အခန်း (၇၇)
Vol. 9 Ch. 77
🍼 Chapter 77
သို့သော် နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာပြီးနောက်၊ ဖူဟန် ၏ ချစ်သူဟောင်းဟု မိမိကိုယ်ကို သတ်မှတ်ထားသော အမျိုးသမီး ပြန်လည်ပေါ်ပေါက်လာခြင်းမှာ ဘာကို ဆိုလိုသနည်း? သူမက အိုမင်းရင့်ရော်နေပြီဖြစ်သော ရုပ်ရည်ဖြင့် သူများအိမ်ထောင်ကို လာဖျက်ဆီးချင်နေတာလား?
လူအများအပြားမှာတော့ ထိုအမျိုးသမီး၏ နုပျိုနေဆဲဖြစ်သော ရုပ်ရည်ကို မသိမသာ မနာလိုဖြစ်နေကြသည်။
အသက် လေးဆယ်ကျော် အမျိုးသမီးတစ်ယောက်က ဘယ်လိုလုပ် အသက်နှစ်ဆယ်ကျော်လိုမျိုး နုပျိုနေရတာလဲ? ဒါက မြေဖုတ်ကောင်ပဲ ဖြစ်ရမယ်။
အန်းအိမ်တော် ဗီလာအတွင်း၌
ဧည့်သည်များဖြင့် ပြည့်နှက်နေပြီး အမျိုးသား အမျိုးသမီး အများအပြားမှာ လှပသော ဝတ်စုံများဖြင့် ဝိုင်ခွက်များကို ကိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။
ယနေ့သည် အန်းမိသားစု၏သမီးအရင်း ပြန်လည်ရောက်ရှိလာခြင်းကို ဂုဏ်ပြုသည့် ပွဲဖြစ်သည်။
မအံ့ဩပါနှင့်၊ အန်းမိသားစုသည် သမီးအရင်းကို ရှာတွေ့ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုမှသာ ပွဲလုပ်ပေးပြီး လူအများအား မိတ်ဆက်ပေးရန် သတိရခြင်းဖြစ်သည်။
ရောက်ရှိလာသော ဧည့်သည်များထဲတွင် အန်းမိသားစု၏ ဂုဏ်သိက္ခာကြောင့် လာရောက်သူ အနည်းငယ်သာ ရှိပြီး၊ အများစုမှာတော့ သတင်းလာနားစွင့်ကြသူများသာဖြစ် သည်။
အန်းမိသားစု၏သမီးအရင်း သမီးအတု ပြဿနာမှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၍၊ သူတို့က သမီးအတုအား ရတနာလို သဘောထားပြီး သမီးအရင်းအားမြက်ပင်လို သဘောထားခဲ့ကြသည့် ထူးဆန်းသောလုပ်ရပ်များကို လူအများ မြင်တွေ့ခဲ့ကြပြီးသားဖြစ်သည်။ ယခုအခါ နောက်ဆက်တွဲကို လာကြည့်ကြခြင်းဖြစ်သည်။
"အန်းမိသားစုက ပြဿနာတွေ တက်နေတာကြာပြီပဲ၊ သူတို့အိမ်က အကြောင်းတွေကို ငါတို့ မသိတာမှ မဟုတ်တာ၊ ဘာလို့ ဒီပွဲကို လာကြည့်နေရသေးတာလဲ?"
ရှန်းရှန်း သူမကို အတင်းခေါ်လာသော သူငယ်ချင်းအား မေးလိုက်သည်။
"ဒါကိုတော့ နင် မသိသေးဘူး"
ရှန်းရှန်း၏ သူငယ်ချင်းမှာ လျှို့ဝှက်စွာ ပြုံးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"အရင်က အန်းမိသားစုရဲ့ သမီးအရင်းအန်းရန် အတော်ကြာအောင် ပျောက်သွားတယ်လို့ ကြားတယ် မဟုတ်လား? အဲ့ဒီတုန်းက အန်းမိသားစုရဲ့ သားကြီး (အန်းယွမ်) က သူ့ညီမကို အရူးအမူးလိုက်ရှာခဲ့တာ၊ အဲ့ဒီကိစ္စကြောင့် အိမ်ကလူတွေနဲ့တောင် ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့သေးတယ်"
"ဒါကိုတော့ ငါသိတယ်"
ရှန်းရှန်း သူ့သတင်းမှာလည်း ခေတ်မနောက်ကျကြောင်း ပြသလိုက်သည်။
"အန်းရန်မှာ ဒီလိုမျိုး အမှန်အမှားခွဲခြားတတ်တဲ့ အစ်ကိုတစ်ယောက် ရှိတာကတော့ ကံမဆိုးဘူးလို့ ပြောရမှာပဲ"
"ကံမဆိုးရုံတင် ဘယ်ကမလဲ၊ အန်းရန်က အန်းအိမ်တော်ကို မပြန်လာခင်မှာ ဘယ်သူလဲဆိုတာ နင် တကယ် မသိဘူးလား?"
သူငယ်ချင်းမှာ မျက်လုံးဝိုင်းလေးဖြင့် မေးလိုက်သည်။
"ဘယ်သူဖြစ်ရမှာလဲ၊ မိဘမဲ့ တစ်ယောက်ပေါ့"
ဒါက ရှန်းရှန်းနှင့် သူ့သူငယ်ချင်းများ အန်းရန်အပေါ် ထားရှိသည့် အစွဲပင်။
သူတို့ အန်းရန်ကို အထင်သေး၍ မဟုတ်ဘဲ၊ သူတို့ သိထားသည့် အချက်အလက်မှာ ထိုသို့သာဖြစ်နေသောကြောင့် ဖြစ်သည်။ မည်သည့် မလိုမုန်းထားမှုမှ မပါဘဲ အမှန်အတိုင်း ပြောခြင်းသာ။
"ဒါကြောင့် ပြောတာပေါ့၊ နင်တို့ရဲ့ သတင်းစုံစမ်းနိုင်စွမ်းက မကောင်းဘူးဆိုတာ"
သူငယ်ချင်းမှာ ခေါင်းခါလိုက်သဖြင့်၊ ဘေးမှ ပန်းရောင်ဝတ်စုံ ဝတ်ထားသော မိန်းကလေးက စပ်စုချင်စိတ်ဖြင့် မေးလာသည်။
"အန်းရန်က ဘယ်သူမလို့လဲ ? မြန်မြန်ပြောပါဦး၊ ငါ စိတ်ပူနေပြီ"
ဤမြို့၏အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် လူအနည်းငယ်သာ ရှိသဖြင့် ရှန်းရှန်းနှင့် ထိုမိန်းကလေးမှာ အသိများ ဖြစ်ကြသော်လည်း ရင်းနှီးသူများတော့ မဟုတ်ကြပေ။
ယခုမူ သတင်းစကားကြောင့် စိတ်ဝင်စားသွားကာ ကြားဖြတ်မေးမိခြင်း ဖြစ်သည်။
ကံကောင်းသည်မှာ ရှန်းရှန်း သူငယ်ချင်းမှာ ထိုမိန်းကလေးအား ဘာမှမပြောဘဲ သတင်းနားထောင်မည့်သူ နောက်တစ်ယောက် တိုးလာသဖြင့် ပျော်နေပုံရသည်။
သူမ လက်ယမ်းလိုက်သဖြင့် ရှန်းရှန်းနှင့် ပန်းရောင်ဝတ်စုံမလေးတို့မှာ အနားသို့ တိုးကပ်သွားကြသည်။
"ငါ့အဖေ မနေ့က မသိမသာ ပြောလိုက်တာကြားတာက တော့... အန်းရန် ပျောက်သွားတဲ့ ဒီခြောက်လမှာ သူက နိုင်ငံခြားမှာ ပညာသွားသင်နေတာတဲ့၊ အန်းအိမ်တော်က ပိုက်ဆံ တစ်ပြားမှမယူဘူးတဲ့"
"အန်းအိမ်တော်က ပိုက်ဆံမယူရင် သူက ဘယ်က ပိုက်ဆံရမှာလဲ ? ဒါမှမဟုတ်..."
"လျှောက်မတွေးနဲ့၊ အန်းမိသားစုက သမီးအရင်းကို ဘယ် လောက်ပဲ မချစ်ပါစေ၊ ဒီလိုမျိုး အရှက်မရှိတဲ့ ကိစ္စတွေကိုတော့ လုပ်ခွင့်ပေးမှာ မဟုတ်ဘူး"
"ဒါဆို ပိုက်ဆံက ဘယ်ကရတာလဲ?"
"ဘယ်ကရရမှာလဲ၊ အန်းရန်ရဲ့မွေးစားအမေ ပေးတာပေါ့"
"ကြည့်ရတာ အန်းရန်ရဲ့မွေးစားအမေက တော်တော်ချမ်း သာပုံရတယ်နော်"
"သူ့မွေးစားအမေက ဘယ်သူလဲ နင် သိလား?"
"လျှောက်မပြောနဲ့တော့၊ မြန်မြန်ပြော!"
ရှန်းရှန်း စိတ်မရှည်စွာ တိုက်တွန်းလိုက်ရာ၊ သူငယ်ချင်းဖြစ်သူမှာ ပြုံးလျက် အဖြေကိုထုတ်ဖော်လိုက်သည်။
"ဖူသခင်မလေ ဟုတ်တယ်၊ နင်တို့ အခုတွေးနေတဲ့ အဲ့ဒီလူပဲ"
"!"
အသက်ရှူသံ ပြင်းပြင်းထွက်လာသံမှာ တစ်ယောက်တည်းဆီမှ မဟုတ်ပေ။
ဘေးပတ်ဝန်းကျင်အား ကြည့်လိုက်သည့်အခါမှ သတင်းဖြန့်သူမှာ သူမတို့ ဘေးတွင် စပ်စုနေသူ အများအပြားရှိနေသည်ကို သတိပြုမိသွားသည်။
ဖူသခင်မ၊ နာမည်ကား ကူးချင်ချင်၊ ဖူလုပ်ငန်းစု၏ ဥက္ကဋ္ဌကတော်၊ ကူးလုပ်ငန်းစု၏သခင်မ၊ ဖူဖျော်ဖြေရေးလုပ်ငန်း အမှုဆောင်ချုပ်၏မိခင်၊ ထျန်းဟောင် စတူဒီယို အမှုဆောင်ချုပ်၏မိခင်...
မည်သည့် ဂုဏ်ပုဒ်ကိုပဲကြည့်ကြည့်၊ ထိုနာမည်ကို ကြား လိုက်ရုံနှင့် လူတိုင်းတုန်လှုပ်သွားစေနိုင်သည်။ ထို့ပြင် ထိုဖူသခင်မကိုယ်တိုင်ကလည်း ရုပ်ပြသက်သက်မဟုတ်ပေ။
သူ့ လုပ်ငန်းမှာ ခင်ပွန်းဖြစ်သူနှင့် မောင်ဖြစ်သူတို့လောက် မကြီးမားသော်လည်း၊ သူ ပိုင်ဆိုင်သော အဝတ်အထည် ကုမ္ပဏီမှာ ဤမြို့၏အဆင့်မြင့် ဈေးကွက် ထက်ဝက်နီးပါးကို သိမ်းပိုက်ထားပြီး အခြားမြို့များတွင်လည်း ဆိုင်ခွဲများစွာရှိလှသည်။ သူမသည်လည်း နေ့စဉ်နှင့်အမျှ ဝင်ငွေ အမြောက်အမြား ရရှိနေသူ ဖြစ်သည်။
အန်းမိသားစုသည် ဤမြို့တွင် ချမ်းသာသည်ဟုဆိုနိုင်သော်လည်း ဒုတိယတန်းစားသာဖြစ်ပြီး အဆင့်မြင့်အသိုင်းအဝိုင်းထဲသို့ မဝင်နိုင်သေးပေ။ ထို့ပြင်လွန်ခဲ့သော နှစ်အနည်းငယ်ကပင် စီးပွားရေး ကျဆင်းနေခဲ့ပြီး နောက် ပိုင်းတွင်မှ ထူးချွန်သော အန်းယွမ်ကြောင့် အနည်းငယ် ပြန်လည် ဦးမော့လာခြင်းဖြစ်သည်။
သို့သော် အန်းမိသားစု တစ်ခုလုံးကို ဖူမိသားစုနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။ ဖူမိသားစုနှင့် ပတ်သက်မှုရရန်မှာလည်း စိတ်ကူးယဉ်စရာသာ။
ရလဒ်အနေဖြင့် သာမန်ဟုထင်ရသော အန်းမိသားစု သမီးအရင်းမှာ ကူးသခင်မ၏မွေးစားသမီးဖြစ်နေခြင်းမှာ...
အလွန်အမင်း အံ့ဩစရာကောင်းလှသည်။
ပွဲစပြီး နာရီဝက်ပင် မရှိသေးမီမှာပင် ထိုသတင်းမှာ ဒုံးပျံလို မြန်ဆန်စွာဖြင့် လူတိုင်း နားထဲသို့ ရောက်ရှိသွားတော့ သည်။
လူအများမှာ လူအုပ်ကြားထဲတွင် လှပသော လိပ်ပြာလေးတစ်ကောင်ကဲ့သို့ ချိုသာသော အပြုံးများဖြင့် လျှောက်သွားနေသည့် အန်းရန် (သမီးအတု)ကို ကြည့်ပြီး လှောင် ပြောင်သည့် အပြုံးများပြုံးနေကြသည်။
တစ်စုံတစ်ယောက်တော့ ကံဆိုးတော့မည်။
ရှန်းရှန်းသည် အန်းရန် (သမီးအတု) ၏ဟန်ဆောင်ကောင်း သော ပုံစံအား ကြည့်မရသည်မှာ ကြာပြီဖြစ်သည်။ ထို့ပြင် သူမသည် ယခင်က ထိုဉာဏ်များသော အမျိုးသမီး၏ အနိုင်ကျင့်ခြင်းကိုလည်း ခံခဲ့ရဖူးသည်။ ယခုကဲ့သို့ အခွင့် အရေးကောင်းကို ဘာလို့ လက်လွှတ်ရမှာလဲ ?
သူမ ရှန်ပိန်တစ်ခွက်ကို ယူကာ အန်းရန် (သမီးအတု) ဆီသို့ လျှောက်သွားပြီး တမင်တကာအသံမြှင့်၍ မေးလိုက်သည်။
"အန်းရန်၊ ဒီနေ့ အန်းမိသားစုက နင့်အစ်မကို မိတ်ဆက်ပေးမလို့ မဟုတ်လား ? အန်းရန် (သမီးအရင်း) ကော ? ဘာလို့ နင် တစ်ယောက်တည်း ဒီမှာရှိနေတာလဲ?"
အန်းရန် (သမီးအရင်း) က အန်းအိမ်တော်မှာ မရှိတာပဲ၊ ဘယ်လိုလုပ် ပွဲကို လာမှာလဲ?
အန်းရန် (သမီးအတု) သည် နှုတ်ခမ်းကို မသိမသာ စေ့လိုက်သော်လည်း၊ ဟန်ဆောင်မျက်နှာဖုံးကို တပ်ဆင်ထားဆဲဖြစ်ကာ ချိုသာစွာပြောလိုက်သည်။
"အန်းရန်က နေမကောင်းလို့တဲ့၊ အောက်ကို မဆင်းချင်ဘူးလို့ ပြောတယ်"
"ဟင် ? မဆင်းချင်ဘူးဆိုရင် နင်တို့ အန်းမိသားစုက ဒီပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်က ဘာလဲ?"
ရှန်းရှန်း ချက်ချင်း မျက်နှာသေဖြင့် မေးလိုက်သည်။
အန်းရန် (သမီးအတု) မှာ ရှန်းရှန်းအမေးကြောင့် ဘာလုပ်ရမှန်း မသိသလို ဖြစ်သွားသော်လည်း၊ အားတင်းကာပြန် ပြောလိုက်သည်။
"ဒါပေမဲ့ အန်းရန်က တကယ်နေမကောင်းတာပါ၊ ကျွန်မ ဘယ်လိုပဲ ဖျောင်းဖျဖျောင်းဖျ သူက ..."
"အန်းရန် လာပြီ!"
နောက်ရှိ လူအုပ်ကြားထဲမှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာသည်။
ရှန်းရှန်း ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်သည်။ အန်းရန် တစ်ယောက်တည်းဆိုလျှင်၊ သူမက ဖူသခင်မကြီး၏ မွေးစားသမီးဖြစ်နေသည့်တိုင် ဤမျှအထိ ဆူညံသွားစရာ အကြောင်းမရှိပေ။
ရှန်းရှန်း မျက်လုံးများ ပြူးကျယ်သွားကာ မယုံနိုင်သလို ဖြစ်သွားရသည်။
အန်းရန်သည် ကြယ်စင်များ တင့်တယ်နေသည့် ညနေခင်း ဝတ်စုံကိုဝတ်ဆင်ထားပြီး၊ ဆံပင်ကိုအထက်သို့စည်းနှောင် ထားကာ လည်ပင်းတွင်လည်း နီလာဆွဲကြိုးတစ်ကုံး ဆင်မြန်းထားသည်။
တောက်ပနေသော ကျောက်မျက်ရတနာများနှင့် သူမ ဝတ်ထားသည့် ဝတ်စုံမှာ ဟန်ချက်ညီလှပြီး၊ နတ်သမီးတစ်ပါးကဲ့သို့ လှပလွန်းသဖြင့် လူအများကိုငေးမောသွားစေသည်။
သို့သော် ထိုအချက်မှာ ဆူညံသွားရခြင်း၏ အဓိက အကြောင်းရင်း မဟုတ်ပေ။ အဓိက အကြောင်းရင်းမှာ သူမ လက်ကို ချိတ်ထားသည့် လူငယ်ကြောင့် ဖြစ်သည်။
ထိုအမျိုးသားမှာ အန်းရန်နှင့် လိုက်ဖက်သော အပြာရောင် ဝတ်စုံကို ဝတ်ထားပြီး၊ လက်ကောက်ဝတ်ရှိ နီလာလက် ပတ်နာရီမှာလည်း အန်းရန်နှင့်အတူ တောက်ပနေသည်။
သူသည် အရပ်ရှည်ပြီး ရုပ်ရည်မှာလည်း ထင်ရှားကျော် ကြားလှသည်။ လှပသော မျက်ဝန်းများတွင် နွေဦးရေပြင်ကဲ့သို့ အေးချမ်းမှုများ ရှိနေပြီး၊ သူ၏ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် လူအများကို ရင်ခုန်သွားစေနိုင်သည်။
သို့သော် ထိုအမျိုးသားမှာ သူ့ဘေးရှိ အမျိုးသမီးအပေါ်တွင်သာ နူးညံ့သိမ်မွေ့မှုကို ပြသနေသည်။
ထိုသူမှာ...
ဖူမိသားစု၏ ဒုတိယသခင်လေး၊ ဖူစစ်ချန်ပင်!
ကြည့်ရသည်မှာ အန်းရန်နှင့် ဖူသခင်မကြီး၏ ပတ်သက်မှုမှာ မွေးစားသားအမိရုံတင် မဟုတ်ဘဲ၊ နောင်တွင် ချွေးမ ဖြစ်လာနိုင်ချေရှိသည်။
ရှန်းရှန်း အန်းရန် (သမီးအတု) ၏ဖြူလျော်သွားသော မျက်နှာကို မတော်တဆ မြင်လိုက်ရသဖြင့် လှောင်ပြောင်လိုက်သည်။
"မျက်နှာ အဖြတ်ခံလိုက်ရပြီမဟုတ်လား၊ ဟန်ဆောင်နေဦးလေ"
သူမ ထိုစကားကို တိုးတိုးလေးသာ ပြောလိုက်သော်လည်း အန်းရန် (သမီးအတု) သာကြားနိုင်သည်။ ထိုအမျိုးသမီးမှာ ဒေါသကြောင့် မျက်နှာမှာ တစ်လှည့်နီ တစ်လှည့်ပြာ ဖြစ်သွားတော့သည်။
ဟားဟားဟား...
ရှန်းရှန်း သူမ စိတ်ကူးထဲတွင် ရယ်မောမိသွားကာ၊ လုံ လောက်အောင် လှောင်ပြောင်ပြီးနောက် ကျေနပ်စွာဖြင့် ထွက်ခွာသွားတော့သည်။ အန်းရန် (သမီးအတု) တစ်ဦးတည်းသာ လူအများ၏ကဲ့ရဲ့ခြင်းကို ခံရရန် ကျန်ရစ်ခဲ့သည်။
"သူ စောစောကပြောတော့ အန်းရန်က နေမကောင်းလို့ အပေါ်က ဆင်းမလာဘူးဆို?"
"လိမ်တဲ့သူရဲ့ စကားကို ယုံနေတာလား၊ မင်းကလည်း နုံလိုက်တာ"
"ဟက်... သူက အန်းရန် ပြန်မလာဘူးထင်ပြီး လျှောက်ပြောနေတာနေမှာ၊ အခုတော့... ငါတောင် သူ့အစား ရှက်မိတယ်"
...
လိမ်ညာမှုမှာ ပေါ်သွားသဖြင့် ကဲ့ရဲ့သံများမှာ အန်းရန် (သမီးအတု) ထံသို့ တရစပ် ကျရောက်လာတော့သည်။ သူမ နောက်သို့ တစ်လှမ်းချင်းဆုတ်သွားကာ နောက်ဆုံးတွင် မျက်နှာအုပ်ပြီး ထွက်ပြေးသွားရတော့သည်။
လှည့်ထွက်သွားသည့် အခိုက်အတန့်တွင် အန်းရန် (သမီးအတု) ၏မျက်နှာမှာ ရက်စက်ကြမ်းကြုတ်သွားသည်။
'အန်းရန်... နင် နောက်တစ်ခါပဲ၊ ဘာလို့ နင်က ငါ့ဆီက အရာအားလုံးကို လာလုနေရတာလဲ!'
သူမ ဖုံးကွယ်ထားနိုင်သည်ဟု ထင်သော်လည်း၊ ထိုခဏတာ ပြောင်းလဲသွားသည့် အမူအရာအား မျက်လုံးတစ်စုံက တိတ်တဆိတ် မြင်တွေ့သွားခဲ့သည်။
"နောက်ထပ် ပျိုးပင်ကောင်းတစ်ပင် တွေ့ပြန်ပြီ"
"အန်းရန်... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ"
အန်းယွမ် ဝမ်းသာအားရပြုံးလျက် ညီမ ဖြစ်သူထံသို့ အမြန်လျှောက်လာသည်။
သူ အန်းရန်ကို ဖက်ချင်သော်လည်း၊ ဖူစစ်ချန် လက်ဖြင့် တားလိုက်သည်။
"သတိထားဦး၊ ယောက်ျားနဲ့ မိန်းမ ကြားမှာ စည်းရှိရတယ်လေ၊ သိတယ်မလား ?"
အန်းယွမ် မျက်နှာချက်ချင်းပျက်သွားပြီး အံကြိတ်ကာ ပြောလိုက်သည်။
"ငါက အန်းရန်ရဲ့အစ်ကိုအရင်းကွ"
"အစ်ကိုအရင်းကော ယောက်ျား မဟုတ်လို့လား? ငါက အန်းရန်ရဲ့ ခင်ပွန်းတောင် ဖြစ်တော့မှာ... အား! မိန်းမ... ဖြည်းဖြည်းလုပ်ပါ"
စကားအပြောလွန်သွားသဖြင့် ခါးက အသားနုလေးမှာ အဆွဲခံလိုက်ရသည်။
"ဘယ်သူက ရှင့်မိန်းမလဲ၊ နောက်တစ်ခါ လျှောက်ပြောရင် ပါးစပ်ကို ချုပ်ပစ်မယ်"
ဖူစစ်ချန် နာကျင်လွန်းသဖြင့် မျက်နှာပျက်သွားသော် လည်း အားတင်းကာ ထိန်းထားရသည်။ လူတွေအများကြီး ကြည့်နေတာလေ၊ မိန်းမက သူ့ကို ချစ်လွန်းလို့ ဆုံးမချင်ရင် အိမ်ရောက်မှ လုပ်လို့ မရဘူးလား?
"မင်းရဲ့မျက်နှာပေးက ဘာလို့ ဒီလောက်တောင် ရွံစရာကောင်းနေရတာလဲလို့ ငါ အမြဲ တွေးမိတယ်"
အန်းယွမ် သူငယ်ချင်းဖြစ်သူ၏ 'နာကျင်နေပေမဲ့ ပျော်နေတဲ့' ပုံစံကို ကြည့်ပြီး တိုးတိုးလေးဝေဖန်လိုက်သည်။
"ဒါကို အချစ်လို့ ခေါ်တယ်ကွ၊ မင်းလို လူပျိုကြီးက နားမလည်ပါဘူး"
အန်းယွမ်: "???"
ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာကတော့ လွန်သွားပြီနော်။ မင်းမိန်းမက ငါ့ညီမအရင်းကွ... မဟုတ်သေးပါဘူး၊ ငါ့ညီမက မင်းမိန်းမ မဟုတ်သေးဘူး!
ရုတ်တရက် သဘောပေါက်သွားသည့် အန်းယွမ်မှာ အန်းရန်အား သူ့ဘေးသို့ ဆွဲခေါ်လိုက်သည်။ ဖူစစ်ချန် မကျေ နပ်သဖြင့် ပြန်ဆွဲရန် ကြိုးစားသော်လည်း အန်းယွမ် ရက် ရက်စက်စက် ပုတ်ထုတ်လိုက်သည်။
"မင်းနဲ့ အန်းရန်က အခု ဘာပတ်သက်မှုမှ မရှိသေးဘူး၊ လက်လှမ်းမလာနဲ့"
ဖူစစ်ချန်: "..."
ခက်တာပဲ၊ ကိုယ်က အခုထိ နာမည်မရှိသေးတဲ့ အမျိုးသား ဖြစ်နေတာကို မေ့သွားတယ်!
ဖူစစ်ချန် လူရှာရန် အရှိန်မမြှင့်ခဲ့မိသည်ကို မည်မျှပင် နောင်တရနေပါစေ၊ ယခုမူ အန်းရန်အား အန်းယွမ်မှ လူအများရှေ့တွင် ဆွဲခေါ်သွားသည်ကို ငေးကြည့်နေရုံသာရှိတော့သည်။
အကြောင်းပြချက်ကတော့ - သူမကို ဧည့်သည်များနှင့် မိတ်ဆက်ပေးရန်ပင်။
စကားပုံရှိသည်မဟုတ်လား၊ အလှည့်ကျမနွဲ့စတမ်း၊ ဝဋ်ဆိုတာ လည်တတ်သည်ဟု။
နောက်မှ တစ်စုံတစ်ယောက်၏ စူးစိုက်ကြည့်နေသော အကြည့်ကို ခံစားလိုက်ရသဖြင့် အန်းရန် လှည့်ကြည့်ကာ ဖူစစ်ချန်အား မျက်ရိပ်ပြလိုက်သည်။
'ငါ ဒီအခွင့်အရေးကို သုံးပြီး လူရှာလိုက်မယ်၊ နင်ကတော့ အခြေအနေကြည့်ပြီး လုပ်တော့'
ဖူစစ်ချန်'လက်ခံရရှိသည်' ဟူသော အကြည့်ဖြင့် ပြန်လည် တုံ့ပြန်လိုက်တော့သည်။