နှစ်ပေါင်းများစွာ စုထားသည့် အားလပ်ရက်များ ရှိသဖြင့် ခွင့်ယူရန်မှာ မခက်ခဲပေ။ အဓိက ပြဿနာမှာ...ယခုအချိန်တွင် ဖူစစ်ကျင်း၏ မိသားစုနှင့် မည်သည့် အဆင့်အတန်းဖြင့် ပတ်သက်ဆက်ဆံရမည်နည်း။
"ဒါက မင်းကိုယ်တိုင်က ကိုယ့်ကို တရားဝင် အဆင့်အတန်းတစ်ခုမပေးလို့ မဟုတ်ဘူးလား"
ဖူစစ်ကျင်းတွင် ပြောစရာအများကြီး ရှိသည်။
"မင်းသာ အခု ကိုယ်နဲ့ ပြန်တွဲဖို့ သဘောတူလိုက်ရင် ကိုယ်တို့က တရားဝင်ချစ်သူတွေ ဖြစ်သွားမှာပဲလေ၊ ဒါဆိုရင် ကိုယ့်မိသားစုနဲ့ ခရီးလိုက်သွားတာက ဘာမှပြဿနာမရှိတော့ဘူး"
သူသည် သူ့စိတ်ရောဂါ ကုသရန်အတွက် တစ်မိသားစုလုံး လိုက်ပါမည့် ဖခင်ဖြစ်သူ၏ ရည်ရွယ်ချက်အား ဂရုမစိုက်တော့ပေ။ သူ့ဇနီးလောင်းကို ပြန်ရဖို့ကသာ ပထမဦးစား ပေးဖြစ်သည်။
"..."
ဖူစစ်ကျင်း ထိုအကြောင်းအား ထပ်မံ ပြောလာသည်ကို မြင်သောအခါ ယိယိ ခေတ္တမျှတိတ်သွားပြီးမှ ရုတ်တရက် ပြောလိုက်သည်။
"မနေ့တုန်းက ပိုင်စစ်ယိ ကျွန်မဆီ လာခဲ့သေးတယ်"
ဖူစစ်ကျင်း မျက်မှောင်ကြုတ်သွားသည်။
"သူ ဘာလာလုပ်တာလဲ"
"ရှင် နေမကောင်းဘူးတဲ့၊ ရုပ်ပိုင်းဆိုင်ရာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ နေမကောင်းတာလို့ပြောသွားတယ်"
ဖူစစ်ကျင်း မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်များဖြတ်ပြေးသွားသည်။ သူ ရှင်းပြချင်သော်လည်း စကားလုံးများ ထွက်မလာဘဲဖြစ်နေသည်။
"အစတုန်းကတော့ ကျွန်မ မယုံခဲ့ဘူး၊ ဒါမှမဟုတ် မယုံချင်ခဲ့ဘူးလို့ပြောရင် ပိုမှန်လိမ့်မယ်"
ယိယိ လက်ကို ဆန့်ထုတ်ကာ ဖူစစ်ကျင်းလက်အား သူမ လက်ကလေးဖြင့် အုပ်ကိုင်လိုက်သည်။ ထိတွေ့လိုက်ရသောလက်မှာ အလွန်အေးစက်နေသဖြင့် သူ ပိုတင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
"ဒါပေမဲ့ သူက ရှင့်ဆေးမှတ်တမ်းနဲ့ ရောဂါရှာဖွေချက်တွေကို ပြခဲ့တယ်"
"အဲ့ဒီ ရောဂါရှာဖွေချက်က ကျွန်မအိမ်မှာ ရှိနေတုန်းပဲ၊ ကျွန်မ ဆေးရုံမှာ သွားစစ်ကြည့်တော့ အဲ့ဒါက အစစ်ဖြစ်နေတယ်"
သူမ လက်ဖဝါးအောက်မှ လက်ကလေး တုန်ရင်လာသည်ကို ခံစားရသဖြင့် ယိယိ သူ့ကျန်လက်တစ်ဖက်ဖြင့်ပါ ထပ်အုပ်လိုက်သည်။
"ပိုင်စစ်ယိက ပြောတယ်၊ ရှင်က သူ့ကိုလည်း မချစ်ဘူး၊ ကျွန်မကိုလည်း မချစ်ဘူးတဲ့၊ ရှင်က ရှင့်ရဲ့ စိတ်ခံစားချက်တွေကို ငြိမ်သက်စေနိုင်တဲ့ အငွေ့အသက်တွေ ရှိလို့သာ ကျွန်မတို့အနားကို ချဉ်းကပ်ခဲ့တာတဲ့၊ ကျွန်မက သူမရဲ့ အစားထိုး မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့... ကျွန်မက သူမနေရာမှာ အစားထိုးနိုင်တဲ့ 'အစွမ်းထက်ဆေး' တစ်မျိုးဖြစ်နေလို့တဲ့၊ သူမက အသုံးမဝင်တော့တဲ့အခါ ရှင်က နောက်တစ်ယောက်ကို သဘာဝကျကျပဲ ရှာဖွေရမှာပေါ့"
ထိုနည်းတူပင် တစ်နေ့နေ့တွင် သူမ အသုံးမဝင်တော့ပါက ဖူစစ်ကျင်းသည် သူမအား ပိုင်စစ်ယိကဲ့သို့ စွန့်ပစ်ကာနောက် ထပ် ပစ်မှတ်တစ်ခုကို ရှာဖွေသွားပေလိမ့်မည်။
"အဲ့ဒါက သူ ကျွန်မကို နားလည်စေချင်တဲ့ အချက်ပဲ"
"မဟုတ်ဘူး..."
ဖူစစ်ကျင်း ယိယိလက်များကို တင်းတင်းကြပ်ကြပ်ဆုပ် ကိုင်လိုက်သည်။ သူ့အမူအရာမှာ အလွန် အားနည်းနေပုံရသည်။
"မဟုတ်ဘူး..."
သူ ရှင်းပြချင်သော်လည်း ဦးနှောက်အတွင်းမှ ရုတ်တရက် နာကျင်မှုကြောင့် စကားလုံးများကို စနစ်တကျမစီရီနိုင်တော့ဘဲ မဟုတ်ကြောင်းကိုသာ ထပ်တလဲလဲ ငြင်းဆိုနေမိသည်။
နူးညံ့ပြီး ငြိမ်းချမ်းသော အငွေ့အသက်တစ်ခု တိုးကပ်လာသည်။
နောက်တစ်ခဏတွင် ဖူစစ်ကျင်းမှာ မွှေးပျံ့ပြီး နူးညံ့သော ရင်ခွင်တစ်ခုအတွင်းသို့ ဆွဲသွင်းခြင်းခံလိုက်ရသည်။
"စိတ်မလှုပ်ရှားနဲ့၊ လျှော့ထားပါ... စိတ်အေးအေးထားပါ"
ယိယိ ညင်သာသော နှစ်သိမ့်မှုအောက်တွင် ဖူစစ်ကျင်း၏ ရှုပ်ထွေးနေသော မျက်လုံးများမှာ တဖြည်းဖြည်းနှင့် ပြန်လည် ကြည်လင်လာသည်။
သို့သော် သူ့အမူအရာမှာ မှောင်မိုက်ထဲတွင် လမ်းပျောက်နေသော ကလေးတစ်ဦးကဲ့သို့အားနည်းနေဆဲပင်။
"ငါ့ကို ထားမသွားပါနဲ့" ဟု သူ တောင်းပန်လိုက်သည်။
ယိယိ သူမ လက်အား ပြန်ရုတ်ရန်ကြိုးစားသော်လည်း ဖူစစ်ကျင်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ယိယိ ကျန်လက်တစ်ဖက်ဖြင့် သူ့ချောမောသော မျက်နှာအား အုပ်ကိုင်လိုက်သည်။ သူမ၏ ပြတ်သားသော်လည်း နူးညံ့သောလေသံမှာ သူ့ကို အင်အား ဖြစ်စေသည်။
"ရှင် နေမကောင်းဘူးဆိုတာကို ကျွန်မ ယုံကြည်ပါတယ်၊ ဒါပေမဲ့ ရှင် ကျွန်မကို မချစ်ဘူးဆိုတာကိုတော့ ကျွန်မ မယုံဘူး"
သူမ လက်ချောင်းလေးများမှာ သူ့မျက်နှာအနားသတ်များကို ပွတ်သပ်ရင်းမှိတ်ထားသော မျက်လုံးလေးများကို ညင်သာစွာ ထိတွေ့နေမိသည်။
သူမ လည်ချောင်းထဲမှ ရယ်သံလေး ခပ်တိုးတိုး ထွက်လာသည်။
"အခုတော့ ရှင် ပိုင်စစ်ယိကို မချစ်ခဲ့ဘူးဆိုတာကို ကျွန်မ ယုံသွားပြီ"
"ဘာလို့ အဲ့လို မေးတာလဲ"
၎င်းမှာ ငြင်းဆိုခြင်း မဟုတ်ဘဲ သိချင်ရုံ သက်သက်သာ ဖြစ်သည်။
"ချစ်နေကြတဲ့ လူနှစ်ယောက်ကြားမှာ ခံစားချက်တွေ ရှိကြတယ်လေ၊ ရှင်သာ သူမကို တကယ်ချစ်ခဲ့ရင် သူမက ခံစားမိမှာပဲ၊ ရှင် သူမကို ကြည့်တဲ့အခါ ရှင့်ရဲ့ မျက်လုံးတွေက ဒီလောက်အထိ အေးစက်နေမှာ မဟုတ်ဘူး"
"ဒါပေမဲ့ ကိုယ် သူ့ကို တစ်ခါမှ မချစ်ခဲ့ဖူးဘူး"
ဖူစစ်ကျင်း သူ့ယုတ်ညံ့သော လုပ်ရပ်ကို ဝန်ခံလိုက်သည်။ သူ ပိုင်စစ်ယိကို သူ့အနားတွင် နေခွင့်ပြုခဲ့ခြင်းမှာ သူမ ပြောသကဲ့သို့ 'စိတ်ငြိမ်ဆေး' တစ်ခုအဖြစ်သာ အသုံးချခဲ့ခြင်း ဖြစ်သည်။
သူ သူမအား တစ်ခါမျှမချစ်ခဲ့ဖူးချေ။ ပိုင်ရီကလည်း ဒါကို ကောင်းကောင်းသိသလို၊ ဖူစစ်ကျင်းကိုယ်တိုင်လည်း သိသည်။ ဘာမှမသိဘဲ သူ ပိုင်စစ်ယိကို အသည်းအသန်ချစ်နေ သည်ဟု ထင်နေကြသော အပြင်လူများသာ မသိကြခြင်း ဖြစ်သည်။
မဟုတ်ပါက သူမသည် သူ့အား လွယ်လွယ်ကူကူ ထားသွားမည်မဟုတ်သလို၊ ဖူစစ်ကျင်းကလည်း တားဆီးရန် စဉ်းစားမည် မဟုတ်ပေ။
အမှန်တကယ်တော့ ပိုင်စစ်ယိသည် လေဆိပ်တွင် သူ့အား အကြာကြီးစောင့်နေခဲ့ပြီး လေယာဉ်ပင် လွတ်လုနီးပါး ဖြစ်ခဲ့သည်ဟု တစ်ယောက်ယောက်မှ ဖူစစ်ကျင်းအားပြောပြခဲ့ဖူးသည်။
ကံမကောင်းစွာပင် ဖူစစ်ကျင်းမှာ သူမ လေယာဉ်ပေါ်တက်သွားသည့်တိုင် သွားမတွေ့ခဲ့ပေ။
ထိုအချိန်တွင် သူ ဘာလုပ်နေသနည်း။
ကုမ္ပဏီတွင် အချိန်ပို အလုပ်လုပ်နေခြင်း ဖြစ်သည်။ မိသားစု၏ အကူအညီ ရှိလင့်ကစား စီးပွားရေး စတင်တည်ထောင်ရသည်မှာ မလွယ်ကူပေ။
ထိုအကြောင်းအား သိလိုက်ရသည့်တိုင်အောင် ဖူစစ်ကျင်း "အော်" ဟုသာ ပြောပြီး အလုပ်ကိုသာ ဆက်လုပ်နေခဲ့သည်။
သူသည် အလွန်အလုပ်များနေသဖြင့် ကောင်းမွန်သော စိတ်ငြိမ်ဆေးတစ်ခု ဆုံးရှုံးသွားခြင်းအတွက် ဝမ်းနည်းနေရန်ပင် အချိန်မရှိခဲ့ပေ။
"ကိုယ်က ပိုင်စစ်ယိအပေါ်မှာ အရမ်းဆိုးတဲ့လူလို့ မင်း ထင်လား"
ယိယိ ဘာကြောင့် ထိုအကြောင်းအား ရုတ်တရက် ပြောလာသလဲဆိုသည်ကို နားမလည်သဖြင့် ဖူစစ်ကျင်း စမ်းတဝါးဝါး မေးလိုက်သည်။
ယိယိသည် ပိုင်စစ်ယိကြောင့် သူ့ခံစားချက်များကို သံသယဝင်နေတာလား?
"...ရှင်က တကယ်ဆိုးတဲ့လူပဲ"
ယိယိ ပြန်ပြောလိုက်သည်။ သို့သော် ပိုင်စစ်ယိမှာလည်း သူတော်စင်တစ်ယောက်တော့ မဟုတ်ပေ။
ထိုအမျိုးသမီးသည် ယခုအခါတွင် ဖူစစ်ကျင်းအား ချစ်ပါသည်ဟု အမြဲပြောနေပြီး ပတ်သက်မှုအဟောင်းကို ပြန်စချင်နေသည်။
သို့သော် ယိယိသည် သူမ တခြားအမျိုးသားများနှင့်အတူ ဟိုတယ်များသို့ ဝင်ထွက်သွားလာနေသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသည်။ ထို့အပြင်... ထိုအမျိုးသားများမှာ တစ်ဦးတည်းပင် မဟုတ်ပေ။
ဒါဆို သူနဲ့ ဖူစစ်ကျင်းက... တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် သစ္စာဖောက်နေကြတာလား?
သူမ ထိုထူးဆန်းသော အတွေးအား ခေါင်းခါကာ ဖယ် ထုတ်လိုက်သည်။ သူမ၏ အမျိုးသားအား တခြားအမျိုး သမီးများနှင့် မပတ်သက်စေချင်ပေ။
"စကားလမ်းကြောင်း မလွှဲနဲ့၊ အခု ကျွန်မ ပြောနေတာက အဲ့ဒါ မဟုတ်ဘူး"
စကားလမ်းကြောင်း လွဲသွားသည်ကို သတိရသွားသော အခါ ယိယိ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ အိတ်ထဲမှ ဖုန်တက်နေပြီဖြစ်သော လက်စွပ်ဘူးလေးအား ထုတ်လိုက်သည်။
"တကယ်တော့ ကျွန်မ ရှင့်ကို ခွင့်လွှတ်ခဲ့တာ ကြာပါပြီ၊ ပြီးခဲ့တဲ့ ခြောက်လအတွင်း ရှင် ကျွန်မအတွက် လုပ်ပေးခဲ့တာတွေကို ကျွန်မ မျက်စိမကွယ်ပါဘူး ပြီးတော့... ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတုန်းပဲဆိုတာ ကျွန်မ ခံစားမိတယ်၊ ခဏတာ စိတ်လိုက်မာန်ပါ ဖြစ်မှုကြောင့် ကျွန်မတို့ရဲ့ အနာဂတ် ပျော်ရွှင်မှုကို မဖျက်ဆီးချင်ဘူး၊ အဲ့ဒါကြောင့်..."
သူမသည် တုန်ရင်နေသော လက်များဖြင့် လက်စွပ်ဘူးအား ဖွင့်လိုက်ရာ အထဲရှိ အမျိုးသားဝတ် စိန်လက်စွပ်လေးမှာ တောက်ပစွာ လင်းလက်နေသည်။
"ရှင် နေမကောင်းဘူး၊ ကျွန်မ ရှင့်ရဲ့ ကုသမှုတစ်လျှောက်လုံး အတူရှိပေးမယ်၊ ရှေ့မှာ ဘယ်လို အခက်အခဲတွေပဲ ကြုံရပါစေ၊ ကျွန်မတို့ အတူတူကျော်ဖြတ်ကြမယ်၊ ကျွန်မ တောင်းဆိုချင်တာက ဒီတစ်ခါတော့ တစ်ယောက်နဲ့တစ်ယောက်ပိုပြီး ရိုးသားကြဖို့၊ ပိုသည်းခံကြဖို့ပဲ..."
သူမ စကားမဆုံးသေးခင်မှာပင် ချောမောသောမျက်နှာတစ်ခုမှာ တိုးကပ်လာပြီး သူမ နှုတ်ခမ်းအားပိတ်လိုက်တော့သည်။
ယိယိမှာ ကြောင်သွားပြီးနောက် မျက်လုံးလေးများ ညင် သာစွာမှိတ်ထားကာ သူမ၏ချစ်သူပေးသော နူးညံ့မှုကို ခံစားနေမိသည်။
အနမ်းများအပြီးတွင် ယိယိ ဝေခွဲမရဖြစ်ကာ သူမ လက်အား မြှောက်ကြည့်လိုက်ရာ သူမ၏ လက်သူကြွယ်တွင် အမျိုးသမီးဝတ် စိန်လက်စွပ်လေး တစ်ကွင်းရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
လက်စွပ်မှာ သူမ လက်ချောင်းနှင့် အံကိုက်ဖြစ်နေသည်။ ဖူစစ်ကျင်း မည်သည့်အချိန်တွင် တိတ်တဆိတ်တိုင်းတာထားသည်ကို သူမ မသိပေ။
ဒါပေမဲ့... လက်သူကြွယ်မှာ လက်စွပ် ဝတ်ပေးလိုက်တာလား?
"ရှင် ကျွန်မကို လက်ထပ်ခွင့် တောင်းနေတာလား"
ယိယိ ရယ်ချင်သော်လည်း မျက်ရည်များ မမျှော်လင့်ဘဲ စီးကျလာသည်။
ဖူစစ်ကျင်း၏ မျက်လုံးထဲတွင် အလိုလိုက်လိုသော အကြည့်များဖြင့် "ကိုယ်က သင့်တော်တဲ့ အချိန်ကျမှ သေသေချာချာ ပြင်ဆင်ပြီး မင်းကို ပေးမလို့ပါ၊ မင်းက ကိုယ့်ထက် အရင်လက်စွပ်ထုတ်ပြလိမ့်မယ်လို့ မထင်ထားဘူး၊ ကိုယ်က အရမ်းလောသွားသလို ဖြစ်သွားပြီလား"
အမှန်စင်စစ် သူသည် ရောဂါပျောက်ကင်းပြီးမှ ယိယိအား လက်ထပ်ခွင့်တောင်းရန် စီစဉ်ထားသော်လည်း သူမက သူ့အားအလစ်အငိုက်ဖမ်းလိုက်သဖြင့် သူ အရင်ဆုံးလက် ဦးမှုယူလိုက်ရခြင်းဖြစ်သည်။